book

Index 9

Part - 8

"စေကိုး မင်းအိမ်မပြန်ဘူးလား"


လေပြည်အေးလေးနဲ့ ပြန်ပြောလာသော လူကြီးစကားက ခွန်းပြောတာနဲ့ဘာမှမသက်ဆိုင်သလိုပင်။


ခွန်းပြောလိုက်တဲ့စကားတွေကို 

မကြားချင်ယောင်ဆောင်သွားတဲ့ လူကြီးပါပေ။ရတယ်လေ အဲ့လူကြီး

မကြား‌ချင်ယောင်ဆောင်တော့လည်း စိတ်အဆင်သင့်မဖြစ်သေးတဲ့ ခွန်းလည်း မသိချင်ယောင်ပြန်ဆောင်ရုံပေါ့။


"ဘာလဲ ခင်ဗျားကြီးက 

ကျွန်တော့်ကို နှင်ချင်ပြီလား 

ရပါတယ် ခင်ဗျားကြီးနှင်မှတော့ 

ပြန်ရမှာပေါ့လေ "

  

"အေး နှင်ချင်တယ် ဘာလို့လဲ 

ဆိုတော့ ဒီနေရာကမင်းနဲ့

မသင့်တော်လို့"


"ဘာလို့ မသင့်တော်ရမှာလဲ 

ဗဟုသုတရတယ်လေ ပြီးတော့ ခင်ဗျားကြီးလည်းရှိတယ်လေ ကျွန်တော် ခင်ဗျားတို့နဲ့နေချင်သေးတယ်"


ခွန်း ပြုံးစိစိလေးလုပ်ကာပြန်ဖြေမိသည်။ခွန်း ရင်ခုန်သံတွေကို

ထိန်းထားရင်းပေါ့။


"မင်းအလုပ်ဒီမှာဘာရှိလဲ မင်းကဗဟုသုတရတယ်ဆိုရအောင် မင်းဘဝအတွက် မင်းအနာဂတ်အတွက် 

မင်း ဘာမှမလုပ်တော့ဘူးလား"


"ကျွန်တော့်အလုပ်လားရှိ‌တာပေါ့ 

အခုလည်း ကျွန်တော့် ဘဝအတွက် ကြိုးစားနေတာပဲလေ ခင်ဗျားတို့နဲ့လည်း နေချင်သေးလို့ပါဆို "


"မင်းငါ့အနား နေချင်တယ်ဆိုတာ အကြောင်းပြချက်တခုပါပဲ ဘာလို့နေချင်တာလဲ မင်း ခိုင်လုံတဲ့အကြောင်းပြချက်တခုပေး "


ဒီလူကြီးတကယ်ပဲ ခွန်းစိတ်ကို 

မရိပ်မိလေသလား မေးခွန်းတွေနဲ့ 

ခွန်းကိုနှိပ်စက်နေတာများလား 

ခွန်းတကယ်ငိုချင်လာသည်မို့ တိတ်ဆိတ်သွားရသည်။


"စေကိုး မင်းငါမေးနေတာ ဖြေလေ"


"ခင်ဗျားကြီးနဲ့ မခွဲနိုင်လို့ဗျာ 


ခင်ဗျားကြီးကို ချစ်လို့ သိပြီလား"


ခွန်း ပိတ်အော်ပစ်လိုက်သည် 

အဲ့လူကြီးကို 


"မင်း ကငါနဲ့ မခွဲနိုင်ဘူး"


"ဟုတ်တယ်" 


"မင်းက ငါ့ကိုချစ်လို့ ဟုတ်လား "


"ဟုတ်ပါတယ်ဆိုနေဗျ "


ခွန်းမျက်ရည်မကျအောင် ထိန်းကာ အဲ့လူကြီးမျက်နှာကို တည့်တည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ဟင့်အင်း....မချစ်နဲ့ 
 
ငါ့ဆီမှာ အချစ်ဆိုတာ မရှိဘူး "

"ခင်ဗျား ချစ်လာအောင် 
ကျွန်တော်ကြိုးစားမှာမို့ 
  
ပီးတော့ အခုလည်း 
ကျွန်တော် ကပဲချစ်ပေးနေမှာမို့ "

ခွန်း စကားပင်မဆုံးသေး...

"မချစ်နဲ့ မင်းပဲခံစားရမှာ 
ပြီးတော့ ........

ငါတို့ကယောက်ျားလေးတွေ 
မင်းရူးနေလား စေကိုး "

"ကျွန်တော့်ဆီမှာ ခင်ဗျားအတွက်အချစ်တွေ ရှိတယ်လေ 

ခင်ဗျားကြီး အတွေးမတိမ်စမ်းပါနဲ့ 
  
လူလူချင်း ချစ်တာပဲ ဘာဖြစ်လဲ ခင်ဗျား ဘာတွေးကြောက်နေတာလဲ ဟမ် " 

ခွန်း စိတ်မရှည်စွာနဲ့ ထိုလူကြီး လက်မောင်းကိုကိုင်ကာ ဆွဲလှုပ်ပစ်လိုက်သည်။

"အဟက် မင်းက ချစ်ဖို့ပဲသိတာ တခြားအရာတွေ မင်းတွေးဖူးလား 
စေကိုး"

"ဘာတွေးရမှာလဲ 

ကျွန်တော့်အတွက် က
ခင်ဗျားကြီး ကို ပဲလိုတာလေ "

"မင်းက ငါ့ကိုပဲ လိုပေမဲ့ 
ငါ့ကိုလိုအပ်တဲ့တခြားသူတွေ
အများကြီးရှိသေးတယ် ပြီးတော့ 

ငါ က မချစ်တတ်ဘူး"

"ခင်ဗျားကြီး ဒါတွေထားခဲ့ပြီး ကျွန်တော်နဲ့မန္တလေးကိုလိုက်ခဲ့လေ

ကျွန်တော်တို့အေးအေးဆေးဆေးလုပ်ကိုင်စားလို့ရတယ် 

ခင်ဗျားကို 
ကျွန်တော်ရှာကျွေးနိုင်ပါတယ်ဗျ"

ခွန်း အရူးတယောက်လို 
တောင်းဆိုမိသည် ။
 
ဒီလူကြီးအပေါ် ခွန်းရဲ့မြတ်နိုးမှုအတိုင်းအတာကို မြင်နိုင်ပါလေစ လူကြီးရယ်

"ငါ ငါ့လူတွေကို လွှတ်ချမထားခဲ့နိုင်ဘူး ငါ့ကြောင့် ဒီလောကထဲကို ရောက်လာရတဲ့လူတွေကို 
ငါမထားခဲ့နိုင်ဘူး "

"အဟက် အဲ့တာဆို 

ကျွန်တော် က ရော.......

ကျွန်တော် က ရော လို့ .....
  
ခွန်းစေကိုး ဆိုတဲ့ကျွန်တော်ကရော "

နောင့်ခွန်း မဖြေနိုင်တော့ပါ 
ဒီကောင်လေးပြောတဲ့အချစ်ဆိုတာမျိုးကို နောင့်ခွန်းသေချာမသိပေမဲ့ 
ကောင်လေးကို သံယောဇဉ်ရှိတာတော့သေချာပါသည်။

အချိန်ခဏလေးအတူရှိခဲ့တာဆိုပေမဲ့ ဒီကောင်လေးပင်ပန်းမှာမျိုးတွေ မျက်ရည်ကျမှာမျိုးတွေကို
နောင့်ခွန်းတကယ်မကြိုက်ပါ

ဒီကောင်လေးကို 
အမြဲပြုံးပျော်နေစေချင်တာ 
နောင့်ခွန်းကို ကလေးဆိုးကြီး
တယောက်လိုမျိုး ဆိုးတတ်တာတွေကို နောင့်ခွန်းတကယ်သဘောကျပါသည်။

အခု‌ဒီကောင်လေးမေးတဲ့မေးခွန်းအတွက် နောင့်ခွန်းမှာ အဖြေမရှိနေပါ နောင့်ခွန်း ကိုယ်တိုင်လည်း
သေချာမသိတော့ပါ။

"ကျွန်တော်မေးနေတယ်လေ 
ဖြေလေဗျာ ကျွန်တော်ကဘာလဲလို့"

"မင်းက ငါမရှိလည်းနေနိုင်မှာပါ 
မင်းလာခဲ့တဲ့အရပ်ဆီကိုပဲ 
မင်းပြန်သွားလိုက်ပါ 
မင်းကိုချစ်ပေးမဲ့သူတွေ
အများကြီးရှိမှာပါ ငါ့လူတွေမှာက 
ငါပဲရှိတာ "

"အဟက် ခင်ဗျားကြီးက 
တကိုယ်ကောင်းသမားပဲ ခင်ဗျား 
ဒါတွေကိုမစွန့်လွှတ်နိုင်လို့မလား

ခင်ဗျားလုပ်နေတဲ့အလုပ်တွေက
မှန်တယ်လို့များထင်နေတာလား"
 
"ဟုတ်တယ် ငါမစွန့်လွှတ်နိုင်ဘူး 

ဒီလိုအခြေ‌အနေမျိုးရောက်အောင် ငါ‌ဘယ်လောက်ရုန်းကန်ခဲ့ရလဲ 

မင်းမသိဘူးမလား အဲ့တာဆို 
လာမပြောနဲ့ ငါမစွန့်လွှတ်နိုင်ဘူး 
ပြီးတော့မင်းကိုလည်း ငါမချစ်ဘူး"

သွားပြီ ခွန်း ရဲ့
စိတ်ကူးယဥ်ကမ္ဘာလေးဟာ 
တစစီပျက်စီးသွားလေပြီ 
 
ဒီလူကြီးစကားတခွန်းနဲ့တင် 

ခွန်းမျှော်လင့်ချက်တွေက
ရိုက်ချိုးခံလိုက်ရပြီ 

ခွန်း နှလုံးသားလေးဟာ ဒီလူကြီး ခြေထောက်အောက်မှာ
တစစီကွဲကြေသွားပြီ 

ခွန်းဘာမှကိုပြန်မပြောနိုင်တော့ပါ 

ခွန်းကို ခွန်းကိုလေ 
ဒီလူကြီးကမချစ်ဘူးတဲ့လား 

ခွန်း ပါးပြင်ပေါ်သို့မျက်ရည်တွေအထိန်းအကွပ်မဲ့စွာ 
ပြိုကျစီးဆင်းလာရသည် ။

" မချစ်ဘူးတဲ့လား " 

ခွန်း အသံတိုးတိုးလေးနဲ့ 
ရေရွတ်မိသည် မျက်ရည်တွေကြားက အတတ်နိုင်ဆုံးပြုံးကာ ထိုလူကြီးကိုမော့ကြည့်မိသည်။

"ဟုတ်တယ် မင်းလည်းငါ့ကိုမချစ်နဲ့ မင်းနဲ့ငါက မတူညီတဲ့လမ်းနှစ်ခု
က လူတွေ ငါတို့က 
ပေါင်းဖက်ဖို့မဖြစ်နိုင်ဘူး "

နောင့်ခွန်း ‌ကောင်လေးရှေ့က
လှည့်ထွက်လာခဲ့လိုက်သည်။

ထိုကောင်လေး‌ကတော့ 
ရေတံခွန်ကြီးနားက သစ်ပင်အောက်မှာ ရပ်မြဲအတိုင်းလေး
ရပ်ရင်းကျန်ရစ်နေခဲ့လေသည်။

နောင့်ခွန်း စိတ်တွေရှုပ်လာတာမို့ စခန်းဘက်မသွားတော့ပဲ 
အိမ်ကို သာပြန်လာခဲ့လိုက်သည်။

_______________________________

ခွန်း အဲ့လူကြီး ထွက်သွားမှ 
သစ်ပင်ကြီးအောက်မှာ အရုပ်
ကြိုးပျက်ထိုင်ချပစ်လိုက်မိသည်။

ခွန်းကို မချစ်ဘူးတဲ့ အဲ့လူကြီးကလေ

ခွန်းမယုံနိုင်ပါ မချစ်ဘူးဆို 
ဘာလို့များ ဂရုစိုက်ပေးခဲ့လည်း 
သေးသေးမွှားမွှားကအစ ဘာလို့
ခွန်းလိုချင်တာတွေဖြစ်အောင်
လုပ်ပေးခဲ့တာလဲ 
  
ခွန်းကိုယ်တိုင်ကပဲ မျှော်လင့်ချက်တွေထားနေခဲ့မိတာပေါ့ အဲ့တာဆို 

ရီစရာကောင်းလိုက်တာ 
ခွန်း ချစ်မိတဲ့သူက အရမ်း
တကိုယ်ကောင်းဆန်လွန်းတာတောင် ခွန်းမှာ မုန်းစရာကောင်းတယ်လို့တွေးလို့မရပေ ခွန်း အဲ့လူကြီးဆီမှာ 
ဒီလောက်တောင် နစ်ဝင်မိနေတာလား

အဲ့လူကြီး အတွက်ခွန်းက 
ဘာမှမဟုတ်ဘူးတဲ့လား 

ခွန်းအတွက်တော့ 
အဲ့လူကြီးဆိုတာ ကမ္ဘာကြီးတခုပင်

ခွန်းဘဝရဲ့မျှော်လင့်ချက်ရောင်ခြည် ပင် ခွန်းအချစ်တွေက စတောင်မစရသေးခင်မှာ အဆုံးသတ်သွားရလေပြီ

နာကျင်စရာကောင်းလိုက်တာ

ကံကြမ္မာကိုသာ
ခွန်း အပြစ်တင်လိုက်မိတယ် ။

ခွန်းရဲ့အချစ်ကမှားယွင်းနေတာလား

ခွန်း တွေးရင်း တွေးရင်းနဲ့
ပိုလို့ပင်ဝမ်းနည်းလာရသည် 

ခွန်း ကိုယ့်ရင်ဘက်ကိုသာ
ဆုပ်ကိုင်ထားရင်း ငိုကြွေးမိသည်

ရင်ဘက်ကြီးက နာလိုက်တာ...

ဘာကြောင့်များလဲ..........

ရေတံခွန် ဘေးနားက 

သစ်ပင်ကြီးအောက်ဝယ်
 
ကောင်လေး တယောက် 

နင့်နင့်သီးသီးငိုကြွေးနေသည်ကို 

တစုံတယောက်ကတော့ မသိနိုင်ပေ ။

_______________________________

"ခွန်း ရေ ခွန်း ငါမုန့်ဝယ်လာတယ် "
 
မိုင်ခမ်း အိမ်ပေါ်မရောက်ခင်တည်းက ဟိုအငတ်ကို ပျော်သွားအောင် 
လှမ်းအော်လိုက်သော်လည်း 
ဘာသံမှမကြားရပေ ။

"ခွန်း ခွန်း ဟင် 
ပြန်မလာသေးတာလား အိမ်ရှေ့မှာလည်း ကိုကြီးဆိုင်ကယ်ရှိပါတယ်"

မိုင်ခမ်း အဲ့လောက်အော်နေတာတောင် ထွက်မလာတာမို့ အိမ်ရှေ့ခန်းမှာသာ ထိုင်ချလိုက်သည် ။

"ဟာ မိုင်ငယ် နောက်ကျလာချည်လား ခုမှရောက်တာလား"

"ဟုတ်တယ် ကိုကြီး နေ့လည်က မိုးရွာလာတာနဲ့ ရုပ်ရှင်ဝင်ကြည့်နေလို့ ဈေးသုံးတာနဲ့ မုန့်စားတာနဲ့ဆိုတော့ နောက်ကျသွားတာ ပြီးတော့ ခွန်းက KUDOS ကမုန့်စားချင်တယ်ဆိုလို့ 
မုန့် ဝင်ဝယ်နေရသေးတယ်"
 
"ဪ ဒီမှာလည်း နေ့လည်က 
မိုးရွာသေးတယ် မုန့်က 
ကိုကြီး အတွက်ကျမပါဘူးပေါ့"

"မဟုတ်ပါဘူး ပါပါတယ် ဒီမှာ 
ကိုကြီးတွက် မုန့် " 
 
မိုင်ခမ်းက မုန့်ထုပ်တွေ
မြှောက်ပြလိုက်သည် ။

" ဟုတ်ပါပြီ ပျော်ခဲ့လား ဒီနေ့ "

"အဟီး ဟုတ် ကိုကြီး ဒါနဲ့ ခွန်းကော"

"အခန်းထဲရှိမှာပေါ့ ကိုကြီးက 
ဟိုဘက်ခန်းထဲမှာ လက်နက်တွေဝင်စစ်နေတာ "

"အာ ဟုတ်ပြီ ကိုကြီးတို့အစောကြီးပြန်ရောက်နေတာပေါ့ "

မိုင်ခမ်းက ပြောပြောဆိုဆို နောင့်ခွန်း အခန်းတံခါး ကို ဆွဲဖွင့်လိုက်သည်။

"ခွန်း ဟင် ဒီမှာလည်းမရှိဘူး "

နောင့်ခွန်း အသိအာရုံတွေ 
လွှင့်သွားရသလိုပင် 
 
"ဟင် ပြန်မရောက်သေးဘူးလား"

"တူတူပြန်လာတာမဟုတ်ဘူးလား 
ကိုကြီး တို့က "

"မဟုတ်ဘူး ကိုကြီးက နေ့လည် 
တနာရီလောက်တည်းက 
ပြန်ရောက်နေတာ "

"အာ ပီအိုက်ဆီများသွား‌နေလား
မသိဘူး "

မိုင်ခမ်း မနက်က ကိစ္စကို 
တွေးမိသွားသည်မို့ တွေးတွေးဆဆပြောလိုက်သည်။

"အခု ကဘယ်နနာရီလဲ မိုင်ငယ် "

"6 နာရီ ထိုးနေပြီ ကိုကြီး"

"ဒီကောင်လေး မဟုတ်မှ "

နောင့်ခွန်း စိတ်ကူး‌ထဲပေါ်လာတဲ့
အရာကြောင့် အမြန်ထရပ်ပြီး
ပြေးထွက်လိုက်သည် ။

"မိုင်ငယ် ကိုကြီး သွားစရာရှိလို့ 
ခနလေးနော် "

" ဟုတ်ကဲ့ "

ကိုကြီးက မိုင်ငယ့်ကိုအော်‌ပြောကာအလောတကြီးပြေးထွက်သွားသည်ကြောင့် မိုင်ခမ်းလည်း အူကြောင်ကြောင်လေးကျန်ခဲ့ကာ
အဝတ်တွေလဲဖို့သာ လုပ်လိုက်သည်။
 
နောင့်ခွန်း ပထမဆုံး လင်းဆက်တို့အိမ်ဘက်ကို အရင်မောင်းလာလိုက်သည် ဆောင်းတွင်းမို့ ညနေစောင်းတည်းက အမှောင်ထုက နေရာယူထားလေသည်။
 
"ဝူး....."

ဆိုင်ကယ်သံကြားသည် မို့ လင်းဆက်လည်း အိမ်ရှေ့ကို ထွက်ကြည့်တော့
 
"ခေါင်းဆောင်ဘာခိုင်းစရာရှိလို့လဲ"

"မရှိပါဘူး မင်းသက်သာပြီဆိုလို့ တကယ်ကော အဆင်ပြေလား
သိချင်လို့ပါ ဒါနဲ့ ဟိုကောင်လေး 
မင်း ဆီလာသေးလား"

"ဟိုကောင်လေး အာ.. ခွန်းလား 
မလာဘူးဗျ "

"ဟင် ငါသွားစရာရှိလို့ သွားပြီ "

စကားကိုအစမရှိအဆုံးမရှိပြောပြီး ‌ချက်ချင်းကြီးမောင်းထွက်သွားတဲ့ ခေါင်းဆောင်ရဲ့ ဆိုင်ကယ်လေးကို ကြည့်ရင်း

^^ဟင်း...ဟိုကောင် ခွန်းနဲ့ခေါင်းဆောင်ဘာဖြစ်ကြတာလဲမသိဘူး ခေါင်းဆောင်ကလည်း ငါ့ကို သက်သာလားမေးချင်တာနည်းနည်း ဟိုကောင်ကို လာရှာတာအသိသာကြီး ဘာတွေဖြစ်လဲမသိပေမဲ့ 
ငါတို့ဝင်မပါတာအကောင်းဆုံးပဲ
နေမှာပါ ဧကန်န ဟိုကောင် ခွန်း
ဖွင့်ပြောလိုက်တာများလား...^^

လင်းဆက်အတွေးတွေနဲ့အတူ 
စိတ်တော့ပူမိသွားသည် 
ဒါပေမဲ့အခုခေါင်းဆောင်ရဲ့ပုံစံက 
ခွန်းကိုစိတ်ပူနေတဲ့ပုံမို့ လင်းဆက်တို့ဝင်မပါလည်းရမည်မှန်းသိလိုက်သည်။

တောင်ကြောတွေဘက် ဆိုင်ကယ်ကို မိုင်ကုန် အရှိန်မြင့်ပြီးမောင်းလာခဲ့သည်။ညအမှောင်ထုက ပိုလာလေသအအေးဓာတ်ကလည်း အရိုးထိစိမ့်နေအောင် အေးလေသည်။

နောင့်ခွန်းရင်ထဲမှာတော့မအေးချမ်းနိုင်ပါ ပူလောင်နေရသည်။နောင့်ခွန်းအခင်းတွေကိုကျော်ဖြတ်ကာ ရေတံခွန်ဘက်ကို တခါတည်းမောင်းလာလိုက်သည်။

ရေတံခွန်ဘက်ကအပင်ကြီးတွေများသည်မို့ အမှောင်ထုကပိုလေသည် ဆိုင်ကယ်မီးရောင်တောင်မှ မြူတွေကြားမှာပျောက်လုလုဖြစ်‌ချင်နေသည်။

ရေတံခွန်ဘက်အရောက်

"ဟာ ....."

နောင့်ခွန်းမြင်လိုက်ရတဲ့မြင်ကွင်းကအသိအာရုံကိုပါမှောင်မိုက်သွားရသည်

ထိုမြင်ကွင်းကြောင့် ဆိုင်ကယ်ကို 
ဒီအတိုင်းထိုးရပ်ကာ ခွေခွေလေးလဲကျနေသော ကောင်လေးကို 
အမြန်ပြေးပွေ့လိုက်ရသည် ။
လူတကိုယ်လုံးကလည်း အေးစက်နေပီး လက် နဲ့ခြေထောက်တွေက 
သွေးမလျှောက်တော့သလိုမျိုး
တောင့်ခဲနေလေသည်။

အသက်ရှူသေးရဲ့လားဆိုတာ 
နောင့်ခွန်း မရဲတရဲစမ်းကြည့်မိသည်။
 
တော်သေးသည် အသက်ရှုသံမျှင်းမျှင်းလေးကြားနေရသေးသည်။

နောင့်ခွန်း ရှိသမျှ ဘုရားအကုန်လုံးကို
ဘာမဆိုင်မညာမဆိုင် ကျေးဇူးတင်မိသွားသည် ။

နောင့်ခွန်း အပူလုံးတလုံးကျသွားရသည် ဆိုပေမဲ့
နောင့်ခွန်းရင်ထဲတွင် နေဆယ်စင်း 
တပြိုင်တည်းပေါ်သလိုဖြစ်နေရလေပြီ 

နောင့်ခွန်းအပစ်တွေပင် ကောင်လေးကိုကောက်ပွေ့ကာ ဆိုင်ကယ်အနောက်ကနေတင်ပြီး နောင့်ခွန်းဝတ်လာတဲ့
ညဝတ်ဆွယ်တာအထူကိုချွတ်ကာ ကောင်လေးကိုဝတ်ပေးလိုက်ပြီး 
ခါးတွင်စီးထားသော တပတ်အရှည်နဲ့ ကောင်လေးခန္ဓာကိုယ်နဲ့နောင့်ခွန်းနဲ့တွဲချည်လိုက်ပြီး ကောင်လေးအနွေးဓာတ်‌နည်းနည်းလေးပြန်ရ‌လာအောင် လုပ်ပေးပြီး နောင့်ခွန်းဆိုင်ကယ်ကို အိမ်အရောက်အမြန်မောင်းလာလိုက်သည်။

"ဝူး......"

"မိုင်ငယ်ရေ မိုင်ငယ် မီးဖိုပြီး 
ကိုကြီးအခန်းထဲ ယူလာခဲ့ပေးပါ 
ပြီးတော့ ရေနွေးပူပူတခွက်ကော "

" ဟုတ်ကဲ့ ကိုကြီး "

နောင့်ခွန်း ကောင်လေးကိုပွေ့ချီပြီး အိမ်ပေါ်ကိုတက်လာလိုက်သည် ။

နောင့်ခွန်းအခန်းထဲရောက်တော့ 
နောင့်ခွန်းကုတင်ပေါ်အသာအယာ
ချပေးပြီး နွေးတဲ့အဝတ်တွေနဲ့ 
အမြန်လဲဝတ်ပေးလိုက်ကာ
အိပ်ခန်းထဲရှိသမျှစောင်တွေ
ထုတ်ပီး ကောင်လေးကို 
ခြုံပေးထားလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ ကိုကြီး"
  
မိုင်ခမ်းက ဆောင်းတွင်းသုံး မီးဖိုအသေးလေးကို မီးပျိုးပြီးအခန်းထဲယူလာပေးသည် ရေနွေးကြမ်းခွက်
တခွက်ပါ ယူလာပေးသည်။

"ကိုကြီးနောက်မှရှင်းပြမယ် အခု
ကိုကြီးကို ကူပေးပါလား "

ခွန်းကို ရေနွေးပူပူလေးကို 
သောက်လို့ရရုံ နွေးအောင် အအေးခံပြီး ဝင်အောင်တိုက်လိုက်သည် 

ပြီးတော့ လက်တွေခြေထောက်တွေ နွေးလာအောင် နောင့်ခွန်း လက်နဲ့ ဆုပ်ကိုင်ပေးနေမိသည်။

ကောင်လေးကိုဒီပုံစံနဲ့မြင်ရတာ 
နောင့်ခွန်းရင်ကို ဓါးနဲ့မွှန်းနေသလိုပင်။

"မိုင်ငယ် သွားအိပ်ရင် အိပ်လေ 
ကိုကြီးစောင့်နေလိုက်မယ် 
မိုးမိသွားပြီး အအေးမိနေလို့ 
သတိမေ့နေတာပါ ကိုကြီးလုပ်လိုက်မယ် သွားအိပ်တော့မိုင်ငယ်"

"ဟုတ်ကဲ့ ကိုကြီး "

ကိုကြီးစကားကြောင့် မိုင်ခမ်း
ထွက်လာလိုက်ပေမဲ့ ကိုကြီးရင်ထဲဘယ်လောက်တောင် ပူလောင်နေမယ်ဆိုတာ ‌မိုင်ခမ်းတွေးကြည့်လို့တောင်မရဘူး ခွန်းရေ နင်သတိရလာရင် 
ငါနင့်ကိုသတင်းကောင်းပြောပြရဦးမယ် ကိုကြီးနင့်ကိုဘယ်လောက်တောင်စိတ်တွေပူပြီးပျာယာခတ်နေလဲ ဆိုတာကို မိုင်ခမ်းရဲ့ကိုကြီးလည်း ခွန်းအပေါ်ခံစားချက်ရှိနေတာပါလားဆိုတာ မိုင်ခမ်းဒီညသေချာ‌တွေ့ခွင့်ရခဲ့လေပြီ မိုင်ခမ်းအတတ်နိုင်ဆုံးကူညီပေးမှာပါ အခုကတော့ ကိုကြီးနဲ့ခွန်းကြားဖြစ်တဲ့ပြသနာက သူတို့အချင်းချင်းပဲညှိမှရမှာမို့ ဒီအတိုင်း ထားခဲ့လိုက်သည်။

စောင်တွေကြားထဲမြုပ်ကာ 
ဖြူဖျော့ပြီး အားမရှိတော့တဲ့ပုံပေါက်နေတဲ့ ကောင်ငယ်လေးရဲ့ အေးစက်စက်လက်တဖက်ကို 
နောင့်ခွန်း ဆုပ်ကိုင်ထားမိသည်။

နောင့်ခွန်းရင်ထဲမှာ တကယ့်ကို
နာကျင်နေရသည်။

^^ကိုယ်တောင်းပန်ပါတယ်ကွာ 
အမြန်နိုးလာပါတော့ 
ကိုယ့်အပြစ်တွေပါကွာမင်းကို
တယောက်တည်း ကိုယ်မထားခဲ့သင့်ဘူး အမှောင်ကိုအရမ်းကြောက်တတ်တဲ့ကောင်လေးက အဲ့နေရာ
မှောင်မှောင်မည်းမည်းကြီးမှာ ဘယ်လောက်တောင်ကြောက်နေခဲ့မလဲ ကိုယ်ကြောင့်ပါကွာ ^^

စဉ်းစားမိလိုက်တာနဲ့ နောင့်ခွန်း
ကိုယ့်ဘာသာအပြစ် တင်ရင်း 
ကောင်လေး အပေါ်မတရားသလို
ခံစားလာရသည်။

^^ကိုယ်မင်းကိုမခံစားစေချင်လို့ပါ ကောင်လေးရယ် မင်းခံစားချက်တွေကို ကိုယ်သတိထားမိတာပေါ့ 
  
မင်းအကြည့်တွေထဲမှာ 

ကိုယ်အကြိမ်ကြိမ်လဲပြိုခဲ့ဖူးတာမို့

ကိုယ်သိပ်သိတာပေါ့ 

မင်းမျက်ဝန်းကြည်ကြည်လေးတွေကို 

ကိုယ်ဘယ်လောက်စွဲလန်းခဲ့တယ်ဆိုတာ သိပ်ပြောပြချင်တာပေါ့ 

မင်းပြုံးနေတဲ့အခါ ကိုယ်ဘယ်လောက်သဘောကျကြောင်း
ပြောပြချင်ခဲ့တာ 
မင်းက ဖြူစင်လွန်းနေခဲ့တယ်‌လေ 
ကောင်လေးရယ် ကိုယ်ဘယ်လို
ဆွဲခေါ်ရက်မှာလဲ ကိုယ့်ဘဝကအန္တရာယ်တွေကြားမှာ အသက်ကိုလောင်းကြေးထပ်ပြီးလုပ်နေရတာ

ကိုယ့်ကြောင့်မင်းထိခိုက်သွားမှာမျိုး ကိုယ်တကယ်ကိုမဖြစ်ချင်ခဲ့တာ 
အဲ့တာသာ အချစ်ဆိုရင်

ကိုယ်မင်းကို ချစ်နေမိပြီနဲ့တူတယ် 
စေကိုး ကိုယ်မင်းကိုသိပ်ချစ်တယ်^^

‌နောင့်ခွန်း ကောင်လေးလက်ကို ဆုပ်ကိုင်ရင်း နောင့်ခွန်းပါးလေးကို ခွန်းလက်ပေါ်အပ်ကာ တိုးတိုးလေးပြောပြနေမိသည် သတိလစ်မေ့မျောနေတဲ့ကောင်လေးမကြားနိုင်မှန်း
သိရက်နဲ့ပေါ့ 

တိုးတိုးလေးစကားတွေဆိုနေမိသည် ခေါင်းဆောင်ကြီးဆိုတဲ့ပုံရိပ်တွေပါပျောက်ဆုံးနေရလေပြီ 

နောင့်ခွန်းမျက်ရည်စက်လေးတွေဟာ စေကိုး လက်ပေါ်ကိုပေကုန်တာမို့ တယုတယလေးသေချာသုတ်ပေးမိသည်။

^^ငါဆိုတဲ့ကောင်က 
သွေးစွန်းနေတဲ့လက်တစ်စုံနဲ့ 
မင်းကိုပွေ့ဖက်ဖို့ ထိုက်တန်ပါ့မလား 

မင်းလိုအဖြူထည်ကောင်လေးကိုအန္တရာယ်တွေကြားက
ငါ့ဘဝထဲကို မခေါ်နိုင်ဘူး 
မင်းဖြူစင်နေတာကို ငါ့လက်နဲ့ 
ငါကိုယ်တိုင် အရောင်မဆိုးနိုင်ဘူး 
မင်း ငါ့ကိုမချစ်ပါနဲ့ စေကိုး ^^

နောင့်ခွန်းစိတ်ထဲ အမာရွတ်တခုလိုဖြစ်နေစေမဲ့ ဒဏ်ရာမျိုးဆိုရင်တောင် ဒီကောင်လေးကို နောင့်ခွန်းရွေးချယ်ချင်ပါသည် သို့သော် နောင့်ခွန်းမှာလည်း ငဲ့စရာတွေရှိနေသည် 

ဒီကောင်လေးဘဝကိုလည်း 
နောင့်ခွန်းဆွဲမချရက်တာမို့ 
နောင့်ခွန်းနာကျင်ရမည်ဆိုရင်တောင် ကောင်လေးကို 
မနာကျင်စေချင်တာမို့ 
မျိုသိပ်ထားခဲ့တာပါ။

"အင်းးးး ဟင်းးး မသွားပါနဲ့ " 

ယောင်ပြီး ညည်းလာတာကြောင့် ကောင်လေး သတိလည်လာပြီမှန်း
သိလိုက်သည် နောင့်ခွန်းပိုပြီးနာကျင်ရသည် ဒီကောင်လေး နောင့်ခွန်းကို 
အဲ့လောက်ထိသဘောကျနေမှန်း 
မသိခဲ့ပါ နောင့်ခွန်းက ‌စေကိုး ကို ဒဏ်ရာတွေပဲပေးနေမိခဲ့တာပဲ 

မင်းကို မထိခိုက်စေချင်ခဲ့လို့ပါ

တောင်းပန်ပါတယ် စေကိုးရယ်......

ကိုယ် တောင်းပန်ပါတယ်ကွာ

ကုတင်ပေါ်မှကောင်လေးရဲ့ 
ညာဘက်မျက်ဝန်းထောင့်ဆီမှ 
မျက်ရည်စက်လေးတ‌စက်ခေါင်းအုံးထက်ကို လွှင့်ကြွေကျလာလေသည်။

ထိုကောင်လေးနဲ့အတူ 
မျက်ရည်တွေကျရင်း 

တဖွဖွတောင်းပန်နေတဲ့
လူတယောက်လည်း ရှိနေလေရဲ့....... 

မျိုးကြီး - မလာပါနဲ့

https://youtu.be/ULu4ByCUnpg

---------------------------------------------------------

မိုးကုတ်မြို့.........
နွမ်စိုင်း ပစ္စည်းတွေကောပါတာမို့ ရုပ်ဖျက်ပြီး ပုံစံပြောင်းကာ 
သယ်လာခဲ့ရသည် မဟုတ်ရင် 
ခွေးတွေကအနံ့ခံကောင်းလွန်းသည်
မလား လူကိုမဖမ်းနိုင်ရင်တောင် ဆုံးရှုံးသွားရမဲ့ ပစ္စည်းတန်ဖိုးက 
ပေါ့သေးသေးမှမဟုတ်ပဲ။

နွမ်စိုင်း ကားဂိတ်မှာခြေချမိသည်နှင့် ကိုယ့်အဖွဲ့ကလာကြိုမည့်သူကိုမသိမသာ မျက်လုံးကစားကာ 
ရှာရသည် နွမ်စိုင်းကကျောက်မျက်ရတနာတွေအတွက် 
မိုးကုတ်ကို ခနခနလာနေကျဖြစ်ပြီး ခေါင်းဆောင်ပိုင်တဲ့ ကျောက်တွင်း နှစ်တွင်းလည်း ရှိသည် ။

ဒီနယ်မြေမှာလည်း ခေါင်းဆောင်ရဲ့လူတွေရှိသည်မို့ နွမ်စိုင်း နေဖို့ဘာညာ
အတွက် ပူစရာမရှိ။

ဂျစ်ကားလိုပုံစံမျိုးနားမှာ ကောင်လေးတယောက်နှင်းဆီအဖြူလေးကိုင်ပြီးရပ်စောင့်နေတာတွေ့မှ ‌နွမ်စိုင်းကို
လာကြိုတဲ့သူမှန်းသိလိုက်သည်။

"နှင်းဆီ အဝါ မယူလာဘူးလား" 

နွမ်စိုင်း စကားဝှက်နဲ့မေးလိုက်သည်။

"အဖြူကို ပန်ပေးဖို့"

လာကြိုတဲ့ကောင်လေးက 
ပြန်ဖြေသည်။ 

"အိုခေ အဲ့တာဆို သွားမယ် " 

နွမ်စိုင်းကပြောပြောဆိုဆို ကားပေါ်တက်လိုက်တာနဲ့ ကောင်လေးကလည်း ချက်ချင်းလိုက်တက်ကာ မောင်းထွက်လာလိုက်သည်။

နွမ်စိုင်းတို့ ကျောက်တွင်းတွေရှိတဲ့ဘက်မှာပဲ နားဖို့လုပ်လိုက်သည်။

နားမဲ့အိမ်ရောက်မှ နွမ်စိုင်း အသက်လေးဆယ်လောက်လူကြီးတယောက်ပုံစံလုပ်ထားတာတွေကို 
ဖျက်ပစ်လိုက်သည်။

အိမ်ပုံစံက သစ်လုံးတွေနဲ့ဆောက်ထားတာမို့ ချစ်စရာလေးပင်။
နွမ်စိုင်းအရမ်းသဘောကျတာမို့ 
လာတိုင်း ဒီနေရာမှာပဲနေသည်။

စောနက လာကြိုတဲ့ကောင်လေးက အသစ်မို့ထင်သည် နွမ်စိုင်းကို မသိ။

ဒီနေ့ ညနေ 6 နာရီ "Y" နဲ့
သွားတွေ့ဖို့ရှိတာမို့ နွမ်စိုင်းခရီးပန်း
လာပေမဲ့မနားနိုင်သေးပါ ။

"Y"ကအချိန်တိကျမှကြိုက်သည် 
နည်းနည်းလေးမှအလွှဲမခံတဲ့ ။

နွမ်စိုင်း ကျွမ်းကျင်တဲ့ကျောက်မျက်တွေဆို မျက်လုံးမှိတ်ရွေးတောင်ရတာမို့ "Y" ပြောတာတွေ ဂရုစိုက်စရာမလိုပေမဲ့ အခုက နွမ်စိုင်းမကျွမ်းကျင်တဲ့ လက်နက်အလဲအထပ် လုပ်ငန်းမို့ 
နွမ်စိုင်းသေချာပြန်စစ်ဆေးနေရသည်

နွမ်စိုင်းက သူ့ကိုအဖြူတွေ ပေးမှာဖြစ်ပြီး သူ့ဆီက လက်နက်တွေပြန်ယူရမှာပင် အချိန်တွေဟာ ကုန်တာ
မြန်လွန်းလှသည် ညနေ ငါးနာရီ 
ဆိုတာကို ညွှန်ပြနေပြီမို့ နွမ်စိုင်း 
ချိန်းထားတဲ့နေရာကိုကြိုသွားရန် ဆုံးဖြတ်လိုက်သည် အချိန်တိကျချင်တဲ့သူကို စောပြီးသွားစောင့်နေရတာ ပြသနာမရှိ‌ဘူးလေ ဟုတ်တယ်မလား
နွမ်စိုင်း အဖွဲ့ထဲကလူအချို့ကို ရွေးပြီးခေါ်လာလိုက်သည် နွမ်စိုင်းအပါအဝင်မှ ငါးယောက်သာ ဖြစ်သည် လင်းဆက်ပြောစကားအရ ဒီလူကြီးက ကတိတည်တယ် သူ့ကိုမထိသ၍သူကလည်း ဘာမှပြန်မလုပ်ဘူးဆိုတဲ့စကားကြောင့် နွမ်စိုင်း ယုံကြည်ရမည်ထင်လို့ လူအနည်းငယ်နဲ့သာ သွားဖို့ဆုံးဖြတ်လိုက်သည်။

___________________________________

At 5:50 Pm. ....

မိုးကုတ်မြို့အပြင်ဘက်နားက 
ခြံကျယ်ကြီးတခုတွင်
အနက်ရောင် ကားကြီးတစီး ထိုးစိုက်လာသည်နှင့် ခြံဝင်းအတွင်းမှ လူများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကာ ကားတံခါးကိုပြေးဖွင့်ပေးသူက ဖွင့်ပြီး ကားနောက်ခန်းက သယ်စရာရှိတာကို သယ်တဲ့သူနဲ့ အလုပ်တွေ
ရှုပ်ကုန်ကြသည်။

"ဘယ်လိုလဲ 'နွိုင်း' အဖွဲ့က 
လူရောက်ပြီလား Nic "

"ရောက်နေပါပြီဆရာ သူကချိန်းထားတဲ့အချိန်ထက် စောရောက်နေတာပါ"

'Y' နာရီကို ငုံ့ကြည့်မိတော့ 
5:55 Pm ဆိုတာ ပြနေသည် ။

'Y' ဒီအဖွဲ့ကလူတွေကို 
သဘောကျတာ အဲ့တာလည်းပါသည် 'Y' အကြိုက် အမြဲဖြစ်ရသည်မို့ 

"အိုခေ အဲ့တာဆို သွားတွေ့ကြတာပေါ့ သူ့အိမ်ထဲမှာပဲမလား "

" ဟုတ်တယ် ဆရာ "

'Y' အိမ်မကြီးဆီသို့ ပုံမှန် ခြေလှမ်းများဖြင့်သာ အေးအေးဆေးဆေး လျှောက်လာလိုက်သည်။
 
"ဒေါက်.... ဒေါက်.... ဒေါက်.... "

လှေကားဆီမှ ရှူးဖိနပ်နဲ့ ကြမ်းထိခတ်သံကြောင့် 'Y' လာပြီဆိုတာ 
နွမ်စိုင်း သိလိုက်သည် ။

လက်ပေါ်မှ နာရီကလည်း 6 နာရီထိုးလုထိုးခင်ကို ညွှန်ပြနေလေပြီဒီလူကတကယ်အတိအကျသမားပဲ နွမ်စိုင်းကြိုရောက်နေလို့သာတော်တော့သည် ဟု တွေးမိရင်းလေပူတချက်မှုတ်ထုတ်မိသည်။

အိမ်အပေါ်ထပ်က ဧည့်ခန်းနဲ့ လှေကားနဲ့က တည့်တည့်လို့ဖြစ်နေသည်မို့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့သူကို နောက်ကျောပဲမြင်ရလေသည်

'Y' နဲ့ကအလုပ်လုပ်နေကျသူတွေမို့ အကြောင်းသိနေတာလည်းပါမည် 

'Y' သဘောကျစွာပြုံးရင်း Nic နဲ့အတူ ဧည့်ခန်းဆီလျှောက်လှမ်းလာရင်း စကားဆိုလိုက်သည် ။

"ကဲ လင်းဆက် ဒီတခါကော ဘယ်လောက်ပမာဏ လိုချင်လဲ 
ဘာအမျိုးအစားတွေလိုချင်လဲ "

" ဗျာ " 

နွမ်စိုင်းကိုလင်းဆက်အထင်နဲ့ယပြောနေတဲ့သူကြောင့် နွမ်စိုင်း လည်း 
'ဗျာ' ဟု ဖြစ်သွားရသည်။

အံဩဟန် နဲ့ လည်ပြန်လှည့်ကြည့်လာတဲ့ ပုံရိပ်လေးကြောင့် 'Y' အလိုမကျ မျက်ခုံးတွေတွန့်ချိုးမိသွားပီး Nic ကိုလှမ်းကြည့်လိုက်သည်။

^^သေပြီ ကိုလင်းဆက်အစား 
လူသစ်လာတယ်ဆိုတာ 
ဆရာ့ကိုပြောဖို့ မေ့သွားတယ်^^

Nic ကိုယ့်နဖူးကိုယ်သာပြန်ရိုက်
ချမိလိုက်သည်။ ညာလက်ရုံးဖြစ်နေပီး
Nic သတိမေ့သွားတယ် ။

" ဆရာ အဲ့တာက "

"ကျွန်တော်က လင်းဆက်အစား
လာတာပါဗျ သူ့ကျန်းမာရေးအခြေအနေကြောင့်ကိုယ်စား
လာတာပါ "

Nic စကားမဆုံးခင် ဖြတ်ပြောလာတဲ့ ရှေ့ကလူသားလေးက စကားသံဝဲဝဲလေးနဲ့ လင်းဆက်တို့လို့ ရှမ်းတိုင်းရင်းသားပဲဖြစ်မည်ထင်သည်။
  
အသားဖြူဖြူလေးနဲ့ 'Y' နဲ့ယှဉ်ရင်လူကောင်သေးနေသလိုဖြစ်နေပေမဲ့ သူ့နေရာနဲ့သူတော့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လေးနဲ့လိုက်ဖက်သည့် အရပ်အမောင်းလည်းရှိနေပေမဲ့ 'Y' နဲ့စာရင် အနည်းအငယ်ပုနေသည်။

"‌ဪ ဟုတ်လား ကိုယ်က 
လင်းဆက်ပဲလာတယ်ထင်လို့ 
စကားလောသလိုဖြစ်သွားရတယ် ကိုယ်က 'Y' "
 
ရှတတအသံနဲ့ နားထောင်ကောင်းအောင်ပြောတတ်လွန်းတဲ့ 
လူကြီးပါပေ ။

"ဟုတ်ကဲ့ ကျွန်တော်က စဝ်နွမ်စိုင်းပါ လင်းဆက်အစားလာတာပါ Mr.Y "
 
"အိုခေ အဲ့တာဆို လုပ်ငန်းအကြောင်းပြောကြမလား ထိုင်ပါ"

" ဟုတ်ကဲ့ဗျ "

နွမ်စိုင်းလိုချင်တဲ့ပစ္စည်းတွေရဲ့ 
စာရင်းစာရွက်ကို စားပွဲပေါ်ကိုတင်ပြီး Y ရဲ့ရှေ့ကို တိုးပေးလိုက်ပြီး မသိမသာအကဲခတ်လိုက်သည်။

နွမ်စိုင်း က 'Y' ဆိုတာကို အသက်ကြီးကြီးလူကြီးတယောက်
ထင်နေတာ အခုတော့ အထင်နဲ့အမြင်တခြားဆီပင်

နွမ်စိုင်း နဲ့ ယှဥ်ရင်
'Y' ကအသားညိုတဲ့ဘက်ကိုသွားသည်

အသားအရည်ညို့စိမ့်စိမ့်လေးကို
Body ခပ်တောင့်တောင့် နဲ့ 
သက်လတ်ပိုင်းအရွယ်လောက်
သာရှိမည့် လူတယောက် ပြီးတော့ ကြည့်ကောင်းလွန်းတဲ့ရုပ်ရည်နဲ့လိုက်ဖက်စွာ စကားပြောချိုသာ
လွန်းသည်။
 
ရှေ့ကလူသားလေး 'Y' ကို
အကဲခတ်နေတာ 'Y' သိပါသည်။
 
စာရင်းစာရွက်ထဲကပစ္စည်းတွေကို စစ်ကြည့်နေရင်း 'Y' မော့ကြည့်လိုက်တဲ့အခါတိုင်း ဘာတွေအလိုမကျသည်မသိ တွန့်ချိုးသွားတတ်တဲ့မျက်ခုံးလေး ဆူထွက်လာတတ်တဲ့နှုတ်ခမ်းလေးရယ် တခါတခါကျလည်း ပြုံးယောင်ယောင်လေးဖြစ်နေတတ်သေးသည် ဒီလောကကြီးထဲမှာ ဘယ်လိုကျင်လည်လာလည်းမသိပေမဲ့ သူ့ပုံစံလေးက အရိုးခံအဖြူထည်လေးမှန်းအရမ်းသိသာသည် ယုန်ပေါက်လေး။

'Y' လက်ထဲက စာရင်းကို Nic 
ဆီလှမ်းပေးပြီး မျက်ရိပ်မျက်ခြေ 
ပြလိုက်သည်နှင့် ပါးနပ်လွန်းတဲ့ Nic က ပစ္စည်းတွေ အိမ်ပေါ်သယ်လာရန် အောက်ထပ်ကလူတွေကို 
လှမ်းပြောလိုက်သည်။

"မင်းလိုချင်တဲ့ပစ္စည်းတွေက ဒီမှာ "
 
'Y' လည်းအောက်ထပ်က သယ်လာတဲ့ လက်နက်အိတ်တွေကို စားပွဲပေါ်အစီအရီချပေးလိုက်သည်။
 
ရှေ့ကလူသားလေးက အိတ်တွေကို ဖွင့်ကြည့်ပြီး စစ်နေသည် 
သူ အကုန်သဘောကျသွားပုံပင် မျက်လုံးလေးတွေမှိတ်သွားသည်အထိ ပြုံးချလိုက်တာ 'Y' ခေတ္တ 
အသက်ရှုဖို့တောင်မေ့သွားရသည်

ချစ်စရာကောင်းလွန်းသည့်လူသားလေးပါပင် နောက်တခေါက်ထပ်တွေ့ရအောင် ပစ္စည်းတွေထပ်မှာဖို့ တိတ်တဆိတ်ဆုံးဖြတ်ချက်ချ
လိုက်မိသည်။
 
"ဟုတ်ကဲ့ ပစ္စည်းတွေကမှန်ပါတယ် ဒီမှာ Mr.Y တို့ပြောထားတဲ့ 
အဖြူမှုန့်တွေပါ "

ရှေ့ကပေါက်စပေးတာကို Nic ကလှမ်းယူပြီးစစ်ကြည့်လိုက်သည် 
'Y' ကို Nic ကမှန်ကန်ကြောင်း
ခေါင်းငြိမ့်ပြလိုက်သည်။

"Ok အဲ့တာဆို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်အဆင်ပြေပြီဆိုတော့ ခွင့်ပြုပါဦးဗျာ "

"အာ ချက်ချင်းကြီးပြန်တော့မို့လား 
ဒီလောက် ပမာဏအများကြီး ကိုယ်အားပေးထားရတာ ကိုယ်နဲ့ညစာလောက်တော့တူတူစားသွားပါလား"

"ကျွန်တော်တို့လည်း လက်နက်တွေယူထားတာပဲကို "

"ဟုတ်ပါတယ်လေ အဲ့တာဆိုလည်း လက်နက်တွေ ကိုယ့်လူတွေနဲ့ 
ကားပေါ်တင်ခိုင်းလိုက်မယ် "

" ဂွီ " 

နွမ်စိုင်း၏ဗိုက်ထဲမှ အချိန်ကိုက်မဟုတ်စွာပဲ အသံတွေ
မြည်လာလေသည်။
 
ပြုံးစိစိနဲ့ ကြည့်လာတဲ့ 'Y' ကြောင့် 
နွမ်စိုင်းမျက်နှာဘယ်နားထားရမှန်း
မသိဖြစ်ရသည်။

"ကဲ လာပါ ကိုယ်နဲ့တခုခုလိုက်စားလိုက်ပါ မြို့ထဲမှာ စားကောင်းတဲ့ဆိုင်တွေကိုယ်သိတယ် ပစ္စည်းတွေနဲ့ 
မင်းလူတွေကို စိတ်ချရတယ်မလား ပြန်လွှတ်လိုက်ပါ ကိုယ်ပြန်ပို့ပေးပါမယ် မင်းကို"

"လင်းဆက်နဲ့‌ကော အခုလို 
အတူတူစားတာပဲလား"

" ဟမ် " 

ပေါက်စက ခုထိအား‌နာနေပုံပင်
 
"အမြဲတမ်းတော့မဟုတ်ပါဘူး 
ကြုံဆုံမှ တခါတလေပေါ့"

" ဪ "

'Y' ပစ္စည်းတွေသေချာတင်ပေးဖို့ Nic ကိုမှာခဲ့ပြီး ဒါရိုက်ဘာကို နေခဲ့ခိုင်းကာ ကားကို ကိုယ်တိုင်မောင်းပြီးထွက်လာလိုက်သည်။

ရှမ်းရိုးရာအစားအစာတွေ ရမဲ့ဆိုင်မျိုးကိုသာ ဦးတည်မောင်းလိုက်သည် 

'Y' ပေါင်းသင်းဆက်ဆံလာရတဲ့ ပတ်ဝန်းကျင်အရ 'Y' ကလူကဲခတ်သိပ်ကျွမ်းကျင်လေသည်။

ဆိုင်ရောက်တော့ ပေါက်စလွတ်လွတ်လပ်လပ် စားလို့ရအောင် VIP အခန်းလိုမျိုးယူလိုက်သည်။

"ပေါက်စ မင်းကြိုက်တာ မှာနော်"

"ဗျာ ဗျာ ပေါက်စ က ဘယ်သူလဲ"

"အာ Sorry မင်းကိုကြည့်ရတာ ကိုယ့်ထက်အသက်ငယ်မယ်ထင်လို့ပါ "
 
"ဪ ရတယ် နွမ်စိုင်းပဲ 
ခေါ်လည်း ရတယ်"

"ကိုယ်ခေါ်ရတာ 
နည်းနည်းထောက်နေလို့ပါ"

နွမ်စိုင်း ကဘယ်နားခေါ်ရထောက်နေလို့လည်း ဒီလူကြီးတကယ်
မခေါ်တတ်စရာခက်ခဲနေတာမျိုးလည်းမဟုတ်ပါဘူး အေးလေ တိုင်းရင်းသားနာမည်ဆိုတော့လည်း ဟုတ်မှာပေါ့ မပြောတော့ပါဘူး 

ပြောလည်းရမဲ့ရုပ်မှမဟုတ်တာ 
လွှတ်ထားလိုက်ပြီး Menu ကဒ်သာ အာရုံရောက်သွားပြီး စားချင်တာတွေ
တန်းစီရွေးပြီး Waiter လေးလက်ထဲပြန်ပေးလိုက်သည်။ Waiter လေးအခန်းထဲက ထွက်သွားမှ

"အယ် Sorry ကျွန်တော် စားချင်တာတွေပဲ မှာနေတာ Mr.Y ကို
မေးဖို့ မေ့သွားတယ် "

"ရပါတယ် ကိုယ်ကအားလုံးစားတယ်"

" ဟုတ်ကဲ့ "

နှစ်ဦးသားကြားလေထုက 
တိတ်ဆိတ်သွားရလေသည်။
ဘာမှလည်းပြောစရာအကြောင်းအရာက ရှာမတွေ့သည်မို့ 'Y' လည်း ပေါက်စကိုသာ ထိုင်ကြည့်နေလိုက်လေသည် ဆယ်မိနစ်လောက်အကြာမှာ စားစရာတွေ လာချပေးသည်မို့ ပေါက်စ ရှေ့ကို ဟင်းပွဲတွေ
သေချာချပေးလိုက်သည်။

နွမ်စိုင်းနေ့လည်တည်းကဘာမှမစားရသေးသည်မို့ ဟင်းပွဲတွေလာချတာနဲ့ အစားအသောက်ဆီကိုပဲ အာရုံရောက်ကာ အားရပါးရစားနေမိသည်။

ပေါက်စကို ကြည့်ရသည်မှာ 
အတော်ဗိုက်ဆာနေပုံရသည် အားရပါးရစားနေသည်မှာ 'Y' ကို
ရှိသည်လို့ပင်ထင်ပုံမရ ။

နွမ်စိုင်းစားရင်းမှ ဘာသံမှမကြားသည်မို့ ခေါင်းမော့ကြည့်မိတော့ နွမ်စိုင်းကို ထိုင်ကြည့်နေတဲ့ 'Y' ကြောင့် စားနေတာတောင်နင်သွားသည်။

"Mr.Y စားလေ ဘာလို့လဲ ကျွန်တော့်မျက်နှာတခုခုပေနေလို့လား "

"မဟုတ်ပါဘူး"

"အဲ့တာဆို ကျွန်တော်ရွေးထားတာ
မကြိုက်လို့လားဟင်"

မျက်နှာငယ်လေးနဲ့မေးလာတဲ့ 
ပေါက်စကြောင့် 

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကိုယ်ဘယ်ဟာ စစားရမလဲစဉ်းစားနေလို့ပါ"

'Y' ပြောပြောဆိုဆိုနဲ့ ရှေ့မှာ ချထားတဲ့ ‌ဟင်းရည်ပန်းကန်ထဲက 
တဇွန်းခပ်သောက်လိုက်သည်။

" အဟွတ် " 

ရေမြန်မြန် သောက်လိုက်ရသည် ဟင်းရည်ကတော်တော်စပ်သည်မို့ အစပ်မစားတဲ့ 'Y' သီးပါ
သီးသွားရလေသည်။

နွမ်စိုင်းကြည့်နေရင်းမှ 'Y' က သီးသွားသည့်အပြင် ချွေးစလေးတွေပါမြင်လာရသည်မို့ အစပ်မစားနိုင်မှန်းသိလိုက်သည်။

နွမ်စိုင်း ရေတခွက်အမြန်ထည့်ပြီး ကမ်းပေးလိုက်ကာ 
"ကျွန်တော်တောင်းပန်ပါတယ် 
Mr.Y အစပ်မစားမှန်းမသိလိုက်လို့ ကျွန်တော် မှာချင်တာတွေ
မှာလိုက်မိတာ"

"အဟွတ် အဟွတ် အဟွတ်" 

ချောင်းတွေဆိုးပြီး သီးနေသည့်အတွက် အဆင်ပြေကြောင်းကို လက်သာကာပြလိုက်ရသည်။

ခနကြာမှ မျက်ရည်တွေပါဝဲကာ အသားညိုသူမို့ ချွေးတွေပျံကာ မျက်နှာအနဲငယ်ရဲချင်ချင်ဖြစ်နေရုံမှလွှဲ၍ ချောင်းဆိုးတာတွေ
ရပ်သွားလေသည်။

"ရပါတယ် အခုက ကိုယ်သတိမထားမိလို့ ဖြစ်သွားတာပါ အားနာလိုက်တာ ကိုယ့်ကြောင့်မင်းပါ အစားပျက်ရပြီ"

"မဟုတ်တာ ရပါတယ် ဒီမှာ ဒီအရွက်သုပ်လေးတွေက မစပ်ဘူး 
အဲ့တာနဲ့စားလိုက်နော် Mr.Y"

ပေါက်စ က ကိုယ့်အတွက်တွေးပြီး ပေးလာသည်မို့ 'Y' လှမ်းယူလိုက်ကာ 

"ကျေးဇူးပါ ပေါက်စ"
 
နှစ်ဦးသား ထမင်းစားခြင်းကို 
ပြန်စရလေသည်။
 
"Mr.Y စားရကောအဆင်ပြေရဲ့လား အရွက်သုပ်က မဟုတ်ရင် ကျွန်တော် တခြားဟာမှာပေးမယ်လေ"
 
"ရတယ် ရတယ် ဒါနဲ့ ကိုယ့်ကို 
Mr.Y လို့ ခေါ်ရတာ မပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး Mr.Y"
 
"ကိုယ်တို့က အကျိုးတူ အလုပ်လုပ်ကြတဲ့သူအချင်းချင်းပဲဟာ ရင်းရင်းနှီးနှီးခေါ်ပေါ့"

"အဲ့ဒါက 'Y' လို့ခေါ်ဖို့ဆိုတာကျ 
Mr.Y က ကျွန်တော့်ထက် အသက်ကြီးမယ်ထင်လို့ပါ ကျွန်တော် ရိုင်းသလိုဖြစ်သွားမှာဆိုးလို့"

"အင်း အဲ့တာဆို Mr.Y လို့လည်း 
မခေါ်နဲ့ 'Y' လို့လည်းမခေါ်နဲ့လေ "

"အဲ့တာဆို ဘယ်လိုခေါ်ရမှာလဲ "

အူကြောင်ကြောင်လေး ပြန်ကြည့်ပြီးမေးလာတဲ့‌ပေါက်စ ရဲ့ပုံစံက 
တကယ်ကို အူယားစရာ

"Mr.Y ဆိုတာကြီးက အရမ်း
သူစိမ်းဆန်သလို ခံစားရတယ် 
ကိုယ့်ကို လွယ်လွယ်ကူကူ 
ကိုကြီး လို့ပဲခေါ်ပေါ့"

"ဟား ဟား ဟား ကိုကြီး တဲ့ 
ခင်ဗျား အသက်လည်း ခင်ဗျား 
ပြန်ကြည့်ဦး အဖိုးကြီး လို့ခေါ်ဆို ဟုတ်ဦးမယ် "

နွမ်စိုင်း ရဲ့ နဂိုက ကန့်လန့်တိုက်တတ်တဲ့စိတ်လေးကပေါ်လာရသည်မို့ 
ရီတာအသံကျယ်သွားသည့်အပြင် 
ကိုကြီးလို့ ခေါ်ခိုင်းနေတဲ့ လူကြီးကို ကဲ့ရဲ့သလိုဖြစ်သွားရသည်။

"ဟာ ကိုယ်အဲ့လောက်
အသက်မကြီးသေးပါဘူးကွာ"

ဒီကောင်လေးကို ယုန်ဖြူလေးလို့ 
ထင်ထားတာ ခုလိုအပေါက်ဆိုးဆိုးကောင်လေးမှန်းမထင်ထားသည်မို့ 
'Y' ခမျာ အဖိုးကြီးခေါ်ခံလိုက်ရတာမို့ နင်သွားရသည်။ကိုယ်နဲ့စကားပြောတိုင်း ကျွန်တော် ကျွန်တော် နဲ့ 
ဗျ ဗျ နဲ့မို့ အခုလိုပြောတတ်လိမ့်မယ်လို့မထင်ထားရိုးအမှန်ပါ။

"ဟီး ခင်ဗျား အဲ့လောက်အသက်
မကြီးသေးမှန်းသိပါတယ် ဒါမဲ့ 
ဟား ဟား ဟား"

ပြောလည်းပြော မျက်လုံးပေါက်မမြင်ရတဲ့ထိ ရီလည်းရီနေတဲ့ ပေါက်စကြောင့် Y ကစိတ်ဆိုးရအခက် 
လိုက်ရီရအောင်လည်း
အခက် ဖြစ်သွားရသည်။

"တော်တော်လေး သဘောကျနေတယ်ပေါ့ ဟုတ်လား"

ပြုံးပြုံးလေး ပြန်မေးလာတဲ့ 'Y' ကြောင့် တဟီးဟီးတဟားဟား
ဖြစ်နေတဲ့ကိုယ့်ပါးစပ်လေးကိုယ်ပိတ်ကာ လင်းဆက်ပြောလိုက်တဲ့စကားတွေရယ် 'Y' အကြောင်း
ဖတ်ထားတဲ့ ဖိုင်တွဲတွေကို
သတိရသွားရသည် ။

'Y' ကသူ့ကိုမထိသ၍ အရာအားလုံးအေးဆေး 'Y' ရဲ့ထူးခြားချက်က အပြုံးချိုချိုလေးတွေနဲ့ 
ရက်စက်တတ်တာ ပြုံးပြုံးလေးနဲ့ လူသတ်တတ်တာမျိုးတွေ 

ဖတ်ထားတဲ့အကြောင်းအရာများ ခေါင်းထဲ အစီအရီ ပြန်ဝင်လာတဲ့အခါမှာတော့ စောနက အူမြူးနေမိတဲ့ ကိုယ့်ဘာသာ မုန်းလိုက်မိသည် ။

တို့ဖူးတုံး နဲ့ခေါင်းနဲ့သာပြေးဆောင့်လိုက်ချင်တော့သည်။
နွမ်စိုင်း တခုခုသာဆို 
ကိုယ်တယောက်တည်းမို့ 
ဘာမှလုပ်မရတဲ့အခြေအနေမျိုးဆိုတာ နားလည်လိုက်သည်။ 
 
"တောင်း‌ တောင်းပန်ပါတယ် "

ချက်ချင်းကြီး ရီမောနေရာက 
အသံတိတ်သွားကာ တုန်တုန်ရီရီ 
ပြန်ဖြေလာတဲ့ ပေါက်စလေး ကြောင့် 'Y' အံ့ဩသွားရသည် ။

'Y' လည်းဘာမှမလုပ်ရသေးဘူးလေ ဒီပေါက်စလေး တကယ်သဘောကျနေတယ်ထင်လို့ မေးလိုက်မိတာကို လန့်သွားအောင်ခြောက်လိုက်သလို
မျိုးဖြစ်သွားတာလား။

"ရပါတယ် ပေါက်စ လွတ်လွတ်လပ်လပ်ပြောပါ ဘာလို့လဲ "

"ကျွန်တော်အမှား 
လုပ်မိသွားလားလို့ပါ "

"မဟုတ်ပါဘူး ကိုယ်က 
မင်းစိတ်လွတ်လက်လွတ် ရီနေတာ သဘောကျလို့ပါ "

"ဗျာ ဘာလို့လဲ "

"အင်း ကိုယ်အဲ့လိုမရီဖြစ်ခဲ့တာ 
ကြာပြီမို့လေ "

" လူပဲဗျာ ကိုယ်‌သဘောကျတဲ့ဟာ
တွေ့ရင် ရီပေါ့ဗျ ဘာဖြစ်လဲ "

Y ထင်သလို ဒီကောင်လေးက တကယ်ဘဝကိုရိုးရိုးလေးတွေးနေတာပဲ လူတွေအကြောင်းသိပ်မသိသေးတာမျိုးများလား ဒီလောကထဲကျင်လည်နေတာတောင် ဘယ်လိုမျိုးဖြတ်သန်းနေတာလဲ ပေါက်စရယ် 
မင်းအစားရင်လေးလိုက်တာ ။
 
"စားလို့ပြီးပြီလား ပေါက်စ "

"ဟုတ်ကဲ့ဗျ ပြီးပြီ ပြန်မယ်လေ "

" ပြန်ချင်ပြီလား ပေါက်စ "
 
"အွန်း ပြန်မယ်လေ 
ဘာအလုပ်မှမရှိတော့ဘူးမလား "

"အလုပ်တော့မရှိတော့ဘူး 
မင်းနဲ့တော့ ရှိချင်သေးတယ် "
  
" ဗျာ "

"မင်းစကားပြောတာ 
သဘောကျလို့ပါ လွတ်လပ်လို့"

" ဪ "

'Y' ဒီပေါက်စလေးနဲ့အချိန်တွေ
အကြာကြီးအတူရှိချင်‌နေမိတယ်

ပထမဆုံးတွေ့ဖူးတာဆိုပေမဲ့ 
'Y' ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကွဲပြားနေတာမျိုးမို့လား
မသိတော့ပါဘူး ။

နွိုင်းအဖွဲ့က လူတွေကထူးဆန်းသလိုပင် လင်းဆက်နဲ့တုန်းကဆိုလည်း ဆက်ဆံရေးအလွန်ကောင်းသည် ။

နည်းနည်းရင့်ကျင်တဲ့ပုံစံဆိုတော့ 
ဒီပေါက်စနဲ့ နည်းနည်းတော့ 
ကွဲတာပေါ့ သူတို့ခေါင်းဆောင်နဲ့
တွေ့ကြည့်ဦးမှပင် သူတို့အဖွဲ့ 
ပုံစံက တမျိုးပဲ

"ကျွန်တော် တစ်မနက်လုံးကားစီးလာရတာ မနားရသေးဘူး အဲ့တာမို့ 
နားချင်လို့ "

"Oh! အဲ့တာဆို ကိုယ်လိုက်ပို့ပါ့မယ် လာသွားမယ် "

" ဟုတ်ကဲ့ဗျ "

Y ရဲ့ကားလေးဟာ ပေါက်စ နေတဲ့ ကျောက်တွင်းဘက်ကအိမ်တွေဆီကို ဦးတည်ရပြန်‌သည် ။

အမှန်တော့ ပေါက်စ နေတဲ့နေရာကို သိချင်တာလည်းပါတာမို့ ပေါက်စကသူ့လူတွေလာကြိုခိုင်းမည်ဆိုတာကိုလက်မခံပဲ အိမ်အထိ လိုက်ပို့ဖို့ 
'Y' စီစဉ်လိုက်တာပါ 

ည8 နာရီ လမ်းမထက်မှာ လူအနည်းငယ်နဲ့ ကားအချို့သာ ရှိတော့သည်မို့ လမ်းလည်းရှင်းနေသည်မို့ 
ဆောင်းလေအေး‌အေး လေးတိုးဝင်လာတာကို ခံစားရင်း ကားကိုဖြည်းဖြည်းသာမောင်းလာလိုက်သည်

ပေါက်စပြောတဲ့ လိပ်စာအတိုင်းမောင်းရင်း ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ 'Y' ကားပေါ်မှာ 
စိတ်ချလက်ချအိပ်ပျော်နေတဲ့ ပေါက်စပါပေ ပင်ပန်းနေတာကြောင့်လည်းပါမည်ထင်သည် ။

အိပ်နေပုံကအစ အူယားစရာလေး 
တခြားလူတွေရှေ့မှာလည်း 
ဒီလိုပဲအိပ်နေလေသလားမသိ 
'Y' ရှေ့ကလွှဲပြီးတခြားလူရှေ့မှာ 
မအိပ်စေချင်ဘူး 
တခုခုဆွဲလုပ်မိတော့မယ် အခုတောင် 

မရောက်စေချင်‌သေးပေမဲ့လည်း ပေါက်စနေထိုင်ရာနေရာကိုရောက်ရှိလာခဲ့လေပြီ ပေါက်စကိုကြည့်ရသည်မှာလည်းနိုးမည့်ပုံမပေါ် 
ဒီအတိုင်းလေးထိုင်ကြည့်နေချင်ပေမဲ့ ဇာတ်နာသွားမည်စိုးရိမ်သောကြောင့် နိုးမှရမည်လေ

"ပေါက်စ ပေါက်စ ထတော့ 
အိမ်ရောက်ပြီ"

"အင်းး အင်း ဟင် ဝါးး 
ရောက်ပြီလား "
 
အိပ်မှုန်စုန်မွှားနဲ့ မျက်လုံးတွေ
ပွတ်ကာ နိုးလာသည့်ကောင်လေးက တကယ်ကို အပြစ်ကင်းစင်လွန်းသည်။

"အင်း ရောက်ပြီ "

"ဟုတ် လိုက်ပို့တဲ့အတွက် 
ကျေးဇူးပါဗျ ပြီးတော့ ညစာအတွက်လည်း ကျေးဇူးပါဗျ" 

အိပ်ချင်မူးတူးဖြစ်နေတာတောင် ကျေးဇူးတင်စကားရအောင် ပြောသွားပြီးမှ ကားပေါ်မှ ဆင်းသွားသည်။

"ရပါတယ်ဗျာ ပေါက်စ အိပ်ချင်မူးတူးနဲ့သေချာကြည့်သွားဦးနော် Goodnight ပေါက်စ "

"ဟီး ဟုတ်ကဲ့ဗျ Goodnight 
ကိုကြီး 'Y' "

ပြောပြောဆိုဆို ခြံထဲလှမ်းဝင်သွားတဲ့ ပေါက်စကတော့ 'Y' အဖြစ်ကို 
မမြင်နိုင်တော့ပါ ကိုကြီး 
လို့ခေါ်သွားတာလား ပေါက်စ ကလေ 

ဟီးဟီး 'Y' တယောက်
သဘောတွေကျပြီး ကားပေါ်မှာ 
ပြုံးပြုံးကြီးနဲ့ ကျန်နေခဲ့ရသည်။
 
( P&K : နွားပြာကြီး
အောက်သွားဖြဲပြသလို တဟီးဟီးနဲ့ 

"Y" :: ပစ်စတိုကြိုက်လား ရိုင်ဖယ်ကြိုက်လား ဟို၂ကောင် ရွေး 

P&K: ဟင့်အင်း ကော်ရီး ကိုပဲ
ကြိုက်တာ စတာ ပြေးပီးလို့ ဝှီးး)

'Y' ပေါက်စ ဝင်သွားတဲ့ 
အိမ်တံခါးဝလေးကိုငေးနေမိသည်။

^^ကိုယ်နဲ့ နောက်တကြိမ်
ထပ်ဆုံကြမယ် ပေါက်စ ^^

'Y' အချိန်အနဲငယ်ကြာတဲ့ထိ
ငေးကြည့်နေပြီးမှ ကားပြန်မောင်းထွတ်လာခဲ့သည် ။

---------------------------

10-9-2021

Thanks For Reading.

@Paing & Koe 🌸🍉
  
Love You All. ..... 💛💛💛


rate now: