book

Index 1

အပိုင်း(၁)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

အမုန်းတော်တွေပြေပါစေ


နတ်ပြည်သဖွယ်လှပလွန်တဲ့ ရွှေပန်းစံ စံအိမ်ကြီးကို ကျက်သရေမှုအပေါင်းနဲ့ပြည့်စုံ၏။ စံအိမ်ထဲက လူတွေအကုန်လုံးက အပြင်လူတွေနဲ့တရင်းတနှီးနေခွင့်မရှိပါ။အပေါင်းအသင်းလည်း လုပ်လိုမရပါဘူး။


"ရနံလေး ဘာတွေလုပ်နေတာလဲ"


"စံပယ်ပင် စိုက်နေတာ"


"ကိုယ်ဘာသာ ဘာလို့စိုက်ရတာလဲ အရှင်ကြီးသိရင်ဆူမယ်"


"ဖေဖေကိုပြန်မပြောပါနဲ့ ရနံ ဘာသာစိုက်ချင်လိုပါ"


"ဲအခုပြီးပြီးလား "


"အင် "


"ပြီးရင် လက်ဆေးတော့  အရှင်ကြီး ပြန်လာကာနီးပြီး တော်ကြာမြင်သွားအုံးမယ်"


"ဒေါကွီးပု ကဖေဖေကိုအရမ်းကြောက်နေတာပဲ"


"ကြောက်ရတာပေါ့ ရနံလေးရဲ့ အရှင်ကြီးကစိတ်ကြီးတဲ့ ရနံလေးကို ဘာမှလုပ်ခိုင်းတာမဟုတ်ဘူး အခုလို့ ပန်းပင်စိုက်နေတာသိရင် ဘယ်လောက်ဒေါသထွက်လိုက်မလဲ"


စိုရိမ်းပူပင်စွာ ပြောနေတဲ့ ဒေါ်ကြီးပုကို ကြည့်ပြီး ရံနံ အပင်စိုက်နေရာကနေ ထရပ်ပြီး ဂါဝန်အဖြူလေးပေါ် သဲစင်လိုခါ၏။ထို့နောက် ဝဝဖိုင့်ဖိုင့် ဒေါ်ကြီးပုကိုခါးကနေဖက်ပြီး


"စိတ်လျော့ အဲဒီလောက်ထိစိုးရိမ်မနေနဲ့ ဒေါ်ကြီးပု ရေသွားသောက်လိုက်အုံး ရနံ ရေသွားချိုးတော့မယ်နော်"


"အချွဲမလေး လုပ်ချငိရာလုပ်ပြီးရင် ဒေါ်ကြီးပုကို လာချွဲပြီး အမြန်သွားချိုးတော့"


"ဟုတ်ကဲ့ အမိန့်အတိုင်းပါဆိုကာ ရနံ အလောတကြီးပုံဖြစ် စံအိမ်ကြီးထဲပြေးဝင်၏။ ဒေါ်ကြီးပုက ချောလှဲမှာစိုးလို့ လှမ်းအော်သံကြောင့်လည်း ရနံ ပြုံးမိရ၏။ ထိုနောက် ရေချိုးခန်းထဲဝင်ကာ ရေတဝကြီးချိုးပစ်၏။ 

ရနံရဲ့ အသားအရည်က အရမ်းနူညံကာ ဆင်စွယ်ရောင်လိုနှစ်နေ၏။ဆံပင်နက်နက်ကလေးတွေက ပိုးသာမျှင်လိုအိ၏။မျက်လုံးနက်နက်ကလေးတွေက ဝိုင်းဝိုင်းလေးနဲ့ ရွန်းလဲ့တောက်ပ၏။ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွှေဇွန်းကိုက်လာတာကြောင့် အပူပင်ဆိုရင် မြူတစ်မှုံတောင်မရှိပါ။


"မပု သမီးကိုသွားခေါ်"


"ဟုတ်ကဲ့ပါ အရှင်"


ဒေါ်ကြီးပုအပေါ်ကိုတက်ကာ ရနံလေးရဲ့အခန်းတံခါးကို ထုပြီး


"ရနံလေး အရှင်ခေါ်နေတဲ့"


"လာပြီး ဒေါ်ကြီးပု ဟီး "


ကြည့်အုံး ခုန်ပေါက်ပြီးလာရလား အရှင်အရှေ့မှာ တည်ငြိမ်ငြိမ်နေနော်"


"ဟုတ်ကဲ့ပါရှင့် ပြောကာ တစ်လှမ်းချင်းလျှောက်ပြလျှင် ဒေါ်ကြီးပု မှာ အရွဲတိုက်တဲ့ဆိုပြီး လက်မောင်းဉဉလေးကို မနာအောင်ဖြေးဖြေးရိုက်သည်။


"ဖေဖေ သမီးကိုခေါ်တာ ဘာပြောမလို့လဲ"


"သမီး ရန်ကုန်မှာကျောင်းတက်ရမယ်"


"ရှင် ဒီမှာတက်ဖို့စီစဉ်ထားတာမဟုတ်ဘူး ဖေဖေ"


"အစကတော့အဲလိုပဲ စီစဉ်ထားတာ ရန်ကုန်ကသမီးရဲ့ ဘွားဘွားကြီးက အစီစဉ်ပြောင်းလိုက်တာ ဒါကြောင့်မနက်ဖြန် သမီးရန်ကုန်သွားရမယ်ကျောင်းကလည်းအပ်ပြီးပြီး "


"ဖေဖရော့ မလိုက်ဘူးလား"


"လိုက်လို့မရဘူး အလုပ်တွေရှိသေးတယ် ဟိုမှာက ဒီမှာထက်စည်းကမ်းပိုကြီးလိမ့်မယ် အစစအရာရာကရုစိုက်ပါ"


"ဟုတ်ကဲ့ ဖေဖေ"


"အဓိကမှာချင်တာ ကျောင်းမှာဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ရဘူး အထူးသဖြင့် ယောကျာ်းလေးတွေနဲ့လုံးဝ စကားမပြောရဘူး"


"စိတ်ချပါ ဖေဖေစကားကို သမီးအမြဲနားထောင်ပါမယ်"


"ယုံကြည်မယ် သမီးအတွက် အိမ်ထောင်ဘက်ကို ဖေဖေရွှေးချယ်ထားပြီးဖြစ်တာကြောင့် ဘယ်ယောကျာ်းနဲ့မှအရာမဝင်ရဘူး"


"ဟုတ်ကဲ့ဖေဖေသမီးကတိပေးတဲ့ အလုပ်ကပင်ပန်းလာတဲ့မဟုတ်လား ရေချိုးတော့လေ သမီး ထမင်းစားဖို့ပြင်ထားလိုက်မယ်"


"ဟုတ်ပါပြီး"


ဉီးထွတ်ခေါင် သမီးရဲ့နဖူးလေးကိုနမ်းအပေါ်တက်သွား၏။ဒါကတော့ သူလုပ်နေကြအပြုအမှုပါ။တစ်ဉီးတည်သော သမီးမို သူမှာအသဲပေါက်မတတ်ချစ်ရပါသည်။ဇနီးဖြစ်သူက သမီးကိုမွေးပြီးမကြာခင်ကွယ်လွန်သွားတာကြောင့် သူ့ဘဝတစ်ခုလုံးက ဒီသမီးလေးပဲဖြစ်၏။


"တမန် မင်းကားပြိုင်မောင်းဖို့ အဆင့်သင့်ဖြစ်ပြီးလား"


သူငယ်ချင်း အမေးကို မဖြေဘဲ သောက်နေတဲ့ ဆေးလိပ်ကို အောက်ပစ်ချပြီးခြေထောက်နဲ့နင်းပစ် ထို့နောက် ကြည်လင်တဲ့အသံနဲ့ စကားပြောလာသည်


"ငါ အဆင်သင့်မဖြစ်တာရှိဘူးလို့လား ဇွဲ"


"ဒီနေ့ မင်းဘိုးတော်ကို အိမ်အစောကြီးပြန်လာ့ယ်လို့ ကတိပေးထားတဲ့မဟုတ်လား"


"ကျစ် ဒါတွေက လျှောက်ပြောတာ ည၃နာရီလောက်မှာပြန်တာ ငါအကျင့်ပါ ကဲ့အခုဘာကြေးလဲ"


"ကြေးကတော့ များတယ် မင်းရှုံးရင် မင်းကားသူကိုပေးရမယ် မင်းနိုင်ရင် သူ့ကားရမယ်"


"ဒါဆိုရင် ငါကားတစ်စီးအလကားရတော့မှပေါ့ ဒီပွဲနိုင်ရင် ကလက်ဒိုးမယ်"


အရပ်မြင့်မြင့် ဆံပင် အဝါရောင်ဆွဲထားတဲ့သူကတော့ ကိုယ်ကို ယုံကြည်မှုပြည့်ဝလျက် ရှိနေ၏။ ရုပ်ရည်က ကိုရီးမင်းသားတွေလိုချောပေမဲမဲ့ စရိုက်ကတော့ ယဉ်ကျေးမှုမရှိပဲ ခက်ထန်၏။မိန်းကလေးတွေကိုလည်း ထည်လှဲတွဲသူပါ။ ချမ်းသာတဲ့သူဌေးသားတစ်ယောက်ဖြစ်တာကြောင့် ဘာကိုမှကရုမစိုက်ပါ။


ကားပြိုင်ပွဲက လူတွေရဲ့အော်ဟစ်သံနဲ့ဆူညံပွက်နေ၏။ ချမ်းသားတဲ့အသိုင်းအဝိုင်းကဖြစ်တာကြောင့် အာလုံးကပိုက်ဆံရှိတဲ့လူတွေချည်းပါ။မိန်းကလေးတွေကလည်း မျက်နှာမှာကာလာမျိုးစုံကိုခြယ်သထား၏။ အဝတ်အစားကလည်း ချက်ပေါ် ၊ရင်ပေါ်၊ပေါင်ပေါ်နဲ့ ယောကျာ်းသားတွေကို ပစ်မှားရအောင်ဝတ်ဆင်ထား၏။


"ကဲ့ သားကြီး မင်းကားငါယူလိုက်ရလို့မငိုလောက်ပါဘူးနော်"


"ဟား ရယ်စရာသိပ်မပြောနဲ့ တမန် အဲဒီကားတွေက ငါစီးတဲ့အထဲမှာစျေးအနိမ့်ဆုံးပဲ ဒီထက်ကောင်းတဲ့ကားတွေများ မင်းကိုဖို့သတ်လို့ရတယ် နားလည်းလား "


်"ဟုတ်ပါပြီး သားကြီး ငါတို့ကလက်သွားမှာမင်းလိုက်အုံးမလား"


"ဆော်လေးတွေ ပါလား"


"ပါတာပေါ့ အလန်းဇယားတွေချည်းပဲ "


"Ok လေး သွားကြတာပေါ့ မဟူရာနဲ့ နတ်သမီး နင်တို့ ကလက်လိုက်မှာလား"


"လိုက်မှာပေါ့ သွားကြစို့"


မဟူရာနဲ့နတ်သမီးဆိုတဲ့ မိန်းကလေးနှစ်ယောက်က တမန် လက်မောင်းကိုတစ်ယောက်တစ်ဖက်စီလာဖက်၏။ တမန်ကလည်းနှစ်ယောက်လုံးကို ပခုံးဖက်ကာ ကားဆီသို့လာကြသည်။


"ဘယ်အချိန်ရှိပြီးလဲ လှကေသီ"


"ည၂နာရီထိုးပါပြီး ကိုကြီး"


"တောက် မင်းသား ဘာကြောင့် အိမ်ပြန်မလာသေးတာလဲ ဒီကောင် ငါစကားကိုနားမထောင်ဘူး ပြန်လာရင်တွေ့မယ်"


"ကိုကြီးကလည်း သားကမေ့သွားတာနေမှာပါ"


"ဘာကွာ အေး မင်းတို့ကျပ်ကျပ်အလိုလိုက်လို့ အခုလို့ဖြစ်နေတာ တောက် ကျောင်းလည်းအခုထိမပြီးသေးဘူး သူတို့နဲ့တန်းတူတွေ ဆရာဝန်တို့ အင်ဂျီနာယာတို့  နိုင်ငံခြားပညာသင်သူနဲ့ မင်းသားကတော့ကွာ ယောင်ခြောက်ဆယ် စာလည်းမကြိုးစားဘူး သူ့ပြန်လာရင် မင်းတို့ဘာမှဝင်မပြောနဲ့ "


ထိုအချိန် ယိုင်တီးယိုင်တိုင်နဲ့ တမန် ဝင်လာသည်။ ဖခင်ဖြစ်သူကလည်း မြင်တာနဲ့ တမန်ကို လက်သီးနဲ့ထိုးပစ်သည်။


 ခွပ်. ငါ စကားနားမထောင်အုံးကွာ မင်း လူကမွေးတာကိုဟုတ်ရဲ့လား မိဘ မျက်နှာကိုအိုးမဲသုတ်ဖို့ကထိပ်ဆုံးက အချုပ်ခန်းဆိုလည်း အိမ်နဲ့တံတားထိုးရတော့မယ် သွားလွန်လို့ချောင်းပေါက်တော့ ဟေ့ကောင်တမန် မင်းအချိုးတွေပြင်လိုပြောတာကြာပြီး ငါစကား စောက်ဖက်မလုပ်တာလဲ ကဲကွာ့ ခွပ် ခွပ် "


"တော်ပါတော့ ထက်ဘုန်းရှိန် ငါမြေးကိုမထိနဲ့!!"


"အမေ ဝင်မပါနဲ့ အမေအရှေ့ကနေကာစီ ကာစီလုပ်နေလို့ ဒီကောင်ဆိုးနေတာ "


"မပါလိုရမလား မင်းကငါမြေးကို ထိုးနေတာကို ငါမြေးကလူငယ်ပဲ ရန်ဖြစ်တာဘာညာတော့ရှိမှာပေါ့ မင်းတုန်းကအခုအချိုးပဲကို့ "


"အမေ အရင်တုန်းက သား သူလောက်မဆိုးဘူး အမေရဲ့မြေးကိုကြည့်အုံး အသက်၂၃နှစ်ရှိပြီး ဘာမှမဖြစ်မြှောက်သေးဘူး ရန်ဖြစ်မယ် အရက်သောက်မယ် ကားပြိုင်ပွဲသွားမယ် မိန်းကလေးတွေနဲ့လည်းရှုပ်နေတာ အမေမြေးက ကလေကဝအုတ်ကြားမြက်ပေါက်ဖြစ်နေပြီး အမေရ မိဘအားကိုးနဲ့ မိုက်ချင်တိုင်းမိုက်နေတာ သူ့ကြောင့် လျှော်ပေါင်းမနည်းဘူး"


"ကိုကြီး စိတ်လျော့ပါ ဘေးအိမ်တွေကိုလည်း အားနာပါအုံး ညအချိန်မတော်ကြီး မနက်ကျရင်ဆက်ပြော"


"တောက် မုန်းတမန် မနက်ဖြန် ကျောင်းသွားရမယ် မင်းမသွားရင် ဘာဖြစ်မလဲစောင့်ကြည့်လိုက် ငါမင်းအဖေ မင်းထက်ပိုမိုက်တယ်! !"


"ကိုကြီးရဲ့ လာပါ အခန်းထဲသွားရအောင် သားကလည်း မနက်ဖြန်ကျောင်းသွားလိုက်ပါနော် "


ကေသီ သားနဲ့ယောကျာ်းကြားဗျာများရ၏။ သားကလည်း ဆိုးတာလွန်ရော့ အကိုတွေ အစ်မတွေက လိမ်မာသလောက် သားကျမှာဆိုးနေ၏။အငယ်ဆုံးဖြစ်တာကြောင့် မိဘနှစ်ပါးရဲ့နှစ်ဖက်အသိုင်းအဝိုင်းက အလိုလိုက်တာကြောင့် ဆိုးနေခြင်းဖြစ်၏။


"ဟိုဘက်အိမ်ကလည်း ဆူလိုက်တာ တကယ်ပဲ "


"အဲဒါက တမန်ကြောင့်ပဲပေါ့"


"တမန်က ဘယ်သူလဲ မမ"


"ရနံလေး မနက်ကျောင်းသွားရင်တွေ့လ်ိမ့်မယ်  သွားမပတ်သက်နဲ့နော်"


"သူက အရမ်းဆိုးလား မမ"


"ဆိုးတာပေါ့ အရမ်းဆိုးတာ အော့ကြောလန် တမန်ဆိုတဲ့လူက ရုပ်ကချောသလောက် ပြသာနာပေါင်းသောင်ခြောက်ထောင် သူတွဲပြီးထားခဲ့တဲ့ မိန်းကလေးပေါင်းမနည်းဘူး ရနံလေးက ကျောင်းသူအသစ်ဆိုတာ အစစအရာရာသတိထားနေနော်"


"နေမှာပါ ဖေဖေကမှာထားတဲ့ ဘယ်သူနဲ့မှမပတ်သက်ရဘူးတဲ့"


"အဲလိုတော့မဖြစ်ဘူးလေ သူငယ်ချင်းတော့ထားရမှာပေါ့ ရနံလေးက တစ်ယောက်ထဲနေလို့မရဘူးလေ သူငယ်ချင်းအပေါင်းအသင်းထားရမှာပေါ့ အဲဒါမှာ ရနံလေး အကူညီတောင်းလိုရမှာပေါ့"


"ဟုတ်ကဲ့ မမ ၄နာရီတောင်ထိုးနေပြီး ရနံလေး မအိပ်တော့ဘူး ပြင်ဆင်စရာရှိတာပြင်ဆင်တော့မယ်"


ရနံလေး တစ်ယောက် အဘွားအိမ်မှာ အိမ်အလုပ်တွေဝိုင်းကူရ၏။ ဖေဖေအိမ်ကနေရတာထက် ပိုလွတ်လပ်တာကြောင့်ပျော်ရ၏။ မနက်ဘက်ဆိုရင် အသီးအရွက်တွေတင်ပေး ပန်းရေလောင်း ခြံထဲတံမြက်စည်းလှဲလုပ်ရ၏။ထိုနောက် ရေချိုးပြီး ကျောင်းသွားဖို့ပြင်ရသည်။


"ဟာ တမန် မျက်နှာက အထိုးခံထားရပါလား ဧကန်နာ မင်းအဖေ လက်ချက်ထင်တယ်"


"အသေအချာပေါ့ အခုလည်းကျောင်းမလာဘူးလုပ်ထားတာ ဘိုးတော်က မသွားရင် သူအကြောင်းသိမယ်ဆိုလို့လာရတာ"


"ဟိုမှာ မင်းရဲ့စော် နတ်မိမယ် လာနေပြီး"


တမန် လှမ်းကြည့်လိုက်လျှင် ပိုးထည်ဝင်းစက်နဲ့ အမြဲတမ်းလှပချစ်စရာကောင်းနေတဲ့ နတ်မိမယ်ကို အပြုံးလေးနဲ့ကြိုသည်။နတ်မိမယ်က သူကိုမြင်တာနဲ့ပျာပျာသဲသဲ 


"ကိုကို မျက်နှာကဘာဖြစ်တာလဲ ဘယ်သူလုပ်လိုက်တာလဲကွာ နတ် စိတ်မကောင်းလိုက်တာ အရမ်းနာနေလား "


"မနာပါဘူးကွာ နတ်ကလေး ကရုစိုက်ပေးလို့ တစ်ဝက်တောင်သက်သာသွားပြီး ဘာစားမလဲ"


"မစားချင်ဘူး တစ်နေရာသွားရအောင်"


"တစ်အောင့်နေ အတန်းတက်တော့မှာ ဒီနေ့တော့ ကျောင်းပြေးလို့မဖြစ်ဘူး ဘိုးတော်သတ်လိမ့်မယ်"


"အတန်းတက်လည်း စာလိုက်မှတ်တာကျလို့"


"ဒါကတော့ နတ်ရယ် ကိုယ်ကတာဝန်တစ်ခုကျေအောင်လုပ်တာပါ ရော့ နတ်အတွက် "


"ဟွန့် ပိုက်ဆံကဘာလုပ်ရမလဲ"


"ရှော့ပင်ထွက်ပေါ့ ကိုကိုမလိုက်နိုင်လို့အလျှော်ပေးတာ လိုရင်ပြောအုံး"


"အများကြီးပဲကို့ ဒါဆိုရင် နတ် သွားတော့မယ်"


"ဟုတ်ပါပြီး"


နတ် ထွက်သွားလျှင် တမန်မှာ သူငယ်ချင်းတွေနဲ့စနှောက်ပြီး ကျောင်းထဲသို့ပြန်လာသည်။ ကောရစျတာ တစ်နေရာအရောက်မှာ ကောငျမလေးတစျယောကျရဲ့ဖိနပျကို တမန် တက်နင်းမိတာကြောင့်ပြတ်သွားရ၏။


rate now: