အဏ္ဏဝါအတွင်းမှအကျဉ်းစံများ
==================
၅။ မျော်လင့်မထားထားသောစောင့်ကြိုနေသူများ။
-----------------------------------------------------
ပင်လယ်အတွင်းမှညမှာလိူင်းပုတ်သံများ
များက ဂီတစည်းချက်အလား ငြိမ့်ငြောင်းစွာဖြင့်
ရှိနေ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာ ပင်လယ်ကျား
မင်းခေါင်စာအုပ်ကိုဖတ်ရူ၍ စာအုပ်ကိုသံသေတ္တာ
အတွင်းသို့ပြန်လည်သိမ်းဆည်းထားလိုက်သည်။
အိတ်ဆောင်နာရီလေးအားထုတ်ကြည့်မိရာအချိန်
နာရီလက်တံများကသုံးနာရီကိုညွန်ပြနေကြ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာအိပ်ချင်စိတ်မရှိ၊
မျက်လုံးကြောင်နေခြင်းအတွက် အခန်းမှထွက်
၍သင်္ဘောကုန်းပတ်ပေါ်သို့ထွက်လာခဲ့တော့၏။
သင်္ဘောသားများမှာတနေကုန်ပင်ပန်းနေကြ၍
ကုန်းပတ်ပေါ်တွင်တခေါခေါတခူးခူးဟောက်ကာ
အိပ်ပျော်နေကြခြင်းကြောင့်နိူးသွားမည်စိုး၍
လူပ်ရှားသံမထွက်စေရန်ဂရုစိုက်၍ သင်္ဘောကုန်း
ဦးပိုင်းပေါ်သို့လျောက်လာခဲ့၏ ။
စီးကရက်တလိပ်ကိုဘူးမှထုတ်ယူကာမီးညှိဖွာရိူက်
ရင်းမှောင်မဲနေသောမြစ်ပြင်ဆီငေးမောရင်း ဒေါက်တာဖုန်းမြတ်ကျော်တယောက်အတွေးနယ်
ချဲ့နေမိတော့၏ ။
” ...ဆရာကြီး.....”
”.....အော်....မောင်သက်ခိုင်....”
နောက်ဖက်ဆီမှလူပ်ရှားသံကြားလိုက်ရခြင်း
ကြောင့်ဆတ်ခနဲလှည့်ကြည့်မိရာခေါ်သံနဲ့အတူ
လူတစ်ယောက်သူ့အနားရောက်လာချိန်ကျမှ
သက်ခိုင်ဖြစ်နေမှန်းသိလိုက်ရတော့၏ ။
”…အနှောင့်အယှက်ဖြစ်သွားလား မသိဘူးဆရာကြီး....”
”...မဖြစ်ပါဘူး မောင်သက်ခိုင်ရယ် တနေကုန်
ပင်ပန်းထားတာ မအိပ်ဘူးလား...”
”...အိပ်ရေးဝနေပါပြီဆရာကြီး ခုတရေးနိူးတော့
ဆရာကြီးကိုတွေ့ရတာနဲ့ စကားပြောစရာရှိလို့ပါ.. ”
”...ဆေးလိပ်သောက်တတ်လား မောင်သက်ခိုင်
ရော့သောက်တတ်ရင်သောက် အားနာစရာမလိုပါဘူး...ဒါနဲ့ပြောစရာအထွေအထူးရှိလို့လား....”
”...မသောက်တတ်ပါဘူး ဆရာကြီး....
ပြောစရာကိစ္စမပြောခင် ပထမဆုံးအနေနဲ့ ဆရာကြီးကိုကျေးဇူးတင်ကြောင်းအရင်ပြော
ချင်ပါတယ် ဆရာကြီးနဲ့သာမတွေ့ရင် ကျွန်တော့်အမေအခြေအနေက မတွေးဝံ့စရာပါ၊
ပြောစရာ ကိစ္စကတော့ ဆရာကြီးသင်္ဘောပျက်
ရှာနေတဲ့ ကိစ္စနဲ့ ဆက်စပ်နေမလားလို့ ကျွန်တော်
တွေ့ခဲ့ရတာလေး ပြောပြချင်လို့ပါ....”
”....သ..သင်္ဘောပျက်...ဟုတ်လား မောင်သက်ခိုင် ပြောစမ်းပါအုံး ဘယ်မှာတွေ့ခဲ့တာလဲ...”
သက်ခိုင်စကားကြားရချိန်ဒေါက်တာဖုန်းမြတ်ကျော်
တစ်ယောက်လက်ထဲမှစီးကရက်တိုကိုယောင်ယမ်း
လွတ်ချမိပြီးအယောင်ယောင်အမှားမှားဖြင့်သက်ခိုင်ကိုအလောတကြီးမေးမြန်းနေတော့၏ ။
”...ကျွန်တော်ကြုံခဲ့ရတဲ့အဖြစ်အပျက်က
သိပ်မကြားသေးခင်ကဖြစ်ခဲ့တာပါ..ကျွန်တော်
ကြုံရသမျအကြောင်းရွာထဲမှာ ဘယ်သူ့ကိုမှမပြော
ပြဖြစ်ပါဘူး ..မပြောပြတာကလည်း ကျွန်တော်ကြုံ
ခဲ့ရတာတွေက လူတွေယုံလောက်တဲ့အကြောင်း
အရာမျိုးမဟုတ်လို့ပါ ဆရာကြီးလည်းကျွန်တော်
ပြောပြတာကို ယုံချင်မှယုံပါလို့ ကြိုပြောပါရစေ...”
” ပြောပါမောင်သက်ခိုင်... ကျွန်ပ်မောင်သက်ခိုင်
ဇတ်လမ်းကြားပြီးမှ ယုံကြည်သင့်မယုံကြည့်သင့်
စဉ်းစားကြည့်လို့ရမှာပေါ့....”
သက်ခိုင်တစ်ယောက် အသူရကယ်ကျွန်းတွင်သူ
ကြုံတွေ့ခဲ့ရသောအကြောင်းများကိုမည်သူ့ကိုမှ
ပြန်မပြောရန်ဆုံးဖြတ်ထားသော်လည်းဒေါက်တာ
ဖုန်းမြတ်ကျော်မှာမိခင်အသက်ကို ကယ်ထားသူ
ဖြစ်၍သူကြုံရသမျပြောပြရန်ဆုံးဖြတ်ချက်ချလိုက်၏။
သို့ရာတွင် ။
သူလုပ်ကြံဖန်တီး၍ပြောဆိုခြင်းဟုထင်မည်စိုးခြင်း
ကြောင့် စကားပလ္လင်ကြိုခံထားခြင်းဖြစ်သည်။
သက်ခိုင်တစ်ယောက်အသူရကယ်ကျွန်းသို့ငါးဖမ်း
ထွက်ရာမှနာနာဘာဝများနဲ့ကြုံရပုံ၊ ပြေးလွားရင်းမှ
မီးပြတိုက်သို့ရောက်ရှိပြီး တစ္ဆေသင်္ဘောကြီးများ
မြင်တွေ့ရပုံ ထူးဆန်းသောလှေငယ်နဲ့ကယ်တင်ရှင်
မိန်းမချောကြောင့်ရွာပြန်ရောက်ရခြင်းအကြောင်း
များကိုမချွင်းမချန်ပြောပြလိုက်၏ ။
” ကျွန်တော်ခုပြောပြတာတွေက အမှန်တွေပါ
ဆရာကြီးလုပ်ငန်းမှာ အထောက်အကူရလိုရငြား
ပြောပြပေးတာပါ ဆရာကြီးလိုလူကိုနောက်ပြောင်
မပြောရဲပါဘူး..... ”
”...ဟူး....ကျေးဇူးပါ မောင်သက်ခိုင်...
ကျွန်ပ်မောင်သက်ခိုင်ပြောပြတာကို စဉ်းစားပါ့မယ်
ဒါပေမယ့် တခြားနေရာတွေကို အရင်ရှာဖွေကြည့်
လိုက်ပါဦးမယ် ပြီးမှ..မောင်သက်ခိုင်ပြောတဲ့
နေရာရှာကြတာပေါ့.....”
သက်ခိုင်ဇတ်လမ်းအဆုံးတွင် ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ပြင်းချလိုက်မိ၏။
သူမျော်လင့်ထားမိသောအခြေအနေနဲ့သက်ခိုင်
ပြောသောဇတ်လမ်းထပ်တူမကျသောကြောင့်ဖြစ်
၏ ။
သက်ခိုင်ပြောစကားများက ခေတ်ပညာတတ်ဆရာဝန်သူ့အတွက်ငယ်စဉ်က
အိပ်ယာဝင်ပုံပြင်တွင်ကြားဖူးသောဇတ်လမ်းတပုဒ်
အနေဖြင့်သာ စိတ်ကသတ်မှတ်နေမိ၏ ။
သူကြားရန်မျော်လင့်မိသည်ကရေအောက်မှ
သင်္ဘောပျက်ကို ငါးရှာ ပုလဲငုတ်ဖြင့် မတော်တဆ
တွေ့မိသည်ဆိုပါက ယုတ္တိကျကျအခြေအနေမို့
ယုံကြည်၏ ။
သက်ခိုင်မှာလည်းလိမ်လည်ပြောသည့်ဟန်မရှိ
စိတ်အားထက်သန်စွာဖြင့်ပြောပြနေခြင်းကြောင့်
သက်ခိုင်စကားကို လေးစားမူ ပြသသောစကား
မယုတ်မလွန်ပြန်ဖြေရခြင်းဖြစ်၏ ။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်စကားပြောဆို
နေစဉ်မှာပင် အချိန်တရွေ့ရွေ့ကုန်၍ မနက်အာရုံဦး
ရှေ့ပြေးအလင်းလေးများစမြင်နေရပြီး သင်္ဘောသားများနိူးလာသောကြောင့် စကားမဆက်
ဖြစ်ကြတော့ပဲ လူခွဲလိုက်ကြတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာလည်း တရေးတမော
အိပ်စက်ရန်သူ့အခန်းအတွင်းပြန်ဝင်သွားသလို၊
သက်ခိုင်မှာလည်းသင်္ဘောသားများနဲ့ရောနှော၍
လိုအပ်သည်များဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရင်း
ရှိနေသည်။
မနက်ဆယ်နာရီခန့်တွင်ထမင်းစားသောက်ကြပြီး
သင်္ဘောပျက်ရှာဖွေခြင်းလုပ်ငန်းကိုစတင်လိုပ်ကိုင်
ကြပြန်၏။
ဒေါက်တာဖုန်းမြတ်ကျော်မှာမြေပုံနဲ့ကျွန်းတိုက်ဆိုင်
စစ်ဆေး၍ သင်္ဘောရှိရာနေရာဟုမှန်းဆထားသော
နေရာများသို့ သင်္ဘောကိုခုတ်မောင်းစေ၍ ရှာဖွေ
စေ၏ ။
သို့ရာတွင်...။
ရေငုတ်ရှာဖွေသူများမှာ သင်္ဘောပျက်အရိပ်အယောင်တစွန်းတစကိုမျရှာ
မတွေ့ရပေ။
သင်္ဘောပျက်ရှိနိူင်မည်ထင်သောရေပြင်များသို့
လှည့်ပတ်ရှာဖွေနေစဉ် မမျော်လင့်သော အခက်အခဲတစ်ခုကြုံတွေ့ရတော့၏ ။
နေ့လည်ပိုင်းအချိန်ရာသီဥတုမှာလိူင်းလေများအထူးငြိမ်သက်နေပြီး အနောက်တောင်ထောင့်ကောင်းကင်ယံတွင်
အနီရောင်များယှက်သန်းနေခြင်းနဲ့အတူ။
လေပြေလေညှင်းများတသုန်သုန်အဆက်မပြတ်
တိုက်ခတ်လာ၏ ။
ကောင်းကင်ယံတွင်ပျံဝဲနေတတ်သောဇင်ယော်
ငှက်များကိုတကောင်မမြီးမျ မတွေ့ရပဲရှိနေသည်။
ရာသီဥတုမှာအထူးသာယာနေသယောင်ရှိသော်
လည်းနောက်ဆက်တွဲအနေဖြင့်မကြာမှီမုန်တိုင်း
များတိုက်ခတ်လာတော့မည်ဖြစ်ကြောင့် သက်ခိုင်
သိသလို တခြားသော သင်္ဘောသားများလည်း
အခြေအနေကိုရိပ်စားမိကြ၏ ။
”… ဆရာကြီး...ဆရာကြီး......”
”…ဟေ...မောင်သက်ခိုင်..အလောတကြီး
ဘာများဖြစ်လို့လဲ... ”
” ..မကြာခင်မုန်တိုင်းကျတော့မယ် ဆရာကြီး
ကျွန်တော်တို့လေကွယ်ရာနေရာမှာ သင်္ဘော
ကိုထားရလိမ့်မယ်...”
” ..ဟင်...ရာသီဥတုကနွေခေါင်ခေါင်ကြီးဘယ်
လိုဖြစ်တာလဲ...”
”..ဟိုးအနောက်တောင်ထောင့်ကောင်းကင်မှာ
အနီရောင်အရိပ်တွေသန်းနေပြီ..အဲတာမုန်တိုင်း
အစလက္ခဏာပြတာပဲ သင်္ဘောသားတွေလည်း
အကုန်သိနေပြီ ဆရာကြီးသိအောင်ပြောပြတာပါ..”
”…အေး..အေး..မောင်သက်ခိုင် တစ်ခြားလူ
တွေကိုပြောလိုက်ပါ အဆင်ပြေရာနေရာမှာ
သင်္ဘောကို ကပ်နားလိုက်ပါလို့.....”
ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ခိုင်ပြောသော
မုန်တိုင်းလက္ခဏာအခြေအနေကိုနားမလည်သော်
လည်းပင်လယ်တွင်ကျင်လည်ကျက်စားသူများမှာ
ပင်လယ်သဘာဝရာသီဥတုအခြေအနေကိုနားလည်သူများစကားကိုလက်ခံလိုက်၏ ။
သက်ခိုင်မှာအဏ္ဏဝါကျွန်းအကြောင်းနားလည်သူ
မို့သူငါးဖမ်းခဲ့ရာ ကျွန်းအတွင်းပိုင်းသို့ရေဝင်၍
ချောင်းလက်တက်တစ်ခုလိုဖြစ်ပေါ်နေသော
နေရာသို့ သင်္ဘောကိုမောင်းဝင်ခိုင်းလိုက်၏ ။
ချောင်းလက်တက်မှာရေနက်သည့်
အပြင်သင်္ဘောတစ်စီးဆန့်သောကြောင့် ဖြည်းဖြည်းချင်းအရှိန်လျော့မောင်း၍ဝင်ရောက်ခဲ့
ကြတော့၏ ။
ရေထဲသို့တိုးထွက်နေသော၊အကိုင်းအခက်များ
အပေါ်မှနိမ့်ကျနေသောအကိုင်းအခက်များကို
အကိုင်းသေးလျင်အရှိန်ဖြင့်တိုးဝင်၍၊အကိုင်းကြီး
လျင်ဓားဖြင့်ခုတ်ဖြတ်သင့်သည်ကိုခုတ်ဖြတ်ပေး
ရ၏ ။
ထိုသို့ဖြင့်သင်္ဘောကြီးမှာချောင်းလတက်အတွင်း
ရှေ့ဆက်သွား၍မရသောရေအနက်တိမ်ရောက်ချိန်တွင်ကျောက်ချရပ်နားလိုက်တော့၏ ။
သက်ခိုင်တစ်ယောက်ချောင်းလတက်လေးဝင်လာ
ချိန်တွင်သူကြုံတွေ့ခဲ့ရသော ကြောက်လန့်စရာများ
ကိုပြန်ပြောင်းတွေးရင်းကျော့ထဲစိမ့်တက်လာနေမိ
၏ ။
သက်ခိုင်မှာသူ့လှေငယ်ကိုသတိရ၍သူရပ်နားခဲ့သောနေရာသို့လှမ်းကြည့်မိရာ ယခုထိပုံစံမပျက်ရှိ
နေသေးသည်ကိုတွေ့ရ၏ ။
သင်္ဘောထမင်းချက်မှာ ညစာကိုအစောတလျင်
ချက်ပြုတ်၍ အားလုံးမှာညစာကိုတက်သုတ်ရိုက်
စားသောက်နေချိန် လေမှာတစတစပြင်းထန်လာ
နေသလို သစ်ပင်ကြီးများမှာလေတိုး၍ကိုင်းညွတ်
နေကြကာ သစ်ကိုင်းငယ်များပြတ်ထွက်ကုန်၍
လေနဲ့အတူလွင့်ပါကုန်ကြတော့၏ ။
လေတိုးသံတဝှီးဝှီးနဲ့အတူ ပင်လယ်ပြင်တွင်လိူင်းသံတဝေါဝေါတဝုန်းဝုန်း
အသံကြီးများကိုကြားနေကြရတော့၏ ။
သင်္ဘောမှာလေကွယ်ရာအရပ်ရောက်နေခြင်းကြောင့်မုန်တိုင်းဒဏ်ကိုအနည်းအပါးမျသာခံကြ
ရ၏ ။
အကယ်၍ ယခုအချိန်ပင်လယ်ပြင်အတွင်းသင်္ဘော
ရှိနေပါကမတွေးရဲစရာပင် လိူင်းဒဏ်၊လေဒဏ်
ကြောင့်သင်္ဘောမှာတစ်စစီကွဲထွက်သွားနိူင်၏။
ယခုလိုလေကွယ်ရာအရပ်ရောက်နေ၍သာတော်
သေးသည်ဟုဆိုရမည်ဖြစ်သည်။
ဒေါက်တာဖုန်းမြတ်ကျော်မှာ လက်ဆွဲမီးအိမ်ငယ်တစ်လုံးထွန်း၍ မြေပုံစာရွက်ကို
အလွတ်ရနေပြီဖြစ်သော်လည်းအဖန်ဖန်အထပ်ကြည့်ရူရင်းဖြင့်သူ့အခန်းအတွင်း ရှိနေ၏ ။
သက်ခိုင်နဲ့တခြားသော သင်္ဘောသားများမှာ
လေနဲ့အတူပါလာသော မိုးရေများကြောင့် အိပ်စက်
ရန်အဆင်မပြေပဲ မိုးလွတ်ရာတွင်ဝင်ခို၍
ရောက်ရာပေါက်ရာပြောဆိုရင်းရှိနေကြ၏ ။
တဖြည်းဖြည်းဖြည်းဖြင့်အချိန်မှာလည်းတဖြည်းဖြည်းဖြင့်ညဦးပိုင်းသို့ရောက်မှန်းမသိရောက်လာ
သလိုတိုက်ခတ်နေသောလေမှာလည်းလျော့ပါး
လာ၏ ။
ပတ်ဝန်းကျင်တွင်ယခုထိအရှိန်မသေသေးသော
လိူင်းပူတ်သံမှတပါး၊တခြားအသံများမကြားရပဲရှိ
နေပါသည်။
ထိုအချိန်မှာပင် လူအများအပြားစကားပြောဆိုသံ
နဲ့အတူ၊ သစ်တောများအတွင်းမှဆီမီးရောင်များ
သင်္ဘောရှိရာဦးတည်လာနေသည်ကိုတွေ့လိုက်
ရတော့၏ ။
သက်ခိုင်သင်္ဘောသားများမှာထိုင်ရာမှထ၍မီးရောင်
လာရာသင်္ဘောဘေးကမ်းစပ်သို့တအံ့တအြဖြင့်
ကြည့်နေမိကြစဉ် ဒေါက်တာဖုန်းမြတ်ကျော်မှာ
လည်းအခန်းအတွင်းမှထွက်လာ၍ မီးရောင်လာရာ
ကမ်းစပ်သို့ငေးကြည့်လျက်ရှိနေ၏ ။
မီးရောင်မှာတဖြည်းဖြည်းနီးကပ်လာခြင်းနဲ့အတူ၊
သင်္ဘောရှိနေရာဘေးတဖက်ကမ်းစပ်တွင်ယောက်
ကျားမိန်းမအရွယ်စုံမှာမီးတုတ်ကိုယ်စီကိုင်၍သင်္ဘောကိုငေးမောကြည့်ရူလျက်ဖြင့်ရှိနေကြတော့၏။
ထိုအထဲမှဦးခေါင်းတွင်ခေါင်းပေါင်းတခုကိုရှေ့သို့
ခပ်ငိုက်ငိုက်ပေါင်းထားသောလူကြီးတစ်ယောက်
မှလူအုပ်ကြားမှရှေ့သို့တိုးထွက်လာရင်း....
”...ဗျို့...သင်္ဘောပေါ်ကမိတ်ဆွေတို့..
ကျုပ်က ဒီကျွန်းရွာရဲ့ ရွာလူကြီးပါ.. ..”
ထိုအချိန်မှာပင်...။
ဒေါက်တာဖုန်းမြတ်ကျော်မှာ အံ့အြစွာရှိနေသော
သက်ခိုင်တို့လူစုရှေ့သို့လျောက်သွား၍ ကမ်းစပ်
ဖက်မျက်နှာမူလိုက်ပြီးရွာလူကြီးဆိုသူအားစကား
လှမ်းပြောလိုက်၏ ။
” ကျွန်ပ်..ဒီသင်္ဘောက ခေါင်းဆောင်ပါ
ဘာကိစ္စများရှိလို့ပါလဲ ကျွန်ပ်နဲ့ပြောဆိုနိူင်ပါတယ်....”
”....နေရာကျတာပေါ့ကွယ် ဒီလိုပါ အစောနက
မုန်တိုင်းတိုက်သွားတယ်မဟုတ်လား...
အဲလိုဖြစ်ပြီးချိန်တိုင်းရေကြောသင့်ပြီး သင်္ဘောပျက်
တွေမသေပဲရှင်ကျန်သူတွေမကြာခနရောက်
လာတတ်ကြပါတယ်...
ကျုပ်တို့က ခုလိုမုန်တိုင်း
တိုက်ပြီးစအချိန်တွေမှာ ကမ်းခြေတလျောက်ပတ်
ပြီးသင်္ဘောတွေ အကူအညီလိုနေသူတွေကို
ကူညီဖို့လိုက်ရှာတတ်ကြပါတယ်
ခုလည်း
သင်္ဘောတွေ့တော့ ကျုပ်တို့ဘာကူညီရမလဲ
လာမေးတာပါ....”
”. မိုးလည်းဆက်ရွာအုံးမယ်ထင်တယ်
ရွာကိုလိုက်ခဲ့ကြပါ ရွာကိုလိုက်ပြီးတစ်ညတည်း
ပြီးမနက်ကျမှ ပြန်ကြပေါ့...”
”...ဟုတ်ပါတယ်ရှင် ဒီက အစ်ကိုတွေကျွန်မတို့
ရွာမှာတစ်ညတည်းခိုဖို့ဖိတ်ခေါ်ပါရစေ...”
”…ကျွန်မတို့ဆီဧည့်သည်အရောက်အပေါက်
နည်းလို့ ဧည့်သည်မျော်နေတာပါ ဧည့်ဝတ်ကျေ
စေရပါမယ်...”
”… သင်္ဘောပေါ်မိုးရွာနေတော့ ဒုက္ခများတာပေါ့
တစ်ညတလေ နွေးနွေးထွေးထွေးလေးအိပ်ဖို့
ဖိတ်ခေါ်ပါတယ် အစ်ကိုတို့ရေ....”
ရွာလူကြီးစကားနဲ့အတူကျေးရွာသားများကအသီး
သီးဖိတ်ခေါ်ခြင်းနဲ့အတူ။
ကျွန်းသူလှပျိုဖြူလေးများရှေ့ထွက်လာကြ၏ ။
အသားညိုညို ၊ တင်းတင်းရင်းရင်းကိုယ်ခန္ဓာအချိုး
အဆက်ဖြင့်သဘာဝဆန်သောအလှအပများဖြင့်
မီးရောင်အောက်တွင်ဟန်မူပိုပိုရပ်၍ အသံချိုချို
လေးများဖြင့် ဖိတ်ခေါ်ကြချိန် သင်္ဘောသားများမှာ
လူပ်လူပ်ရွရွဖြစ်ကုန်ကြ၏ ။
သက်ခိုင်မှလွဲ၍ဒေါက်တာ ဖုန်းမြတ်ကျော်ခေါ်လာ
သောသင်္ဘောသားများမှာ ပင်လယ်ပြင်တွင်အနေ
များသူများဖြစ်ကြ၍ ဆန့်ကျင်ဖက်မသဘာဝနဲ့ကင်း
ဝေးနေကြသူများမို့ မ ဆိုလျင်သင်္ဘောပင်ကို ထမီ
ပတ်ထားလျင်ပင်ပြစ်မှားချင်နေကြသူများဖြစ်၏ ။
ယခုလိုချောချောလှလှလေးများဆိုပါကသူတို့စိတ်
များဆောက်တည်ရာမရဖြစ်ကုန်ကြတော့၏ ။
”...ဆရာကြီးသင်္ဘောပေါ်မှာ မိုးရေတွေနဲ့ ကျွန်တော်တို့မှအိပ်လို့အဆင်မပြေနိူင်ဘူး...”
”...ဟုတ်တယ်..ဆရာကြီးအလုပ်ကလုပ်ရ
အုံးမှာ မတော်ဖျားနာနေမှဖြင့် ပိုဆိုးကုန်မယ်...”
” ဟုတ်တယ် ဆရာကြီး တစ်ညလောက်သွား
တည်းကြရအောင် တကူးတကလာခေါ်တာ
အားနာစရာဖြစ်ကုန်ပြီ...”
”… နောက်ပြီး..ဆရာကြီးသင်္ဘောပျက်ရှာဖို့ကိစ္စ
သူတို့ကနယ်ခံဆိုတော့ အကူအညီရလောက်
တယ်နော် ခင်မင်ထားလို့အကျိုးမယုတ်နိူင်ပါဘူး..”
သင်္ဘောသားများမှာတစ်ယောက်တစ်ပေါက်ဖြင့်
ဒေါက်တာဖုန်းမြတ်ကျော်အားရွာတွင်တည်းခိုရေး
ဖိအားပေးနေကြစဉ် တစ်ချိန်လုံးငြိမ်သက်နေသော
သက်ခိုင်တစ်ယောက် ကြောက်ရွံထိတ်
လန့်နေဟန်အမူအယာဖြင့်ဒေါက်တာဖုန်းမြတ်ကျော်အနီးသို့တိုးကပ်၍ နားနားကပ်၍လေသံတိုးတိုး
ဖြင့်......
”…ဆရာကြီး...အသူရကယ်ကျွန်းမှာ ရွာရှိတယ်လို့တခါမှ မကြားဖူးဘူး ဒီလိုဖြစ်နေတာ
ကျွန်တော်နားမလည်...”
” ..ဟင်..ရွာမရှိဘူး..ဟုတ်လား...”
”…ရူး..တိုးတိုး..ဆရာကြီး ကျွန်တော်တသက်
တခါမှရွာရှိတယ် မကြားဖူးပါဘူး... ”
”...ကဲ...ဘယ်လိုလဲ.. ကျုပ်တို့က ဒုက္ခရောက်နေ
ကြမှာစိုးလို့စေတနာနဲ့လာခေါ်တာနော်
မလိုက်ချင်ရင်လည်းနေခဲ့ကြတော့ ကျုပ်တို့ပြန်
တော့မယ်....”
သက်ခိုင်နဲ့ဒေါက်တာဖုန်းမြတ်ကျော်နှစ်ကိုယ်ကြား
စကားတီးတိုးပြောဆိုနေချိန် ကမ်းပေါ်ရပ်စောင့်
နေသောလူအုပ်ထဲမှရွာလူကြီးမှာ စိတ်မရှည်ဟန်
ဖြင့်ပြန်ရန်ပြောလာရာ သင်္ဘောသားများလူပ်လူပ်
ရွရွဖြစ်ကုန်တော့၏ ။
”…ဆရာကြီးမလိုက်ချင် ချန်နေရစ်ခဲ့ပါ
ကျွန်တော်တို့ မိုးလင်းရင်သင်္ဘောပေါ် ပြန်
လာခဲ့ပါ့မယ်...”
”…ဗျို့ ရွာလူကြီး...ခနလေး...ကျုပ်တို့လိုက်မယ်
ခနလေးစောင့်ပါ...”
”… ဟေ့ကောင်တွေ နေကြအုံး မင်းတို့သွားရင်
ငါလည်းလိုက်ရမှာပေါ့ မင်းတို့ကိုခေါ်လာတာ
ဘာတွေဖြစ်လာလာ ငါရှေ့ကရင်ဆိုင်ရမှာ ငါတာဝန်... ”
သင်္ဘောသားများမှာ ဒေါက်တာဖုန်းမြတ်ကျော်မလိုက်ပါကသူတို့ဘာသာ
သူတို့သွားမည့်ဟန်စိတ်အားတက်ကြွနေကြပြီမို့
ဒေါက်တာဖုန်းမြတ်ကျော်မှာလည်းမနေသာတော့ပေ။
တစ်စုံတခုသောအကြောင်းအရာ အရေးကိစ္စများ
ကြုံလာပါက သူလူများအခက်အခဲကြုံနေကြမည်ကိုစိုးရိမ်စိတ်
ဖြင့်သူပါလိုက်ရန်ဆုံးဖြတ်လိုက်ရတော့၏ ။
သင်္ဘောသားများမှာ ဝမ်းသားအားရဟန်ဖြင့်
ကမ်းစပ်နဲ့ သင်္ဘောကြားသွားလာရန် ပျဉ်ပြားရှည်
ကြီးကို ကမ်းစပ်ဆီသို့သင်္ဘောဘောင်ပေါ်တင်၍ချ
နေကြတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာသူ့အခန်းတွင်းလျင်မြန်
စွာဝင်၍ လိုအပ်သည့်အရေးကြီးပစ္စည်းအချို့ကို
လွယ်အိတ်ငယ်တွင်းစုထည့်၍ လိုင်စင်ဖြင့်ကိုင်သောသူ့ခြောက်လုံးပြူးသေနတ်ငယ်ကိုပခုံးစလွယ်သိုင်းကြိုးဖြင့်လွယ်ကာ အပေါ်
မှကုတ်အရှည်ကိုထပ်ဝတ်၍ သက္ကလပ်ဦးထုတ်
ကိုဆောင်း၍ပြန်ထွက်လာချိန်။
သင်္ဘောသားများမှာ ကမ်းစပ်ဆီသို့ကူးသွားကြပြီဖြစ်ကာ ရွာသူပျိုဖြူ
လေးများကိုရေပက်မဝင်ပြောဆိုနေကြတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာ သင်္ဘောပေါ်တွင်တစ်
ယောက်တည်းငိုင်ကျန်နေရစ်သော သက်ခိုင်ပခုံးကို လက်တင်၍ဖျစ်ညှစ်ကာအားပေး
လိုက်ပြီး..။
”… ဘာမှစိတ်ပူမနေနဲ့မောင်သက်ခိုင်
တကယ်လို့ တစ်စုံတရာအရေးအကြောင်းတွေ့လာ
ရင်မောင်ရင်ရှေ့က ကျွန်ပ်ရှိပေးမယ်...
ကျွန်ပ်သက်ရှိထင်ရှားရှိနေသမျ မောင်ရင်ကို
ဘေးမဖြစ်စေရဘူး စိတ်ချ လာ..သွားကြစို့...”
သက်ခိုင်မှာ ရွေးချယ်စရာအခြေအနေမရှိပေ။
အသူရကယ်ကျွန်းတွင်ရွာရှိမနေမှန်းနယ်ခံသား
သက်ခိုင်အသိဆုံးဖြစ်၏ ။
ထိုသူများနဲ့ သက်ခိုင်လိုက်ပါမသွားလိုပေ။
သို့ရာတွင်
သင်္ဘောပေါ်တွင်သူတစ်ယောက်တည်းချန်နေ၍
လည်းမဖြစ်နိူင်။
ပထမတစ်ခေါက်ကြုံရသောအဖြစ်အပျက်ကယခု
အထိသွေးလန့်တုန်းပင်ရှိနေ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်၏ခေါင်းဆောင်ပီသသော
ကတိစကားကြောင့် သက်ခိုင်မှာအနည်းငယ်စိတ်သက်သာရသွားမိပြီး
ဒေါက်တာဖုန်းမြတ်ကျော်အနောက်မှကမ်းစပ်သို့
လိုက်ကူးခဲ့တော့၏ ။
သူတို့နှစ်ယောက်ကမ်းစပ်ရောက်ချိန်တွင်..၊
ရွာသားများနဲ့သင်္ဘောသားများမှာတောတွင်းစဝင်သွားကြပြီဖြစ်သောကြောင့် မီးတုတ်ရောင်များနောက်သို့မှန်းဆ၍ နှစ်ယောက်သားလိုက်လာခဲ့ကြတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာလက်နှိပ်ဓတ်မီးငယ်
ကိုထုတ်၍သက်ခိုင်ရှေ့မှဦးဆောင်သွားနေ၏။
သင်္ဘောသားများမှာကျွန်းသူမိန်းမပျိုလေးများကို
ကျီစယ်နေကြဟန်တချက်တချက် တဝါးဝါးတဟား
ဟားရယ်မောနေသော သင်္ဘောသားများအသံနဲ့
ကျွန်းသူမိန်းခလေးများ ခိုးခိုးခစ်ခစ်ညုတုတုရီသံ
များကြားနေကြရ၏ ။
လမ်းဟူ၍မယ်မယ်ရရမရှိသော သစ်တောကြီးတွင်
ဟိုကွေ့သည်ရှောင်၍နောက်မှလျောက်နေသော
သက်ခိုင်နဲ့ဒေါက်တာဖုန်းမြတ်ကျော်မှာနာရီဝက်ခန့်
ကြာမြင့်ချိန်တွင် သစ်တောအုပ်အတွင်းထွက်လာကြချိန်။
ကွင်းပြင်တစ်ခုတွင်ဆီမီးရောင်ထိန်ထိန်ဖြင့်ရွာငယ်
လေးတစ်ရွာကိုတွေ့လိုက်ကြပါတော့၏ ။
ထိုနေရာတွင် ဒေါက်တာဖုန်းမြတ်ကျော်အပါအဝင်
မည်သူမှသတိမထားမိသော ရွားသားများနဲ့ပတ်သက်၍ထူးခြားချက်များရှိနေပါ၏။
ထိုထူးခြားချက်မှာ ။
ဆီမီးတုတ်ကိုင်ထားသောရွာသားများမှာဆီမီးတုတ်
ရောင်အောက် အရိပ်မထွက်ခြင်း။
အားလုံးသောယောက်ကျားမိန်းမ မျက်လုံးသေကြီး
များဖြင့်ရှိနေကြခြင်းတို့ဖြစ်၏ ။
ရယ်မောနေချိန်မျိုးမှာပင်မျက်နှာသေကြီးဖြင့်ရှိနေ
သည်ကိုအနီးကပ်ကျွန်းသူလေးများဖြင့်ရှိနေသော
သင်္ဘောသားများမရိပ်မိကြပေ။
ယခုရွာသို့ရောက်လာကြသောဒေါက်တာဖုန်းမြတ်ကျော်နဲ့သင်္ဘောသားတသိုက်မည်သို့အကြောင်းအရာ၊ အဖြစ်အဖြစ်အပျက်များကစောင့်ကြိုနေမည်
ဆိုသည်ကို မကြာခင်သိရှိရပေတော့မည်။
==========================
၆-ဆက်ရန်
မြူခိုးအလင်္ကာ