book

Index 2

Part - 1


"တူ...တူ...တူ..တူ..တူ...."  


တဖက်ကဖုန်းကဝင်နေရက်နဲ့မကိုင် ခွန်းပိုစိတ်တိုလာသည်။

နောက်တခေါက်.....  


"တူ..တူ..တူ......."  


"Hello"  


"အေး Hello နေ မင်းကိုငါခေါ်နေတာကြာနေပြီ ဘယ်သွားသေနေလို့ ခုမှလာကိုင်တာလဲ ဟမ်"  


"ဟာ ဟျောင့် မင်းကလည်းစိတ်ချည်းပဲ ငါလည်းစောနကမှခြံထဲကပြန်ရောက်တာကွ မင်းတို့မြို့ပေါ်ကကောင်တေလို အားယားနေတာမဟုတ်ဘူး"  


သူငယ်ချင်းအချင်းချင်းအကြောင်းသိတေဆိုတော့ ဟိုကောင်ကလည်းငြိမ်မခံ ခွန်းကို‌ပြန်အော်သည်။  


"မင်းအဖေငါနားမကန်းသေးဘူး တိုးတိုးပြောမအော်နဲ့"  


"ဟာ ခွန်း မင်းကအရင်လာအော်တာလေ ငါ့ကို "  


"တော်တန်တိတ် ငါပြောတာနားထောင် ငါတောင်ကြီးလာနေမှာမို့ မင်းအချိန်ရရင်ငါ့ကိုလာတွေ့ မဟုတ်သေးဘူး အချိန်မရလည်း လာတွေ့ရမယ် ဒီသူငယ်ချင်းလေးပဲရှိတာကို မင်းကျောင်းပြီးလို့ပြန်သွားတည်းက ငါ့ကိုပစ်ထားတာလေ လာတွေ့ကိုတွေ့ရမယ် ဒါပဲ"  


"အေးပါကွာ လာတွေ့ပါ့မယ် တောင်ကြီးမှာမင်းအဒေါ်တေအိမ်မှာပဲနေမှာမလား"  


"အေး လာမဲ့အချိန် ငါ့ကိုဖုန်းဆက်လိုက် "  


"ခွန်းမင်းအိမ်နဲ့ရန်ဖြစ်လာပြန်ပြီလား "  


"အင်း တွေ့မှပြောမယ်ကွာ မင်းသိချင်ငါ့ကိုလာတွေ့လှည့် တိုင်ပင်စရာလဲရှိတယ်မင်းကို ဒါပဲ ငါကားပေါ်တက်တော့မယ် Bye"  


"ဟေ့ကောင် ဟေ့ ဟေ့ "  


ဟိုကောင်ဘာဆက်ပြောချင်သည်မသိ ခွန်းကတော့ဆက်နားမထောင်ချင်လို့ ဖုန်းချပစ်လိုက်သည်။  


မန္တလေးကားကြီးကွင်းကနေ တောင်ကြီးတက်မဲ့ကားလေးဟာတငြိမ့်ငြိမ့်နဲ့ထွက်ခွာလာခဲ့လေပြီ။  


ခွန်းကတော့အတွေးတေများနေဆဲ ညကားဖြစ်ပေမဲ့ ခွန်းအိပ်မပျော်နိုင်ပါ။

ခွန်းအိမ်နဲ့စိတ်ဆိုးလာတာမို့ အတွေးတွေများနေသည် ခုချိန် ခွန်းဘာမှမတွေးချင်သေးပါ မျက်လုံးအသာမှိတ်ပီး အိပ်​ပျော်ရန် ကြိုးစားသော်လည်းခွန်းအိပ်မပျော်နိုင်ပါ...  


"ဟင်း....."  


ခွန်း သက်ပျင်းသာနာနာချမိတော့သည်။  


အခုခွန်းက 23 နှစ်ထဲရောက်ပြီ ကျောင်းမပြီးခင်ထဲက ဖေဖေ့ Car Showroom မှာဝင်လုပ်လာခဲ့ရတာ။  


Fatherကြီး  က သိပ်စည်းကမ်းကြီးသည်။  


သူဌေးသားဆိုပြီးများ အရံသင့်နေရာပေးလိမ့်မည်မထင်လေ နဲ့။  


ခွန်းကို Sale Assistant ရာထူးကနေစလုပ်ခိုင်းတာ ခွန်းကျောင်းတဖက်နဲ့ကားအကြောင်းတွေနားလည်အောင်မနည်းကြိုးစားခဲ့ရသည်။ 


ခွန်း 21နှစ် ကျောင်းပြီးဘွဲ့ရခါမှ Fatherကြီးက မန်နေဂျာရာထူးပေးသည် ။


ဒီ 3နှစ်အတွင်း ခွန်းသေလောက်အောင်ကြိုးစားခဲ့ရပြီး ဖေဖေ့ကို ခွန်းလုပ်နိုင်ကြောင်းသက်သေပြနိုင်လို့ ခွန်းကိုယ်ပိုင် Car Showroom တခုကိုဖေဖေက လွှဲပေးသည်။  


အလကားပေးတာတော့မဟုတ်ပါ။ သားအဖချင်းမို့ မင်းအလုပ်တွေနေရာကျတဲ့အချိန်မှအရင်းပြန်ဆပ်ပါတဲ့ဗျာ။  


ဖေဖေရဲ့ ရက်ရောမှုက မေမေ  တယောက်အတွက်သာ။  


အခု ခွန်းဖေဖေ့အကြွေးတဝက်လောက်တော့ ကျေနေပါပြီလေ။  

ခွန်းတော်တယ်မလားဗျ .........  


ခွန်းကိုယ့်ဘာသာပြန်တွေးရင်းသဘောတကျပြုံးမိသည်။  


----------------------------------------------------------------------  


ကားလေးက ရှမ်းပြည်နယ်ထဲဝင်ရောက်ပါပြီဆိုတည်းက ရာသီဥတုကသိသိသာသာအေးလာသည်။  


ခွန်း လိုမန္တလေးမှာမွေး မန္တလေးမှာကြီးသည့် မန္တလေးသားတစ်ဦးအတွက်ကတော့ ရှမ်းပြည်ရာသီဥတုကအေးပါသည်။  


အချိန်ကလည်းဆောင်းဝင်စမို့ပါ မည်ထင် ....ကလောအတက်နားလည်းရောက်ရောခွန်းမနေနိုင်တော့ပါ။  


ကျောပိုးအိတ်ထဲက အနွေးထည်တွေထုတ်ဝတ်ပြီး ကားပေါ်မှာပေးထားတဲ့ စောင်ပိုင်းလေးပါကောက်ခြုံပစ်လိုက်သည်။

ခွန်းဘေးခုံကလူ‌ကတော့ သူ့တက်လုပ်သွားတောင်သိမည့်ပုံမပေါ်ပါ။  


အိပ်နေလိုက်တာအသေကောင်အတိုင်းပဲ ခွန်းနှာခေါင်းရှုပ်မိသွားသည်။  

သူ့ကျအိပ်နေနိုင်လိုက်တာ။  

ခွန်းကျအိပ်မပျော်ဘူး....။  


မနက် 6 နာရီလောက်မှာ  

အေးသာယာကားကြီးကွင်းကို 

ခွန်းစီးလာတဲ့ ကားလေးစိုက်ရောက်လာခဲ့ပြီ။  


ခွန်း ကားပေါ်ကနေတောင် ဆင်းမပီးသေး ဆွယ်တာအနက်လေးကငါ့ဟာ။

မျက်မှန်လေးကငါ့လူ နဲ့လုနေကြသည့် ဦးလေးကြီးတွေကိုကြည့်ပြီး  


"သြော်အလုခံရတယ်ဆိုတာ  

ဒီလိုခံစားချက်ကိုး"  


လို့ခွန်းတွေးမိသည်။  


အလုအယက်လာခေါ်တဲ့  

တက္ကစီ ဦးလေး​ကြီးတွေကို

ခွန်းမန္တလေးသား ပီပီ.......  


"အိမ်ကလာကြိုမှာဗျ ဦးလေးတို့မလုကြနဲ့ "  


လို့အော်ပီး မနည်းထွက်ပြေးရသည်။


ပြီးမှကားဂိတ်နဲ့ခပ်လှမ်းလှမ်းနားက ဆိုင်ကယ်ကယ်ရီဂိတ်ကနေ  ကယ်ရီတစီးငှားပြီး တောင်ကြီးကိုတဆင့်ပြန်စီးခဲ့သည်။  


"အင်း....ရာသီဥတုကအေးအေးလေးနဲ့မနက်အစောပိုင်း ဆိုင်ကယ်စီးရတာ မိုက်လိုက်တာ"  


လို့ ခွန်းတွေးမိတယ် ။  


(A/M..အေး အာ့ဆိုရှေ့ကမောင်းကြည့်ပါလားအမောင်ခွန်းရယ်လို့  ပြောချင်နေသော ပိုင်)  


မြူတေစိုင်းနေတော့ ပတ်ဝန်းကျင်မြင်ကွင်းကလည်းသိပ်မရှင်းလင်းဘူးရယ် ဆိုင်ကယ်မီးရောင်တေပဲဟိုတစဒီတစမြင်ရသည်။  


ခွန်းညစ်နေတဲ့စိတ်တေတောင် မြူတေကြားထဲပျောက်သွားသလိုပဲ လေအေးတေကို ခွန်းတဝကြီးရှူသွင်းပစ်လိုက်မိတယ်။  


တီလေးတို့အိမ်လိပ်စာအတိုင်းမောင်းပို့ခိုင်းမိတော့ ကယ်ရီဦးလေးကြီးကစိတ်ရှည်ရှည်နဲ့ သေချာလိုက်ပို့ပေးသည် ။


တီလေးကိုရောက်တည်းကကြိုဖုန်းဆက်ထားတာမို့ အိမ်ရှေ့နားမှာထွက်စောင့်နေပေးတယ်။

ကျသင့်ငွေရှင်းပြီး တီလေးနဲ့အတူအိမ်ထဲဝင်လာလိုက်တယ်။  


"တီလေး ဦးငယ်တို့ကော "  


"မထသေးဘူး သားခွန်းရေ ရာသီဥတုအေးအေးနဲ့ဆိုတော့ သူတို့ကကွေးလို့ကောင်းတုန်းလေ။

သားခွန်းလည်းခရီးပန်းလာမှာကို တရေးတမောခန​ ပြန်အိပ်လိုက်အုံး။  


တီလေးသားလာမယ်ပြောတည်းက အခန်းပြင်ပေးထားတာ "  


"ဟုတ် တီလေး ဒါဆို သားခနပြန်အိပ်အုံးမယ်ဗျ"  


ခွန်းမှာ ကျောပိုးအိတ်တလုံးပဲပါတာမို့ ဘာမှအထွေအထူး သယ်စရာမလို ခွန်းနားရမဲ့အခန်းကိုပဲတန်းသွားလိုက်တယ်။  


ခွန်း တီလေးဆီလာတိုင်း ဒီအခန်းမှာပဲနေနေကျမို့ ခွန်းနဲ့စိမ်းသက်မနေပါ ပါလာတဲ့ပစ္စည်းတွေနေရာချပြီး ခွန်းကုတင်ပေါ်ပစ်လှဲအိပ်လိုက်သည် ။  


ပြတင်းပေါက်ကတဆင့်နေရောင်ကိုလှမ်းကြည့်မိတော့ မြူတေနဲ့ပိတ်ပြီးမတိုးထွက်နိုင်ရှာဘူး။  


ခွန်း စိတ်ပင်ပန်းလာတာကော လူပင်ပန်းလာတာကောဆိုတော့ ဒီတိုင်းအဝတ်အစားတောင်ထမလဲနိုင်ပဲ အိပ်ပျော်သွားတော့သည်။....  


ခွန်းအိပ်ယာ‌ကနိုးတော့ နေ့လည်တနာရီတောင်ရှိနေပြီ ။  


အောက်ထပ်ကိုဆင်းလာတော့ တီလေးကဧည့်ခန်းမှာ စာအုပ်ထိုင်ဖတ်နေသည်။  


"ကိုအိပ်ပုတ်လေး နိုးပြီလားရှင့် ဗိုက်ဆာရင်စားလို့ရပီနော်။ တီလေး ထမင်းစားခန်းထဲမှာအဆင်သင့်  ပြင်ပေးထားတယ်။

သွားစားချည် သားခွန်း "  


"ဟုတ် တီလေး သားကြောင့် တီလေးလည်းအလုပ်ရှုပ်ရပြီ "  


"မဟုတ်တာ သားခွန်းရယ် တီလေးတို့ကဖြင့် သားခွန်းတို့တွေကိုလွမ်းနေတာ ပါရှင်။

ဒီကအလုပ်တွေကလက်လွှဲမရလို့သာ တီလေးတို့လာမတွေ့နိုင်တာ အခုလိုသားခွန်းကလာနေတော့ တီလေးက ပိုတောင်ပျော်သေးတယ်ရှင့် "  


"တီလေး "  


ခွန်း မျက်ရည်ဝဲလာမိတယ်။  


အခုခွန်းက ကိုယ့်ပြသနာနဲ့ကိုယ်စိတ်ညစ်နေတဲ့အချိန်မို့တောင်ကြီးကိုထွတ်လာခဲ့တာ။  


ခွန်း တီလေးကိုအားနာစွာမော့ကြည့်မိတော့  


"သား ဒီလိုမကြည့်ပါနဲ့ တီလေးအားလုံးသိထားပြီးသားပါ သားမေမေတီလေးကိုဖုန်းဆက်ထားတယ်။ တီလေးကတော့ဘာမှဝင်မပြောလိုဘူး။ သားဘဝနဲ့သားမို့ တီလေးတို့ဆီမှာသားခွန်းပျော်သလောက်နေ စိတ်ပြေလက်ပျောက်ဖြစ်မှ မန္တလေးကိုပြန်ဟုတ်ပြီလား။  


သွားအခုထမင်းသွားစားချည်။ သားခွန်းဘက်မှာ တီလေးတယောက်လုံး အမြဲရှိတယ်ဆိုတာ သားခွန်းသိထားနော်"  


ခွန်း တီလေးကိုပြေးဖက်လိုက်မိသည်။  


ယောက်ျားတန်မဲ့ မျက်ရည်ကျလာမိသည်။ စိတ်ပင်ပန်းနေတဲ့အချိန်မျိုးမှာ ခွန်းဘက်မှာရှိတယ်လို့ပြောတာမျိုးက အရမ်းစိတ်ခွန်အားဖြစ်စရာပဲမဟုတ်လား .....။  


"ကျေးဇူးတင်ပါတယ် တီလေး သားကို ခုလိုနားလည်ပေးလို့ "  


"‌အယ် သားခွန်းငိုနေတာလား ကလေးလေးကျနေတာပဲကွယ် သားခွန်းရယ် တိတ်တိတ် မငိုနဲ့တော့ "  


တီလေးကိုဖက်ထားတာကနေခွာပြီး ထမင်းစားခန်းထဲပြေးဝင်လာခဲ့မိသည်။  


ဒီအသက်အရွယ်ကြီးရောက်မှ  

ငိုနေမိတာက နည်းနည်းတော့  

ရှက်စရာကောင်းတယ်လို့  

ခွန်း ထင်မိသည်မို့...........    


--------------------------------------------------


နောက်တနေ့မနက်.....


"တီလေး သားမြို့ထဲခဏသွားဦးမယ်" 


‌"အေးသွားလေ သားခွန်းကားယူသွားနော် ဆိုင်ကယ်နဲ့ဆိုအေးတယ် ရာသီဥတုကဆောင်းဝင်ခါစမို့"


"ဟုတ် တီလေး "


တီလေးတို့ကပွဲရုံလုပ်တာမို့ အိမ်စီးကားနှစ်စီးအပြင် ကုန်တင်ကားတွေပါရှိတာမို့ ခွန်းတစီးလောက်ယူသုံးရုံနဲ့

သိပ်ကိစ္စမရှိပါ။


ခွန်းမောင်းလာတဲ့ ကားလေး မြို့ထဲကိုရောက်တာနဲ့ မနက်စာအတွက် ရှမ်းခေါက်ဆွဲဆိုင်တဆိုင်ရှေ့ရပ်ပြီးလွတ်နေတဲ့ဗိုက်ကို အရင်ဖြည့်လိုက်သည်။


ခွန်းက မန္တလေးသား​ ဆိုပေမဲ့ 

ရှမ်းရိုးရာစာတွေစားရသည်ကို

အရမ်းသဘောကျတယ်။ 

ခွန်း တောင်ကြီးသို့ လာတိုင်း 

မြို့ထဲမှာ

တမျိုးပြီးတမျိုးပတ်စားနေကျ ။

 

ခွန်း ကားပေါ်ပြန်တက်ပြီးဈေးဘက်သို့ လိုအပ်တဲ့ပစ္စည်းတချို့ဝယ်ရန်ဦးတည်လိုက်တယ် မြို့မဈေးကြီးအနောက်ဘက် ကားဂိတ်တွေဘက်နားမှာကားကိုရပ်ခဲ့ပြီး ဈေးထဲစတင်ချီတက်လိုက်တယ်။ 

စတိုးဆိုင်တွေမှာ လိုချင်တဲ့ပစ္စည်းကိုတဆိုင်ဝင်တဆိုင်ထွတ် လိုက်ရှာရတာသိပ်ပင်ပန်းပါတယ် ။


ခွန်းရဲ့အမြင်အာရုံတွေကိုဖမ်းစားသိမ်းပိုက် သွားတာက ဈေးရှေ့နားက ပအိုဝ့်အန်တီကြီး ထိုင်ရောင်းနေတဲ့ 

စတော်ဘယ်ရီခြင်းတွေပါပဲ 

စတော်ဘယ်ရီရောင်းနေတဲ့

ပအိုဝ့်အန်တီကြီးဆီသို့ ခွန်း

ခြေလှမ်းတွေဦးတည်လိုက်စဉ် မြင်ကွင်းထဲဝင်လာတဲ့လူတယောက် 


"ဟေ့ကောင် လင်းဆက် " 

ခွန်းစိတ်ထင်နဲ့လှမ်းခေါ်လိုက်တာ 

ဟိုကလည်းလှည့်ကြည့်လာသည် ။

 

လင်းဆက်မှလင်းဆက်အစစ်ပင်။


" ဟာ... ဘယ်လိုဖြစ်လို့ ဈေးထဲရောက်နေလဲ ခွန်း " 


လက်ထဲမှာလည်းအထုတ်အပိုးတွေ အပြည့်နဲ့ ခွန်းဆီကို ပြေးလာတယ်


"အဲ့တာ ငါကမင်းကိုမေးရမှာလေကွ 

ငါ့ကိုလာတွေ့ပါပြောတာကျ ဂရုမစိုက်ပဲ ခု မင်းကဈေးထဲရောက်နေတယ် မင်းဟာကလည်း မိန်းမကြီးကျနေတာပဲကွာ ဝယ်ထားတာတွေကစုံပလုံစိနေရော"


"ဟာ မင်းကလည်းပြောလိုက်မှဖြင့် ကွာ ရွာကလူတွေမှာလိုက်တာတွေကော ငါဝယ်ရတာမို့ပါကွ ငါဈေးသုံးပြီးမှ မင်းဆီဖုန်းလှမ်းဆက်မို့ မဟုတ်ရင် ဝယ်ရမှာတွေနဲ့ဆို မင်းနဲ့အေးဆေးမတွေ့ရမဆိုးလို့ပါကွာ "


"ဟွန့် ....မင်း ကဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်နဲ့ဆင်အီးတုံးက အပြည့်ပဲ ထားပါတော့ ဒါနဲ့မင်းဟာတွေကဝယ်လို့ရော ပြီးပြီလား"


"နည်းနည်းတော့ ကျန်သေးတယ်ကွ 

ခနလေးပဲစောင့်ပေးလေ ငါမြန်မြန်ဝယ်လိုက်ပါ့မယ် လာမင်းကောတူတူလိုက်ဝယ်လှည့် မဟုတ်ရင် တယောက်နဲ့တယောက်ပြန်စောင့်နေရတာနဲ့ကြာနေမှာ "


" ဟာ... ဟျောင့် မင်းဘာသာ

တယောက်တည်းဝယ်ချည်ပါလား ငါအထုတ်တွေမသယ်ချင်ပါဘူး "


" အေးပါကွာ မင်းကိုလည်းမသယ်ခိုင်းပါဘူး အမောင်ခွန်းရယ် ငါနဲ့အတူတူ လိုက်ခဲ့ပေးဖို့ပဲတောင်းဆိုတာပါဗျာ"


"ဒါဆိုလည်းခနနေအုံးကွာ ငါဟိုနားက စတော်ဘယ်ရီဝယ်ဦးမယ်စားချင်လို့ "


"အေးပါဗျာ "


ခွန်းကတော့ ခွန်းလိုတဲ့ပစ္စည်းလေးတွေဝယ်ထားတဲ့အထုတ်လေးရယ် စတော်ဘယ်ရီ ပုံးလေးရယ်ကိုဆွဲလို့ အေးဆေး သာယာနေသလောက် 

ဟိုကောင်လင်းဆက်မှာတော့ အထုတ်အပိုးတွေလက်ထဲမှာအပြည့်နဲ့ ပုခုံးမှာကလည်းပလိုင်းတောင်းကိုလွယ်ထားသေးသည် ။


ခနအကြာမှာ ......


"ဝယ်ပြီးပြီး ခွန်း မင်းနေ့လည်စာမစားရသေးဘူးဆိုရင် ငါတို့ တောင်ကြီးကဖေးပဲ သွားထိုင်ကြမလား "


"မင်းဟာက ပြီးဦးမှပဲကွာ ငါ့ဗိုက်ထဲမှာတတိယကမ္ဘာစစ်တောင်စဖြစ်နေပြီ နေ့လည်စာပါစားလို့ရမဲ့ဆိုင်ပဲထိုင်မယ် မင်းရှင်းရမှာနော် ....လင်းဆက်"

 

"ဟုတ်ပါပြီကွာ ခွန်းရာ ငါရှင်းပါ့မယ်"

ကိုယ့်ကားကိုယ်မောင်းပြီး နှစ်ယောက်သားတောင်ကြီးကဖေးသို့ ထွက်ခဲ့ကြတယ် ။


ဆိုင်ရောက်တော့လည်း မသိရင်

သူ့ဆိုင်ကျနေတာပဲ သူပဲမှာ သူပဲလုပ်ပေးနဲ့ တယောက်တည်းအလုပ်တွေရှုပ်နေတဲ့ မောင်မင်းကြီးသားလင်းဆက်ကိုပဲ ခွန်းထိုင်ကြည့်ပေးနေလိုက်တယ် 


"ကဲ ဆိုပါဦး အိမ်နဲ့ ဘာတွေ​ဘူလာပြန်ရတာလဲ ခွန်း "


"မင်း ကိစ္စတွေကပြီးပြီလားဟမ် 

မင်းက တောင်လုပ်မြောက်လုပ်နဲ့မျက်စိတွေကိုနောက်နေတာပဲကွာ "


"ဟေ့ကောင်ခွန်း စကားလမ်းကြောင်းမလွှဲနဲ့ ငါမေးတာဖြေအုံး မင်းအကြောင်းငါတို့အသိဆုံးပါ ဘာတွေဖြစ်လာတာမို့ အိမ်ပေါ်ကပါဆင်းလာရတဲ့အထိဖြစ်တာလဲ "


"အိမ်ပေါ်ကမဆင်းပါဘူးဟ စိတ်ဆိုးလို့တောင်ကြီးကို ခနထွက်လာတာ "


"အေးပါအေးပါ ခုမေးတာဖြေအုံး"


"လင်းဆက် နေရီလွန်းကို မင်းသိတယ်မလား "


"သိတယ်လေကွ မင်းရဲ့အသိညီမလေးဆိုပြီး မိတ်ဆက်ပေးတဲ့တယောက်

မလား "

  

"အေး ခုသူ့အဖေဆုံးသွားပြီ "


"ဟေ သူ့အဖေဆုံးသွားပြီလား စိတ်မကောင်းပါဘူးကွာ နေစမ်းပါအုံး

မင်းအိမ်ပေါ်ကဆင်းလာတာနဲ့ သူ့အဖေဆုံးတာကဘာဆိုင်လို့တုံးကွ "


"အေး ဆိုင်နေလို့ပြောတာပေါ့ ငါ့အဖေနဲ့အတူ အရင်အခေါက်က ရန်ကုန်မှာ သင်္ဘောကချတဲ့ကားတွေ

သွားစစ်တော့ သူ့အဖေရော ပါသွားတယ်လေ။

အပြန်ကျတော့ လမ်းမှာ ကားဘရိတ်ပေါက်ပြီး လမ်းဘေးက ကျွန်းမျောကိုဝင်တိုက်မိတာ။ သူ့အဖေက ပွဲချင်းပြီးသွားတယ် ငါ့အဖေက တံခါးပွင့်ပြီးလွှင့်ကျသွားလို့ ပွန်းပဲ့ရုံပဲဖြစ်ခဲ့တာ။ အဖေကအဲ့တာကို သူ့ကြောင့်ဖြစ်တာ သူသာခေါ်မသွားရင်ဖြစ်မှာမဟုတ်ဘူးဆိုပြီး စိတ္တဇဖြစ်နေတာကွာ 

ပြီးတော့ ခုနေရီလွန်းတို့က သားအမိသုံးယောက်ပဲကျန်ခဲ့တာ အဲ့တာကို ဖေဖေကကွာ......."


ခွန်းခေါင်းငုံ့ချလိုက်မိသည်။


"ငါသိပြီမင်းအဖေကသူ့သူငယ်ချင်းကိုအားနာတဲ့စိတ်ကြောင့် နေရီလွန်းတို့သားအမိတွေကိုတာဝန်ယူပေးမို့တဲ့လား။

မင်းအမေကကောသဘောတူရဲ့လား ပြောသာပြောတာပါနေရီလွန်းတို့အမေကငယ်ငယ်ချောချောလေးကွ "


"ဒီခွေးလိုကောင်ကို ငါထကန်လိုက်ရ အဖေက တာဝန်ယူတာဟုတ်တယ် သူ့အမေကိုတော့တာဝန်ယူမလားကွ "


"ဟာ ဒါဆို နေရီလွန်းကိုပေါ့ မင်းအဖေကနည်းနည်းတော့များသွားပြီကွ မင်းဆင်းမယ်ဆိုလည်းဆင်းသင့်ပါတယ်လေ။ငါတော့ မင်းအမေကိုပဲ သနားတယ်ကွာ"


"ခွေးလိုကောင်ရေ ငါလက်ထဲကရေနွေးခွက်ကပူတုန်း ရှိသေးတယ်နော်

ငါပက်ထဲ့လိုက်ရရင်မကောင်းရှိတော့မယ်။

Fatherကြီးက တာဝန်ယူမယ်ဆိုရင်တောင် ငါက လက်ခုပ်တီးပီးထ

ကပေးလိုက်ဦးမှာ အခုက ငါနဲ့

နေရီလွန်းကို စီစဉ်ပေးနေတာကွ"


"မသိဘူးလေကွာမင်းကဆက်မပြောဘဲ

တန်းလန်းကြီးရပ်ပစ်လိုက်တော့ မင်းအဖေ ကများယူမို့လားလို့ပါ "


"မင်းကကော ငါ့ကိုစကားဆုံးအောင်ပြောခွင့်ပေးလို့လား မင်းစိတ်ထင်ချည်းဖြတ်ပြောနေပီးတော့များ "


"ဟဲ ဟဲ ...."


"ဟဲ မနေနဲ့ ငါညစ်နေတာနော် "


"မင်းကလည်းဘာညစ်စရာရှိလို့လည်း နေရီလွန်း ဆိုတာချောချောလေးပါကွ မင်းထက်အသက်ငယ်တာလေးတခုပဲရှိတယ် ထက်ထက်မြက်မြက်လည်းရှိတယ် "


"မင်း ငါ့အဖေနဲ့ဘာတော်သလဲဟမ် တလေသံထဲပဲ ဘာမှလာမပြောနဲ့ကွာ သူရုပ်ချောလည်း ငါမှမချစ်တာ။


သူ့ကို ညီမလေးတယောက်လိုပဲသဘောထားတာ ဒီနည်းလမ်းကြီးနဲ့ကျေးဇူးဆပ်တာမဟုတ်ရင်တခြားနည်းလမ်းမရှိတော့ဘူးလားမသိဘူး။ 

ငါသူ့ကိုလက်မထပ်ချင်ဘူးကွာ "


"ဟုတ်ပါပြီကွာ ငါနားလည်ပါပြီ 

အဲ့တာနဲ့ပဲမိန်းမ မယူချင်လို့တောင်ကြီးကို ပြေးလာတယ်ပေါ့ ခွန်း"


"အေး ဖေဖေတို့က ကျေးဇူးရှိတယ်ချည်းပဲချနေ​ကြတာကွာ။ ငါလဲ 

ကြာတော့မွန်းကြပ်ပီး စိတ်ပင်ပန်းလာလို့ ဒီကို ထွတ်လာခဲ့တာပဲ "

     

"အေးပါ အာ့ဆိုလည်း မင်းဒီမှာပျော်သလောက်နေလေ ငါခနခန မြို့တက်ပြီး လာတွေ့လှည့်မယ် "


"အွန်း "


ဆိုင်က စားစရာတွေလာချပေးတော့

ခွန်းတို့ စကားစကပြတ်သွားတယ်။


--------------------------------------------------


"ဒုန်းးး " 


"ဝုန်းးး" 


"ခလွမ်းးး"


"ဟာ ဘာဖြစ်တာလည်းမသိဘူး " 


"ကားတိုက်တာကွ "


ဘေးလူတွေကပြောတာကြားလို့

နှစ်ယောက်သားထကြည့်မိတော့မှ 


"ဟင်" 


"ဟာ ဟေ့ကောင်အဲ့တာ ငါ့ကားကွ " 


လင်းဆက်တယောက်အပြေးထသွားသည်။ ခွန်းလည်းနောက်ကနေ လိုက်ရတယ်။

ကားကတော်တော်လေး ထိသွားသည်။


လမ်းဘေးကပ်ရပ်ထားတာကို ဟိုဘက်ကုန်ကားသမားကအိပ်ငိုက်ပြီးထိုးချလာသည်တဲ့ ကားတခြမ်းလုံးပိန့်ချိုင့်ပြီး အောက်ဝင်ရိုးလည်းထိသွားသည်တဲ့။


လင်းဆက်နဲ့ကားသမားကို

မော်တော်ပီကယ်(မန္တလေး အခေါ် - ဘဲဥ ) ရောက်လာပြီးနှစ်ဦးနှစ်ဖက်ကို ညှိပေးသည်။

ကားပြင်စရိတ်တွေ၊လျှော်ကြေးတွေကော ညှိပြီးကာမှ 


လင်းဆက်က မျောက်မျက်နှာငယ်ရုပ်လေး ​နဲ့ ခွန်းဆီသို့ပြန်လာသည် ။


"ဘာလဲ အဆင်မပြေခဲ့ဘူးလား ငါ အဲ့ကိုသွားဆော်ပစ်လိုက်ရမလား"


လို့ ခွန်း ဆီးကာပြောမိတော့ 


"မဟုတ်ပါဘူးကွာ ညှိလို့ရခဲ့ပါတယ်အကုန် အဆင်ပြေတယ် ။

မပြေတာတခုပဲ

 

အဲ့တာက ငါရွာကိုဖုန်းလှမ်းဆက်ပြီး လာကြိုခိုင်းမယ်ဆိုရင်အနည်းဆုံး သုံးနာရီကျော်လောက်စောင့်ရတော့မှာကွ ရွာမှာမနက်ဖြန် မင်္ဂလာဆောင်ရှိတာမို့ လာကြိုဖို့ အတွက်ဘယ်သူမှမအားလောက်ဘူးကွာ" 


"အဲ့တာများ ငါတယောက်လုံးရှိနေတာကို ငါလိုက်ပို့ပေးမယ်မင်းတို့ရွာလည်းအလည်ရောက်ဖူးတယ်ရှိတာပေါ့ " 


"အဆင်ပြေပါ့ရဲ့လား ငါမင်းကိုအားနာပါတယ်ကွာ ရပါတယ် ငါ့ဘာသာအပြင်ကနေ တက္ကစီတစီးပဲငှားသွားလိုက်မယ် " 

       

"ငါကရတယ်ဆိုရင် ရလိုက်ပေါ့ လျှာကိုရှည်တယ် ထပ်မပြောနဲ့တော့ ငါလိုက်ပို့​ပေးမယ် " 


လင်းဆက်မျက်နှာက တမျိုးဖြစ်နေသလိုပင် တခုခုကို​တွေးနေတဲ့ပုံပေါ်သည်။

ခွန်းစိတ်ထင်ကတော့ ခွန်းကိုအားနာနေတာမို့ဘယ်လိုငြင်းရမလဲတွေးနေတာလို့ပဲ ထင်သည်။


လင်းဆက်ရဲ့ Hijet ကား​ထဲကဈေးဝယ်ပစ္စည်းတွေကို ခွန်းပဲရှေ့ကနေ ဦးဆောင်ပြီး ခွန်းကားပေါ်ရွေ့တင်ပစ်လိုက်တယ် ထိုခါမှမောင်မင်းကြီးသားကလိုက်လာသည် ။ 


တီလေးဆီကိုအကျိုးကြောင်းဖုန်းလှမ်းဆက်ပြောလိုက်ပြီး တီလေးကလည်း လင်းဆက်ကိုသိနေပီးသားလူမို့ သားခွန်း အဆင်ပြေသလိုလုပ်ပါတဲ့ ဒါပဲလေ အဲ့ဒါကို ဒီကောင်ဘာတွေ​ကို တွေးပူနေ သလဲ ခွန်းမသိပါ ။


လင်းဆက်ကလမ်းညွှန်ပေး နေရင်အချိန်​ကြန့် ကြာလိမ့်မယ်ဆိုပြီး သူကိုယ်တိုင်သာတက်မောင်းသည်။


သူမောင်းချင်လဲ မောင်းပါစေပေါ့ 

ခွန်းက ထိုင်လိုက်ရုံမို့ ပိုတောင်သက်သာသေးသည်။ 

လင်းဆက်ကိုအေးဆေးပဲမောင်းခိုင်းလိုက်တယ်။ တောင်ကြီးကနေသူတို့ရွာကို သုံးနာရီ​ကျော် လေး‌နာရီနီးပါးလောက်မောင်းလိုက်ရသည်။

ရွာရောက်တော့ ညနေ ငါးနာရီတောင်ကျော်​လို့နေပြီ။


ရွာအပြင်မှာပဲ ကားရပ်ထားခဲ့ရသည်။ သူတို့ရွာထဲက ကားဝင်ဖို့ရာအဆင်မပြေလို့ပါတဲ့ သူတို့ဆီမှာကားတွေကို ဒီလိုပဲထားကြလား မသိပါ။

ဂိုထောင်လို မျိုးသစ်သားတွေနဲ့ ဆောက်ထားတဲ့အလုပ်ရုံလိုဟာမျိူးကြီး​တွေတော့ရှိသည်။

အဲ့ထဲမှာ ကားတွေတန်းစီရပ်ထားတာကို ခွန်းတွေ့ရသည်။ ခိုးခံရမှာမကြောက်ကြ ​ဖူးလားလို့ ခွန်းတွေးမိသွားသည်။

ဒါ​ပေမယ့်လည်း သူ့အရပ်နဲ့သူ့ဇာတ်ကတော့ အဆင်ပြေနေသည်မို့လို့နေမှာပေါ့လို့သာ တွေးလိုက်မိသည် ။ 


ခွန်းတို့ရွာပြင်ရောက်ပြီဆိုတာနဲ့ ဟိုကောင်လင်းဆက်ကဖုန်းကြိုဆက်ထားတာကြောင့် ဆိုင်ကယ်ကြီးတွေနဲ့ရွာထဲကနေ လူ‌ငယ်တွေထွက်လာကြ သည်။ ဆိုင်ကယ်အမြင့်ကြီးတွေ DT ကြီးတွေနဲ့ လင်းဆက်ဝယ်လာတဲ့ပစ္စည်းတွေကိုလာသယ်ပေးတာတဲ့ ခွန်းဖြင့် အံသြလို့မဆုံးပေါင်ဗျာ။ နောက်တွဲတွန်းလှည်းလေးချိတ်ထားတာက 

တစီးပါသေးသည် ။ 

        

ပစ္စည်းတွေကို အကုန်ပြန်တင် ဘာညာလုပ်ပြီးတော့ ခြောက်နာရီကထိုးခါနီးပြီဖြစ်သည် ။


"မိုးကမှောင်သွားပြီ ခွန်း မင်းတယောက်ထဲကို ပြန်လို့အဆင်ပြေပါ့မလား ငါ့ကြောင့်မင်းသက်သက် ဒုက္ခများရပြီကွာ။

ဒါမှမဟုတ် ဒီမှာပဲ ညအိပ်လိုက်မလား မနက်ဖြန်မှပြန်လေကွာ ငါမင်းကိုပြန်လိုက်ပို့ပေးမယ်လေ "


အမှန်တိုင်းပြောရရင် ညဘက်ကြီး သူစိမ်းနယ်မှာခွန်းကားမမောင်းချင်ပါ။


ဒါပေမယ့် အိမ်ရှင်ကမခေါ်ပဲလည်း သူ့ရွာမှာနေလို့ကမကောင်းပြန်ဘူးလေ အခုတော့ခေါ်တဲ့သူကခေါ်နေမှတော့ အားမနာနိုင်တော့ပေါင် ခွန်းကတော့။


"အာ့ဆိုလည်း မင်းကိုပဲပြန်ပြီး ဒုက္ခပေးရတော့မယ် ငါရွာမှာ ဒီတညတည်းလို့ရတယ်မလား "

 

"ရပါတယ်ကွာ လာလာ ငါကတောင်မင်းကိုပြန်ပြီး အားနာနေရတာကွ"


ခွန်းတို့အတွက် ဆိုင်ကယ်တစီးထားပေးသည်။ အလာတုန်းကတယောက်

တစီး စီးလာတဲ့ကလေးတွေက နှစ်ယောက်ပေါင်းစီးပြီး ခွန်းတို့အတွက်

တစီးပေးခဲ့ပြီး ရွာထဲသို့ပြန်ဝင်ခဲ့ကြသည်။


ရွာလူကြီးအိမ်ရှေ့ရောက်တော့ 

လင်းဆက်က ဆိုင်ကယ်ခနရပ်ပြီး ရွာလူကြီးဆိုသူကို ခွန်းဒီမှာတညအိပ်မဲ့အကြောင်းကို ဝင်အ‌ကြောင်းကြားဦးမယ်ဆိုပြီး အိမ်ထဲသို့ဝင်သွားကာ ရှမ်းလိုတွေဝင်ပြောနေတယ်။ ခွန်းကတော့ တလုံးမှ နားမလည်သူမို့ မျက်စိကလည်၊နားကလည် နဲ့ အူလည်လည်လေး ဆိုင်ကယ်ဘေး နားကသာ​ရပ်စောင့်နေလိုက်တယ်။

  

လင်းဆက်ရဲ့ အိမ်က ခြေတံရှည်သစ်သားအိမ်ကြီးဖြစ်သည်။

ရေနံချေးတွေဝအောင်သုတ်ထားတာကြောင့် မည်းနက်နေတာပဲ လှေကားကလည်း ထန်းပင်ကြီးကျလို့ အမတ်လိုက်ကြီး။

သူတို့ဘက်ကအိမ်တိုင်းဒါမျိုးပုံစံတွေချည်းသာပဲ လက်ကိုင်ဘေး ဝရံတာကမရှိ ။ပြောင်ချောချောကြီး ခွန်း လှေကားကို လေးဖက်မ​ထောက်ရရုံတမယ် မနည်းထိန်းတက်ခါမှအိမ်ပေါ်ကိုရောက်တော့သည် ။


လင်းဆက်အရင်က ခွန်းကိုပြောပြဖူးသည်။ သူ့မှာအမေပဲရှိတော့​ပြီး အဖေဖြစ်သူက သူငယ်ငယ်တည်းကဆုံးပါးသွားကြောင်းကို။ အခုလည်း

ခွန်းတို့ အိမ်ပေါ်ရောက်တော့ ရှမ်းဝတ်စုံနဲ့အမေကြီးတယောက်ထိုင်နေသည်။ လင်းဆက်အမေဖြစ်မယ်ထင် လင်းဆက်က ရှမ်းလိုသူ့အမေကိုရှင်းပြသည်။ သူ့အမေက ခေါင်းသာညိမ့်ပြပြီးဘာမှဆက်မပြောပါ အိပ်ယာခင်းတွေဘာတွေတော့ ထပြင်ပေးသည်။ 


"ကျေးဇူးတင်ပါတယ် ဗျ" 


"ရတယ်" 

စကားပြောပြတ်သည်ထင် လင်းဆက်အမေက တခွန်းပဲသာပြန်ပြောသည်။


ခွန်းလိုလူငယ်တယောက်အတွက်

အမေအိုတယောက်က ထလုပ်ပေးရတော့ အားနာမိသည် ။

လင်းဆက်နဲ့အတူ ခြေလက်ဆေးပြီးလင်းဆက်အဝတ်တချို့ကိုသာယူဝတ်လိုက်ရသည် ။

ခွန်း နဲ့ ခန္ဓာကိုယ်သိပ်မကွာတော့ နဲနဲပွနေတာ ကလွှဲရင်အဆင်ပြေသည်။


ညစာစားပြီးအိပ်ယာတန်းဝင်ရုံသာရှိသည် ရွာကအင်တာနက်လိုင်းမမိဘူးတဲ့ ကောင်းရောဗျာ။ ခွန်းနဲ့ 

လင်းဆက်နဲ့ တူတူသာအိပ်ဖြစ်သည်။မတွေ့တာကြာပြီဖြစ်တဲ့ လင်းဆက်နဲ့ ကျောင်းတက်တုန်းကအမှတ်တရတွေပြန်ပြောဖြစ်ကြသည်။ 


ခွန်းတို့အတူ ဘယ်လိုမွှေခဲ့ကြောင်းတွေ။ ထန်းရည်မူးပီး 

ဆရာမနဲ့ကျောင်းသူ ကိုလူမှားပီး 

စာပေးခဲ့ မိတာတွေ။ ပြန်ပြောကြရင်း အတူရယ်မိသည်။ 


အင်း ခွန်းတို့ တက္ကသိုလ်ကျောင်းသားဘဝက အတော်ကိုဆိုးခဲ့မိတာပါလားလို့ တွေးမိသွားတယ် ။ 


ခနအကြာ လင်းဆက်က နေ့ခင်းကပင်ပန်းတဲ့ အရှိန်နဲ့သူ့အိမ်သူ့ယာမို့ စိတ်ချစွာ အိပ်ပျော်သွားသည် ။ 


ခွန်းမှာသာ အိပ်ယာပြောင်းတာကော ရာသီဥတုအေးတာကောကြောင့်အတော်နဲ့ အိပ်မပျော်နိုင်ပါ။


စောင်ကိုဆွဲခြုံပြီးဘောလုံးလေးလို ကွေးထားကာမှသာတော်ရုံကျတော့သည်။

ကွေးထားရလွန်းလို့ ခွန်းလဲ 

ပုစွန်ထုပ်လေးလိုဖြစ်နေပြီ ။

မိုးမြန်မြန်လင်းဖို့သာ စိတ်​ထဲမှ ဆုတောင်းမိတော့သည်။


မနက်လင်းခါနီး အအေးဓာတ်ပိုကဲလာချိန်မှသာ ခွန်းအိပ်ပျော်သွားတော့သည်။


စောင်နဲ့ပုစွန်ထုပ်လိုကွေးနေသည်မို့ နွေးနွေးလေးဖြစ်နေကာတကယ်အိပ်လို့ကောင်းသည်။


အိမ်အပြင်ဘက်မှာတော့ ......


ဆောင်းနှင်းစက်မှုန် တို့က တဖြောက်ဖြောက်မြည်သံပေးလို့ 


ငွေလမင်းနဲ့ကြယ်ကလေးတွေရဲ့ အထီးကျန်ခြင်းကိုညအ​မှောင်နှင့်အပြိုင် အဖော်ပြုပေးနေလေရှာရဲ့.............။

      

ဘိုဖြူ - လင်းခေးအဝင် 


-------------------------------------------------------


"နိုးပြီလား ခွန်း"


"အေး Sorryကွာ ငါ့ကိုစောင့်နေတာလား ငါလင်းခါနီးမှအိပ်ပျော်သွားလို့ "


"မဟုတ်ပါဘူး မင်းအိပ်ချင် ဆက်အိပ်လို့ရသေးတယ်။ 

ငါတို့ကအစောထနေကျမို့ပါ မနက်စာတော့ ခေါပုတ်မီးကင်နဲ့ မင်းအတွက်ကော်ဖီကြမ်းဖျော်ထားပေးတယ် "


"အေး ကျေးဇူးပါပဲ ငါလည်းဆက်မအိပ်တော့ပါဘူးကွာ ငါ့ကြောင့်မင်းတို့လည်း အလုပ်များရပြီ "


"အမလေး အမောင်ခွန်းရယ် ငါမန္တလေးမှာ ကျောင်းလာတက်တုန်းကဆို မင်းတို့အိမ်ကပဲ ငါ့အတွက်စားအိမ်သောက်အိမ်လို ဖြစ်ခဲ့ရတာပဲကို ငါကမင်းကို ဒီလောက်လေး ပြန်လုပ်ပေးရတာဘာမှအပန်းမကြီးဘူး "


"အေးပါကွာအေးပါ ငါစားရင်ရပြီ

မလား မင်းကအပိုတွေအရမ်းပြောတဲ့ကောင်ပဲ ငါမျက်နှာသစ်ဦးမယ်ကွ "


"ဒါနဲ့ ခွန်း ငါတို့ရွာမှာ ဒီနေ့မင်္ဂလာဆောင် ရှိနေလို့ကွ မင်းကို နေ့လည်လောက်မှ ငါရွာပြင်ကိုလိုက်ပို့ပေးမယ် ရတယ်မလား "


"အေးရတယ်လေ အေးဆေးလုပ် 

ငါ့ကိုဂရုစိုက်မနေနဲ့ မင်းလုပ်စရာရှိတာသာလုပ်ချည် ဒါနဲ့မင်းအမေကော "

 

"အမေက မင်္ဂလာပွဲ သွားနှင့်ပြီကွ လူကြီးတွေဆိုတော့ မနက်ပိုင်းကတည်းက ကန်တော့ပွဲပြင်ပေးဖို့သွားကြတာကွာ "

 

"ဪ အေးအေး အာ့ဆို ငါမင်းတို့အိမ်မှာပဲစောင့်နေမယ်လေ "


"ရလား မင်းပျင်းနေမလားလို့ "


"မရလို့ ငါက ပျင်းလို့ဆိုပြီး 

ကနေရမှာလား ဒါမှမဟုတ် မင်္ဂလာဆောင်ကိုငါကောလိုက်လို့မရဘူးလားဟင်။

မင်းတို့ဘက်ကမင်္ဂလာဆောင်နဲ့ ငါတို့ဘက်နဲ့ဘာကွာလည်းသိချင်လို့ "


"ရတာတော့ရပါတယ်ကွ မင်းသိတဲ့သူမရှိတော့ မင်းနေရထိုင်ရခက်နေမှာဆိုးလို့ပါ ငါက"


"ရတယ် ရတယ် နေရမခက်ဘူးရယ် မင်းလည်းရှိတာပဲကို ငါငြိမ်ငြိမ်လေးထိုင်နေမယ်လေနော် ငါသိချင်လို့ပါဆိုကွာ လုပ်ပါနော် နော်......"

     

"အေးပါကွာ.... လိုက်ခဲ့ပါ သွားခုတော့မျက်နှာသွားသစ်ချည် ငါရေအုတ်ကန်ဘေးမှာ မင်းအတွက်သွားတိုက်တံလုပ်ထားပေးတယ် ။

မင်းမနက်စာစားပြီရင် သွားမယ် "


"အိုခေပါဗျ "


------------------------------------------------


ခွန်း မနက်စာစားပြီးတာနဲ့ မင်္ဂလာပွဲကို လင်းဆက်နဲ့အတူလိုက်ခဲ့သည်။


ပြီးတော့ ဒီကောင်က သူတို့ရိုးရာဝတ်စုံဆိုပြီး ရှမ်းဝတ်စုံအဝါရောင်လေးနဲ့ ။


ခွန်းမှာက မနေ့ကတည်းကဝတ်လာတဲ့ ဂျင်းဘောင်းဘီနဲ့ Hoodie ကြီးနဲ့ အဆင်ကမပြေ‌ဖြစ်နေတော့ လင်းဆက်ဆီကဓါးပြတိုက်ပြီး သူ့ရှမ်းဝတ်စုံတစုံယူဝတ်လာရတာပေါ့ ။


အမယ် ခွန်းက မန္တလေးသား 

သာဖြစ်တာ အသားကဖြူတော့ အပြာရောင်ရှမ်းဝတ်စုံလေးနဲ့ 

တကယ်ကိုချောနေ တာဗျ။

အဟီးး ခွန်းက ကိုယ့်ဘာသာကိုယ်မို့ပြောတာမဟုတ်ဘူးနော် ။


လင်းဆက်က ခေါင်းပေါင်းကအစ‌ သေချာလေး လုပ်ပေးထားတော့ 

မသိရင် တကယ့်ရှမ်းလေးလို့ပဲထင်ခံရမှာဗျ။


selfie ဆွဲပြီးသေချာသိမ်းထားဦးမယ်။ ဒီပုံလေးကို ဟိဟိ..........


(A/M ကိုယ့်ငါးချဉ်ပြန်ချဉ်နေသော အမောင်ခွန်းကိုတယောက်လောက်

လာထိန်းကြပါဦး ㅠㅠ)


အမောင်ခွန်း တယောက် မင်္ဂလာပွဲမှာ လိုက်စပ်စုနေသည်။


ခွန်းတို့ဘက်ကလိုတယောက်နဲ့တယောက်အပြိုင်အဆိုင် ဆွဲကြိုး‌ကြီးတေ လက်စွပ်ကြီးတေဝတ် 

ဘယ်ဒီဇိုင်နာ နားအပ်ထားတာဆိုပြီးကြွားဝါပြီးဝတ်လာကြတဲ့

တလက်လက်ထနေတဲ့ ဝတ်စုံမျိုးတွေ တဝင့်ဝင့်နဲ့ မင်္ဂလာပွဲလာကြတာမျိုးမဟုတ်ချေ။ 


ဒီမှာက အကုန်လုံးကြည့်လိုက်ရင် သူတို့ရှမ်းရိုးရာဝတ်စုံလေးတွေနဲ့ချည်းပဲ မိန်းကလေးတွေကတချို့ကဆံထုံးလေးတွေနဲ့ ။

တချို့ကရှမ်းခေါင်းပေါင်းလေးတွေနဲ့။


မိန်းကလေးတွေခါးမှာပတ်ထားတဲ့ တချို့ကငွေရောင် တချို့ကရွှေရောင်နဲ့ တွဲလောင်းတွဲလောင်းခါးပတ်လေးတွေကချလွင်ချလွင်နဲ့မြည်နေတာ‌လေးကတကယ်ချစ်စရာလေးတွေပင်။

      

အမျိုးသားလေးတွေဆိုလည်း ခါးမှာပုဝါတွေချည်ထားကြတာ။ 


အဲ့တာ‌ပဲ ရိုးရိုးရှင်းရှင်းလေး

ဝတ်ထားတာ ဆိုပေမဲ့ 

တကယ်မျက်စိအေးပြီးလှသည်။


ထိုရိုးရာဝတ်စုံတွေကို ခွန်းကတော့သဘောကျသည် ။


ခွန်း ထိုင်နေရတာကြာလာတော့

ပျင်းလာသည်။

သူတို့ကရှမ်း‌လိုတွေချည်းပြောနေကြတာ ခွန်းကတခုမှလည်းနားမလည်။


ခွန်းအဖြစ်က တောသားမြို့ရောက်ဆိုတဲ့ ပုံစံမျိုးဖြစ်နေသည်။


(တောသားများကို Blame ခြင်းမဟုတ်ပါဗျ။ကြားဖူးနားဝစကားလေးကိုချစ်ဖို့ကောင်းလို့ယူသုံးခြင်းမျှသာ။)


ခွန်းမှာ မျက်စိကလည်၊နားကလည် နဲ့ တောင်ကြည့်မြောက်ကြည့်သာလုပ်နေရသည်။


လင်းဆက်ကလည်း လိုက်ဧည့်ခံပေးနေရတာဆိုတော့ ခွန်းနားမှာအမြဲနေမပေးနိုင် ။


သူကခွန်းကိုအားနာသလိုလာလာကြည့်နေပြန်တော့ ခွန်းကတခါ ပြန်ပြီးအားနာလာရပြန်သည် ။


သူများရွာလာလည်ပြီး သူ့ကိုပါကိုယ့်ကြောင့်စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်အောင်ဆွဲထားသလိုဖြစ်နေရတာကိုး။

 

ခွန်းနည်းနည်းပျင်းလာတာမို့

ဟိုကြည့်သည်ကြည့် လုပ်နေတုန်း

လင်းဆက်ကအနားရောက်လာသည်။


"ခွန်း အားနာလိုက်တာကွာ ငါကချက်ပြုတ်တဲ့အဖွဲ့ကိုဦးဆောင်ရတာမို့အလုပ်နည်းနည်းလေးရှုပ်သလိုဖြစ်နေလို့ "


"ရတယ် ရတယ် ငါ့ကိုအာရုံမစိုက်နဲ့ ငါဟိုနားကအပင်အောက်သွားထိုင်ချင်လို့ ရလား "


ခွန်း မင်္ဂလာပွဲနဲ့မလှမ်းမကမ်းက ယူကလစ်ပင်ကိုလက်ညိုးထိုးပြလိုက်သည်။


"ခွန်း ဘာဖြစ်လို့လဲ နေမကောင်းလို့လား ခေါင်းကိုက်လို့လား "


"မဟုတ်ပါဘူးကွာ ဒီတိုင်းခနသွားနေချင်လို့ပါ မင်းပြီးရင်လှမ်းအော်လိုက်လေ အဲ့ကျ ငါထလာခဲ့မယ် "


"ငါ " 


"ပီစိုင်း" 


လင်းဆက်တခုခုပြန်ပြောဖို့လုပ်နေဆဲ။

       

ကောင်လေးတယောက်က

လင်းဆက်ကိုလှမ်းခေါ်ကာ 

လင်းဆက်အနားရောက်လာပြီး တိုးတိုး တိုးတိုးနဲ့ (A/N သတိ လူ "တိုးတိုး" မဟုတ်ပါ။) 

ဘာကပ်ပြောလိုက်သည် မသိ 

လင်းဆက်ကလည်း ရှမ်းလိုတွေပြန်ပြောနေသည်။

ပြီးမှ......


"ခွန်း အာ့ဆိုလည်း မင်းအဲ့နားမှာခနသွားနေရင်နေလေ ငါတို့ရွာခေါင်းဆောင်လာမှာမို့ ငါဒီမှာ ရှိနေပေးရဦးမယ်အဲ့တာမို့ "


"Ok No Problemပါ ကွာ

ငါအဲ့နားမှာရှိနေမယ် "


ခွန်းပြောပြီးထထွက်လာခဲ့သည်။


မင်္ဂလာပွဲနဲ့နည်းနည်းလှမ်းတာမို့ လှမ်းကြည့်ရင်မြင်ရပေမဲ့ အသံတွေတော့စောနကလောက်မဆူနေတော့။


တောင်ကြောပေါ်မှာဆိုတော့ လေအေးတွေက ချမ်းစိမ့်စိမ့်လေး

ဖြစ်နေသည်။


ရွာခေါင်းဆောင်လာမှာဆိုတော့ အကုန်အလုပ်ရှုပ်သွားတဲ့ပုံကြည့်ပြီး 

ဒီရွာကလူတွေက ရွာလူကြီးကိုတော်တော်အလေးပေးတာပဲလို့ ခွန်းတွေးမိသည်။


ပြီးခါမှခွန်းနဲ့ဘာဆိုင်တာမှတ်လို့ 

လို့ပြန်‌တွေးမိပြီး ယူကလစ်ပင်အောက်က သစ်တုံးတိုလေးပေါ်ထိုင်ပြီး ရှုခင်းတေသာလျှောက်ငေးနေလိုက်သည် ။


~~~~~~~~~~~~~~~~~~~~~~~


တဖက်တွင်......


"ခေါင်းဆောင် ကိုယ်တိုင်အခုလိုလာပြီးချီးမြှောက်ပေးတာကျေးဇူးတင်ပါတယ် "


"အင်း မဟုတ်တာ ကိုယ်လာရမှာပေါ့ ကိုယ့်အလုပ်သမားတွေပဲကို "


"ဟုတ်ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လိုတာရှိရင်ပြောပါ။


အဆင်မပြေတာရှိရင်ပြောပါ"


"ရတယ် ကိုယ့်ကိုအရမ်းကြီးအာရုံမထားပါနဲ့ မင်းတို့ပွဲလုပ်စရာရှိတာဆက်လုပ် နွမ်စိုင်း .....လက်ဖွဲ့ထုပ်ပေးလိုက်"


"ဒီမှာ စိုင်းမာန် "


သတို့သားလက်ထဲကိုနွမ်စိုင်းက 

ညတည်းကစီစဉ်ထားတဲ့ လက်ဖွဲ့ထုတ်လေးကို ကမ်းပေးလိုက်သည်။


"ကိုယ်တို့လည်း ခနပဲနေမှာပါ အလုပ်တွေရှိသေးလို့ 


"ဟုတ် ခေါင်းဆောင်" 

သတို့သားနဲ့သတို့သမီးက ပြောပြီးတခြားသူတွေကို ဧည့်ခံဖို့ထွက်သွားသည်။

    

ကိုယ့်ကို လာနှုတ်ဆက်တဲ့သူတွေများနေတာမို့ ခနဆက်ထိုင်နေရသေသည်။


15min Later.........


"စိုင်းမာန် ငါတို့ပြန်တော့မယ် " 

  

နွမ်စိုင်းကပဲ သတို့သားကိုနှုတ်ဆက်လိုက်သည် ။


ကိုယ်တိုင်ကတော့ ရွာကလူကြီး‌တွေကို နှုတ်ဆက်လိုက်သည်။


တခြားအဖွဲ့သားနှစ်ယောက်နဲ့အတူ လေးယောက်သား ပြန်ဖို့အကြောင်းပြောပြီး ဆိုင်ကယ်တွေကမဏ္ဍပ်အ‌ရှေ့တွင်ရပ်ထားတာမို့ ဆိုင်ကယ် ရှိရာကိုပြန်ထွက်လာလိုက်သည်။


~~~~~~~~~~~~~~~~~~~~~~~


အချိန်ကြာကြီးထိုင်နေရတာမို့ ခွန်းတယောက် မဏ္ဍပ် ထဲပြန်ဝင်လာတော့ လူတွေအားလုံးက အဝင်ဝရောက်နေကြသည် ။ 

ခွန်း‌လည်း သူတို့ကိုလှမ်းကြည့်ရင်းတွေးမိတာက ရွာခေါင်းဆောင်ဆိုတာ ပြန်လို့လိုက်ပို့တာထင်တယ် ။ ခွန်း သူတို့တွေ ကြားထဲက လင်းဆက်ကိုလိုက်ရှာရင်း .....


ခွန်းအမြင်အာရုံထဲမှာထင်းလင်းနေတဲ့လူသားတယောက်...........


ထိုလူသားက........


ဆင်စွယ်ရောင် ရှမ်းဝတ်စုံနဲ့ ......


ခါးမှာပုဝါအဖြူလေးစီးထားပြီး .......


ဆံပင်အရှည်ကိုစုထုံးထားပုံရသည်။


ခေါင်းပေါင်းနဲ့ဆိုတော့ ဆံပင်ကိုအလယ်တည့်တည့်မှာ ထုံးထားသလိုမျိုးဖြစ်နေတာ။


အရပ်ကလည်းအရှည်ကြီးပဲ .......


လူတွေအားလုံးရဲ့ ခေါင်းပေါ်ကနေ တောင်ကျော်ပြီး သူ့ကိုမြင်နိုင်သည်။


ခွန်း ..........သူ့မျက်နှာကိုမမြင်ရပါ။


သူက‌ ...........


ခွန်းကို နောက်ကျောပေးပြီး

လျှောက်သလိုဖြစ်နေတာကြောင့်ပင်။


ဒီအချိန်မှာ ခွန်းတွေးမိလိုက်တာက

တခုတည်းသာရှိသည် ။


"လူတယောက်ရဲ့ 

နောက်ကျောကအဲ့လောက်တောင်ပဲ 

ကြည့်ကောင်း ရသလား။


ကျောပြင်ကျယ်ကြီးနဲ့ ဖြူဝင်းနေတဲ့ဂုတ်သားလေး..........။


အရပ်ကလည်းအရှည်ကြီး .........


တကယ်ကိုမိုက်ပါသည်။ 


နောက်ကျောလေးက ​တောင်

ဒီလောက်ပြည့်စုံနေရင် .......

မျက်နှာသာမြင်လိုက်ရရင် .........."

  

"ဝူး......"


ခွန်းအတွေးလွန်နေမိတာနဲ့ 

ဆိုင်ကယ်သံကြားမှသာ

စိတ်နဲ့လူနဲ့ပြန်ကပ်တော့သည်..။


"သေစမ်းကွာ ခွန်းရာ မျက်နှာလေးတောင်မမြင်လိုက်ရဘူး။


နောက်ကျောတောင်အဲ့လောက်ကြည့်ကောင်းတာကိုကွာ "


ခွန်း ကိုယ့်ဘာသာညည်းညူမိလိုက်တော့သည်။


ခွန်းစိတ်ဆုံးဖြတ်တခုချလိုက်သည်။


သူ ဘယ်သူလဲမသိပေမဲ့ ဒီရွာကလူဆိုတာတော့ သေချာသည်။ 


ငါ ဒီ‌ရွာမှာ နည်းနည်းလောက်ပတ်ရှာလိုက်ရင်တွေ့နိုင်မှာပါလေ ။


"မျက်နှာတောင် တွေ့မြင်ခွင့်မရ

လိုက် တဲ့လူကြီးရေ .......ခင်ဗျားကို ခွန်းက တွေ့အောင်လိုက်ရှာမှာမို့ ခင်ဗျားက လိမ်လိမ်မာမာလေးနေပြီး ခွန်းကို စောင့်နေလိုက်ပါဗျ "


24-8-2021


@Paing & Koe 🌸🍉  


Thanks For Reading  


Love You All. ... 💛💛



rate now: