အမုန်းတော်တွေပြေပါစေ
"လကဗျာ ကတော့သူ့နည်းလမ်းအတိုင်းသူလုပ်မယ်တဲ့ နင်တို့တွေကရော့"
"ငါကတော့ ငါနည်းလမ်းအတိုင်းငါလုပ်မယ်"
"ရတီကတော့ ကိုကိုအကြောင်းသိတာကြောင့် ဒီနေရာကနေရပ်လိုက်ဖို့ဆုံးဖြတ်ပြီးပြီး"
်"ပြီးတာပဲ ဒါဆိုရင်ငါပြန်ပြီး"
ခြောမောလှပတဲ့ မိန်းကလေး လေးယောက် တစ်နေရာဆီသို့ထွက်ခွာသည်။ သူတို့တွေ အားလုံးရဲ့ရင်ထဲမှာတော့ မနာလိုမှုတွေ၊မုန်းတီးမှုတွေ၊ခံပြင်းမှုတွေနဲ့ပြည့်နက်နေသည်။
*******************
"ရနံ "
"ရှင့် ကိုပြည့် "
"ဟိုပြိုင်ကားက ကိုယ်တို့နောက်လိုက်နေတယ်"
ရနံ ခေါင်းလေးလှည့်ပြီးကြည့်လိုက်လျှင် တမန် ကားဖြစ်တာကြောင့် ရနံ ဘာလုပ်ရမှန်းမသိပါ။
"သူသာ ဆက်လိုက်နေရင် ရနံက သူတို့ဘေးအိမ်ကမှန်းသိတော့မှာပေါ့ ဘယ်လိုလုပ်ရင်ကောင်းမလဲ"တွေးမိရသည်။
"ရနံ..ရနံ..ရနံ"
"ဘယ်လိုလုပ်ရင်ကောင်းမလဲ"
"ဘာကိုလဲ"
"ဪ မဟုတ်ပါဘူး ရနံတစ်ခြားအာရုံရောက်သွားလို့ ကိုပြည့် ဘွားဘွားကြီးအိမ်မမောင်းပဲ ကိုပြည့်အိမ်မောင်းပါလား"
"ဘာဖြစ်လိုလဲ"
"ကိုပြည့် အိမ်လိုက်လည်ချင်လို့"
"ရပါတယ်ဗျာ လိုက်ခဲ့ ဟိုပြိုင်ကား လိုက်နေတုန်းပဲ"
"အာရုံထဲထားမနေနဲ့ ကိုပြည့် မောင်းစရာရှိတာမောင်းပါ"
"ဟုတ်ပါပြီး"
ကိုပြည့် အိမ်သို့ ရနံတို့ရောက်လျှင် တမန် ကားပေါ်ကနေထိုင်စောင့်နေသည်။ကားထဲမှာလည်း ဆူညံတဲ့ သီချင်းသံကျယ်ကျယ်ကိုဖွင့်ထားသည်။ အချိန်ကြာသော်လည်း ရနံကထွက်မလာပါ။ထိုနေ့ည တမန် ည၉နာရီမှာ အိမ်သို့ပြန်သွားသည်။ ရနံ အိမ်က ဒီအိမ်လို့ထင်သွားတာကြောင့်ပါ။
*************
"မာမီ သားကျောင်းသွားတော့မယ်"
"အစောကြီးပါလား သား မနက်စာစားသွားအုံးလေ"
"မစားတော့ဘူး မာမီ လမ်းမှာ သူငယ်ချင်းတွေနဲ့စားလိုက်မယ် မုန့်ဖိုးပေး"
"မာမီပေးထားတဲ့သိန်းတစ်ရာက ကုန်ပြန်ပြီးလား တစ်ပတ်တောင်မပြည့်သေးဘူး"
"ဟာ မာမီကလည်း ငြိငြင်တာလား ပြီးတော့ သိန်းတစ်ရာက ဘာသုံးရလိုလဲ"
"ဒါဆိုရင် မင်းရော့ သိန်းတစ်ရာ ရှာနိုင်လို့လား"
"ဒယိဒီကလည်း သားကရှာစရာမလိုပါဘူး အမွေတွေအများကြီးရထားတာကို့"
"တော်စမ်း အမွေဆိုတာထိုက်မှာရတာကွာ မင်းအခုထိ မိဘပိုကျဆံသုံးဖွုနျးရုံကလှဲပွီး ဘာမှမလုပ်တတ်ဘူးလာ အကိုတွေ အစ်မတွေက ဆရာဝန် အင်ဂျီနာယာတွေ မင်းကျတော့ ..."
"တော်ပါတော့ ကိုကြီးရဲ့ သားလည်းကျောင်းသွားတော့နော်"
"မင်းတို့ အလိုလိုက်လို့အဲဒီကောင် ဆိုးနေတာ ငါဆုံးမ ရင်ကာစိကာစိနဲ့ တောက် မင်းတို့မိန်းမတွေ အလုပ်သိပ်ရှုပ်တာပဲ"
လှကေသီ ယောကျာ်းဖြစ်သူ စကားကြောင့် ခေါင်းငုတ်မိသည်။ ယောကျာ်းကိုချစ်တယ်ဆိုပေမဲ့ သားကိုလည်း သူမ အရမ်းချစ်ပါတယ်။ချစ်ရာမရောက် နှစ်ရာရောက်နေမှန်းသိပေမဲ့ ဒီသားဆိုးလေးကိုရဲ့အလိုကိုပဲလိုက်နေမိသည်။
************
"ဟာ ဟုတ်ရော့ဟုတ်ရဲ့လား ကျောင်းချိန်တောင်နီးနေပြီး အခုထိ ထွက်မလာသေးဘူး"
တမန် ရနံကို စောင့်နေခြင်းဖြစ်၏။ သို့သော် ရနံက အခုထိထွက်မလာသေးတာကြောင့် တမန် ဇီဝေဇာဝါဖြစ်နေရသည်။ထိုအချိန် သူငယ်ချင်းဆီက ဖုန်းလာသည်။
"ဟေ့ကောင် ပြော"
"မင်းဘယ်ရောက်နေတာလဲ "
"ငါအချစ်ကို စောငျ့နတော"
"မင်းအချစ်က ကျောင်းရောက်နေပြီကွာ"
"ဟုတ်လား ဟာ ဘယ်တုန်းကသွားတာလဲ ငါတောင်မသိရဘူး "
"မင်းစောင့်နေတာ သူအိမ်ဆိုတာ သေချာလိုလား"
"မနေ့က လာချောင်းတာကတော့ ဒီအိမ်ပဲ ဒါပဲကွာ ငါအခုကျောင်းလာပြီး"
တမန် က ကားကိုမောင်းနှုန်းတင်ကာ ကျောင်းကိုမောင်းလာခဲ့သည်။ဒီအိမ်က ရနံရဲ့အိမ်မဟုတ်ဘူးဆိုတာလည်း သေချာသိလိုက်ရသည်။
****
"တို့တွေကို မှတ်မိထင်တယ်"
ရနံ မုန့်စားနေတုန်း လှပကျော့ရှင်းတဲ့ မိန်းကလေးကြောင့် မုန့်စားနေတာကိုရပ်ပြီး
"ဟုတ်မှတ်မိပါတယ် တမန်ရဲ့ရည်းစာမဟုတ်လား ဟိုနေ့ကလာပြီး ရနံကို သတိပေးသွားကြတယ်လေး"
"ဒီလောက်ဆို မင်းဉီးနှောက်ကောင်းတဲ့လို့ တိုယူဆတဲ့ အခု တမန်နဲ့တို့ ပြတ်သွားပြီး ဘာလိုလဲသိလား"
"မသိဘူးလေး ပြီးတော့အဲဒီအကြောင်းအရာက ရနံကို လာပြောပြရလောက်ထိတော့မဖြစ်သင့်ဘူးထင်တယ်"
"ဘာလိုမရှိရမှာလဲ မင်းကြောင့် တို့ကို သူဖြတ်သွားတာလေ "
"ဒီမှာ ရှင်တရားလွန်လာပြီးနော် အဲဒီရွံမုန်းစရာကောင်းတဲ့လူနဲ့ပတ်သက်ပြီး ရနံ ကို ဘာမှလာမပြောနဲ့မကြားချင်ဘူး ဆရာလည်းလာနေပြီး ကိုယ်အခန်းကိုယ်ပြန်ပါ"
"ပြန်မှာ မင်းကတမန်ကို ရွံမုန်းစရာလို့ပြောတယ်နော် အဲဒီအတိုင်းဖြစ်ပါစေလို့ဆုတောင်းတယ်"
ထိုမိန်းကလေး ထွက်သွားမှာ ရနံ သက်ပြင်းချမိ၏။တမန်ကိုလည်း ပိုပိုပြီးမုန်းမိလာရသည်။
"မုန်းတမန် ရှင့်ကြောင့် ကျွန်မ ကျောင်းမှာလူအများရဲ့မုန်းတီးခြင်း အတင်းပြောခြင်းကိုခံနေရပြီး အေးချမ်းနေတဲ့ ကျွန်မ ဘဝကိုပူလောင်အောင်လုပ်တဲ့ ရှင်ကို ကျွန်မ သိပ်မုန်းတယ်"နှုတ်ခမ်းကိုက် စိတ်ထဲကနေပြောနေ၏။
"****
"ပန်းရနံသင်း.. မင်းနာမည်ကိုယ်သိပြီး"
ရနံ ထိုင်နေခုံနားလာထိုင်ပြီး စကားပြောနေတဲ့တမန်ကို အရေးမလုပ်ဘဲ စာအုပ်သိမ်းပြီး အတန်းဆင်းဖို့ပြန်သည်။
"ဟေ့ လူတစ်ယောက်လုံး စကားပြောနေတာကို အရေးမလုပ်ဘဲ အတန်းဆင်းတော့မလို့လား"
ဒီတစ်ခါလည်း သူမ ဘာမှမပြောဘဲ အခန်းပြင်ကို ထွက်သွားသည်။ တမန်ရဲ့ မာနစိတ်တွေရုန်းကြွလာသလို ဒေါသစိတျလညျးဖွစျရသညျ။ ဒါကြောင့် သူမ သွားတဲ့လမ်းကို ပိတ်ရပ်ကာ
"ဘာလဲကွာ ငါကိုအရေးမလုပ်တဲ့သဘောလား မင်းလွန်လာပြီး လူကိုမတူသလိုမတန်သလိုနဲ့ ဆက်ဆံတာလောက် စိတ်တိုတာမရှိဘူး"
"ရှင်က ကျွန်မနဲ့ စကားပြောဖို့တန်လို့လား"
ပြတ်သားမာကျောတဲ့ ရနံ၏ စကားသံအေးအေးက တမန်ရဲ့ ဒေါသကိုပိုထွက်စေသည်။ ဖြူဖွေးချောမောတဲ့ တမန် မျက်နှာက ဒေါသကွောငျ့နီရဲလာသညျ။ အနီးအနားက ကျောင်းသူကျောင်းသားတွေကလည်း အံ့ဪစွာကြည့်နေသည်။
"နေစမ်းပါအုံး မတန်ရအောင် ငါကနူနေလိုလား မင်းကရော့ ဘယ်လောက်များကြီးကျယ်မြင့်မြတ်နေလို့လဲ ဘဝသိပ်မမြင့်နဲ့ မာနထောင်လွှားလွန်တယ်"
"ဒါဆိုရင် ကျွန်မနဲ့လာမပတ်သက်နဲ့လေ ဝေးဝေးမှာနေ"
"ဒါက ငါသဘော ငါစိတ် မင်းအမိန့်ပေးစရာမလို့ဘူး"
"ဟုတ်ပါပြီး ကျွန်မကတော့ ရှင်လို လူရှုပ်လူပွေ သုံးစားမရတဲ့ယောကျာ်းတစ်ယောက်နဲ့ အခုလို တစ်မိုးအောက်ထဲနေရတာ သနလွန်လို့ ကျက်သရေတုံးလွန်လို့ ကျွန်မနဲ့ ဝေးဝေးမှာနေပါ"
"ဘာကွာ!!! မင်းစကားတွေအရမ်းလွန်လာပြီးနော်!!!"
"တမန် စိတ်လျော့ကွာ ဟိုမှာ ဝိုင်းကြည့်နေကြပြီး"
"ကြည့်ပါစေ ဘာကရုစိုက်စရာလိုလဲ ဒီမိန်းမ စကားတွေအရမ်းလွန်တယ် သူ့စကားလုံးတိုင်း ဓားတစ်ချောင်းလို့ ငါရဲ့မာနကို ထိုးစွနေတာ တောက် မင်းငါနဲ့တွေ့မယ် "
တမန် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းကာ ထိုနေရာကနေထွက်ခဲ့သည်။ ရနံက လည်း မျက်နှာကြောတင်းစွာဖြစ် ထိုနေရာကနေထွက်ခဲ့သည်။တစ်ခါကျောင်းပြောင်းဖို့ ဘွားဘွားကြီးကိုပြောပြီး အဲဒီလူနဲ့ဝေးအောင်နေမယ်ဆုံးဖြတ်လိုက်သည်။
******
"မြေး ကျောင်းပြောင်းချင်လို့ ကျောင်းတက်တာဖြင့်၂ရက်ပဲရှိသေးတာကို့ ဘာကြောင့်ပြောင်းချင်တာလဲ"
"ရနံ မတက်ချင်လို့ပါ ဘွားဘွားကြီး ရနံကို ကျောင်းပြောင်းပေးပါ"
ကျောင်းကနေပြန်ရောက်ရောက်ချင်း ဘွားဘွားကြီးအခန်းထဲသို့ဝင်ပြီး ကျောင်းပြောင်းပေးဖို့ သူမ တောင်းဆိုသည်။
"ကျောင်းပြောင်းတာက လွယ်တာမှမဟုတ်တာ မြေးရဲ့ ဒီနှစ်တော့တက်လိုက်ပါ နောက်နှစ်ကျရင် ပြောင်းပေးမယ်"
"ဒါဆိုရင် ရနံ ကျောင်းမတက်တော့ဘူး ဖေဖေဆီပဲပြန်တော့မယ်"
"ပန်းရံသင်း !!!!"
ဘွားဘွားကြီးရဲ့အော်သံကြောင့် ရနံ ကိုယ်လေးတုန်သွားရသော်လည်း အလျော့ပေးဖို့စိတ်မကူးပါ။ ရနံ ဒီရန်ကုန်မှာ လုံးဝမနေချင်တော့ပါ။ တမန်ဆိုသူကိုလည်း ရနံ အရမ်းမုန်းတယ် သူနဲ့ဝေးရာကိုပဲ ထွက်သွားချင်ပါသည်။
"ဘွားဘွားကြီး စိတ်လျော့ပါ ရနံကတော့ ဘာပြသာနာရှိလိုလဲ"
"ဘာမှမဖြစ်ပါဘူး မမ ကျောင်းပြောင်းချင်တာပါ"
"မပြောင်းရဘူး ပန်းရနံသင်း ဒါ ငါအဘွားဖြစ်သူရဲ့ အမိန့်ပဲ သွားတော့ ကျောင်းပြောင်းဖို့ထပ်မပြောနဲ့ "
ဘွားဘွားကြီး စကားကြောင့် ရနံ မျက်ရည်ဝဲကာ အခန်းထဲကနေထွက်လာသည်။ မမကလည်း ဘေးကနပွေီး ရနံကို ဖက်ကာ အိပ်ခန်းဆီသို့ခေါ်သွားသည်။
"ပြောပါအုံး ကျောင်းမှာဘာဖြစ်လာလိုလဲ"
"ဟိုတမန်ဆိုတဲ့ မကောင်းဆိုးဝါး ရနံကို နှောက်ယှက်နေတာ ရနံ ကျောင်းမှာလည်း သူကြောင့်အရှက်ကွဲတယ် လူအများရဲ့အတင်းပြောခြင်းကိုခံရတယ် အင်ဟင့် ဒါကြောင့် သူ့နဲ့ဝေးရာမှာပဲနေချင်တယ် ဒီနေ့သူကို ရက်ရက်စက်စက်ပြောပစ်လိုက်တယ် သနတယ်လို့ "
"ဘုရားရေ ရာဇဝင်အိုးကို တုတ်နဲ့သွားထိုးမိတာပဲ ရနံရယ် တမန် ကဇွတ်တရွတ်သမား မာနကလည်းအရမ်းကြီးတာ ရနံကို ဘာမှပြန်မလုပ်ဘူးလား"
"မင်း ငါနဲ့တွေ့မယ်လို့ ကြောက်စရာကောင်းအောင်ကြုံးဝါးသွားတာ သူရနံကို တစ်ခုခုလုပ်တော့မယ်ထင်တယ်"
"သေခြာတာပေါ့ ဟူးး စိတ်မောလိုက်တာ ရနံလေးကဘာလိုအဲဒီလို သူများမခံသာအောင်ပြောရတာလဲ "
"အရမ်းမုန်းတာကို့ မမကလည်း ရနံသူကို့ သိပ်မုန်းတယ် ဒီနေ့လာ သူရည်းစာတစ်ယောက်က ရနံကိုလာပြောသွားတာ"
`ဘာပြောတာလဲ"
"တမန်နဲ့ သူ ပြတ်တာ ရနံကြောင့်တဲ့"
"ဟူးး စိတ်မောရပါလား ရနံရယ် ဒီနေ့ရော့ သူအနောက်ကလိုက်လာသေးလား"
"မလိုက်လာဘူး မနေ့က ကိုပြည့်အိမ်ထိလိုက်လာတာ တော့်သေးတယ် မမ ဖြတ်လမ်းကနေ လာခေါ်လို့"
"ရနံလေးရယ် မမတော့စိတ်မောတာပဲ နောက်ဆိုရင် တမန်ကို ရင့်သီးတဲ့စကားလုံးတွေမပြောပါနဲ့ သူ့တစ်ခုခုပြန်လုပ်ရင် ရနံပဲနစ်နာမယ်"
"ဟုတ်မမ ရနံ သတိထားပါမယ် "
********
တမန် တစ်ယောက် တစ်ဖက်ခြံသို့ ကျော်ဝင်ဖို့ပြင်နေ၏။ ဘာကြောင့်လဲဆိုတော့ သူ့အချစ်က ဒီမှာနေမှန်းသိလို့ပါ။
ညနေအတန်းပြီးလျှင် သူမ နောက်ကို နောက်ယောင်ခံဖို့ ဇွဲ ရဲ့ကားပေါ်မှာ သူစောင့်နေခဲ့သည်။ မကြာပါဘူး သူရဲ့အချစ်ကကားနားသို့ရောက်လာ၏။ ကားပေါ်မတက်ခင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးမှ စိတ်အေးစွာ ကားပေါ်သို့ တက်သွားသည်။တမန် နောက်ယောင်ခံလိုက်ခဲ့တာကိုတော့ သူမ လုံးဝမသိပါ။
အုတ်တံတိုင်ကိုကျော်ခွ၍ တစ်ဖက်ခြံသို့ရောက်လျှင် ရနံ အခန်းဆီသို့ တမန် ခိုးကြောင်ခိုးဝှက် ရှာဖွေသည်။ရှာတာ နာရီဝက်ကြာသောလည်း မတွေ့တာကြောင့် စိတ်ညစ်ရသည်။
"တောက် ဘယ်အခန်းလဲကွာ "
"ဘယ်သူလဲ..."
ရနံရဲ့ စကားသံကြောင့် တမန် ထောင့်တစ်နေရာမှာပုန်းနေ၏။
ရနံက ခြေသံဖွဖွလေးလျောက်လာပြီး စကားသံကြားရာဘက်သို့ ဖြေးဖြေးချင်းကပ်လာသည်။ ဘာမှမတွေ့တာကြောင့် အခန်းသို့ပြင်ဝင်မယ် ပြင်လျှင် ရုတ်တရက် ပါးစပ်ပိတ်ချင်ခံလိုက်ရ၏။
"အင်..အင်.."
"ရှုးး အော်မနေနဲ့ငါ"
တမန် ဆိုတာလည်းသိရော့ သူမ ပိုပြီးရုန်းကန်သည်။ သိုသော် တမန်က သူမအခန်းသို့ သူမကို အတင်းဆွဲခေါ်သွား၏