အမုန်းတော်တွေပြေပါစေ
ခြံထဲက ဧည်ခံပွဲပြီးတာကြောင့် ရနံ့အဝတ်စားလှဲ၍ ကုတင်ပေါ်သို့ခြေပစ်လက်ပစ်လှဲအိပ်ပစ်သည်။တစ်နေ့ကုန် သွားလာနေရသဖြစ် ခြေထောက်တွေကလည်း အရမ်းညောင်းနေပြီးဖြစ်သည်။ တမန်ကတော့ သူ့သူငယ်ချင်းတွေ အတင်းခေါ်လို့ပါသွားသည်။ရနံ့ကိုခေါ်လျှင် တမန်က ကွေ့ဝိုက်၍သူငယ်ချင်းတွေကို ငြင်းသည်။ သူ့ဘာကြောင့် ငြင်းလဲ ရနံ့ မသိပေမဲ့ ကျေးဇူးတင်မိတာအမှန်ပါ။
"သမီးေရ.. သမီး မာမီဝင်ခဲ့မယ်နော်္"
မာမီ အသံကြောင့် လှဲနေရာကနေ ကပြာကယာ ထထိုင်လိုက်၏။မာမီက ပြုံးရွှင်သောမျက်နှာဖြစ်ဝင်လာ၍ ခုတင်ပေါ်ထိုင်ပြီး ရနံ့ ဆံပင်ကိုသပ်ပေးသည်။
"သမီးလေး ညောင်းနေပြီးလား"
"နည်းနည်းပါ မာမီ"
"ဟုတ်တာပေါ့ တစ်နေကုန်မနားရဘူးကို့ သမီး ညောင်းနေမှန်းသိလို့ မိအေးကိုခေါ်ထားတယ် သူနိပ်တာလက်ထိတယ်"
"သမီးကမလိုပါဘူး မာမီကိုသာ သမီးနိပ်ပေးပါမယ် "
"လိမ်မာလိုက်တယ် သမီး သားကတော့အပေါင်းအသင်းနဲ့သောက်စားနေလောက်ပြီး ဟူးး မာမီမှာလည်း သားကြောင့်အမြဲတမ်းစိတ်မောနေရတယ် သမီး သားကိုသည်းခံပေးပါနော် "
"ဟုတ်ကဲ့ပါ မာမီလည်းနားတော့လေး အရမ်းပင်ပန်းနေပြီးကို့"
"ဟုတ်ပါပြီးကွယ် သမီး မနက်ကျရင်ကျောင်းတက်ရအုံးမှမဟုတ်လား"
"ဟုတ်ကဲ့ မာမီ"
"သားကိုတော့ သူရဲ့ဒယ်ဒီကကျောင်းမတက်ခိုင်းပဲ လုပ်ငန်းခွင်ထဲဝင်ခိုင်းမလို့တဲ့ မာမီကတော့ သားကိုဘွဲ့တစ်ခုတော့ရစေချင်တယ်"
"ဒါဆိုရင်လည်း ကျောင်းတက်ခိုင်းရမှာပေါ့ မာမီရ သမီး သူ့ကိုပြောကြည့်ပါမယ်"
"သမီးကို မာမီတစ်ခုလောက်တောင်းဆိုလို့ရမလား"
ယောက်ခမဖြစ်သူကို့ ရနံ့ ပြုံး၍ခေါင်းငြိမ့်ပြရသည်။
သားကိုလေ လူကြီးတွေအရှေ့မှာ ရှင်လို့မသုံးပဲ ကိုကြီးလို့ လေးစားသဖြင့်ခေါ်ပေးပါလား သမီးရယ် မာမီနားလည်ပါတယ် သမီးက သားကိုချစ်လိုယူခဲ့တာမဟုတ်မှန်း အဲဒီအတွက်လည်း မာမီတောင်ပန်းပါတယ်"
"မာမီက တောင်ပန်းစရာမလို့ပါဘူး သမီး ခေါ်ပေးပါမယ်"
"တကယ်နော် မာမီအရမ်းပျော်တာပဲ သမီးရယ် သားဆိုးရင် မာမီကိုတိုင်နော် မာမီရိုက်နက်ပြီး ဆုံးမပေးမယ်"
"ဟုတ်ကဲ့ပါ မာမီ"
"ဒါဆိုရင် သမီးလည်းနားလိုက်အုံး"ဆိုကာ ဒေါ်လှကေသီ အခန်းပြင်သို့ထွက်သွားသည်။ ရနံ့လည်း ခြေပစ်လက်ပစ်အိပ်ယာပေါ်သို့ ပြန်လှဲအိပ်သည်။
*****
အိပ်မောကျနေတုန်း ဖုန်းလာတာကြောင့် ရနံ့ နိုးသွားရသည်။ အမည်မသိတဲ့ဖုန်းဖြစ်တာကြောင့် ကိုင်ရင်ကောင်းမလား မကိုင်ရင်ကောင်းမလားဖြစ်နေတုန်း ဖုန်းကကျသွားသည်။ဒါပေမဲ့လည်း ပြန်ခေါ်လာတာကြောင့် တမန်သူငယ်ချင်းဖြစ်မယ်လိုတွေးမိကာ ကိုင်လိုက်ရသည်။
"ဟဲလို"
"သတို့သမီးတစ်ယောက်ထဲ မဂ်လာဉီးညကိုကျကျင်းပနေရပြီးလား သတို့သားကတော့ တို့ဆီရောက်နေပြီး"
"ရှင်ဘယ်သူလဲ မဟုတ်တာလျှောက်ပြောမနေနဲ့ ကိုကြီးက သူငယ်ချင်းတွေနဲ့စားသောက်နေတာ"
"ဟားး ဟား မင်းကသိပ်နုံတာပဲ မင်းကိုသူမခေါ်သွားဘူးလား"
"ခေါ်တယ် မလိုက်တာ"
"ဒါဆိုရင်တော့ မင်းတော့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရပြီးပဲ တို့ ပြောတာမယုံရင် မင်းကိုကြီးပုံ ပို့ပေးလိုက်မယ်"ပြောဖုန်းချလိုက်သည်။
မကြာခင် ရနံ့ဖုန်းထဲကို ဓာတ်ပုံဝင်လာသည်။ရနံ့ ကြည့်လိုက်လျှင် ဟော်တယ်အခန်းတစ်ခုရဲ့ ကုတင်ပေါ်မှာ အဝတ်စားမပါအိပ်နေတဲ့ တမန်နဲ့မိန်းကလေးတစ်ဉီး ကို ဒေါသထွက်စွာမြင်လိုက်ရသဖြစ် တမန် ဖုန်းကိုချက်ချင်းခေါ်သည်။ ဘယ်လောက်ခေါ်ခေါ် မကိုင်တာကြောင့် ရနံ့ စိတ်တွေဆိုးကာ မကိုင်မချင်ခေါ်နေမိသည်။မကြာခင် ဖုန်းကိုင်လိုသည်နှင့် ရနံ့ ဒေါသတကြီး စကားတွေဆိုမိ၏။
"ရှင် ဘယ်ရောက်နေတာလဲ ပြောစမ်းကျွန်မကို လိမ်ဖို့မစဉ်းစားနဲ့ ဘာကြောင့် ဖုန်းမကိုင်တာလဲ!!"
"အဟီးး ဒေါသတွေထွက်လာချည်းလား မုန်းတမန်က တို့နဲ့ ချစ်ကြည်နူးနေလို့မကိုင်တာပါ အခုတောင် မင်းဆက်တိုက်ခေါ်နေလို့ကိုင်လိုက်တာ"
"တောက် ခေါက်၍ ရနံ့ ဖုန်းကိုချပစ်လိုက်သည်။ရနံ့ ဘဝမှာ အမုန်းဆုံးကတော့ ဖောက်ပြန်မှုပါ ။ဒေါသကြောင့် ရနံ့ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာသည်။ ထိုညမှာ ရနံ့ မအိပ်ဘဲထိုင်စောင့်နေသော်လည်း တမန်က ပြန်မလာခဲ့ပါ။
*****
"ဂျက်လောက်"
တံခါးဖွင့်သံကြောင့် ရနံ့ တံခါးပေါက်ကိုကြည့်လျှင် မုန်းတမန်ကိုမြင်လျှင် မြင်မြင်သမျှအရာတွေနဲ့ ပစ်ပေါက်ပစ်သည်။
"လူယုတ်မာ ဖောက်ပြန်တတ်တဲ့ ယောကျာ်း အခုချက်ချင်း ကျွန်မ အခန်းထဲကိုဝင်မလာနဲ့ !!!"
"မင်းဘာဖြစ်နေတာလဲ.. ငါညကအရမ်းမူးနေလို့ သူငယ်ချင်းနဲ့ အတူတူဟော်တည်မှာအိပ်လိုက်တာ"
"ဟုတ်လား ဒါဆိုရင်လည်း ဆက်အိပ်နေလေ လူယုတ်မာကြီးရဲ့ ဘာလိုအိမ်ပြန်လာသေးလဲ "
"မင်းနော် ပစ်ပေါက်နေတာတွေ ရပ်လိုက် ငါအသားနာတယ်"
"နာရင် လှဲသေလိုက် ရှင်ဟာမ နဲ့ပျော်ပါးချင်လို့ ကျွန်မကို မလိုက်ခိုင်းတာပေါ့ လူယုတ်မာကြီး ရှင်နဲ့လုံးဝမပေါင်းနိုင်ဘူး!!!"
ရနံ့ဒေါသတကြီး အော်ဟစ်ပြောဆိုနေတာတွေကို တမန်တစ်ခုနားမလည်ပါ။ သူ့ညကအရမ်းမူးနေလို့ ဇွဲနဲ့အတူတူ ဟော်တယ်တစ်ခုမှာတစ်ခန်းထဲအိပ်ခဲ့တာပါ မနက်လင်းလင်းချင် အမြန်ပြန်လာခဲ့တာပါ။
နေပါအုံး မင်းပြောတာ ငါတစ်ခုမှနားမလည်းဘူး မင်းကိုဘယ်သူကဘာပြောလိုက်လို့လဲ"
"သိချင်ရင် ရှင်ဟာမ ကိုမေးကြည့်လေး! !"
"သမီး ဘာဖြစ်တာလဲ ဒေါသတွေအရမ်းထွက်နေပါလား"
ဒေါ်လှကေသီ မီးဖိုချောင်မှာအလုပ်လုပ်နေတုန်း သားအခန်းက ရန်ဖြစ်သံတွေကြောင့်အပေါ်တက်ခဲ့လာတာပါ။ အခန်းထဲရောက်ရောက် သမီး ပစ်ပေါက်ထားတဲ့အရာတွေနဲ့ ဒေါသတကြီးအော်သံတွေကြောင့် ပြသာနာအကြီးကြီးတစ်ခုခုဖြစ်ပြီးဆိုတာ ရိပ်မိလိုက်ရပါသည်။
"မာမီး အီးဟီးး သမီး သူ့ကိုမပေါင်းနိုင်ဘူး အခုချက်ချင်းကွာရှင်းမယ် အီးးဟီးး သူကဖောက်ပြန်တယ် သမီတို့မဂ်လာဉီးညမှာ တစ်ခြားကောင်မ တစ်ဉီးနဲ့ပျော်မြူးနေတာ အီးးဟီး"
"သမီးရဲ့ သေချာလို့လား"
"ဒီမှာကြည့် မာမီ"
ဒေါ်လှကေသီ ဓာတ်ပုံကိုမြင်ပြီးနော် မျက်လုံးထဲ ဘာမှမမြင်တော့ဘဲ သားဖြစ်သူ ပါးနှစ်ချက်ရိုက်ပစ်လိုက်သည်။
"ဖြန်း ဖြန်းး မာမီ မင်းကိုသိပ်ရွံသွားပြီး မင်းနဲ့ငါသမီးက လုံးဝမတန်ဘူး မနေ့ကပဲမဂ်လာဆောင်တယ် ဒီနေ့ကွာရှင်းရင် ပတ်ဝန်းကျင်မှာ သမီး အထင်သေးမခံရအောင် မကွာရှင်းသေးဘူး အေး နောက်၆လဆိုရင် မင်းနဲ့သမီးကို ငါကိုယ်တိုင် တရားရုံးသွားပြီး ကွာရှင်းခိုင်းမယ် "
"မာမီ သားပြောတာနားထောင်ပါအုံး ဒီ..ဒီဓာတ်ပုံက.."
"တော်တော့ ဆင်ကြီးတစ်ကောင်လို့မြင်နေတာတောင် ဆင်ခြေယာရှာနေရအုံးမှာလား ဆင်သေကိုဆိတ်သရေနဲ့ဖုံးမနေနဲ့ ငါမင်းကို အလိုလိုက်ခဲ့မိတာမှားတာပဲ "
"မာမီ သားရှင်းပြတာကို ခဏလေးနားထောင်ပေးပါ ဒီဓာတ်ပုံက အရင်ကပုံပါ"
"ဒါဆိုရင် ရှင်ကအရင်ကတည်းက မိန်းမတွေနဲ့ အိပ်နေကျပေါ့ရှင်ပြောတော့ မိန်းမတွေကို မလွန်ကျူးဘူးဆို"
"ရနံ့ နဲ့မာမီ ဘာမှဝင်မပြောဘဲ သားပြောတာကိုဆုံးအောင်နားထောင်ပေးပါ သား တောင်းဆိုပါတယ်"
"ဟုတ်ပါတယ် မိန်းမရာ မင်းနဲ့ငါအိမ်ထောင်စကျတုန်းကလို အဖြစ်မျိုး သားနဲ့သမီးလည်းဖြစ်နေကြတယ်ဆိုတာ မင်းမထင်ဘူးလား"
ယောကျာ်းဖြစ်သူရဲ့စကားကြောင့် ဒေါ်လှကေသီ ဒေါသထွက်နေတာလျော့လိုက်ရ၏။ သူမ တုန်းကလည်း ယောကျာ်းဖြစ်သူ ဖောက်ပြန်တဲ့ဆိုပြီး အကြီးအကျယ်ရန်ဖြစ်ခဲ့တာလေ။နောက်မှာ သူရဲ့အရင်ရည်းစားဟောင်းက မနာလိုလို့လုပ်ကြံမှန်းသိရသည်။
"မာမီနဲ့ရနံ့ အဲဒီဓာတ်ပုံက လွန်ခဲ့တဲ့၂နှစ်ကပုံပါ ။သား ကို ကောင်မလေးတစ်ယောက် အပိုင်ဖမ်းဖို့ကြံစည်ခဲ့တာပါ ။ကံကောင်းချင်တော့ ဇွဲက ချက်ချင်းရောက်လာပြီး ကူညီခဲ့လို့ပါ"
"ဒါဆိုရှင်ဖုန်းက အဲဒီမိန်းမ လက်ထဲဘာလို့ရောက်နေတာလဲ"
"ကိုယ်ဖုန်း က ညကခါးပိုက်နှိုက်ခံရလို့ပါသွားပြီး မယုံရင် ဆက်ကြည့်လိုက်"
ရနံ့ ဆက်ကြည့်သောအခါ ဆက်သွယ်မူဧရိယာပြင်ပါနဲ့ တိုးနေတာကြောင့် ဖုန်းချလိုက်ရသည်။
ဒါဆိုရင် ရှင်စကားကို သက်သေပြမယ်လူက ကိုဇွဲတစ်ယောက်ပဲရှိတာလား တစ်ခြားသက်သေတွေမရှိဘူးလား"
"ရှိတယ် အဲဒီမိန်းကလေးရဲ့ ယောကျာ်းပဲ အဲဒီနေ့က သူနဲ့အဲဒီ မိန်းကလေး ပေါင်းကြံတာပါ မယုံရင် အိမ်ကိုဖုန်းဆက်ခေါ်လိုက်မယ်"
တမန် ဖုန်းဆက် ထို့နှစ်ယောက်ကိုခေါ်လိုက်သည်။ ၁နာရီကြာသော ထိုလင်မယားရောက်လာသည်။ ဧည်ခန်းထဲမှာ မိသားစုအစုံအလင်ရှိနေသည်။မာမီက မိန်းကလေးကို ဓာတ်ပုံပြကာ မေး၏။
"ဒီဓာတ်ပုံထဲက အကြောင်းရှင်းပြပါ"
".အန်တီ သမီးတောင်ပန်းပါတယ် အဲဒီဓာတ်ပုံက ကိုမုန်းတမန်ကို အပိုင်ဖမ်းဖို့လုပ်တုန်းကရိုက်ခဲ့တာပါ"
"ဟုတ်ပါတယ်ဗျာ ကျွန်တော်ဇနီးနဲ့ကျွန်တော်ပေါင်းကြံခဲ့တာပါ "
်"ဒါဆိုရင် ညတုန်းက စာပို့တာ မိန်းကလေးလား"
"မဟုတ်ရပါဘူးရှင် သမီးတစ်ခါမှစာမပို့ပါဘူး"
ကောင်မလေးက အသဲအတန်ငြင်း၏။ ရနံ့ ကို ဖုန်းပြောတာ ထိုမိန်းကလေးမဟုတ်မှန်းသိလိုက်ရ၏။ ဘာကြောင့်လဲဆိုတော့ အသံချင်းမတူလို့ပါ ညကမိန်းကလေးက အသံက မြူစွယ်တဲ့အသံပေါ်နေလို့ပါ။ပြသာနာကညရှင်းသွားသော်လည်း တမန်က ရနံ့နဲ့မာမီကို စိတ်စိုးစိတ်ကောက်နေသည်။
****
ညက အိပ်မရသဖြင့် ရနံ့ ထမင်းစားပြီး အိပ်လိုက်တာ ညနေ၃နာရီမှာနိုးပါသည်။ ရေသောက်ချင်တာကြောင့် မီးဖိုချောင်ထဲကို လာခဲ့သည်။ မာမီကိုထမင်းပွဲပြင်နေတာ တွေ့လိုက်ရသည်။
မာမီ ညနေစာက ညနေ၆နာရီမှာစားတာမဟုတ်လား"
"သမီး နိုးလာပြီးလား သမီးလည်းဗိုက်ဆာရင်တစ်ခါတည်းစားလေ"
"အခုက ဘယ်သူအတွက်ပြင်နေတာလဲ မာမီ"
"ဟူးး သားကဘာမှမစားဘူး မာမီတို့မနက်ကလွန်သွားပြီးထင်တယ် မာမီလက်တောင် နာနေတာ သားဆိုရင်လည်း ဘယ်လောက်နာမှန်းမသိဘူး အခုလည်းသူ့အကြိုက်ဟင်းတွေချက်ပြီး ကျွေးမလို့ ကောင်မလေးကို သွားခေါ်ခိုင်းထားတဲ့ ဟိုမှာ ကောင်မလေးလာနေပြီး"
"အန်တီ သခင်လေးက မစားဘူးတဲ့"
"အေး လုပ်စရာရှိတာလုပ်တော့"
မာမီ မျက်နှာမကောင်းစွာဖြစ်သွားသည်။ ရနံ့လည်း ဘာလုပ်ရမှန်းမသိပါ။ မာမီကို စိတ်ချမ်းသာစေချင်တာကြောင့်
"မာမီ သွားနားလိုက်နော် သမီး သူ့ကိုရအောင်ခေါ်ကျွေးလိုက်မယ်"
"တကယ်လား သမီး"
"တကယ်ပေါ့ စိတ်ညစ်မနေနဲ့ သမီးသေချာခေါ်ကျွေးလိုက်မယ် ဒီဟင်းတွေကိုချက်ထားရတာ ပင်ပန်းနေပြီးမဟုတ်လား သွားနားလိုက်နော် လာ..လာ သမီးလိုက်ပို့မယ်"
ယောက်ခမ ဖြစ်သူကိုရဲ့ ခါးတုတ်တုတ်ကို ဖက်ကာ အပေါ်ထပ်သို့တက်ခဲ့သည်။
*****
"တောက် ဒီဂိမ်းကလည်း ရှုံးပဲရှုံးနေတာပဲ"
"ရှုံးနေရင်လည်း မဆော့နဲ့ပေါ့ လာ ထမင်းစားမယ်"
"မစားဘူး "
"ရှင် မနက်က ဘာမှမစားဘူးဆို အခုဗိုက်ဆာနေမှာပေါ့ မာမီ ရှင်အကြိုက်ဟင်းတွေချက်ထားတယ်"
"ချက်ထားလည်းမစားဘူး မာမီကြောင့် ငါသွားနာနေတယ် ထမင်းဝါးလို့ရမှမဟုတ်ဘူး"
"ရှင်က မာမီကို စိတ်ကောက်နေတာလား"
"မာမီကိုပဲ မဟုတ်ဘူး မင်းကိုလည်း စိတ်ကောက်နေတာ"