"ချေချေ.... မင်းဘဲကြီး က ဖိနပ်ထုတ်ပြန်ပြီကွ မင်း ဝယ်မှာလား "
"အေးကွာ လိုချင်ပင်မဲ့ ပိုက်ဆံမရှိနေဘူး ဦးဂျီကလဲ တစ်မျိုးပြီးတစ်မျိုး ထုတ်နိုင်လွန်းတယ်ကွာ Come Back ကျ မလုပ်ဘဲ "
"သူဌေးသားပေါက်စရာ မင်းက ပိုက်ဆံမရှိဘူးဆိုတော့ ငါတို့က သူတောင်းစားအဆင့်ရောက်နေပြီ"
"ယောကျာ်း ပစ္စည်း ကိုယ့်ပစ္စည်းလို့ သဘောထားပြီး မဝယ်တော့ဘဲနေရမလားလို့ ဒီတစ်ခါ "
"ဒါပေမဲ့ Design က ရှယ်မိုက်တာနော် ငါ့ကောင် စျေးကလဲ ရှယ်ပဲ "
"မားမားနဲ့စိတ်ကောက်နေတယ် မုန့်ဖိုးမရဘူး
ငါ့ယောကျာ်းကလဲကွာ စျေးလောက်ရောင်းနေတာပဲ နောင်ရေးအတွက် အဲ့လောက်စုစရာမလိုပါဘူးဆိုနေတာကို "
ဇွတ်တွေကို သူ့ယောကျာ်းလုပ်နေတဲ့ ငချေကို ကြာတော့ မိုး ထကန်ချင်လာပြီ ။ စားပွဲခုံပေါ်မှောက်ခေါင်းလေးစောင်းပြီး နှုတ်ခမ်းလေးထော်ကာထော်ကာ GD ကိုစိတ်ဆိုးကြောင်းပြောနေသော သူငယ်ချင်းလေးက တကယ်ကိုချစ်ဖို့ကောင်းလွန်းနေတာကြောင့် ကန်ဖို့စိတ်ကူးလေးဟာ ပျက်စီးသွားရပါသည်။
"ပိုက်ဆံပွားလို့ရမယ့်နည်းမရှိဘူးလားကွာ"
"အေး ရှိတော့ရှိတယ်ကွ "
"ဟမ် တကယ်လား ပြောပြ ပြောပြ"
ချက်ချင်းခေါင်းထောင်လာပြီး နည်းမေးနေပုံထောက် ချေချေ တကယ်ကြီး ပိုက်ဆံပြတ်နေပုံပဲ ။
"ဖဲရိုက်လေ "
"ဟာ ငါမှ မရိုက်တက်ပဲကွ ပိုက်ဆံမပွားပဲ အကြွေးတိုးနေမှာ "
"အေး ဒါလဲ ဟုတ်တယ်နော် "
သူငယ်ချင်း ၂ယောက် ပိုက်ဆံပွားလို့ရမယ့်နည်းကို ထိုင်စဥ်းစားနေစဥ်
"သား...သားလေး...မားရဲ့ ချေချေလေးရေ
ဘာတွေလုပ်နေတာလဲ "
ရောက်လာပါပြီ တတိယနှစ်က စီနီယာမမ များ ။ ချေ့ကို ဇွတ်တွေ သားခေါ်ပြီး လင်ပေးစားချင်နေကြတာ ဘယ်လိုအစ်မတွေမှန်းမသိဘူး စိတ်ညစ်လိုက်တာ ။'ချေ' ပြန်မထူးဘဲ စားပွဲပေါ်ခေါင်းပြန်မှောက်နေလိုက်တယ် ။
"ဟယ် မား သားလေး ဘာတွေ စိတ်ညစ်နေတာလဲ မျက်နှာလေးညှိုးနေပါ့လားပြောစမ်း မား ကလေးလေးကို ဘယ်သူစိတ်ညစ်အောင်လုပ်တာလဲ "
"ဘာ ချေချေလေး မျက်နှာညှိုးနေတယ်ဟုတ်လား ဖယ်စမ်း ...ကလေးလေး မားမားကိုပြော ဘာတွေ စိတ်ညစ်နေလဲဟင် "
ချေချေ ပြန်မဖြေမချင်းတယောက်တပေါက်နဲ့ မေးနေကြတဲ့ စီနီယာမမ တွေကို နားပူလာတာကြောင့် မိုး ကပဲရှင်းပြရတော့သည် ။
"အော်... သားရယ် ဘာများလဲလို့ ဒီကိစ္စက
မားတို့ကိုသာအားကိုးလိုက် "
"ဟုတ်တယ် ချေလေးရဲ့ မားမားပိုင် က ဒီတပတ် အပိုင်ကွက်ရထားတယ် "
"ဘာအပိုင်ကွက်တုန်းဗျ စိတ်ညစ်ရတဲ့ကြားဗျာ သွားကြစမ်းပါ "
"ခု ကလေးလေး ပိုက်ဆံလိုနေတာမလား မားတို့ဆီမှာ ပိုက်ဆံပွားနည်းရှိတယ် "
"ဟင် တကယ်လား "
ခေါင်းမှောက်အိပ်နေရာမှ 'ချေ' စိတ်ဝင်တစားမော့ကြည့်မိသည် ။ ဒီလိုကျ မား ရှိတာ ကောင်းသားပဲ
"တကယ်ပါရှင် ဒီအပတ်ဆို မား ၂ခါတောင် ပေါက်ထားတာ "
"ဘာပေါက်တာလဲဟင် ထီ လား"
"အွန်း ထီ တော့ ထီပဲ ၂လုံးထီ "
"ဟမ် အဲ့တာ လောင်းကစားကြီးမလား ချေ အဲ့တာမျိုးမကြိုက်ပါဘူး "
"ကျွန်တော် စိတ်ဝင်စားတယ် ပြောပြ မမ "
"အေး ဒီအပတ် 2D ကို 5 ကွက်အပိုင်ရထားတာ မနေ့ညနေနဲ့ ဒီမနက် အဲ့ထဲက 2ကွက်ထွတ်တာ ဒီအပတ်အတွက် 3ကွက်ပဲကျန်တာ 100 ဖိုးဆို 8000 ပြန်ရတာနော် "
"ဟာ မိုက်လှချည်လား ဒါဆို ကျွန်တော်ကော ထိုးမယ် ဂဏန်းပြောပြဦး "
"ချေ...ချေလဲ ပိစိလေး စိတ်ဝင်စားသွားပြီ
ဟီးဟီး "
" 5တလုံး အပိုင် ရထားတာ ပြီးတော့ 2တလုံးလဲကောင်းတယ် 52 ကတော့ အပိုင်ကွက်ပဲ သားတို့ ဘယ်လောက်ဖိုးထိုးမလဲ "
ချေ နဲ့ မိုး တယောက်မျက်နှာ တယောက်ကြည့်မိသည် ။ မားတို့ပြောတာကို ချေတို့၂ယောက် နားမလည်ပါ ဒါမဲ့ ပိုက်ဆံပွားနည်း ဆိုတာမို့ ယုံစားလိုက်ဖို့သာရှိသည်။
"အားလုံး ဘယ်နှကွက်ရှိတာလဲ "
"အကုန်ဆို 10ကွက် ရှိမယ် သား လုံးဝပေါက်စေရမယ် မားမားပိုင် အာမခံတယ်"
"တကွက် 1000 ဖိုးထိုးမယ်ဗျာ "
"အွန်း ကျွန်တော် ရောပဲ "
"အေးအေး မား ထိုးပေးထားမယ် "
"ဟွန်း ဦးဂျီ ခင်ဗျား စောင့်နေလိုက် ချေ
ငွေထုပ်ပိုက်ပြီး ခင်ဗျားကိုလာဝယ်လဲ့မယ် "
"အမလေး အူယားစရာလေး ချေချေရယ် ဘယ်လိုလေး ပြောနေတာလဲ"
ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေသော ရုပ်လေးကြောင့် 'ချေ' စိတ်ညစ်ပါတယ်လေ
ညနေ 4:00 ....'ချေ ' ရင်အရမ်းခုန်နေရသည်
မားပိုင် ဆီက Ph ကိုလဲ မျှော်ရင်း မုန့်စားရတာတောင် စိတ်မဖြောင့်ဘူး ။ 'မိုး' ကလဲ ပိုက်ကြီးထိုင်ကိုက်နေတယ်
" Bang Bang Bang .... Ban Ban Ban"
"ဟျောင့် ချေ Ph လာပြီ အမြန်ကိုင် "
"အေး... Hello... ဗျာ "
"ဘာ... ဘာဖြစ်လို့လဲ "
Ph ချပြီး စကားပြန်မလာတဲ့ ချေချေ့ ကြောင့် 'မိုး 'မှာ ရင်တထိတ်ထိတ်နဲ့
"ရေးး ပေါက်တယ်ကွ.. ဟားဟား 25 တဲ့ကွ "
"ဟမ် ငါတို့ထိုးတဲ့ထဲ 25မပါဘူးလေ 52 ပဲပါတာကို "
"ဒီငတုံးကတော့ ဟိုဟာလေကွာ ဘာတဲ့ R တာ ဟုတ်တယ် R တာမို့ ပေါက်တယ်လေကွ "
"ဟေ ဟုတ်လား ဟားဟား ပျော်လိုက်တာ"
'ချေ 'နဲ့ 'မိုး' တယောက်ကိုတယောက် ဖက်ကာ အော်ဟစ်ခုန်ပေါက်ရင်း
"သူဌေးဖြစ်ပြီ ဟားဟား လာ ပိုက်ဆံသွားယူကြမယ် "
"ချက်ချင်းမရော်နိုင်သေးဘူးတဲ့ကွ မားပိုင်ပြောတာ မနက်ကျ ရမယ်တဲ့ "
"ဟုတ်လား အဲ့တာလည်းဖြစ်ပါတယ်လေ ဒါနဲ့ ငါတို့ ဘယ်လောက်တောင်ရမှာလဲ "
"အေး ဘယ်လောက်ရမှာပါလိမ့် လာ ချတွက်ကြည့်ကြမယ် "
"100 ကို8000 ကွာ ခုက 1000ဖိုးဆိုတော့ 80000 ကွ မိုက်တယ် "
"နေဦး ထိုးခ ပေးရဦးမယ်မလား "
"အေး ထိုးခက 1000... 10ကွက်ဆိုတော့ 20000 ပေးရမှာ ဟင် ဒါဆို ငါတို့ 6 သောင်းပဲရတော့မှာ "
"ဘာပဲဖြစ်ဖြစ် တန်တယ်လေကွ ငါတို့ အရင်းမထုတ်ဘဲ 6 သောင်းတောင်ရတာကို "
"ဟုတ်တော့လဲဟုတ်တာပဲ နောက်ထပ် 10ခါလောက်ပေါက်ရင် ဖိနပ်ဝယ်နိုင်လောက်ပြီ"
"အေး နောက်နေ့လဲ မားပိုင်ကို မေးပြီး ထိုးကြမယ်လေ "
ဒီလိုနဲ့ သင်္ချေစောယွမ်း နှင့် မိုးစက်တိမ်တိုက်
တို့ 2ယောက် ချဲထိုးခြင်းကို စွဲလမ်းသွားကြလေသည်။
"မားပိုင် ဒီနေ့ ဘာကောင်းလဲ "
ကျောင်းဝန်းထဲ ခြေချတာနဲ့ မားပိုင်တို့အုပ်စုရှိရာသို့ အရင်ဦးတည်ကြမိသည် ။ ငွေရပေါက်က မားတို့အုပ်စုမှ လာသောကြောင့် ခုတလောမားတို့ကို ကပ်ပေါင်းထားမှရမယ်လေ ။
"0 ကောင်းတယ်ပြောတယ် ချေချေ "
"ဟုတ်လား ချေ က 9 ကြိုက်နေတာကို "
"ဟုတ်တယ် မနေ့က ကျွန်တော် နဲ့ချေ တွက်ကြည့်တာ 94 ရတယ် "
ဘယ်လိုနည်းနဲ့တွက်ပြီး ရလာသလဲတော့ သူမတို့မသိသလို သားတော်မောင်၂ယောက်ကလဲ ပြောမပြချေ ။ ရှိစေတော့ သူတို့သားတွေက ချစ်ဖို့ကောင်းတော့ ဒီလိုပဲရလာတာနေမာပေါ့
"ဒါဆို သားတို့ ကြိုက်တာလဲ ထိုးလေ "
"မပေါက်တာ 2ရက်ရှိပြီနော် မားပိုင် "
"အော် ချဲဒိုင် က ငါ့လင်မှ မဟုတ်ပဲ အမြဲပေါက်နေရအောင်က "
"ဟဲဟဲ မားပိုင် လင်တော်ထားလိုက်ပါ့လား ဒါဆို ချေ တို့ ချဲဖိုးရှင်းစရာမလိုတော့ဘူးလေ"
"သိပ်ချစ်ဖို့ကောင်းတဲ့ ငါ့သား၂ကောင် "
"ဟီးဟီး ချေ က ချစ်လို့စတာ ပါ ချေ့မားပိုင်ကို ဘယ်သူနဲ့မှ သဘောမတူနိုင်ပါဘူးနော်"
"အမလေး ငါ့သားလေးတွေ "
"ပိုင် 3D က ဘယ်နေ့လဲ "
"ဒီနေ့ နောက်ဆုံးလေ ညနေထွက်မှာ "
"ဟယ် ကောင်မစုတ် ငါ့ကိုကြိုမပြောဘူး ဘာဂဏန်းကောင်းလဲ ပြောကြပါဦးဟက် "
"နေစမ်းဦး ငါ Gp ထဲမေးလိုက်ဦးမယ်"
ဘာတွေငြင်းနေမှန်းမသိတာကြောင့် ချေတို့မှာ ဝင်မငြင်းနိုင်ဘူး ။
"မားပိုင် ဘာဖြစ်တာလဲ "
"အော် ညနေ 3D ထွတ်မှာလေ အဲ့တာထိုးဖို့ပြောနေကြတာ "
"3D ကရော ဘယ်လိုရတာလဲ ဟင် "
"3D က 100 ဖိုးဆို 5သောင်းရတာလေ"
"ဗျာ...5...5သောင်း ဟုတ်လား "
"ဟာ မားပိုင်က အစောကမပြောဘူး ဒါကို"
"အင်းလေ မားပိုင် လူဆိုး"
"အော် ကလေးစုတ်တွေရေ 3Dက တစ်လမှ 2ခါပဲထွက်တာ နင်တို့ ချဲစထိုးတာ လဝက်ပဲရှိသေးတာကို "
"ဟီး မားကလဲ "
'ချေ' သွားဖြီးပြီး မားပိုင်ကို ပြန်ချော့ရပြန်သည်။
"ချေ တို့လဲ ထိုးမယ်လေ ဘာဂဏန်းကောင်းလဲ "
"မားပိုင် ရတာက 3ကွက်ရှိတယ် "
"ဟက် 188 - 500 ဖိုးထိုးမယ် ငါက "
"ဘယ်ကရတာလဲဟက် "
"ငါ့ကောင်လေးတွေ အဖွဲ့ကလေ 188 Boys Group "
"ငါက တေးတဝမ် ထိုးမှာ ငါ့ယောကျာ်းနာမည်"
"ဒါဆို ငါက ပတ်ချန်းယောလ် ပဲ "
"ချေ က ဦးဂျီ "
"ကျွန်တော် က Lisa "
"ဟက် ချဲထိုးနေတာနော် နင်တို့ဆိုင်ရာပိုင်ရာတွေ နာမည်ရွတ်ခိုင်းတာမဟုတ်ဘူး "
ပိုင် အကုန်လုံးကိုပိတ်အော်လိုက်မှ ငြိမ်သွားကြသည်။ တကယ်ပါပဲ ချဲမထိုးပဲ သူတို့လင်တွေ နာမည်လာပြောနေတာ မုန့်ဖိုးပြတ်နေလို့ ချဲရောင်းစားနေပါတယ်ဆိုမှ ဒီကြားထဲ မော်ကွန်းထိန်းနဲ့ မတွေ့အောင်လဲ ပတ်ပြေးရသေးသည်မှာအလုပ်တခုပင် ။
"မားပိုင်ရထားတဲ့ 3ကွက်ကို 5000 ဖိုးစီထိုးမယ် ဦးဂျီနာမည်ကို 10000ဖိုး "
"ကျွန်တော်က Lalisa နာမည် 10000 ဖိုး
မားပိုင် ရတာက 5000 ဖိုးစီ"
"အေးဟေ့ ကိုယ့် Idol နာမည်ကို ချဲဂဏန်းကောက်ပြီး ထိုးနေလိုက်ကြ နင်တို့တွေ"
"ချစ်လွန်းလို့ ချဲထိုးတာတောင် သူတို့နာမည်ကို ကောက်ပြီးထိုးတာလေဗျ "
"ရေစက်တွေ ဖန်တီးနေတာလို့ ခေါ်တယ် မားပိုင်ရဲ့ "
"တချိန် သူနဲ့ကိုယ် လက်ထပ်တဲ့ခါ အမှတ်တရတွေပြန်ပြောပြရင်း ကြည်နူးမို့"
"ငါ ထကန်လိုက်ရ ဒီကောင်စုတ်တွေ"
"ဟီးးဟီးး "
" 2D က ထိုးဦးမှာလား "
"ထိုးမှာ 0 ပတ်မယ် 94 ကို 5000 ဖိုး ဒဲ့ပဲနော် မRဘူး 94 က"
"အေးအေး ချဲဖိုးက တခါတည်းရှင်းကြမှာလား "
"ရှင်းမှာ အကြွေးမထိုးဘူး ပြီးတော့ ညနေကျ ငွေထုပ်ပိုက်ပြီး အိမ်ပြန်မှာ "
"အကြွေးထိုးရင် မပေါက်ဘူးလို့ ခံစားရလို့"
"သောက်ကြီးသောက်ကျယ်တွေပါအေ"
"အမှန်တရားပြောတာကို "
"ဒါနဲ့ ချေချေ နင့်ဦးဂျီ နာမည်က 4လုံး ဖြစ်နေခါ ငါဘယ်လိုကောက်ပေးရမှာလဲ "
"ဟမ် ဘာလို့ "
"ဂျီ ဒ ရယ် ဂွန် လေ "
"ဂျီ က 2.. ဒ က 7..ရ က 4...ဂ က 2... 3လုံးပဲကောက် လို့ရတယ်လေ 2 က ထပ်နေတာကို "
"အေး ဟုတ်သားပဲ ဒါနဲ့ R မှာလား "
"အွန်း ဦးဂျီနာမည်က R မှာ "
"ထိုးထားပေးမယ် 3D ဖိုးက ညနေမှ ပေါက်သီးထဲက နှုတ်လိုက်မယ်လေ "
"ဟိ မားပိုင် ပါးစပ်လေးက ဒီတခါပဲ စကားအကောင်းထွတ်တယ် "
မရှိတဲ့မျက်ပေါက်ကို မှေးပြီး မျက်စောင်းထိုးနေသူကြောင့် 'ချေ' နဲ့ 'မိုး' ခိုးရယ်မိသည် ။
"ကျွန်တော် တို့ အတန်းသွားတက်လိုက်ဦးမယ်
ဂဏန်းထွက်မှ Ph call လိုက်တော့နော်"
"အေး မားတို့လဲ ကျူတို ရှိလို့ ပြေးပြီ "
"တာ့တာ "
၂ကောင်သား မြှောက်ကြွ မြှောက်ကြွနဲ့ အတန်းဆီသို့ လမ်းကြောင်းတည်လိုက်တယ်
"ဒီနေ့ ချဲပေါက်မယ့် အငွေ့အသက်တွေရနေတယ် မိုး "
"အေး ငါရောပဲ ငါတို့ ကျိန်းသေပေါက်မှာ "
"ဟားဟားဟား "
ဘဝ က မအေးအေးဝင်း စီစဉ်တာမဟုတ်တော့ ထင်သလိုဖြစ်မလာခဲ့ပေ ။
"94 လဲမထွက်ဘူးကွာ ငလူး "
"စိတ်အေးအေးထားပါ ညနေ 3D ကျန်သေးတယ် ငါ့ကောင်"
"အေး ဦးဂျီရေ ခင်ဗျားကယ်မှ ဖြစ်တော့မယ်ဗျ "
"စိတ်ပြေလက်ပျောက် NF ကြည့်လိုက်ဦးမယ်ကွာ "
"အေးအေး "
'မိုး' NF ကြည့်နေတုန်း တက်လာတဲ့ Post တခု
^^ညနေ 5နာရီ ထိုးလို့မှ
'ချေ' အိမ်ပြန်မလာရင်
မားမား ဟိုအတန်းမှာ 'ချေ့' ကို
လာပြန်ရွေးလဲ့ပါ
ပုံ / မားမားရဲ့ ပူတူတူးလေး ^^
"ဟေ့ကောင် နိမိတ်မရှိဘာမရှိနဲ့ ဘယ်လိုကြီးတင်ထားတာလဲကွ "
"ချဲဖိုးတွေပြန်တွက်ကြည့်ဦး ငါ့သား "
ခဏအကြာ....
"Ting "
'ချေ့'Ph က Noti သံကြောင့်ကြည့်လိုက်တော့
'Cloud comment on your post'
^ငါ့ကိုစောင့်ဦး သားကြီး^^
Haha ပေးပြီး ၂ကောင်သား ရယ်မိသည် ။
"ငါတို့က ပေါက်မှာ ဒါက ဟာသတင်တာရယ်"
"ဟုတ်တယ် "
ထပ်တက်လာတဲ့ Cmts တွေကို မကြည့်တော့ဘဲ စာသင်တာကို ပြန်အာရုံစိုက်နေလိုက်တယ်
At 5:00 PM. ...
' Chill added a post '
^^ဟိုအတန်းမှာ 'ချေ' စာကမ်းနေရပါပြီ
တွေ့ရင် ခေါ်ကြဦးနော်ဗျ
#Chill (ငိုကြွေးနေသော အီမိုဂျီ) ^^
ချိန်တိုင်းရှတဲ့ ချိန်ရှမ: ချေလေးရေ မမ က ရောက်နှင့်နေပြီသိလား ~~
Uke များ၏ မာတာမိခင်: မားကလေးလေးကို မား ပြန်ရွေးလဲ့မယ် ခုတော့ မားအရင်ထွတ်နိုင်အောင် ကြိုးစားလိုက်ဦးမယ် ô v ô
ပတ်ချန်းယောလ် ရဲ့ ချစ်ဇနီးလေး: ယောပေါ ရက်စက်တယ် အီးဟီး ချဲမပေါက်ဘူး
လိမ္မာယဥ်ကျေးအပိုင်လေး: ဟီးဟီး
'Cloud added a photo'
^^Now Mood:
အမှောင်သခင်ကြီး:ဟယ် မှောင်ပြီ ö-ö
တည်ငြိမ်အေးဆေး ခါအီမယား: အဖြစ်ဆိုးလှချည်လား သားရေ ....
ငါ့လင်က ဘလက်ခ်ကဒ်ပိုင်တယ်: တို့က ချဲမထိုးဘူး
"အီးဟီး မိုး ငါတို့ဘယ်လိုလုပ်မလဲ "
"အီးဟီး တသိန်းနီးပါးရှင်းရမှာဟ "
"တကယ် စာကမ်းရတော့မယ်ထင်တယ် "
"အင့် စာမကမ်းချင်ဘူး... မားမားရေ သားအဖြစ်ကို လာကြည့်လှည့်ပါဦး "
"အူးဝါးး မင်းကို ငါပြောသားပဲ နိမိတ်မရှိ လျှောက်မတင်ပါနဲ့ဆိုတာ ခုတော့ ဖြစ်ပြီ"
"အင့် ငါလဲ ဘယ်သိပါ့မလဲလို့... အမလေး
ဦးဂျီရဲ့ ခင်ဗျား အချစ်ကလေးအဖြစ်ကို မြင်နိုင်ပါရဲ့လား "
"Lisa လေးရေ အီးဟီးး "
"အင့် ငိုနေလို့မပြီးဘူးကွ ငါတို့ဘယ်လိုလုပ်ကြမလဲဟင် "
"ပြေးကြမလားဟင် "
"အေး လာ အိမ်မြန်မြန်ပြန်ကြမယ် "
ထိုင်နေရာမှ အသည်းအသန်ထကာ ကျောပိုးအိတ်ထဲ ပစ္စည်းတွေ သိမ်းကြုံးထည့်ပြီး ဆိုင်ကယ်ရပ်ထားရာဆီသို့ ပြေးဖို့လုပ်ကြသည်။ လမ်းမှာတွေ့တဲ့သူမှန်သမျှကိုလဲ မသိချင်ယောင်ဆောင်ပြီး ကရောကသော ပြေးရသည်။ ဆိုင်ကယ်ကို အရှိန်ဘယ်လောက်နဲ့ မောင်းမိလဲတော့မသိဘူး အိမ်ကို နာရီဝက်နဲ့ ပြန်ရောက်လာသည် ။
"ဟက် ချေချေ ဆိုင်ကယ် ဘယ်လိုမောင်းလာတာလဲ တိုက်မိကုန်မှဖြင့် "
"ချေ အလျင်လိုနေလို့ပါ မားမားရယ် "
"ဘာဖြစ်လာတာလဲ အကြွေးရှင်လိုက်လာလို့လား "
အမလေး မားမားတယောက်အကြားအမြင်များရနေသလားမသိဘူး ကွက်တိပဲ
"အဟင်း မားမားကလဲ ပေါက်ကရတွေ "
"အေး နောက်မှ တခြားသူဆီက ပြန်သိရရင် သေမယ်ပြင်ထားနော် ချေချေ"
"ချေ ဘာမှမလုပ်ပါဘူးဆို တော်ပြီ အပေါ်တက်တော့မယ် "
"ကြွ ကြွ မောင်မင်းကြီးသား "
အခန်းထဲရောက်မှ ကုတင်ပေါ် ဝမ်းယားမှောက်ပြီး ချေ အော်ငိုမိသည် ။
"အီးဟီးး ချဲဖိုးအကြွေးတွေဘယ်လိုရှင်းရမလဲ မားမားဆီလဲ တောင်းလို့မရဘူး ပါးပါးပေးထားတာကလဲ သုံးပစ်လိုက်မိပြီ.... အူးးဝါးး
ချေ တကယ် ဟိုအတန်းကိုသွားရတော့မှာလား
ဟင့်..... မသွားချင်ဘူး အီးးး "
30min ငိုပြီး မောသွားတော့မှ
"ဟင့် ဒီလို အိပ်ငိုနေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး တခုခုကြံမှဖြစ်မယ် "
အိပ်နေရာမှထထိုင်ပြီး မျက်ရည်များကိုသုတ်ကာ အခန်းထဲကိုမွှေတော့တယ် ။ တခန်းလုံး အနှံ့ ရှာပြီးတာတောင် လက်ထဲမှာ ထိုင်းငွေက(ဘတ်ထားတဲ့ ငွေ) 35000 ပဲရှိတယ် ။
ချဲဖိုးက တစ်သိန်းကျော်ရှင်းရမှာ ဘယ်လိုလုပ်ရပါ့.... အာ သိပြီ
Later. ...
Recent searches
#အသည်း ပေါက်စျေး
#ကျောက်ကပ်တခြမ်း ဘယ်လောက်ရလဲ
#လက်တလော ဥတလုံးပေါက်စျေး
#ဟိုအတန်း တည်နေရာ
#ရှူးဂါးဒယ်ဒီ ဘယ်လိုရှာရမလဲ
#ချဲထိုးပြီး ချဲဖိုးမပေးရတဲ့နည်း
#နောက်အပတ်ဘာကောင်းလဲ!
"မဟုတ်သေးဘူး ခုတောင် ဟိုအတန်းကို ခြေတလှမ်းချပြီးနေရပြီကို ငါထပ်မိုက်လို့မဖြစ်ဘူး ချဲမထိုးတော့ဘူး.... ဟုတ်တယ် ချဲမထိုးတော့ဘူး စွန့်လွှတ်လိုက်ပြီ "
ခေါင်းတငြိမ့်ငြိမ့်နဲ့ Ph ကြည့်ရင်း Facebook Search Bar မှာ ပေါက်ကရများနဲ့ ပြည့်သွားသည် ။
"အယ် နောက်အပတ် 6တလုံး အပိုင်တဲ့ မားပိုင်ကလဲ အပူးကောင်းတယ်ပြောထားတာ
66 တော့ ထိုးဦးမှပဲ.... အားးး ငါ ချဲမထိုးဘူး လို့ ချဲဂဏန်းတွေ တက်မလာကြပါနဲ့တော့"
တချိန်က ချဲဂဏန်းပေးသမျှ Page အကုန် Like လုပ်ထားမိတာကို နောင်တရလာသည်။ အပေါ်ဆွဲဆွဲ အောက်ကြည့်ကြည့် ချဲဂဏန်းများသာမြင်နေရသောကြောင့် NF ကို ပိတ်ချလိုက်ပြီး ရင်မောစွာတွေးမိတယ် ။
"မားပိုင် နဲ့ မတွေ့အောင် ရှောင်မှဖြစ်မယ်"
"Bang Bang Bang.... "
ခုချိန်မှာ Ph Rt ကိုလဲ ကြည်နူးစွာမခံစားနိုင်တော့ဘူး ။ ဦးဂျီအစုတ်ပလုတ် ဟင့်
Contact Name ကိုကြည့်တော့
^ပေါက်လွှတ်ပဲစား ^ တဲ့
"ပြော "
"ချေချေ မားပိုင် Post တင်ထားတာ တွေ့ပြီးပြီလား "
"ဟမ် ဘာတင်ထားလို့လဲ "
"ချဲဖိုးမပေးရသေးတဲ့သူတွေ နက်ဖန်ညနေ နောက်ဆုံးထားပြီးပေးပါ မဟုတ်ရင် နာမည်နဲ့အကြွေးစာရင်းကို Public ချပြပစ်မယ်တဲ့"
"ဘာ ဒါ..ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ ငါ့ဆီမှာ 3သောင်းကျော်ပဲရှိတယ် "
"ငါက 5သောင်းနီးပါး ရှိတယ် "
"လူယုတ်မာကောင် တိတ်တိတ်လေး ခိုးစုထားတာ သေနာကောင် "
"ဟျောင့် ငါ့ဘာသာ သိမ်းထားမိတဲ့ပိုက်ဆံလေကွာ တမင်ခိုးစုထားတာမှမဟုတ်ဘဲ ဒါကိုအသာထားစမ်းပါဦး ကျန်တဲ့ပိုက်ဆံကို ဘယ်သွားရှာကြမလဲ "
"မသိဘူး မင်းလို့ လူယုတ်မာနဲ့ စကားမပြောဘူး လစ်စမ်း"
"တီ..."
"ခွေးသားလေး "
သူက ဘယ်လောက်မှ မလိုဘူး 'ချေ 'တယောက်ထဲ ဟိုအတန်းရောက်တော့မယ် ထင်တယ် ။ စိတ်ရှုပ်တာနဲ့ ရေထချိုးပြီး အောက်ထပ်ဆင်းလာလိုက်သည်။
"ထမင်းဆာပြီလား ကလေးလေး "
"ချေ ထမင်းမစားချင်ဘူး ကြီးမေ "
အိမ်ရဲ့ အိမ်တော်ထိန်းတဖြစ်လဲ ချေ ငယ်စဥ်က ထိန်းကြောင်းပေးခဲ့တဲ့ မားမား အစ်မဝမ်းကွဲ ကြီးမေ က ချေ့ကို သိပ်အလိုလိုက်သည်။ ခါးကိုဖက်ပြီး ချွဲတော့လဲ ရယ်ရင်း ခေါင်းလေးကို ဖွပေးသည်။
"ဒါဆို ကြီးမေရဲ့ ကလေးလေးက ဘာစားချင်သလဲ ကလေးလေးစားချင်တာ ကြီးမေလုပ်ပေးမယ် "
"အွန်း ကြီးမေ လက်ရာ ခေါက်ဆွဲပြုတ်စားချင်တယ် လုပ်ပေးပါနော်... နော် "
"ဟုတ်ကဲ့ပါရှင် ကြီးမေရဲ့ ကလေးလေး အကြိုက်လုပ်ပေးမယ် ခဏစောင့်နေ "
"သယ် ဆာရာငှဲ မွမွ "
ပါးကို နမ်းပြီး ချေ ဧည့်ခန်းဆီပြန်ထွက်လာသည်။ မားမားကိုတော့မတွေ့ဘူး ခြံထဲက သစ်ခွပင်တွေဆီသွားနေတယ်ထင်တယ်။
ဧည့်ခန်းက ဆက်တီခုံမှာ ထိုင်ပြီး TV ကြည့်ရင်း ငွေရပေါက်စဥ်းစားနေရသည်။
တော်ပြီ နက်ဖန် ကျောင်းမသွားတော့ဘူး
ဒါဆို မားပိုင်ကိုလဲရှောင်ပြီးသားဖြစ်တယ်
^^မားပိုင်က ညနေမှချဲဖိုးမပေးရင် အကြွေးတွေကို Public ချပြပစ်မယ်တဲ့ကွ^^
အတွေးထဲ 'မိုး' ပြောတဲ့စကားများပြန်ကြားလာရတော့ ငိုချင်လာသည် ။
Major King လေး၊ တိုက်ကွမ်ဒိုရွှေတံဆိပ်ဆုရှင်လေး ဆိုတဲ့ ဂုဏ်ပုဒ်တွေ ပြီးတော့
ယွန်းသစ်ခွစံအိမ် အရှင်သခင်ငယ်က အကြွေးမပေးနိုင်လို့ Public ချပြခံရတယ်ဆိုရင် မားမားသတ်လို့မသေခင် 'ချေ' ကိုယ့်ဘာသာ သတ်သေမိလောက်သည်။
အိတ်ထောင်ထဲက Ph ကိုထုတ်ပြီး Searches Box မှာ ထပ်ရှာရပြန်သည်။
#အလုပ်မလုပ်ရဘဲ ပိုက်ဆံရနည်း
#နေ့တပိုင်းနဲ့ တစ်သိန်းရအောင်
ဘယ်လိုလုပ်ရမလဲ
#အချိန်ပိုင်းအလုပ်များ
"ဟင်းး"
ဘာမှလဲမတွေ့ဘူး ။ ထားပါလေ နက်ဖန်တမနက်လုံးရှာချိန်ရှိပါသေးတယ် အေးဆေးပေါ့
ချေ က ဒီလောက်ချစ်ဖို့ကောင်းပြီးချောတာ
ပိုက်ဆံက သူ့ဘာသာဝင်လာလိမ့်မယ်
ဟုတ်တယ် ခုတော့ ဗိုက်ဆာပြီ
စားသောက်ပြီး စောစောစီးစီး ပဲအိပ်ရာဝင်လိုက်တယ် ။NF ကြည့်လဲ ချဲဂဏန်းတွေပဲတက်နေတာမို့ မကြည့်ချင်တော့ဘူး။
----------------------------------------
စက္ကန့်အလုပ်ကိစ္စတစ်ခုကနေအပြန် ချာတိတ်ကို လှမ်းတွေ့လိုက်ရသည်။ အစက လူမှားတယ်ထင်နေတာ ဘာကြောင့်ဆို ချာတိတ်ကို
တွေ့တာ အပေါင်ဆိုင်တစ်ခုရှေ့မှာမို့ပင်
ဒီဆိုင်က အရှေ့မှာသာ အမိန့်ရအပေါင်ဆိုင်
တကယ်က မှောင်ခိုဆေးရောင်းဝယ်တဲ့ ဌာနတစ်ခုမို့ ချာတိတ်ကို ဒီရှေ့မှာတွေ့လိုက်ရတော့ ရင်ထိတ်သွားမိတာ အမှန်။ ကိုယ့်တူအရွယ် ကလေးတယောက်ကို လမ်းမှားမရောက်စေတာက စက္ကန့်ရဲ့တကယ့်စိတ်ရင်းတခုပါ ။
"ဟိတ်ကောင် ကားခဏရပ်စမ်း "
"ဗျာ..ဆရာ ဘာဖြစ်လို့လဲ "
"လျှာရှည်တာကွာ ရပ်ဆို ရပ်လိုက်ပါ့လား"
"ဒီနားရပ်မရဘူး ဆရာရ ဘဲဥ ဖမ်းလိမ့်မယ်"
"မှောင်ခိုဒုစရိုက်တွေကျလုပ်ပြီး ဘဲဥ ကိုကြောက်နေရလားဟ ရေလောင်းလိုက် ဖမ်းရင်လဲ "
"ဟုတ် ဟုတ် "
အခုမှ ယာဥ်စည်းကမ်းလမ်းစည်းကို အရမ်းလိုက်နာချင်နေသော တပည့်ကို ထုထောင်းချင်စိတ်တွေက တဖွားဖွားပဲ ။
ကားရပ်တာနဲ့ အမြန်ဆင်းပြီး ချာတိတ်ဆီသို့ပြေးသွားမိသည်။ချာတိတ်က အပေါင်ဆိုင်ရှေ့က ပလက်ဖောင်းမှာ ရပ်ရင်း ဆိုင်ကိုလှမ်းကြည့်နေတယ် ။
"ချာတိတ် "
လေသံမာမာနဲ့ ခေါ်လိုက်တော့ တုန်သွားတဲ့ ခန္ဓာကိုယ်လေးကိုကြည့်ခြင်းအားဖြင့် ဒီကလေး မဟုတ်တာလုပ်ဖို့ကြံစီနေတယ်ဆို သေချာသလောက်ဖြစ်နေချေပြီ။
"ဦး..ဦးလေးကြီး"
"ဘာလုပ်နေတာလဲ ဒီရှေ့မှာ လာစမ်း "
"ချေ... ချေ လုပ်စရာလေးရှိလို့ပါ "
"ဒီနားမှာ မင်းရဲ့လုပ်စရာအလုပ်ကဘာရှိမှာလဲ လာ ငါနဲ့ လိုက်ခဲ့ "
လက်ကို ဆွဲပြီး ခေါ်တော့ ချာတိတ်က လိုက်မလာပဲ ပေရပ်နေသည်။
"မင်းခြေထောက်နဲ့မင်းလာမလား
ငါတရွတ်ဆွဲခေါ်ရမလား "
ထိုအခါမှ မျက်နှာငယ်လေးနဲ့ နောက်ကလိုက်လာသည် ။ ကားနားရောက်တော့ အထဲဝင်ခိုင်းတော့မဝင်
"ချေ့ ဆိုင်ကယ်ပါတယ် "
"ဘယ်နားမှာရပ်ခဲ့တာလဲ "
အပေါင်ဆိုင်ရဲ့ ဟိုဘက်နားမှ ဆိုင်ကယ်အနက်လေးကို လက်ညိုးထိုးပြသည်။
ရှေ့ခန်းက တပည့်ကို ဂုတ်မှဆွဲထုတ်ရင်း
ချာတိတ်ဆီက ဆိုင်ကယ်သော့ယူပြီး ပေးလိုက်တယ် ။
"သွား... ယွန်းသစ်ခွစံအိမ် ကို ပြန်ပို့ပေးလိုက်"
"ဟုတ်ကဲ့ ဆရာ "
"မားမား ဆူမှာပေါ့ မပို့နဲ့ "
"ဒါဆိုလဲ ဆိုင်ကယ်ယူပြီး ဆိုင်တစ်ခုမှာထိုင်နေချည် ငါ ခေါ်မှလာခဲ့ "
"ဟုတ် ဆရာ "
"ဝင် ကားထဲ "
နူးညံ့မှုတစက်မှမရှိဘဲ ကားထဲအတင်းထိုးထည့်နေတဲ့ ဦးလေးကြီးကြောင့် ချေ့မှာ မငြင်းရဲဘူး ။ ဘာကိုစိတ်တိုနေမှန်းမသိ မျက်မှောင်ကုတ်ပီး ကားကိုသာမောင်းနေသည်မို့ ချေ ကြောက်စိတ်ကပိုကြီးဆိုးလာသည်။
"ဦး...ဦးလေးကြီး ဘယ်သွားမို့လဲဟင်"
"မင်းနဲ့စကားပြောဖို့လိုတယ် ဒါကြောင့် အေးဆေးရှိမယ့် နေရာတစ်ခုကိုသွားနေတာ"
"ဟုတ် "
ချာတိတ်က စက္ကန့်စိတ်တိုနေမှန်းရိပ်မိပုံပေါ်သည်။ အသံမထွက်ပဲ ဘေးကငြိမ်ငြိမ်လေးထိုင်ပြီး ပတ်ဝန်းကျင်ကိုသာငေးကြည့်နေသည်။ စက္ကန့်ကိုယ်တိုင်လဲ ဘာကိုစိတ်တိုနေမှန်းမသိ။ ချာတိတ်ကို အဲ့ရှေ့မှာ တွေ့လိုက်ရတာကြောင့်လား မတော် ချာတိတ်သာ မူးယစ်ဆေးဆွဲနေခဲ့ရင်...
အတွေးနဲ့တောင် စက္ကန့်ရင်တွေပူလာရသည်။
ဟင့်အင်း ဖြစ်ခွင့်မပေးနိုင်ဘူး ။ ချာတိတ်က ဒီလိုမျိုးမဖြစ်ရဘူး။ စက္ကန့်အတွေးတွေနဲ့တင် မျက်ခမ်းစပ် က ပူလာရသည် ။
ကားမောင်းနေရင်းမှ တအံ့တဩ လက်ဖြင့်သုတ်ကြည့်မိတယ် ။ ပထမဆုံး ပဲ သူစိမ်းတယောက်ကြောင့် ဒီလိုဖြစ်ရတာ
ပုသိမ်ကြီးဘက်ကိုသွားတဲ့ လမ်းပေါ် ကားလေးရပ်ရင်း ချာတိတ်ကို မေးမြန်းဖို့လုပ်ရသည်။ အကယ်၍ တခုခုဆိုလဲ အချိန်မှီစက္ကန့်တားနိုင်မှာပါ ချာတိတ်က ဒီလောက်လိမ္မာတာကို ။
"ချာတိတ် ကိုယ်မေးမယ် အမှန်တိုင်းဖြေနော်
ကိုယ့်ကိုလဲမကြောက်နဲ့ ဟုတ်ပြီလား ပွင့်ပွင့်လင်းလင်း အကုန်ပြောပြနော် "
"ဟုတ် ဘာမေးမို့လဲ ဦးလေးကြီး "
"မင်း...အဲ့ဆိုင်ရှေ့မှာ ဘာလုပ်နေတာလဲ"
စက္ကန့်မေးလိုက်တော့ ချာတိတ်က ကိုယ်အနောက်ရွေ့သွားရင်း မျက်ဝန်းများက လဲ အပြင်ဘက်ကို ဂဏာမငြိမ် ကြည့်နေသည်။
စက္ကန့်ပိုပြီး ရင်ထိတ်လာရတာကြောင့် ချာတိတ် ပခုံးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်း
"ချာတိတ် ကိုယ့်မျက်လုံးကိုကြည့် ဘာကြောင့်အဲ့ဆိုင်ကိုသွားရတာလဲ "
"ဟို ချေ...ချေ လုပ်စရာလေးရှိလို့ပါ"
"သင်္ချေစောယွမ်း "
"ဟင့် ချေ့ကို မအော်ပါနဲ့ "
"ဒါဆို အမှန်တိုင်းဖြေလေကွ "
ခုထိအမှန်တိုင်းပြောမလာတဲ့ ချာတိတ်ကို
စက္ကန့်ပိုစိတ်ပူလာမိသည်။ နူးနူးညံ့ညံ့ကလေးမို့ ကြမ်းကြမ်းတမ်းတမ်းလဲ ရိုက်နှက်မေးလို့မရပြန်။
"ချေ့မှာ ဘာပြသာနာဖြစ်နေလဲ ကိုယ့်ကိုပြောပြ... ကိုယ်ကူညီမယ် နော် "
"ဟင့် ...တကယ်လား ဦးလေးကြီး "
"အင်း တကယ် ကတိ"
"ဟို...ချေ... ပိုက်ဆံလိုလို့ လက်စွပ်သွားပေါင်တာ "
မဟုတ်မှလွဲရော လက်စွပ်ပေါင်ပြီး ဆေးဝယ်မလို့များလား ။ အတင်းမေးလို့မရသေးတာမို့ ဆက်ပြီးချော့မေးရသည်။
"အင်း ချာတိတ်က ဘာလို့ ငွေလိုရတာလဲ"
"အဲ့တာကလေ..... ချေ အကြွေးပေးစရာရှိလို့"
တိုးတိုးလေးပြောတဲ့ ချာတိတ်ကြောင့်မနည်းနားထောင်ယူရသည်။ ဆေးကိုအကြွေးဝယ်ထားတာများလား
"ဘာကိုအကြွေးပေးရမှာလဲ သေချာပြောစမ်း
မင်း...မင်း ဆေးသုံးနေတာလား ချာတိတ်"
"ဗျာ "
ပြူးကြောင်ကြောင်လေး ပြန်ကြည့်လာတဲ့ ချာတိတ်က တကယ့်ကိုအရိုးခံလေး
"ကျစ်...မင်း မူးယစ်ဆေးသုံးနေတာလားလို့"
"ဟာ ပေါက်ကရ မသုံးပါဘူး "
"ဒါဆို မင်းက ဘာလို့ငွေလိုရတာလဲ"
"ချေ.... ချဲဖိုးအကြွေးပေးရမှာမို့"
လွဲနေလိုက် မိုးစက္ကန့်ညိုရေ
ပခုံးမှ ဆုပ်ကိုင်ထားတဲ့လက်ကိုဖယ်ပြီး ကားကူရှင်ပေါ် မှီချပစ်ရင်း နက်ခ်တိုင်ကို ဖြည်မိသည် ။
"ဟူးး "
သက်ပြင်းချပြီး ကားထဲအသင့်ရှိတဲ့ရေဘူးကိုဖောက်သောက်ပြီးတဲ့ထိ ချာတိတ်က မျက်လုံးပြူးလေးနဲ့ လိုက်ကြည့်နေတုန်း အင်းပေါ့ သူလဲ နဲနဲခေါင်းစားသွားမှာပေါ့
မနက်တည်းက 'ချေ' ကျောင်းမသွားဘဲ နေ့တပိုင်းအလုပ်လိုက်ရှာနေတာ အလုပ်က မတွေ့တာမို့ လက်မှာစွပ်ထားတဲ့ လက်စွပ်လေးကို ခဏပေါင်ပြီးအကြွေးဆပ်ဖို့ စဥ်းစားပြီး အပေါင်ဆိုင်သို့လာတာ ။ အပေါက်ဝကနေ အထဲကို ဆက်မဝင်ရဲတာမို့ ရပ်နေတုန်း ဦးလေးကြီးက လက်ကိုအတင်းဆွဲခေါ်လာတာ ခုလဲ ဘာတွေမေးနေမှန်းမသိဘူး ။
"နေစမ်းပါဦး မင်းက ချဲထိုးတက်တာလား"
"ဟီး ချေ လိုချင်တာလေးဝယ်မို့ ပိုက်ဆံပွားရင်း အကြွေးနည်းနည်းတင်သွားလို့"
"အေး ကောင်းရောကွာ အကြွေးက ဘယ်လောက်တင်နေတာမို့ လက်စွပ်ပါပေါင်ရတဲ့ထိဖြစ်တာလဲ "
"တစ်သိန်းခွဲ လောက် "
"ပြီးတော့ မင်း အဲ့ဆိုင်ကို ဘယ်ကနေဘယ်လိုသိတာလဲ "
"ကျောင်းက သူငယ်ချင်း တယောက်ပြောပြတာ သူလဲ အဲ့ဆိုင်မှာ ပေါင်နေကျတဲ့ "
"နောက်အဲ့ကိုမသွားနဲ့ အဲ့ဆိုင်က မူးယစ်ဆေးတွေပါရောင်းတယ် မင်း ထောင်ထဲဝင်နေရမယ် သိလား "
"ဟုတ် ဟုတ် "
ထိုအခါမှ ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ် လုပ်လာတယ် ။
"မင်း လိုတဲ့ပိုက်ဆံလဲ ငါပေးမယ် နောက်ကို လျှောက်မလုပ်နဲ့ကြားလား"
"ဟာ ဦးလေးကြီးက လဲ အားနာစရာကြီး ချေ မယူချင်ပါဘူး "
"မရှည်နဲ့ ငါရှာတဲ့ပိုက်ဆံကို သုံးမယ့်သူမရှိလို့ မှိုတက်ပြီး လွှင့်ပစ်ရတော့မှာမို့ မင်းကို ပေးသုံးတာ "
"ဝါးး ဦးလေးကြီးကတကယ် ဘောစိပဲ"
"အဟက် ခုမှသိတာလား "
"အွန်း "
ခေါင်းတဆက်ဆက်ငြိမ့်ရင်း မျက်လုံးတောက်တောက်လေးနဲ့ ကြည့်နေတဲ့ ချာတိတ်က တကယ် ငတုံးလေးပဲ ။
ပိုက်ဆံအိတ်ထဲက 10000တန်အရွက်20လောက် ထုတ်ပြီး ချာတိတ်ဆီ ကမ်းပေးလိုက်တယ်
"ရော့ အကြွေးဆပ်ဖို့ လောက်ရဲ့လား ငါ့ထဲ အကြွေသိပ်မပါလို့ လိုသေးရင် ဘဏ်ကထုတ်ပေးမယ် ဒါမှမဟုတ်လဲ ကဒ်တခု ယူထားလိုက် ရော့"
10000တန် ကို အကြွေလို့ပြောပြီး ဘလက်ခ်ကဒ်တခု ကို အေးဆေးထုတ်ပေးလာတဲ့ ဦးလေးကြီးက ဘယ်လောက်တောင် ချမ်းသာတာလဲ.... ဒယ်ဘားး ။
မျက်လုံးထဲကမီးရောင်တွေထွက်မတက်တလက်လက်တောက်ပပြီး ချာတိတ်က ပြုံးပြုံးကြီး ကြည့်လာတာမို့ စက္ကန့် နဲနဲလန့်သွားရသည်။
"ဘာလဲ မလောက်ဘူးလား "
"ဦးလေးကြီး ဒီကဒ်ကလေ ချေ့ကို အပိုင်ပေးတာလားဟင် "
"လိုချင်ယူလိုက်လေ အဲ့တာငါသုံးလက်စကဒ်
ပိုက်ဆံနဲနဲတော့ကျန်ဦးမှာပါ ခဏ ငါစစ်ကြည့်လိုက်ဦးမယ် "
ချေ့ကို ပြောပြီး ဦးလေးကြီးက သူ့Ph ကိုထုတ်ပြီး စစ်နေသည် ။
"190,980,000 ကျပ်တော့ ရှိသေးတယ် "
Ph Screen ထက်က ကိန်းဂဏန်းများကိုရေကြည့်ရင်း ချေ လန့်သွားရတယ်
"ဘော်ရဂူရော "
"ဘာတုန်းဟ လန့်တာ "
သိန်းတစ်ထောင်ကျော် ရှိတဲ့ ကဒ်ကို ခုလိုပေးပစ်လိုက်တယ် ။ ဒီလူက ဒီလောက်တောင် ရက်ရောတာလား ။
"ဦးလေးကြီး... ဒီပိုက်ဆံတွေကို ချေ ပြန်ဆပ်ရမှာလားဟင် ဒါမှမဟုတ် ချေ့အသည်းကိုထုတ်ယူမှာလား ကျောက်ကပ်ထုတ်ရောင်းမို့လားဟင် "
ချက်ချင်းကြီးမျက်နှာငယ်လေးနဲ့ မေးလာတဲ့ချာတိတ်က ပေါက်ကရတွေတွေးမိပြီနေမယ်။
ဒီပိုက်ဆံပမာဏလောက်က စက္ကန့်အတွက် ဖိနပ်တစ်ရံဖိုးလောက်ပဲရှိတာမို့ သိပ်အရေးမပါတာကို ချာတိတ်က ဘာတွေစိတ်ပူနေတာလဲ
"ငါ့ဖိနပ်တစ်ရံဖိုးလောက်ပဲရှိတဲ့ ပိုက်ဆံကို ကလေးဆီကနေ ပြန်တောင်းနေစရာလား ဒီတိုင်း လမ်းကြုံလို့ မုန့်ဖိုးပေးတာယူထားလိုက်"
"အတည်ကြီး ဝါးး မိုက်လိုက်တာ "
"အဲ့အစား ငါ့ကိုကတိတခုပေးရမယ်"
"အွန်း တစ်ခုမကဘူး ကြိုက်သလောက်ပြော"
"မူးယစ်ဆေးမသုံးရဘူး "
"အွန်း စိတ်ချ ချေ လုံးဝမလုပ်ဘူး "
"လောင်းကစားမလုပ်ရဘူး မင်း ပိုက်ဆံလိုရင် ငါ့ကိုပြော "
"ချဲထိုးတာက လောင်းကစားမှမဟုတ်တာကို အွန်းပါ မလုပ်တော့ဘူး "
မျက်ထောင့်နီကြီးနဲ့ ကြည့်လာတဲ့ ဦးလေးကြီးကြောင့် ကတိအမြန်ပေးလိုက်ရသည်။
"နောက်ဆုံးအချက်ငါ့စကားနားထောင်ရမယ်"
"အွန် ပြောတော့ ကတိတစ်ခုဆိုပြီး ဦးလေးကြီးက... ဟဲဟဲ နားထောင်မယ်လို့ "
လက်ထဲကိုင်ထားတဲ့ 10000တန်တထပ်နဲ့ ကဒ်ကို ကျောပိုးအိတ်ထဲ အမြန်ထိုးထည့်ထားလိုက်သည်။ တော်ကြာစိတ်ပြောင်းပြီး ပြန်တောင်းသွားရင် ဘယ်လိုလုပ်မလဲ ။
"ဦးလေးကြီး "
"အင်း ပြော"
"ချေ လဲ ကတိပေးပြီးပြီ ဆိုတော့လေ ချဲထိုးတာကို မားမားဆီ ပြန်မတိုင်ပါနဲ့နော် "
"တိုင်မှာပဲ "
"ဟင့် ဦးလေးကြီးကလဲ ချေ ရိုက်ခံရလိမ့်မယ်လို့ဆိုနေ မတိုင်ပါနဲ့နော် "
"အိမ်ပြန်ပို့ပေးမယ် "
"ဟင့်အင်း အိမ်မပြန်သေးဘူး...ချေ အကြွေးသွားဆပ်ရဦးမယ် ညနေအမှီမဆပ်နိုင်ရင် မားပိုင် က Public မှာ အကြွေးစာရင်း တင်မှာတဲ့"
"ဒါဆို ဘယ်သွားမှာလဲ ငါပို့ပေးမယ် "
"Main နားက ဆိုင်မှာ ချိန်းထားတာ "
"အင်း"
ဆိုင်ရောက်တော့ ချာတိတ်က အမြန်ဆင်းပြေးသွားသည်။ စက္ကန့်ကိုလဲ မှာသွားသေးတယ် 'ကားပေါ်မှာပဲနေခဲ့ပါ' တဲ့
"မားပိုင် "
"ဟေ ချေချေ အကြွေးလာဆပ်တာလား"
"ဟုတ်တယ် ဘယ်လောက်ပေးရမှာတုန်း ပြော မြန်မြန် "
"115000 ရှင်းရမှာ ချေချေ "
" ဟွန့် အတိအကျကိုတွက်ပြီးတောင်းနေလိုက်"
"ပိုက်ဆံမပြည့်ရင် ရှိသလောက်ပဲပေးခဲ့လေ ကျန်တာနောက်ရက်မှပေး "
"တခါတည်းအကုန်ပေးမှာပါ အကြွေးစာရင်း အတင်မခံနိုင်ဘူး "
ပြောပြောဆိုဆို ဦးလေးကြီးပေးထားတဲ့ ပိုက်ဆံအထပ်လိုက်ကို ဆွဲထုတ်လိုက်တယ်
"ဟယ် ချေချေ နင် ဘယ်က ခိုးလာတာလဲ"
"သားလေး ဘာတွေများသွားရောင်းလာတာလဲ ဟင် "
"လူကို ငမွဲများထင်နေလား မုန့်ဖိုးရလာတာ"
"ဘယ်သူပေးတာလဲ အများကြီးပဲရော"
"အာဂျူးရှီး ပေးတာ... ရော့ မားပိုင် အကြွေးကျေပီနော် ထပ်လာမတောင်းနဲ့ "
"အေးပါဟယ် "
"ဒါဆို ပြန်ပြီ ကားပေါ်မှာ စောင့်နေတာမို့"
"ဟက် နေပါဦး "
"အယ် ဒီကလေး "
ဘယ်သူပြောတာမှ နားမထောင်တော့ပဲ ဦးလေးကြီး ကားရှိရာသို့ ပြန်လာခဲ့သည်။
BMW Latest Model သို့ တက်သွားသော ချေချေ့ကို လိုက်ကြည့်ပြီး မားတသိုက် သက်ပြင်းချမိသည်။ ငါ့သားလေး လူဆိုးတွေနဲ့များတွေ့နေသလား....
ကားပေါ်ရောက်တော့
"ခု အိမ်ပြန်ပို့ရမှာလား ချာတိတ် "
"ဟုတ် ဦးလေးကြီး "
"ချာတိတ် "
"ဗျာ "
"00 ကနေ 99 အထိ ဘာထွက်မလဲမသေချာတဲ့ ဂဏန်းတွေကို ထိုင်စဥ်းစားနေမယ့်အစား ကိုယ့်အကြောင်းပဲတွေးနေပါ့လား အနည်းဆုံးတော့ ချာတိတ် မုန့်ဖိုးလိုချင်တိုင်းကိုယ်ထုတ်ပေးမှာပေါ့ "
"ဗျာ.."
ပါးစပ်ဟောင်းလောင်းနဲ့ ချာတိတ်က အံ့ဩတကြီး ကြည့်နေသည် ။ စက္ကန့်ပြောတာ ဘာများမှားလို့လဲ ။
Nov 26, 2021
Thanks For Reading.💛💛
#Paing Koe 🌸🍉
--–-------------------------------