နောင့်ခွန်းတို့ ပြန်ထွက်လာတော့
အိမ်ရှေ့ခန်းကရှင်းနေသည် ။
နှစ်ယောက်လုံးအပြင်သွား
လိုက်ကြပြီနဲ့တူတယ်
နောင့်ခွန်းလည်းနွမ်စိုင်းနဲ့အတူ အလုပ်ကိစ္စအတွက်ထွက်လာဖို့သာ
ပြင်လိုက်သည်။
ခြံထဲကအဖြတ်
" ဟိုလူကြီး "
ခေါ်သံကြောင့်
နောင့်ခွန်းလှည့်ကြည့်တော့
ချယ်ရီပင်ကြီးနောက်ကနေထွက်လာတဲ့ ကောင်လေး
" မင်း မသွားသေးဘူးလား "
"ဟုတ် သွားတော့မှာ
ခင်ဗျား ကိုစောင့်နေတာ "
"ဘာလို့လဲ ကိုယ်ဒီနေ့မင်းကို
ပေးနားထားတယ်လေ "
"ဟုတ်ကဲ့ပါ သိပါတယ်
ဒီတိုင်းစောင့်နေတာ "
"ဪ အဲ့တာဆို ကိုယ်သွားတော့မယ် မင်းတံခါးတွေသေချာပိတ်ခဲ့လိုက် "
" ဂရုစိုက်ပါ "
တကယ့်ကိုတိုးတိုးလေးထွက်ကျလာတဲ့စကားလုံးတွေပါစိတ်ပူမှုတွေရောထွေးနေတာကော
ခင်ဗျားကြီး မြင်နိုင်ပါရဲ့လား
" ဟမ် "
နောင့်ခွန်း ကို ကောင်လေးက
စိတ်ပူပေးနေတာလား
နောင့်ခွန်းတွက်
အင်အားတခုပေးလိုက်သလိုပင်
^^စိတ်ချပါ ကောင်လေး ကိုယ်အတတ်နိုင်ဆုံး ဒဏ်ရာမရပဲ
ပြန်လာခဲ့ပါမယ် ^^
စိတ်ထဲကနေသာ နောင့်ခွန်း
ပြောမိသည်။ လက်တွေ့မှာကတော့
" ငါက ပွဲတိုင်းမှာ
နိုင်အောင်တိုက်မဲ့လူမျိုးပါကွ "
" ဟုတ်ကဲ့ပါဗျာ ဟိုမှာ
နွမ်စိုင်းက စောင့်နေပြီ "
" အင်း "
ခွန်း အိမ်ရှေ့တံခါးဝကနေ
လူကြီးရဲ့ နောက်ကျောပြင်ကို
ငေးကြည့်ရင်း ဆိုင်ကယ်သံမကြား
ရတော့တဲ့အချိန်ထိရပ်နေမိသည်။
__________________________________
လင်းဆက်တို့ခြံထဲက
သစ်ပင်ကြီးအောက်တွင်မူ.......
"လင်းဆက် တောင်းပန်ပါတယ်
ငါ့ကြောင့်သာမဟုတ်ရင်
မင်းဒီလိုဖြစ်မှာမဟုတ်ဘူး "
"မဟုတ်ပါဘူးကွာ
မင်းကြောင့်ရယ်လို့တော့
ဒီအတိုင်းဖြစ်ချိန်တန်လို့
ဖြစ်သွားတာပဲကို "
" ကျေးဇူးတင်ပါတယ်
ငါ့ကိုစိတ်မဆိုးလို့ "
"ဟာ ငါကဘာလို့မင်းကိုစိတ်ဆိုးရမှာလဲ အခုလည်းငါပြန်သက်သာလာနေပါပြီကွာ "
" အေးပါကွာ ဒါမဲ့
ငါအားနာနေတုန်းမို့ပါ "
" မင်းကော မိုင်ငယ် တို့အိမ်မှာ အဆင်ပြေရဲ့လား "
" အင်းပြေပါတယ်
ငါလည်းအိမ်မပြန်ချင်သေးတာမို့
အဲ့မှာပဲနေနေတာ ဟိုဘဲကြီးကလည်း သဘောကောင်းပါတယ် "
" ဘဲကြီး ! ခေါင်းဆောင်ကို
ပြောတာလား "
" အင်းလေ "
" ဟိုကမင်းကိုဘာမှမလုပ်ဘူးလား
သူ့ကိုအဲ့လိုခေါ်တာလေ "
" မလုပ်ပါဘူး တခါတလေ
ဟိုလူကြီး ၊ ခင်ဗျားကြီး တို့တောင် ခေါ်သေးတယ်"
" အဟင်း ဟင်း "
" ဟေ့ကောင်ဘာရီတာလဲကွ "
" ဘာမှမဟုတ်ပါဘူးကွာ
ဒီတိုင်းသဘောကျလို့ပါ
ငါတို့ခေါင်းဆောင်ကို "
"အင်း ဒီနေ့လည်း မင်းအစားသူကိုယ်တိုင်သွားရတာလို့ပြောနေတယ် နွမ်စိုင်းနဲ့မိုင်ခမ်းက
စိတ်မချဘူးဖြစ်နေတာ "
"အင်း ငါလည်းစိတ်မချဘူး
အဲ့တာကတော့ ဟိုဘက်ကကောင်တွေကအရမ်းယုတ်မာတာ ငါတောင် တော်တော်သည်းခံလို့ဘာပြသနာမှမတက်တာ ခေါင်းဆောင်စိတ်နဲ့ဆို
ပြသနာကတက်မှာပဲ "
" အဲ့လောက်တောင်ပဲလား "
"အင်း မင်းမသိတာတွေအများကြီး
ရှိသေးတယ် ငါတို့ကျင်လည်ရတဲ့ပတ်ဝန်းကျင်ကအန္တရာယ်တွေချည်းပဲ မင်းငါပြောတာနားလည်တယ်မလား"
"ငါသိပါတယ်ကွာ ငါဘာပြောနေလို့လဲ မင်းကလူမမာကောဟုတ်ရဲ့လား အရမ်းစကားများတာပဲ"
"ခွန်း မင်းစိတ်ကိုငါမြင်နေရတယ် မင်းအတွက်ဒီနေရာက
မသင့်တော်ဘူး ခွန်း"
"ဟာ ငါဘာလုပ်နေလို့လဲကွာ
မင်းကဘာမြင်နေတာလဲ "
"မင်းနဲ့ငါ လေးနှစ်လုံး အတူနေလာတာပါ မင်းငါ့ကိုလိမ်ဖို့စဉ်းစားမနေနဲ့ ခေါင်းဆောင်ကို မင်း
အခုစိတ်ပူနေတယ်မလား "
"စိတ်ပူတာပဲဘာဖြစ်လို့လဲ
မင်းတို့လည်းစိတ်ပူတာပဲကို
လူတယောက်ထိခိုက်မှာပူတာပေါ့ကွ"
"ဟင့်အင်း မင်းမျက်လုံးထဲက
စိတ်ပူတဲ့အရိပ်ယောင်တွေအပြင် တခြားအရာတွေပါရှိနေတယ် ။
ငါဘာပြောချင်လည်းမင်းသိပါတယ် မင်းရွေးချယ်ပါအခုတည်းက
မင်းရဲ့ စိတ်တံခါးကိုဖွင့်မှာလား
ပိတ်မှာလား "
ခွန်း တကယ်အံ့ဩသွားသည်
လင်းဆက်ကို
ဒီကောင်ပြောနေတာကိုနားလည်ပေမဲ့
ခွန်းမသိချင်ယောင်ဆောင်နေတာကို
အခုသူပြောတဲ့စကားကြောင့် ခွန်းတကယ်စဉ်းစားသင့်နေပြီ ခွန်းသဘောကျမိတဲ့သူက သာမန်ဘဝမျိုးကမှမဟုတ်ပဲ ခွန်းရွေးချယ်မှရတော့မယ် အချိန်တခုတော့လိုအပ်တယ်မလား
"ငါ..... ငါ ဘာဆက်လုပ်ရမလဲ
ငါ တကယ်ပဲပြန်လိုက်ရတော့မလားဟင် လင်းဆက် "
"ငါကတော့ မင်းကိုပြန်စေချင်တယ် ဒါပေမဲ့ မင်းဘာကိုရွေးချယ်မှာလဲ မင်းပြန်တာကလွယ်ပေမဲ့
မင်းစိတ်ကိုကော မင်းသေချာပြီလား အချိန်တခုလောက်ယူပြီးစဉ်းစားပေါ့"
လင်းဆက်ပြောတာအမှန်တရားတွေပင် ခွန်းစိတ်ကိုခွန်းပြန်မေးမှရတော့မည် နာရီကြည့်မိတော့ နေ့လည်၁နာရီ
"ငါပြန်တော့မယ် လင်းဆက်
မင်းလည်းအကုန်မကောင်းသေးပဲ လျှောက်သွားမနေနဲ့ အလုပ်တွေလည်း
လျှောက်လုပ်မနေနဲ့နော် "
"အင်းပါ ငါပြောတာမင်းမမေ့နဲ့နော်"
ခွန်းခေါင်းသာငြိမ့်ပြလိုက်ပြီး
လင်းဆက်ရှေ့ကထွက်လာလိုက်သည်။
လင်းဆက်လည်း သစ်ပင်အောက်ကနေ တရွေ့ရွေ့ထွက်သွားတဲ့ ခွန်းရဲ့ကျောပြင်ငယ်လေးကိုကြည့်ရင်းသက်ပျင်းချမိသည်။လင်းဆက်အတွက် ခွန်းကသူငယ်ချင်းကောင်းတယောက်ပါ ခွန်းကိုမထိခိုက်စေချင်ဘူး ။
ဒီကောင်ကအရမ်းအစွဲအလန်းကြီးတတ်တာ လင်းဆက်အသိဆုံးမို့ ခွန်းမျက်လုံးထဲက ခေါင်းဆောင်အပေါ်သဘောထားတစွန်းတစ ကိုမြင်နေရတာမို့ သတိပေးတဲ့သဘောနဲ့ပြောလိုက်တာပါ ခွန်းကို နာကျင်စေချင်တဲ့ရည်ရွယ်မျိုးမဟုတ်ပါဘူး သူ့စိတ်ကိုသူသေချာစေချင်လို့ပါ ခွန်းရဲ့ရွေးချယ်မှုကို လင်းဆက်ကူညီပေးမှာပင်။
_____________________________________
ခွန်း တယောက် လင်းဆက်အိမ်ကပြန်လာတည်းက ခွန်းတကိုယ်လုံး အားတွေမရှိတော့သလိုပင်
ခံစားနေရသည်။
ခွန်းအိမ်ပေါ်လည်းမတက်ဖြစ်ပဲ ခြံထဲက ချယ်ရီပင်ကြီးအောက်မှာသာထိုင်ရင်းစဉ်းစားနေမိသည်မှာ အချိန်တွေဘယ်လောက်ကုန်သွားသည်မသိ
"ဟဲ့ နင် ဘာထိုင်လုပ်နေတာလဲ
အိမ်ပေါ်လည်းမတက်ပဲ "
မိုင်ခမ်းမေးမှသတိဝင်လာသည်။
မိုင်ခမ်း လည်းအခုမှအပြင်က
ပြန်လာပုံပင်။
"အင်း ဒီတိုင်းစဉ်းစားစရာရှိလို့ပါ
ဒါနဲ့ နင့်အကိုကပြန်မလာသေးဘူးလားအခုထိ "
"အလုပ်နဲ့သွားပါတယ်ဆို ချက်ချင်းတော့ဘယ်ပြန်လာမလဲဟယ်
ငါညနေစာအတွက်ချက်လိုက်ဦးမယ် နင်ထိုင်ချင်လည်းဆက်ထိုင်နေ မထိုင်ချင်လည်း အိမ်ပေါ်တက်
ငါတော့သွားချက်ပြီ "
"အေးအေး သွားလေ
ငါလည်း ခနနေတက်မှာပါ "
မိုင်ခမ်း အိမ်ပေါ်တက်သွားပြီး
ခနအကြာအထိ အပင်အောက်မှာ
ခွန်း ဆက်ထိုင်နေမိသည်။
နေစောင်းလာပြီမို့ အအေးဓာတ်လည်းပိုကဲလာလေသည် ။
သူရိန်နေမင်းကြီးသည်လည်း
တောင်တန်းတွေအနောက်သို
ဝင်ရောက်ပုန်းခိုဖို့ အားယူနေလေပြီ
ခွန်းအိမ်ပေါ်တက်ဖို့ပြင်လိုက်စဥ်
"ဝူး .. ဝူး ...ဝူး......"
ဆိုင်ကယ်သံကြောင့် ခွန်းချက်ချင်းနောက်ပြန်လှည့်ကြည့်မိသည်။
မြင်လိုက်ရတဲ့မြင်ကွင်းက
ရင်ဝကိုစောင့်ကန်လိုက်သလိုပင်
ဘဲကြီးကို နွမ်စိုင်း က
ဆိုင်ကယ်အနောက်မှနေ
တခြားလူတယောက်နဲ့အတူ တွဲချလာတာတွေ့လိုက်ရသည်။
ဗိုက်နားဆီက သွေးတွေကို
မြင်လိုက်ရတဲ့ တခဏ ခွန်းရင်ထဲ
မီးတွေတောက်နေသလိုပင်။
ဒဏ်ရာရလာသူကို အိမ်ပေါ်သို့
တွဲတင်ကြပြီး အခန်းထဲကကုတင်ပေါ်မှာ နေရာသေချာချပေးလိုက်သည်။
မိုင်ခမ်းက ဘေးကနေနွမ်စိုင်းတို့ကို ကူပေးနေသည်။
"ဆေးဆရာသွားခေါ်လိုက် အိုက်လုံ"
" ဟုတ် "
နွမ်စိုင်းက သူနဲ့အတူပါတဲ့သူကိုပြောလိုက်တော့ ဟိုကလည်းသွားခေါ်ဖို့
ပြင်နေသည်။
" မခေါ်နဲ့ "
ဘဲကြီးရဲ့တားမြစ်သံက အခန်းထဲမှာ
ထွက်ပေါ် လာသည်။
" ခေါင်းဆောင် "
နွမ်စိုင်း ဆီက တားမြစ်လိုဟန်
အသံ ထွက်လာသည်။
"ငါ အဆင်ပြေတယ်
အသက်နဲ့အဝေးကြီးမှာ
ဘာမှမဖြစ်ဘူး ရွာကလူတွေ
စိတ်ပူနေရမယ် မခေါ်နဲ့တော့
မိုင်ငယ် ငါ့ဗီရိုထဲမှာ
ဆေးတချို့ရှိတယ် ယူလာခဲ့ "
စကားတွေအများကြီးပြောလိုက်ရလို့ ဘဲကြီးပုံစံက မောသွားပုံပင်
"ကိုကြီးတကယ်အဆင်ပြေလို့လား "
မိုင်ခမ်းက ငိုမဲ့မဲ့လေးပြန်မေးတော့ ခေါင်းအသာငြိမ့်ပြသည် ။
ခွန်းကတော့ အခုထိ
ကျောက်ရုပ်ကြီးလို အခန်းထဲက ရှမ်းအိုးစည်ကြီးဘေးမှာ အတောင့်လိုက်ကြီးရပ်နေမိသည်။
နွမ်စိုင်းက ဆေးတွေထုတ်လာပြီး
အိပ်ယာဘေးကစားပွဲပေါ်တင်လိုက်သည်။
လူကြီးရဲ့အပေါ်ဝတ် Jacket ကို
ချွတ်လိုက်တော့ အထဲက
ရှပ်အင်္ကျီလက်တိုမှာ
သွေးတွေမြင်မကောင်းစွာ
နီရဲစွန်းထင်းနေလေသည်။
ဘဲကြီးကအင်္ကျီကိုသူ့ဘာသာချွတ်လိုက်တော့ နွမ်စိုင်းနဲ့ မိုင်ခမ်းကသွေးတွေအရင်ဆေးပေးပြီး ဒဏ်ရာကိုဆေးထည့်ဖို့လုပ်ပေးသည်။
ဒဏ်ရာကသိပ်မနက်ပေမဲ့ အပေါ်ယံထိတာတောင်သွေးတွေကအများကြီးထွက်နေတုန်းပင် နွမ်စိုင်းနဲ့မိုင်ခမ်းကတကယ်ကိုကျွမ်းကျင်စွာလုပ်ပေးနိုင်သည်။
ခွန်းကတော့ ဘေးကနေသာငေးကြည့်မိသည်။ခွန်းအရမ်းသဘောကျခဲ့တဲ့
ဒီလူကြီးရဲ့ ခန္ဓာကိုယ်မှာအခုတော့ ဒဏ်ရာတွေကနေရာယူထားလေပြီ
သွေးတစက်စက်ကျနေတဲ့ ဗိုက်ကဒဏ်ရာကိုကြည့်နေရသည်မှာ ခွန်း
ရင်တွေနာလှပါသည်။
အနီးကပ်တိုးသွားပြီးကြည့်မိမှ ဘဲကြီးခန္ဓာကိုယ်က အမာရွတ်တချို့နေရာယူထားသည်ကိုတွေ့လိုက်ရသည်။
ခင်ဗျားကြီးဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ အခုချိန်ကစပြီး ကျွန်တော် ခင်ဗျားကို မနာကျင်စေချင်တော့ဘူး ။
ခွန်းကြောင်ပြီးရပ်ကြည့်နေစဉ်
" အိုက်လုံ ခေါင်းဆောင်ဒဏ်ရာကိုပတ်တီးစည်းပေးဖို့လုပ်ပေးပါလား
ငါတို့လက်တွေကသွေးပေနေလို့ "
"ရတယ် ရတယ် ကျွန်တော်
လုပ်ပေးမယ် နွမ်စိုင်းတို့ လက်သွားဆေးလိုက်လေ ဒီကအကိုကန
ည်းနည်းပဲကူပေးပါ "
ခွန်းဝင်ပြောလိုက်သည်။
ဘဲကြီးကြည့်ရတာ နှုတ်ခမ်းတွေလည်းဖြူဖျော့နေသည် ။
နာကျင်မှုခံစားနေရတဲ့ပုံကိုမပြပေမဲ့ ဘဲကြီးနာနေမယ်ဆိုတာ ခွန်းသိပါသည်။ဘဲကြီးဗိုက်ကဒဏ်ရာကို ခွန်းပတ်တီးစည်းပေးလိုက်သည် ။
အိုက်လုံ က ဘေးမှကူပေးသည်။
နွမ်စိုင်း လှမ်းခေါ်လို့ အိုက်လုံ
အခန်းပြင်ထွက်သွားချိန် လူကြီးကိုပတ်တီးစည်းပေးရင်းမှ မျက်နှာဆီကို ခွန်းမသိမသာမော့ကြည့်လိုက်မိသည်။
လူကြီးကသူ့ကိုပြန်စိုက်ကြည့်နေတာနဲ့တည့်တည့်တိုးလေသည်။
ဒါပေမဲ့.........
ထိုလူကြီး၏ မျက်ဝန်းညိုညိုတွေက
သူ့ကို စိတ်မပူဖို့ပြောနေသလိုပင်
ခွန်းမျက်ရည်တွေဝဲလာမိသည်
ခွန်း မျက်ဝန်းတို့မှသာ
တဆင့်ပြန်ပြောမိသည် ။
^^ကျနော် ခင်ဗျားကြီး ကို
သိပ်စိတ်ပူနေတယ် ^^လို့ပေါ့
ထိုမျက်ဝန်းညိုညိုတွေက
ခွန်း ပြောတာကိုနားလည်သယောင်ပင်
ခွန်းရဲ့ ညာဘက်ပါးပြင်ဆီမှ
ပူနွေးမှုတခုကိုခံစားလိုက်ရသည် ။
ခွန်း မျက်ရည်ကျနေတာများလား
ခွန်းကိုကြည့်နေတဲ့ထိုလူကြီးမြင်မှာပင် ခွန်းလက်ခုံနဲ့အမြန်သုတ်လိုက်သည်။
သို့သော် မမှီတော့ပေ
လူကြီးလက်က ခွန်းပါးပြင်ဆီကို
ဦးစွာရောက်ရှိနှင့်နေလေပြီ။
"ကောင်လေး ဘာလို့ငိုနေရတာလဲ ဒဏ်ရာရတဲ့သူက ကိုယ်လေ
မင်းက ဘာကြောင့် ငိုရတာလဲ"
"မငိုပါဘူး မျက်လုံးထဲကို
ပိုးကောင်ဝင်သွားလို့ပါ "
ထိုလူကြီးစကားသံလေးတွေက
အစတိုးတိုးလေးဖြစ်နေသည် ။
အရင်လို ခွန်းကိုဆူငေါက်နေကျ
ပုံစံမျိုးနဲ့မမာနိုင်ပါ ။
ခွန်းပတ်တီးစီးပေးပြီးသွားတော့ဗလာကျင်းနေတဲ့ဘဲကြီးခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာတွေများကျန်သေးလား နည်းနည်းရှာကြည့်လိုက်သည် ။ဘဲကြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ခွန်းလက်ချောင်းထိပ်ဖျားလေးတွေနဲ့ထိမိလိုက်ချိန်တိုင်း အပူလိုင်းတခု ခွန်းဆီကိုစီးဝင်လာနေသလိုပင်ခွန်းလက်တွေပြန်ရုတ်သိမ်းပြီး
ဘဲကြီးအတွက် အင်္ကျီတထည်ထုတ်ပေးပြီးဝတ်လို့ရအောင်ကူညီပေးလိုက်သည် ဟိုသုံးယောက်ကလည်း လက်သွားဆေးတာကနေ ပြန်ကိုတက်မလာတော့ပေ ဘဲကြီးကတော့ ခွန်းလုပ်သမျှသာလိုက်ကြည့်နေတော့သည်။
နွမ်စိုင်းနဲ့မိုင်ခမ်းသာပြန်ဝင်လာသည် အိုက်လုံဆိုသူပါမလာတော့ပေ။
"ခေါင်းဆောင်က ဒဏ်ရာနဲ့ဆိုတော့ ညရေးညတာတခုခုလိုနေမဆိုးလို့ ကျွန်တော်စောင့်အိပ်ပေးမို့ "
"ရတယ် ငါ့ဒဏ်ရာက
အသက်နဲ့အဝေးကြီးပါကွ
ငါတခုခုလိုရင် ကောင်လေးရှိနေတာပဲ
မင်းလည်းဒီနေ့ပင်ပန်းထားတာပဲ
ပြန်နားလိုက်ပါ"
"ရလို့လား ခေါင်းဆောင်"
နောင့်ခွန်း စကားပြောရတာမောလာသည်မို့ အကြည့်တချက်သာပေးလိုက်သည် နွမ်စိုင်းလည်းခေါင်းဆောင်ရဲ့အကြည့်ကြောင့် တချက်ဦးညွှတ်ပြပြီး အိမ်ပြန်ဖို့သာ ထွက်ခဲ့လိုက်သည်။
"ကိုကြီးတခုခုလိုရင် မိုင်ငယ်ကို
အော်ခေါ် လိုက်နော် "
မိုင်ခမ်းလည်း ကိုကြီးနားလို့ရအောင် အလိုက်တသိထွက်လာလိုက်သည်။
အခန်းတွင်းကျန်ရှိခဲ့သည့် လူသားနှစ်ဦးကြားက လေထုက ရာသီဥတုအအေးဓာတ်ကြောင့်ထက်ကိုပို၍အေးစက်နေသည်။
ခွန်းကပဲ စကားစပြောလိုက်သည်။
"အိပ်တော့မလား ဘဲကြီး
မဟုတ်သေးပါဘူး မအိပ်ချင်သေးလည်း အနားယူတော့နော် "
ခွန်းကပြောပြောဆိုဆို လူကြီးကို လှဲလို့ရအောင်ကူညီပေးရင်း အိပ်ယာခင်းထက်ကိုနေရာလုပ်ပေးလိုက်သည် စောင်တွေသေချာခြုံပေးပြီး ခွန်းလည်းကိုယ့်အိပ်ယာလေးကိုယ်ခင်းကာအိပ်ဖို့လုပ်လိုက်သည်။
"လူကြီး တခုခုလိုရင်ပြောနော် ယောက်ျားချင်းပဲအားမနာနဲ့ "
"အဟက် အားနာရအောင်
ငါကဧည့်သည်မို့လားကွ"
"ဟုတ်ကဲ့ပါဗျာ "
ခွန်းအိပ်ယာလေးထက်လှဲကာ
ထိုလူကြီး ကုတင်ဘက်ကို
မျက်မှာမူလိုက်သည်။
ထိုလူကြီးကတော့
ဒဏ်ရာကြောင့်ထင်သည်
ခွန်းဘက်ကိုကျောပေးထားသည်
ခွန်းအိပ်မပျော်ပေမဲ့ မျက်လုံးတွေ မှိတ်ကာအနားယူဖို့သာကြိုးစားလိုက်မိသည်။
------------------------------------------------------
နောင့်ခွန်း မျက်လုံးတွေမှိတ်ပြီး
အိပ်ဖို့ကြိုးစားနေတာမျိုးမဟုတ်ပဲ
စိတ်ကိုခနအနားပေးတဲ့သဘောမျိုး ငြိမ်ငြိမ်လေး လှဲနေမိတာပါ။
^^ကိုယ့်ဒဏ်ရာက
တကယ်တော့ နာတယ် ဒါပေမဲ့
ကိုယ်သန်မာမှဖြစ်မယ်လေ
မင်း မျက်ဝန်းထဲကစိတ်ပူတယ်
ဆိုတာမျိုးမြင်ရတဲ့အခါ ကိုယ်
ပိုပြီးတောင်သန်မာချင်ပါသေးတယ်
မင်းလေး မျက်ရည်ကျနေတာမျိုး ကိုယ် တကယ်မမြင်ချင်တာပါ^^
နောင့်ခွန်းကိုယ့်အတွေးနဲ့ကိုယ် ခေါင်းအုံးလေးထက်ဆီကို မျက်ရည်စလေးတစကြွေလွှင့်သွားရခဲ့လေပြီ။
"အင်းးးး ဟင်းးးး "
ညည်းသံလိုလိုအသံကြောင့်
နောင့်ခွန်းနိုးလာရသည်။
ကုတင်ဘေးကိုငုံကြည့်မိတော့
ကောင်လေးဆီကအသံလာနေတာပင် ကုတင်ကနိမ့်တာမို့ ကောင်လေးဘက်နည်းနည်းတိုးပြီး ကုတင်ပေါ်ကနေ နဖူးကိုလှမ်းစမ်းမိတော့ ကိုယ်တွေကပူခြစ်တောက်နေတာပင်
မဖြစ်သေးပါဘူး မိုင်ငယ့်ကို
လှမ်းနိုးရအောင်လည်း အချိန်က
ညနက်နေပြီ နောင့်ခွန်းကုတင်ပေါ်က အားယူထကာ အခန်းပြင်ကိုထွက်ပြီး ရေပက်ဝတ်တွေပြင်ဆင်ယူလာရသည်
ကောင်လေး နဖူးကိုရေပတ်ဝတ်တင်ပေးပြီး နောင့်ခွန်းစောင်တွေပါ
ထပ်ခြုံပေးလိုက်သည်။
ဒဏ်ရာရတဲ့ ကိုယ်ကမဖျားရပဲ
သူက ဖျားနေရတယ်လို့
လူမမာကသူ့ကိုပြန်ပြုစုနေရတယ်။
နောင့်ခွန်းလည်းအခုမှပဲ လူနာကကိုယ်လားသူလားမကွဲတော့ပင်။
ရေပတ်တိုက်ပေးပြီး ရေဝတ်တင်ပေးတာကြောင့်ကော နောင့်ခွန်းအံဆွဲထဲကဆေးယူတိုက်လိုက်တာကြောင့်ကော တနာရီလောက်နေတော့အဖျားကကျသွားသည်။
နောင့်ခွန်းလည်းတကယ်ပင်ပန်းနေပြီ အနာရှိန်ကလည်းခုမှပိုတက်လာသလိုပင် နောင့်ခွန်းကုတင်ပေါ်တက်ကာ လှဲချလိုက်သည်။
ကောင်လေးက အဖျားကျသွားပြီဆိုတော့ ပြန်အိပ်ပျော်သွားလေပြီ ။
အိပ်မပျော်သူက နောင့်ခွန်း
အနာရှိန်ကြောင့် လူကတကယ်ကို
သေတော့မလိုပင် တခုခုဆိုနိုးနော်
ဆိုတဲ့သူကလည်း သူ့ကိုတောင်ကိုယ်ကပြန်ပြုစုနေရသေးသည်။
နောင့်ခွန်းလိုခေါင်းဆောင်ဆီကအခွင့်ထူးခံနေရတာပင် ထိုကောင်လေးက ။နောင့်ခွန်း မနက်အာရုံတက်ခါနီးမှအိပ်ပျော်သွားသည်။
ခွန်းနိုးလာတော့ အစောကြီးရှိသေးသည် ဘဲကြီးစားပွဲပေါ်ကနာရီကိုလှမ်းကြည့်မိတော့ မနက် ငါးနာရီသာရှိသေးသည်။
ပြန်အိပ်လို့လည်းမရပြီမို့ ထဖို့ပြင်လိုက်မှ ဘေးနားကရေဇလုံနဲ့ ရေဝတ်တွေကို သတိထားမိလေသည်။
^^ဟမ် ညက မိုင်ခမ်းအခန်းထဲလာသွားသေးတာလား ထိုလူကြီး
ဖျားလို့လား မဟုတ်လောက်ပါဘူး မိုင်ခမ်းလာရင် ငါသိမှာပေါ့
လူကြီးဖျားလို့ ကိုယ့်ဘာသာထလုပ်တာများလား ^^
အတွေးနဲ့အတူ ဘဲကြီးကိုအမြန်ထကြည့်လိုက်သည် ။ဘဲကြီးကအိပ်ပျော်နေလေသည် ဖျားထားတဲ့ပုံမျိူးလည်းမဟုတ် နှုတ်ခမ်းတွေဖြူဖျော့နေပြီး နဖူးစပ်မှာ ချွေးစလေးတေရှိနေရုံပင်။
ခွန်းကိုယ့်ဘာသာပြန်စမ်းကြည့်မှ ကိုယ့်ငွေ့နည်းနည်းကျန်နေတာသတိထားမိသည်။
^^သေစမ်း ခွန်းရာ မင်းပြောတော့ ဘဲကြီးကိုစောင့်ရှောက်မယ်ဆိုပြီး
အခုကျ ထိုလူကြီးက သူ့ကိုပြန်ပြုစုထားပေးပုံပင် ခွန်းမနေ့ညက အိပ်ပျော်သွားပြီး အရမ်းချမ်းလာသလိုဖြစ်တာပဲသတိထားမိလိုက်တာ ညနေက လေတိုက်ထဲမှာအကြာကြီးနေမိသလိုဖြစ်ပြီး အအေးပတ်သွားပုံပင် ခွန်းတကယ်ငိုချင်လာသည်
ခွန်းက ဘဲကြီးကို ဒုက္ခတွေပဲ
ပေးနေသလိုဖြစ်နေရသည်^^
ခွန်းအတွေးနဲ့အတူ ဘဲကြီး မျက်နှာကို အားနာစွာငေးကြည့်မိသည်။
ရေဇလုံတွေ ရေဝတ်တွေ အကုန်ကောက်သိမ်းလိုက်သည်။
နောင့်ခွန်းလည်း ချိုးချိုးချွတ်ချွတ် အသံတွေကြောင့်ပြန်နိုးလာရသည်။
လူကနည်းနည်းနှုန်းနေတာမို့
မျက်လုံးအသာဖွင့်ကြည့်ပြီး
ပြန်မှိန်းနေလိုက်သည်။
ဟိုကောင်လေး အခန်းထဲဝင်လိုက်ထွက်လိုက်နဲ့ဘာတွေလုပ်နေသည်မသိ နောင့်ခွန်း ဒီအတိုင်းသာ
မှိန်းနေလိုက်စဥ် နောင့်ခွန်းနဖူးထက်ကိုရောက်လာတဲ့ အေးစက်စက်လက်တစုံကြောင့် သူ မှန်းသိလိုက်သည်
ဘာဆက်လုပ်မလဲသိချင်လို့နောင့်ခွန်း
ဒီအတိုင်းသာငြိမ်နေလိုက်သည်။
ခွန်းလည်း ထိုလူကြီးမှာ ကိုယ်ပူရှိမရှိစမ်းကြည့်လိုက်သည် နည်းနည်းလေးနွေးနေရုံသာပင် ဘဲကြီးမျက်နာကို အခုမှအနီးကပ်သေချာကြည့်မိသည်။
မျက်ခုံးကောင်းကောင်း
နှာတံသွယ်သွယ်လေးနဲ့
တကယ်ယောက်ျားပီသလွန်းပါသည်။
ခွန်း သိချင်စိတ်တချို့ကြောင့်
လူကြီး တကယ်အိပ်နေလား
မအိပ်လားသိရအောင်
ပါးကိုခပ်ဖွဖွ ဆွဲကြည့်လိုက်သည် ဘာမှမတုန့်ပြန်ပေ ။
"အဟီး တကယ်အိပ်နေတာပဲ "
ခွန်းနှုတ်ကနေထွက်ပြီးကို
သဘောတကျပြောမိသည်။
နောင့်ခွန်းတယောက် သူ့ပါးကို
လာဆွဲတဲ့ကောင်လေးကို
နားရင်းထအုပ်လိုက်ရမလား
စဉ်းစားနေစဉ်
နောင့်ခွန်း မျက်နှာပေါ်သို့
ထိတွေ့လာတဲ့ လက်ချောင်းသွယ်လေးကြောင့် အံ့ဩသွားရသည် ။
"ဘဲကြီး ခင်ဗျားကြီး သိလား ခင်ဗျားကတကယ်တော့
အရမ်းခန့်ညားတာဗျ
ဒီအမွှေးတွေသာမရှိရင်
ခင်ဗျားက ပိုတောင်ချောဦးမှာ
အခုလိုအမွှေးတွေနဲ့တောင်
ခန့်ညားမှုကိုမဖုံးကွယ်ထားနိုင်ဘူးဗျ
ကျွန်တော်.....
ခင်ဗျား မျက်နှာကို
သေချာမြင်ဖူးချင်လိုက်တာ "
နောင့်ခွန်းအိပ်နေသည် ထင်ပြီး ပြောနေတဲ့ကောင်လေးစကားကြောင့်
နောင့်ခွန်းရီရခက်ငိုရခက်ဖြစ်သွားသည် ပါးကိုလာဆွဲလို့ စိတ်တိုနေတာတောင်ပျောက်သွားသည်။
ဒီကောင်လေး နောင့်ခွန်းကို
တကယ်ချီးကျူးနေတာပဲ
"ဒါမဲ့ ခင်ဗျားကြီးကလေ
စကားပြောလိုက်ရင်လေသံက အထက်စီးနဲ့ စိတ်တိုတဲ့အချိန်ဆိုလည်းကြောက်စရာကြီး မျက်နှာကလည်း တလောကလုံးသူ့လုပ်စာစားနေသလိုမျက်နှာကြောကြီးနဲ့ အဲ့တာကြီးတော့ တကယ်မကြိုက်ဘူး သိလား "
ထိုကောင်လေး ဆက်ပြောတဲ့စကားတွေကြောင့် နောင့်ခွန်းဘဝက
အမြင့်ဆုံးဆွဲတင်ပြီးမှ ရိုက်ချခံလိုက်ရသလိုပင် နင်တောင်နင်သွားမိသည်။
ဘာများဆက်ပြောအုံးမလဲ
နားထောင်နေပေမဲ့ ကောင်လေးက နောင့်ခွန်းအနားက ထသွားပြီး
အခန်းပြင်ထွက်သွားလေပြီ။
နောင့်ခွန်းကောင်လေးထွက်သွားပြီသေချာမှ ဗီရိုမှန်ကိုလှမ်းကြည့်မိသည်
ငါ့မျက်နှာက တကယ်ကြီး
အဲ့လိုဖြစ်နေတာလား
ကိုယ့်မျက်နှာကိုယ်ပြန်စမ်းကြည့်ရင်း မှန်မှာပေါ်နေတဲ့ပုံရိပ်ကို သေချာကြည့်မိသည်။
ငါတကယ်ချောတာပဲ
ကောင်လေးကအမြင်မဆိုးဘူးပဲ။
(A/M :::: ခေါင်းဆောင်ကြီးလည်း
ခွန်းနဲ့အနေနီးသွားလို့
ကွန်ဖီးဒန့်လယ်ဗယ်ဆိုး ဟိုက်နေပါပြီ။
ခေါင်းဆောင်ကြီး ::: ခြောက်လုံးပြူး
ကြိုက်လား ပေါက်စနှစ်ကောင်။
A/2:::: ^o^ ^o^ ဟင့်အင်းဗျ/ရှင့်)
________________________________________________
" ဝုန်းးးးး "
"အားးးး လုပ်ကြပါဦးးးး
ဘဲကြီးရေ လူကြီးရေ လုပ်ပါဦး
မိုင်ခမ်းရေ မိုင်ခမ်း လာကြပါဦး "
နံနက်ခင်းချိန်ခါ တေးသံသာမဟုတ်သော ကြောက်လန့်တကြားထွက်ပေါ်လာတဲ့ အသံကြောင့်
မိုင်ခမ်းတင်မဟုတ် အခန်းထဲနားနေတဲ့ နောင့်ခွန်းပါပြေးထွက်လာရသည်။
မီးဖိုခန်းဆီမှ ထွတ်ပေါ်လာတဲ့
မီးတောက်ကြီးတွေကို
မြင်လိုက်ရချိန် နောင့်ခွန်း
သွေးတွေဆောင့်တက်သွားသလိုပင် မိုင်ခမ်းကရေတွေယူလာပြီး အမြန် လောင်းချရသည်။
နောင့်ခွန်းလည်း နီးစပ်ရာအဝတ်တွေနဲ့လှမ်းရိုက်ရသည် မီးညွှန့်တွေကို
မီးမကြီးလို့သာပေါ့ ။
မီးဖိုထဲမှ ရုတ်တရက်
ထတောက်တာမျိုးမို့တော်သေးသည်။
မီးတွေငြိမ်းသွားပြီ မီးခိုးလုံးကြီးပဲ
ကျန်တော့တဲ့အချိန်မှ
မျက်နှာတခုလုံး နှာခေါင်းနဲ့ပါးတွေမှာ
မီးခိုး နဲ့ အိုးမဲတွေ
ပေတလူးနေကာ ယောင်းမကြီးကိုင်ပြီးအတောင့်လိုက်လေး ရပ်နေတဲ့
အဓိကလက်သည်တရားခံလေး ကို
တွေ့လိုက်ရသည်။
နောင့်ခွန်း စိတ်ပူတာအပြင်
စိတ်တိုသွားသည် မို့
"မင်း ငါ့အိမ်ကိုမီးရှို့နေတာလား
ဟမ် ငါ့အိမ်ကပစ္စည်းတွေ
တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
မင်းမစဉ်းစားတတ်ဘူးလား
ငါ့ဟာတွေတခုခုဖြစ်သွားရင်
မင်းမလွယ်ဘူးမှတ် "
နောင့်ခွန်း အော်ပစ်လိုက်သည်။
မိုင်ခမ်းကတော့ မီးဖိုထဲရှင်းစရာရှိတာရှင်းနေသည် ဘာမှဝင်မပြောချေ ။
"အင့် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က ခင်ဗျားအတွက် ဆန်ပြုတ်ပြုတ်ပေးချင်လို့ လုပ်မိတာပါ ဟင့် အင့် "
ကောင်လေးက ရှိုက်သံတောင်
ထွက်နေပြီး နောင့်ခွန်းကြားရတယ်ဆိုရုံ တိုးတိုးလေးပြန်ပြောလာသည်။
ဒီလိုကျတော့လည်း
နောင့်ခွန်း စိတ်မကောင်းပါ
သူက ကိုယ် စားစေချင်လို့
မလုပ်တတ်လုပ်တက်နဲ့ ဝင်လုပ်ရာ
ကနေဖြစ်သွားရတာမျိုးပင်။
ဒါပေမဲ့ နောင့်ခွန်းကအိမ်ထဲမှာ လက်နက်တချို့နဲ့ ယမ်းမှုန့်တွေသိမ်းထားတာရှိသည် ။
အကယ်လို့ ဒီ မီးသာဒီလောက်နဲ့
ငြိမ်းမသွားခဲ့ရင် နောင့်ခွန်းပစ္စည်းတွေဆုံးရှုံးရမှာထက် အခန့်မသင့်ရင် ပေါက်ကွဲမှုအားကောင်းတဲ့ဟာတွေကြောင့် လူပါသေနိုင်သည်လေ။
မီးဖိုးခန်းထဲမှာ ရှိနေတဲ့ ကောင်လေးက ဦးဆုံးထိခိုက်နိုင်သည်ကို
သူ မသိလေရောလား ။
နောင့်ခွန်းဘာမှထပ်မပြောတော့ပဲ အခန်းထဲသာပြန်ဝင်လာလိုက်သည်။
ခွန်း ဘဲကြီးလှည့်ထွက်သွားမှ
နေရာမှာတင် ငုတ်တုတ်လေး
ထိုင်ချကာ ငိုချပစ်လိုက်သည်။
"ဟဲ့ နင်ကလည်း မငိုပါနဲ့ ကိုကြီးကစိတ်တိုလို့အော်လိုက်မိတာပါ
နင်လည်း မတော်တဆဖြစ်သွားတာပဲဟာကို မငိုနဲ့တော့"
"ဟီး.... အူးဝါး..... ဗြဲ... "
ချော့တဲ့သူရှိမှပိုငိုချင်တယ်ဆိုတာ အမှန်ပင် မိုင်ခမ်းချော့မှ
ခွန်း ပိုငိုချင်လာသည်။
"ဟဲ့ နင်ကလည်း အဲ့လောက်မငိုနဲ့လေ ကိုကြီးကဒဏ်ရာနဲ့ဆိုတော့
စိတ်တိုနေတာမို့ပါ "
"ဟင့် အင်းပါ ငါသိပါတယ် အင့် "
"အေး အဲ့တာဆိုလည်း ထ နင်မျက်နှာသွားသစ်လိုက်ဦး ပစ္စည်းတွေ
ငါ သိမ်းထားလိုက်မယ် "
" အင်း "
ခွန်းလက်ထဲကယောင်းမကြီးကိုချခဲ့ပြီး မီးဖိုခန်းထဲကထွက်လာလိုက်သည်။
ခွန်းတကိုယ်လုံးမီးခိုးတွေနဲ့ကော
ဆန်ပြုတ်အိုးကစင်တာတွေနဲ့ကော
ညစ်ပတ်နေပြီမို့ ရေချိုးဖို့သာလုပ်ပြီး အခန်းထဲသွားကာပုဆိုးယူရသည်။
အခန်းထဲရောက်တော့ ထိုလူကြီးက
ကုတင်ပေါ်မှာထိုင်နေသည်။
ခွန်းက အမှားလုပ်ထားသည်မို့တောင်းပန်သင့်သည်ဟု ခွန်း
ထင်တာကြောင့် လူကြီး
ကုတင်နားတိုးသွားကာ
"ကျွန်တော် တောင်းပန်ပါတယ်
ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး မတော်တဆ ဖြစ်သွားတာပါ"
" အင်း ရတယ် "
လေသံကနည်းနည်းမာနေတုံးပင်
"အင့် ဟင့် ဟင့် "
စောနကငိုထားတဲ့အရှိန်က
မသေသေးပဲ ခုတခါပြန်ပြီး
ငိုချင်လာသည်။
"ဟာ ဘာလို့ငိုတာလဲ မင်းမျက်ရည်အတော်ပေါတာပဲကွ "
"ခင်ဗျား က စိတ်တိုနေတာကိုဗျ"
" တိတ်တော့ "
နောင့်ခွန်းအော်ပစ်လိုက်တော့
အသံချက်ချင်းတိတ်သွားသည်။
ဒီလိုကျလည်းနောင့်ခွန်း
သဘောမကျ ။
"Sorry ကိုယ်မအော်လိုက်သင့်ဘူး ကိုယ်မင်းကိုစိတ်မဆိုးပါဘူး
မင်းအခု ဘာလာလုပ်တာလဲ "
"ကျွန်တော် ရေချိုးမို့ ညစ်ပတ်ကုန်လို့"
နောင့်ခွန်းစောနတည်းက
ကောင်လေးမျက်နှာကို သတိထားမိပါသည် မီးခိုးတွေကြောင့်
ပေတူးနေတာ
" ရာသီဥတုက အေးနေတာ
မြန်မြန်ချိုးချေ "
" ဟုတ်ဗျ "
ခွန်း ရေချိုးဖို့သာ အမြန်ထွက်လာလိုက်သည် အခန်းထဲက ဘဲကြီးရှေ့မှာ အဝတ်မလဲချင်တာမို့
အုတ်ကန်နားအကွယ်ရောက်မှ မြန်မြန်ချွတ်ပြီးရေလဲပုဆိုးနဲ့ဝတ်ချိုးလိုက်သည်။
နောက်တရက်............
နောင့်ခွန်း ဒဏ်ရာက အရမ်းမပြင်းပေမဲ့ နွမ်စိုင်းကော မိုင်ငယ်ကောက အလုပ်တွေ ခနနားလိုက်ပါ
သူတို့လုပ်ထားတယ်ဆိုတာမို့
နောက့်ခွန်း ဒီနှစ်ရက်အတွင်းအိမ်မှာအေးဆေးအနားယူနေလိုက်သည်
ဒီလိုနားရက်ဆိုတာမျိုးက
ရှားရှားပါးပါးပေမို့ ။
ကောင်လေးနဲ့လည်း မီးလောင်တာဖြစ်ပြီးတည်းက ပိုရင်းနှီးလာသလိုပင်။
မဟုတ်သေးဘူး အဲ့ကောင်လေး နောင့်ခွန်းအပေါ်ကိုပိုဆိုးလာတာပင်
မနက်ဖြန်ဆိုရင်တော့ နောင့်ခွန်း အလုပ်တွေပြန်လုပ်ဖို့စရတော့မှာမို့
ဒီညထိအေးဆေးနားလို့ရသေးသည်။
လင်းဆက်လည်းပြန်ကောင်းလာနေပြီမို့ တချို့အလုပ်ကိစ္စတွေလက်လွှဲလို့ရနေတာကြောင့် နောင့်ခွန်းသက်သာတာလည်းပါမည်။
ဒီညတော့ဘာမှမတွေးတော့ပဲ
နောင့်ခွန်း အိပ်ပစ်လိုက်သည် ။
ဟိုကောင်လေးကိုကြည့်လိုက်တော့လည်း ဘယ်ချိန်ထဲကအိပ်မောကျနေသည်မသိ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေပေသည်။
ーーーーーーーーーーーーーーーーーー
တောင်တန်းတွေကြားက
ဆောင်းနံနက်ခင်းရဲ့အအေးဓာတ်ကပိုလိုပင်အေးနေသည် ။
ခွန်းအိပ်ယာနိုးလာတော့ ဘဲကြီးက
ကုတင်မှာမရှိတော့ပေ
^^အာ ဟုတ်သားပဲ ဒီနေ့ဘဲကြီး
အလုပ်ပြန်လုပ်တော့မှာပဲ စောစောထမှာပေါ့ ဟီး ငါလည်းလိုက်ရမယ် ^^
ခွန်းနံနက်ခင်းကို တက်တက်ကြွကြွ
နိုးလာပြီး မျက်နှာသစ်ရန် အခန်းတံခါးကိုဆွဲဖွင့်ပြီး
" မိုင်ဆုန်ခ "
ခွန်းရှမ်းစကားတချို့ကို
နွမ်စိုင်းနဲ့ မိုင်ခမ်းဆီက
လိုက်သင်နေတာမို့ ဟိုတခွန်း ဒီတခွန်း အိမ်ကလူတွေကို လိုက်ပြောနေတာပင်
ခွန်းနှုတ်ဆက်ပြီး အိမ်ရှေ့ခန်းကို ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခွန်းပါးစပ်အဟောင်းသားလေးနဲ့ဖြစ်သွားရသည်။
" ဘယ်သူလဲခဗျ "
ခွန်းနဲ့ ဘေးတစောင်းမြင်ကွင်းအနေအထားဖြစ်နေတဲ့ သူကို
ခွန်းမေးလိုက်မိတော့ လှည့်ကြည့်လာတဲ့သူကြောင့် ခွန်းအိပ်မက်မက်နေသလား ကိုယ့်ပါးကိုယ်တောင်
ပြန်ဆွဲဆိတ်လိုက်မိသည်။
"အားးးး နာတယ်ဟ
တကယ်ကြီးလား တကယ် သူလား
သူက ဘယ်လိုလုပ်ပြီး......"
6-9-2021
Koe Note- ဖွန်ကြောင်ချင်လဲ
သတိနဲ့ ဆင်ခြင်ပြီး ဖွန်ကြောင်ကြပါ
အခန့်မသင့်ရင် အမောင်ခွန်းလို
မီးရှို့ မိသွားနိုင်ပါတယ် ။
အမောင်ခွန်းမို့ ဘဲကြီးက ဘာမှမဖြစ်ပေမဲ့ ခင်ဗျားတို့ သာဆို
လက်ကောက်ဝတ်ရနိုင်ပါတယ်။
သြော် မေ့လို့ Faနှမတော် တို့က
ဖွန်ကြောင်စရာ ဘဲမှ မရှိကြပဲလေ
-------------------------
Thanks For Reading.
@Paing & Koe 🌸🍉
Love You All....... 💛💛💛