book

Index 3

Part 2


ခွန်း မင်္ဂလာပွဲကနေ 

လင်းဆက်နဲ့အတူပြန်လာခဲ့သည်။


အတွေးထဲမှာတော့.......


ဆင်စွယ်ရောင်ဝတ်စုံ .......

ပိုင်ရှင်ရဲ့နောက်ကျောပြင်

ကသာကြီးဆိုးနေသည်။


လင်းဆက်ကိုမေးချင်ပေမဲ့ မမေးပဲ ကိုယ်တိုင်ရှာဖို့ပဲဆုံးဖြတ်လိုက်သည် ။


လင်းဆက်တို့အမေကတော့ 

လူကြီးတွေနဲ့စကားပြောရင်း ပွဲမှာကျန်နေခဲ့သည်။ လင်းဆက်တို့အိမ်ကိုပြန်ပြီး ခွန်းပစ္စည်းတေပြန်ယူပြီး တောင်ကြီးပြန်ဖို့ ပြင်ရသည်။


လင်းဆက်ကရွာပြင်ထိလိုက်ပို့ပေး သည်။ ကားက ဂိုထောင်လိုဟာမျိုးထဲမှာတင်ရပ်ခဲ့တာဆိုတော့ ရွာပြင်ကအစောင့်ကိုပြောပြီး ခွန်းကားကိုလိုက်ထုတ်ပေးသည်။ ဟိုဘက်ကိုတော့ ခွန်း ဘာသာပင်မောင်းပြန်ရုံပင် ။


ခွန်း ရွာကမပြန်ချင်သေးပါ ။


ခွန်း စိတ်ကိုဖမ်းစားသွားတဲ့လူကို

ခွန်းရှာချင်ပါသေးသည်။ 

ခွန်းဉာဏ်နီ၊ဉာဏ်နက်၊ဉာဏ်ပြာ၊

ဉာဏ်ဝါ နဲ့ ဉာဏ်ရောင်စုံများကို ထုတ်ကာ သုံးရတော့မည်။


လင်းဆက် အစောင့်နဲ့စကားပြောနေချိန် ခွန်း ကားထုတ်မို့ဆိုပြီး ဂိုထောင်ထဲကိုအရင်ဝင်ခဲ့သည်။

ကားရှေ့ဖုံးကိုအမြန်ဖွင့်လိုက်ပြီး 

နှစ်ချက်လောက်ကလိ‌လိုက်ရုံပင် 

အိမ်က Fatherကြီး ကြောင့်သင်ထားတဲ့ပညာတွေက အလကားမှမဟုတ်ပဲ ဟဲဟဲ ။

လင်းဆက်မမြင်ခင် အမြန်လက်စသတ်ပြီး ကားကို ဂိုထောင်အပြင်မောင်းထွက်လာလိုက်သည်။ 


"လင်းဆက် ငါသွားပြီ ဟေ့ကောင် နောက်ရက်တောင်ကြီးလာရင်

ဖုန်းဆက်ဦးနော် "


ခွန်းကားပေါ်ကနေပဲ လှမ်း၍နှုတ်ဆက်လိုက်သည်။


"အေးပါ အေးပါ ငါလည်း ငါ့ကားပြင်ထားတာကို လာယူရဦးမှာလေ လာခဲ့မှာပါကွ "

 

"သွားပြီ အာ့ဆို "


ခွန်းမောင်းထွက်လို့မှ ကိုက်ငါးဆယ်လောက်တောင်မရောက်သေးဘူး ။


"ဖွတ် ဖွတ် ဒီးးးးး ..............."


ကားထဲက မီးခိုးတွေထွက်လာသည်။


လင်းဆက်လည်း ရပ်ကြည့်နေတုန်း ခွန်းကားဆီက မီးခိုးတွေထွက်လာတာမြင်တော့ အမြန်ပြေးလာသည်။


"ခွန်း ဘာဖြစ်တာလဲ ကားက "


"မသိဘူးကွ ဖွတ် ဖွတ် မြည်ပြီး 

ထိုးရပ်သွားပြီး မီးခိုးတွေ ထွက်လာတာကွ "


"ဟမ် မင်း ကားအကြောင်းတွေ

သိတယ်မဟုတ်ဘူးလားဟ မင်း showroom တောင်ဖွင့်လာတာကို 

မင်း မပြင်တတ်ဘူးလား"


"ဟာ ကားအကြောင်းသိတိုင်း ကားပြင်တက်ပါ့မလားကွ။ လဒရ ကားကပျက်ပါတယ်ဆို မင်းကတမျိုးနဲ့ 

မင်းတို့ရွာကနေ တက္ကစီလိုဟာမျိုးနဲ့လိုက်ပို့တာမရှိဘူးလား "


"မရှိဘူးကွ အဲ့လိုမျိုးက အခု 

နေ့လည်တနာရီကျော်ပြီကွ တောင်ကြီးသွားမဲ့ ရွာ လိုင်းကား က မနက်ရှစ်နာရီထွက်တာကွ "


"ဟမ် အာ့ဆိုငါကဘယ်လိုလုပ်ရမလဲ" 


ခွန်း မျက်နှာကို ဇီးရွက်သာသာလောက်ထိ အတတ်နိုင်ဆုံး ညိုးညိုးနွမ်းနွမ်းလေးလုပ်ထားလိုက်တယ် ။


"ငါရွာက လူတယောက်ဆီက ကားပြန်ငှားလိုက်မယ် ပြီးရင်လိုက်ပို့မယ်လေ"


ဒါမျိုးကို ခွန်းလက်မခံနိုင်ပါ ။

 

"ဟာ ရတယ် ရတယ် မင်းငါ့ကြောင့် ဒုက္ခများနေမယ်။ ပြီးတော့ငါ့ကားကလည်းပြင်ရဦးမှာ ငါ့ဘာသာပဲ အဆင်ပြေအောင်ကြည့်လုပ်လိုက်ပါမယ်။ မင်းရွာထဲပြန်တော့လေ "


"မဟုတ်တာကွာ မင်းကငါ့ကိုကူညီရင်း ဒီထိရောက်လာရတာကို အဲ့တာဆိုလည်း ဒီညဒီမှာထပ်အိပ်လိုက်ပေါ့ 

ဒီနေ့လည် ရွာကကလေးတွေကို 

ကားပြင်သမားရှာခိုင်းပြီးမင်းကားကိုကြည့်ခိုင်းလိုက်မယ်လေ "


Bingo....... ဒါကမှ ခွန်းလိုချင်သော အဖြေပင်။ 

ပျော်လွန်းလို့ ခွန်းညရင်ထဲမှာ ကုလားဘုရားပွဲနဲ့ ဘင်ခရာတီးဝိုင်း 

ကို တပြိုင်ထဲ လှည့်နေသလိုပင်။ 


အဟိအဟိ အပြင်မှာတော့ ဇီးရွက်ပိစိလောက်မျက်နှာလေးကို ခွန်း 

လုပ်ထားရသည်။


လင်းဆက်နဲ့အတူရွာထဲပြန်လိုက်လာခဲ့သည်။ ကားထဲကမနေ့က 

ဝယ်ထားတဲ့အဝတ်အစားနည်းနည်းနဲ့ အသုံးအဆောင်တွေကိုပါ 

ယူလာလိုက်သည်။


လင်းဆက်က ရွာလူကြီးအိမ်ကိုတခါဝင်ရပြန်သည် ။ ခွန်းကားကိုပြင်ဖို့ 

လူရှာပေးဖို့အကူအညီတောင်းတာတဲ့။ 


ခွန်းကတော့ ကိုယ်ဖျက်ထားတာမို့ကိုယ့်ဘာသာသိသည်။ ပြင်ဖို့မလွယ်တဲ့နေရာတွေကိုရွေးဖျက်ခဲ့တာပင် ။


လင်းဆက်တို့အိမ်ရောက်တော့ 

သူ့အမေက မင်္ဂလာပွဲမှာအမျိုးတွေပါလာကြ လို့ သူတို့အဒေါ်အိမ်မှာသွားအိပ်သည်တဲ့ ။


လင်းဆက်လစ်တဲ့အချိန် တီလေးကို ဖုန်းလှမ်းဆက်ထားလိုက်သည်။ 

တပတ်နှစ်ပတ်လောက် စိတ်ပြေလက်ပျောက် လင်းဆက်တို့ရွာမှာနေမဲ့အကြောင်းကိုပေါ့။


ဒီည အိပ်ရတာကအဆင်ပြေသည်။လုပ်ချင်တာကိုလုပ်ထားရတာလည်း

ပါမည်။ မနေ့ညကလို့ အပူအပင်အရမ်းမများလို့လားမသိ အိပ်ယာနဲ့နေသားကျသွားတာကြောင့်ရော

ရာသီဥတုတောင်မမှုနိုင်ပဲ ခွန်းအိပ်ပျော်သွားသည်။ 

 

ဟိုကောင်ကတော့ မင်္ဂလာပွဲမှာ ပင်ပန်းထားလို့ထင်သည်။ ခေါင်းအုံးပေါ်ခေါင်းချတည်းကတခါတည်း အိပ်ပျော်သွားပုံပင်။


__________________________________


ည တစ်နာရီခန့် ..........


သူများတွေ အိပ်လို့ကောင်းနေမဲ့အချိန်ဆိုပေမဲ့ မအိပ်နိုင်တဲ့သူတွေလည်းရှိသေးသည်။


"နွမ်စိုင်း ပစ္စည်းတွေသေချာစစ်ထား ဟိုဘက်ကလူတွေလာတဲ့အချိန်မှ 

မှားတာတွေ လိုနေတာမျိုးတွေ

ငါမလိုချင်ဘူး "


" ဟုတ် ခေါင်းဆောင် ကျွန်တော် သေချာစစ်ပြီးပါပြီ ဟိုဘက်ကလည်း ပစ္စည်းပဲပြန်ယူမှာလား ဒီတခေါက်ကော ငွေပဲလား"


"အင်း ငါကျောက်စိမ်းတွေ နဲ့လဲမယ်လို့တော့ပြောထားတယ်။ ထိုင်းဘက်ပြန်တင်မို့ မီးရောင်တွေ့တယ်။


ဟိုဘက်ကလာပြီနဲ့တူတယ် 

ငါတို့ဘက်ကလူတွေကို သတိနဲ့နေလို့ 

ပြောထားလိုက် "


"ဟုတ်ကဲ့ ခေါင်းဆောင် "


(A/N : ဒီနားလေးကရှမ်းလိုပြောတာပါနော် ကိုယ်လည်းရှမ်းစကားမတတ်တာမို့ မြန်မာလိုရေးထားတာ နားလည်ပေးပါခ)


ရွာစပ်နားက ထင်းရှူးတော၌......


"ဘယ်လိုလဲ ငါတို့လိုချင်တဲ့ပစ္စည်းအလုံအလောက်ပါရဲ့လား "       


"ခင်ဗျား ပါးစပ်ကစောက်ပိုတွေလာ

မပြောစမ်းနဲ့ စဝ်နောင့်ခွန်း 

နဲ့ လုပ်တဲ့အလုပ်တိုင်း လွှဲချော်တယ်ဆိုတာဘယ်တော့မှမရှိစေရဘူး။


နွမ်စိုင်းပစ္စည်းပေးလိုက် "


နွမ်စိုင်း ပစ္စည်း‌ထည့်လာသော ကျောပိုးအိတ်ကို တဖက်သို့ ပစ်ပေးလိုက်သည် ။

ဟိုဘက်ကလည်း အိတ်တလုံးကို

ပြန်ပေးလာသည်။


"စစ်လိုက် နွမ်စိုင်း"


နွမ်စိုင်းက ကျောက်စိမ်းတွေကို သေချာစစ်သည် ။


"မှန်တယ် ခေါင်းဆောင် " 


"အင်း သွားကြ မယ် "


"ကျေးဇူးပဲ နောင့်ခွန်းရေ " 


ဟိုဘက်အဖွဲ့ကလူကလှမ်းအော်သည်။


"မလိုဘူး အလကားပေးတာမှ

မဟုတ်ဘဲ တန်ရာတန်ကြေးကို

အလဲအထပ်လုပ်တာ "


"ဟုတ်ပါပြီဗျာ ခွင့်ပြုပါဦး "


"ကြွ " 


နောင့်ခွန်း ဆိုတာအဲ့လိုလူမျိုးပဲ 

စကားကို ရှည်ရှည်ဝေးဝေးပြောရတာမကြိုက် လိုရင်းတိုရှင်း ပြောသည်။


ကိုယ်လိုချင်တဲ့ ပစ္စည်းလည်းရပြီမို့ စခန်းကိုပြန်ဖို့ လူစုံမစုံစစ်လိုက်သည်။

 

ညအမှောင်ထဲမှာ ဆိုပြီးကြောက်စရာ

မလို ဒါ နောင့်ခွန်း ရဲ့ နယ်မြေ ။


ဒီပတ်ဝန်းကျင်တခွင်မှာ 

နောင့်ခွန်းကို လှန်ရဲသူမရှိ ။


နောင့်ခွန်း လက်နဲ့ကင်းနိုင်တဲ့ 

သူလည်းမရှိချေ။


နောင့်ခွန်းရဲ့ " နွိုင်း "အဖွဲ့က 

ဒီတောင် တကြောလုံးကရွာတွေကိုစောင့်ရှောက်ပေးတယ်။ သူတို့က 

နောင့်ခွန်းဆီမှာအလုပ်ပြန်လုပ်တယ် နှစ်ဦးနှစ်ဖက် အဆင်ပြေသည်။

 

အခုရွာပြင်မှာလာချိန်းတယ်ဆိုတာက ဟိုဘက်အဖွဲ့ကကောင်တွေကြောင့်။


နောင့်ခွန်းတို့ဆီက ဘိန်းဖြူအမှုန့်ထုတ်တွေလိုချင်သည် ဆိုလို့ 

လာပို့တာ သူတို့ဘက်က နောင့်ခွန်းပေးတဲ့ ဆေးတွေရဲ့တန်ကြေးနဲ့ညီတဲ့ ကျောက်စိမ်းတွေကို ယူလာပြီး

လဲတယ် ။


~~~~~~~~~~~~~~~~~~~~~~~~~


စဝ်နောင့်ခွန်း ......။


အသက်က ၂၈ နှစ်......။


ဒီရွာတကြောမှာစိုက်ထားတဲ့ 

ဘိန်းခင်းတွေအားလုံးနီးပါးရဲ့ပိုင်ရှင် ။


" နွိုင်း " အဖွဲ့ ရဲ့ခေါင်းဆောင် ။ 


"နောင့်ခွန်း "ဆိုတဲ့နာမည်ကို 

ကြားတဲ့လူတိုင်း.... သွေးအေးတယ်။ ရက်စက်တယ်။ သစ္စာမရှိတဲ့သူဆိုမုန်းတယ်။ စကားပြောမချိုဘူး။ အပြောထက်လက်ပိုမြန်တယ်။ 

နှိပ်စက်နည်းအမျိုးမျိုးကို ကျွမ်းကျင်သူ ဆိုပြီး သိ ကြသည် ။


ဒါကြောင့်နောင့်ခွန်း ကို ဘယ်သူမှ

ရန်မစရဲ​ကြချေ။

နောက်ထပ်အရေးကြီးဆုံးတခုက 

နောင့်ခွန်းဆီအလုပ်လုပ်တဲ့ လူတိုင်းကသစ္စာရှိတယ်။ 


အကြောင်းပြချက်ကတော့ ဘိန်းခင်းတွေမှာ နေ့စဉ်နဲ့အမျှလုပ်နေရတာကိုဆေးမသုံးတဲ့သူဆိုတာမရှိ။ အခင်းထဲကဟာတွေက သုံးလို့ရတဲ့အဆင့်ထိ

မပြုပြင်ရသေးဘူးပေ။


နောင့်ခွန်း ဆီကနေသာ 

အဖြူဆို အဖြူ ။ 

အခြောက်ဆိုအခြောက် ။

ဆေးပြား ဆိုဆေးပြား ​။

လိုတာကို ရနိုင်တာ။


နောင့်ခွန်း ကိုမထီမဲ့မြင်လုပ်မိရင်၊

ဆန့်ကျင်မိရင်ဒါတွေမရနိုင်တော့​ပေ။


ရွာမှာ ဒီဈေးကွက်အားလုံးက 

နောင့်ခွန်းလက်ထဲမှာသာရှိသည်။


လူမွေးရတာလွယ်သည်။ 

သစ္စာရှိတဲ့သူရှာရတာတော့ .....

ခက်သည် မဟုတ်ပါလား။


______________________________________


ရွာပြင်ကနေပဲ စခန်းကို ပတ်ပြန်ခဲ့ကြသည်။စခန်းရောက်တော့လည်း ကျောက်စိမ်းတွေ အရည်ပြည့်မပြည့်ကို သေချာစစ်ရသည်။ 


ကလိမ်ကျသွားလို့ကတော့........

 

နောက်တနေ့ နေထွက်တာ

မမြင်ရအောင် လုပ်ပစ်ဖို့က

နောင့်ခွန်း အတွက် အရမ်းကိုလွယ်လွန်းသည်။

အားလုံးပြီးသွားတော့ မနက်သုံးနာရီလောက်ဖြစ်တော့မည်။


"နွမ်စိုင်း မင်းလည်းနားတော့လေ ကျန်တာငါ့ဘာသာသိမ်းလိုက်မယ်"


"ဟုတ်ကဲ့ ခေါင်းဆောင် ရလို့လား 

ဒီနေ့ တနေကုန်ပင်ပန်းထားတာကို ကျွန်တော်ပဲသိမ်းသွားလိုက်ပါမယ်"


"အေး အာ့ဆိုလည်း သိမ်းသွားလိုက် တံခါးစေ့ထားခဲ့လိုက် ငါနားပြီ"


"ဟုတ်ကဲ့ ခေါင်းဆောင်" 


နွမ်စိုင်းက ပစ္စည်းတွေ ကို

ဗီရိုထဲထည့်သင့်တာထည့် ၊

သိမ်းသင့်တာသိမ်းနဲ့သေချာလုပ်ပေးပြီး တံခါးကိုမပိတ်ပဲစေ့ရုံစေ့ပေးခဲ့သည်။


နောင့်ခွန်း ဒီနေ့တနေလုံး အခင်းတွေလိုက်စစ်ရသည်။

ပစ္စည်းလာယူမဲ့ သူတွေအတွက်လည်းပစ္စည်းတွေဆင်ရသည်။ သူများခိုင်းလည်းရပေမဲ့ နောင့်ခွန်းက ကိုယ့်လက်ကိုယ်ခြေသာလုပ်ရတာကိုသာကြိုက်သည်။

 

နောင့်ခွန်း ရဲ့မိဘတွေမရှိတော့တည်းက ဒီအဖွဲ့ကြီးတခုလုံးရဲ့တာဝန်တွေအားလုံးက နောင့်ခွန်းပုခုံးပေါ်ရောက်လာတာဖြစ်သည်။


ပါးပါး လက်ထက်ထဲက သစ္စာရှိလာတဲ့သူတွေမို့ နောင့်ခွန်း ဒီလူတွေကိုမစွန့်လွှတ်နိုင်ပါ ။


ခေါင်းဆောင်နေရာက နောင့်ခွန်းနဲ့ ထိုက်တန်ကြောင်း နောင့်ခွန်း

အများကြီး ကြိုးစားပြခဲ့ရသည်။

 

ပါးပါး ရှိစဉ်တည်းက ဆရာ့ဆီမှာ နောင့်ခွန်းကို ကိုယ်ခံပညာနဲ့ သေနတ်ပစ်ကိုသင်ခိုင်းခဲ့တာဖြစ်သည်။


ပါးပါးနဲ့မားမားက ကားအက်ဆီးဒန့်ကြောင့်ဆုံးသွားခဲ့တာ။ မိုးတွင်းဆို တောင်တက်လမ်းတွေက

အရမ်းလျှော်သည်။


ပါးပါးတို့ကားလေးကလည်း.... 

စလစ်ဖြစ်ပြီး ချောက်ထဲကျသွားခဲ့တာ။ ပါးပါးနဲ့မားမားဆုံးတော့ ...

နောင့်ခွန်းကအသက် ဆယ့်ငါးနှစ်။ ညီမလေးက ရှစ်နှစ်ပဲရှိသေးသည်။


ညီမလေးကိုကာကွယ်ဖို့အတွက်

နောင့်ခွန်းသန်မာမှဖြစ်မည်။

 

နောက်ပြီး ပါးပါး ရဲ့ လူတွေကို 

စိတ်မပျက်စေချင်တာမို့ နောင့်ခွန်း သူများထက်နှစ်ဆပိုကြိုးစားခဲ့သည်။


ဆရာကလည်းဘေးကအမြဲကူညီပေးခဲ့သည်။


အချိန်ကြာလာတော့လည်း 

နောင့်ခွန်းက စိတ်ကြမ်းလူကြမ်းနဲ့ 

တကယ့်လူမိုက်ကြီးဖြစ်ခဲ့ရသည်။


နောင့်ခွန်းနဲ့ရွယ်တူချင်းတွေဆိုအိမ်ထောင်ကျလို့ကလေးအဖေတွေတောင်ဖြစ်ကုန်ပြီ။


နောင့်ခွန်းကသာ ခုထက်ထိ

တကိုယ်တည်း လူပျိုကြီးဘဝနဲ့ဘိန်းခင်းတွေကြားမှာ အချိန်ကုန်နေတာ။


နောင့်ခွန်းလိုခေါင်းဆောင်တယောက်ရဲ့မိန်းကလေး နေရာကိုဘယ်သူများပိုင်ဆိုင်ခွင့်ရမလဲ ဆိုတာလူတိုင်းမျှော်လင့်တကြီးစောင့်နေကြတာပင်ဖြစ်သည်။


နောင့်ခွန်း အနားကပ်ရဲတဲ့မိန်းကလေးဆိုတာ ဒီတောင်တကြောလုံး၊

ဒီရွာတကြောလုံးမှာ နှစ်ယောက်သာရှိသည်။


တယောက်က နောင့်ခွန်းညီမလေး နောက်တယောက်က ......

သူ့ဆရာရဲ့သမီးဖြစ်သူ နန်းစံမူ။


နန်းစံမူက နောင့်ခွန်း ထက်တနှစ်ပဲငယ်ပြီး ငယ်ငယ်တည်းက ကစားဖော်ဖြစ်ခဲ့တာကြောင့် အားလုံးက နောင့်ခွန်းရဲ့မိန်းကလေးက နန်းစံမူပဲဖြစ်လာလိမ့်မယ်လို့ ထင်နေကြသည်။


နောင့်ခွန်းအတွေးထဲမှာတော့ 

နောင့်ခွန်းချစ်ရတဲ့ ညီမလေးကို 

မထိခိုက်အောင် ကာကွယ်မည်။ 


အဖွဲ့ကိုတိုးတက်အောင်လုပ်မည်။

 

ဒါတွေသာ ရှိသည်။


နောင့်ခွန်း ဆီမှာ အချစ်ကို 

တွေးတောဖို့ အချိန်မရှိသေးပါ ။


အချစ်ဆိုတာ မလိုအပ်ဘူးလို့လဲ 

နောင့်ခွန်း ထင်သည်။


နောင့်ခွန်း ရဲ့ နေ့စဥ်ဘဝ က 


ဘိန်းခင်းနဲ့ အလုပ်တွေ ကြားမှာသာ ။

 

----------------------------------------------------


ဆောင်းဝင်ပြီဆိုတာနဲ့

မြူတွေစိုင်းပြီး ......

နှင်းစက်မှုန်လေးတွေကပါ 

ကျဆင်းနေတတ်သည်မို့ ....


တောင်ကြောကြီးတခုလုံးဟာ 

တိမ်တွေနဲ့ဖုံးနေသလိုဖြစ်နေပြီး နေမင်းရဲ့ အလင်းရောင်ဟာလည်း

တိုးမထွက်လာနိုင်သေးချေ။


တောင်တွေပတ်လည်ဝိုင်းနေတဲ့ 

ဒီရွာလေးဆီကို နေရောင်ခြည်မဖြန့်ကျက်ပေးနိုင်သေးတော့ အအေးဓာတ်ကပဲ ပိုလို့ကြီးဆိုးနေသည်။


"နွမ်စိုင်း .....

ဒီနေ့ ပစ္စည်းပို့စရာတွေရှိသေးလား"


"မရှိဘူးဗျ ခေါင်းဆောင် ......

ပန်းပွင့်ချိန်ရောက်တော့မှာမို့ 

တချို့အခင်းတွေကတော့ စပွင့်နေပြီ။


ခေါင်းဆောင် သွားစစ်ချင်သေးလား "


"နေပါစေတော့ ......

နောက်ရက်မှသွားစစ်တော့မယ်။


ဒါဆို မနေ့ညကရလာတဲ့ ကျောက်စိမ်းတွေကို ဟိုဘက်ကမ်းက ဝယ်လက်နဲ့ ချိတ်ဖို့လုပ်လိုက်တော့ လက်နက်နဲ့လဲလို့ရရင်လည်းလဲလိုက် "


"ဟုတ်ကဲ့ပါ ခေါင်းဆောင် 

အဲ့တာဆို ကျွန်တော် ဟိုဘက်ကလူတွေနဲ့ဆက်သွယ်လိုက်ဦးမယ်။


ခေါင်းဆောင် ဒီနေ့ဘယ်သွားဖို့ 

ရှိသေးလဲဗျ တခုခုဆိုရင်

လင်းဆက်ကိုခေါ်သွားလိုက်ပါ "


"အေး ရတယ် .....

ဒါနဲ့ လင်းဆက်အိမ်မှာ 

လူစိမ်းတယောက်ရောက်နေတယ်ဆို မနေ့က ရွာလူကြီး ငါ့ကိုပြောတယ်။


အဲ့တာလည်း အဖွဲ့အစည်းကကောင်တွေဖြစ်နေမယ် တချက်စစ်ကြည့်လိုက်ဦး"

 

"ဟုတ်ကဲ့ပါ ခေါင်းဆောင် ..

လင်းဆက်ကတော့ သူ့သူငယ်ချင်းလို့ပြောပါတယ် "


"အေးအေး အဲ့တာဆို မင်းလုပ်စရာရှိတာသွားလုပ်တော့ ငါလက်နက်တွေပြန်စစ်ဦးမယ် "


"ဟုတ်ကဲ့ ခေါင်းဆောင်"


(A/N :: ကိုယ်တို့ရှမ်းပြည်ဘက်က လူအတော်‌များများက ယိုးဒယားဘက်ကမ်းကို ဟိုဘက်ကမ်းလို့ပဲသုံးတာများလို့ပါနော် ဟိုဘက်ကမ်းဆိုတာ ထိုင်းဘက်ကိုပြောတာပါ )


___________________________________________________________________


ခွန်း မနက်အိပ်ယာ‌နိုးတော့ 

လင်းဆက်က အပြင်သွားမို့ထင်သည်။


ခွန်းနိုးတာ ထိုင်စောင့်နေတဲ့ပုံပင် 


"ခွန်း နိုးလာပြီလား" 

 

"အင်း ဘာလို့လဲ"


"မင်းကားက ပြင်လို့မရသေးဘူးတဲ့ကွမနေ့ကနေ့လည်တည်းက 

ရွာနီးနားကပြင်တတ်တဲ့သူတွေ

လုပ်ခိုင်းတာမရဘူးတဲ့။


အဲ့တာကြောင့်လိုင်းကားထွက်တဲ့ဟာ ငါသွားပြောပေးမို့ မင်းအဝတ်လဲပြီးခနစောင့်နေလိုက်နော် ငါမနက်စာလည်းပြင်ပေးထားတယ် "


"အေးအေး သွားလေ ရတယ် 

ငါမနက်စာစားရင်းစောင့်နေမယ်"


လင်းဆက်ကထထွက်သွားသည်။   


ခွန်းဒါမျိုးလက်မခံနိုင်ပါ။

မပြန်ချင်လို့ဉာဏ်ဆင်နေပါတယ်ဆိုမှ ဒီကောင်က ဇွတ်ပဲ ပြန်လွှတ်နေတော့တာပဲ ခွန်းအကြောင်းသိစေရမယ်။


ဟွန့် ဟွန့် ခွန်း လူယုတ်မာပြုံးလေးပြုံးလိုက်သည်။


(A/M: ကလေးရုပ်ကမဲ့ပြုံးပြုံးထားတာလို့ပဲမြင်မိတယ်ခ)


လင်းဆက်မရှိတော့တာ သေချာမှ မျက်နှာမြန်မြန်ဆင်းသစ်လိုက်သည်။


ရေကလည်းအေးလိုက်တာစိမ့်နေတာပဲ ရေခဲရေတွေအတိုင်းပဲ 

ခွန်းမျက်နှာအသားအရေတေတော့ ပျက်စီးတော့မှာပဲ 

အူးဝါးးးးး ငါ့မျက်နာလေးး ....


ခွန်း မနက်စာအမြန်စားပြီး ရွာထဲထွက်ခဲ့သည် ။ရွာထဲမှာ ပတ်ပုန်းနေဖို့ကြံတာပါ။


လင်းဆက်ပြောသလိုဆို သူတို့ရွာက ကားက မနက်ရှစ်နာရီထွက်တာပင် အခုက ခုနစ်နာရီဆိုတော့ နှစ်နာရီလောက်ပဲ ခွန်းပုန်းနေနိုင်ရင်မပြန်ရတော့ဘူး ။


အဟိအဟိ ......

 

ဟိုမနေ့ကနောက်ကျောပိုင်ရှင်ကိုလည်းရှာပြီးသားဖြစ်တာပေါ့။

ရွာထဲမှာပတ်ကြည့်နေလိုက်တယ် တကယ်က လိုက်စပ်စုနေတာပါ။


ခွန်း လျှောက်သွားရင်း 

ရွာအစွန်ကတောင်ကြောတွေဘက်ကိုရောက်လာသည်။

 

တောင်ကြောပေါ်မှာ ဘာတွေစိုက်ထားသည် မသိအခင်းလိုက်ကြီး 

ပန်းတေထင်သည် ။

တချို့ကပွင့်စပြုနေပြီး တချို့ကတော့အဖူးလေးတွေဖြစ်နေဆဲ 

အသီးလိုဟာမျိုးလေးတွေကော 

နည်းနည်းလှမ်းနေတော့သေချာမမြင်ရ


ခွန်းသိချင်စိတ်နဲ့ ရှေ့နားသို့ ဖြည်းဖြည်းလေးချင်းတိုးသွားမိသည်။

 

ထိုစဉ်.......


" ဟိတ် "


" အမေ့ " 


ခွန်း ပုခုံးကိုလက်တဖက်က 

လာပုတ်သည်။ ခွန်း အနည်းငယ်တော့ လန့်သွားမိတယ် ။


နောက်လှည့်ကြည့်မိတော့မှ.....


ကောင်မလေးတယောက် 

ရှမ်းအင်္ကျီ ဖျင်နီလေးနှင့် 


"နင် ဘာလုပ်နေတာလဲ "


ရှမ်းလိုလာမေးတော့       


ခွန်းကနားမလည်စွာ အူကြောင်ကြောင်သာကြည့်နေပြီး 


"နင် မြန်မာစကားတတ်လား 

ငါနင်ပြောတာနားမလည်ဘူး "


"အာ ......နင်က ပီအိုက် 

အိမ်ရောက်နေတဲ့ လူစိမ်းဆိုတာလား"


ခုမှ မြန်မာလိုပြန်ပြောလာသည်။


ကောင်မလေးအသံက ဝဲတဲတဲလေးနဲ့ တမျိုးလေးနားထောင်လို့ကောင်းသည်။တိုင်းရင်းသူဆိုတော့မပီတာလည်းပါမည်။


"ဟမ်...... ဘာကြီး ဘာ အိုက် 

ငါကလူစိမ်းဆို‌တာတော့ဟုတ်တယ် နင်ပြောတဲ့လူရဲ့ အိမ်ကမဟုတ်ဘူး "


"ဟား ဟား ဟား " 


ကောင်မလေးကသဘောတကျနဲ့

အော်ရီတော့ ခွန်းဘာများမှားပြောမိလို့လဲ ပြန်တွေးရသည်။


"ဘာလို့ရီရတာလဲ ..

ငါပြောတာဘာမှားလို့လဲ"


"နင်မမှားပါဘူး..... ပီအိုက်ဆိုတာ 

နင်တို့ဗမာတွေလိုဆို အကိုလို့ပြောတာ ငါက စိုင်းလင်းဆက် ကိုပြောတာ သူကငါ့ထက်အကြီးမို့ ပီအိုက်ခေါ်တာ"

 

"ဪ.... အဲ့လို့လား ဟဲ့ အာ့ဆို 

ငါ့ကိုနင် နင်နဲ့ မပြောနဲ့လေ ။

 

ငါနဲ့လင်းဆက်ကအသက်တူတူပဲကို

ငါ့ကိုလည်း အဲ့လိုမျိုးခေါ် "


"မခေါ်နိုင်ပါဘူး ....

နင်နဲ့ ပီအိုက်ကတူမှမတူတာကို "

 

"ဘာကမတူရတာလဲ "

 

"မခေါ်ဘူးဆိုဟာ မခေါ်ဘူးပဲ 

ဒါနဲ့ နင်က ဒီမှာဘာလုပ်နေတာလဲ "

 

"အမ် " 


ခွန်းဘာဖြေရမလဲ 

ရုတ်တရက်စဉ်းစားရသည်။လင်းဆက် ကိုပုန်းနေတာလို့သွားပြောလို့မရချေ။


"ဒီအတိုင်း..... ရွာရှုခင်းတွေ

လိုက်ကြည့်နေတာပါ​ ​။ 

ငါတခါမှမရောက်ဖူးလို့လေ နင်ကကောဘာလုပ်နေတာလဲ "


"ငါ့ရွာပဲဟာ ငါ့ဘာသာလျှောက်သွားနေတာပေါ့။ ဒီရွာကို 

တော်ရုံလူစိမ်းလည်းမလာရပါဘူး ။


နင်က ပီအိုက်သူငယ်ချင်းမို့ သာ

လာလို့ရတာ သိလား "


"အေးပါကွာ ဟိုးက ပန်းခင်းလား

ဘာလဲ အဲ့တာတွေကလှလို့

ငါ သွားကြည့်ချင်လို့"     


"ဟဲ့ အဲ့တာဆို နင် ငါနဲ့ 

လိုက်ကြည့်မလား။ ငါလည်း 

တယောက်တည်းဖြစ်နေတာ 

အဲ့အခင်းတွေကိုပဲငါသွားရမှာ "


"ငါ လိုက်ကြည့် လို့ရလား "


"ရပါတယ်ဆိုနေ.....

လိုက်ခဲ့ ဒါနဲ့ ငါ့နာမည်က မိုင်ခမ်း မှတ်ထားဦးနော် "


"အင်း နင့်နာမည်လှတယ် ။

ငါ့နာမည်က ခွန်းစေကိုး "


"ကျေးဇူးပဲ နင်လည်းလှတယ် 

လာသွားမယ်လေ " 


ခွန်း မိုင်ခမ်း နဲ့အတူလိုက်

လာလိုက်တယ် ။ ကြည့်တော့သာ 

နီးတယ်ထင်ရပေမဲ့ တောင်ကြောပေါ်ကို တော်တော်လမ်းလျှောက်ရသည်။


ခွန်း တို့ 

အခင်းအစပ်နားလောက်ရောက်မှ


"ဟေ့ကောင် ခွန်း " 


လှမ်းအော်သံကြားရသည်။


ခွန်း လန့်သွားသည်။ ဒါလင်းဆက်အသံ နာရီကိုချက်ချင်းငုံ့ကြည့်မိတော့ ကိုးနာရီကျော်ပြီ ဟူး တော်သေးသည်။


ရုပ်ကတော့အူကြောင်ကြောင်လေး

လုပ်ထားရသည်။လင်းဆက်ကခွန်းတို့နားကိုလျှောက်လာသည်။

 

"ခွန်း မင်းကိုလိုက်ရှာလိုက်ရတာကွာ တရွာလုံးနှံနေတာပဲ အိမ်မှာစောင့်နေပါဆိုတာကို အခုတော့ကားကမမှီတော့ဘူး "


"ဟမ် အချိန်က အဲ့လောက်တောင်ဖြစ်သွားတာလား ငါကမပြန်ခင် ဟိုနားဒီနားလေးခနလျှောက်ကြည့်လိုက်တာ "


ခွန်း မသိခြင်ထောင်ထောင်ပြီး တကယ်စိတ်ဆင်းရဲသွားတဲ့မျက်နှာလေးနဲ့ လုပ်ပြီးပြောလိုက်သည်။


"ထားလိုက်တော့ ညနေကျရင် မြို့ကိုဈေးဝယ်သွားမဲ့ တစီးရှိတယ်တဲ့ 

အဲ့ခါမှသာ လိုက်သွားတော့ " 


ခွန်းကိုအတင်းကိုပြန်ပို့နေတော့တာပဲ


"အင်း အင်း "


"ပီအိုက် " 


မိုင်ခမ်းက ခွန်းဘေးကနေ 

လင်းဆက်ကိုခေါ်လိုက်သည်။


"မိုင်ငယ် ဘယ်လိုလုပ် ခွန်းနဲ့အတူရှိနေတာလဲ " 


"ရွာစပ်နားမှာတွေ့လို့ သူငယ်ချင်းလုပ်လိုက်တာလေ ပီအိုက် အဟီးး"       


"မင်းတို့က သိတာလား အေးလေ 

တရွာတည်းပဲသိမှာပေါ့ "


ခွန်းကပြောတော့ 


"သိရုံတင်မဟုတ်ဘူး 

မိုင်ခမ်း နဲ့ ပီအိုက်က ချစ်သူတွေ "


မိုင်ခမ်းကဝင်ပြောတော့


လင်းဆက်က ဘာမှမရှိတဲ့ သူ့လည်ပင်းကို လက်နဲ့ပွတ်နေတယ်။


" ဟမ် "


ဒီတခါမျက်လုံးပြူးရသူက ခွန်း သာ

ဒီကောင့်လို ရေခဲတုံးကောင်က ချစ်သူရှိတယ်။ အမလေး ငါပဲမစွံတာပါလား ခွန်းတွေးရင်းရီရမလိုငိုရမလို ဖြစ်လာသည်။


"လင်းဆက် ဟေ့ကောင်မင်းက ဘွဲ့လည်းရပြီးရော ငါတို့ကိုမဆက်သွယ်တာက မင်းကကြင်ဖက်ကောစုံသွားလို့ကိုပေါ့။ ဟုတ်လားဟမ် မင်းငါ့ကိုလျှိုထားတာပေါ့ "


"အဲ့လိုမဟုတ်ပါဘူးကွာ။ 

ငါနဲ့မိုင်ငယ်က တွဲလာတာကြာပြီကွ ဘွဲ့မရခင်တည်းက "


"အဲ့တာကြောင့် မန္တလေး မှာကျောင်းတက်နေတဲ့တချိန်လုံးဘယ်သူ့မှစိတ်မဝင်စားတာမဆန်းတော့ပါဘူး 

ငါက မင်းကို ကွေးနေလို့ ထင်တာ 

ဟီး ဟီး"


"ခွေးလိုကောင် မင်းပဲကွေး ဒါနဲ့ မင်းတို့က ဒီကိုဘာလာလုပ်တာလဲ ။


မိုင်ငယ် အခင်းတွေဘက်ကို 

ခွန်းကို ဘာလို့ ခေါ်လာတာလဲ 

ပြသနာတက်အောင်လို့ "


"ဟီး ပီအိုက် သူငယ်ချင်းကယုံရမယ်ထင်လို့ပါ။ ပီအိုက် သူငယ်ချင်းဆိုတော့ ဒါတွေသိမယ်ထင်လို့လေ " 


မိုင်ခမ်းက 

လေသံကိုလျှော့ချပြီးပြောတော့ ...


"ဟာ မိုင်ငယ်ရာ ......

ဒီကောင်ဘာမှမသိဘူးကွ "


"ဟမ် ငါမသိ‌ရအောင်က ဘာတွေမို့လဲ ပန်းတွေလှလို့ ငါကလာကြည့်ချင်ရုံကို ဘာဖြစ်လို့လဲ "

 

"အဲ့တာက...... " 


"ဘိန်းခင်းတွေလေ...... "

 

နှစ်ယောက်လုံးစီကတပြိုင်တည်းအသံထွက်လာသည်။


လင်းဆက်ကပြောရခက်ဟန် လုပ်နေပေမဲ့ မိုင်ခမ်းကပါတပြိုင်တည်းပြောလာတဲ့စကားကြောင့် အံ့ဩရသူက ခွန်း သာ ။

 

" ဟမ် " 


"အေး ဟုတ်တယ်......


မိုင်ငယ်ပြောသလိုပဲ "       


ခွန်းအံ့ဩသွားသည် ။


ဒါဆိုမူးယစ်ဆေးတွေပေါ့။


ဒီလိုဟာမျိုးတွေကို ဒီလိုအခင်းလိုက်ကြီး‌စီးပွားဖြစ်စိုက်ထားတာ 

ဘယ်သူမှ ဘာမှမလုပ်ကြဘူးလား။


"ဒါတွေက ....

တရားမဝင်ဘူးမလား လင်းဆက်"


"အင်း မင်းလည်းအကုန်သိနေပြီဆိုတော့ မထူးတော့ပါဘူးကွာ မင်းအပြင်မှာတော့လျှောက်မပြောနဲ့နော် "


"အေးပါကွ ငါကအဲ့လိုပါးစပ်သရမ်းတဲ့ကောင်မို့လား "


"တရားမဝင်ပေမဲ့ ....

မမြင်ချင်ယောင်ဆောင်အောင်တော့ လုပ်လို့ရတယ်လေ အရာရာကို 

ငွေနဲ့ပဲခိုင်းရတာပေါ့ကွာ "


"အဲ့တာကြောင့်မို့ကို ဒီလိုအခင်းလိုက်ကြီးစိုက်တာတောင်ဘာမှမဖြစ်တာ "


"ဟီးဟီး ဒါက နည်းနည်းလေးပဲရှိသေးတယ် ဟိုဘက် တောင်ကြောမှာဆို ဒီထက်ပိုများသေးတယ် ။"


"မိုင်ငယ်"


မိုင်ခမ်းကဝင်ပြောတော့ 

လင်းဆက်ကလှမ်းဟန့်သည်။


ဒါကိုနည်းသေးသည်တဲ့လား ။


ခွန်း မြင်ရတာတောင် ဘယ်မှာဆုံးမှန်းမသိတဲ့အခင်းကြီးလေ ခွန်းကိုဘာလို့ တောင်ကြီးအတင်းပြန်စေချင်နေလဲဆိုတဲ့ လင်းဆက်ကိုအခုမှနားလည်တော့သည်။


"စိတ်ချပါကွာ .....

ငါဘယ်သူ့မှမပြောပါဘူး "

 

"အင်းပါ ငါမင်းကိုယုံပါတယ်"


ခွန်းတို့အနားကို ကလေးငယ်လေး

တယောက်ပြေးလာပြီး လင်းဆက်ကို ရှမ်းလိုတွေ လာပြောနေသည်။ ပြောပြီး ကလေးက ရပ်စောင့်နေသည်။


"မိုင်ငယ် ကိုယ့်ကို ခေါင်းဆောင် 

ခေါ်နေလို့သွားလိုက်ဦးမယ် ဒီကောင်ကို မိုင်ငယ်နဲ့ထားခဲ့မယ် အခင်းတွေဘက်မသွားနဲ့တော့နော် အိမ်ပြန်တော့နော် "


"အောခ သွားသွား ပီအိုက်.....

စိတ်ချပါ မိုင်ငယ့်ကို "


(# အောခ ရှမ်းလို ဟုတ်ကဲ့ ) 


မိုင်ငယ်ရဲ့ စိတ်ချပါဆိုတာကို 

လင်းဆက်ပိုကြောက်ရသည် ။


ဒီကောင်မလေးဘယ်လောက်မွှေလဲ ဆိုတာ ကိုယ်အသိဆုံးမို့။ 


အခု ခွန်းနဲ့ပါဆိုပိုဆိုးသည်။

     

မတတ်နိုင် ငမွှေထိုး နှစ်ကောင်ကိုအတူထားခဲ့ရမှာပင် ။

ခေါင်းဆောင်ခေါ်တာမို့အချိန်လည်း

မဆွဲရဲ အမြန်လိုက်သွားရသည်။


လင်းဆက်ထွက်သွားတော့မှ.....


"နင် ဒီမှာခနလေးစောင့် မဟုတ်ရင် 

ငါနဲ့အခင်းထဲလိုက်ချင်ရင်လည်း

လိုက်ခဲ့လေ ငါလုပ်စရာရှိသေးလို့" 


ပြောပြီး အရှေ့က 

ဘုဆက်ဆက်နဲ့ထွက်သွားသည် ။


"ငါလည်း နင်နဲ့လိုက်မယ် "


ပြောပြီး ခွန်းအမြန်လိုက်ရသည်။


မိုင်ခမ်းအရပ်က ခွန်း ပုခုံးအစွန်

နားလောက်လေးထိသာရှိသည်။


ဒီကောင်မလေး ခြေတံတိုတိုလေးတွေနဲ့ဘာလို့ဒီလောက်မြန်မြန်သွားနိုင်သည်မသိ။ မိုင်ခမ်းနဲ့အတူ အခင်းတွေကြားကဖြတ်တော့ ပန်းပွင့်နေတဲ့အပင်လေးတေကို အနီးကပ်ကြည့်မိသည်။


လူတွေ ကိုသာဒုက္ခမပေးဘူးဆို တော်တော်လှတယ်ဆိုတဲ့အမှန်တရားကိုလက်ခံရမည်။


မိုင်ခမ်းက အခင်းအလယ်လောက်မှာရှိသည့် အစောင့်တဲလိုဟာထဲဝင်ပြီး အဲ့ကလူတွေကို ရှမ်းလိုတွေပြောပြီး ဘာတွေမှာနေသည်မသိ 

ခနနေတော့ ပြန်ထွက်လာသည်။


"ဟဲ့ သွားမယ် ......

နင့်ကိုအိမ်လိုက်ပို့မယ်လို့ ပီအိုက်ကို

ငါကတိပေးထားတယ် လာနင့်ကိုအိမ်လိုက်ပို့မယ် "


"ငါ့ဘာသာပြန်တတ်ပါတယ် 

နင်လိုက်မပို့လည်း ရတယ် "


"မရဘူး ပီအိုက် ကပို့လိုက်လို့

ပြောသွားတယ် ပို့မယ် လာခဲ့ "

 

ခွန်းလက်ကိုစောင့်ဆွဲပြီး အခင်းတွေကြားကပြန်ထွက်လာသည်။


လက်မြန်ချက်ဗျာ လက်ရဲဇက်ရဲနိုင်လွန်းသည် လို့ခွန်းတွေးမိပေမဲ့ 

သူ့ပုံစံက လုပ်မယ်ပြောထားရင်လုပ်ကိုလုပ်မဲ့ပုံပင် ။


ခွန်းလို့သူစိမ်းယောက်ျားတယောက်လက်ကိုဆွဲထားတာတောင် သူမှာရှက်ကြောက်နေတဲ့ပုံစံမရှိ ပုံမှန်လိုပင် ရိုးသားလွန်းသည် ပြောရမလား။ 


လက်ရဲဇက်ရဲနိုင်တယ်ပဲ ခေါင်းစဉ်တပ်ရမလား။


ခွန်းကိုတကယ်အိမ်အထိလိုက်ပို့ပြီးမှပြန်သွားသည် ။

     

27-8-2021


Thanks For Reading.


@Paing & Koe 🌸🍉


Love You All. ......💛💛

                  


rate now: