book

Index 7

အပိုင်း(၇)

အဏ္ဏဝါအတွင်းမှအကျဉ်းစံများ

=====================


၇။  အသူရကယ်ကျွန်းမှအသူရကယ်ရွာ

----------------------------------------------------


      ဒေါက်တာဖုန်းမြတ်ကျော်မှာအိမ်ရှေ့ဖက်

အလောတကြီးပြေးထွက်လာပြီး သက်ခိုင်ကိုရှာ

ဖွေကြည့်မိရာ အိမ်တခါးဝရပ်၍သူ့အားရပ်စောင့်

နေသောသက်ခိုင်ကိုတွေ့လိုက်ရတော့၏ ။


     ”… ဆရာကြီး..ဘယ်တွေသွားနေတာလဲ


ကျွန်တော်စိတ်ပူနေတာ....”


  ”မောင်သက်ခိုင် ဘာအန္တရယ်လို့ပြောလို့

မရပေမယ့်


 ကျွန်ပ်တို့လူစုအန္တရယ်ရှိတာသေချာနေပြီ

တစ်ခြားလူတွေကိုပြောပြီး ဒီရွာကအမြန်ထွက်

ရတော့မယ်......”


    ” ဟာ...ဟုတ်လား...ဒါဆိုအမြန်သွားရအောင်

လေဆရာကြီး....”


 ”... ..ခုဆို ကျွန်ပ်တို့အဖွဲ့ကို သူတို့စောင့်ကြည့်

နေလောက်ပြီ ဒီတော့ ခိုးကြောင်ခိုးဝှက်သူတို့

မတွေ့အောင် လျို့ဝှက်လှုပ်ရှားရလိမ့်မယ်..

မောင်သက်ခိုင်....လာ.. ကျွန်ပ်နောက်လိုက်ခဲ့..”


  ဒေါက်တောက်ဖုန်းမြတ်ကျော်မှာ သက်ခိုင်ကို

အကျိုးအကြောင်းပြောပြချိန် နဂိုကအစကတည်း

အချိန်ကပင် စိုးရိမ်စိတ်ဝင်နေမိသော၊ သက်ခိုင်

တစ်ယောက်ထိတ်လန့်သွားရမိတော့၏ ။


    ဒေါက်တာဖုန်းမြတ်ကျော်မှာ ခြောက်လုံးပြူး

သေနတ်ကို ကျည်စစ်ဆေးပြီးလက်တွင်အသင့်ကိုင်၍

သင်္ဘောသားများရှိရာနေရာသို့ အမှောင်ထုအတွင်း

သက်ခိုင်နဲ့အတူစမ်းတဝါးဝါးလာနေကြတော့၏ ။


ထိုအချိန်....။

---------------


    သင်္ဘောသားတစ်စုမှာ ငရဲခန်းသို့ရောက်နေသည်အလားကြုံတွေ့နေကြရ

တော့၏ ။


    မွေးကြိုင်သင်းပျံ့သောကိုယ်သင်းရနံ့ပိုင်ရှင်

တပ်မက်ဖွယ် ကျွန်းသူလေးများမှာ ယခုအချိန်တွင်

မခံမရပ်နိူင်သော စူးရှပုတ်အက်သော ရနံ့များနဲ့အတူ၊ တကိုယ်လုံးမှာလည်းမသတီရွံရှာဖွယ်

အပုတ်ရည်များတတောက်တောက်ကျနေလျက်၊

လောက်ကောင်များကလည်း ပုတ်အက်သောအသားများကြားရွစိထိုးသွားလာ

နေလျက်ရှိနေ၏ ။


    စားပွဲပေါ်မှအရက်နဲ့မြည်းခဲ့သော

စားသောက်ဖွယ်ရာများမှာလည်းအပုတ်နံ့တထောင်းလောက်ကောင်တဖွားဖွားကျနေလျက်ဖြင့်

 ရှိနေတော့သည်။


  ရုတ်တရက် မျက်လှည့်ပြသလိုပြောင်းလဲသွား

သောအခြေအနေများကြောင့် သင်္ဘောသားများမှာ

မူးနေသောအမူးများပြေလျက် ကြောက်ရွံ့ထိတ်

လန့်စွာတစ်ယောက်တစ်ပေါက်အော်ဟစ်လျက်

ရှိနေကြကုန်၏ ။


 ထွန်းညှိထားသောမီးတုတ်အရောင်မှာလည်း

စိမ်းဖန့်ဖန့်အရောင်အဖြစ်ပြောင်းလဲသွားပြန်သည်။


 သင်္ဘောသားများမှာ သူတို့ထံ တရွေ့ရွေ့တိုးလာသော သရဲမများကြောင့် နောက်ဆုတ်၊နောက်ဆုတ်ဖြင့်ပြေးရန်လမ်းရှာ

နေကြချိန်...။


...ဟားဟား.... ဟားဟား... ဟားဟား....

နောက်ဆုံးတော့ ငါတို့ရွာအသစ်တွေထပ်တိုး

ပြီပေါ့....


...ဟာ...ဟို..ဟိုမှာ....


...တစ်...တစ်ရွာလုံး..ငါတို့ကိုဝိုင်းထားကြပြီ....


....ဒုက္ခ.. ဒုက္ခပါပဲ.......


 ရင်ခေါင်းသံကြီးဖြင့်နက်ကျောစွာရယ်မော၍

စကားပြောသံကြားလိုက်ရခြင်း သင်္ဘောသားများ

မှာသူတို့နောက်သို့လှည့်ကြည့်လိုက်ကြမိချိန်..။


   သူတို့အား ရွာလူကြီးဟုမိတ်ဆက်ခေါ်ဆောင်

လာခဲ့သူကရယ်မောပြောဆိုလိုက်ခြင်းဖြစ်၏ ။


  ရွာလူကြီးနောက်တွင်တစ်ရွာလုံးစုရုန်းရောက်ရှိ

နေကြ၏ ။

   ရွာလူကြီးအပါအဝင်ရွာသားများမှာ စတွေ့ချိန်

ကလိုမဟုတ်တော့ပဲ မျက်လုံးများမှာ မျက်ဆန်နက်

မရှိပဲ မျက်လုံးအဖြူကြီးများဖြင့်ရှိနေကြတော့၏။


 သင်္ဘောသားများမှာအရပ်လေးမျက်နှာဝိုင်းပတ်

ထားသူများကြောင့်လွတ်လမ်းဟူ၍ မရှိတော့သော

အခြေအနေမို့ ဆောက်တည်ရာမရဖြစ်နေချိန်

ရွာလူကြီးဦးဆောင်သောလူအုပ်ကြီးမှာ သင်္ဘော

သားများအနီးသို့တိုးကပ်လာကြတော့သည်။


    ...အား....


......လွတ်...လွတ်...ငါ့ကိုလွတ်ကြ....အား...


....အောင်မလေးဗျ..... ကယ်ကြပါအုံး....


....မကောင်းဆိုးဝါးတွေ. ..အနားမကပ်ကြနဲ့သွား.


  ပတ်ဝန်းကျင်တစ်ဝိုက်မှာ ငရဲပွက်သည်အလား

နာကျင်စွာအော်ဟစ်၊ငြီးတွားသံများဖြင့်ဆူညံ့ကုန်

တော့၏ ။

     သင်္ဘောသားများအနီးဝိုင်းအုံလာသော

ရွာသားများမှာ သင်္ဘောသားများကိုဝိုင်းဝန်းဖမ်းချုပ်

ဆွဲလွဲနေကြရာကြောက်လန့်တကြားအော်ဟစ်ရင်း အသက်လုရုန်းကန်နေသော သင်္ဘောသားများမှာ

 အကျီ င်္များဘောင်းဘီများစုတ်ပြတ်ပြဲထွက်ကုန်ကြ

၏ ။

     ဝိုင်းဖမ်းဆွဲချုပ်နေသောလက်များမှာ

လက်သည်းရှည်ကြီးများရှိနေသောကြောင့်ဖမ်းချုပ်

ထားရာရုန်းကန်ရာတွင်အသားစများပြဲထွက်ကာ

သွေးစိမ်းများပန်းထွက်လာချိန် ။


 အသူရကယ်ရွာသားများမှာသွေးကိုမြင်ချိန်အငမ်း

မရသွေးထွက်ရာ အသားပြင်များကို သွားကိုက်ဖဲ့

လိုက်ချိန်။


နာကျင်မူကြောင့်

ငယ်သံပါအောင်အော်ဟစ်သံများပတ်ဝန်းကျင်

တဝိုက်တွင်ဖုံးလွမ်းကုန်၏ ။


မြောက်များလှစွာသောရွာသားများမှာသင်္ဘောသားများအသားကိုကိုက်ဖဲ့စားသောက်နေကြ၏။


 ဝမ်းဗိုက်ပြင်အားလက်ဖြင့်ကုတ်ဖဲ့၍ပေါက်ထွက်

သွားသောဝမ်းဗိုက်အတွင်းမှ အူအခွေလိုက်ကို

တစ်ယောက်နဲ့တစ်ယောက်လုယက်၍ သူ့ထက်ငါ

ဆွဲယူ၍သွေးသံတရဲရဲစားသောက်နေသော မြင်ကွင်းကသွေးပျက်စရာကောင်းလွန်းလှ၏ ။


  သင်္ဘောသားများမှာအစပထမအော်ဟစ်ရုန်း

ကန်သေးသော်လည်းနောက်ပိုင်းတွင်အော်သံ

အစားငြီးသံသာထွက်နိူင်တော့၏ ။


 နောက်ဆုံးတွင်...။


 အရှင်လတ်လတ်အသားများဖဲ့စားခံနေရ

သောကြောင့်ငြီးသံပင်မထွက်နိူင်တော့ပဲ အသားများပဲ့ထွက်နေသောသွေးသံရဲရဲကိုယ်လုံး

ကြီးများက အသက်မထွက်သေးချိန် အသားများ

တဆတ်ဆတ်တုန်လျက်ဖြင့်ရှိနေ၏ ။


အသူရကယ်ရွာသားများမှာလူသားစားပွဲတော်ကြီး

ကျင်းပနေသကဲ့သို့မြိုင်ရေယှက်ရေစားသောက်

နေကြကုန်၏။


==========××××============


   ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်တို့နှစ်ယောက်

စကားပြောဆိုနေချိန်တွင် သင်္ဘောသားများ

မှာကြောက်လန့်စရာအဖြစ်ဆိုးများစတင်နေချိန်

ဖြစ်၏ ။

     နှစ်ယောက်သား သင်္ဘောသားများ

သောက်စားကျန်နေရစ်ခဲ့သောအိမ်သို့ အမှောင်

အတွင်းလျောက်လာနေ၍ အိမ်နားသို့ရောက်

ရန်အနီးငယ်အလို နာကျင်စွာအော်ဟစ်ငြီးတွား

သံများကြားလိုက်ရခြင်းကြောင့် နှစ်ယောက်သား

စိုးရိမ်စိတ်ဝင်သွားရမိတော့၏ ။


    အိမ်အနားသို့ရောက်ချိန်တွင်အိမ်ရှေ့ဖက်တွင်

စုဝေးနေသော လူအုပ်ကြီးကိုမြင်တွေ့ရခြင်းကြောင့်

သက်ခိုင်ကိုလက်ကုတ်၍ဒေါက်တာဖုန်းမြတ်ကျော်

တစ်ယောက်အိမ်ဘေးဖက်ဆီသို့ပတ်လျောက်ကာ

နီးနိူင်သမျနီးအောင်တိုးကပ်၍ အခြေအနေကို

လေ့လာအကဲခတ်နေမိ၏ ။


       သင်္ဘောသားများကိုအရိုးကျအထိဝိုင်းဖွဲ့

စားသောက်ပြီးချိန် ထိုနေရာသို့ကတ္တရာကဲ့သို့

နက်ပြောင်သောအသားအရေရှိ၍အခေါင်းတစ်လုံး

ကိုပခုံးတွင်၍လာသောအခေါင်းထမ်း

သူများရောက်လာကြ၏။


     ခေါင်းထမ်းထားသူများမှာသွေးအိုင်ထဲတွင်

အရိုးပေါ်သည်အထိအစားခံထားရသောအလောင်း

များအနီးတွင်အခေါင်းကိုချ၍အခေါင်းအဖုံးကိုဖွင့်

လျက်အလောင်းများကိုကောက်ထည့်နေတော့၏။


ယခုမှမြင်ကွင်းကိုရှင်းလင်းသေချာစွာတွေ့မြင်ရ

သော ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာလန့်

ဖျတ်မူကြောင့် အသံထွက်မအော်မိစေရန်ပါးစပ်

ကိုလက်ဝါးဖြင့် အုပ်ထားလိုက်ရမိ၏။


ဒေါက်တာဖုန်းမြတ်ကျော်မှာသူကိုယ်တိုင်ကြောက်

လန့်ထိတ်လန့်၍သွေးပျက်ချင်နေသော်လည်း

သူ့ထက်အငယ်သက်ခိုင်ရှိနေသောကြောင့်စိတ်မာန်တင်း၍သက်ခိုင်ကိုအားပေးသည့်အနေဖြင့်

လက်မောင်းကိုဖျစ်ညှစ်လိုက်သည်။


အလောင်းများကိုခေါင်းအတွင်းထည့်ပြီးချိန်တွင်

ရွာလူကြီးက အလောင်းများထည့်ထားသောအခေါင်းများကို

စတင်ရေတွက်နေတော့၏ ။


     ..တစ်..နှစ်..သုံး..လေး..ငါး..ခြောက်..


ခုနှစ်..ရှစ်....ကိုး....တစ်ဆယ်.......


..ခေါင်းနှစ်ခုလွတ်နေတယ် နှစ်ယောက်ကျန်သေးတယ်  ငါတို့အကြောင်းမသိခင်၊မိုးမလင်း

သေးချိန်သူတို့ဆီအမြန်သွားကြစို့.....


 ရွာသူကြီးမှာအခေါင်းများကိုရေတွက်ကြည့်ရာ

သင်္ဘောသားအလောင်းဆယ်လောင်းထည့်ထား

သောအခေါင်းဆယ်ခေါင်းနဲ့ လွတ်နေသော

အခေါင်းအလွတ်နှစ်ခုကိုတွေ့ရခြင်းကြောင့်

ဒေါက်တာဖုန်းမြတ်ကျော်နဲ့ သက်ခိုင်ကိုရည်ညွန်း

သောစကားများပြောဆိုသံကြားလိုက်ရချိန်။


ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာကြောက်လန့်သွေးပျက်စရာမြင်နေရခြင်းနဲ့အတူ၊ ယခုသူ

တို့အလှည့်ရောက်လာတော့မည်ဆိုသောအတွေး

ဖြင့်ဆောက်တည်ရာမရစိတ်ဖြစ်ကုန်ကြတော့၏။


  ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ခိုင်ထွက်

ပြေးမည်စိုး၍ လက်ကိုတင်းတင်းဆုတ်ကိုင်ထား၏။


  အသူရကယ်ရွာလူကြီးမှာထိုနေရာမှာထွက်သွားချိန်

တစ်ခြားသူများမှာလည်းရွာလူကြီးနောက်လိုက်ပါ

သွားသလို မဲနက်နေသော လူဆယ့်နှစ်ယောက်မှာ

လည်းအခေါင်းကြီးများထမ်း၍ ထိုသူများနောက်

လိုက်ပါသွားကြတော့၏ ။


”… ဆ...ဆရာကြီး....သင်္ဘောသား...တွေပြီးရင်

ကျွန်တော်တို့ဆီလာတော့မယ်...”


”..စိတ်အေးအေးထား..မောင်သက်ခိုင်.. သူတို့

ကျွန်ပ်တို့ကို အိမ်မှာမတွေ့ရင် သင်္ဘောဆီသွား

ရှာမှာပဲ ..ဒီကြားထဲတစ်ခြားဖက်ကိုပြေးရင်

ကျွန်ပ်တို့သူတို့လက်ကလွတ်နိူင်တယ်..

.မကြာခင်

လည်းမိုးလင်းတော့မယ်ဆိုတော့..အခြေအနေက

ကျွန်ပ်တို့ဖက်ရောက်နေပြီ လာ..ပြေးကြစို့...”


ဒေါက်တာဖုန်းမြတ်ကျော်မှာသူကိုယ်တိုင်ကြောက်

လန့်နေသော်လည်း သက်ခိုင်ကိုအားပေးစကား

ပြောဆို၍ လွတ်မြောက်နိူင်သောအခြေအနေကို

တွက်ဆထားခြင်းဖြစ်၏ ။


 အသူရကယ်ရွာသားများမှာသူတို့နှစ်ယောက်ကို

အိမ်တွင်ရှာမတွေ့ပါက သင်္ဘောသို့သွားရာလမ်းသို့

မလွဲမသွေလိုက်မည်မှာသေချာနေ၏ ။


 အချိန်မှာမနက်လေးနာရီကျော်စပြုနေပြီမို့ သင်္ဘောနဲ့ဆန့်ကျင်ဖက်အရပ်သို့ပြေးလွားသွားခြင်း

မှာသူတို့အတွက် လွတ်မြောက်ရာလမ်းဟုတွက်ဆ

ထားခြင်းကြောင့် ဆန့်ကျင်ဖက်အရပ်သို့ပြေးရန်

လက်နှိတ်ဓတ်မီးကို လက်ဖြင့်ကွယ်၍ခပ်အုပ်အုပ်

ထွန်း၍ အပြေးခရီးစခဲ့ကြတော့၏ ။


    ရှေ့မှသစ်ကိုင်းကျောက်တုံးများကိုရှောင်

တိမ်းပြေးလွားနေသောဒေါက်တာဖုန်းမြတ်ကျော်နောက်မှ သက်ခိုင်တစ်ယောက်ထပ်ကြပ်မကွာ

ထပ်ကြပ်မကွာလိုက်ပါလာခဲ့တော့၏ ။


     ထိုအချိန်မှာပင်.. ။

ဆဲဆိုရေရွတ်ကြိမ်းမောင်းသံများနဲ့အတူ၊အစိမ်းရောင်ပြောင်းနေသောမီးတုတ်ကြီးများကို

ကိုင်၍သင်္ဘောရှိရာအရပ်သို့သွားနေကြခြင်း

ကိုမြင်လိုက်ကြရ၏ ။ 


ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာသင်္ဘောနဲ့ဆန့်ကျင်ဖက်အရပ်သစ်တောကြီးများကြားလက်နှိပ်ဓတ်မီးခပ်အုပ်အုပ်ထွန်း၍သွားလာနေကြသည်။


    နှစ်ယောက်လုံးမှာ မျက်စိရှေ့တွင်လူဆယ်

ယောက်သေဆုံးထားသောမြင်ကွင်းကို မြင်တွေ့

ထားရခြင်းကြောင့် ကြောက်လန့်မူအရှိန်ဖြင့်နောက်

ကျောမလုံစွာရှိနေကြသလို၊ သစ်ကိုင်းခြောက်ကျိုး

ကျသံကိုပင် လန့်ဖျတ်နေကြမိ၏ ။


      ဒေါက်တာမြတ်ဖုန်းကျော်မှာလိူင်းပုတ်သံကြား

ရသောကမ်းခြေဆီသို့ဦးတည်သွားလာနေခြင်းဖြစ်၏ ။ 


   ကြောက်ရွံထိတ်လန့်မူဖြင့်တစ်ယောက်နဲ့တစ်

ယောက်စကားပင်မဆိုနိူင်အောင်ရှိနေကြကာ၊

အသက်ရူသံများပြင်းလျက်ဝတ်ထားသောအဝတ်

အစားများမှာရွဲနစ်လျက်ရှိနေ၏ ။


 လိူင်းပုတ်သံကိုအနီးကပ်ကြားလာရသောကြောင့်

ကမ်းခြေနဲ့နီးလာပြီဟုနှစ်ယောက်သားတွေးလိုက်

မိကြ၏ ။ 


  ထို့ကြောင့်ခြေလှမ်းကိုကိုအရှိန်မြှင့်၍

ခပ်သွက်သွက်လှမ်းနေကြစဉ်.....။


,. ..ဟေ့....ပြေးသွားတဲ့ ကောင်တွေ ဒီဖက်မှာဟေ့.. မီးရောင်လည်းမြင်ရတယ်..အနံ့

လည်းရနေတယ်....


....ဟာ...


...ဟင်....


...မောင်သက်ခိုင် ကမ်းခြေကိုအမြန်ပြေးကြစို့...


သူတို့နောက်နားသစ်တောအုပ်ဆီမှသူတို့နှစ်ယောက်ကိုတွေ့ရှိကြောင်းအချက်ပြအော်ဟစ်သံ

ကြားလိုက်ရချိန် နှစ်ယောက်သားခေါင်းနပန်းကြီး

များထူပူကုန်၍ ခနမျရပ်လိုက်မိကြ၏ ။


ဒေါက်တာဖုန်ဖုန်းမြတ်ကျော်မှာ လက်နှိပ်ဓတ်မီးကိုပိတ်လိုက်ပြီး သက်ခိုင်အား

ပြေးရန်ပြောလိုက်သလို သူလည်းအချိန်မဆိုင်းပဲ

နှစ်ယောက်သားလိူင်းပုတ်သံကြားရာအရာသို့

ပြေးကြတော့၏ ။


   သူတို့နောက်ဖက်တောအုပ်တွင်လည်း

အမဲဖျက်မည့်ဟန်လိုက်လိုက်လာကြသောလူအုပ်ကြီးအသံများကြားနေကြရတော့၏ ။


   သစ်တောအုပ်ကိုလွန်မြောက်ချိန်သူတို့နှစ်ယောက်မှာ လိူင်းပူတ်သံတဝုန်းဝုန်းဖြင့် ပင်လယ်ကမ်းစပ်သို့ရောက်ရှိချိန်ရှိခဲ့ကြတော့၏ ။


   သို့ရာတွင်... ။


သူတို့နောက်ကျောသစ်တောအုပ်ဆီမှတောတိုးလာ

သောအသံများ၊ နှစ်ယောက်သားရောက်နေရာ

ကမ်းစပ်အရှေ့အနောက်ဆီမှာ သူတို့ထံပြေးလာ

သောခြေသံများကြားလိုက်ရတော့၏ ။


”…ဘယ်...ဘယ်လိုကြမလဲ ဆရာကြီး...ဒီတခါ

တော့ သေရတော့မယ်ထင်ပါရဲ့..ပြေးစရာနေရာ

ပိတ်မိသွားပြီ....”


”...ကျွန်ပ်တစ်ယောက်လုံးရှိပါသေးတယ်

မောင်သက်ခိုင် ကျွန်ပ်အသက်မသေသရွေ့ 

မောင်သက်ခိုင် ဘာမှမဖြစ်ဖို့ရှေ့က ကာကွယ်

ပေးပါ့မယ်.... ”


… ဟူး…


ရှေ့တွင်အပြောကျယ်သောပင်လယ်ပြင်သာရှိနေပြီး နောက်ကျော၊ဝဲ၊ယာ ညှပ်ပိတ်ခံထားရသော

သူတို့နှစ်ယောက်အခြေအနေက အပြောကျယ်သောပင်လယ်ပြင်အတွင်းဆင်းကူးပြီး

မိမိဘာသာ သတ်သေမလား၊ သို့မဟုတ် အသူရကယ်ရွာသားများလက်တွင်းသက်ဆင်း၍

အသတ်ခံရမည်လား။ 


ဘယ်လိုပင်တွေးတွေး သေလမ်းများပင်ဖြစ်၏ ။


သို့သော်လည်း သူ့ကတိအတိုင်း သူမသေခင်အချိန်အထိ သက်ခိုင်အားကာကွယ်

ရန်ကတိပြုထားသောကြောင့် ခြောက်လုံးပြူးသေ

နတ်ကိုတင်းတင်းဆုတ်ကိုင်ရင်း အားငယ်၍ခိုကိုး

ရာမဲ့စကားပြောလာသောသက်ခိုင်ကိုအားပေးနေ

မိတော့၏ ။


    ထိုကဲ့့သို့...။


ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင် ကူကယ်ရာ

မဲ့ဖြစ်နေချိန်တွင် သူတို့ရှေ့ပင်လယ်ပြင်မှမီးရောင်

တစ်ခုပေါ်ထွက်လာခြင်းကိုမြင်တွေ့ရပြီးကမ်းစပ်

အနီးသို့ရောက်ချိန်မှလှေတစ်စီးဖြစ်နေကြောင်း

သိလိုက်ရတော့၏ ။


  ...ဟေ့..သေချင်လို့ရပ်နေကြတာလား

လှေပေါ်အမြန်တက်ကြလေ...


  ရုတ်တရက်ရောက်လာသော လှေငယ်ကို

ကြောင်ငေး၍ကြည့်နေမိသော ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ လှေထိုးသမားအော်ငေါက်သံခတ်ဆတ်ဆတ်ကြား

သောအချိန်ကျမှ ဒေါက်တာဖုန်းမြတ်ကျော်မှာ

သက်ခိုင်လက်ကိုဆွဲ၍ ဒူးကျော်ကျော်ရေထဲတွင်

ရပ်ထားသောလှေပေါ်တက်လိုက်ကြတော့၏ ။


  သက်ခိုင်နဲ့ဒေါက်တာဖုန်းမြတ်ကျော်လှေပေါ်ရောက်

ချိန်နဲ့ချိန်သားကိုဟုဆိုရမည်ပင် သူတို့နှစ်ယောက်

ရပ်ခဲ့သောနေရာသို့သစ်တောအုပ်မှထွက်လာကြ

သူများ ကမ်းခြေရှေ့နောက်မှ လာကြသော

အသူရကယ်ရွာသားများရောက်လာကြတော့၏ ။


လက်မတင်လေးသူတို့လက်မှလွတ်မြောက်သွား

သော ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်ကို

တောက်တခက်ခက်ဖြင့်ကြိမ်းဝါးဆဲဆိုနေကြသံ

များကိုလှေပေါ်မှနှစ်ယောက်သားကျောချမ်းဖွယ်

ကြားနေကြရတော့၏ ။


” ကျေးဇူးတင်ပါတယ်ဗျာ ခင်များအချိန်မှီရောက်

လာလို့သာပေါ့ နိူ့မို့ဆို ကျွန်ပ်တို့နှစ်ယောက်

ဘဝကသေလူပါပဲ....”


”…ကျုပ်ကိုကျေးဇူးတင်မနေကြနဲ့ ကျေးဇူးတင်ချင်ရင်သခင်မလေးကိုတင်ကြ....”


 ဒေါက်တာဖုန်းမြတ်ကျော်၏ကျေးဇူးတင်စကား

ကိုလှေကိုပင်လယ်ပြင်ဆီလှော်ခတ်နေသော

လှေသမားမှခပ်မာမာပြန်ပြောလာခြင်းကြောင့်

လှေသမားတစ်ယောက်တည်းမဟုတ်ပဲနောက်

တယောက်ရှိနေသေးကြောင်းသိလိုက်ကြရ၏ ။


  မိုးဒဏ်၊နေဒဏ်ကာကွယ်ရန်ဓနိမိုးထားထားသော

လှေပေါင်းမိုးအောက်ဝင်လိုက်ကြတော့၏ ။


......ဟာ......


လှေပေါင်းမိုးအောက်တွင်အနက်ရောင်သားရေ

အကျီ င်္ဝတ်လှပသောမိန်းမချောလေးတစ်ယောက်

ရှိနေပါ၏ ။


  ထိုမိန်းမချောလေးကိုမြင်လိုရသောခနမှာပင်

သက်ခိုင်ပါးစပ်မှအာမေဋိတ်သံတစ်ခုပါးစပ်မှ

ခုန်ဆင်းသွားခြင်းနဲ့အတူ။


မိန်းမချောလေးကိုမယုံကြည်နိူင်ဟန်ကြည့်နေမိ

တော့၏ ။


  ထိုမိန်းမချောလေးမှာအသူရကယ်ကျွန်းမှ

သူ့အားရွာသို့လိုက်ပို့ပေးခဲ့သောမိန်းမချောလေး

ဖြစ်နေသောကြောင့်သက်ခိုင်အံ့အြသင့်မိရခြင်း

ဖြစ်၏ ။


”… ဟိုတစ်ခါက အကူအညီပေးဖူးတဲ့ ညီမ

ဟုတ်ပါတယ်နော်....”


”...ဟုတ်ပါတယ် အစ်ကို မောလာကြရောပေါ့

ရေနွေးကြမ်းလေးသောက်ကြပါအုံး...”


”…နှစ်ယောက်က အသိတွေလား 

ကျေးဇူးတင်ပါတယ် တူမကြီးရေ ကံသီလို့

အသက်ဘေးကလွတ်လာရတာ တူမကြီးဟာ

ကျွန်ပ်တို့ရဲ့ ကျေးဇူးရှင်ပါပဲ ကျေးဇူးမမေ့ပါဘူး..”


”…ဟုတ်တယ် ညီမကြောင့်သာမဟုတ်ရင်

ခုချိန်ဆိုအကိုတို့ကသေလူပါ...

ဟိုတစ်ခါ အသက်ကယ်တဲ့အတွက်ရော

ခုတစ်ကြိမ်အတွက်ရောအသက်ကယ်ပေးလို့

ကျေးဇူးတင်ပါတယ်.... ”


”..အကိုခလေးဘဝတုန်းက ငါးကလေးဖားကလေးတွေကယ်ပြီးရင် 

..နင့်အသက်တခါလွတ် ငါ့အသက်ဆယ်ခါလွတ်..

လို့ဆုတောင်းဖူးကြတာမျိုးလို့ပဲသဘောထားပါ..။


အကိုအသက်တစ်ခုကိုကယ်ဖူးလို့ အသက်

ဘေးကလွတ်တယ်သဘောထားလိုက်ပါနောက်လည်းအဲဒီစိတ်မျိုးထားပေးပါ....”


...ဘယ်လို အသက်တစ်ခုအစ်ကိုက ကယ်ဖူးတယ်...


နှစ်ယောက်သားမိန်းမချောလေးကို

ကျေးဇူးတင်စကားပြောနေကြချိန် မိန်းမချောလေး

မှာသက်ခိုင်ကိုမျက်ဝန်းချင်းဆိုင်ကြည့်၍ ပဟေဠိ

ဆန်ဆန်စကားမျိုးပြောဆိုလာ၏ ။


 သက်ခိုင်မှာမိန်းမချောလေးစကားကြောင့်သူ

မည်သူအသက်ကိုကယ်တင်ဖူးသည်ကိုသေချာစွာ

တွေးကြည့်နေမိ၏ ။


သို့ရာတွင်.. ။


သူ့အတွေးတွင်ဘာကိုမှတွေး၍မရနိူင်ဖြစ်နေမိ၏။

မိန်းမချောလေးမှာသူနဲ့ယခုအကြိမ်နဲ့မှနှစ်ခါသာ

ဆုံဖူးခြင်းဖြစ်ပြီးတခြားမည်သည့်နေရာတွင်မှ

မဆုံဖူးသည်ကတော့သေချာနေသည်။


”…သိပ်စဉ်းစားမနေပါနဲ့ သိချိန်တန်ရင်သူ့

အလိုလိုသိပါလိမ့်မယ်..အစ်ကို...”


”…တူမကြီးနာမည်ကဘယ်လိုခေါ်လဲ

ဘယ်အရပ်ကလဲကွယ့်....”


”..အဏ္ဏဝါပုလဲ..လို့ခေါ်ပါတယ် ရင်းရင်းနှီးနှီး

ပုလဲပဲခေါ်ကြပါ...”


”..ဟုတ်ကဲ့တူမကြီး ဦးနာမည်လည်းမှတ်ထားပါ

ဦးဖုန်းမြတ်ကျော်တဲ့့..”


”...အော် ဆရာကြီးမိတ်ဆက်မှပဲနာမည်မိတ်

ဆက်ဖို့သတိရလာတယ် အစ်ကိုနာမည်

သက်ခိုင်..ညီမပုလဲ...”


”...အခု ဒီကအစ်ကိုနဲ့ ဦးလေးကို ကျွန်မတို့နေရာ

ကိုခေါ်သွားမလို့ပါ.. ၊ နှစ်ယောက်လုံးကိုအထူး

မှာထားချင်တာက ပုလဲတို့နေရာကိုအပြင်လူစိမ်း

တွေမရောက်ဖူးပါဘူး၊


ခုဒီကအစ်ကိုနဲ့ဦးလေးကို

ခေါ်လာရတာက အသူရကယ်ကျွန်းကမကောင်းဆိုးဝါးတွေ

ဦးလေးတို့ကိုအငြိုးထားနေတယ် အဲတာနောက်မှအသေးစိတ်ပြောပြမယ်...။


ခုမှာချင်တာက ပုလဲတို့နေရာရောက်ရင်

ကန့်သတ်ထားတဲ့နေရာတွေ၊တားမြစ်ထားတဲ့

နေရာတွေကို လုံးဝမသွားပါနဲ့... ၊

မလိုအပ်ပဲ မေးခွန်းအပိုတွေမမေးမိစေဖို့အထူး

မှာချင်ပါတယ်။...”


 သူတို့သုံးယောက်စကားပြောဆိုနေကြစဉ်မှာပင်

အါရုံဦးရှေ့ပြေးရောင်ခြည်လေးများစတင်ပေါ်

ထွက်လာခဲ့ပြီဖြစ်၏ ။


”...သခင်မလေး..ကျုပ်တို့ဆိပ်ကမ်းရောက်ပါပြီ..”


”...ကဲ..ရောက်ပြီ...ပုလဲနောက်ကလိုက်ခဲ့ကြပါ..”


လှေသမားသတိပေးစကားနဲ့အတူပုလဲမှာလှေပေါ်မှဆင်းလိုက်ပြီးဒေါက်တာမြတ်ဖုန်းကျော်နဲ့ သက်ခိုင်ကိုသူ့နောက်လိုက်ရန်ပြောဆိုလာ၏ ။


 လှေရပ်ထားသောနေရာကိုနှစ်ယောက်သား

ယခုမှကြည့်မိရာ၊ တောင်ခြေတစ်ခုမှရေစပ်ထိ

ပြုလုပ်ထားထားသောကျောက်လှေကားထစ်

များကိုတွေ့လိုက်ရ၏ ။ 

   လှေသမားမှာလှေကိုထူးဆန်းစွာရေထဲသို့

နှစ်မြုတ်နေသည်ကိုတွေ့လိုက်ကြရ၏ ။


  နှစ်ယောက်သားကျောက်လှေကားထစ်များ

နင်းဖြတ်တက်လာရာလှေသမားမှာသူတို့နောက်မှကပ်ပါလာသည်။


 လှေကားထစ်အဆုံးတွင် လူဆယ်ယောက်ခန့်ဆန့်

မည့်အကျယ်အဝန်းရှိတောင်ခါးပန်းသို့ရောက်လာ

ခဲ့ကြတော့၏ ။


 ထိုနေရာတွင်လှေကားထစ်ဆုံးနေခြင်းနဲ့အတူ

ရှေ့သို့ဆက်တက်စရာလမ်းကိုမတွေ့ရတော့ပေ။


  အဏ္ဏဝါပုလဲမှာတောင်ခါးပန်းတစ်နေရာမှာ

ကျောက်တုံးရှည်ရှည်မျောမျောတစ်ခုကိုအောက်သို့

ဆွဲချလိုက်ချိန်....။


....ဝေါ.ဝေါ....ဖျော...ဖျော.....ဝုန်း......


  ...ဟင်...


...လျို့ဝှက်တခါးပဲ...


တောင်ခါးပန်းနံရံမှာသိမ့်ခနဲတစ်ချက်တုန်သွားခြင်း

နဲ့အတူ နံရံနဲ့အံကိုက်ကျပြုလုပ်ထားသောကျောက်

တခါးချပ်ကြီးမှဖုန်မူန့်ကျောက်မူန်းများတဝေါဝေါ

တဖျောဖျောပြုတ်ကျခြင်းနဲ့အတူ ကျောက်တခါး

ကြီးမှာတခြားတဖက်သို့ တဖြည်းဖြည်းတိုးကပ်

လျက်ရှိနေခြင်းကို ဒေါက်တာဖုန်းမြတ်ကျော်နဲ့

သက်ခိုင်တို့နှစ်ယောက်မှာ အံ့အြတကြီးငေးမော

ကြည့်ရူလျက်ရှိနေကြပါ၏ ။


မကြာမှီအချိန်ခနတွင်...။


တခါးမှာတဖက်နံရံသို့တိုးဝင်ပျောက်ကွယ်သွားခြင်းနဲ့အတူ။


 လူသုံးယောက်ယှဉ်လျောက်နိူင်သောအကျယ်၊

ဆယ့်နှစ်ပေအမြင့်မျရှိသော လူတို့ပြုလုပ်ထား

သောလျို့ဝှက်လိူဏ်ခေါင်းပေါက်တစ်ခုပေါ်လာ၏။


လိူဏ်ခေါင်း၏အခြားတစ်ဖက်တွင်ဘာရှိသည်ကို

ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်တို့သိခွင့်၊

မြင်ခွင့်ရကြတော့မည်ဖြစ်၏ ။


===========××××============


ဆက်ရန်


 မြူခိုးအလင်္ကာ


rate now: