ဒီနေ့က Apirl 13 ...
တနည်းအားဖြင့် မြန်မာ့၁၂လရာသီ ပွဲတော်တွေထဲက ပထမဆုံးပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ပွဲတော် အကြိုနေ့.....
မန္တလေးမြို့ရှိ သက်ကြီးရွယ်အို များကတော့ ဥပုသ်သီလယူရန် ဆိုင်ရာဘုန်းကြီးကျောင်းများသို့ သွားကြပြီး လူငယ်များကတော့ မန္တလေးသင်္ကြန်ကို လည်ရန် တာဆူနေကြသည် ။
တခြားသူများကတော့ နားရက်ရတာကြောင့် အနားယူရန်ပျော်ပါးရန် တွေးနေကြစဥ် စက္ကန့်ကတော့ ပစ္စည်း အလဲအထပ်လုပ်ရန် ချိန်းဆိုထားမှုတခုကြောင့် အနားမယူရသေးပေ။
"ဆရာ ကျွန်တော်တို့ နည်းနည်းစောထွက်မှ အဆင်ပြေလိမ့်မယ် သင်္ကြန်ကာလဆိုတော့ လမ်းတွေကပိတ်နေမှာ "
"အေး အားလုံးအသင့်ပြင်ထားလိုက် ခဏနေရင် ငါဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့ ဆရာ"
စက္ကန့်အမြန်ဆုံးပြင်ဆင်ရသည်။စောနကလက်ထောက်ကောင်လေးပြောတာမှန်သည် မန္တလေးသင်္ကြန်ကတကယ်ကိုအစည်ကားဆုံးပွဲ စက္ကန့်တို့ အစောသွားမှသာ လမ်းတွေမပိတ်ခင် ချိန်းထားတဲ့နေရာသို့ရောက်နိုင်မှာဖြစ်သည်။
စက္ကန့်တို့ ထွက်လာတော့ မနက် 7 နာရီသာရှိသေးသည်မို့ လမ်းကရှင်းနေသေးသည်။ရေသဘင် မဏ္ဍပ်တွေကလည်းလူမစုံသေး လမ်းမကြီးထက်တွင်တော့ ဘုန်းကြီးကျောင်းသို့သွားကြသည့်လူကြီးသူမတွေသာ တွေ့နေရသေးသည်။
စက္ကန့်တို့က ချိန်းထားတဲ့နေရာသို့ နာရီဝက်လောက်စောရောက်နေသည် ကားတွေကလည်း ကိုယ့်ဘက်ကလူတွေချည်း သုံးစီးလောက်ပါသည်မို့ တခုခုဆို ရှောင်လို့ရအောင် ကားတွေကို သင်္ကြန်ကားတွေနဲ့ရောယောင်ပြီး အလှဆင်ထားရသည် 4 wheel တွေမို့ ရေစည်တွေပါတင်ထားကာ သင်္ကြန်လည်သလိုလိုဘာလိုလို ထင်အောင်လုပ်ထားလိုက်သည်။
"ဆရာလာပြီ ဟိုဘက်ကလူတွေ"
စက္ကန့်ခေါင်းတချက်ငြိမ့်ပြလိုက်တော့ ကားမောင်းသည့်ကောင်လေးက စက္ကန့်ကို ကားတံခါးဆင်းဖွင့်ပေးသည်။ဟိုဘက်ကအဖွဲ့ကလည်း ရေစိုဖက်ရှင်တွေနဲ့ ရုပ်ဖျက်ပြီးရောက်လာသည်။ အဝါရောင်နေကြာပွင့်ကြီးတွေပါတဲ့ ရှပ်အကျီဆင်တူတွေကိုဝတ်ထားပြီး ခေါင်းကိုလည်း ကျစ်ဆံမြှီးတွေက ကျစ်ထားသေးတယ် ။ လမ်းဘေးမှာပုံရောင်းတဲ့ တလက် ၁၅၀၀ ဆိုတဲ့ မျက်မှန်တွေကိုယ်စီ တပ်ထားပြီး သူတို့ကိုယ်သူတို့ အရမ်းအထာကျတယ်ထင်နေကြတာ ။ ဘာဖြစ်ဖြစ် ကိုယ့်အလုပ်မဟုတ်တာမို့ ပြောမနေတော့ဘူး
"Mr.M လိုချင်တဲ့ပစ္စည်းဒီမှာပါ"
စက္ကန့်လူတယောက်က ကမ်းပေးလာသော အိတ်ကိုဖွင့်ကြည့်ပြီး
ပစ္စည်းမှန်ကန်ကြောင်း စက္ကန့်ကိုခေါင်းညိမ့်ပြသည်။
"ရော့ ဒီမှာပိုက်ဆံ "
ကျောပိုးအိတ်တလုံးနှင့်ထည့်လာသောပိုက်ဆံတွေကို တဖက်အဖွဲ့ဆီသို့ ကမ်းပေးလိုက်သည်။ဒီလိုပစ္စည်းအလှဲအလှယ်တွေအတွက် ပိုက်ဆံကို ဘဏ်ကနေရှင်းရင် စိတ်မချရတာမို့ ငွေသားဖြင့် ရှင်းကြသည်ကများသည်။
"ကဲ အဲ့တာဆို ပြီးပြီပေါ့နော် "
တဖက်ကလူကပြောလာသည်မို့ စက္ကန့်မဲ့ပြုံးတချက်သာပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။ထိုစဉ်...
"ရွှီ... ဟေ့ အကုန်ရပ်"
ဝီစီမှုတ်သံတခုနှင့်အတူ သင်္ကြန်ပွဲအတွက် လုံခြုံရေးချထားပုံရသည့် ရဲတွေက စက္ကန့်တို့ဆီသို့ လျှောက်လာနေသည်။
"သေရောပဲ"
တဖက်အဖွဲ့ကလူက စကားသံနှင့်အတူ စက္ကန့်နှင့်မျက်လုံးချင်းဆုံကာ မေးတချက်ဆတ်ပြပြီး ကိုယ်ပါလာသည့်ကားတွေဆီသို့ အမြန်ပြေးရသည် ကိုယ့်လူတွေကလည်းအလိုက်တသိပင် ကားတံခါးဆင်းဖွင့်ပေးသည့်သူနှင့် ကားစက်နှိုးပြီးအဆင့်သင့်ပြင်ထားသည်မို့ အလွယ်တကူရှောင်လို့ရသွားသည်။
"ဟေ့ ရပ် ရပ် "
စက္ကန့်တို့ ကားတွေရှေ့သို့ ပိတ်ရပ်လာသော ရဲတွေကို ရှောင်ကာ အမြန်မောင်းလာခဲ့သည်။သို့သော် သူတို့ရဲကားတွေကလည်း စက္ကန့်တို့ကားနောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာကြသည်။ရဲကားကတစီးတည်းမို့ စက္ကန့်တို့ဘက်က ကားသုံးစီးပါသောကြောင့် မျက်ခြေဖျက်လို့ရအောင် တစီးစီခွဲထွက်ပြီးမောင်းဖို့ အမိန့်ပေးလိုက်သော်လည်း ကံဆိုးစွာပင် စက္ကန့်လိုက်ပါလာသော ကားနောက်သို့ တန်းတန်းမတ်မတ်ကို ရဲကားကလိုက်လာသည်။
"ဆရာ ကျွန်တော်တို့နောက်ကပဲ ဆက်တိုက်လိုက်နေတယ် ဘယ်လိုလုပ်ကြမလဲ"
"အေး ငါလည်းစဉ်းစားနေတယ် "
"ဆရာ ကျွန်တော်စဉ်းစားမိတာ ပြောရမလား"
"မင်းကားကိုသာ ဂရုစိုက်မောင်း စကားများမနေနဲ့ တိုက်မိကုန်မယ်"
"ဟုတ် ဆရာ"
"ပြောကြည့် မင်းအစီအစဉ်ကို"
စက္ကန့်တို့ကားပေါ်မှာ လူသုံးယောက်ပါသည်။လက်ထောက်ရယ် ကားမောင်းတဲ့ကောင်လေးရယ် စက္ကန့်ရယ် ကားမောင်းတဲ့ကောင်လေးကသူ့အစီအစဉ်ကိုဆက်ပြောပြသည်။
"ကျွန်တော် သိသလောက် ဒီလမ်းမဆုံးခင် လမ်းကြားတခုရှိတယ်
အဲ့နားကိုအမြန်မောင်းသွားပြီး ရဲကားမမှီလာခင် ဆရာဆင်းနေခဲ့လိုက် ကျွန်တော်တို့က ဆက်မောင်းသွားလိုက်ပြီး သင်္ကြန်ကားတွေနဲ့ရောပြီး ခြေရာဖျောက်လိုက်မယ် အကယ်လို့ကျွန်တော်တို့ကားကိုမိသွားခဲ့ရင်တောင် ဆရာ မပါရင် ပြသနာသိပ်မကြီးလောက်ဘူး ဆရာလွတ်သွားဖို့အရေးကြီးတယ်"
ဒီအစီအစဉ်ကအဆင်ပြေတယ်ဆိုပေမဲ့ စက္ကန့်လက်မခံချင်ပါ
ကိုယ်လွတ်ဖို့အတွက် လက်အောက်ငယ်သားကို ထိုးကျွေးရမည့်ကိစ္စကြီး စက္ကန့်ကိုယုံလို့ စက္ကန့်အနားမှာ ရှိနေတဲ့သူတွေကို ချပြီးစတေးပစ်ရလောက်အောင် စက္ကန့်မရက်စက်နိုင်သေးပါ ဘာပဲဖြစ်ဖြစ် တခုခုဖြစ်လာခဲ့ရင်တောင် စက္ကန့်ကသူတို့ခေါင်းဆောင်အနေနဲ့တာဝန်ယူရှင်းရမည့်ဟာကို အခုက ငယ်သားတွေက စက္ကန့်အတွက်ပြန်တွေးပေးနေကြသည်။ခေါင်းဆောင်ကောင်းတယောက်တော့ဖြစ်ချင်သည် ဒီလိုလုပ်ရပ်မျိုးကို စက္ကန့်မလုပ်နိုင်ပါ။
"ငါလက်မခံဘူး ငါတယောက်လွတ်ဖို့မင်းတို့တွေကိုထိုးမကျွေးနိုင်ဘူး"
"ဆရာ ခေါင်းမမာပါနဲ့တော့ဗျာ ဒီအစီအစဉ်ကမှ အဆင်ပြေမယ်ဆိုတာသိရဲ့သားနဲ့ကို"
"ငါ့ကိုဖမ်းမိရင်တောင် ငါရှင်းနိုင်တယ် မင်းတို့မပူနဲ့ မောင်းစရာရှိတာမောင်း"
"မရဘူးဆရာ ကျွန်တော်တို့တန်ဖိုးထားချစ်ခင်ရတဲ့ ဆရာ့ကို သူတောင်းစားတွေလက်ထဲအပါမခံနိုင်ဘူး ကျွန်တော်တို့လည်း လွတ်အောင်ပြေးလာခဲ့မယ် တခုခုဆိုရင်တောင် ကျွန်တော်တို့ကို ဆရာကလိုက်ထုတ်ပေးနိုင်တယ်လေ ဆရာသာပါသွားရင် ရှင်းရခက်မှာဗျ ဆရာရယ် နေခဲ့လိုက်ပါနော် ဒီတခါတော့ ကျွန်တော်တို့စကားနားထောင်ပါနော်"
ကားမောင်းတဲ့ကောင်လေးက ငိုသံပါ ပါလာသည်။
"ဆရာ ဒီကောင်ပြောတာမှန်တယ် ကျွန်တော်တို့ပါသွားရင်တောင် ကျန်တဲ့မိသားစုကို ဆရာကကြည့်ရှုပေးမယ်ဆိုတာ ယုံတယ် ပြီးတော့ကျန်တဲ့ညီအစ်ကိုတွေအများကြီးရဲ့ဘဝကဆရာ့လက်ထဲမှာလေ အဲ့တော့ဆရာနေခဲ့လိုက်ပါနော်"
လက်ထောက်ကောင်လေးကပါ ဝင်ပြောလာသည်။ စက္ကန့်သူတို့ပြောတာတွေကအမှန်တွေမို့ မငြင်းနိုင်ပါ စက္ကန့်နေခဲ့မှရမည် မဟုတ်ရင် ကျန်တဲ့ဟာတွေပါ မီးခိုးကြွက်ခြောက်ပါလာရင် ပြသနာကပိုကြီးသွားနိုင်သည်။ကားပေါ်မှာပစ္စည်းထုတ်မပါလာလို့တော်သေးသည် ပစ္စည်းထုတ်နှင့်ကားက တခြားလမ်းကသွားလိုက်သည်မို့တော်သေးသည်ပြောရမည်။
"မင်းတို့အဆင်ပြေမှာလား"
"ဟုတ် ကျွန်တော်တို့အဆင်ပြေပါတယ်"
"ငါမင်းတို့ကို အိမ်မှာပြန်တွေ့ချင်တယ်နော် ဒီညနေမစောင်းခင် အိမ်အရောက်ပြန်ခဲ့ပါ "
"စိတ်ချပါဆရာ "
"ဟုတ်ပြီ အဲ့တာဆို မင်းပြောတဲ့လမ်းနားရောက်ရင်ရပ်လိုက် ငါအမြန်ဆင်းနေခဲ့မယ်"
"ဟုတ်ဆရာ ဂရုစိုက်နော် "
"အေး မင်းတို့လည်း ဂရုစိုက်"
စက္ကန့်လမ်းသွယ်လေးအတိုင်းဖြတ်ဝင်လာခဲ့သည် ရဲကားသံကတော့ တဖြည်းဖြည်း စက္ကန့်နဲ့ ဝေးသွားချေပြီမို့ ဟိုကောင်တွေကားနောက်ကို လိုက်သွားပြီဆိုတာ သေချာလေသည်။
စက္ကန့် နောက်ကြောင်းတချက်ပြန်ကြည့်တဲ့သဘောနဲ့ လမ်းဘက်ကို ချောင်းကြည့်မိတော့ ရဲတေရှိနေတာတွေ့လိုက်ရသည်။
ဟွန်း ဘယ်ဆိုးလို့လဲ ဦးဏှောက်ရှိတဲ့ကောင်တွေရှိသေးတာပဲ
စက္ကန့် လမ်းကြားထဲမှ တဖြည်းဖြည်းလျှောက်လာခဲ့ရင်း မသင်္ကာလို့ အနောက်ကို လှည့်ကြည့်မိတော့ ရဲတွေကလည်း စက္ကန့်သွားနေတဲ့လမ်းကြောင်းအတိုင်း ဟိုရှာဒီရှာနဲ့ နောက်ကနေပါလာသည်။
ရုတ်တရက်မို့ စက္ကန့်ကို သူတို့မှတ်မိပုံမရ ဒီပုံအတိုင်းဆက်သွားရင်တော့ ဖမ်းခံရတော့မှာ သေချာသလောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် စက္ကန့် ပုန်းလို့ရမဲ့ နေရာရှိလို့ရှိငြား ရှာကြည့်ရတော့သည်။
ရှေ့နားတွင် ကလေးတသိုက် ရေဆော့နေသော မဏ္ဍပ်အသေးလေးတခုကို စက္ကန့်လှမ်းမြင်လိုက်သည် ဒီပုံအတိုင်းဆို ရဲတွေက စက္ကန့်ကို အလွတ်ပေးမည်မဟုတ် နောက်ကနေ တောက်လျှောက်လိုက်နေမည်မှာအမှန်ပင် ရှေ့ကမဏ္ဍပ်တွင်ဝင်ကာ ရောယောင်ပြီး ခြေရာဖျောက်မျက်ခြေဖြတ်ဖို့ စဉ်းစားပြီး ထိုမဏ္ဍပ်လေးဆီသို့ စက္ကန့် ခြေလှမ်းတွေ ဦးတည်လိုက်သည်။
စက္ကန့် မဏ္ဍပ် ရှေ့မရောက်ခင်မှာပဲ ကလေးတစ်သိုက်က ရေဖလားကိုယ်စီကိုင်ကာ စက္ကန့်ရှိရာသို့ပြေးလာကြသည်။
"ဗွမ်းး ဝုန်းး ဖြန်းး "
"ဟေးး ရေးးး"
အသံအစုံပလုံထွက်တဲ့ထိ သောက်ကလေးတွေက ရေပတ်သွားကြတာ ဖြစ်သည် ။ ခွက်စောင်းခုတ်တာ တမျိုး၊ မျက်နှာကို တည်ပက်တာ တဖုံနဲ့ လူက ချက်ချင်းပင် ကြွက်စုတ်ဖြစ်သွားရတော့သည် ။
"အဟွတ် အဟွတ် "
ရေမွန်းပြီး ချောင်းဆိုးလာတဲ့ထိ သောက်ကလေးတွေရဲ့ လက်ဆက အတော်ပြင်းသည်။သင်္ကြန်အခါတွင်းကြီးကို ဒေါသတွေထွက်နေရသောစက္ကန့်ကို သိကြားမင်းမှအပြစ်တင်လည်းမတတ်နိုင်တော့ ဒီကလေးတွေအတော်ကိုလက်ဆပြင်းတာ မျက်လုံးတွေဆိုရေကိုခွက်စောင်းခုတ်ပြီးပက်သွားတာကြောင့် ကျိန်းစပ်နေတာအခုထိဖွင့်မရ။
စက္ကန့် စိတ်တိုတိုနဲ့ ဆူဖို့ပြင်နေတုန်းရှိသေး
"ဒေါင် "
စက္ကန့်ခေါင်းဆီသို့ လာမှန်တဲ့ စတီးရေဖလား တလုံး ....ကမ္ဘာကြီးနဲ့ 3 sec လောက် အဆက်အသွယ်ပြတ်သွားရသည် ။
"ဟီးဟီး "
ရီသံနဲ့အတူ ချာတိတ်တကောင်က စက္ကန့်ခြေထောက်နားကျနေတဲ့ ရေဖလားကို လာကောက်သည် ။
"ဟဲဟဲ တောင်းပန်ပါတယ် ဦးလေးကြီး
'ချေ' လက်ချော်သွားလို့ပါ ဟီး "
သွား ၃၂ ချောင်းလုံးပေါ်တဲ့ထိ ဖြဲပြရင်း တောင်းပန်လာတဲ့ ငတိကြောင့် နာနေတဲ့ နဖူးကို အသာဖိထားကာ ထိုငတိလေးကို ဆုံးမသြဝါဒချွေဖို့ လုပ်လိုက်သည်။
"မင်း အသက်လဲမငယ်တော့ဘူး ဒါကို လက်ထဲကနေ ရေဖလားတလုံး လုံးကို လွတ်သွားရသလား ဟမ် အခု ငါ့နေရာမှာ သက်ကြီးရွယ်အို တယောက်ဆို ဘယ်နှယ့်လုပ်မလဲ "
"အွန် 'ချေ' က သက်ကြီးရွယ်အို တွေကို ရေမလောင်းပါဘူးဗျ ပြီးတော့ ဦးလေးကြီးက အလတ်ကြီးရှိသေးတယ်မလား ရေဖလားလေးမှန်ရုံနဲ့ သေမသွားပါဘူး "
"ဒီသောက်ကလေး ကတော့ "
"ဒီမှာ ဦးလေးကြီး 'ချေ'တောင်းပန်နေတာကို အဲ့လိုမဆဲနဲ့လေ ပြီးတော့ သင်္ကြန်ပဲရေပက်တာဆန်းသလား ရေပက်မခံချင်ရင် အိမ်ပြင်မထွက်နဲ့လေ "
ရေဖလားကို လက်တဖက်နဲ့ ပိုက်ထားပြီး ကျန်လက်တဖက်က ခါးကိုထောက်ကာ မျက်နှာကိုမော်ချီရင်း ရန်တွေ့နေတဲ့ သောက်ကလေးက သူ့အမှားတခုမှမရှိသလို နဲ့ ။
အေးပါ အိမ်ပြင်ထွက်မိတဲ့ ငါ့အမှားတွေပါ
မောင်မင်းကြီးသား မှန်ပါတယ် ။
အနောက်နားဆီက ကားသံတချို့ကြောင့် ဟိုခွေးတွေ ဒီလမ်းဘက်ကို ရောက်လာပြီထင်သည် ။ သောက်ကလေးစုတ်ကိုပဲ အကူအညီတောင်းမှ ရတော့မှာမို့ စက္ကန့်လည်း မျက်နှာချိုပြန်သွေးရပြန်သည်။
"အေးပါ ငါ့ညီရာ မင်းမှန်ပါတယ် အစ်ကို့နောက်ကနေ လူဆိုးတွေလိုက်လာတာမို့ မင်းတို့ မဏ္ဍပ်ထဲမှာ ခဏလောက် ပုန်းချင်လို့ ရမလားဟင် "
"ဟင် ဦးလေးကြီး ရန်ဖြစ်လာတာလား နောက်ကလိုက်လာတဲ့လူ များလား ပြီးတော့ ဦးလေးကြီးကလဲ လူဆိုးပဲလား "
အစစ်အဆေးအမေးအမြန်းထူချက်က သူ့ကိုယ်သူ စုံထောက်များမှတ်နေသလားမသိ
"မဟုတ်ပါဘူးကွာ အစ်ကိုနဲ့ မတော်တဆ ဝင်တိုက်မိတာကို သူတို့က လိုက်ရိုက်ကြလို့ အစ်ကိုထွက်ပြေးလာရတာ အစ်ကို့ ဥပဓိရုပ်ကိုကြည့်လေ လူဆိုးနဲ့ တူလို့လား "
ဒီချိန်မှာ ချောချောလေး မွေးပေးထားခဲ့တဲ့ မွေးသမိခင်ကို သိပ်ကျေးဇူးတင်ရောပဲ ။
'ချေ' ထိုဦးလေးကြီးကို သေချာကြည့်တော့ လူဆိုးနဲ့ မတူပေ ဥပဓိရုပ်ကောင်းကောင်းနဲ့ ခန့်ချောကြီးပဲ
"လာလာ ဒါဆို 'ချေ' တို့ မဏ္ဍပ် ထဲဝင်ပုန်းလှည့် ဦးလေးကြီး "
လက်ကိုလာဆွဲပြီး ပုန်းဖို့နေရာပြပေးနေတဲ့ ချာတိတ် က အယုံလွယ်လိုက်တာ ။
ရုပ်ချောပြီးဆိုးသွမ်းနေတဲ့ လူမိုက်တွေလဲ ရှိကြောင်း ဒီချာတိတ်ကို နောက်မှ ရှင်းပြရဦးမည် ။ ရေပေပါပိုင်းကြီး နောက်က ထိုင်ခုံပုလေး ဆီသို့ နေရာပေးရင်း ချာတိတ်က ပြောလာပြန်သည်
"ဒီနားဆို သူတို့မြင်ရမှာမဟုတ်ဘူး ပြီးတော့ 'ချေ့'ဖေဖေက ဒီရပ်ကွက်မှာ လူကြီးမို့ သူတို့ဝင်မရှာရဲလောက်ဘူးသိလား ဦးလေးကြီး"
"အေးအေး ကျေးဇူးပါကွာ ငါ့ညီရာ "
စက္ကန့်ခုမှစိတ်အေးသွားရသည် ။ အဖမ်းခံရမှာမကြောက်ပေမဲ့ သင်္ကြန်တွင်းတော့ အချုပ်ထဲမှာ မနေချင်ပေ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် စက္ကန့် ပြန်ထွတ်လာနိုင်သည်ဆိုဦးတော့ ဟိုကောင်တွေပြောသလိုဖြစ်လာခဲ့ရင်ပြသနာကပိုကြီးသွားနိုင်သည်လေ။
"ခဏလေး "
ချာတိတ်က ထွတ်သွားဟန်ပြင်ပြီးမှ ပြန်လှည့်ဝင်လာတယ် ။မဟုတ်မှလွဲရော စက္ကန့်လူဆိုးဆိုတာများ ရိပ်မိသွားသလား ။
"ဘာလို့လဲ ချာတိတ် "
"တကယ်လို့ သူတို့က ဝင်ရှာလာခဲ့ရင် ဦးလေးကြီး မျက်နှာကိုမြင်ပြီး မှတ်မိသွားမှာပေါ့ "
အင်း ချာတိတ်ပြောတာလဲ ဟုတ်သားဘဲ
စက္ကန့်ခေါင်းအသာငြိမ့်ပြတော့ ဆက်ပြောလာသည်။
"ဦးလေးကြီး ရုပ်ဖျက်ဖို့လိုတယ်"
"ဟမ် ဘယ်လိုဖျက်ရမှာလဲကွ "
"နေနေ စိတ်မပူနဲ့ ဒီကိစ္စကို 'ချေ' တာဝန်ယူတယ် ခဏစောင့်နေ ဦးလေးကြီး "
"အေးအေး "
ဒီလိုကျလဲ ဘယ်ဆိုးလို့တုန်း ချာတိတ်က စိတ်ထဲက အတွေးရေယာဥ်ကြောလေး မဆုံးသေး ချာတိတ်က ဒန်အိုးကြီးတလုံးကို လက်ကဆွဲလို့ ပြန်ဝင်လာသည် ။ ဒန်အိုးဆိုတာထက် အိုးဖင်မှာ မည်းတူးနေတဲ့ ဒန်အိုးတလုံးပင် ။
ဟင့်အင်း မဟုတ်လောက်ပါဘူးမလား စက္ကန့်ထင်နေတာတော့
"လာ ဦးလေးကြီး မျက်လုံးမှိတ်လိုက် 'ချေ' လုပ်ပေးမယ် "
လက်ဖဝါးတခုလုံး မည်းတူးသွားတဲ့ထိ အိုးမည်းများကို ယူကာ ရှေ့တိုးလာသူကြောင့်
စက္ကန့် ခေါင်းတခါခါနဲ့ နောက်ကို ဆုတ်မိသည်မှာ ထိုင်ခုပုလေးပေါ်မှ ပြုတ်ကျသည်အထိ
"အ... ငါ့ ငါ့ညီ ဒီလိုမလုပ်ရဘူးလေ အဟင်းး
ဖယ်... ဖယ်လိုက်နော် လက်လေးကို "
စေတနာနဲ့ လက်အပေခံပြီးလုပ်ပေးမှာကို ဒီဦးလေးကြီးက လက်တကာကာနဲ့ ဘာဖြစ်နေတာလဲမသိ ။ ဟိုလူဆိုးကြီးတွေက မဏ္ဍပ်နား ရောက်လာခါနီးပါပြီဆိုမှ မဖြစ်သေးဘူး
တပ်ကူခေါ်မှ ရမယ် ။
"ဟျောင့်တွေ ရှေ့က ကလေးတွေ တပ်ကူလိုတယ် လာကြဦးကွ "
"လာပြီ ကိုကြီးချေရေ ဘာကူရမလဲပြော"
'ချေ့'ခေါ်သံကြားတာနဲ့ ကလေးတသိုက်ချက်ချင်းပြေးလာကူကြသည် ။ အားကိုးရတဲ့ ဘော်ဒါကြီးတွေ ဒီကောင်တွေက ။
"ဒီဦးလေးကြီးကို ချုပ်ကူပေး "
အိုးမည်းပေနေတဲ့ လက်ဖဝါးကို အသာမြှောက်ပြရင်း ပြောတော့ တန်းသဘောပေါက်လွယ်ကြသည် ။ ဒါမျိုးဆို ၂ခါ အဖော်မညှိရတဲ့ကောင်တွေက ဦးလေးကြီးရဲ့လက်တွေကို ဝိုင်းချုပ်ထားပေးကြသည် ။
"အားး မင်းတို့ကောင်တွေ ငါ့ကို အနိုင်မကျင့်နဲ့ လွှတ်ကြစမ်း အားး ငါ့အမေနဲ့ တိုင်ပြောမှာနော် "
စက္ကန့်ပါးစပ်ထဲရှိရာလျှောက်အော်ရင်း တိုင်မယ်ဆိုတာကြားတော့ ကလေးတွေက နဲနဲတွန့်သွားကြသည် ။ ဒါမဲ့ သိပ်မကြာလိုက်ပါဘူး
စက္ကန့်မျက်နှာထက်ကို အိုးမည်းတွေရောက်ချလာပါတော့တယ် ။
စက္ကန့်ရဲ့ ငါးမန်းဖြူကြီးဘဝကအခုမှ ရေတိမ်နစ်တယ်ဆိုတာဘာလဲသိလိုက်ရတော့သည် လူဆိုးတွေအများကြီး လူမိုက်ဂိုဏ်းအသီးသီးတွေနဲ့ ချိန်းပွဲတွေချပြီး အပွှဲပွှဲနွှဲလာခဲ့သမျှ အခုတော့ ရပ်ကွက်ထဲက ကလေးတအုပ်ရဲ့ လက်ထဲမှာ စက္ကန့်မျက်နှာလေး အိုးမည်းသုတ်ခံလိုက်ရတော့သည်။
"အားး "
"ရေးးး ကိုကြီးချေ ကွ "
"ဟေးး မိုက်တယ် ဟားဟားဟား "
"ဟီးဟီး လှသွားပြီ ဦးလေးကြီး "
"မင်း မင်းတို့ကောင်တွေ ငါ့ကို ဝိုင်းအနိုင်ကျင့်တာ "
"အော် စေတနာတွေပါ ဦးလေးကြီးရယ် "
"ငါမကျေနပ်ဘူး မင်းတို့ကို ပြန်သုတ်မှာ
ပေးစမ်း အဲ့ဒန်အိုးစုတ်ကို "
စက္ကန့် ငတိတကောင်ကိုင်ထားတဲ့ အိုးကို လုပြီး အိုးမည်းတွေ ယူလိုက်သည် ။
"လာစမ်း ငါ့မျက်နှာချောချောလေးကို အိုးမည်းသုတ်တဲ့ကောင် "
"အားး ဦးလေးကြီး လွန်မယ်လေ "
ချာတိတ်လက်ကို ဖမ်းဆွဲထားပြီး မျက်နှာတခုလုံးကို လက်ငါးချောင်းလုံးနဲ့ ပွတ်ဆွဲပစ်လိုက်သည် ။
"မှတ်ပီလားကွ ဟမ် "
"ခင်ဗျား စေတနာကိုစော်ကားတာ "
"ဟားဟားဟား မင်းမျက်နှာကိုကြည့်စမ်း ကျားလိုလိုဘာလိုလိုနဲ့ "
"ဟွန့် ဦးလေးကြီး မျက်နှာကို အရင်ကြည့်လိုက်ဦး သရဲဖြစ်နေပြီဗျ "
"ဟားဟားဟား "
"ခွီး ဟားဟား "
စက္ကန့်နဲ့ ချာတိတ် တယောက်မျက်နှာ တယောက်ကြည့်ပြီး အော်ရီမိသည် ။
ထို့နောက် လက်ထဲမှ အိုးမည်းများကိုတလှည့်
ဘေးကကောင်တွေကိုတလှည့်ကြည့်ပြီး ၂ယောက်သား တိုင်ပင်စရာမလိုအောင် မျက်စပစ်ပြပြီး ကျန်တဲ့ကောင်တွေကို အိုးမည်းလိုက်သုတ်တော့သည် ။
"ဟာ ကိုကြီးချေ သစ္စာဖောက်သွားပြီကွ "
"အားး ကိုကြီးချေ မလုပ်နဲ့လို့ သားမျက်နှာကို"
"ဟျောင့်တွေ ဘယ်ပြေးတာလဲ လာခဲ့စမ်း"
"အားး မလာဘူး "
"ဟား ဟား ဟား "
တယောက်တလှည့်စီ အိုးမည်းလိုက်သုတ်နေတာနဲ့ ဟိုကောင်တွေ ဘယ်ချိန်က မဏ္ဍပ်ရှေ့မှ ဖြတ်သွားသလဲတောင် မသိလိုက်ပေ ။
တအုပ်စုလုံး မျက်နှာမည်းတွေ ဖြစ်ကုန်မှ အိုးမည်းသုတ်တာကို ရပ်လိုက်ကြသည် ။
"ဟယ် ကလေးတွေ ဘယ်လိုဖြစ်ရတာလဲမျက်နှာတွေကလဲ မည်းတူးလို့ "
ဘယ်ကလေးရဲ့အမေလဲ မသိတဲ့ အန်တီတယောက်က ဖျော်ရည်ဗန်းကို သယ်လာရင်း တအံတသြပြော၏ ။
"ဟီးဟီး မားမား ဆူနဲ့နော် "
"ချေချေ့လက်ချက်မလား ဟမ် "
"ချေ က ပျော်အောင်စပေးတာပါ ကလေးတွေလဲ အတွေ့အကြုံရအောင်လို့ 'ချေ'က အကိုကြီး တယောက်နေနဲ့ ဒီလိုဆော့ရတယ်ဆိုတာ ပြပေးတာ "
ရေဖလားကို ရင်ဝယ်ပိုက်ကြီး သွားအဖြီးသားနဲ့ သူ့အမေကို ပေါက်ကရတွေပြောနေတဲ့ ငတိ
"တော်ပါတော့ ကိုတက်ပါ့ရယ် ရှင်စကားတက်တိုင်း လျှောက်မပြောပါနဲ့ ကဲ သူတို့အမေတွေ လာရင် ကျုပ် ဘယ်လိုရှင်းပြရမလဲ "
အခုဆို စက္ကန့် တို့က မျက်နှာမှာ အိုးမည်းတွေ ပေတူးနေပြီး မဏ္ဍပ်ရှေ့မှာ ငုတ်တုပ်ထိုင်နေကြတာပင် ။ စက္ကန့် ၊ ချာတိတ် ၊ ဟိုကလေးတသိုက် အစဥ်လိုက်လေးတွေထိုင်နေကြပြီး ကလေးတွေက ရေဖလားများကို ခေါင်းတွင်စွပ်ထားသေးတယ် ။ စက္ကန့်ကတော့ ကလေးဗိုလ်ပေါ့ ။
"ဒါနဲ့ ဒီကမောင်ရင်က "
စက္ကန့်ကိုအခုမှမြင်ပုံရတဲ့ ချာတိတ်အမေ က မေးလာတယ် ။
"အော် ဦးလေးကြီးက ရှေ့ကဖြတ်သွားရင်းနဲ့ 'ချေ'တို့နဲ့ အတူဝင်ကစားပေးတာ မားမား"
"နင်တို့ကို ငါရိုက်တော့မယ် ကြည့်စမ်း အကြီးကို ဒီလိုဖြစ်အောင်ထိလုပ်ထားရသလား "
"မားမား ဆူနဲ့ဆို 'ချေ'တယောက်ထဲလုပ်တာဟုတ်ဘူး ဦးလေးကြီးကလည်း ပြန်လုပ်တာပဲကို "
"နင် စလုပ်တာမလား အကုန်လုံးကို မြေကြွက်ကတိုးတွေ ကျလို့ "
"မားမား "
'ချေ'မကြိုက်တဲ့ အကောင်နဲ့ နှိုင်းလာတာမို့ ပြန်ပြောအော်မိတယ် ။
စက္ကန့်မှာ ကြားထဲက နေစရာမရှိတော့ဘူး ။
ရဲလက်ကလွတ်အောင် ဝင်ပုန်းမိခါမှ ပိုဆိုးနေသည်။ စက္ကန့်အဖြစ်က 'ကျားကြောက်လို့ ရှင်ကြီး ကိုး ရှင်ကြီး ကျားထက်ဆိုး' ဆိုသလိုပင်
"မဟုတ်တာ ရပါတယ် အစ်မရယ် ကျွန်တော် လည်း ကလေးတွေနဲ့ ဝင်ဆော့ရင်း ဒီလိုဖြစ်သွားတာ စိတ်မဆိုးပါဘူးဗျ "
"အားနာလိုက်တာ ငါ့မောင်ရယ် 'ချေချေ' က အရမ်းဆိုးလို့ပါ မောင်လေးကပဲ ခွင့်လွှတ်နော်"
"ကျွန်တော် ဗွေမယူပါဘူးဗျာ ခွင့်လွှတ်ပါတယ် "
'ချေ 'မမှားပဲ 'ချေ့'ကို အပြစ်ဖို့နေတဲ့ မားမားနဲ့ ဦးလေးကြီးကို စိတ်တိုတယ် ။
"မားမား မီဝေါ့ "
"သင်္ချေစောယွမ်း! "
"အာဂျူးရှီး ရော မီဝေါ့ "
ဘာမှန်းမသိတဲ့စကားကို အော်ပြီး ဘောက်စပ်ဘောက်စပ်နဲ့ ချာတိတ်က ခြံထဲပြေးဝင်သွားသည် ။
"ကဲ အဲ့တာပဲကြည့်တော့ မောင်လေးရေ ဒီကလေးက တစက်မှ အလိုလိုက်လို့မရဘူး "
"ဟုတ်ကဲ့ ရပါတယ်ဗျ "
ကျန်နေခဲ့တဲ့ ကလေးတသိုက်ကတော့ သူတို့ခေါင်းဆောင်ကိုလိုက်ကြည့်လိုက် စက္ကန့်ကို ပြန်ကြည့်လိုက်နဲ့
"ကဲ ကလေးတွေ မျက်နှာသစ်ချည်ကြ ပြီးရင် ဒီမှာ အအေးသောက်ကြ "
"ဟုတ် မေမား "
"မောင်လေးလဲ အအေးသောက်ပြီးမှ ပြန်နော် "
"မသောက်တော့ဘူး အစ်မ ကျွန်တော် ပြန်ဖို့နောက်ကျနေပြီမို့ သွားတော့မယ် "
"အော် အေးအေး ဒါဆိုလဲ သဘောပါ "
"သွားလိုက်ပါဦးမယ် အစ်မ "
စက္ကန့်ထွက်လာတာကြာပြီမို့ ဟိုကောင်တွေကားကလွှဲရင် ကျန်တဲ့ တပည့်တွေလဲ စိတ်ပူပြီး လိုက်ရှာနေလောက်ပြီ ။
"အယ် မောင်လေး မျက်နှာသစ်သွားဦးလေ"
"အာ ဟုတ်သားဘဲ အဟဲ ကျွန်တော် မေ့သွားတာ "
စက္ကန့်ရှက်ရှက်နဲ့ ရေပေပါထဲက ရေတခွက်ခပ်ပြီး မျက်နှာမှ အိုးမည်းတွေ ပြောင်အောင် ဆေးကြောပစ်လိုက်သည် ။ ဒီပုံစံကိုသာ တပည့်တွေနဲ့ တခြားအဖွဲ့ကလူတွေမြင်ရင် ရီသေကုန်ကြနိုင်သည်။
"ပြန်လိုက်ပါဦးမယ် အစ်မ "
"အေးအေး ဂရုစိုက်ပြန်နော် "
"ဟိုကလေးတွေ ငါ ပြန်ပြီ "
"နောက်ရက်လဲ ထပ်လာခဲ့နော် အစ်ကိုကြီး "
"အေးပါကွာ "
"မျှော်နေမှာနော် အစ်ကိုကြီး "
"ဟားဟား ငါ အားရင် လာခဲ့ပါ့မယ်ကွာ"
စက္ကန့် ကို ဘယ်ဆီဘယ်ဝယ်က လာမှန်းလည်းမသိ ၊ လူဆိုးလူကောင်းလားလည်း မသိပဲ အလွယ်တကူပင် ကလေးတွေက ခင်မင်သွားကြသည် ။
'ဖြူစင်လိုက်ကြတဲ့ ကလေးတွေ '
အတွေးနဲ့အတူ ပြုံးမိသွားတယ် ။
'အင်း... တချိန်က စက္ကန့်လည်း ဖြူစင်ခဲ့တာပဲ'
ဆက်တွေးမိတဲ့ အတွေးစတစ်ချို့ကြောင့်
ပြုံးနေလက်စ အပြုံးများက မှေးမြိန်ပျောက်ကွယ်သွားရတယ် ။
အိတ်ကပ်ထဲက Ph ကိုထုတ်ရင်း တပည့်တွေကို လာခေါ်ဖို့ Sms ပို့လိုက်သည် ဒီချိန်ဆို အရင်ထွက်သွားတဲ့ကားနှစ်စီးက အိမ်ပြန်ရောက်လောက်ပါပြီ စက္ကန့်ကို ထားခဲ့ပြီး မောင်းသွားခဲ့တဲ့ နှစ်ကောင်ကိုသာ စက္ကန့်ကပိုပြီးစိတ်ပူမိတာ သူတို့က ကိုယ့်အပေါ်အခုလောက်ထိ သံယောဇဉ်ကြီးမှန်း စက္ကန့်သတိမထားမိခဲ့ အရေးကြုံမှ လူတွေရဲ့စိတ်ဓာတ်ကိုသိရသည်ဆိုတဲ့စကားဟာ သိပ်မှန်လွန်းပါသည် ။
အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး စက္ကန့် တန်းအိပ်ပစ်လိုက်ချင်ပေမဲ့ ကလေးတွေနဲ့ ရေဆော့ခဲ့တာမို့ လူက နှုန်းချိနေသော်လည်း ဟိုနှစ်ကောင်ပြန်မလာသေးတာကြောင့် လူကစိတ်ပူနေသေးသည် ။
တပည့်တယောက်မှ အကိုငယ်တို့ပြန်ရောက်လာပြီဆိုသော သတင်းပို့သံကြားမှသာ လူက 'ဟင်း' ခနဲ့သက်ပျင်းချနိုင်သည်။
အခုမှပဲ စက္ကန့်စိတ်ချလက်ချအနားယူနိုင်တော့သည်။ အသက်အရွယ်က စကားပြောလာပြီ။ထို့နောက် အခန်းထဲမှာ အသက်ရှုသံ မှန်မှန်လေး ထွတ်ပေါ်လာပြီး အခန်းပိုင်ရှင်ဟာလည်း အိမ်မက်ကမ္ဘာသို့.......
--------------------------------------
"သင်္ချေစောယွမ်း လာစမ်း လာစမ်းဦး
နင့်လုပ်ပုံက ကောင်းသေးရဲ့လားဟမ်"
"ချေ က ဘာလုပ်လို့တုန်း မားမား က ချေ့ကိုပဲ ဆူနေတယ်"
"ဟက် နင့်အသက်ဘယ်လောက်ရှိနေပြီလဲ ဒါကို ရပ်ကွက်ထဲက ကလေးပေါက်စတွေနဲ့ မျောက်ရှုံးအောင်ဆော့ရသလား "
"ချေ က အခုမှ ၁၉နှစ်ပဲရှိသေးတာ မားမားဟိုနေ့က ပြောတော့ ချေ က ကလေးဆို ခုကျ လူကြီးဖြစ်သွားရပြန်ပြီလား "
"တိတ်စမ်း နင့်ရဲ့အခုပုံစံကို နင့်ကျောင်းက လူတွေကို ခေါ်ပြချင်စမ်းပါရဲ့ နင်တို့တွေ ကြိုက်နေကြတဲ့ MUFL ရဲ့ Korean Major King လေးက ဒီလိုမျောက်မူးလဲကောင်ပါ ဆိုပြီး "
"ချေ ဘယ်လိုနေနေ သူတို့က ချစ်ပြီးသား ချေက ဒီလောက်ချစ်ဖို့ကောင်းတာကို မားမားမို့ မျောက်နဲ့ နှိုင်းရက်တယ် "
"ရုပ်လေးချစ်ဖို့ကောင်းတာကလွဲပြီး နင်ဘာများ အသုံးကျလို့လဲ ပြောစမ်း "
ကိုယ့်သားမို့ပြောတာမဟုတ် 'ချေချေ'က တကယ်ချစ်ဖို့ကောင်းသည် ။ နို့နှစ်ရောင်အသားအရေလေးနဲ့ ခရမ်းချဥ်သီး လိုနီစွေးတဲ့ နှုတ်ခမ်းထူထူလေး ကြောင့် တက္ကသိုလ် တခွင်မှာ လူချောလေးအဖြစ်နာမည်ကြီးသည် ။ အရပ်က ၅ပေ ၆ လက်မပဲ ရှိတာကြောင့် Uke Type လေးဆိုပြီး ကျောင်းမှ Fujoshi မား တသိုက်ရဲ့ ဖူးဖူးမှုတ်အလိုလိုက်တာကိုလည်းခံရသေးတယ်။ အိမ်မှာလည်း သူ့ပါးပါးက အလိုလိုက်အကြိုက်ဆောင် ၊ ဖွားအေတွေကလဲ မြေးဦးလေးဆိုပြီး ပုလ္လင်ပေါ်တင်ထားတာကြောင့် 'သင်္ချေစောယွမ်း' တို့က ဆိုးချင်တိုင်းဆိုးနေတာ ။ သူ ကြောက်တာဆိုလို့ မအေတယောက်ပဲရှိတယ် ဒါတောင် အမေဖြစ်သူက တွေ့ရာပစ္စည်းနဲ့ ရိုက်တက်လို့ နဲနဲပိစိလေး ကြောက်တာ ။
"အသုံးကျတာပေါ့ 'ချေ' အသုံးကျတာတွေပြောပြမယ် လာ မားမားထိုင် "
အမေ ဖြစ်သူလက်ကိုဆွဲပြီး ဆိုဖာတွင်ဝင်ထိုင်ခိုင်းသည် ။ မိချောင်းသားက ဘာတွေ ရစ်တော့မှာလည်းမသိဘူး ။
"ခဏနော် မားမား 'ချေ' ပြန်လာမယ် "
'ချေ' မားမားကို နေရာချပေးထားပြီး မီးဖိုခန်း ထဲသို့ အမြန်ပြေးဝင်လိုက်သည် ။
"ရော့ မားမား "
ရေတခွက်နဲ့ ပြန်ထွတ်လာပြီး သားတော်မောင်က ရေခွက်လှမ်းပေးတယ် ။ ဘာကြောင့်ပေးသလဲ မေးငေါ့မေးတော့
"ခုနက မားမား ချေ့ကို ဆူထားရတာလေ အဲ့တာ မားမား မောနေမှာဆိုးလို့ 'ချေ' က ရေခပ်ပေးတာ သောက်လိုက် မားမား "
အမေကို သိတက်လွန်းတဲ့ သားကြောင့်
ဒေါ်စောယွန်းနန္ဒီမှာ ကြာကြာစိတ်မဆိုးနိုင်ဘဲ ပြုံးမိသွားသည်။
"မားမား အမောပြေရင် 'ချေ' စပြီးပြောမယ်နော် "
ခေါင်းတချက်ငြိမ့်ပြောတော့ မောင်သင်္ချေစောယွမ်း က စတင်အယူခံဝင်လေသည် ။
"တစ်အချက် 'ချေ' က ပညာရေးမှာ တော်တယ်လေ ဆယ်တန်းကိုလဲ ၆ဘာသာဂုဏ်ထူးနဲ့ အောင်တယ် ဆရာဝန်မလုပ်ချင်လို့သာ MUFL မှာတက်ခဲ့တာ "
"အင်း ပြီးတော့ရော "
"နှစ်အချက် အားကစားမှာလဲ 'ချေ' တော်တယ် ၊ တိုက်ကွမ်ဒို တိုင်းအဆင့်မှာ ရွှေတံဆိပ်ဆု ရထားပြီး ကျောင်းရဲ့ ရေကူးချန်ပီယံ "
"တိုက်ကွမ်ဒို ကို ငါလက်ခံနိုင်ပါတယ် ရေကူးတာကတော့ နင့်ဘာသာ ပုနေတဲ့ အရပ်ကိုရှည်ချင်လို့ အတင်းသင်ခိုင်းပြီးကူးတာလေ ခွေးကူးလိပ်ကူး လောက် ကူးတက်ပြီး ဘာကို ကျောင်းချန်ပီယံလဲ နင်မရှက်ဘူးလား "
"မားမား အဲ့လိုမပြောပါနဲ့ 'ချေ' က တခြားသူတွေထက်စာရင် ပိုကူးတက်တယ် ပြီးတော့ ပြိုင်ပွဲလဲ ဝင်ပြိုင်ဖူးတာကို "
"တော်စမ်း အနူတော မှာ လူချော ဖြစ်နေတာကိုများ ဂုဏ်ယူဝင့်ကြွားနေတယ် ကူးလိုက်ရတဲ့ ရေ ကျွဲနဲ့ နင်လားငါလားဖြစ်တဲ့ထိပဲ
ပြီးတော့ နင့်ပုနေတဲ့ အရပ်က ရှည်ထွတ်လာသလား ဟမ် "
"မားမား ဒီအရပ်ကို မထိခိုက်နဲ့နော် ဒါ ရင်ခွင်မှီ အရပ် မားမားရဲ့ "
"နင်က ဘယ်ရင်ခွင်ကိုမှီချင်တာလဲ Faကောင်ကများ "
"မားမား 'ချေ' စိတ်ဆိုးလာပြီနော် "
နှုတ်သီးကို ဆူထော်ထားလိုက်တာများ ဝက်ဖင်ကြီးကျလို့ ထုတ်ပြောမိရင် မိုးမီးလောင်နိုင်တာမို့ အရှေ့က ရေခွက်ကိုသာ ယူသောက်လိုက်သည်။
"ဆက်ပြော ဆက်ပြော "
"အွန်း ပြောမယ် သုံးအချက် 'H' Group CEO ဦးထိုက်ဘုန်းမြတ် ရဲ့ တဦးတည်းသောအမွေဆက်ခံသူသားရတနာလေး နောင်တချိန်မှာ
ယွန်းသစ်ခွစံအိမ် ရဲ့ ပိုင်ရှင် ဖြစ်လာမဲ့သူ ခုလက်ရှိမှာ ရက္ကန်းရုံ ၅ရုံပိုင်တဲ့ သူဌေးပေါက်စ ကဲ... 'ချေ့' ပိုင်ဆိုင်မှုတွေကိုကြည့် "
"နင်က ငါတို့တောင်မသေသေးဘူး အမွေလိုချင်နေပြီပေါ့လေ ဟုတ်လား "
"အော် 'ချေ' က ချေ့ပိုင်ဆိုင်မှုတွေကို ပြောပြရုံပါပဲ အမွေမတောင်းလဲ တချိန်ကျ 'ချေ'ပိုင်ရမှာပဲလေ "
"ငါသေရင် အကုန်လှူထားပစ်ခဲ့မှာ နင့်ကိုမပေးဘူး "
"မားမား ဒီလို ဥစ္စာခြောက်ပုံနဲ့တော့ သေရင်တောင်ကျွတ်ပါ့မလား ဥစ္စာစွဲမထားပါနဲ့ မားမားရယ် ပူလောင်ပါတယ် "
"သင်္ချေစောယွမ်း ငါ နင့်ကိုရိုက်မိတော့မယ် "
"ဟိုးထား မားမား 'ချေ 'ပြောလို့မပြီးသေးဘူးနောက်ဆုံးအချက် "
လက်၄ ချောင်းထောင်ထားပြီး ပြောဖို့အရေး ဟန်များနေတဲ့ ချေချေ တကောင် ဘာတွေ ဉာဏ်များဦးမလဲမသိဘူး ။
"ဒီအချက်က အရေးအကြီးဆုံးပဲ... ဘာလဲဆိုတော့..... 'ချေ' က ဦးဂျီရဲ့ ပူတူတူးလေး "
"အေး နင် လွှတ်အောင်ပြေးစမ်း "
"အားး ဦးဂျီ ရေ 'ချေ့'ကို ကယ်ပါဦး ယောပေါရေ ဒိုဝါဂျူဆယ်ယို "
"ဟက်အကောင် တိတ်စမ်း"
"ဒုန်းး ဂလွမ်းးး "
"မားမား "
ယွန်းသစ်ခွစံအိမ် အတွင်း အိမ်ကြီးရှင်သခင်မ နဲ့ သခင်လေးတို့ရဲ့ တိုက်ပွဲဖြစ်သံမှာ ကျယ်လောင်စွာထွတ်ပေါ်လာသည်။ အိမ်ရှိအလုပ်သမားများမှာလဲ မီးစစင်မှာကြောက်တာကြောင့် ဝေးရာသို့ပြေးကြလေသည် ။ အိမ်တော်ထိန်းကြီးကတော့ တာဝန်အရ အိမ်ကြီးရှင်သခင် ဆီသို့ သတင်းပို့ရလေတော့သည်။
Nov 19, 2021
Koe: ဇာတ်ကောင်အသစ်ထပ်ပါလာပြီ ဒန် ဒန် ဒန်...
Thanks For Reading💛💛
#Paing Koe 🌸🍉
-----------------------------------------