book

Index 8

Part - 7

နောက်ကို ပြန်လှည့်ကြည့်လာတဲ့ 

မျက်နှာချောချောက 

နတ်ဘုရားတပါးမှ လူ့လောကသို့

ကိုယ်ထင်လာပြနေသယောင်


သိမ်းငှက်တကောင်လိုစူးရဲနေတဲ့


မျက်ဝန်းညိုညို များနဲ့

  

လိုက်ဖက်စွာ တည်ရှိနေတဲ့ 


မျက်ခုံး‌တန်းနက်နက်လေးရယ် 


ဖြောင့်ဆင်းနေတဲ့နှာတံလေးရယ် 


တင်းတင်းစေ့ပိတ်ထားတဲ့ 


နီညိုရောင်နှုတ်ခမ်းတစုံ နဲ့အတူ


ထင်ထင်ရှားရှား တည်ရှိနေတဲ့Jawline 


ကျောက်စိမ်းကဲ့သို့ ဖြူစင်သန့်ရှင်းနေတဲ့


လည်တိုင်ထက်မှ Adam Appleကအစ

  

ကြည့်ကောင်းနေသည် မဟုတ်သေးဘူး


ပြည့်စုံလွန်းသည် ထိုလူသားမှာ


ယောကျာ်းချင်းတောင် ခွန်း ငေးမောမိသွားသည်။


တကယ့်ကို 

ဆွဲဆောင်မှုအရှိဆုံးအရာကိုပြပါဆိုလျှင်


ခွန်းရှေ့မှာရှိနေသော ထိုလူသားကိုသာ

လက်ညိုးထိုးပြရပါလိမ့်မည်။


ခွန်းငမ်းကောင်းနေစဉ်


"ခွန်း ခေါင်းဆောင်ကော "


နွမ်စိုင်းက မေးရင်း

အိမ်ပေါ်သို့ တက်လာသည်။


" ဒီမှာ 

ငါတယောက်လုံးထိုင်နေတယ်လေ "


" ဗျာ " 


" ဟမ် "


'ဗျာ' ဆိုသောအသံက နွမ်စိုင်းဖြစ်ပြီး 


'ဟမ်' က ခွန်းစီမှဖြစ်သည်။


နှစ်ယောက်လုံး တပြိုင်တည်းအသံထွက်မိသွားသည် ။


" မင်း ယုံလား ခွန်း " 


" မယုံပေါင်ဗျာ "


ခွန်း အနားကိုလာပြီးမတ်တပ်‌ရပ်နေတဲ့ 

နွမ်စိုင်း မှမေးလိုက်‌တော့ 

ခွန်းလည်း ပြန်ဖြေလိုက်သည် ။

  

နှစ်ယောက်သားအတိုင်အဖောက်ကိုညီလို့ရှေ့မှာရှိတဲ့လူက ဟိုလူကြီးတဲ့ 

မယုံနိုင်စရာတွေ ။


^^ 'အီး 'စား ပြောတောင် 
'အီး'ကြိုက်လို့ 
လို့ သတ်မှတ်လိုက်မယ် ဟွန့် ^^ 

ခွန်းအတွေးတောင် မဆုံးသေး 
ထိုလူ့ဆီမှ အသံထွတ်လာသည် ။

" ၂ကောင်လုံး ခြောက်လုံးပြူးစာ 
မိချင်ပြီလား "

ခွန်း တို့ ၂ယောက် အံ့သြသွားမိသည်။

"အယ် ခေါင်းဆောင် 
ဘယ်လိုဖြစ်တာလဲ "

နွမ်စိုင်းမယုံကြည်နိုင်စွာမေးလိုက်တော့

" ဘာကို ငါက ဘာဖြစ်ရမှာလဲ "

"ခေါင်းဆောင်ကို ရုတ်တရက် ကျွန်တော် 
မမှတ်မိဘူးတောင်ဖြစ်သွားတယ် အဟဲ"
  
"အဟမ်း နွမ်စိုင်းက ဒီလာ ငါ့ကို
အရင်ရက်က စာရင်းတွေပြ 
ဟိုကောင်လေး မင်းမျက်နှာသစ်မှာမလား သွားသစ်ချေ "

" ဟုတ်ကဲ့ " 

" ဟုတ်ဗျ " 

နှစ်ယောက်သားဖြေပြီး 
နွမ်စိုင်းက ခေါင်းဆောင်ထိုင်နေတဲ့နား
သွားထိုင်လိုက်သည်။

ခွန်းကတော့ မျက်နှာသစ်ဖို့အိမ်အောက်ဆင်းလာလိုက်သည်။

^^ ဘဲကြီးကတော်တော်ချောတာပဲ 

ဒီလူကြီးက သူ့ခန့်ညားမှုတွေကို
အမွှေး​တွေနဲ့ဖုံးထားတာပဲ ဟိဟိ 

ငါ့လူကြီးက တကယ်ကိုမိမိုက်နေရော 
ငါလေး သဘောကျမိတာမှားလား 

(A/N:သဘောကျမိတာအပြစ်လားအမေ)

လင်းဆက်ရေ မင်းစဉ်းစားခိုင်းတဲ့အဖြေကိုခုရပြီ ငါ သူ့ကိုသဘောကျတယ် ။
 
ဒီလူကြီးကို ငါကမချောခင်တည်းက ကြိုက်တာဆိုတော့ ခုဆို ရွာကလူတွေပါကြိုက်ကုန်တော့မှာ ဒီလူကြီးကို 

မဖြစ်ဘူး မဖြစ်ဘူး 
ငါကာကွယ်မှရမယ် ငါ့လူကြီးပါသွားလို့မဖြစ်ဘူး ^^

ခွန်း မျက်နှာသစ်ရင်းအတွေးတွေ
များနေရသည် ဒီလူကြီးကြောင့်

__________________________________
  
"ဝါးး တကယ်ကြီး ငါတို့ခေါင်းဆောင်က ဒီလိုကျအရမ်းချောတာပဲ "

"ခေါင်းဆောင်ကအခုကျ 
လူငယ်လေးကျနေတာပဲနော် "

"ခေါင်းဆောင်မျက်နှာကို ခုမှသေချာ
တွေ့ရတော့တယ် ချောလိုက်တာ"

စခန်းထဲမှာ တယောက်တပေါက်နဲ့
ပြောနေကြတဲ့ အသံတွေကြောင့် 

နောင့်ခွန်းမနေတတ်မထိုင်တတ်တောင်
ဖြစ်ချင်လာသည် ။ 

ကိုယ့်ကိုယ်ကြည့်ကောင်းမှန်းသိပေမဲ့ 
လူတွေအားလုံးက ဒီလိုကြီးအံ့ဩနေ
လိမ့်မယ်လို့မထင်ခဲ့တာတော့အမှန်ပါ။

ဟိုကောင်လေးပြောလို့သာ ဒါတွေကိုဂရုစိုက်မိပြီး ရိတ်သင်ပစ်ခဲ့တာ 
တောထဲမှာနေတဲ့ နောင့်ခွန်းလိုလူအတွက် အလှအပဆိုတာ လိုမှမလိုခဲ့ပဲလေ။

ခွန်းတယောက်တော့ ဘဲကြီးနောက်
ပတ်လိုက်ရင်း ဒီလူကြီးရဲ့ ယောက်ျားပီသတဲ့မျက်နှာချောချောကို အမိအရငမ်းနေတာပင် ဒီလိုအမွှေးအမျှင်တွေမရှိတော့ 
ဒီလူကြီးမျက်နှာက နုဖက်နေတာပဲ

ပါးသိုင်းမွှေးမုတ်ဆိတ်မွှေးရိတ်ထားတဲ့နေရာတွေကလည်း စိမ်းဖန့်ဖန့်လေးဖြစ်နေပြီးအတော်ကြည့်ကောင်းသည်။

သူ့လူတွေကိုအမိန့်ပေး နေတဲ့အချိန်မျိုးဆို တည်ကြည်တဲ့မျက်နှာထားတင်းတင်းမျိုးနဲ့ တကယ့်ကိုအားကိုးချင်စရာကြီး ခွန်းတော့ ဒီနေ့တနေ့လုံး အလုပ်ကို သေချာမလုပ် ဟိုလူကြီးမျက်နှာကိုသာ ငမ်းနေရသည်။

"အဲ့တာဆို စိုက်ခင်းတွေဘက်သွားမယ် 
ဒီဘက်အပိုင်းက တခုခုလိုရင် စံမူကိုပြောထားလိုက်ကြ "

နောင့်ခွန်း စခန်းက လူတွေကို ပြောပြီး ဆိုင်ကယ်ဆီကိုပြန်ထွက်လာခဲ့လိုက်သည်။
  
နောက်ကိုကြည့်တော့ ဟိုကောင်လေးက
မပါလား မတ်တပ်ကြီးရပ်ပြီးဘာလုပ်နေသည်မသိ။

"ဟိုကောင်လေး ဘာလုပ်နေတာလဲ 
လာလေ နေခဲ့မလို့လား "

" အောခ အောခ "

နောင့်ခွန်းလည်း ဒီကောင်လေးကိုမနိုင်ပါ ရှမ်းစကားသင်ချင်သည်ဆိုပြီး နွမ်စိုင်းကို အတင်းတွေသင်ခိုင်းပြီး ဟိုတစဒီတစ လိုက်လိုက်ပြောနေတတ်တာ 
မနိုင်လို့ လွှတ်ထားလိုက်ရသည်။

ဆိုင်ကယ်စီးတိုင်းလည်း သူပြုတ်ကျမည်ဆိုးလို့ဆိုပြီး နောင့်ခွန်းခါးကိုဖက်ထားတတ်သေးတာ စိတ်ချမ်းသာသလိုလုပ်ဆိုပြီးလွှတ်ထားလိုက်တော့သည်။

" ဝူး......." (ဆိုင်ကယ်သံ)

တောင်ကြောစိုက်ခင်းပေါ်ရောက်တော့ 
နောင့်ခွန်း အလုပ်သမားတွေကို
လိုက်စစ်နေစဥ် 
နွမ်စိုင်းနဲ့ ဟိုကောင်လေးက ပူးပူးတွဲတွဲနဲ့ဘာတွေပြောနေသည်မသိ ပန်းခင်းတွေကြားမှာ ။သူတို့ကို အပွင့်တွေကြည့်ခိုင်းလိုက်တာကိုဘာတွေလုပ်နေသည်မသိ။
  
"နွမ်စိုင်း ပီအိုက်ဆိုတာ အကိုဟုတ်လား"

" အင်း ဟုတ်တယ် "

" အဲ့တာဆို ညီလေးကကော "

" နောင့်စိုင်း "

" အောခ "

"နေကောင်းလားဆိုရင်
ဘယ်လိုမေးရမလဲ"

" ယူလီခ ဟ"

" နွမ်စိုင်း အဲ့တာဆို ကောင်လေးဆို ဘယ်လိုခေါ်ရမလဲဟင် "

" ဟမ် " 

နွမ်စိုင်း အခင်းတွေစစ်နေပါတယ်ဆို 
ဘေးကနေ သာလိကာ တကောင်
ခေါ်လာရသလိုမျိုး တတွတ်တွတ် 
ပြောနေတဲ့ ခွန်းကိုကြာလာတော့
စိတ်မရှည်ချင်တော့ပေ။

အလုပ်လုပ်ရမှာလား သူမေးတာဖြေရမှာလားမသိတော့ စိတ်ကအချဉ်ပေါက်လာသည်မို့ရွဲ့ပြောလိုက်လိုက်သည်။

" ကျောက်ဝ်ဖို "

(ရှမ်း လို လင်ယောကျာ်း )

" အောခ ဟဲ ဟဲ"

" နွမ်စိုင်း အဲ့တာဆို "

" နွမ်စိုင်း ဟိုကောင်လေး 
လာခဲ့တော့‌ ပြန်ကြမယ် "

ခွန်း မေးမို့ပဲရှိသေးတယ် ဟိုလူကြီးခေါ်သံကြောင့်ဆက်မမေးရတော့။

တွေ့မယ် အဲ့လူကြီး

" ကျောက်ဝ်ဖို ခနလေးစောင့်နော် 
လာခဲ့မယ် "

ခွန်းအကျယ်ကြီးကို အော်ပစ်လိုက်သည်။

ဟွန့် ဘယ်ရမလဲ အမြဲတမ်း ခွန်းကိုကောင်လေး ကောင်လေးနဲ့ခေါ်တဲ့ 
ဒီလူကြီးကိုလက်စားပြန်ချေပစ်သည်။

" ဟား ဟား ဟား " 

ခြံထဲကလူတွေကရီကုန်ကြသည်။

"ဟိုကောင်လေး အခုလာခဲ့ 
ဘာတွေလျှောက်အော်နေတာလဲ"

"ဟာ ခွန်း ခေါင်းဆောင်ကို 
အဲ့လိုမခေါ်ရဘူးလေဟ "

နွမ်စိုင်းတော့ ဒီတခါ တကယ်သေပြီ ဘယ်သူသင်ပေးတာလဲမေးရင် 
နွမ်စိုင်းခေါင်းပေါ်လာမှာ 
ဒီပိစိကောင် ခေါင်းဆောင်ကို
အဲ့လိုခေါ်လိမ့်မယ်လို့မထင်ခဲ့လို့ 
စောက်တလွှဲသင်ပေးမိတာပါဗျာ 

"ကျောက်ဝ်ဖို စောင့်ဦး
လာပြီ လာပြီ "

" ဟာ မပြောပါနဲ့ဆို " 

နွမ်စိုင်းကတားပေမဲ့ ထိုပိစိကောင်ကအပြေးအလွှားရှေ့ကသွားသည်မို့ ခေါင်းဆောင်က သူ့ပါးစပ်ကို
ပြေးလာပိတ်သည် ။

"ကောင်လေး မင်းတော့
သေတော့မယ် "

နောင့်ခွန်းက ပြောလည်းပြော 
ခွန်းပါးစပ်ကိုလည်းလက်နဲ့ပိတ်ထားလိုက်သည်။ခြံထဲကလူတွေကလည်း နောင့်ခွန်းကိုကြောက်လို့သာပြုံးစိစိ နဲ့လုပ်နေကြတာ ဘယ်လောက်ရီချင်နေကြမှန်းမသိ။

ခွန်းလည်း ပါးစပ်ကိုလာပိတ်တဲ့ဘဲကြီးကြောင့် ယက်ကန် ယက်ကန်နဲ့ ဘဲကြီးနောက်ပါလာရသည်။
ဘာလို့လာပိတ်မှန်းလည်းမသိ ။

ဟဲဟဲ သူ့ကို ကောင်လေးခေါ်တာကို
မကြိုက်လို့နဲ့တူတယ် ။

နောင့်ခွန်း ဒါတွေရဲ့ တရားခံဖြစ်တဲ့ 
နွမ်စိုင်းကိုသာ အကြည့်စူးစူးတချက်ပေးလိုက်သည်။
‌နွမ်စိုင်းလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ အသက်နဲ့ခန္ဓာအိုးစားမကွဲအောင် 
မျက်လွှာလေးချပြီး မသိချင်ယောင်ဆောင်နေရသည်။
နွမ်စိုင်း ခြောက်လုံးပြူး မကြိုက်ပါ ။
  
" နွမ်စိုင်း မင်းဒီနေ့လင်းဆက်ဆီသွားပြီး လက်နက်ကုန်သည်အကြောင်း
သွားမေးလိုက် ငါပြန်နှင့်တော့မယ် "

" ဟုတ်ကဲ့ ခေါင်းဆောင် "

နွမ်စိုင်း အသက်‌လေးကိုနှမြောသောအားဖြင့် လှစ်ခနဲနေအောင် အမြန်ပြေးထွက်လာရသည်။

" ဝူး...."

နွမ်စိုင်းထွက်သွားပီး ဆိုင်ကယ်တစီးနဲ့ 
ခွန်းတို့နှစ်ယောက်ပဲကျန်တော့မှ 

"ဘာလို့ ကျွန်တော့်ကိုပါးစပ်လာပိတ်တာလဲ ခင်ဗျားကြီးက ကျွန်တော့်ကျခေါ်ပြီး ခင်ဗျားကြီးကိုခေါ်တာကျ မကြိုက်ဘူးပေါ့"

"မင်းကဘာလဲသိလို့လား အဲ့တာဆို "

"သိသားပဲ ဟွန့် လူကို 
ပိန်းဥများ မှတ်နေသလား 
ကျောက်ဝ်ဖို ဆိုတာ ကောင်လေးတဲ့"

"ဘယ်သူပြောတာလဲ "

" နွမ်စိုင်းလေ "

^^ဒီကောင်လေး ဂျင်းထည့်ခံလိုက်
ရတာပါလား ဟုတ်ပါတယ်လေ 
မင်းက ပိန်းဥမဟုတ်ပါဘူး ကန်စွန်းဥ^^

နောင့်ခွန်း ကိုယ့်အတွေးနဲ့ကိုယ်
သဘောကျပြီး အားရပါးရရီမိသည်။

ခု ဘဲကြီးကရီနေတာလား 
ခွန်းအူကြောင်ကြောင်ကြည့်မိသည် 
ဘဲကြီးအခုလိုစိတ်လိုလက်ရရီတာမျိုး 
ခွန်းအခုမှပထမဆုံးမြင်ဖူးတာမို့ အထူးအဆန်းဖြစ်နေရသည်။

^^Oh Shit ! ဒီလူကြီးရီတာတောင် 
ဘာလို့အဲ့လောက်ကြည့်ကောင်းပြီး
ချောနေရတာလဲ ^^

ခွန်းတကယ်ကို မနာလိုတော့ပါ။

______________________________________

"လင်းဆက် ငါလက်နက်တွေသွားယူဖို့ 
ဒီတခါမိုးကုတ်ဘက်ထိရောက်လိမ့်မယ် မင်းရဲ့ကုန်သည်အကြောင်းသေချာသိရအောင် ငါလာမေးတာ လက်နက်ပိုင်းကျငါ မကျွမ်းကျင်ဘူးလေ "

" 'Y' လား "

" အင်း ဟုတ်တယ် အဲ့လူကြီးက နာမည်ဆိုးနဲ့ကျော်ကြားတယ်လေ 
အဲ့တာမို့ "

"ဟာ အဲ့လောက်လည်းမဟုတ်ပါဘူးကွာ သူကအချိန်အတိအကျသမားမို့ပါ 
ငါလုပ်လာတဲ့ တလျှောက်လုံး
အဆင်ပြေပါတယ်ကွ "

" မသိဘူးလေ မင်းနဲ့လိုက်နေကျ
ကောင်လေးတွေကိုငါမေးတော့ အဲ့လူကြီးက တော်တော်ဆိုးတယ်ပြောကြလို့ "

"ဟာ ပေါက်ပေါက်ရှာရှာ ဒါမှမဟုတ် 
မင်းအဆင်မပြေရင် ငါသွားလိုက်မယ်လေ ငါလည်းသက်သာနေပါပြီ "

" မလုပ်လိုက်ပါနဲ့ကွာ မိုင်ငယ်နဲ့ငါ
သတ်ရလိမ့်မယ် ဟိုကမင်းကို
စိတ်ပူနေလိုက်တာမှ မပြောချင်ဘူး 
မင်းကိုလုံးဝမလွတ်နဲ့ဆိုတာကို ခေါင်းဆောင်ကိုတောင်ပြောနေတာ 
အဲ့တာမို့ ငါသွားရတာ တခြားသူဆိုလည်း စိတ်မချလို့ "

" အေးအဲ့တာဆိုလည်း ခနလေး 
သူ့နဲ့ပတ်သတ်တဲ့အချက်အလက်တွေရှိ‌တယ် ငါယူပေးမယ် ခနစောင့် "

လင်းဆက်အိမ်ပေါ်တက်ပြီး 
သေတ္တာထဲထည့်သိမ်းထားတဲ့ 
ဖိုင်တွဲတွေကြားက 
'Y' ဆိုတဲ့သူရဲ့ ဖိုင်ကို
ရှာထုတ်လာလိုက်သည်။

" ရော့ ဒါသူ့အချက်အလက်တွေပဲ "

"အင်း အဲ့တာဆို ငါယူသွားလိုက်မယ် 
အိမ်မှာအေးဆေးဖတ်ပြီးမှ
ပြန်လာပေးတော့မယ် "

"ရတယ် ယူသွား မင်းအလုပ်ပြီးမှ ပြန်လာပေး ဒါနဲ့ မင်းကဘယ်နေ့သွားမှာလဲ "

" သဘက်ခါ "

"အေး ဂရုစိုက်ဦး 'Y' က
အချိန်တိကျမှကြိုက်တယ် "

" အေးပါ သွားပြီ "

" အင်း အင်း "

နွမ်စိုင်း ခေါင်းဆောင်ဆီလည်း 
သွားစရာမလိုတော့တာမို့ အိမ်ကိုသာပြန်လာလိုက်သည်။

_____________________________

"ဘဲကြီး စောနက ကျွန်တော်ပြောတာ
မှားလို့လား သူများတွေက ပြုံးစိစိလုပ်နေကြတာ "

"ဘာကိုလဲ "

"ကျောက်ဝ်ဖို ကိုလေ "

"မင်းအတွက် ဒီညနေစာ မိုင်ငယ်က အသားကင်ပေးမယ်တဲ့ "

"ဟင် တကယ်လား "

"ငါက လိမ်နေတဲ့ရုပ်ပေါက်နေလား"

"မပေါက်ပါဘူး ဟီးဟီး ပွဲရှိလို့လားဗျ "

"ငါတို့အိမ်က ပွဲရှိမှကျွေးရမှာလား 
ဒီအတိုင်း တခါတလေကင်စားနေကြ အချိန်မ‌အားလို့သာမလုပ်ဖြစ်ကြတာ"
  
" ဪ ဟုတ်ကဲ့ပါ "

နောင့်ခွန်း အစားအသောက်အကြောင်းပြောတာနဲ့ ချက်ချင်းအာရုံကလွှဲပြီးသားဖြစ်သွားတာပဲဒီကောင်လေးကတော့ အစားအသောက်ဆို နှစ်ခါမညှိရပေ။

ခွန်းအိမ်ရောက်ရင် အသားကင်စားရမယ်ဆိုပြီးသဘောတေကျနေရင်း 
ပြန် စဉ်းစားမိတော့မှ 
ဂါးးးးးး ဒီလူကြီးသတ်သတ်မဲ့စကားလမ်းလွှဲသွားတာပဲ ခွန်းမေးနေတာ 
တခြားဟာကို ။

အိမ်ပြန်ရောက်တော့ မိုင်ခမ်းကို 
ခွန်းနဲ့အတူ ဘဲကြီးကပါလုပ်ကူပြီး 
ခြံထဲမှာ ခုံလေးချကာ အသားကင်ဖို့ 
မီးဖိုတွေပြင်ကြရသည်။
 
ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ 
ခွန်း ကတော့ ရှုပ်ကူတာပင် ။

ညမှောင်ရီပျိုးစအချိန် 
ငွေရောင်ကြယ်ပွင့်လေးတွေက 
ဟိုတစဒီတစ ထွက်ပြူစပြုနေပြီး

တောင်တန်းတွေရဲ့ အထက်နားဆီမှ လခြမ်းကွေးသေးသေးလေးကလည်း

သူ တက်စွမ်းသလောက်အလင်းရောင်ကိုဖြန့်ကျက်ပေးနေပြန်သေးသည်။

နှင်း‌စက်လေးတွေကလည်း 
ကမ္ဘာမြေပြင်ပေါ်သို့ အပြိုင်
ကျဆင်းနေပြန်သေးသည်။

ချယ်ရီပင်ကြီးကလည်း 
အဖူးတွေ ဝေနေပေပြီ ။
 
ခြံထဲက လူသုံးဦးကတော့ 
မီးပုံကြီးရဲ့ အကူအညီနဲ့ 
အနွေးဓာတ်ကိုရယူပြီး အေးဆေးစွာပင် 
စားသောက်နေကြလေသည်။

အတူစားတယ်သာပြောတာ 
ခွန်းနဲ့မိုင်ခမ်းကချည်းစားနေတာပင် 
ဘဲကြီးက ကင်ပဲကင်ပေးပြီးသိပ်မစားပေ။

ရာသီဥတုအအေးဒဏ်ကို 
အံ့တုရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ 
Whiskey ပုလင်းကြီးပင်
ထောင်ထားလိုက်သေးသည်။

ခွန်းနဲ့မိုင်ခမ်းအတွက်ကျ ဝိုင်ပုလင်းလေး
ချပေးပြီး ဘဲကြီးတယောက်တည်းသာ 
Whiskey သောက်နေသည် ။

ခွန်း မိုင်ခမ်းနဲ့ အသားကင်လုစားနေရာမှ 
Whiskey ခွက်ကိုကိုင်ထားတဲ့ 
ဘဲကြီးလက်ဆီသို့အာရုံရောက်သွားသည်။

ဖန်ခွက်ကိုင်ထားတဲ့ ဖ​ယောင်းကဲ့သို့ 

ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ 

လက်ခုံပေါ်မှ Veins ကတကယ်ကို လိုက်ဖက်လွန်းလှသည် ။

ခွန်း လူကြီးလက်ထဲမှ ဖန်ခွက်ကိုတောင်
မနာလိုဖြစ်မိသွားသည်

ခွန်းနဲ့ ဘေးတစောင်း
အနေအထားဖြစ်နေတဲ့ ဟိုလူကြီးမျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။

" ဟိတ် ကောင်လေး စားလေ
ဗိုက်ပြည့်သွားလို့လား "

လူကြီးအသံကြားမှ ကြောင်ကြည့်နေတဲ့ ခွန်းအသိဝင်လာသည်။

" စားမှာပါ ကျွန်တော်က 
နားနားပြီးစားနေတာမို့ "

ခွန်း အယောင်ယောင်အမှားမှား နဲ့ 
ဝိုင်ခွက်ကိုတခွက်လုံးကုန်အောင်
မော့ချပစ်လိုက်မိသည် ။

ညနက်လာလေလေ 

အအေးဓာတ်ကြောင့်ပေလား

ဝိုင်ရဲ့တန်ခိုးကြောင့်ပင်လား မသိ 

ကောင်လေး ပါးမို့မို့လေးနဲ့နှာခေါင်းလေး
က တဖြည်းဖြည်း ​ရဲတက်‌လာသည်။

နောင့်ခွန်း လိုအပြင်းချနေတဲ့သူက 
မမူးရပဲ ကောင်လေးကမူးနေလေပြီ။

"မိုင်ငယ် ပန်းကန်​တွေသိမ်းလိုက်တော့နော် 
ခုံတွေကို ကိုကြီး မနက်မှသိမ်းလိုက်မယ်
ထားခဲ့လိုက် အခု ဒီကောင်လေးကို 
အိပ်ခိုင်းလိုက်တော့မယ် "

"ဟုတ် ရတယ် ကိုကြီး မိုင်ငယ်လည်း ဗိုက်ဝနေပြီ သိမ်းတော့မှာ "

"အင်း အင်း"

နောင့်ခွန်း ကောင်လေးကို ချိုင်းကဆွဲမပြီး မတ်တပ်ရပ်ဖို့ကူပေးလိုက်ပြီး 
အိမ်ဘက်ကို တွဲခေါ်လိုက်သည်။

"ဟင့်အင်း မအိပ်သေးဘူး 
စားဦးမှာ စားဦးမှာလို့ဆို "

"အေး ‌အေး စား စား "

လူကသာမျက်လုံးမပွင့်တော့တာ 
စားဖို့ကျပြော‌နိုင်သေးသည့် 
ကောင်စုတ်လေးပါပေ ။

အခန်းထဲရောက်တော့ ကောင်လေး
အိပ်ယာက မခင်းရသေးသည်မို့ 
နောင့်ခွန်း ကုတင်ပေါ်သို့
ကောင်လေးကို ခနတင်ပြီး 
သူ့အိပ်ယာခင်းပေးဖို့ လုပ်လိုက်သည်။

ကောင်လေးကို ကုတင်ပေါ် 
ခနလှဲဖို့ ချပေးချိန်

နောင့်ခွန်းကိုပါ လည်ပင်းမှ
တခါတည်းဆွဲဖက်ထားသည်မို့ 
  
နောင့်ခွန်း ပါ ကုတင်ပေါ်သို့ ကျသွားစဥ်

" အင့် "

" ပြွက်စ် "

" ဟင် "

နောင့်ခွန်း မျက်လုံးပြူးသွားမိသည် ။

နောင့်ခွန်း ခု ထိတွေ့လိုက်မိသည်က

အိစက်နေတဲ့ ကောင်လေးရဲ့ 
ပါးဖောင်းဖောင်းလေး ပင်

နောင့်ခွန်း ရဲ့ နှာတံချွန်ချွန်တို့ 

နစ်ဝင်သွားမိသည်အထိ

ကောင်လေးရဲ့ ပါးဖောင်းဖောင်းလေးက အိစက်နေသည်တဲ့လား

နောင့်ခွန်း မနေနိုင်စွာ ကောင်လေး
ပါးလေးကို လက်နဲ့ ထပ်ဖျစ်ညစ်မိသည်

အဟက် အိကျိအိကျိလေး နဲ့ 

ဟိုဘက် ပါးကရော ဒီလိုမျိုး
အိစက်နေသလား သိချင်စိတ်နဲ့ 

နောင့်ခွန်း ကောင်လေး ရဲ့ ညာဖက်
ပါးလေးကိုပါ ဆွဲညစ်လိုက်သည် 

အတော်ကြာ ဖျစ်ညစ်မိနေပြီး

နောင့်ခွန်း သတိဝင်လာတော့ ​
ကောင်လေး ပါးဖောင်းဖောင်းလေးမှာ
အနည်းငယ် နီရဲနေလျက်ရှိသည် ။
  
နောင့်ခွန်း ဘာတွေလုပ်လိုက်မိတာလဲ

ကောင်လေး ကတော့ နှစ်ခြိုက်စွာ အိပ်စက်နေတုန်းပင် ။ 

အမြန် အိပ်ယာခင်းပြီး ကောင်လေးကို 
ရွေ့ပေးလိုက်မိသည် ။

နောင်ခွန်း မှာတော့ ရင်တွေတုန်ပြီး 
အိပ်မပျော်တော့ပေ ...............။

----------------------------------------------------

နောက်တနေ့မနက်.......

"ခေါင်းဆောင် အဲ့တာဆိုတခုခုလိုရင် လင်းဆက်ကိုခေါ်မေးလိုက်နော် "

"အင်း မင်းလည်းသတိထား
ပစ္စည်းတွေပါတာမို့ ဒီကအသွားကို ခြေရာဖျောက်သွား မိုးကုတ်ရောက်ရင် 
လူကြိုစောင့်နေလိမ့်မယ် "

" ဟုတ်ကဲ့ ခေါင်းဆောင် "
 
ဒီနေ့ နွမ်စိုင်း မိုးကုတ်ကို 
အလုပ်ကိစ္စနဲ့သွားရမှာမို့ 
ခေါင်းဆောင်းဆီကို စာရင်းတွေ
လာပို့ပေးတာပင် 

" ငါလည်း ဒီနေ့တောင်ကြီး 
သွားဖို့ရှိသေးတယ် မင်းရွာထဲက
ဖြတ်ရင် လင်းဆက်ကို တချက်ဝင်ပြောပေးခဲ့ စခန်းကို သွားစစ်ပေးဖို့ "
  
"ဟုတ်ကဲ့ ခေါင်းဆောင် "

___________________________________

ရွာက သီတင်းကျွတ်ကန်တော့ပွဲအတွက် လိုတဲ့ ရှမ်းဝတ်စုံတချို့ကို နောင့်ခွန်း နဲ့ စံမူက တောင်ကြီး
တက်ပြီး မှာထားတဲ့ဆိုင်မှာ
သွားယူရမှာဖြစ်သည်။

ဒီနေ့ အလုပ်လည်းပါးတာမို့ 
နောင့်ခွန်းကိုယ်တိုင်သွားလိုက်ရတာ အရင်ဆို နွမ်စိုင်း နဲ့ခိုင်းနေကြပင်။

ဒီနေ့ ဟိုကောင်လေးကိုလဲ မိုင်ငယ်နဲ့ လိုက်သွားခိုင်းလိုက်သည် ။

တောင်ကြီးမြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်မှ 
နောင့်ခွန်းမြို့ထဲမရောက်ဖြစ်တာ
ကြာပြီပဲဆိုတာ သတိထားမိသည်။

ယိုးဒယားဘက်အခြမ်းကိုသာ 
နောင့်ခွန်းမှာ လူးလာခေါက်ပြန်သွားနေရတာ တောင်ကြီးကိုကျ တန်ဆောင်တိုင်ကလွဲရင် 
မရောက်ဖြစ်ခဲ့တော့ပေ‌ ။

"ရောက်ပြီ ခေါင်းဆောင် ဒီဆိုင်ပဲ"

"ကားဒီဖက်မှာ ရပ်လို့ရလား စံမူ"

"ရတယ် ခေါင်းဆောင် 
ဆိုင်ထဲလိုက်ကြည့်ဦးမလား 
ကားပေါ်မှာပဲစောင့်မလား "

" ငါ လိုက်ခဲ့မယ် "

ကားကိုလမ်းဘေးကပ်ရပ်ပြီး 
နောင့်ခွန်းလည်း စံမူနောက်က
လိုက်ခဲ့လိုက်သည် ။

ဆိုင်ရှင်ကောင်မလေးနဲ့ စံမူက 
သိတဲ့ပုံပင် နှစ်ယောက်သား
စကားတွေပြောပြီး အထည်တွေသေချာပြပေးနေရင်းရီမောနေကြသည်။

မိန်းကလေးဝတ်တွေအကြောင်း 
နောင့်ခွန်းလည်းနားမလည်တာမို့ 
ဆိုင်ထဲရှိ ယောက်ျားလေးဝတ် 
ရှမ်းဝတ်စုံတချို့သာ လိုက်ကြည့်နေလိုက်သည် နောင့်ခွန်းအရပ်နဲ့ကျတော့ အော်ဒါမှာပြီးချုပ်မှ ရသည် အသင့်ချုပ်ပြီးသားတွေကအဆင်မပြေပေ။
  
ယောက်ျားလေးဝတ်တွေလိုက်ကြည့်နေရင်း မိုးပြာရောင် ဝတ်စုံလေးက နောင့်ခွန်းမျက်လုံးထဲဝင်လာသည်။

^^ဟိုကောင်လေးနဲ့ဆို 
ကွက်တိလောက်ပဲ ^^ 

နောင့်ခွန်းကိုယ့်အတွေးနဲ့ကိုယ်
တွေးမိပြီးမှငါဘာလို့သူ့ကိုပဲတခုခုဆိုသတိရနေရတာလည်းဆိုပြီး 
ကိုယ့်ကိုကိုယ်ပြန်သတိပေးရသည်။

စံမူနဲ့ ထိုဆိုင်ရှင်ကောင်မလေး 
ဘာတွေအကြာကြီးပြောပြီးလက်ဟန်ခြေဟန်တွေလုပ်ပြသည်မသိ ထိုဆိုင်ရှင်ကောင်မလေးက နောင့်ခွန်းကို လှမ်းကြည့်နေသည်မို့ အနေခက်ရလေသည်။

နောင့်ခွန်းလည်း ဝတ်စုံတွေကိုပဲ 
ပြန်လိုက်ကြည့်နေပေမဲ့
မိုးပြာရောင် ဝတ်စုံလေးဆီကိုပဲ 
စိတ်ကခနခနရောက်နေရလေသည်။

ပိုက်ဆံရှင်းချိန်တွင်တော့ 
နောင့်ခွန်းမနေနိုင်စွာ ထိုဝတ်စုံလေးကို ရအောင်ဝယ်လာလိုက်သည်။

ရွာကကောင်လေးတွေ၊ကောင်မလေးတွေမှာတဲ့အဝတ်တွေနဲ့
မရောကုန်အောင် နောင့်ခွန်း သီးသန့်သပ်သပ်ဖယ်ထားလိုက်သည် 
  
စံမူကြည့်နေတာသိပေမဲ့ ဂရုမစိုက်ပဲမသိချင်ယောင်ဆောင်ထားလိုက်သည်။

စံမူကလိုအပ်တဲ့ပစ္စည်းတချို့ဝယ်ချင်သည်ဆို၍ နောင့်ခွန်း တောင်ကြီး မြို့မဈေးဘက်မောင်းပို့ပေးပြီးမှ 
နှစ်ယောက်သား ရွာပြန်ခဲ့ကြသည်။

နောင့်ခွန်းကားကို ရွာပြင် ဂိုထောင်ဆီမှာ ရပ်လိုက်ပြီး ပစ္စည်းလာသယ်ပေးတဲ့ကလေးတွေကို အဝတ်အစားအိတ်တွေပေးလိုက်ကာ ရွာထဲကလူတွေ ကိုယ့်အဝတ်ကိုယ်ရွာလူကြီးအိမ်မှာ
လာရွေးယူဖို့ပြောခိုင်းလိုက်သည်။

မိုင်ငယ့်အတွက် အဝတ်နဲ့ နောင့်ခွန်းအဝတ်ရယ် ဟိုကောင်လေးအတွက်ဝယ်လာတာရယ်ကို သပ်သပ်ယူလာလိုက်ပြီး အိမ်သိုပြန်လာလိုက်သည်။

စံမူကလည်း သူ့ဆိုင်ကယ် အိမ်မှာထားခဲ့သည်မို့ နောင့်ခွန်းနဲ့အတူလိုက်လာသည်။

"ပြန်လာပြီလား ဘာမုန့်ပါလဲဟင်"
  
နောင့်ခွန်း အိမ်ထဲဝင်ဝင်ခြင်း 
ဝရံတာမှာမေးထောက်ထိုင်နေတဲ့ ကောင်လေးက မုန့်ပါလားအရင်
ဆီးမေးတာခံလိုက်ရသည်။
  
မသိရင် နောင့်ခွန်းက ကလေးအဖေကြီးကျနေတာပဲ လူကြီးတွေမြို့သွားလို့အိမ်ကနေမုန့်မျှော်နေတဲ့ ကလေးပုံစံပေါက်နေတာကို ဒီကောင်လေးပုံစံက။

ခွန်း ဟိုလူကြီး တောင်ကြီးသွားတယ်ဆိုလို့ မျှော်နေတာ နေ့လည်တည်းက ခုပြန်ရောက်တော့ ‌ညနေတောင်ရောက်တော့မယ် လက်ထဲမှာလည်းအထုပ်တွေနဲ့မို့ ရွာမှာ အိမ်လုပ်မုန့်တွေကလွဲရင်တခြားသရေစာမစားရတာကြာပြီမို့ မုန့်များပါမလားဆိုတဲ့စိတ်နဲ့ 
မုန့်ပါလားဟင် ဆိုတာမျိုးကိုအရင်မေးမိသွားသည်။

လူကြီးအနောက်က လိုက်ဝင်လာတဲ့ 
မစံမူကိုမြင်တော့ ခွန်းရင်ထဲအောင့်သက်သွားရသည်။

ရွာထဲမှာ လူတိုင်းတစွန်းတစပြောနေတာမျိုးတွေ ခွန်းကြားပါတယ် ။

မစံမူနဲ့ ဒီလူကြီးသတင်းတွေကို 
ခွန်း မစံမူကို ဒီအတိုင်းဆိုအရမ်းသဘောကျပါတယ် မိန်းကလေးပေမဲ့ တော်တော်စိတ်မာတယ် ။ လုပ်ရည်ကိုင်ရည်ရှိတယ်။
ရုပ်ရည်ဆိုလည်း အပြစ်ပြောစရာမရှိ 

ဒါပေမဲ့ ခွန်းလူကြီးနဲ့ပတ်သတ်လာတာမျိုးကျ မဆိုင်သေးမပိုင်ရသေးပေမဲ့လည်းသဝန်တိုခွင့်တော့ရှိတယ်မလား 

မနက်ကမိုင်ခမ်းကို မေးတော့ 
ဒီလူကြီးက စခန်းကလူတယောက်နဲ့သွားတယ်ပဲပြောခဲ့တာ 
မစံမူ လို့မပြောဘူး အခုဒီပုံအတိုင်းဆို သူတို့နှစ်ယောက်အတူတူသွားပြီးပြန်လာတာပေါ့ ခွန်းရင်ထဲတင်းကြပ်လာပြီးငိုချင်လာသည်။

"အဲ့တာဆို စခန်းဘက်ခနဝင်ပြီး 
အိမ်ကိုပြန်လိုက်တော့မယ်နော် ခေါင်းဆောင် "

"အင်း ဟုတ်ပြီ ဖြည်းဖြည်းမောင်းဦး"

"ဟုတ်ကဲ့ " 

စံမူက ဦးတချက်ညွှတ်ပြီး။

သူ့ဆိုင်ကယ်ကို ယူကာ 
မောင်းထွက်သွားလေသည်။

စံမူ မရှိတော့ဘူးဆိုမှ

"ရော့ ဒီမှာ မင်းအတွက် ဝတ်စုံ "

လူကြီးပေးလာတဲ့လက်ဆောင်ကြောင့် ခွန်းဝမ်းနည်းနေတာတွေ
ပျောက်သွားသလိုပင် အပျော်တွေပင်ပိုလို့တိုးလာရသည်။

ဒီလူကြီးက ခွန်းအတွက် 
လက်ဆောင်ဝယ်လာပေးတယ်တဲ့လေ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ။

ခွန်းလည်း ဘဲကြီးပေးတဲ့ လက်ဆောင်လေးကို သေချာထုတ်ကြည့်မိတော့ မိုးပြာရောင်ဝတ်စုံလေး ခွန်းနဲ့လည်း ကွက်တိလောက်ဖြစ်မည့်ပုံပေ ဒီလူကြီးဘယ်ဆိုးလို့လဲ အရောင်တွေဘာတွေသေချာရွေးတတ်တာပဲ ခွန်းအကြိုက်ပဲ

"‌ခင်ဗျား ကိုယ်တိုင်ရွေးလာ
ပေးတာလား "

"မဟုတ်ဘူး စံမူ ကူရွေးပေးတာ"

နောင့်ခွန်း ကိုယ်တိုင် ဒီကောင်လေးအတွက်ဝတ်စေချင်လို့ရွေးလာပေးတာဆိုတာကို မာနက ပြောခွင့်မပြုပေ 

" ဟင် "

ခွန်းမျှော်လင့်ချက်လေးက 
ရိုက်ချိုးခံလိုက်ရသလိုပင်။

အဲ့တာဆို မစံမူရွေးလာပေးတာပေါ့ ခွန်းကတော့ ဒီလူကြီးကိုမျှော်လင့်လိုက်ရတာ သူ့မျက်လုံးထဲမှာ ခွန်းကဘာမှမဟုတ်ဘူးလား ရှေးရိုးစွဲနေတဲ့ လူကြီးဆိုတော့ ဟုတ်မှာပါလေ 
ခွန်းက သူ့အတွက် ခဏတာလာတဲ့ဧည့်သည်အပြင် ဘာကိုပိုရဦးမှာလဲ ခွန်းမှာဘာကိုမျှော်လင့်နေရတာလဲ ခွန်းကိုယ့်ကိုယ်မကျေမနပ်ဖြစ်လာရသည် ဘာကိုပေါက်ကွဲချင်နေမှန်းလည်းမသိတော့။

ချက်ချင်းကြီး မျက်နှာ ညိုးကျသွားတဲ့ ကောင်လေးကြောင့်နောင့်ခွန်း
ဝယ်လာပေးတာသဘောမကျလို့များလား စောနကတောင်ပျော်နေတဲ့ပုံပေါက်နေတာကို မုန့်မဝယ်လာလို့များလား နောင့်ခွန်းအတွေးတွေဝင်လာရသည်။

" ဘာလို့လဲ မကြိုက်ဘူးလား 
ကောင်လေး "

"ကျွန်တော့် နာမည်ရှိတယ်ဗျ 
ကောင်လေး ကောင်လေးနဲ့‌မခေါ်နဲ့ ကျွန်တော်ကလေး မဟုတ်တော့ဘူး "

ခွန်းပြောလည်းပြောရင်း နေရာကထကာ အခန်းထဲဝင်သွားလိုက်သည်။

ဒီလူကြီး ပြန်ပြောလာမဲ့စကားတွေကို နားထောင်နိုင်ဖို့ ခွန်အားမရှိသေးလို့ပါ။
 
အလကားနေရင်း ဘဲကြီးအပေါ်
ဒေါသထွက်မိတာ လွန်မှန်းသိပေမဲ့ ပေါက်ကွဲစရာသူပဲရှိတာမို့ 
မတတ်နိုင်သူ့ကြောင့်ဖြစ်ရတာလေ။
 
နောင့်ခွန်းလည်း ကြောင်သွားရသည် အရင်လည်းခေါ်နေကျကို အခုမှ
ဘာဖြစ်သည်မသိ ကောင်လေးလို့
ခေါ်တာ တကယ်မကြိုက်လို့များ သည်းခံပြီး‌အခေါ်ခံနေရတာက 
ဒီနေ့တော့ သူမကြိုက်ကြောင်း 
ထုတ်ပြောတဲ့ပုံပင် ။
 
နောင့်ခွန်းက ကောင်လေးလို့ခေါ်လို့ စိတ်ဆိုးသွားသည်ထင်ပါသည် ။အခန်းထဲဆောင့်အောင့်ပြီး
ဝင်သွားလေသည်။
  
(A/N: ကန်စွန်းဥနဲ့ ပိန်းဥ 
လိုက်လဲလိုက်တဲ့အတွဲ) 

နောင့်ခွန်းလည်း မိုင်ငယ်အတွက်အဝတ်ကို မိုင်ငယ့်အခန်းရှေ့မှာထားပေးခဲ့ပြီး အဝတ်လဲရန် အခန်းထဲဝင်လာတော့ ကောင်လေးက စောင်ခေါင်းမြီးဆွဲခြုံကာအိပ်နေလေသည်။

^^ဟင်း ......သေချာပါပြီ ဒီကောင်လေး သူ့ကိုစိတ်ကောက်နေပြီ^^

နောင့်ခွန်းက ကိုယ့်ထက်လည်းအငယ်ဆိုတော့ ဒီအတိုင်းပဲခေါ်လိုက်မိတာကို လူကြီးပေါက်စဖြစ်ချင်နေတဲ့ 
ဒီကောင်လေးက စိတ်ကောက်နေသည်တဲ့လား အဲ့တာဆို သူ့ကိုဘယ်လိုခေါ်ရမှာလဲ နောင့်ခွန်းတွေးရကျပ်လေပြီ ကောင်လေးက နာမည်ပဲခေါ်စေချင်တယ်ဆိုတော့လည်း ခေါ်ရုံပေါ့ 
ဘာတတ်နိုင်မလဲ ဒီကောင်လေးက 
 
နောင့်ခွန်းကိုသာ သူ့ကိုကောင်လေးလို့ခေါ်လို့လာစိတ်ကောက်ပြနေတာ 
နောင့်ခွန်းကိုကျ ဘဲကြီးတို့ ခင်ဗျားကြီးတို့ ဟိုလူကြီးတို့ခေါ်တာကျ 
နောင့်ခွန်းကဘာမှမပြောရဘူး

ဟင်း......... နောင့်ခွန်းသက်ပျင်းသာချပြီး စိတ်ကောက်နေတဲ့ကောင်လေးကိုလည်းဘာမှမပြောတော့ပဲ အိပ်သာအိပ်ပစ်လိုက်သည်။

--------------------------

သီတင်းကျွတ်အခါနီးပြီမို့ 
ရွာကလူတွေလည်း အလုပ်တွေ
ရှုပ်နေကြလေသည်။
မကြာခင်လပြည့်တော့မည်မို့ ရွာကမိန်းမပျိုများသည်လည်း အဝတ်အသစ်တွေဝယ်ရန်တက်ကြွနေကြလေသည်။

ဒီနေ့မနက်ခင်းရဲ့ မနက်စာစားပွဲဝိုင်းတွင် လေထုကအေးစက်သည်ထက်ပင်ပိုနေသယောင် နွမ်စိုင်းလည်းမရှိသည်မို့ နောင့်ခွန်းတို့သုံးယောက်သာဖြစ်နေသည်။

အရင်ဆို စကားတတွတ်တွတ်ပြောတတ်တဲ့ကောင်လေးက တိတ်ဆိတ်နေတော့ တခုခုလိုနေသလိုပင် 

"ကိုကြီး ဒီနေ့ မိုင်ငယ် ပီအိုက်နဲ့ တောင်ကြီးခနသွားမို့ "

"အင်း သွားလေ လင်းဆက်ကကော အခုသက်သာနေပြီမလား"

"ဟုတ် ကောင်းသွားပါပြီ အခုဆို 
ခြံထဲဘက်တွေတောင်ဝင်စစ်ပေးနေသေးတယ် ပီအိုက်က "

"ကောင်းပြီလေ သက်သာတယ်
ဆိုလည်းပြီးတာပဲ "

"ငါလည်း နင်နဲ့လိုက်မယ် မိုင်ခမ်း"

"ဟဲ့ နင်က သူများအတွဲကြား
ဘာလိုက်လုပ်မှာလဲ"

"ငါလည်းတောင်ကြီးထိမလိုက်ပါဘူး လင်းဆက်ကိုပြောစရာရှိလို့ ခနပဲလိုက်တွေ့မှာပါ ပြီးရင်ငါ့အလုပ်ငါသိတယ်"

မိုင်ခမ်းလည်း ကိုကြီးကို 
လှမ်းကြည့်လိုက်တော့ 
ခေါင်းငြိမ့်ပြသည်မို့ 

"အေး လိုက်ခဲ့လေ စားပြီးရင် 
သွားကြ တာပေါ့"

" အင်း "

ခွန်း စားလက်စကိုအမြန်
လက်စသတ်ကာ ခြံထဲဆင်းပြီး 
မိုင်ခမ်းကိုစောင့်နေလိုက်သည်။

ဟိုလူကြီးကို မျက်နှာချင်းမဆိုင်ချင်ပါ ခွန်း ကိုယ့်စိတ်ကိုမလုံလို့ပါ။

အဲ့တာကို ဟိုလူကြီးကတော့ သူ့ကိုစိတ်ကောက်နေတယ်ပဲထင်နေမှာ 
ဒီလူကြီးနား နေတာလပိုင်းတောင်မရှိသေးဘူးဆိုပေမဲ့ 
ခွန်းနေတာကြာလာတာနဲ့အမျှ ပိုပြီးသံယောဇဉ်တွယ်လာရသည် ။

ဆုံးရှုံးရမှာကြောက်လာသည် 
ခွန်း ရင်ထဲက တဖက်သတ်ခံစားချက်တွေကို ဘဲကြီး ငြိုငြင်မှာလည်းကြောက်သည်မို့ ဖွင့်လည်းမပြောရဲပေ

ကြာလာလေ ခွန်းခံစားချင်တွေ
မထိန်းချုပ်နိုင်လေဖြစ်လာရသည်။
 
ခွန်း အတွေးနဲ့ထပ်တူ
မျက်ရည်စက်လေးကပါးပြင်ပေါ်မှဖြတ်သန်းစီးဆင်းလာလေသည်။

" ပြီးပြီ သွားမယ် "

မိုင်ခမ်းက ပြောလည်းပြောရင်း 
ခွန်းအနားကိုလျှောက်လာသည်။

မိုင်ခမ်းက တောင်ကြီးသွားမည်
ဆိုတော့ အလှတွေဘာတွေ
ပြင်လာသည် ။
အရင်က မျက်နှာပြောင်နဲ့ မြင်နေကျမို့လားမသိ ဒီလိုကျလည်း ချစ်စရာလေးပင် ။

ခြေသလုံး တဝက်လောက်ရှည်တဲ့ ဂါဝန်အဝါဖျော့လေးကို 
အပေါ်မှဆွယ်တာအဖြူလေး 
ထပ်ဝတ်ထားပြီး အရင်က 
ထုံးထားတက်တဲ့ဆံပင်များကိုလည်း အနောက်ဖက်တွင် တဝက်စည်းကာ တဝက်ချထားသည် ။
 
မျက်နှာကိုလဲ Make up ပါးပါးလေး လိမ်းထားပြီး နှုတ်ခမ်းနီလေးပါဆိုးထားတော့ Korea မလေး အတိုင်းပင်။

ဟိုကောင်လင်းဆက်သဘောကျတာလည်းမပြောနဲ့ အပြောဆိုးပေမဲ့ စိတ်ရင်းအတော်ကောင်းရှာသည်။

ခွန်း နဲ့မိုင်ခမ်း လင်းဆက်အိမ်ဆီသို့အတူတူလမ်းလျှောက်လာရင်း

"နင်ဘာဖြစ်နေတာလဲ 
မနက်တည်းက ငါမေးမို့ "

" အင်း ဒီလိုပါပဲ "

ခွန်းမှာ ^နင့်အစ်ကို ကို
ကြိတ်ကြိုက်နေတာဟ^ လို့ ပြောပစ်လိုက်ချင်တာမှ ပါးစပ်ကိုယားလို့ 

သူ့အိမ်လည်းလာနေသေးတယ် 
သူ့အစ်ကိုကိုလည်း ကြံနေသေးတယ်ဆို မျက်နှာပူရတယ်မလား 
ပြောချင်စိတ်ကို ချိုးနှိမ်ထားရသည်။
 
" နင် ငါ့အစ်ကိုကို 
သဘောကျနေတယ်မလား "

" ဟမ် " 

ခွန်းလမ်းလျှောက်ရင်း 
ခလုတ်တိုက်လဲမလိုဖြစ်သွားရသည်။

ဒီအတွဲကအကြားအမြင်ရနေတာလား 

ဟိုကောင်‌လင်းဆက်ပြောပြလိုက်တာများလား။

" ဟာ မဟုတ် မဟုတ်ပါဘူးဟ "

" ငါ့ကိုလာလိမ်မနေနဲ့ နင့်ငါ့အစ်ကို
ကို ကြည့်တဲ့အကြည့်တွေ
ငါမမြင်ဘူးများထင်နေလား 

ငါလည်း ပီစိုင်းကို စပြီးသဘောကျတဲ့အချိန်တုန်းက အဲ့လိုပဲမို့ ငါသိတယ် 

အဲ့တုန်းက ငါ့ကိုအသက်ငယ်လို့ဆိုပြီး ပီစိုင်းက လက်မခံခဲ့ဘူး 
ငါဇွတ်တိုးလို့သာ ရခဲ့တာ "

"ဟင် အဲ့ဒါက ငါအရမ်းသိသာနေတာလား ဒါပေမဲ့ နင်နဲ့လင်းဆက်လိုမျိုး ပုံမှန်အနေအထားတခုမဟုတ်ဘူးလေဟာ ငါနဲ့ နင့်အစ်ကိုကျ ယောက်ျားလေးနှစ်ယောက်ဖြစ်နေတယ်လေ "

"ဘာဖြစ်လဲ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် 
ကိုယ်ချစ်ချင်တဲ့သူကို ချစ်တာပဲ 
ငါကတော့အဲ့လိုအစွဲတွေမရှိပါဘူး"

‌ခွန်း တကယ်ကို အံ့ဩသွားရသည်

ခွန်းတို့ မန္တလေးလိုနေရာမျိုး 
ပွင့်လင်းမြင်သာရှိတာတောင် 
တချို့ကလက်သင့်မခံနိုင်ကြပေ
ဒီလိုကိစ္စမျိုးကို ။

မိုင်ခမ်း ဆိုတာ ရွာငယ်လေးက 
ပြီးတော့ အင်တာနက်တွေဘာတွေ
ဆိုတာလည်းမရတဲ့နေရာမျိုးက 
အဲ့တာကို လက်ခံပေးနိုင်တယ်ဆိုတော့ ခွန်းလောက်ပျော်တဲ့သူမရှိတော့ပါ 
ပြီးတော့ ခွန်းကြိုက်နေတာ 
တခြားသူလည်း မဟုတ်သူ့အစ်ကိုကို 

"နင်က အစွဲမရှိပေမဲ့ နင့်အစ်ကိုကကော ငါ့ကိုလက်ခံနိုင်ပါ့မလား"

"အဲ့တာတော့ နင်ကြိုးစားပေါ့ဟ 
ငါလည်းကူညီပေးမယ်လေ 
နင့်ငါ့အစ်ကိုကိုတကယ်
ကြိုက်တာမလား "

"အင်း တကယ်ကြိုက်တာ 
အရမ်းကိုသဘောကျတာ "

" နင်ငါ့အစ်ကိုကို သဘောကျရင် ကျည်ဆန်တွေကိုပါ 
ချစ်တတ်အောင်သင်ထား "

" ဟမ် ဘာလို့ "

"ဟုတ်တယ် ငါတို့မောင်နှမက ဘဝကိုအေးဆေးနေရတယ်လို့တော့ 
နင်ထင်နေတာမဟုတ်ဘူးမလား 
ငါတို့ဘဝတွေက အလှည့်အပြောင်းတွေ အခက်အခဲမျိုးစုံနဲ့ ခနခနကြုံနေရတာ အန္တရာယ်ဆိုတာ အချိန်မရွေးရောက်လာနိုင်တဲ့ ဘဝမျိုး "

" အင်း ငါနားလည်ပါပြီ နင်ပြောချင်တာကို ငါကြိုးစားမယ် "

"အင်း ရောက်ပြီ ပီအိုက်ကို 
နင်ပြောစရာရှိတယ်ဆို ငါ
ပီအိုက်အမေနဲ့စကားသွားပြောဦးမယ် 
နင်တို့ပြီးရင်လှမ်းခေါ်လိုက် "

"အင်း ကျေးဇူးတင်ပါတယ်"

"ဟာ ဟျောင့် ခွန်း မင်းက 
ဘယ်လိုလုပ်ပါလာတာလဲ 
တောင်ကြီးပြန်မို့လား ငါတို့နဲ့
လိုက်ပြန်ချင်လည်းရတယ်လေ "

"ပီအိုက်ရေ ထင်ရာမြင်ရာတွေ
စွတ်ပြောမနေနဲ့ သူက ပီအိုက်ကို
ပြောစရာရှိလို့တဲ့ မိုင်ငယ် အမေနဲ့ 
ခနသွားတွေ့လိုက်ဦးမယ်နော် "

ခွန်းတို့ အိမ်အဝရောက်တော့ 
ကြိုစောင့်နေတဲ့ လင်းဆက်ကို 
တွေ့ရသည်မို့ မိုင်ခမ်းက တကယ်ကိုအလိုက်သိလွန်းစွာ ခွန်းနဲ့လင်းဆက်အေးဆေးပြောလို့ရအောင် သူရှောင်ပေးသွားတာမျိုးပင်

"မင်းကဘာပြောမို့တုန်း ငါ့ကို "
 
"မင်းငါ့ကို စဉ်းစားခိုင်းတဲ့ဟာလေ "

"အင်း အဲ့တော့ မင်းဘယ်လိုဆုံးဖြတ်ချက်ချမလဲ ခွန်း"

"ငါ ငါ ကြိုးစားကြည့်ချင်တယ် 
လင်းဆက် "

" မင်းသဘောပဲ ခွန်း ငါက
ဘေးကအကြံပေးရုံပဲတတ်နိုင်တယ်"

"မင်းပြောတာငါသိပါတယ် ဒါမဲ့ 
ငါသူ့အနားနေတာကြာလာလေ 
ငါဆုံးရှုံးရမှာကြောက်လာလေပဲ 
အဲ့တာမို့ ငါကြိုးစားကြည့်ချင်တယ်"

"ငါကတော့မတားပါဘူး မင်းလုပ်ချင်တယ်ဆို လုပ် ငါတတ်နိုင်သလောက်ကူညီမယ် "

"ပြီးတော့လေ မိုင်ခမ်းလည်း
သိသွားတယ် "

"ဟင် မင်းပြောလိုက်တာလား 
ခွန်း သူဘာပြန်ပြောလဲ "

"ငါ့ဘာသာ ကြိုးစားတဲ့ သူ့
မကန့်ကွက်ဘူး ကူညီမယ်တဲ့ "

"မိုင်ငယ်တောင် ရင့်ကျက်လာပြီပဲ 
အဲ့တာဆို ငါတို့နှစ်ယောက်လုံးရှိတာပဲ မင်းအားမငယ်နဲ့ဟုတ်ပြီလား"

"အေး အဲ့တာဆို မင်းတို့တောင်ကြီးသွားမယ်ဆို သွားကြလေ အပြန်
ငါ့အတွက်မုန့်ဝယ်ခဲ့ ငါလည်းအခင်းတွေဘက်သွားဦးမယ်"

"အေး သွား သွား မုန့်လည်းဝယ်ခဲ့မယ် မိုင်ငယ်နဲ့ထည့်ပေးလိုက်မယ်"

"ဟီး အဲ့တာမို့ မင်းကိုချစ်တာ"

"ဟျောင့် လစ်လိုက်တော့ မင်းဘာသာအဖြစ်ရှိအောင် အရင်ကြိုးစား‌ သွား"

ခွန်း လင်းဆက်တို့အိမ်က 
ပြန်လာသည့် ခြေလှမ်းများကလွတ်လပ်ပေါ့ပါး လွန်းနေသည်။

မိုင်ခမ်းနဲ့ လင်းဆက်က ခွန်းကို အင်အားတွေပေးလိုက်သလိုပင် ခွန်းကြိုးစားကြည့်ဖို့အခွင့်အရေးရှိတာပဲ အဲ့လူကြီးငြင်းတော့လည်း ငြင်းပေါ့ လူကြီးကိုဆွဲဆောင်ရမှာက 
ခွန်း တာဝန်ပင် ခွန်းတခေါက်လောက်တော့ နောင်တကင်းကင်းနေနိုင်အောင် ကြိုးစားကြည့်ချင်သည်။

ခွန်း ဒီနေ့ ဟိုလူကြီးစခန်းတွေဘက်သွားစစ်မည်ဆိုတာ ကြားသည်
အဲ့တာမို့ သူမရှိတဲ့ တောင်ကြောဘက်က ဘိန်းခင်းတွေဆီကိုသာ 
ထွက်လာလိုက်သည် ။

ဖေဖေရဲ့သားလိမ္မာလေးဟာ 
ကိုယ့် car showroomတွေ ကို ပစ်ပြီး ဘိန်းခင်းတွေကြားက
အလုပ်သမားလေးဖြစ်နေပါတယ်
ဆိုတာသာသိရင် ဖေဖေနဲ့မေမေ ဘယ်လောက်သွေးတက်နေလိမ့်မလဲ

မတတ်နိုင်ပါ ခွန်းရဲ့ မြတ်နိုးရာလေးက ဒီမှာရှိသည်မို့ ပင်ပန်းလည်းနေရမှာပင် ။

ခွန်း ကိုလည်း ရွာကလူတွေက ဘဲကြီးနဲ့တွဲတွဲမြင်လွန်းလို့သိနေကြပြီ ခွန်း အခင်းတွေကြားထဲ ဟိုစစ်ဒီစစ်လုပ်နေတုန်း 

"ဝူး......"

ဆိုင်ကယ်သံကြားလိုက်ရသည် 
ဒါဟိုလူကြီးဆိုင်ကယ်သံပင် ခွန်းအခင်းတွေကြားထဲ ထိုင်ချလိုက်မိသည်။

^^ငါ တခုခုလုပ်သင့်လား 
ငါအမြဲတမ်း သူ့ကိုပုန်းနေလို့တော့
မရဘူးလေ ^^

ခွန်း ကိုယ့်ဘာသာအားတင်းပြီး 
မတ်တပ်ပြန်ရပ်လိုက်သည် ဟိုလူကြီး က ဘာတွေပြောနေသည်မသိ အလုပ်သမားတွေကို ခွန်းလည်း 
ရပ်ကြည့်ပေးနေလိုက်သည်။

" ခွန်းစေကိုး ငါ့ဆီလာဦး "

ဘာလဲ ဒီလူကြီး ငါ့နာမည်ကိုအပြည့်အစုံခေါ်နေတာလား 

နွမ်စိုင်းတို့ခေါ်သလို ခွန်းပဲခေါ်လည်း
ရတာကို ခွန်းကကောင်လေးလို့
မခေါ်နဲ့ ဆိုတာနဲ့ ရွဲ့ခေါ်နေသလား
မှတ်ရတယ်
  
" ဟုတ်ဗျ လာပြီ "

"မင်း ငါနဲ့စကားခနပြောမယ် လိုက်ခဲ့"

နောင့်ခွန်းကပဲ ထိုစိတ်ကောက်နေတဲ့ကောင်လေးကို ခေါ်ထုတ်လာလိုက်သည် တောင်ကြောဘေးဘက်က ရေတံခွန်ဆီရောက်တဲ့အထိ
ခေါ်လာလိုက်သည်။

"ဘာလဲ ခင်ဗျားကြီး ဘာပြောမို့ 
ဒီအထိ ခေါ်လာတာလဲ "

"အမ် အဲ့တာက မင်းစိတ်မဆိုးတော့ဖို့ ပြောမို့ပါ မင်းကိုကောင်လေးလို့
မခေါ်တော့ဘူး ဟုတ်ပြီလား 
ခွန်းစေကိုး "

"ခင်ဗျားကြီးရွဲ့နေတာလား "

"ဟောဗျာ ကိုယ်ဘာပြောလို့လဲ 
မင်းပဲ ကောင်လေးမခေါ်နဲ့ဆို"

"ဒါမဲ့ နာမည်အပြည့်အစုံကြီးခေါ်နေတာကျ ရွဲ့နေသလိုပဲ မိုင်ခမ်းတို့ခေါ်သလို ခွန်း လို့ခေါ်ပါလား "

"ကိုယ်က အဲ့လိုမခေါ်ချင်ဘူး
ဆိုရင်ကော "

" မခေါ်နဲ့ဗျာ "

" စေကိုး "

" ဟမ် "

" အင်း ကိုယ်အဲ့လိုခေါ်ချင်လို့ 
ခွန်းဆိုတာကျ ကိုယ့်နာမည်ကြီး
ကိုယ်ကပြန်ခေါ်နေရသလိုမျိုး
ဖြစ်နေတယ်လေ "

" စေကိုး ဟုတ်လား ကျွန်တော့်ကို ဘယ်သူမှအဲ့လိုမခေါ်ဖူးဘူး 

ခင်ဗျားကြီး သဘောဗျာ
ခေါ်ချင်သလိုသာခေါ်တော့ "

ခွန်း နာမည်ကို စေကိုး လို့ 
ခေါ်ချင်တာတဲ့ အဟိ

ဒီလူကြီး ခွန်းကို ‌စကားလုံးတွေနဲ့သတ်နေတာ လူကသဘောကျပါတယ်ဆို ပိုပိုပြီး ရုန်းမထွက်နိုင်ဖြစ်အောင်လုပ်နေတာပဲ ။

"ဪ ဒါနဲ့ စေကိုး မင်းလည်း 
ကိုယ့်ကို ဘဲကြီးတို့ ခင်ဗျားကြီးတို့ ဟိုလူကြီး တို့ မခေါ်နဲ့ အကို ဖြစ်ဖြစ် ကိုကြီးဖြစ်ဖြစ် တခုခုခေါ်သင့်တယ်
မထင်ဘူးလား "
 
"မထင်ပါဘူး ကျွန်တော်မှ
မခေါ်ချင်တာ "

"ဟာ အဲ့လိုရမလားကွ မင်းတောင် ကောင်လေးလို့ခေါ်တာ မကြိုက်လို့ 
ငါပြောင်းခေါ်ပေးတယ်လေ "

"မခေါ်ချင်ဘူးဗျာ"

"မရဘူး စေကိုး မင်းအဲ့လို
လူလည်မကျနဲ့လေ ပြောင်းခေါ် 
မင်းကျ စိတ်ကောက်ပြီးတော့ "

နောင့်ခွန်း အသံနည်းနည်းလေး
မာသွားရသည်။
 
ခွန်းကိုလာအော်နေတဲ့ ထိုလူကြီးကြောင့် ခွန်းကိုများ စိတ်ကောက်တတ်တဲ့သူလို့ပြောနေတာမို့ 
ခွန်းလည်း စိတ်တိုလာရသည်မို့ 
ပြန်အော်ပစ်လိုက်သည် ။

"မပြောင်းခေါ်ဘူးဗျာ ကျွန်တော် 
အဲ့လိုခေါ်ရတာသဘောကျတာမို့ 
ခေါ်မှာပဲ ဘာဖြစ်လဲ 

ခင်ဗျားကြီး လို့ခေါ်ရတာကိုလဲသဘောကျတယ်

ခင်ဗျားကြီးကိုလည်း သဘောကျတယ် ရပြီလား"

" ဟင် ဘာပြောလိုက်တယ် "

သွားပြီ ခွန်း စိတ်မထိန်းနိုင်ပဲ 
နှုတ်ကထွက်သွားချေပြီ ။
  
ထိုလူကြီးမျက်နှာက အံ့ဩရိပ်တွေကိုပါ ခွန်းမြင်လိုက်ရသည် ။

တကယ်ကိုသွားပြီ ခွန်း
ဖွင့်ပြောဖို့ စဉ်းစားထားပေမဲ့ 
အခုကအချိန်ကောင်းမဟုတ်ပေ 

ခွန်း ဘာမှမပြင်ဆင်ရသေးပေ 
အခုမှတော့မထူးတော့ဘူး
 
ရှေ့ဆက်တိုးဖို့သာရွေးချယ်ရန်
ကျန်တော့သည် ။

ထိုလူကြီး ဆီမှ အဆုံးအဖြတ်ကိုသာ
ခွန်း စောင့်မျှော်ရတော့မည်..........
          
8-9-2021

Thanks For Reading .

@Paing & Koe 🌸🍉

Love You All. .... 💛💛💛


rate now: