အမုန်းတော်တွေပြေပါစေ
"တောက် ဘာလို့မျက်နှာကွယ်နေတာလဲ နေပါအုံး ငါ ဟိုကျောင်းသူအသစ်ကို ချစ်နေတာပဲ ဒီမိန်းကလေးကိုစိတ်ဝင်စားစရာလား ဘာကြောင့်ရင်ခုန်ရတာလဲ ကျစ် တော်ပြီးကွာ ငါကောင်မလေးအကြောင်းပဲတွေးပြီးရင်ခုန်တော့ မယ်ရေရွတ်ပြီး မှန်ဘီလူးကို မွေ့ယာပေါ်ပစ်ချပြီး ဆေးလိပ်ဘူးထဲကဆေးလိပ်တစ်လိပ် နိုက်ပြီးဖွာနေတော့သည်။
*******
ညရောက်လျှင် ရနံ ထမင်းစားပြီးသည်နှင့် ခြံထဲလမ်းဆင်းလျှောက်၏။အိမ်နေရင် ချည်ဂါဝန်ပန်းရောင် ဝတ်ဆင်၍ သနပ်ခါးမှုံနေအောင်လူးထားတဲ့ သူမအသွင်လေးက မျက်စိအေးစရာပါ။ တင်ပါးထိရှည်လျားတဲ့ ဆံနွယ် ပျော့ပျော့လေးတွေက အနောက်ကနေ တစ်ဝက်စည်းတစ်ဝက်ချဖြင့် ချည်ထားတာကြောင့် လေတိုက်လျှင် ယိမ်းနွဲ့ကာသံဇဉ်အလိုက် ကခုန်နေသည်။
ဒီပန်းလေးတွေက လှလိုက်တာ ခူးတောင်မခူးရက်ဘူး ပန်းကလေးတွေရေ နေကောင်းရဲ့လား ညနေတိုင်းရေလာလောင်းချင်ပေမဲ့ ဟိုဘက်အိမ်က မကောင်းဆိုးဝါးကြီး ရနံလေးကို မြင်မှာကြောက်လို့ လာမလောင်းတာပါ။အခုတောင် အပင်ကွယ်တဲ့နေရာကနေ လမ်းလာလျှောက်ရတာ"
ရနံ ပန်းကလေးတွေကို သက်ရှိသဖွယ် စကားပြောနေ၏။ သူမ ဘဝတစ်လျောက်အဖော်က ပန်းကလေးတွေပဲရှိတယ်လေ။ ငယ်ငယ်ကတည်းက သူငယ်ချင်းမရှိပါ။ စံအိမ်ကနေ ဘယ်မှာလည်းသွားခွင့်မရပါ။ ကျောင်းနေအရွယ်မှာလည်း ဖေဖေကိုတောင် အတန်းပိုင်ဆရာမကို သေချာအပ်ပြီးထားတာကြောင့် ကျောင်းတက်ခဲ့ရာတာ မလွတ်လပ်ပါ။ ထိုပုံစံခွက်ထဲကိုလည်း ရနံ နေသာကျခဲ့ပါပြီး။အရင်အကြောင်းတွေတွေးမိရင် လမ်းလျှောက်နေတုန်း ရုတ်တရက် ရေနဲ့အပက်ခံလိုက်ရ၏။
"အေမ့!!!"
"ဟာ လူရှိတာပဲ ဆောရီးဗျာ ကျွန်တော်မမြင်လိုက်လို့"
"ရှင်က ဘာလုပ်နေတာလဲ ရနံကိုမမြင်ရအောင်"
"ဘွားဘွား က မျက်စိမှိတ်ပြီး ဘုရားစာရွတ်ပြီး လောင်းခိုင်းလို့ပါဗျာ အားနာလိုက်တာ စိုကုန်ပြီး ပြီးတော် ကျွန်တော် အဲဒီလိုမလုပ်ခင် တစ်ချက်အဲဒီကခြံကို ကြည့်ပါသေးတယ် လူမမြင်လို့ပါဗျာ တောင်ပန်းပါတယ်"
"ရပါတယ် "
"ကျွန်တော်နာမည် မင်းတမန်ပါ"
"ဟမ် "
"ဘာလိုလဲဗျာ "
"ဪ မုန်းတမန်နဲ့ ဘာတော်လဲလို့"
"ညီကို သိတယ်ပေါ့ မုန်းတမန်က ကျွန်တော်ညီပါ ညီသူငယ်ချင်းလား"
"မဟုတ်ပါဘူး "
ရနံအလောတကြီး ငြင်းပစ်၏။အဲဒီလို့ မကောင်းဆိုးဝါနဲ့ သူငယ်ချင်းအဖြစ်တောင်မခံချင်လို့ပါ။
"ဟုတ်ကဲ့ပါဗျာ အလောတကြီးငြင်းစရာမလို့ပါဘူး ဒါနဲ့နာမည်ဘယ်လိုခေါ်လဲ"
မင်းတမန် သူမလေးနာမည်ကိုသိချင်၏။ ချစ်စရာကောင်းတဲ့ သူမလေး နဲ့ ဆုံတာလည်း သူ့အတွက်ကံကောင်းအကောင်းဆုံတစ်ခုပါ။ ဘွားဘွားကိုလည်း ကျေးဇူးလှမ်းတင်မိရသည်။
"ပြောစရာလား "ပြော၍ ရနံ အိမ်ကြီးထဲသို့ဝင်ခဲ့သည်။
"မပတ်သက်ချင်ပါဘူး အဲဒီမကောင်းဆိုးဝါရဲ့ အမျိုးတွေနဲ့ တော်ပြီးနောက်ဆိုရင် အိမ်ထဲကနေ အိမ်ပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။
********
ပြိုင်ကားအနီရောင်လေးကို မြင်ရင် ဇွဲတို့အုပ်စု ထူးဆန်းသလို့ဖြစ်ရ၏။ ကားပေါ်က နေ စတိုင်ကျကျဆင်းလာသူကတော့ မုန်းတမန်ပေါ့ ဂျင်းဘောင်ဘီရှည်နဲ့ ပြောင်ကျားကျားတီရှပ်က လူတိုင်းနဲ့မလိုက်ပေမဲ့ တမန်နဲ့ကတော့ ကြည့်ကောင်း၏။ကျောပိုးအိတ်ကို ပခုံးတစ်ဖက်လွယ်ပြီး ကားတံခါးကို အသံမြည်အောင်ပိတ်ပစ်သည်။ ဘေးနားကမိန်းကလေးတွေ တမန်ကို နှစ်သက်ဖွယ်မျက်လုံးဖြစ်ကြည့်ကြသည်။
"တမန် မင်းဟုတ်ရဲ့လား "
"ဟုတ်ပါတယ်ကွာ အံ့ဪနေတာလား"
"အံ့ဪတာပေါ့ကွာ ကျောင်းဆိုရင်ခြေဉီးတောင်မလှည့်ချင်တဲ့ မင်းက အခုရောက်ချလာလိုလေ"
"အချစ်နတ်ဖမ်းစားထားတယ်လေကွာ ငါအချစ်ရောက်ပြီးလား"
."မရောက်သေးဘူး ဟာ ဟိုမှာမင်းအချစ်."
မားစီဒီးကားအကောင်းစားကြီးပေါ်ကနေ ရနံ ဆင်းလာ၏။ ဘေးနားကလည်း ရုပ်ရည်ချောမောတဲ့ ဘဲတစ်ပွေကြောင့် တမန် ဒေါသထှကျရ၏။
"တောက် မနေ့ကပဲကျောင်းတက်တဲ့ ဒီနေ့တော့ ဘဲတစ်ပွေနဲ့"
"မင်းကလည်းကွာ စိတ်လျော့စမ်းပါ"
"လျော့စရာလား ကြည့်ပါအုံး ဟိုကောင်နဲ့စကားပြောတာပြုံးပျော်လို့ တောက်"
တမန် တောက်ခေါက်ပြီး ထိုနေရာက ထွက်ခဲ့၏။ မထွက်ရင် ဟိုကောင်ကို သူတစ်ခုခုလုပ်မိတော့မှာလေ ။
"ကိုပြည့် လိုက်ပို့ပေးလို့ကျေးဇူးပါ "
"လိုလို့လားကွာ"
"အဟီး ဖေဖေက ကိုပြည့်ကိုချက်ချင်းရန်ကုန်လွှတ်တာပဲ "
"ရနံကို စိတ်မချလိုတဲ့ ဘွားဘွားကြီးကိုလည်း အလုပ်တွေသိပ်မလုပ်ခိုင်းဖို့မှာတယ်"
"ဟာ ရနံအဲဒီအလုပ်လုပ်ရတာပျော်ပါတယ် အခုဆိုရင် ကြက်ဉတောင်ကြော်တတ်နေပြီး"
"ဟုတ်လား တော်လိုက်အတန်းချိန်နေပြီး အထဲဝင်တော့"
"ဟုတ်ကဲ့ တာတာ့"
**********
ရနံ အခန်းထဲရောက်လျှင် ဆရာ ရောက်နေတာကြောင့် အနောက်အခန်းပေါက်ကနေ တွေ့ရာခုံသို့ဝင်ထိုင်လိုက်ရ၏။ ရနံ ဘေးမှာ မှောက်အိပ်နေတဲ့လူတစ်ယောက်ရှိ၏။ဒါပေမဲ့ သူမ ကရုမစိုက်ဘဲ စာပဲလိုက်မှတ်နေ၏။ အတန်းပြီးလို့ မုန်စားချင်ချိန်ရောက်လျှင် ရနံမှာပါလာတဲ့ ထမင်းဘူးကိုထုတ်သည်။ အခန်းထဲမှာ ရနံနဲ့ အခုထိအိပ်နေတဲ့လူပဲရှိသည်။ဒါကြောင့် ရနံ တစ်ခြားနေရာသို့ ရှေ့ဖို့ပွနျလြှငျ အိပ်နေတဲ့လူက
"ဒီမှာပဲစားပါ တစ်ခြားနေရာရွေ့စရာလို့လား"
"ရှင်.. မုန်းတမန် ဘာလို ဒီအခန်းထဲရောက်နေတာလဲ "
"ဘာမှမဖြစ်ပါဘူး စိတ်တိုလို့လာအိပ်နေ...."
တမန် စကားမဆုံးခင် ရနံ တစ်ခြားအတန်းသို့ပြောင်းရွှေ့ထိုင်၏။တမန်ကလည်း သူစကားကို ဆုံးမပြောလိုက်ရသဖြစ် စိတ်တိုကာ ရနံနါးသို့လာကပ်ထိုင်သည်။
"ရှင်ဘာလုပ်တာလဲ ဝေးဝေးသှားထိုငျ"
်"ငါဘာသာထိုင်ချင်တဲ့နေရာထိုင်မှာပေါ့ မင်းအပူလား"
ရနံမှာ နှုတ်ခမ်းကိုက်ကာ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ထိုင်သည်။ တမန်ကလည်း ရနံထိုင်တဲ့နေရာသို့လိုက်ထိုင်သည်။ ရနံမှာ နေရာနမြိုးစုံပွောငျးရှေ့ထိုငျသျောလညျး တမန်က လာကပ်ထိုင်နေတာကြောင့် စိတ်ညစ်ကာ တမန်ကိုရန်တွေ့မိသည်။
"ရှင်ဘယ်လိုဖြစ်နေတာလဲ ရူးနေတာလား ဂေါက်နေတာလား"
"ငါက အကောင်းပါပဲမင်းသာ ခှေးလြားသီးမုနျ့ထိမိလို့ ဟိုနေရာရွေ့ဒီနေရာရွေ့နေတာလေး"
"ရှင်နော် စကားပြောဆင်ခြင်"
"မဆင်ခြင်နိုင်ဘူး မနက်ကမင်းနဲ့လာတဲ့ ကောင်ကဘယ်သူလဲ"
"ဘယ်သူဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်လဲ"
"ကောငျးပွီးလေ မနက်ဖြန်အဲဒီကောင် ခြေကျိုးလက်ကျိုးဖြစ်ရင်တာဝန်မယူဘူး"
"မုန်းတမန်!!"
ရနံက ဒေါသတကြီးခေါ်တာကို တမန် စိတ်မစိုးတဲ့အပြင် ဝမ်းသာအားရဖြစ်သွားတာကြောင့် ရနံမှာ ကြောင်တောင်တောင်ဖြစ်ရသည်။
"မင်း မင်းငါနာမည်ကိုသိနေတာပေါ့"
"ကျွန်မက ရှင်နာမည်ကိုသိလို့ဝမ်းသာနေတာလား"
"ဒါပေါ့ မင်းကငါသိပြီးငါကမင်းနာမည်ကိုမသိရပါလား မင်းနာမည်ဘယ်လိုခေါ်လဲ"
"ကျစ် စိတ်ပျက်ဖို့ကောင်းလိုက်တာ ရှင်နာမည်ကိုသိတယ်ဆိုတာကလေ ရှင်က လူရှုပ်လူပွေ ကျောင်းထဲမှာအဆိုးဆုံးဆိုတော့ လူတိုင်းကရှင့်အကြောင်းကိုပြောနေလို့သိတာ "
"ဪအဲဒါကြောင့် ဘာပဲဖြစ်ဖြစ် မင်းငါနာမည်သိလို့ပျော်တယ် မင်းနာမည်မပြောပြလည်း ငါသိရမှာပါ ထမင်းစားမယ်ဆိုရင်အေးဆေးစားပါ"
"ဘယ်လိုလုပ်အေးဆေးစားလို့ရမှာလဲ ရှင်နှောက်ယှက်နေတာကို ကျွန်မ အနားကနေ ဝေးဝေးသွားစမ်း!!"
"မနှောက်ယှက်ပါဘူး လာငါခွံကျွေးမယ်ပြောကာ ရနံရဲ့ထမင်းဗူးကိုဖွင့်ပြီးဇွန်းနဲ့ခွံလျှင် ရနံမှာ နှုတ်ခမ်းကိုက်ကာ တမန်ကို ထမင်းဗူးနဲ့ပစ်ပေါက်သည်။ထမင်းတွေနဲ့ဟင်းတွေက ဖိတ်ကျသွားသည်။ တမန်က ရှောင်ရင်လွတ်ရဲ့သားန်ဲမရှောင်တာကြောင့် နဖူးကိုထိကာနီရဲသွားသည်။ကိုအသားနာရင် ဘယ်လိုမှသည်းမခံနိုင်တဲ့ တမန် စိတ်ကိုအတင်းထိန်းချုပ်ထားရသည်။
ရှင်.. ကျွန်မကိုမနှောက်ယှက်ပါနဲ့ ထပ်ပြီးနှောက်ယှက်ရင် ဆရာမ နဲ့တိုင်ပြောပစ်မယ် အခုချက်ချင်းအခန်းထဲကထွက်သွား!!
"မင်းနော် မင်းမို့လိုငါသည်းခံနေတာ အကောင်းမထင်နဲ့ တောက် မင်းအရမ်းတရားလွန်တဲ့ ငါအကြောင်းသိတယ်မဟုတ်လား ငါဘယ်လောက်ဆိုးလဲသိတယ်မဟုတ်လား"
"သိတယ် ရှင်ဘယ်လောက်ရိုင်းစိုင်းလဲသိတယ် တစ်ခုတော့ပြောလိုက်မယ် ရှင်ကိုလူတိုင်းကကြောက်ပေမဲ့ ကျွန်မက လုံးဝမကြောက်ဘူး ထပ်ပြောမယ် ကျွန်မနဲ့ဝေးဝေးမှာနေပါ ရှင်ကည်းစားတွေနှောက်ယှက်တာကို တားမြစ်ထားတာပါ "
"မင်းနဲ့ စကားဆက်ပြောရင် ငါတစ်ခုခုလုပ်မိလိမ့်မယ် ဆိုကာ တမန် ဒေါသတကြီး အခန်းထဲကနေထွက်သည်။ ရနံက ထမင်းနဲ့ဟင်းကို တစ်ရှူးအသုံးပြုပြီး ရှင်းဖို့ပြင်လျှင် ကျောင်းဝန်ထမ်း မိန်းကလေးရောက်လာပြီး
"မရှင်းနဲ့ မမ သခင်လေးက ညီမကိုရှင်းခိုင်းလိုက်တယ်"
"သခင်လေးက ဘယ်သူလဲ"
"သခင်လေးမုန်းတမန်ပါ မမ"
ရနံမှာ စိတ်ပျက်ပြီး ကိုယ်ဘာသာရှင်းဖို့ပြင်လျှင်မိန်းကလေးက အသဲအတန်တားသည်။
"မရှင်းပါနဲ့ မမ သခင်လေးက ညီမကိုပဲရှင်းခိုင်းလို့ပါနော် မမဘာသာရှင်းရင် သခင်လေးက ညီမကိုအပြစ်ပေးပါလိမ့်မယ်"
မိန်းကလေး ခေါင်းငုတ်ကာပြောသဖြင့် ရနံမှာ မရှင်းပဲနေရတော့သည်။
**************************************
"ကိုကို ဘာကြောင့်ဒီနေရာကိုခေါ်တာလဲ"
"ဘာစကားမှမမေးနဲ့အုံး လူစုံရင်ပြောပြမယ်"
"ဟမ် ဘယ်သူတွေကျန်သေးလိုလဲ ကိုကို"
"ဟိုမှာ လာပြီး"
တမန် ပြတဲ့နေရာကို ရတီဖူး ကြည့်ပြီး မျက်နှာပျက်သွားသည်။တမန်က သူရည်စားအားလုံးကို တစ်ပြိုင်တည်းခေါ်ထားခြင်းဖြစ်သည်။
"မောင်"
"ကို"
"ကိုတမန်"
"ကိုမုန်း"
ရည်းစာတွေအားလုံးက တစ်ယောက်တစ်ခွန်းဆီခေါ်လျှင် တမန်က စကားတစ်ခွန်းကိုတည်ကြည်စွာပြောပစ်လိုက်သည်။
"မင်းတို့အားလုံးနဲ့ငါ လမ်းခွဲတယ် ငါနဲ့မပတ်သက်ပါနဲ့ အဲဒီအတွက် ပိုက်ဆံဘယ်လောက်ပေးရမလဲ"
"မောင်ရက်စက်လှချည်းလား နတ်က နှလုံးသားနဲ့ရင်းပြီးချစ်ခဲ့တာပါ"
"ကျစ် မင်းတို့ဘာသာ ဘယ်လိုပဲချစ်ခဲ့ချစ်ခဲ့ ငါကတော့အပျော်တွဲတာပဲ ငါအကြောင်းမင်းတို့အသိဆုံးပါ ဒါကြောင့်မျော့တစ်ကောင်လို့ ငါကိုတွဲကပ်မနေကြနဲ့"
"ပြောစမ်းပါအုံး အခုလိုပြောင်းလှဲတာဘယ်သူကြောင့် ပန်းရနံသင်း ကြောင့်လား"
"ကျောင်းသူအသစ်နာမည်က ပန်းရနံသင်းဆိုရင်တော့ ဟုတ်တယ် သူကငါရဲ့ဇနီးလောင်းဖြစ်မယ်သူပဲ ဒါကြောင့် မင်းတို့အားလုံးမနှောက်ယှက်နဲ့ နှောက်ယှက်ရင် ငါအကြောင်းသတယ်နော် ဒါပဲ ငါသွားပြီး "
တမန် ထွက်သွားလျှင် မိန်းကလေး၅ယောက်ထဲက နတ်မိမယ် ဆိုသူက
"နင်တို့တော့ ဘာဆက်လုပ်မယ်ဆိုတာ ငါမသိဘူး ငါကတော့သူတို့နှစ်ယောက်ကို မကွဲကွဲအောင်လုပ်ပစ်မှာ မစားရတဲ့အမဲကို သဲနဲ့ပက်တယ်ပြောပြောပဲ ငါဆီကနေ မောင်ကိုလုယူခဲ့တဲ့ ပန်းရနံသင်းကို အဆိပ်သင်းဖြစ်အောင်လုပ်ပစ်မယ်"
"ငါကတော့ လုံးဝမကျေနပ်ဘူး တမန်ကိုပြန်ခံစားစေချင်တယ် ဒါကြောင့် သူမိန်းကလေးတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်တယ်ဆိုတော့ ငါရဲ့ခံစားချက်ကိုသိအောင် လုပ်ပစ်မယ် နင်တို့နဲ့လည်း ငါမပူပေါင်းပြီ ငါဘာသာ ကြံစည်မယ် နင်တို့လည်း ငါရန်သူပဲ ပြောကာ လကဗျာ ထိုနေရာကနေထွက်ခဲ့သည်။