book

Index 13

Part - 12

"သားခွန်း ပြန်လာတာလည်း ရုတ်တရက်ကြီး တီလေးတို့ကိုလည်းအကြောင်းမကြားဘာမကြား 

သားရယ်"


"ဟုတ် အဲ့လိုပဲဖြစ်သွားတယ် တီလေး သားလည်း ရုတ်တရက်ကြီးဆိုတော့ ဖုန်းမဆက်ဖြစ်တော့တာ"


"အေးကွယ် ဒါနဲ့ သားဘာနဲ့ပြန်လာတာလဲ"


"ရွာက အကိုတယောက်လိုက်ပို့တာ တီလေး"


"အယ် အားနာစရာတွေသားရယ် ဧည့်သည်ကို အိမ်ထဲမခေါ်ဘူးလား"


"အာ သားမေ့သွားတယ် "


"ရှိသေးလား ခေါ်လိုက်ပါဦးသားရယ်"


"ပြန်သွားပြီ တီလေး သားကိုပို့ပေးပြီး တခါတည်းပြန်သွားတာ"


"အားနာစရာကောင်းလိုက်တာ 

သားရယ် သားလည်း ခရီးပန်းလာမှာပေါ့ နားချင်နားလေ 

နေ့လည်စာစားမလား တီလေးပြင်ပေးမယ်"


"ဟုတ် သားနေ့လည်စာ အရင်စားလိုက်မယ်လေ ပြီးမှနားတော့မယ်"


"အေးအေး သားပစ္စည်းတွေထားပြီးဆင်းခဲ့လေ တီလေးပြင်ထားပေးမယ်"


"ဟုတ် တီလေး"


ခွန်း ရွာကလူတွေပေးလိုက်သော လက်ဆောင်ထုပ်တွေကောဘာကောအကုန် အိမ်ပေါ်သာ သယ်လာလိုက်သည်။အခန်းထဲမှာ ပစ္စည်းတွေချခဲ့ပြီး နေ့လည်စာစားရန် ပြန်ဆင်းလာတော့မှ ဟိုလူကြီးကော နေ့လည်စာစားပါ့မလားဆိုတာ တွေးမိပြီး 

ခွန်းကိုယ့်ဘာသာ သာ 

အပြစ်တင်လိုက်မိသည်။


"တီလေး သားဘာသာ လုပ်လိုက်ပါ့မယ် ရတယ် တီလေးကပွဲရုံအလုပ်တွေနဲ့ပင်ပန်းနေတာကို "


"ရပါတယ် သားခွန်းရယ် တီလေး ဒီလောက်ကတော့ လုပ်နိုင်ပါတယ်"


"ကျေးဇူးပါ တီလေး"


"သား အေးဆေးစားနော် လိုတာရှိရင် တီလေးကို လှမ်းအော်လိုက် 

တီလေး ညနေကုန်ချိန်ဝင်မဲ့ပစ္စည်းတွေစာရင်းလုပ်နေလို့"


"ဟုတ် ရတယ် သွားသွားတီလေး သားဘာသာ လုပ်လိုက်မယ်"


တီလေးထွက်သွားမှ ခွန်းနေ့လည်စာကိုအေးဆေးစားလိုက်သည်။

အစားစားပြီးတော့ အိပ်လည်းမအိပ်ချင်သေးတာမို့ အပြင်ထွက်ပြီးလမ်း

ခနလျှောက်ရန်စဉ်းစားလိုက်သည်။


တီလေးတို့ အိမ်ရှေ့လမ်းကြားလေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးချမ်းလှသည်။အိမ်တိုင်း အိမ်တိုင်းရှေ့မှာ ထိုင်ခုံလေးတွေ ရေချမ်းစင်လေးတေ ချထားကြသည်။
လမ်းဘေးတဖက်တချက်ဆီမှာလည်း စိန်ပန်းပြာတွေနဲ့ ချယ်ရီတွေကရောထွေးကာ အစီအရီပေါက်နေကြသည်မှာ အရိပ်လည်း ရ လှလည်းလှသည်။

နွေရာသီဆို စိန်ပန်းပြာတွေအစွမ်းကုန်ပွင့်ပြီး လှတတ်သလို ဆောင်းရာသီဆို ချယ်ရီပန်းတွေကတဖန်အလှဆင်ကာ ပွင့်လန်းကြသည်။

အခုက ဆောင်းတွင်းဆိုတော့ ချယ်ရီတွေက ဟိုတစဒီတစ ပွင့်ခါစအချိန်ဆိုပေမဲ့ လှလွန်းပါသည်။

ခွန်း လမ်းလျှောက်ပြီး အိမ်ပြန်လာတော့ ဘယ်သူမှမတွေ့တာမို့ အိမ်ပေါ်က ကိုယ့်အခန်းထဲ ကိုယ်သာ ပြန်ဝင်လာပြီးနေနေလိုက်သည်။

တီလေးတို့မိသားစုပြန်လာချိန် တွင် ညက 7 နာရီကျော်နေပေပြီ။
တီလေးတို့က အိမ်ပြန်နောက်ကျတာမို့ အပြင်ကပဲ ဟင်းတွေဝယ်လာတာမို့ ခွန်းတို့တူတူ ဝိုင်းဖွဲ့စားကြသည်။

ခွန်း အကြိုက် ဝက်ချိုချဉ်ကြော် နဲ့ စွန်တန် ဟင်းချို ရယ် ခရမ်းချဉ်သီးကျောက်စိမ်းသုပ် ဆိုတော့ ခွန်းလည်း စားကောင်းကောင်းနဲ့ ထမင်းစားများသွားရသည်။

စားသောက်ပြီး အိပ်တော့မယ် ဆိုမှ လူက စိတ်အခြေနေမကောင်းတော့ ဟိုလူကြီးဖုန်းဆက်မယ်ဆိုပြီး ဆက်လည်းမဆက် ခွန်းဆက်တော့လည်း ကိုင်မဲ့သူမရှိ စိတ်တိုတိုနဲ့ ဖုန်းလည်း လူနဲ့ဝေးရာကို ပို့ထားလိုက်သည် line လည်းသုံးချင်စိတ်မရှိတော့တာမို့ အိပ်မယ်ဆိုမှ အေးစက်စက် အိပ်ယာထက်မှာ ခွန်းတယောက်တည်း 
ဟိုလူကြီးကို ပိုလွမ်းလာရသည်။

အရင်ဆို ဆောင်းတွင်းချမ်းနေမယ်ဆိုပြီး ခွန်းကို အကြောင်းအမျိုးမျိုးပြကာ ဖက်ထားတတ်တဲ့လူကြီးက အခုကျ အနားမှာလည်း မရှိ ဖုန်းကျတော့လည်း မကိုင် တကယ်စိတ်တိုချင်စရာကြီး ဘေးနားရှိတဲ့ ခေါင်းအုံးကြီးကိုသာ စိတ်ရှိလက်ရှိကိုက်ဖဲ့နေမိသည် ။

ခွန်း အိပ်မပျော်ပေမဲ့လည်း အတင်းကြိုးစားကာ ကြိတ်မှိတ်အိပ်ပစ်လိုက်သည်။


_____________________________________

တယောက်တည်း နိုးထလာရတဲ့ မနက်က တကယ်ကို ခြောက်ကပ်ကပ်နဲ့ နေလို့ထိုင်လို့မကောင်းချင် ခွန်းအိပ်ချင်မူးတူးနဲ့ ခွန်းအကျင့်ပါနေသော လက်တဖက်က နံဘေးက နေရာကို စမ်းမိပြီးမှ အခုက
တောင်ကြီးအိမ်ပြန်ရောက်နေတာပဲဆိုပြီးကိုယ့်ဘာသာ ပြန်နှစ်သိမ့်ရသည်။

မျက်နှာသစ်ပြီး အိမ်အောက်ကို ဆင်းလာတော့ တီလေးတို့က ပွဲရုံသွားဖို့တောင်အဆင်သင့်ဖြစ်နေကြပြီ။

"သား ခွန်း တီလေး မနက်စာကို စားပွဲပေါ်မှာပြင်ပေးခဲ့တယ် စားလိုက်နော် မနေ့ညက ဝင်ထားတဲ့ ကုန်တွေက ဒီမနက် ကားတင်ပေးရမှာမို့ 
တီလေး လိုက်မှဖြစ်မှာမို့"

"ဟုတ်ရတယ် တီလေး သားကို ပူမနေနဲ့ သားဘာသာစားတတ်ပါတယ်"

"အေးဟယ် တီလေးကလည်း သားပြန်လာတဲ့ရက်မှများ အလုပ်တွေရှုပ်နေလိုက်တာ မနက်ဖြန်ဆိုရင်တော့ 
ပြီးပါပြီ"

"ဟုတ်ပါပြီ တီလေးရဲ့ အပြန်ကျရင်မုန့်ဝယ်ခဲ့နော် အဲ့တာဆို"

"သားခွန်းရယ် ကလေးလေးကျနေတာပဲ "
 
"ဟီး သွားမယ်ဆို တီလေးနောက်ကျနေမယ် သွားတော့လေ "

"အေးအေး သားအပြင်သွားချင်ရင်သွားလို့ရအောက် ကားတစီးထားခဲ့ပေးမယ်နော် "

"ဟုတ် တီလေး"

ခွန်းလည်း မနက်စာစားဖို့ကြည့်လိုက်တော့ ဝက်သားချဉ်နဲ့ငါးထမင်း ပြင်ပေးထားသည်။ခွန်းအကြိုက်တွေမို့ 
အပီအပြင်ကြိတ်တော့သည်။

မနက်စာစားပြီးတော့ လူကယောင်ချာချာရယ် ဒီချိန်ဆို ဟိုလူကြီးကလည်း အခင်းတွေဘက်ဖြစ်ဖြစ် စခန်းတွေဘက်ဖြစ်ဖြစ် ရောက်နေမှာ ဖုန်းဆက်ရင်မတွေ့ဖို့များသည်မို့ မခေါ်တော့ပေ။ခွန်းမြို့ထဲလျှောက်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။

တီလေးထားခဲ့တဲ့ ကားနဲ့မြို့ထဲသာထွက်လာခဲ့လိုက်သည်။

အိမ်ကမနက်စာစားလာပေမဲ့ အစားအစာကို မေတ္တာရှိ‌လွန်းသော ခွန်းကတော့ အရှေ့မြို့ပတ်လမ်းက Burger House နားက တို့ဖူးနွေးဆိုင်ဆီ အရင်ဆုံးဦးတည်လိုက်ပြီး တို့ဖူးနွေးသွားစားလိုက်သည်။ ဒီအချိန်က တက္ကသိုလ်တွေမဖွင့်သေးတာမို့ 
စိတ်အေးလက်အေးရှိမဲ့နေရာအဖြစ် တောင်ကြီးတက္ကသိုလ်ဘက်ကို ဆက်မောင်းပြီး ကျောင်းထဲမှာ ပတ်ကြည့်နေလိုက်သည် ခွန်းက ရတနာပုံကျောင်းသားဆိုတော့ တောင်ကြီးတက္ကသိုလ်မှာလဲ ဘာများရှိမလဲ အကုန်လျှောက်ပတ်ကြည့်‌နေလိုက်သည်။ကျောင်းဝင်းထဲက မြို့ထဲထက်ပိုအေးသည် ကျောင်းအဝင်လမ်းက library ရှေ့ကချယ်ရီပင်ကြီးမှာ နှစ်ချို့ပင်ကြီးလားမသိ ပင်စည်အကြီးကြီးနဲ့အပွင့်တွေကလည်း 
ဝေဝေဆာဆာ လှသည်။ခွန်း ဓာတ်ပုံတွေရိုက်လိုက် selfie ဆွဲလိုက်နဲ့ တ‌ယောက်တည်း အလုပ်တွေရှုပ်နေပြီး ဗိုက်ပြန်ဆာလာတာမို့ ကျောင်းအပြင်ဘက်ကိုထွက်ကာ မုန့်ဆိုင်ရှာလိုက်သည်။ကျောင်းရှေ့နားက ဆိုင်တေက အဝေးသင်တွေရှိတာမို့ ဖွင့်ထားတော့ အဆင်ပြေသည်။

နေ့လည်စာအဖြစ် ပသျှူး ထမင်းကြော် တပွဲ စားလိုက်ပြီး မြို့ထဲဘက်ပြန်ဝင်လာကာ မန္တလေးကလူတွေဖို့ လက်ဆောင်ဝယ်ရန် မြို့မဈေးဘက်ပြန်မောင်းခဲ့လိုက်သည်။

ဈေးဝယ်ပြီးလူကတော်တော်ညောင်းနေပြီ ညနေ3 နာရီလည်းကျော်နေပြီမို့ အိမ်ပြန်ရန် ဈေးအပြင်ထွက်လာတော့ ညဈေးတန်းဘက်က တချို့ဆိုင်တွေက စခင်းနေလေပြီ ခွန်းလည်း အားနာပါးနာနဲ့ မုန့်ထပ်စားဖို့ ပါးစပ်လေးကိုအလုပ်ပေးလိုက်သည်။

မိန်းလမ်းမကြီးဘေးက ဈေးအပြင်ဘက်တန်းတွင် စီတန်းဖွင့်ထားသော အကင်သည်လေးတွေ အသုပ်သည်လေးတွေဆီကို ခြေဦးလှည့်ပြီး 
ဟိုရှာဒီရှာလုပ်ရင်းမှ ဝက်သားတုတ်ထိုးသည်ကြီးကို အမြင်အာရုံအားလုံးစုပုံပစ်လိုက်သည်။

ခွန်း အေးအေးလူလူပင် ဝက်သားတုတ်ထိုး စားလိုက် ကြာဇံကြော်လေးစားလိုက် ဘေးနားကအသည်ဆီက ကော်ပြန့်ကြော်လေးပါဝယ်စားလိုက်သေးသည်။အစားစားရင်း မျက်စိကိုလည်းအလုပ်ပေးထားလိုက်သးသည်။ဘေးကိုသာ ပတ်ငမ်းနေရင်းမှ ဝက်သားတုတ်ထိုးသည်ကြီးရဲ့ အနောက်က စာအုပ်ဆိုင်လေးဆီလှမ်းကြည့်မိတော့

"ဝါး ချောလိုက်တာ "

စာအုပ်ဆိုင်နဲ့စတိုးဆိုင်ပါ တွဲထားပုံရသည့် ဆိုင်လေးက ကောင်လေးတွေက အသက်က‌ခွန်းလောက်သာ ရှိဦးမည်ထင်သည် ငယ်ငယ်ချောချောလေးတွေမို့ တုတ်ထိုးစားလိုက် အဆင်ငမ်းလိုက်နဲ့ အဆင်ကိုပြေနေရောပဲ။

ဟိုလူကြီးလား အဲ့လူကြီးအကြောင်းတော့ မပြောချင်ဘူး စိတ်ကောက်နေတယ် အဲ့တာမို့ သူ့ကိုစိတ်ကောက်တဲ့အနေနဲ့ မျက်စိရှေ့ပေါ်လာတဲ့ အဆင်လေးကို ငမ်းနေလိုက်သည်။

ရှပ်ကွက် အပြာလေးနဲ့ လည်ဂုတ်ထက်က အတောင်ပံပုံတက်တူးလေးနဲ့ ကောင်လေးက အချောဆုံးပင် ခွန်းမပြန်မချင်း ဒီဆိုင်မှာ ညနေတိုင်းဝက်သားတုတ်ထိုး လာစားဖို့ဆုံးဖြတ်လိုက်သည်။

"သား ပြန်လာပြီလား"

"ဟာ တီလေးတို့က အစောကြီးပြန်ရောက်နေတာပဲ"

"အင်း သားဦးလေးတော့မရောက်သေးဘူး အလုပ်ပါးသွားပြီမို့ တီလေးပြန်လာတာ"

"သားဗိုက်ဆာနေပြီလား တီလေးမုန့်ဝယ်လာတယ်"

"ဟင့်အင်း သားအခုမှ တုတ်ထိုးစားလာတာတီလေး"

"အဲ့တာဆိုလည်း ပြီးတာပါပဲ သား
တနေကုန်လျှောက်သွားထားတာ ညောင်းနေမှာပေါ့ ရေချိုးရင်ချိုးလေ"

"ဟုတ် တီလေး ဒါနဲ့လေ သားကို 
မစောင့်နဲ့နော် ညစာစားရင် 
သားအပြင်ကမုန့်တေစားလာတာများနေလို့ စားချင်မှစားတော့မှာ"

"အေးအေး သားဗိုက်ဆာတဲ့အချိန်မှထစားလေအဲ့တာဆိုလည်း တီလေးတို့စားနှင့်လိုက်မယ်"

"ဟုတ် အဲ့တာဆို သားရေသွားချိုးဦး‌မယ်"

"အေးအေး သား"

ခွန်း ခနနားကာ ရေချိုးလိုက်သည်။အောက်ထပ်လည်း ပြန်မဆင်းချင်တော့တာမို့ ဖုန်းကြည့်နေစဉ်

"I love it when you call me Senorita ............"

" Hell. ..."

"ဘာလုပ်နေလို့ ခင်ဗျားကြီးခုချိန်မှ ဖုန်းဆက်တာလဲ"

"ကိုယ်လုပ်စရာလေးတွေ တချို့ လက်စသတ်နေလို့ပါ မနေ့က ကိုယ်အလုပ်တွေအားလုံးပြီးသွားတော့ တော်တော်နောက်ကျနေပြီမို့ 
စေကိုး အိပ်ပျော်နေပြီထင်လို့ 
မဆက်တော့တာပါ "

ဒီလိုကျတော့ လည်း ခွန်းအတွက်တွေးပေးတဲ့ဒီလူကြီးက ချစ်စရာကောင်းနေပြန်ရော စိတ်ဆိုးနေတာလေးတောင် ဘယ်ဆီရောက်သွားမှန်းမသိ

"ဆင်ခြေဆင်လက် ဆင်နားရွက်အပြည့်ပဲနော် ခင်ဗျားကတော့"

"မောင် လို့ခေါ်ပါဆိုကွာ ခင်ဗျား ခင်ဗျားနဲ့ မခေါ်ပါနဲ့ဆို"
 
"ခေါ်ချင်သလိုခေါ်မှာပဲ ဘာလဲ 
မကျေနပ်ဘူးလား ငြိုငြင်တာလား"

"မငြိုငြင်ရပါဘူးဗျာ ခေါ်ချင်သလိုသာခေါ်ပါတော့ ဒါပေမဲ့ 
စေကိုး ကလေ မောင်လို့ ခေါ်ရင်အရမ်းနားထောင်ကောင်းတာဗျ"

ခွန်းမှာဖုန်းပြောရင်း ပြုံးစိစိကြီးနဲ့ ဒီလူကြီးစကားတတ်ပုံနဲ့ ကြာရင်ခွန်းနှလုံးရောဂါရနိုင်တယ် ရင်ခုန်ရလွန်းလို့
  
"မောင် "

"အာ ကိုယ့်နှလုံးခုန်သံကို ဖုန်းထဲကနေကြားရလား စေကိုး မောင်လို့ခေါ်လိုက်တာနဲ့ ကိုယ့်နှလုံးသားလေးကအပြင်ထိ ခုန်ထွက်လာ‌တော့မလိုခုန်နေတာ "

"အေးအေး ခင်ဗျားကြီး အဲ့လိုအပိုတွေလုပ်နေလိုက်"

"အတည်ပြောတာပါ စေကိုး ညစာစားပြီးပြီလား "

"မုန့်စားထားလို့ ဗိုက်ပြည့်နေတယ် "

"ဟုတ်ပါပြီ ကိုယ့်ကိုလွမ်းလား "

"ဘာမှလည်းမဆိုင်ဘူး"

"ဆိုင်လိုက်ပါကွာ"

ခွန်းနဲ့ မောင်နဲ့ ဖုန်းတွေပြောရင်း ည 12 နာရီ ဘယ်လိုကျော်သွားမှန်းမသိလိုက် ဟိုလူကြီးကချွဲလိုက် ခွန်းကရစ်လိုက်နဲ့ ဘာတေပြောနေမှန်းလည်း
မသိတော့။

(A/N:ဒီလိုFeelingကိုFaတွေမသိဘူး)

"အိပ်တော့ မနက်ဖြန် ခင်ဗျား 
အခင်းတွေဘက်သွားရမှာမလား"

"အင်း ရှိတော့ရှိတယ် စေကိုး 
အသံလေးကြားချင်သေးလို့ပါ"

"နောက်မှ အဝနားထောင် အခုတော့အိပ်တော့နော် ‌အလုပ်တွေကလည်းပင်ပန်းသေး အိပ်ရေးပါမဝရင် ခင်ဗျား ရုပ်ဆိုးကြီးဖြစ်သွားလိမ့်မယ်"
 
"ရုပ်ဆိုးရင် စေကိုးက မောင့်ကိုမချစ်တော့ဘူးလား"

"မချစ်တော့ဘူး ထားခဲ့မှာ "

"ဘာပြောတယ် "

"ကြားတဲ့အတိုင်းပဲ အဲ့တာမို့ 
အိပ်တော့"

"မောင် စိတ်မကောင်းဖြစ်သွားပြီ 
အိပ်လို့ပျော်ပါ့မလားပဲ"

"မောင်က လိမ်မာပါတယ်ကွာ 
အိပ်တော့နော် အာဘွား"

"မောင့်ရဲ့ စေကိုးလေးကချစ်ဖို့ကောင်းလိုက်တာကွာ"
 
"အိပ်ပြီနော် အဲ့တာဆို မောင်လည်း အိပ်တော့ Goodnight"

"Goodnight စေကိုး "

ရင်ခုန်သံတွေကို ထိန်းချုပ်ရင်း နေရာ‌မတူပေမဲ့ စိတ်ချင်းဆက်နေတဲ့ကောင်လေး နှစ်ယောက်ကတော့ တော်တော်နဲ့အိပ်မပျော်ကြပါဘူး။

____________________________________

မနေ့ညက ညနက်အောင် စကားတွေပြောကြပြီး မနက်ရောက်တော့
အမောင်ခွန်းတို့မနိုးတော့ပါ။

ဆောင်းတွင်းဆိုတော့ နေဖင်ထိုးစရာအကြောင်းလည်းမရှိ နေကသူ့ဘာသာတောင် မြူတွေကြားကမထွက်နိုင်ဘူး။

"I love it when you call me Senorita .............."

"I love it when you call me Senorita ..............."

"ဟာ အိပ်ကောင်းနေတာကိုကွာ 
ဘယ်ကဟာတွေက အလိုက်ကန်းဆိုး
မသိဖုန်းခေါ်နေရတာလဲ"

" Hello "

ခွန်း စိတ်တိုတိုနဲ့ပိတ်အော်ပစ်လိုက်သည် အိပ်ချင်မူးတူးနဲ့ဆိုတော့ဖုန်းနံပတ်လည်းသေချာမကြည့်

"ဟာ အိပ်ပုတ်လေးမထသေးဘူးလား ဖြည်းဖြည်းအော်ပါ မောင်နားမကန်းသေးပါဘူး"

နောင့်ခွန်း ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။သူအိပ်နေတဲ့အချိန် ဖုန်းဆက်လို့ စိတ်‌တိုနေမဲ့ကောင်လေးရဲ့မျက်နှာပါပြေးမြင်လာရသည်။

"ဟမ် ခင်ဗျားကြီး မနက်အစောကြီးဗျာ ဘာလုပ်ဖို့ ဖုန်းဆက်တာလဲ"

"မစောတော့ပါဘူး 8 နာရီထိုးတော့မယ်လေ"

"အဲ့တာစောသေးတယ်ဗျ 
မသိရင်မှတ်ထား"

"ဟုတ်လား မောင်တောင် မင်းအိမ်ရှေ့ရောက်နေပြီ"

"အင်းးးးး ဗျာ ဗျာ ဘာပြောလိုက်တယ်"

"ကိုယ် တီလေးတို့အိမ်ရှေ့မှာ "

"မဟုတ်ပဲနဲ့"

"မယုံရင် ထွက်ကြည့်ဗျာ"

ခွန်း ကုတင်ပေါ်က ပြေးဆင်းကာ ပြတင်းပေါက်ကို ဖွင့်ကြည့်တော့ တကယ်ကြီး စိန်ပန်းပြာပင် အောက်မှာ ဆိုင်ကယ်ရပ်ထားပြီး ခွန်းအခန်းဆီကို လှမ်းကြည့်နေတဲ့လူကြီးကို 
တွေ့လိုက်ရသည်။

"ခင်ဗျား အဲ့မှာခနစောင့်နေ ကျွန်တော် မျက်နှာသစ်ပြီးထွက်ခဲ့မယ်ခနပဲစောင့်နော်"

"ဖြည်းဖြည်းလုပ်ပါ ကိုယ်စောင့်နိုင်ပါတယ်"

"အွန်း ဘဲကြီး ခနစောင့်နော် ကျွန်တော် ထွတ်လာခဲ့မယ် "

ဆောင်းတွင်းမနက်အေးအေးကြီးလည်းမတတ်နိုင်ပါ ချစ်ရသူလေးနဲ့ သွားတွေ့ရမှာမို့ ရေအမြန်ချိုးလိုက်သည် မျက်နှာသစ်ခြင်းနဲ့သွားတိုက်ခြင်းပါ တခါတည်းအမြန်လုပ်လိုက်သည်။ခွန်း အဝတ်အိတ်ထဲမှာပါတဲ့အကောင်းဆုံးတစုံကို ဆွဲထုတ်ပြီး 
အမြန်ဝတ်လိုက်သည်။

ပြီးတော့ ကိုယ်ဟန်အနေအထားကို မှန်ရှေ့မှာသေချာကြည့်ပြီး ပြည့်စုံပြီးဆိုမှ အိမ်အောက်ကို ဆင်းလာလိုက်သည်။

ခွန်းအခြေအနေကြည့်ကာ ဟိုကြည့်ဒီကြည့်လုပ်နေချိန်
အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့ တီလေးနဲ့ တည့်တည့်တိုးလေသည် 

"သားခွန်း ဘယ်သွားမလို့လဲ "
 
"အမ် ဟမ် တီလေး အဟမ်းး သား အပြင်သွားမလို့ပါ "

"မနက်စာကော သား"

"သား သူငယ်ချင်းတယောက်နဲ့ ချိန်းထားလို့ အပြင်မှာပဲစားလိုက်တော့မယ် သွားပြီနော်  တီလေး"

"ဟဲ့ ဟဲ့ ဖြည်းဖြည်း"

ဝရုန်းသုန်းကားပြေးထွက်လာတဲ့ 
ခွန်းကို တီလေးကတော့ အနောက်ကနေ အော်နေလေပြီ။

"ဟူး မောလိုက်တာ အဲ့တာ ခင်ဗျားကြောင့်"

"ဟောဗျာ မောင်လည်း ဘာမှမလုပ်မိပါဘူး "

"အဲ့တာတွေအသာထားစမ်းပါ အခုမြန်မြန်မောင်း တီလေးတွေ့သွားလိမ့်မယ်"
 
"ဟုတ်ပြီ ဟုတ်ပြီ"

နောင့်ခွန်း လည်း စေကိုး ကြည့်ရတာ မနက်စာမစားရသေးတဲ့ပုံမို့ 
တောင်ခြေနားက မြီးရှည်ဆိုင်ကိုသာ မောင်းခဲ့လိုက်သည်။
ဆိုင်ရောက်မှ အမောဖြေနိုင်တော့သည်။

"ခင်ဗျား က မန္တလေးသားကို 
မြီးရှည်ပြန်ကျွေးနေတာလား"

"မန္တလေး မြီးရှည်နဲ့ တောင်ကြီးမြီးရှည်မတူဘူးဗျ ဒါက ဖက်ထုပ်အစိုကြော်နဲ့ တွဲစားရင်ကောင်းတယ် 
ကိုယ်ဆိုတောင်ကြီးရောက်တိုင်း ဒီဆိုင်မှာပဲစားဖြစ်တယ်"

"ဒါနဲ့ ခင်ဗျားကအကြောင်းမကြား ဘာမကြား ဘယ်လိုလုပ်ရောက်လာတာလဲ "

"စေကိုး ကို အံ့ဩစေချင်လို့လေ"

"ခင်ဗျားဗျာ"

ခွန်း ရှက်ရှက်နဲ့ ခေါင်းသာငုံ့ထားမိသည်။

"ခင်ဗျား ဘယ်အချိန် ထမောင်းလာလို့ ဒီအချိန်ကြီးရောက်လာတာလဲ"

"မနက် လေးနာရီ"

"ခင်ဗျား သေချင်နေတာလား အဲ့အချိန်မောင်းတာ ဘယ်လောက်အန္တရာယ်များလဲ မသိဘူးလား"

"ကိုယ် အခု စေကိုးဆီရောက်နေပြီလေ ဘာမှမဖြစ်ပါဘူး"

"အဲ့တာ မဖြစ်လို့ပြောနိုင်တာလေဗျာ နောက်ခါဆို အဲ့လိုမလုပ်ပါနဲ့ဗျာ"

"ဟုတ်ပါပြီ စေကိုးစကားနားထောင်ပါ့မယ်"

မြီးရှည်နဲ့ဖက်ထုပ်ကြော်စားပြီးတော့ ခွန်းအတွက် ဘဲကြီး ငှဲ့ပေးထားတဲ့ အခါးရည် လေးသောက်လိုက်သည်။
 
"ဘယ်သွားချင်လည်း စေကိုး ဒီနေ့တနေ့လုံး မောင်က စေကိုးအနားမှာရှိနေပေးမှာ"

"ကျွန်တော်ကအေးအေးဆေးဆေးရှိတဲ့နေရာပဲသွားချင်တယ်"

"အရင်ဆုံး ဘုရားသွားမလား အဲ့တာဆို ဘုရားပေါ်တက်ကြမယ်လေ"
 
"ဟုတ်ပြီ သွားတာပေါ့"

ဘဲကြီးက ကျသင့်ငွေထုတ်ရှင်းလိုက်ချိန် ဘဲကြီး အိတ်ထဲက ပိုက်ဆံအထပ်လိုက်ကို မြင်တော့ ခွန်းနည်းနည်းမျက်လုံးပြူးရသည် ဒီလူကြီး 
အဲ့လောက်ပိုက်ဆံတွေအများကြီးထည့်ပြီးသွားနေတာ ရိုက်လုခံရမှာမကြောက်ဘူးလား မသိဘူး

နောင့်ခွန်း တို့ စူဠာမုနိစေတီတော်ဆီသို့ရောက်ချိန် ဆိုင်ကယ်ရပ်ရန် နေရာမှာ ဆိုင်ကယ်ရပ်ပြီး နှစ်ယောက်သား ဘုရားထဲဝင်ခဲ့ကြသည်
ဘုရား‌နားက ပန်းရောင်းတဲ့ကလေး
ဆီက သပြေပန်းတွေအပြင် 
ဇွန်ပန်းကုံးတွေပါဝယ်ခဲ့သည်။

ယောက်ျားလေးနှစ်ဦးမို့ ဘာမှထွေထွေထူးထူး အပိုသိပ်မလုပ်ဖြစ် ဘုရားကိုပန်းကပ်သည် အလှူခံပုံးတွေမှာ ပိုက်ဆံလှူသည် စေကိုးရဲ့ နေ့နံ့ထောင့်နဲ့ နောင့်ခွန်းရဲ့ နေ့နံ့ထောင့်မှာ ရေသပ္ပာယ်ကြသည်။

ဘုရားကန်တော့နေတဲ့ ကောင်လေးရဲ့
ပုံရိပ်တွေက တည်ကြည်လွန်းသည် ။

"ဘုရားပေါ်က ဆိုင်တဆိုင်မှာထိုင်ချင်လား စေကိုး ဒါမှမဟုတ် ဘယ်သွားချင်လဲ "

"ကျွန်တော် ဗိုက်မဆာသေးဘူး "

"အဲ့တာဆို ဘယ်သွားချင်လဲ လည်စရာတွေတော့ရှိပေမဲ့ ကိုယ်တို့နှစ်ယောက်တွေ့ဖို့ အချိန်မရှိတော့ပဲနေမယ် သွားရမဲ့နေရာတွေကဝေးတယ် "

"အဲ့တာဆိုလည်း ဒီအတိုင်းပဲ တနေရာရာ သွားကြရအောင်"

"အိုခေ လာတက်"

"ဘယ်သွားမို့လဲ "

"ရောက်ရင် သိမယ်"

ခွန်းလည်း အပိုမဆိုတော့ပဲ ဘဲကြီးနောက်ကနေသာ လိုက်လာလိုက်သည်။

"ဝါး လှလိုက်တာ "

"စေကိုး သဘောကျရင် ပြီးတာပါပဲ "

အတွဲလေးတွေတွေ့ပေမဲ့ လူရှင်းသည် တိတ်ဆိတ်သည့် ထင်ရှူးတောဘက်သာ ခေါ်လာခဲ့သည်။ထင်ရှူးပင်ကြီးတေနဲ့ အုံမှိုင်းနေပြီး ရာသီဥတုကလည်း အေးစိမ့်နေကာ အေးအေးချမ်းချမ်းရှိသည်။

"ဒါနဲ့ မြို့ထဲမှာ လူတွေရှုပ်နေတယ်ကော အရင်နေ့ကအဲ့လောက်မရှုပ်ပါဘူး"

"မနက်ဖြန်ဆို တောင်ကြီး တန်ဆောင်တိုင် စပြီလေ စေကိုးရဲ့ "

"အော် အဲ့တာကြောင့်မို့ကို"

"အွန်း မောင်နဲ့တူတူမလည်ချင်ဘူးလား"

"လည်တော့လည်ချင်ပါတယ် ဒါပေမဲ့ လူအရမ်းတိုးရမှာကြီး တွေးမိရင် မလည်ချင်ဘူး"

"မောင် တယောက်လုံးပါတာပဲ မပူနဲ့ ဟုတ်ပြီလား"

"မောင့်ကိုလွမ်းနေတာ "

ခွန်း မောင့်ရင်ခွင်‌ထဲဝင်ကာ အချွဲတွေပိုနေမိသည်။မောင်ကလည်း 
ခွန်းပြောသမျှ ဟုတ်ကဲ့ဆိုတာချည်းပဲ ခွန်းတို့အတွက် တကယ်ကိုကြည်နူးစရာအခိုက်အတန့်လေးပါ။

"မောင် နေ့လည် နှစ်နာရီကျော်နေပြီ မောင်ရွာအထိမောင်းပြန်ရမှာမလား "

"အင်း ရပါတယ် ဒီလမ်းဒီခရီး ကိုယ် ကျွမ်းပြီးသားပါ "

"မောင့်ကို စေကိုးက စိတ်ပူတယ်လေ မရဘူး မောင်စောစောပြန်နော်"

"ဘာလဲ မောင်နဲ့မတွေ့ချင်တော့ဘူးလား"

"တွေ့ချင်တာပေါ့ ခွဲကိုမခွဲချင်တာ "

"စိတ်ချပါ အဲ့လိုအခြေအနေဖြစ်အောင် မောင်ဖန်တီးပေးမှာပါ"
  
"ဟုတ်ပါပြီ အခု‌တော့ပြန်ရအောင်နော် မောင်က စေကိုးကိုလည်း လိုက်ပို့ပေးရဦးမှာလေ"

"ဟုတ်ပါပြီ အဲ့တာဆိုလည်း သွားတာပေါ့ "

"ဟုတ်"

"မောင့်ကို ဖက်ထားနော် ပြုတ်ကျမယ်"

"မောင်မပြောလည်း ဖက်မှာ ပူမနေနဲ့"

နောင့်ခွန်းတို့ ထင်းရှူးတောက ထွက်ကာ မြို့ထဲပြန်မောင်းလာခဲ့သည်။

"မောင် မောင် ခနခန ရပ် ရပ် "

နောက်ကအော်ပြောလာတဲ့ စေကိုးကြောင့် နောင့်ခွန်းလန့်သွားကာ 
မီးပွိုင့်ကို ကျော်ပြီးမှရပ်လိုက်သည်။

"ဘာလို့လဲ စေကိုး "

"မောင် ဟိုဘက်လမ်းကူးရအောင် ဆိုင်ကယ် ဒီဘက်မှာထားလို့ရတယ်မလား "

"ရတယ် ဟိုဘက်ကို ပြန်ကွေ့ယူပေးမယ် ဘာလို့လဲ"

"ဟို‌မှာလေ တွေ့လား ဝက်သားတုတ်ထိုးသည် တုတ်ထိုးစားချင်လို့"

"အဲ့တာများစေကိုးရယ် ကိုယ့်မှာ လန့်သွားတာပဲ ဘာများဖြစ်တာလဲလို့"

"ဟီးးးး တုတ်ထိုးစားချင်လို့"

"ဟုတ်ပြီ စားရစေမယ် ခနလေး ဟိုဘက်ပြန်ကွေ့ပေးမယ် ဒီနားရပ်လို့မရဘူး"

"အောခ အောခ"

ဝက်သားတုတ်ထိုး စားရင်ကနေ 
စေကိုးတယောက်အငြိမ်မနေ 
ဘာတွေရှာနေသည်မသိ ဟိုကြည့်ဒီကြည့်နဲ့

"စေကိုး ဘာတွေရှာနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး "
  
"ဘာမှမဟုတ်ဘူးလည်း ပြောသေးတယ် ဟိုကြည့်ဒီကြည့်နဲ့"
 
"တကယ် ဘာမှမဟုတ်ဘူးလို့"

"တုတ်ထိုးက စားလို့ကောင်းတယ်လေ မောင်ကောစားလေ"

နောင့်ခွန်း တုတ်ထိုးစားမို့ ယူတုန်းပဲရှိသေးသည်။

"အား တွေ့ပြီ"

"ဟမ် ဘာတွေ့တာလဲ"

နောင့်ခွန်းလည်း စေကိုး ကြည့်တဲ့ဘက် လိုက်ကြည့်လိုက်တော့
ကောင်လေးချောချောလေး တယောက် စကားတွေပြောပြီး ရီနေသည်။ လည်ပင်းမှာလည်း တက်တူးတေနဲ့ ရှပ်ကွက်အဝါလေးနဲ့
သဘောပေါက်လိုက်ပါပြီ စေကိုး 
ဒါလေးကို ငမ်းချင်လို့ နောင့်ခွန်းကို အတင်းရပ်ခိုင်းတာကို ဆိုင်ကယ်ကို 

"စေကိုး "

အသံမာမာနဲ့အံ့ကြိတ်ခေါ်လိုက်တော့

"ဗျာ ဗျာ "

"ဘာကြည့်နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး ‌မောင်ကလည်း ဘာမှမဟုတ်ဘူး တုတ်ထိုးစားဦးလေ မောင်"

မောင့်မျက်နှာကြည့်တည်းက စိတ်တိုနေပြီဆိုတာ ခွန်းသိလိုက်ပါပြီ
ခွန်းချော့မှ ရတော့မည် ခွန်းအမှားသေးသေးလေးပဲလုပ်မိတာကို 
ဟိုအကို ကတကယ်အရမ်းချောနေတာကို ငမ်းမိတဲ့ ခွန်းအ​ပြ​စ်လား။

"မောင် လို့ မောင် စေကိုး 
ကိုကြည့်ပါဦး"

နောင့်ခွန်းကိုသာ မောင် ခေါ်နေတာ စေကိုး မျက်လုံးတွေက ဟိုအဝါကွက်လေးဆီမှာ နောင့်ခွန်း စိတ်တိုလာတာမို့ တသောင်းတန်နှစ်ရွက် ချခဲ့ကာ စေကိုး လက်ကို ဆွဲပြီး နေရာက
ထထွက်လာခဲ့သည်။

"အယ် အယ် မောင် ပိုက်ဆံအမ်းယူရဦးမယ်လေ မောင် စေကိုးစားလို့မပြီးသေးဘူးလေ"

"အအမ်းလည်း မလိုဘူး စေကိုး 
စားချင်ရင် မောင်ခနနေ တဆိုင်လုံးဝယ်ပြီး လာပို့မယ် အိမ်မှာစား တုတ်ထိုးသည်ကြီးပါ ခေါ်လာပေးဦးမယ်"

"တုတ်ထိုးသည်ကြီးတော့ 
မလိုချင်ပါဘူး"

"တော်လိုက်တော့နော် မောင် စိတ်မတိုချင်ဘူး မောင်မြင်တယ်နော်"

‌"မောင် ကလည်း"

ဆိုင်ကယ် ကို စိတ်တွေတိုပြီး အမြန်မောင်းထွက်လာတဲ့လူကြီးကြောင့် ခွန်းခါးကိုဖက်ပြီး မနည်းထိန်းကိုင်ထားရသည်။

"ရောက်ပြီ အိမ်ထဲဝင်တော့ "

"ဟုတ်ကဲ့ပါ မောင်"

"မောင်ပြန်သွားမှ အဲ့ဆိုင်ကိုထပ်သွားကြည့်နော် နောက်ရက်အဲ့ဆိုင်ပါပျောက်သွားစေရမယ်"

"ဟုတ်ကဲ့ပါ မသွားပါဘူး စိတ်ချ မောင် ဖြည်းဖြည်းမောင်းပြန်နော် "

"‌မောင့်ကို မနေ့ညက ကျ အာဘွားပေးတယ် အခုကော မပေးချင်ဘူးလား"

"မောင် ကလည်း အဲ့လိုကျ ရှက်စရာကြီး"

"ဘာလဲ မပေးဘူးလား အာ့ဆို "

"ပေးမယ် လာခဲ့ ဒီနားတိုး"

"ရွှတ်"

နောင့်ခွန်း ပါးလေးကို နမ်းကာ ခေါင်းငုံ့ပြီးအရှက်သည်းနေတဲ့ကောင်လေးကို နောင့်ခွန်းက နဖူးလေးကို ဖွဖွလေး ပြန်နမ်းလိုက်သည်။

"ကိုယ်သွားတော့မယ် အဲ့တာဆို"

"ဟုတ် တာ့တာ"

ခွန်းလည်း မောင့်ဆိုင်ကယ် မြင်ကွင်း ကပျောက်သွားထိ အထိ ရပ်ကြည့်နေပြီးမှ အိမ်ထဲဝင်ခဲ့သည်။လေလေးတချွန်ချွန် နဲ့မြှောက်ကြွကြွဖြစ်နေတဲ့ ခွန်းခြေလှမ်းတွေက ကြမ်းပြင်နဲ့တောင်မထိတော့သလိုပင်။
 
"သားခွန်း ဘယ်လိုဖြစ်လာတာလဲ အရမ်းတွေပျော်နေပုံပဲ"

"ဟီး ဟုတ်တယ် သားဒီနေ့ပျော်နေတာ တီလေး "

"အဲ့တာဆိုလည်း ပြောရဦးမယ် သားမေမေ တီလေးဆီဖုန်းဆက်တယ် အရေးကြီးလို့တဲ့ သားဖုန်းကဆက်မရလို့တဲ့"

"အာ သားစိတ်ဆိုးပြီး မေမေ နဲ့ ဖေဖေ ကို black list ထဲထည့်ထားတာ‌ မေ့နေတာ ပြန်မထုတ်ရသေးဘူး "

"သား ကတော့လေ ဖြစ်ရမယ် အဲ့တာဆိုပြန်ဆက်လိုက်ဦးသား"

"ဟုတ် သားခနနေရင်ဆက်လိုက်မယ် တီလေး"

"အေးအေးသွားနားတော့"

"ဟုတ် တီလေး"

ခွန်း အိမ်ပေါ်အခန်းထဲရောက်တော့ အဝတ်လဲ ခြေလက်ဆေးပြီးမှ
မေမေ့ဆီဖုန်းခေါ်လိုက်သည်။

"Hello သားငယ်လေး"
 
"ဗျာ မေမေ သား ကို ဘာပြောမို့လဲ အရေးကြီးလို့ဆို သားနဲ့ နေရီလွန်း ကိစ္စဆိုရင်တော့ မပြောနဲ့နော် သားမယူချင်ဘူး"

"သားနဲ့ နေရီလွန်း ကိစ္စပဲ ကိစ္စကတော့ ဒါပေမဲ့ သားပျော်ရမဲ့ကိစ္စ"
 
"ဗျာ ဘယ်လိုလဲ မေမေပြောတာ သားနားမရှင်းဘူး"

"နေရီလွန်းက သူ့ချစ်သူကောင်လေးနောက် လိုက်ပြေးသွားပြီ သားရဲ့ အဲ့တာမို့ သားယူစရာမလိုတော့ဘူး"

"ဟုတ်လား အဲ့တာဆို ကောင်းတာပေါ့ ဟီးး သားယူစရာမလိုတော့ဘူး"

"အဲ့တာမို့ သားမန္တလေးကိုပြန်ခဲ့တော့ သားလုပ်ငန်းတွေကလည်း 
မန်နေဂျာနဲ့လွှဲခဲ့တာဆိုပေမဲ့ သားဖေဖေကအကုန်ဦးစီးနေရတာ 
သားဖေဖေလည်း အသက်ကြီးပြီ 
မလုပ်နိုင်တော့ဘူးလေ သားရယ်
စိတ်ပဲရှိတော့တာ"

"ဟုတ်ကဲ့ပါ သားပြန်ခဲ့ပါမယ်"
  
"ဒီရက်ပိုင်းအတွင်းပြန်ခဲ့နော် သား တန်ဆောက်မုန်းလပြည့်ကျရင် 
မေမေတို့ တူတူ စတုဒိသာ လုပ်ရအောင် သီတင်းကျွတ်တုန်းကလည်း သားမရှိဘူးလေ လပြည့်နေအမှီပြန်ခဲ့နော် သား"

"ဟုတ် ဟုတ်ကဲ့ ပါမေမေ အဲ့တာဆို ဒါပဲနော်"

"အေးအေး သား အဲ့မှာက ရာသီဥတုအေးတယ် ကျန်းမာရေးဂရုစိုက်နော်"

"ဟုတ် မေမေ "

ဖုန်းချသွားပေမဲ့ ခွန်းကတော့ ရီရမလို ငိုရမလို တပူအေးသွားပေမဲ့ နောက်ထပ်အပူတခုက ဆင့်လာသည်။
  
မန္တလေးကိုပြန်ရင် မောင်နဲ့အခုလိုလွယ်လွယ်ကူကူတွေ့လို့မရတော့ 
မောင့်ကိုလည်း ဘယ်လိုဖွင့်ပြောရမည်မသိ မောင်နဲ့ခွဲရပြန်ဦးမည်။ 

ဖြိုးကြီး၊ကြိုးကြာ-မိုးကောင်းကင်ခရီး

https://www.youtube.com/watch?v=hEXcf0kyU6s

18-9-2021

Koe:: တုတ်ထိုးစားချင်တယ်ဆိုတာနဲ့
ဆိုင်လိုက်ဝယ်ပေးမယ့် ဘဲရှိပြီလား
နှမတော် တို့ အဟက်ဟက်

Thanks For Reading.

@Paing & Koe 🌸🍉

Love You All...... 💛💛💛


rate now: