အမုန်းတော်တွေပြေပါစေ
"မင်းမအော်ရင် ငါ ပါးစပ်ဖွင့်ပေးမယ်ပြောကာ တံခါးကို လော့ချ၏။
ရနံ့ ခေါင်းငြိမ့်ပြရသည်။ တမန်က သူမကို လွတ်ပေးသည်နှင့် အရင်ဆုံး ရနံ တွေ့ရာနဲ့ ကောက်ပေါက်ကာ အသံကြီးဖြစ်အော်ဖို့ပြင်လျှင် တမန် အလျှင်အမြန် ရနံပါးစပ်ကိုပိတ်သည်။ ရံနံက အတင်းရုန်းတာကြောင့် ခုတင်ပေါ် လှဲကျသွားသည်။ ရနံက အောက်ကဖြစ်တာကြောင့် တမန်ကို သူ့ကိုယ်နဲ့အတင်းဖိသည်။
"ရနံ အဆင်ပြေလား မမအသံကြားလို့ တံခါးဖွင့်ပါအုံး ဘာဖြစ်တာလဲ "
ရနံ့ မရုန်းနဲ့စမ်း မင်းအစ်မကိုကောင်းကောင်းပြန်ဖြေလိုက် တကယ်လို ဒီအခန်းမှာ ငါရှိတာသိသွားရင် မငျးအရှကျကှဲပွီးပဲ ငါလက်ဖယ်ပေးမယ်"
တမန် လက်ဖယ်လိုက်တာနဲ့ ရနံ အရင်ဆုံး သူလက်ကြီးကိုက်ပစ်သည်။ တမန်က နာသော်လည်း အောင့်ခံရသည်။ရနံ ကတမန်ကို တွန်းဖယ်ပြီး
"ဘာမှမဖြစ်ဘူး မမ ရနံ ကြွက်တွေလို့ လန့်ပြီးဖြစ်သွားတာပါ"
"ဟီးး ရနံ့ ကတော့ဖြစ်ရမယ် "
"ဟုတ်မမ"
"ဘာမှမဖြစ်ရင်လည်းပြီးရော့ မနက်ကျရင် ဒေါ်စုကို ကြွက်သတ်ဆေးဝယ်ခိုင်းရမယ် ရနံ့ ဒါဆိုရင်လည်း စာလုပ်တော့နော်"
"ဟုတ်မမ"
မမ အောက်ပြန်ဆင်းသံကြားသွား မှ ရနံ့ ဒေါသ မျက်လုံးနဲ့ တမန်ကိုကြည့်ပြီး
"ရှင်ဘာလာလုပ်တာလဲ "
"ဘာလုပ်ရမှလဲ မင်းဆီလာတာပေါ့ မင်းအိပ်ယာက အိစက်နေရော့ ငါဒီည ဒီမှာပဲအိပ်တော့မယ် ဝါးး"
တမန် လက်ကိုဆန့်ကာ သန်းပြီး မွေ့ယာမှာ အိပ်ဖို့ပြင်လျှင် ရနံ့ မှာ ချက်ချင်း သူကိုယ်ကြီးကို ခုတင်ပေါ်ကနေတွန်းပစ်သည်။
"ရူးနေလား သွား ကိုယ်အိမ်ကိုယ်ပြန် မုန်းတမန် ကျွန်မ စိတ်တိုလာပြီးနော် သွားး သွား "
"မင်းအားတွေ ကုန်အုံးမယ်ဘယ်လောက်တွန်းချတွန်းချ ငါကတော့ ဒီညဒီမှာပဲအိပ်တော့ ပြီးတော့ မင်းကသိပ်ရိုင်းတာပဲ"
"ဘာရှင့်!!!"
"တိုးတိုးပြော အိမ်ကလူတွေကြားရင် မင်းနဲ့ငါကိုပေးစားနေအုံးမယ်"
"လူယုတ်မာ မကောင်းဆိုးဝါးကြီး အခုချက်ချင်း ကိုယ်အိမ်ကိုယ်ပြန် ရှင်က သာလူအရိုင်းစိုင်း ကျွန်မက အရိုင်းအစိုင်းမဟုတ်ဘူး"
"ဒါဆိုရင် မင်းအသက်ဘယ်လောက်လဲ"
"၁၈ ဘာလုပ်မလို့လဲ"
"ငါက ၂၃ မင်းထက်အသက်ကြီး ဒါကြောင့် ရိုရိုသေသေပြောပါ"
"အဟွန့် ရယ်စရာလာပြောမနေနဲ့ မြန်မြန်ပြန်!!"
"အခုလို မင်းစိတ်ညစ်တာမြင်ရတာ ပျော်စရာကြီး "
"အယုတ်တမာကြီး အခုချက်ချင်းအခန်းထဲကထွက်"
"မင်းကလည်း ဆဲတတ်တာပဲလား မထင်ရဘူးနော် ငါကိုပြန်စေချင်ရင် ငါပြောတာလုပ်ရမယ်"
"အောင်မာ လူပါးဝလို ရှင်မပြန်ရင် ကျွန်မ အော်လိုက်မှာနော် သူခိုးဆိုပြီး"
"အော်လိုက်လေ ငါကလည်း မင်းရဲ့ရည်းစားလို့ပြောပစ်လိုက်မှာပေါ့"
"အောင်မာ ရှင်နော် ကျွန်မ စိတ်တိုလာပြီး"
"မင်းပြောလေ ငါပြောတာလုပ်မလားလို့ ဒါဆိုရင် ချက်ချင်းပြန်မယ်"
"ရှင်က ဘာပြောမှာလဲ ပြော"
ွရနံ မျက်စောင်းထိုးရင် ဘုဆတ်ဆတ်ပြောလျှင် တမန်က မဲ့ပြုံးပြုံးပြီး စကားတစ်ခွန်းပြောလိုက်လျှင် ရနံက ပြင်းပြင်းထန်ထန် ငြင်းဆန်သော်လည်း တမန်က မွေ့ယာပေါ် ဇိမ်နဲ့အိပ်ဖို့ပြင်တာကြောင့် ခေါင်းငြိမ့်လိုက်ရ၏။
******
"မင်းဘာစားမလဲ"
"ဘာမှမစားဘူး "
"မစားရင် ဗိုက်နာမှာပေါ့."
"နာပါစေ ရှင်ဘယ်သွားမှာလဲပြော ကျွန်မ အတန်းတက်ရအုံးမယ်"
"ရုပ်ရှင်ကြည့်မယ် "
"ရှပ်ရှင်များ ကိုယ်အိမ်မှာကိုယ်ကြည့်လည်းရတာကို့"
"နေစမ်းပါအုံး မင်းရုပ်ရုင်ရုံရော ရောက်ဖူးရဲ့လား"
ရနံ့ ဘာမှပြန်မပြောဘဲ ငြိမ်နေလျှင် သူက
"မရောက်ဖူးဘူးမဟုတ်လား "
"ကျွန်မက အဲလိုအပိုအလုပ်တွေမလုပ်တတ်ဘူး"
"ကဲ့ အချစ်ရုပ်ရှင်သွားကြည့်တာပေါ့"
"ဘာအချစ်လဲ ရှင်နော်"
"မင်းပဲ ငါရည်းစားအဖြစ်ဟန်ဆောင်ပေးမယ်ဆို"
"ဟုတ်ပြီး"
ရနံ့ မျက်နှာဆူပုတ်နေတာ ကြည့်ပြီး တမန်ပြုံးသည်။ ထိုနောက် ရနံ့ ပခုံးကိုဖက်ပြီး ရုပ်ရှင်ရုံသို့ခေါ်သွားသည်။ရနံ့ ရုန်းသော်လည်း တမန်က ပိုမိုတင်းကျပ်စွာဖက်ပြီး
"မင်းရုန်းနေရင် မင်းဆီဒီည တကယ်လာအိပ်မှာနော်"
ရုပ်ရှင်ရုံမှာ ရနံ့ကို တမန်က နေကြာစေ့ကို အခွံခွားေသည်။ တကယ် သမီးရည်းစားတွေကျနေတာပါပဲ။ ရနံ့ ကလည်း မရောက်ဖူးတဲ့နေရာတွေရောက်တာကြောင့် ပျော်နေသည်။ ရုပ်ရှင်ရုံက ပြန်ထွက်လျှင် တမန် က ကစားကွင်းသို့ ရနံ့ကိုလိုက်ပို့သည်။ကစားကွင်းရဲ့ တစ်နေရာမှာ လူတွေအော်ဟစ်က ကစားနေတဲ့နေရာတစ်ခုကို ရနံသဘောကျစွာကြည့်မိသည်။
"မင်း စီးမလာ"
"စီးမယ် "
"Ok လာ သွားစီးမယ်"
တမန် လက်မှတ်ဝယ်ပြီး ရနံ့ လက်ကိုကိုင်ပြီး စီးမယ်နေရာသို့လာခဲ့သည်။လူပြည့်လျှင် ထိုအရာက ဟိုဘက်ယိမ်းလိုက်ဒီဘက်ယိမ်းလိုက်နဲ့ ပျော်စရာကောင်းသည်။မကြာခင် အမြန်လွှဲလျှင် ရနံ့ တမန် လက်ကို ဆွဲကိုင်ကာ
"အောက်ပြန်ဆင်းမယ် အောက်ပြန်ဆင်းမယ်"
"ဆင်းလို့မရဘူးလေး "
"ဘာလိုလဲ အားးးးး"
ရနံ့ စကားတောင်မပြောနိုင်တော့ဘဲ တမန် ကို အတင်းဖက်ထားသည်။တမန်ကလည်း သဘောကျစွာ ရယ်မောပြီး ရနံ့ကို ပြန်ဖက်ထားသည်။တမန် တမင်သက်သက် မိုးပျံပန်ကန်ပြားကိုစီးခိုင်းတာ ရနံ့ သူကိုဖက်အောင်လို့ပါ။
"ွအီးးဟီးး နောက်မစီးတော့ဘူး နှလုံးခုန်မြန်လိုက်တာ"
"မငိုပါနဲ့ သူများတွေကြည့်နေတဲ့ ရှက်စရာကြီး"
"အီးး ဟီးး ရှင်သိတယ်မဟုတ်လား အဲဒီအရာက ကြောက်ဖို့ကောင်းမှန်း သစ်ပင်ထိပ်ဖျားထိရောက်ရင် တစ်ဖက်ပတ်လှည့်တာက ပိုကြောက်ဖို့ကောင်းတယ်"
"ကဲ့ ကဲ့ တိတ်တိတ် ဟိုမှာ ရေခဲမုန့် ဝယ်ကျွေးမယ်"
"နှစ်ခုစားမယ်"
မျက်ရည်ကို လက်ဖဝါးနဲ့သုတ်ပြီး ကလေးတစ်ယောက်လို့ပြောလျှင် တမန်က သူမရဲ့ဆံပင်လေးကို ချစ်စနိုးနဲ့ဖွပစ်သည်။
ရနံ့ ရေခဲမုန့်စားနေတုန်း တစ်စုံတစ်ယောက်က လုယူပြီး ရနံ့ရဲ့ မျက်နှာကိုသုတ်ပစ်၏။
"မိန်းမယုတ်မ ငါရည်းစားကို လုယူတဲ့မိန်းမ ရုပ်ကလေးသနားကမာနဲ့ နင်မှာ ဒီထက်ကောင်းတဲ့ယောကျာ်းမရှိဘူးလား"
ထို မိန်းမချောရဲ့အပြောကြောင့် ဘေးပတ်ဝန်းကျင်က လူတွေ အားလုံး ရနံ့ကို ရှုတ်ချတဲ့အကြည့်တွေနဲ့ကြည့်သည်။ တစ်ချိုကတော့
"ရုပ်လေးကသနားကမားနဲ့ စနိုက်ကြော်တာ"
"ကောင်လေးက ချောတာကို့ ပိုက်ဆံရှိတော့လည်း စနိုက်ကြော်မှာပေါ့"
ရနံ့ ကြားအောင် မဲ့ကာရွဲ့ကာနဲ့ပြောသည်။ ရနံ့မှာ ရှက်လွန်လို ထိုနေရာကနေ ငိုကာ ပြေးထွက်ခဲ့သည်။ တမန်က သန့်စင်ခန်းခဏ သွားတာကြောင့် ထိုအဖြစ်အပျက်တွေကိုမသိလိုက်ပါ။လကဗျာကတော့ ကျေနပ်စွာပြုံးနေရင်ကျန်ခဲ့သည်။
*******
မြသင်းချယ် တစ်ယောက်စိတ်ပူကာ ကားကိုအမြန်မောင်းခဲ့သည်။ ရနံ့တစ်ယောက် ငိုယိုပြီးဖုန်းဆက်တာကြောင့်ပါ။ မြသင်းချယ် ရနံ့ဆီရောက်လျှင် ဘေးက တမန်နဲ့စကားများနေတာတွေ့လိုက်ရ၏။
"တော်စမ်းပါ ကျွန်မက ဘယ်နှစ်ခါ အရှက်ခွဲရအုံးမှာလဲရှင်လို့ လူရှုပ်လူပွေကြောင့် ကျွန်မ အရှက်တွေကွဲရပေါင်းများပြီး"
"ကျစ် ကိုယ်ရှင်းပြတာကို နားထောင်ပေးပါအချစ်ရာ"
"မနားထောင်ဘူး ကျွန်မကိုအချစ်လိုလည်းမခေါ်နဲ့ ကျွန်မရှင်ကိုအရမ်းမုန်းတယ် ပြီးတော့ ရှင်ပြောတဲ့အတိုင်း ကျွန်မ ရှင်ချစ်သူအဖြစ် တစ်ရက်နေပေးပြီးပြီး ဒီနေ့ကစပြီး ကျွန်မနဲ့ အဝေးဆုံးမှာနေပါတော့ ကျွန်မ ရှင်ကိုအရမ်းမုန်းတယ်!!!"
"မင်းကငါကိုအရမ်းမုန်းတယ်ဟုတ်လား အေး မင်းသိပ်မုန်းတဲ့ လူကိုမင်းလက်ထပ်ရလိမ့်မယ် ပန်းရနံသင်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါမင်းကိုသိမ်းပိုက်ပြမယ် ချစ်လွန်လိုသိမ်းပိုက်တာတော့မဟုတ်ဘူးနော် မာနခေါင်ခိုက်နေတဲ့မင်းကိုအရမ်းမုန်းလို့"
"ဟာသတွေ သိပ်မပြောနဲ့ ကိုမုန်းတမာန် ရှင်လိုလူနဲ့လက်ထပ်မယ်အစား အသက်ပဲအသေခံလိုက်မယ် စိတ်ချ ရှင်ကျွန်မကို ဘယ်တော့မှမပိုင်ဆိုင်စေရဘူး လူအရိုင်စိုင်းရဲ့ ဘာလိုလဲသိလား ရှင်လိုလူကို မုန်းတာထက် ရွံတာ ကျွန်မကိုလက်ထပ်ဖို့ပြောတဲ့ ရှင်ရဲ့ပါးစပ်ကိုမြောင်းရေနဲ့ပလုတ်ကျင်းလိုက်!!!
"ရနံ့ ရယ် ဘာလို ဒေါသတကြီးအော်နေရတာလဲမုန်းတမန် မင်းလည်းပြန်တော့ မမတို့လည်းပြန်တော့မယ်"
"ပြန်မှာပါမမ ဒီမှာပန်းရနံ့သင်း ငါကလည်း မင်းမုန်းတာထက် ၁၀ဆ ပိုမုန်းတယ် ပြီးတော့ မင်းအရမ်းမုန်းတဲ့ ငါကို မင်းလက်ထပ်ရလိမ့်မယ်"
"တောက် လူးပါးဝလို့"
"ရနံ့ရယ် စိတ်လျော့ပါလာပြန်ကြမယ်"
မြသင်းချယ် အတင်းဆွဲခေါ်တာကြောင့် ရနံ့ ပါသွားရသည်။ရနံ့ လမ်းတစ်လျောက်လုံး တမန်ရဲ့ စကားတွေကိုပဲပြန်ကြားယောင်နေမိသည်။
"ဒီမှာပန်းရနံ့သင်း ငါကလည်း မင်းမုန်းတာထက်၁၀ဆပိုမုန်းတယ်"""
ထိုနေ့ကစပြီး ရနံနဲ့သူ မတွေ့တာ ၁လတောင်ကြာသွား၏။ရနံလည်း သူပြောခဲ့တဲ့စကားတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားရသည်။
********
ရနံလေး အလှဆုံးပြင်ထားနော် တစ်အောက်နေ့ ကိုပြည့် မိသားစုတွေရောက်တော့မယ်"
"ဟုတ်ကဲ့ မမ ဖေဖေရော့ ဘာလုပ်နေလဲ"
"ဘွားဘွားကြီးနဲ့ စကားတွေ ရွန်းရွန်းဝေအောင်ပြောနေတယ် သူ့သမီးကို ကိုပြည့်လိုလူတော်လူကောင်းနဲ့ စေ့စပ်ပွဲလုပ်မှာမိုလို့ပျော်နေတယ်လေး"
"ဖေဖေကတော့လေး ကိုပြည့်ကို အရမ်းသဘောကျနေတာပဲ"
"ကျလည်း ကျချင်စရာလေး ကိုပြည့်က ဟျောတယျလုပျငနျးကိုဉီးစီးနတေဲ့လူလေး ။ရုပ်ရည်ကလည်းပျိုတိုင်းကြိုက်တဲ့နှင်းဆီးခိုင်ကို့ ဒါနဲ့ တမန်နဲ့မဆုံတာကြာပြီးလား"
"ဟုတ်မမ ရနံ့မှာ သူနဲ့မဆုံလို ပျော်နေတာ "
"ဟုတ်ပါပြီး မမအောက်ဆင်းပြီးသွားဝိုင်းကူအုံးမယ်"
******
"မာမီ ဘယ်သွားမလို့လဲ အလှတွေအရမ်းပြင်ထားလို့"
"အန်တီရွှေမိရဲ့ မြေးလေး စေ့စပ်ပွဲ မေမေတို့ကို ဖိတ်ထားလို့ အဲဒါသွားမလို့"
"နေပါအုံး မာမီရ သားလည်းလိုက်မယ်"
"ထူးထူးဆန်းဆန်းပါလား ဒါဆိုရင်လည်း အမြန်အဝတ်စားသွားလှဲ "
"ဟုတ်မာမီ မမမြသင်းချယ်လည်း စွံတော့မယ်"ပြောကာ ထွက်သွားလျှင် ဒေါ်လှကေသီ အံ့ဪစွာ ကျန်ခဲ့သည်။
အခုသွားမှာက ဒေါ်ရွှေမိရဲ့ မြေးအငယ်မ စေ့စပ်ပွဲပါ ငါးသားတော့ လူမှားပြောနေပြီး ကိုကြီးရေ ကေသီ အဆင့်သင့်ဖြစ်နေပြီး ဒါပေမဲ့ သားလိုက်မယ်တဲ့ ဆို၍ ယောကျာ်းဖြစ်သူကိုလှမ်းပြော၏။
******
ထို့မြင်ကွင်းကိုကြည့်ပြီး သူရင်တွေပူလောင်လာသည်။ ရနံ့က သူမဟုတ်တဲ့ တစ်ခြားသူနဲ့ စေ့စပ်ပွဲလုပ်တာကြောင့် ဒေါသ တစ်ကိုယ်လုံးမှာထွက်လာသည်။ဒါပေမဲ့ ချုပ်ထိန်းထားရသည်။ မချုပ်ထိန်းရင် ပွဲပျက်ပြီး မိဘတွေရဲ့ အပြစ်တင်ချင်ကိုခံရမယ်လေ။
"ရနံ့ တမန်က နင်စေ့စပျပှဲကိုလာတယျ"
"မမစေ့စပ်ပွဲထင်ပြီး လာတာဖြစ်ရမယ် ရနံ့စေ့စပ်ပွဲလည်းသိရော့ ဟိုမှာ မျက်နှာက ဒေါသထွက်နေတဲ့ရုပ်လေး"
"အဟီး ကောင်းတယ် အဲဒီတမန် ဒေါသတွေနဲ့ တောက်လောင်ပါစေ"
မမနဲ့ ရနံ့ သဘောကျစွာရယ်နေ၏။ စေ့စပ်ပွဲြပီးလျင် တမန်က သူ့မိဘတွေကို ခွင့်တောင်းပြီး အိမ်သို့အမြန်ပြန်ခဲ့သည်။ ထိုနောက် အိပ်ခန်းထဲကရှိသမျှအရာတွေကို ပေါက်ခွဲပစ်၏။
နောက်နေ့ဆက်ရန်
စာရေးသူ သှေးမိနျ့