နွမ်စိုင်း နာမည်ရင်းက စဝ်နွမ်စိုင်း။
အသက် 24 နှစ်ရှိပြီဖြစ်တဲ့ လူပျိုလေးပေါ့ အလုပ်အကိုင်က အကိုတဝမ်းကွဲဖြစ်သူ
စဝ်နောင့်ခွန်း ရဲ့လက်ထောက်အနေနဲ့
ရှမ်းပြည်တောင်ပိုင်းက ရွာလေးတရွာမှာ
ဘိန်းခင်းလေးတွေ စိုက်ပြီး ရိုးရိုးသားသား အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေပါတယ်။
နွမ်စိုင်း ဘိန်းခင်းတွေကြားမှာသာအလုပ်လုပ်နေရပေမဲ့ တကယ်စိတ်ဝင်စားတာက ကျောက်မျက်ရတနာတွေကိုဖြစ်တယ်။
အဲ့တာကြောင့် အကိုဖြစ်သူက မိုးကုတ်ဘက်ကအမွေရထားတဲ့ ကျောက်တွင်းတွေကို
သူကိုယ်တိုင်နားမလည်ပေမဲ့ မရောင်းပစ်တော့ပဲ နွမ်စိုင်းကို လုပ်ပိုင်ခွင့်ပေးကာ စိတ်ကြိုက်လေ့လာခွင့်ပေးထားသည်။
သူ့လုပ်ငန်းတွေကို ဘိန်းခင်းတွေမှ တဆင့်
နွမ်စိုင်း ကျောက်မျက်ရတနာတွေအကြောင်းကို တော်တော်လေး တီးမိခေါက်မိရှိသည့် အချိန်မှ စပြီး ကျောက်ရိုင်းတုံးတွေ ကျောက်စိမ်းဈေးကွက်အထိပါ ခြေဆန့်ချဲ့ထွင်ပစ်သည်။
နွမ်စိုင်းရဲ့ ပုံစံအမှန်ကို ပြဖူးတဲ့သူဆိုတာ
မရှိသလောက်ရှားတယ် ။
နွမ်စိုင်း လူမှန်းသိတတ်စတည်းက ဘိန်းခင်းတွေကြားကရွာငယ်လေးမှာ နေထိုင်ခဲ့ရတာမို့ ဘိန်းပန်းဆိုတာ နွမ်စိုင်းရဲ့သူငယ်ချင်း အဖော်လို ဖြစ်ခဲ့ရသည်။နွမ်စိုင်း ပထမဆုံး သိခဲ့တဲ့ ပန်းကလဲ ဘိန်းပန်းများသာ....။
'နွိုင်း ' ဆိုတဲ့အဖွဲ့ကြီးက
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ လေးနာရီငါးနာရီလောက်မောင်းမှရောက်နိုင်သည့် တောင်ကြားကရွာလေးမှာ အခြေစိုက်စခန်းကို တည်ထားသည်။အဖွဲ့သားတွေအားလုံးက စည်းလုံးသည်။ သစ္စာရှိသည်။
ပြီးတော့ မြန်မာနိုင်ငံကမြို့ကြီးတော်တော်များများမှာလည်းအဖွဲ့ခွဲလေးတွေ ရှိသေးသည်။နောက်ထပ်တခုကတော့ ဘိန်းဖြူတွေ ဆေးခြောက်တွေကို နွမ်စိုင်းတို့ဆီက
လိုသလောက်ရနိုင်တာမို့ မြန်မာနိုင်ငံက အဖွဲ့တော်တော်များနဲ့လည်း ပတ်သတ်ရာပတ်သတ်ကြောင်းမကင်းတာတွေအများကြီးပင် နွမ်စိုင်းတို့အဖွဲ့နဲ့ကင်းနိုင်တဲ့အဖွဲ့ဆိုတာ ရှားသည်။
ပြည်တွင်းတင်သာမဟုတ် ဟိုဘက်ကမ်းအထိပါ ဖြန့်ဖြူးမှုတွေလုပ်နိုင်သည်အထိ ဘိန်းခင်းကအထွက်ကောင်းသည်။ အကျိုးပေးသည် အင်း နွမ်စိုင်းတို့အတွက်ပေါ့လေ ။
အဖွဲ့ထဲမှာ ကျောက်မျက်ရတနာနဲ့ပတ်သတ်တဲ့အပိုင်းကိုတာဝန်ယူထားပြီး အကိုဖြစ်သူ
စဝ်နောင့်ခွန်းရဲ့ ညာလက်ရုံးဆိုလည်းမမှားပေ။ နွမ်စိုင်း က ပွင့်ပွင့်လင်းလင်းစကားပြောရတာကြိုက်သည်။ဟန်ဆောင်တာတွေကို တတ်နိုင်သလောက်ရှောင်ချင်သည်။
ရိုးသားတာလားလို့ မေးရင်တော့လည်း
ဒီလောကထဲကျင်လည်နေခဲ့သူမို့ ရိုးသားမှု
တဝက်မုသားတဝက်နဲ့ဖြတ်သန်းနေရတာပင်။
ကိုယ့်အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းဖို့
ဝန်မလေးသလို ကိုယ့်အပေါ်ယုတ်မာရင်လည်း နှစ်ဆပြန်ပြီးနာကျင်စေရအောင်လုပ်ဖို့လည်း လက်မရွံ့ပေ။
နွမ်စိုင်းက နည်းနည်းစိတ်မြန်လက်မြန်သမားမို့ အဖွဲ့ခေါင်းဆောင်တဖြစ်လဲ အကိုဖြစ်သူက စိတ်မချတာမို့ အနီးကပ်ခေါ်ထားပြီးအနားမှာထားထားခြင်းဖြစ်သည်။
နွမ်စိုင်း အကြောင်းကပြောပြစရာအများကြီး
ထွေထွေထူးထူး သိပ်မရှိပါ ရွာငယ်လေးမှာပဲ ကိုယ့်အဖွဲ့ကလူတွေနဲ့ အေးဆေးစည်းလုံးစွာနေထိုင်ကြသည်။
အခု နွမ်စိုင်း မိုးကုတ်ကိုရောက်လာရခြင်းအကြောင်းက အဖွဲ့ထဲမှ လက်နက်တွေအပိုင်းကို တာဝန်ယူရတဲ့ ခေါင်းဆောင်ရဲ့
ဘယ်လက်ရုံး စိုင်းလင်းဆက် က ရွာမှာ ပိုးထိသွားတာမို့ကျန်းမာရေးအခြေအနေကြောင့် ခရီးဝေးထွက်ဖို့အဆင်မပြေနိုင်တာမို့ နွမ်စိုင်းကပဲ သူ့အစား မိုးကုတ်ထိလာပြီး ရွာကထွက်တဲ့ ဘိန်းဖြူတွေနဲ့ လက်နက်တွေကိုလာရောက်လှဲလှယ်ခြင်းဖြစ်သည်။
နွမ်စိုင်း က လက်နက်အကြောင်းကိုကျောက်တွေလောက်နားမလည်ဘူးဆိုပေမဲ့ သိသင့်သလောက်တော့သိပါသည်။
သို့ပေမဲ့ မိုးကုတ်မှာလာရောက်တွေ့ရမဲ့ သူက အထိမခံသည့် နယ်ပယ်တခုက လူမို့ နွမ်စိုင်းအစစအရာရာ သတိထားခဲ့ရသည်။
သူ့အကြောင်းတွေကို လင်းဆက်ဆီက အချက်အလက်တွေတောင်းပြီးဖတ်ခဲ့ရသည့်အပြင် နီးစပ်ရာတွေဆီကလည်း စုံစမ်းထားသည်။
ကိုယ်မကျွမ်းကျင်တဲ့အလုပ်ဆိုပေမဲ့ ပြီးပြီးရော မလုပ်ချင်တာကောတခုခုဆို ကိုယ်လုပ်နိုင်သလောက်အကောင်းဆုံးလုပ်ချင်တဲ့ စိတ်ကြောင့်ကော ဒီလူနဲ့တွေ့ရမှာ နွမ်စိုင်းအတွက် တော်တော်ဖိအားများခဲ့သည်။
ထိုလူ ရဲ့ နာမည်အရင်းကို ဒီလောကထဲ
ဘယ်သူမှမသိဘူးထင်သည်။နွမ်စိုင်း စုံစမ်းလို့ရသမျှ 'Y' ဆိုတဲ့အမည်နဲ့ သူ့ရဲ့လုပ်ငန်းတွေအကြောင်းကလွှဲလို့ မိသားစုနဲ့ပတ်သတ်တာတောင် စုံစမ်းမရခဲ့။'Y' ဟာအရာအားလုံးကို လျှို့ဝှက်ထားနိုင်ခဲ့တာပဲ ဒီလောကထဲ 'Y' ကျက်စားလာခဲ့တဲ့သက်တမ်းက တော်တော်ကြာနေပြီဆိုပေမဲ့
သူနဲ့ပတ်သတ်သမျှသတင်းအစအနတောင်စုံစမ်းမရအောင် လုပ်ထားနိုင်တဲ့ 'Y' ရဲ့အရည်အချင်းကတော်တော်အထင်ကြီးစရာကောင်းလေသည်။
နွမ်စိုင်း 'Y' နှင့်တွေ့ရမည်ဆိုတုန်းက နွမ်စိုင်း ထင်ခဲ့တဲ့ 'Y' ဆိုတာ
အသက်လေးဆယ် ငါးဆယ်အရွယ်လောက်ရှိမည့် မြေခွေးအိုကြီးဟု ထင်ခဲ့တာ။
တကယ်တမ်း တွေ့ရတဲ့အချိန်ကျ နွမ်စိုင်းအထင်နဲ့အမြင် တက်တက်စင်အောင် လွှဲလေတော့သည်။
ရုတ်တရက်လှည့်အကြည့်မြင်လိုက်ရတဲ့ 'Y' ရဲ့အပြုံးတွေကတော်တော်ကြည့်ကောင်းလွန်းနေခဲ့သည်။ယောက်ျားလေးတေထဲမှာတောင် တော်တော်ရှားသည့်ပုံစံမျိုး နေရာတိုင်းတွေ့ဖို့မလွယ်နိုင်တဲ့ ကြည့်ကောင်းခြင်းမျိုး ယောက်ျားပီသခြင်းမျိုးနဲ့ ကြည့်ကောင်းခြင်းပင် အင်း သေချာတာတခုက... နွမ်စိုင်းလောက်တော့မချောဘူးပေါ့လေ ဟဲ ဟဲ။
နွမ်စိုင်း ကြားထားရသမျှ 'Y' ဟာအပြုံးချိုချိုလေးနှင့် အရက်စက်ဆုံးလူသားဆိုတာကတော့ နေရာတိုင်းတွင်ကြားခဲ့ရသောသတင်းပင်။သို့သော် နွမ်စိုင်း တွေ့ခဲ့ရတဲ့ 'Y' က သူတို့ပြောသလိုနှင့် နည်းနည်းလွှဲနေသလိုပင် ဒီလူ့ရဲ့အပြုံးတွေထဲမှာ ရက်စက်ခြင်းဆိုတာထက် အထီးကျန်ခြင်းတွေရှိနေသည် ဆိုတာ နွမ်စိုင်းတွေ့ခဲ့ရသည်။
လူတယောက်ရဲ့စိတ်ကို မျက်လုံးတွေကဖတ်လို့ရသည်တဲ့ ။ နွမ်စိုင်း တွေ့ခဲ့ရသော 'Y' ရဲ့မျက်ဝန်းတွေက နာကျင်မှုနဲ့အထီးကျန်ခြင်းတွေကို ရက်စက်ခြင်းနဲ့ဖုံးကွယ်ထားတာပင်။
နွမ်စိုင်းလည်းတခဏသာတွေ့ဖူးတဲ့သူမို့ တပ်အပ်မပြောနိုင်ပေမဲ့ ဒီလူကသနားစရာနည်းနည်းကောင်းသည်ဆိုတာကတော့ သေချာသည် ဘာကြောင့် ဆိုတာမသိပေမဲ့
ဒီလူ့ဆီကဝမ်းနည်းခြင်းအငွေ့အသက်တချို့ကို နွမ်စိုင်းခံစားမိသည်။
'Y' နဲ့စကားပြောရတာ ပျော်ဖို့တော့ကောင်းသည်။ သူ့ကို အဖိုးကြီးလို့ ခေါ်လိုက်တုန်းက ဖြစ်သွားတဲ့မျက်နှာဆို တကယ်ရီချင်စရာကြီး နွမ်စိုင်းကိုယ့်စိတ်ကိုတတ်နိုင်သလောက်ထိန်းချုပ်ပြီးနေတတ်ပေမဲ့ 'Y' ရဲ့ရှေ့ရောက်မှ စိတ်လွတ်လက်လွတ်ပြောလိုက်မိသည့်အခြေအနေတွေကို ကိုယ့်ကိုယ်လည်းအံ့ဩလို့မဆုံးပါ။
သူ့ကို ကိုကြီးလို့အရမ်းခေါ်စေချင်နေတာကို
မခေါ်လို့ စိတ်ကောက်သွားတဲ့ မျက်နှာဆိုသက်လတ်ပိုင်းလူတယောက်လို့
ယုံချင်စရာတကွက်မှမရှိ တကယ့်ကလေးဆိုးကြီးလိုပင် အဟက်။
နွမ်စိုင်းဘာရယ်မဟုတ် 'Y' အကြောင်းတွေပြန်တွေးမိတော့စိတ်ကမစေခိုင်းပါပဲ နှုတ်ခမ်းတွေက အလိုလိုပြုံးလာရပြန်သည်။
မနေ့ညက အိမ်ထိပြန်ပို့ပေးသည့်အတွက် ကျေးဇူးတင်စကားဆိုရင်းကနေ သူအရမ်းခေါ်စေချင်နေသော ကိုကြီးဆိုတာကို
ကိုကြီး'Y' ဟူ၍ ခေါ်ပြီးတမင်စိတ်ဒုက္ခပေးခဲ့လိုက်သေးသည်။
ဒီမနက် နွမ်စိုင်း မိုးကုတ်ကနေပြန်ရတော့မည်
'Y' များလာနှုတ်ဆက်လေမလား ရောက်လာလေမလားဟု မျှော်နေခဲ့ပေမဲ့ အရိပ်အယောင်တောင်မမြင်ရသည်မို့ နွမ်စိုင်းအချိန်အတော်အကြာစောင့်နေခဲ့ပေမဲ့ ပေါ်မလာခဲ့သည့်သူကို စိတ်ဆိုးချင်သလိုဖြစ်နေမိသည့် ကိုယ့်ကိုယ်လည်းနားမလည်နိုင်ပါ ခဏလေးပဲတွေ့ဖူးတဲ့သူကို ဒီလောက်သံယောဇဉ်တွယ်မိတာ ပထမဆုံးပင်။
ဆက်မတွေးချင်တော့သည်မို့ လာကြိုပေးသည့် တောင်ကြီးပြန်မည့်ကားလေးပေါ်သို့သာ တက်ရင်း နွမ်စိုင်းအတွက် ပထမဆုံးလူတယောက်ကိုမှတ်မှတ်ရရဖြစ်စေခဲ့တဲ့
မိုးကုတ်မြို့လေးကို နှုတ်ဆက်ကျောခိုင်းရင်း မွေးရပ်ဇာတိမြေတောင်ကြီးသို့သာပြန်ခဲ့တော့သည်။
-------------------------------------
သျှန် အခု ဂျပန် က အလုပ်ကိစ္စအခက်အခဲကြောင့် ဂျပန်သို့ရောက်နေရသည်။
ပေါက်စလေးရဲ့ အိမ်ပြန်ခရီးကိုလိုက်ပို့ရင်းနှုတ်ဆက်ချင်ပေမဲ့
နှုတ်ဆက်ခွင့်မရခဲ့တော့ပါ။
"ကဲ အခု ဖြစ်နေတာတွေငါ့ကို ပြော Nic"
"ကျွန်တော်တို့ အလုပ်ဆိုဒ်က သူတို့ဥပဒေနဲ့သိပ်မညှိဘူးဆရာ
ရှောင်မယ်ဆို ရှောင်လို့ရတယ် ဒါပေမဲ့"
"M ရဲ့လုပ်ကွက်တွေကတော့ ထိနေတယ်ပေါ့ဟုတ်လား"
(A/N : M - မိုးစက္ကန့်ညို / Y-သျှန်ဇေရဲဇော်)
"ဟုတ်ပါတယ် ဆရာ"
"M သိနေပြီလား"
"မသိသေးဘူးထင်တယ် ဆရာ အခုကျွန်တော်တောင် အထက်ပိုင်းကလူတယောက်ဆီက သတင်းရထားတာ သူတို့ကတိုးတိုးကြိတ်ကြိတ်လုပ်နေတာမို့ သတင်းကအပြင်ကိုမပေါက်ကြားသေးဘူး"
"ဟုတ်ပြီ အဲ့ဆို M ရဲ့လုပ်ကွက်တွေကို မထိအောင် ဘာလုပ်လို့ရနိုင်လဲ တချက်စုံစမ်းပေး"
"ကျွန်တော်စုံစမ်းထားတယ် ဆရာ"
"ဘာလဲ"
"အခု အပန်းဖြေစခန်းဆောက်မဲ့နေရာအစား
အများပြည်သူနဲ့ဆိုင်တာ တခုခုလုပ်မယ်ဆိုအဆင်ပြေနိုင်တယ်
ပြီးတော့ ပရဟိတ ကွန်ယက်တခုခုနဲ့ဆိုင်တာမျိုးဆို လွတ်နိုင်တယ်"
"ဟုတ်ပြီ ငါနားလည်ပြီ မင်းသွားတော့"
"ဟုတ်ကဲ့ ဆရာ "
"ဒါနဲ့ M ဘက်ကလူတွေဆီကကော ဘာသတင်းရသေးလဲ"
"မြန်မာပြည်က သစ်တွေပြည်ပကိုခိုးထုတ်နေတယ်တဲ့"
"အေး....ကောင်းရောကွာ"
"ဆရာ"
"တခြားတခုခုထူးရင် လာပြောကွာ သူ့ကိုစောင့်ကြည့်ဖို့ လူထပ်ဖြည့်ထားလိုက် အခုမင်းသွားတော့"
'ညို' မင်းကိုငါကယ်လို့မရတော့မှာကြောက်လာပြီကွာ ။မင်းဘာတွေလုပ်နေတာလဲ
မင်းအခုထိအမှန်မမြင်သေးဘူးပဲ
မင်း ကိုငါဘယ်လိုလုပ်ပေးရမလဲကိုမသိတော့ဘူး...မင်းရွေးချယ်တဲ့လမ်းတွေက
လုံးဝကိုနွံထဲဆင်းနေတာပဲ
ကာကွယ်ရုံပဲတတ်နိုင်တာမို့
မင်းကြိုက်သလောက် မိုက်စမ်း 'ညို '
မင်းနောက်မှာကော မင်းရှေ့မှာပါ ငါရှိနေပေးလို့ရနေသလောက်ရှိနေပေးမယ် မင်းမထိခိုက်အောင်ငါအသက်နဲ့ခန္ဓာမြဲနေသ၍ကာကွယ်ပေးမှာပါ ။
သျှန် ပထမဆုံးလုပ်တဲ့အလုပ်က
'ညို့' ဆီကို အခုအလုပ်နဲ့ပတ်သတ်လို့ ထိခိုက်နိုင်သမျှ အကြောင်းအရာတွေကော ရှောင်လို့ရမဲ့နည်းလမ်းတွေကောကို
အမည်ဝှက် တခုနဲ့ email မှတဆင့် ပို့ပေးလိုက်သည်။'ညို့'ဘာသာရှောင်နိုင်ရင်လည်းရှောင်ပေါ့အကယ်လို့ 'ညို' ဇွတ်တိုးခဲ့မယ်ဆိုရင်လည်း သျှန် ဝင်ပါရုံပေါ့
ဘယ်တတ်နိုင်မလဲ သျှန် လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်ထားရမှာပဲလေ။
ပြီးတာနဲ့ လူကြီးပိုင်းတွေကို ဆက်သွယ်လို့ရသမျှ သျှန့် အဆက်အသွယ်တွေကို ချိတ်ဆက်ထားလိုက်သည်။
သျှန် ဆိုသောအမည်နှင့်မဟုတ်ပဲ 'Y' အဖြစ်
နှင့်သျှန်ဟာ တကယ်ကိုရက်စက်လွန်းပြီး သွေးအေးလွန်းတာမို့
ဒီလောကမှာ နာမည်တလုံးနဲ့ရပ်တည်နေနိုင်ခြင်းအကြောင်းတရားတွေထဲကတခုပေါ့။
စက္ကန့် စာရင်းတွေပြန်ကြည့်နေတုန်း
ဝင်လာတဲ့ email တစောင်ကြောင့်
စစ်ကြည့်လိုက်တော့ ဂျပန်မှာလုပ်နေတဲ့ စက္ကန့်ရဲ့အလုပ်ကိစ္စတွေနဲ့ပတ်သတ်ပြီး ထိခိုက်နိုင်ချေရှိတာတွေကို သတိပေးထားတဲ့ စာမျိုးပင် စက္ကန့်ကို ခြိမ်းခြောက်တာမျိုးလည်းမဟုတ် စေတနာနဲ့အသိပေးတာမျိုးမှန်းသိသာလွန်းသည်။
Email ကလည်းအမည်ဝှက်နဲ့ သူကတောင်မသိစေချင်လို့ ဒီလိုပုံမျိုးနဲ့ပို့လာမှတော့ ရှာနေလို့မထူးမှာသိနေတာမို့အလုပ်ရှုပ်ခံပြီး ရှာမနေတော့ပါ ရှာလည်းတွေ့မှာမှမဟုတ်ပဲ
ဒါပေမဲ့ ဒီစာက စက္ကန့်ကိုရှောင်သင့်တာရှောင်ရအောင်အသိပေးထားတာပင် စက္ကန့်ဘာဆက်လုပ်ရတော့မည်လည်းမသိတော့ပါ
လုပ်ငန်းတွေကလည်း အခုထိအဆင်ပြေနေသေးသည့်အပြင်
ဘာအခက်အခဲမှလည်းမတွေ့ရနေတာမို့ အခုဝင်လာတဲ့ mail ကယုံရခက် မယုံရခင်ဖြစ်နေရသည် ပြီးတော့ စာပို့တဲ့လူရဲ့စေတနာတွေကိုလည်းမြင်နေရသည်မို့ စက္ကန့်တကယ်ကို Lဆိုင်းဇီ ဖြစ်နေရပြီ။
စက္ကန့် ကံတရားကို ယုံကြည်ဖို့ဆုံးဖြတ်လိုက်ပြီး Mail ကိုယုံရမလား စက္ကန့်ဆက်လုပ်ချင်တာတွေလုပ်ရမလားဆိုတာ စက္ကန့်အလုပ်စားပွဲပေါ်မှာ ဘယ်ကောင်လက်ကမြင်းပြီး လာထိုးထားပေးလဲမသိတဲ့ အလှပန်းအိုးထဲက နှင်းဆီပန်းတပွင့်ယူကာ ပွင့်ဖတ်တွေကို ခြွေပြီး Mail ကိုယုံမယ် ဆက်လုပ်မယ် ဆိုပြီး ပွင့်ဖတ်တွေကိုထိုင်ခြွေနေမိသည်။
"Mail ကို ယုံမယ်....ဆက်လုပ်မယ်... Mail ကို ယုံမယ်...."
သူများသာမြင်ရင် အတော်ရီစရာကောင်းမှာဆိုပေမဲ့ ကိုယ်တိုင်ဝေခွဲမရတဲ့အခါ အခုလိုမျိုး ကိုယ့်စိတ်ကိုလိမ်ပြီး ကံတရားကိုလွှဲချတတ်အောင် သျှန် သင်ပေးခဲ့တာပင်
မင်း အောင်မြင်သွားခဲ့ရင် မင်းတော်လို့
ကံတရားကမင်းဘက်ကတဲ့
မင်းတစုံတခုလွှဲချော်ခဲ့ရင်တောင်
မင်းဆုံးဖြတ်ချက်မဟုတ်ဘူး
ကံတရားကိုရွေးမိတာမို့ ကံတရားကြောင့်ပဲတဲ့
အခုနောက်ပိုင်း စက္ကန့် ကိုယ်တိုင်တောင်မသိလိုက်ပါပဲ သျှန်လုပ်ပေးခဲ့တဲ့အကျင့်တွေ သျှန့်ကြောင့်ဖြစ်လာခဲ့တဲ့
အမူအကျင့်တွေကအရိုးစွဲနေခဲ့လေပြီဆိုတာ ဖြည်းဖြည်းချင်းသတိထားမိလာလေသည်။
"ညို... မင်းဘာလုပ်နေတာလဲ"
"ငါ ဂစ်တာဝယ်မို့ဟာကိုကွာ ဘာရောင်ဝယ်ရမလဲ စဉ်းစားနေတာ"
"ညို အကြိုက်ဆုံးအရောင်ဝယ်ပေါ့ကွာ ညိုကလည်း ခက်ခက်ခဲခဲတွေ လျှောက်စဉ်းစားနေတယ်"
"မဟုတ်ဘူးကွ သျှန်ရ အခုက နှစ်ခုလုံးကြိုက်နေတာ"
"အဲ့လိုဆို နှစ်ခုဝယ်လိုက်လေ"
"ဟင့်အင်း အဲ့လိုကျတော့လည်း မဝယ်ချင်ပြန်ဘူး"
"ပိုက်ဆံမရှိလို့လား 'ညို' အဲ့ဆို ကိုယ်ဝယ်ပေးမယ်လေ"
"ဖုန်း "
"အ့ သေပါပြီ 'ညို'ရာ ဘာလို့ရိုက်တာလဲကွ"
"ပိုက်ဆံတွေများပေါလွန်းလို့ မင်းကို ဖို့သတ်လို့တောင် ရတယ် ပိုက်ဆံရှိတယ်ကွ နှစ်ရောင်လုံးကြိုက်ပေမဲ့ တခုတည်းပဲဝယ်ချင်နေတယ်"
"အေးပါကွာ အဲ့တာပါးစပ်ကပြောလည်းရတာပဲကို လက်ပါရသလား 'ညို'ရယ် နာလိုက်တာကွာ"
"နာအောင်ရိုက်ပါတယ်ဆို နာမှာပေါ့ကွ ပန်းနဲ့ပေါက်တာမှမဟုတ်ပဲ ခံလိုက်"
"အေးပါကွာ ဒါနဲ့ မင်းကဘာရောင်တွေမို့ရွေးရခက်နေတာလဲ"
"နက်ပြာရောင်နဲ့ အညိုရောင်"
"အညိုရောင်လေးယူပါလား အညိုရောင်ဆို မင်းနဲ့ပိုလိုက်မယ်ထင်တယ်"
"သျှန် ငါအဝတ်ဝယ်နေတာမဟုတ်ဘူးနော် ငါနဲ့လိုက်လားမလိုက်လားရွေးရအောင် ဂစ်တာဝယ်နေတာကွ နက်ပြာရောင်လေးက ယောက်ျားပိုဆန်မလားလို့ "
"အဲ့ဆိုလည်း နက်ပြာရောင်ယူကွာ "
"အဲ့ခါ အညိုလေးကလည်း ကြည့်ကောင်းနေပြန်ရော"
"ကိုယ်ကအသားညိုလို့အညိုလေးကြိုက်နေတာလားဟင် ညို "
"ယီးပဲ အသားမဲကောင်"
"ဟျောင့် ဒါအသားမဲတာမဟုတ်ဘူးကွ ညိုတာ ပြီးတော့ ငါက မင်းကိုချစ်လွန်းလို့ အသားညိုထားတာကွ"
"ဘာဆိုင်လဲ မဲလုံး "
"မိုးစက္ကန့်ညို ရဲ့လူမို့လေ 'ညို့'နာမည်ပါအောင် အသားညိုထားတာ"
"အေး...လဒကောင် စောက်ပိုတွေမတရားပြော"
"အပိုမပြောပါဘူး ဒါနဲ့ ဘယ်အရောင်ယူမှာလဲ မင်း.... Lဆိုင်းဇီ ဖြစ်နေတာလား"
"ဘာလဲကွ Lဆိုင်းဇီ..ဖြစ်နေတာလားဆိုတာ"
"Lဆိုင်းဇီ သီချင်းမကြားဖူးဘူးလားကွာ
ဝေခွဲမရပါလား..... ဆိုတာလေ"
"ဪ ကြားတော့ကြားဖူးတယ် မင်းပဲပေါက်ကရအကုန်သိတယ် သျှန်ရာ"
"ဟဲ ဟဲ 'ညို' အဲ့တာဆိုဘာရောင်ယူမှာလဲ"
"အေး အခုမင်းပြောသလို Lဆိုင်းဇီဖြစ်နေတယ်ကွာ "
"ဟာ မင်းဟာကလည်းကွာ ခဏလေး"
စက္ကန့်အနားကနေ သျှန်ထသွားပြီး အနီးမှရှိတဲ့သစ်ပင်တပင်မှ အရွက်ကြောလေးတွေများစွာပါတဲ့ သစ်ကိုင်းလေးချိုးလာလေသည်။
"ရော့"
"ဘာလုပ်ရမှာလဲ"
"ကံတရားနဲ့လောင်းကြေးထပ်ကြည့်တာပေါ့
မင်းဝေခွဲမရဖြစ်နေတယ်မလား
'ညို့' ကံတရားအပေါ်ပုံချကြည့်ရအောင်
တရွက်ဆီဖြုတ်ကြည့်လိုက်
နက်ပြာလား...အညိုလားဆိုပြီး"
"အင်း.. အဲ့လိုလုပ်ကြည့်မယ်"
စက္ကန့် ပြောပြောဆိုဆိုပင် သျှန့်လက်ထဲကသစ်ကိုင်းကိုယူပြီး နက်ပြာ အညို ဆိုပြီးသစ်ရွက်လေးတွေ တရွက်ဆီထိုင်ဖြုတ်နေလိုက်သည်။
"ကိုယ်တိုင်ဝေခွဲမရတဲ့အခါ အခုလိုမျိုး
ကိုယ့်စိတ်ကို နည်းနည်းလေးလိမ်လိုက်ရတယ် 'ညို'ရဲ့တခြားကိစ္စကြီးတွေလုပ်ရင်လည်း အဲ့လိုလုပ်နော် အကယ်၍ ညို ရွေးခဲ့တဲ့တာက
ကျရှုံးသွားခဲ့မယ်ဆို 'ညို'အရမ်းခံစားရမှာ"
^အဲ့တာကို ကိုယ်မကြည့်ရက်ဘူး ^
နောက်ဆက်တွဲစကားလေးကိုတော့ သျှန်
စိတ်ထဲမှသာ ပြောလိုက်တယ်
"အင်း"
စက္ကန့် သစ်ရွက်တွေဖြုတ်နေရင်းက ခေါင်းညိမ့်ပြမိသည်။
"အဲ့လိုဆို အခုလိုမျိုး ကံတရားကိုလွှဲချလိုက်တဲ့အခါမှာ အကယ်လို့အောင်မြင်ခဲ့မယ်ဆို မင်းတော်လို့ ကံတရားကမင်းဘက်မှာ ရှိနေတယ်လို့တွေး 'ညို '
အကယ်၍မတော်တဆသာ ကျရှုံးခဲ့မယ်ဆိုရင် 'ညို'နဲ့မဆိုင်ဘူး 'ညို့'ကံတရားကြောင့်ပဲ ကံတရားကိုသာအပြစ်တင်ပစ်လိုက်
'ညို'မမှားဘူး ဟုတ်ပြီလား "
^ကိုယ်ရဲ့ 'ညို' က ဘယ်တော့မှ မမှားဘူး ^
"ဟုတ်.... ယေး အညိုကွ"
"ကဲအဲ့တာဆို အခု အညိုလေးသွားဝယ်မယ်"
"အင်း"
'ညို့'အပြုံးတွေကလိုချင်တာတခုကိုသေချာဆုံးဖြတ်သွားနိုင်လို့
ပျော်နေတဲ့အပြုံးမျိုးပေါ့ သျှန်ကတော့
'ညို' ပြုံးနေဖို့ဆို မုသားဝါဒကိုကျေကျေနပ်နပ်ကြီးကျူးလွန်ပြီးကို ငရဲပြည်ကိုကိုယ့်ခြေထောက်နဲ့ကိုယ်တောင်ဆင်းသွားပေးလိုက်နိုင်ပါသည်။
ဂစ်တာဆိုင်ကိုရောက်တော့ စက္ကန့်က အရမ်းလိုချင်နေခဲ့တဲ့ အရောင်နှစ်ခုတည်းက ဆုံးဖြတ်ချက်ပြတ်သားစွာချနိုင်ခဲ့ပြီမို့ အညိုရောင်လေးကို ဝယ်ကာ တယုတယရင်ခွင်ထဲထည့်ပွေ့ထားမိသည်။
ဟိုကောင်သျှန့်ကိုကြည့်မိတော့ စက္ကန့်လိုချင်သည်ဟုပြောခဲ့သော နက်ပြာရောင်လေးကို ဝယ်ကာ ငွေချေနေလေသည်။
"ဟာ ဟျောင့် သျှန် မင်းကဘာလို့လိုက်ဝယ်တာလဲ "
"ညို ဂစ်တာတီးရင် ကိုယ်လည်း ဂစ်တာတူတူလိုက်တီးမို့လေ 'ညို' ကအညိုရောင်လေးဝယ်ပြီးပြီဆိုတော့ ကိုယ်က နက်ပြာရောင်လေးဝယ်လိုက်တာလေ "
"မင်းကလည်း ဆင်တူတော့မဝယ်ဘူးကွာ
သျှန် ရာ"
"မင်းကြိုက်တဲ့အရောင်ကို မင်းကြိုက်တဲ့အချိန် တီးလို့ရအောင်ပါ ကိုယ် ပိုင်တဲ့ပစ္စည်း ညိုလည်းပိုင်တာပဲ ဟုတ်ပြီလား "
"အေး အဲ့တာဆို ဂစ်တာတီး တဲ့အခါ ငါကြိုက်တဲ့ဟာတီးမယ်နော် "
"ဟုတ်ပါပြီ 'ညို့' သဘောပါဗျာ"
------------------------------------
အရင်အချိန်တွေကို ပြန်တွေးမိတော့ စက္ကန့်မျက်ဝန်းတွေဆီမှာ မျက်ရည်စတို့က ငွေ့ရည်ဖွဲ့ပြီးမျက်လုံးအိမ်ထဲမှာရစ်သိုင်းလာလေသည်။
"သောက်ပိုတွေပြောခဲ့တာပဲ သျှန်ဇေရဲဇော် "
မျက်ရည်တွေမကျအောင် မျက်တောင်တို့ကိုပုတ်ခတ်ပစ်လိုက်သည်။ဂစ်တာတီးတူတူသင်ခဲ့ရတုန်းကတကယ်ပျော်စရာကောင်းလွန်းခဲ့ပါသည် လက်ကဒဏ်ရာတွေကို တယောက်တလှည့်ဆေးထည့်ပေးရင်း ကျိန်ဆဲခဲ့ရတဲ့အချိန်တွေပေါ့ အဟက်။
"ယုံလိုက်မယ်"
နောက်ဆုံးတော့ စက္ကန့်ဆုံးဖြတ်ချက်တခုကို
နှင်းဆီပွင့်ဖတ်လေးတွေမှတဆင့်ချနိုင်ခဲ့လေပြီ။Mail ပို့တဲ့သူကိုယုံကြည်လိုက်ပါဟု
ကံတရားကပြောလာလေပြီမို့ Mail ကအတိုင်းဆက်လက်လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ပြန်ပြောင်းချလိုက်သည်။
ဂျပန်ကလုပ်ငန်းအတွက် အစီအစဉ်တွေကို ရုတ်တရက်ပြောင်းရမည်ဆိုတော့ စက္ကန့်တို့တော့ ပင်ပန်းဦးမည့်အရေးတွေးပြီး နည်းနည်းတော့စိတ်လေသွားသည် သို့သော်လည်းမတတ်နိုင်ပါ
ဒါကိုမပြောင်းရင် Mail ပို့တဲ့သူပြောပုံအရဆိုရင် စက္ကန့်ဆုံးရှုံးမည့်ပမာဏကပိုများမည်
ပြီးတော့ အခန့်မသင့်ရင် တရားရင်ဆိုင်ဖို့တွေအထိပါဖြစ်လာနိုင်သည်။
ဟူးးး တခါတလေကျ ဘဝကအရမ်းခက်ခဲတယ်လို့တွေးမိတဲ့အချိန်တွေတိုင်း အနားမှာရှိပေးခဲ့တဲ့ သူကိုသတိရမိတာတော့အမှန်ပင်။
သျှန် ဂျပန်က ကိစ္စတွေကိုတခါတည်းအပြတ်ဖြတ်နေတာမို့
မြန်မာပြည်ကိုမပြန်နိုင်သေးပါ 'ညို့ 'လုပ်ငန်းတေကိုစောင့်ကြည့်ချင်တာလည်း ပါသည်မို့ မပြန်ဖြစ်သေးတာပင်။
အခုတော့ 'ညို' က သျှန် ပို့ပေးတဲ့ Mail ကိုယုံကြည်ဖို့ ရွေးချယ်လိုက်ပုံပင် 'ညို့'ရဲ့အပန်းဖြေစခန်းဟာ အခုတော့ ဘိုးဘွားတွေကို စောင့်ရှောက်ပေးတဲ့ ရိပ်သာတခုအဖြစ်ပြောင်းလဲပြီးတည်ဆောက်နေသည်ဆိုတော့ နည်းနည်းတော့ စိတ်အေးသွားရသည်။
အားလုံးရဲ့အမြင်မှာတော့ တကယ်ကို စိတ်စေတနာကောင်းနဲ့ ဘိုးဘွားရိပ်သာတခုအကြီးကြီးဆောက်လုပ်လှူဒါန်းသူပေါ့ ။
နောက်ကွယ်က မှောင်ခို ပစ္စည်းတွေကိုတင်သွင်းမဲ့ကိစ္စတေတော့ ဘယ်သူမှမသိနိုင်ဘူးပေါ့။
စက္ကန့် ဂျပန်က အပန်းဖြေအိမ်ရာ စီမံကိန်းကို ဘိုးဘွားစောင့်ရှောက်ရေးဂေဟာအဖြစ်ပြောင်းလဲတည်ဆောက်နေသည်မှာ တလနီးပါးရှိနေပြီ ဖြစ်သည်။အဆောက်အအုံတွေဟာလည်းအပြီးသတ်လုနီးပါးရှိနေပြီ အခုထိ Mail ပို့လာပေးတဲ့အမည်ဝှက်နဲ့သူ ပြောသလိုတခုမှတော့ဖြစ်မလာသေးပေ။ယုံကြည်မိတာ မမှားလောက်ဘူးဟု စိတ်ကထင်နေပေမဲ့ အခုနည်းနည်းနောင်တရချင်လာသလိုပင်
ဒီလို ပြောင်းလဲဖွင့်လစ်ရတဲ့အတွက် စက္ကန့် ငွေပမာဏတော်တော်များများထိခိုက်ဆုံးရှုံးသွားရသည်မဟုတ်လား သူပြောသလိုဖြစ်ခဲ့ရင်တော့ စက္ကန့်ဆုံးရှုံးမဲ့ပမာဏက အရှိုက်ထိနိုင်တဲ့ပမာဏမျိုးပင်တော်တော်များသည် ပြီးတော့ တရားရင်ဆိုင်ရဦးမည် အဲ့တာနဲ့မပြီးပြတ်ပါက ဒဏ်ကြေးငွေတွေပါဆောင်ရနိုင်သည်။
အခုအနေအထားက ပါးပါးလေးထိခိုက်ရုံဆိုပေမဲ့ တကယ် Mail ပို့တဲ့သူပြောသလိုဖြစ်မလာခဲ့တော့လည်း
သျှန် ပြောခဲ့ဖူးသလို ကံတရားကို လွှဲချရုံပေါ့
ကံတရားရဲ့ဆုံးဖြတ်ချက်ကို စက္ကန့်ရွေးချယ်ခဲ့တာပဲလေ။
"ဒေါက်.. ဒေါက် ...ဒေါက်"
"အေး ဝင်ခဲ့"
စက္ကန့်ရဲ့ တပည့်ကောင်လေးက စက္ကန့်ရဲ့
စာဖတ်ခန်းထဲသို့ ဝင်လာသည်နှင့် စက္ကန့်ကို တခါတည်း ဦးညွှတ်လာလေသည်။
ရပြီဆိုတဲ့သဘောနဲ့ စက္ကန့်ကမေးဆတ်ပြလိုက်ပြီး
"ဘာကိစ္စရှိလို့လဲ"
"ဂျပန်က လုပ်ငန်းဆိုဒ်က ဆက်သွယ်လာတဲ့ ဆရာ"
"ဘာတဲ့လဲ"
"အဆောက်အအုံပိုင်းက ပြသနာရှိနေတယ်တဲ့
အစိုးရအရာရှိတွေပါ ရောက်လာတယ်တဲ့
အဲ့တာဖြေရှင်းဖို့လိုမယ်ထင်တယ်ဆရာ "
"ဟင်"
စက္ကန့် တကယ်အံ့ဩသွားရသည်
Mail ပို့တဲ့သူပြောသလိုတကယ်ဖြစ်လာခဲ့တာပဲ အဲ့လူကဘယ်သူလဲ ဘာလို့ စက္ကန့်ကိုကူညီရတာလဲ ။ ဒီလောကထဲမှာ အခုလိုတိတ်တဆိတ်ကူညီရလောက်အောင်
စက္ကန့်မှာ ရင်းနှီးတဲ့အသိမိတ်ဆွေမရှိ
စက္ကန့်ကိုဆို တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဆိုတဲ့လူတွေချည်းပဲ စက္ကန့်လူလည်ကျထားတာတွေအရမ်းများနေတာမို့
စက္ကန့်က' M' ဆိုတဲ့အမည်နဲ့ သူတို့လို အသေးအမွှားတေထိလို့မရတဲ့ ရပ်ဝန်းတခုမှာ ရောက်နေတာမို့သာ ထိမရလို့ မထိရဲကြတဲ့သူတွေချည်းသာ
အခုလိုကူညီတဲ့သူဟာ ဘယ်သူများလဲ
စက္ကန့်လိုအချိုးမျိုးနဲ့သူကို ကူညီတဲ့သူဟာ ဘယ်သူများလဲ
စက္ကန့် စိတ်ထဲမှာ ကြာကြာမတွေးနိုင်ပါ ထိုသူပြောတဲ့အတိုင်းလုပ်သွားရင်အဆင်ပြေလောက်မယ်ဆိုတာ အလိုလိုယုံကြည်နေသည်မို့
"အေး အဲ့တာဆို ညနေ ဂျပန်ကိုသွားမယ် လေယာဉ် စီစဉ်ထားပေး ငါ အခု မြန်မာပြည်က ကိစ္စနည်းနည်းလက်စသတ်ရဦးမယ်"
"ဟုတ် ဆရာ"
"အင်း ဟို Alis ဆိုတဲ့အဖွဲ့ကကောင်တွေသတင်း ဘာကြားသေးလဲ"
"Y တို့အဖွဲ့လား ဆရာ"
"အေး"
"ဟိုတလောကတော့ မိုးကုတ်ဘက်မှာ လက်နက်အရောင်းအဝယ်နဲ့ အဖြူမှုန့်တွေအလဲအထပ်လုပ်ပြီး အဖြူမှုန့်တွေ ပြန်ရောင်းထုတ်လိုက်တာ တော်တော်မြိုးမြိုးမြတ်မြတ်ရလိုက်တယ်လို့ကြားတယ် ဆရာ"
"ဟင်းးး ဟုတ်လား မင်းတော်တော်အကွက်မြင်တတ်တဲ့ကောင်ပဲ ငါ့ကိုလာယှဉ်ဖို့ မင်းတော်တော်ကြိုးစားနေတာပဲ "
"ဆရာ အဲ့တာဆို ကျွန်တော်စီစဉ်စရာရှိတာတေအတွက်သွားလိုက်ပါဦးမယ် "
"အေး သွား"
စက္ကန့် ဂျပန် ကိုခရီးထွက်ရမည်မို့ မြန်မာပြည်က လုပ်လက်စလုပ်ငန်းတချို့ကို လွှဲသင့်တာတေ လွှဲပြီး ခိုင်းသင့်တာတွေခိုင်းရန် ဖုန်းတလုံးနဲ့အလုပ်ရှုပ်ရပြန်သည်။
စက္ကန့် စိတ်ထဲကနေ အမည်မသိ Mail ပို့လာသူကို တိတ်တဆိတ်ကျေးဇူးတင်မိသည်။စက္ကန့်အတွက် အကျိုးစီးပွားလိုလားသူမို့ ဘယ်သူလဲတော့ သိချင်မိသား။ကံတရားကို ရွေးချယ်ခိုင်းခဲ့တာဆိုပေမဲ့ သျှန်ပြောသလိုဆိုရင်တော့ ဒါဟာ စက္ကန့်တော်လို့ ကံတရားက စက္ကန့်ဘက်မှာ ရှိနေတာ။
အဟင်းးး ဘာပဲဖြစ်ဖြစ် အခုတော့ အမည်မသိလူက စက္ကန့်ကိုကူညီသွားသည်က သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာတော့ စက္ကန့်လည်းနားမလည်တော့ပါ။
စက္ကန့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပါပြီ ဆိုတဲ့အချိန်တည်းက မိဘတွေရဲ့ လောင်းရိပ်အောက်ကရုန်းထွက်ခဲ့သည်။
လုပ်ငန်းတွေလည်းတဖြည်းဖြည်းအောင်မြင်လာသည်။
အခြေခိုင်စွာနဲ့တည်ဆောက်ထားနိုင်ခဲ့တာမို့ လွယ်လွယ်ကူကူပြိုလဲအောင် မည်သူမျှ စွမ်းဆောင်နိုင်မည်မဟုတ်တာသေချာသည်။
အခုဆို ပိုဆိုးသည်က မြေအောက်လောကရဲ့ ဘုရင်တစ်ဆူလိုတောင်ဖြစ်နေချေပြီ။ဒုစရိုက်လောကမှာ 'M' ဆိုသောအမည်နဲ့ ပြည်တွင်းပြည်ပနေရာအနှံ့အပြား အဆက်အသွယ်ပေါင်းများစွာနှင့်ရပ်တည်နေခဲ့သည်။
စက္ကန့် တို့အဖွဲ့နာမည်က 'Pistris' လက်တင်ဘာသာအရဆိုရင် ငါးမန်းပေါ့ စက္ကန့်တို့အဖွဲ့စတင်ခဲ့တာ စက္ကန့်ကျောင်းပြီးခါစအချိန်
အမေရိကန်မှာမို့ အဖွဲ့သားတွေထဲတွင်နိုင်ငံခြားသားတွေပါ ပါဝင်လေသည်။
စက္ကန့် တို့အဖွဲ့သားအားလုံး၏ လက်မောင်းတွင် ငါးမန်းပုံ တက်တူးတွေဆင်တူထိုးထားကြရသည် အဖွဲ့၏အမှတ်အသားတခုအနေနဲ့ပေါ့ စက္ကန့်ကိုယ်တိုင်ကအစ လက်မောင်းထက်တွင် ငါးမန်းတကောင်မာန်ဖီနေသည့်ပုံမျိုး လက်မောင်းထက်တွင် ထိုးထားလေသည်။
အမှတ်အသားတွေကြောင့်အဖမ်းခံရမှာ ကြောက်ရလားဆိုရင်တော့ စိုးရိမ်စရာမရှိပါ အစိုးရထိပ်သီးပိုင်းတွေအထိကို စက္ကန့်လက်အောက်ကမလွတ်နိုင်တာမို့ 'Pistris' အဖွဲ့သားတွေဟာ အားလုံးအေးဆေးပင် သို့သော် လူအားလုံးက လာဘ်ထိုးလို့ရတာမှမဟုတ်ပဲ စာအုပ်ကြီးအတိုင်းဆိုတဲ့ အရာရှိကောင်တေနဲ့တွေ့ရင်တော့ နည်းနည်းပါးပါးရှောင်ရှားရသည်တွေတော့ ရှိတတ်သည်။
အရင်က စက္ကန့်ဆိုတာ မိဘလုပ်ငန်းတွေမှာတောင် လာဘ်စားမှုတွေတရားမျှတမှုမရှိ
တဖတ်စောင်းနင်းလုပ်တာတွေကိုအရမ်းမုန်းခဲ့တာ အခုတော့ စက္ကန့်ကိုယ်တိုင် အဲ့လိုလူမျိုးဖြစ်နေခဲ့သည်။
ဒါတွေအားလုံးရဲ့ တရားခံက ဟိုသျှန်ဇေရဲဇော်ဆိုတဲ့ကောင်ကြောင့်သူသာ စက္ကန့်ကို လိုက်ပြိုင်မနေဘူးဆို စက္ကန့်လည်း ဒီလိုဖြစ်လာမှာမဟုတ် စက္ကန့်ဘာသာ လွတ်လွတ်လပ်လပ် ဘဝကိုအေးဆေးဖြတ်သန်းနေမိမှာ အခုတော့ နိုင်ချင်စိတ်ရယ် လောဘရယ်ပေါင်းလာတဲ့အခါမှာတော့ စက္ကန့်အတွက် ဒုစရိုက်လောကဟာ အမှောင်လမ်းဆိုတဲ့ချောက်နက်ကြီးထဲခုန်ဆင်းစေခဲ့မိလေပြီ။
စက္ကန့်နောင်တရလားမေးရင်တော့ နောင်တမရပါဘူး ။ ယောက်ျားပဲလေ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုတော့ အကောင်းဆုံးလျှောက်ရမှာပဲ မှားနေလည်းဆက်မှားရုံပေါ့ လူတွေကအမှန်နဲ့မှမထိုက်တန်ပဲ ယုံကြည်မှုကိုအလွှဲသုံးစားလုပ်ကြတဲ့သူတွေချည်းပဲ။
ဒါတွေကြောင့် 'မိုးစက္ကန့်ညို' ဆိုတဲ့ တချိန်ကရိုးသားခဲ့တဲ့ဖြူစင်ခဲ့တဲ့ အတိတ်လှလှလေးရှိဖူးတဲ့ နာမည်ကို ဒီလောကထဲကလိုညစ်ညမ်းနေတဲ့အမိုက်အမှောင်တွေကြားမှာ မသုံးချင်တာမို့ 'M' ဆိုသောအမည်နာမတခု ကိုယ့်ဘာသာနာမည်ပေးလိုက်ပြီး Mr.M ဆိုသော အမည်နှင့် လုပ်ချင်ရာတွေလုပ်ပစ်ခဲ့သည်။
စက္ကန့် ကို 'M 'ဆိုသောနာမည်အပြင် ဒီလောကကလူတွေပေးထားတဲ့ နာမည်နောက်တမျိုးရှိသေးသည် ငါးမန်းဖြူကြီးတဲ့လေ
အရိုးကောအသားပါမကျန် အကုန်စားတဲ့ ငါးမန်းဖြူကြီးတဲ့
ရက်စက်မှုတွေနဲ့အမြဲပြည့်နေတတ်တာမျိုးမို့ ပြီးတော့ စက္ကန့်ရဲ့တည်တည်တင်းတင်းမျက်နှာကြောင့် ရေခဲရိုက်ထားတဲ့အသေကောင်လိုမျက်နှာမျိုးဆိုတာမျိုးတွေထိပါပြောကြတာ စက္ကန့်ပြန်ကြားဖူးသည် သူတို့ပြောတာတွေလည်းမှန်နေတာပဲလေ အဲ့တာမို့ တော်ရုံလူတွေ စက္ကန့်ကို ဝင်မရောရဲကြတာ။
စက္ကန့်က ကိုယ့်ကိုလာမထိရင် သူ့ဘာသာဘာကောင်ကြီးဖြစ်ဖြစ် သောက်ဂရုမစိုက်ပေမဲ့ သေးသေးလေးဖြစ်ဖြစ် လာထိခဲ့ရင်တော့ ကြီးကြီးမားမားပြန်ပေးဆပ်ရအောင် အမြဲလုပ်တတ်သည်မို့ လုပ်လည်းလုပ်ခဲ့ဖူးတဲ့ သာဓကတွေ ကြောင့် စက္ကန့်ကို ဘယ်သူမှ သွေးတိုးမစမ်းရဲတော့ စက္ကန့်ကို ဂရုမစိုက်တာဆိုလို့ ဟိုကောင်တကောင်သာရှိသည်
'သျှန်ဇေရဲဇော်' ဆိုတဲ့ကောင် ဘယ်လောက်သူ့ကိုအထိနာအောင်ပြန်လုပ်လုပ် အမြဲလာထိနေတာပင် ပြီးရင် စက္ကန့်အရမ်းမုန်းတဲ့အဲ့ကောင်ရဲ့ မူပိုင်အပြုံးတွေ အမြဲပြုံးတတ်တယ် နှုတ်ခမ်းပါးတွေကို အပ်နဲ့ချုပ်ထားပစ်လိုက်ချင်သည်။
အဲ့ဒီ သျှန် ဆိုတဲ့ကောင်ကလေ သိပ်ရယ်ရတာပဲစက္ကန့် ဒီလောကထဲ ခြေချပါပြီဆိုတာနဲ့
သူကလည်း ချက်ချင်းအဖွဲ့တခုအနေနဲ့
အစပျိုးဝင်ရောက်လာတာ။
ဒါပေမဲ့ စက္ကန့်က သူ့ထက်နည်းနည်းစီနီယာကျသွားတာပေါ့ သူ့ထက်ခြေတလှမ်းလောက်စောပြီး ကြိုရောက်နေတဲ့
စက္ကန့်ကို ကျော်ချင်လို့ ဒီကောင်အသေအလဲကြိုးစားပြီး လိုက်ပြိုင်နေတာပဲ အမြဲတမ်းလည်း စက္ကန့်နဲ့ ထိပ်တိုက်တွေ့နေရတာပဲ
ဒီကောင်ဘာကောင်မှန်းကိုမသိဘူး အမှတ်ကိုမရှိဘူး။
ဘာတဲ့ သူ့ အဖွဲ့နာမည်ကို 'Alis' တဲ့
လက်တင်ဘာသာအရဆို တောင်ပံတွေပေါ့
ချီးပဲ အဲ့ကောင်က အဲ့တောင်ပံတွေနဲ့ မိုးပေါ်ပျံမို့များစဉ်းစားနေတာလားမသိဘူး အဲ့ကောင်တကယ်ဟာသပဲ။
နာမည်ကိုလှလှပပ မစဉ်းစားတတ်ဘူးလားမသိဘူး။ ပြီးတော့ သျှန် တို့အဖွဲ့ကကောင်တွေ နောက်ကျောမှာ တောင်ပံလိုပုံစံ တက်တူးတွေကထိုးခိုင်းထားသေးသည်တဲ့
သူတို့ကိုယ်သူတို့ အဲ့အတောင်တွေထိုးပြီး
ပျံနိုင်မယ်ထင်နေကြတာလားမသိဘူး။
ဒါပေမဲ့ စက္ကန့်လက်မခံချင်ပေမဲ့ လက်ခံရမဲ့အမှန်တရားတခုက သျှန် ဟာ အခုဆို တော်တော်လေးကိုအောင်မြင်နေတာပင်
စက္ကန့်အမြင်ကပ်လောက်သည်အထိကို အောင်မြင်ပြနေတာ
ဒီကောင်သတ်သတ်မဲ့ကို စက္ကန့်လုပ်သမျှ လိုက်လုပ်နေတာ
ဟွန်းး သူ့ကိုသူလည်း Mr.Y တဲ့ ဒီကောင်ရဲ့နာမည်ပေးစကေးက တကယ်ကို စောက်သုံးမကျဘူးလို့ပြောရင်လည်းနာဦးမယ်
ဘာ 'Y' လည်း စက္ကန့်ကတော့ သောက်ရမဲ့ Wine လို့ပဲမြင်တယ် အဲ့ကောင်ကိုက နာမည်စီးပြီး မူးချာလည်နေမဲ့ကောင်
အခုဆို သျှန် ဆိုတဲ့အမည်ရင်းကို စက္ကန့်သာ သိလောက်မည်ထင်သည်။'Y' ဆိုတဲ့အမည်တခုကလွှဲရင် ဒီကောင်ကလည်း
စက္ကန့်လိုပင် သူ့နဲ့ပတ်သတ်သမျှ အချက်အလက်အားလုံးဖုံးကွယ်ထားသည် စက္ကန့် ထုတ်ပြောလိုက်ချင်ပေမဲ့ သူ့စည်းကိုယ့်စည်းဆိုတာတော့ ရှိတယ်မလား အဲ့တာမို့ မပြောဖြစ်ခဲ့တာပင်။
သူ့ရဲ့လုပ်ငန်းအောင်မြင်မှုတွေကတရိပ်ရိပ်နဲ့ကို ထိုးတက်နေခဲ့တာ ဆက်ဆံရေးကလည်းကောင်းသည်လေ
စက္ကန့်နဲ့ခြားနားစွာ ဒီကောင်ကတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာဆရာတဆူပင် လူတိုင်းနဲ့တည့်အောင်ပေါင်းနိုင်သည်။
ပြီးတော့ဒီကောင့်မျက်နှာက ကျောက်ကျောရည်ပက်ထားတဲ့မျက်ခွက်၊ငါးရှဥ့်ဆီသုတ်ထားတဲ့ မျက်နှာ သွား အအေးပတ်မဲ့ကောင် ဆယ့်နှစ်ရာသီ သွားဖြဲပြီးရီနေတာ သူ့ကိုယ်သူ သွားတိုက်ဆေးကြော်ငြာရိုက်နေတယ်များထင်နေလားမသိဘူး။
ဟင်းး သျှန် နဲ့အခုလို သူစိမ်းတွေဖြစ်သွားလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးပေမဲ့ ဆယ်တန်းဖြေပြီးတည်းက သျှန် နဲ့ စက္ကန့်က သူစိမ်းတွေဖြစ်သွားခဲ့ကြလေပြီ
သို့သော် စက္ကန့်ကို နားအလည်နိုင်ဆုံးလူသားဟာလည်း သျှန့်အပြင်မရှိခဲ့တာမို့ ပိုဝမ်းနည်းမိသည် ပိုနှမြောမိသည် ။
ရေငုံနှုတ်ပိတ်နေနိုင်လွန်းတဲ့ အဲ့ကောင်ကိုလည်းမုန်းသည်။
အခုဆို ဆယ်စုနှစ် တခုစာလောက်အထိကို စက္ကန့်သူ့ကိုအမုန်းကြီးမုန်းနေမှန်းသိနေရက်နဲ့ အချိန်တွေကုန်လွန်သွားခဲ့ပေမဲ့ ဘယ်လိုအကြောင်းအရာ တိုက်ဆိုင်မှုမျိုးတွေမဆို
တခုခုကြောင့် ပထမဆုံးသတိရမိသည့်သူမှာ စက္ကန့်အတွက် သျှန် တယောက်သာ ရှိပါသည်။
"သျှန် ငါမင်းရဲ့'ညို' နောက်တခေါက်ပြန်ဖြစ်ခွင့်ရချင်ပါသေးတယ်
ဒီဘဝမဟုတ်လည်း နောက်ဘဝပေါ့ကွာ
ငါမင်းကိုခုထိခွင့်မလွှတ်နိုင်သေးဘူး"
စက္ကန့် ပါးပြင်ပေါ်သို့ ကျဆင်းလာမဲ့ မျက်ရည်စတွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ထုတ်ပစ်လိုက်သည်။
--------------------------------------------
နွမ်စိုင်း မိုးကုတ်ကနေ ရွာပြန်ရောက်ကတည်းက နားကိုမနားရ
နေ့တိုင်း အလုပ်တွေဆက်တိုက်ပဲ သီတင်းကျွတ်လပြည့်နဲ့တိုက်လို့ တခါလားပဲနားလိုက်ရတယ် ခေါင်းဆောင်တဖြစ်လဲ အကိုဖြစ်သူက သူ့အိမ်ကိုအလည်ရောက်နေတဲ့ ဧည့်သည်ကောင်လေး မန္တလေးသား နဲ့သာ အတူရှိနေတတ်တာမို့ ရှိသမျှ အလုပ်ကို နွမ်စိုင်း ချည်းဖိခိုင်းခံနေရသည်။
နွမ်စိုင်းတင်လားဆိုတော့မဟုတ်ပါ
ခေါင်းဆောင် ကသူ့ရဲ့ညီမအရင်းခေါက်ခေါက်ကြီး မိုင်ခမ်းကိုပါ ဘိန်းခင်းတွေထဲမအားမလပ်ရအောင်
အလုပ်တွေတန်းစီခိုင်းထားသည်။
စိုင်းလင်းဆက်လည်း ကျန်းမာရေးပြန်ကောင်းကာစမို့ဆိုပြီးနားရလိမ့်မည်မထင်ပါနဲ့ နယ်စပ်ဘက်က လက်နက်အရောင်းအဝယ်ထိကိုယ်တိုင်သွားနေရသည်။
ခေါင်းဆောင် ခြေလှမ်းတွေမူမမှန်ဘူးထင်မိပေမဲ့ ဘာကိုမူမမှန်လည်း နွမ်စိုင်းလည်းမသိပါ ။ တခါတလေဆို စခန်းထဲမှာ အလုပ်လုပ်နေရင်း တယောက်တည်းထိုင်ပြီးပြုံးနေတတ်သေးသည်။
လပြည့်ညကလည်း ရွာကလူတွေကို ဂစ်တာတီးပြမယ်ပြောပြီးဧည့်သည်ကောင်လေး
ခွန်းစေကိုး ဆီမှာသာ ခေါင်းဆောင်မျက်လုံးပြေးမကပ်ရုံတမယ်ပဲ ခေါင်းဆောင် ရိုးတော့မရိုးတော့ဘူး။
ဒါပေမဲ့ သွားမေးလို့ရတဲ့အလုပ်မှမဟုတ်တာ
နွမ်စိုင်းနဲ့ ခေါင်းဆောင်နဲ့ယှဉ်ရင် ဒီတိုင်းဆို
တူတူလောက်ပဲထင်ရပေမဲ့ သေချာကြည့်ရင် နွမ်စိုင်းက ခေါင်းဆောင်ထက် နည်းနည်းလူကောင်သေးချင်တယ် ဟိုကလက်မြန်ခြေမြန်သမား သွားပြောမှ အဆော်ခံနေရမယ် ။
ပြီးတော့ နွမ်စိုင်း ခြောက်လုံးပြူး လဲ မကြိုက်ဘူး ။
ဘိန်းပန်းတွေပွင့်ခါစအချိန်မို့ နွမ်စိုင်း ကျောက်တွင်းတွေဘက်လည်းမလှည့်နိုင်သေးပါ ဘိန်းခင်းထဲမှာသာအချိန်ကုန်လိုက် စခန်းကလေ့ကျင့်ရေးတွေဆီမှာ အချိန်ကုန်လိုက်နဲ့ လူကလုံးချာလည်နေပါတယ်ဆိုမှ တောင်ကြီးတန်ဆောင်တိုင် လည်ချင်သေးတာမို့ အလုပ်တွေကိုလည်း အမြန်လက်စဖြတ်ရသေးသည်။
နွမ်စိုင်း မျှော်လင့်နေသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရောက်လာချိန်မှာတော့ နွမ်စိုင်းထင်ထားသလောက်မပျော်ရပဲ
တခုခုလိုအပ်နေသလိုပင် စိတ်ထဲမှာ ဘာကိုလိုနေမှန်းလည်းမသိ
မီးပုံးပျံကြီးတွေတက်သွားတာငေးကြည့်ရင်း အရင်လိုလည်းစိတ်လွတ်လက်လွတ်မပြုံးမိ
နွမ်စိုင်း ပြုံးမိလိုက်တဲ့အချိန်လေးမှာလည်း
^^ "မဟုတ်ပါဘူး ကိုယ်က
မင်းစိတ်လွတ် လက်လွတ် ရီနေတာ
သဘောကျလို့ပါ"
"ဗျာ ဘာလို့လဲ "
"အင်း ကိုယ် အဲ့လို မရီဖြစ်ခဲ့တာ ကြာပြီမို့လေ" ^^
ထိုသူ၏စကားသံများကို နားထဲပြန်ကြားလာမိပြန်သည်။သူ့ကို ပြုံးရယ်စေချင်သည် ။
'Y' ဆိုတဲ့သူကြီးကလေ
ပြုံးလိုက်ရင် အရမ်းဆွဲဆောင်မှုရှိတာ သူ့ဆီကဟန်လုပ်အပြုံးမျိုးမဟုတ်ပဲ နွမ်စိုင်းတွေ့ခဲ့ဖူးတဲ့ 'Y' သဘောတကျရီပြုံးနေတာမျိုးကို
နောက်တခေါက်ထပ်တွေ့ခွင့်ရချင်ပါသေးသည်။
စူဠာမဏိစေတီတော်ဆီသို့ပူဇော်နေကြသော မီးပုံးပျံတွေတလုံးပြီးတလုံးတက်သွားတိုင်း
နွမ်စိုင်းမရည်ရွယ်ပါပဲ စိတ်ထဲကပေါ်လာတဲ့ တိတ်တဆိတ်ဆုတောင်းလေးဟာ 'Y' ဆိုသောထိုလူကြီး လွတ်လပ်စွာပြုံးရယ်နိုင်ဖို့ .....
နွမ်စိုင်း စိတ်ထဲမှာ တခါသာတွေ့ဖူးပေမဲ့ နေရာအများကြီးယူသွားတဲ့ လူပါပေ သူ့ရဲ့ထူးခြားချက်ပဲလားတော့ နွမ်စိုင်းမသိတော့ပါဘူးလေ
လူတယောက်ကို အရမ်းအစွဲအလန်းကြီးတာ
မကောင်းဘူးဟု ပါးပါးပြောခဲ့ဖူးတာမို့
နွမ်စိုင်း စိတ်ကိုရှင်းနိုင်သလောက်ရှင်းထားသည်။ သူနဲ့နွမ်စိုင်း နောက်ထပ် ထပ်တွေ့ဖို့အကြောင်းလည်းမရှိလောက်တော့ဘူးထင်ရတာပဲလေ အဲ့တာမို့ စိတ်ထဲရှင်းထုတ်လိုက်ပေမဲ့'Y' မျက်လုံးထဲမှာ နွမ်စိုင်းမြင်ခဲ့ရသော အထီးကျန်မှုတွေကို ပျောက်ပြယ်စေချင်နေမိတယ် ပြုံးပျော်နေစေချင်မိတဲ့ ကိုယ့်စိတ်ကိုယ်လည်းနားမလည် အရင်ဆို မီးပုံးပျံတွေတက်သွားတိုင်း ကိုယ့်အတွက်ကိုယ်တောင် ဆုမတောင်းခဲ့ဖူးတဲ့ နွမ်စိုင်း က 'Y' အတွက်တော့ ဆုတောင်းပေးနေမိသည်။
Oct 29, 2021
Thanks For Reading.
#Paing Koe 🌸🍉
---------------------------------------------------