book

Index 11

အပိုင်း(၁၁)

အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ

====================


၁၁..။ ပြောင်းလဲခြင်းအစပထမ


စော်ဘွားကြီးစိုင်းနွံဖမှာ ထူးဆန်းသော

စကားများကြားရခြင်းအတွက် အ့ံသြစိတ်ဖြစ်မိရ၏။


”…နင်ဟာနင်ဘယ်သူဖြစ်ဖြစ် ငါ့ရွာသားကိုမနှောင့်

ယှက်ဖို့ငါတောင်းဆိုတယ်.. ၊ အေး..နင်တို့နေရာ

ကိုနောက်နောင်ခြေမချမိစေဖို့ ငါ့လူတွေကိုငါမှာ

ထားပေးပါ့မယ်....”


”…မလိုချင်ဘူး ဒီနေရာကနင်တို့မဖယ်ပေးရင်

နင်တို့ဘေးတွေ့စေရမယ် အရှေ့ဖက်တောအုပ်ကို

ခြေချလာသူဘယ်သူမဆိုသေရမယ်.. ငါပြောချင်

တာဒါပဲ.....”


”..ဘယ်လို...အရှေ့ဖက်တောအုပ်.ဟုတ်လား..”


စော်ဘွားကြီးမှာအရှေ့ဖက်တောအုပ်ဟူသော

စကားကြောင့်နားလည်ရခက်စွာနောက်ထပ်မေးခွန်းများမေးမြန်းရန်ကြံရွယ်နေစဉ်မှာပင်၊ရွာသူအမျိုးသမီးမှာ ခေါင်းငိုက်စိုက်ကျနေတော့၏။


”....နန်ခမ်...နန်ခမ်....ဟာ...လုပ်ကြပါအုံး..

ကျွန်တော်မိန်းမကိုခေါ်လို့ မရတော့ဘူး...

အီး..ဟီး...ဟီး...ဟီး....”


ခွန်သာဆိုသောရွာသားမှာ ဇနီးဖြစ်သူကိုလူပ်နိူး

ကြည့်ရာ အသက်မရှိတော့မှန်းသိလိုက်ရသော

ကြောင့်ဝမ်းပန်းတနည်းဖြင့်ငိုယိုနေတော့၏..။


စော်ဘွားကြီးစိုင်းနွံဖတစ်ယောက်စိတ်မကောင်းကြီးစွာဖြစ်ရတော့၏ ။


အသုဘအတွက်ကိစ္စအဝဝကိုလူကြီးများဖြင့်

ဆွေးနွေးတိုင်ပင်၍ အိမ်ပြန်လာချိန်လမ်းတလျောက်တွင်ထူးဆန်းသော

စကားများကိုသူ့နားအတွင်းကြားယောင်နေမိတော့

သည်။

ထိုစကားများထဲမှ အရှေ့ဖက်တောအုပ်ဟူသော

စကားကို အပြန်ပြန်အထပ်ထပ်စဉ်းစားနေမိတော့

သည်။

သူတို့ရွာအခြေတည်ထားရာနေရာမှခြေကျင်ခရီး

နေ့တစ်ဝက်ခန့်မျလျောက်ပါက အရှေ့ဖက်အရပ်တွင် သစ်ပင်ကြီးများထူပိန်းစွာ

ပေါက်နေသောတောနက်ကြီးတစ်ခုရှိ၏ ။


တောကြီးမည်မျနက်မှန်းမည်သူမျမသိကြပေ။

အကြောင်းမှာ တောနက်သလို၊လူကိုအန္တရယ်ပြုနိူင်သော သတ္တဝါဆန်းများရှိနိူင်

ခြင်းကြောင့်ထိုတောသို့ရွာသားများမသွားလာရန်

စော်ဘွားကြီးစိုင်းနွံဖမှတားမြစ်ထားခြင်းကြောင့်

ဖြစ်၏ ။

ယခုသေဆုံးသွားသူရွာသူအမျိုးသမီးစကားအရ

တွက်ချက်ကြည့်ပါကထို​နေရာသို့ရွာသားများဝင်

ရောက်ကြပုံရ၏ ။

ဟင်းသီးဟင်းရွက်ရှာဖွေရန်၊အိမ်အတွက်လို

အပ်သော သစ်ဝါး၊ကြိမ်နွယ်များခုတ်ထစ်ရန်သူတားမြစ်ချက်ကိုချိုးဖောက်၍ သွားလာကြပုံရ၏ ။

ယခုရောက်လာသော ကြောက်မက်ဖွယ်ရာ

အသွင်သဏ္ဏန်ရှိသော သတ္တဝါကြီးများမှာထိုအကြောင်းအရာများကြောင့်

ရောက်လာကြပုံရကာ မိမိတို့ကိုယခုနေရာမှနှင်နေ

ပြီဖြစ်၏ ။

သေဆုံးသွားသူရွာသူအမျိုးသမီးပြောစကားများသာအမှန်ဖြစ်လာပါက မကြာမှီအချိန်အတွင်းနောက်ထပ်အန္တရယ်များကျရောက်လာတော့မည်ဖြစ်၏ ။

ရွာသူအမျိုးသမီးသေဆုံးပြီးနောက်ရက်တွင်

ထူးဆန်းသောအကောင်အကိုက်ခံရသောရွာသား

တစ်ယောက်က​ယောင်ကတန်း​အော်ဟစ်၍ဆုံး

ပါးသွားခြင်းနဲ့အတူ၊ နောက်နေ့မကူးမှီထိုနေ့မှာပင်

တစ်ခြားတစ်ယောက်ဆုံးပါးသွားပြန်၏ ။


သတေ္တဝါဆန်းကိုက်ခံရသူ သုံးယောက်တိတိ

ရှေ့ဆက်နောက်ဆင့်ဆုံးပါးသွားခ့ဲပြီဖြစ်၏ ။


ရွာသားများစိတ်အတွင်းထိုအခြေအနေများ

ကြောင့်ကြောက်ရွံထိတ်လန့်စိတ်များစတင်ဝင်ရောက်လာကြတော့၏ ။


စော်ဘွားကြီးစိုင်းနွံဖမှာယခုနေရာတွင်အခြေ

ကျနေပြီဖြစ်ခြင်းကြောင့် ဘာမဟုတ်သောအကြောင်းအရာ ကိစ္စလေးဖြင့်

ယခုနေရာကိုစွန့်ခွာမည့်အရေးကိုလက်မခံနိူင်ပေ။


( ရွာသူမိန်းမသေဆုံးခါနီးပြောသွားသောစကားမှာ

သေခါနီးလူတစ်ယောက် ကယောင်ကတမ်းပြော

ဆိုခြင်းဖြစ်ပြီး ရွာသားများသေဆုံးခြင်းမှာတိုက်ဆိုင်

မူဟူ၍လည်းစိတ်ကယူဆထားခြင်းကြောင့်ဖြစ်၏။)


စော်ဘွားကြီးစိုင်းနွံဖတစ်ယောက်ရွာသားများ

အရေးဖြင့် အတွေးများနေစဉ် သူမေ့လျောနေမိသောအကြောင်းအရာကိစ္စတရပ်

ပေါ်ပေါက်လာပြန်၏ ။


သတ္တဝါဆန်းအကောင်များအကိုက်ခံရသော

ရွာသားများသေဆုံးချိန်တွင်သူဇနီးလည်းအကိုက်

ခံရသောကြောင့် ဇနီးဖြစ်သူကိုစိတ်ပူပန်မိသေး၏။


သို့ရာတွင် ။


ဒေါ်နန်းကလျာမှာမေ့လဲပြီးပြန်သတိရလာချိန်သာ

မာန်အတိုင်းသွားလာလူပ်ရှားကာလူကောင်းပကတိ

အခြေအနေမို့စိတ်သက်သာရာရသွားမိသည်။

သတေ္တဝါဆန်းများကိုက်ခဲခံရမူကြောင့်ရွာသားများ​သေဆုံး၍သူ့မိန်းမ မသေဆုံးသည်ကပင် တိုက်ဆိုင်မူဟူ၍ သတ်မှတ်ချင်သောသူ့စိတ်ကို

ခနတာမျစိတ်သက်သာရာ ရစေ၏ ။


သို့သော်...။


”…အဖေ...အဖေ့ကိုအ​ရေးကြီးစရာတစ်ခု​ပြော

စရာရှိလို့....”


”…ဟေ...သမီး.. အထူးအဆန်းပါလား

ဘာစကားမို့ စကားပလ္လင်ခံနေရတာလဲ ပြောလေ..”


”…အမေနဲ့ပတ်သက်ပြီးပြောစရာရှိတယ်.. အဖေ..”


”…ဟေ..သမီးအမေ.ဘာများဖြစ်လို့လဲကွယ်

မထိတ်သာ မလန့်သာ...”


”…ဘာဖြစ်တယ်လို့တော့ ပြောရခက်နေတယ်

ဒါပေမယ့် ထူးဆန်းနေတာတော့ အမှန်ပဲ...


အမေဟာသတိရပြီးသုံးရက်လောက်ကစပြီး

ထူးဆန်းတာတွေစလာတယ်ပြောရမယ်....

သွားပို့ထားတ့ဲထမင်းတွေဟာ အရာမယွင်းရှိနေ

တတ်တယ် လုံးဝအရာမယွင်းဘူး...


နောက်ပြီး တစ်ခါတလေအပြင်ကိုတိတ်တဆိတ်

ထွက်သွားတတ်တယ်.. အစကတော့သမီးလည်း

သတိမထားမိပါဘူး နောက်မှအိမ်ကတချို့လူတွေ

တွေ့လို့ပြန်ပြောပြလို့သမီးသတိထား စောင့်ကြည့်

မိတာ


.အရင်ကအေးဆေးတည်ငြိမ်တတ်သလောက်

ခုဆိုဒေါသတွေကြီးနေတတ်တယ်..

သမီးအပါအဝင် တခြားသူအားလုံးကို

ဒေါသတကြီးဆက်ဆံတတ်တယ်...

အမေတစ်ခုခုတော့ဖြစ်နေပြီအဖေရယ်.. အဟင့်

...အဟင့်.....”


ရိူက်သံစွင့်၍ပြောလာသောသမီးဖြစ်သူစကားကြောင့်​စော်ဘွားကြီးမှာ​တွေ​ဝေသွားရမိ၏ ။

ရပ်ရွာကိစ္စများနဲ့လုံးပန်း၍ဇနီးဖြစ်သူအခြေအနေကို

သူသေချာမသိပေ။

သတ္တဝါဆန်းကိုက်ခံရချိန်မကျန်းမာ၍အခန်းခွဲ

၍နေကြသောကြောင့်ဇနီးအ​ခြေအ​နေပျက်ယွင်း

နေခြင်းကိုမသိခြင်းလည်းဖြစ်၏ ။


” ...သမီးအမေက.. နည်းနည်းလန့်သွားတာလေ

လန့်တ့ဲအရှိန်ကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး

ပြောမိပြောရာ လုပ်မိလုပ်ရာ လုပ်နေတာထင်ပါတယ်...”


”·…အမေကသမီးကိုစကားမာမာတခါမှမ​ပြောဖူး

တော့သမီးစိတ်မကောင်းဖြစ်ရတာပေါ့... ”


”…အင်းပါ..သမီးရယ် သမီးအမေက ကျန်းမာရေး

မကောင်းချိန်မို့ပြောမိတာနေမှာပါ.. စိတ်ထဲမထား

နဲ့နော် ..သမီးအမေသမီးကိုဘယ်လောက်ချစ်လဲ

သမီးလည်းသိသားပဲ.....”


”...ဒါပေမယ့် အဖေ အမေမစားမသောက်ပဲနေတာ ထူးဆန်းနေသလို

အမေ့ဘေးကပ်ရင်ညှီစို့စို့သွေးနံတွေရနေတတ်တယ်.. တစ်ခါကလည်း အကျီ ၤရင်ဘတ်မှာ

သွေးတွေပေနေလို့ သမီးကဘာဖြစ်တာလဲစိုးရိမ်

တကြီးမေးတာကို သမီးကိုမျက်ထောင့်နီကြီးနဲ့ကြည့်ပြီးမဆိုင်တာ

မစပ်စုနဲ့ပြောပြီး အခန်းထဲဝင်သွားတယ်..

ပြောရရင် အမေဟာအရင်နဲ့မတူ တခြားလူတယောက်လိုဖြစ်နေပါပြီ.....”


”...ကောင်းပြီသမီး.. သမီးစိတ်ရှင်းသွားအောင်

အဖေစောင့်ကြည့်ပေးမယ်နော်...”


တဦးတည်းသောသမီးလေးမို့ စော်ဘွားကြီးစိုင်း

နွံဖနဲ့ဒေါ်နန်းကလျာမှာ အဏ္ဏဝါပုလဲကိုငုံထားမတတ်ချစ်ကြ၏ ။


ဇနီးဖြစ်သူမှာ စော်ဘွားကြီးစိုင်းနွံဖတော်လှန်ရေး

လူပ်ရှားမူပြုစဉ် သမီးဖြစ်သူကို အဖော်ပြုကျန်နေရစ်ခ့ဲရသည်ကများသောကြောင့်

ပို၍ပင်ချစ်၏ ။


ရိုက်ရန်မဆိုထားဘိ ၊စကားကြမ်းကြမ်းပင်မဆိုဖူးပေ။ ယခုသမီးဖြစ်သူထံမှကြားရသောစကားအရဆိုလျင်ဇနီးဖြစ်သူတခုခုလွဲမှားနေပြီဟုစိတ်တွင်ခံစား

မိ၍စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်တော့၏ ။


သမီးဖြစ်သူကိုမသေချာမရေရာသောကိစ္စအတွက်

စိတ်ပူပန်သောကမရောက်စေရန်နှစ်သိမ့်စကားဆို

နေရင်းမှထိုကိစ္စကိုအမြန်သိရန်စုံစမ်းမည်စိတ်တွင်း

တွေးနေမိ၏ ။


စော်ဘွားကြီးစိုင်းနွံဖမှာသမီးအားချော့မော့နှစ်သိမ့်

ပြီးချိန်တွင်ဇနီးဖြစ်သူထားရာအပေါ်ထပ်အခန်းသို့ရောက်လာခ့ဲတော့၏။

အပြင်ဖက်တွင်အလင်းရောင်ရှိနေသေးသော်လည်း

အခန်းအတွင်းပြတင်းပေါက်များပိတ်ထားခြင်းကြောင့်အလင်းအနည်းငယ်သာရှိနေရာ ထိုအလင်း

ဖြင့်အခန်းတွင်းကုတင်ပေါ်တွင်တဖက်သို့စောင်း

လှဲ၍အိပ်နေသော ဇနီးဖြစ်သူကိုတွေ့ရသောကြောင့်ကုတင်အနီးလျောက်သွား၍ကုတင်ဘေးတွင်တင်ပလွဲဝင်ထိုင်

လိုက်၏ ။


”…နန်း...နေရထိုင်ရသက်သာလား....”


...အင်း....


”…အစားအသောက်လည်းမစားဘူးဆို....

အခန်းတခါးတွေဘာလို့ပိတ်ထားတာလဲ မှောင်ပိန်း

နေတာပဲ....ဖွင့်ထားမှပေါ့....”


...မဖွင့်နဲ့.. မဖွင့်နဲ့လို့ပြောနေတယ်....


....ဟင်......


စောဘွားကြီးစိုင်းနွံဖ​ပြောစကားများကိုအင်းတစ်

လုံးမှလွဲ၍တစ်ခြားစကားမဆိုသောဒေါ်နန်းကလျာတစ်ယောက် ခေါင်းရင်းတခါးဖွင့်မည်ကြံရွယ်နေ

သောခင်ပွန်းဖြစ်သူထံဝုန်းခနဲခုန်ဝင်၍လက်ကို

ဆွဲလျက်ဒေါသတကြီးပြောဆိုလာခြင်းကြောင့်

စော်ဘွားကြီးမှာ ဇနီးဖြစ်သူရုပ်သွင်ကိုယခုမှအနီး

ကပ်သေချာမြင်တွေ့မိခြင်းကြောင့်အ့ံသြစိတ်ဝင်မိ

ရ၏ ။


သူမတွေ့မိချိန်သုံးလေးရက်အတွင်းဇနီးဖြစ်သူရုပ်

သွင်မှာအရင်နဲ့တခြားစီဖြစ်နေ၏ ။

မျက်နှာပြင်မှာသွေးဆုတ်ဖြူလျော်၍

သွေးကြောများနားထင်ကြောတလျောက်ထင်ရှားစွာ

ပေါ်လွင်နေ၏ ။

မျက်လုံးများကစိတ်ဖောက်ဖြန်နေသူအလား

ဂနာမငြိမ်ရွေ့လျားလျက်ဖြင့်ရှိနေကာ သူ့အပေါ်

တသက်လုံးတလေးတစားပြောဆိုဆက်ဆံသူက

ကြမ်းတမ်းစွာပြောဆိုနေပြန်၏ ။


”..အေးပါ နန်းရာ မင်းမကြိုက်ရင်မဖွင့်တော့ပါဘူး

အေးဆေးအနားယူနော်....”


စော်ဘွားကြီးစိုင်းနွံဖတစ်ယောက်ဇနီးဖြစ်သူကို

နှစ်သိမ့်ဖျောင်းဖျစကားဆိုလိုက်၏ ။

ဒေါ်နန်းကလျာမှာကုတင်ပေါ်ထိုင်ရင်းစော်ဘွား

ကြီးကိုရန်လိုမုန်းတီးသောအကြည့်ဖြင့်ကြည့်နေလျက်ရှိနေ၏ ။


ဇနီးဖြစ်သူအခန်းမှပြန်ထွက်လာပြီး

စော်ဘွားကြီးမှာ ဇနီးဖြစ်သူကိုပြုစုပေးရသောအိမ်

အကူကောင်မလေးကိုသူ့ထံလာရန်တပည့်တစ်ယောက်ကိုခေါ်ခိုင်းလိုက်၏ ။

အိမ်အကူကောင်မလေးရောက်လာသော

အခါစော်ဘွားကြီးမှသူသိလိုရာများမေးမြန်းလိုက်

တော့၏ ။


”...ကလေးမ ..မင်းသခင်မကြီးနေမကောင်းတော့

အနီးကပ်ပြုစုရသူမဟုတ်လား.. ဘယ်လိုအခြေ

အနေထူးတာမျိုးကြုံရသေးလဲ....”


”…ဟို...ဟို....သခင်ကြီး..ဒါ...ဒါ...က...”


”…ကျုပ်အမှန်သိဖို့လိုတယ်…ဒါမှလုပ်သင့်တာ

လုပ်လို့ရမှာ ဒီတော့..မင်းသခင်မကြီးနဲ့ပတ်သက်လို့ ကြုံရသမျအမှန်အတိုင်းမချွင်းမချန်..ကျုပ်သိဖို့

လိုအပ်တယ်..ကျုပ်စိတ်မဆိုးပါဘူး ပြောသာပြောပါ..”


စော်ဘွားကြီးစိုင်းနွံဖမှာသူ့အမေးစကားကိုပြန်ဖြေ

ရန်ကြောက်ရွံ ့စိတ်ဖြစ်နေသောကောင်မလေးကို

ကြည့်၍ မကြောက်ရွံ ့စေရန်စကားလမ်းဖွင့်ပေးလိုက်၏ ။


” ...သခင်ကြီးစိတ်မဆိုးဘူးဆိုရင်ပြောပါ့မယ်

သခင်မကြီးကခုအတော်ထူးဆန်းပါတယ်...

ကျွန်မသူ့အနားပြုစုဖို့နေတာကိုမကြိုက်ဘူး

အော်ဟစ်မောင်းထုတ်တတ်တယ်..၊ အဲတာထက်

ပိုဆိုးတာက တစ်ခါကအလင်းရောင်ပျောက်လာပြီး

မှောင်လာလို့ ကျွန်မကသခင်မကြီးအခန်းမီးခွက်

သွားထွန်းတာ..အမလေး....”


”…ဘာများဖြစ်လို့လဲ ဆက်ပြောပါအုံး...”


အိမ်အကူကောင်မလေးမှာစကားပြောနေရာမှ

သူကြုံရသောအဖြစ်အပျက်ကိုပြန်တွေး၍ကြောက်

လန့်ဟန်ဖြင့်စကားရပ်လိုက်၍ စော်ဘွားကြီးမှာ

သိလိုစိတ်ဖြင့်စကားဆက်ခိုင်းနေ၏ ။


”… ဒီ..ဒီလိုပါ ကျွန်မ မီးခွထွန်းပြီးဝင်သွားတော့

သခင်မကြီးက ကြောက်စရာအသံကြီးနဲ့ အာခေါင်

ခြစ်အော်တယ် မီးအမြန်ငြိမ်းဖို့မီးမထွန်းဖို့အော်တာ

ကျွန်မလည်းကြောက်လန့်ပြီးမီးငြိမ်းလိုက်တော့

ကျွန်မလည်ပင်းကိုလက်နှစ်ဖက်နဲ့ လာညှစ်တယ်

ပြီးတော့ နောက်ကိုအခန်းထဲမီးမထွန်းဖို့ ထွန်းရင်

သတ်ပစ်မယ်ပြောတယ် အဲဒီအကြောင်းတခြားသူ

တွေကိုပြန်ပြောရင်လည်း သတ်ပစ်မယ်တ့ဲ

ဒါကြောင့် ကျွန်မ ဘယ်သူ့ကိုမှလည်းပြန်မပြော

ရဲတာပါ...ဒါတွေအမှန်ပါ သခင်ကြီး ကျွန်မကျိန်

ဝ့ံပါတယ်....ခုလိုပြောရတာကလည်း ဟိုတနေ့က

ကြုံရတ့ဲအဖြစ်အပျက်ကြောင့် အခြေအနေပိုဆိုး

လာမှာကြောက်လို့ပါ....”


”..ဟေ..ဘာတွေထပ်ဖြစ်လို့လဲ ပြောလေ..”


”..ကျွန်မ မျက်မြင်ကိုယ်တွေ့မို့သာ ယုံတာပါ

သခင်ကြီး တကယ်လို့ တခြားတစ်ယောက်ယောက်ကလာပြောရင်

လိမ်လည်ပြောစကားပဲထင်မိမှာပါ.... ”


”…တယ်..ဒီကောင်မလေး ဆက်ပြောပါဆိုမှ

လိုရင်းမရောက်နိူင်ဘူး...”


စော်ဘွားကြီးစိုင်းနွံဖမှာ သိချင်စိတ်ဖြင့်စကားပြတ်

တုံပြတ်တုံပြောနေသောအိမ်ကူကောင်မလေးကိုမာန်မဲလိုက်ခြင်းဖြစ်၏ ။


”..ဒီလိုပါ.. ကျွန်မသခင်မကြီးစားသောက်ဖို့

စားစရာတွေယူပြီးအခန်းရှေ့အရောက်မှာ အခန်းထဲက အသံတွေကြားရလို့အထဲမဝင်သေးပဲ

အခန်းအပြင်တခါးကြားက အထဲကိုချောင်းကြည့်

လိုက်တော့ သခင်မကြီးဟာ သူမွေးထားတ့ဲကြောင်

လေးကိုလိုက်ဖမ်းနေပါတယ်..ကြောင်လေးကလည်းအဖမ်းမခံပဲပတ်ပြေးရင်း ခနကြာတော့သခင်

မကြီးဟာကြောင်လေးကိုဖမ်းမိသွားပါတယ်.....

....ပြီးတော့....ပြီးတော့.....ကြောင်လေးကိုဆတ်ခနဲကိုက်ချလိုက်တာပါပဲ.....”


....ဟာ.....


”…ဟုတ်တယ် သခင်ကြီး ကျွန်မလည်းလန့်ဖျတ်ပြီး ပန်းကန်တွေပြုတ်ကျ

တော့မလို့ပဲ ကြောက်လည်းအတော်ကြောက်သွားတယ်..

ရှေ့ဆက်ဘာဖြစ်လာမလဲသိချင်တာနဲ့ဆက်ကြည့်

နေမိတာ ဆက်မြင်ရတာက ကြောင်လေးကိုသွေး

တွေကုန်တ့ဲအထိအငမ်းမရကိုက်စုတ်နေပြီး

သွေးကုန်ချိန်ရောက်တော့ အခန်းပြတင်းပေါက်ကအောက်ကိုပစ်ချလိုက်တာပါပဲ ကျွန်မလည်းဆက်မနေရဲတော့တာနဲ့ပြေးလာပြီး

ထမင်းဟင်းတွေ တစ်ခြားတစ်ယောက်ကိုသွားပို့

ခိုင်းလိုက်ရတယ် ..ဒါတွေအမှန်ပါပဲ သခင်ကြီး

ကျွန်မသခင်ကြီးကိုမလိမ်ဝ့ံပါဘူး....”


”…အေး...ကောင်းပြီ...ဒီအကြောင်းတွေတစ်ခြား

ဘယ်သူတွေကိုများပြောမိသေးလဲ...”


”…ဟင့်အင်း.. ဘယ်သူ့ကိုမှမပြောမိပါဘူး...”


”…ကောင်းပြီ ညည်းဒီအကြောင်းဘယ်သူကိုမှ

လျောက်မပြောနဲ့ကြားလား ပြီးတော့ဟန်မပျက်ဆက်နေ ကဲ..သွားလို့ရပြီ...”


အိမ်အကူကောင်မလေးထွက်သွားသောအခါ

စော်ဘွားကြီးမှာထိုင်ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့၏ ။

အိမ်အကူကောင်မလေးမှာသူ့ကိုလိမ်ညာမပြော

မှန်းသိနေ၏ ။

သူကြုံတွေ့နေရသောအခြေအနေကဘေးကြပ်နံကြပ်အခြေအနေဖြစ်၍ ဘာဆက်လုပ်ရမည်မှန်း

စော်ဘွားကြီးတွေးမရစွာ စိတ်လက်ညစ်ညူးစွာ

ရှိနေပါတော့၏ ။


==========================


၁၂-ဆက်ရန်


မြူခိုးအလင်္ကာ



rate now: