book

Index 8

အပိုင်း(၈)

အဏ္ဏဝါအတွင်းမှအကျဉ်းစံများ

====================


၈။ မြေအောက်ကမ္ဘာ

---------------------------


          တောင်နံရံလျို့ဝှက်တခါးပွင့်လာချိန်

အဏ္ဏဝါပုလဲကအတွင်းသို့ဝင်သွားသောကြောင့်

အားလုံးလည်းလိုက်ဝင်ကြတော့၏ ။


    အဏ္ဏဝါပုလဲမှာအားလုံးအတွင်းသို့ရောက်ပြီး

ချိန်တွင်အတွင်းနံရံမှကျောက်စွန်းတစ်ခုကိုအပေါ်

သို့ပင့်တင်လိုက်ချိန်ပွင့်နေသောတခါးမှာတဖြည်း

ဖြည်းရွေလျား၍ပိတ်သွားခြင်းအတူ လိူဏ်ဂူအတွင်း

ပိန်းပိတ်အောင်မှောင်သွားတော့၏ ။


      လှေထိုးသမားကလိူဏ်ဂူနံရံတွင်ကပ်ချိတ်

ထားသောမီးတုတ်များကိုယူ၍ မီးထွန်းညှိကာ

တစ်ယောက်တစ်ချောင်းကမ်းပေးလာ၏ ။


 ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာအံ့အြမူ

ဖြင့်ရှိနေကြတော့၏ ။

    သူတို့နှစ်ယောက်မှာလျို့ဝှက်ချက်များဖြင့်

ပြည့်နေသောနေရာတစ်ခုသို့ရောက်နေမှန်းသိ

ရခြင်းနဲ့ရှေ့ဆက်မည်ကဲ့သို့အရာများထပ်မံကြုံ

တွေ့ရမလဲဟု ရင်တတရှိနေကြ၏ ။


    အဏ္ဏဝါပုလဲနဲ့လှေသမားမှာ လိူဏ်ခေါင်းရှေ့သို့

ဆက်လျောက်သွား၍ တစ်နေရာအရောက်တွင်ရပ်

လိုက်တော့၏ ။


 နောက်မှလိုက်လာသော ဒေါက်တာဖုန်းမြတ်ကျော်

နဲ့သက်ခိုင်မှာ အဏ္ဏဝါပုလဲနဲ့လှေသမားရပ်ရာနေ

ရာတွင်ရပ်လိုက်ကြ၏ ။


   သူတို့ရှေ့တွင်ရှေ့ဆက်လျောက်စရာမြေသား

အမာမရှိတော့ပဲ ချောက်နက်ကြီးတစ်ခုကဆီးကြို

လျက်ရှိနေသည်ကိုတွေ့လိုက်ကြရ၏ ။


  အဏ္ဏဝါပုလဲမှာချောက်နူတ်ခမ်းဘေးတဖက်သို့

လျောက်သွား၍ သစ်သားပြားများခင်းထားသော

စင်တစ်ခုပေါ်သို့တက်လိုက်၏ ။


    လှေသမားလည်းထိုသစ်သားစင်ပေါ်သို့

တက်ပြီးချိန်တွင် ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်

ခိုင်ကိုပါလိုက်တက်ရန်လက်ဟန်ဖြင့်အမူယာပြခေါ်

သောကြောင့်သစ်သားစင်ပေါ်သို့တက်လိုက်ကြ

တော့၏ ။  


      သစ်သားစင်မှာဆယ်ပေပတ်လည်အကျယ်

အဝန်းရှိပြီး၊ဝင်ပေါက်မှလွဲ၍တခြားနေရာများကို ခါးလည်ကျော်ကျော်ခန့်သစ်သားတန်းများဖြင့်

ကာရန်ထား၏ ။


     .....ဒေါင်...ဒေါင်....ဒေါင်...


  အဏ္ဏဝါပုလဲမှာစင်ပေါ်အားလုံးရောက်ချိန်တွင်

စင်ထက်မှကြိုးတစ်ခုကိုဆွဲလိုက်ချိန်တွင်စင်အမိုး

ပေါ်တွင်ချိတ်ထားသောသံချောင်းခေါက်သံပေါ်

ထွက်လာ၏ ။


   ထို့အတူ.. ။


စင်မှာသိမ့်ခနဲတစ်ချက်တုန်သွားခြင်းနဲ့အတူ။

အောက်သို့တဖြည်းဖြည်းကျဆင်းနေတော့၏ ။   


ထိုအခါကျမှသစ်သားစင်မှာအောက်သို့အဆင်း

အတက်ပြုရန်လုပ်ထားမှန်းသဘောပေါက်နား

လည်လိုက်မိကြတော့၏ ။

     

  သစ်သားစင်ကိုအပေါ်တွင်စက်သီးကြိုးဖြင့်

ထိန်းချုပ်ထားခြင်းဖြစ်ပြီးအချက်ပြသံကြောင့်

အောက်မှကြိုးကိုဖြေလျော့ပေးနေဟန်အောက်သို့

တအိအိဆင်းနေခြင်းဖြစ်၏ ။


   ဆယ့်ငါးမိနစ်ခန့်ကြာမြင့်ပြီးချိန်တွင်

အောက်သို့ရောက်လာခဲ့ကြတော့၏ ။


   အောက်ရောက်သောအခါမှဒေါက်တာဖုန်းမြတ်

ကျော်မှာသူခန့်မှန်းသည့်အတိုင်းအောက်တွင်

ကြိုးကိုရစ်ဘီးကြီးတစ်ခုဖြင့်အလျော့အတင်းလုပ်

ပေးနေသူနှစ်ယောက်ကိုတွေ့လိုက်ရတော့၏ ။


ထိုသူများမှာ အဏ္ဏဝါပုလဲကိုတွေ့ချိန်တွင် ခေါင်းကို

ညွတ်၍အရိုအသေပြုလိုက်ကြ၏ ။


     အောက်တွင်အလင်းရောင်ရနေသောကြောင့်

ထွန်းညှိလာသောမီးတုတ်များကိုငြိမ်းသတ်လိုက်

ကြတော့၏ ။


        အဏ္ဏဝါပုလဲမှာ သစ်သာစင်အောက်ရောက်

သည်နဲ့တပြိုင်နက်ထိုနေရာမှမျက်နှာဆိုင်အရပ်သို့

မနားပဲဆက်လျောက်သွားသောကြောင့် တခြားသူ

များမှာလည်းသူ့နောက်မှထပ်ချပ်မကွာလိုက်ပါခဲ့

ကြတော့၏ ။


   သူတို့လျောက်နေသောနေရာမှာ အပေါ်မှအောက်သို့ဆင်းနေရသောလမ်းမျိုးဖြစ်ပြီး

အဏ္ဏဝါပုလဲမှာမိန်းခလေးဖြစ်သော်လည်းထိုလမ်း

ကိုမကြာခနသွားလာနေကျဖြစ်ဟန်အခက်အခဲ

မရှိသွားလာနိူင်သလို၊လှေသမားမှာလည်းကျွမ်းကျင်သွက်လက်စွာသွား

လာနေ၏ ။


   ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ

ဒူးကောက်ခွက်ကိုအားပြု၍ဆင်းရသောဆင်ခြေ

လျောမို့ အကျင့်မရှိ၍ အထူးတလည်ပင်ပန်းကာ

ဟိုဆွဲသည်ဆွဲဖြင့် အဏ္ဏဝါပုလဲနဲ့ လှေသမားနောက်တွင်ပြတ်ကျန်နေခဲ့ကြတော့၏ ။


”...အဝီစိကိုများသွားနေတာလား မသိပါဘူး..

ဆရာကြီးရယ် အဆင်းတွေကြီးပဲ ဒီအတိုင်းနောက်

နည်းနည်းဆက်သွားရင် မကြာခင် အဝီစိရောက်

လောက်တော့မယ်... ”     


”...ဟားဟား..မောင်သက်ခိုင်ရယ် အဝီစိတော့

မရောက်လောက်ပါဘူးကွာ မောနေပြီလား ကျွန်ပ်

လိုအဖိုးကြီးငြီးဖို့ထားပါအုံးကွ.. လူငယ်ဖြစ်ပြီး

အားလျော့လှချည်လား...”


” ...အားလျော့တာတော့  မဟုတ်ပါဘူးဆရာကြီးရယ် တစ်ညလုံးလည်း

မကောင်းဆိုးဝါးတွေလိုက်လို့ အသက်လုပြေးရ

ခုလည်းဘယ်လိုဟာမျိုးလဲ မှန်းဆလို့မရတဲ့

နေရာမျိုးသွားနေရလို့ စိတ်ပျက်လာပြီး ငြီးငြူ

မိတာပါ...”


”…သူတို့ကြည့်ရတာ ကျွန်ပ်တို့ကို ဒုက္ခပြုမယ့်ဟန်

မရှိပါဘူး...အသက်ဘေးကယ်လာတာပဲကြည့်လေ ခုကသူတို့ကလူသိမခံချင်တဲ့လျို့ဝှက်နေရာ

မျိုးသွားနေတာမျိုးနေမှာပါ....”


  ”...ဒုက္ခမပေးမှန်းတော့ သိပါတယ်..

ပထမတခေါက် ကတည်းက သူတို့ကယ်ဖူးတာ

ဆရာကြီးကိုပြောပြဖူးတာပဲ ဆရာကြီးမှမယုံတာ..”


”...ကျွန်ပ်အဲဒီကိစ္စ မောင်သက်ခိုင်ကိုတောင်းပန်

စရာကျန်နေသေးတယ်...။

တကယ်က ကျွန်ပ်ဟာ ပရလောကနဲ့ပတ်သက်ပြီး

သိပ်ပြီးထဲထဲဝင်ဝင်အယုံအကြည်မရှိတာမို့

ခုဆိုကျွန်ပ်သင်္ဘောသားတွေကိုဆုံးရူံးလိုက်ရပြီ..”


” ...ဆရာကြီး အပြစ်မဟုတ်ပါဘူး

ဆရာကြီးရယ်..အဲဒီသင်္ဘောသားတွေကဆရာကြီး

တားရင်တောင်ရမယ့်လူတွေမှမဟုတ်တာ

ဆရာကြီးအပြစ်မဟုတ်ပါဘူး....”


” ..ဘယ်လိုပဲဖြစ်ဖြစ်ပါမောင်သက်ခိုင်ရယ်

ကျွန်ပ်စိတ်ထဲတော့ ကျွန်ပ်လူတွေဆုံးရူံးရမူအတွက် ဖြေဆည်မရ

ခံစားရပါတယ်....”


  သက်ခိုင်မှာတစ်ညလုံးအသက်လု၍ကြောက်

လန့်တကြားပြေးရသလို၊ ယခုလည်းပင်ပန်းစွာ

ခရီးနှင်နေရမူကြောင့်၊စိတ်ပျက်လက်ပျက်စကား

ဆိုခြင်းကို ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ခိုင်

ကိုအားပေးစကားဆိုခြင်းနဲ့အတူ သူမယုံကြည်မိ

သောပရလောကသားများကြောင့် သူ့လူ့များအသက်ဆုံးရူံးရခြင်းဟုစိတ်အတွေးရောက်နေသော စကားဆိုလာခြင်းကြောင့် သက်ခိုင်

မှပြန်လှန်အားပေးစကားပြောဆိုပေးခြင်းဖြစ်၏ ။


   စကားတပြောပြောဖြင့်လျောက်လာကြရင်းမှ

မိနစ်လေးဆယ်ခန့်အကြာတွင်သူတို့နှစ်ယောက်မှာ

ဆင်ခြေလျောတစ်ခုကိုနောက်ဆုံးဖြတ်သန်းပြီးချိန်

တွင်မြေပြန့်ပေါ်ခြေချမိကြတော့၏ ။


  ထိုနေရာတွင် အဏ္ဏဝါပုလဲနဲ့အတူလှေသမား

မှာရပ်စောင့်နေကြ၏ ။


    ”..ဒါဘယ်လိုနေရာမျိုးလဲ....ပတ်ဝန်းကျင်တွေ

ကောင်းကင်တွေကလည်းတမျိုးကြီးလိုပဲ...”


”… ဟုတ်တယ်..ဆရာကြီး...ဒီမှာပေါက်နေတဲ့

အပင်တွေတစ်ခါမှမမြင်ဖူးဘူး

နောက်ပြီး တောသတ္တဝါတွေကိုကြည့်ပါအုံး

ဘယ်လိုကြီးတွေလဲ....”


   ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ

အဏ္ဏဝါပုလဲတို့နောက်သို့လိုက်ရင်းပတ်ဝန်းကျင်

ကိုကြည့်၍အံ့အြတကြီးဖြင့်ပြောဆိုနေကြခြင်း

ဖြစ်၏။


   ကောင်းကင်ပြင်မှာအမိုးခုံးကြီးအဖြစ်တွေ့မြင်

နေရပြီး နေကိုမမြင်ရပဲ အနီရောင်တိမ်တိုက်များ

သာကောင်းကင်တွင်ပြည့်နှက်နေ၏ ။


  ပတ်ဝန်းကျင်ရှိပေါက်ရောက်နေသောအပင်များ

မှာအပြင်ဖက်တွင်တခါမှမမြင်ဖူးသောအပင်မျိုး

ဖြစ်ပြီး၊ တရွယ်တစားတည်းရှိနေကြ၏ ။


   တောနေသတ္တဝါများမှာလည်းထူးဆန်းလှ၏ ။

တခြားနေရာမျိုးတွင်မရှိသောငှက်မျိုးဟုဆိုရမည်

ဖြစ်၏ ။ 


   အရောင်အသွေးစုံသောငှက်များ သစ်ပင်များ

ကြားဟိုသည် ကူးလူးပျံသန်းလျက်ရှိရာ ထိုငှက်များ

မှာ ခေါင်းနှစ်လုံးခြေသုံးချောင်းပါနေခြင်းကို 

အံ့အြဖွယ်ရာတွေ့မြင်ရ၏ ။


    ထိုငှက်မျိုးမည်သည့်နေရာ မည်သည့်နိူင်ငံမှ

မရှိနိူင်သောငှက်မျိုးဖြစ်၏ ။


   မြက်ခင်းများကြားတွင်ပြေးလွားနေသော

ယုန်လေးများမှာ အရွယ်အစားပုံစံမှာသာမာန်ယုန်

လေးများနဲ့အရွယ်အစားအတူတူဖြစ်နေသော်လည်း

ထူးခြားချက်အဖြစ် ဦးခေါင်းထိပ်တွင် ဂျိုနှစ်ခုပါရှိ

နေ၏ ။

      ရှည့်များဆိုပါကလည်းထိုအတိုင်းကိုယ်ခန္ဓာ

တွင်ငှက်ကဲ့သို့တောင်ပံတစ်စုံပါသောကြောင့်

ဟိုအပင်၊ဒီအပင်ပျံသန်းနေလျက်ရှိနေကြ၏ ။


   ဒေါက်တာဖုန်းမြတ်ကျော်မှာနေရောင်မမြင်ရပဲ

အလင်းရောင်ရနေ၍ အချိန်သိလိုသောကြောင့်

သူ့စက်နာရီကိုထုတ်ကြည့်ရာတွင် စက်နာရီမှာ

စက်ရပ်လျက်ဖြင့်ရှိနေ၏ ။


    နှစ်ယောက်သားဟိုကြည့်၊ဒီကြည့်ဖြင့်

နောက်တွင်ကျန်နေရစ်သောကြောင့် အဏ္ဏဝါပုလဲမှာလှေသမားကိုတဦးတည်းသွားခိုင်း

လိုက်၍ ဒေါက်တာဖုန်းမြတ်ကျော်တို့နှစ်ယောက်

ထံလျောက်လာခဲ့တော့၏ ။


”..ဦးလေး၊အကိုအမြန်သွားကြရအောင်

အပြင်မှာအချိန်က နှစ်ဆယ့်လေးနာရီ၊ နေ့ည

ဆတူမျပေမယ့် ဒီမှာက အလင်းရောင်ရချိန်

ရှစ်နာရီပဲရှိတယ် တစ်ခြားအချိန်တွေကအမှောင်

ဖုံးနေတတ်တယ်...”


”...ဟင်...ဒီနေရာကဘယ်လိုနေရာမျိုးလဲ...”


” ...ဒီလိုမျိုး အထူးအဆန်းကွက်နေတဲ့နေရာလည်းရှိတာပဲလား..”


”… လမ်းလျောက်သွားရင်း ပုလဲရှင်းပြပါ့မယ်..

တကယ်က ဒီနေရာကမြေအောက်ကမ္ဘာလို့

ညွန်းဆိုရမယ့် သီးသန့်နေရာတစ်ခုပါ.... ”


”...ဟင်...မြေအောက်ကမ္ဘာ....”


  ”...ဘယ်လို... ဒါမြေအောက်သီးသန့်ကမ္ဘာ...”


 အဏ္ဏဝါပုလဲစကားကြားရချိန်တွင် ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ အံ့အြမူကြောင့် ကြားရသောစကားကိုမယုံကြည်

နိူင်စွာဖြင့်ရှိနေကြ၏ ။


   သူတို့နှစ်ယောက်ဖြစ်ပျက်နေသောအမူအယာ

ကိုကြည့်၍ အဏ္ဏဝါပုလဲပြုံးလိုက်ပြီး စကားဆက်

လာပြန်၏ ။


   ”… ဦးလေးနဲ့အစ်ကို အံ့အြပြီး မယုံကြည်နိူင်

ဖြစ်နေကြတာ မဟုတ်ဘူးလား....

  ပထမဆုံးအနေနဲ့ ဒီနေရာမှာ နေမရှိတာကို

သတိမပြုမိဘူးလား..

   နောက်ပြီး ဒီနေရာမှာပေါက်နေတဲ့ သစ်ပင်တွေ

တောရိုင်းတိရိစ္ဆာန်တွေက တခြားနေရာကတော

သတ္တဝါနဲ့မတူတာကိုသတိပြုမိတယ်မလား...

ဒါအပြင်လောကနဲ့မဆက်သွယ်ထားတဲ့ သီးသန့်

မြေအောက်ကမ္ဘာတစ်ခုပါပဲ....”


”...ဒီလိုနေမျိုးအကြောင်း ကျွန်ပ်နိူင်ငံခြား ဘုတ်အုပ် (စာအုပ်)တွေမှာဖတ်ဖူးတယ်

ခုလိုလူကိုယ်တိုင်ရောက်ဖူးလိမ့်မယ်လို့

အိပ်မက်တောင် မမက်ဖူးခဲ့ဘူး...”


”… ကျွန်တော်ဘဝမှာလည်း မယုံနိူင်စရာအဖြစ်

အပျက်ကြုံတွေ့ရတာပါပဲ...”


”..ကဲ..ကဲ..နောက်မှအံ့အြစရာရှိတာအံ့အြတော့


ရွာကိုမမှောင်ခင်ရောက်မှဖြစ်မယ်...

  မကြာခင်အမှောင်ထုကရောက်လာတော့မယ်....”


ဒေါက်တာဖုန်းမြတ်ကျော်မှာမြေအောက်ကမ္ဘာအကြောင့်နိူင်ငံခြားဝတ္ထုများစွာကိုဖတ်ဖူး၏ ။


  သူ့စိတ်အတွင်းထိုစဉ်က မြေအောက်ကမ္ဘာလော

ကတစ်ခုမှာ အပြင်တွင်တကယ်မရှိနိူင်သော ကိစ္စ

အဖြစ်ထင်မြင်ယူဆခဲ့၏ ။


     ယခု..။


သူစိတ်ကူးယဉ်ဟုထင်မြင်ခဲ့သောနေရာသို့ယခု

လက်တွေ့ရောက်နေရခြင်းက အိပ်မက်လားဟူ၍

မယုံမရဲရှိနေ၏ ။


   သက်ခိုင်တစ်ယောက်မှာလည်းထူးခြားဆန်း

ပြားလွန်းသောအကြောင်းအရာများဆက်တိုက်ကြုံ

တွေ့နေရသောသူ့အဖြစ်ကိုသူပင်မယုံကြည်နိူင်

ဖြစ်နေရ၏ ။


    အဏ္ဏဝါပုလဲမှာမူယခုနေရာနဲ့ရင်းနှီးကျွမ်းဟန်

လမ်းဟူ၍မယ်မယ်ရရမရှိသော သစ်တောအုပ်အတွင်းသွားလာနေလျက်ရှိနေ၏ ။


      တစ်နာရီခန့်အချိန်မျသစ်တောအုပ်များကြား

ဖြတ်သန်းသွားလာပြီးချိန် သစ်တောအုပ်များအလယ်မြေကွက်လပ်ပေါ်တွင်

သစ်လုံးအိမ်ငယ်လေးများကို တွေ့လိုက်ရတော့၏။


   သစ်ရွက်ကြီးတမျိုးကို

လက်ညိူးအရွယ်အစား ဝါးခြမ်းပြားလေးများခွဲစိတ်

၍ဝါးခြမ်းပြားတစ်ခုတွင်သစ်ရွက်များကို အလယ်မှ

ခေါက်၍ ဝါးစလေးဖြင့်ပြုတ်မကျစေရန်ကလန့်ထိုး

၍တုတ်ချောင်းအပြည့်ထိုကဲ့သို့သစ်ရွက်များစီသွား

ရာအိမ်မိုးရန်အဆင်ပြေသွား၏ ။


  ယခုလည်းအိမ်ငယ်လေးများမှာသစ်ရွက်မိုးပြီး

သစ်လုံးကာထားသော ခြေတံရှည်အိမ်ငယ်လေးများဖြစ်ကြ၏ ။


   တစ်အိမ်နဲ့တစ်အိမ်မှာအတန်ငယ်မျအလှမ်းဝေး

ပြီး ဝဲ၊ယာတစ်လျောက် ပုံစံတူစနစ်တကျဆောက်လုပ်ထားခြင်းဖြစ်သည်။


   အိမ်ခြေမှာများပြားခြင်းမရှိပဲ စုစုပေါင်းနှစ်ဆယ်

ခန့်မျသာရှိမည်ဖြစ်၏ ။


    အိမ်ငယ်လေးများမှာလူရှိမနေဟန်တိတ်ဆိတ်

စွာရှိနေသော်လည်း အဏ္ဏဝါပုလဲတို့အဖွဲ့ ရွာထဲမှ

ဖြတ်သန်းလာချိန်တွင် ခလေးလူကြီး၊လူငယ်များ

အိမ်ရှေ့ထွက်လာ၍ တရိုတသေနူတ်ဆက်နေ

ကြတော့၏ ။


   ဒေါက်တာမြင်နေရသောအခြေအနေများကို

ခြုံငုံသုံးသပ်၍ အဏ္ဏဝါပုလဲမှာရွာမှ အြဇာအာဏာ

ရှိသော အသိုင်းအဝိုင်းမှဖြစ်နိူင်ကြောင်းခန့်မှန်း

နေမိ၏ ။


    အဏ္ဏဝါပုလဲမှာရွာလယ်လမ်းအတိုင်းလျောက်ရင်း

ဖြင့်ရွာထိပ်မှတောင်ကုန်းငယ်တစ်ခုဆီသို့တက်

သွားလိုက်တော့၏ ။


  တောင်ကုန်းထိပ်ရောက်ချိန်တွင် ဒေါက်တာ

ဖုန်းမြတ်ကျော်နဲ့ သက်ခိုင်ထပ်မံအံ့အြရပြန်၏ ။


တောင်ကုန်းထိပ်တွင်ပျံ့ပြူးသောမြေသားလွင်ပြင်

ရှိ၏ ။


  ထိုမြေသားလွင်ပြင်တွင် ရဲတိုက်နဲ့ပုံစံတူသော

အဆောက်အဦးတစ်ခုကို သလင်းကျောက်များ

ဖြင့်ဆောက်လုပ်ထား၏ ။ 


    ”…သခင်မလေး ပြန်ရောက်လာပြီလား...”


”...အေး...ခတ္တာ...ဖခမည်းတော်ကရော...”


   ”သခင်မလေးတို့အလာကို စောင့်ဆိုင်းနေပါတယ်.....”


 ”....ဦးလေးနဲ့ အစ်ကို လာအထဲဝင်ကြပါ...


ခတ္တာ ဒီကဦးလေးနဲ့ အကို ရေချိုးမယ့်နေရာ


ပြပေးလိုက်ပါ၊ နောက်လိုအပ်တဲ့ အဝတ်အစား


တွေပါစီစဉ်ပေးလိုက်ပါ.... ”


 အဏ္ဏဝါပုလဲမှာ ခတ္တာဆိုသော ကောင်မလေးတစ်

ယောက်ထံ ဒေါက်တာဖုန်းမြတ်ကျော်နဲ့ သက်ခိုင်ကို အပ်နှံ၍ အတွင်းဖက်သို့ဝင်သွားတော့၏ ။ 


 ခတ္တာမှာ နောက်ဖေးအဆောင်ဆီသို့ခေါ်ဆောင်

သွားပြီးစဉ့်အိုးကြီးတစ်လုံးနဲ့သစ်သားရေခွက်များ

ယူလာပေး၏။


   တစ်ညလုံးချွေးသံတချွဲချွဲပြေးလွားရင်းခရီးဆက်

နေရသည်မို့နှစ်ယောက်သားမှာ စဉ့်အိုးကြီးအတွင်း

မှရေအေးအေးလေးကိုချိုးလိုက်ကြရာလူမှာ

လန်းဆန်းသွားတော့၏ ။


    အဝတ်တထည်ကိုယ်တစ်ခုဆိုသည်မှာဒေါက်တာ

ဖုန်းမြတ်ကျော်နဲ့သက်ခိုင်ကိုပြောရမည်ပင်။


  သက်ခိုင်ထက်သာသောအချက်တစ်ချက်မှာ

ဒေါက်တာဖုန်းမြတ်ကျော်မှာ သူ့အမြဲလွယ်နေကျ

အိတ်တအိတ်ပါလာခြင်းဖြစ်၏ ။


   ယခုမူနှစ်ယောက်သား ရေချိုးပြီးလဲလှယ်ဝတ်ဆင်စရာအဝတ်အစားမရှိ

ခြင်းကြောင့် အခက်တွေ့နေရတော့၏ ။


  ထိုသို့အခက်တွေ့နေစဉ်မှပင်အမျိုးသား

တစ်ယောက်ရောက်လာပြီး အဝတ်အစားများပေး

လာ၏ ။


   ဝါဖြင့်ယက်လုပ်၍ဆေးဒန်းဆိုးထားသော

လက်ယက်ချည်ထည်များဖြစ်သော်လည်းနံစော်

နေသောသူတို့အဝတ်အစားများထက်အဆင်

ပြေသောကြောင့်


 လက်ယက်ချည်ထည် ပုဆိုးနဲ့

အကျီ င်္ကိုဝတ်ဆင်၍ဒေါက်တာ ဖုန်းမြတ်ကျော်

နဲ့သက်ခိုင်မှာတစ်ယောက်ကိုတစ်ယောက်ကြည့်

၍ပြုံးမိကြသေး၏ ။   


   ထိုအချိန်မှာပင်

အမှောင်ထုချည်းနင်းဝင်ရောက်လာပြီဖြစ်သော

ကြောင့် ရဲတိုင်အတွင်း ကညင်ဆီလို မီးလောင်

လွယ်သော ဆီတမျိုးထည့်ထားသော မီးခွက်များ

ကိုရဲတိုက်အနှံ့ထွန်းညှိလိုက်ရာ ဆီမီးရောင်ထိန်ထိန်ဖြင့် ထွန်းလင်းသွားတော့၏ ။


”… အစ်ကိုတို့ ရေချိုးပြီးရင် စားသောက်ခန်း

လာဖို့သခင်မလေးက မှာလိုက်ပါတယ်....

ကျွန်မနောက်လိုက်ခဲ့ကြပါ.... ”


နှစ်ယောက်သားအဝတ်အစားလဲလှယ်ပြီးချိန်တွင်

ခတ္တာကလာခေါ်သောကြောင့် နှစ်ယောက်သား

ခတ္တဆိုသောမိန်းမပျိုနောက်လိုက်ပါသွားကြတော့

၏ ။


    စားပွဲရှည်ကြီးတစ်ခုကို ထိုခုံငယ်များဝိုင်းပတ်

ချထားသောစားသောက်ခန်းသို့ရောက်ချိန်တွင်

 ထိုင်ခုံတစ်ခုတွင်ထိုင်၍ကြိုရောက်နေသော

အဏ္ဏဝါပုလဲမှပြုံးပြလာ၏ ။


”..ဦးလေးတို့ အကိုတို့ လာထိုင်ကြ ဆာနေကြရော

ပေါ့... ဖခမည်းတော်မကြာခင်ရောက်လာပါလိမ့်မယ်...”

 

 ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ စားပွဲအောက်ဖက်တွင်မျက်နှာခြင်းဆိုင်ဝင်ထိုင်လိုက်ကြတော့၏ ။


  သက်ခိုင်မှာ အဏ္ဏဝါပုလဲနဲ့မျက်စောင်းထိုးအနေအထားရှိနေ၏။


 ရေမိုးချိုးပြီးစဟန် အမွေးနံ့သာများခြယ်သထား

ခြင်းမရှိသော်လည်း လက်ယက်ချည်ထည်လေးဝတ်၍ ဆံပင်အားလုံးနောက်သို့လှန်၍စည်း

ထားရာ ဆီမီးရောင်အောက်တွင်ဖြူဖွေးသော

မျက်နှာလေးက ကြည့်ကောင်းလျက်ရှိနေ၏ ။


သက်ခိုင်မှာ အဏ္ဏဝါပုလဲကိုခိုးကြည့်နေရာ အဏ္ဏဝါ

ပုလဲမှသူ့အားဖျတ်ခနဲလှမ်းကြည့်လာခြင်းကြောင့်

ကမန်းကတန်းခေါင်းငုံလိုက်တော့၏ ။


  စားသောက်စရာများမှာယခုအချိန်ထိရောက်မလာသေးပဲရှိနေ၏ ။


    ” ဖခမည်းတော် လာပြီ...”


   ခန့်ညားသောရုပ်သွင်အပြင်ရှိ အသက်၅၀အရွယ်လူတစ်ဦးထမင်းစားခန်းအတွင်း

ဝင်လာ၍ စားပွဲထိပ်မှထိုင်ခုံတွင်ဝင်ထိုင်လိုက်၏ ။


”...အားလုံးကျုပ်ကိုစောင့်ရင်း ဆာနေကြရောပေါ့

စားစရာတွေ အမြန်ချဟေ့... ”


  အဏ္ဏဝါပုလဲ ဖခင်ဟုသိထားရသူစကားအဆုံးတွင် အငွေ့တထောင်း ထမင်းဟင်းလျာ ပူပူများ စားပွဲ

ပေါ်ရောက်လာ၏ ။


   သို့ရာတွင်

အသားငါးဟူ၍တစ်ခုမှမပါပဲ အသီးအရွက်မျိုးစုံသာ ချက်ပြုတ်ထားသောဟင်း

လျာများဖြစ်နေပါ၏ ။


”… အားလုံးပဲ အားမနာတမ်းစားကြပါ..

တခုကြိုတောင်းပန်ရမှာက ကျုပ်တို့ဒီမှာရှိသူတွေက အသားငါးကိုရှောင်ကျည်

ထားသူတွေမို့ အသားဟင်းတွေနဲ့မကျွေးမွေးနိူင်

တာမို့ ကြိုတောင်းပန်ပါရစေ...

စားသောက်ပြီးရင်တော့ ဒီနေရာကိုကျုပ်တို့ဘယ်လိုရောက်လာကြောင်း

မောင်ရင်တို့ကို ဘာလို့ဒီကိုခေါ်တဲ့အကြောင်းစုံကို

သေချာရှင်းပြပါ့မယ်... စားကြပါ...”


  ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ ဝမ်းဗိုက်တကြုတ်ကြုတ်မြည်ထိဆာလောင်နေပြီမို့

အသီးအရွက်ဟင်းများဖြင့်ပင် ခေါင်းမဖော်တမ်း

စားသောက်လျက်ရှိနေကြပါတော့၏ ။


==========================


၉-ဆက်ရန်


မြူခိုးအလင်္ကာ


rate now: