အမုန်းတော်တွေပြေပါစေ
"ကျွန်မကိုပါ စိတ်ကောက်နေတာ အမယ် ကျွန်မက ရှင်ကိုစိတ်ကောက်ရမှာနော် "
"ငါက ဘာလုပ်လိုလဲ"
"ကျွန်မ တစ်ညလုံးစိတ်ရော့လူပါ ပင်ပန်းထားတာကို့"
"မင်းနော် ညက ငါတောင်မဂ်လာဉီးညကိုမနွှဲလိုက်ရတာကို မင်းကပင်ပန်းတယ်ဟုတ်လား"
"ရှင်နော် ညစ်တီးညစ်ပတ်တွေပြောမနေနဲ့ ညတုန်းက ရှင်ဖုန်းကိုခေါ်နေတာအကြာကြီးပဲ ပြီးတော့ စိတ်ထဲမှာရှင်နဲ့ ဟိုမိန်းကလေး ဘယ်လောက်တောင်ပျော်ပါးနေပြီးလဲလို့ပေါ့ ကျွန်မ ဘက်ကိုလည်း ကိုယ်ချင်းစာပေးအုံး"
"အမှန်တိုင်းဖြေစမ်း မင်းငါကိုကြိုက်နေပြီးလား"
"ဖြစ်ရမယ် ရှင်ကို.."
"မကြိုက်ရင်လည်းနေ ဆက်မပြောနဲ့ မင်းဘာသာ ထမင်းသွားစား ငါတော့မစားဘူး"
ရနံ့ ရဲ့မုန်းတယ်ဆိုတဲ့ စကားကို သူ့မကြားချင်ပါ။ သူရဲ့နှလုံးသားတွေနာကျင်ရ၏။မနက်ဘာမှမစားရသေးတာကြောင့် ဗိုက်ကနာနေပြီးဖြစ်သည်။ ရနံ့ အခန်းထဲဝင်လာပြီး သူကိုချော့မယ်ထင်သော်လည်း မချော့ဘဲနေတာကွောငျ့ စိတ်ကပိုဆိုးလာရသည်။
ရနံ့မှာ စိတ်စိုးစိတ်ကောက်နေတဲ့ တမန်ကို ချော့ဖို့ဆုံးဖြတ်ရသည်။
"ရှင်တကယ်မစားဘူးလား"
"မစားဘူး"
"ကျွန်မကို စိတ်ကောက်နေဆို ချော့တယ်နော်"
"ဟမ် မင်းချော့တာက ဒီလိုမျိုးလား ေချာ့တယ်နော်လို့ပြောရုံနဲ့ပြီးရော့ပေါ့"
"ဒါဆိုရင် ကျွန်မ ရှင်ကိုမုန့်ဝယ်ကျွေးရမှာလား"
"ငါ က ကလေးမှမဟုတ်တာ "
"ဒါဆိုရင် ဘယ်လိုချော့ရမှာလဲ ကျွန်မ သိပ်စိတ်မရှည်ဘူးနော်"
"ကြည့် လာချော့သူရဲ့ လေသံကလည်း ပျော့ပျောင်းနူးညံနေတာပဲ"
"ရှင်နော် မရွဲ့နဲ့ ကဲ့ဘယ်လိုချော့ရမလဲ ပြော"
"ထမင်းခွံကျွေး"
"ရှင်က ကလေးမဟုတ်ဘူးဆို"
"မခွံကျွေးရင်လည်း မစားတော့ဘူး"
ရနံ့ သက်ပြင်းချပြီး ကလေးဆိုးကြီးလိုကောက်ချိတ်နေတဲ့ တမန်ကို မျက်စောင်းထိုးကြည့်၏။ တမန် ကလည်း မခွံကျွေးရင်မစားဘူးဆိုတဲ့ သဘောနဲ့ ဂိမ်းကိုပဲဆော့နေ၏။
"လာ သွားစားမယ် "
.
်"ခွံကျွေးမလို့လား"
"ဝါးပါ ကျွေးရမလား"
"အင်"
ရနံ့က ရွဲ့ပြောသော်လည်း သူကပြုံးရွှင်ကာ ခေါင်းငြိမ့်ပြ၏။ သူလည်း ရနံ့ကို ပြန်ရွဲ့တာထင်ပါသည်။
******
ထမင်းစားပွဲမှာ ရနံ့နဲ့တမန် နှစ်ယောက်ထဲရှိလိုတော်သေးသည်။ မဟုတ်ရင် ရနံ့မှာ တမန်ကြောင့်အရှက်ရမယ်။ဘာကြောင့်လဲဆိုတော့ တမန် က ကလေးတစ်ယောက်လို ရနံ့ကိုခွံကျွေးခိုင်းနေလို့ပါ။
"အာ "
"ရှင်ကလည်း ဘယ်လိုဖြစ်နေတာလဲ ခွံမှာပေါ့"
"မင်းက ကြာတာကို ဒါကြောင့်လက်နဲ့ ခွံပါလိုပြောတာ ဇွန်းနဲ့ခွံတော့ အဆင်မပြေဘူး"
"ရှင်ကလည်း ကောင်းပြီး လက်နဲ့ခွံမယ် "
ရနံ့ ဘေစင်မှာ လက်ကိုသေချာဆေးပြီး တမန် ကို ခွံကျွေးရ၏။ တမန် ဗိုက်အရမ်းဆာနေတယ်ထင်သည်။ ထမင်းကိုလည်း သုံးပန်းကန်လောက်ရှိပါပြီး သူ့ စားတာ။
"ပါးစပ်ပေနေပြီး သုတ်ပေးအုံး ရေလည်းတိုက်"
"ရှင်မှာ လည်း လက်ပါတာပဲ ကိုယ်ဘာသာကိုသုတ်"
"ဒါဆိုရင်မစားတော့ဘူး"
ကလေးတစ်ယောက်လို ဂျစ်ကျနေတဲ့ တမန်ရဲ့အလိုကို သူမ လိုက်ရပါသည်။ တမန်ကလည်း သူ့ကိုယ်သူ ၅နှစ်ကလေးလို့ထင်နေလားမသိဘူး ရေသောက်တာက အစ ရနံ့ကိုလုပ်ခိုင်းသည်။
"ဗိုက်ပြည့်ပြီး"
"မပြည့်ရင်လည်း ရှင်ကို ကျွန်မ ဖုတ်ဝင်နေပြီလိုထင်တာ သုံးပန်ကန်တောင်ရှိနေပြီး"
"ဟီး ဒီနေ့မှာ အရမ်းစားကောင်းနေတာ မာမီလက်ယာကလည်း ရှယ်ပဲ".
"ဟုတ်ပါပြီး ဒါဆိုရင် ကျွန်မ ထမင်းစားတော့မယ်"
"ဟာ မင်းကလည်း အခုနဲ့ကအတူတူစားလိုက်ရင် ပြီးတာပဲကို "
"ရပါတယ် ကျွန်မ အခုပဲစားလိုက်မယ်"
"ဘာလဲ မင်းက ငါကိုရွံလို အတူတူမစားတဲ့သဘောလား"
"ရှင်နော် ကြံဖန်ရစ်မနေနဲ့ "
"ဒါဆိုရင် ငါခွံကျွေးမယ်"
"မလိုပါဘူး ကျွန်မမှာ လက်ပါတယ်"
"မရဘူး ငါကိုယ်တောင်ခွံကျွေးမယ် ပြောကာ ပန်ကန်းတစ်ချပ်ယူကာ ထမင်းတွေကို သူကိုယ်တိုင်ထဲသည်။ ရနံ့မှာ ရန်တွေ့ချင်သော်လည်း မာမီထပ်စိတ်ညစ်မှာ စိုးတာကြောင့် တမန် အလိုကိုလိုက်ရသည်။
******
ရနံ့နဲ့ တမန် ကျောင်းကိုအတူလာကြသည်။ တမန်ကလည်း ကားပေါ် ထုံးစံအတိုင်း သူကြိုက်တဲ့ ဆူဆူညံညံသီချင်းတွေဖွင့်တာကြောင့် ရနံ့နဲ့ ရန်ဖြစ်ရ၏။
ရှင် သီချင်းသံကလည်း နားကိုငြီးနေတာပဲ ပိတ်လိုက်စမ်းပါ"
"မပိတ်ပါဘူး ဒါငါရဲ့ပုံမုန်ဖွင့်နေကို့ မင်းကဒီလောက်ဆူညံတဲ့အသံတောင် နားကမခံနိုင်ရင် မင်းနားတစ်ခုခုဖြစ်နေပြီးထင်တယ် အကြားအာရုံကြောနဲ့ပြကြည့်မှာ"
"ကျွန်မ နားက ဘာမှမဖြစ်ဘူး ရှင်နားကသာ လေးပြီးကန်းတော့မှာ အခုချက်ချင်းပိတ်မလားမပိတ်ဘူးလား တစ်ခွန်းပဲပြောလိုက်"
"မပိတ္ဘူး".
"ကောင်းပြီး ကျွန်မ ဆင်းမယ် အခုချက်ချင်းကားရပ်ပေး ရှင်ကားနဲ့ ဘယ်တော့မှကျောင်းမလိုက်တော့ဘူး ကိုယ်ဘာသာTax နဲ့သွားမယ်"
"မရပ်ပေးနိုင်ဘူး မင်းက ငါမိန်းမဖြစ်နေပြီး ငါကားနဲ့ပဲ လိုက်ရမယ်"
"ကိုမုန်းတမန်!!!"
"ဗျာ"
ရနံ့က ဒေါသတကြီးစိတ်တိုလိုခေါ်တာကို တမန်က ဗျာလို ချိုသာစွာထူး၏။ ထိုနောက် ရနံ့ စိတ်တိုကာ တမန်ကို ထုရိုက်သည်။ တမန် ကလည်း ရယ်မောကာ သူမ ရဲ့ လက်ကို သူလက်တစ်ဖက်နဲ့ချုပ်ထား၏။ ကားကိုလည်း လမ်းဘေးတစ်နေရာသို့ ရပ်လိုက်သည်။
"မင်းအရမ်း စွာနေပါလား ဒေါ်ပန်းရနံ့သင်း"
"ရှင် အခုချက်ချင်း ကျွန်မ လက်ကိုလွှတ်.. လွှတ်.လွှတ်.."
"သိပ်ရုန်းကန်မနေနဲ့ ကားရုန်းနေလို သူများတွေတစ်မျိုးထင်နေအုံးမယ်"
"ဟမ် ရှင်ပြောတာ ကျွန်မ နားမလည်ဘူး"
"ဒါဆိုရင်လည်း လက်တွေ့ပြမယ်"
တမန်ကိုယ်နဲ့ ရနံ့ကိုယ်နီးကပ်သွားသလို့မျက်နှာချင်းလည်းနီးလို့သဖြင့် နှုတ်ခမ်းချင်းထိဖို့ကလည်း နည်းနည်းလေးပဲလိုတော့သည်။ ရနံ့က အသက်ကိုအောင့်ထားမိသည်။ဘယ်ယောကျာ်းနဲ့မှ နီးနီးကပ်ကပ်မနေသော် အပျိုဖြန်းလေးဖြစ်တာကြောင့် ရန်ခုန်သံတွေကလည်း မြန်လာသည်။
တမန် သူမကို စချင်လို့ မျက်နှာချင်းနီးကပ်အောင်လုပ်လိုက်သော်လည်း သူမရဲ့စတော်ဘရီပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးကြောင့် လည်ချောင်းတွေခြောက်ကပ်လာ တံတွေးမျိုချမိသည်။ထိုနောက် စေ၏စေရာအတိုင်း သူရဲ့နှုတ်ခမ်းနဲ့ ထိကပ်စွာနမ်းလိုက်၏။ကားလေးအတွင်းမှာ ခဏငြိမ်သက်သွားသလို့ ရနံ့လည်း တစ်ချက်ငြိမ်ကျသွားသည်။မကြာပါ ရနံ့ရဲ့ ကြောက်လန့်တကြား ရုန်းကန်သည်။
တမန်ကလည်း အနမ်းတွေမရပ်တန့်ချင်သောကြောင့် ရင်ဘက်တွန်းနေတဲ့ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို အားသုံးပြီးချုပ်ကိုင်ကာ နူညံသိမ်မွေ့သောအနမ်းတွေကိုရှေ့ဆက်တိုး၏။
********
"ဟိုမှာ စနိုက်ကြော်မလာနေပြီး"
ကျောင်းဝန်းထဲကို ဒေါသတကြီးဝင်လာတဲ့ ရနံ့ကို နတ်မိမယ်တို့အဖွဲ့ လက်ညိုးထိုးပြကာ စနိုက်ကြော်မ လိုခေါ်သည်။ ရနံ့ကလည်း ထိုစကားသံကိုကြားဖြစ်အောင်ကြားလိုက်သည်။
"ရုပ်ကလေးနဲ့ မလိုက်ဖက်တာ တကယ်ထင်တောင်မထင်ရဘူး"
"ဟုတ်တယ်ဟာ နင်တိုတွေလည်း သတိထားကြနော် မုန်းတယ် မုန်းတယ်ဆိုပြီး စနိုက်ကြော်သွားတဲ့လူတွေကို့"
"စိတ်ချပါဟာ ငါအလှည့်ကြရင် အဲဒီစနိုက်ကြော်မ ကိုဒီအတိုင်းမလွှတ်ထားဘူး ဆံပင်ဆွဲပြီး ပါးရိုက်ပစ်မှာ"
ထိုမိန်းကလေးအုပ်စုရဲ့ စကားသံတွေကြောင့် ရနံ့ မှာအခန်းထဲအမြန်ဝင်လာရသည်။ရှက်ရွံမှုတွေကြောင့် မျက်ရည်က ဝဲလာရသည်။ကိုယ်နေရာမှာ ထိုင်နေရင် ဟိုမိန်းကလေးတွေပြောတဲ့စကားကို ပြန်ကြားယောင်က မျက်ရည်ဝဲနေသည်။
*****
"ရော့ မင်းထမင်းဘူးကျန်ခဲ့တယ်"
ရနံ့ ဘာစကားမှပြန်မပြောသဖြင့် တမန် ခေါင်းငုတ်နေတဲ့ ရနံ့ကို လက်ဖြင့်ဆွဲမော့လျှင် ငိုနေတာတွေ့လိုက်ရသည်။
"မင်း ဘာလိုငိုနေတာလဲ ဘယ်သူလုပ်တာလဲ ပြောစမ်း!!!!"
"ဘာမှမဖြစ်ဘူး ရှင်လာပေးပြီးရင် ပြန်တော့ "
"မင်းဘာဖြစ်တယ်ဆိုတာ မပြောမချင်ငါ မပြန်ဘူး မနက်ကငါလုပ်ရက်ကြောင့် အခုလိုငိုတာလား"
"ဟုတ်တယ် ဟုတ်တယ် ကျွန်မ ရှင်ကို သိပ်မုန်းတယ် အင့်ဟင့် ရှင့်ကြောင့် ..."
"ကိုယ်ကြောင့် မင်းကိုဘယ်သူတွေဘာပြောလိုလဲ"
"ဘာမှမဟုတ်ဘူး ရှင့်ပြန်တော့ "
"မင်း ငါအကြောင်းသိတယ်မဟုတ်လား ငါသိချင်တဲ့အကြောင်းအရာမသိမချင် ဒီနေရာက နေ ဘယ်မှမသွားဘူး"
"ဆရာ ဝင်လာပြီး ရှင်ပြန်တော့"
"ပြသာနာမရှိဘူး ပြောကာ ရနံ့ ဘေးနားမှာထိုင်နေသည်။ ဆရာကလည်း တမန် ကို ပြောမရမှန်းသိတာကြောင့် သတိပေးစကားပဲပြောသည်။
တမန် အခန်းထဲနေမယ်ဆိုရင်လည်းအေးဆေးနေကွာ ပြသာနာတော့မရှာနဲ့နော်"
"ဟုတ်ကဲ့ပါ ဆရာ"
ရနံ့ စာသင်ရတာ စိတ်မပါတာကြောင့် တမန်က ရနံ့ကို ခေါ်ကာ ဆရာမသိအောင်အပြင်ထွက်ရင် အတန်းလစ်ခဲ့သည်။
*****
အင်ယားကန်ဘောင်မှာ အတွဲများစွာ ကြည်နူးပျော်ပါးရာ နေရာဖြစ်သော်လည်း တမန်နဲ့ရနံ့တို့ အတွဲကတော့ ရန်ဖြစ်နေကြသည်။
"မင်းငါ မေးတာဖြေ ဘာကြောင့်ငိုတာလဲ"
"ဘာကြောင့်ငိုငိုပေါ့ရှင်အပူပါလား "
"ပါတာပေါ့ မင်းကငါမိန်းမလေ"
"ကျွန်မက ရှင့်မိန်းမဆိုရင် ကျွန်မအရှက်မရအောင် ဘွဲ့တစ်ခုယူပြီးလုပ်ငန်းထဲဝင်ပါတော့"
"မင်းက ငါဘွဲ့မရတာကိုရှက်နေတာလား"
"ဟုတ်တယ် ရှင်ကိုကျွန်မ အရမ်းစိတ်ကုန်တာပဲ ကျောင်းမှာဆိုလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရည်းစားဆိုရင်လည်း အများကြီးထားပြီးရှုပ်ပွေခဲ့တယ် ပြောစမ်းပါအုံး ရှင်ဆီမှာကောင်းတဲ့အချက်ဘာများရှိလဲလို့"
"မင်းအဲဒီလောက်ထိ ငါကြောင့်အရှက်ရတယ်ဆိုရင် ငါဘွဲ့တစ်ခုရအောင်ကြိုးစားမယ် ဒါပေမဲ့ မင်းကူညီရမယ်"
"ပြော ဘာကူညီရမလဲ "
"ငါကို စာပြပေး မင်းကငါထက်အတန်းငယ်ပေမဲ့ ငါစာတွေကိုမင်းရမှာပါ ကျောင်းမှာ မင်းကစာတော်တယ်လေး"
"မာမီတို့ကချမ်းသာတာပဲ အရမ်းတော်တယ် ဆရာမတွေကို သင်ခိုင်းပေါ့"
"မသင်ချင်ဘူး မင်းနဲ့ပဲသင်ချင်တာ မင်းမသင်ပေးရင် ဘာစာမှမလုပ်ဘူး"
အရမ်းခေါင်းမာလွန်တယ် တမန်ကို ရနံ့ ဗိုက်ခေါက်လိမ်ဆွဲပစ်၏။တမန်က အရမ်းမနာသော်လည်း အရမ်းနာသလို့အော်တာကြောင့် ရနံ့ အမြင်ကပ်ကပ်နဲ့ တအားနာအောင် သူ့လက်မောင်းကိုထုပစ်ပါသည်။
မင်းသင်ပေးမယ်လို့ ငါသတ်မှတ်လိုက်ပြီး ကဲ့ထ ဆရာမ ကြိုက်တယ် အစားအစားတွေ သှားဝယျစားကွမယ်ျ"
ရနံ့ မျက်နှာပြုံးသွားပြီး "စာသင်ပေးခက ဒီလောက်နဲ့မရဘူးနော်"ပြောတော့ တမန်က ပြုံးကာ လာမှာ ဆရာမ ကလည်း စာတောင်မသင်ရသေးဘူး လစာကတောင်းနေပြီး ၁၅၀၀ယူမလားပြောလျှင် ရနံ့က ဘာကိုဆိုလိုကြောင်းသိတာကြောင့် မယူဘူးပြောကာ တမန်အရှေ့ကနေထွက်လာ၏။
*******
မနက်ခင်းလေးက ကျက်သရေအပေါင်းနဲ့ပြည့်စုံနေ၏။ ယောက်ခမနဲ့ချွေးမဖြစ်သူနှစ်ဉီး ဘုရားပန်းကပ် ဆွမ်းတော်ကပ် ဆီးမီးပူဇော်နဲ့ ကုသိုလ်ပြုနေကြသည်။
"သမီး ဘာဟင်းကြိုက်လဲ မာမီ စျေးသွားရင်ဝယ်မိုလို့"
"သမီးလည်း စျေးလိုက်ခဲ့မယ် မာမီ"
"သားကိုသွားနိုးရမယ် သူ့ကိုစျေးလိုက်ပို့ခိုင်းရမယ်"
ဒေါ်လှကေသီ သားအခနျးသို့လာခဲ့သညျ။ ရနံ့ကလည်း အဝတ်စားလှဲရန်ပါလာ၏။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်