
ခွန်း ပြောပြီးတာနဲ့
တန်းပြေးပုန်းတယ်ဆိုတာ
ဘဲကြီး က ခွန်း ကို
တခုခုလုပ်မှာကြောက်လို့ပါ။
ဒါမဲ့ "ဘာကွ" ဆိုတာကလွှဲလို့
ဘာမှလည်းထပ်မပြောဘူး ။
ခွန်းကိုလည်း ဘာမှလာမလုပ်တော့ စောင်ကိုဖြည်းဖြည်းချင်းလေး
လျှောချလိုက်တယ်။
ပြီးတော့မှ မျက်လုံးလေးပဲဖော်ပြီး ဘဲကြီးကိုလှမ်းချောင်းကြည့်တော့
ဗီရိုကြီးရှေ့မှာရပ်နေသည်။
အဝတ်လဲမို့နဲ့တူတယ် ။
ဒီလောက်ရာသီဥတုအေးနေတာကြီးရေချိုးဖို့ အထိတော့မဖြစ်နိုင်ချေ။
ဘဲကြီး ဗီရိုတံခါးဆွဲဖွင့်လိုက်ချိန် ခွန်း လှမ်းမြင်လိုက်ရတာက
ဗီရိုထဲမှာ ချိတ်ထားတဲ့
ဆင်စွယ်ရောင် ရှမ်းတိုက်ပုံလေး ...
ခွန်း စောင်ကို လည်ပင်းနားထိဆွဲချပြီးသေချာအောင်ထပ်ကြည့်လိုက်သည် ။မနေ့က ခွန်း တွေ့လိုက်တဲ့သူဝတ်ထားတာနဲ့အရောင်တူနေသည်ကို။ခေါင်းပေါင်းပုဝါစလေးပါ ချိတ်ထားတာတွေ့လိုက်ရတော့ .....
"မဖြစ်နိုင်ဘူးမလား မဟုတ်ဘူးလို့
တယောက်လောက်လာပြောပေးကြပါ။
ဒီရွာကလူတွေက ရှမ်းလူမျိုးတွေချည်းပဲ ကိုဝတ်စုံတူတာနေမှာပါ။ ဟုတ်တယ် တူတာနေမှာပါ "
ခွန်းကိုယ့်ဘာသာတွေးပြီး
ကိုယ့်ဘာသာဖြေသိမ့်နေရသည်။
ဒါမဲ့ ခွန်းတွေ့လိုက်ရတာက ......
ဒီဘဲကြီးဆိုတာ ဖြစ်နိုင်ချေအရှိဆုံးပင်
အချက်အလက်တွေကခေါင်းထဲသို့
တခုပီး တခုဝင်လာပြန်သည် ။
အရပ်ကလည်းအရှည်ကြီး ..
ဒီဘဲကြီးနဲ့တူတဲ့ ပထမအချက် ။
နောက်တချက်က
ကျောပြင်ကျယ်ကြီး ။
နောက်ဆုံးအချက်ဖြစ်တဲ့
လည်ဂုတ်ဖြူဖြူလေးပဲလိုတော့သည်။
အဲ့တာတွေပေါင်းကြည့်ရင်.....
ဘဲကြီး ဖြစ်နိုင်ချေအများဆုံးပင်။
ပြီးတော့ မနေ့က .....
ခွန်း တွေ့တဲ့သူကဆံပင်စုထုံးထားတာ အခု ဒီဘဲကြီးက
ဆံပင်ကိုတဝက်စီးတဝက်ချထားတာ။
အူးဝါးးးးး ဗြဲ
ခွန်း အော်ငိုချင်စိတ်ပေါက်လာသည်။
ခွန်းမှာတော့ တွေ့ချင်လွန်းလို့
ဉာဏ်နီ၊ဉာဏ်ပြာ၊ဉာဏ်ဝါ၊
ဉာဏ်ကာလာစုံ တွေ
ဆင်ထားရတာလေ ။
မျက်နှာတောင် မမြင်ဖူးသေးပဲ အသေအလဲပစ်ကြွေခဲ့ရတာလေ။
အခုသိလိုက်ရတော့ ....
မျက်နှာကအမွှေးတွေနဲ့တင်
လူကလန့်နေပါပြီဆို
ပုံစံကပါကြောက်စရာကြီးရယ်။
စိတ်မထင်ရင် ခါးကြားက ခြောက်လုံးပြူးနဲ့ ထပစ်မဲ့ဒီဇိုင်းနဲ့ ။
ခွန်း တကယ်မပျော်တော့ပါပု။
ဖြစ်နိုင်ရင် မနက်ဖြန် တောင်ကြီးကို
ရတဲ့ကားနဲ့ပြန်ဖို့လုပ်ရမယ်။
ခွန်းတွေးကောင်းနေတုန်းရှိသေး .......
------------------------
နောင့်ခွန်း ညအိပ်ဖို့အတွက်
အဝတ်လဲရန်လုပ်နေသည်။
အပြင်ကဝတ်လာတဲ့ဟာတွေက
တနေကုန်သွားလာထားရတော့
ချွေးနံ့တွေစွဲနေတာမို့နေရခက်သည်။
နောင့်ခွန်း ကအဝတ်လဲဖို့လုပ်နေတဲ့ချိန်
ဟိုကောင်လေးကတော့
စောင်ခေါင်းမြီးထိဆွဲခြုံထားပြီးသူ့ကိုကြောက်ချင်ယောင်ဆောင်နေတာမို့ နောင့်ခွန်းတကယ်ရီချင်နေသည်။
အဝတ်လဲပြီးအိပ်ဖို့ရာ
အမြန်လုပ်လိုက်သည်။
နောင့်ခွန်း အပေါ်အင်္ကျီ
ချွတ်လိုက်တဲ့အချိန် .......
အတွေးလွန်နေမိတဲ့
ခွန်း တယောက်ကလည်း ဘဲကြီးကိုလှမ်းကြည့်လိုက်ချိန်ဆိုတော့
ခွန်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှာခေါင်းသွေးပင်လျှံချင်သွားသည်။
(တောက် တောက် တောက်....
နှာခေါင်းသွေးကျသံ)
"ဘဲကြီး ခန္ဓာကိုယ်က
အမှန်တကယ်ကိုမိုက်သည်။
အသားအရေ က ခွန်းလိုမျိုး
ဖြူဥနေတာမျိုးမဟုတ်ပေ။
နို့နှစ်ရောင်လို ဝင်းအိအိလေး
ကြွက်သားတွေကလည်း.....
သူ့နေရာနဲ့သူအပိုအလိုမရှိ အဆီပိုမရှိ
ကျစ်လစ်နေတဲ့ခါးအထက်နားဆီက
V line တွေ က ဝမ်းဗိုက်မှ
ကြွက်သားစိုင် အဖုအထစ်တွေ
ကြွက်သားအမြောင်းတွေကို
ပိုပြီးရုပ်လုံးကြွလာအောင်
ပိုပြီးလှပလာအောင်
ထောက်ပံ့ပေးထားသလိုဖြစ်နေသည်။
လက်ဖျံရိုး တလျှောက်မှာ
အထင်းသားဖြစ်နေတဲ့ Vein တွေက
ကျောက်စိမ်းရောင် လိုမျိုးဖြစ်နေပြီး
ဘဲကြီး ခန္ဓာကိုယ်နဲ့
အလွန်ပနံသင့်စွာလိုက်ဖက်နေသည်။
နတ်ဘုရားတပါးရဲ့ခန္ဓာကိုယ်လိုမျိုး
ပုံဖော်ထုဆစ်ထားသကဲ့သို့
လုံးဝ PERFECT ဖြစ်နေသည်။ "
ခွန်း အငမ်းလွန်ပြီး ....
ဘဲကြီး ဘယ်အချိန်
အဝတ်လဲပြီးသွားမှန်းမသိလိုက်ပေ
ဘဲကြီး ကုတင်ဘေးမှာ
ခွန်းက အိပ်ရတာဆိုတော့
အဝတ်ဗီရိုနဲ့ ခွန်းက တည့်တည့်ကြီးဖြစ်နေတော့အကုန်မြင်နေရတာပေါ့ ။
^^ ဒီ ဘဲကြီးက မျက်နှာမှာ
အမွှေးထူလပြစ်တွေ ကြောင့်သာ
ခန္ဓာကိုယ်ကတော့ လုံးဝအမိုက်စား
ခွန်း ရဲ့တောင်ကြီး သို့
ပြန်မဲ့ စိတ်ကူးကလေးဟာ
ပူပြင်းတဲ့ နေရောင်ခြည်ကြောင့်
နှင်းစက်မှုန်ကလေးတွေ
အရည်ပျော်ကျသလို
ပျောက်ကွယ်သွားလေသည်။
ဒီလိုမျိုး အမိုက်စား Body
တောင့်တောင့်ဘဲကြီးတယောက်လုံး
ကိုငမ်းရမဲ့အခွင့်အရေးကို
ခွန်းက လက်လွှတ်ခံစရာလား။
အဟိ အဟိ ခွန်းက
အမြင်မမှားတတ်ပါဘူးလို့
ခွန်း စောနက နဲနဲအပေါ်ယံရှပ်
တွေးလိုက်မိလို့ပါ ။
ဘဲကြီး က ဆင်စွယ်ရောင်ဝတ်စုံပိုင်ရှင်မှန်းလည်းသိသွားပြီ ။
Bodyကလည်းအားကိုးချင်စရာကြီး။
ဒီလောက် မိမိုက်နေတဲ့ ဘဲကြီး ကို
လက်လွှတ်ခံရအောင်ထိ ခွန်းမတုံးပါ။
မိုင်ခမ်းနဲ့ တည့်အောင်ပေါင်းပြီး ဘဲကြီးနားကိုကပ်ရမည်။
ဟိုစကားပုံလိုပေါ့
"သမီးလိုချင် အမေ ကြည့်" ဆိုသလို
အမ် ခွန်း နဲ့ မဆိုင်သလိုပဲ စကားပုံက
ဘာဖြစ်ဖြစ် ထားပါလေ
အဓိက က
ခွန်းက သူ့အစ်ကိုလိုချင်တာပဲလေ
အစ်ကို လိုချင်တော့
နှမ ကြည့်ပေါင်းရမာပေါ့
ခွန်းပြောရင် ခွန်း စကားပုံပေါ့လေ
Latest Version စကားပုံ ဟဲဟဲ
ဘဲကြီး ....
အခုချိန်ကစပြီး ခင်ဗျားကို
ကျွန်တော် သဘောကျတော့မှာ
ခင်ဗျားကြီး ကျွန်တော့်ကို
ပြန်ပြီး သဘောကျလာအောင်လည်း
လုပ်မှာမို့ စောင့်ကြည့်နေလိုက်ပါ
အဟိ အဟိ ^^
ခွန်း ကိုယ့်အတွေးနဲ့ကိုယ်
သဘောတွေကျပြီး
ဘယ်လောက်ပြုံးဖြီးနေမိသည်မသိ
"ဟိုကောင်လေး
အိပ်မယ်ဆို မအိပ်သေးဘူးလား
ဘာတွေပြုံးဖြီးနေတာလဲ
ရုတ်ရုတ်မလုပ်နဲ့နော် မြင်လား ဒါကို "
နောင့်ခွန်းက ခေါင်းအုံးဘေးမှာ
ချထားတဲ့သေနတ်ထောင်ပြတော့
"အဟီး အိပ်ပါပြီဗျာ
အိပ်ယာပြောင်းကာစ ချက်ချင်းကြီးအိပ်မပျော်နိုင်ဖြစ်နိုင်တာ မို့ပါ
အိပ်ပြီဗျ အိပ်ပြီဗျ "
ခွန်း လည်း ကိုယ့်အတွေးနဲ့ကိုယ် အိပ်မက်ကမ္ဘာဆီကိုတိုးဝင်သွားအိပ်စက်သွားတော့သည်။
နောင့်ခွန်း ကောင်လေး
အိပ်ပျော်သွားပုံကိုကြည့်ရင်း
စိတ်လိုလက်ရ နှစ်နှစ်ခြိုက်ခြိုက်
သဘောတကျပြုံးမိကာ
အိပ်စက်ခြင်းကို စတင်လိုက်တယ်။
====================
" ဘဲကြီး ဘဲကြီး ဘဲကြီးလို့ "
နောင့်ခွန်း အိပ်မက်လိုလိုတကယ်လိုလိုခေါ်သံကြောင့်နိုးလာသည် ။
အိပ်ရေးဆက်တဲ့သူမို့ ချက်ချင်း
နိုးလာပြီးမျက်လုံးကိုနည်းနည်းပွတ်ပြီးကြည့်လိုက်တော့ ငိုမဲ့မဲ့မျက်နှာလေး နဲ့ နောင့်ခွန်းကုတင်ဘေးမှာထိုင်နေတဲ့ကောင်လေး။
မျက်နှာလေးကလည်း မအီမလည်နဲ့
"ဘာဖြစ်တာလဲ ကောင်လေး"
" ဟို ဟိုဟာလေ ကျွန်တော်လေ "
"ပြောစရာရှိတာပြောကွာ
ဟိုတွေဒီတွေလုပ်မနေနဲ့ "
နောင့်ခွန်း အသံနည်းနည်းမာလိုက်တော့မှပြိုတော့မည်မိုးလိုပင်
မျက်နှာကပိုဆိုးလာပြီး
"ကျွန်တော် ရှူး....ရှူးပေါက်ချင်လို့ဗျ
အဲ့တာအိမ်သာကဘယ်နားမှာလဲဟင် "
"လှေကားကနေဆင်းပြီး
ညာဘက်ချိုးလိုက် ခြံထဲမှာရှိတယ် "
"ဟင်...... ခြံထဲမှာလား "
"အေး ဘာဖြစ်လို့လဲ "
"ကျွန်တော် ကြောက်တယ်
မသွားရဲဘူး ဘဲကြီး လိုက်ပို့ပေး "
"ဟာ မင်း ကလေးမို့လားကွ
မိုင်ငယ်တောင်သွားရဲတာကို "
"တူမလားဗျ သူ့ဘာသာသွားရဲတာနဲ့ ကျွန်တော် နဲ့ဘာဆိုင်လဲ
အားးးး ခင်ဗျားကြီးလုပ်တာနဲ့
ထွက်ကျတော့မှာပဲ လိုက်ပို့ပါဆိုနေ
မပို့ပေးရင် ခင်ဗျား အခန်းထဲတင် ပေါက်ချပစ်မှာနော်"
"ဟာကွာ မင်းအတော်ဆိုးတဲ့ကောင်ပဲ လာ လာ ထ လိုက်ပို့ပေးမယ် "
"မြန်မြန် မြန်မြန်လေး "
ကောင်လေး ကပြောပြီးတာနဲ့
နောင့်ခွန်းကိုအတင်းဆွဲထူတော့သည်။
အိမ်သာထိလိုက်ပို့ပြီးတာတောင်
"ခင်ဗျား ဒီအိမ်သာအရှေ့မှာပဲ
စောင့်နေနော် အဝေးကြီးကိုမသွားနဲ့ "
" ဟာ ဘာလို့စောင့်ရမာတုန်းကွ
လိုက်ပို့ပေးတာတောင် လွန်လှပီကို"
" ခင်ဗျားကြီးကလည်း
ကျွန်တော် ကြောက်လို့ပါဆို
ဒီရှေ့မှာပဲ ရပ်စောင့်ပေးနေနော်
မဟုတ်ရင် ခင်ဗျားကြီးကို
အိမ်သာထဲထိခေါ်မှာနော် "
"ကျစ် အေးပါကွာ
ငါဒီမှာရပ်နေတယ် ဟုတ်ပြီလားကွာ "
နောင့်ခွန်း ကိုယ့်အဖြစ်ကို
တကယ်ရီချင်လာမိသည် ။
ရွာခေါင်းဆောင်က
ကောင်လေးတယောက်ကို
ညသန်းခေါင်ကြီး
အိမ်သာလိုက်ပို့ရတဲ့အပြင်
အိမ်သာရှေ့မှာပါ ရပ်စောင့်ပေးနေရသည်တဲ့လား ။
အိမ်သာထဲထိ
ရှုးလိုက်မတည်ပေးရတာနဲ့တင် မောင်မင်းကြီးသားကို
ကျေးဇူးတင်လှပါပြီလေ ။
နွိုင်းအဖွဲ့ကလူတွေသာကြားရင်
လိမ်နေတယ်ပဲပြောကြ မှာ
သူတို့ ယုံနိုင်ဖွယ်ရာမရှိပင်မဲ့
နောင့်ခွန်း ကတကယ်ကြီးကို
ရပ်စောင့်ပေး နေရတာပါ ။
"အဟီးး ပြီးပြီ လာသွားကြမယ်
ဘဲကြီး ကျေးဇူးပါဗျ "
နောင့်ခွန်းကို ရှိသမျှသွားအကုန်ပေါ်အောင်ထိ ရီပြလာတဲ့ကောင်လေး
"မင်းကိစ္စတွေအကုန်ပြီးပြီလား
နောက်တခါဆို ငါကန်ချမှာ "
"ပြီးပါပြီဗျ ခင်ဗျားကြီးကို
ဘယ်သူက အိမ်သာနဲ့အိမ်ဒီလောက်အဝေးကြီး ထားခိုင်းလဲ ခင်ဗျားသာ
အဝေးကြီး မထားရင် ကျွန်တော်လည်း နှိုးစရာမလိုပါဘူး "
" ဟ ငါ့အိမ်ပဲ
ငါထားချင်တဲ့နေရာထားမှာပေါ့
မင်းသာဒီအသက်အရွယ်ရောက်နေပြီကိုကြောက်တတ်နေတာ
သရဲကတောင် မင်းကိုမြင်ရင်
လန့်သွားဦးမှာကို "
" ခင်ဗျားကြီး နော် "
ခွန်း ပြန်ပြောမယ်လုပ်ပြီးမှ
ဆောင့်ဆောင့်အောင့်အောင့်နဲ့သာ
လှည့်ထွက်လာလိုက်သည်။
ဒီလူကြီးက တကယ်ကို
ကျေးဇူးတင်လို့မရတဲ့လူစားမျိုးပဲ။
နောင့်ခွန်း ပြောပါရော တွေ့လား
ဒီကောင်လေးက နောင့်ခွန်းကို
ကြောက်ချင်ယောင်ဆောင်နေတာပါလို့
____________________________
တောင်တန်းတွေရဲ့အထက်သို့
သူရိန်နေမင်းကြီး
ပေါ်ထွတ်မလာခင်အချိန်လေးမှာ ဆောင်းရာသီလည်းဖြစ်တာကြောင့် ဟေမာန်နှင်းစက်တို့နဲ့အတူ
မြူတွေကသာနေရာယူထားသည်။
အမှောင်ထုကလည်းအကြွင်းအကျန်တချို့ရှိနေသေးသည်။
ခွန်း အိပ်ယာကနိုးချိန်
ကုတင်ပေါ်ကိုလှမ်းကြည့်တော့
ဘဲကြီး ကရှိမနေတော့ပါ ။
ဘယ်နားမျက်နှာသွားသစ်ရမည် မသိ အိပ်ချင်မူးတူးရုပ်နဲ့လည်းအပြင်မထွက်ချင်တော့ နည်းနည်းလေးကြည့်ကောင်းအောင်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး အိပ်ယာတွေသိမ်းကာ အခန်းအပြင်ကိုထွက်လာလိုက်သည်။
အိမ်ရှေ့ခန်းက ဆက်တီခုံမှာ
ဘဲကြီး ထိုင်နေသည်ကိုတွေ့ရသည်။ ဘေးမှာကမိုင်ခမ်းထိုင်နေသည်။
"နင်ကလည်း အိပ်ပုတ်လိုက်တာ
သွားသွား မျက်နှာသစ်ချေ
မနက်စာစားမယ် ပြီးရင်လာခဲ့ "
မိုင်ခမ်းက ခွန်းကိုလှမ်းပြောပေမဲ့ ဘဲကြီးမျက်နှာကို လှမ်းကြည့်လိုက်တော့ပြုံးစိစိလုပ်နေသည်။
ဒါသတ်သတ်မဲ့ ခွန်းကိုလှောင်နေတာ မနေ့ညက ကိစ္စကြောင့်ဖြစ်မည်။
" ဟွန့် "
ခွန်းနှာခေါင်း တချက်ရှုံ့ပြီး ဘဲကြီးကိုမျက်စောင်းထိုးပစ်လိုက်တယ်။
အိမ်အောက်ကရေအုတ်ကန်စီကို
ခွန်း ဆင်းသွားလိုက်သည်။
အခု နောင့်ခွန်းကို
မျက်စောင်းထိုးသွားတာလား ။
ဒီကောင်လေးကလေ
အဟက် ရွာကလူတွေဆို မျက်စောင်းထိုးဖို့မပြောနဲ့
နောင့်ခွန်းကို
မျက်လုံးတောင်ဆွေမကြည့်ရဲကြပေ။
မော့ကြည့်ဖို့ဆိုတာ အဝေးကြီး
မျက်စောင်းထိုးဖို့ဆိုတာ
အိမ်မက်တောင်မမက်ရဲကြချေ။
ဒီကောင်လေးနဲ့တွေ့ရတဲ့
အချိန်ခနလေးအတွင်းမှာကို
နောင့်ခွန်း အတွက်
အထူးအဆန်းတွေချည်းပင်...........
မနက်စာက ခေါပုတ်မီးကင်နဲ့
ရှမ်းခေါက်ဆွဲလုပ်ထားသည်။
ခွန်းအကြိုက်တွေချည်းပဲမို့
ဘဲကြီးကိုလည်းဂရုမစိုက်နိုင်ပေါင် အားရပါးရစားပစ်လိုက်သည်။
"ဟဲ့ ဖြည်းဖြည်းစားပါ
နင့်နားကဘယ်သူမှလုမစားဘူး "
မိုင်ခမ်းကတောင်ပြောယူရသည်။
"ဒါနဲ့ မင်းကားပျက်နေလို့
မပြန်ရသေးတာဆို "
ဘဲကြီး ကစကားစပြောလာသည်။
" ဟုတ်ဗျ "
"ဒါဆို မင်းကားကိုပြင်ဖို့
တောင်ကြီးက ဝပ်ရှော့တခုကို
လာဆွဲခိုင်းလိုက်မယ် မင်းက လိုင်းကားနဲ့ပြန်သွားလိုက် "
ခွန်း ခေါင်းငုံ့ပြီး ရှမ်းခေါက်ဆွဲသာ
စားနေလိုက်သည်။
အင်းမလုပ်အဲမလုပ်နေလိုက်သည်။
"ဟိုကောင်လေး ..
ငါပြောတာကြားလား "
"မိုင်ခမ်း နင် လင်းဆက်ဆီ
သွားမှာမလား လာလာ
ငါနဲ့အတူသွား ရအောင် "
ဒီတခါတော့ မိုင်ခမ်းလက်ကို
ခွန်းကပင်ဆွဲပြီး ဘဲကြီးရှေ့က
အမြန်ထွက်လာလိုက်သည်။
^ဟမ် ဒီကောင်လေး ငါ့စကားကိုအဖက်မလုပ်ပဲထွက်သွားတာလား ။
ဒီကောင်လေး
တကယ်မလွယ်ကြောလေးပဲ
သူ့ကြည့်ရတာအိမ်မပြန်ချင်တဲ့ပုံပင် ဘာတွေပြသနာဖြစ်လာလို့များလဲ ။
မဖြစ်သေးဘူး နွမ်စိုင်းကို
စုံစမ်းခိုင်းမှရတော့မယ် ဒီကောင်လေးကြည့်ရတာ မရိုးရှင်းနေဘူး ^
နောင့်ခွန်းတွေးထားလိုက်သည်။
နောင့်ခွန်း အတွက်အပိုဆုအနေနဲ့
စားပြီးသားပန်းကန်တွေပါ
သိမ်းလိုက်ရသည်။
ဒီကောင်လေး နောင့်ခွန်းကို
အနိုင်ကျင့်တာများနေပြီ ။
____________________________________
ဆောင်းရာသီ၏အအေးဒဏ်ကို
အံ့တုလျက် နေမင်းကြီးသည်လည်းတောင်တန်းတွေအထက်ရပ်ဝန်းဆီမှ ခေါင်းပြူ၍ထွက်လာနေလေပြီ ။
ရွာလမ်းတလျှောက်က
အရိုင်းပန်းတွေကလည်းနှင်းစက်လေးတွေတွဲခိုပြီး လှချင်တိုင်းလှနေသည်။
ရွာလယ်လမ်းမကြီးထက် လူနှစ်ဦးကလည်း တရွေ့ရွေ့နဲ့လျှောက်လှမ်းနေလေသည်။
"ဟဲ့ နင်ဘာဖြစ်လို့
ငါ့အကိုမေးတာပြန်မဖြေတာလဲ "
" အင်း ငါ မဖြေချင်လို့ "
"နင် အိမ်မပြန်ချင်လို့လား "
ခွန်း မိုင်ခမ်းဘက်ကို
ခေါင်းလေးတချက်စောင်းငဲ့ကြည့်ရင်း
"တကယ်တော့
ငါ အိမ်ကထွက်ပြေးလာတာ "
"ဟင် ဘာလို့လဲ နင့်အိမ်က
လူတွေက နင့်ကိုနှိပ်စက်လို့လား "
"မဟုတ်ပါဘူး "
"ဒါဆို နင့်ကို ထမင်းမကျွေးပဲ အငတ်ထားလို့လား "
မိုင်ငယ် စိတ်ထဲကတွေးမိသွားသည်။
^အော် ဒါကြောင့်မနက်က ရှမ်းခေါက်ဆွဲ ကို အတင်းတွေအမြန်စားနေတာကိုး သနားပါတယ်လေ ^
"ဟာ အဲ့လိုမဟုတ်ပါဘူးဟ
အဖေတို့က ငါ့ကိုအတင်း
မိန်းမပေးစားနေလို့ မလိုချင်လို့
အိမ်က ထွတ်လာတာ"
"ဟယ် နင်ကလည်း
မိန်းမပဲယူလိုက်ပေါ့ ဘာဖစ်လဲ "
ခွန်း မိုင်ခမ်းခေါင်းကို
လက်သီးဆုပ်နဲ့ဖွဖွထုပစ်လိုက်သည်။
နာအောင်တော့မထုရဲပေ
မတော် သူ့အစ်ကိုနဲ့ ပြန်တိုင်လို့
ဖွန်မကြောင်လိုက်ရဘဲ ခြောက်လုံးပြူး နဲ့ ညားနေရမည်။
"နင်နဲ့ လင်းဆက်က
ချစ်သူတွေလို့မပြောရဘူး
တလေသံထဲပဲ ထွတ်လာတာ "
"ဟီးဟီး အဲ့တော့
နင်က မိန်းမ မလိုချင်လို့
ပီအိုက်စီလာပုန်းနေတာပေါ့လေ"
"ဟုတ်တယ် အဲ့တာကို
နင့် ပီအိုက်က ငါ့ကိုအတင်းပြန်ခိုင်း
နေလို့ လျှောက်ပတ်ပြေးနေတာကို
သူက သူက ခု
ငါ့ကြောင့် ဒီလိုဖြစ်သွားရတော့ "
"ဟာ နင်ကလည်း အဲ့လိုကြီး
မတွေးပါနဲ့ သူ့ဘာသာပိုးထိတာ
နင်နဲ့မဆိုင်ပါဘူး။
အဲ့တာဆို ဒီလိုလုပ်လေ
နင်မပြန်ချင်သေးရင် ငါတို့အိမ်မှာပဲနေပေါ့ နင်ပြန်ချင်တဲ့အချိန်မှပြန်လေ"
နင့် အစ်ကိုနဲ့နီးဖို့ နင်ကတကယ်ကိုပေါင်းကူးတံတားလေးပါလား။
ခယ်မတော် မိုင်ခမ်းလေး ရယ်
ခွန်း ကြိတ်ပြုံးလိုက်ပြီး
"အင်း ငါကနေချင်တာပေါ့
ဒါမဲ့ နင့်အစ်ကိုက ခွင့်ပြုပါ့မလား
ငါ ငါ သူ့ကိုကြောက်တယ်ဟ "
"ရတယ် ငါပြောပေးမယ် စိတ်သာချငါ့ကိုအစ်ကိုက အရမ်းချစ်တာ
ငါပြောရင်ရပါတယ် "
"ကျေးဇူးပါ မိုင်ခမ်းရယ်
နင့်အကူအညီ တွေကို
ငါ တသက်လုံးမမေ့ပါဘူး။
နောက်ပိုင်းအဆင်ပြေသွားလို့ ငါမန္တလေးပြန်ရင် နင်လာလည်တဲ့အခါ နင့်ကိုကျေးဇူးဆပ်မယ်နော် "
"အမလေး အပိုတွေ လာခုတော့
ပီအိုက်စီမြန်မြန်သွားကြ မယ်
ငါတွေ့ချင်နေပြီ "
"ဟွန့် အတွဲတွေက ပိုကိုပိုတယ် "
"ဘာဖြစ်လဲ ချစ်တာကို
နင့်လို ရည်းစားမရှိမှမဟုတ်တာ "
"အေး ပြောထားပါ
ငါ ချစ်တဲ့သူဆီကအဖြေပြန်ရရင်
နင်တို့နှစ်ယောက်ရှေ့မှာ
မျက်စိနောက်အောင်ကိုနေပြဦးမယ် "
ခွန်း စိတ်ထဲမှလဲ တွေးလိုက်မိသည်။
^နင့်အစ်ကိုနဲ့ ရည်းစားဖြစ်မှ နင့်ကို ပညာပြပစ်မယ်မိုင်ခမ်းအစုတ်ပလုတ်^
" မှတ်ထားလိုက်မယ် "
ခွန်း မိုင်ခမ်းနဖူးကို နောက်တခါ
ထပ်ပြီး လက်သီးနဲ့ထုပစ်လိုက်သည်။
"အား နာတယ်ဟ
ငါ့အစ်ကိုနဲ့တိုင်ပြောမယ် နင့်ကို "
"ဟဲ ဟဲ မိုင်ခမ်းလေးက
ချစ်ဖို့ကောင်းပါတယ်
အဟဲ အဲ့ဘဲကြီးနဲ့မတိုင်နဲ့နော် "
နှစ်ယောက်သား စကားပြောရင်း
လင်းဆက်တို့အိမ်ဆီသို့
ဦးတည်လိုက်သည်။
------------------------------------------------------
ခွန်း တယောက် မိုင်ခမ်းနဲ့အတူ
လင်းဆက်အိမ်မှာ လင်းဆက်ရဲ့ဝေယျာဝစ္စတွေလုပ်ကူရင်း
တနေကုန်အချိန်ဖြုန်းနေလိုက်သည်။
ညနေစောင်းမှ နှစ်ယောက်သား
အိမ်ကိုအတူပြန်ခဲ့ကြသည်။
ခွန်းတို့ အိမ်ပြန်ရောက်တော့
ညမှောင်ရီပင်ပျိုးနေပြီ။
ခွန်းအိမ်ထဲကိုမျက်လုံးဝေ့ကြည့်တော့ ဘဲကြီးကို အရိပ်အယောင်လေး
တောင်မမြင်ရပေ။
ခွန်းဟိုကြည့်ဒီကြည့်လုပ်နေသည်ကို မိုင်ခမ်းမြင်တော့ မိုင်ခမ်းကလည်း ခွန်းကြည့်သလိုလိုက်ကြည့်သည်
ဘာမှမတွေ့။
"ဟဲ့ ဘာတွေကြည့်နေတာလဲ
ငါတို့အိမ်မှာ ဘာကောင်မှလည်း
မမွေးထားပါဘူး "
" နင့်အစ်ကို ကိုကြည့်နေတာဟ "
"ငါ့ အစ်ကိုကို နင်ကဘာလုပ်မလို့လဲ "
မိုင်ခမ်း အူကြောင်ကြောင်
ပြန်မေးလိုက်တော့
"ဟာ နင်တို့အိမ်မှာနေမယ်ဆို နင့်အစ်ကိုကိုပြောရဦးမယ်လေဟ
တော်ကြာ သူ့ကိုမပြောပဲ နေရင်
သူ့ခါးကြားကခြောက်လုံးပြူးက
ငါ့အတွက်ဖြစ်သွားမှာပေါ့ "
"ဟား ဟား ဟား အမလေးဟယ်
နင်ကလည်းကြောက်တတ်လိုက်တာ ငါ့အစ်ကိုကို ငါပြောပေးပါမယ်ဆို လာအိမ်ထဲဝင်မယ် "
ခွန်းကိုတံခါးပေါက်ကနေဆွဲခေါ်လာပြီး ခုံမှာထိုင်ခိုင်းလိုက်သည်။
" မိုင်ငယ် "
"ဟော ကိုကြီးပြန်လာပြီ "
ခွန်း နဲ့ မိုင်ခမ်း မှ
အိမ်ထဲရောက်လို့ထိုင်မယ်ရှိသေး
ဘဲကြီးကပါပြန်ရောက်လာသည်။
ခွန်းမျက်နှာလေးကိုသနားစရာလေးဖြစ်အောင်လုပ်ထားပြီး ခုံမှာငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
"ဟိုကောင်လေး မင်းကားကို
မနက်ဖြန် တောင်ကြီးဝပ်ရှော့က
လင်းဆက်ကားလာပို့ရင်းဆွဲပေးသွားလိမ့်မယ် မင်းပါလိုက်ပြန်လို့ရတယ်"
ခွန်း ချက်ချင်းကြီးမျက်ရည်တွေပါ
ဝဲတက်လာမိသည်။ခွန်း မပြန်ချင်ပါ ဘဲကြီးအနားနေချင်ပါသေးသည်ဆိုမှ ခွန်းကိုပဲပြန်ခိုင်းနေကြသည်။
မိုင်ခမ်းကိုအကူအညီရလိုရညား
လှမ်းကြည့်လိုက်သည်။
မိုင်ခမ်းပဲကြားကမနေနိုင်စွာ
ဝင်ပြောရတော့သည် ။
ခွန်းကတကယ်ငိုတော့မဲ့ပုံပင်မို့
"ကိုကြီး တကယ်တော့လေ
ခွန်းကသူ့အိမ်နဲ့အဆင်မပြေလို့
ထွက်လာတာမို့ မိုင်ငယ်တို့အိမ်မှာ
ခဏပေးနေလို့မရဘူးလားဟင်"
"မိုင်ငယ် လူဆိုတာ
အချိန်တန်အိမ်ပြန်ရမှာပဲ ။
အခု ကိုကြီးတို့
ခနပေးနေလိုက်တာ ဘာမှမဖြစ်ဘူး သူ့အိမ်ကို သူ့တသက်လုံးမပြန်လို့တော့မရဘူးလေ ကိုကြီးပြောတာနားလည်လား မိုင်ငယ်"
" ဟုတ်ကဲ့ ကိုကြီး "
မိုင်ခမ်းလည်း ခွန်းကိုကူညီချင်ပါသည် ။ဒါမဲ့ကိုကြီးပြောတာလည်းဟုတ်နေတာပဲလေ မိုင်ခမ်း ခွန်းကိုအားနာစွာလှမ်းကြည့်မိတော့ ခွန်းတယောက်အသံတိတ်ငိုနေလေပြီ ။
"ကောင်လေး မင်းကော
ငါပြောတာသဘောပေါက်လား "
"ဟုတ်ကဲ့ဗျ ဒါမဲ့လေ
ကျွန်တော့်ကိုခဏလေးပဲပေးနေပါ
ဖေဖေနဲ့မေမေ စိတ်ဆိုးပြေတာနဲ့ ကျွန်တော်တန်းပြန်မှာပါ ။
ကျွန်တော့်ကိုကူညီပါနော်
ကျွန်တော့်ကိုအလုပ်တွေခိုင်းလည်း
ရပါတယ် ကျွန်တော်လုပ်ပါ့မယ်"
ခွန်းငိုရင်းပြောရာက
ရှိုက်သံလေးတွေပါ ပါလာသည်။
နောင့်ခွန်း ပြန်လွှတ်ရမလား
မလွှတ်ရမလားတောင်
ဝေခွဲရခက်သွားသည် ။
ကောင်လေးပုံစံကတကယ်ခက်ခဲနေပုံပင် နောင့်ခွန်းဘဝမှာပထမဆုံးသူစိမ်းတယောက်ကို သနားပြီးကူညီချင်စိတ်ဖြစ်မိသည်။ဒါမဲ့ ချက်ချင်းကြီး
အလျှော့ပေးလို့တော့မဖြစ်
ဒီကောင်လေးကတကယ်
အကြောတင်းလေး မို့
"အဲ့ဒါဆို မင်းတောင်ကြီးမှာကော
အသိတွေဘာတွေမရှိဘူးလား"
"တီလေးတော့ရှိတယ် ဒါပေမဲ့
တီလေးက ပွဲရုံအလုပ်တွေနဲ့ဆိုတော့ ကျွန်တော်ကနေလို့အဆင်မပြေဘူး"
(တီလေးရေ သားတောင်းပန်ပါတယ် မုသားမပါလင်္ကာမချောတဲ့ ဘဲကြီး
ယုံဖို့အဓိကမို့ပါ သား ယောကျာ်း ရမှ ကန်တော့ပွဲနဲ့ တောင်းပန်ကန်တော့ပါမယ် တီလေးရေ )
"ဟင်း မင်းဟာကလည်းကွာ
အဆင်မပြေတာချည်းပဲ အဲ့တာဆို
ခနတော့နေပေါ့ ဒါပေမဲ့ ငါ့အိမ်မှာ အလကားတော့နေလို့မရဘူး
မင်း အလုပ်လုပ်ရမယ် "
"ဟုတ်ကဲ့ဗျ ဟုတ်ကဲ့
ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် အလုပ်လည်းကူလုပ်ပါ့မယ်
ပေးနေပါနော်ဗျ ဟီးဟီး "
ခွန်းမျက်ရည်တွေသုတ်ပြီး ဘဲကြီးကိုမော့ကြည့်ကာပြုံးပြလိုက်သည်။
နောင့်ခွန်း ပြောပါရောလား
ဒီကောင်လေးကတကယ်မလွယ်ကြော အကြောတင်းလေးပါဆိုနေ။
ခုပဲကြည့်မျက်နှာကချက်ချင်းကိုပြောင်းသွားတာ သူပဲတတ်လည်းတတ်နိုင်လွန်းတယ် ။
" ဒါပေမဲ့ မင်းအိမ်ထဲက
ပစ္စည်းတွေလျှောက်မကိုင်နဲ့ တခုခုဆို ငါ့လက်ချက်နဲ့သေမယ်မှတ် "
"ဟုတ်ကဲ့ပါ မကိုင်ပါဘူးဗျ
အခုတော့ အခန်းထဲသွားတော့မယ်နော် ဟီးဟီး "
သွားကဖြဲပြသွားသေးသည်။
သူ့ကိုယ်ပိုင်အခန်းကျနေတာပဲ
နောင့်ခွန်းအခန်းထဲသို့
ခပ်တည်တည်ပဲဝင်ချသွားတာ
"မိုင်ငယ် ညစာအတွက်စီစဉ်လိုက်ဦး "
"ဟုတ်ကဲ့ပါ ကိုကြီး "
မိုင်ငယ် ကပြောပြီး
မီးဖိုချောင်ဘက်ဝင်သွားသည်။
ဟိုကောင်လေးကတော့ လုပ်ကူမယ်ပြောပြီး နောင့်ခွန်းအခန်းထဲ
ဝင်ချသွားသည် ဟုတ်နေတာပဲ ။
နောင့်ခွန်း ဒီနေ့နွမ်စိုင်းကို ကျောက်စိမ်းကိစ္စခိုင်းထားတာမို့ ပစ္စည်းစာရင်းတွေ တယောက်တည်း အိမ်ရှေ့ခန်းမှာပဲစစ်နေလိုက်သည်။
နောက်အပတ်ဝင်မဲ့လက်နက်တွေက လင်းဆက်မရှိတော့ နောင့်ခွန်းကိုယ်တိုင် လုပ်မှဖြစ်မည်လေ။
ခနအကြာ......
" ကိုကြီး ညစာစားလို့ရပြီ "
"အေး အေး ဟိုကောင်လေးကော
ခေါ်လိုက်ဦး မိုင်ငယ်"
နောင့်ခွန်း အခန်းတံခါးကို
မိုင်ခမ်းကခေါက်လိုက်ပြီး
"ဟိတ် နင်ထမင်းမစားဘူးလား
ထွက်ခဲ့ဦးလေ ထမင်းစားမယ်
ကိုကြီးစောင့်နေတယ် နင့်ကို"
ဟင် ငါဟိုကောင်လေးကို
ခေါ်လိုက်ဦးပဲပြောတာလေ ဘယ်က
ငါစောင့်နေတယ်ကပါလာရတာလဲ
ဒီကောင်မလေးလည်း
အပြောအဆိုမတတ်လိုက်တာ ။
ခွန်းလည်း ဗိုက်ဆာနေပြီမို့
အမြန်ထွက်လာတော့
ထမင်းစားပွဲရဲ့ ထိပ်တည့်တည့်မှာ
ဘဲကြီးကထိုင်နေသည်။
ကျွန်းစားပွဲအရှည်လိုဟာမျိုးကြီးမို့ ဘယ်ဘက်အခြမ်းမှာ မိုင်ခမ်းကထိုင်နေသည်ဆိုတော့ ဘဲကြီးရဲ့ ညာဘက်အခြမ်းကို ခွန်းကဝင်ထိုင်လိုက်သည်။
" ဝါး မွှေးနေတာပဲ
မိုင်ခမ်း နင်ချက်ထားတာလား "
"အေး ငါမချက်လို့
ကိုကြီးချက်ရမှာလားဟက် "
"ဟီး နင်ချက်မယ်မှန်း
ငါထင်ပါတယ် ဟဲ ဟဲ "
"စားတော့ စကားများမနေနဲ့ မိုင်ငယ် ဟိုကောင်လေးကော "
"ဟုတ်ကဲ့ဗျ "
ဘဲကြီး စကားကြောင့်နှစ်ယောက်သားခေါင်းငုံ့ပြီးစားဖို့သာလုပ်လိုက်သည် ။
ဟင်းတွေက အရမ်းထွေထွေထူးထူးမဟုတ်ချေ မုန့်ညှင်းဟင်းရည်နဲ့
ပဲပုတ်ထောင်းရယ် ကြက်သားကိုအတုံးသေးသေးလေးတွေတုံးပြီး
ချက်ထားတာပင် နောက်ပြီး
ရွှေပဲရွက် သုပ်ထားသည်။
မိုင်ခမ်းက
ကိုကြီးကိုအရင်ဦးချလိုက်သည်။
မိုင်ခမ်းက ဘဲကြီးပန်းကန်ထဲဟင်းတွေထည့်ပေးနေတာတွေ့တော့
ခွန်းလည်း ထည့်ပေးရင်ကောင်းမလားတွေးပြီး အရွက်သုတ်တွေ ဘဲကြီးကို
ခပ်ထည့်ပေးလိုက်သည်။
နောင့်ခွန်း ထမင်းစားမို့လုပ်တုန်း ပန်းကန်ထဲရောက်လာတဲ့အရွက်သုပ်တွေကြောင့် မျက်လုံး
တချက်ပင့်ပြီးကြည့်လိုက်တော့
ကောင်လေးဖြစ်နေသည်။
"ဟီး ခင်ဗျားကကျွန်တော့်ထက်
အကြီးဆိုတော့ဦးချတာပါ ဟဲဟဲ "
" အင်း "
ဘဲကြီးကထိုတခွန်းသာပြန်ပြောသည်။
နောင့်ခွန်းတို့စားသောက်ပြီးတော့
ဟိုကောင်လေးက ရာသီဥတုအေးအေးကြီးကို အိမ်အပြင်ထွက်ထိုင်နေတယ်။
နောင့်ခွန်းစာရင်းတွေစစ်နေရင်း ပြတင်းပေါက်ကနေလှမ်းမြင်လိုက်သည်။နောင်ခွန်းတို့အိမ်က တောင်ကုန်းလေးပေါ်မှာဆိုတော့ လသာတဲ့ညတွေဆို အရမ်းလှသည်။ လေကြောကသင့်နေတာမို့ နွေရာသီဆိုရင်တောင်အရမ်းအေးသည်။
အခုလိုဆောင်းရာသီဆို
ပိုတောင်အေးသေးသည်။ အဲ့တာကိုကောင်လေးက ခြံထဲက ချယ်ရီပင်ကြီးအောက်က ခုံလေးမှာထိုင်ပြီးကောင်းကင်ကြီးကိုမော့ကြည့်နေသည်
နောင့်ခွန်းမနေနိုင်စွာ ပြတင်းပေါက်
နားသို့သွားပြီးရပ်ကြည့်တော့
လကွယ်ရောက်တော့မှာမို့
လခြမ်းကွေးသေးသေးလေးက
တောင်တန်းတွေရဲ့အထက်နား
ကောင်းကင်ယံဆီမှာ လှလှပပလေး နေရာ ယူထားသည် ။
ချယ်ရီတွေကလည်းပွင့်ချိန်နီးပြီးမို့ ရွက်နုတွေဝေပြီး အဖူးလေးတွေကထွက်နေသည်။
ချယ်ရီပင်အောက်က
ခုံတန်းလျား လေးမှာ
ခေါင်းစွတ်ဆွယ်တာလေးနဲ့ထိုင်နေတဲ့ကောင်လေးက ကောင်းကင်ယံမှလမင်းကိုမော့ကြည့်နေတဲ့ပုံလေးကိုနောင့်ခွန်းငေးကြည့်ရသည်မှာ
သက်ရှိပန်းချီကားလေးတချပ်
အလား လှပလွန်းသည်။
နောင့်ခွန်းငေးကြည့်နေရင်းမှ
တွေးမိသွားသည် ဒီကောင်လေး အဝတ်အစားတွေကောပါရဲ့လား
မသိဘူး မနေ့တည်းကအဲ့အင်္ကျီတွေပဲဝတ်ထားတာတွေ့ရသည်။
မနေ့ညတုန်းကလည်းသတိမထားမိပေ မနက်ကျမှ ကောင်လေးရဲ့ အိတ်သေးသေးလေးကိုသတိထားမိတာ အစက ဒီနေ့ပြန်ခိုင်းမှာမို့ ဂရုမစိုက်မိပေမဲ့
အခုလို နောင့်ခွန်းတို့အိမ်မှာနေမယ်
ဆိုတော့ နောင့်ခွန်းတခုခုတော့
စီစဉ်ပေးဦးမှပါလေ တော်ကြာဧည့်ဝတ်မကျေဘူးဖြစ်နေပါ့မယ် ။
နောင့်ခွန်း ပြတင်းပေါက်ကနေ ချယ်ရီပင်ကြီးအောက်ပြန်ကြည့်လိုက်တော့ ကောင်လေးမရှိတော့ပေ ။အိမ်ထဲကိုပြန်ကြည့်တော့မှ ကောင်လေးက
အိမ်ထဲရောက်ရုံတင်မဟုတ်
နောင့်ခွန်းအခန်းထဲကိုလှမ်းဝင်သွားတာ မြင်လိုက်ရသည်။
နောင့်ခွန်းလည်း စာရင်းတွေလုပ်စရာရှိတာပြန်လုပ်နေလိုက်သည်။
အချိန်ဘယ်လောက်ကြာသွားသည်
မသိ နာရီတချက်ကြည့်မိတော့
11 နာရီကို လက်တံရှည်က ညွှန်ပြနေလေပြီ။နောင့်ခွန်းအိပ်စက်ရန် အခန်းတွင်းသို့သာဝင်လာလိုက်သည်။
နောင့်ခွန်း ကုတင်ဘေးက
သူ့အိပ်ယာလေးမှာ ပုဇွန်ထုပ်လို
ကွေးကွေးလေး အိပ်နေသည့်
ကောင်လေးကိုမြင်တော့
နောင့်ခွန်း ရီလည်းရီချင်
သနားလည်းသနားသွားသည်။
မနေ့ညတည်းက နောင့်ခွန်း
ခေါင်းအုံးပေးဖို့မေ့သွားသည်ပဲ
ကောင်လေးက သူ့လက်ကလေးသူ
ခေါင်းခု ပြီးအိပ်နေသည်။
နောင့်ခွန်းကုတင်ပေါ်က ခေါင်းအုံးတလုံးယူပြီး ကောင်လေးခေါင်းကိုဖြည်းဖြည်းလေးမပြီး ခေါင်းအောက်ထဲထည့်ပေးလိုက်သည် ။
လက်တွေကျင်နေတော့မှာပဲ
ဒီကောင်လေးကတော့ လက်ကိုလည်းဆွဲထုတ်ပေးလိုက်သည်။
နောင့်ခွန်းလုပ်ပေးနေတာကိုနိုးလာဖို့မပြောနဲ့ တုတ်တုတ်တောင်မလှုပ်လာပေ
အခုမှခေါင်းအုံးလေးနဲ့ဆိုတော့
ပိုပြီးအဆင်ပြေသွားဟန် ခေါင်းအုံးထက်ကို သူ့ပါးလေးနဲ့ဖိကပ်ပြီး အိပ်မောကျနေပုံက တကယ်
ကလေးငယ်လေးကျနေတာပဲ နှုတ်ခမ်းရဲရဲလေးကလည်း အိုပုံစံ သေးသေးလေးပွင့်နေသေးသည်။
နောင့်ခွန်း နောက်ထပ်စောင်တထည် ထပ်ခြုံပေးရမလား မခြုံပေးရမလားစဉ်းစားနေရင်း အအေးဓာတ်ကြောင့်ထင်သည် ကောင်လေးကအသားဖြူတော့ ပါးလေးနှစ်ဖက်ကရဲနေသည်မို့
နောင့်ခွန်း နောက်ထပ်
စောင်တထပ်ပါထပ်ခြုံပေးလိုက်ပြီး
ကိုယ့်ကုတင်ပေါ်ကိုယ်တက်ကာ
အိပ်ရန်ပြင်လိုက်သည်။
ကောင်လေးဘက်ကို
စောင်းကြည့်လိုက်တော့
နွေးသွားလို့ထင်သည် စောနကလို ပုစွန်ထုပ်လေးမဟုတ်တော့ပဲ
နည်းနည်းသက်သောင့်သက်သာလေးအိပ်နေသည် ။
ကောင်လေး ရဲ့
မျက်တောင်ရှည်ကြီးတွေက အိပ်နေမှပိုပြီးရှည်နေသယောင်ပင်
မျက်ဝန်းကြည်ကြည်လေးတွေက
လှတာလည်းမပြောနဲ့လေ ဒီလိုမျက်တောင်ရှည်ကြီးတွေနဲ့
ပံ့ပိုးပေးထားတာကိုမလှပဲနေမလား
နှာခေါင်းလုံးလုံးလေးကလည်း
အေးလို့ထင်သည် ရဲရဲလေးဖြစ်နေတာ ချစ်စရာလေးပင်
ဟမ် နောင့်ခွန်း လန့်သွားသည်
ငါ အခုယောက်ျားလေးတယောက်ကို
လှတယ်လို့မြင်နေတာလား
မဟုတ်ဘူး မဟုတ်ဘူး
ချစ်စရာလေးလို့မြင်နေမိတာ
ရွာကကောင်မလေးတွေကိုတောင်
တခါမှအဲ့လိုမတွေးဖူးဘူး ။
အင်း ဒီကောင်လေးကတခြားသူတွေနဲ့ကွဲပြားနေလို့ တွေးမိတာမျိုးပဲနေမှာပါ
ဟုတ်တယ် ငါအတွေးတွေများနေတာ အိပ်တာပဲကောင်းတယ် နောင့်ခွန်း ကောင်လေးဘက်ကို ကျောပေးပြီး အိပ်စက်ခြင်းဆီသို့သာတိုးဝင်လိုက်သည်။အချိန်ကလည်း ညဆယ့်နှစ်နာရီကျော်နေချေပြီ။
__________________________________
လမင်းရဲ့အလင်းအားကုန်လျော့ချိန် နှင်းစက်မှုန်တွေကြား
တိုးထွက်လာတဲ့ နေမင်းကြီးရဲ့အလင်းရောင်အားကောင်းလာချိန်
နေ့တစ်နေ့ကိုအစပြုလေပြီ........
ခွန်း နိုးလာတော့ အံ့ဩသွားသည်။
ငါမနေ့ကအိပ်တာ ခေါင်းအုံးမပါပါဘူး အယ် စောင်ကလည်းသုံးထည်တောင်
အဟိအဟိ
ဘဲကြီးလုပ်ပေးထားတာနဲ့တူတယ် ။
ခွန်းရဲ့မနက်ခင်းလေးက
ကျက်သရေအပေါင်းခညောင်းလျက် ခွန်းအိပ်ယာသိမ်းပြီး အပြင်ထွက်တော့ ထုံးစံအတိုင်းဘဲကြီးက
မိုးမလင်းခင်တည်းကအလုပ်စလုပ်တတ်တဲ့သူမျိုးလားမသိ အလုပ်တွေရှုပ်နေပြန်သည်။
ခုက ဘဲကြီးလူပါရောက်နေသည်။
ခွန်းမျက်နှာသစ်ပြီးပြန်တက်လာတော့ မနက်စာတူတူစားကြသည်။
ဒီနေ့တော့လေးယောက်ဖြစ်သွားသည်။ဘဲကြီးရယ် ဟိုလူရယ် မိုင်ခမ်းရယ်ခွန်းရယ် ။ စားလို့သောက်လို့ပြီးသွားတော့ ဘဲကြီး က စကားစပြောလိုက်သည်။
" ဟိုကောင်လေး မင်းအလုပ်လုပ်မယ် ပြောထားတယ်မလား "
" ဟုတ်ကဲ့ဗျ "
ခွန်း ယောင်နန နဲ့ခေါင်းငြိမ့်မိတော့
" ဟုတ်ပြီ အဲ့တာဆို မိုင်ငယ်
သူ့ကိုအတူခေါ်သွား မင်း မိုင်ငယ်နဲ့အတူ အခင်းတွေထဲက
အလုပ်သမားတွေလိုက်စစ်ချေ "
" ခေါင်းဆောင် "
နွမ်စိုင်းသတိပေးသလိုခေါ် တော့
" ရတယ် ဒီကောင်လေးပုံစံက
ယုံလို့ရပါတယ် တခုခုလုပ်တော့လည်း ငါ့အကြောင်းကောင်းကောင်းသိစေရမှာပေါ့ "
ခွန်းမှာ ဘဲကြီးစကားကြောင့်
အလုပ်တောင်မလုပ်ရသေးဘူး
ခေါင်းနဲ့ကိုယ်မြဲဖို့ အရင်ဆုတောင်း
နေရသည် ။
နွမ်စိုင်းလည်း ခေါင်းဆောင်အကြောင်းသိနေတာမို့ သူယုံတယ်ဆို ယုံလို့ရလို့ပဲနေမှာပါ။
ပြီးတော့ ဒီရက်ပိုင်းခေါင်းဆောင်က
တခုခုထူးဆန်းနေသလိုပင်။
" ကောင်လေး မင်းစားပြီးပြီမလား
ငါ့ နောက်ကို ခနလိုက်ခဲ့ဦး "
" ဟုတ်ကဲ့ဗျ "
ခွန်းစကားအပိုမဆိုရဲပေ
ဘဲကြီးနောက်ထလိုက်သွားတော့
အခန်းထဲကိုဦးဆောင်ဝင်သွားသည့် ဘဲကြီးနောက်တခါလိုက်ရပြန်သည်။
အခန်းထဲရောက်မှ
"မင်း အဝတ်တွေအပိုမပါဘူးမလား "
"အာ ဟုတ်တယ် ကျွန်တော်
လင်းဆက်နဲ့တွေ့လို့ ဒီတိုင်းလိုက်လာတာ အဝတ်မပါလာဘူးဗျ "
"အင်း အဲ့တာကြောင့် မင်းကို
ခေါ်လာတာ ရော့ ငါအင်္ကျီတွေ
ယူဝတ်လိုက် ရတယ် "
နောင့်ခွန်း ပြောပြောဆိုဆိုနဲ့
ရှပ်အင်္ကျီ နှစ်စုံသုံးစုံရယ်
ဆွယ်တာနှစ်ထည်လောက်ရယ်ထုတ်ပေးလိုက်တော့
ကောင်လေးက နောင့်ခွန်း ကို
ငိုမဲ့မဲ့လေးပြန်ကြည့်လာသည်။
အော် သူ့ခမျာ ဝမ်းသာလွန်းပြီး ကျေးဇူးတင်လို့ထင်ပါရဲ့
"ဗြဲ အူးဝါး ခင်ဗျားကြီး
လူကိုနှိမ်တာမလား ဟင့် "
"ဟာ ဘာဖြစ်တာလဲကွ "
ရုတ်တရက်ကြီးထငိုတဲ့ ကောင်လေးကြောင့် နောင့်ခွန်းကြောင်သွားသည်။
"ခင်ဗျားကြီး သတ်သတ်မဲ့လုပ်တာ ခင်ဗျား အဝတ်တွေက ကျွန်တော်နဲ့ဘယ်လိုလုပ်တော်မှာလဲဗျ ခင်ဗျား
ခန္တာကိုယ်ကြီးနဲ့ ကျွန်တော့်ခန္တာကိုယ်ဘယ်လောက်ကွာလဲမမြင်ဘူးလား "
"ဟမ် မတန်ဘူးလား "
"မတန်တာက ဘာကြီးတုန်း "
"မတော်ဘူးလားလို့ မေးတာ
ငါတို့ဆီက တန်သလားလို့သုံးတာမို့"
"အာ့ဆို မတန်ဘူးဗျ မတန်ဘူး "
အူကြောင်ကြောင်လာမေးနေတဲ့ ဘဲကြီးအမေးကိုခွန်းပြန်အော်ပစ်သည်။
"ဟာ မငိုနဲ့လေ နေဦးအာ့ဆို
ငါငယ်ငယ်ကဝတ်တဲ့ဟာတွေရှိတယ်
အဲ့တာဝတ်လိုက် ဘောင်းဘီကတော့မတန်လောက်ဘူး ရှမ်းဘောင်းဘီပဲဝတ်လိုက်နော် "
" ပြီးရောပြီးရော "
နောင့်ခွန်း သိမ်းထားခဲ့သည်မှာ
ဆယ်စုနှစ်တခုစာလောက်ရှိပြီဖြစ်သော ဆယ်ကျော်သက်အရွယ်ကအဝတ်အစားတချို့ကို ဗီရိုအောက်ဆုံးထပ်ကနေပြန်ထုတ်ရသည်။
နောင့်ခွန်း လည်းနည်းနည်း
အဆင်ပြေမယ်ထင်တာလေး ရွေးထုတ်ပေးလိုက်သည်။
ခွန်း ဘဲကြီးငယ်ငယ်ကအင်္ကျီဆိုတော့ ပြုံးဖြဲဖြဲကြီးနဲ့ ဝတ်ပစ်လိုက်သည်။
လူကိုမရသေးပင်မဲ့ အကျီတော့ရပြီ
အဟဲ ။
1-9-2021
@Paing & Koe 🌸🍉
Thanks For Reading.
Love You All. ..... 💛💛💛