တန်ဆောင်မုန်းလဆန်း 8 ရက်
"သား ခွန်း ဒီည ပွဲသွားလည်မလား"
"ဗျာ တီလေး"
"ဒီညက တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲလေ သား "
"အာ ဟုတ်လား အဲ့တာဆို သားသူငယ်ချင်းတွေနဲ့ သွားလိုက်မယ်လေ"
"လင်းဆက်တို့လား သား"
"ဟုတ်တီလေး သားဖုန်းသွားဆက်လိုက်ဦးမယ် အဲ့ကောင်တွေကို
ဘယ်ချိန်လာမလဲလို့"
"အေးအေး အဲ့တာဆိုလည်း မဟုတ်ရင် တီလေးတို့နဲ့ လည်မလားလို့မေးမို့ သားတို့ လူငယ်ချင်းလည်မယ်ဆိုတော့လည်း အဆင်ပြေတာပေါ့ ဂရုတော့စိုက်နော် သား မသောက်နဲ့နော်"
"သား မှ မသောက်တတ်တာ
တီလေးရာ "
"ပြီးတာပဲ တီလေးက ရန်တွေဘာတွေဖြစ်နေမဆိုးလို့ "
"စိတ်ချပါ တီလေးရဲ့ မသောက်ဘူး
မဖြစ်ဘူး ဟုတ်ပြီလား"
"အင်းပါ အဲ့တာဆိုလည်း ဖုန်းကြိုဆက်တော့ မဟုတ်ရင် လူအရမ်းကြပ်နေမှာ ညနေလောက်တည်းက သွားမို့ တီလေးတို့က "
"ဟုတ် တီလေးတို့ဘာသာ သွားနှင့်နော် အဲ့တာဆို "
ခွန်း ခြံထဲဆင်းကာ ဖုန်းခေါ်လိုက်သည်။
"Hello "
"ခင်ဗျားကြီး ဒီည တန်ဆောင်တိုင် ဖွင့်ပွဲလာမှာလား"
"စေကိုး သွားချင်လို့လား"
"ပြန်မမေးပါနဲ့ ခင်ဗျားကို လာမှာလား မလာဘူးလား မေးတာကိုဖြေ"
"မိုင်ငယ်နဲ့ လင်းဆက်တို့တော့ သွားမယ်တဲ့ ရွာကလူတွေလည်း ကားစီစဉ်ထားကြတယ် သွားမယ်တဲ့"
"ခင်ဗျား ကျွန်တော့်စိတ်ကိုဆွဲဆန့်ထားတာ ဘယ်လာက်ခံမယ်ထင်လဲ"
"ဟားးးး ဟားး စိတ်ဆိုးနေတဲ့
အသံလေးကအစချစ်စရာလေးကွာ
ကိုယ်လာမှာပါ နေ့လည်လောက်တည်းက ရွာကအတူတူစုထွက်လာကြမှာဆိုတော့ ကွင်းထဲရောက်မှ ဆုံမလား ကိုယ်လာကြိုရမလား"
"ရတယ် ကျွန်တော် ကွင်းထဲက
စောင့်နေမယ်လေ ရောက်ရင်
ဖုန်းဆက်လိုက်"
"ဟုတ်ပါပြီဗျာ"
"အင်း"
"ဟေ့ ဟေ့ ခနလေး စေကိုး"
"ဘာလဲဗျာ"
"ဟိုဝက်သားတုတ်ထိုးဆိုင်ကို မသွားနဲ့နော် "
"ဟားးး ဟားးး ခင်ဗျား သဝန်တိုနေတာလား"
"ဘာဖြစ်ဖြစ်ကွာ မသွားရဘူးနော်"
"မပြောတတ်ဘူး အဲ့ကကောင်လေးက တကယ်ချောတာဗျ"
"ခွန်းစေကိုး"
အသံမာမာနဲ့ လိမ့်အော်ပစ်လိုက်သည်။
"ခင်ဗျားလည်း စိတ်ကောက်တတ်တာပဲ ချစ်စရာလေး မသွားပါဘူး
စိတ်ချ ဟုတ်ပြီလား ရောက်ရင်
ဖုန်းဆက်နော်"
"အင်း ချစ်တယ် "
ခွန်းကို ပြောချင်ရာတွေပြောပြီး
ဖုန်းချသွားတဲ့ လူကြီး။
ခွန်း တနေ့လည်လုံး ဘာဝတ်ရမလဲဆိုတာစဉ်းစားရင်း ကုတင်ပေါ်မှာလည်း အဝတ်ပုံကြီးဖြစ်နေလေပြီ။ဒီလိုမှန်းသိ မန္တလေး အိမ်က အဝတ်တွေအကုန် ထည့်လာပါတယ်
အခုကျ ပါတဲ့ ဟာတွေက စိတ်တိုတိုနဲ့ ကောက်ထည့်လာတဲ့ဟာတွေဆိုတော့ ဘာတွေမှန်းလည်းမသိဘူး
ဒီအချိန်မှ အဝတ်ထွက်ဝယ်ရအောင်လည်း မဟုတ် ဈေးနဲ့ လမ်းတေကမနက်တည်းက လူကိုကြိတ်ကြိတ်တိုးနေသည် ။နောက်ဆုံးတော့ ရှိတဲ့ဟာတွေထဲကပဲ ကြည့်လို့လည်းကောင်းပြီး နွေးလည်းနွေးမဲ့ ဟာလေးတွေသာ ရှာကြံပြီး ဝတ်ခဲ့လိုက်တော့သည်။
ညနေ 5 နာရီ ပဲရှိသေးပေမဲ့
အဝေရာကွင်းထဲမှာ လူကပြည့်နေပြီ
ဖွင့်ပွဲ ညမို့လားတော့ မသိ ခွန်းတောင် ကားနဲ့လာပြီး တီလေးတို့ အသိအိမ်မှာ တီလေးကြိုပြောထားပေးတာမို့ အဲ့အိမ်မှာ ကားထားခဲ့ပြီး လမ်းမဘက်ကနေ တော်တော် လမ်းလျှောက်လာခဲ့ရသည်။
ကွင်းထဲမှာ ဟိုပတ်ကြည့် ဒီပတ်ကြည့် နဲ့ တယောက်တည်းဆိုတော့ ယောင်ချာချာရယ် လူကလည်း အရမ်းတိုးရသည် တခါတလေဆို
ခွန်း လမ်းလျှောက်စရာတောင်မလို လေပေါ်မှာ ညှပ်ပါသွားသလိုပင် လူအရမ်းတိုးရတော့ ခွန်းလည်း
လူရှင်းလောက်မည့် အသံလွှင့်ဌာန ရှေ့က အပင်ကြီးအောက်မှာသာ
သွားရပ်နေလိုက်တော့သည်။
"I love it when you call me......"
"Hello မောင်ရောက်နေပြီ စေကိုး ဘယ်နားမှာလဲ"
"ကျွန်တော် Cherry FM ရုံးရှေ့က အပင်ကြီးအောက်မှာ"
"Ok အဲ့မှာ စောင့်နေ ကိုယ်လာခဲ့မယ်"
ခွန်း သိပ်တောင် မစောင့်လိုက်ရ
လူတွေအားလုံးထဲမှာ ထင်းနေတဲ့
သူ့အရပ်ကြီးရယ် အဲ့လောက်လူအုပ်ကြီးထဲမှာတောင် ရုပ်ရည်က ထင်းလင်းနေတာမျိုးမို့ ခွန်း လှမ်းမြင်လိုက်တာနဲ့ လက်လှမ်းပြလိုက်သည်။
ခွန်းကို မြင်တာနဲ့ မြန်မြန်လျှောက်လာတဲ့ လူကြီးက ဣန္ဒြေအပြည့်နဲ့ ခြေလှမ်းခြေကျမှန်မှန်နဲ့ကြည့်ကောင်းလွန်းနေသေးသည်။
"ရောက်နေတာကြာပြီလား စေကိုး"
"အွန်း 5 နာရီလောက်တည်းက"
"အကြာကြီးစောင့်လိုက်ရတာပေါ့ sorry ပါကွာ မောင်လည်း ရွာကလူတွေကို သေချာမှာနေရတာမို့
နည်းနည်းကြာသွားတာ"
"ရပါတယ် အခုတွေ့နေတာပြီပဲကို
7 နာရီမှ ဖွင့်ပွဲစမှာမလား"
"အင်း ခနနေကျရင် အဖွင့်မီးပုံး
တထောင် လွှတ်တော့မှာ 7 နာရီမှ ဖွင့်မှာက သပ်သပ် "
"အင်း အဲ့တာဆို ကျွန်တော်တို့
နည်းနည်း လျှောက်ကြည့်ရအောင် စောနက လူအရမ်းတိုးလို့ ကျွန်တော် မတိုးနိုင်လို့ ဒီမှာလာရပ်နေတာ"
"လာ အဲ့တာဆို မောင်တိုးပေးမှာပေါ့ မောင်နဲ့တူတူသွားမယ်"
ခွန်းလက်ကို လွှတ်ထွက်မသွားအောင် လက်ချောင်းများယှက်ဖြာပြီး သေချာဆုပ်ကိုင်ကာ ပွဲအတွင်းသို့ဆွဲခေါ်လာသောလူကြီးနောက်သို့လိုက်လာခဲ့၏။
လူတွေတိုးတဲ့နားရောက်တော့ ခွန်းကို သူ့အရှေ့ပို့လိုက်ကာ သူ့ရင်ခွင်ထဲ ကွက်တိဝင်သွားသလို ဖြစ်နေမှ အနောက်ကနေသိုင်းဖက်ကာ သေချာကာထားပေးပြီး လူတိုးပေးသည်။
အရှေ့ က လူတွေတိုးလာရင်လည်း မောင်က သူ့လက်နဲ့ခွန်းကို ကာထားပေးသည် အနောက်က တိုးတာကျလည်း သူ့ခန္ဓာကိုယ်ကြီးနဲ့ကာထားပေးသည်မို့ ခွန်းကအေးဆေးပင် အခုမှလူတိုးရတာအဆင်ပြေတော့သည်။
"မောင် ကျွန်တော်တို့ မီးပုံးပျံလွှတ်မဲ့နားပဲ သွားရအောင်လေ "
"အင်း ပွဲခင်းထဲ မလည်ချင်တော့လို့လား "
"အင်း လူတွေအရမ်းများလာပြီလေ အဲ့တာမို့"
"ဟုတ်ပြီ အဲ့တာဆို ကိုယ်နေရာကောင်းသိတယ် အေးဆေးထိုင်လို့လည်းရတယ်"
"အင်း သွားမယ်လေ "
မီးပုံပျံလွှတ်မဲ့နေရာနဲ့ မလှမ်းမကမ်းက တောင်ကမူလေးပေါ် မောင်က ခေါ်လာသည်။တကယ်လည်း လူရှင်းသည် ကွင်းတခုလုံးကိုလည်း အပေါ်စီးကမြင်ရသည်မို့ အဆင်ပြေသည်။
မောင်က ယူလာတဲ့ အခင်းလေးကို မြေကြီးပေါ်ခင်းချပြီး သူအရင်ထိုင်လိုက်သည် ပြီးမှ ခွန်းကို သူ့ရင်ခွင်ထဲဝင်ထိုင်စေသည်။မောင်ကဖက်ထားပေးတာမို့ ခွန်းအတွက် ရာသီဥတုအအေးဓာတ်ကိုလည်း မခံရတော့ပေ။
ခွန်းတို့ထိုင်ပြီး မကြာပါ မီးပုံး
တထောင် စတင်လွှတ်လေသည်။
မီးပုံးတထောင် ပြီးတာနဲ့ အဖွင့်သီချင်းသံအကျယ်ကြီး ကွင်းလုံးပြည့်နီးပါးကြားရအောင် ဖွင့်ပြီး မီးရှုးမီးပန်းတွေကို မြေပြင်မှ ကောင်းကင်သို့ လွှတ်တင်ကာ
ပုံအမျိုးမျိုးဖော်ထားသော မီးရှုးတွေ ခိုပျံတွေ လွှတ်တင်ပြီး ဖွင့်ပွဲစတင်ကြောင်းကြေငြာသံနဲ့အတူ ကွင်းထဲကလူတွေရဲ့ လက်ခုပ်လက်ဝါး
တီးသံတွေ ဝိုးးးး ဝါးးးး နဲ့ လှလွန်းလို့ အော်နေတဲ့အသံတွေနဲ့ တကယ်ကို ပျော်စရာကြီးပင်။
"လှလိုက်တာနော် မောင်"
"အင်း မောင်ကတော့ စေကိုးနဲ့အတူကြည့်ရလို့ ပိုလှတယ်ထင်တာပဲ"
"မောင်ရေ စကားပြောရင်း ထထမဖောက်လာနဲ့ဗျာ"
"မောင်အတည်ပြောနေတာပါ
မောင့်ရင်ခွင်ထဲက ချစ်ရသူလေးနဲ့
မောင်အရမ်းသဘောကျတဲ့ တန်ဆောင်တိုင်ဖွင့်ကိုတူတူကြည့်ရတာ
ဘယ်လောက် တောင် အဖိုးတန်လဲဆိုတာ ပြောပြလို့တောင်မရဘူး
မောင့်အတွက် အကြီးမားဆုံးသောအမှတ်တရပဲ"
"ကျွန်တော် လည်း မောင်နဲ့အတူကြည့်ရတာ တကယ့်ကို အမှတ်တရပါပဲ မောင်ရင်ခွင်ထဲမှာနေပြီး ကြည့်ရတာ ဘယ်လောက်တောင်မိုက်သလဲ"
"ဟုတ်ပါပြီဗျာ ခနနေကျရင် စိန်နားပန်တွေ မီးကြည်တွေ
လွှတ်တော့မှာ တလုံးနဲ့တလုံးကြားကအကြာကြီးပဲ စေကိုး ပျင်းနေမဆိုးလို့ မောင်မုန့်တွေယူလာပေးတယ် "
လက်စသတ်တော့ စောနက မောင်ဝယ်လာသမျှ မုန့်တွေက ခွန်းအတွက်ကြည့်ပဲပေါ့ အဲ့လိုအလိုက်သိတဲ့ ချစ်သူရထားတာ ဘယ်လောက်ကံကောင်းတဲ့ ခွန်းလည်း ခွန်း ကိုယ့်ဘာသာ ဂုဏ်ဆာပစ်လိုက်သည်။
မုန့်လေးစားလိုက် မီးပုံးပျံတွေ
တက်သွားတာကြည့်လိုက် အိပ်ငိုက်လာရင် မောင့်ရင်ခွင်လေးထဲ
ဝင်ပြီး အိပ်နေလိုက်
မီးပုံးပျံလွှတ်တော့မယ်ဆိုမှ မောင်က နှိုးပေးလိုက်နဲ့ တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲညက ခွန်းအတွက် ပြည့်စုံလွန်းသည်ထက်
ပိုနေလေတော့သည်။
မိုးလင်းခါနီး မနက် သုံးနာရီလောက်မှ ခွန်းတို့ ပြန်ဖြစ်ခဲ့ကြသည်။မောင်က ခွန်း ကားထားတဲ့အိမ်အထိ သေချာလိုက်ပို့ပေးပြီးမှ သူ့ရွာကလူတွေဆီ တခေါက်ပြန်သွားသည်။
မောင်က ခွန်းကိုဆို အသေးစိတ်ကအစ အရမ်းဂရုစိုက်လွန်းသည် မို့
တခါတလေ ခွန်းတောင် မနေတတ်မထိုင်တတ်ဖြစ်ရသည်။ခွန်းရဲ့မောင် ကတကယ်တော့ အရမ်းချစ်တတ်လွန်းပါသည်။
စေကိုးကို ပြန်ပို့ပြီးမှ နောင့်ခွန်းလည်း ရွာကလူတွေအကုန်လူစုံမစုံ စစ်ဆေးကာ ကားကြီးတွေ နဲ့ ရွာကို ပြန်ခဲ့ပါသည်။
ခွန်း ပြန်ရောက်တည်းက အိပ်ပစ်တာ နောက်တနေ့ နေ့လည် 11 နာရီလောက်မှ နိုးသည် အေးအေးလေးနဲ့ ကွေးလို့ကောင်းတာမို့ အားရပါးရအိပ်ပစ်လိုက်သည်။ဒီနေ့တော့ ပွဲမလည်ပဲ တရက်လုံးနားပစ်လိုက်သည်။
ညနေစောင်းမှ မေမေ့ ဆီက ဖုန်းဝင်လာသည်မို့
"မေမေ ဘာလို့လဲ"
"သားဘယ်နေ့လောက်ပြန်လာမလဲ မေးမို့ပါ မေမေ့သားလေးက သွားလိုက်တာ နှစ်လကျော်သုံးလနီးပါးဖြစ်နေပြီလေ မေမေလည်း လွမ်းလို့"
"သား တောင်ကြီး တန်ဆောင်တိုင်ကို ရောက်တုန်းရောက်ခိုက် ခနလည်ချင်လို့ပါ မေမေ သား လပြည့်နေ့ မတိုင်ခင် ပြန်လာပါ့မယ်မေမေ"
"အင်းပါ အဲ့တာဆိုလည်းပြီးတာပါပဲ သားပွဲလည်တာလည်း သတိထားဦးနော် "
"ဟုတ်ကဲ့ပါ မေမေရယ် နောက်နှစ်တွေကျ မေမေတို့ကို ခေါ်လည်မယ် လှလည်းလှတယ် ပျော်စရာလည်းကောင်းတယ်"
"မေမေလည်း လည်ချင်ပါသေးတယ် ငါ့သားလေးခေါ်မယ်ဆိုရင်ပေါ့"
"ဟုတ်ပါပြီ မေမေရယ် ဆောင်းဝင်လာပြီဆိုတော့ နွေးနွေးထွေးထွေးနေနော် စိတ်လိုက်မာန်ပါတွေ
အလုပ်ချည်း ဖိလုပ်မနေနဲ့"
"မေမေ့အနားပြန်လာပြီး သားက ဂရုစိုက်ပေးပေါ့ မှာပဲမှာမနေနဲ့"
"ဟုတ်ပါပြီ သား ဒီရက်ထဲ
ပြန်လာပါ့မယ်"
"အဲ့တာဆို ဒါပဲနော် သားငယ်"
"ဟုတ် မေမေ"
ခွန်း ဖုန်းချလိုက်ပြီး ရင်ထဲမှာ အပူလုံးကြီးတခုဝင်နေသလိုပင်
မောင့်ကို နောက်ရက်တွေ့ရင် ပြောမှရတော့မည် ရင်မဆိုင်ချင်လည်း ရင်ဆိုင်ရတော့မည့် ကိစ္စမို့ မပြောမပြီးသည်မို့ ပြောပြပြီး ခနတော့ ခွဲရမည်လေ။
ခွန်း ပွဲလည်း မလည်ဖြစ်တော့ပဲ နှစ်ရက်လောက်အိမ်မှာနားနေပစ်လိုက်သည် မောင် နဲ့လည်း ဖုန်းပြောရင် ဟိုလိုလို ဒီလိုလို နဲ့ ခနသာပြောပြီး ချပစ်လိုက်သည်က များနေသည်မို့ မောင့်ကိုလည်း အားနာပေမဲ့ စိတ်ကမကြည်တာမို့ မပြောချင်တာလည်းပါသည်။
လပြည့်နေ့ရောက်ရန် လေးရက်သာလိုတော့သည်။ခွန်းမပြန်ချင်လည်း မရတော့ ဒီနေ့ လူကြီးနဲ့ ပွဲလည်ဖို့ချိန်းထားသည် ဒီနေ့ည တခါတည်း အသိပေးခဲ့ပြီး ခွန်းပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
"I love it when you call me......"
"စေကိုး ကိုယ် ရောက်နေပြီ ထွတ်ခဲ့တော့ "
"အွန်း ဘဲကြီး ခနစောင့်နော် ကျွန်တော် ထွတ်လာခဲ့မယ် "
ဟိုကြည့်ဒီကြည့်နဲ့ ထွတ်လာတဲ့ချိန်
တီလေးနဲ့ တွေ့တော့
"သားခွန်း ဘယ်သွားမလို့လဲ "
"အမ် ဟမ် တီလေး သားမပြန်ခင် သားသူငယ်ချင်းတွေနဲ့ ပွဲသွားလည်မို့ပါ သား လပြည့်မတိုင်ခင် ပြန်တော့မို့ တီလေး"
"အေးအေး အဲ့တာဆိုလည်း သွားလေသား အေးဆေးလည်ပြီးမှပြန်ခဲ့ နောက်နှစ်မှထပ်တွေ့ရတော့မှာဆိုတော့"
"ဟုတ် တီလေး သားသွားပြီနော် သား သော့အပို ယူသွားမယ် သားပြန်လာမဲ့ အချိန် မစောင့်နဲ့တော့နော်"
"အေးအေး"
ခွန်း အိမ်အပြင်ရောက်တော့
ဆိုင်ကယ် မမြင်လို့ ဟိုကြည့်ဒီကြည့် လိုက်ရှာနေတုန်း
"စေကိုး "
ချယ်ရီပင်းကြီးအောက်က ကားပေါ်ကအသံကြားလို့ လှမ်းကြည့်တော့မှ လူကြီးက ဒီနေ့ ကားနဲ့ လာတာကို ခွန်းလည်း ကားဆီသို့လျှောက်လာတော့ လူကြီးက ကားတံခါး ဆင်းဖွင့်ပေးသည် ခွန်းထိုင်ပြီးမှ သူလည်း သူ့နေရာသူပြန်သွားကာ ကားမောင်းပြီး မီးပုံးပျံကွင်းဆီကို မောင်းထွက်လာလိုက်ကြသည်။
"မောင် ဒီည ပွဲလည်ပြီးရင် အေးဆေးစကားပြောရအောင်"
"စေကိုး သဘောပါဗျာ ကိုယ်တို့အရင်နေရာမှာ သွားထိုင်ကြမလား မဟုတ်ရင် ကားကို တောင်ကုန်းပေါ်မှာ သွားရပ်လိုက်မယ်လေ"
"ရပါတယ် အေးဆေးပဲသွားထိုင်တာပေါ့ အဲ့နေရာက လူရှင်းပြီးတိတ်ဆိတ်တယ်လေ"
"ဟုတ်ပြီ"
ကားအပ်တဲ့နေရာမှာ ကားအပ်ခဲ့ပြီး ပွဲခင်းထဲကို ဝင်ခဲ့ကြသည်။
မောင်ကတော့ သူ့ထုံးစံအတိုင်း ခွန်းကို လူမတိုးမိအောင် ကာပေးထားသည်။ခွန်းအတွက် မုန့်ဝယ်သည်။လက်ဆောင်တွေ အမှတ်တရတွေလည်း ဝယ်ပေးသည်။ခွန်း ဘယ်လို အင်အားမျိုးနဲ့ ပြောရပါ့မလဲ မန္တလေး ပြန်ရတော့မယ်ဆိုတာ ကို ။
နောင့်ခွန်း သတိထားမိပါသည်
စေကိုးမျက်နှာမကောင်းတာကို
ဘာတွေအခက်အခဲရှိနေသည်မသိ နောင့်ခွန်းမျက်နှာကို လိုက်ငေးနေကာ တခုခုပြောချင်နေပုံပင် စေကိုး
တွေဝေနေရလောက်အောင်
အပြောခက်ရအောင်ဘာများပါလိမ့်
"စေကိုး ညောင်းနေပြီလား မောင်တို့ မီးပုံးပဲသွားကြည့်ရအောင်"
"ဟုတ်"
"စေကိုးလာ မောင့်ရင်ခွင်ထဲကို"
ခွန်းလည်း နေရာတကျ ပြင်ပေးထားတဲ့ မောင့်ရင်ခွင်ထဲကို ဝင်ထိုင်လိုက်ပြီး မောင့်ကို တင်းတင်းကြပ်ကြပ်ပါ ဖက်ထားမိသည်။
"စေကိုး မောင့်ကို ပြောစရာရှိတယ်ဆိုဘာပြောမို့လဲ"
"အင်းးး ခဏနေမှပြောမယ် မောင် အခုမီးပုံးပျံပဲကြည့်ရအောင်"
မီးပုံးပျံ လေးလုံးလောက်လွှတ်ပြီးချိန်တွင် ခွန်း မောင့်ရင်ခွင်ထဲမှနေပြီး မောင်လက်မောင်းတဖက်ပေါ်ကို ခေါင်းလေးတင်ကာ မှီတွယ်ထားရင်း မောင့်မျက်နှာကို မော့မကြည့်ရက်တာမို့
"မောင် ကျွန်တော် မန္တလေး
ပြန်ရတော့မယ် "
"----"
နောင့်ခွန်း စေကိုးမျက်နှာလေးကို ငုံမိုးကြည့်မိတော့ ရင်ခွင်ထဲမှ ကောင်လေးက မျက်လွှာလေးချကာ နောင့်ခွန်းအကြည့်တွေကို ရှောင်ဖယ်ထားသည်။
"ကျွန်တော် အိမ်ကထွက်လာတာလည်း ကြာပြီလေ မေမေကလည်း ဖုန်းခနခနဆက်နေပြီ ကျွန်တော်အလုပ်တွေကလည်း ပစ်ထားခဲ့တာကြာပြီမို့ ခဏပြန်မှရမယ်"
"စေကိုးရယ် ဘယ်တတ်နိုင်မလဲ
ခဏတော့ခွဲရမှာပေါ့
မောင်နေတတ်ပါတယ်"
"မောင့်ကိုတောင်းပန်ပါတယ် "
"မတောင်းပန်ပါနဲ့ စေကိုးမှ မမှားပဲ စေကိုးလည်း အိမ်ပြန်ရမှာပေါ့
မောင့်အနားပဲနေနေလို့ဘယ်ရမလဲ မောင်တို့နှစ်ယောက်ဘဝအတွက် ကြိုးစားရမှာပေါ့ နေရာဒေသတွေဝေးကွာနေလည်း မောင်တို့
နှစ်ယောက်က နှလုံးသားချင်းနီးတယ်လေ "
"ခင်ဗျားနဲ့ ကျွန်တော် မိုင်တွေဘယ်လောက်ပဲ ဝေးဝေး
ဒီကောင်းကင်ကြီး တခုတည်းရဲ့ အောက်မှာပဲ ရှိတာမို့ နီးနေပါသေးတယ်"
"မောင် တို့ နှစ်ယောက် စိတ်ချင်းနီးနေသ၍ ဘယ်တော့မှမဝေးပါဘူး
စေကိုး ဘာမှစိတ်မဆင်းရဲနဲ့နော် မောင်နေ့တိုင်းဖုန်းဆက်မယ်လေ
စေကိုးဆီကို"
"မောင်နဲ့ အမြန်ဆုံးနီးစပ်နိုင်အောင် ကျွန်တော်ကြိုးစားမှာပါ"
"မောင့်ကောင်လေးကို မောင်ယုံတယ် မောင်တို့နှစ်ယောက် ချစ်နေသ၍ ဘယ်နေရာပဲရောက်ရောက် အမြဲတမ်းချစ်နေမှာပဲလေ အချစ်မှာနီးခြင်းဝေးခြင်းမရှိပါဘူး စေကိုးရယ်"
ခွန်း က မောင်စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်နေခဲ့လို့ ထုတ်ပြောဖို့ မနည်းကြိုးစားခဲ့ရသည် အခုတော့ မောင်က ခွန်းကို ပြန်နှစ်သိမ့်ပေးနေရသည်။
နောင့်ခွန်း စေကိုးကိုသာ နှစ်သိမ့်ပေးနေပေမဲ့ နောင့်ခွန်းရင်ထဲမှာတော့ ကမ္ဘာတွေပျက်နေသလိုပင် အစပထမချစ်သူဖြစ်ခါစမှာ ရွာကနေ တောင်ကြီးပြန်ရတယ် အခုမှ နေသားကျမယ်ရှိသေးတယ် စေကိုးက မန္တလေးထိပြန်ရတော့မည်တဲ့လား။
ဒါပေမဲ့ စေကိုးရှေ့မှာ နောင့်ခွန်း ပြိုလဲပြလို့ဖြစ်မလား နောင့်ခွန်းသာအရမ်းခံစားပြနေရင် ဒီကောင်လေးဘယ်စိတ်ကောင်းပါ့မလဲ
နောင့်ခွန်းက အဆင်ပြေအောင်နေပြမှရမယ်လေ စေကိုး စိတ်မချတာမျိုးမဖြစ်စေချင်ပါ။
"ကျွန်တော့်ကို တခုခုပြောစရာမရှိဘူးလား"
"အင်း မောင် စေကိုးကို နေ့တိုင်းလွမ်းနေမယ် ပြီးတော့ အရမ်းချစ်တယ်"
အမှန်တော့ ခွန်းမေးချင်တာ တခြားပါ မစံမူနဲ့ကိစ္စကို လူကြီးရဲ့ဆရာစီစဉ်တာတေ ခွန်းအားလုံးသိပြီးသားဆိုပေမဲ့ ထုတ်လည်း မမေးချင်တာမို့ သူ့ဘာသာပြောလာမဲ့အချိန်ကိုသာစောင့်နေလိုက်ပေမဲ့ ဘာမှမပြောလာတာမို့ ခွန်းလည်း မောင့်ကိုသာ ယုံကြည်ထားလိုက်တော့သည် မောင်ဖြေရှင်းနိုင်မှာပါ မောင်ခွန်းကိုထားမသွားလောက်ပါဘူး။
"မောင် ကျွန်တော် မျက်လုံး ကို သေချာကြည့်"
"ဟုတ်ပြီဗျာ"
"မောင်ကြုံနေရတဲ့အခက်အခဲတွေ အားလုံးကို မောင်ဖြေရှင်းနိုင်မယ်ဆိုတာ ကျွန်တော်ယုံတယ် မောင့်ကို ယုံကြည်တာမို့ မောင်သန်မာနေမှရမယ်"
"----"
နောင့်ခွန်းပြောစရာစကားလုံးတွေပျောက်ရှကုန်ရသည်။စံမူနဲ့ကိစ္စ
စေကိုးသိနေခဲ့တာလား မဖြစ်နိုင်ပါဘူး ဆရာနဲ့ပြောနေတုန်းကဘယ်သူမှမရှိပဲ စေကိုးပြောတာတခြားဟာပဲနေမှာပါ မောင့်ရင်ထဲမှာ စေကိုးတယောက်ထဲကိုပဲအပိုင်စားပေးပြီးသားပါ။
_______________________________
မောင်နဲ့ မန္တလေးပြန်မဲ့အကြောင်းပြောပြီးတည်းက မောင်က ခွန်းကိုလုံးဝမဆက်သွယ်လာတော့ ဖုန်းဆက်တော့လည်း မကိုင်ပေ ဖြစ်နိုင်ရင် ခွန်းကရွာအထိကိုလိုက်သွားချင်တာ နှစ်ရက်ရှိပြီ မောင့်ဆီက ဘာအဆက်အသွယ်မှမရ ခွန်းလည်း ပြန်ရတော့မည် ။
တီလေးက ကားလက်မှတ်ဖြတ်လာပေးသည် တန်ဆောင်တိုင်ဆိုတော့ ကားလိုင်းတွေက ကြပ်နေကြတာမို့ ဈေးပိုပေးပြီး လက်မှတ်ဖြတ်လာရတာပင် ခွန်း ဒီညကားနဲ့ပြန်ရတော့မည် မောင့်ကိုနှုတ်ဆက်ချင်ပေမဲ့ မောင်ကပေါ်မလာပါ ဖုန်းပါဆက်မရ
မောင် ခွန်းကို စိတ်ဆိုးနေပြီလားမသိတော့ပါ မတတ်နိုင် နောက်မှချော့ရတော့မည် အခု မေမေကလည်း
ဖုန်းခနခနဆက်နေပြီ ပြန်မလာသေးဘူး ပြန်မလာသေးဘူးလားနဲ့ .......
ညနေငါးနာရီ ကိုလက်တံရှည်ကညွှန်ပြနေပြီမို့ တီလေးတို့ကို ခွန်းနှုတ်ဆက်လိုက်သည်။ကားက ကားကြီးကွင်းထိသွားစီးစရာမလိုတော့ပဲ အိမ်ရှေ့ထိလာကြိုပေးသည်မို့ အဆင်ပြေသည်။
ညနေခြောက်နာရီမှ တောင်ကြီးက ထွက်မှာဆိုပေမဲ့ အခုက အိမ်တွေကိုအရင်လိုက်ကြိုပေးတာမို့ ခွန်း တို့အိမ်ရှေ့ရောက်တော့ ကားဟွန်းသံပေးလာသည်။
ခွန်းလည်း တီလေးတို့ကို နှုတ်ဆက်ပြီး ကားပေါ်ကို တခါတည်း တက်လိုက်သည် ဒီမြေမှာကြာကြာနေရင်
မပြန်နိုင်ပဲဖြစ်တော့မည်မို့ ကားပေါ်သို့တခါတည်းလိုက်လာခဲ့လိုက်သည်။
ခွန်း ကားမူးမှာဆိုးလို့ တီလေးက အရှေ့နားလေး နှစ်ခုံကျော်လောက်တင်ယူပေးထားသည်မို့ အဆင်ပြေသည်။ကားပေါ်မှာ လူက ငါးယောက်လောက်သာရှိသေးသည်။ခွန်းကပြတင်းပေါက်ဘက်မှာထိုင်ရမှာမို့ အတွင်းဘက်ဆိုပေမဲ့ အဆင်ပြေပါသည်။ခွန်းဘေးခုံကတော့ လူမလာသေးပါ။
နောက်ဆုံး ကားက လူတွေအားလုံးကြိုပြီးချိန်ရောက်တော့ ညနေ ခြောက်နာရီပင် တောင်ကြီးမြို့ထဲက စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ကားစပယ်ယာကောင်လေးက အသိပေးစကားပြောသည်။
မြေပုံကျော်လာလေပြီ ရှုခင်းသာပန်းခြံကြီးကို ဖြတ်မောင်းလာချိန်တွင် ခွန်းတကယ်ကို ဝမ်းနည်းလာရသည် တကယ်ကြီး ဟိုလူကြီးရောက်မလာခဲ့ပါ ခွန်းကိုလာမနှုတ်ဆက်ဘူးခွန်းတကယ်ကို အထီးကျန်သလိုခံစားရသည်။ဒီကြားထဲ ခွန်းဘေးခုံကပါ လူမပါပေ ခွန်းတယောက်တည်းရယ် ။
ဒီကြားထဲ ကားဆရာက ကားထဲမှာ ဖွင့်ပေးထားတဲ့သီချင်းက ခွန်းလိုအဆွေးဓာတ်ခံနဲ့ လွမ်းနေရသူအဖို့တော့ နာကျင်ကြေကွဲစရာကောင်းလွန်းလှနေပြန်သည်။ခွန်းအဖြစ်က သီချင်းနဲ့ထပ်တူကျကာမျက်ရည်တွေကျမလာအောင်မနည်းထိန်းရင်း မျက်စိစုံမှိတ်ပြီး သီချင်းသာနားထောင်နေလိုက်သည်။
"အမှတ်မထင်ပဲ
ဒီမြို့ငယ်လေးမှာဆုံတယ် မင်းကိုပဲ
ငါတသက်စာဆုတောင်းမိတယ်
ဘယ်တော့ပြန်တွေ့မယ်
မသိနိုင်လည်း စိတ်ထဲမှာတော့ ယုံကြည်ဆဲ
တနေ့မှာတော့ ငါတို့တွေ
ဆုံစည်းရမယ် နင်မမေ့လိုက်နဲ့
နေဝင်ရင် ငါတို့ ခွဲရမယ်
အိမ်ပြန်ချိန် ခဏလေး .......
နှုတ်ဆက်ချိန်ရောက်လည်း
တို့နှစ်ယောက်လုံးအတွက်
အမှတ်တရအဖြစ်နဲ့............
ငါ့ရဲ့ အသည်းတခြမ်းမင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေးငါပြန်သွားတဲ့ အခါ နင်မမေ့ဖို့ရာ ခဏလောက် ဆက်သိမ်းထားပါ.......
တနေ့နေ့ မင်းလေးရှိရာမြို့ထဲ
ငါအရောက်လာမယ်......
ယုံကြည်ထားဆဲပါ ငါ့အသည်းတခြမ်းဟာ မင်းရဲ့အချစ်များနဲ့
ရှင်နေဦးမှာ............. "
သီချင်းဆုံးသွားတော့ ခွန်းလည်းအလိုလိုကျလာတဲ့မျက်ရည်စလေးကို သုတ်ရင်း မှန်ပြတင်းကနေ အပြင်ကိုသာ ငေးကြည့်နေမိသည်။
ညအမှောင်ထဲမှာတောင် မီးရောင်တွေဟိုတစဒီတစနဲ့ တောင်တန်းကြီးကို ကွေ့ပတ်ဆင်းကာ တောင်ကြီးမြို့ကြီးကို ချန်ရစ်ခဲ့ရလေပြီ။
ခွန်း ဆက်မတွေးချင်တော့တာမို့ ခုံကိုမှီပြီး အိပ်ပစ်လိုက်သည်။
"ထမင်းစားနားမယ် "
ကားပေါ်ကလူတွေလည်း အိပ်နေရာကနေ ဆူညံဆူညံနဲ့နိုးလာကြသည်
ထမင်းစားနားဖို့ ရေယောင်းမ
ရောက်မှ ကားကနားသည်။
ည 10 နာရီလောက်ကြီး ထမင်းစားရမှာ မစားချင်ပေမဲ့ အဆာပြေတခုခုစားရန် နဲ့ အပေါ့အပါးသွားဖို့ ခွန်း ကားပေါ်က ဆင်းဖို့ ဆုံးဖြတ်လိုက်သည်။မျက်လုံးကိုအားယူဖွင့်လိုက်ပြီး ထလိုက်တော့
ခွန်း ဘေးခုံက လူရှိနေသည်
ဘယ်အချိန်က တက်လာလဲ မသိ
Hoodies ကြီးနဲ့ ဦးထုပ်ပါဆောင်းပြီးအိပ်နေလိုက်သေးသည်။
ခွန်း ကားစီးတိုင်း ဘေးမှာ
သေအောင်အိပ်နေတဲ့ဟာတေနဲ့ချည်း တိုးနေရသည်။ခွန်း အဲ့လူကို ကျော်ခွကာ ကားအောက်ဆင်းလာလိုက်သည်။အပေါ့အပါးသွား စားချင်တာတေဝယ်ပြီး ကားပေါ်ပြန်လာတော့ ခွန်း ဘေးခုံက လူကမရှိတော့ သူလည်း အောက်ဆင်းတယ်ထင်ပါရဲ့ ။ခွန်း အလုပ်မှမဟုတ်တာ။
ခွန်း မုန့်တွေကို ရင်ခွင်ထဲ ထည့်ရင်း မုန့်တွေကို သေချာကြည့်ပြီးမှ
ရေသန့်ဗူးဝယ်ဖို့ မေ့သွားရသည်။
အောက်ကလည်း ပြန်မဆင်းချင်
ညဘက်ဆိုတော့ ကားဘေးမှာ ခေါင်းရွက်ပြီး လာရောင်းတဲ့အသည်တွေကလည်းမရှိ စိတ်လေသွားရသည်။
သူများတွေအားလူးကြော်ထုတ်တွေဝယ်လာတာမြင်တော့ အားလူးကြော်ပါ စားချင်လာရပြန်ကော ခွန်း အောက်ဆင်းဖို့သာ လုပ်ရတော့သည်။
"အာ့ "
အပေါ်မကြည့်ပဲ မုန့်ထုတ်တွေပြုတ်ကျမည်စိုးရိမ်တဲ့စိတ်နဲ့ ထလိုက်တာ ဘေးခုံက လူကဝင်လာတာဆိုတော့ ထိုလူနဲ့ ခွန်း တိုက်မိသွားရသည်မို့
ခုံပေါ် ဖင်ထိုင်ရက်ပြန်ပြုတ်ကျသွားရသည်။
ခွန်းရင်ခွင်ထဲ ကိုမုန့်ထုတ်ကြီးတထုပ်ပါ တူတူပြုတ်ကျလာသည်။
ဟိုလူ့မုန့်ထုတ်ကြီးပင် ခွန်းကအရှိန်ဝင်ဆောင့်လိုက်သလိုဖြစ်သွားတာမို့ ခွန်းဆီကို သူ့မုန့်ထုတ်ကြီးကျလာတာပင်။
"တောင်းပန်ပါတယ်ဗျ ကျွန်တော်ရုတ်တရက်မမြင်လိုက်လို့"
"မောင့်ကောင်လေးက
မောင့်ကိုဝင်တိုက်တာပဲ
တောင်းပန်စရာမလိုပါဘူး"
"ဟမ်"
ခွန်းရင်းနှီးနေကြအသံ ခွန်းစွဲလမ်းဖူးခဲ့သောအသံ မောင်လို့သူ့ကိုယ်သူ့သုံးနှုန်းနေကျ လူကြီး တကယ်ကြီးလားမောင်လိုက်လာတာလား ခွန်းမယုံရဲစွာ မော့ကြည့်မိတော့ တကယ်ကိုမောင်ပင် ။
ခွန်းကို ပြုံးပြီး စိုက်ကြည့်နေတဲ့
မောင့်မျက်နှာချောချောကြောင့်
ခွန်းကိုလာတောင်နှုတ်မဆက်ရလေခြင်းဆိုပြီး ဝမ်းနည်းနေသမျှအရာအားလုံးဟာ မောင့်ကိုမြင်လိုက်ရခြင်းမှာ မျက်ရည်တွေအဖြစ်အသွင်ပြောင်းကာ ခွန်းငိုကြွေးမိလေပြီ။
"စေကိုး မငိုနဲ့လေ မောင်က
စေကိုးကို အံ့ဩစေချင်လို့ဟာကို"
"ခင်ဗျားကြီး အရမ်းဆိုးတာပဲဗျာ"
နောင့်ခွန်း ခုံမှာဝင်ထိုင်လိုက်ပြီး
ငိုနေတဲ့ စေကိုးကို ပုခုံးထက်မှာ
မှီစေလိုက်သည်။
"မောင်က စေကိုးကိုပျော်သွားစေချင်တာကို အခုလို ငိုနေတော့ မောင်က ဘယ်လိုလုပ်စိတ်ကောင်းမှာလဲ
မငိုနဲ့တော့နော်"
"ခင်ဗျားက နှစ်ရက်လုံးဘာလို့ အဆက်အသွယ်မလုပ်တာလဲ"
"အာ အဲ့တာက ကိုယ့်အလုပ်တွေအားလုံးဖြတ်နေတာ စေကိုးနဲ့ မန္တလေး လိုက်လို့ရအောင် ရွာကအလုပ်တွေကိုအကုန်အပြီးဖြတ်နေရတာမို့ မအားလို့ပါ မောင်တောင်းပန်ပါတယ်"
ကားပေါ်ကလူတွေအကုန်ပြန်တက်လာပြီမို့ ခွန်းတို့နှစ်ယောက်စကားစဖြတ်လိုက်ရသည်။ကားလေးဟာလည်း မန္တလေးရွှေမြို့တော်ကြီးဆီသို့ ဦးတည်၍ထွက်ခွာလာတော့သည်။
ခွန်းကလည်း မောင့်ပုခုံးထက်မှာ အိပ်စက်၍လိုက်ပါလာခဲ့သည်။
မောင် တယောက်လုံး ခွန်းနဲ့ပါလာပြီပဲလေ တခြားဘယ်အရာကများ
အရေးကြီးဦးမလဲ ။
ချစ်ရသူနဲ့ အတူပြန်တဲ့အိမ်ပြန်ခရီးက
ခွန်း အတွက် ပြည့်စုံနေပါပြီ.........
မျိုးကြီး - မင်းရှိတဲ့မြို့
https://www.youtube.com/watch?v=VncOep7gVmA
20-9-2021
Koe: :မန္တလေးမြို့ကြီးဆီကို ကိုးနဲ့အတူ လိုက်လည်ကြပါအုံးဗျ
Thanks For Reading.
@Paing & Koe 🌸🍉
Love You All. ... 💛💛💛