book

Index 6

Part - 5


ဒီနေ့  ခွန်း တယောက်

ဘဲကြီးအင်္ကျီဝတ်ထားတာမို့ လမ်း‌လျှောက်တာကအစ

လေပေါ်လွှင့်နေသလိုပင်။


ဟိုသီချင်း တောင်သွားသတိရသည်။


^^တိမ်တွေပေါ်မှာ လွင့်နေတယ်လေ 

ငါလေး အိုးး ရေးး ရေးး ရေးး

လွင့်နေတာ ငါလေ ..........


တိမ်တွေပေါ်မှာ​ လွင့်နေတယ်လေ 

ငါလေး အိုးး ရေးး ရေးး ရေးး 

လွင့်နေတာ ငါလေ...............^^


အမ် ဆက်မရတော့ဘူးရော အဟဲ

ရသလောက်ဆိုတာပေါ့ကွာ ။


ဘဲကြီး ဆယ်ကျော်သက်က

အင်္ကျီဆိုတာသေချာရဲ့လားမသိ 

ခွန်းနဲ့အတော်ကြီးနေသေးသည်။


သူအခုဝတ်တဲ့ဟာတွေများ

ဝတ်လိုက်ရင်ခွန်းတကိုယ်လုံးများပျောက်နေမလားမသိ။ 

သေချာတာတော့ ခွန်းဘောင်းဘီတောင်ဝတ်စရာမလိုလောက်တော့ပေ။


အခု ခွန်း မိုင်ခမ်းနဲ့အတူအခင်းတွေ

ထဲကိုလိုက်စစ်ကူနေရသည်။


ဘဲကြီးကို အလုပ်လုပ်ကူမယ်လို့

ကတိပေးထားမှတော့ ခွန်း

လုပ်နိုင်ကြောင်းသက်သေပြရမည်။


သုံးခင်းလောက်စစ်ပြီးချိန်မှာ 

ခွန်းတယောက်အော်ငိုချင်လာသည်။


မိုင်ခမ်းက အခင်း အကုန်လုံးကို 

ခြေကျင်ချည်းလျှောက်ပြီး

ပတ်ခေါ်သွားနေတာဆိုတော့ 

ခွန်းကြာတော့ ဒူးတွေပါ

ခွေကျချင်လာလောက်အောင် ခြေထောက်များ တုန်ရီလာသည်။


ခွန်းတခါမှအဲ့လောက်အကြာကြီးလမ်းမလျှောက်ခဲ့ရဖူးပေ။


မန္တလေးမှာတုန်းကဆို 

ဟိုနားဒီနားလေးသွားတာကအစ 

ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ် 

တခုခုနဲ့ သွားနေကျပေ ။


အခုတော့ ခွန်းလျှောက်နေရသည်မှာ မနက်မိုးလင်းအိမ်ကထွက်လာတည်းကအခုဆို နေမွန်းပင်တည့်တော့မည်။


မိုင်ခမ်းကိုလှမ်းကြည့်တော့အေးဆေးပင် သူကပုံမှန်လုပ်နေကျအလုပ်တခုမို့ဘာမှဖြစ်ပုံမရ။ ခွန်းကိုယ့်ကိုယ်မနည်းပြန်အားတင်းပြီးလျှောက်ရသည်။


မိန်းကလေးတယောက်

တောင်လျှောက်နိုင်သေးတာကို 


ခွန်းစေကိုး  

မင်းယောက်ျားပဲလုပ်နိုင်ပါတယ် 

အာဂျ အာဂျ ဖိုက်တင်း 

ခွန်းကိုယ့်ဘာသာ

ပြန်အားပေးရင်းလျှောက်ဖို့

ကြိုးစားပေမဲ့ ခြေတလှမ်းတောင်

မလှမ်းချင်တော့ ပေ ။


"ဟဲ့ ဗိုက်ဆာပြီလား ဒီတခင်း

ပြီးရင်တော့ဒီနေ့စစ်စရာကုန်ပြီ 

ခနလေးပဲစောင့် "


"အေးအေး နင်ပဲစစ်လိုက်တော့ 

ငါမောနေပြီ ဗိုက်လည်းဆာနေပြီ 

မြန်မြန်လုပ်ချေ "


"ဟယ် နင်ကလည်းယောက်ျားလေးဖြစ်ပြီး အားမရှိလိုက်တာ "


"ဟဲ့ ငါ့ဘဝမှာ ဒီလောက်အထိ

လမ်းမလျှောက်ခဲ့ရဖူးဘူးဟ "


"ဟား ဟား ဟား အေးပါဟယ် 

အဲ့တာဆိုလည်း နင်ဒီမှာပဲထိုင်စောင့်နေလိုက်တော့ ငါအမြန်သွားပြီ

ပြန်လာခဲ့မယ်"


" အေး " 


ခွန်း တယောက်

ထိုင်ရုံတင်မဟုတ်ပဲ မြက်ခင်းပြင်

ပေါ်ကိုပစ်လှဲပစ်လိုက်သည်။


ဆယ့်ငါးမိနစ်လောက်အကြာ မိုင်ခမ်းတယောက်ပြန်ရောက်လာသည်။


" ရပြီ လာသွားမယ် နင်လမ်းကောလျှောက်နိုင်သေးရဲ့လား အိမ်ပြန်ဖို့ကို"


"ရတယ် လျှောက်နိုင်ပါသေးတယ် 

အဲ့လောက်တော့ ခဏနားလိုက်တာအဆင်ပြေသွားပြီ"


" အေး အဲ့ဒါဆိုပြန်မယ်လာ "


ခွန်း နဲ့ မိုင်ခမ်း နှစ်ယောက်အတူ 

အိမ်ကိုပြန်ရောက်တော့ ဘဲကြီးမရှိ ခွန်းတို့နှစ်ယောက်ထဲပဲ

နေ့လည်စာစားလိုက်ရသည်။


နေ့လည်စာစားပြီးတော့ 


"နင် အနားယူချင်ယူလေ 

အိပ်ချင်လည်း အိပ် 

ငါ ပီအိုက်တို့အိမ်သွားဦးမယ် 

လိုက်ချင်လည်းလိုက်ခဲ့ပေါ့ "


"ဟင့်အင်း ငါမလိုက်တော့ဘူး 

နားမှရတော့မယ် ငါအိပ်တော့မယ်

နင်ပဲသွားလိုက်တော့ "


"အေး အာ့ဆို 

ငါအိမ်တံခါးစေ့ပေးခဲ့မယ် 

ကိုကြီးပြန်လာနေမှာစိုးလို့ "


" အေးပါ "


မိုင်ခမ်း ကလင်းဆက်တို့

အိမ်ကို ထွက်သွားလေသည်။

 

ခွန်းလည်း အိပ်ခန်းထဲ

ဝင်အိပ်မနေပဲ ခေါင်းအုံးနဲ့စောင်ကိုပဲယူထုတ်လာကာ နှစ်ယောက်ထိုင် ဆက်တီကြီးပေါ်တွင်သာ

အိပ်ပစ်လိုက်သည်။


ရာသီဥတုကနေ့လည်သာပြောတာ 

နေကျဲကျဲတောက်ပူနေတာတောင် အအေးဓာတ်ကရှိနေသေးသည်။

ဒါကိုမှ ဘဲကြီးတို့အိမ်က

လေ ကြောင်းသင့်နေတော့ 

စိမ့်နေအောင်အေးသည်မို့စောင်လေးခြုံပြီးကွေး အိပ်နေလိုက်သည်။

  

__________________________________


နောင့်ခွန်း ဒီနေ့ 

ပစ္စည်းပို့စရာရှိတာမို့ နေ့လည်စာ

ပြန်မစားဘူးဆိုတဲ့အကြောင်း 

မိုင်ငယ်ကိုကြိုပြောထားသည် ။


မိုင်ငယ်ကမစောင့်ပဲစားနှင့်လိုက်မည်ဟုပြောထားတာကြောင့် နောင့်ခွန်းအေးဆေးပဲစိတ်ချထားလိုက်သည်။


နောင့်ခွန်း အိမ်ပြန်ရောက်တော့ 

နေ့လည်နှစ်နာရီကျော်နေပြီ ။


အိမ်ပေါ်တံခါးကစေ့ရုံစေ့ထားသည်မို့ မိုင်ငယ်နဲ့ဟိုကောင်လေး လင်းဆက်တို့အိမ်သွားတယ်ထင်သည်။


နောင့်ခွန်း တံခါးကို

အသာအယာတွန်းပြီး ဝင်လာလိုက်တော့ အိမ်ရှေ့ခန်းမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩသွားသည်။

  

ဟိုကောင်လေး ဘယ်လိုဖြစ်လို့ 

အိမ်ရှေ့ခန်းထဲထွက်အိပ်နေသည်မသိ အိပ်နေတာများစိတ်ချလက်ချပင်။


သူ့အိမ်သူ့ယာအတိုင်းပဲ 

မိုင်ငယ်တော့ရှိဟန်မတူ ။

 

နောင့်ခွန်း ဖြည်းဖြည်းသာသာလေးလျှောက်သွားလိုက်ပြီး ကောင်လေးရဲ့ မျက်နှာချင်းဆိုင်က ဆက်တီတလုံးပေါ်မှာထိုင်လိုက်သည် ။


မနိုးလာသေးပါ ။

စိတ်ချလက်ချ  ကိုအိပ်နေတာပင် ။


တချက်တချက်မျက်နှာလေးက

ရှုံ့မဲ့သွားတက်သေးသည်။


နောင့်ခွန်း တကယ်ကို

နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားပြီး


" ချစ်စရာလေးကွာ "


နှုတ်မှလွှတ်ကနဲ့ထွက်သွားသည့်

ကိုယ့်အသံကိုယ်ပင်မယုံနိုင် 


စောင်လွှတ်နေတဲ့ ခြေထောက်လေးတွေဆီအကြည့်ရောက်သွားတော့ သွေးခြေတွေဥနေတာမြင်လိုက်ရသည်


ရာသီဥတုကြောင့်နီရဲနေတာမျိုးမဟုတ် တချို့နေရာတွေဆိုအရည်ကြည်ဖုသေးသေးလေးတွေပါ ဖြစ်နေသေးသည်။

  

ဒီကောင်လေးကို မိုင်ခမ်းနဲ့

ထည့်ပေးလိုက်တာပြန်သတိရတော့ လမ်းတွေအကြာကြီး

လျှောက်လို့ဖြစ်လာတာမှန်း 

နောင့်ခွန်း တန်းသိလိုက်သည်။ 


ဟင်း ဒီကောင်လေးကို

ငါအရမ်းပင်ပန်းတာတွေများ

ခိုင်းမိနေတာလား မဖြစ်သေးပါဘူးနောက်ရက်ကျတမျိုးစီစဉ်ဦးမှပါ ။


ဒီကောင်လေးပုံစံက
နုနုဖတ်ဖတ်လေးမှန်းသိပေမဲ့ 
ဒီလောက်ထိအကြမ်းမခံမှန်း
နောင့်ခွန်းမထင်ထားခဲ့ဘူး ။

(နွိုင်း မှအဖွဲ့သားများ ::: ခေါင်းဆောင်ပြန်ပေးဆွဲခံလိုက်ရတာ ဒါကျွန်တော်တို့ခေါင်းဆောင်
မဟုတ်ဘူးမလား ကျွန်တော်တို့ခေါင်းဆောင်ကို ပြန်ပေးကြပါ)

ခွန်းအိပ်ယာနိုးလာတော့ 
လူကပင်ပန်းထားတဲ့ဒဏ်နဲ့မို့
ညောင်းကိုက်နေသေးသည်‌ဆိုပေမဲ့ အိပ်ရေးဝဝအိပ်လိုက်ရတော့ နည်းနည်းတော့နေလို့ကောင်းသွားသည်။

မဖွင့်ချင်သေးတဲ့မျက်လုံးကိုမနည်းအားယူပြီးဖွင့်လိုက်တဲ့အချိန် 
မြင်လိုက်ရတာက စားပွဲရဲ့
ဟိုဘက်အခြမ်းမှာ ဘဲကြီးက
စာရင်းတွေ ထိုင်လုပ်နေသည်။
  
ခွန်းချက်ချင်းပင်
ငုတ်တုတ်ထထိုင်မိသွားသည်။

"နိုးပြီလား ကောင်လေး"

" ဟုတ်ဗျ "

" ဘဲကြီး ကျွန်တော်တခုပြောချင်လို့"

" အင်း "

" ကျွန်တော့်နာမည် ခွန်းစေကိုးဗျ "

" အင်း အဲ့တော့ " 

ခွန်းကို ကောင်လေး 
ကောင်လေးလို့ ခေါ်နေတော့
နာမည်မသိလို့ခေါ်တယ်ထင်လို့ 
ခွန်းကပြောပြတာကို ။
ဘဲကြီး ပြန်ဖြေလိုက်ပုံက ခွန်း
ဘာဆက်ပြောရမှန်းတောင်မသိတော့

" အဲ့တော့ 
ကျွန်တော့်နာမည်ပြောပြတာလေ "

" ကိုယ်သိတယ်လေ "

အူးးဝါးး...........ခွန်း
အော်ငိုပစ်လိုက်ချင်သည်။

ဒါဆို သူက သိသိရက်နဲ့သတ်သတ်မဲ့ကောင်လေး ကောင်လေးနဲ့
ခေါ်နေတာပေါ့ ။

ဟွန့် အေးပေါ့လေ
ငါကချစ်စရာကောင်းပြီး 
နုဖတ် အုအက်နေတော့ 
သူ့လိုအသက်အရွယ်နဲ့ဆိုတော့ 
ခေါ်ပါစေလေ။

ငါလေးကသူနဲ့ဆို အသက်က
အရမ်းကွာနေတာမျိုးဖြစ်နေတာကို 
  
ခွန်းကိုယ့်အတွေးနဲ့ကိုယ်မို့
ဘဲကြီးကိုဘာမှဆက်မပြောတော့ပဲ ခေါင်းအုံးတွေစောင်တွေသိမ်းပြီး အခန်းထဲသွားထည့်မို့ မတ်တပ်ရပ်လိုက်သည်။

" အာ့ "

ခြေဖဝါးကနာကျင်မှုက
အသည်းခိုက်အောင်ပင်နာလှသည်မို့မျက်ရည်တွေပါဝဲလာရသည်။
 
နောင့်ခွန်းလည်းကောင်လေးအသံကြောင့်မော့ကြည့်မိတော့ 
သူ့ခြေထောက်လေးသူငုံ့ကြည့်ပြီး 
ငိုမဲ့မဲ့ဖြစ်နေတာတွေ့တော့ 
စိတ်မကောင်းဖြစ်ရသည်။
  
ခွန်း မထတော့ပဲ
ခုံမှာပဲ ပြန်ထိုင်နေလိုက်သည်။
 
"ဘဲကြီး ကျွန်တော် 
စာရင်းတွေလုပ်ကူရမလား "

" ရတယ် ခေါင်းဆောင်လို့ခေါ် 
ဘဲကြီး ဘဲကြီးမခေါ်နဲ့ "

"ဟွန့် မခေါ်ချင်ပါဘူး 
ဘဲကြီးအဖွဲ့ထဲကလူမှမဟုတ်တာ

ကျွန်တော်က ဘဲကြီးပဲခေါ်မှာ 
ဘဲကြီးတောင် ကျွန်တော့်ကို
ကောင်လေး လို့ ခေါ်သေးတာပဲ "
  
အဟက်....... သူ့ကိုကောင်လေးခေါ်လို့နောင့်ခွန်းကို ဘဲကြီးခေါ်ပြီးလက်စားချေတာပေါ့လေ 
တကယ်ကိုအကြောတင်းလေးပင်

ခွန်းလည်း မကူနဲ့ဆိုတော့ 
ခြေထောက်ကလည်းနာနေတော့ 
မထတော့ပဲ ဘဲကြီးလုပ်သမျှ
သာလိုက်ကြည့်နေလိုက်သည်။

အင်တာနက်လိုင်းလည်းမမိဆိုတော့ ခွန်းရဲ့ဖုန်းလေးပင် 
ဘယ်တိုင်းပြည်ဘယ်နယ်ပယ်စီပင် တိုင်းခန်းလှည့်လည်နေသည်မသိ 
တီလေးဆီဖုန်းဆက်ပြီးတဲ့နေ့တည်းကအိတ်ထဲပစ်ထည့်ထားတာပင်။
  
ညနေစောင်း မိုင်ခမ်းပြန်လာမှ
ညစာချက်ပြုတ်ပေးပြီး 
ခွန်းတို့အတူစားကြသည်။
  
ဒီနေ့တော့ပင်ပန်းနေတာကော ခြေထောက်နာနေတာကောမို့ 
ခွန်း စောစောသာအိပ်ရာထဲ 
ဝင်ပစ်လိုက်သည်။
 
ခြေထောက်ကတလှမ်း
ထောက်တိုင်းနာနေသည်။

ကောင်လေးအိပ်ခန်းထဲဝင်သွားတာတွေ့မှ နောင့်ခွန်း မိုင်ငယ်ကိုခေါ်ပြီး ကောင်လေးခြေထောက်အတွက် လိမ်းဆေးတချို့သွားပို့ခိုင်းလိုက်သည်။
 
ခွန်း မိုင်ခမ်းလာပေးတဲ့ဆေးတွေ
လိမ်းပြီးတော့ခြေထောက်ကအနာတော်တော်သက်သာသွားသည်မို့ အိပ်ပျော်သွားတော့သည်။

နောင့်ခွန်း အခန်းထဲဝင်လာတဲ့အချိန် ကောင်လေးက အိပ်တောင်
အိပ်ပျော်နေလေပြီ ။

ဒီကောင်လေးနေ့လည်က
အိပ်ထားတာကိုအခုလည်းအိပ်ပျော်သေးတယ်တကယ်အံ့ဩတယ်။

____________________________

October လ အစရဲ့‌အအေးဓာတ်က
နေလို့ကောင်းသည်ဆိုရုံသာ။

ဆောင်းတွင်းမို့ညတာရှည်ပြီး
နေ့တာတိုလေသည်။

ဒီနေ့မနက်ရဲ့ မနက်စာစားပွဲဝိုင်းတွင်‌လည်း လူလေးယောက်ရှိနေပြန်သည်။
 
ဘဲကြီး လူပါ ရောက်နေတာကို ။
  
"မိုင်ငယ် ဒီနေ့ခြံတွေဘက်
သွားစရာရှိသေးလား "

"ဟင့်အင်း ဒီနေ့ 
တောင်ကြောဘက်သွားမို့ ကိုကြီး"

ခွန်း ကိုယ့်ခြေထောက်လေး
ကိုယ်ငုံကြည့်မိသွားသည် ။ 

ဘဲကြီးနဲ့မိုင်ခမ်းစကားတွေကြောင့် မနေ့ကမြေအပြန့်ကိုသွားရတာတောင် ဒီလောက်နာနေတာကို 
တောင်ကြောပေါ်သာသွားရရင်
သေဖို့ပဲရှိတော့တယ် ။
 
ခွန်းစားနေလက်စ
ခေါက်ဆွဲတောင်မြိုမကျတော့ပါ။

ကောင်လေးဖြစ်နေတာတွေကို သတိထားမိတဲ့‌ နောင့်ခွန်း 
ရီချင်နေမိသည်။
ရီချင်စိတ်ကို မနည်းထိန်းပြီး

"ဟိုကောင်လေး အဲ့တာဆို 
မိုင်ငယ်နဲ့မလိုက်နဲ့တော့ ဒီနေ့ "

" ဟုတ်ကဲ့ဗျ "

ခွန်းလေ ဘဲကြီးစကားကြောင့်
အရမ်းကိုပျော်သွားတာ။ 
ဘဲကြီး အသံလေးက
ဆည်းလည်းသံလိုချိုမြနေတာရော
 
ခွန်းခြေထောက်တွေနာနေတာမို့
ဒီနေ့ လမ်းမလျှောက်ချင်ပါ။

" အင်း ငါနဲ့လိုက်ခဲ့ခိုင်းစရာရှိလို့ "

" ဗျာ " 

"‌ ဗျာ " 

နွမ်စိုင်းကော ခွန်းကော 
နှစ်ယောက်လုံးစီက အံသြပြီး 
ထွက်လာတာပါ။

နွမ်စိုင်းအံ့ဩလွန်းလို့ပါ ။
တသက်လုံး ခေါင်းဆောင်
ဘေးနားနေလာတာတောင်
တကူးတကခုလိုမခေါ်ဖူးဘူး 
အမိန့်ပေးတာမျိုးသာရှိသည် ။

သေချာနေပါပြီ 
ခေါင်းဆောင်တခုခုတော့မှားနေပြီ။
 
ခွန်းရဲ့ " ဗျာ " သံကတော့ 
အမြင့်ရောက်မှရိုက်ချခံလိုက်ရခြင်း
ဆိုတဲ့ခံစားချက်မျိုးပါ ။

ခွန်း ချီးကျူးတာစောသွားသည်
ဘာမှဆည်းလည်းသံမဟုတ်ဘူး။

ငှက်ဆိုးထိုးသံကြီး ပြန်လည်းမပြောရဲ အသက်နဲ့ခန္ဓာအိုးစားကွဲသွားနိုင်သည်။

ခွန်း ခြောက်လုံးပြူး စာမမိချင်ပါ ။

ခွန်းတို့စားသောက်ပြီးတော့ 
မိုင်ခမ်းကအရင်ထွက်သွားသည်။

အိမ်ထဲမှာ ခွန်းရယ် ဘဲကြီးရယ် 
သူ့လူရယ်ပဲကျန်သည်။

"ဟိုကောင်လေး ဒါကနွမ်စိုင်း 
မင်းနဲ့အသက်နဲနဲလောက်ပဲကွာမယ်။

လင်းဆက်နဲ့ သူက အတူတူဆိုတော့ မင်းလိုတဲ့အကူအညီ 
သူ့ဆီပြောလို့ရတယ် "
 
^^ ဝူး ဝူး ဝူး နွမ်စိုင်းမပျော်တော့ပါ

သူ့လိုလက်ဖြောင့်သေနတ်သမား
ကျောက်မျက်ရတနာတွေရဲ့ 
မုဆိုးလို့ ပြောလို့ရတဲ့သူကို 
အခုတော့ ခေါင်းဆောင်က 
ကျီးထိုးထိုး ခွေးစားစား သဘောနဲ့ 
ဟိုပိစိကောင် လက်ထဲထိုးပေးလိုက်လေပြီ ဘဝကြီးကနေမပျော်တော့ပါ^^
  
"ဟုတ်ကဲ့ဗျ ကျွန်တော်
အကူအညီလိုရင်ပြောပါမယ်ဗျ"

"ဟုတ်ပြီ အဲ့တာဆိုသွားမယ် "

ခွန်းဘယ်မှ မသွားချင်ပါ ။
တကယ်ကိုငိုချင်နေပါသည် ။

သို့သော် 
ဘယ်ချိန်ကထုတ်ထားသည်မသိတဲ့ 
ခြံရှေ့ကဆိုင်ကယ်ကြီးနှစ်စီးကြောင့် ခွန်းမျက်လုံးတွေ
အရောင်လက်သွားရသည်။

"ဘဲကြီး ဒါနဲ့သွားရမှာလားအဟိအဟိ"

" ဟုတ်တယ် "

နောင့်ခွန်းနားကိုတိုးတိုးလေး
လာကပ်ပြီးမေး‌ကာပျော်နေတဲ့
ကောင်လေးကိုကြည့်ရုံနဲ့ 
နောင့်ခွန်းအစီအစဉ် 
အလုပ်ဖြစ်မှန်းသိလိုက်သည်။

" ကျွန်တော်ဘယ်သူနဲ့
စီးရမှာလဲဟင် နှစ်စီးဆိုတော့ "

" လာ ငါနဲ့စီး "

နွမ်စိုင်းတောင်ပါးစပ်မဟ‌ရသေးဘူး။
  
ခေါင်းဆောင်ရဲ့စကားကြောင့် မျက်လုံးအပြူးသားဖြင့်သာ ခေါင်းဆောင်ကိုလှမ်းကြည့်မိသည်။

ခေါင်းဆောင်ကလည်း
ဘာလဲဆိုတဲ့ပုံစံနဲ့ပြန်ကြည့်နေသည်။

နွမ်စိုင်း ခေါင်းကိုသာ
အသာအယာယမ်းပြလိုက်သည်။

ခွန်းကမန္တလေးသားမို့ ဆိုင်ကယ်
စီးရတာကိုတကယ်ကြိုက်သည်။

ဒါမဲ့အခုက DT ဘီး အမြင့်ကြီးဆိုတော့ လှမ်းတက်ဖို့ကမလွယ်တာမို့ ဘဲကြီးလက်မောင်းကို
ကိုင်ပြီးပဲလှမ်းတက်လိုက်သည်။

ဘဲကြီးက ခေါင်းစောင်းကြည့်ပြီး
ဘာမှမပြောသည်မို့ အဆင်ပြေသည်။

ဆိုင်ကယ်စထွက်ချိန်မှ
ပြသနာကစသည် ။

ဘဲကြီးက အားကြီးနဲ့
လီဗာကိုဆွဲချလိုက်တော့ 
 
အင့်ခနဲ့နေအောင် 
ခွန်းခန္ဓာကိုယ်လေးက 

ဘဲကြီး နောက်ကျောဆီသို့
ပြေးကပ်မိတော့သည်။

ဒါတင်မဟုတ်သေးပါမသိစိတ်၏နှိုးဆော်မှုနဲ့အတူ 

ခွန်း လက်နှစ်ဖက်လုံးက 
ဘဲကြီးခါးထက်ဆီကို
အလိုအလျောက်ရောက်ရှိသွားသည်။
 
နောင့်ခွန်း ခါးထက်ဆီကို
တင်းကျပ်စွာရောက်ရှိလာတဲ့ 

လက်တစုံကြောင့် နည်းနည်းတောင့်တင်းသွားမိသည် ။
  
ကျောပြင်ကိုထိတွေ့လာတဲ့ 

ဝင်သက်ထွက်သက်

အငွေ့နွေးနွေးလေးကိုပါ

တပါတည်းခံစားလိုက်ရသောအခါ

မရည်ရွယ်ပါဘဲ နှုတ်ခမ်းက 
 
ပြုံးယောင်သန်းမိသွားသည်။

ရင်ထဲတွင်လဲ အမည်မသိသည့်

ခံစားမှုလေးက ဒွန်တွဲလာသည် ။

----------------------------------------------------------
 
ဒီနေ့တော့ ခွန်းတယောက်
သက်သာနေ သည်။

ဘဲကြီးဆိုင်ကယ်နောက်ကနေအေးဆေးလေးလိုက်စီးနေရသည်ကို။

ဘဲကြီးနဲ့နွမ်စိုင်းနှစ်ယောက်လုံးကအလုပ်အတော်လုပ်နိုင်သည်ဆိုတာကိုတော့ ခွန်း  စံမူ ရှိတယ်မလား သူကတိကျပါတယ် 

အခြောက်တွေကိုအရင်သွားစစ်မယ် 
နောက်တပတ်ထဲပေးရမှာရှိတယ် အချိန်ရမှ အဖြူတွေဝင်ကြည့်တော့မယ် "

" ဟုတ်ကဲ့ပါ  ခေါင်းဆောင် "

" ဝူးးးး.........." 
 
ဆိုင်ကယ်ကြီးနှစ်စီးသည် 
ရွာပြင်လမ်းကနေ တောင်ကြောတွေရဲ့အနောက်ခြမ်းက စခန်းရှိရာသို့ ဦးတည်ထွက်ခွာလာလေသည်။
 
(A/N::::::အဖြူ**ဘိန်းဖြူအမှုန့် / အခြောက်**ဆေးခြောက်အရွက် )

ဧက ၁၀၀ ပတ်လည်လောက်ရှိမည့်ကွင်းပြင်ကြီးထဲတွင် ဟိုတစု 
ဒီတစု တဲအိမ်ငယ်လေးများရယ်
  
လေ့ကျင့်ရေးလုပ်နေတဲ့ 
တပ်သားတချို့ရယ် 

အဆောက်အအုံအကြီးကြီးတခုရယ်

သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေမှာ တန်းလန်းဆွဲထားတဲ့ 
ရေအိုးလိုဟာမျိုးတွေရယ် 
ဒါတွေအားလုံးဟာ ခွန်းအတွက်အထူးအဆန်းလိုပင်ဖြစ်နေသည်။

ခွန်းတို့ ဆိုင်ကယ်ရပ်လိုက်သည်နှင့် အပြေးအလွှားရောက်လာတဲ့ 
လူတချို့ကြောင့် ခွန်းလန့်ပြီး ဘဲကြီးအနောက်ကိုအလိုလိုဝင်ရပ်မိသည်။
  
လာတဲ့သူတွေကလည်း ရှမ်းလိုတွေချည်းပြောနေတာဆိုတော့ 
ခွန်း ဘာတခုမှနားမလည် 
ဘဲကြီးကဘာတွေညွှန်ကြားလိုက်သည်မသိ အကုန်လုံးအလျှိုလျှိုပြန်ထွက်သွားသည်။

ဘဲကြီးမှာ အရှိန်အဝါ
တမျိုးမျိုး ကိန်းအောင်းနေသလိုပဲ 
ဒီလောက်လူတွေအများကြီးကြားမှာတောင် ထင်ပေါ်နေတာမျိုး ။

အဲ့လောက်မျက်နှာက
အမွှေးအမျှင်တွေများနေတာတောင် ခန့်ညားနေသေးတာမျိုး ။

ဘဲကြီးစကားပြောလိုက်တိုင်းလည်း အသံဩဇာအပြည့်နဲ့ညို့ဓာတ်ရှိနေတာ

တကယ်ကိုအမိန့်ပေးဖို့ 
မွေးဖွားလာတဲ့လူသားဆိုတာမျိုးပင်။
  
အမိန့်ဆန်တဲ့စကားလုံးတွေသာ
ထွက်လာတတ်ပေမဲ့ 
သူ့လူတွေကသူ့ကိုဘယ်လောက်ယုံကြည်ကြောင်း အားကိုးကြောင်း 
ထိုသူတွေရဲ့မျက်နှာနဲ့ရိုကျိုးမှုကို
ကြည့်ရုံဖြင့်သိနိုင်သည်။

ခွန်း ပြောချင်တာတခုက ဘဲကြီးကလုံးဝ အတော်ဆုံးပဲ 

ခွန်းသဘောကျရုံလေးနဲ့အစပျိုးခဲ့ပေမဲ့ ဘဲကြီးကိုရင်ခုန်နေမိပြီလားဆိုတာ ခွန်းကိုယ်တိုင်တောင်မသေချာတော့ပါ။

နောင့်ခွန်းကိုပစ္စည်းစာရင်းတွေအကြောင်းလာတင်ပြတဲ့သူတွေကို
ပြန်ညွှန်ကြားပြီးတော့ ဘေးကိုကြည့်လိုက်တော့ ကောင်လေးကရှိမနေ။
  
ဘေးကိုလှည့်ပတ်ကြည့်မှ 
ကောင်လေးက စခန်းဝင်းထဲက လေ့ကျင့်ရေးလုပ်နေတဲ့ 

တပ်သားတွေနားလေးမှာ အူကြောင်ကြောင်လေးရပ်နေတာ
တွေ့လိုက်သည်။

" ဟိုကောင်လေး " 
 
နောင့်ခွန်းလှမ်းအော်ခေါ်လိုက်တော့ အပြေးလေးနောင့်ခွန်းဆီလာနေသည်။

ကျွတ်စ် ဒီကောင်လေးခြေထောက်
နာတယ်ဆိုပြီးပြေးနေတာ
ပိုနာကုန်တော့မှာပဲ။

" ကျွန်တော့်ကိုဘာခိုင်းမို့လဲဟင် " 

" စခန်းထဲကလူတွေရဲ့ လေ့ကျင့်ရေးကွင်းနားမှာမင်းကဘာလုပ်နေတာလဲ "

" ဘာမှမလုပ်ပါဘူး ဒီအတိုင်း
မမြင်ဘူးလို့ကြည့်နေတာ "

"အော် မင်းကောလေ့ကျင့်ချင်လို့လား"

"မကျင့်ချင်ပါဘူး 
မကျင့်ချင်ပါဘူးဗျာ "

အသည်းအသန်ငြင်းနေတဲ့
ကောင်လေးကိုကြည့်ပြီး နောင့်ခွန်း
စချင်လာသည်မို့ ။

"မင်း မလေ့ကျင့်ချင်ရင်ရပါတယ် 
ငါနဲ့အတူအလုပ်လိုက်လုပ်ရမယ် "

" ဗျာ ဗျာ ဟုတ်ကဲ့ "

နွမ်စိုင်းကတော့ 
အဲ့‌နှစ်ယောက်ကိုကြည့်ပြီး
စိတ်ဓာတ်တွေကျဆင်းနေလေပြီ။

ခေါင်းဆောင်က စခန်းထဲကို
လူစိမ်းခေါ်လာရုံတင်မဟုတ်ဘူး 
အခုသူနဲ့ပါတူတူအလုပ်လုပ်ခိုင်းနေသည် ။

မဟုတ်မှလွဲရော ဧကန်န .....

ငါ့ကိုများ
ရာထူးကဖြုတ်ချတော့မို့လားမသိဘူး။

မဖြစ်ဘူး မဖြစ်ဘူး ခေါင်းဆောင်အမြင်ကြည်အောင်နေမှဖြစ်မယ်။

"ဟိုဟာလေ ခေါင်းဆောင် 
အခြောက်တွေကြည့်မယ်ဆို 
ဒီဘက်မှာဗျ "

နွမ်စိုင်းက ဦးဆောင်ပြီး
လမ်းညွှန်ခေါ်သွားလိုက်ရသည်။

ခွန်းကိုအပြင်မှာရပ်စောင့်ခိုင်းပြီး 
သူတို့ကဂိုထောင်လိုဟာမျိုးထဲ
ဝင်သွားသည်။

ခွန်းကတော့ သက်သာလေကြိုက်လေမို့ မခေါ်သွားလို့စိတ်မဆိုးပါ ပိုတောင်ကြိုက်သေးသည်။နာရီဝက်လောက်ကြာတော့မှပြန်ထွက်လာသည်။

" ခေါင်းဆောင်အချိန်ရသေးတယ် အမှုန့်တွေသွားကြည့်ဦးမလား "

" အင်း ခနလေး "

" ဟိုကောင်လေး မင်း 
စောနကကြည့်နေတဲ့ လေ့ကျင့်ရေးလုပ်နေတဲ့သူတွေရဲ့နေရာကို
သိတယ်မလား "

" ဟုတ်ဗျ  "

" အေး အဲ့တာဆို အဲ့ကိုပြန်သွား လေ့ကျင့်ရေးလုပ်တဲ့သူတွေ
ဘာလိုအပ်လည်းဆိုတာမေးပြီး
စာရင်းသေချာ လုပ်ခဲ့ "

" ဗျာ ဟုတ် အာ့ဆို
ကျွန်တော်သွားပြီနော် "

" သွား "

နောင့်ခွန်း ကောင်လေးသူ့ရှေ့က
ထွက်သွားလို့တော်တော်လှမ်းလှမ်းလောက်ရောက်မှ 

"နွမ်စိုင်း မင်းကိုငါသူ့အကြောင်းတွေစုံစမ်းခိုင်းထားတာ 
ငါအခုသိချင်တယ် ရလား"

"ဟုတ်ကဲ့ဗျ  ခေါင်းဆောင် 
သူ့နာမည်က ခွန်းစေကိုး 
အသက်က 23 နှစ် မန္တလေးဇာတိ "

"အဲ့တာတွေ ငါသိတယ်လေ "

ဟင် အဲ့တာဆို ခေါင်းဆောင်က
ဘာကိုသိချင်တာလဲ နွမ်စိုင်း
ခေါင်းကုတ်ရတော့လေသည်။

" ဒီလိုကွာ ငါသိချင်တာက
တခြားထူးထူးခြားခြားဘာရှိလဲ 
အဲ့တာမျိုး "

" အဲ့တာက ခွန်းစေကိုးနာမည်ပေါက်နဲ့ Koe ဆိုတဲ့ Carshowroom တခုရှိတယ်။

သူ့အဖေနာမည်နဲ့က လေးခုရှိတယ်။
 
သူ့အမေက မန္တလေးမြို့ထဲမှာ
အထည်ဆိုင်အကြီးကြီး ဖွင့်ထားတယ်
  
အခုသူ့ကို သူ့အိမ်ကမိန်းမပေးစားလို့ အိမ်နဲ့စိတ်ဆိုးပြီးဆင်းလာတာ 

သူကတဦးတည်းသောသား 

သူ့ရဲ့လုပ်ငန်းနယ်ပယ်မှာတော့ကျွမ်းကျင်မှုရှိတာမို့သူလည်းနာမည်
တလုံးနဲ့ရပ်တည်နေနိုင်တယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းတယ် သူ့နောက်ကြောင်းကရှင်းတယ် "

"အင်း ရပြီအဲ့လောက်ဆို သူကမိန်းမ
မယူချင်လို့လာပုန်းနေတာပေါ့ "

" ဟုတ်တယ်ဗျ  အဲ့လိုမျိုးပါပဲ "

နောင့်ခွန်းနဲ့နွမ်စိုင်းနှစ်ယောက်သားစကားပြောနေတာကို ရပ်လိုက်ပြီး အဖြူတွေစစ်ဆေးဖို့
ထွက်လာလိုက်သည်။

"စံမူ အဆင်ပြေလား "
 
"ဟုတ်ကဲ့ အဆင်ပြေပါတယ် ခေါင်းဆောင် ဒါပေမဲ့ 

နောက်ရက်ထဲပစ္စည်းပို့ဖို့က ၂ နေရာဖြစ်နေတဲ့အတွက် လူတော့လိုနေတယ် အဲ့တာစခန်းထဲကလူနည်းနည်း
ယူသုံးလို့ရမလား "

"အင်းရတယ်လေ လိုသလောက်ကို 
နွမ်စိုင်းကိုပြောလိုက်သွားမဲ့နေ့အဆင်သင့်ဖြစ်အောင် လိုချင်တဲ့သူကြိုရွေးထားလိုက် "

"ဟုတ်ကဲ့ပါ  ခေါင်းဆောင် "
 
နန်းစံမူရဲ့ လုပ်ရည်ကိုင်ရည်ကို 
နောင့်ခွန်းတကယ်သဘောကျသည်။

မိန်းကလေးဆိုပေမဲ့ 
တော်တော်အားကိုးရသည် ။

တိုက်ခိုက်ရေးဆိုလည်းလှည့်ကြည့်စရာမလိုပေ ဆရာ့သမီးမို့ 
ဆရာ့ဆီမှာ နောင့်ခွန်းနဲ့အတူတူ
သင်လာတဲ့သူမို့ ယုံကြည်သည်။

အခု အဖြူတွေထုတ်တဲ့နေရာမှာ တာဝန်ပေးထားပြီး အုပ်ချုပ်ခိုင်းတော့လည်း အာလုံးကသူ့အမိန့်ကိုနာခံအောင်သူလုပ်ပြနိုင်သည် ။

စိတ်ဓာတ်ကလည်းမာသည် ။

တော်ရုံတန်ရုံ တိုက်ပွဲအသေးစားလေးတွေက ဒဏ်ရာရလာရင်တောင် ဘေးလူမသိရပေ အတော့်ကိုခံနိုင်ရည်ရှိသည်။
 
ကတိတည်မှကြိုက်သည် ။
 
သူ့ကိုသစ္စာဖောက်ရင် နောင့်ခွန်းဆီကခွင့်ပြုချက်တောင်းပြီး သူကိုယ်တိုင်စီရင်သည်။
  
လုပ်ရဲတယ် ။ သတ်ရဲတယ်။ 
သေရဲတယ် ။ သစ္စာရှိတယ်။

အဲ့တာတွေကြောင့် နောင့်ခွန်း 
ဒီကလေးမကို သေချာပျိုးထောင်
ပေးနေတာပင် ။

နောင့်ခွန်းနဲ့တနှစ်ပဲကွာတာမို့ ကစားဖော်ဖြစ်ခဲ့တာတောင် 
နောင့်ခွန်းနဲ့စံမူအတွက်ကစားစရာက
သေနတ်တွေနဲ့ ဘိန်းစိုက်ခင်းတွေ
ကြားကဘဝတွေသာဖြစ်ခဲ့သည်။

နောင့်ခွန်း အနည်းငယ်
လိုက်ကြည့်ပြီး စံမူကိုယုံတာမို့

"အဲ့တာဆို ငါသွားတော့မယ် နင်
လိုတာရှိရင် နွမ်စိုင်းစီသာပြောလိုက် "

" ဟုတ်ကဲ့ပါ ခေါင်းဆောင် "

နောင့်ခွန်းတို့ပြန်ထွက်လာတော့ လေ့ကျင့်ရေးစခန်းနားက 
ကောင်လေးကိုမြင်လိုက်ရချိန် တကယ်ကိုရီချင်လာသည် ။
 
ဟိုပြေးဒီပြေးနှင့်ဘာလုပ်နေသည်မသိ ကိုယ်ကဒီမှာခေါင်းဆောင်ဆိုတော့ ဆန္ဒ ကို သိက္ခာ နဲ့ ထိန်းကာမရီမိအောင်ကြိုးစားရပေမဲ့ နွမ်စိုင်းကတော့ အားရပါးရ ရီနေလေပြီ။

" အဟင်း အဟင်း " 

နောင့်ခွန်း နည်းနည်း
ချောင်းဟန့်သံပေးလိုက်မှ 
နွမ်စိုင်း ပါးစပ်ပိတ်သွားသည်။

နောင့်ခွန်းတို့ကိုလှမ်းမြင်သွားပုံရသည့် ကောင်လေးကလည်း လေ့ကျင့်ရေးကွင်းထဲက ထွက်လာပြီးနောင့်ခွန်းတို့ဆီလျှောက်လာလေသည်။

"ဘဲကြီးရာ ကျွန်တော်မောလာပြီဗျ 
ဒီအလုပ်တွေမလုပ်နိုင်တော့ဘူး ပင်ပန်းလာပြီဗျ "
 
"မင်း ငါ့အိမ်မှာနေရင် အလကားတော့နေလို့ရမလားကွ လုပ်ရမှာပဲ 
မောရင်နားပြီးလုပ် ယောက်ျားဖြစ်ပြီး ပျော့လိုက်တာကွာ "

" လုပ်ပါ့မယ် လုပ်ပါ့မယ် ရပြီလား"

ဟုတ်တယ် သူ့အဖွဲ့ကလူတွေက
တယောက်တမျိုးနဲ့ ဟိုဟာလိုတယ် 
ဒီဟာလိုတယ်နဲ့ ပြီးရင် မြန်မာလိုမတတ်တဲ့ ရှမ်းကောင်လေးတွေပါရင် ခွန်းမှာသေရော ။

ဟိုလူ့မေးရ ဒီလူ့မေးရ ဝဲနေတဲ့စကားသံကိုနားထောင်ရတာတောင်
အဆင်မပြေပါဘူးဆို တကယ်ပဲ ပင်ပန်းနေပြီ။

^^ဟွန့် သူ့အိမ်မှာဆိုပြီး 
အနိုင်ကျင့်နေတာ မန္တလေးက 
ငါ့အိမ်မှာလိုသာဆို ဒီဘဲကြီးကို 
ကျုံးထဲကန်ချပစ်ပြီ ^^

ခွန်း ဘဲကြီးကိုမကြားတကြား 
တိုးတိုးလေးပြန်ပြောပစ်သည်။

" ဟိုကောင်လေး ဘာပြောတယ် "

" ဘာမှမဟုတ်ပါဘူး 
မန္တလေးက ကျွန်တော့်အိမ်ကို 
ဘဲကြီးလာလည်ရင် ထိုးမုန့်ကျွေးမယ်လို့ 
ပြောတာပါ "

" အဟင်း ငါကြားတယ်နော် မင်း
ပြောတာတွေကို "

" ဟုတ်သလား " 

ခွန်းလျှာထုတ်ပြီးပြောင်ပြလိုက်သည်။

နွမ်စိုင်းကတော့ 
အံ့ဩပြီးရင်းအံ့ဩနေပြီ 
ဟိုကောင်လေးကလျှာထုတ်
ပြောင်ပြလိုက်တာလား 
ခေါင်းဆောင်ကိုလေ ။

ခေါင်းဆောင်ကလည်း မမြင်ချင်ယောင်ဆောင်နေသည်တဲ့လား ခေါင်းဆောင်အတွက်
ငါတခုခုလုပ်မှရတော့မည်။

အပြန်ကျတော့လည်း ခွန်းက
ဘဲကြီးနဲ့ပဲ တူတူစီးရသည်။
ဒီတခါတော့ ဆိုင်ကယ်မထွက်ခင်တည်းက ခွန်းက ဘဲကြီးခါးကို
အရင်ဖက်ထားပစ်လိုက်သည်။
 
"ဟိုကောင်လေး လက်ဖယ်ဦး 
ဘာလုပ်တာလဲ "

"ခင်ဗျားကြီးဆိုင်ကယ်မောင်း
အဲ့လောက်ကြမ်းတာ ကျွန်တော်
ပြုတ်ကျနေခဲ့ရင်ဘယ်လိုလုပ်မလဲ "
 
"မင်းကလည်း 
ကြောက်တတ်လိုက်တာ "
  
" အွန်း "

(A/N ဒီနားလေးက 'အွန်း' က 
နဲနဲ ချွဲသံလေးနဲ့ပြောတဲ 'အွန်း' ပါ
စာလုံးပေါင်းမှားတာမဟုတ်ရပါဗျ။
Faနှမတော်တို့မသိမှာဆိုးလို့ ရှင်းပြတာ။)

ဟဲ ဟဲ ဘဲကြီးက
ကြောက်တတ်လိုက်တာဆိုတော့လည်း
ကြောက်ပြရသေးတာပေါ့လေ။

မန္တလေးသားက ဆိုင်ကယ်စီးတာကိုကြောက်စရာလား ။

သူ့ခန္ဓာကိုယ်ကြီးက
အဲ့လောက်ဖက်လို့ကောင်းတာ
ဖက်ချင်လို့ကို ဖက်ထားတာ 
ဘာဖြစ်လဲ ဘာဖြစ်လဲ  ။

_____________________________________
  
ဒီတပတ်လုံး ခွန်းဘဝလေးက 
အတော်သာယာတယ်
လို့လည်းမဆိုသာပေမဲ့ 

အလုပ်တွေခိုင်းခံနေရပေမဲ့လည်း ဘဲကြီးနဲ့ဆိုင်ကယ်တူတူလိုက်စီးရင် ခါးကိုဖက်ပြီးစီးလိုက်ရရင်ကို
ပင်ပန်းရကျိုးကနပ်နေပြီ‌။
တခါတလေများ 
ဘဲကြီးနောက်ကျောပေါ်ကို 
ခေါင်းလေးမှီထားသေးတာ ။

ခွန်းတို့က ညဘက်တွေဆိုလည်း 
စောင်တွေကန်ချချင်ယောင်ဆောင်ပြီး ဘဲကြီး ပြန်ခြုံပေးတာလေးတွေကိုချောင်းကြည့်ရင်းသဘောတွေ
ကျနေရတာ ဘဲကြီးကလည်း 
အရင်ကလိုလေသံမမာတော့ပါဘူး။

ဟီး ဟီး.........

ဒီနေ့လည်း ရှမ်းဘောင်းဘီဝတ်တိုင်းအမြဲတိုင်ပတ်နေတတ်တဲ့ ခွန်းကိုဘဲကြီးကဘောင်းဘီဝတ်ပေးရပြန်သည်။

မနက်စာစားကြတော့ 

"ကောင်လေး မင်းသူငယ်ချင်းကို
သွားမတွေ့ဘူးလား " 

"ဟင် သွားတွေ့ချင်ပါတယ် 
ခင်ဗျားကအလုပ်တွေချည်း
ဖိခိုင်းနေတာကို"

အမှန်တော့ ခွန်း 
လင်းဆက်ကိုမေ့နေတာပင်

(A/M:::လင်းဆက်အစား
ငါလက်ထောင်ပြနေတယ်မြင်လားအမောင်ခွန်း သူငယ်ချင်းကို သူ့လင်မျက်နှာမြင်တာနဲ့မေ့သွားလိုက် )

( ပိုင် ဘာထောင်ပြသလဲ ကိုး 
မသိပုနော်ဗျ ကိုးက အင်နိုးစန့်လေးအဟိ) 

" ဒီနေ့သွားတွေ့လိုက် "

" ဗျာ "

" ခွင့်တရက်ပေးမယ် ဒီနေ့ 
လင်းဆက်လည်းတော်တော်သက်သာနေပြီပြောတယ် သွားတွေ့လိုက်ဦး "
 
"ဟုတ်ဗျ  ဒါဆို ကျွန်တော်က 
ဘဲကြီးနဲ့မလိုက်ရတော့ဘူးပေါ့ "

"အင်း ငါတို့ဒီနေ့သွားစရာရှိလို့ " 

နွမ်စိုင်းကဝင်ပြောလိုက်သည်။

"အာ ဟုတ်ပြီလေ အဲ့တာဆို ကျွန်တော်လည်းအနားရတာပေါ့ 
လင်းဆက်ကိုသွားတွေ့လိုက်ဦးမယ်"

" အင်း "

ဘဲကြီးပုံစံကပေါ့ပေါ့ပါးပါးပင် 
မပေါ့ပါးတာက 
နွမ်စိုင်းနဲ့မိုင်ခမ်း မျက်နှာတွေက
တခုခုကိုစိုးရိမ်နေသလိုပင် 
 
ခွန်းသိဖို့မလိုဘူးထင်လို့မပြောတာ
နေမှာပါပဲတွေးလိုက်သည်။

စားသောက်ပြီးသွားတော့ ဘဲကြီးနဲ့ 
နွမ်စိုင်းက အခန်းထဲတခေါက်ပြန်ဝင်သွားကြသည် ။
 
မနေနိုင်တဲ့ ခွန်းကပဲ 
ပန်းကန်တွေဆေးနေတဲ့ မိုင်ခမ်းနားသွားပြီးမေးရတော့သည်။

သိချင်တာကို မသိရရင် ခွန်းမှာ 
မနေနိုင်တဲ့ရောဂါရှိသည်။

"ဟဲ့ မိုင်ခမ်းဘာဖြစ်နေတာလဲ 
မျက်နှာက နေမကောင်းဘူးလား "

" မဟုတ်ပါဘူးဟယ် "

" နေမကောင်းရင်လည်းနားလေ 
နင့်အကိုကငါ့ကို ဒီနေ့အနားပေးတယ်ဆိုတော့ ငါလုပ်ကူလို့ရတာတွေ
ကူပါမယ် "

" ရပါတယ် ငါကကောင်းတာမှ ဒေါင်ဒေါင်မြည်ပဲ "

ခွန်းဘယ်လိုစကားနှိုက်ရမလဲ အသည်းအသန်စဉ်းစားရသည်။

"နင့်အကိုတွေအလုပ်ကိစ္စရှိတယ်ဆို နင်ကော နွမ်စိုင်းကော ဘာဖြစ်နေတာလဲငါသတိထားမိတယ် "

"အင်း ဒီတခေါက် 
ကိုကြီး အလုပ်ကိစ္စဆိုတာ 

အရင်က ပီအိုက် လုပ်နေကြတွေ 
အခုက ပီအိုက်နေမကောင်းလို့ 

ကိုကြီးက ကိုယ်တိုင်သွားရမှာ"

"အော် သိပြီ နင့်ပီအိုက်လုပ်နေကျ
တွေကို နင့်အကိုကလုပ်နေတော့ 
နင့်ပီအိုက်ကိုလွမ်းသွားတာလား "

"မဟုတ်ပါဘူးဟာ ပီအိုက်က 
ငါလွမ်းရင်သွားတွေ့လို့ရနေတာပဲ 

အခုက ဟိုဘက်ကအဖွဲ့ကလူတွေက ကိုကြီးနဲ့ရန်စရှိတယ်ဟ အဲ့တာကြောင့် ပီအိုက်ကပဲကြားကညှိပေးပြီး
သူတာဝန်ယူထားတာ 
အခု ပီအိုက်မရှိတော့ ကိုကြီးကိုယ်တိုင်သွားရမှာဆိုတော့ ဟိုဘက်အဖွဲ့နဲ့ ပြသနာတက်မဆိုးလို့ဟ "

" အော် ဒီလိုလား "

ခွန်းခုမှနားလည်သွားသည် ။

ဘဲကြီးက အဲ့တာမို့ 
ခွန်း ကိုပါထားခဲ့သည်ကိုး။
ဘဲကြီးကမလိုက်စေချင်မှတော့ 
ခွန်းမလိုက်ပါဘူး ဒါပေမဲ့ 
ဘဲကြီးကိုစိတ်ပူသည်မို့ အိမ်ရှေ့ကို ပြန်ထွက်လာတော့ ဘဲကြီးတို့ကအခန်းထဲကမထွက်လာသေးပေ။
  
ခွန်းလည်း ခြံထဲဆင်းပြီး ချယ်ရီပင်အောက်က ခုံတန်းလေးမှာသွားထိုင်နေလိုက်သည်။

ရာသီဥတုကအေးနေတာမို့ ကောင်းကင်တခွင်တွင်လည်း
မြူတွေကစိုင်းနေတုန်းပင် 

တဖက်တွင်.......

"ခေါင်းဆောင် ကိုယ်တိုင်တကယ်လိုက်မှာလား ကျွန်တော်နဲ့စံမူပဲ
သွားလိုက်လည်းရနေတာကို"

"ရတယ် ငါကိုယ်တိုင်သွားမယ် 
မင်းပဲငါနဲ့လိုက်ခဲ့ရင်ရပြီ စံမူက
သူ့အလုပ်နဲ့သူရှိသေးတာ ခေါ်မနေနဲ့ "

"ခေါင်းဆောင် ဟိုဘက်က 
ကောင်တွေကအရမ်းယုတ်မာတာ 
အခုလည်းဘယ်လိုတွေ
ကလိမ်ကကျစ်ကျဦးမယ် မသိဘူး"

"မင်းက ငါ့အရည်အချင်းကို
မယုံတာလား "

"မဟုတ်ပါဘူး ခေါင်းဆောင် ကျွန်တော်ယုံကြည်ပါတယ်။
ဟိုဘက်ကကောင်တွေ
ယုတ်မာတတ်လို့ပြောတာပါ "

"သူတို့ဆီကမှ ပစ္စည်းရလွယ်တာကို ဘယ်တတ်နိုင်မလဲ သူတို့ယုတ်မာတော့ ငါတို့လည်း ပြန်ယုတ်မာရုံပေါ့"

ခေါင်းဆောင်က သူ့ခါးကြားကသေနတ်နဲ့ ဓါးမြောင်ကိုပုတ်ပြသည်။

နွမ်စိုင်းခေါင်းဆောင်ကိုယုံကြည်ပေမဲ့ ဟိုဘက်က လူယုတ်မာတွေကို
မယုံတာမို့ ကြိုတင်ပြင်ဆင်မှုတွေတော့လုပ်ထားလိုက်သည် ။

နွမ်စိုင်း တို့အတွက် ခေါင်းဆောင်က
အရေးကြီးဆုံးပင်မို့ ။

-------------------------

 3-9-2021

Thanks For Reading.

@Paing & Koe 🌸🍉

Love You All...... 💛💛


rate now: