အဏ္ဏဝါအတွင်းမှအကျဉ်းစံများ
===================
အပြင်လောကမှာ မြေအောက်ကမ်ဘာ၏ထူးခြား
သောအချိန်ပြောင်းလဲမူအရ မှောင်မိုက်နေပြီဖြစ်၏။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ ဆာလောင်နေသော ဝမ်းဗိုက်ကို အသီးအရွက်ဟင်းဖြင့်ခေါင်းမဖော်စတမ်းစားသောက်နေကြ၏ ။
စားသောက်ပြီးချိန်တွင် ကောင်မလေးနှစ်ယောက်မှထမင်းဟင်းပန်းကန်များသိမ်းဆည်း၍ ရေနွေးကြမ်းနဲ့မြေပဲသုပ်လာချပေးလာ၏ ။
”…ကျုပ်တို့ရဲ့ လျို့ဝှက်နေရာရေ ..ကျုပ်တို့
အကြောင်းတွေကို ဒီကမောင်ရင်တို့ကို
ပြောပြပါ့မယ် .... ကျုပ်နာမည် စိုင်းနွံဖလို့
အမည်ခေါ်တွင်ပါတယ်.. ရှေးယခင်ကာလကတော့ ရှမ်းစော်ဘွားတစ်ယောက်ပေါ့.....”
” ..ဟုတ်က့ဲ ကျွန်ပ်နာမည် ဖုန်းမြတ်ကျော်ပါ
အရင်ကအလုပ်အကိုင် ဒေါက်တာပေါ့
ဒီကောင်လေးကတော့ သက်ခိုင်လို့ခေါ်ပါတယ်..
ကျွန်ပ်အလုပ်အတွက်ခေါ်လာတာပါ... ၊ဒါနဲ့
စော်ဘွားကြီး ကျွန်ပ်တို့ကို ယခုနေရာခေါ်ရခြင်းက
အကြောင်းမ့ဲတော့ဖြစ်ဟန်မတူလောက်ဘူး...”
သက်ခိုင်နဲ့ အဏ္ဏဝါပုလဲမှာ စော်ဘွားကြီးနဲ့
ဒေါက်တာဖုန်းမြတ်ကျော်စကားပြောနေချိန် နားထောင်သမားသီးသန့်သက်သက်သာဖြစ်၏ ။
စော်ဘွားကြီး စိုင်းနွံဖမှသူ့စကားကိုပြန်ဆက်ပြောရန်ရေနွေးကြမ်း
ဖြင့်လည်ချောင်းအရင်ရှင်းနေ၏ ။
”...ဟုတ်ပါတယ် အဲဒီအကြောင်းမပြောပြခင်ကျွန်ပ်အကြောင်းကအရင်စပြောပါမယ်....။
ကျုပ်ဟာမြန်မာပြည်သူ့ကျွန်ဘဝကျရောက်ချိန်
လူသူလက်နက်အင်အားစုစည်းပြီး အင်္ဂလိပ်ကို
ခုခံတိုက်ခိုက်ခ့ဲတယ် ။
အင်္ဂလိပ်အစိုးရတပ်တွေဟာ ကျွန်ပ်တို့လူစု
ရဲ့အလစ်ဝင်ခြုံခိုတိုက်ခိုက်မူတွေကြောင့် စိတ်အနှောင့်အယှက်အတော်ဖြစ်လာတယ် ။
နောက်ဆုံးကျွန်ပ်ဟာအင်္ဂလိပ်အစိုးရမင်းရဲ့
ဆုငွေအထုတ်ခံရတ့ဲ ရာဇဝတ်သားဆိုတ့ဲ ခေါင်းစဉ်
အောက်မှာ မိသားစုကိုလုံခြုံဘေးကင်းရာပို့ထားပြီး
ကျုပ်ကတော့ အနယ်နယ်အရပ်ရပ်လှည့်လည်သွားလာရှောင်တိမ်းနေရတာပေါ့ ။
ဒီလိုနဲ့ တစ်နေ့...။
ဒီဆန်းပြားတ့ဲမြေအောက်ကမ်ဘာကိုရောက်ဖို့အကြောင်းအရင်းဖန်လာခ့ဲတယ် ...။
ဒီဒေသက ကျုပ်တပည့်တစ်ယောက်ဟာ ငှက်သိုက်ရှာထွက်ရင်း မမျော်လင့်ပဲ ယခုနေရာကို
တွေ့ရှိခ့ဲတယ် ။
သူ့စကားကြားရချိန် ကျုပ်အတွေးစိတ်ကူးတစ်ခု
ပေါ်လာတယ်... ။
ကျုပ်ဟာ ဒီနေရာမှာ ပုန်းခိုရှောင်တိမ်းပြီး အင်္ဂလိပ်အစိုးရကိုပုန်ကန်တော်လှန်ဖို့စိတ်ကူးရလာတယ်...။
ဒါကြောင့်ယုံကြည်ရတ့ဲလူယုံတပည့်တွေခေါ်ပြီး
ဒီနေရာကိုအရင်လာကြည့်ဖြစ်တယ် ၊ပြီးတော့
အဝင်အထွက်လမ်းအတွက် လျို့ဝှက်တခါးတွေ
ပြုလုပ်တယ်..။
အားလုံးပြီးချိန်ရောက်တော့ ကျုပ်ရဲ့မိသားစုဆွေ
မျိုးတချို့အပါအဝင် ယုံကြည်ရတ့ဲ သစ္စာခံတပည့်
မိသားစုဝင်တွေကိုခေါ်ပြီး ခုနေရာမှာနေထိုင်ဖြစ်
ကြတာပေါ့.. ။
ကျုပ်တို့ရဲ့အထူးသစ္စာစကားကတော့ ဒီမှာနေထိုင်သူ ဘယ်သူမဆို ကျုပ်တို့ရဲ့နေရာကို
ဖွင့်မပြောပဲ သစ္စာဆိုခိုင်းတယ်။
ကျုပ်ဟာဒီနေရာကနေ အပြင်ကိုလျို့ဝှက်ထွက်ပြီး
အင်္ဂလိပ်အစိုးရကိုပုန်ကန်နေတာပေါ့...။
ခုတော့ကျုပ်ဟာအသက်ကြီးပြီမို့စိတ်သွားတိုင်း
ကိုယ်မပါနိူင်တော့တာမို့ ငြိမ်နေရတာ လေးငါးနှစ်ရှိပါပြီ..။
ဒီနေရာမှာကျုပ်တို့နေဖြစ်တာ ကျုပ်သမီးအခု
အသက်၂၀ဆိုတော့ နှစ်၂၀နီးပါးလောက်ရှိပြီပေါ့
ဒါ..ကျုပ်တို့ဒီရောက်တ့ဲအကြောင်းပဲ....။
ကျုပ်သိလိုတာကိုရှင်းရှင်းပဲပြောမယ်.. ဒေါက်တာ.. ရတနာသိုက်အကြောင်း ကျုပ်သိချင်တယ်.... ..”
”....ဗျာ......”
” ....ဟာ.....”
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ စော်ဘွားကြီးမှ ရတနာသိုက်အကြောင်းမေးလာချိန်
အ့ံအြသင့်ကာ အိန္ဒြမဆောင်နိူင်အောင်ဖြစ်ကုန်ရတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာ သူလျို့ဝှက်လုပ်ရှား
နေသော ရတနာရှာဖွေခြင်းလုပ်ငန်းကို စော်ဘွားကြီး စိုင်းနွံဖသိနေခြင်းကြောင့် သာ၍အ့ံအြသင့်ရတော့၏ ။
” ကျုပ်စကားကြားရလို့ ကျုပ်ကိုတမျိုးထင်သွားပြီ
လားဒေါက်တာ..
ကျုပ်လူတွေဒီနေရာပတ်ဝန်းကျင်တစ်ဝိုက်မှာ
ဒေါက်တာတို့ကိုမျက်ချည်မပြတ်စောင့်ကြည့်နေကြ
ပါတယ်.. ။
ဒေါက်တာတို့ဟာတန်ဖိုးကြီးရတနာတွေရှာနေကြမှန်းတစ်စွန်းတစလည်းသတင်းရထားတာလည်းပါတာပေါ့...၊ ဒါကြောင့် ဒေါက်တာတို့နောက်ကို
တောက်လျောက်မျက်ချည်မပြတ်လိုက်နေတာပေါ့..။
ကျုပ်ဒီရတနာတွေအကြောင်းမေးရတာကလည်း
ကျုပ်ဒေါက်တာနဲ့ပူးပေါင်းပြီးရတနာတွေကိုကူရှာ
ပေးမယ် ရလာတ့ဲအကျိုးအမြတ်ကို ကျုပ်လည်း
လိုချင်တယ်..၊
ကျုပ်ကိုယ်ကျိုးအတွက်ရတနာတွေကိုလိုချင်တာမျိုးမဟုတ်ပါဘူး..။
ကျုပ်ဟာတော်လှန်ရေးအတွက် လူကိုယ်တိုင်မစွမ်းဆောင်နိူင်တော့ပေမယ့် မြန်မာ
ပြည်အနှံကနယ်ချဲ့ကိုတွန်းလှန်နေကြတ့ဲ အမျိုးသားတော်လှန်ရေးတပ်သားတွေကို ကျုပ်ရလာမယ့်ဝေစုကို ကူညီချင်လို့ပါ ။
ကျုပ်စကားကိုဒေါက်တာယုံကြည်ရင်ကျုပ်နဲ့လက်
တွဲစေချင်ပါတယ်.. ။
မယုံကြည်ရင်လည်းအတင်းအကြပ်ဖိအားမပေး
ပါဘူး....”
စော်ဘွားကြီးစိုင်းနွံဖစကားကြားရချိန် ဒေါက်တာ
ဖုန်းမြတ်ကျော်ငိုင်ကျသွားမိ၏ ။
ယခုက့ဲသို့လျို့ဝှက်နေရာကိုဝင်ခွင့်ပြုသည့်အပြင်
မွန်မြတ်လှသော သူရဲကောင်းစိတ်ဓတ်ကလေးစား
စရာအတိဖြစ်နေ၏ ။
တည်ကြည်ခန့်ညားသောအသွင်အပြင်၊အေးဆေးစွာရှိနေသော်လည်းစူးရဲသောမျက်လုံးများက တော်လှန်ရေးအကြောင်းပြောနေချိန်၊ဇာတိသွေး၊ဇာတိမာန်များယှက်သန်း၍စကားသံများ
ကအားမာန်ပြည့်နေ၏ ။
ယခုလောလောဆယ်အသက်သခင်ကျေးဇူးရှင်
ဖြစ်သည့်အပြင်၊ သူကိုယ်တိုင်ကလည်းရတနာများ
ကိုကိုယ်ကျိုးသုံးရန် ကြံရွယ်ထားသောစိတ်ကူး
မရှိပေ။
ထို့အပြင်
စော်ဘွားကြီးအကူအညီမယူပါက သငေ်္ဘာသားများမရှိသော ဒေါက်တာဖုန်းမြတ်ကျော်အတွက် အစကပြန်စရ
နိူင်သောအခြေအနေများလည်းရှိနေပြန်၏ ။
”...ကျွန်ပ် စော်ဘွားကြီး စကားကိုလက်ခံပါတယ်
ဒါပေမယ့် ပြောစရာအနည်းငယ်ရှိနေပါတယ်...”
” ..လက်ခံတယ် ဟုတ်လား... ဘာပြောစရာရှိလဲ
ပြောသာပြောပါ....”
” ...ဒီလိုပါ စော်ဘွားကြီး ရတနာမြေပုံပိုင်ရှင်ရဲ့
စိတ်ကူးက ရတနာတွေရလာချိန် သုံးပုံခွဲခိုင်းပါတယ်...
ပထမတစ်ပုံကို မြန်မာပြည်အနှံ့ ဘုရားတည်ကျောင်းဆောက်နေရာတွေမှာအသုံး
ပြုလှူတန်းခိုင်းပါတယ်... ။
ဒုတိယတစ်ပုံကိုစော်ဘွားကြီးစိတ်ကူးသလိုမြန်မာ
ပြည်အနှံကတော်လှန်ရေးရဲဘော်တွေကို ကူညီခိုင်းပြီး နောက်ဆုံးတစ်ပုံကျမှ ကျွန်ပ်ကိုယ်ကျိုးအတွက်အသုံးပြုခိုင်းပါတယ်..။
ခုစော်ဘွားကြီးစကားကြားရချိန် နောက်ဆုံးကိုယ်ကျိုးအတွက်သုံးမယ့်ကျွန်ပ်ဝေစုကိုလည်း တော်လှန်ရေးရဲဘော်တွေအတွက်လှူပါ
တော့မယ်...
ဒါကြောင့် ရတနာတွေရလာချိန် ဘုရားကျောင်းကန်ကိုလှူဖို့ တစ်ပုံသီးသန့်ဖယ်ပြီး
ကျန်နှစ်ပုံသာ အသုံးပြုခွင့်ရှိကြောင်းကြိုပြောပြထားတာပါ..”
”...ဘာများလဲလို့ ဒေါက်တာရေ အတော်မွန်မြတ်
တ့ဲစိတ်ကူးပိုင်ရှင်ပါပဲ..
ဘာသာရေးလှူတန်းရေးပဲ ဘာလို့ကျုပ်က ကန့်ကွက်စရာရှိမှာလဲ..
ပိုပြီးတော့တောင် သဘောကျပါတယ်ဗျာ...”
”...ဒါဆိုလည်း ကျွန်ပ်နဲ့စော်ဘွားကြီးတစ်ဖွဲ့တည်း
ဖြစ်သွားပြီသဘောထားလိုက်ပါတော့ ....”
ဒေါက်တာဖုန်းမြတ်ကျော်နဲ့စော်ဘွားကြီး စိုင်းနွံဖ
နားလည်မူယူ၍ပူးပေါင်းလိုက်ကြချိန် အခန်းအတွင်း ရင်တမမဖြင့်စကားနားထောင်၍
ရှိနေသော သက်ခိုင်နဲ့ အဏ္ဏဝါပုလဲမှာပြုံးနိူင်ကြ
တော့၏ ။
သက်ခိုင်မှာဒေါက်တာဖုန်းမြတ်ကျော်တစ်ယောက်
အဆင်မပြေမသင့်မြတ်ဖြစ်မည်စိုးရိမ်စိတ်ဝင်နေမိ
၏ ။
အဆင်မပြေမသင့်မြတ်ဖြစ်၍ ယခုနေရာမှ
အလျင်အမြန်ထွက်သွားရမည်ကိုသက်ခိုင်ကြောက်
နေခြင်းမှာ အဏ္ဏဝါပုလဲအနားတွင် နေနိူင်သမျ
ကြာကြာနေလိုခြင်းကြောင့်ပင်ဖြစ်၏ ။
ယခုမူလှပစွာပြုံးနေသော အဏ္ဏဝါပုလဲကိုခိုးငေးကြည့်၍ သက်ခိုင်ပျော်ရွင်နေမိတော့၏ ။
”…ဒါနဲ့.. ဒေါက်တာဆိုလို့ ကျုပ်အကူအညီ
တစ်ခုတောင်းစရာရှိလို့ပါ.... ”
”...ဆေးမကုတာကြာပါပြီ စော်ဘွားကြီး....”
”...ဒီနေရာမှာ ခေတ်ပညာတတ်ဆေးဆရာမရှိတော့ ခနတဖြုတ်
လိုက်ကြည့်ပြီး ဘာဖြစ်တယ် လိုက်ကြည့်စေလိုပါ
တယ်...”
” ...ဟုတ်က့ဲ ကျွန်ပ်လိုက်ကြည့်ပေးပါမယ်..”
”…ခရီးရောက်မဆိုက်တောက်လျောက် အကူ
အညီတောင်းနေရတာ အားနာလှပါပြီ...”
”…ရပါတယ်... စော်ဘွားကြီးကြောင့်သာမဟုတ်ရင် ကျွန်ပ်တို့ဒီနေ
ရာမှာတောင်ရပ်နေနိူင်မှာ မဟုတ်တော့ပါဘူး...”
”… ကဲ...ဒါဆို လူနာကို အားလုံးအတူသွားကြည့်
ကြတာပေါ့...သမီးကတော့ ချန်နေရစ်ခ့ဲပါကွယ်..”
စော်ဘွားကြီးမှာလူနာအကြောင်းပြောနေချိန်မျ
က်နှာမှာစိတ်ဆင်းရဲမူအရိပ်အယောင်အဖြစ်အထူး
တလည်ညိူးနွမ်းနေ၏ ။
အဏ္ဏဝါပုလဲကိုအရိပ်တကြည့်ကြည့်နေသော
သက်ခိုင်မှာလည်းလူနာစကားပြောချိန် ပြုံးပျော်နေရာမှချက်ခြင်း ရုတ်တရက် မျက်နှာလေး
ပျက်၍မျက်ရည်များဝေ့သီသွားသော အဏ္ဏဝါပုလဲ
ကြောင့် ယခုလူနာမှာ မိသားစုမှအရေးကြီးလူနာ
ဟုစိတ်အတွင်းကောက်ချက်ချမိတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာအရေးကြီးအိတ်ထဲ
ကောက်ထည့်လာချိန်၊မြေပုံ၊စာအုပ်၊သေနတ်၊ကျည်ဆံနဲ ့အတူဆေးဝါး
တချို့ပါလာသောကြောင့် တော်တန်နေမကောင်း
ခြင်းမျိုးအတွက်၊ဆေးဝါးရှိနေ၏ ။
စော်ဘွားကြီးမှာ အပေါ်ထပ်လှေကားထစ်များကို
နင်းဖြတ်တက်နေခြင်းကြောင့်နှစ်ယောက်သားမှာ
စော်ဘွားကြီးနဲ့မလှမ်းမကမ်းခွာ၍ လိုက်ခ့ဲကြတော့၏။
အပေါ်ထပ်တွင်ဆီမီးခွက်များထွန်းညှိထားသော်
လည်းတချို့နေရာများတွင်မဲမှောင်လျက်ရှိနေ၏ ။
တခြားသောလူများလည်းရှိဟန်မတူပဲ
အပေါ်ထပ်တစ်ခုလုံးမှာ ခြောက်ကပ်တိတ်ဆိတ်
မူကကြီးစိုးလျက်ရှိနေပြန်သည်။
စော်ဘွားကြီး စိုင်းနွံဖမှာ စင်္ကြန်လမ်းအတိုင်း
လျောက်နေရာမှ အမှောင်ရိပ်ဝိုးတဝါးကျနေရာ
အခန်းတစ်ခုရှေ့အရောက်တွင်ရပ်လိုက်၏ ။
ပြီးနောက်တင်းတင်းစေ့ပိတ်ထားသော
အခန်းတစ်ခုကို အသံမထွက်စေရန် ညင်သာစွာ
ဖွင့်နေ၏ ။
အခန်းတခါးပွင့်သွားချိန်တွင်စော်ဘွားကြီးမှာ
အခန်းရှေ့တွင်ခနရပ်လိုက်ပြီး ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်ကိုအခန်းအတွင်းဝင်ရန်မေးဆတ်ပြလျက် သူအရင်အခန်းအတွင်းဝင်သွားတော့၏ ။
အခန်းမှာ ဆီမီးခွက်များထွန်းညှိထားခြင်းမရှိ
သောကြောင့်မဲမှောင်လျက်ရှိနေ၏ ။
အခန်းအတွင်းစဝင်ချိန်တွင် ညှီစို့စို့၊ပုတ်အက်အက်အနံ့ဆိုးကြီးကို ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်ရူရိူက်လိုက်ရ
သောကြောင့် နှာခေါင်းကို ကပျာကသီလက်ဖြင့်
ပိတ်လိုက်ကြတော့၏ ။
အခန်းအတွင်းလေလုံနေဟန်ဖြင့်ဆိုးဝါးသော
အပုတ်နံ့ကြီးကိုရူနေရသည်ကစိတ်မသက်သာစရာ
အခြေအနေပင်ဖြစ်၏ ။
သစ်သားယမ်းမီးခြစ်ဖြင့်မီးခြစ်သံကိုစော်ဘွား
ကြီးရပ်နေရာမှကြားနေရခြင်းနဲ့အတူ၊ မီးခြစ်ဆံ
မီးတောက်သွားပြီး ဆီမီးခွက်ကိုမီးကူးလိုက်ရာ
အခန်းအတွင်းလင်းထိန်သွားတော့၏ ။
.....သွား...သွား....ငါ့..အနား...မလာနဲ့...သွား..
....ဟာ.. ဘာကြီးလဲ.....
...အလို......
အခန်းအတွင်းမီးအလင်းရောင်ရလာသည်နဲ့တပြိုင်
နက်ကြောက်မက်ဖွယ်အသံနက်ကြီးကိုကြားလိုက်
ရခြင်းကြောင့် ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်
လည်းအသံကြားရာသို့ကြည့်လိုက်ကြရာမြင်လိုက်
ရသောမြင်ကွင်းကြောင့် အ့ံသြထိတ်လန့်စွာနောက်
ဆုတ်လိုက်မိကြ၏ ။
သူတို့တွေ့လိုက်ရသောမြင်ကွင်းမှာ
ဆံပင်ဖိုးရိုးဖားလျားဖြင့် အာရည်တများများကျနေသော မိန်းမတစ်ယောက်မှာ အခန်းထောင့်ကုတင်ပေါ်
ခြေ၊လက်များကို သံကြိုးတုတ်လျက်ရှိနေပြီး
သူတို့အားတွေ့ရချိန်စားမတတ်ဝါးမတတ်ရုန်းကန်
လျက်ရှိနေ၏ ။
ဆိုးရွားလွန်းလှသောအပုတ်နံ့များမှာထိုမိန်းမ
ဆီမှလာနေခြင်းဖြစ်၏ ။
ထိုမိန်းမပုံစံကြည့်ရသည်ရူးသွပ်နေသော
အခြေအနေမှန်း ဒေါက်တာဖုန်းမြတ်ကျော်တွက်ဆ
မိလိုက်၏ ။
”… နန်း....စိတ်လျော့....စိတ်လျော့ပါကွယ်....”
...သွား...မီးရောင်ငါ့အနားယူမလာနဲ့.. ..
သွား..နောက်ငါဆာတယ် ငါ့ကိုစားစရာအခုပေး...
” ...စော်ဘွားကြီး သူက စော်ဘွားကြီးနဲ့ဘယ်လို
ပတ်သက်တာလဲ....”
”...ကျုပ်..မိန်းမ နန်းကလျာပါ ဒေါက်တာ...”
”...ဟာ..ကျွန်ပ်မသိလို့မေးမိတာစိတ်ပါနဲ့...
ခုလိုဖြစ်နေတာကြာပြီလား...”
”…မကြာသေးဘူးဒေါက်တာ ငါးလလောက်တော့
ရှိမယ် သူ့အခြေအနေကိုတချက်စမ်းသပ်ကြည့်
ပေးဖို့တောင်းဆိုပါတယ်....”
”...ကျွန်ပ်က စိတ်ဝေဒနာသည်တွေကုသတ့ဲ
ဆရာဝန်မျိုးမဟုတ်တော့ တိကျရေရာစွာပြောနိူင်မယ် မထင်ဘူးစော်ဘွားကြီး....”
”…တစ်ချက်သာ စမ်းသပ်ကြည့်ပေးပါ ဒေါက်တာ..”
ကုတင်ပေါ်မှ ရူးသွပ်နေသောစော်ဘွားကြီးမိန်းမမှာ မျက်ထောင့်
နီကြီးများဖြင့်စော်ဘွားကြီးကိုကြည့်ရင်းစော်ဘွားကြီးလက်တွင်းမှဆီမီးခွက်ကြောက်လန့်ဟန်မျက်နှာကိုလက်ဖြင့်ကွယ်၍ စားစရာတောင်းနေ၏ ။
စော်ဘွားကြီးမှာ ဇနီးဖြစ်သူဖြစ်အင်ကြောင့် စိတ်ထိခိုက်ဟန်နှစ်သိမ့်စကားဆိုကာ၊ဒေါက်တာဖုန်းမြတ်ကျော်အား စမ်းသပ်ကြည့်ပေးရန်တောင်းဆိုနေရှာ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာစိတ်ရောဂါကုဆရာဝန်
မဟုတ်သော်လည်း စော်ဘွားကြီးကျေနပ်စေရန်
နန်းကလျာရှိရာကုတင်အနီးတိုးကပ်သွား၏ ။
...နင့်အသားကိုစား..နင်လည်ချောင်းသွေးကို
ဖောက်သောက်မခံချင်ရင် ငါ့အနားကဝေးဝေး
သွားစမ်း...
..ဝုန်း....ချွင်....ချွင်....ချွင်...
...မောင်သက်ခိုင်ရေ ခနလာထိန်းပေးပါကွယ်...
..ကောင်းပါပြီဆရာကြီး....
...လွတ်...လွတ်.. မသေချင်ရင်ငါ့ကိုလွတ်နော်...
...မောင်သက်ခိုင် မီးခွက်ကိုင်ထား ကျုပ်လုပ်လိုက်မယ်...
ဒေါက်တာဖုန်းမြတ်ကျော်မှာသူ့ကို ခြိမ်းခြောက်အော်ဟစ်၍ သံကြိုးတချွင်ချွင်ဖြင့်လူပ်ရှားရုန်းကန်နေရာသက်ခိုင်ကိုအကူအညီတောင်း၍ ခြေလက်များကိုကြိုးစားထိန်းခိုင်းနေချိန် လူပိန်၍
အားမရှိဟု နန်းကလျာအပေါ် သူတို့အမြင်လွဲကုန်
မှန်းသိလိုက်ရ၏ ။
နန်းကလျာမှာနှစ်ယောက်ထိန်းချုပ်၍ပင်မရနိူင်ပဲရှိနေရာ စော်ဘွားကြီးမှာမနေသာတော့ပဲ သက်ခိုင်ကိုမီးခွက်ကိုင်စေ၍ ခုတင်ပေါ်တွင်အလျော့အတင်းလုပ်၍ရစေရန်ပြု
လုပ်ထားသောသံကြိုးကို တင်းနိူင်သမျတင်းတင်း
တစ်ခုစီဆွဲ၍ခုတင်တိုင်လေးခုမှသံကြိုးများကိုဆွဲ
လိုက်ရာ နန်းကလျာမှာလူပ်ရှားမရပဲကုတင်ပေါ်
ပက်လက်ကြီးစန့်စန့်လဲကာ ပါးစပ်မှ အယုတ္တ၊အနတ္တဖာရုဝါသစကားများဖြင့်ဆဲဆိုကြိမ်းမောင်း
လျက်ရှိနေ၏ ။
ယခုမှဒေါက်တာဖုန်းမြတ်ကျော်မှာ သူ့ဆေးပစ္စည်းများထုတ်၍ နှလုံးခုန်နူန်းစမ်းခြင်း၊
အဖျားသွေးစမ်းခြင်းများပြုလုပ်လျက်ရှိနေ၏ ။
အားလုံးပြီးစီးကြောင်းစော်ဘွားကြီးကိုပြောပြီး
ချိန်သုံးယောက်သားအခန်းပြင်ပြန်ထွက်ကြရင်း
စော်ဘွားကြီးက အခန်းတခါးပိတ်မီးမှိတ်လိုက်၏။
”…အဖျားသွေးနည်းနည်းရှိတယ်.. နှလုံးခုန်နူန်းက
မူမမှန်ဘူး.. ဒါ ကျွန်ပ်သိတာအကုန်ပဲစော်ဘွားကြီး...”
”...ကျုပ်မိန်းမကို ဒေါက်တာတို့အမြင် ရိုးရိုး
ရူးနေတယ်မြင်ကြလိမ့်မယ်နော် တကယ်က
အဲလိုမဟုတ်ဘူးဗျ...”
...ဟာ...
”..ဘလို ရိုးရိုးရူးနေတာမဟုတ်ဘူး..ဟုတ်လား..”
စော်ဘွားကြီးစကားကိုဒေါက်တာဖုန်းမြတ်ကျော်နဲ့
သက်ခိုင်ကြားရချိန် အ့ံသြခြင်းများစွာဖြစ်ကုန်ရ
တော့၏ ။
”…မှန်တယ် ဒေါက်တာ မျိုးရိုးကြောင့်ရူးတာလည်း
မဟုတ်ဘူး သွေးလေချောက်ခြားလို့ရူးတာလည်း
မဟုတ်ဘူး...တကယ်က..ကျုပ်တို့နေရာဒေသဟာပြင်ပကမ်ဘာနဲ့မတူသလို ပြင်ပကမ်ဘာမှာမရှိတ့ဲ
ထူးခြားတ့ဲ သတေ္တဝါမျိုးတွေဒီမှာရှိတတ်တယ်..
တကယ်က ကျုပ်မိန်းမဟာ အဲဒီလို သတ္တဝါဆန်း
တစ်ကောင်ကိုက်ခံရပြီး စပြောင်းလဲလာတယ်
ပြောရမယ်.
...ဖြစ်ပုံက...
စော်ဘွားကြီးစိုင်းနွံဖမှာသူ့မိန်းမဇတ်လမ်းဆန်းကို
ပြောပြရန်အစချီလာ၏ ။
သက်ခိုင်နဲ့ ဒေါက်တာဖုန်းမြတ်ကျော်မှာစိတ်ဝင်စား
ဖွယ်ဇတ်လမ်းတပုဒ်နားထောင်ရတော့မည်မို့
စော်ဘွားကြီးဆက်ပြောလာမည့်ဇတ်လမ်းကိုစောင့်
မျော်လျက်ရှိနေကြပါတော့သည်။
==========================
၁၀-ဆက်ရန်
---------------
မြူခိုးအလင်္ကာ