အမုန်းတော်တွေပြေပါစေ
"ဟာ ဖိနပ်ပြတ်သွားပြီး ရှင်တို့တွေဘာလို့ ရနံဖိနပ်ကိုတက်နင်းရတာလဲ အခုဘယ်လိုလုပ်ပေးမှာလဲ"
"တမန် မင်းဘယ်လိုလုပ်ပေးမလဲ"
တမန် ဇွဲမေးတာကိုမဖြေပဲ ရနံကိုကြည့်ပြီး
"မင်းက ကျောင်းသူအသစ်လား ငါနာမည် မုန်းတမန်ပါ"
ရနံမှာ သူနာမည်ကြောင့် ဒေါသတွေကအလိုလိုထွက်လာရသည်။ဒါကြောင့် ဘာမှပြန်မဖြေဘဲ သူ့တို့အနားကထွက်လာခဲ့လျှင် တမန် ရနံရဲ့လက်ကိုလှမ်းဆွဲတာကြောင့် ရနံမှာလန့်သွားရ၏။
"အမေ့ !! ရှင်ဘာလုပ်တာလဲ ကျွန်မ လက်ကိုလွတ်ပါ"
"မင်းငါမေးတာကို ဘာလိုမဖြေတာလဲ"
"လိုလို့လား လွတ်စမ်း"
ရနံ တမန်ရဲ့လက်ကို အတင်းရုန်း၏။ တမန်ကလည်း လွတ်မပေးပဲ အားနဲ့ဆုပ်ကိုင်ထားသည်။
လွှတ်စရာလား ငါမေးတာကိုဖြေလေ ပြီးတော့ မင်းဖိနပ်မပါဘဲ အတန်းထဲဝင်မလို့လား"
"ရှင် မေးတာကိုဖြေရအောင် ကျွန်မကရှင်အခိုင်းစေမဟုတ်ဘူး လွှတ်နော် မလွှတ်ရင် ကျွန်မအဆိုးမဆိုနဲ့"
"အဟက် မလွှတ်ဘူးကွာ ငါမေးတာမဖြေမချင်"
တမန် မဲ့ပြုံးပြီးပြောလျှင် ရနံ ဒေါသငယ်ထိပ်ရောက်ရ၏။ ဒေါသနောက်စိတ်ပါပြီး ရနံ တမန်ပါးကို လွတ်နေတဲ့ လက်နဲ့ရိုက်ချပစ်လိုက်သည်။
"ဖြန်း "
အသားချင်းထိခတ်သံနောက်မှာ တမန်ရဲ့သူငယ်ချင်းတွေလည်း အံ့ဪရသလို အနီးအနားရှိကျောင်းသူ၊ကျောင်းသားတွေအကြည့်က ရနံဆီရောက်လာသည်။
"မင်း!!!"
"ရှင်ကို သတိပေးသာပဲ ဒီမှာ ကျွန်မကိုထပ်ပြီးမနှောက်ယှက်နဲ့ ရှင်မေးတာဖြေရအောင် ကျွန်မအချိန်မအားဘူးပြော၍ တမာန်ကိုင်ထားတဲ့လက်ကို ခါချပစ်ပြီး ထိုနေရာကနေ မျက်နာခပ်တည်တည်ဖြစ်လှည့်ထွက်ခဲ့သည်။ တမန်က တစ်ခုခုလုပ်မယ်ပြင်လျှင် သူငယ်ချင်းတွေဝိုင်းဆွဲထားရ၏။
"တောက် ဒီမိန်းမ ငါပါးကိုရိုက်သွားတဲ့အတွက်ပြန်ပေးဆပ်ရမယ် "
"မင်းကလည်း လက်သွားကိုင်တာကို့ ဟိုကသတိပေးတာပဲ ကောင်မလေးဖိနပ်ပြတ်သွားပြီးဆိုတော့ အဆင်ပြေပါမလား"
"နှာဘူးကောင်တွေ ဟိုကလူတွေဘာဝိုင်းကြည့်နေတာလဲ သွားကြ!!!"
တမန် စကားကြောင့် ကြောငျးသားတှအေကုနျ ကြောက်လန့်စွာ ထွက်သွားကြ၏။ကျောင်းမှာ တမန်ကို မကြောက်သူမရှိပါ။ ဆရာမတွေလည်း ကြောက်ရ၏။ တမန်က လူချမ်းသားဖြစ်တာကြောင့် ပိုကိဆံအရှိန်ဝါနဲ့ဂုဏ်အရှိန်ဝါကြောင့်ပါ။ပြီးတော့ သူ့အဘွားက ဒီကျောင်းရဲ့အကြီးအကဲတစ်ဉီးပါ။
"ဟေ့ ဟေ့..ဒီနေ့ တကယ် သတင်းကြီးပဲ"
"မိပြာယာ ဘာတွေဖြစ်လာတာလဲ အနောက်ကကျားလိုက်လို့လား ဒါမဟုတ် ခေါခေါလိုကျလားလို့လား သတင်းကြီးဆိုတာက နင်နဲ့ခေါခေါချစ်သူဖြစ်သွားလို့လား"
"အမယ်လေး လွှဲပါစေဖယ်ပါစေ အဲဒီကျော်ထွန်းသခေါနဲ့မစစမ်းပါနဲ့ အခုသတင်းကြီး ငါတို့ကျောင်းရဲ့ကင်းကို ကျောင်းသူအသစ်က ပါးရိုက်ပစ်တာ"
"ဘာ!!! ငါcrushလေးကို ပါးရိုက်ရအောင်အဲဒီဟာမက ဘာတုန်း တောက် ငါတောင်မနမ်းရက်တဲ့ပါးကို့"
"အော့ နမ်းဖို့နေနေသာ ဟိုကင်းကနင်ကိုအဖက်တောင်မလုပ်ဘူး"
"ဇီပြားမ နော် ငါကိုမဖဲ့နဲ့နော်"
"အမှန်တရားပြောတာကိုပဲ ဘာပဲဖြစ်ဖြစ်ငါပျော်တယ် ကင်းဆိုတဲ့ကောင်ကိုရိုက်ခံရတာနည်းတောင်နည်းသေးတဲ့ ရှုပ်ပွေလီတဲ့ငရှုပ်ကောင်"
"ဇီပြားမနော် ငါcurshကို့ နင်နော်"
"ဆရာလာပြီး တိတ်တိတ်နေကြတော့ ဪကျောင်းသူသစ်ကလည်း ငါတို့အခန်းကျပါလား ဆရာအနောက်မှာ"
."ဟုတ်တယ် ချစ်စရာလေးဟာ ကြည့်ပါ ညာဘက်လက်ကနီရဲနေတဲ့ ဘယ်လောက်အားပြင်းအောင်ရိုက်ခဲ့လဲမသိဘူး ငါကင်းတော့သနားပါတယ်"လိုတိုးတိုးလေးပြောကာ မက်တပ်ထရပ်ကြ၏။
""မဂ္လာပါ ဆရာ""
"မဂ်လာပါ တပည့်တို့ ထိုင်ကြ"
ကျောင်းသားတွေအကုန်ထိုင်ပြီးလျှင်
အားလုံးကို မိတ်ဆက်ပေးမယ် ဒီမိန်းကလေးကကျောင်းသူအသစ်ပါ သမီး ကိုယ်နာမည်ကိုယ်မိတ်ဆက်လိုက်"
"ပန်းရနံသင်း လို့ခေါ်ပါတယ် ဒီနေ့မှာကျောင်းပြောင်းလာတာပါ"
"ကဲ့ သမီးက ဟိုလွတ်နေတဲ့ အနောက်ခုံမှာထိုင်လိုက်"
"ဟုတ် ဆရာ"
ရနံ စာကို အာရုံစိုက်သင်သော်လည်း အခန်းထဲကလူတွေက ရနံကိုကြည့်ပြီး ပွတ်ကျွတ် ပွတ်ကျွတ်နဲ့အတင်းတုပ်၏။ ရနံလည်း မမြင်ချင် မကြားချင်ယောင်ရ၏။အတန်းပြီးလျှင် ရနံမှာအဖော်မရှိတာကြောင့် တစ်ယောက်ထဲအထီးကျန်နေရ၏။ထိုအချိန် အရမ်းလှ၍ မိန်းမချင်းတောင်ငေးယူရတဲ့ မိန်းကလေးတစ်ယောက် ရနံဆီသို့ဒေါကြီးမောကြီးလာက
"မင်းက ရနံလား"
"ဟုတ်ပါတယ် ရှင်က ဘယ်သူလဲ"
"ငါက မင်းပါးရိုက်လိုက်တယ် လူရဲ့ချစ်သူပဲ "
်"ပြောစမ်းပါအုံး ရှင်ကသူရဲ့ဘယ်နှစ်ယောက်မြှောက်လဲ
"အဲဒါ မင်းနဲ့မဆိုင်ပါဘူး တို့သတိပေးချင်တာက မင်းသူနဲ့ဝေးဝေးနေပါ"
"ရှင်ပြောချင်တာဒါပဲမဟုတ်လား"
"ဟုတ်တယ်"
"စိတ်ချ အဲဒီလိုလူနဲ့ပတ်သက်ဖို့မပြောနဲ့ အနားတောင်အကပ်မခံဘူး"
"ပြီးတာပဲ တို့နာမည် မျက်သွေ့ခြယ်လိုခေါ်တယ် မင်းစကားမင်းတည်ပါစေ"
မျက်သွေ့ခြယ်ဆို့တဲ့ မိန်းကလေး အခန်းထဲထွက်သွားမှာ ရနံ စိတ်အေးရမလားအောင်မေ့တဲ့
မိန်းမလှလေးတွေ တစ်ယောက်တစ်ယောက် ရနံကိုရန်လာတွေ့၏။ရနံရဲ့ ပထမဆုံးကျောင်းတက်ရက်က အရမ်းစိတ်ညစ်ရ၏။
"ဟေ့ကောင် မင်း ဟိုကောင်မလေးကို ဘာမှပြန်မလုပ်ဘူးလား"
"အဲဒီကောင်မလေးကို ငါရင်ခုန်နေတဲ့"
"ဟာ မင်းကတော့ ဘယ်မိန်းကလေးကိုမှအလွှတ်မပေးဘူး"
"တကယ်ချစ်စရာလေးကွာ လက်သံကလည်းပြောင်ချက် ငါပါးနာတုန်း"
"ခံပေါ့ ကွာ လက်သွားဆွဲတာကို"
"ဟိတ်..ဟိတ် ဟိုမှာ မျက်ခြယ် တမန်ဆီလာနေပြီး တိတ်တ်ိတ်နေကြ"
ရန်နိုင် အလောတကြီးထအော်သံကြောင့် အကုန်လုံးစကားတိတ်သွား၏။တမန် ကတော့ စိတ်ပျက်တဲ့ပုံစံနဲ့ ဆေးလိပ်ကို သောက်ဖို့ပြင်သည်။
"မောင်ကို ရှာလိုက်ရတာဟာ မောနေရော့ ပြစမ်း မောငျ ပါးတော်တော့နာသွားလား"
"ရတယ် မျက်ခြယ် ဘာမှမဖြစ်ဘူး"
"တောက် အဲဒီကောင်မကို ပါးပြန်ရိုက်ရမှာကျေနပ်မှာ"
"မျက်ခြယ် မင်းပါးကိုရိုက်တာမဟုတ်ဘူး ငါပါးကိုရိုက်တာ အဲဒီမိန်းကလေးကို ဘာမှပြန်မလုပ်နဲ့"
"မောင် အဲဒီမိန်းကလေးကို မောင်စိတ်ဝင်စားနေတာလား"
"အမှန်ပဲ မင်းကို ငါငြီငွေ့နေတာကြာပြီး လမ်းခွဲရအောင်"
"တောက် မောင်အရမ်းရက်စက်တယ် "
မျက်ခြယ်ရဲ့ ရှက်ဒေါသကြောင့် တမန် ပါးကိုရိုက်ဖိုပြင်လျှင် တမန်က မျက်ခြယ်လက်ကို လှမ်းဖမ်းပြီး
ငါပါးရိုက်ရလောက်တဲ့အထိ မင်းမှာအခွင့်အရေးမရှိဘူး မျက်သွေ့ခြယ် ငါအကြောင်း မင်းသိတယ်နော် ငါသာအမိန့်ပေးလိုက်ရင် မင်းဘဝစုတ်ပြတ်သတ်သွားမယ်"
"တောကျ လူယုတ်မာ မျက်ခြယ်ရှင်ကို ဒီလောက်ထိချစ်တာတောင် လုပ်ရက်တဲ့ ရှင် ကျွန်မလိုပြန်ခံစားရလိမ့်မယ် ပြော၍ မျင်ခြယ် ကန်တင်းကနေထွက်သွားသည်။
"ရနံလေး ကျောင်းမှာအဆင်ပြေလား"
.
ရနံ ကားပေါ်ကဆင်းဆင်းချင် မမအမေးကို ခေါင်းခါပြ၏။
"ဘာလိုအဆင်မပြေတာတုန်း ဟဲ့ ဖိနပ်ကအသစ်ကြီး စီးသွားတဲ့ ဖိနပ်ကပြတ်သွားလို့လား ဟင် ရနံလေးရဲ့ လက်ကဘာဖြစ်တာလဲနီနေရော့"
မမမှာ ရနံရဲ့ကိုကြည့်ပြီးတစ်ခုပြီးတစ်ခု အံ့ဪစွာပြောနေသည်။ ရနံလေး အကြောင်းစုံပြောပြတော့
"အမယ်လေး ကျားမြီးကိုဆွဲလိုက်တာပဲ ရနံလေးရဲ့ အဲဒီ တမန်နဲ့မပတ်သက်ပါနဲ့ဆိုတာကို့ အခုတော့ ဘာလိုလုပ်မလဲ တမန်က ရနံလေးကို စိတ်အနှောက်အယှက်ပေးတော့မှာပဲ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး"
"မမရဲ့ စိုးရိမ်မနေပါနဲ့ ရနံ သတိထားနေပါမယ်အဲဒီ တမန်ဆိုတဲ့လူနဲ့ ဘယ်တော့မှမပတ်စေရဘူး မုန်းလွန်လို့ သူရည်းစားတွေတစ်ယောက်ပြီးတစ်ယောက် ရနံကို လာပြီးပြောသွားကြ တော်တော့ရှုပ်ပွေတဲ့လူပဲ "
"အဲဒီရှုပ်ပွေတဲ့ လူနဲ့လုံးဝမပတ်သက်ရဘူးနော် ရနံလေး စကားတောင်မပြောရဘူး"
"ဟုတ်မမ "
ွဖေဖေရဲ့တူမ မြသင်းချယ်က ရနံရဲ့အစ်မရင်းတစ်ယောက်လိုပါပဲ ရနံကိုလည်း အမြဲတမ်းကရုစိုက်ပေးသည်။
"သား ကျောင်းမှာပြသာနာတက်တဲ့ဆို ပါးအရိုက်ခံရတယ်ဆို ဘယ်ကောင်မက ရိုက်တာလဲ ငါသားပါးကို အဲဒီကောင်မကို ကျောင်းကနေထုတ်ပစ်အောင်လုပ်ရမယ်"
"မာမီရဲ့ အဲဒီကောင်မလေးကို သားကလက်သွားဆွဲလို့ပါ သူ့မမှားပါဘူး"
"အလိုလေးတော် ပြောစမ်း အဲဒီကောင်မလေးက အရမ်းလှတယ်မဟုတ်လား"
"အဟီး မလှဘူး"
"မဖြစ်နိုင်တာ ဒီလောက်ရယ်နေပုံထောက်ရင် ကောင်မလေး သေချာတယ် လှတယ်မဟုတ်လား"
မိခင်ရဲ့ ခါးတုတ်တုတ်ကိုဖက်ပြီး တမန်က ကလေးတစ်ယောက်က သူ့သဘောကျတဲ့ကာတွန်းအကြောင်းပြောနေလို့ ပျော်ရွှင် မိခင်ကိုပြောပြ၏။
"လှတာမဟုတ်ဘူး မာမီလိုချစ်စရာကောင်းတာ "
"ဒီကလေးကတော့ အပြောကောင်း အဲကောင်မလေးကိုရော့ အတည်လား အပျော်လား"
"အဟီး အတည်ထင်တယ် မာမီ သားသူ့ကိုမြင်မြင်ချင်းချစ်မိပြီးထင်တယ်"
"မာမီသားက အတည်ဆိုရင်တော့ လိုက်တောင်းဖို့ပြင်ရမှာပေါ့"
"ဟုတ် မာမီလည်းအဲဒီမိန်းကလေးကို မြင်မြင်ချင်းချစ်မှာသေချာတယ်"
"ဟုတ်ပါပြီရှင် ဒီညအပြန်မထွက်ပါနဲ့ သားရယ် မင်းအဖေကသိပ်တင်းမာနေတဲ့ အိမ်မှာပဲနေပါနော်"
"မာမီကလည်း ပျင်းစရာချည်းကို မနေချင်ဘူး"
"လိမ်မာတယ် သားရယ်နော် မာမီစိတ်ချမ်းသာအောင်တစ်ရက်တော့နေပေးပါ လိမ်မာတဲ့ မာမီသားက"
မာမီအတင်းတောင်းဆိုတာကြောင့် တမန် ခေါင်းငြိမ့်ပြပြီး ဆူပုတ်ပုတ်နဲ့အပေါ်တက်ခဲ့၏။ ကုတင်ပေါ်မှာ စိတ်ပျက်စွာလှဲအိပ်ပြီး ဒီညမလာဖြစ်ကြောင်း သူငယ်ချင်းတွေကိုဖုန်းဆက်ပြောသည်။ထိုနောက် ဖုန်းကို ပစ်ချပြီး သီချင်းအကျယ်ကြီးဖွင့်ပစ်၏။
"တောက် ဘေးပတ်ဝန်းကျင်ကိုလည်း အာနားရမှန်းမသိတဲ့ လူအမိုက်ကြီး ငါစာဘယ်လိုလုပ်ရမလဲ "
ရနံ စာကျက်နေရင် ဒေါသထွက်ရသည်။ ဒါကို မမမြင်လျှင်
ဒီလိုပဲ ရနံလေးရဲ့ နောက်ကျရင်ရိုးသွားလိမ့်မယ် အဲဒီ ကောင်ကသူအဖေဆူပြီးရင်အိမ်မှာတစ်ရက်နှစ်ရက်လောက်နေလိမ့်မယ် ရနံလေး ကိုမမြင်အောင်နေနော်"
"ဟုတ်ကဲ့ပါ မမ အဲဒီအရိုင်းအစိုင်းကို သိပ်မုန်းတာပဲ"
"အဟီး ရနံလေးလည်းအမုန်းတွေပွားနေရပြီး အရမ်းမမုန်းပါနဲ့ "
"ဘာလိုမမုန်းရမှာလဲ မမရဲ့ ရနံတော့ ခါးတူးအောင်မုန်းတာပဲ"
"အရမ်းမုန်းရင် ညားတတ်တယ်တဲ့ မတွေ့ဘူးလား ဇာတ်ကားတွေမှာ ကိုယ်အရမ်းမုန်းတဲ့လူနဲ့ညားတာလေ"
"မမရေ အပြင်လောကမှာရှိလည်းရှားမှာပါ လောလောဆယ် ရနံ နားထဲ ဂွမ်းထည့်ပြီး စာကျက်တော့မယ်"
"ဟုတ်ပါပြီးရှင် အရမ်းတော်တယ် ငါညီမလေး ခဏတော့သည်းခံပါ တမန်က အိမ်အကြာကြီးကပ်သူမဟုတ်ပါဘူး ပြော၍ ရနံခေါင်းလေးသပ်ပေးသည်။ ရနံကတော့ နှုတ်ခမ်းလေးကိုဆူကာ တမန်ရှိတဲ့အိမ်သို့ မျက်စောင်းထိုးပစ်သည်။
"ပျင်းလိုက်တာကွာ ဟူး ဘာလုပ်ရမလဲမသိဘူး ဟုတ်ပြီး မှန်ဘီးလူးနဲ့ဘအပြင်လောကကို ချောင်းကြည့်ရမယ်"
တမန် တစ်ယောက် အံ့ဆွဲထဲက မှန်ဘီလူးကိုထုတ်ပြီး ဝရံတာသို့သွားကာ မှန်ဘီလူးနဲ့ နေရာစုံကြည့်၏။ တစ်နေရာအရောက်မှာ မှန်ဘီလူးနဲ့အကြာကြီးကြည့်မိရသည်။ ကောင်မလေးတစ်ယောက်စာလုပ်နေတဲ့ထင်သည်။မျက်နှာကိုမမြင်ရပါ။ သူမရဲ့လက်ချောင်းသွယ်သွယ်လေးတွေက တမန်ကိုရင်ခုန်စေပြန်သည်။