book

Index 4

Part - 3

"ခေါင်းဆောင် 

ကျွန်တော့်ကိုခေါ်တယ်ဆိုဗျ "


"အင်း ...ဟုတ်တယ် 

အရင်တပတ်ကယူလာတဲ့ လက်နက်တွေစာရင်းလိုချင်လို့ "


"ဟုတ်ကဲ့ ခေါင်းဆောင် 

ခဏလေးဗျ ကျွန်တော် ယူပေးမယ် "

 

ပစ္စည်းတွေက  နောင့်ခွန်းအိမ်မှာပဲသိမ်းထားတာပီး စာရင်းတွေကျ 

နွမ်စိုင်းက ကျောက်မျက်ရတနာတွေစာရင်းကို ကိုင်ပြီး လင်းဆက်က လက်နက်စာရင်းကိုင်တယ် ။


"ဒီမှာပါ ခေါင်းဆောင် 

နောက်တပတ်ထဲမှာ တသုတ်ဝင်ဖို့ရှိပါသေးတယ်။ သူတို့ကအမှုန့်မလိုချင်လို့ အစိမ်းတုံးတွေ ရှိလားမေးနေပါတယ် အစိမ်းတုံးနဲ့လဲမယ်တဲ့ "


"ရတယ် ငါနွမ်စိုင်းကိုတောင် 

ဟိုဘက်ကမ်းက ဝယ်လက်နဲ့

ချိတ်ခိုင်းထားပေမဲ့ ပိုဦးမှာပါ 

မင်းနဲ့နွမ်စိုင်း တန်ဖိုးညှိလိုက်ပြီး

မင်းလိုသလောက် နွမ်စိုင်းနားကထုတ်လိုက်"

  

"ဟုတ်ကဲ့ ခေါင်းဆောင် "

 

"ဒါနဲ့ မင်းအိမ်မှာ 

လူစိမ်းရောက်နေတယ်ဆို 

ဘာကောင်မှမဟုတ်တာသေချာရဲ့လား 


နောက်ပိုင်းပြသနာတွေတက်လာရင် ငါဘယ်သူ့မျက်နှာမှထောက်မှာမဟုတ်ဘူးနော် လက်စဖျောက်သင့်ရင်ဖျောက်ရမှာပဲ"


"သူက ကျွန်တော့် သူငယ်ချင်းပါ မန္တလေးမှာ ကျောင်းသွားတက်တုန်းကတည်းသိလာတာပါ 

ဒီကောင်ကစိတ်ချရပါတယ် 

ကျွန်တော်တာဝန်ယူပါတယ်"

 

"အင်း မင်းတာဝန်ယူတယ်ဆိုလည်းပြီးတာပဲ ငါတို့အလုပ်ကိုမထိခိုက်သ၍

ငါကထိုင်ကြည့်ပေးနေလို့ရတယ် "


လင်းဆက် ဇောချွေးတောင်ပြန်လာသည်။ ခေါင်းဆောင်အကြောင်း

အသိဆုံးမို့ ဟိုကောင်ကလည်းပြန်ပါဆို မပြန်နိုင်စရာတွေချည်းဖြစ်နေတယ်။ ဒီညနေတော့ ရအောင်ပြန်ပို့မှဖြစ်မည်။


မဟုတ်ရင်ဟိုကောင်မွှေပုံမျိုးနဲ့ အလောင်းတောင်ရှာလို့ရလိုက်မှာမဟုတ်ပေ ။


"ဟုတ်ကဲ့ စိတ်ချပါ ခေါင်းဆောင် "


"အင်း အာ့ဆိုရပြီ ပြန်လို့ "

  

"ဟုတ်ကဲ့ပါ  ခေါင်းဆောင်"


လင်းဆက်မြန်မြန်ပြန်လာလိုက်သည်။ခွန်းကို ဒီညနေကားနဲ့တင်ပေးမှရမည်။


"လင်းဆက် ပြန်လာပြီလား "

"ခွန်း မင်းပစ္စည်းတွေ သိမ်းထားတော့နော် ညနေကားနဲ့လိုက်လို့ရအောင်"

"အေးပါကွာ 
မင်းကငါ့ကိုအတင်းနှင်နေတာပဲကွာ 
မင်းမနေစေချင်ရင် ငါမနေပါဘူး"

" အဲ့လိုမဟုတ်ပါဘူးကွာ 
ငါတို့ရွာအကြောင်း မင်းလည်း
သိသင့်သလောက်သိနေပြီပဲ
ငါကမင်းအတွက်ပြောတာပါ"
 
"အင်းပါ ပြန်ရင်ပြီးရောမလား"

ခွန်းစိတ်ထဲမှာတော့ ငါက တီလေးကို ၂ပတ်၊၃ပတ်နေမယ်တောင်ဖုန်းဆက်ထားပြီးပေါ့ မင်းပြန်ခိုင်းတိုင်းပြန်စရာလားဟွန့် ညနေမပြန်ရအောင်ဘယ်လိုလုပ်ရမလဲ ခွန်းထိုင်စဉ်းစားနေလိုက်သည်။

လင်းဆက်ကလည်း ငြိမ်သွားတဲ့ခွန်းကိုကြည့်ပြီး နည်းနည်းတော့အားနာစရာကောင်းတာသိပေမဲ့ 
ခွန်းကိုမထားချင်လို့မဟုတ်ပေမဲ့ ပြန်လွှတ်မှရမည်လေ ခွန်းဘယ်လောက်ဂျစ်တိုက်လဲသူအသိဆုံးဒီကောင်မပြန်ရင်တနေ့မဟုတ်တနေ့ကခေါင်းဆောင်နဲ့ထိပ်တိုက်တွေ့နိုင်သည်။ 

ဒီကောင့်ပုံမျိုးနဲ့ဆို ခေါင်းထဲကို
ကျည်ဆန့်တွေအတောင့်လိုက်ဝင်သွားနိုင်သည်။
လင်းဆက်လည်းစိတ်ပင်ပန်းပါသည်။

"ခွန်းခနထိုင်နေဦး ညနေကားက
ဘယ်အချိန်လဲ ငါသွားမေးဦးမယ် အခုတောင်နှစ်နာရီထိုးတော့မယ် 
တော်ကြာမမှီမဆိုးလို့ ဟိတ်ကောင်လျှောက်မသွားနဲ့နော်"
 
"အေး ကြွ ငါရေချိုးလိုက်ဦးမယ် အိမ်ကပဲစောင့်နေမယ် 
ဘယ်မှမသွားဘူး စိတ်ချ"

လင်းဆက်ထွက်သွားမှ ခွန်းရေချိုးဖို့အမြန်လုပ်လိုက်သည် ။ခွန်းတကယ်ကြီးပြန်ရတော့မှာလား ။

ဟိုဂုတ်သားဖြူဖြူလေးနဲ့....
ဆင်စွယ်ရောင်ဝတ်စုံ နဲ့ 

နောက်ကျောပြင်ကျယ်ကြီးရဲ့ပိုင်ရှင်ကို တကယ်မတွေ့နိုင်တော့ဘူးလားတွေးမိပြီး နည်းနည်းတော့ဝမ်းနည်းသည်။

ခွန်းစိတ်ကိုလည်း ခွန်းကိုယ်တိုင်
နားမလည်နိုင်။ မျက်နှာတောင်မမြင်ဘူးတဲ့လူတယောက်ရဲ့နောက်ကျောကို ဘာလို့အဲ့လောက်သဘောကျမိသွားသည်မသိ ပြီးတော့ ယောက်ျားလေးချင်းကို ခွန်းကဘာညာခံယူချက်တော့မရှိပါ ခွန်းချစ်တဲ့သူကိုခွန်းရွေးချယ်မှာပင်။

====================

ခွန်းရေချိုးပြီးအဝတ်အစားလဲနေတုန်း ခြံထဲသို့ဆူညံဆူညံနဲ့လူတွေ
အများကြီးဝင်လာသံကြားတာမို့ ခွန်းထွက်ကြည့်တော့ ရွာသားတွေက
လူတယောက်ကိုသယ်လာတာပင် 

" ဟင် " 

ခွန်းမျက်လုံးပြူးသွားမိသည်။

သူတို့သယ်လာတာက လင်းဆက်ပင် 

လင်းဆက် ခုနကမှ
ထွက်သွားတာအကောင်းကြီးလေ 
ဘယ်လိုဖြစ်တာလဲ 

"ဘာဖြစ်တာလဲဗျ ဘာဖြစ်တာလဲ" ခွန်းအလောတကြီးမေးတော့

" ပိုးထိတာ " 

ဘယ်သူဖြေလိုက်မှန်းမသိပေမဲ့ 
ခွန်းနားထဲဝင်လာတဲ့အသံက
သံရည်ပူလောင်းချလိုက်သလိုပင် လှေကားကမတ်တော့ ကုန်းပိုးပြီး အိမ်ပေါ်ကိုမနည်းတင်ရသည်။

ခွန်းဆိုတာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချေ။ ထိုစဉ် မိုင်ခမ်းနဲ့ လင်းဆက်အမေကပါ ခြံထဲဝင်လာသည်။လင်းဆက်အမေက သူ့အဒေါ်တွေအိမ်ရောက်နေတာမို့ တယောက်ယောက်သွားခေါ်လာသည့်ပုံပင်။

ခွန်းသိတာ လင်းဆက်ကလွှဲရင် 
မိုင်ခမ်းတယောက်သာရှိသည်မို့ 
မိုင်ခမ်းကိုမြင်တော့နည်းနည်းအားတက်သွားသည်။

" မိုင်ခမ်း " 

ခွန်းလှမ်းအော်တော့ မိုင်ခမ်းက လှေကား တက်ဘေးနားလေးမှာ 
ကြုံကြုံလေးထိုင်နေတဲ့ ခွန်းအနားလာထိုင်သည်။ 
ရွာကလူကြီးတွေကတော့ ရှေးဦးသူနာပြုနည်းဆိုပြီးဘာတွေလုပ်နေကြသည်မသိ။

"မိုင်ခမ်း လင်းဆက်ကိုဆေးခန်း
မပို့ဘူးလားဟင် တခုခုလုပ်ပါဦး"

ခွန်းငိုချင်တာကိုထိန်းထားရသည်။အသံကိုမနည်းထိန်းပြောတော့ 
မိုင်ခမ်းက ငိုနေသည် ။

"ငါတို့ရွာမှာ ဆေးခန်းမရှိဘူး 
တိုင်းရင်းဆေးဆရာပဲရှိတယ် ခု  
သွားခေါ်နေတယ်" 

မိုင်းခမ်းက ငိုလိုက်ပြောလိုက်နဲ့
ပြောပြသည်။

"ဟင် တိုင်းရင်းဆေးဆရာက 
စိတ်ချရရဲ့လား လင်းဆက်က
ဘယ်လိုဖြစ်လို့‌မြွေကိုက်ခံရတာလဲ"

"ငါတို့ရွာမှာက ‌ပိုးထိရင်သူပဲကုပေးတာပဲ မြို့ကိုပစ္စည်းဝယ်သွားတဲ့အိမ်ကိုသွားတာတဲ့ အပြန်အကိုက်ခံရတယ်ပြောတာပဲ "

" ဟင် "

ခွန်းကမ္ဘာကြီးလုံးဝချာချာလည်သွားသည်။ ခွန်းကြောင့်ပေါ့ 
ခွန်းသာဆိုးမနေပဲ အစတည်းကပြန်လိုက်ရင် ခုလိုမျိုး လင်းဆက်ဖြစ်မှာမဟုတ်ဘူး။ ခွန်းကိုယ်တိုင်တောင်သတိမထားမိပဲ မျက်ရည်တွေက
ပါးပြင်ပေါ်ကိုအဆက်မပျက်လိမ့်ဆင်းကျလာသည်။

ထိုစဉ် 

"ခေါင်းဆောင်လာတယ်" 

အသံတော့ကြားပေမဲ့ခွန်းမကြည့်နိုင်ပါ ဒီလိုဖြစ်ရတာ ခွန်းကြောင့်ဆိုတာသိရတော့ လင်းဆက်အပေါ်ကို
အပြစ် လုပ်မိသူတယောက်အနေနဲ့ 
ရွာကလူတွေလုပ်ပေးတာကြည့်ရင်း တရှုံ့ရှုံ့သာ ငိုနေမိသည်။

နောင့်ခွန်း အိမ်ပေါ်တက်တက်ချင်းမျက်လုံးကိုဝေ့ကြည့်မိတော့ 

လင်းဆက်ဘေးမှာ ငိုနေတဲ့သူစိမ်းကောင်လေးကိုတွေ့သည်။

ရွာလူကြီးပြောတဲ့ လင်းဆက်သူငယ်ချင်းမန္တလေးသားဆိုတာဖြစ်မည်။ရွာသားတွေအားလုံးက 
နောင့်ခွန်းလာသည်ဆိုတည်းက 
နေရာဖယ်ပေးပြီး လင်းဆက်အနားကနေရာကိုရှင်းပေးသည်။
  
ထိုကောင်လေးသာ လင်းဆက်ကိုကြည့်ရင်းတအိအိ‌ငိုနေတာ။

အိမ်ပေါ်ကိုရွာသားတယောက်
ပြေးတက်လာပြီး ရှမ်းလိုအော်ပြောလိုက်တော့ မိုင်ခမ်းတယောက်
ပိုလို့ငိုတော့သည် ။

ခွန်းလည်း နားမလည်စွာ 
မိုင်ခမ်းကိုကပ်မေးတော့မှ

"ဆေးဆရာက အိမ်မှာမရှိဘူးတဲ့ 
ဆေးမြစ်တူးဆိုပြီးတောထဲဝင်သွားတယ်တဲ့ ဟီး ဟီး ဟီး "

ပြောရင်းအော်ငိုတော့သည်။

ခွန်းကိုယ်တိုင်လည်းမထိန်းနိုင်တော့ မျက်ရည်တွေကအဆက်မပျက်
ကျရင်း ငါ့ကြောင့် ငါ့ကြောင့်ဆိုပြီးနောင်တစိတ်ပါဝင်လာသည်။

"ကိုကြီး ကယ်ပါဦး ပီအိုက်ကို 

ရွာအနီးကဆေးဆရာတွေကို ကိုကြီးအမိန့်နဲ့ခေါ်ခိုင်းလို့ရတယ်မလား ။

ကိုကြီး ဟီးဟီးဟီး ကိုကြီးလုပ်ပါဦး"

မိုင်ခမ်းကမြန်မာလိုပြောလိုက်
ရှမ်းလိုပြောလိုက်နဲ့ အကူအညီလှမ်းတောင်းပြီးငိုနေတဲ့သူကိုကြည့်လိုက်တော့ ရွာခေါင်းဆောင်ဆိုတာနဲ့တူသည် ။

ထိုလူကတခုခုပြန်ပြောဖို့လုပ်နေတုန်း ငြင်းလိုက်မှာကြောက်တဲ့စိတ်နဲ့ 
ခွန်းလည်း နေရာကနေထပြီး 
ထိုလူကြီးနားသွားပြီး.......
 
"ကျွန်တော့်သူငယ်ချင်းကို
ကယ်ပေးပါဗျာ ကျွန်တော့်သူငယ်ချင်းကိုကယ်ပေးပါနော် ။ကျွန်တော်တောင်းဆိုပါတယ် ။ကျွန်တော်
ခင်ဗျားဘာခိုင်းခိုင်းလုပ်ပါ့မယ် " 
 
နောင့်ခွန်း လက်ကိုရုတ်တရက်ကြီး
လာကိုင်တော့ နောင့်ခွန်းလည်း
လန့်သွားသည်။ 

" လွှတ် " 

ထိုလူကြီးကအံကြိတ်ပြောတော့ 
ခွန်းလန့်သွားပြီးဖြည်းဖြည်းလေးလွှတ်ချလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းကို
ကယ်ပေးပါနော်ဗျ " 

အသံတိုးတိုးလေးနဲ့ပြောပြီး
ခေါင်းလေးငုံ့သွားသည်။
ထိုစဉ် 
 
"ခေါင်းဆောင် ဆေးဆရာခေါ်လာပြီ"

ကောင်လေးတယောက်ကလာပြောတော့အကုန်နေရာရှောင်ပေးသည်။

အမှန်တော့ နောင့်ခွန်း 
လင်းဆက် သတင်းကြားတည်းက ရွာနီးချုပ်စပ်ကဆေးဆရာတွေကို
ခေါ်လာဖို့ အမိန့်ပေးခဲ့ပြီး 
ထွက်လာတာပါ။

အဲ့တာကိုရောက်ရောက်ချင်း မိုင်ခမ်းကအရင်ဆုံးဆီးပြောတော့ နောင့်ခွန်းပြန်ပြောမို့ပဲရှိသေးတယ်။ ထိုကောင်လေးကပါလာပြောတော့ လူကမပြောဖြစ်တော့တာ ။

အဲ့တာအပြင် နောင့်ခွန်းလက်ကိုအားကိုးတကြီးလာဆုပ်ကိုင်တာမို့ 
လူကလည်းကြောင်သွားပြီး 
သူ့ကို‌လွှတ်ဖို့ပြောလိုက်တာ။
  
ကောင်လေးကလန့်သွားပုံပင် ဆေးဆရာက အဆိပ်တွေကို 
ဖယ်ရှားပေးပြီး သူကုစရာရှိတာ
ကုနေတာကို ကောင်လေးက 
သူ ဘာနားလည်သည်မသိ ဆေးဆရာနားလေးမှာ ထိုင်နေရင်းလုပ်သမျှလိုက်ကြည့်ကာ တအိအိငိုနေလေသည်။

ကောင်လေးပုံစံကြည့်ရတာ 
ခုမှရေချိုးထားပုံပင် ဆံပင်တွေတောင်မခြောက်သေးဘူး။ 

ကျစ် ဖျားကုန်တော့မှာပဲ....

Oh ...God 

နောင့်ခွန်းလူတယောက်ကို
စိတ်ပူလိုက်မိတာလား ပြီးတော့
သူစိမ်းတယောက်ကိုလေ 

ကောင်လေးငိုနေတဲ့ပုံက 
ပြေးပြီး ​ကောက်ပွေ့ဖက်ကာ
နှစ်သိမ့်ပေးချင်စရာကောင်းလှသည်။

မျက်လုံးဝိုင်းဝိုင်းလေးတွေ က 
  
အနက်ရောင်မျက်တောင် ရှည်တွေရဲ့ပံ့ပိုးမှုကြောင့်လှချင်တိုင်းလှနေပြီး

အခုလိုမျက်ရည်ဥလေးတွေက မျက်တောင်ဖျားမှာတွဲခိုနေတဲ့အခါ 
ရေစက်လေး ကသစ်ရွက်အစွန်ဖျားမှာ တင်နေသလိုပင် ။

နှာသီးဖျားလေး က ငိုထားတဲ့
အရှိန်ကြောင့် နီရဲရဲလေး ဖြစ်နေကာ

ကလေးလေးလို ဖြူဖွေးနေတဲ့ 
ပါးပြင်နုနုပေါ်သို့ မျက်ရည်ဥကြီးတွေ က တလှိမ့်လှမ့်နဲ့ ကျဆင်းနေသည် ။

စတော်ဘယ်ရီ လို နီရဲနေတဲ့ 
နှုတ်ခမ်းလေးမှ လဲ ပွစိပွစိ နဲ့
ဘာတွေကို ရေရွတ်နေသည် မသိပါ။

လှပသည် မဟုတ်သေးဘူး
လှပတယ်ဆိုသည်ထက် ကို
ပြည့်စုံနေတာမျိုး ။
ကောင်လေးက ကရုဏာသက်ချင်
စရာလေးဖြစ်နေသည် ။ 

ဟမ် ငါဘာတွေတွေးနေမိတာလဲ။
 
ကောင်လေးတယောက်ကိုလေ 

ငါ အဲ့လောက်ထိ ငေးကြည့်သွားမိ
တာလား ။နောင့်ခွန်း ကိုယ့်အတွေးတွေကိုကိုယ်တောင် နားမလည်နိုင်ဖြစ်ပြီး စိတ်ရှုပ်လာတာမို့ အိမ်ပေါ်ကပြန်ဆင်းလာပြီးလှေကားနားမှာ ဆင်းထိုင်နေလိုက်သည်။

=====================

ခွန်းတကယ်ကိုအနေကြုံ့နေပါသည်။ ရွာခေါင်းဆောင်ဆိုတဲ့ ဘဲကြီးက
ခွန်းကိုစိုက်ကြည့်နေတာ သတိထားမိပါသည်။ ထို ဘဲကြီး ခါးကြားကခြောက်လုံးပြူးကိုမြင်တည်းက လူကလေသံတောင်မာမာမပြောရဲတော့တာ 

အခုလိုစိုက်ကြည့်နေတော့ သူ့ရွာကလူငါ့ကြောင့်ဖြစ်ရတာဆိုပြီးများပစ်သတ်လိုက်လေမလားဆိုပြီး အသံတောင်ထွက်အောင်မငိုရဲတော့ပါ ။

ဘဲကြီး မျက်နှာက နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတွေနဲ့ ပါးသိုင်းမွှေးတွေကော ရုပ်ရှင်တွေထဲက လူကြမ်းရုပ်ကြီးကျနေတာပဲ ။ 

ဆံပင်ကလည်း အရှည်ကြီးကို
တဝက်စည်းကာ တဝက်ကချထားသေးသည် ။

ရုတ်တရက်ကြည့်လိုက်ရင် 
 
သူ့မျက်နှာမမြင်ရပဲ ........
အမွှေးတွေ ချည်းပဲဆိုတော့ 
ဘာကောင်ကြီးနဲ့တူနေမှန်းမသိ။

(လူဝံ့ကြီးပါ အဟိ) 

ဒါမဲ့ ခွန်းသတိထားမိတာက 
ထို သူ့ မျက်လုံးတွေပင် ......
မျက်ဝန်း ညိုညို တွေနဲ့ 

တကယ်ကိုညို့ဓာတ်အပြည့်ရှိသည်။

သိမ်းငှက်တကောင်လို စူးရဲတဲ့အကြည့်မျိုးနဲ့မျက်ဝန်းတစုံက 
ဆွဲဆောင်မှုတော်တော်ရှိသည်
ကိုတော့ဝန်ခံရမည်။

"ရပြီ ...... 
အသက်အန္တရာယ်တော့မရှိတော့ဘူး။ အဆိပ်ကခန္ဓာကိုယ်ထဲမှာ အချိန်နည်းနည်းကြာသွားတာမို့ ခန္ဓာကိုယ်ပြန်ကောင်းဖို့တော့စောင့်ကြည့်ရမယ် "

ဆေးဆရာရဲ့စကားကြားမှ 
ခွန်း သက်ပျင်းချ‌နိုင်တော့သည်။

မိုင်းခမ်းကို လှမ်းကြည့်မိတော့ 
သူလည်းအငိုရပ်သွားပြီး လင်းဆက်မျက်နှာကိုသာငေးကြည့်နေသည်။

အခုကစိတ်ချသွားရပြီမို့ 
ခွန်းရှိနေလည်းအပိုပဲဆိုတော့ 
ထထွက်လာလိုက်သည် ။

လူကစိတ်ပင်ပန်းသွားတာကော 
ငိုလိုက်မိတာတွေကော 
ခေါင်းမခြောက်ပဲအကြာကြီးနေလိုက်တာကောပေါင်းပြီး ခေါင်းနည်းနည်းမူးချင်နေသည် ။ 

မနည်းထိန်းလျှောက်ပြီးထွက်လာစဉ် လှေကားအဆင်းလည်းရောက်ကော

ခွန်း ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားပြီး 
ခြေချော်ကျတော့သည်။

"သွားပြီဟ ငါတော့" 
  

လှေကားကအမတ်ဆိုတော့ 
ခေါင်းတော့ကွဲပြီဟု 
ခွန်းတွေးမိလိုက်ပေမဲ့ 

ခွန်း ပြုတ်ကျတဲ့အရှိန်မျိုးနဲ့သာဆို 
တကယ့်ကိုအထိနာချင်စရာ ။

ဒါပေမဲ့ အခုတော့ 
ပိစိသေးသေးလေးတောင် 
မနာတဲ့အပြင် ခွေယိုင်ကျနေတဲ့ ခန္ဓာကိုယ်ကပါဒဏ်ရာမရပဲရှိနေသည်။

နူးညံ့အိစက်နေတာလည်းမဟုတ်။

မာ‌ကြော​ နေတာလည်းမဟုတ် တဲ့အရာ ပေါ်ကိုကျတာဖြစ်သည်။

နှာခေါင်းထဲသို့ ဝင်ရောက်လာတာက 

အရိုင်း ဆန်ဆန်ဆွဲဆောင်မှုရှိနေတဲ့

ရနံ့မျိုးလေးတခုကြောင့် 

လူကခေါင်းမူးနေတာတောင်
ချက်ချင်း သက်သာသွားသလိုပင်။

နောင့်ခွန်း တယောက်လည်း 
ခြေသံကြားလို့လှေကားအပေါ်ကို မော့ကြည့်လိုက်တဲ့အချိန် 

အောက်ကိုပြုတ်ကျလာတဲ့ 
ကိုယ်လုံးသေးသေးလေး ကို
အလိုက်သင့် ဆီးဖမ်းလိုက်တော့

ကိုယ့်ရင်ခွင်ထဲကိုပြိုလဲကျလာတဲ့ ဝါဂွမ်းလုံးလေးလို နူးနူးညံ့ညံ့ နဲ့ 
အိအိ‌ထွေးထွေး ခန္ဓာကိုယ်လေး 

အခုမှခေါင်းလျှော်ထားခါစမို့ထင်သည် Shampoo နံ့သင်းသင်းလေးကပါ 
နောင့်ခွန်း အနံ့ခံအာရုံကိုလာရောက်ကလူကျီစယ်နေသည်။ 

အနံ့လေး က ကောင်လေးလိုပဲ 
ချိုမြန်သည် ချစ်စရာကောင်းသည် ။

ရင်ခွင်ထဲက လူသားလေး
အဆင်ပြေရဲ့လားလို့ နောင့်ခွန်း 
စိုးရိမ်စွာ ငုံကြည့်လိုက်မိတော့

ထိုဝါဂွမ်းလုံးလေး ကလည်း..

ကိုယ့်ကို ပြန်ကြည့်နေသည်ကို 

တွေ့လိုက်ရသည် ။

နောင့်ခွန်း အသက်ရှုမဝတော့သလို ခံစားလာရသည် ။ 

----------------------------------------------------

ခွန်း ပြုတ်ကျတဲ့အရှိန်မျိုးနဲ့သာဆို 
တကယ့်ကိုအထိနာချင်စရာ ။

ဒါပေမဲ့ အခုတော့ 
ပိစိသေးသေးလေးတောင် 
မနာတဲ့အပြင် ခွေယိုင်ကျနေတဲ့ ခန္ဓာကိုယ်ကပါဒဏ်ရာမရပဲရှိနေသည်။

နူးညံ့အိစက်နေတာလည်းမဟုတ်။

မာ‌ကြော​ နေတာလည်းမဟုတ် တဲ့အရာ ပေါ်ကိုကျတာဖြစ်သည်။

နှာခေါင်းထဲသို့ ဝင်ရောက်လာတာက 

အရိုင်း ဆန်ဆန်ဆွဲဆောင်မှုရှိနေတဲ့

ရနံ့မျိုးလေးတခုကြောင့် 

လူကခေါင်းမူးနေတာတောင်
ချက်ချင်း သက်သာသွားသလိုပင်။

ကျောပြင်တဝိုက် နဲ့ ခါးပေါ်က

အထိ‌အတွေ့ တချို့ကြောင့်.. 
 
ခွန်း မဝံ့မရဲ မျက်လုံးကို
ဖွင့်ကြည့်လိုက်မိတော့....

"Holy Shit !! သေစမ်း ....

ဟိုဘဲကြီးရင်ခွင်ထဲမှာဟ"

ခွန်း အတွေးနဲ့အတူ 
ကိုယ့်အသက်ကိုပါ ကြိုတင်ပြီးသရဏံဂုဏ်လှမ်းတင်ထားလိုက်သည်။

ခွန်း ရဲ့ပေါက်ကရအတွေးတောင်
မဆုံးလိုက်သေးခင်

ထို ဘဲကြီး ကပါ 
ကိုယ့်ကိုပြန်ငုံ့ကြည့်လာသည်မို့ ။
  
ခွန်း ခေါင်းထဲသို့ ဝင်လာမဲ့ 
ကျည်ဆံ ဘယ်နှတောင့်လောက်
ဖြစ်နိုင်ချေရှိမလဲ ရေတွက်ကာ။

ကျေးဇူးရှင်အဖေ နဲ့ အမေကို 
စိတ်ထဲမှနေ သား နောက်ဘဝမှသာ ကျေးဇူး​တွေကို ပေါင်းဆပ်နိုင်တော့မယ်နဲ့တူတယ် ဟုတွေးမိသွားသည်။
 
အတွေးနဲ့ အတူမျက်ရည်တွေပါ
ဝဲတက်လာပြန်သည်။

ခွန်း ထိုသူ့အကြည့် တွေကို 
အမှန်တကယ်ကြောက်ပါသည်။

ကိုယ့် အသက်လေးကို
တန်ဖိုးထားတဲ့အနေနဲ့ သူ့ရင်ခွင်ထဲမှ 
အမြန်ရုန်းထွက်လိုက်သည်။

"ကျေး... ကျေးဇူးတင်ပါတယ်ခဗျ "

စကားတွေကပါထစ်လာသည်မို့
 
ပြောပြီးတာနဲ့ အမြန်ပြေး
ထွက်လာလိုက်မိသည်။

==================================

နောင့်ခွန်း ဘာများလုပ်မိသလဲလို့ 

ဒီကောင်လေးက သူ့ကိုတွေ့တာ
သရဲတွေ့တဲ့အတိုင်းပြေးထွက်သွားလိုက်တာ။ နောက်ကိုတချက်တောင်လှည့်မကြည့် သစ်ပင်နောက်တောင်ဝင်ပုန်းနေလိုက်သေးသည်။

နောင့်ခွန်းနားမလည်နိုင်စွာဖြင့်
မေးလိုက်မိသည်.....

"သူဘာဖြစ်သွားတာလဲ 
ငါဘာလုပ်လိုက်မိသလဲ နွမ်စိုင်း"

"ဘာမှမလုပ်မိပါဘူးဗျ ခေါင်းဆောင်" 

^^ခေါင်းဆောင်က သူ့ကိုစားမတတ်
ဝါးမတတ်ကြည့်နေတာကို ။

ဟိုက သူ့ကိုသတ်မယ် ထင်ပီးကြောက်လို့ပြေးသွားတာပေါ့လို့ ^^

နွမ်စိုင်း ပြောပစ်လိုက်ချင်နေတဲ့
စိတ်ကိုမနည်းထိန်းထားရသည်။

ခေါင်းဆောင်ရဲ့ ခါးရှိ ခြောက်လုံးပြူး
က လူမရွေးဘူးမလားလေ ။

ကိုယ့်အသက်လေးကို ကိုယ်ချစ်တာကောင်းပါတယ် ။ 

ရည်းစားလေးတောင် မရသေးဘဲ 
နွမ်စိုင်း မသေချင်ပါလေ ။

________________________________________________________________

လင်းဆက် ကိုပြုစုစောင့်ရှောက်ဖို့ကသူ့အမေတယောက်တည်းဖြစ်နေတာ
မို့ဆိုပြီး လင်းဆက်ညီမဝမ်းကွဲတွေနဲ့အဒေါ်တွေကလာစောင့်အိပ်ပေးသည်။

လင်းဆက်တို့အိမ်က ‌hall လိုပုံစံမျိုးကြီးသာ အခန်းဖွဲ့ထားတာမရှိချေ။

အိမ်အလယ်မှာကမီးဖိုချထားတာဆို‌တော့ ခွန်းမျက်နှာပြောင်တိုက်ပြီး သူ့ညီမတွေကြားထဲဝင်အိပ်ရအောင်လည်းအဆင်မပြေပေ။

ညနေကားကလည်းထွက်သွားလေပြီ။ တရွာလုံးမှာခွန်းသိသည့်သူကလင်းဆက်တယောက်တည်းသာရှိသည် ။
 
အခုမှကိုယ့်အတတ်ကိုယ်စူးလေသောခွန်းဘဝကလမ်းဘေးအိပ်ရမလိုပင်။

မွေးသမိခင်ရေ ဒီက ချစ်သားလေး အဖြစ်ကို လာကြည့်လှည့်ပါအုံး.....

ဓာတ်တိုင် ခေါင်းအုံးအိပ်ရအောင်
ကလည်း ဓာတ်တိုင်က မရှိ ။

ခွန်း ငိုမဲ့မဲ့နဲ့ ထိုင်ပီး 
လျှောက်တွေးနေမိသည် ။

နေ့လည်ကပြန်မယ်ဆိုပြီးထုပ်ထားသောအဝတ်နှစ်စုံသာပါသည့်
အဝတ်အိတ်လေးကိုပိုက်ပြီး 
ခြံရှေ့ကသစ်ပင်ကြီးအောက်မှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေလိုက်သည် ။

မကြာခင်အမှောင်ထုကကြီးဆိုးလာတော့မည်။ နေ ကလည်းတောင်တန်းတွေရဲ့အနောက်ကိုဝင်စပြုနေလေပြီ။
 
ခွန်းထိုင်နေရင်း ဝမ်းနည်းလာသည် ။

"ဟဲ့ နင်ဒီမှာဘာထိုင်လုပ်နေတာလဲ"

" ဟင် " 

ခွန်းမော့ကြည့်တော့ 
မိုင်ခမ်းနဲ့အတူတခြားလူနှစ်ယောက်
ခွန်းနားလျှောက်လာလေသည် ။

အနီးကပ်လာမှကြည့်လိုက်တော့ 
ဟိုဘဲကြီးနဲ့သူ့လူ ခွန်းညစ်နေတဲ့စိတ်လေးတောင်ဘယ်ရောက်သွားသလဲ မသိချေ ။ သေရမှာကြောက်တဲ့စိတ်ကပြန်ကြီးစိုးလာရသည်။

"ဘာငေးနေတာလဲ ငါမေးနေတာကို ဒီမှာဘာထိုင်လုပ်နေတာလဲလို့"

"ဪ အဲ့တာက 
လင်းဆက်ညီမတွေလာအိပ်မယ်ဆိုလို့ ငါကအဲ့အိမ်ပေါ်မှာပဲ ဆက်အိပ်လို့အဆင်‌မပြေဘူးလေ ဒီရွာမှာငါသိတာလည်း လင်းဆက်တယောက်ပဲရှိတာ"

"ငါရှိတယ်လေ ငါ့အိမ်လိုက်အိပ်ပေါ့ နင်နဲ့ငါနဲ့သိတာပဲ"

မိုင်ခမ်းစကားကြောင့် ခွန်းမျှော်လင့်ချက်ရောင်ခြည်လေးပြန်သမ်းလာရသည်။

ဒီကောင်မလေးစကားပြောရင်
အချိုးမပြေပေမဲ့ကူညီချင်တဲ့
စိတ်လေးရှိသားဟုတွေးမိသည်။
 
"ရလားငါအိပ်လို့ ဒါနဲ့နင်ကမိန်းကလေးလေ နင့်အိမ်မှာလူကြီးတွေဘာတွေကောရှိရဲ့လား"

"ငါ့အကိုရှိတယ်လေ ကိုကြီး
သူ့ကိုပေးအိပ်လို့ရတယ်မလား"

ခွန်းကိုလည်း ပြန်ဖြေရင်း 
နောက်ကဘဲကြီးကိုပါ လက်ညိုးထိုးပြပြီး ပြန်မေးလိုက်တဲ့ မိုင်ခမ်း စကားကြောင့် ခွန်းမှာစောနကဝင်လာတဲ့မျှော်လင့်ချက်ရောင်ခြည်လေးက
ပလွတ်ဆိုပြီး ချက်ချင်းကြီးပျောက်ကွယ်သွားရသည်။ 

ထို့အပြင် စိတ်ဓာတ်က Minus Degree ထိတင်မက ဟိုးဘက်ထိကို
ထိုးဆင်းသွားလေတော့သည်။

"ရပါတယ် ရပါတယ် 
ငါအဆင်ပြေသလိုပဲနေလိုက်ပါ့မယ် နင်ငါ့အတွက်ဒုက္ခမရှာပါနဲ့ " 

အဲ့ဒီရွာခေါင်းဆောင်းလို သွေးအေးလူသတ်သမားရုပ်ပေါက်နေတဲ့ 
အိမ်ကိုလိုက်နေဖို့ဆိုတာ ခွန်းလူ့ဘဝသက်တမ်းကနည်းနည်းနေပျော်တဲ့အချိန်ပဲရှိသေးတယ်မလား။
ခွန်း မသေချင်သေးဘူး။

မိုင်ခမ်းက ရွာခေါင်းဆောင်ညီမပေါ့
အဲ့တာဆို သေစမ်း ။ ငါရိုရိုသေသေဆက်ဆံမှရမယ်။ တော်ကြာသူ့ညီမကိုစကားကောင်းကောင်းမပြောလို့ဆိုပြီးခါးကြားက ခြောက်လုံးပြူး နဲ့
ထပစ်လိုက်မှ အမလေးလေး
ဘယ်အပေါက်ကအသက်ထွက်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။

"ဟဲ့ အဲ့တာဆို 
နင်ကလမ်းဘေးမှာထိုင်အိပ်မို့လား 
ငါ့အကိုကသဘောကောင်းပါတယ် လိုက်ခဲ့ရတယ်" 

ချီး......ကို သဘောကောင်း 
လူကိုသတ်မတတ်ဖြတ်မတတ်
အနောက်ကနေစိုက်ကြည့်နေတာကို 
မမြင်တာလား အစ်မတော်ရယ် 
    
ဒါမှမဟုတ် သူ့ညီမစကားနားမထောင်လို့များလား မဖြစ်ဘူး မိုင်ခမ်းစကားကိုနားထောင်မှရမယ်။

"ဟုတ်ကဲ့ဗျ အာ့ဆို 
လိုက်အိပ်မယ်နော် ကျေးဇူးပါဗျ"

မိုင်ခမ်းနည်းနည်းကြောင်သွားသည်။

ဒီကောင် ဂေါက်သွားတာလား။

ချက်ချင်းကြီးဘယ်လိုဖြစ်သွားတာလဲ 

"လာ အဲ့တာဆို သွားမယ် " 

ခွန်းလက်ကို ဇက်ကနဲ စောင့်ဆွဲပြီး သူ့အကိုတွေရှေ့ကထွက်လာသည်။
  
ခွန်းတော့ မိုင်ခမ်းကိုစောင့်ကန်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

အစ်မတော်ရယ် ကျွန်တော်မျိုးကိုအသက်ရှည်ရှည် နဲ့ မနေစေချင်ဘူးလားဟင် တွေးမိနေသည်။

"ခေါင်းဆောင် တကယ်ကြီးသူ့ကိုအိမ်မှာပေးအိပ်မှာလားဗျ "

"အင်းလေ မိုင်ငယ်က 
အိပ်စေချင်နေတာကို "
 
" ဗျာ " 

ဒီတခါ အံ့ဩရသူက နွမ်စိုင်းပင်။ 
၁ ပေလောက် ဟသွားတဲ့ ပါးစပ်လေးကို အသာပြန်စေ့ရင်း တွေးမိသည် ။

နွမ်စိုင်းတို့တောင် ခေါင်းဆောင်အိမ်မှာတခါမှမအိပ်ဖူးဘူး ခုချိန်ထိ။

ပြီးတော့ မိုင်ငယ်ကိုအကြောင်းပြပြီး
မပြောနဲ့ အလုပ်တွေနဲ့မအားရင်တောင်ပြီးတဲ့အချိန်အိမ်ပြန်အိပ်ခိုင်းတတ်တဲ့ခေါင်းဆောင်ကလေ အခုကျ မိုင်ငယ်ကအိပ်စေချင်နေတာကို တဲ့ ။

နွမ်စိုင်း မနက်ဖြန် နေ က
အနောက်ရပ်ကများထွက်လာမလား
သိချင်မိသည်။
 
"ခေါင်းဆောင် ......
အဆင်ကောပြေရဲ့လား မဟုတ်ရင် 
ကျွန်တော့်အိမ်ခေါ်သွားပြီးအိပ်ခိုင်းလိုက်မယ်လေဗျ "

"ရတယ် မလိုဘူး 
ငါ့အိမ်မှာပဲ ခေါ်အိပ်လိုက်မယ် ။

ကောင်လေး က ပုံစံကြည့်ရတာ
သနားစရာလေးပါ "

တကယ် မနက်ဖြန်နေအနောက်ကထွက်ပြီပဲ။ ခေါင်းဆောင်ပါးစပ်ကသနားစရာလေးလို့ ထွက်လာတယ်တဲ့ 

နွမ်စိုင်းနဲ့ခေါင်းဆောင်က နောက်ကနေဖြည်းဖြည်းပဲလမ်းလျှောက်ပြီးလိုက်ပြန်လာခဲ့သည်။

ရွာပြင်နားမှ တောင်ကုန်းလေးပေါ်ကအိမ်လေးဆီရောက်တော့

"ဟဲ့ ဒါ ငါတို့အိမ်ပဲ 
နင်အဆင်ပြေသလိုနေ ရတယ် ။

ဒါမဲ့ တခုတော့သတိပေးမယ်နော် 
ငါ့အကိုပစ္စည်းတွေကိုလျှောက်မထိနဲ့ "

"အေးပါ ကျေးဇူးပါနော် " 

အမလေး ထိစရာလား 
ထိရင်အသတ်ခံရမှာပေါ့ ။
ခွန်း စိတ်ထဲကနေ တွေးနေတာပါ။

နောက်ကိုလှည့်ကြည့်မိတော့ 
ဟိုဘဲကြီးတယောက်တည်းသာ‌ ဖြည်းဖြည်းချင်းလျှောက်ပြီးအိမ်ထဲကိုဝင်လာနေသည် ။

သူ့လူကဘယ်နားကျန်နေခဲ့သည်မသိ
လင်းဆက်တို့အိမ်လိုပုံမျိုးမဟုတ် ပျဉ်ထောင်အိမ်အကြီးကြီးကိုမှ 
ဝရံတာတွေဘာတွေနဲ့ သေချာဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းမျိုးပင်။

အိမ်ကလည်းတော်တော်ကြီးသည်။ လှလည်းလှသည်။ တောင်ကုန်းလေးပေါ်မှာဆိုတော့ လထွက်ကာစအချိန်မှာ အလင်းရောင်လေးတွေ ဖြာကျနေတာက ငြိမ်းချမ်းနေတဲ့ခံစားချက်မျိုးကိုတခါတည်းရစေသည်။

အိမ်ထဲဝင်လိုက်မှ ပိုအံ့ဩရသည်။ အသုံးအဆောင် ပစ္စည်းတော်တော်များများက ကျွန်းသစ်တွေနဲ့ 
လုပ်ထားတာပင် ။
ဆက်တီထိုင်ခုံတွေကအစ ကျွန်းသစ်တွေ ကျွန်းဗီရိုတွေ ကျွန်းတံခါးတွေ အိပ်ခန်းထင်သည် အခန်းသုံးခန်းရှိသည် နံရံတွေမှာလည်း ဘာ‌အကောင်တွေရဲ့ဦးချိုတွေလည်း မသိချိတ်ထားလိုက်သေးသည်။
ပန်းပုရုပ်တွေလည်းသူ့နေရာနဲ့သူတင်ထားသည်မှာတော်တော်ကြည့်လှသည်
 
သိမ်းငှက်ရုပ်နဲ့ကျားရုပ်လို့ဟာမျိုးတွေကများသည် တော်တော်ချမ်းသာပုံရသည်ဟုခွန်းတွေးလိုက်မိသည်။

ခွန်းငေးကောင်းနေတုန်း ရှိသေး

"နင် ငါ့အကိုအခန်းမှာ
လိုက်အိပ်လိုက် "

" ဟင် "

မျက်လုံးအစုံပြူးထွက်လာရသည် နွေခေါင်ခေါင်မိုးကြိုးပစ်တယ်ဆိုတာဒါမျိုးပါလားလို့ ခွန်းခံစားလာရသည်။

"မအိပ်လို့မရဘူးလားဟင်သူ့အခန်းမှာ"

ခွန်း တိုးတိုးလေးကပ်ပြီး
မိုင်ခမ်းကိုပြောမိတော့ ..

"မင်းက ငါ့အခန်းမှာမအိပ်လို့ 
 
ငါ့ညီမအခန်းလိုက်အိပ်ချင်လို့လား "

ဘယ်အချိန်ကခွန်းနောက်ကျော
ဘက်နားရောက်နေတယ်မသိသည့်ဘဲကြီးစကားကြောင့် ခွန်းလန့်သွားရသည်

"မအိပ်ချင်ပါဘူးဗျ 
ကျွန်တော် က ဒီအတိုင်းလေးပဲ အပြင်မှာအိပ်လို့ရပါတယ် လို့
ပြောမလို့ပါ ဟိုခုံလေးပေါ်မှာ ပဲ 
အိပ်လိုက်မယ်လေဗျ "
 
နှစ်ယောက်ထိုင် ဆက်တီလေးကို
လက်ညိုးထိုးပြရင်း ခွန်းပြောတော့ဘဲကြီးက ခွန်းကိုစိုက်ကြည့်လာသည်။ 

မိုင်ခမ်းကို အကူအညီရမလား
လှမ်းကြည့်မိတော့ မိုင်ခမ်းက 
ပြုံးစိစိနဲ့သာ ကြည့်နေသည်။

"စကားမများစမ်းနဲ့ 
အိပ်ဆိုတဲ့နေရာအိပ်လိုက်ပေါ့ "

"ဟုတ်ကဲ့ဗျကျွန်တော်ကအားနာလို့ပါ "

"မလိုဘူး မိုင်ငယ်သွားအိပ်တော့ 
ဟိုကောင်လေး..... မင်းအထုတ်ယူပြီး
ငါ့အခန်းထဲလာခဲ့"

ခွန်း ဘာမှအထွန့်မတက်ရဲတော့ပါ။

စကားပြန်ပြောဖို့တောင် 
မနည်းအားယူရသည်။

ခွန်းဘာလို့ခြိမ်းခြောက်ခံနေရတယ်လို့ခံစားနေရတာလဲဟင်။ 
  
တယောက်လောက်ကယ်တင်ကြပါ။
 
နောက်ပြီးကောင်လေးတဲ့ လူကိုကလေးများမှတ်နေလားမသိဘူး

အင်းလေ သူ့ပုံစံနဲ့ဆို ခွန်းက 
ကလေးလို လေးဖြစ်နေမှာပေါ့ ။

နောင်ခွန်း ကိုယ့်စိတ်ကိုတောင်
နားမလည်နိုင်တော့ပါ ။ 

(A/M စစ လာတည်းကနော် ဘဲကြီး) 

အမှန်ဆို အိမ်ရှေ့ခန်းမှာ နေရာအကျယ်ကြီးရှိသည် ။
အိပ်ယာခင်းနဲ့စောင်ပေးလိုက်ရုံပင် ။

ဒါပေမဲ့ ဒီကောင်လေးကိုသက်သောင့်သက်သာ နေရာ‌ပေးချင်နေမိသည် ။ ပြီးတော့ နောင့်ခွန်းအခန်းထဲတောင်ပေးအိပ်လိုက်မိသေးသည်။

ဒီ ကောင်လေးပုံစံကြည့်ရတာ 
နောင့်ခွန်းကိုကြောက်နေပုံရသည်။ 

စချင်နေတဲ့စိတ်ကလည်းမနေနိုင်တာမို့ နည်းနည်းဖိဟောက်လိုက်တော့ 
ငြိမ်သွားသည်မှာ စကားနားထောင်တဲ့ခွေးလိမ်မာလေးတကောင်လိုပင်။

ချစ်ဖို့ကောင်းလွန်းလှသည်။

ငါဘာတွေတွေးနေမိပါလိမ့်။

အခန်းထဲကို နောက်ကနေ
လိမ်လိမ်မာမာနဲ့ လိုက်လာ​လေ သည်။

"ဝေါင်းးးး မိုက်လိုက်တာ 
ဘဲကြီး အခန်းက ရှယ်ဘဲ " 

ခွန်းစိတ်ထဲမှာ လက်မအကြီးကြီးပေးမိသည်။ကျွန်းဗီရိုကြီးတလုံး ၊ စာအုပ်စင်နှစ်ခုနဲ့ ကုတင်ကလည်းအကျယ်ကြီး စာကြည့်စားပွဲလေးနဲ့ တကယ်ကို ရိုးရိုးရှင်းရှင်းလေးလုပ်‌ထားပေမဲ့ အဆင်အတန်းရှိရှိပုံစံလေးမှန်းအရမ်းသိသာသည်။

ခွန်းသတိထားမိတာက ဘဲကြီး 
ကုတင်ကြီးဘေးက ဗုံရှည်လိုဟာမျိုးကြီးပင် အခန်းထောင့်မှာကပ်ပြီးချထားတာ အတော်‌ကြည့်ကောင်းသည် ။ ခွန်းအရပ်‌ထက်တောင်ရှည်ဦးမည့်ပုံရှိသည်။ ခွန်းသိချင်စိတ်ကြောင့် ဘဲကြီးကိုအရဲစွန့်မေးကြည့်မိသည်။

"ဟိုဟာလေ 
အခန်းထောင့်မှာထောင်ထားတဲ့
ဟာက ဘယ်လိုခေါ်လဲဟင် "
 
ဘဲကြီးက ခွန်းအတွက် 
အိပ်ယာခင်းတခုနဲ့စောင်နှစ်ထည်နဲ့ ကို သူ့ကုတင်ဘေးမှာ ခင်းပေးသည်။

ဘဲကြီးကုတင်က အနိမ့်လေးဆိုတော့ ခွန်းအိပ်ယာခင်းနဲ့ဆို သိပ်မကွာပေ ဘဲကြီးကသူ့ဘက်ကိုပြန်လှည့်ကြည့်လာရင်း အခန်းထောင့်ကိုလက်ညိုးထိုးပြရင်း မေးဆက်ပြတော့ ခွန်းကခေါင်းပြန်ညိမ့်ပြလိုက်သည်။

"အဲ့ဒါလား ရှမ်းအိုးစည် " 

" ဪ "

တကယ်ကို ဘာစကားမှ 
အပိုမဆိုတတ်သော ဘဲကြီးပါပင် 
ခွန်းခေါင်းထဲပေါ်လာတဲ့အတွေးကိုသဘောတကျရီမိတယ် ။

သူက အိပ်ယာခင်းပေးလို့ပြီးသွားတော့ စာအုပ်စင်ဘက်ကိုလျှောက်လာရင်းကနေ ခွန်းကိုလှမ်းကြည့်သည်။

"ဟီးဟီးး 

ဘဲကြီးက အရပ်အရမ်းရှည်တော့

ရှမ်းအိုးစည်ကြီးနဲ့တူတယ်ဗျ" 

"ဘာကွ"

ခွန်းပြောပြီးတာနဲ့ ခွန်းအတွက်
ပြင်ပေးထားတဲ့အိပ်ယာခင်းဆီကို
အမြန်ပြေးသွားပြီးစောင်ကို
ခေါင်းထိလုံအောင်တခါတည်းဆွဲပြီးခေါင်းမြီးခြုံထားလိုက်သည်။

30-8-2021

Thanks For Reading. 

@Paing & Koe 🌸🍉

Love You All. ...💛💛


rate now: