book

Index 10

Part - 9

ငစိုင်းတို့ခြံထဲမှ သစ်ပင်ကြီးရဲ့အောက်တွင် ဖျာလေးခင်းကာ အားလုံးစုထိုင်ပြီး မုန့်တွေ၊အသီးတွေစားရင်းနဲ့ ပျော်ပျော်ပါးပါးစကားပြောနေကြပေမဲ့ မပျော်နိုင်သူက တစ်ယောက်တည်းသာ သျှန့်မှာ မျက်နှာဖုံးကြီးနဲ့ ထိုင်နေရတာလေ ပျော်စရာရှိဦးမလား ညို ထပြန်သွားမှာဆိုးလို့သာ တပ်ထားရတာ သျှန် အဲ့မျက်နှာဖုံးကို ချွတ်လွှင့်ပစ်ချင်စိတ်တွေက တဖွားဖွားရယ်။


"ငဇေ"


"ယီးလား"


"ခွီး"


စိတ်ကတိုနေပါတယ်ဆိုမှ အလိုက်မသိအကမ်းမသိ ငစိုင်းက သျှန့်နာမည်ကိုခေါ်လာသည်မို့ စိတ်ပေါက်ပေါက်နဲ့ဆဲပေးလိုက်သည်။'ညို'ကလည်း သဘောတော်တော်ကျနေပုံပင် ခွီးခနဲ ထရီသည်။ 'ညို' ပျော်ရင်ပြီးတာပဲလေ ။


စက္ကန့် လည်း သျှန့်ကိုကြည့်ပြီးသနားမိပါသည်။ဘယ်နှယ့်ဗျာ မျောက်ရုပ်မျက်နှာဖုံးကြီးတပ်ပြီး ထိုင်နေရတယ်လို့Alis အဖွဲ့ကကောင်တွေသာ သူတို့ခေါင်းဆောင်ကြီး မျောက်ဘဝပြောင်းပြီး မျောက်မျက်နှာဖုံးကြီးနဲ့ထိုင်နေရတာသာ သိရရင် ဘယ်လိုနေမည်မသိ အတွေးနဲ့တင် ရီချင်စရာကောင်းနေလေပြီ။သျှန် အဲ့မျက်နှာဖုံးနဲ့ထိုင်နေရတာ တနာရီကျော်နေပြီမို့ စက္ကန့်ထပ်ပြီး မနှိပ်စက်ချင်တော့ပါ သံယောဇဉ်လက်ကျန်လေးတွေက ငုတ်စိငုတ်စိနဲ့ တိုးထွက်လာသည်မို့


"ဟျောင့် မင်းမျက်နှာဖုံးကြီးချွတ်လိုက်စမ်းပါကွာ မြင်ရတွေ့ရတာ စိတ်ဆင်းရဲလာပြီ ကြာရင်ငါထရိုက်မိတော့မယ် မျက်စိကိုနှောက်နေတာပဲ"


"ငါ တကယ်ချွတ်လိုက်လို့ရလား"


ညို့ စကားကြောင့်လေ သျှန် ပျော်လိုက်တာမှ မျက်ရည်တောင် အတောင့်လိုက်ကျလောက်တယ် 


"ဟဲ့ စက္ကန့် နင်ပဲ သူ့မျက်နှာမမြင်ချင်ဘူး‌ဆို အဲ့မျက်နှာဖုံးချွတ်လိုက်ရင် သူ့မျက်နှာကြီး နင်မြင်နေရမှာနော်"


"မိကာကာ! "


"မိကာကာ! "


သျှန့်ကိုချောက်တွန်းနေတဲ့ ကာကာ့စကားကြောင့် သျှန် ပိတ်အော်ပစ်လိုက်သည်။


စက္ကန့် သနားလို့ချွတ်ခိုင်းလိုက်ပေမဲ့ ဟန်ကိုယ့်ဖို့ဆိုတဲ့စကားအတိုင်း မျက်စိ‌နောက်လို့ချွတ်ခိုင်းတဲ့သဘောမျိုးပြောလိုက်ပါသည်ဆိုမှပဲ မိကာကာက စက္ကန့်ကို လူဆိုး မဖြစ် ဖြစ်အောင်လုပ်နေသေးသည်မို့ အော်ထုတ်ပစ်လိုက်သည်။

"နင်တို့နှစ်ယောက်ကလည်း ဖြည်းဖြည်းအော်ပါ ငါကအကောင်းပြောပြတာကို"

"အေးလေ မင်းတို့ကလည်း အငယ့်ကိုအော်လိုက်တာ ငါတို့တောင် လိပ်ပြာလွှင့်ပြီထင်ရတယ် "

ဝသုန်ကလည်းဝင်ပြောသည်။ဟိုကောင်ငစိုင်းကတော့ တခါအဆဲခံထားရတာမို့ ပြုံးစိစိသာလုပ်နေသည်။

သျှန်လည်း မျက်နှာဖုံးကင်းလွှတ်သွားမှ ဝသုန်ကမ်းပေးလာသော တစ်ရှူးနဲ့ချွေးတွေကိုသုတ်ရသည်။အခုငါးယောက်ဝိုင်းပြီးထိုင်နေသည်ဆိုပေမဲ့ သျှန်နဲ့ညို ကတကယ်ကို မျက်နှာချင်းဆိုင်ကြီးဖြစ်နေတာ သျှန်ဘေးတဖက်စီမှာ အမြွှာနှစ်ကောင် 
မိကာကာဘေးမှာက ညို ထိုင်နေတော့ သျှန် နဲ့က မျက်နှာချင်းဆိုင် တည့်တည့်လိုကြီးဖြစ်နေသည်။ညို့ဘေးမှာ ငစိုင်း ထိုင်သည် ငစိုင်းဘေးမှာက ဝသုန် ပြီးတော့သျှန် ။

"နင်တို့ကလည်း မျိုဖို့ဆို့ဖို့ပဲ အာရုံရနေကြတာ မတွေ့တာကြာတဲ့သူငယ်ချင်းတွေ စကားလေးဘာလေးပြောကြမယ်မရှိဘူး"

"ဘာပြောရမှာလဲ ငါတို့က နင့်ကို ယောက်ျားပေးစားဖို့ တိုင်ပင်ဖို့ပဲရှိတယ် "

"‌ဖြောင်း "

"အာ့"

နဂိုတည်းက စကားပြောရင် တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ငစိုင်းစကားကြောင့် ကာကာ ကလည်း ညို့ကိုကျော်ပြီး ငစိုင်းကိုရအောင် လှမ်းရိုက်သည်။

"မိကာကာ နင်မိန်းကလေးဖြစ်ပြီး အဲ့လိုစိတ်ကြမ်းလူကြမ်းဖြစ်နေလို့ ဘဲမရတာ"

"စက္ကန့် နင်ပါ‌ နာတော့မယ်နော်"

"ဟဲ ဟဲ"

"အဲ့တာဆို ဂိမ်းဆော့မယ်ဟာ"

"အငယ်ရယ် ကလေးလည်းမဟုတ်တော့ပဲ နည်းနည်းတည်ငြိမ်စမ်းပါကွာ"

"ဟွန့်"

ဝသုန့်စကားကြောင့် ကာကာ ကဟွန့်ဆိုပြီး နှုတ်ခမ်းကို တတောင်လောက်ဆူထားသည်။

"ဟျောင့်တွေ မင်းတို့ကောင်တွေ ဂစ်တာမတီးဖြစ်တာကြာပြီမလား ငါတို့လက်ရည်‌လေး ပြန်စမ်းရအောင်ကွာ"

"အေးအေးကောင်းတယ်"

ငစိုင်းစကားကို မိကာကာက ဝင်ထောက်ခံသည်။

"ငါက မတီးတာကြာပြီကွ လက်ကမှန်မှာမဟုတ်လောက်ဘူး"

"ဘာဖြစ်လဲ ငဇေရာ ပြိုင်ပွဲဝင်နေတာမှမဟုတ်ပဲ သူငယ်ချင်း‌အချင်းချင်းစု တီးကြတာပဲကို"

"အေးကွာ အဲ့ဆိုလည်း လုပ်ကြတာပေါ့"

"နေဦးအဲ့တာဆို အိမ်ပေါ်ကို ဂစ်တာသွားယူလိုက်ဦးမယ် မင်းတို့မပါဘူးမလား"

"အေး မပါဘူး"

"ခဏလေး ငစိုင်း ငါလည်းလိုက်မယ်"

"အငယ် ဘာလိုက်လုပ်မို့လဲ"

"ကိုကို ကလည်း ခဏလေးပါ လုပ်စရာရှိလို့"

"အေးအေး သွား"

ဝသုန့်ခမျာ ရေခဲရုပ်ထုကြီး နှစ်ခုကြားထိုင်နေရတာလို့တောင်ခံစားမိလာသည် လေထုကအစအေးစက်နေသလို အခြေအနေတွေကလည်း တိတ်ဆိတ်လွန်းနေသည် အဲ့နှစ်ကောင်ကိုလည်း တယောက်တလှည့်ကြည့်နေရသည် မတော် ထသတ်နေမှဖြင့် ဝသုန်ပြေးပေါက်မှားနေမည်။အိမ်ထဲဂစ်တာသွားယူတဲ့သူကလည်း ဂစ်တာများ ကိုယ်တိုင်လုပ်နေသလားထင်ရသည် ကြာလိုက်တာ တော်တော်နှင့်ထွက်မလာကြ။

"ရောက်ပြီ ရော့ ဘယ်သူအရင်တီးမလဲ"

ငစိုင်းကသူယူလာတဲ့ဂစ်တာကြီးကိုထိုးပေးသည်။

"ခဏလေး ခဏလေး ငါအစီအစဉ်တခုရှိတယ် နေဦး"

"အငယ်ရယ် ဘာတွေလုပ်ဦးမို့လဲ"

"မိကာကာ နင်ဘာမွှေဦးမို့လဲ"

"နင်တို့ကလည်းနော် တကယ်ပါပဲ ငါ့ကိုဆို အရမ်းအပြစ်မြင်တာပဲ"

"နင်လုပ်တာကော ဟုတ်လို့လား"

တယောက်တမျိုးစီနဲ့ ကာကာ ကိုအပြစ်ပြောနေကြတဲ့ဟာတွေကို မျက်စောင်းနဲ့ကြည့်ပေးလိုက်တော့ အကုန်ပါးစပ်ပိတ်သွားသည်။

"ဒီလိုဟာ ဒီမှာကြည့် "

ကာကာ စောနက ငစိုင်းနဲ့အိမ်ထဲလိုက်သွားပြီး မဲလိပ်လေးတွေလုပ်လာခြင်းပင် ဟိုကောင်တွေကိုပြတော့ ပြူးပြဲကြည့်နေကြသည်။
ငစိုင်းကတော့ သိနေသည့်သူမို့ ငြိမ်ငြိမ်သာထိုင်နေသည်။

"အငယ်.."

စကားစဖို့ပြင်နေတယ် ကိုကို့ ကိုလည်း ကာကာ မသိမသာ မျက်လုံးတဖက်မှိတ်ပြပြီး စက္ကန့်နဲ့ငဇေကို မျက်စပစ်ပြ‌လိုက်တော့ သဘောပေါက်လွယ်သည့် ကိုကို ကလည်း ငြိမ်သွားသည် ဆက်မပြောတော့ပါ။

"အေး အဲ့တာဆို ငါပဲစတီးလိုက်တော့မယ်ကွာ"

ငစိုင်းကပြောသည်။

"နေဦး ဒီမှာမဲလိပ်နှိုက်"

"ဟာ နင်ကလည်းဟာ ကာကာရာ ငါတီးချင်တာတီးလို့မရဘူးလား"

"မရပါဘူး အဲ့အတိုင်းဆိုပျင်းစရာကြီးဖြစ်နေမှာ ကိုယ်မဲကျတဲ့သီချင်းတီးဟာ"

"နင်ရစ်ထုတ်ပဲ မိကာကာ"

မလုပ်ပဲနေလို့ရတာလည်းမဟုတ်ပဲ ငစိုင်းတယောက် ပွစိ ပွစိ ရွတ်ကာ မိကာကာ ကမ်းပေးလာသော ခွက်လေးထဲမှ မဲလိပ်တလိပ်နှိုက်လိုက်ရသည်။

"ဘာသီချင်းကျတာလဲ ငစိုင်း"

"မျိုးကြီးရဲ့ အပြစ်တခုဖန်ဆင်းခြင်းတဲ့"

"ဟေးး ကဲ မောင်စိုင်းသူရခေး စတီးလို့ရပါပြီရှင်"

"စွတ်အော်မနေနဲ့ ကာကာ အဲ့သီချင်း chord တွေ ငါမရဘူး တီးချင်ရင် နင်ကိုယ်တိုင်သာ လာတီးလိုက်တော့"

"ဟွန့် ဒါလေးတောင်မရဘူး အဲ့ဆို နောက်တလိပ်ထပ်နှိုက်"

"ငါက စိုင်းထီးဆိုင် တို့ ထူးအိမ်သင် တို့ ခင်မောင်တိုး တို့ပဲရတာသိရဲ့သားနဲ့ဟာကိုကွာ"

"နှိုက်မှာနှိုက်စမ်းပါ စကားမများစမ်းပါနဲ့ အချိန်ကုန်တယ်"

"ရော့ နင့်ဘာသာ ဖွင့်သာကြည့်လိုက်တော့"

ငစိုင်းက သူနှိုက်ထားတဲ့ မဲလိပ်ကို ဖွင့်တောင်မကြည့်ပဲ မိကာကာလက်ထဲထိုးထည့်လိုက်သည်။

"မျိုးကြီးရဲ့ နားခိုရာတဲ့ ဒါမှမရရင် နင့်ကိုငါလုပ်တော့မယ်"

"ဟဲ ဟဲ ရပါတယ်အဲ့ဟာတော့"

"အဲ့ဆို တီး"

"လေနှင်ရာခရီးပဲ မင်းပျံသန်း...
အမှောင်တွေထဲထိ စွတ်ဝင်မလား..
လေဟုန်စီးရင်း ဝေးနေဆဲ....
ကြွေလွင့်သွားမဲ့ နေ့တွေလည်း
ဒဏ်ရာများနဲ့ ဖြတ်ကျော်ဆဲ 
ပြန်လာခဲ့ဖို့ သင့်ပြီမို့...

အေးရိပ်တခုမှာ ခိုနားခွင့်ရချင်လည်း
အေးမြအရိပ်ဘယ်မှာရှိမလဲ ....
တကယ်ဆို မင်းအနီးအနားရှိပြီးသားပါပဲ
ခိုဝင်ကာမှေးစက်တော့ သခင်
အေးရိပ်လေးထဲ ဝိုးးးး

ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလည်း မင်း..ဆက်ပျံဆဲ
မိုးချုပ်လုပြီ အချိန်လေး မနှောင်းခင် 
လှည့်ပြန်ခဲ့....."

"ကဲ ငစိုင်းပြီးတော့ ကိုကို့အလှည့် ကိုကိုလည်းမဲနှိုက်"

"အငယ်ရေ နင့်စိတ်တိုင်းကျသာ လုပ်နေလိုက်တော့"

"ပြောမနေနဲ့ ငသုန် မင်းညီမက သူတီးရတာမဟုတ်တိုင်းငါတို့ကိုအနိုင်ကျင့်နေတာ"

"အေး မင်းပြောတာမှန်တယ် ငဇေ "

"ကိုကိုနော် ဘာ မင်းပြောတာမှန်တယ်လဲ အငယ်သင်မယ်ဆိုတုန်းကကျ လက်ချောင်းမှာအနာတွေဖြစ်ပြီး အသားမာဖြစ်မယ်ဆိုပြီး ပေးမသင်တာဘယ်သူလဲ"

"အေးပါ ကိုကို့ အပြစ်တွေပါ ပေးပေး မဲလိပ်တလိပ်"

"ရော့"

"ဂန္တဝင်ဆည်းဆာတဲ့ ကိုကို ရတယ်မလား Rကြီး သီချင်းလေ အိမ်မှာရေချိုးရင်း
အမြဲအော်နေတဲ့ဟာ"

"သိပါတယ်ဟ ရေချိုးတာတွေအထိပါ ထည့်ပြောစရာမလိုပါဘူး"

"ဟီး အဲ့ဆို တီးတော့"

သျှန် တို့သုံးယောက်ကတော့ အမွှာနှစ်ကောင်ကိုကြည့်ပြီး တခွီးခွီးရီနေရသည်။

"ညနေခင်းရဲ့ လေပြည်ထဲမှာ.....
မေ့ဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ.....
ပန်းပွင့်လေးတွေ ရှက်သွေးဖြာ...
ကျေးငှက်လေးတွေ တေးမဆိုတော့ပါ....ဟိုမှာ မြက်ခင်းစိမ်းများ ဦးညွတ်လို့ ...မေလာရာ လမ်းခင်းပေးကြမှာ...
စမ်းချောင်းလေးတွေတောင် ငိုနေပြီကွာ... မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အဝါ...."

ဒီသီချင်းက စက္ကန့်တို့ငယ်စဉ်ကတည်းက ကြိုက်ခဲ့ရတဲ့ နာမည်ကြီးသီချင်းပင် လူငယ်တွေပါးစပ်ဖျားမှာစွဲနေခဲ့တဲ့သီချင်းမို့အခုလည်း ဝသုန်ကဂစ်တာတီးရင်းဆိုနေတော့ 
ဝသုန့်အသံချိုချိုလေးကလည်း နားထောင်လို့ကောင်းနေသည်မို့ စက္ကန့်တို့ပါတူတူလိုက်ဆိုမိကြသည်။

"ကမ္ဘာမြေတခွင်ကို မေ့ဆံနွယ်တွေ
လွှမ်းခြုံထားမှာလားကွာ......
တိမ်တွေပေါ်မှာ ရွှေနေခြည်ဟာ ....
ရောင်စဉ် ဖျန်းပက်ကာ..
ဆံပင်တွေကို နမ်းတဲ့အခါ....
လေအဟုန် မှာ လူးလွန့်သွား ...
ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာ....."

သီချင်းလေးဆုံးသွားတော့ သျှန် နဲ့ ညို 
မမျှော်လင့်ပဲ မျက်လုံးချင်းဆုံမိကြသည်။

"ယေးးး အငယ့်ကိုကို တီးတာနားထောင်လို့အကောင်းဆုံးပဲ"

"ဪ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြန်ပြီ မိကာကာရယ်"

"ဘာဖြစ်လဲ စကားများမနေနဲ့ ဒီတခါ နင့်အလှည့် ရော့ မဲနှိုက် ငဇေ"

"နင်ကလည်းဟာ နင်ရေးချင်ရာတွေ ရေးလာတဲ့ သီချင်းကို ငါ‌တို့တွေက တီးရမယ်ပေါ့"

"စောစောက ကိုကို ကော ငစိုင်းကော တီးပြီးသွားပြီလေ နင်တို့နှစ်ကောင်ပဲကျန်တာ ဂစ်တာလေးတောင် အဖြစ်ရှိအောင် မတီးနိုင်ကြဘူးလား"

"မဟုတ်ပါဘူးဟာ ပေးပေး"

"ဟင် မဲလိပ်ကလည်း နှစ်လိပ်တည်းကျန်တော့တယ် "

"အေးလေ နင်နဲ့ စက္ကန့်ပဲကျန်တော့တာကို တယောက်တလိပ်ပေါ့ "

"မိကာကာနော် "

ငဇေက ငါနင့်အကွက်တွေသိနေပါတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကာကာ ကို ကြည့်လာပေမဲ့ ကာကာ မသိချင်ယောင်သာဆောင်လိုက်ပြီး ဟီး ခနဲရီပြလိုက်သည်။

"အဲ့တာဆို ငါအရင်နှိုက်မယ် မဲကို"

စက္ကန့်ကရုတ်တရက်ထပြောလာသည်။

"နင့်အလှည့်မှ မဟုတ်သေးပဲ စက္ကန့်ရဲ့"

"ရတယ် နှိုက်ခိုင်းလိုက် ကာကာ"

"ဟွန့် သူ့လင်စကားဆို တခွန်းပဲ"

မကြားတကြားပြန်ပြောပစ်လိုက်သည်။

"ဘာပြောတယ် မိကာကာ ငါကြားတယ်နော်"

"ကြားရင်ကြားတယ်မှတ်လိုက် စက္ကန့်အစုတ်ပလုတ်ကောင် ‌နင်ကြိုက်တဲ့တလိပ်ယူ"

"ရပြီ ငါယူထားပြီ ခဏနေ ငါ့အလှည့်ကျမှ ဖွင့်ကြည့်မယ်"

"ဟုတ်ပြီ ငဇေ ဒီမှာ နင့်မဲလိပ် ငါပဲဖွင့်လိုက်တော့မယ်"

"အေး "

"Rကြီး သီချင်းပဲဟဲ့ ရှင်းပြခွင့်ပေးပါတဲ့"

"အဟွတ် အဟွတ်"

မိကာကာစကားကြောင့် စက္ကန့်တယောက် ရေသောက်နေရာမှ ရေတောင်သီးသည် ဒါသတ်သတ်မဲ့ မိကာကာလက်ချက်ဆိုတာသေချာပါသည် စက္ကန့်ရဲ့ မဲလိပ်လေးကကော ဘာဖြစ်မလဲမသိဘူး အတော်မွှေတဲ့ မျောက်လွှဲကျော်မ စက္ကန့် စိတ်ထဲက ကျိန်ဆဲမိသည်။

"အင်း ရပါတယ် အဲ့သီချင်းတော့ ငါလည်း မတီးတာကြာပြီဆိုတော့  chord တွေမှားရင် မရီနဲ့နော် "

သျှန် ကပြောပြောဆိုဆို ဂစ်တာကြိုးတွေညှိနေရင်းမှ စက္ကန့်ကို မသိမသာလှမ်းကြည့်နေပြန်သေးသည်မို့ စက္ကန့်ထိုင်နေရင်းမှ နည်းနည်းနေရခက်လာသလိုပင်။

"ဟိုအရင်အတိတ်က ဇာတ်လမ်းတွေအကြောင်း.....
မင်းပြန်ကြားချိန်မှာ ကိုယ်နဲ့ဝေးရာ
ထွက်သွားပြီလား 
စိတ်မှာခံစား အချစ်ကို မင်းနဲ့တွေ့မှာသာ
တန်ဖိုးထားချစ်တတ်တာ ယုံပါ...

ကြုံဆုံခဲ့တာ ကြေကွဲဖို့လား 
ချစ်သူပြောပါကွာ...
ပျော်ရွှင်ခဲ့တာ ပြန်စဉ်းစားပါ 
ဘေးလူတွေစကား...
မင်းလောက်ဘယ်သူမှမချစ်ခဲ့ပါ...
မျှော်လင့်ချက်အလင်းရောင်ရှင်ဟာ မင်းပါ....

မုန်းပြီးလား မေ့ပြီလား ကိုယ့်ကိုရှင်းပြခွင့်ပေးပါ.....တချိန်ကအမှားများအတွက် သူကျေနပ်ဖို့တောင်းပန်ချင်တာ..မုန်းပြီလား မေ့ပြီလား...
ပြန်လည်ချစ်ခွင့်အချစ်လေးပေးပါ..
တကယ်ကို‌မုန်းလိုက်ပြီလား တကယ်ကိုမေ့လိုက်ပြီလား..
အချစ်ဆုံး ချစ်သူရာ...".

သျှန် ဆိုတဲ့ကောင် သီချင်းဆိုနေတဲ့ တလျှောက်လုံး စက္ကန့်ကိုသာလာကြည့်နေပြန်သည်မို့ လူကမျက်လုံးချင်းမဆုံမိအောင် အကြည့်လွှဲရတာလည်းအခါခါ ဟိုကောင်ကတော့ စက္ကန့်ကိုကြည့်နေတာလုံးဝအကြည့်မလွှဲပေ သူ့မျက်လုံးတွေကတခုခုပြောနေသလိုပင် 
သို့သော် ဒီသီချင်းနဲ့စက္ကန့်ကို တခုခုပြောချင်တယ်ဆိုရအောင်လည်း သူ မဲကျလို့ ဆိုနေရတဲ့သီချင်းပင် စက္ကန့်ဘာကိုအထင်မှားနေမိတာလဲ သူဘယ်တော့များမှ စက္ကန့်ကို အကြောင်းပြချက်တွေပေးလာမှာလဲ ရှင်းပြလာမှာလဲဆိုတာစောင့်နေခဲ့ပေမဲ့ အခုချိန်ထိနေနိုင်လွန်းတဲ့ ဒီကောင့်ဆီက ဘာကိုမှ စက္ကန့်မမျှော်လင့်ရဲတော့ပါ။

"ဟဲ့ စက္ကန့် "

"အမေ့"

"ဟယ် နင်ကလည်း ဘာတွေအတွေးလွန်နေတာလဲ ငါခေါ်နေတာကို လန့်တောင်လန့်ရတဲ့အထိ ‌ငဇေ ဆိုတာပြီးသွားပြီ နင့်အလှည့် မဲလိပ်ဖွင့်"

"အေးအေး 'ဘယ်သူမှမကောင်းဘူး' တဲ့"

စက္ကန့် ခဏခဏ နားထောင်ဖြစ်နေတဲ့သီချင်းမို့ အခက်အခဲတော့မရှိပါ သို့သော် စိတ်ဆိုတဲ့အရာကခက်သားရယ် ခံစားချက်တွေအများကြီးထည့်မဆိုမိမှအဆင်ပြေလောက်မည်။

သျှန် တချိန်လုံး ညို့ကိုသာကြည့်နေမိတာမို့ 'ညို'စကားပြောရင်း အဖျားခတ်အသံလေးတုန်သွားတာ သတိထားမိလိုက်ပါသည် သျှန် ညို့အတွက်ဘာများလုပ်ပေးနိုင်မည်လဲ ညို့ကိုပျော်စေချင်ပါသည်။

"ကိုယ် သူတို့နဲ့ဆက်ဆံကြည့်မှ အလိုလိုနောင်တရလာတယ်
ဘာမဟုတ်တဲ့ ပြသနာမျိုးမှာ ....
မင်းလောက်သဘောထားမကြီးကြပါလားကွယ်...
အိမ်မှာ ထမင်းစားရတာမကောင်းလို့ ..
အပြင်မှာ ဝယ်စားကြည့်တဲ့အခါ ....
ဆိုင်ကရောင်းတဲ့ ထမင်းနဲ့ဟင်းဟာ ....
မင်းချက်တဲ့ဟင်းလောက်မကောင်းဘူး....

မင်းလောက် ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး ...မင်းတယောက်တည်းသာ ....
ကိုယ့်အတွက်‌အကောင်းနိုင်ဆုံးအဖော်..
မင်းလောက် ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး....ကိုယ့်ရဲ့အကြောင်းကို မင်းပဲသိတယ်
ကိုယ့်ရဲ့အပြစ်အနာ မင်းပဲခွင့်လွှတ်တတ်သူ 
ရှိတယ်...."

ညို့ရဲ့အသံကဆွေးမြေ့နေသည်။
'ညို' ဝမ်းနည်းမှုတွေကို ထိန်းချုပ်ထားတာအရမ်းသိသာသည်။
'ညို' အရမ်းပင်ပန်းနေလောက်ပြီ။
'ညို' ရယ် ကိုယ်တို့အရင်လိုပြန်နေချင်ပြီကွာ။

သျှန်တို့အားလုံး ငစိုင်းခြံမှာ ညနေစောင်းအချိန်ထိနေပြီးမှ မန္တလေးသို့ပြန်ခဲ့ကြသည်။အလာတုန်းကအတိုင်းပင် သျှန်နှင့်ဝသုန်က ကားတစီး ကာကာနဲ့'ညို' ကကားတစီး သပ်သပ်စီပြန်ခဲ့ကြသည်။

ဒီတခေါက်တွေ့ဆုံမှုလေးက သျှန်နဲ့ညို ကြားကအေးစက်နေတဲ့ရေခဲနံရံပါးလေးကို နည်းနည်းတော့တိုက်စားနိုင်ခဲ့သည်။'ညို'ပြန်ခါနီး ကားပေါ်တက်ချိန် သျှန်ကို ပြုံးပြသွားတာ 
သျှန်သေသေချာချာမြင်လိုက်ရပါသည်။နောက်ထပ်တခေါက် 'ညို့'အနားပြန်လာဖို့ အခွင့်အရေးရအောင် သျှန်သေချာကြိုးစားတော့မည်။

------------------------------

စက္ကန့် အလုပ်တွေအားလုံးအဆင်ပြေနေပေမဲ့ 
စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စတခုကြောင့် လက်ထောက်တွေကို စုံစမ်းခိုင်းထားမိသည်။
သျှန်နဲ့ အရင်တခေါက် ငစိုင်းခြံမှာ တွေ့ခဲ့တုန်းကဒီကောင့်ပုံစံနည်းနည်းမူမမှန်တာ စက္ကန့်သတိထားမိသည်။
ဘာကိုလဲတော့မသိပေမဲ့ ဒီကောင့်ပုံစံက အရင်နဲ့မတူတာတော့အမှန်ပင် ဒီကောင့်မျက်လုံးတွေထဲမှာ လွတ်လပ်မှုတခုခုရရှိနေတဲ့ပုံစံမျိုးထင်ရတာပဲ ဘာလဲသေချာတော့မသိပေမဲ့ပေါ့။

စက္ကန့် ဒီနေ့ အလုပ်ဆိုဒ်တွေကို လိုက်စစ်ဆေးပြီး အစည်းအဝေးတေလည်းတက်ရသည်မို့ လူကနည်းနည်းပင်ပန်းနေသည်။ညနေစောင်းလောက်မှ အားလုံးပြီးသည်။
အိမ်ကိုလည်း စက္ကန့်မပြန်ချင်နေပါ အမေရိကန်မှာသာဆို စက္ကန့်တို့အဖွဲ့စတင်ခဲ့တဲ့ ခြံကျယ်ကြီးနဲ့အဆောက်အအုံထဲမှာသာ နေဖြစ်ခဲ့တာများသည် အဖွဲ့သားတွေနဲ့ပျော်ပျော်ပါးပါးမို့အနည်းဆုံးတော့ စက္ကန့်အထီးမကျန်နေဘူးလေ။

အခုမြန်မာပြည်က အိမ်မှာကျ အဲ့လိုလူတွေအများကြီးလည်းမရှိစက္ကန့်ကိုဆီးကြိုမဲ့ အိမ်ကလူဆိုတာမျိုးလည်းမရှိ စက္ကန့်မိဘတွေကလည်း စက္ကန့်နဲ့အတူမနေ သူတို့အလုပ်တွေကို လူယုံတွေနဲ့လွှဲကာ သူတို့ဘာသာ သီးသန့်နေကြသည်ကများသည်။
စက္ကန့်အတွက် အိမ်ဆိုတဲ့အဓိပ္ပာယ်ဟာ အထီးကျန်လွန်းသည် ခြောက်ကပ်သည် သူစိမ်းဆန်လွန်းသည့်နေရာတခုပင်။

အခုလည်း အိမ်ပြန်လမ်းပေါ်မှာ စက္ကန့်ရဲ့ကားလေးဟာတရွေ့ရွေ့ပြေးနေသည် သို့သော် စက္ကန့် အိမ်မပြန်ချင်နေ။

"ဟျောင့်"

"ဗျာ ဆရာ"

"အိမ်မပြန်ချင်သေးဘူးကွာ"

"ဗျာ ဆရာ "

"ဟာ မင်းကလည်းကွာ တဗျာ ဗျာ နဲ့ ဘာမှအားမကိုးရဘူး"

"ကျွန်တော် ဘာလုပ်ပေးရမလဲဆရာ"

"ဘာမှလုပ်မနေတော့နဲ့ဟေ့ ဒီတိုင်းသာ ကားမောင်းနေလိုက် "

"ဟုတ် ဆရာ"

"ရွဲ့ပြောနေတာကွ လဒရဲ့ အလိုက်ကမ်းဆိုးကမသိ ကောင်းရောကွာ"

"မသိဘူးလေ ဆရာရယ် ဆရာက သေချာမှမပြောပဲ"

"တောင်သမန်ဘက် မောင်းကွာ ငါအိမ်မပြန်ချင်သေးဘူး"

"ဟုတ် ဆရာ"

တောင်သမန်အင်းဆီသို့ရောက်တော့လည်း 
သကောင့်သားက ကားပေါ်မှာအခန့်သားထိုင်ကျန်နေခဲ့သည်မို့ စက္ကန့်လည်းစိတ်ပေါက်ပေါက်နဲ့ ဂုတ်ကနေဇွတ်ဆွဲချလာခဲ့သည်။

"ဆရာ တံတားပေါ်လမ်းလျှောက်မလား"

"မလျှောက်ချင်ဘူး ဟိုအကြော်ဆိုင်တန်းတွေဘေးက ဘောင်ပေါ်မှာသွားထိုင်မို့"

"ဟုတ် ဆရာ ကျွန်တော့်အသိ‌တယောက်အကြော်ဆိုင်လည်းရှိတယ်ဆရာ အဲ့ကစားကောင်းတယ်"

"အေး အဲ့ဆိုအကြော်ဝယ်ခဲ့ကွာ ပြီးတော့ ဘီယာပုလင်းပါရှိရင်ဝယ်ခဲ့ကွာ"

"ဟုတ်ဆရာ ကျွန်တော်အဲ့ဆို ဝယ်ပြီးလာခဲ့မယ် ဆရာသွားစောင့်နေလိုက်လေ"

"အေး"

စက္ကန့် ထိုင်နေတာကြာမှ ဟိုကောင်ကရောက်လာသည်။
စက္ကန့်ကိုသူက နည်းနည်းရှိန်နေသည်မို့ အတင်းကိုအတူတူထိုင်ခိုင်းထားရသည်။စက္ကန့်တို့ ဘေးနားလေးမှာလည်း ချာတိတ်လေးတွေများစွာ ထိုင်နေကြသည်။တချို့နေရာတွေဆို အတွဲလေးတွေတောင်ပါသေးသည်။စက္ကန့်ရဲ့ လူငယ်ဘဝဆိုတာ ဘာမှန်းမသိခဲ့ အလုပ်တွေ စာတွေနဲ့သာ ပိနေခဲ့တာ ပျော်ရွှင်စရာအမှတ်‌တရတွေဆိုတာ Memory ထဲဘာမှရှိမနေခဲ့ အင်း မပျော်ခဲ့ဘူးဆိုရင်တော့ လိမ်ရာကျလိမ့်မည် ဆယ်တန်းကျောင်းသားဘဝအထိတော့ စက္ကန့်ဘဝဟာ ပျော်စရာတေနဲ့ပြည့်နေခဲ့ပါသည်။

"ဆရာ"

"ဟာ အစားကိုပလုတ်ပလောင်းနဲ့စကားမပြောစမ်းပါနဲ့ကွာ"

"ဟီး ကျွန်တော် ပြောစရာရှိလို့ပါ"

"ဘာလဲ ပြော"

"‌ဟိုဘက် အဖွဲ့ကလေ Mr.Y တို့ဘက်က သတင်းတခုရထားလို့"

"ဘာသတင်းလဲ"

"သူတို့အဖွဲ့လူတွေ လူတယောက်နဲ့အဖွဲ့တခုအကြောင်းစုံစမ်းနေတာကြားခဲ့တယ်ဗျ"

"ဘာထူးဆန်းလို့လဲ အဲ့တာ"

"အမ် ကျွန်တော်ကသတင်းရတဲ့အကြောင်းပြောပြတာလေဗျာ"

"အေး ဆက်ပြော"

"အဲ့ကောင်လေးနာမည်က စဝ်နွမ်စိုင်းတဲ့ သူတို့အဖွဲ့နာမည်က 'နွိုင်း' အဲ့ကောင်လေးက အဲ့အဖွဲ့က တော်တော်အရေးပါတဲ့သူ"

စက္ကန့်ကနားထောင်နေပေမဲ့ ဟိုသကောင့်သားက ဆက်မပြောပဲ ဘီယာတောင်သောက်နေလိုက်သေးသည်။

"ဟျောင့် ဆက်ပြောလေ"

"အဲ့တာ‌ပဲလေဗျာ ကြက်တောင်ပံ တို့အဖွဲ့ကစုံစမ်းနေလို့ ကျွန်တော်လည်းနည်းနည်းပါးပါးစုံစမ်းကြည့်ခဲ့သေးတယ် 
ဘာမှမသိရဘူး သတင်းကလုံသလားမမေးနဲ့ ရှမ်းပြည်ဘက်က အဖွဲ့တခုဆိုတာပဲသိတယ် ဘာမှသေသေချာချာမသိရဘူး ဆရာရဲ့"

"အဲ့လိုရှိတာလား အဲ့အဖွဲ့ကဘာတွေလုပ်တာလဲ "

"သူတို့ကအမှုန့်တွေကို ဖြန့်တာ ရှမ်းပြည်တောင်ပိုင်းကရွာတရွာမှာ အခင်းတွေကိုယ်တိုင်စိုက်တယ်လို့ကြားတာပဲ တည်နေရာတော့ အတိအကျမသိရဘူး"

"ဪ"

"အရင်တခါလေ မိုးကုတ်မှာ ပစ္စည်းတွေလဲပြီးအချီကြီးမိသွားတယ်ဆိုတာ အဲ့အဖွဲ့ကယူတာလေ Mr.Y တို့က အဲ့ကယူပြီး ပြန်လဲကြတာ တော်တော်လေးမြတ်သွားတယ်တဲ့ ပြီးတော့ ကျွန်တော်အတွင်းသတင်းတခုရထားတာက အဲ့နွမ်စိုင်းဆိုတဲ့ကောင်လေးနဲ့ Mr.Y တို့နှစ်ယောက်တည်း ထမင်းတူတူသွားစားခဲ့ကြသေးတယ်တဲ့"

"ဟမ် သေချာလား"

"သေချာပါတယ် ဆရာရယ်"

"အဟက်"

တောင်သမန်အင်းကြီးကို ငေးကြည့်ရင်း ဘီယာပုလင်းထဲမှလက်ကျန်တွေကိုအကုန်တခါတည်းမော့သောက်ကာ
စက္ကန့် ခပ်ရွဲ့ရွဲ့ရီသံတခုပြုမိသည်။

စက္ကန့်ရဲ့ ရီသံနောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်မလဲ အရမ်းစိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာတော့သေချာပါသည်။

"သျှန် မင်းဝဋ်လည်တော့မယ်ထင်တယ်"

စက္ကန့်စိတ်ထဲမှရေရွတ်မိသည်။ဒီကောင်ဘယ်လောက် သောက်ကြီးသောက်ကျယ်နိုင်တယ်ဆိုတာ စက္ကန့်အသိဆုံးပင် အခုတော့ ကောင်လေးတယောက်နဲ့အတူတူနှစ်ယောက်တည်းထမင်းသွားစားသည်တဲ့လား သူ့အတွက်တခုခုထူးခြားမှုမရှိရင် အတူတူစားမှာမဟုတ်ဘူးဆိုတာသေချာပါသည်။အဲ့ကောင်လေးကို ငါတွေ့ကြည့်ဖို့လိုပြီထင်တယ် သျှန် မင်းနဲ့ငါ့ကြားမှာ ကစားပွဲလှလှလေး ဖြစ်လာတော့မယ်ထင်တယ် အဟင်း။

--------------------------------------

သျှန် ဟိုပေါက်စလေးကို အေးဆေးတွေ့ရအောင် စီစဉ်ပါမယ်ဆိုတဲ့အချိန်တည်းက ရှုပ်လိုက်တဲ့အလုပ် 
ပြည်ပကအလုပ်တွေက တိုးချဲ့နေချိန်မို့ Num တယောက်တည်းနဲ့ အဆင်မပြေတာမို့ သျှန် ကိုယ်တိုင်ပါဦးစီးလုပ်ကိုင်နေရသည်မို့ မြန်မာပြည်ကိုခြောက်လလောက်ခြေမချနိုင်ခဲ့ ပေါက်စလေးသတင်းတွေကို စုံစမ်းနေခဲ့ပေမဲ့ သတင်းကဘာမှထွေထွေထူးထူးသိပ်မရှိ နဂိုတည်းက အေးဆေးနေကြတဲ့အဖွဲ့တွေမို့ပဲလားတော့မသိ ပါ။

ပေါက်စသတင်းတွေက မထူးခြားပေမဲ့ ညို့သတင်းတွေကတော့ ထူခြားသည်ဆိုတာထက်ကိုပိုနေခဲ့သည်။
သစ်တွေခိုးထုတ်ရုံနဲ့အားမရလို့ အခုဆို ရွှေတွင်းတွေ ရေနံ့တွင်းတွေဘက်အထိပါ လုပ်နေပြန်သည်တဲ့လေ သျှန်လည်းတကယ်ကို မနိုင်တော့ပါ ညို ဘာဖြစ်‌ချင်နေမှန်းကို မသိတော့ပါ။

သျှန် မြန်မာပြည်ကို ပြန်မှရတော့မည် ဒီအတိုင်းသာ ညို့ကိုလွှတ်ထားရင် ပိုဆိုးလာဖို့ပဲရှိတော့မည်။
ပြီးတော့ နွိုင်းအဖွဲ့ခေါင်းဆောင်ရဲ့ မင်္ဂလာဆောင်သတင်းလည်းကြားသည်မို့ အရောက်ပြန်မှရမည် ဒီပွဲမှာ ပေါက်စလေးနဲ့ထပ်‌တွေ့ခွင့်ရဖို့က ရာခိုင်နှုန်းအပြည့်သေချာသည်မို့ ဒီပွဲကို 'Y' တို့အဖွဲ့အနေနဲ့ တက်ကိုတက်ရမည်လေ။

------------------------------------

'Y' တကယ်တမ်း မင်္ဂလာအခမ်းအနားကျင်းပနေသည့် Hotel ရှေ့ရောက်တော့ နည်းနည်းတုန်ရီချင်နေတဲ့ စိတ်ကို မနည်းထိန်းထားရသည်။ရီချင်စရာတော့အကောင်းသား လူတယောက်ကို မျက်စိတမှိတ်အတွင်း မျက်တောင်မခတ်ပဲသတ်နိုင်တဲ့ Alis အဖွဲ့ခေါင်းဆောင်ကြီးဟာ ကောင်ငယ်လေးတယောက်ကို တွေ့ဖို့တော့ တုန်ရီနေသည်တဲ့လေ။

'နွိုင်း' အဖွဲ့ခေါင်းဆောင်ရဲ့ လက်ထပ်ပွဲဟာ အရမ်းခမ်းနားကြီးကျယ်အောင်လုပ်ထားတာ ဘာတခုမှမရှိ သို့သော် ရိုးရှင်းပေမဲ့ လှပသည် ကြည်နူးဖို့ကောင်းသည် နွေးထွေးမှုကို ခံစားမိသည်အထိ ရိုးရိုးလေးစီစဉ်ထားသည်။

ယခု 'Y' ရောက်နေတာက သူတို့ရဲ့ Dinner စီစဉ်တဲ့ပွဲလေး
'Y' ကြားခဲ့တာဆို သူတို့နှစ်ယောက်အတူ မနက်အစော ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်းလေးကပ်ပြီး မင်္ဂလာဦးဆွမ်းကပ်ခဲ့သည်တဲ့ ပြီးတော့ ပရဟိတကွန်ယက်တွေကို အလှူငွေတွေလှူဒါန်းတယ် မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာတွေကို လှူဒါန်းတယ်တဲ့လေ 'Y' အမှန်တိုင်းပြောရရင် တကယ်လေးစားပါသည် တကယ်လိုအပ်နေတဲ့နေရာတွေကိုချည်းလှူဒါန်းသွားကြတာ 'Y' ထင်ထားခဲ့တာ နှစ်ဖက်လုံးက ပိုက်ဆံရှိအသိုင်းအဝိုင်းတွေမို့ အကြီးအကျယ်ပွဲကိုစီစဉ်လိမ့်မည်ဟု တွေးထားခဲ့တာပင် အခုတော့ သိုသိုသိပ်သိပ်လေးနဲ့ လူရင်းတွေလောက်နဲ့သာစီစဉ်သွားသည်။

"Hello တွေ့ရတာ ဝမ်းသာပါတယ် 
ကျွန်တော်က 'Y' ပါ နွိုင်းနဲ့တွဲလုပ်လာတာ ကြာပြီဗျ အခုမှ စဝ်နောင့်ခွန်းနဲ့တွေ့ဖူးတော့တယ်"

"ကျွန်တော်လည်း လင်းဆက်ပြော ပြောနေလို့ 
Mr.Y ကို နာမည်ရင်းနှီးနေတာကြာပြီ 
လူချင်းအခုမှတွေ့ဖူးတယ် 
နောက်လည်းလက်တွဲသွားချင်ပါသေးတယ်ဗျာ"

"ဟုတ်ကဲ့ စိတ်ချပါ လက်တွဲသွားမှာပါ"

"လွတ်လွတ်လပ်လပ်ပြောပါဗျာ ရပါတယ် Mr.Y"

"ဒါနဲ့ စဝ်နောင့်ခွန်းအမျိုးသားက...."

"အာ..ခဏ ‌ကျွန်တော်မိတ်ဆက်ပေးပ့ါမယ်"

Y သိချင်စိတ်ကြောင့်မေးလိုက်မိချင်းဖြစ်သည်။ တိုက်ပွဲတခုကြောင့်
စဝ်နောင့်ခွန်း တနှစ်လောက်တောင် Coma ဝင်သွားခဲ့တာအဲ့အချိန်တွေမှာတောင် စွန့်ပစ်မသွားပဲ အနားမှာရှိနေပေးခဲ့သည့် သူ့အမျိုးသားရဲ့စိတ်ဓာတ်မာကြောမှုတွေကို ကြားဖူးနားဝရှိခဲ့တာမို့ လူကိုယ်တိုင်မြင်ဖူးချင်တာမို့ မေးလိုက်မိသည်။

စဝ်နောင့်ခွန်းကလည်း Y နဲ့စကားပြောနေရာမှ ပွဲကျင်းပနေသည့်အထဲမှ သူ့အမျိုးသားလေးကို မျက်လုံးနဲ့ဝေ့ကြည့်ပြီး တွေ့တာနဲ့ မျက်နှာအမူအရာက ချက်ချင်းကိုနူးညံ့စွာပြောင်းလဲသွားပြီး

"Mr.Y ခဏလေးနော်..."

"ဟုတ်ကဲ့ရပါတယ်ဗျာ"

Y တို့ ရပ်ပြီးစကားပြောနေသည့်နေရာနှင့်စားပွဲဝိုင်းသုံးလေးခုသာကွာခြားသည့်နေရာတွင်ရှိနေပါသော်လည်း လှမ်းခေါ်လိုက်ရုံနှင့်ရပေမဲ့ စဝ်နောင့်ခွန်းကသူ့အမျိုးသားလေးရှိနေသည့်နေရာသို့ သွားခေါ်သည်။ဘယ်လောက်တောင်တန်ဖိုးထားလည်းဆိုတာ နှုတ်ကဖွင့်ပြောစရာမလိုပါပဲ အမူအရာတွေကပင်သိနိုင်လေသည်။
တကယ်ကိုအားကျဖို့ကောင်းတဲ့လိုက်ဖက်လွန်းတဲ့စုံတွဲလေးပင်။တိုးတိုးလေးကပ်ပြောပြီး Y ရှိရာဖက်သို့ သူ့အမျိုးသားလက်လေးကို ဆွဲကာ ခေါ်လာပြီးမိတ်ဆက်ပေးသည်။

"Mr.Y ဒါကျွန်တော့်အမျိုးသား ခွန်းစေကိုးပါ"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ဗျ"

"ဟုတ်ကဲ့ ကိုယ်လည်းတွေ့ရတာဝမ်းသာပါတယ် Y ပါ"

Y လက်ကမ်းပေးရင်းမိတ်ဆက်လိုက်တော့ တဖန်ပြန်လည်ကာလက်ဆွဲနှုတ်ဆက်လာသည်။တကယ့်ကို ရည်ရည်မွန်မွန်လေးပင်။

"စဝ်နောင့်ခွန်းတို့အတွဲက တကယ်ကို နတ်ဖက်တဲ့စုံတွဲပါပဲဗျာ တကယ်ကို လိုက်ဖက်တယ်"

"ကျေးဇူးတင်ပါတယ်ဗျာ"

"ကဲ ကိုယ့်ကို အာရုံမစိုက်ပါနဲ့ ရတယ်
လုပ်စရာရှိတာ လုပ်ပါ 
ကိုယ်ဟိုဘက်ထောင့်မှာသွားထိုင်ဦးမယ်"

"ဟုတ် Mr.Y ကြွရောက်ပေးတာ ကျေးဇူးပါ
အေးဆေးနေပြီးမှပြန်ပေါ့ အဲ့ဒါဆို ကျွန်တော်တို့တခြားဝိုင်းတွေ ဧည့်ခံလိုက်ဦးမယ်ဗျာ"

"ဟုတ်ကဲ့ ရပါတယ် သွားပါ"

Y လူတွေကိုမလိုအပ်ပဲမပြုံးပြချင်တာမို့ ထောင့်အကျဆုံးဝိုင်းကိုရွေးထိုင်လိုက်သည်။
ဒီနေ့ ဒီပွဲကို Nic ကိုမလိုက်စေပဲ 
တယောက်တည်းလာခဲ့တာ
နည်းနည်းတောင် နောင်တရလာမသလိုပင်။တယောက်တည်းဆိုတော့ နည်းနည်း ယောင်ချာချာ ဖြစ်နေရသည်။စားပွဲပေါ်မှာတင်ထားတဲ့ မျက်စိရှေ့မြင်တဲ့ ရှန်ပိန်တခွက်ကိုဆွဲယူကာ ပွဲတက်လာတဲ့သူတွေကို အနည်းငယ်လိုက်အကဲခတ်နေမိသည်။

'Y' အတွက်ကံကောင်းခြင်းသေးသေးလေးတခုက စိုက်စိုက်မြိုက်မြိုက်ကိုရောက်ရှိလာလေပြီ။'Y' လိုက်ကြည့်နေရင်းမှ စားပွဲဝိုင်း တခုတွင် ပျော်ပျော်ပါးပါးစားသောက်ကာ 
စကားတွေပြောနေသည့် ပေါက်စကိုတွေ့လိုက်ရသည်။နက်ပြာရောင် အနောက်တိုင်း Suite လေးနှင့် နဂိုအသားဖြူသည့် ပေါက်စကကြည့်ကောင်းလွန်းသည်။

'Y' ရှန်ပိန်ခွက်ကို အရသာခံသောက်ရင်းပေါက်စကို တစိမ့်စိမ့်ငေးကြည့်နေမိသည်။

နွမ်စိုင်း အသိတွေနှင့်စကားပြောနေရာမှရုတ်တရက်ကြီး ကျောထဲကစိမ့်တက်လာကာတစုံတယောက်က စိုက်ကြည့်နေသလိုခံစားချက်ကြီးကြောင့်ဘေးပတ်လည်ကို မသိမသာအကဲခတ်၍လိုက်ကြည့်မိသည်။

အမလေး တွေ့ပါပြီ ဟိုတခါ မိုးကုတ်မှာ တွေ့ခဲ့တဲ့လူကြီးနွမ်စိုင်းကိုပြုံးပြုံးကြီးစိုက်ကြည့်နေတာ။ တွေ့ချင်လွန်းလို့ စုံစမ်းတုန်းကကျ ဘယ်ပျောက်နေမှန်းမသိ အခု ကိုယ့်စိတ်ကို အစွဲအလန်းမထားမိအောင်လုပ်ခါမှ တည့်တည့်တိုးနေရသည်။

နွမ်စိုင်း ကို စိုက်ကြည့်နေတာများ ‌လန့်တောင် လန့်တယ်ပြီးမှ နွမ်စိုင်းတခုသဘောပေါက်သွားရသည်။သူ့ခမျာ တယောက်တည်း ထိုင်နေရတာ နွမ်စိုင်း‌တို့ စကားတွေပြောပြီး ရီနေကြတာ အားကျနေတာလားမသိဘူး။

နွမ်စိုင်းလည်း Mr.Y ရှိရာဘက်သို့ လှည့်ပြီးခေါင်းတချက်ငြိမ့်ပြကာ နှုတ်ဆက်သည့်သဘောမျိုး လုပ်ပြလိုက်သည်။သူကလည်း ရပါတယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းပြန်ငြိမ့်ပြလာသည်။
နွမ်စိုင်း သူ့ကြည့်ရတာ သနားလာသည်မို့ ရှန်ပိန်ခွက်တခွက်ဆွဲကာ Mr.Y တယောက်တည်း ထိုင်နေသည့်ဝိုင်းသို့ ထထွက်လာခဲ့လိုက်သည်။

"တယောက်တည်းလား Mr.Y အဖော်မပါဘူးလား"

"ဟုတ်တယ် အဖော်မပါဘူး ကိုယ်တယောက်တည်း"

"ကျွန်တော်ထိုင်မယ်နော် "

"ထိုင်လေ ပေါက်စ "

"ဟုတ် ကျေးဇူးပါဗျာ"

"မင်းဒီည ကြည့်ကောင်းနေတယ် ပေါက်စ"

"ဟဲ ဟဲ ကျေးဇူးပါဗျ ခင်ဗျားလည်းတူတူပါပဲ ကြည့်ကောင်းတယ်"

လက်မလေးထောင်ပြီး ပြန်ပြောလာတဲ့ ပေါက်စပုံစံက အူယားဖွယ်အတိပင်။ထိုနေ့ညက မရည်ရွယ်ပါပဲ ပေါက်စေလေးနဲ့ Y စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။Y သိချင်တာတွေလည်း အကုန်လှည့်ပတ်ပြီး မေးလာခဲ့သည် ပေါက်စလေးက ကျောက်မျက်ရတနာတွေကိုအတော်စိတ်ဝင်စားသည့်အကြောင်းကိုပါသိလာရသည်။

Y 'နွိုင်း'အဖွဲ့ခေါင်းဆောင်ရဲ့ မင်္ဂလာပွဲပြီးသွားသည့်တိုင်အောင် ပေါက်စလေး‌နဲ့ စကားတွေအများကြီးပြောနေခဲ့သည်မို့ အိမ်ပြန်ချိန်ဟာ ညနက်ခဲ့ရသည်။

Nov 17,2021

Thanks For Reading.💛💛

#Paing Koe 🌸🍉

📌စာရေးသူမှာ ပြောစရာရှိပါတယ်:

သျှန်စေရဲဇော်၊
မိုးစက္ကန့်ညို၊
စဝ်နွမ်စိုင်း 
၃ယောက်လုံးက Main Lead တွေပါ

#Part 9 တွင်ပါဝင်သော သီချင်းများ

မျိုးကြီး- အပြစ်တစ်ခုဖန်တင်းခြင်း ၊ နားခိုရာ

Rဇာနည်- ဂန္တဝင်ဆည်းဆာ ၊ 
ရှင်းပြခွင့်ပေးပါ ၊
ဘယ်သူမှမကောင်းဘူး

--------------------------------------------------


rate now: