book

Index 6

အပိုင်း(၆)

အဏ္ဏဝါအတွင်းမှအကျဉ်းစံများ

====================


    ဆီမီးရောင်ထိန်ထိန်ဖြင့်ရွာငယ်လေးမှာ

နေ့ဖက်နဲ့မခြား လူပ်ရှားသက်ဝင်နေ၏ ။


     ထင်းခွဲ၊ရေခပ်နေသောအမျိုးသားများ

ချက်ပြုတ်၊လျော်ဖွတ်နေသောအမျိုးသမီးများကို

နောက်မှလိုက်လာ၍ယခုမှရွာလယ်လမ်းဝင်နေကြ

သောသက်ခိုင်နဲ့ ဖုန်းမြတ်ကျော်တွေ့နေရ၏ ။


    ဒေါက်တာဖုန်းမြတ်ကျော်အံ့အြသင့်နေမိ၏။

ထိုသူများပြုလုပ်နေသော အိမ်မူကိစ္စများမှာ

နေ့ဖက်တွင်သာပြုလုပ်လေ့ရှိသောအလုပ်မျိုးဖြစ်၍

ယခုလိုညနက်သန်းခေါင်ပြုလုပ်နေခြင်းကထူးဆန်းနေ၏။


 သို့သော်လည်း...။


လက်လုပ်လက်စားများမို့တနေကုန်တနေခန်း

ဝမ်းရေးအတွက်ရှာဖွေရုန်းကန်နေကြရသူများမို့

ဟုစိတ်ဖြေနေရသော်လည်း၊နောက်ထပ်သံသယ

ဖြစ်စရာများထပ်တိုးလာစရာကိစ္စများရှိနေ၏ ။


   ရွာလယ်လမ်းတလျောက်စဝင်လာချိန်ကတည်း

ကဘေးဖက်ဝဲယာအိမ်များကိုသတိထားကြည့်မိရာ

တွင်လင်မယားနှစ်ယောက်တွဲများကိုသာတွေ့ရ

ပြီးခလေးသူငယ်အရိပ်အယောင်များလုံးဝမတွေ့

ရခြင်းနဲ့အတူ၊တစ်ခြားသောလူရိပ်လူယောင်များ

မတွေ့ရပဲ လင်မယားနှစ်ယောက်တွဲများသာတွေ့

ရ၏ ။

ထိုသူများမှာ ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်

ကိုအလေးထားဟန်မရှိလှည့်၍ပင်တချက်မကြည့်ပ

လုပ်စရာရှိသည်များကိုသာ ပုံမှန်လုပ်ကိုင်နေကြ၏။


      ပို၍ထူးဆန်းသောအချက်မှာ လင်မယားတွဲ

များမှာသုံးဆယ်ကျော်ပတ်ဝန်းကျင်ခန့်ရွယ်တူစုံတွဲ

များဖြစ်ကြခြင်းဖြစ်၏ ။


     စဝင်လာစဉ်ထိုအချက်ကိုသတိမပြုမိသော်လည်း

ရွာထဲအတန်ငယ်မျဝင်မိချိန်ထိုအချက်ကိုသတိမပြု

မိသော်လည်းအတန်ငယ်ရွာလယ်သို့ရောက်ချိန်

ထိုအချက်ကိုသတိပြုမိလာ၏ ။


    ဒေါက်တာဖုန်းမြတ်ကျော်တစ်ယောက်

နောက်ဆုံးသူသတိပြုမိသောအချက်ကိုသိရချိန်

တည်ငြိမ်နေသောသူ့မျက်နှာမှာကွက်ခနဲပျက်သွား

ခြင်းနဲ့အတူ စိုးရိမ်စိတ်များလည်းဝင်လာမိတော့၏။


   ဒေါက်တာဖုန်းမြတ်ကျော်မှာစေ့စပ်သေချာသူ

ဖြစ်၏ ။

    ဘယ်အလုပ်မဆို ပီးပြီးရောဖြစ်စလွယ်မလုပ်

တတ်သူသောအကျင့်ရှိသောအကျင့်ရှိသောသူမို့၊

မူမှန်မဟုတ်သောအခြေများတွင်နောက်ဆုံးသော

သတိပြုမိသောအချက်ကိုသတိပြုမိသောအချက်

မှာအထူးဆန်းဆုံးဖြစ်၏ ။


    ရွာထဲစဝင်ရာ ဝဲယာလမ်းယာအိမ်များမှစ၍

အိမ်တိုင်းခေါင်းရင်းဖက်မြေကွက်လပ်တွင်

သေတ္တာရှည်ကြီးနှစ်လုံးကိုအိမ်တိုင်းတွေ့နေရ၏ ။


အစပထမ သာမာန်သာထင်၍ အရေးမထားမိသော်

လည်းအိမ်တိုင်းထိုသေတ္တာရှည်များတွေ့ရချိန်တွင်

သံသယစိတ်များဝင်လာခြင်းကြောင့် သေချာအကဲ

ခတ်ကြည့်မိရာ ထိုသေတ္တာရှည်များမှာ ခေါင်းတလားများနဲ့ဆင်တူကြောင်းစိုးရိမ်ထိတ်လန့်

စိတ်ဝင်လာရမိတော့၏ ။


    သက်ခိုင်မှာတစ်ယောက်မှာဒေါက်တာဖုန်းမြတ်

ကျော်နောက်မှကပ်လိုက်၍ စိတ်ပျက်အားငယ်

ခြင်းနဲ့အတူ၊ကြောက်လန့်စိတ်များလည်းဖြစ်နေ၏ ။


  မကြာသေးခင်ယခုကျွန်းတွင်သေမလိုအဖြစ်မှ

လွတ်မြောက်ထားရသောသူ့အတွက် ယခုလို

ရွာမှမရှိဟုသိထားသော ကျွန်းပေါ်တွင်ရွာတစ်ရွာ

တွင်တွေ့ရခြင်းအတွက်အံ့အြစိတ်၊ကြောက်လန့်စိတ်ရောပြွန်း၍ဘာစကားမှမဆိုနိူင်

ပဲရှိနေတော့၏ ။

        


  "…မောင်ရင်တို့ ဒီကိုလာကြ... ”


    ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်ရွာလည်

လမ်းမှလျောက်လာကြချိန်၊ ရွာလူကြီးဟုသူ့ကိုယ်သူမိတ်ဆက်၍ရွာသို့ဖိတ်ခေါ်

သောရွာလူကြီးမှာအိမ်ခြံတခြံရှေ့တွင်တကိုယ်တည်းရပ်စောင့်၍ အိမ်ခြံတွင်း

ဖိတ်ခေါ်လာသောကြောင့် ခြံဝင်းအတွင်းဝင်လိုက်

ချိန် သစ်သားစားပွဲရှည်ကြီးတစ်ခုပေါ်တွင် သင်္ဘောသားများသူတို့ယူဆောင်လာသောအရက်ပုလင်းများထောင်၍ ဝိုင်းဖွဲ့စားသောက်ရန်ပြင်ဆင်

နေကြလျက်ရှိနေ၏ ။


   ယခုမှချက်ပြုတ်ထားဟန် ငါး၊ပုဇွန်၊ဂဏန်းများကလည်းအငွေ့တထောင်းထောင်းဖြင့်

စားပွဲပေါ်တွင်ရှိနေ၏ ။


     သင်္ဘောသားများဘေးတွင်လည်းကျွန်းသူ

ပျိုဖြူလေးများကခြံရံလျက်ရှိနေကြသောကြောင့်

သင်္ဘောသားများမှာ အပျော်ကြီးပျော်နေကြဟန်

ရှိနေသည်။


   ”… ဆရာကြီး...သက်ခိုင်...ကျွန်တော်တို့က

အမြည်းကောင်းလို့သောက်ဖို့လုပ်နေတာ..

တစ်ခွက်တစ်ဖလားဝင်သောက်ကြပါလား...”


”…တော်ပါပြီကွယ်.မသောက်တော့ဘူး..

မင်းတို့လည်းသိပ်မူးအောင်မသောက်ကြနဲ့

မနက်ဖြန်အလုပ်ရှိသေးတယ် မထနိူင်ပဲနေမယ်..

..ဒါနဲ့.

.မောင်သက်ခိုင်ရောသောက်ချင်သောက်လေ..

အများကြီးတော့မသောက်နဲ့....”


”…မသောက်တတ်ပါဘူး ဆရာကြီးရယ်....”


   ဒေါက်တာဖုန်းမြတ်ကျော်မှာယခုလိုစိုးရိမ်စိတ်

ဝင်နေရချိန် သင်္ဘောသားများ အရက်ဝိုင်းဖွဲ့နေခြင်း

ကိုတွေ့ရခြင်းအတွက်မျက်နှာပျက်သွားရတော့၏ ။


သို့ရာတွင်.. လုပ်ငန်းခွင်မဟုတ်သောပြင်ပချိန်များတွင်သောက်

စားနေခြင်းမျိုးကိုသူ့တွင်တားခွင့်မရှိပေ။


မများစေရန်သာသတိပေးရင်းသက်ခိုင်ကိုသောက်

လိုကသောက်ခိုင်းခြင်းခြင်းဖြစ်၏ ။


သက်ခိုင်တစ်ယောက် ခေါင်းငိုက်စိုက်ချကာပတ်ဝန်းကျင်ကိုမကြည့်သူ့

ရှေ့မြေပြင်သို့ငေးရာမှမသောက်တတ်ကြောင်း

ပြန်ဖြေလိုက်၏ ။


”… မောင်ရင်တို့ကမသောက်မစားဆိုတော့

သောက်နေကြသူကြားနေရင် နေရခက်မှာပေါ့

ကျုပ်မောင်ရင်တို့အိပ်ဖို့ အိမ်စီစဉ်ထားပါတယ်...”


” ကောင်းပြီ...ကျွန်ပ်နဲ့မောင်သက်ခိုင်အရင်

သွားနှင့်မယ် မင်းတို့တအားမူးအောင်မသောက်

ကြပါနဲ့ ....”


”…စိတ်မပူပါနဲ့ ဆရာကြီး ခနနေလိုက်လာခဲ့ပါမယ်

သွားနှင့်ကြပါ...”


” ကျွန်တော်ချည်းသောက်နေရတာကြာနေပြီ

ခုလိုဘေးနားကပြုစုပေးမယ့်ကောင်မလေးတွေ

ရှိနေတုန်းခနလေးသောက်ပါရစေ ဆရာကြီးရေ...

ဟဲ...ဟဲ...ဟဲ...”


   ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်အ

ရက်မသောက်ကြောင်းငြင်းဆိုနေချိန် ဘေးမှ

သူတို့လူစုအားအရိပ်အခြည်ကြည့်၍ အကဲခတ်နေသော ရွာလူကြီးမှ အိပ်စက်ရန်စီစဉ်

ထားကြောင်းပြောလာသောကြောင့် ဒေါက်တာ

ဖုန်းမြတ်ကျော်မှာသူ့လူများကိုစိတ်မချစွာကြည့်

၍မှာကြားနေပြန်၏ ။


သင်္ဘောသားများမှာအရက်ခိုးကြောင့်ရီဝေနေသော

မျက်လုံးများဖြင့် ဘေးနားမှအရက်ငှဲ့ပေး၊အမြည်းကုန်ပါကအချိန်မဆိုင်းပဲယူပေးသလိုဘေး

နားကပ်ထိုင်၍မထိခလုပ်၊ထိခလုပ် စနောက်ကျီစယ်နေသောကောင်မလေးများကြား

သဘောကျကြီးကျနေကြတော့၏ ။


 ဒေါက်တာဖုန်းမြတ်ကျော်စိတ်မချ၍မှာနေ

သောစကားကိုအမြန်ပြန်လာမည်ဟုဆိုနေကြသော်

လည်း သူတို့ပုံစံက အလွယ်တကူပြန်မည့်ဟန်မရှိ။


 အရက်သောက်လိုက်၊အမြည်းစားလိုက်၊ကျွန်းသူ

လေးများကိုခါးတို့၊လက်တို့လုပ်လိုက်ဖြင့် တဝါးဝါး

တဟားဟားပွဲကျနေကြရာဒေါက်တာဖုန်းမြတ်ကျော်မှာသက်ပြင်းသာချမိတော့၏ ။


..တန်မူး...တန်မူး......


....ဗျာ...သူကြီး....


...အေး...ဒီကမင်းအစ်ကိုတွေကိုရွာထိပ်က

ဧည့်သည်တွေတည်းမယ့်အိမ်လိုက်ပို့လိုက်...


...ဟုတ်ကဲ့..သူကြီး...


..အေး..ဟိုပြောဒီပြောတွေလည်းပြောမနေနဲ့

ကြားလား...


 ရွာလူကြီးမှာတန်မူးဆိုသော ကျွန်းသားတစ်ယောက်ကိုခေါ်၍ ဒေါက်တာဖုန်း

မြတ်ကျော်တို့တည်းခိုရန်နေအိမ်သို့လိုက်ပို့

ခိုင်းနေ၏ ။


   သို့ရာတွင်

တစ်ခုခုသောလျို့ဝှက်ကြိတ်မှာနေခြင်းကို ဒေါက်တာ ဖုန်းမြတ်ကျော်တစွန်းတစကြားဖြစ်

အောင်ကြားလိုက်၏ ။


တန်မူးဆိုသော ကျွန်းသားမှာ ရွာ၏အနောက်ဖက်

အရပ်သို့ မီးတုတ်တစ်ချောင်းကိုင်၍ ရှေ့မှငိုက်စိုက်၊ ငိုက်စိုက်လျောက်နေချိန် ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာထိုကျွန်းသားဦးဆောင်ရာနောက်လိုက်လာခဲ့ကြတော့၏။


   တစ်နေရာရောက်သောအခါတွင်

ထိုလူက အိမ်ကြီးတစ်အိမ်ရှေ့ရပ်လိုက်တော့၏။


 ခြံဝင်းဝင်ပေါက်တွင်ဆီမီးတုတ်နှစ်ချောင်းဘယ်

ညာစိုက်ထားခြင်းကြောင့် အတွင်းဖက်ခြံဝင်းသို့

ရှင်းလင်းစွာမြင်နေရ၏ ။


”..ဒါ.. ခင်များတို့နေရမယ့်...အိမ်ပဲ.....”


”...ခန..ခန...တခုလောက်မေးချင်လို့ခင်များတို့

ရွာကဧည့်ဝတ်အတော်ကျေတာပဲနော် ဒါနဲ့ဒီကို

ဧည့်သည်တွေမကြာမကြာလာတတ်ကြလား...”


...ဟင်း...ဟင်း....ဟင်း....ဟင်း.....


...ကျွန်ပ်ပြောတာ ဘာရယ်စရာများပါလို့လဲဗျ....


...ခင်များပြောတာ ရယ်ရလို့ပါ ဒီရွာကဧည့်ဝတ်

အတော်ကျေတာတဲ့လား....ဟင်းဟင်း...


ကျွန်းသားမှာ ဒေါက်တာဖုန်းမြတ်ကျော်ပြောစကား

ကိုသဘောကျဟန်မျက်နှာသေကြီးဖြင့်ရယ်မောနေခြင်းကြောင့်နားမလည်သောကြောင့်ပြန်မေးရာ

တိကျသောစကားအဖြေကိုပြန်မဖြေပေ။


”....ခင်များဘာကိုပြောချင်တာလဲ....”


...ထားပါတော့ ကျုပ်တာဝန်က ခင်များတို့ကို

လိုက်ဖို့ရယ်...နောက်စစ်စရာ...ဟာ...


”…ဘာများ စစ်စရာတွေရှိနေသေးတာလဲ...”


”...ဘာမှမဟုတ်တော့ဘူး ကျုပ်လုပ်စရာရှိသေးတယ်...”


ကျွန်သားမှာဒေါက်တာဖုန်းမြတ်ကျော်နဲ့စကားပြော

ရင်းမှစကားအနည်းငယ်မှားသွားဟန်ကြောင့်

ထိတ်ထိတ်ပြာပြာငြင်းဆန်၍သူကိုင်ထားသေ မီးတုတ်ကို ဒေါက်တာဖုန်းမြတ်ကျော်လက်ကို

ထိုးပေး၍  လာရာလမ်းအတိုင်းမပြန်ပဲ အိမ်ဘေး

အမှောင်ရိပ်သို့တိုးဝင်သွားတော့၏ ။


  ထိုကျွန်းသားပုံမှန်မဟုတ်သောအခြေအနေကြောင့်

ဒေါက်တာဖုန်းမြတ်ကျော်စိတ်ဝင်စားသွားရ၏ ။


    ” ရော့.. သက်ခိုင်မီးတုတ်ယူပြီး အိမ်ထဲမှာ

စောင့်နေ ကျွန်ပ်မကြာခင်ပြန်လာခဲ့မယ်...”


” ..ဟင်..ဆရာကြီး ဘယ်သွားမလို့လဲ....”


” ဘယ်မှ မသွားဘူး မောင်သက်ခိုင် ခနလေးပါ

ကျွန်ပ်မကြာပါဘူး...”


  ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ခိုင်လက်သို

့မီးတုတ်အပ်၍

ကျွန်သားးဝင်သွားရာအိမ်နောက်ဖက်ဘေးအမှောင်

ရိပ်သို့ဝင်သွားရာ သက်ခိုင်တစ်ယောက်ဒေါက်တာ

ဖုန်းမြတ်ကျော်ဘယ်လိုအရေးကြီးကိစ္စမျိုးလုပ်

ဆောင်နေမှန်းတွေးမရနိူင်သောကြောင့်မှာကြား

ချက်အတိုင်းပွင့်နေသောအိမ်တခါးမှတဆင့်အတွင်းသို့ဝင်ကာ မီးတုတ်ကိုအိမ်ထောင့်တနေရာတွင်သေချာစိုက်

ထွန်း၍ ဖျာကြမ်းခင်းထားသောအိပ်ယာပေါ်ထိုင်

၍ ဒေါက်တာဖုန်းမြတ်ကျော်ကိုစောင့်ဆိုင်းနေမိ

တော့၏ ။


   ဒေါက်တာဖုန်းမြတ်ကျော်မှာအိမ်ဘေးဖက်အမှောင်

အတွင်းအသံမထွက်စေရန်သတိထား၍ အမှောင်

အတွင်းစမ်းတဝါးဝါးရှိနေ၏ ။


လက်နှိပ်ဓတ်မီးပါသော်လည်းမီးထွန်းပါကသူ

နောက်ယောင်ခံလိုက်နေသော ကျွန်းသားအစီစဉ်

ကိုသိရမည်မဟုတ်သောကြောင့်မီးမထွန်းပဲ

အမှောင်အတွင်း စမ်းတဝါးဝါးရှိနေချိန်သူ့နားအတွင်းစကားသံများ

ကြားလိုက်ရတော့၏ ။


  ..တစ်...နှစ်..သုံး...လေး...ငါး...ခြောက်..


....ခုနှစ်...ရှစ်...ကိုး..တစ်ဆယ်..ဆယ့်တစ်...


...ဆယ့်နှစ်...့


  အသံကြားရာအနီးသို့တိုးကပ်နားထောင်ကြည့်

မိရာထိုအသံမှာ သူတို့အားလိုက်ပို့သောကျွန်းသား

အသံဖြစ်မှန်းသိလိုက်ရပြီးတဆက်တည်းတစ်ယောက်တည်းတစ်ခုခုကိုရေတွက်နေမှန်းသိလိုက်

ရမိ၏ ။


   ...လူကဆယ့်နှစ်ယောက်..အင်း..အတိအကျ

ပါပဲ ကျွန်းလူကြီးကဘာလို့ပြန်ရေးခိုင်းလဲမသိဘူး...


 ကျွန်းသားမှာအမှောင်အတွင်းမြင်နေရဟန်

တစ်စုံတရာကိုရေတွက်ပြီးအထက်ပါစကားများ

ပြောဆိုလိုက်ပြီးချိန် ဒေါက်တာဖုန်းမြတ်ကျော်

ပုန်းအောင်းနေရာဘေးမှဖြတ်၍အိမ်ရှေ့ဖက်ဆီ

ထွက်ခွာသွားတော့၏ ။


    ကျွန်းသားထွက်သွားပြီးဒေါက်တာဖုန်းမြတ်ကျော်မှာ ပုန်းကွယ်နေရာမှ

ထွက်လိုက်၏ ။


    ထို့နောက်....။


လက်နှိပ်ဓတ်မီးကိုလက်ဝါးဖြင့်ဘေးဖက်သို့အုပ်

ကိုင်၍မီးဖွင့်လိုက်တော့၏ ။


  ...ဟာ...


ဒေါက်တာဖုန်းမြတ်ကျော်စိတ်ထဲတွင်အာမေဋိတ်

အသံကျယ်လောင်စွာထွက်မိ၏ ။

   လက်နှိပ်ဓတ်မီးရောင်အောက်တွင်

ဒေါက်တာဖုန်းမြတ်ကျော်တွေ့ရသည့် ကျွန်းသား

ရေတွက်နေသော အရာမှာ ခေါင်းတလားများ

ဖြစ်နေသောကြောင့်ပင်ဖြစ်၏ ။


လေးတိုင်စင်များပေါ်တွင်တင်ထားသောခေါင်းတလားမှာဆယ့်နှစ်လုံးတိတိဖြစ်ပြီး ဘေးချင်းကပ်

အစီအရီချထား၏ ။


   ဒေါက်တာဖုန်းမြတ်ကျော်မှာခေါင်းတလား

များအနီးတိုးကပ်၍အတွင်းသို့မရဲတရဲချောင်းကြည့်

မိရာခေါင်းတလားများမှာ ဘာမှထည့်မထားသော

အလွတ်များဖြစ်နေကြ၏ ။


ထိုအချိန်မှာဒေါက်တာဖုန်းမြတ်ကျော်ခေါင်းအတွင်း

ကျွန်းသားနောက်ဆုံးရေရွတ်ပြောဆိုသံကိုကြား

ယောင်မိလာ၏ ။


...လူဆယ့်နှစ်ယောက်အစေ့...


..ဟင်. ...မဖြစ်ဘူး...မဖြစ်ဘူး.....


ဒေါက်တာဖုန်းမြတ်ကျော်အလန့်တကြားအမူအယာဖြင့်အိမ်ရှေ့ဖက်သို့ပြေးထွက်လိုက်၏ ။


  သူဦးဆောင်သောအဖွဲ့တွင် သူအပါအဝင်စုစု

ပေါင်းလူဆယ့်နှစ်ယောက်တိတိရှိနေ၏ ။


ထိုခေါင်းလွတ်ဆယ့်နှစ်လုံးမှာ လူဆယ်နှစ်ယောက်

ကိုရည်ညွန်းထားသည်ဆိုလျင် သူတို့အဖွဲ့တွင်

အန္တရယ်ရှိနေပြီဖြစ်သောကြောင့်အလောတကြီး

ဖြစ်နေရခြင်းဖြစ်၏ ။


============×××===========


    ထိုအချိန်....။


မိန်းခလေးများဘေးတဖက်စီခြံရံ၍အတိုင်းအဆမရှိ

သောက်စားပျော်ပါးနေသော သင်္ဘောသားများမှာ

မကြာမှီမူးယစ်လာကြတော့၏ ။


သင်္ဘောသားတစ်ယောက်မှာကျွန်းသူမိန်းကလေး

တစ်ယောက်မှာ အမူးတအားလွန်နေပြီမို့သူဘေး

မှမိန်းကိုသူရင်ခွင်တွင်းဆွဲသွင်းလိုက်ရာမိန်းကလေးမှာပြုံးစစဖြင့်ထိုလူ့ရင်ခွင်သို့ အလိုက်သင့်

ပါလာသည်။


 ငြင်းဆန်ရုန်းဖယ်ခြင်းမရှိသောမိန်းကလေးအခြေ

အနေကြောင့် ထိုသူမှာနောက်တဆင့်တက်၍

ရင်ခွင်ထဲရောက်နေသော မိန်းကလေးပါးကိုနမ်း

ရူတ်လိုက်တော့၏ ။


......ဟင်.......ဝေါ့......


.....ဘာ....ဘာကြီးလဲ........


    နှာခေါင်းကပါးပြင်ထိချိန် မျက်လုံးမှိတ်၍

အားရပါးရနမ်းလိုက်မိသော သင်္ဘောသားမှာ

နှာခေါင်းပေါက်အတွင်းပုတ်အက်အက်ရနံ့ဆိုး

ကြီးနဲ့အတူရွစိစိအရာများနှာခေါင်းပေါက်အတွင်း

တိုးဝင်လာကြသောကြောင့် အမူးပြေချင်သလို

ဖြစ်သွားပြီး အပုတ်ရနံ့ကြောင့်ပျို့တက်လာ၏။


  ရင်ခွင်တွင်းရောက်နေသော မိန်းမပျိုအား

ကြည့်လိုက်မိရာ သူရင်ခွင်ထဲရောက်နေသည်မှာ

လှပပျိုမြစ်သောကျွန်းသူမဟုတ်တော့ပဲ 


    သူနမ်းမိသောပါးပြင်မှာလောက်ကောင်များ

ရွစိတက်သွားလာနေကာသူဖက်ထားသည်မှာ

ပုတ်ပွ၍လောက်ကျနေသောအလောင်းကောင်

ကြီးတစ်ကောင်ဖြစ်မှန်းသိလိုက်ရသောကြောင့်

အလန့်တကြားထိုအလောင်းကြီးကိုလွတ်ချ၍

သူလူများထံကြည့်လိုက်ရာ ပုတ်ပွယိုယွင်းနေသော

အလောင်းကောင်များဝိုင်းရံထားသည်ကို

တွေ့လိုက်ရတော့၏ ။


ထို့အတူ...။


သူတို့အရက်နဲ့မြည်းခဲ့သော ငါး၊ပုဇွန်၊ဂဏန်း

ထည့်ရာပန်းကန်များမှာလောက်ကောင်တဖွားဖွား

ကျနေသော အသားအပုတ်အဆွေးများအဖြစ်

ရှိနေသည်ကို မသတီအော့နှလုံးနာစရာ၊ကြောက်

လန့်စရာအဖြစ်တွေ့လိုက်ရတော့၏ ။


အခြေအနေမှာသုသာန်တစပြင်လူသေကောင်

များကြားရောက်နေသလို့ရုတ်တရက်ပြောင်းလဲ

ကုန်တော့၏ ။


....ဟေ့ကောင်တွေ...အမြန်ပြေးကြ........


...ဟေ...ဘာလို့ပြေးရမှာလဲ ခုမှသောက်လို့

စားလို့ကောင်းတုန်းရှိသေး...


...ဟီ...ဟီ...ဟီ....ဟီ....


....ဟက်... ဟက်....ဟက်....ဟက်....


....ဟာ..အောင်မလေးဗျ......


...သ...သရဲ..သရဲတွေဘယ်ကရောက်လာတာလဲ...


....ဘာ..ဘာတွေဖြစ်ကုန်ပြီလဲ.....


...ဟာ...ငါတို့ဘာတွေဖြစ်နေတာလဲ...


 ပထမဆုံးအခြေအနေကိုသိသောသင်္ဘောသားမှာ

ကြောက်လန့်တကြားတခြားသူများကိုပြေးရန်

ပြောဆိုနေစဉ် အနားတွင်ဝိုင်းထိုင်နေသောသရဲ

မများမှာ မြင်းဟီသံကဲ့သို့စူးရှရှရယ်သံများပြု၍

ရှိနေကြတော့၏ ။


 ထိုအခါမှတခြားသင်္ဘောသားများမှာ လှည့်စား

ထားသောအခြေအနေသရုပ်မှန်ကိုခုမှသိ၍

ကြောက်လန့်စိတ်ဖြင့် သောက်ထားသောအရက်

များဘယ်ဆီရောက်ကုန်ပြီမသိအောင်အမူးပြေ

ကြောက်ဒူးတုန်၍ကယောင်ကတမ်းပြောဆို

လျက်ရှိနေကြတော့သည်။


============××××==========


 ဆက်ရန်


မြူခိုးအလင်္ကာ


rate now: