book

Index 3

အပိုင်း(3)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ရှေးညနေရောက်တော့....ထိုကိုယ်

တော်ကမပြန်သေးတာကြောင့် ...

ချက်ပြုတ်ကျွေးရန်...စျေးခြင်း

တောင်းလေးကိုင်ကာ...ထွက်လာ

ခဲ့ တော့ အိမ်ရှေ့အခန်းမှာ သမီးလေး

ကို ထိန်းနေသော သူ့ကြောင့် မျက်စောင်း

လေးထိုးလိုမိသည်။


မနက်ကလည်း ကြည့်အုံး...

သူအကို သူ့အိမ်လိုက်နေရမယ်တဲ့..

ရှေးက အိမ်ရှိရဲ့ သားနဲ့ ဘာလို့

လိုက်နေရမှာလည်း....ရှေးမျက်နှာ

လေးမဲ့လိုက်ကာ..သူကြည့်နေတာ

တွေ့တော့ မျက်နှာလေးပြင်လိုက်ပြီး....

သူ့ကို ခပ်တည်တည်လေးကြည့်ကာ...

စျေးသွားရန်..အိမ်အဝကို ထွက်ခဲ့တာ...


"ဟေ့..ဒီမှာ..ခင်ဗျာ..ဘယ်သွား

မလို့လည်း..."


ရှေးသူ့ကို မျက်စောင်းလေး

ထိုးကာ..လှည့်​ကြည့်လိုက်ပြီး...


"ဒီမှာ...မင်း..ငါ့နာမည်..ခင်ဗျာ..မဟုတ်ဘူး..

ရှေးဆန်သူ..."


တော်ဝင်..မျက်နှာလေးမဲ့လိုက်ကာ..

သမီးလေးကို ချီကာ...သူမအနား

လျှောက်လာပြီး..


"ကျွန်တော်နာမည်ကလည်း..မင်းမဟုတ်ဘူး..

မင်းတော်ဝင်..."


သူ့ရဲ့ ခပ်ထေထေအပြောကြောင့် သူမ

မျက်စောင်းလေးထိုးလိုက်ပြီး....


"ဘာလည်း..ဘာပြောမှာလည်း...

မြန်မြန်ပြော...တို့စျေးသွားမလို့..."


တော်ဝင် စျေးသွားတာ မြန်မာဝမ်းဆက်

ကြက်သွေးရောင်လေးကို ချပ်ရပ်နေအောင်ဝတ်ဆင်ထားပြီး...ကျေလည်လောက်ရှိသော

ဆံပင်လေးကို အနောက်မှာစုစည်းထားကာ

မျက်နှာလေးမှာလည်း..ဝင်းဝင်းစက်စက်လေးလှပနေသော သူမကို

မျက်မှောင်ကြီးကုတ်ကာ.. သေချာကြည့်ပြီး..


"ခင်ဗျာ...စျေးသွားမှာလား...အလှသွားပြ

မှာလား.."


"ဘာပြောတယ်..."


သူ့ကို ဒေါသမျက်ဝန်းလေးနဲ့ ကြည့်

နေသော သူအကို သူ..သမီးလေးချီ

ထားရင်းနဲ့ မျက်ခုံးပင့်ကြည့်ကာ...


"ဟုတ်တယ်လေ..ခင်​ဗျာကို ခင်ဗျာပြန်ကြည့်

မြန်မာအင်္ကျီဝတ်ထားတာ..ခါးကလည်းတို

ပြီးတော့ ကိုယ်လုံးမှာ ကပ်ရပ်ပြီး..ဘယ်နေရာ

ဘာရှိတယ်ဆိုတာ..အကုန်တွေ့နေရတာ.."


ရှေး သူ့ရဲ့ အပြောဘွင်းဘွင်းကြီးကြောင့်

မျက်နှာလေးရဲသွားကာ..သူမကိုယ်သူမ

ပြန်ငုံ့ကြည့်ပြီး...သူ့ကို ဒေါသမျက်ဝန်း

လေးနဲ့ ​ကြည့်ကာ...


"မင်းပြောလောက်လည်းမဆိုးပါဘူး...

ငါ့ကိုယ်နဲ့ငါဝတ်တာဘာဖြစ်လည်း.."


ရှေးဝတ်ထားတာ မြန်မာဝတ်ဆုံလေးက

ရင်ဆေ့ရိုးရိုးလေးဖြစ်ကာ..ရိုင်းတာတစ်ခု

မှမပါ..ပြီးတော့ရှေး သနပ်ခါးရေကျဲလေး

ပဲ လိမ်းထားပြီး..ဘာမှ မပြင်ဆင်ထားပါ...

ဆံပင်ကိုတောင် ဖြစ်သလိုစည်းထားတာဖြစ်

တာကြောင့် သူ့ကို ဒေါသထွက်ပြီးပြောလိုက်ကာ..မျက်စောင်းလေးထပ်ခါထပ်ခါ

ထိုးနေလိုက်သည်။


တော်ဝင်...သူ့ကို မျက်စောင်းတွေကြီး

ထိုးပြီး...ခပ်စွာစွာလေးပြန်ပြောနေတာ

ကြောင့် သူမကို ခပ်စင်းစင်းပြန်ကြည့်နေ

လိုက်တော့....သူမပါးလေးတွေရဲလာကာ...

ရင်ဘက်မို့မို့လေးကို လက်လေးနှစ်ဖက်နဲ့ အုပ်လိုက်ပြီး..


"မင်း..မင်း..ဘယ်တွေလိုက်ကြည့်နေတာ

လည်း..."


သူ မျက်ခုံးတွေပင့်တက်သွားပြီး

ပခုံးပင်လိုက်ကာ..


"ခင်ဗျာ...အာ့လို ကြည့်စေချင်လို့..ဝတ်ထား

တာမဟုတ်ဘူးလား..."


"တောက်..မင်းနှာဘူးဘဲ..."


"အဟွန်း...ကျွန်တော်က တမင်လိုက်

ကြည့်နေတာမှမဟုတ်တာ...ခင်ဗျာဘာသာ

ကျွန်တော့်အရှေ့မှာ...ကိုယ်လုံးလှကြောင့်.."


"တောက်..ဒုန်း..."


တော်ဝင် ဒေါသတကြီး အိမ်ထဲ

ပြန်ဝင်သွားသော သူမကြောင့်

ပြုံးလိုက်ကာ...သမီးလေးကို

ကြည့်တော့လည်း သူ့ကိုပြန်ပြုံး

ပြနေတော့ သူရယ်ပြီး သမီးလေး

ပါးကို နမ်းလိုက်ကာ...အုပ်ထုပ်လေး

ယူဆောင်းပေးကါ...အိမ်အဝမှာ ရပ်နေ

လိုက်သည်။


ရှေး..အပေါ်ဖုံး အနွေးအထည်းအပါးကို

ယူဝတ်လိုက်ပြီး...နှုတ်လမ်းလေးကိုက်ကာ..

သူ့ကို ဒေါသဖြစ်နေမိတော့သည်။


"နှာဘူး...မြန်မြန်ပြန်မှအေးမှာ..."


ရှေးဆူပုတ်ကာ..အိမ်ရှေ့ပြန်ထွက်လာတော့

သူ...သမီးလေးကို ချီကာ..သူမကို ခပ်တည်တည်ကြည့်နေတာကြောင့်် ရှေးအသိချင်ယောင်ဆောင်ကာ...ဆွဲခြင်းလေးဆွဲကာ..

ထွက်ရန်ပြင်တော့ သူက သမီးလေးကို

ချီကာ...အိမ်အပြင်အရင်ထွက်နေတော့

ရှေး မျက်လုံးပြူးပြီး..


"မင်း..မင်း..ကလေးခေါ်ပြီး..

ဘယ်သွားမလို့လည်း... "


"ခင်ဗျာနောက်လိုက်မလို့လေ..."


"ဘာ..မင်းငါ့ကို..လာနောက်နေတာလား

တော်ဝင်.."


သူမ သူ့ကို တော်ဝင်လို့ခေါ်ပြီး

အလန််တကြား မေးနေတာကြောင့်

သူပြုံးပြီး...


"မနောက်ပါဘူး..သမီးလေးကလည်း

လိုက်ချင်လို့တဲ့...နော်သမီးနော်..."


သူကလေးကိုပါ..အဖော်ညှိ့သလို

ပြန်ပြောတော့ သမီးနန်းဆန်သူလေး

က သူ့ကိုပြန်ရယ်ပြကာ..ရှေးကို

ကြည့်ပြီး...


"မေမေ..လိုက်..လိုက်..."


မပီတပီလေးပြောတော့..ရှေးမှာ

မျက်နှာ​လေးပျက်သွားပြီး...ဆဲဲခြင်း

လေးဆွဲကာ..ထွက်လာလိုကိတော့သည်။


ပြောလို့လည်းရမှာ မဟုတ်တာ

သိတာကြောင့်..ရှေးဘာမှ ပြန်မ​ပြော

ချင်တော့...။


တော်ဝင် လည်လွန်းသော...သမီးလေး

ပါးကို နမ်းလိုက်ကာ...


"ဒါမှ...လေးလေးသမီး...."


သူပြုံးကာ..ပြောပြီး..အရှေ့က

သွားနေသော သူမကို အမှီ..သမီး

ကိူချီကာ...လိုက်လာခဲ့လိုက်သည်။


"ဟေ့..ဒီမှာ မရှေး.နေအုံး..."


ရှေးသူ့အသံကြောင့် မကြားချင်ယောင်

ဆောင်ကာ..သွားနေလိုက်သည်။


တော်ဝင်..သူ့အသံကိုမကြားချင်ယောင်

ဆောင်ကာ..သွားနေသော သူမကြောင့်

နှုတ်ခမ်းကို အသာဖိကိုက်လိုက်ကာ...

ဘေးပတ်ဝန်းကျင်ကိုကြည့်တော့လည်း

ယောကျာ်းတွေရဲ့ မျက်လုံးက သူမဆီမှာ

ကြီးပဲကြောင့် သူ ခပ်ညစ်ညစ်ပြုံးပြီး

သမီးလေးကိုပါငုံ့ကြည့်လိုက်ကာ...


"မိန်းမ..နေအုံးလေ..ဒီမှာ..သမီးလေး

ကနို့စာလို့..မျက်နှာလေးမဲ့နေပြီး..."


ရှေးသူရဲ့ စကားတွေကြောင့် လှမ်းနေသော

ခြေလှမ်းတွေ ရပ်သွားပြီး...လူတစ်ကိုယ်

လုံးကလည်း...ရှက်လွန်းလို့...ပူအိုက်သလို

ဖြစ်လာကာ....မျက်နှာလေးမှာရဲချိတ်နေပြီး..

အနားရောက်လာသော သူ့ကို ဒေါသမျက်ဝန်း

တွေနဲ့ ပြန့်လှည့်ကာကာ...


"ရှင်...ရှင်..ဘာ​ပြောလိုက်တာ.."


"ဟာ...မကြားလို့လည်း...မောင်ပြန်ပြော

ရမှာလား..မိန်းကလည်း..ဒီမှာ..သမီးက

မျက်နှာလေးမဲ့နေပြီး နို့စာလို့ထင်တယ်..."


ရှေးသူထပ်ပြောလိုက်တဲ့ စကားကြောင့်

မျက်နှာလေးမှာရဲသထက်ရဲလာကာ...

ဘေးပတ်ဝန်းကျင်ကိုကြည့်တော့လည်း

သူမတို့ကို တကယ့်မိသားစုလို ထင်နေတဲ့

မျက်ဝန်းတွေနဲ့ ကြည့်နေတော့..ရှေး..အသား

တွေတုန်လာကာ..ဒေါသကို မနည်းလျော့လိုက်ပြီး..သူ့ကို အံကြိတ်ပြီးကြည့်ကာ...


"ဒီမှာ...မင်း..တို့ကို...အရှက်ခွဲနေတာ..

ရပ်လိုက်တော့နော်..."


တော်ဝင်ဒေါသထွက်နေသော

သူမ မျက်နှာ ဝင်းဝင်းလေးအနား

တိုးကပ်လိုက်ကာ...


"ကျွန်တော်က ခင်ဗျာကို ကူညီပေးနေတာ.."


ရှေး..မယုံသလို မျက်ဝန်းတွေနဲ့ သူ့ကို

မော့ကြည့်လိုက်တော့..သူက ခေါင်းငြိမ့်ပြကာ...


"ဟုတ်တယ်..ခင်ဗျာ..ကိုဟိုဘက်ကို

ကြည့်လိုက်..."


သူပြောတော့ရှေး ကြည့်လိုက်တော့

ယောကျာ်းလေး ၅ယောက်ထိုင်နေကာ

ရှေးတို့ကို စူးစမ်းသလိုကြည့်နေတော့

ရှေးသူ့ကိုနားမလည်သလိုလေးပြန်ကြည့်ကာ...


"အာ့ဒါနဲ့..ဘာဆိုင်လို့လည်း.. "


"အဟွန်း..ဆိုင်တာပေါ့..ခင်ဗျာကို

သူတို့ကြည့်နေတဲ့ မျက်ဝန်းတွေကိုယခင်ဗျာမြင်လား...အာ့ဒါကြောင့် ကျွန်တော်နဲ့ သမီးက

ကူညီပေးထါးတာ.."


ရှေးမျက်နှာလေးမဲ့လိုက်ကာ...

အရှေ့ကိုပြန်လှည့်လိုက်ပြီး.

ဒေါသထွက်လွန်းလို့ ဘောက်ဆက်

ဆက်နဲ့ ထွက်လာလိုက်သည်။


"ဟယ်..ကြည့်ပါအုံး..ကောင်လေးနဲ့

ကောင်မလေးက ဖြူဖွေးပြီးချောချော

လေးတွေ ကလေးလေးကလည်းကြည့်

အုံး ကြွေရုပ်လေးလားပဲ....လိုက်ဖက်လိုက်

တဲ့ ဇနီးမောင်နှံပဲ...."


သူ..ဘေးပတ်ဝန်းကျင်က ပြောတဲ့

အသံကိုကြားပြီးပြုံးလိုက်ကာ...

သမီးလေးကို ချီကာ..သူ့ကိုစိတ်ဆိုး

သွားတဲ့ သူမအနောကိကို  ပြုံးကာ

လိုက်လာခဲ့လိုက်သည်။


"ဘာပဲပြောပြော..ခင်ဗျားက..

စိတ်ဝင်စားဖို့ကောင်းသားပဲ..

ဒေါ်ရှေး...."


-------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"မမနန်းရယ်...လင်းတို့က 

အရင်ရက်ထဲက လာချင်နေတာ..

ဒီမှာလေ..သမီးအဖေက အခုမှ ခရီးက

ပြန်ရောက်လို့...ပြီးတော့ အန်တီရော..."


ဒေါ်နန်းတော်ဝင်ပြုံးကာ..မကြာခင်

တော်ရတော့မဲ့...ခမည်းခမက်တွေကို

ကြည့်ကာ...


"မဟုတ်တာ..လင်းရယ်..ရပါတယ်..

ဒါတွေကလည်း ဖြစ်ချိန်တန်..ဖြစ်သွား

တယ်လို့ဘဲ..စိတ်နှလုံးသွင်းရတာပါပဲ...

မေမေက..ရှိတယ်..အခန်းထဲမှာအနားယူ

နေတယ်လေ....အသက်ကြီးလာတော့..

ကျန်းမားရေးက သိပ်မကောင်းဘူးလေ..."


"လင်းလည်းစိတ်မကောင်းပါဘူး..

မမရယ်....ပြီးတော့ ဒီကိစ္စကြောင့် 

သမီးလေးနဲ့ သားတော်ဝင် စေ့ဆက်ပွဲ

ကို နောက်မဆုပ်ဘူးမဟုတ်လား..မမ.."


"ဟာ..မိန်းမရယ်..ဒီအချိန်ကြီးမှာ

ဒီကိစ္စကို မေးစရာလားကွ.."


ဒေါ်သလင်း ခင်ပွန်းအပြောကြောင့်..

မျက်နှာလေးမှာပျက်သွားကာ...မမနန်း

ကို အားနာသလိုပြန်ကြည့်လိုက်ပြီး...


"Sorry နော်..မမနန်း..လင်းက...

သိချင်လို့မေးလိုက်တာပါ..."


ဒေါ်နန်းတော်ဝင် နားလည်းသလို

ပြုံးလိုက်ပြီး...


"ရပါတယ်..လင်းရဲ့...အာ့ဒိ

ကိစ္စက သားပြန်လာရင်..နန်းတို့

စီစဥ်ကြတာပေါ့.."


အာ့တော့မှ ဒေါ်သလင်းမျက်နှာ

ဝင်းပသွားပြီး...


"အဟင်း..ကောင်းတယ်မမနန်း..

ကလေးတွေလည်းအရွယ်တွေ

ရောက်နေပြီဆိုတော့..အချိန်ဆွဲ

တာမကောင်းဘူးလေ..."


"ဟုတ်တာပေါ့..လင်းရဲ့..မမလည်း

အာ့လိုတွေးမိပါတယ်..ပြီးတော့..သားကို

လည်း...မိန်းမလည်တွေနဲ့ တွေ့မှာ..သိပ်ဆိုး

တယ်...မင်တော်ဝင်စံအိမ်ရဲ့ချွေးမလေးက

လင်းရဲ့ သမီးမြတ်လေးလို့ မျိူးကောင်း

ရိုးကောင်းဖြစ်ပြီး ချောမောကာ..ထက်မြတ်သူဖြစ်ရမယ်...ပြီးတော့..."


ဒေါ်နန်းတော်ဝင်..အရှေ့က ဒေါ်သလင်း

ကိုပြုံးကြည့်ကာ.. 


"အာ့လိုမိန်းကလေးကလည်း..

လင်းရဲ့ သမီးလေးတစ်ယောက်ပဲ

ရှိတာလေ..."


ဒေါ်လင်းမျက်နှာပြုံးရွှင်နေကာ...


"ကျေးဇူးတင်ပါတယ်...မမနန်းရယ်..."


"အော်မေ့နေလိုက်တာ..လင်းတို့ပြန်

အုံးမယ်မမ..သားတော်ဝင်ပြန်

ရောက်ရင်..လင်းတို့သမီးကိုပါ

ခေါ်ပြီးလာခဲ့မယ်..ဒီမှာ..သမီးအဖေက.Company တန်းသွားရမှာဆိုတော့

လင်းလည်းနောက်ရက် သက်သက်လာ

ခဲ့မယ်နော်မမနန်း..."


ဒေါ်နန်းတော်ဝင် ပြုံးကာ...


"ရပါတယ်..လင်းရဲ့.."


လင်းတို့ ပြန်သွားမှ..ဒေါ်နန်းတော်ဝင်...

မေမေ ဆီကို ထလာလိုက်တော့သည်။


-------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓


ရှေး..ချက်ထားတာတွေကို ခေါင်းမဖော်

တန်းစားနေသော သူ့ကိုကြည့်ကာ...

မျက်နှာလေးမဲ့လိုက်ကာ...


"ဒီမှာ..ရှင်..ဘယ်တော့ပြန်မှာလည်း..."


"မနက်ပြန်မယ်လေ..မင်နဲ့ သမီးကို 

ခေါ်ပြီးတော့..."


"မလိုကိဘူးနော်..ရှေးက ဘာလို့

လိုက်ရမှာလည်း.."


အလန့်တကြားလေး ပြောတော့

သူပြုံးလိုက်ပြီး..ထမင်းကို ပါးစပ်ထဲ 

ထည့်ကာ....သူမကို မျက်လုံးလန်ကြည့်

လိုက်ပြီး...


"မင်းသမီးနဲ့ ခွဲနိုင်ရင်..နေခဲ့ပေါ့..ဒါတော့

မင်းသဘောပဲ....မင်းပါလိုက်ရင်..နောက်

ငါးလနေရင်..မင်းကို သမီးလေးပြန်ထည့်

ပေးလိုက်မယ်... အခုက ငါ့အဘွားနေမကောင်းလို့ သမီးလေးကို ခဏခေါ်သွားတာ...

မင်းကို ငါကိုယ်ချင်းစာပါတယ်..."


သူပြောတော့..ရှေးတွေဝေသလိုလေး

ဖြစ်သွားကာ...သူ့ကို မယုံသလိုလေး

ကြည့်ပြီး...


"မင်..မင်းတကယ်ပြောတာလား..

သမီးလေးကို ငါ့ကို ပြန်ပေးမယ်ဆိုတာ..."


သူခေါင်းငြိမ့်ပြကာ...


"ဟုတ်တယ်...ကျွန်တော်..

ခင်ဗျားနဲ...နောက်ငါးလနေရင်

ပြန်ထည့်ပေးလိုက်မယ်...''


ရှေး မျက်နှာလေးပြုံးသွားပြီး..


"အာ့ဒါဆို..ငါလိုက်မယ်..ဒါပင်မဲ့

ငါ့ ဆေးရုံမှာ..."


"အာ့ဒါအတွက်..ခင်ဗျားမပူနဲ့..ကျွန်

တော် အကုန်စီစဥ်ပေးမယ်..."


အခုလိုကျတော့လည်း..သူ့ပုံစံက

လူကြီးလူကောင်း ဆန်နေတော့..ရှေး

သူ့ကို ယုံကြည်နေမိသည်။


တော်ဝင်..ထမင်းစားနေရင်း...

ပြုံးလိုက်တဲ့ အပြုံးကိုတော့

ရှေးတစ်ယောက် မမြင်လိုက်တော့ပါ။


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: