book

Index 10

အပိုင်း(၁၀)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

အမုန်းတော်တွေပြေပါစေ


မဂ်လာပွဲအတွက် အိမ်သားတွေအာလုံး စိတ်အားထက်သန်စွာပြင်ဆင်ကြသည်။ မာမီကလည်း ရနံ့အတွက် သတိုသမီးဝတ်စုံကို သူ့စိတ်ကြိုက် ဒီဇိုင်းနာတွေနဲ့အပ်ပေးသည်။ ရနံ့ကိုလည်း ဘွားဘွားကြီးအိမ်မှာမနေခိုင်းပဲ မာမီတို့အိမ်မှာပဲနေခိုင်းသည်။ မဂ်လာဆောင်ကို ဟိုတယ်မှာနေ့လည့်မှာဆောင်ပြီး ညနေကျရင်ခြံထဲမှာလည်းအကြီးအကျယ်ဆောင်ဖို့စီဉ်ထားသည်။


"သား ဒီဝတ်စုံနဲ့သမီးလိုက်တယ်မဟုတ်လား"


ဂိမ်းဆော့နေတဲ့ တမန် အမေဖြစ်သူပြတဲ့ အဝတ်အစားကိုမကြည့်ဘဲ​ေ​ြဖလိုက်သည်။


"သူ့ကဘာဝတ်ဝတ်လှပြီးသာပါ မာမီ"


"ဒေါက်"


"အား..နာတယ်မာမီ သားကိုအခုတလောခေါင်းပဲခေါက်နေတယ်"


"ခေါက်ရမှာပေါ့ မင်းမှအချိုးမပြေတာ သမီးလေးကိုပြီးပြီးရော့ဆိုတဲ့သဘောနဲ့ပြောလိုက်တာပေါ့လေ မုန်းတမန် မင်းအလှည့်ကျရင်ငါနဲ့တွေ့မယ် "


"မာမီကလည်းဗျာ သားကိုအပြစ်ပဲမြင်နေတာပဲ"


"မင်းကအပြစ်ပြောစရာကို လာသမီးသူ့ကိုအဲဒီမှာတစ်ယောက်ထဲဖုန်းကြည့်နေပါစေ မာမီတို့တစ်ခြားဆိုင်သွားမယ် "


ဒေါ်ကေသီတစ်ယောက် တမန်ကိုစိတ်စိုးကာ ရနံ့လက်ကိုဆွဲပြီး တစ်ခြားဆိုင်သို့သွားသည်။ တမန်မှာ ဖုန်းကိုပိတ်ပြီး မာမီနောက်သို့လိုက်ရသည်။


"မာမီ..မာမီ သားကိုစောင့်အုံး သားဖုန်းမကြည့်တော့ဘူးနော် "


"ဒါဆိုရင် ပေး မင်းဖုန်းကိုသမီးကိုပေးထားလိုက်"


တမန် မှာ ဖုန်းကို ရနံ့ဆီသို့ပေးလိုက်သည်။ ရနံ့လည်း မာမီစကားကြောင့် ဖုန်းကိုယူလိုက်ရသည်။တမန်နဲ့ မာမီက နှစ်ယောက်သားအရှေ့ကနေသွားကြသည်။ရနံ့က အနောက်ကနေဖြေးဖြေးချင်းလိုက်သွားသည်။ ထိုအချိန် တမန် ဖုန်းထဲသို့ မက်ဆေ့ဝင်လာသည်။


"တောင်း"


"ကိုကို ကို့ချစ်မခွဲနိုင်ဘူး ချစ်ဆီပြန်လာပေးပါ"


ရနံ့ စာကိုဖတ်ပြီးစိတ်တိုသည်။တမန် ဖုန်းကိုဖွင့်လိုက်လျှင် ရနံ့ ပုံမြင်ရတာကြောင့်ဘယ်တုန်းခိုးရိုက်ထားတာလဲလို့တွေးမိရသည်။ထိုအချိန် မာမီက ရနံ့အနောက်မှာကျန်နေခဲ့တာကြောင့် တမန်ကိုအပြစ်တင်ရင်လာခေါ်သည်။


"တမန် ကြောင့် ငါသမီးအနောက်မှာကျန်ရစ်ခဲ့ပြီး သမီးလေး လာ မာမီနားမှာပဲနေ"ဆိုကာ ရနံ့ကိုပခုံးဖက်ကာ မာမီခေါ်သွားသည်။


*****


မဂ်လာပွဲကို ခမ်းနားစွာကျင်းပသည်။မင်းတမန်ကတော့ ချစ်စဖွယ်ကောင်းလွန်တဲ့ သတို့သမီးလေးကို ငေးကြည့်နေမိ၏။ သူမလေးကို သူချစ်မြတ်နိုးခဲ့သော်လည်း ညီ ဇနီးလောင်းဖြစ်လာတဲ့အချိန်မှာတော့ ဖြူစင်တဲ့ညီမလေးတစ်ယောက်လိုအချစ်မျိုး ချစ်ဖို့ဆုံးဖြတ်၏။


"သတို့သားနဲ့သတို့သမီး တို့ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက်ချစ်ကြသလဲ စမ်းသပ်မယ် အဲဒီအတွက် သတို့သားက သတို့သမီးဘာကိုကြိုက်တတ်လဲဆိုတာပြောပြပါ"


"သူအကြိုက်ဆုံးအရောင်က အဖြူရောင် အနှစ်သက်ဆုံးပန်းက စံပယ်ပန်း အကြိုက်ဆုံးအစာအစားကတော့ ချဉ်ငန်စပ်ပါ"


"အဖြေမှန်ရဲ့လား သတို့သမီး"


ရနံ့မှာ တမန်ကို ထူးဆန်းသလို့ကြည့်ကာ ခေါင်းငြိမ့်ပြ၏။ရနံ့အကြိုက်တွေကို သူဘယ်လိုသိတာလဲ ဆိုတာတွေးမိရသည်။


"ဒီတစ်ခါ သတို့သမီးအလှည့်ပါ သူ့အနှစ်သက်ဆုံးအရာကဘာဖြစ်မလဲ"


ရနံ့ စဉ်းစားရခက်သည်။ဘာဖြေရမှန်းမသိတာကြောင့် စိတ်ညစ်သည်။ ရနံ့ သူ့ဘာကြိုက်လဲဆိုတာသိဖိုနေနေသာသာ သူကိုမုန်းလွန်လို့ အဝေးကနေပဲရှောင်နေခဲ့တာပါ။အဲဒါကြောင့် မမကပြောတာ အရမ်းမုန်းတယ်လူနဲ့ညားတတ်တယ်လို့ အခုဘာဖြေရမလဲ ရနံ့တကယ်မသိတာပါ။


်"သတို့သမီး စဉ်းစားရခက်နေရင် ကျွန်မဖြေပေးပါမယ်"


လှပချောမောတဲ့ မိန်းကလေးတစ်ဉီးက မတ်ရပ်ကာထပြောသဖြင့် ဧည့်သည်အပေါင်းကလည်း ထိုမိန်းကလေးက သတို့သားနဲ့တစ်ခုခုပတ်သက်လိမ့်မယ်ထင်ကာ စပ်စုသောအကြည့်တွေနဲ့ကြည့်လာကြသည်။တမန်ကလည်း မျက်နှာက မာကြေခက်ထန်မှုတွေပေါ်လာသည်။ရနံ့ မှာတစ်ခုခုဖြစ်တော့မယ်ဆိုတာသိကြောင့် ဂျက်ကီကိုသတိရသွားကာ


"စဉ်းစားရမခက်ပါဘူး ကိုကြီးရဲ့အကြိုက်ကိုရနံ့ သိပါတယ်။ ကိုကြီးရဲ့ကြိုက်နှစ်သက်တဲ့အရာက ဂျက်ကီပါ ။


"ဟုတ်ပါတယ်ဗျာ ကျွန်တော်ရဲ့သတို့သမီးလောင်းပြောတာအမှန် လကဗျာ နင်ငါအကြောင်းကို ငါရဲ့ချစ်ဇနီးလောင်းလောက်ပိုမသိပါဘူး သူငယ်ချင်းရ ငါမဂ်လာပွဲကိုလာတက်လို့ကျေးဇူးပါ"


တမန် ရဲ့စကားကြောင့် လကဗျာ မျက်နှာပျက်ကာ အလိုက်သင့်စကားပြန်ပြောသည်။ ဧည်သည်တွေကလည်း လကဗျာနဲ့တမန်က သူငယ်ချင်းလို့ထင်သွားသည်။ မဂ်လာပွဲမှာ တမန်ရည်းစားဟောင်းတွေလာကာ ရနံ့ကို မနာလိုစိတ်တွေအမုန်းတွေနဲ့ပူလောင်နေသည်။ထိုအဖြစ်ကိုမသိတဲ့ ရနံ့ကတော့ တမန်ကို သူ့လက်ကိုင်လိုဆိုပြီး တိုးတိုးကလေးရန်တွေ့သည်။


"ရှင်ဘာလို လက်ကိုကိုင်ထားရတာလဲ လွှတ်ပေး"


"ကိုင်ချင်လို့ ကိုင်တာမဟုတ်ဘူး အခြေနေအရကိုင်ရတာ မင်းလည်းအပြောင်းအလဲမြန်တယ်နော် စင်ပေါ်မှာတုန်းကတော့ ငါကိုမြူစွယ်သလိုနဲ့ ကိုကြီးတဲ့ အခုကျတော့ ရှင်တွေကျွန်မတွေဖြစ်ကုန်ပြီး လက်ကလေးကိုင်တာတုန်း ရန်တွေ့နေရသေးတယ် "


"ရှင်ကို ခေါ်ချင်လို့ခေါ်တယ်ထင်မနေနဲ့ ရှင်ရည်းစားဟောင်းက မဂ်လာပွဲလာဖျက်မှာစိုးလိုခေါ်ရတာ"


"မင်းကငါနဲ့ မဂ်လာမဆောင်ရမှာတော့တော်ကိုကြောက်နေတာပဲ ဘာလဲငါကို ကြိတ်ကြွေနေပြီးလား "


တမန်ရဲ့စကားကြောင့် ရနံ့ ဒေါသတွေထွက်လာရကာ စီးထားတဲ့ဒေါက်မြင့်ဖိနပ်ချွန်ချွန်နဲ့ သူရဲ့ခြေထောက်ကိုအငြိုးကြီးကြီးဖြစ် တက်နင်းပစ်လိုက်သည်။ 


"အားးး"


"ဘာဖြစ်တာလဲ သား"


"ခလုတ်တိုက်မိလို့ပါ မာမီ"


"မင်းကလေး နမောနမဲ့ အရမ်းနိုင်တာပဲ သေချာကရုစိုက် မင်းကြောင့် သမီးအရှက်မကွဲစေနဲ့"


​ေဒါ်ကသေီ သားဖြစ်သူကို အပြစ်တင်ကာ တိုးတိုး ဆူရသည်။တမန်ကတော့ ရနံ့ကို မင်းနော် သတိထားဆိုတဲ့အကြည့်ဖြစ်ကြည့်သည်။ရနံ့ကလည်း လျာထုတ်ကာ ပြောင်ပြသည်။ မဂ်လာပွဲက ပျော်ရွှင်စွာပြီးဆုံးခဲ့သည်။


******

"သမီး ပင်ပန်းနေပြီးလား "


"နည်းနည်းပါ မာမီ ခဏနေ ဧည့်သည်လာမှာမဟုတ်လား"


"ဟုတ်တယ် သမီးပြင်ဆင်နေတာ လာကြည့်တာ မာမီတီ ကေသီရဲ့ချွေးမလေးကို အလှဆုံးဖြစ်အောင်ပြင်ပေးနော်"


"ဟုတ်ကဲ့ပါ မမကေသီရဲ့ချွေးမက ပြင်စရာမလိုအောင်လှနေတာကို့ တီ တောင် သိပ်မပြင်ရပါဘူး"


"ကေသီ က သမီးကို အလှဆုံးဖြစ်စေချင်လို့ပါ"


"မာမီ သားဘာဝတ်ရမလဲ သားကိုလည်းပြင်ဆင်ပေးအုံး"


"နင်က ဘာပြင်စရာလိုလိုလဲ "


"မာမီကလည်း အရမ်းမျက်နှာလိုက်တာပဲ သားဖြစ်သူကိုတော့ ဘာမှလာမပြင်ပေမဲ့ သူ့ချွေးမကိုပဲ ဘာလိုလဲ..ဘာလိုလဲ လာလာကြည့်ရတာအမော"


"မင်းကလည်း ရစ်စရာမရှိကြံဖန်ရစ် လာမင်းကို မသာနဲ့တူအောင်ပြင်ပေးမယ်"


"မာမီ!!"


"မှားသွားလို့ပါ လာ ပြင်ပေးမယ် ပြောကာ ဒေါ်ကေသီ သားဖြစ်သူ မျက်နှာကိုမိတ်ကပ်လိမ်းပေးပုံက ကြောက်စရာပါ။ ရနံ့ ကတော့ တမန် ပုံစံကိုကြည့်ပြီးရယ်နေမိသည်။


ဒေါ်ကေသီက သားကိုအရင်လိုမချစ်တာတော့မဟုတ်ပါဘူး ချစ်ပါတယ်။ဒါပေမဲ့ အရင်လိုအလိုမလိုက်တော့တာပါ။ ဒါကလည်း ရနံ့ကို စိတ်ဆင်းရဲအောင်ပြသာနာရှာမှာစိုးတာကြောင့်ပါ။


***


"ကောင်မ လှနေတာ တောက်. လုံးဝမကျေနပ်ဘူး"


 "ဟုတ်တယ် ငါရော့ပဲ ပြောတော့ အဝေးဆုံးမှာနေမယ်..နေမယ်နဲ့ လက်စသတ်တော့ ငါတို့ဆီကနေ ကိုတမန်ကိုလုယူသွားတာကို့ ကြည့်နေ သူ့တို့အိမ်ထောင်ရေး ဘယ်တော့မှမသာယာစေရဘူး"


"ငါလည်း နင်နဲ့အတူတူပဲ လကဗျာ အဲဒီပန်းရနံ့သင်းနဲ့ မုန်းတမန် ကွဲအောင်လုပ်ပြမယ်"


"ဟိုမှာ တမန်တို့အတွဲ ငါတို့ဝိုင်းကိုလာနေပြီး အလှဆုံးအပြုံးတွေပြုံးထားကြ"


"စားရတာ အဆင်ပြေရဲ့လား မမတို့"


"ပြေပါတယ် အရမ်းကိုပြေတယ် "


"ပြေတယ်ဆိုလည်း အဝစားနော်အလှမစားနဲ့ "


"စားပါတယ်"


ရနံ့နဲ့တမန်တို့ လကဗျာတို့အဖွဲ့ကို ဧည်ခန်းစကားပြောနေတုန်း တမန် သူငယ်ချင်းတစ်ယောက်က တမန်ကို အရေးတကြီးလာခေါ်လို့ပါသွားရသည်။ ရနံ့က တစ်ယောက်ထဲထိုအဝိုင်းက ကျန်ခဲ့သည်။ တမန်ကတော့ အမြန်ဆုံးပြန်လာမယ်လို့ပြောသွားသည်။


"ရနံ့က မာယာများတဲ့ကဝေမ ပဲနော် တို့တွေပြောတုန်းကတော့ တမန်ကို မုန်းတယ်ဆို"


"နင်ကလည်းဟာ သူ့က တို့တွေဆီက တမန်ကို လုယူသွားလည်း ဝမ်းနည်းစရာလားယောကျာ်းတွေများပေါလွန်လို့ ဒါနဲ့တစ်ခုသတိပေးရအုံးမယ် တမန်က မင်းကိုတကယ်ချစ်လိုယူထားတာမဟုတ်ဘူး သူ့ကအပြောင်းအလဲအရမ်းမြန်တာ မင်းကိုလည်းမကြာခင် ထားသွားမှာပါ "


"အဲဒီအခါကျရင် တို့တွေရဲ့ခံစားချက်ကို သူကောင်းကောင်းနားလည်မှာ အဟီး တမန်ရဲ့အနမ်းတွေက အရမ်းချိုမြိန်တာ မင်းကိုအဲဒီအနမ်းတွေပေးရဲ့လား"


"နင်ကလည်း တမန်က အရမ်းကဲတာကို့ငါကိုဆို လည်း..အဟီးး သူအချစ်ကအရမ်းကြမ်းတာ"


တမန် ရည်းစားဟောင်းတွေ အရှက်မရှိစွာ ရနံ့ကိုအရှေ့ထားပြီ တမန်နဲ့ သူ့တို့ရည်းစားဘဝကအကြောင်းပြောသည်။


ရှင်တို့တွေက အရမ်းအရှက်မဲ့တဲ့ မိန်းမတွေပဲ အဲဒါကြောင့် ကိုကြီးကထားခဲ့တာနေမယ် မမတို့နဲ့ကိုကြီးဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါတွေက အတိတ်မှာကျန်ခဲ့ပြီးရှင် ကိုကြီးကို စိတ်မနာဘဲ ရနံ့တို့ မဂ်လာပွဲကိုလာရောက်ပါဝင်ဆင်နွှဲပေးလို့ကျေးဇူးပါရှင် "


"သမီးက ဒီရောက်နေတာကို့ မာမီကလိုက်ရှာနေတာ သားရဲ့သူငယ်ချင်းတွေစကားကောင်းနေတာကို သားရဲ့သူငယ်ချင်းတွေရေ အန်တီရဲ့ သမီးကို ခဏခေါ်သွားအုံးမယ်"


"ရပါတယ်"


"နားလည်ပေးလို့ကျေးဇူးကွယ် အန်တီရဲ့သားက ဒီလိုချစ်စရာကောင်းပြီးချောမောတဲ့ ဇနီးလောင်းကိုပိုင်ဆိုင်ထားကြောင်း ကြွားချင်လို့ပါ။ သားကိုလည်း အန်တီက ချီးကျူးနေတာ အလိမ်မာအိမ်ပါမယ် သမီးလေးကိုခေါ်လာလို့ အန်တီမှာအမြဲစိတ်ပူနေရတာ မီးလိုပူလောင်တဲ့ချွေးမကို ခေါ်လာမှာဆိုလို့ အခုတော့  အန်တီစိတ်အေးရပါပြီး ကဲအန်တီရဲ့ သူငယ်ချင်းတွေကို အန်တီချွေးမ ဘယ်လောက်လှကြောင်းသွားကြွားလိုက်အုံးမယ် ပြော ခေါ်သွားသည်။


လကဗျာ တို့အဖွဲကတော့ မျက်နှာပျက်စွာကျန်ခဲ့သည်။ဒေါ်လှကေသီကိုလည်း သူ့ချွေးမအပေါ် အရမ်းကရုစိုက် ကြင်နာပြချစ်ခင်မှုတွေကိုလည်း မနာလိုဖြစ်ကြသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: