book

Index 10

Part - 9

စေကိုး နေမကောင်းဖြစ်ပြီး

သက်သာလာတည်းက နောင့်ခွန်းကို သိသိသာသာရှောင်နေတာ နောင့်ခွန်းသတိထားမိပါသည်။

 

နောင့်ခွန်းအိမ်ပြန်လာပြီဆို 

ခြံထဲဆင်းထိုင်နေတတ်သည်မို့ 

ဒီကောင်လေးအအေးမိမှာ စိုးရိမ်တဲ့ နောင့်ခွန်းကပဲ ခြံထဲကို ဆင်းပြီးလမ်းလျှောက် ပြလိုက်ရင် စေကိုးကအိမ်ပေါ်ပြန်တက်သွားပြီး အခန်းထဲဝင်နေတတ်သည်။


လူကကျန်းမာရေးမကောင်းသေးတာမို့မျက်နှာလေးတွေဆို ချောင်ကျသွားသည် နောင့်ခွန်းသဘောကျခဲ့ရတဲ့ 

ပါးဖောင်းဖောင်းလေးတွေကလည်း အခုတော့ ပိန်သွယ်သွယ်လေးဖြစ်နေချေပြီ။ အခုလိုကြီး ရှောင်နေတော့ နောင့်ခွန်းမနေတတ်ပြန်ဘူး အိမ်မှာ လူက သုံးယောက်ပဲရှိတာကို 

စေကိုး က မိုင်ငယ်နဲ့ကျ စကားပြောပြီး နောင့်ခွန်းကိုဆို အဖက်ကိုမလုပ်သည်မို့ခံရခက်လေသည်။


ဒီနေ့လည်း မနက်အစောကြီးထပြီး နောင့်ခွန်းမနိုးခင်တည်းက အခန်းထဲကထွက်သွားလေပြီ နောင့်ခွန်းနိုးတော့ အိမ်ရှေ့မှာ မီးဖိုလေးလုပ်ပြီး 

စေကိုးနဲ့ မိုင်ငယ် နှစ်ယောက်သား မီးလှုံနေကြသည်။ 


ဒီရက်ပိုင်း ရာသီဥတုက သိသိသာသာအအေးပိုလာသည်မို့ တော်ရုံအနွေးထည်လောက်နဲ့မနွေးတော့ မနက်ပိုင်းနဲ့ ညနေစောင်းတွေက 

ပိုအေးသည်မို့ မီးဖိုလေးတွေ လုပ်ပြီး မီးလှုံရတာမျိုးတွေရှိသည်။


"ကိုကြီး နိုးပြီလား ဒီမှာ ခေါပုတ်ကင်နေတာ မျက်နှာသစ်ပြီးလာခဲ့နော် 

စားရအောင်"


" အင်း "


နောင့်ခွန်းကို မြင်တော့ မိုင်ငယ်က စကားလှမ်းပြောပေမဲ့ ဟိုကောင်လေးကတော့ မသိချင်ယောင်ဆောင်နေသည်မို့ နောင့်ခွန်းလည်း မျက်နှာသစ်ရန်သာထွက်ခဲ့လိုက်သည်။


ဒီရက်ပိုင်း ခွန်း တကယ်ကို 

ပင်ပန်းပါသည် မိုးမိပြီးဖျားသွားတာကော ဟိုလူကြီးဆီက အငြင်းခံလိုက်ရတာကောမို့ စိတ်ကိုပြင်ဆင်ထားခဲ့ပေမဲ့ တကယ်တမ်းကျ ခံနိုင်ရည်မရှိပါ ခွန်းမထင်ထားမိလောက်အောင်ကို ချစ်မိသွားခဲ့တာမို့ ရင်ထဲမှာလည်းနာပါသည် ။


ခွန်းကသူ့အတွက်ဘာမှမဟုတ်ဘူးတဲ့လေ ခွန်းက ဘာကိုမက်မောပြီးကပ်တွယ်နေရဦးမလဲ ။

ခွန်းက သူ့မျက်နှာတခုပဲကြည့်ပြီးနေနိုင်ပါတယ်ဆိုတာတောင် 
သူကလက်မခံဘူး​လေ ခွန်း မုန်းပစ်ချင်ပါသည် မုန်းလို့မရနိုင်အောင်ကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိ  ဘယ်အချိန်ကများနေရာယူထားသည် မသိတဲ့ ဒီလူကြီးကို နှလုံးသားကမုန်းခွင့်မပြုပါ ။

ဦးဏှောက်ကို အလုပ်ပေးကာ ဥပက္ခာ ပြုနိုင်ဖို့သာ ခွန်းကြိုးစားနေမိသည် အမှန်ဆို ခွန်း တောင်ကြီးကိုချက်ချင်းပြန်ပြေးသွားချင်တာ အဲ့နေ့တည်းက အခုလိုကျန်းမာရေးမကောင်းတဲ့ပုံစံနဲ့ပြန်ရောက်လာရင် တီလေးတို့ စိတ်ပူနေမည်စိုးရိမ်လို့သာ ခွန်းနေကောင်းတဲ့အထိ ဒီမှာနေဖို့ ဆုံးဖြတ်လိုက်တာပါ

ပြီးတော့ ဟိုလူကြီးကသာ ခွန်းကို တကယ်ဘာစိတ်မှမရှိဘူးဆိုရင်တော့ နောက်ဆုံးအနေနဲ့ ငေးကြည့်နေခွင့်ရချင်သေးတာမို့ တသက်လုံးစာပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ခနတော့ရသလောက်အနားမှာ နေချင်တာမို့ ခွန်း ဆက်ပြီးနေနေမိတာ 

အဲ့လူကြီးကို မသိချင်ယောင်ဆောင်ပြီး နေရတာ ခွန်းဘယ်လောက်ပင်ပန်းတယ်ထင်လဲ သူ့ကျောပြင်ကျယ်ကြီးကိုငေးကြည့်မိတိုင်း အားကိုးတကြီးပြေးဖက်ချင်စိတ်တွေကို ချိုးနှိမ်ထားရတာ အိမ်မှာ စာရင်းတွေလုပ်နေချိန်ဆို သေချာမြင်ရလောက်မဲ့ အကွယ်တနေရာကနေငေးကြည့်ရင်း‌နဲ့ ခွန်းနဲ့ တစ်ကမ္ဘာဆီဖြစ်နေတဲ့ ဖုန်းလေးကိုပြန်ရှာကာ သူ့ပုံတွေခိုးရိုက်ပြီးသိမ်းထားမိတာ ညဘက်အိပ်ပျော်သွားပြီဆိုရင် ဒီလူကြီးကိုငေးကြည့်ရင်း မိုးလင်းပေါက်ခဲ့ရတာတွေ 
ခွန်းတကယ်ကို ပင်ပန်းနေပါပြီ။

"ဟဲ့ ခွန်း ဘာတေတွေးနေတာလဲ "

"ဟင် ဟင်" 

ခွန်းအတွေးလွန်နေသည်မို့ မိုင်ခမ်း
မေးတာသေချာမကြားလိုက်

"ဘာတွေ တွေးနေတာလဲလို့ နင့်ပုံစံက ငူငူငိုင်ငိုင်ကြီး အဆင်မပြေတာရှိရင် ငါတို့ကိုပြောလို့ရတာပဲကို"

"ဒီလိုပါပဲ "

ကိုယ့်ရင်ထဲက အပူကို ဘယ်သူမှ
ငြှိမ်းမကူနိုင်တာ ကိုယ်သာအသိဆုံးမို့ ဒဏ်ရာတွေကိုချပြနေလည်းအပိုပဲမလား စိတ်ဆင်းရဲတာပဲအဖက်တင်မှာမို့ ခွန်းဘယ်သူ့ကိုမှမပြောချင်တော့ပါ ။

"နင်ကလည်း နေမကောင်းတာသိပေမဲ့ အရင်လိုတက်တက်ကြွကြွနေစမ်းပါ

အခုနင့်ပုံစံက လဒမိုင် မိုင်ပြီး
ခွေးအ ကြီးလှည်းနင်းခံထားရသလိုပဲ"

"အဟွတ် အဟွတ်"

"မိုင်ငယ် သူများကို 
အဲ့လိုမပြောရ‌ဘူးလေ"

ခွန်းမှာ မိုင်ခမ်းစကားကြောင့် 
သောက်လက်စ ရေနွေးကြမ်းလေးတောင်သီးသွားရသည်။ပြီးတော့ 
ဘယ်အချိန်က နောက်ကိုရောက်နေလဲမသိသည့် ဟိုလူကြီးက ခွန်းနောက်ကျောကို ပုတ်ပေးပြီး မိုင်ခမ်းကိုမပြောဖို့တားမြစ်နေလေသည်။

"ရတယ် ကျွန်တော်အဆင်ပြေတယ်"
 
နောင့်ခွန်း မျက်နှာကို တချက်တောင်လှည့်မကြည့်ပဲ အံ့ကြိတ်ပြောလာသည့် စေကိုးကြောင့် နောင့်ခွန်း ရင်ထဲအောင့်မြက်သွားရသည်။ဒီကောင်လေး နောင့်ခွန်းကိုတကယ်စိတ်နာသွားတာပဲထင်ပါတယ် ဘယ်တတ်နိုင်မလဲ ဒီလမ်းကိုနောင့်ခွန်း ကိုယ်တိုင်ရွေးခဲ့တာ‌ပဲလေ သူကိုယ့်အနားမှာနေရင် အန္တရာယ်တေနဲ့ပဲကြုံရမှာမို့ နောင့်ခွန်းကိုသဘောကျတဲ့စိတ်နဲ့ စေကိုး နာကျင်နေတာကိုမြင်ရတာထက် အခုလိုမျိုးမုန်းသွားတယ်ဆိုတော့ စေကိုး သိပ်မခံစားရတော့ဘူးပေါ့ နောင့်ခွန်း ဝမ်းနည်းပေမဲ့ ကျေနပ်ပါသည်။
  
ကိုကြီးနဲ့ခွန်းကြားမှာ တခုခုဖြစ်ထားမှန်းရိပ်မိပေမဲ့ ဘာမှန်းအသေအချာမသိတော့ မိုင်ခမ်းလည်း ဒီအခြေအနေကြီးကို ဘယ်လို ဝင်ထိန်းပေးရမှန်းမသိတော့ပါ နှစ်ယောက်လုံးခံစားချက်တွေကို ဘေးလူဖြစ်တဲ့ မိုင်ခမ်းအနေနဲ့ မြင်နေရတာတောင် သူတိူ့နှစ်ယောက်က ဘာတွေဖြစ်နေကြသည်မသိတော့ မိုင်ခမ်းလည်းမပြောတတ်တော့ ခွန်းကလည်း အင်း အဲသာ လုပ်နေသည်

ဘာမှမပြောပြ ကိုကြီးကို သွားမေးဖို့ကလည်း ကိုကြီးကပြောပြမှာမဟုတ်တာသိနေသည် ကိုကြီးနဲ့မိုင်ခမ်းကမိဘတွေမရှိတော့တည်းက တယောက်နဲ့တယောက်မှီခိုပြီးနေလာခဲ့တာမို့ 
တယောက်ခံစားချင် တယောက်တော့ နားလည်ပေးနိုင်ကြသည် အခုက ကိုကြီးမျက်ဝန်းတွေကနာကျင်နေတာကိုမြင်နေရတာမို့ ‌မိုင်ခမ်းမမေးရက်တာလည်းပါပါသည်။

"ခွန်း နင်နေမကောင်းတည်းက 
အိမ်ထဲပဲအောင်းနေတာ ငါနဲ့ ပီအိုက်ဆီ လိုက်ခဲ့ပါလား"

ဟုတ်သည်လေ ခွန်း ဆီကနေသာ 
မိုင်ခမ်းသိချင်တာ သိခွင့်ရလိမ့်မည်မှန်း ထင်တာမို့ ပီအိုက်နဲ့အတူ မေးရန်ဆုံးဖြတ်၍ခေါ်လိုက်ခြင်းဖြစ်သည်။

"အင်း လိုက်မယ်လေ "

ရာသီဥတုအေးတာမို့ စေကိုး ကို အပြင်မသွားစေချင်ပေမဲ့ အခု
မိုင်ငယ်နဲ့ စေကိုး က ရောင်းသူဝယ်သူအသံတူနေတာမို့ နောင့်ခွန်း 
တားလည်းမ ရမည်မှန်းသိတာမို့ 
ဘာမှဝင်မပြောတော့ပဲ မိုင်ငယ် 
ကင်ထားသော ခေါပုတ် တခုနှစ်ခုကောက်စားကာ စခန်းဘက်ကိုသွားဖို့ပဲ လုပ်လိုက်တော့သည် အလုပ်တွေသာဖိလုပ်ရင်း အလုပ်တွေများရင် ကောင်လေးကို ခနမေ့ထားနိုင်မယ် ထင်လို့ပါ။

___________________________
 
"ဟာ ခွန်း ပါလား မင်းငါ့ဆီမလာတာ နှစ်ရက်သုံးရက်တောင်ရှိနေပြီ 
ဟိုးနေ့ကတွေ့ပြီးတည်းက ပဲ အခုမှဘာစိတ်ကူးပေါက်လာတာလဲ"

"မိုင်ငယ် ခေါ်လာတာလေ ပီအိုက်"

"ဟုတ်ပါပြီဗျာ "

မိုင်ခမ်း ခေါင်းလေးကို ဖွဖွလေးပုတ်ပေးကာ ပြုံးပြုံးကြီးပြန်ပြောနေတဲ့ လင်းဆက် မျက်နှာကို ခွန်းလေ ပြေးထိုးချင်စိတ်ပေါက်လာရသည် သူများက အသည်းကွဲနေပါတယ်ဆို သူတို့နှစ်ယောက်ကလာကြည်နူးပြနေတယ်လေ။ခွန်းအမြင်ကပ်ကပ်နဲ့ သူတို့နှစ်ယောက်ကြားအတင်းတိုးဝင်ကာ 
ဝင်ထိုင်လိုက်သည်။

"ဟာ နင် ဘယ်လိုဖြစ်နေတာလဲ ယဘာလို့ ပီအိုက်နဲ့ငါ့ကြားအတင်းဝင်ထိုင်နေတာလည်း အိမ်အကျယ်ကြီးကို နေရာတွေအများကြီးရှိရက်နဲ့"

"ထိုင်ချင်လို့ ဟာ ဘာဖြစ်လဲ 
မကျေနပ်ဘူးလား "

လင်းဆက်က ခေါင်းအသာယမ်းပြရင် မိုင်ငယ့်ကို ဆက်မပြောဖို့ တားမြစ်လိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ ခွန်း"

"မင်းအမေ မရှိဘူးလား ငါအိမ်ပေါ်တက်လာတည်းက‌မတွေ့ဘူး"

အမေးနဲ့အဖြေက မအပ်စပ်စွာ 
ဖြေလာသည်။

"အေး သူ့ညီမတွေဆီသွားတယ် 
အိမ်မှာမရှိဘူး "

"ဪ"

"ဟေ့ကောင် ဝေ့လည်ကြောင်ပတ်
မလုပ်နဲ့ ငါမေးတာဖြေ"

"အေးလေ နင်ဘာဖြစ်နေတာလဲ 
ပြောမှငါတို့လည်း သိမှာပေါ့ ငါတို့ကူညီနိုင်တာ ရှိရင် ကူညီမှာပေါ့ "

မိုင်ခမ်းကပါ ဝင်ပြောလာသည်။

"ဟင့် ဟီးးး ......အူးးဝါးး ဗြဲ ......."

"ဟာ ဟေ့ကောင်ဘယ်လိုဖြစ်လို့ 
အော်ငိုနေတာလဲ "

"ဟဲ့ ဟဲ့ မငိုနဲ့လေ မသိရင် နင့်ကို 
ငါနဲ့ ပီအိုက်က အနိုင်ကျင့်နေတယ် ထင်ဦးမယ်"

"အူးးးဝါးးး ဟီးးးးးအီးးး "

သူတို့နှစ်ယောက်ကြောင့် ခွန်းရဲ့ 
ထိန်းထားတဲ့စိတ်တွေက 
ငိုချင်လာရသည်မို့ အော်ငိုပစ်လိုက်မိသည် ဟိုနှစ်ကောင်ခမျာ ထိုင်မရထမရနဲ့ ခွန်းကို ချော့နေကြသည်။

"ဟာ မငိုပါနဲ့ ဟယ် တိတ်တိတ် "

"ရွှတ် ရွှတ် ရွှီး"

"ဟာ ဟေ့ကောင် ဟေ့ကောင် 
ငါ့အင်္ကျီ ကို နှပ်ချေးတွေ
လာမသုတ်နဲ့လေ ဟာကွာ"

"ရွှီး ရွှတ် အဟင့် "

"ဟာ ဟေ့ကောင် မသုတ်နဲ့လို့ 
ငါ့အင်္ကျီကို "

"ဘာလဲ မင်းက ငြိုငြင်တာလား ဟီးးးး အူးးးဝါးးး"

"ဟာ မဟုတ်ပါဘူးကွာ မင်းက 
မင်းဘာသာ ငိုပါလားကွ ဘာလို့ 
ငါ့အင်္ကျီကို နှပ်ချေးတွေ
လာသုတ်တာလဲလို့ "

"အေးလေ နင်က နင့်အင်္ကျီ နင်သုတ်ပါလား ဘာလို့ ပီအိုက် အင်္ကျီ ကို သွားသုတ်တာလဲ "

"တိတ်စမ်း နှစ်ယောက်လုံး "

ခွန်း ငိုနေရာကနေ အော်ပစ်လိုက်တော့ လင်းဆက်တို့အတွဲ အသံတိတ်သွားရသည်။

"ခွန်း မင်း အဲ့လိုပုံစံလာလုပ်မနေနဲ့ မင်းဘာဖြစ်နေလဲပြော ခေါင်းဆောင်နဲ့မင်း တခုခုဖြစ်ထားတယ်မလား ခေါင်းဆောင်ကလည်း အလုပ်ထဲမှာ အကုန်လိမ့်ဆူနေတာ"
 
"အီးးးးး ဟီးးးးး"

"ဟေ့ကောင် မငိုနဲ့တော့လို့ 
ငါမေးတာဖြေ "

ခွန်းငိုဖို့ အားယူနေတာလေးတောင် လင်းဆက်အော်သံကြောင့် တိတ်သွားရသည်။

"ငါ ငါ သူ့ကိုဖွင့်ပြောလိုက်မိတယ်"

"ဘာ" 

"ဘာ"

သူတို့အတွဲကို ခွန်းတကယ်ဆောင့်ကန်ချင်လာသည် နှစ်ကောင်သားကုန်းအော်လိုက်တာ ခွန်းလိပ်ပြာလေးတောင်လွှင့်သွားပြီလားမသိဘူး 
ကလူကလူကလူ လိပ်ပြာလေး 
လာ လာ ပြန်ဝင်ခဲ့။

"ဖြည်းဖြည်းအော်ပါကွ 
ငါနားမကန်းသေးဘူး"
 
"မင်းကို ဟိုက သေနတ်နဲ့
ပစ်ထည့်လိုက်ရမှာ "

"ငါ့အကို နင့်ကိုဘာမှ
မလုပ်လိုက်ဘူးလား "

"ဘာလုပ်ရမှာလဲ ဘာမှမလုပ်ဘူး 
မင်းတို့နှစ်ကောင်က 
ငါ့ကိုသေစေချင်နေကြတာလား"

"အေး သေစေချင်တာတောင် 
မင်းမသေဘူးမလား မင်းက နည်းနည်းပါးပါးလေး အချိန်ယူပါဦးလား

မင်းသေလောက်အောင် သဘောကျနေတာသိပေမဲ့ အခုလို ရုတ်တရက်ကြီးသွားဖွင့်ပြောတော့ ခေါင်းဆောင်ကဘယ်လက်ခံမလဲကွ"

"အေးလေ ငါ့အကို ကို 
ငါနည်းနည်းပါးပါးလမ်းခင်းပေးပြီး တီးခေါက်ပေးမို့ဟာကိုတောင် 
နင်ကမစောင့်နိုင်ဘူးလား နင်ကအဲ့လောက်အမြန်ကြီးသွားပြောတာကို "

"ငါလည်း ဘယ်ပြောချင်မလဲ 
အချိန်ယူချင်သေးတာပေါ့ အခုက ရုတ်တရက်အခြေအနေတွေကြောင့်ပြောမိသွားတာ "

"အဲ့တော့ ခေါင်းဆောင်က 
မင်းကိုဘာပြန်ပြောလဲ"

"ကိုကြီးက ဘာပြောလဲဟင်"
 
"မင်းတို့ နှစ်ယောက်ထဲက တယောက်ပဲ စကားပြောလို့မရဘူးလားစကား အတူတူပဲကို ဘာလို့ နှစ်ယောက်လုံးပြောနေတာလဲ"
 
"ဟေ့ကောင် ဘယ်လိုမေးမေးကွာ မင်းသာဖြေစမ်းပါ မင်းအစား 
ငါခေါင်းကျိမ်း လွန်းလို့ "

"ငါ့ကို မချစ်နဲ့တဲ့ ငါတို့နှစ်ယောက်လျှောက်မဲ့လမ်းက မတူဘူးတဲ့ 
မချစ်ဘူးတဲ့ သူ့မှာအချစ်မရှိဘူးတဲ့"

ငြိမ်ငြိမ်လေး တွေတွေငေးငေးလေး ပြောပြလာတဲ့ ခွန်းပုံစံလေးက အခုလိုကျတော့ လည်း တကယ်သနားစရာကောင်းလှသည် ဒီကောင် အကြောင်း လင်းဆက်အသိဆုံးမို့ အခုက သူတကယ်အရမ်းသဘောကျလွန်းလို့ 
ဒီရွာမှာ ဒုက္ခခံပြီးနေနေတာပင်။

မိုင်ခမ်း လည်း အိမ်မှာ ဘာလို့ တယောက်နဲ့တယောက်ရှောင်နေကြလဲဆိုတာကို နားလည်သွားရသည် ခွန်းကိုသနားပေမဲ့ ကိုကြီးဘက်ကလည်းအခြေအနေ တခုခုရှိလို့ဆိုတာ 
မိုင်ခမ်း ကိုကြီးမျက်လုံးတွေထဲကအရိပ်ယောင်တွေကိုကြည့်ယုံနဲ့သိပါတယ် ကိုကြီးလည်း ခွန်းကို သံယောဇဉ်ရှိနေမှန်း မိုင်ခမ်းရိပ်မိပါတယ်။

"ငါ ငါ ‌တောင်ကြီးပြန်တော့မယ် လင်းဆက် မန္တလေးလည်းမပြန်ချင်သေးဘူး"

"ဟင် မင်းတကယ်ပြန်တော့မို့လား"

လင်းဆက် ခွန်းကို ကျော်ကာ မိုင်ငယ့်ကို မျက်လုံးအကြည့်ဖြင့် ဘာဆက်လုပ်ရမလဲဆိုတဲ့ပုံစံမျိုး မေးဆက် ပြလိုက်သည်။မိုင်ငယ်တို့ မိန်းကလေးတွေက ဒါမျိုးဆို ဖြတ်ထိုးဉာဏ်ကောင်းတတ်သည်မလား။
မိုင်ငယ်ကခေါင်းငြိမ့်ပြကာ 

"နင်ကလည်း နောက်နှစ်ရက်ဆို သီတင်းကျွတ်လပြည့်တော့မှာ ရွာမှာ မီးပုံပွဲရှိတယ်ဟဲ့ အပျို/လူပျိုလှည့်တဲ့ပုံစံမျိုးလေးနဲ့ ပျော်စရာကြီးဟ 
နင်ကလည်း ပြန်မယ်ဆို ရောက်တုန်းရောက်ခိုက် သီတင်းကျွတ်မီးပုံပွဲပြီးမှပြန်ပါလားဟယ် "

"ဟင့်အင်း ငါမနေချင်တော့ဘူး"

"မင်းကလည်း မိုင်ငယ်ပြောတာဟုတ်တယ်ကွ ငါနဲ့မိုင်ငယ်လည်း အဲ့ပွဲမှာ ဖူးစာဆုံခဲ့တာကွ တကယ်ပျော်စရာကြီး မီးပုံပွဲထိတော့နေပါကွာ ပြီးရင်ငါပြန်လိုက်ပို့ပါ့မယ် မင်းကားကိုလည်းခေါင်းဆောင်ဝပ်ရှော့ အပ်ပေးထားပြီး မင်းတီလေးအိမ်ကိုပြန်ပို့ခိုင်းလိုက်ပြီ"

"သူ့ ဘယ်သူကလုပ်ခိုင်းလို့လဲ 
သူ့ဘာသာလုပ်ချင်လို့လုပ်တာကို "

"ဟာ မင်းကလည်း ခေါင်းဆောင်က စေတနာနဲ့လုပ်ပေးတာကို "

"ငါ့ကိုအဲ့လို စေတနာ၊ မေတ္တာတွေ နဲ့ ဂရုစိုက်ပြ ကောင်းပြခဲ့လို့ ငါအခုလိုသေလောက်အောင် ခံစားနေရတာလေ မင်းမမြင်ဘူးလား "

"အေးပါကွာ ငါမှားတာ ငါမှားတာ ပြောမိတဲ့ငါမှားတာ"

"အဲ့တာဆို နင်အဲ့ပွဲပြီးမှပြန်နော် 
ကိုကြီးကိုမခေါ်ချင်လည်း 
နင်ငါနဲ့ခေါ်လို့ရတာပဲ နင်ပြန်သွားပြီးရင် ငါနဲ့ဘယ်ချိန်မှထပ်တွေ့ရမှန်းမသိဘူးလေ "

မိုင်ခမ်းက သနား‌စရာမျက်နှာလေး လုပ်ကာပြောလာတော့ အသည်းမမာနိုင်တဲ့ခွန်းကပဲ လက်လျှော့လိုက်ရသည်။

"နင် ဒီနေ့ ခြံတွေဘက်မသွားဘူးလား မိုင်ခမ်း"

"အေး ဟုတ်သားပဲ ငါသွားရမှာ 
နင်နဲ့စကားကောင်းနေလို့မေ့နေတာ"

"အဲ့တာဆိုလည်း သွား 
ငါလည်းအိမ်ပြန်မယ် "

ပြောပြောဆိုဆိုနဲ့ အိမ်အောက်က ဆင်းလာလိုက်ကြသည်။

"အဲ့တာဆို မိုင်ငယ် ခြံတွေဘက်သွားမှာမလား ပီအိုက်ဆိုင်ကယ်နဲ့လိုက်ခဲ့လေ ပီအိုက်လည်း စခန်းဘက်သွားမို့ လာတူတူသွားမယ်"

"ဟုတ် ပီအိုက် "

ဆိုင်ကယ်အမြင့်ကြီးကို မိုင်ခမ်းက လင်းဆက် လက်မောင်းလေးကို လှမ်းကိုင်ပြီး မိန်းကလေး ဝတ်ရှမ်းဘောင်းဘီမျိုး ဝတ်ထားတာမို့ နောက်ကနေခွထိုင်ကာ လင်းဆက်ခါးလေးကို ဖက်ပြီး လိုက်သွားလေသည်။

တော်တော် စောက်ပိုလုပ်တဲ့အတွဲသူငယ်ချင်းတယောက်လုံးနေမကောင်းတာကျ လိုက်ပို့ပေးရမလားလို့ မေးဖို့နေနေသာသာ ဟိုနွားက ခွန်းကို စောက်ဖက်တောင်မလုပ် သူ့ဟာလေး မျက်နှာကိုကြည့်ကာ နွားပြာကြီးအောက်သွားမရှိတဲ့အတိုင်း 
ဟဲ ဟဲ ဟဲဟဲ နဲ့ အကြည်စိုက်နေပြီးထွက်သွားလိုက်ကြတာ ။

ချီးပဲ အဲ့နှစ်ကောင်လုပ်တာနဲ့ ဟိုလူကြီးကိုလွမ်းသွားပြီ ခွန်းလည်း 
အရင်တုန်းက ဟိုလူကြီးခါးဖက်ပြီး စီးခဲ့ရတဲ့အချိန်တွေကို ပြန်သတိရလာရသည် ခွန်း ကိုယ်တိုင် 
မကျော်သင့်သေးမှန်းသိတဲ့စည်းကို အချိန်မကျသေးပဲ ကျော်ခဲ့မိတော့ နောင်တတွေသာအဖက်တင်လေသည် 

ခွန်းလည်း လင်းဆက်တို့အိမ်ကနေ ဟိုလူကြီးအိမ်ကို ဖြည်းဖြည်းချင်းလမ်းလျှောက်ရင်းပြန်လာလိုက်သည်။

"ခွန်း စခန်းတွေဘက်မလာတော့ဘူးလား "

"ဗျာ ဗျာ မလာသေးဘူးဗျ"
  
ခွန်းကိုလမ်းမှာမေးလာတဲ့သူကြောင့် ယောင်နနနဲ့ပြန်ဖြေမိပြီး လူက 
ခေါင်းငုံလျှောက်နေတာမို့ မော့ကြည့်မိတော့ မတွေ့ချင်တဲ့သူနဲ့မှ တည့်တည့်တိုးရလေသည် ။

"မစံမူ ကော စခန်းဘက်မသွားသေးဘူးလား"

"သွားမှာ ခေါင်းဆောင်က 
အလုပ်ကိစ္စခိုင်းထားလို့ "

"ဪ ဟုတ်လား "

"အဲ့ဒါဆို အမ သွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ "

လူက ဟိုလူကြီးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတောင်မဟုတ် နာမည်လေးတစွန်းတစ ကြားတာတောင် လူက ယိုင်နဲ့နဲ့ရယ် နှလုံးသားက ဒီလူကြီးမှဒီလူကြီးဖြစ်နေတာ မို့ ခွန်းတကယ်ခံနိုင်ရည်တွေကုန်ခမ်းတော့မယ်။

________________________________

လင်းဆက် လည်း မိုင်ငယ့်ကို 
ခြံတွေဘက်လိုက်ပို့ပြီး စခန်းဘက်ကို ဆိုင်ကယ်မောင်းထွက်လာခဲ့သည်။
 
စခန်းအဝင်ဝမှာဆိုင်ကယ်ရပ်ရုံရှိသေးတယ် စခန်းထဲက လူတွေ ရုန်းရင်းဆန်ခတ်နဲ့အလုပ်တွေရှုပ်နေကြသည်မို့ လေ့ကျင့်နေတဲ့တပ်သား
တယောက်ကို ခေါ်မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ နောင့်စိုင်း"

"ပီစိုင်းလာပြီလား ခေါင်းဆောင်
ဘာဖြစ်လဲမသိပါဘူးဗျာ ဒီရက်ပိုင်း ဘာတွေအလိုမကျတယ်မသိဘူး

အကုန်လုံးလည်းအငြိမ်မနေရဘူး 
နွမ်စိုင်းကလည်းမရှိတော့ ကျွန်တော်တို့ချည်း အထုအထောင်းခံနေရတာ ‌သုံးရက်လောက်ရှိပြီ နေ့တိုင်းအဆူခံနေရတာ"

"ဟင် ဟုတ်လား အဲ့တာဆို 
ငါခေါင်းဆောင်နဲ့သွားတွေ့ဦးမယ် 
မင်းတို့လုပ်စရာရှိတာဆက်လုပ်"

လင်းဆက်လည်း ခေါင်းဆောင်ရှိနေသည် ဆိုသော ပစ္စည်းဂိုထောင်ဘက်သို့လျှောက်လာလိုက်သည်။

"ခေါင်းဆောင်"

"ဪ လင်းဆက် မင်းကသက်သာပြီမို့လား အလုပ်တွေထဲလာနေတာ"
 
ခေါင်းဆောင်လေသံက စိတ်မကြည်မှန်းအရမ်းသိသာနေတာမို့ လင်းဆက်စကားကိုသေချာထိန်းပြောမှရမည်မှန်းသိလိုက်သည် အခန့်မသင့်ရင် မျှားဦးက ကိုယ့်ဘက်လှည့်လာနိုင်သည်လေ။

"ဟုတ်ကဲ့သက်သာနေပါပြီ ခေါင်းဆောင် ကျွန်တော် စခန်းဘက်ကိုစစ်ဆေးတာတွေလောက်တော့ 
လုပ်နိုင်နေပါပြီ"

"အင်း ဟိုကောင် နွမ်စိုင်းဘယ်နေ့
ပြန်ရောက်မယ်ပြောလဲ"
 
"သူသွားတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပါပြီ မနက်ဖြန် ပြန်ရောက်မယ်လို့ 
ပြောပါတယ်"

"အင်း ဟုတ်ပြီ သူပြန်လာရင် လက်နက်စာရင်းတွေ မင်းသေချာပြန်စစ်လိုက် အဲ့ကောင်က အဲ့ဘက်အပိုင်းသိပ်ရတာမဟုတ်ဘူး"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"ဒါနဲ့ ဒီမနက် မင်းဆီကို 
ဟိုကောင်လေးလာသေးလား"

နေလည်းမကောင်းတာမို့ လင်းဆက်ဆီမသွားပဲ အဲ့ကောင်လေး လျှောက်သွားနေမှာ စိတ်ပူလို့မေးကြည့်လိုက်သည်။

လင်းဆက်အတွက်တော့ ခွင်ကောင်းနဲ့တွေ့တာပင် ခေါင်းဆောင်လည်း 
ခွန်းကို စိတ်ပူတာပဲ သူတို့နှစ်ယောက်ကြားက နီးစပ်ဖို့တခုခုလိုနေတာပင်

ခွန်းဘက်က သေချာ‌သိနေပေမဲ့ ခေါင်းဆောင်ရဲ့စိတ်ကို ကျ လင်းဆက်သေချာမသိနိုင်တာမို့ အခြေအနေတွေကို ကံစမ်းရန် 
လင်းဆက် စမ်းသပ်ကြည့်လိုက်ဖို့ စဉ်းစားလိုက်သည်။

"ဟုတ်ကဲ့  လာပါတယ် ခေါင်းဆောင် သူ့ကြည့်ရတာ နေလည်းမကောင်းပုံပဲ ဘာဖြစ်လဲ မသိပါဘူး ခေါင်းဆောင်ရယ် မျက်နှာကလည်းညိုးငယ်နေတာပဲ"

လင်းဆက် ပိုပိုသာသာလေး ပြောကာ ခေါင်းဆောင်မျက်နှာကို အကဲခတ်လိုက်သည် ခေါင်းဆောင်မျက်နှာက စိုးရိမ်ပူပန်မှုတွေက ထိန်းမရအောင်ပျက်ယွင်းသွားသော မျက်နှာကသက်သေပင် လင်းဆက်လိုချင်တဲ့ Target ကထိသွားပြီမို့ 
ဆက်ပြောလိုက်သည်။

"ခေါင်းဆောင်တို့အိမ်မှာလည်း 
သူမရှုပ်တော့ပါဘူး ခေါင်းဆောင်ရယ် အဲ့ငမွှေထိုးကို ခေါင်းဆောင် တို့အိမ်မှာနေခိုင်းပြီး ဒုက္ခပေးလိုက်ရတာ ကျွန်တော်လည်းအားနာနေတာ"

"ဘာလဲ သူက မင်းအိမ်မှာ
ပြန်နေမို့တဲ့လား"

နောင့်ခွန်းကိုရှောင်ချင်တာနဲ့ပဲ 
လင်းဆက်တို့အိမ်သွားနေတော့မို့တဲ့လား ကောင်လေးရယ်
 
"မဟုတ်ပါဘူး ခေါင်းဆောင် 
သူ တောင်ကြီးပြန်တော့မို့တဲ့ "

"ဘာ "

နောင့်ခွန်းအသံကျယ်သွားရသည် 
ဒီကောင်လေးတကယ်စိတ်နာသွားတာပဲ တောင်ကြီးပြန်တော့မယ်ဆိုတော့ နောင့်ခွန်းအနားကနေတကယ်ထွက်သွားတော့မှာပဲ။

"ဒါမဲ့ သူ့ကို သီတင်းကျွတ်လပြည့်ပွဲပြီးမှပြန်ဖို့ ကျွန်တော်ပြောထားတယ် သူ့ကြည့်ရတာ နေလည်းသိပ်မကောင်းသေးတာမို့ သူ့အိမ်ကလူတွေစိတ်ပူမှာစိုးရိမ်တာကော သူလည်း မီးပုံပွဲ ကို ကြုံဖူးချင်တာကောနဲ့ 
နေဖို့ သူလက်ခံလိုက်တာ"

"ဟုတ်လား မင်းအလုပ်ရှိရင် 
သွားလုပ်လေ "

အနုနည်းနဲ့ လင်းဆက်ကို ဂိုထောင်ထဲက နှင်ထုတ်လိုက်ပြီး နောင့်ခွန်း ဂိုထောင် ထဲကပစ္စည်းပုံးတွေပေါ် 
ထိုင်ချပစ်လိုက်သည်။

နောင့်ခွန်း တကယ်ဆုံးရှုံးလိုက်ရတော့မှာလား နောင့်ခွန်းဆီက ဒီကောင်လေးတကယ်ထွက်သွားတော့မှာပါလားလို့ စဉ်းစားမိလိုက်တဲ့အချိန်မှာ စွန့်လွှတ်နိုင်ပြီလို့ ထင်ထားခဲ့ပေမဲ့ နောင့်ခွန်း ဒီကောင်လေးကို အဆုံးအရှုံးမခံနိုင်ဘူး အနားကနေထွက်သွားခွင့်မပြုနိုင်ဘူးဆိုတဲ့ အတ္တစိတ်လေးကို ကိုယ့်ကိုယ် လှမ်းမြင်လိုက်ရသည် နောင့်ခွန်း ကောင်လေးကိုဆွဲထားခွင့်ရချင်သေးတယ် နောင့်ခွန်းအတွက်နောင့်ခွန်း 
တခါလောက် စွန့်စားချင်လာမိတယ်။

Rဇာနည် - ကြွေပါစေ


-------------------------------------------------------

နောင့်ခွန်း အိမ်ပြန်ခြေလှမ်းတွေကတကယ်ကိုလေးကန်နေရသည် ။

ပြန်တော့မယ်ဆိုခါမှ 
သွားဆွဲထားလို့လည်းမရပေ ။
 
နောင့်ခွန်း ချစ်တဲ့စိတ်ကို
မျိုသိပ်ထားရုံသာ ရှိသည် ။

နောက်နှစ်ရက်နေရင် ပြန်တော့မယ့် ကောင်လေးကို ရှိနေချိန်မှာ အကောင်းဆုံးဂရုစိုက်ပေးရုံသာ 
နောင့်ခွန်းတတ်နိုင်မည်မလား ။

ဒီအဖွဲ့က လူတွေရဲ့ဘဝတွေအားလုံးက နောင့်ခွန်းလက်ထဲမှာ နောင့်ခွန်းပုခုံးထက်မှာမို့ လွှတ်ချခဲ့ရအောင်လည်း နောင့်ခွန်းမလုပ်ရက်သည်မို့ နှလုံးသားကိုသာ စတေးလိုက်ရတော့မည်လား။

နောင့်ခွန်းအတွေးပေါင်းစုံနဲ့ အိမ်ဘယ်လိုပြန်ရောက်လာသည်မသိ ။

"ကိုကြီး ဆိုင်ကယ်ကော ပျက်လို့လား လမ်းလျှောက်လာတာ"

ခြံထဲဝင်ဝင်ချင်း မိုင်ငယ်မေးလိုက်တဲ့စကားကြားမှ ဆိုင်ကယ်ကြီးစခန်းမှာ ကျန်ခဲ့သည်ကို သတိရလေသည်။

"အင်း ဟုတ်တယ် ဆီထည့်ဖို့
မေ့သွားလို့ ဆီပြတ်သွားတာနဲ့ 
စခန်းမှာပဲ ထားခဲ့တာ"

မိုင်ငယ် စိတ်ပူနေမှာစိုးလို့ နောင့်ခွန်းလိမ်ပြောလိုက်မိသည်။

"ကိုကြီး "

"ဟင် မိုင်ငယ် အိမ်ထဲမှာမနေပဲ 
ဘာလို့ အပြင်ထွက်နေတာလဲ ရာသီဥတုကအေးနေတာ 
မှောင်လည်းမှောင်တော့မှာကို"

"ကိုကြီး ကိုပြောစရာရှိလို့ 
ထွက်စောင့်နေတာ"

"ကိုကြီးအိမ်ပြန်လာမှာပဲကို ဘာလို့တကူးတကထွက်စောင့်နေတာလဲ "

"အဲ့လိုလေးတွေရှိလို့ပေါ့"

"ဒါနဲ့ ဟိုကောင်လေးကော 
ညစာစားပြီးပြီလား"

"ပြီးပါပြီ ကိုကြီးရယ် သူ့ကိုပဲ 
စိတ်ပူနေတာ  "

"အဲ့လိုမဟုတ်ပါဘူး သူက 
နေမကောင်းတဲ့သူလေ"

"အင်းထားပါ ကိုကြီးနဲ့ပြောစရာရှိလို့ မိုင်ငယ်နဲ့ ခနလောက်လမ်းလျှောက်
မထွက်ချင်ဘူးလား"

"သွားတာပေါ့"

အမှန်တိုင်းသာဆို နောင့်ခွန်း
မသွားချင်တော့ပါ ။
စေကိုး ကိုလည်းတွေးချင်နေသည် ပင်ပန်းနေတဲ့စိတ်ကိုလည်း 
အနားပေးချင်နေသည်မို့ 

သို့သော် တခါမှအခုလို စကားပြောဖို့ သီးသန့်ကြီး တကူးတက မတောင်းဆိုဖူးတဲ့ မိုင်ငယ်ကြောင့်ဘာများလဲ
သိချင်တာမို့ လက်ခံလိုက်သည်။

နောင့်ခွန်းတို့အိမ်က ရွာအပြင်နားက တောင်ကုန်းပေါ်မှာမို့ ရွာနဲ့နည်းနည်းလှမ်းသည်။

အိမ်ရှေ့က လူသွားလမ်းလေးအတိုင်း မောင်နှမနှစ်ယောက်လျှောက်လာလိုက်သည် မှောင်စပျိုးနေပြီဆိုပေမဲ့ လပြည့်တော့မှာမို့ လမင်းကြီးက ကောင်းကင်ယံတွင် ထိန်ထိန်သာလို့ အလင်းရောင်လုံလောက်စွာ ဖြန့်ကျက်ပေးထားသည်မို့ ပတ်ဝန်းကျင်မြင်ကွင်းကိုရှင်းလင်းစွာမြင်နိုင်သည်။

"ကိုကြီး ဒီရက်ပိုင်းမျက်နှာမကောင်းတာ ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး 
အလုပ်တွေများနေလို့ပါ မိုင်ငယ် 
စိတ်မပူလည်းရပါတယ်"

"ကိုကြီး နဲ့ မိုင်ငယ် ကငယ်ငယ်တည်းက တယောက်နဲ့တယောက်အားပေးရင်းရပ်တည်လာခဲ့တာပါ ကိုကြီးကိုစိတ်မပူလို့ ဘယ်သူ့ကိုသွားပူရမှာလဲ"

"မိုင်ငယ့် ပီအိုက်ရှိတယ်မလား"

"ဟာ ကိုကြီးနော်"

နောင့်ခွန်း စလိုက်တော့ အရှက်သည်းစွာ ခေါင်းငုံ့သွားတဲ့ မိုင်ငယ်ကိုကြည့်ရင်း အရွယ်ရောက်လာပြီပဲဆိုတာ တွေးမိလေသည်။

"မိုင်ငယ် တောင်အရွယ်ရောက်ပြီပဲ 
ကိုကြီးကိုထားခဲ့တော့မှာပဲ"
 
"ကိုကြီးကို မထားခဲ့ပါဘူး 
အဲ့လိုမပြောပါနဲ့"

"ပီအိုက်ကို မယူဘူးလား အဲ့တာဆို "

"ကိုကြီးကလည်း ဘာတေပြောနေတာလဲ ယူမှာပေါ့"

(A/N ; မယူဘူးလို့မငြင်းဘူးနော် )

"တွေ့လား အဲ့တာများမထားခဲ့ဘူးတဲ့"

" ကိုကြီးကော "

" ဟင် "

မိုင်ငယ်မေးလာတဲ့မေးခွန်းကို နောင့်ခွန်းရုတ်တရက်ဘာပြန်ဖြေရမှန်းမသိ

"ခွန်းက ပြန်တော့မှာတဲ့နော် ကိုကြီး"

"အင်း ကိုကြီးသိတယ်"

နောင့်ခွန်း အသံကိုထိန်းပြောရသည် 
ဒီကောင်လေးပြန်မယ်ဆိုတာမျိုး
ကြားတာတောင် လူကလက်မခံနိုင်။

"ကိုကြီး ဒီအတိုင်းပဲနေတော့မှာလား"

"ဘာကိုလဲ သူ့အိမ်သူပြန်တာပဲ 
မိုင်ငယ်ရယ် ကိုကြီးက
ဘာလုပ်လို့ရမှာလဲ"

"တကယ်ဘာမှမလုပ်ဘူးလား"

"မိုင်ငယ်က ခွန်းကို သံယောဇဉ်တွယ်နေတာနဲ့ ပြန်မလွတ်လို့မရဘူးလေ 
ကိုကြီးအစတည်းက ပြောခဲ့တာပဲ 
ခွန်းက ခဏလာတဲ့ဧည့်သည်ပဲလေ"

"အို ဘာဖြစ်ဖြစ် မိုင်ငယ်ကတော့ ခွန်းကိုသံယောဇဉ် ရှိတယ် ကိုကြီးကော သူ့ကိုသံယောဇဉ်မရှိဘူးလား"

"ဟင် ရှိ..... ရှိပါတယ် "

" ကိုကြီး "

မိုင်ငယ် စိတ်မရှည်စွာ ကိုကြီးကို
အော်ပစ်လိုက်သည်။

"ဘာလို့အော်နေတာလဲ မိုင်ငယ် 
ကိုကြီးတို့ တားထားလို့မရဘူးလို့
ပြောပြီးပြီလေ"

အေးဆေးပြန်ပြောလာသော 
ကိုကြီးကြောင့် မိုင်ငယ်လည်း
အသံနိမ့်လိုက်သည်။

"ကိုကြီး တကယ်ပဲ 
သူ့ကိုအဆုံးရှုံးခံနိုင်လို့လား "

"မိုင်ငယ် "
 
နောင့်ခွန်း အံ့ဩစွာ မိုင်ငယ့်မျက်နှာက်ုငေးကြည့်မိသည် ဒီကောင်မလေး ပြောတဲ့စကားက ဘယ်အဓိပ္ပာယ်မျိုးသက်ရောက်တယ်ဆိုတာ 
မသိလေသလား။

"ကိုကြီး ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မိုင်ငယ် သိတယ် ကိုကြီး ခွန်းကို ကိုကြီး ချစ်ရဲ့သားနဲ့ဘာလို့ဟန်ဆောင်နေတာလဲ ကိုကြီး"

"မိုင်ငယ် ဒါတွေသိနေတယ် "

"သိတယ် ကိုကြီး မျက်လုံးထဲမှာ ကြည့်‌တဲ့အကြည့်တွေကအစ ခွန်းအပေါ် ဘယ်လောက်နွေးထွေးမှုတွေပြည့်နေတယ်ဆို ကိုကြီးကိုယ်တိုင်တောင်သိရဲ့လား"

" ကိုကြီးလေ "

"ကိုကြီး ဘာကိုကြောက်နေတာလဲ ခွန်းလည်း ကိုကြီးကို ချစ်နေတာပဲ 
ကိုကြီးကဘာလို့ ဝန်မခံရဲရတာလဲ 
ကိုကြီးဘက်မှာ မိုင်ငယ်
တယောက်လုံးရှိတယ်လေ "

နောင့်ခွန်း ညီမငယ်ဖြစ်သူကို 
ပွေ့ဖက်ထားလိုက်မိသည်။ နောင့်ခွန်းကို နားလည်ပေးလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ ကျေးဇူးလည်းတင်တယ် အကိုတယောက်လုံးက တခြားယောက်ျားလေးတယောက်ကိုသဘောကျမိတာတောင် မေးခွန်းတွေပြန်မထုတ်ပဲ သူကူညီပေးနိုင်တယ်တဲ့လား နောင့်ခွန်း ပျော်တာကောဝမ်းနည်းတာကောရောကာ မျက်ရည်တွေကျလာရသည်။

"ကိုကြီး ငိုနေတာလားဟင်"

နောင့်ခွန်းရင်ခွင်ထဲရောက်နေတဲ့ 
မိုင်ငယ်က မော့ကြည့်ရင်းမေးလာသည်။

"မငိုပါဘူး ကိုကြီးဝမ်းသာလို့ပါ"

မိုင်ငယ် ကိုကြီးဖက်ထားတာ‌ကနေ 
ခွာလိုက်ပြီး ကိုကြီးမျက်နှာကို
ကြည့်လိုက်ကာ 

"ကိုကြီး ချစ်ချင်တယ်ဆိုချစ်လိုက်ပါ

လူနှစ်ယောက်ကြားကအချစ်ပဲ ဘယ်လိုပညက်ချက်တွေမှ မလိုဘူးလေ ကိုကြီးရယ် ချစ်နေဖို့ပဲလိုတယ်"

"ဒါပေမဲ့ ဒါပေမဲ့ သူနဲ့ကိုကြီးက 
မတူညီတဲ့ဘဝတွေကလေမိုင်ငယ်ရယ် သူ့ကိုချစ်လိုက်ရင် ကိုကြီးက သူ့ကိုအန္တရာယ်တောထဲဆွဲခေါ်သလိုဖြစ်မှာပေါ့ သူ့ဘဝလေးအေးချမ်းနေတာကို ကိုကြီးမဖျက်ဆီးရက်ဘူး "

"အဲ့တာဆို ကိုကြီးတယောက်တည်း ရင်ကွဲခံလိုက်ရုံနဲ့ပြီးသွားမယ်လို့
ထင်နေတာလားဟင်"

"ကိုကြီးက နဂိုတည်းက လူကောင်းမှမဟုတ်ပဲ အဆင်ပြေပါတယ်"

"မိုင်ငယ့် ကိုကြီးက လူကောင်းမဟုတ်ဘူးလို့ဘယ်သူပြောလဲ မိုင်ငယ်တို့ ဘဝပေးအခြေအနေတေကြောင့် 
ဒီလိုနေရာမျိုးမှာကြီးပျင်းလာရတာ ကံကြမ္မာကို မိုင်ငယ်တို့မှပြင်လို့မရပဲ ကိုကြီးရယ်"

မိုင်ငယ် ကိုကြီးစိတ်ကိုမြင်လိုက်ရတဲ့အချိန်မှာ မျက်ရည်တွေက ထိန်းမရတော့ပါ။ကိုကြီးကိုဘယ်လိုနှစ်သိမ့်ပေးရမလဲတောင် မစဉ်းစားတတ်တော့ပါ။
 
"ကိုကြီး ကိုချစ်ရင် သူပဲထိခိုက်ရမှာ အဲ့တာမို့ ကိုကြီးစွန့်လွှတ်လိုက်တာပါ"
 
"ခွန်းတကယ်အဆင်ပြေမယ်လို့ 
ကိုကြီးထင်နေလား "

"အချိန်က ကုစားသွားမှာပါ 
သူ မန္တလေးကိုပြန်ရောက်သွားရင် 
ကိုကြီးကိုမေ့သွားမှာပါ"
  
"ခွန်း လည်း ကိုကြီးနဲ့ထပ်တူနာကျင်နေရတာပဲ ကိုကြီးဘက်ပဲပွင့်လင်းဖို့လိုတာပါ"

"ကိုကြီး အဖွဲ့ကလူတွေရဲ့ ဘဝပေါင်းများစွာ ကကိုကြီးပုခုံးပေါ်မှာ ရှိတယ် မိုင်ငယ်"
 
"အဲ့တာ ကိုကြီးမှားနေတာ အဲ့တာတွေကသပ်သပ်စီ ဘာမှမဆိုင်ဘူး ကိုကြီးတာဝန်ယူချင်နေတဲ့ သူတွေရဲ့ ဘဝကိုတာဝန်ယူလို့လည်းရတယ် ကိုကြီးနှလုံးသားကိုချနင်းပစ်စရာမလိုဘူး "

"ဟင် မိုင်ငယ် ပြောတာကိုကြီး 
နားမလည်ဘူး"

"ခွန်းကို ကိုကြီးချစ်တယ်ဆိုတာ 
ကိုကြီးနှလုံးသားကဖြစ်တည်လာတာ

ကိုကြီးအချစ်ကိုတခါလောက်ခံစား‌ကြည့်လိုက်ပါ ကိုကြီးဘဝက 
ဒီနေရာတွေမှာပဲ အချိန်ကုန်‌နေရတာ ကိုကြီး အချစ်ကိုခံစားဖို့ထိုက်တန်ပါတယ် ကိုကြီးချစ်ရုံနဲ့ ခွန်းလည်းဘာမှမထိခိုက်သွားပါဘူး"

"ကိုကြီးတကယ်ချစ်လို့ရပါ့မလား"

"အဖွဲ့သားတွေက သူ့အလုပ်နဲ့သူလုပ်နေတာလေ ကိုကြီးရဲ့ ခွန်းကိုချစ်တာနဲ့ပဲသူတို့ကိုစွန့်ပစ်စရာမှမလိုပဲ ကိုကြီးရဲ့ ဒီအတိုင်းလေးပဲရှေ့ဆက်သွားရုံပဲ ကံကြမ္မာကစီစဉ်ပေးလိမ့်မယ်"

"ဒါပေမဲ့ ကိုကြီးအလုပ်ကအန္တရာယ်များတယ်လေ သူ့ကိုထိခိုက်မှာကြောက်တယ် သူသာထိခိုက်ရင် 
ကိုကြီးရူးသွားလိမ့်မယ် "

"ကိုကြီးရူးစရာအကြောင်းမရှိပါဘူး ကိုကြီး ခွန်းကိုချစ်ရင် ခွန်းကိုကာကွယ်နိုင်တဲ့အင်အား တခုရှိရင်ရပြီ ကိုကြီး ကာကွယ်နိုင်မယ်ဆိုတာ 
မိုင်ငယ်ယုံတယ်"

နောင့်ခွန်းမတွေးမိခဲ့သောအတွေးတွေကို မိုင်ငယ်ပြောပြမှ သိလာရသည် အဲ့လိုဆို စေကိုး ကို နောင့်ခွန်းစွန့်လွှတ်စရာမလိုတော့ဘူးပေါ့။

"ကိုကြီး သန်မာမှဖြစ်မယ် ဟုတ်တယ် ကိုကြီးနှလုံးသားအတွက်
ကိုကြီးတခါလောက် 
ရူးမိုက်ကြည့်ချင်တယ် "

"ကိုကြီးကသန်မာပြီးသားပါ 
အခုလိုနေတာက ကိုကြီးရဲ့နှလုံးသားတံခါးကိုဖွင့်ထားဖို့ပဲလိုတယ်"

"ကျေးဇူးတင်ပါတယ် မိုင်ငယ် 
ကိုကြီးကိုနားလည်ပေးလို့"

"မောင်နှမချင်းကို ကိုကြီးရယ် ခွန်းရဲ့နှလုံးသားကိုပြန်ရယူဖို့ ကိုကြီးကြိုးစားမှရမယ်နော် အခု ခွန်းက ဒဏ်ရာရနေတဲ့ငှက်ငယ်လေးလိုဖြစ်နေတာ"

"ကိုကြီး ကြိုးစားမှာပါ ကိုကြီး ဒီကောင်လေးကို အဆုံးရှုံးမခံနိုင်ပါဘူး"
 
"မြန်မြန်လုပ်ကိုကြီး ခွန်းက ပြန်တော့မှာ မီးပုံပွဲနေ့အထိပဲ ကိုကြီးမှာအချိန်ရတယ်"

"ဟင် ဟုတ်တယ်နော် အချိန်တွေနှောင်းကုန်ပြီလား "

"အမလေးဘာမှမပူနဲ့ မိုင်ငယ်အားလုံးကူညီမယ်ဟုတ်ပြီလား"

"ဟုတ်ပါပြီ‌ဗျာ"

"ဟား ဟား ဟား "

မောင်နှမနှစ်ယောက် တယောက်နဲ့တယောက်သဘောတကျရီမောရင်း အိမ်ပြန်ခဲ့ကြသည်။

နောင့်ခွန်း အခန်းထဲဝင်တော့ စေကိုး က အိပ်ပျော်နေလေပြီ ။

_________________________________

နှစ်ရက်ဆိုတဲ့အချိန်ဟာ ကုန်တာ
မြန်လွန်းလှပါသည်။

သီတင်းကျွတ်လပြည့်နေ့ ........

ဒီနေ့ ရွာထဲကလူအားလုံးအလုပ်
နားကာ မနက်အစောကြီးတည်းက အိုးစည်သံ မောင်းသံတညံညံနဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းလေးဆီကို ကန်တော့သွားကြလေသည်။

ခွန်းလည်း မယောင်မလည်နဲ့ 
လင်းဆက်တို့နဲ့အတူ ဘုန်းကြီးကျောင်းကို တောင်ခြေကနေ ရွာကလူတွေနဲ့လမ်းလျှောက်လိုက်တတ်လာလေသည်။

ပျော်တော့ပျော်စရာအကောင်းသား သူတို့ကလည်း ရှမ်းသီချင်းတွေအော်ဆိုလို့ တောင်ပေါ်ကို ဘယ်လိုရောက်လို့ရောက်မှန်းတောင်မသိ တောင်ပေါ်ရောက်တော့လည်း တောင်ထိပ်က တစ်ဆူတည်းသော စေတီလေးကို ခွန်းတို့ဆီကလို ဟိုပန်းမှ ဒီပန်းမှဆိုတာမျိုးမဟုတ်ပဲ တောထဲက ခူးလာတဲ့ သီတင်းကျွတ်ပန်းဆိုသည့် 
တောပန်းတွေကို ဘုရားပတ်ပတ်လည် လှူကြသည် ဘုန်ကြီးကျောင်းထဲမှာ သန့်ရှင်းရေးတွေလုပ် 

ဦးဇင်း အနည်းငယ်နဲ့ကိုရင်လေးတွေသာရှိသည်မို့ ဆွမ်းစားချိန်အမှီဆွမ်းကပ်ကြ ရွာနီးချုပ်စပ်ကလာတဲ့သူတွေလည်းရှိတော့ ဘုန်းကြီးကျောင်းဝိုင်းကလူအပြည့်ပေါ့ ပျော်စရာကြီး နေ့လည်စာစားချိန်ကျတော့လည်း ဘုန်းကြီးကျောင်းကကျွေးတဲ့ သတ်သတ်လွတ် ထမင်းဟင်းတွေကိုမြိန်ရည်ရှက်ရည်စားကြသည်။ခွန်းအသည်းကွဲနေတာတောင် ဘယ်ဆီလွှင့်သွားမှန်းမသိ ကလေးတွေနဲ့ဆော့လိုက် ရွာကလူငယ်တွေနဲ့ လုပ်ကူလိုက်နဲ့ နေ့လည် တနာရီလောက်ကျတော့ ဘုန်ကြီးကျောင်းရှေ့က ကွင်းပြင်ထဲမှာ လူတွေစုရုံးစုရုံး စုထိုင်နေကြသည်မို့ ခွန်း သိချင်စိတ်နဲ့ ကလေးတွေကိုမေးကြည့်မိတော့ ကကြတော့မှာတဲ့ သူပြောသွားတာ သေချာနားမလည်တာမို့ ခွန်းလည်း လူအုပ်ကြားထဲသာ တိုးသွားလိုက်သည်။
 
"ဟဲ့ ခွန်း လာငါ့နားလာထိုင် "

မိုင်ခမ်းရဲ့ အသံပြဲကြီးကြောင့် ခွန်းမှာ လန့်တောင်လန့်သွားရသည် မိုင်ခမ်းက ရှမ်းဝတ်စုံလေးနဲ့ ကျတော့လည်းတမျိုးချစ်စရာလေး ခေါင်းပေါင်းလေးနဲ့ အကုန်လုံးနီးပါးကလည်း ရှမ်းဝတ်စုံတွေနဲ့ပင် ရှမ်းမဟုတ်တဲ့ခွန်းတောင် ဘဲကြီးငယ်ငယ်ကဝတ်ခဲ့တဲ့ ရှမ်းဝတ်စုံနဲ့ အဲ့လူကြီးဝယ်ပေးထားတဲ့အသစ်ရှိပေမဲ့ အဲ့တာ မစံမူရွေးပေးထားတာဆိုလို့ ခွန်းမဝတ်ချင်လို့ မဝတ်ပဲ သူ့အဟောင်းတွေသာယူဝတ်လာလိုက်သည်။

"နောင် .....နောင် ..နောင် ဗိမ့် နောင်"

မောင်းတီးသံလေးကအရင်ထွက်လာကာ လူ‌တွေဝိုင်းထိုင်နေတဲ့ကွင်းပြင်ကျယ်ကြီးဆီကို ရှမ်းဝတ်စုံဝတ်ထားတဲ့ကောင်လေးတွေက မောင်းတီးရင်းဝင်လာကြသည်။အနောက်ကနေလည်း တိုးနယားအရုပ်တွေ ကိန္နရီ ကိန္နရာပုံစံဝတ်ထားတဲ့သူတွေပါလိုက်ဝင်လာသည် ဝါးလက်ခုပ်တီးသူက တီးသည်။ သူတို့ပုံစံလေးတွေက 
ချစ်စရာလေးတွေပင် ချစ်စရာဓလေ့လေးကောပေါ့ ခွန်းသဘောတကျငေးကြည့်နေမိစဉ် အနောက်ဆုံးကနေ ရှမ်းအိုးစည်ကြီးလွယ်ပြီး တီးနေသည့် သူကိုအာရုံရောက်သွားချိန် ခွန်း အတွက် တစက္ကန့်လေးကတောင်အဖိုးတန်နေသလို လှုပ်ရှားမှာအသေးအဖွဲ့လေးကအစလွတ်သွားမည်စိုး၍ မျက်တောင်မခတ်ပဲငေးကြည့်နေမိသည်။

ဟိုလူကြီး စဝ်နောင့်ခွန်းကို 
ဒီလိုတွေလည်းရမည်လို့မထင်ခဲ့ပါ

ရှမ်းဝတ်စုံ နက်ပြာရောင်နဲ့

ခေါင်းပေါင်းအထက်မှာ 

သူ့ဆံပင်ရှည်တွေကို စုထုံးထားသည်မို့

ခွန်းတချိန်ကသဘောကျခဲ့ဖူးသော

လည်ဂုတ်ဖွေးဖွေးလေးကိုပါ 
ပြန်မြင်ခွင့်ရနေတော့သည်။

သေနတ်ကိုင်တဲ့လက်ဆိုပေမဲ့ 
သွယ်သွယ်ရှည်ရှည်နဲ့ သိပ်လှတဲ့သူ့လက်ချောင်းလေးတွေကလည်း

ရှမ်းအိုးစည်ကြီးရဲ့ မျက်နှာပြင်ထက်မှာ လှပစွာ နေရာယူ၍တီး‌နေသည်။

သူများတွေအားလုံး ပြုံးပျော်ရွှင်ပြီး ကနေခုန်နေကြတာတောင် 
သူက မျက်နှာကြောအသေလိုက်နဲ့ အတည်လိုက်ကြီးအိုးစည်တီးနေသည် 

မျက်နှာအကြောသေနေတာတောင် စောက်ရမ်းချောနေတဲ့ဒီလူကြီးကို 
ခွန်း တကယ်မေ့နိုင်ပါမလား 
ဟိုတနေ့ကပြန်ရောက်တဲ့နွမ်စိုင်းတောင် အပျိုဝိုင်းမှာတောင်လျှောက်မြောက်လျှောက်နဲ့ဟန်ရေးပြနေသည်။

"ဟွန့် တကယ် တလောကလုံး
သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့"

ခွန်း တီးတိုးရေရွတ်ရင်း ဘဲကြီး 
ဆီအကြည့်ပြန်ပို့လိုက်မိသည်

ရှမ်းအိုးစည်ရှည်ကြီးနဲ့ ဒီလူကြီးကတကယ်လိုက်ဖက်လွန်းစွာကြည့်ကောင်းနေသည် ရှမ်းအိုးစည်တီးနေသည်မှာလည်း မာန်နဲ့ဟန်နဲ့တကယ်ကြည့်ကောင်းလွန်းလှသည် 

ဘာလုပ်လုပ်ဆွဲဆောင်မှုရှိနေတယ်ဆို ဒီလူကြီးကိုပြောတာများလား ရွာထဲကအပျိုတွေဆို ခေါင်းဆောင် ခေါင်းဆောင်နဲ့အားပေးနေလိုက်ကြတာ ခွန်းနားစည်တောင်ကွဲတော့မည်။ဒီလူကြီးဘာလို့အဲ့လောက်ကြည့်ကောင်းနေရတာလည်း အမြင်ကပ်ကပ်နဲ့မျက်စောင်းထိုးပစ်ချိန် ဟိုလူကြီးကလည်း ခွန်းကိုလှမ်းကြည့်လာသည့်အချိန်မို့ မျက်ဝန်းနှစ်ခုဆုံသွားရသည်။ဟိုလူကြီးက စိတ်လိုလက်ရအားရပါးရကြီးခွန်းကိုပြန်ပြုံးပြလာလေသည်။

"ဒီလူကြီးငါ့ကိုပြုံးပြလိုက်တာလား 
  
သူ့အပြုံးတွေကအဓိပ္ပာယ်တခုခုရှိနေသလိုပဲ သူဘာဖြစ်‌ချင်နေတာလဲ 
မသိတော့ဘူးကွာ"

ခွန်းတယောက်တည်း 
ခေါင်းတွေငြိမ့်လိုက် ခေါင်းတွေ
ခါလိုက်လုပ်နေမိသည်။

"ဟဲ့ ဘာဖြစ်နေတာလဲ နင်ကော 
က ချင်လို့လား ငြိမ်ငြိမ်မနေဘူး"

"မကချင်ပါဘူး"

ခွန်းတို့ အိုးစည်ဝိုင်းသိမ်းတဲ့အထိကြည့်ပြီးတော့ညနေ နှစ်နာရီကျော်နေပြီမို့ ရွာပြန်ခဲ့ကြသည်။

မိုင်ခမ်းကတော့ သူ့ပီအိုက်အမေကိုကန်တော့မည်ဟုဆိုကာ လင်းဆက်တို့အိမ်မှာ ကျန်ခဲ့သည် ။

ဟိုလူကြီးကတော့ ဘယ်ဆီဘယ်ဝယ်မသိ ခွန်းတယောက်တည်းအိမ်ပြန်လာပြီး မနက်ကပင်ပန်းထားတဲ့အချိန်နဲ့မို့ ရောက်တည်းက ရေမိုးချိုးပြီး ခွန်းအိပ်ပျော်သွားလေသည်။
"ဟဲ့ ဟဲ့ ထတော့ ညနေစောင်းနေပြီ 
မအိပ်နဲ့တော့ "

မိုင်ခမ်း နှိုးတဲ့အသံကြောင့် 
ခွန်း နိုးလာရသည်။

"အေးအေး မအိပ်တော့ဘူး "

"အာ့ဆို လာထ ငါနဲ့မီးထွန်းရအောင်"

"ဟုတ်သားပဲ ဒီနေ့က သီတင်းကျွတ်လပြည့်ပဲ 
လာ လာထွန်းမယ်"

မိုင်ခမ်းနဲ့ခွန်းနှစ်ယောက်သား ဖယောင်းတိုင်ထုပ်လေးကိုင်ကာ 
တအိမ်လုံးမီးထွန်းကြသည် 

အိမ်ပေါ်ပြီးသွားတော့ ခြံတံခါး
အပြင် ချယ်ရီပင်ကြီးကိုပါ 
ခွန်း မီးထွန်းလိုက်သည်။

အရင်နှစ်တွေဆို ဒီအချိန်အိမ်မှာ အမျိုးတွေစုံပြီး မီးတွေထွန်းကျ ကန်တော့ကျ မုန့်ဖိုးတောင်းကျနဲ့ပျော်စရာကြီးပင် ဒီနှစ်တော့ခွန်းမှာ မနက်ကဘုန်းကြီးကျောင်းတက်တာကလွှဲရင် ခြောက်ကပ်ကပ်ကြီးဖြစ်နေရလေသည်။

"ခွန်းရေ မိုင်ငယ်ရေ "

အိမ်ရှေ့က လင်းဆက် အသံပြဲကြီးကြောင့် ခွန်းအတွေးလေးတောင်လန့်သွားရသည်။

"လာဟ အိမ်ထဲဝင်လေ အော်မနေနဲ့"

လင်းဆက်ကအိမ်ထဲဝင်လာလေသည်။

"ဟာ မင်းကဘာမှလည်း
မလဲထားသေးဘူးလား"

"ဘာလဲရမှာလဲဟ"

"မီးပုံပွဲသွားပါမယ်ဆို 
မင်းကိုပြောထားရက်သားနဲ့ "

"‌အေး ဟုတ်သားပဲ မီးထွန်းရင်း
မေ့သွားတာ ခနလေးစောင့်
ငါသွားလဲလိုက်မယ်"
 
"ပီအိုက်လာပြီလား"

ခွန်းအဝတ်လဲဖို့အိမ်ပေါ်အတက် 
အလှတွေပြင်ပြီးဆင်းလာတဲ့
မိုင်ခမ်းနဲ့တည့်တည့်တိုးသည်။

"ငါ့ ခနစောင့်ကြဦး"
 
ပြောပြီး ခွန်း အဝတ်အမြန်ဝင်လဲလိုက်သည် မိုင်ခမ်းကောလင်းဆက်ကောက ရှမ်းဝတ်စုံလေးတွေနဲ့ဆိုတော့ ခွန်းလည်း ဝတ်ချင်တာမို့ ဘဲကြီးဝယ်ပေးထားတဲ့ဟာကိုသာ ထုတ်ဝတ်လိုက်ရသည် မနက်ကဟာက ချွေးနံ့တွေနဲ့မို့ အဆင်မပြေတော့။

"ဟဲ့ နင်အလှပြင်တာ ကြာလိုက်တာ မြန်မြန်လာဟ"
 
"လာပါပြီဟ"
 
ခွန်းတို့ ရောက်သွားချိန်တွင် 
လူကတော်တော်စုံနေလေပြီ 
မီးပုံကြီးအကြီးအလယ်မှာဖိုထားပြီး 
ခုံလေးတွေပတ်လည်ချထားလေသည်

သမီးရည်းစားအတွဲလေးတွေကလည်း သူ့ဟာနဲ့သူ့အတွဲတွေနဲ့သူကြည်နူးနေကြသည်။ ခေါင်ရည်တွေသောက်လိုက် ခေါပုတ်မီးကင်တွေစားလိုက်နဲ့ လူပျိုဝိုင်းကလည်းဆူညံနေပြီ 

လင်းဆက်နဲ့မိုင်ခမ်းက အသိတွေနဲ့စကားသွားပြောနေသည်မို့ ခွန်းလည်း လွတ်တဲ့ခုံသာဝင်ထိုင်နေလိုက်သည် ခွန်းထိုင်ပြီးမကြာပါ အကုန်လုံး မီးဖိုကြီးဆီမှာ စုဝိုင်းထိုင်လာကြပြီး ရှမ်းသီချင်းတွေဆိုကြသည်။

ခွန်းကနားမလည်တဲ့သူမို့ လက်ခုပ်သာလိုက်တီးနေလိုက်သည် ရှမ်းမလေးတွေလည်း ကနေကြသည်။

လူငယ်တွေချည်းမို့ပျော်စရာတော့ကောင်းသည်။

ထိုစဉ် 

"ခေါင်းဆောင်လာတယ်ဟေ့ "

မီးကိုရေနဲ့ငြိမ်းလိုက်သလိုပင် အကုန်လုံးတိတ်ဆိတ်သွားရသည်။

ဟိုလူကြီးနဲ့ နွမ်စိုင်းအတူရောက်လာသည် နွမ်စိုင်းကအဝတ်လဲထားပေမဲ့ ဟိုလူကြီးကမနက်က ဝတ်စုံနဲ့ပင်။
နောင့်ခွန်းလာတာနဲ့ ပြုံးနေတဲ့မျက်နှာလေးက ချက်ချင်းတည်သွားတဲ့ 
ဒီကောင်လေးကြောင့် နောင့်ခွန်း
စိတ်မကောင်းဖြစ်ရသည်။

ကိုယ်ကြောင့်နာကျင်ခဲ့ရသမျှ 
ကိုယ်ပြန်ကုစားပေးမှာမို့ မင်းက
ပြန်လက်ခံပေးပါ စေကိုး။ 
 
နောင့်ခွန်း ကောင်လေးနဲ့မျက်နှာချင်းဆိုင်ဖြစ်မည့်နေရာကို ရွေးထိုင်လိုက်သည်။

"ရပါတယ် ပျော်ကြပါ ငါ့ကို 
စိတ်ထဲမထားနဲ့ ဒီရက်ပဲ 
လွတ်လွတ်လပ်လပ်ပျော်ရတာ"

အားလုံးအခြေ‌အနေတွေက စောနကအတိုင်းပြန်ဖြစ်သွားရသည် ဘဲကြီးရဲ့မျက်နှာချောချောကိုငေးနေတဲ့ကောင်မလေးတွေကိုကြည့်ရင်း 
ခွန်း သဝန်တိုလာရသည်။

"ခေါင်းဆောင် တပုဒ်လောက် 
ဆိုပါလား ခေါင်းဆောင် လက်သံကြားဖူးတယ်ရှိအောင်လုပ်ပါ"

လင်းဆက်က ဂစ်တာကြီးယူချလာကာ ဟိုလူကြီးလက်ထဲ သွားထိုးထည့်နေသည်။ခွန်းကနောက်ရက်ဆို ပြန်တော့မည်သူဆိုပေမဲ့ ဘဲကြီးလက်သံကိုတကယ်နားထောင်ချင်မိတာ‌မို့ မသိမသာလည်ဆန့်ကာ နားထောင်နေလိုက်သည်။

"ဒီနေ့တရက်ပဲကိုယ်လိုက်လျောတာနော် ကိုယ်တီးပြပါ့မယ် ပြီးတော့ ကိုယ်ချစ်ရတဲ့သူကိုလည်း သိစေချင်တဲ့ခံစားချက်တေပြောချင်တယ် သူလက်ခံပေးရင် သိပ်ကောင်းမယ်"

"ဝါးးးး ဝိုးးး ရှီးးး"

အကုန်အံ့ဩပြီးအသံပေါင်းစုံထွက်လာကြသည် လက်ခေါက်မှုတ်တဲ့သူတွေကမှုတ်ကုန်ကြသည် အကုန်လုံးရဲ့အကြည့်တွေကတော့ ဘဲကြီးဘေးနားနှစ်ယောက်‌သုံးယောက်ကျော်လောက်ဆီက မစံမူဆီမှာပေါ့ ခွန်းနာကျင်လိုက်တာဆိုတာလေ မဆိုင်မှန်း 
မပိုင်မှန်းသိပေမဲ့ တကယ်ကိုကြေကွဲရပါသည်။ဟိုလူကြီးကို မော့ကြည့်မိတော့ လက်သွယ်သွယ်တွေက ဂစ်တာကြိုး ကျွမ်းကျင်စွာညှိနေသည်။ခွန်းနဲ့မသက်ဆိုင်တဲ့အရာမို့ ခေါင်းသာငုံ့ချလိုက်မိသည်။

ဂစ်တာသံ intro ဝင်တည်းက အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။

"🎶 🎶 🎶......
ကြင်နာသူ ကိုယ့်အနားရှိနေခိုက်ဟာ ဘဝရဲ့အသာယာဆုံးအခါ.... 

ဒီအချိန်မှာ ကိုယ်ကြည့်ရင်းနဲ့ သူ့ကိုသနားလာမိတယ်.....

မကျင်လည်ခဲ့ဖူးတဲ့ သူစိမ်းနယ်ထဲမှာ....
စိတ်အားငယ်လှ‌ရော့မယ်.....

တခါတလေ အပေါ်စီးကဆက်ဆံ
မိတာ တွေးပြီးရင်နာမဆုံးပါ.....

တကယ်ဆိုရင်... ကိုယ်ကျိုးစွန့်ပြီး သူ့ခမျာ ချစ်လာရရှာ.....

ဘာဆိုဘာမှလည်းတုံ့ပြန်ရင်းနဲ့ 
လုပ်မပေးနိုင်ခဲ့ ........

ဒီကစပြီး ရှေ့ကိုဆို သူ့ရဲ့လိုအင်
ရှိတာတွေ... ....
 
သိအောင်ကြိုးစားရင်းလေ......

ကိုယ်ဖြည့်စွမ်းမယ်....

ဒီကစပြီးရှေ့ကိုဆို ....
သူ့အပေါ် ထာဝစဉ် ငဲ့ညှာမယ်.....

တတ်နိုင်သလောက်ဂရုစိုက်မယ်........ 

🎶🎶🎶........"

စိုင်းထီးဆိုင် ရဲ့ ခြင်္သေ့လည်ပြန် သီချင်းကို သီဆိုနေတဲ့

လူကြီးရဲ့ ကြည်လင်ပြတ်သားပီး အသံချိုချိုလေးကြောင့် 
ခွန်း မော့ကြည့်မိတဲ့အခါ 
အဲ့လူကြီးကလည်း ခွန်းကိုပြန်ကြည့်နေသည်တဲ့လား မျက်ဝန်းတွေက 
တခုခုပြောချင်နေပုံပင် ခွန်းသူ့အကြည့်တွေကနေရုန်းမထွက်နိုင် သီချင်းစာသားတွေကို နားထောင်ရင်း ခွန်းမျက်ရည်မကျအောင်မနည်းထိန်းနေရသည်။

တကယ်ဆို သူ ခွန်းကိုမချစ်ဘူးလို့ပြောပြီးမှတော့ မစံမူ ကိုပဲကြည့်နေသင့်တာ မဟုတ်ဘူးလား။

ခွန်းရဲ့အတွေးတွေအားလုံးဟာ 
ဒီလူကြီးရဲ့ ခံစားချက်အပြည့်သီဆိုနေတဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့အသံချိုလေးထဲမှာ နစ်မျောသွားရသည်။

နောင့်ခွန်း အမြတ်တနိုးနဲ့ စေကိုး ကို ငေးကြည့်ရင်း‌ဆိုနေမိသည် နောင့်ခွန်း ခံစားချက်တွေကို မျက်ဝန်းတေကတဆင့်ဖော်ပြမိသည်။

နောင့်ခွန်း နှလုံးသားတခုလုံးကို
အလဲအထပ်လုပ်ပြီး စေကိုးဆီက ခွင့်လွှတ်မှုနဲ့ အချစ်ကိုပြန်တောင်းခံနေတာ စေကိုး သိပါစေလေ..... ။

"🎶🎶.........

မူမှန်တဲ့အချစ်စစ်မေတ္တာသဘောဟာ.....

အေးမြခံယူခြင်းသာ.....

ဘယ်နေရာမဆို....တဖက်စွန်းကျရင်...

တယောက်တော့နစ်နာရစမြဲ....

မပြေလည်ခဲ့သေးတဲ့  နှောင်းချစ်ကြွေးတွေ ပေးဆပ်ချင်တယ်....

ဒီကစပြီး ရှေ့ကိုဆို...... 
သူ့ရဲ့လိုအင်ရှိတာတွေ .......

သိအောင်ကြိုးစားရင်လေ.. 
ကိုယ်ဖြည့်စွမ်းမယ်.........
  
ဒီကစပြီးရှေ့ကိုဆို... 
သူ့အပေါ် ထာဝစဉ်ငဲ့ညှာမယ်.....

တတ်နိုင်သလောက် ဂရုစိုက်မယ်........"

"ဖြောင်း....ဖြောင်း..."

"ဖြောင်း..ဖြောင်း..... ​ဖြောင်းး......"

သီချင်းအဆုံးသတ်သွားသည်နှင့် လက်ခုပ်သံတွေညံနေအောင်
ထွက်လာသည်။

နောင့်ခွန်းကတော့ နောင့်ခွန်းရဲ့နောက်ဆုံးမျှော်လင့်ချက်လေးအနေနဲ့ စေကိုးမျက်နှာလေးကိုသာ 
ငေးကြည့်နေမိသည်။

ဟိုလူကြီးကတော့ ခွန်းဆီက
အကြည့်မလွှဲသွားပဲ......

နွေးထွေးလုံခြုံမှုပေးနိုင်တဲ့ 
မျက်ဝန်းမျိုး နဲ့ ရွှန်းရွှန်းစားစား 
စိုက်ကြည့်နေတဲ့အကြည့်နဲ့ 
ခွင့်လွှတ်မှုကိုတကယ်လေးနက်စွာ တောင်းခံနေတဲ့အကြည့်မျိုးတွေနဲ့မို့

ခွန်းတကယ်ကိုနားမလည်နိုင်လည်း ဖြစ်ရသည်။ဒီလူကြီးခွန်းကိုမျှော်လင့်ချက်တွေပေးပြန်ပြီ။

ခွန်းဆိုတဲ့အရူးကလည်း 
ဒီလူကြီးဆီမှာ ထပ်ကျရှုံးရပြန်ပြီလား

(A/N ; မီးပုံပွဲ နဲ့ တောင်ပေါ် ကန်တော့ပွဲ ဆိုတာကလေ 
တရွာနဲ့တရွာဓလေ့မတူတာမို့ 
တစုံတရာ လွှဲချော်နေခဲ့တာမျိုးရှိမှာစိုးရိမ်လို့ အသေးစိတ်မရေးပြနိုင်တာ နားလည်ပေးပါ တိုင်းရင်းသားယဉ်ကျေးမှုကို ထိခိုက်စေလိုချင် မရှိပါဘူးနော် )

စိုင်းထီးဆိုင် _ ခြင်္သေ့လည်ပြန်

https://www.youtube.com/watch?v=YEZoBh1QPDs

--------------------------

14-9-2021

Thanks For Reading.

@Paing & Koe 🌸🍉

Love You All. ... 💛💛💛            


rate now: