book

Index 11

Part - 10

"ခေါင်းဆောင် က ပညာတွေကို

လျှိုထားတာပဲဗျ "


"ခေါင်းဆောင် ဂစ်တာတီးတတ်မှန်း အခုမှသိတယ် ကောင်းလိုက်တာဗျာ"


တယောက်တသံစီတွေနဲ့ 

နောင့်ခွန်းကို ဝိုင်းပြီးချီးကျူးနေကြတဲ့ 

ရွာကလူငယ်တွေကြောင့် နောင့်ခွန်း 

ဂစ်တာပိုက်ပြီး ဒီအတိုင်းသာထိုင်နေလိုက်သည်။စေကိုးကတော့ 

ခေါင်းလေးငုံ့ပြီးသာထိုင်နေသည် 


နောင့်ခွန်း အားမရလိုက်တာ 

ဖြစ်နိုင်ရင်လေ အနားကိုသွားပြီးပွေ့ဖက်ပေးထားချင်တာ စေကိုး ခေါင်းငုံ့နေတာမျိုးလည်း နောင့်ခွန်းမကြိုက်ပါ။နောင့်ခွန်းဝယ်ပေးထားတဲ့ ဝတ်စုံလေးနဲ့ စေကိုးက တကယ်ကို လိုက်ဖက်လွန်းတာပါ နောင့်ခွန်းစိတ်မှန်းနဲ့ဝယ်လာတာတောင် ကွက်တိကျနေတာမို့တော်သေးသည်။

  

လူငယ်တွေဆူညံနေတာကော 

ဟိုလူကြီးကလာပြီး စိုက်ကြည့်နေတတာကောမို့ ခွန်းစိတ်တွေရှုပ်လာကာ ထိုင်နေရာကနေ မသိမသာထပြီး

ထွက်လာလိုက်သည် လူငယ်တွေနဲ့

ရှုပ်ယှက်ခပ်နေတာမို့ ခွန်းတယောက်

မရှိတာ ဘယ်သူမှသိလောက်မည်မဟုတ်ပေ။


ခွန်း မီးပုံပွဲကနေ ထွက်လာပြီး တောင်ကြောနားမှာလမ်းလျှောက်နေလိုက်သည်။


နောင့်ခွန်း ကောင်လေး ထွက်သွားတာလှမ်းမြင်လိုက်ပေမဲ့ ကိုယ်ကခေါင်းဆောင်ဆိုတော့ ရုတ်တရက်ကြီး ချက်ချင်းထလိုက်သွားလို့မရတာမို့ ကောင်လေးသွားတဲ့ဘက်ကို သေချာလှမ်းကြည့်ပြီး နောင့်ခွန်း ရွာက လူငယ်တွေကို နှုတ်ဆက်လိုက်သည်။


"ကဲ အဲ့တာဆို မင်းတို့အားလုံး လွတ်လွတ်လပ်လပ် ပျော်ကြပါ ကိုယ်လုပ်စရာလေးရှိသေးလို့ 

သွားလိုက်ဦးမယ် "


နောင့်ခွန်း လက်ထဲက ဂစ်တာကြီးကို နွမ်စိုင်းရင်ခွင်ထဲ ထိုးထည့်ပေးလိုက်ပြီး  ကောင်လေး ထွက်သွားတဲ့

ဘက်ကို အမြန်ပြေးလိုက်လာခဲ့သည်။


တွေ့ပါပြီ အရှေ့နားဆီမှာ လရောင်အောက်မှာ တရွေ့ရွေ့နဲ့လျှောက်နေတဲ့ကောင်ငယ်လေး နောင့်ခွန်းခြေသံ

လုံလုံလျှောက်ကာ အနားကို ရောက်အောင်လျှောက်သွားလိုက်သည်။


"စေကိုး"

"အမေ့ "

နောင့်ခွန်း စေကိုး ရဲ့အနောက်နားကနေ ကပ်ပြီးတိုးတိုးလေးခေါ်လိုက်တာဆိုပေမဲ့ ညရဲ့တိတ်ဆိတ်မှုကြောင့် အသံကျယ်သွားကာ အတွေးတွေလွန်နေတဲ့ကောင်လေးလန့်သွားရရှာသည်။

ခွန်း ကိုနောက်နားလေးကရုတ်တရက်ကြီးလာခေါ်တာဆိုတော့ လန့်သွားပီးနောက်ကိုပြန်လှည့်ကြည့်မိတော့ 
ခွန်းနဲ့နီးနီးကပ်ကပ်ကြီးရပ်နေတဲ့ 
ဟိုလူကြီး ဘယ်အချိန်တည်းက ရောက်နေသည်မသိ။

"ခင်ဗျားကြီး"

"အင်း ကိုယ်ပါ စေကိုး
ကိုယ်တောင်းပန်ပါတယ်"

"ဘာကိုတောင်းပန်တာလဲ မလိုပါဘူး "

"ကိုယ်တို့ ခနလောက် 
စကားပြောရအောင် "

"ကျွန်တော့်မှာ ပြောစရာမရှိဘူး"

"အင်း ကိုယ်ကတော့ ပြောစရာရှိတယ် ကိုယ်ပြောတာပဲ‌နားထောင်လေ"

"ခင်ဗျားဘာသာ ပြောချင်ပြော
မပြောချင်နေ ကျွန်တော်လည်း နားထောင်ချင်မှ နားထောင်မယ်"

ခွန်း ပြောပြောဆိုဆိုနဲ့ လှည့်ထွက်ဖို့လုပ်လိုက်သည် ။

" ချောက် "

"မင်း အခုထွက်သွားရင် ကိုယ်သေနတ်နဲ့ပစ်လိုက်ဖို့ဝန်မလေးဘူးနော်"

သေနတ်မောင်းဆွဲသံနဲ့အတူ ခွန်းနောက်စေ့တည့်တည့်ကို ရောက်လာတဲ့ သေနတ်ပြောင်းဝ ကြောင့် 
ခွန်းတကယ်တုန်လှုပ်သွားရသည် ။

ဒီလူကြီးကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့လူမျိူး မဟုတ်လား ။

စေကိုးခန္ဓာကိုယ်လေး တုန်သွားတာ နောင့်ခွန်းသိပေမဲ့ မတတ်နိုင်ပါ အနုနည်းနဲ့မရတော့ အကြမ်းနည်းထုတ်သုံးရမှာပင်။

နောင့်ခွန်း သေနတ်နဲ့ချိန်ထားရက်နဲ့ ဖြည်းဖြည်းချင်း မျက်နှာချင်းဆိုင်
ဖြစ်အောင် စေကိုးရှေ့ကို 
လျှောက်သွားလိုက်သည်။

" ကိုယ်တောင်းပန်ပါတယ် စေကိုး" 

"ဟီးးး အူးးဝါးး 
ခင်ဗျားတောင်းပန်တာကလည်း 
သေနတ်ကြီးနဲ့ချိန်ပြီးတော့ 

ဟင့် တောင်းပန်တာလား 
လူသတ်ဖို့ကြိုးစားနေတာလား 
ကျွန်တော့်ကိုအနိုင်ကျင့်နေတာ ဟီးးး"

"အာ စေကိုး လန့်သွားတာလား 
ကိုယ်တောင်းပန်ပါတယ်ကွာ 
မငိုနဲ့တော့နော် တိတ်တိတ် "
 
" အင့် ငိုမှာပဲ "

"ကိုယ်တကယ် တောင်းပန်ပါတယ်ကွာ ကိုယ်ပြောစရာရှိလို့ပါ 
ခနလေးပဲနားထောင်ပေးပါ"

"နားမထောင်လို့ရမလား ဟင့် 
အခုမှတော့ နားထင်ပေါ်က ခင်ဗျား
သေနတ်ကြီး ဖယ်ပေး "

"မင်း ထွက်ပြေးသွားမှာဆိုးလို့ပါ 
ကိုယ်တောင်းပန်ပါတယ် ‌
ဖယ်ပေးပါ့မယ် "

နောင့်ခွန်း သေနတ်ကို 
ဖယ်ပေးလိုက်ပြီး
တောင်ကြောနားမှာလမ်းလျှောက်နေတာ ဖြစ်တဲ့အတွက် ဘိန်းခင်းတွေနဲ့ နီးနေတာမို့ နောင့်ခွန်း အကြံတခုရကာ 
စေကိုးလက်ကိုဆွဲပြီး ဘိန်းခင်းတွေဘက်ကို ခေါ်လာလိုက်သည်။

"ခင်ဗျား ဘယ်ကိုခေါ်သွားနေတာလဲ ဒီအတိုင်းပြောလဲရတာကို ပြီးတော့ ကျွန်တော့်လက်ကိုလွှတ်ဦး "

ဒီလူကြီး ခွန်း ကိုသတ်ပြီး ဘိန်းခင်းထဲ အလောင်းဖျောက်တော့မို့များလား

"လာပါ ကိုယ့် နောက်ကို  
ခနလေး လိုက်ခဲ့ပါ "

‌ခွန်းလည်း ပြောမရမည်မှန်းသိတာမို့ ငြိမ်ငြိမ်လေးသာ လိုက်ခဲ့လိုက်သည်။

သီတင်းကျွတ်‌လပြည့်နေ့မို့
လမင်းကြီးကကောင်းကင်ထက်မှာ 
ဝံ့ဝံ့ကြွားကြွားအလင်းဓာတ်တွေအပြည့်နဲ့ ထွန်းလင်းတောက်ပနေရုံ
သာမက ကမ္ဘာမြေကြီးပေါ်ကိုပါ အေးမြတဲ့အလင်းရောင်တွေ
ဖြန့်ကျက်ပေးထားသေးသည်။

ဘိန်းခင်းတွေကလည်း 
ပန်းပွင့်ချိန်ဖြစ်သည့်အတွက် 
လမင်းရဲ့အလင်းရောင်အောက်
လှလှပပပွင့်လန်းနေကြလေသည်မှာ အင်မတန်ကြည့်ကောင်းလွန်းလှနေသည်။
 
" ရောက်ပြီ "

"ခင်ဗျားက ကျွန်တော့်ကို အခင်းထဲခေါ်လာပြီး ဘာလုပ်မို့လဲ ညကြီးအလုပ်လည်းမရှိပဲ "

" ကိုယ်ပြောစရာရှိတယ်လို့ 
ပြောတယ်လေ "

"ပြောဗျာ အဲ့တာဆိုလည်း"

"ဒီဘိန်းပန်းတွေကို 
ဘယ်လိုမြင်လဲ စေကိုး "

"အမြင်လှပြီး ဘေးဖြစ်စေတဲ့အရာ"

"ဒီပန်းတွေရဲ့ အဓိပ္ပာယ်ကိုသိလား ကောင်လေး သတိရခြင်း၊စွဲမက်ခြင်း၊စာနာခြင်း တဲ့ "

"ဟင် ဟုတ်လား ကျွန်တော်မသိဘူး"

"ကိုယ်က မနူးညံ့ပေမဲ့ ကိုယ်မင်းကိုပြောချင်တဲ့ အဓိပ္ပာယ်က
ဒီပန်းလေးရဲ့ အဓိပ္ပါယ်နဲ့ထပ်တူပဲ"

"ဗျာ"

ဘာလဲ ဒီလူကြီး ခွန်းကို 
ဘာပြောချင်နေတာလဲ 
ဖွင့်ပြောနေတာလား ဘာလား
မဟုတ်လောက်ပါဘူးလေ

သူပဲ ခွန်းကိုမချစ်ဘူးဆို 
အခုစကားတွေကဘာအဓိပ္ပာယ်‌လဲ

"ကိုယ် မင်းကိုတောင်းပန်ချင်တယ် ကိုယ်သတ္တိ မရှိခဲ့မိတာပါ "

နောင့်ခွန်းကို အူကြောင်ကြောင်လေး ငေးကြည့်နေတဲ့ ကောင်လေးကြောင့် နောင့်ခွန်း စိတ်ဓာတ်တွေအောက်ဆုံးထိ ထိုးကျသွားရသည်။

စေကိုး နားလည်အောင် ဘယ်လိုစကားလုံးတွေနဲ့ပြောရမှန်းမသိ 

စကားအသုံးအနှုန်း မကြွယ်ဝတဲ့
နောင့်ခွန်းတယောက် အခုမှ
အခက်တွေ့ရချေလေပြီ။

"ဘာကိုလဲ "

" ကိုယ် ..ကိုယ်မင်းကို 
မစွန့်လွှတ်နိုင်ဘူး စေကိုး 

ကိုယ်မင်းကိုဆုံးရှုံးလိုက်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ

ကိုယ်မင်းကို အရမ်းလိုအပ်တယ်ဆိုတာ သိလာရတယ် 
 
ကိုယ် မင်းကိုချစ်တယ် စေကိုး"

" ဗျာ "

ခွန်း အံသြစွာနဲ့ ဘဲကြီး ကို 
ကြောင်ကြည့်နေမိတယ် ။

ခု ဘဲကြီးက ခွန်းကို ချစ်တယ်လို့ပြောလိုက်တာလား။

"ခင်... ခင်ဗျား ဘာပြောလိုက်တယ် "

"ကိုယ် မင်းကို ချစ်တယ် လို့ "
 
"ခင်ဗျားကလေ ကျွန်တော့်ကိုလေ 
ချစ်တယ် ဟုတ်လား "

"ကိုယ် အရင်က ပြောခဲ့မိတာအတွက် တောင်းပန်ပါတယ် စေကိုး ကိုယ် 
ကိုယ့်ခံစားချက်တွေကို 
သေချာမသိခဲ့တာပါ "

ဟိုလူကြီး မျက်နှာကလိမ်နေတာမဟုတ်မှန်း ခွန်း သိပါသည်။

ဒါပေမဲ့ ခွန်းခံစားခဲ့ရတာတွေကလည်း အပေါ်ယံမှမဟုတ်ပဲ ရင်တွေကွဲမတတ်ခံစားခဲ့ရတာ ဒီလူကြီးကြောင့်ပဲလေ အနာပေးလိုက် ဆေးပေးလိုက်နဲ့ 
လုပ်နေတာ ဒီလူကြီး ခွန်းကို ကစားနေတာလား ။

"ခင်ဗျား ကျွန်တော့် ကို ကစားနေတာလား ခင်ဗျား မချစ်ဘူးဆိုရင် ကျွန်တော်က ထွက်သွားရပြီး 
 
ခင်ဗျား ချစ်တယ်ဆိုတာနဲ့ 
ထွက်မသွားရဘူး အဲ့လိုလား 
ခင်ဗျားကြီး တရားလွန်တယ်လို့ 
မထင်ဘူးလား ဟင် "

"ကိုယ် တောင်းပန်ပါတယ် 

ကိုယ် .......ကိုယ်မင်းကိုဘာပြောရမှန်းတောင်မသိတော့ပါဘူး 

ကိုယ်တွေဝေနေခဲ့မိတာတွေက 

မင်းကိုထိခိုက်မှာကြောက်တဲ့စိတ်နဲ့ပါ

ကိုယ်မင်းကို နာကျင်စေမိမှာ 
ကြောက်လို့ပါ "

ခွန်း ဘယ်လိုရင်ဆိုင်ရမှာလဲ 
ဒီအတိုင်း တကိုယ်ကောင်းဆန်တယ်လို့ တွေးထားခဲ့တဲ့ လူကြီးက ခွန်းကြောင့်တဲ့လား ခွန်းထိခိုက်မှာစိုးရိမ်လို့တဲ့လား ခွန်းရင်ထဲ ပိုပြီးနာကျင်ရပါသည်။ဒီလူကြီးစိတ်တွေကို ခွန်းမမြင်ခဲ့တာလား အဲ့တာဆို။

နောင့်ခွန်း ဘယ်နည်းနဲ့ဆွဲထားရ ဆွဲထားရ စေကိုး အချစ်ကိုပြန်ကြိုးစားကြည့်ချင်ပါသည်။

နောင့်ခွန်း လွန်ခဲ့မှန်းလည်းသိပါသည် နောင့်ခွန်းအပြစ်တွေကို ဒီကောင်လေး ခွင့်လွှတ်ပေးပါ့မလား တကယ်ပဲ 
နာကျည်းသွားတာလား။

နောင့်ခွန်း ဆက်မတွေးရဲတော့ပါ 
စေကိုးသာ သူ့ကိုတကယ်မုန်းသွားခဲ့ရင် သူဘယ်လိုရပ်တည်ရတော့မလဲ နောင့်ခွန်း ခေါင်းငိုက်စိုက်ကျသွားရသည်။

"ဟင့် ဟီးး အီးးးး "

"ဟာ စေကိုး ဘာလို့ငိုတာလဲ 
ကိုယ်တောင်းပန်ပါတယ်နော် 

ကိုယ့်အပြစ်တွေပါကွာ စေကိုး 
မငိုပါနဲ့ကွာ "

"ကျွန်တော် ခင်ဗျားကြီးကိုပဲ 
လိုအပ်တာလို့ မပြောခဲ့ဘူးလား

ခင်ဗျားကြီးက ဝက်ခေါင်းလား 
ဘာမှလဲ ​မမှတ်ထားဘူး"

"ဟင် ဟင် အဲ့တာဆို ကိုယ့်ကို 
စိတ်မဆိုးဘူးပေါ့ ဟုတ်လား 
စေကိုး ဟင် ကိုယ့်ကိုဖြေပါဦး"

နောင့်ခွန်း မဝံ့မရဲဖြင့် ငိုနေတဲ့ စေကိုး မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်တယုတယလေးကိုင်ကာ မော့ကြည့်စေလိုက်သည်။

စေကိုး မျက်နှာလေးက ငိုထားတာမို့ အသားဖြူတဲ့သူဆိုတော့ နီရဲနေရသည်။နှာခေါင်းလေးကလည်း ရဲနေလေသည် နောင့်ခွန်း တကယ်ကို 
အူးယားလွန်းစွာ ငုံ့ကြည့်နေရင်းမှ အားမလိုအားမရဖြစ်လာကာ ရင်ခွင်ထဲ ဆွဲဖက်ပစ်လိုက်သည်။

"ဟာ ခင်ဗျားကြီး 
ဘာလို့ဖက်တာလဲ လွှတ် လွှတ်လို့
ခင်ဗျားကိုလွှတ်လို့ပြောနေတယ်လေ "

"ခနလေးပါ ကိုယ်ပျော်လွန်းလို့ပါ 
စေကိုးက ကိုယ့်ကို
စိတ်မဆိုးဘူးဆိုတော့ "

"စိတ်မဆိုးဘူးလို့ ကျွန်တော် 
ဘယ်တုန်းကပြောမိလို့လဲ "

"ခင်ဗျားကြီးတယောက်ပဲ 
လိုအပ်တာဆို စေကိုးပဲပြောပြီး
အဲ့တာဆို ကိုယ့်ကို စိတ်မဆိုးတာ မဟုတ်ဘူးလား"

ခွန်း အဲ့လူကြီးရဲ့ ရင်ခွင်ထဲက 
ရုန်းထွက်လိုက်သည်။

"ခင်ဗျား ကအခု ကျွန်တော့်ကို 
ချစ်တယ်ပဲပြောတာလေ
ကျွန်တော့်ကို ချစ်လားလို့ 
ခင်ဗျားမေးလို့လား"

"ဟင် စေကိုးက ကိုယ့်ကိုချစ်ပြီးသားပဲမဟုတ်ဘူးလား"

^^ဂါးးးး ဒီလူကြီး ဒါသတ်သတ်မဲ့ဘဝင်အမြင့်လွန်နေတာ မဟုတ်ဘူးလား ခွန်း ကသူ့ကိုအမြဲတမ်းချစ်နေမယ်လို့ ထင်နေတာပေါ့ တွေ့မယ်^^

"မသေချာတော့ဘူး အခုက 
ကျွန်တော့်ခံစားချက်တွေကို 
ကျွန်တော်ကိုယ်တိုင်တောင်မသိတော့ဘူး အရမ်းမုန်းနေတာလည်း 
ဖြစ်ကောင်းဖြစ်နေနိုင်တာပဲ "

" ဟင် "

မျက်နှာငယ်လေးနဲ့ခေါင်းငိုက်စိုက်ကျသွားတဲ့ ဒီလူကြီးပုံစံက တကယ်သနားစရာကောင်းလွန်းပါသည်။

အိုက်ယား ခွေးစုတ်ဖွားကြီး လိုပဲ ။

မျက်ဝန်းညိုထဲမှာလည်း မျက်ရည်တွေချက်ချင်းဝဲတက်လာလိုက်တာ 

ခွန်းစိတ်ရှိတိုင်းသာဆို ပြေးဖက်ပြီးကို ရင်ခွင်ထဲ ဝင်နေချင်တာ ဒါပေမဲ့ 
ခွန်း ခံစားခဲ့ရတာနဲ့ တန်အောင် 
နည်းနည်းတော့ ပြန်ဒုက္ခပေးသင့်တယ်မလားလေ ။

"ခု ခင်ဗျား မျက်နှာက 
ဘာဖြစ်နေတာလဲ"

ခွန်းခပ်တည်တည် မျက်နှာပေးနဲ့
မေးလိုက်တော့ ခွန်းကိုကြည့်လာတဲ့
မျက်ဝန်းညိုညို တွေဆီကနေ 

ဝမ်းနည်းမှုတွေ၊ အားငယ်မှုတွေနဲ့

တကယ့်ကို ထိုမျက်ဝန်းညိုတွေထဲမှာပြိုလဲပစ်ချင်စရာ ပင်။

တလောကလုံးနဲ့စစ်ခင်းရမယ်ဆိုရင်တောင် တန်တဲ့ မျက်ဝန်းညိုတွေ

ခွန်းစိတ်ကို မနည်းတင်းထားရသည်။

"ဘာမှမဖြစ်ပါဘူး စေကိုး 
ရွေးချယ်မှုက အဓိကပဲလေ

စေကိုးသာပျော်မယ်ဆိုရင် ရပါပြီ 

စေကိုး ဘဝလေးက ကိုယ်ရဲ့
အဝေးမှာဆို ဒီထက့်ပိုလှမှာပါ"

^^ဒီလူကြီး တကယ်အရူးပဲ ခွန်းကို အတင်းအဖြေတောင်းရမှာလေ 
ခွန်းယုံကြည်လာအောင် 
ကြိုးစားပြရမှာလေ အခုသူက စွန့်လွှတ်မယ်တဲ့လား မဖြစ်ပါ

ခွန်း နည်းနည်းလေးတောင် မူ 
လို့မရတဲ့အဖြစ်ပါလား တကယ်ကို ပိန်းဥကြီးပဲ ခွန်းဘက်ကသာ 
မလှုပ်ရှားရင် တကယ်ကြီးနောက်ဆုတ်သွားတော့မဲ့ပုံပင် ^^

"အဟင်း ဟင်း ခင်ဗျားသိရင်လည်း 
ပြီးတာပဲလေ ဒါမဲ့ ခင်ဗျား က
ဖွင့်ပြောပြီးပြီဆိုတော့ အဖြေပေးရမှာ

ကျွန်တော့်တာဝန်ဖြစ်သွားပြီပေါ့ ခင်ဗျားကြီးကြောင့် ကျွန်တော်
ဘယ်လောက်နာကျင်ခဲ့ရလဲ သိလား

ကျွန်တော်မျက်ရည်တွေဘယ်လောက်တောင်ကျခဲ့ရလဲသိလား"

"ကိုယ် ကိုယ်တောင်းပန်ပါတယ် 
မရည်ရွယ်ပါဘူး အင့် "

^^ဟင် ဒီလူကြီးငိုနေတာလား ^^

ခွန်း တကယ်ကိုအံ့ဩသွားရသည်

ရွာခေါင်းဆောင်ကြီး 
ဘိန်းခင်းတွေကြားက 
လူမိုက်ကြီးက ငိုနေသည်တဲ့လား 

ခွန်း တကယ်ကိုဒီလူကြီးဆီမှာ 
ကျရှုံးဖို့ လုံလောက်သွားပါပြီ။

ခွန်း ဒီလူကြီးကို ထပ်ပြီး 
မရက်စက်နိုင်တော့ပါ 
ဒီလူကြီးမျက်ရည်တွေမြင်ရတာ ခွန်းနှလုံးသားကပိုနာကျင်ရပါသည်။

"အဲ့တာဆို ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြရအောင်"

နောင့်ခွန်းမျှော်လင့်ချက်လေး 
ပျက်စီးသွားရပြီ နောင့်ခွန်း
အမှားတွေပဲမို့ နောင့်ခွန်းမှာ 
ငြင်းခွင့်မရှိပါ ကိုယ့်တုန်းက စကားလုံးတွေနဲ့ထိုးနှက်ခဲ့ပြီး 

သူပြန်ရက်စက်မှတော့ အပြစ်လို့
ဆိုခွင့်မှမရှိပဲ အတုံ့အလှည့်သဘောတရားကို နောင့်ခွန်းနားလည်ပါသည်။

"စေကိုး မင်းကိုပျော်အောင်ထားနိုင်မဲ့သူကိုပိုင်ဆိုင်ခွင့်ရပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ် "

"ကိုယ်မင်းကို နောက်ဆုံးအကြိမ်အဖြစ် တခါလောက်ဖက်လို့ရမလား"

"ရပါတယ် လာပါ"

‌ခွန်းလက်နှစ်ဖက်ကို ကားထားပေးလိုက်သည်လာဖက်ဆိုတဲ့
သဘောမျိုးနဲ့ 

နောင့်ခွန်း ကောင်လေး ရဲ့ခန္ဓာကိုယ်လေးကို နောက်ဆုံးအကြိမ်အဖြစ် အားရပါးရပွေ့ဖက်ထားမိသည်။

နောင့်ခွန်း ကြာရင် တကယ်မစွန့်လွှတ်နိုင်တော့မှာသိနေလို့ ကောင်လေးကိုပြန်လွှတ်ပေးလိုက်သည် ။

သို့သော် နောင့်ခွန်းခန္ဓာကိုယ်ကို တင်းကျပ်စွာပြန်ဖက်ထားတဲ့ 
လက်တစုံကြောင့် နောင့်ခွန်းကို အားနာလို့ထင်သည် ပြန်လည်ပွေ့ဖက်ပေးထားတဲ့ ကောင်လေးကြောင့်
နောင့်ခွန်းမျက်ရည်ကျရသည်။

"ရပါပြီ ကျေးဇူးတင်ပါတယ် 
ကိုယ့်ကိုလွှတ်လိုက်ပါ ကိုယ်မင်းကို
မနှောက်ယှက်တော့ပါဘူး"

"အရူးကြီး ခင်ဗျားတယောက်တည်း ပေါက်ကရတွေလျှောက်တွေးနေလိုက် အဲ့မှာ ကျွန်တော် ခင်ဗျား ကို အခုဖက်လိုက်တည်းက တသက်လုံးပြန်လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး"

"ဟင် အဲ့ အဲ့တာဆို စေကိုးက စေကိုးက ကိုယ့်ကို ရွေးချယ်တယ်ပေါ့ ဟုတ်လား ဟား ဟားးးး"

နောင့်ခွန်းကိုမလွှတ်ပေးတဲ့ကောင်လေးကို နောင့်ခွန်းပြန်ပွေ့ဖက်ရင်း တင်းကျပ်စွာ ပြန်ဖက်ထားမိသည်။

"ကိုယ့်ကို ချစ်သေးတယ်ပေါ့နော် 
စေကိုး "

"ဟွန့် ခင်ဗျား ကိုချစ်တယ်လို့ 
ဘယ်သူပြောလဲ"

"အဲ့တာဆို မချစ်ဘူးလားပြော"

နောင့်ခွန်းရင်ခွင်ထဲမှ ကောင်လေးရဲ့မျက်နှာလေးကို ငုံ့ကြည့်ရင်း ဟန်ဆောင်ကာမျက်နှာငယ်လေးလုပ်ပြီး မေးလိုက်တော့

"ဟီး ချစ်တယ် "

သီတင်းကျွတ်လပြည့်ညလေးဟာ အခုမှပိုပြည့်စုံသွားရသည်။

တောင်ကြောပေါ်က ကောင်ငယ်လေးနှစ်ယောက်ရဲ့အချစ်တွေကြောင့် လမင်းကြီးကလည်းအေးမြခြင်းတွေအပြည့်နဲ့ကောင်လေးနှစ်ယောက်ပေါ်လွှမ်းခြုံပေးထားပြီး လေယူရာယိမ်းနေတဲ့ ဘိန်းပန်းလေးတွေကလည်း စည်းချက်ညီညီ ယိမ်းနွဲ့နေကြသည်မှာ သက်ရှိပန်းချီကားတချပ်လေးအလား အင်မတန်မှ လှပလွန်းစွာ ပြည့်စုံနေလေပြီ။

-------------------------

နှစ်ယောက်သား တယောက်လက်
တယောက်တွဲကာ လရောင်အောက်မှာ လမ်းလျှောက်ရင်းအိမ်ပြန်ခဲ့ကြသည်။

ခွန်းနဲ့လူကြီးအခြေနေက တမျိုးပြောင်းသွားပြီဆိုတော့ သူ့ရှေ့မှာ 
နေရထိုင်ရတာ နည်းနည်းအနေခက်နေသည် အခန်းထဲမှာ အရင်က 
နှစ်ယောက်တည်းဆို ဘာမှအဲ့လောက်သတိမထားမိပေမဲ့ အခုကျ ကိုယ့်ချစ်သူတယောက်လုံးရှေ့မှာဆိုတဲ့
အသိနဲ့ နည်းနည်းတော့ ကသိကအောက်ဖြစ်သည်။

"စေကိုး အောက်မှာမအိပ်နဲ့ လာခဲ့ ကိုယ့်ကုတင်ပေါ် လာအိပ်"

"ရပါတယ် ကျွန်တော် အောက်မှာပဲ အိပ်လိုက်ပါ့မယ်"

"ကိုယ့်ကောင်လေးကို ကိုယ်က အောက်မှာ ဘယ်အိပ်ခိုင်းရက်ပါ့မလဲ လာပါ ကုတင်ကလည်း အကျယ်ကြီးပဲကို"

"ခင်ဗျားကြီးအခုမှစောက်ပိုတွေ 
လာပြောမနေနဲ့

ကျွန်တော် စရောက်ကတည်းက ခင်ဗျားကြီးကုတင်ကအကျယ်ကြီးပါပဲ အဲ့တုန်းကကျမခေါ်ပဲ အခုမှ 
လာခေါ်မနေနဲ့"

"ဟာ အဲ့တုန်းက စေကိုး နဲ့ 
ကိုယ်က မသိဘူးလေ"

ကုတင်ပေါ်မှာထိုင်ပြီး ခွန်းလုပ်သမျှ လိုက်ကြည့်ကာ ပြောနေတဲ့ လူကြီးကို ခွန်းအိပ်ယာပေါ်က ခေါင်းအုံးတလုံးနဲ့ ပစ်ပေါက်ပစ်လိုက်သည်။

"ဟာ ဘာလို့ပစ်တာလဲ လာပါ 
ကိုယ်နဲ့ လာအိပ်ပါဆို 

ရတယ်လေ စေကိုး ကုတင်ပေါ်လာ
မအိပ်ရင် 
ကိုယ် စေကိုးနဲ့ လာအိပ်မယ် "

ပြောပြောဆိုဆို ခေါင်းအုံးကြီးပိုက်ကာ ခွန်း အိပ်ယာဆီကို လာအိပ်တဲ့ လူကြီးကြောင့် ခွန်းမှာမနေသာတော့ပါ

ဘယ်လိုပဲ ခွန်းချစ်သူဆိုပေမဲ့ သူကရွာခေါင်းဆောင် တယောက် အကြီးအကဲ တယောက် မဟုတ်လား 

ခွန်းနဲ့အတူ အောက်မှာ အိပ်ခိုင်းတာတော့ မဟုတ်သေးဘူးလေ 

"ခင်ဗျားဗျာ အတော်ဆိုးတာပဲ 
လာထ ကုတင်ပေါ်မှာအိပ်မယ်"

"စေကိုး ကော အိပ်မှာလား"

အိပ်နေရာက မထပဲ ခွန်းကို မျက်လုံးလေးပေကလပ် ပေကလပ် လုပ်ကာ မေးလာတဲ့ လူကြီးကြောင့် တကယ့်ကိုချစ်စရာကြီးပင်

"အိပ်မှာ လာဗျာ ထ ကျွန်တော်
စိတ်မရှည်ဘူးနော် "

"ဟုတ်ပါပြီ ဗျာ"

ဒီလိုနဲ့ သူ့ကုတင်ကြီးပေါ် ခွန်း
ရောက်သွားရပါတော့သည်။

အိပ်လို့ကလည်းမပျော်ပါ။

နောင့်ခွန်း စေကိုးပုံစံလေးကိုကြည့်ရသည်မှာ တကယ်ကိုအူးယားလာရသည်။သူလည်း နောင့်ခွန်းလိုပဲ 
အိပ်မပျော်ဘူးထင်သည် အဲ့တာကို မျက်လုံးတွေ ဇွတ်မှိတ်ပြီး အိပ်ဖို့ ကြိုးစားနေတာ နောင့်ခွန်းမနေနိုင်စွာ ပါးဖောင်းဖောင်းလေးကို သွားညစ်ပစ်လိုက်သည်။

"အား နာတယ်ဗျ သူ့အသားမဟုတ်တိုင်း လာဆွဲနေတာ"

"ချစ်စရာလေးကွာ ဒါနဲ့ အဲ့တာဆို 
ဒီနေ့က ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်သူဖြစ်တဲ့ပထမဆုံးရက်ပေါ့"

နံရံပေါ်က နာရီကို လှမ်းကြည့်တော့ ည 12 နာရီ တိတိ 

နောင့်ခွန်းရဲ့ဘေးမှာ အိပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး အူယားလာတာကြောင့် စေကိုးရဲ့ ခေါင်းလေးအောက်ကနေ လက်လျှိုဝင်ကာ လှမ်းဖက်လိုက်ပြီး ရင်ခွင်ထဲဆွဲထည့်ပစ်လိုက်သည်။

"အွန်း ဟုတ်တယ် ခင်ဗျားကြီးနဲ့ 
အခုလိုချစ်သူဖြစ်သွားပြီဆိုတာ 
မယုံနိုင်သေးဘူး"

"ဟာ စေကိုးရာ ကိုယ့်ကို ခင်ဗျားကြီး ခင်ဗျားကြီးမခေါ်ပါနဲ့တော့ကွာ 
ကိုယ်က မင်းထက်အသက်ကြီးတယ် ဆိုတော့ ပီအိုက်ဖြစ်ဖြစ်ခေါ်ပါလား ခေါ်ကြည့်ပါလား စေကိုး"

"ပီအိုက်ခ"

"အင်း အဲ့လိုလေးလေ "

"ဟွန့် မခေါ်ချင်ပါဘူး ပီအိုက်လို့ ကောင်မလေးတိုင်းကခေါ်နေတာမလား မခေါ်ဘူး"

"အဲ့တာဆိုလည်း ကိုယ့်ကို တခုခုပြောင်းခေါ်ပါကွာ 
ခင်ဗျားကြီးဆိုတာကြီး မခေါ်ပါနဲ့ 

ဒီလိုလုပ်လေ ပီအိုက်လို့ မခေါ်ချင်ရင် 'မောင် 'လို့ခေါ်ပါလား"

အနားသတ်စကားလုံးတွေနားမှာ 
နောင့်ခွန်း အသံတိုးသွားရသည်။

စေကိုး မခေါ်လောက်မှန်းသိပေမဲ့
အရဲစွန့်ပြောကြည့်မိတာပင်။

"မောင်"

"အင်း အဲ့လိုလေး ခေါ်ပါလား စေကိုးသာခေါ်ရင် ကိုယ်ပိုသဘောကျမိမယ်ထင်တယ် "

ဒီလူကြီး အခု ခွန်းကို လာချွဲနေတာလား ခွန်းစိတ်ကူးထားမိတဲ့ အထဲမှာ ဒီလူကြီးကို ကိုကို ခေါ်ရမလား 
ကိုကြီး ခေါ်ရမလား နဲ့ ကိုယ့်ထက်အသက်ကြီးတာမို့ မောင် ဆိုတဲ့နာမ်စားကို တကယ်မတွေးမိရိုးအမှန်ပါ။

"မောင် လို့အခေါ်ခံချင်ရအောင် ခင်ဗျားကြီးနဲ့ ကျွန်တော် အသက်ဘယ်လောက်ကွာလဲ မသိဘူးလား"

"အင်း ကိုယ့်အသက်က ဒီနှစ်ဆို 
28 နှစ်ရှိပြီ "

"တကယ်ကြီးလား ကျွန်တော်က ခင်ဗျားကြီးကို 30 ကျော်လောက်ပြီ ထင်နေတာ "

"ဟာ စေကိုးရာ ကိုယ့်အဲ့လောက်တောင် ရုပ်ရင့်နေပြီလား"

အမှန်တော့ ခွန်းလိမ်ပြောလိုက်တာပါ ဒီလူကြီးကို ခွန်းနဲ့ သုံးလေးနှစ်ပဲကွာမယ်ထင်ထားတာ သူ့မျက်နှာကအမွှေးမျှင်တွေ ရိတ်သင်လိုက်တဲ့အချိန်တုန်းက နုဖက်နေတဲ့မျက်နှာချောချောကြောင့် အခုတော့ ငါးနှစ်ကြီးတောင် ကွာတာပေါ့

"ဟင့် မရင့်တာတော့ မရင့်ပါဘူး

ဒါပေမဲ့ ကျွန်တော်နဲ့ ငါးနှစ်တောင် ကွာတယ်လေ ဗျာ"

"အင်းပါ အဲ့တာဆိုလည်း 
စေကိုး သဘောပါ 
စေကိုး စိတ်ချမ်းသာသလိုခေါ်ပါ
ဟုတ်ပြီလား"

မျက်နှာငယ်လေးနဲ့ စိတ်မကောင်းတဲ့အသံလေးနဲ့ ပြောလာတဲ့ လူကြီးက 

ဒီလိုကျတော့လည်း သနားစရာလေး သိပ်ချစ်ဖို့ကောင်းတဲ့ လူကြီးပါပေ ခွန်း အတန်ကြာ အသံတိတ် နေပြီးမှ ခွန်းက သူ့ရင်ခွင်ထဲရောက်နေတာဆိုတော့ သူ့မျက်နှာချောချော ကိုမော့ကြည့်ရင်း

"မောင် "

တိုးတိုးလေး ခေါ်လိုက်သည်။

"စေကိုး စေကိုး ကိုယ့်ကို တကယ် ခေါ်လိုက်တာလား 

ပြန်ခေါ်ပါဦး ကိုယ်သေချာ 
မကြားလိုက်ရလို့"

"ခင်ဗျား ဘာသာ မကြားတာ 
မတတ်နိုင်ဘူး မခေါ်ဘူး"

"စေကိုး ကလည်းကွာ"

ကလေးဆိုးကြီးလို့ ခွန်းကိုလာချွဲနေတဲ့ လူကြီးကြောင့် ခွန်းတကယ်ရီချင်လာရသည်။

"မောင် "

"ဗျာ "

"ဟီး ခစ်ခစ် " 

ခွန်းသဘောကျစွာ ရီမိတော့

"မောင့်ကောင်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ"

ပြောပြောဆိုဆို စေကိုး ရဲ့ နဖူးလေးကို နောင့်ခွန်း ဖွဖွလေး အနမ်းခြွေလိုက်မိသည်။

ခွန်း နဖူးလေးကို နမ်းလာတဲ့ လူကြီးကြောင့် အံ့ဩတာကော ကြည်နူးတာကော နဲ့ ခွန်း ဘာပြန်ပြောရမှန်းတောင်မသိတော့ ဒီလူကြီး ခွန်း ကို 
စပရိုက်တေ ကိုလာတွေ တိုက်တာပေါ့ ဒါမျိုး ဘယ်ရမလဲ 
ပြန်လက်စားချေရမယ်

"စေကိုး ရဲ့ မောင်ကလည်း အရမ်းချစ်ဖို့ကောင်းလို့ ဆုချတာ "

ခွန်း ခေါင်းမော့ ကာ လူကြီးရဲ့ မေးဖျားလေးကို ဖျတ်ခနဲ နမ်းကာ

စောင်ကိုခေါင်းအထိလုံအောင် တခါတည်း ဆွဲခြုံပစ်လိုက်တော့သည်။

Koe:ဟားဟား နောက်ဆုံးတော့ ချစ်သူတွေဖြစ်သွားပြီကွ 
Faနှမတော်တို့ကတော့ခုထိFaပဲမလား

------------------------------------------------------
 
မနက်ခင်းအလင်းရောင်ဟာ 
ပြတင်းတံခါးမှကျော်လွန်၍ 
အခန်းတွင်းသို့ ဝင်ရောက်လာ‌လေပြီ

နေမင်းကြီးကတော့ မြူတွေကြားမှ
တိုးမထွက်နိုင်သေးပဲ နှင်းစက်နဲ့ 
မြူတွေအကြားမှာပုန်းလျှိုနေလေရဲ့

မနက်ခင်းအိပ်ယာနိုးထချိန်မှာ 
ကိုယ့်နံဘေးမှာနှစ်ခြိုက်စွာ
အိပ်ပျော်နေတဲ့ ကြင်နာသူလေးရဲ့ မျက်နှာလေးကိုပထမဆုံး
မြင်တွေ့ရခြင်းဟာလည်း ဘဝရဲ့ချိုမြိန်ခြင်း‌ရသတခုပါပဲလို့ပြောရင်
နောင့်ခွန်း မလွန်ဘူးထင်ပါရဲ့။

နောင့်ခွန်းနံဘေးမှာ အိပ်နေလိုက်တာများ အပူအပင်ကင်းကင်းနဲ့
တကယ့်ကလေးလေး လိုပင်

"အွန်းး အင်းးး ဝါးးး "

နောင့်ခွန်းငေးနေတုန်း စေကိုးက
နိုးလာလေသည်။

"ဟင် ခင်ဗျားကြီး နိုးနေတာ ကြာပြီလား နိုးရင်လည်း ထလေဗျာ"

"မောင် လို့ခေါ်ပါဆိုကွာ 
ခင်ဗျားကြီး လုပ်ပြန်ပြီ"

နောင့်ခွန်း ကိုမနေ့ညက နမ်းပြီး
ရှက်နေတဲ့ ကောင်လေးရဲ့ပုံရိပ်တွေ
ပြန်မြင်လာတော့ နောင့်ခွန်းမျက်နှာက ပြုံးစိစိ ဖြစ်လာရသည်။

"ဟိတ်လူကြီး ဘာတွေတွေးပြီး
ပြုံးနေရတာလဲ"

"မောင်‌ လို့မခေါ်ရင်ကိုယ်နမ်းမှာနော် "

"ဟာ မျက်နှာလည်း မသစ်ရသေးပဲ ညစ်ပတ်ကြီး လာမနမ်းနဲ့"

"အဲ့တာဆို မောင် လို့ခေါ်"

"မောင် "

"ဗျာ"

"ရပြီလား ကဲထတော့ မျက်နှာသွားသစ်ဦးမယ် ဒီနေ့အလုပ်ရှိတယ်မလား ခင်ဗျားကြီး"

ခွန်း အိပ်ယာထက်မှ ထကာ မျက်နှာသစ်ဖို့ ကုတင်ပေါ်က 
ဆင်းလိုက်ပေမဲ့ လက်ကနေ ရုတ်တရက်‌ဆောင့်ဆွဲလိုက်တဲ့ 
လူကြီးကြောင့် သူ့ရင်ခွင်ထဲ ကွက်တိ ပြန်ဝင်သွားရလေသည်။

"ဘယ်လိုဖြစ်နေတာလဲ ခင်ဗျားကြီး"

"ကိုယ် မင်းကိုဖက်ထားရတာ သဘောကျလို့ပါဗျာ

ဒီတိုင်းလေး ငြိမ်ငြိမ်လေး 
ခနနေပေးနော် "

ခွန်းလည်းဘာမှမပြောတော့ပဲ အလိုက်သင့်လေးသာ သူ့ရင်ခွင်ထဲမှာ ငြိမ်နေလိုက်သည်။ ခွန်းလည်း သူ့ရင်ခွင်ကျယ်ကြီးထဲမှာ နေရတာ တကယ်သဘောကျပါသည် ။

နွေးထွေးမှုအပြင် လုံခြုံမှုရှိတယ်လို့လည်း ခံစားရသည်။

_______________________________

မနက်စာစားပွဲဝိုင်းတွင် နွမ်စိုင်းနဲ့ 
မိုင်ခမ်းက နေရာယူပြီးလေနေပြီ

"ဒီနေ့ ဘာလုပ်ထားတာလဲ မိုင်ခမ်း"

"တို့ဖူးနွေးချက်ပေးထားတာ ကိုကြီးစားချင်တယ်ဆိုလို့"

"ငါလည်းကြိုက်တယ် တို့ဖူးနွေး "

"အေး ကြိုက်ရင်စားလေ ငါ
အများကြီးချက်ထားတာကို "

"အောခ ကျေးဇူးပါ မိုင်ခမ်းလေး 
ချစ်ဖို့ကောင်းလိုက်တာ "

"ပုံမှန်ဆက်ဆံ မဖားနဲ့ ငါကျွေးမယ်ပြောပြီးသား"

မိုင်ခမ်းက  တို့ဖူးနွေးပြင်ပြီး 
အားလုံးရှေ့မှာချပေးသည် 
 
ခွန်းစားမို့ လုပ်လိုက်စဉ် ရုတ်တရက် စားပွဲအောက်ကနေ လက်ကို လာကိုင်တဲ့ လူကြီးကြောင့် လန့်သွားရသည်။

ဘာလဲဆိုတဲ့ ပုံမျိုးနဲ့ ခွန်းကိုတောင် ပြန်ကြည့်နေလိုက်သေးသည် ။

သူကလက်ကို အဲ့လို လာကိုင်ထားတော့ ခွန်း ကဘယ်လိုလုပ်စားလို့ရတော့မှာလဲ ခုချိန်မှာ ခွန်းအတွက်အရေးအကြီးဆုံးက မျက်စိရှေ့က 
တို့ဖူးနွေး ပန်းကန်ပေမို့ ဘဲကြီး 
လက်ထဲက ခွန်းလက်ကို ဆောင့်ရုန်းပစ်လိုက်သည်။

နောင့်ခွန်း ထက် အစားအသောက်ကို ပိုအာရုံရောက်နေတဲ့ ဒီကောင်လေးက တကယ်ကို ချစ်စရာကောင်းလွန်းနေသည် ဘာလုပ်လုပ်ကို 
ချစ်ဖို့ကောင်းနေတော့တာပဲ 

မနက်စာစားပြီးခါနီး အချိန်တွင်

"ဘေဘီ ရှက် တူ တူ တူ တူ တူ"

ခွန်း အိတ်ကပ်ထဲမှာ ဖုန်းမြည်သံကြောင့် စားပွဲကနေ ထပြီး ဝရံတာဘက်ထွက်ကာ ခွန်း ဖုန်းပြောလိုက်သည်။

"Hello သား ခွန်း ဒီနေ့ပြန်လာမယ်ဆို ကားကလည်း ပြင်ပြီး တီလေးတို့ဆီလာပို့ထားတာ သားဘာနဲ့ပြန်လာမှာလဲ"

"အာ ဟုတ်သားပဲ "

"တီလေး လာကြိုခိုင်းရမလား သား"
 
"ရတယ် တီလေး မကြိုနဲ့ မကြိုနဲ့ "

ခွန်းပြန်မဲ့ကိစ္စကို လုံးဝမေ့နေတာပင်

^^အစက ဟိုလူကြီးကြောင့် 
စိတ်ရူးပေါက်ကာ ပြန်မယ်ဆိုပြီး လျှောက်ပြောထားတာ 

အခုကျ အသစ်စက်စက် 
ပူပူနွေးနွေးချစ်သူလေးကို ချက်ချင်းကြီးမခွဲသွားနိုင်ပါ မပြန်ချင်ဘူး ဘယ်လိုလုပ်ရမလဲ ^^ 

ခွန်းစဉ်းစားခန်း ဝင်ရလေပြီ

"သား အဲ့ဘက်မှာ လိုင်းကားရှိတယ်
မလား အဲ့တာက စီးလို့မဆင်ပြေလို့လား သားခွန်း"

"သားလည်း အစက ပြန်လာမို့ပဲ 
တီလေးရယ် အခုကလေ 
ဟို ဟို "

"သား ဘာတွေအခက်အခဲရှိလို့ လဲ 
တ ဟို ဟို နဲ့တီလေး 
ရင်ပူလိုက်တာ သားခွန်းရယ်"

"မဟုတ်ပါဘူး လင်းဆက် 
လင်းဆက် ဟုတ်တယ် 
အဲ့ကောင် လင်းဆက်လေ သိတယ်
မလား တီလေး"

"အင်း သိတယ်လေ သားနဲ့ မန္တလေးတုန်းက ကျောင်းတူတူတက်တဲ့သူငယ်ချင်းဆိုတာ"
 
"ဟုတ်တယ် တီလေး အဲ့ကောင် 
ဆိုင်ကယ် မှောက်လို့ ဟုတ်တယ်

ဆိုင်ကယ်မှောက်လို့ အဲ့တာ သူ့အမေကလည်း တယောက်တည်းဆိုတော့ သူ့ကို သေချာပြုစုမဲ့သူ မရှိဘူးလေ အဲ့တာကြောင့် သား ခနလောက်နေပေးမို့ "

"ဟယ် အရမ်းများတာလား သား ဆေးရုံတွေဘာတွေမပို့ကြဘူးလား"

"အရမ်းများပါဘူး တီလေးရယ် ခြေထောက်ထိတာ ဆိုတော့ 
အပေါ့အပါးသွားရတာ ဘာညာက 
သူ့အမေတွေညီမတွေ လုပ်ပေးဖို့အဆင်မပြေဘူးလေ သား ကျ ယောက်ျားလေးချင်းဆိုတော့ 
လုပ်ပေးကိုင်ပေးရအဆင်ပြေတယ်လေ အဲ့တာမို့ပါ"

"အေးကွယ် အဲ့တာဆိုလည်း 
သား သဘောပါ "

"ဟုတ် တီလေး သူ့အိမ်မှာ 
စားသောက်နေပြီး ဒါလောက်လေးတော့ သားပြန်လုပ်ပေးချင်လို့ပါ"

"အေးပါ သားလေးက စိတ်ထားကောင်းလိုက်တာ သားလုပ်ပေးလိုက်ပါ ကုသိုလ်လည်းရတာပေါ့ 
သူများကိုကူညီတာ 
အဲ့တာဆို သားပြန်လာမဲ့အချိန်ကျ ဖုန်းဆက်လိုက် နော်
တီလေးအားလုံးစီစဉ်ပေးမယ် 
ဟုတ်ပြီလား"

"ဟုတ် တီလေး သားဖုန်းဆက်မယ်နော် ကျေးဇူးပါ တီလေး"

"မလိုပါဘူးကွယ် တီလေးလည်း ပွဲရုံ ကိစ္စတွေနဲ့အပြင်သွားလိုက်ဦးမယ်
သား အဲ့တာဆို ဒါပဲနော်"

          


                    

"ဟုတ်တီလေး အဲ့တာဆို သား
ဖုန်းချလိုက်ပြီနော် "
  
    +
  
  

"အေးအေး သားဂရုစိုက်နော်"
  
    +
တီလေး ဖုန်းချသွားသည်နှင့်

"ခွီး ဟား ဟား ဟားးး"

ခွန်း ရီချင်စိတ်ကို ဖုန်းပြောနေတည်းက မနည်းထိန်းထားရတာမို့အားရပါးရအော်ရီပစ်လိုက်သည်။

လင်းဆက်ရေ စိတ်‌တော့မကောင်းပါဘူး တီလေးယုံအောင် လိမ်လိုက်ရတာမို့မင်းခနခြေထောက်ကျိုးလိုက်ပါဦး ဘဲကြီးနဲ့ငါနဲ့နီးဖို့ မင်းပါရမီဖြည့်တယ်လို့တွေးလိုက်ပါ ဟဲ ဟဲ 

ခွန်း ကိုယ့်အတွေးတွေနဲ့ ကိုယ် သဘောတွေကျနေရသည်။

နောင့်ခွန်းတို့စားသောက်ပြီးသည်အထိ ဖုန်းပြောလို့မပြီးသေးတဲ့ကောင်လေးကြောင့် နောင့်ခွန်း အိမ်ရှေ့ကို ထွက်လိုက်လာခဲ့လိုက်သည်။

ဟိုဘဲကြီး ဝရံတာဘက်ကို ထွက်လာတာမြင်တော့ ခွန်း လူကြီးကို စချင်တာမို့ မျက်နှာငယ်လေးလုပ်ထားလိုက်သည်။

မျက်နှာငယ်လေးနဲ့ ရပ်နေတဲ့စေကိုးကြောင့် နောင့်ခွန်းစိတ်ပူသွားရသည်။

"စေကိုး မျက်နှာလည်း မကောင်းဘူး ဘာဖြစ်တာလဲ"

"အင့် ဟင့် ခင်ဗျားကြီးကြောင့် "

"ဟမ် ကိုယ်ဘာလုပ်မိလို့လဲ "

ရုတ်တရက်ကြီးရှိုက်ကြီးတငင်ငိုချလာတဲ့ စေကိုးကြောင့် နောင့်ခွန်းဘာလုပ်ရမှန်းမသိ ပျာယာခတ်သွားရသည်။

"အစက ခင်ဗျားပဲ ကျွန်တော့်ကို 
မချစ်ဘူးဆိုလို့ ကျွန်တော်ကဒီနေ့ 
ပြန်တော့မယ်ဆိုပြီး တီလေးကို 
ဖုန်းဆက်ထားတာလေ"

"ဟင် "

စေကိုးကပြန်တော့မှာလား မနေ့ကမှ နောင့်ခွန်းတို့ချစ်သူဖြစ်တာလေ 
ဒီနေ့ခွဲရတော့မှာလား နောင့်ခွန်းလည်း ရင်ထဲမကောင်းဖြစ်သွားရပြီ 
တင်းကြပ်လာရသည်။

"မငိုပါနဲ့ စေကိုးရယ် တိတ်တိတ်မငိုနဲ့တော့နော် အဲ့ဒါဆို စေကိုးက ပြန်‌တော့မှာလား တောင်ကြီးကို"

"တီလေးကအခုအဲ့တာ ပြန်လာဖို့ 
ဖုန်းဆက်တာ"

"ကိုယ်လာတွေ့မှာပေါ့ စေကိုး
တောင်ကြီးပြန်သွားလည်း မငိုနဲ့နော် ‌
မောင့်ကောင်လေးက ငိုနေတော့ 
မောင့်ရင်ထဲမှာကမ္ဘာတွေပျက်နေပြီဗျ"

"သောက်ပိုတွေ"

"ဟာကွာ... မောင်တကယ်ပြော‌နေတာ"

"ခင်ဗျားကြီးနော် တမောင် မောင် နဲ့ ဘာဖြစ်နေတာလဲ"

"ဟင်းးးး ‌ကိုယ်လည်း 
ဘယ်ပြန်စေချင်ပါ့မလဲ 
ကိုယ့်ချစ်ရတဲ့သူလေး ကို ကိုယ်ကအခုမှအစွမ်းကုန်ချစ်ပေးပြီး
ဂရုစိုက်ပေးဖို့ အားခဲထားတာကို "

"တကယ်လား"
 
"ဒါပေါ့ မနေ့ညက ကိုယ်ဆိုပြတဲ့သီချင်းထဲကလိုလေ 
'ဒီကစပြီး ရှေ့ကိုဆို မင်းရဲ့လိုအင်ရှိတာတွေ သိအောင်ကြိုးစားရင်းလေ ကိုယ်ဖြည့်စွမ်းမယ် 'အဲ့လိုလေးလေ"

"ဟာ ခင်ဗျားကြီး တော်တော်စကားတတ်လွန်းတယ်ဗျာ"

"စေကိုးနဲ့ တွေ့မှပါ အခု
ပြန်တော့မယ်ဆိုတော့လည်း 
ကိုယ့်မှာတားခွင့်မှမရှိပဲ "

ထိုလူကြီး လေသံလေးကတိုးတိမ်စွာထွက်ပေါ်လာတော့ ခွန်းမှာမနေနိုင်ပါ 

"ဟာဗျာ ခင်ဗျားကြီး တော်တော်အပြောကောင်း 
ဘယ်သူကပြန်မယ်ပြောလို့လဲ 

တီလေးက ဖုန်းဆက်တယ်ပဲ 
ပြောတာကို ခင်ဗျားမျက်နှာကြီး 
ဖြစ်သွားလိုက်တာ ကြည့်ပါဦး
အမြီးတက်နင်းခံထားရတဲ့ မျောက်ကြီးကျနေတာပဲ"

"အာ ရက်စက်လိုက်တာကွာ ကိုယ့်ကိုမျောက်နဲ့တောင်နှိုင်းရက်တယ်ပေါ့ ကိုယ့်ကို စနေတာပေါ့ဟုတ်လား 
အဲ့တာဆို လာခဲ့"

နောင့်ခွန်း ရင်ခွင်ထဲကို စေကိုးခန္ဓာကိုယ်လေးကို ဆွဲသွင်းလိုက်ပြီး ပွေ့ဖက်ထားလိုက်သည်။

"အား နာတယ် လွှတ်ဗျ အားကြီးနဲ့ဖက်ထားတာ ခင်ဗျား ဒီနေ့အလုပ်
မသွားဘူးလား "

"သွားရင်ကောင်းမလား မသွားရင်ကောင်းမလားစဉ်စားနေတာ"

"ဘာလို့လဲ"

နောင့်ခွန်းရင်ခွင်ထဲကနေ ပြန်မော့ကြည့်ပြီးမေးလာတဲ့ကောင်လေးက အူယားစရာအတိကောင်းလွန်းနေသည်။

"မောင့်ကောင်လေး အနားနေချင်
လို့ပေါ့ဗျ"

"ဟာဗျာ လူကိုရှက်အောင် ဘာတွေပြောမှန်းမသိဘူး"

"ကိုယ်တကယ်ပြောတာ"

"အပိုတွေ ခင်ဗျားလူက မနက်အစောတည်းက ခင်ဗျားကိုခေါ်ဖို့ရောက်နေတာကို ဒါနဲ့ ခင်ဗျား ကျွန်တော်နဲ့စကားလာပြောနေတာ 
နွမ်စိုင်းနဲ့မိုင်ခမ်းမြင်သွားဦးမယ် 
ဖက်ထားတာ လွှတ်စမ်းပါ"

"မြင်မြင်ပေါ့ ကိုယ့်ကောင်လေး
ကိုယ်ဖက်တာ ဘာဖြစ်လဲ"

"အကဲမပိုနဲ့ဗျာ လွှတ်လို့ ကျွန်တော်ရှက်တယ်ဗျ သူတို့မြင်သွားရင်"

"မရှက်ပါနဲ့ဗျာ မောင်က စတာပါ 
နွမ်စိုင်းကိုလည်း အလုပ်‌တွေခိုင်းပြီးပြန်လွှတ်လိုက်ပြီ မိုင်ငယ်ကလည်း 
သူ့ပီအိုက်ဆီသွားပြီ အိမ်မှာ 
စေကိုးနဲ့ မောင်နဲ့ နှစ်ယောက်တည်း ကျန်တာ "

"ဟမ် သူတို့ဘယ်ချိန်သွားလိုက်တာလည်း ကျွန်တော်တောင်
မသိလိုက်ဘူး "
 
"ဖုန်းပြောနေတုန်း သွားလိုက်တာလေ"
 
"ဪ အဲ့တာဆို နှစ်ယောက်တည်းပေါ့ ခင်ဗျားကြီးနော် ကျွန်တော့်ကို မဟုတ်တာတွေမကြံနဲ့ "

"ဟော မောင်က ဘာမှမကြံပါဘူး ဟောဒီက မောင့်ကောင်လေးကသာ လျှောက်တွေးနေတာ "

"ဘယ် ဘယ်မှာ တွေးလို့လဲ 
ဒီတိုင်းပဲ ပြောတာကို ဟွန့် "

"ဟား ဟားး ဟုတ်ပါပြီဗျာ စေကိုးနဲ့အေးဆေး‌စကားတွေပြောပြီး 
နှစ်ယောက်တူတူရှိချင်လို့ပါမောင်က "

"ဘာတွေပြောမှာလဲဟင်"

(A/N ; FA မှန်းသိသာချက် 
ခွန်းရယ် ချစ်ကြည်နူး တစ်တီတူး
တာတွေ ပြောမှာပေါ့ အခုတော့ 
ဘာတွေပြောမှာလဲတဲ့)

"မောင့်ကောင်လေးကို ချစ်တဲ့အကြောင်းတွေပေါ့"

"ခင်ဗျားတော်လိုက်တော့ဗျာ"

"မတော်ချင်ပါဘူး လာခဲ့ အပြင်မှာအေးတယ် မောင်တို့ အိမ်ထဲဝင်ရအောင်"

ခွန်းလက်ကို ဆွဲကာ အိမ်ထဲပြန်ဝင်လာတဲ့လူကြီးကြောင့် 
ခွန်းလည်း အူကြောင်ကြောင်ပါလာရသည်။အိမ်ရှေ့ခန်းက ဆက်တီခုံမှာ‌ထိုင်တော့လည်း ငြိမ်ငြိမ်မထိုင် ခွန်းအနားကို ကပ်ကာ ခွန်းပုခုံးစွန်းတွေကို လာဖက်ထားတဲ့လူကြီးပါပေ။

"‌စေကိုး ဒါနဲ့လေ စေကိုး နာမည်က ခွန်းစေကိုးနော်"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"အဲ့ကိုးက ဘာပြောချင်တာလဲဟင် ရှမ်းကိုးမီး လိုဟာမျိုးကို
ပြောချင်တာလား"

"ခွန်း ဘဝကို စေညွှန်ရာတိုင်းဖြစ်စေပြီး ယုံကြည်အားကိုးထိုက်ခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားတာဗျ 
ခင်ဗျားကြီးတော်လို ရှမ်းကိုးမီးရမှာလား"

"မသိဘူးလေ မောင့်ကောင်လေးက အရိုင်းတုံးလေးပဲ"

"ခင်ဗျားနော် ထပ်မစနဲ့တော့ "

"မောင်လို့ခေါ်ပါဆိုကွာ"

ခွန်းစိတ်လိုလက်ရခေါ်ပစ်ချင်ပါသည် ဒါပေမဲ့ အမြဲတမ်းခေါ်နေရင် ဈေးပေါလွန်းသွားမည်မလား ဒီလူကြီးကို သတ်သတ်မဲ့ ဒုက္ခပေးရတာ ပျော်စရာကောင်းလွန်းပါသည်။

"မောင် "

"နားထောင်လို့ကောင်းလိုက်တာ "

"မောင် ဘာလို့ အဲ့အမွှေးတွေ
ရိတ်တာကို ဆံပင်ကျမညှပ်တာလဲ 
ဆံပင်ရှည်ကြီးနဲ့မပူဘူးလား"

"အင်း အဲ့တာက မောင့် မားမားကြောင့် မောင့်မားမားက ကင်ဆာရောဂါရှိတယ် အဲ့ခါကျ ဆံပင်အရှည်ထားမရဘူး မားမားသောက်ရတဲ့ ဆေးတွေကပျင်းတော့ 
ဆံပင်တွေကျွတ်ကုန်တာလေ 

အဲ့တုန်းကဆို မားမား က သူ့သမီးကိုဆံပင်အရှည်လေးနဲ့အရမ်းမြင်ချင်တာ မိုင်ငယ်က ကလေးပဲရှိသေးတယ်လေသေချာမလုပ်တတ်သေးဘူး 

အဲ့တာမို့ မောင်ကပဲ 
ဆံပင်အရှည်ထားပြီး 
မားမားသဘောကျတဲ့ဆံပင်ရှည်တွေကို မောင့်ဆီကမြင်ခွင့်ရစေခဲ့တာ"

ခွန်းမသိခဲ့တဲ့ မောင့်ရဲ့ နူးညံ့သိမ်မွေ့တဲ့ဘက်အခြမ်းကိုမြင်လိုက်ရတဲ့အခါ မောင့်ရဲ့နာကျင်မှုတွေကိုပါ 
ခွန်းမြင်ခွင့်ရခဲ့ပါသည် ။
  
မောင့်အမေကြောင်းပြောပြနေရင်းအဝေးကိုငေးပြီးပြုံးနေတဲ့ မောင့်အပြုံးတွေကသိပ်ကိုလှပလွန်းပါသည် အသက်ဝင်လွန်းလှပါသည်။

မျက်ဝန်းညိုတွေက နာကျင်နေပေမဲ့ပေါ့ မောင်က သိပ်ချစ်တတ်လွန်းတယ်ဆိုတာလည်း ခွန်းသိလိုက်ပါသည်။ဝမ်းနည်းသွားတဲ့မောင့်ကို 
ခွန်းပြန်နှစ်သိမ့်ပေးဖို့လိုတယ်မလား။မောင့်ရင်ခွင်ထဲကို ခွန်းတိုးဝင်ပစ်လိုက်သည်။အလိုက်တသိပြန်ပွေ့ဖက်လာတဲ့ မောင်လက်တေကြောင့် ခွန်းတိတ်တဆိတ်ခိုးပြုံးမိပါသေးသည်။

"မောင် ကတော်လိုက်တာ မောင့် 
မားမား တွက် မောင်အကောင်းဆုံးလုပ်‌ခဲ့တာပဲလေ "

"အွန်း မောင့်မားမားဆို မောင့်ဆံပင်တွေကို အရမ်းသဘောကျခဲ့တာ"

"အခု ကျွန်တော်ကလည်း မောင့်ဆံပင်တွေကို ဆက်ပြီးသဘောကျပေးမယ်လေ မောင့်မားမား ကိုယ်စားပေါ့"

"ဟုတ်ပါပြီဗျာ "

"မောင် အခုဆိုရင်လေ ကျွန်တော်လည်း ရှိနေပြီပဲ 
မောင်နာကျင်ရသမျှကို ကျွန်တော်လည်း မျှဝေခံစားပေးမယ် 
မောင်တယောက်တည်း မခံစားနဲ့တော့နော် အေးအတူပူအမျှပေါ့"

"အာ မောင့်ကောင်လေးကို ချစ်လိုက်တာဗျာ မောင်မျက်ရည်တောင်ကျတော့မယ်"

"စကားအကောင်းပြောနေတာကို 
မနောက်နဲ့ဗျာ "

"မောင်လည်းအတည်ပြောနေတာကို"

" ပြီးရောဗျာ "

"စေကိုး ကိုမနာကျင်စေရဘူးဆိုတာလည်းမောင်ကတိပေးတယ်

စေကိုးထိခိုက်မဲ့ ကိစ္စတွေမရှိလာစေရဘူး မောင့်ကိုယုံ"

"ယုံပါတယ် မောင်က ကာကွယ်ပေးထားမယ်ဆိုတာ 
မောင်သာအနားမှာရှိရင် စေကိုးလေ ဘာမှမကြောက်တော့ဘူး"

"ကျေးဇူးပါ စေကိုး 
မောင်ကြိုးစားမှာပါ"

မောင့်မျက်နှာက ဆုံးဖြတ်ချက်ပြတ်သားစွာချထားပြီးပြီးဆိုတာ 
ခွန်းမြင်ရုံနဲ့သိပါသည် မောင့်ကို ရွေးချယ်ခဲ့တဲ့အတွက် ခွန်းဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။

မောင့်ကို ခွန်းက စချစ်ခဲ့ရတာဆိုပေမဲ့ အခုဆို မောင့်ရဲ့အချစ်တွေကို 
ခွန်း ပိုပြီးခံစားမိလာလေ 
မောင်က ခွန်းအတွက်ဘယ်လောက်တောင်တွေးပေးလဲဆိုတာ သိလာရလေမို့ မောင့်ကို ဆုံးရှုံးရမှာ ခွန်းကပိုတောင်ကြောက်ပါသေးသည်။

"မောင် "

"ဗျာ"

"ရှေ့နားနည်းနည်းတိုး "

"ဘာဖြစ်လို့လဲ"

နောင့်ခွန်း စေကိုးကို ရင်ခွင်ထဲထည့်ပြီးဖက်ထားတာမို့ ခေါင်းကငုံမိုးထားသလိုဖြစ်သွားရသည်။

" ပြွက်စ် "

" --- "

အခု စေကိုးက နမ်းလိုက်တာလား နောင့်ခွန်း အာကာသထဲရောက်သွားရသလို လေထဲပဲမြှောက်နေသလို 
 
နောင့်ခွန်းခံစားချက်တွေအစုံရော
ထွေးနေရပြီး ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတော့မလိုပဲ

"မောင့်ကိုနမ်းလိုက်တာပေါ့ ဟုတ်လား စေကိုး အိပ်မက်မဟုတ်ပါဘူးနော်"

နောင့်ခွန်းအရမ်းသိချင်နေခဲ့တဲ့ 
စတော်ဘယ်ရီလိုနီရဲရဲ နှုတ်ခမ်းလုံးလုံးလေးရဲ့အရသာဟာ တကယ့်ကို စတော်ဘယ်ရီလေးလိုပါပဲချိုမြိန်လွန်းလှပါတယ် တဒင်္ဂလေး တခနလေးဆိုပေမဲ့ နောင့်ခွန်းသေချာသိလိုက်ပါသည်။ရင်ခွင်ထဲကကောင်ငယ်လေးကတော့ လုပ်ချင်ရာလုပ်ပြီး ရှက်လို့ဆိုကာ ရင်ခွင်ထဲခေါင်းဝင်တိုးပြီး မျက်နှာကိုမဖော်တော့ပါ။

"အိပ်မက် ဆိုလည်း အိပ်မက်လို့ပဲ
ထင်လိုက်ပေါ့ "

"မဟုတ်ပါဘူး မောင့်စေကိုးလေးက နမ်းလိုက်တယ်ဆိုတာမယုံကြည်
နိုင်သေးလို့ပါ"

"အွန်း နမ်းချင်လာလို့ မောင်ပင်ပန်းခဲ့ရတဲ့ ဒဏ်ရာတွေနာကျင်မှုတွေအတွက် အမောပြေစေချင်လို့ အားအင်တခုဖြစ်စေချင်လို့"

"ကျေးဇူးပါ စေကိုး....
စေကိုးအနားမှာရှိနေတည်းက 
မောင့်အတွက် ဆုလာဘ်တခုပါပဲ အားအင်တခုပါပဲ"

တကယ့်ကို ကြည်နူးစရာအခိုက်အတန့်လေးပါပင် တယောက်မျက်ဝန်းထဲကအဓိပ္ပာယ်တွေကို 
တယောက်ကလည်းထုတ်မေးစရာမလိုပဲ အလိုလိုနားလည်နေပြီးသားဆိုတာမျိုးပေါ့။အကြည့်တွေကချိုမြိန်လွန်းနေခဲ့ပြီး ယုံကြည်မှုတွေပါပျော်ဝင်နေခဲ့ပါသည်။

နောင့်ခွန်းနဲ့ စေကိုးနဲ့ တနေ့လုံးရောက်တတ်ရာရာတွေပြောလိုက် 
တယောက်မျက်နှာတယောက်ငေးကြည့်နေမိလိုက်နဲ့ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင် မသိလိုက် 

နေ့လည်စာတောင် စေကိုးဗိုက်ဆာတယ်ပြောမှသတိရတယ် မိုင်ငယ်ကလည်း သူ့ပီအိုက်နဲ့ အခင်းတွေတူတူစစ်မယ်ဆိုပြီး ပြန်မလာတော့ 
နှစ်ယောက်သား ရှိတဲ့ဟာလေးနဲ့ 
နေ့လည်စာစားရသည်။
ခြံထဲဆင်းလိုက် အိမ်ပေါ်တက်လိုက်နဲ့တင်ကို ညနေစောင်းသွားရလေပြီ။

"ကိုကြီးရေ "

မိုင်ငယ်ရဲ့အသံကို ခြံထဲမရောက်ခင်တည်းက လူမမြင်ရပဲ အသံ
အရင်ကြားရလေသည်။
 
မိုင်ငယ့်အသံကြောင့် စေကိုးကလည်း နောင့်ခွန်းနဲ့ကပ်ထိုင်နေရာမှ ဟိုဘက်တခုံကျော်ကို ဘယ်လိုရောက်သွားမှန်းမသိ ဝှီးခနဲနေအောင်ရွေ့သွားလိုက်တာများ မြန်ချက်။

"ဟဲ့ ခွန်း နင်ဒီနေ့ပြန်မယ်ဆို 
မပြန်ဖြစ်ဘူးလား နင့်မျက်နှာကလည်း ဘာဖြစ်တာလဲ နီရဲနေတာ 

နေမကောင်းဘူးလား ကိုကြီးကလည်း ဒီနေ့ စခန်းတွေဘက်သွားမစစ်ဘူး 
နေမကောင်းဘူးလား ကိုကြီးကလည်း"
 
အိမ်ပေါ်တောင်သေချာမရောက်သေးဘူး စက်သေနတ်ပစ်သလို တရစပ်မေးလာတဲ့ မိုင်ခမ်းစကားတွေကြောင့်

"ဟဲ့ နင်ကလည်း နားနား‌ပြီးမေး 
ဘယ်ဟာကိုအရင်ဖြေရမှန်းမသိဘူး

အသက်တောင်ရှုရဲ့လားမသိဘူး 
မေးသွားလိုက်တဲ့မေးခွန်းတွေက 
နင့်အရပ်ထက်တောင် ရှည်တယ်"

"ငါကစိတ်ပူလို့မေးတာကို စေတနာကိုမစော်ကားနဲ့ ငါကောက်ထုပလိုက်ရ "

မိုင်ခမ်းက ပြောပြောဆိုဆို စားပွဲပေါ်အလှတင်ထားတဲ့ သိမ်းငှက်ပုံပန်းပုရုပ်သေးသေးလေးကို ကိုင်မြှောက်ပြီး တကယ်ထုတော့မဲ့အတိုင်းခွန်းဆီကို ချိန်ရွယ်လာသည်။

"ငါကိစ္စတခုရှိလို့ မပြန်ဖြစ်သေးတာပါ နင်လည်းသိရက်သားနဲ့ "

ခွန်းလည်း မိုင်ခမ်းကို ဘဲကြီးဘက်ကို မသိမသာ မျက်စပစ်ပြလိုက်သည် 

လိမ်ချင်လွန်းလို့လိမ်တာမဟုတ်ပေမဲ့ ဟိုလူကြီးနဲ့ ချစ်သူဖြစ်သွားပြီဆိုတာကို ရုတ်တရက်ကြီးဖွင့်ပြောရမှာကျ ရှက်စိတ်ကလေးက ရှိနေသေးသည်။

ပြီးတော့ မပြန်ဖို့အရေး သူ့ပီအိုက်ကို ခြေကျိုးနေလို့ ဆိုပြီး တီလေးကိုပြောထားတာများ သိသွားရင် 
အဲ့လူပုစိတ်တိုက လက်ထဲရှိတဲ့ အရုပ်နဲ့ တကယ်ကောက်ပေါက်မှာ ခွန်း ဘယ်နှချက်လောက် ချုပ်ရမည်မသိ အဲ့တာမို့ လိမ်ပြောလိုက်သည်။
 
နောင့်ခွန်း စေကိုး လုပ်ပြနေတာတေကြည့်ပြီး ရီချင်ပက်ကျိ ဖြစ်နေတဲ့မျက်နှာကို မနည်းထိန်းထားရသည် အခုနေများ သွားရီမိရင် ကောင်လေး စိတ်ကောက်သွားမှာအသေအချာပင်။

"မိုင်ငယ် အလုပ်ကပင်ပန်းလာတယ်
မလား နားရင်နားတော့လေ ညစာအတွက်စီစဉ်မှာဆိုလည်း စီစဉ်ချေ"

"ဟုတ် ကိုကြီး ညစာအတွက် အမြန်ပြင်လိုက်မယ် ဗိုက်ဆာနေပြီလား 
ခနစောင့်နော်"

မိုင်ခမ်းက ခြေလက်ဆေးကာ မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။
မိုင်ခမ်း ဟင်းချက်နေတာ ခွန်းလည်းမကူညီနိုင်တာမို့ ခြံထဲသာဆင်း‌လာလိုက်ပြီး ချယ်ရီပင်ကြီးအောက်မှာ ဆင်းထိုင်နေလိုက်သည်။

"အမေ့ "

နောက်ကနေရုတ်တရက်လာဖက်လိုက်တဲ့ လူကြီးကြောင့်ခွန်းလန့်သွားရသည်။

"ခင်ဗျားကလည်းဗျာ လန့်လိုက်တာ အိမ်ပေါ်မှာ မိုင်ခမ်းရှိနေတာကို 

ကိုယ့်ညီမတယောက်လုံးရှိနေတာ အနေထိုင်ဆင်ခြင်ဦးမှပေါ့ဗျ"

"ဘာမှမဖြစ်ဘူး သူ့ကိုစိတ်ထဲထည့်မနေနဲ့ အဲ့ကလေးမက ကိုယ်တို့ကိုဘာမှမပြောဘူး"

"မပြောပေမဲ့လည်းဗျာ ဒါပေမဲ့ဘယ်လိုလုပ်ကောင်းမှာလဲ မဖက်နဲ့လွှတ်"

"ဟုတ်ပါပြီဗျာ"

"မောင် "

"ဟုတ်ကဲ့ဗျ"

"ကျွန်တော်ပြန်သွားရင်ဘယ်လို
လုပ်မလဲဟင် "

"ကိုယ်စီစဉ်ထားတာတွေရှိပါတယ်"

"ကျွန်တော်ပြောတာ မန္တလေးထိ 
ပြန်တာကိုပြောတာဗျ တောင်ကြီးတင်မဟုတ်ဘူး ကျွန်တော့်အလုပ်က မန္တလေးမှာဗျ"

"အဲ့တာတွေ မတွေးပါနဲ့ဦး စေကိုးရယ် မောင့်တာဝန်ထားပါ 
မောင့်ကောင်လေးနဲ့ တွေ့ဖို့ ဘယ်နည်းလမ်းမဆို ကိုယ်သုံးမှာပါ "

"အွန်း အဲ့တာဆိုလည်း ပြီးရော 
အဲ့တာတွေမတွေးသေးဘူး "

"မတွေးနဲ့ အတူရှိနေတဲ့အချိန်မှာ 
မောင့်အကြောင်းပဲတွေးနော်"

ခွန်းပုခုံးစွန်းပေါ်ကို မေးတင်ပြီးလာပြောနေတဲ့ လူကြီးကြောင့် သူ့ရဲ့ဝင်သက်ထွက်သက် လေနွေးနွေးလေးက ခွန်းရဲ့ပါးကိုလာရိုက်ကျီစယ်နေလေသည်။ဆောင်းရာသီရဲ့အအေးဓာတ်ကိုတောင် မောင့်ရင်ခွင်ထဲမှာနေပြီး အံ့တုပစ်လို့ရသည် မောင့်ရင်ခွင်က တကယ်ကို နွေးထွေးလွန်းပါသည်။

ဇော်ပိုင်၊ မေခလာ- 
အဲ့သည်လောက်တောင်ချစ်ရသည်


--------------------------

16-9-2021

Thanks For Reading.

@Paing & Koe 🌸🍉

Love You All. ....💛💛💛


rate now: