ဖြန်း....
" မိန်းမယုတ်...ညည်းအခု ဘယ်မှာသဝေထိုးပြီးမှ... ပြန်လာတာလည်း...ညည်းလည်း ညည်း အမေ အတိုင်းဘဲ...မိန်းမပျက်မ....ဟိုက အခုငါ့ကို ဖုန်းဆက်ပြောတယ်....ညည်း ထွက်ပြေးသွားတယ်တဲ့....အခုတော့ပိုက်ဆံလည်းမရတော့ဘူး....အခုဘယ်လိုလုပ်မလည်း...."
" မေမေရယ်...သူက ကုပ်ကမြင်းမကို...မေမေကို အခုထည်းက အာခံနေပြီလေ...ပြီးတော့ သူ့ပုံစံကိုကြည့်အုံးမေမေ...ဘယ်ယောကျာ်းက စော်ကားလိုက်ပြီလည်းမသိဘူး.."
ဒေါ်ငွေခင်ပြောတော့ သူ့သမီး မူယာခင်က ခြေသည်းနီးဆိုးနေရာကနေ ခေါင်းလေးငဲ့ပြီးပြောတော့ ကမ္ဘာ အရိုက်ခံရသော ပါးလေးကို အသာအုပ်ကိုင်ပြီး ခေါင်းလေကို အသာယမ်းကာ...
"ဟင့်အင်း...ကမ္ဘာက မိန်းမပျက်မဟုတ်ပါဘူး..."
" အာ့ဒါဆို ညည်း...အခုဘယ်အကောင်းနဲ့ဖြစ်လာတာလည်း...ငါ့ကိုပြော....ပိုက်ဆံရော ရလာလား...အာ့ဒိပိုက်ဆံမရရင် ည ည်းအဖေ ထောင်ထဲဝင်ရမှာ...အာ့ဒါကိုည ည်းသိလား...မိကမ္ဘာ..."
ကမ္ဘာဒေါ်ငွေခင်အပြောကြောင့် မျက်ရည်တွေ စီးကျကာ...ကိုယ်လုံးလေးလှုပ်အောင်ငိုနေမိသည်။ သူမမှာ ကမ္ဘာနဲ့ရွယ်တူ သမီးတစ်ယောက်လုံးရှိတာတောင် သားသမီးချင်းကိုယ်ချင်းမစာတဲ့ ဒေါ်ငွေခင်ကို သူမမုန်းမိသည်။ ဖေဖေလည်းအတူတူပါပဲ ကမ္ဘာကို သမီးအရင်းတစ်ယောက်လို တစ်ခါမှ နွေးနွေးထွေးထွေး မဆက်ဆံဖူးပါ...အခုလည်း ဖြစ်ပျက်နေတာတွေကို သတင်းစားထိုင်ဖတ်ရင် ဘာမှ မဆိုင်သလို မကြားသလို နေနေသည်။ ကမ္ဘာအခုလို ဘဝပျက်ရတာ သူတို့ကြောင့်လေ...ကမ္ဘာဝမ်းနည်းစွား ငိုနေရင်း...
" ဟဲ့.....အော်..ကျက်သရေမရှိငိုမနေနဲ့အေ...ညည်းပိုက်ဆံမပါရင်.... ငါကတော့ ရအောင်လုပ်ရမှာပဲ... နောက်တစ်ယောက်စီမှာ...ညည်းပိုက်ဆံသွားယူ..."
ကမ္ဘာမျက်ရည်တွေကြားကနေ ခေါင်းလေးခါးကာ ငြင်းဆန်နေမိသည်...သူမ အပေါ် မိသားစုလို သဘောမထားတဲ့ ဒီမိသားစုနဲ့...ဝေး ရာ....ထွက်သွားဖို့ပဲ...သူမ ခေါင်းထဲမှာ ကြီးဆိုးနေတော့သည်။ သူမဘဝ ဒီအိမ်မှာနေတော့လည်း မသာထာရေစာစားနေရတဲ့ ဘဝမဟုတ်လား...ပြီးတော့ ကျောင်းတောင်မှ သူမ အိမ်အလုပ်တွေ အကုန်လုပ်ပေးပါ့မယ်ဆိုပြီး ပြောလို့ ထားပေးထါးတာပါ။ သူမ ဆယ်တန်းကိူ အမှတ်ကောင်းကောင်းနဲ့အောင်တော့ မူယာခင်က အမှတ်နည်းလို့ သူမကို ကျောင်းမထားတော့ဘူးလို့ပြောတော့ သူမ ဒူးဖက်တောင်ပန်ကာ အဝေးသင်လေးတော့ တက်ခွင့်ပေးပါလို့ အသည်းအသန်တောင်ဆိုမှ ပတ်ဝန်းကျင်ပြောမှာဆိုးလို့ လက်မခံချင်ဘဲ လက်ခံပေးခဲ့သည်။
သူမဘဝက အဖေကလည်း မကျင်နာ မိထွေးကလည်း သူမဘဝကို မစာနာ...ဘယ်ကမှန်းမသိတဲ့ လူကလည်း...တာဝန်ယူပါမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ သူမဘဝကို ဖျက်စီးသွားခဲ့ပြီ...သူမဘဝမှာ ဘာမှမကျန်တော့ပါ ...ဟိုလူပေးခဲ့သော ချက်လက်မှတ်လေးကို သူမ ဒေါ်ငွေခင်မမြင်အောင် ဖွက်လာလို့တော်သေးသည်။ အာ့ပိုက်ဆံနဲ့ သူမဘဝကို သူမပြန်မွန်းမံရမည်မဟုတ်လား...အကုန်လုံးကို ကမ္ဘာတစ်နေ့တော့ လက်တုပ်ပြန်နိုင်အုံးမှာပါ...အခုတော့ ကမ္ဘာသူတို့နဲ့ ဝေး ရာကို ထွက်သွားပါရစေ....
" ညည်းသွား....ငါအရှေ့မှာ ကျက်သရေ မရှိလာမငိုနဲ့...အိမ်အလုပ်တွေ တပုံးကြီး အကုန်ပြီးအောင်လုပ် ငါ ကို မှုန်ကြီးကို တောင်းပန်လိုက်မယ်...နောက်ရက်ညည်းပြန်သွားရမယ်.."
ကမ္ဘာဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်တွေသာ စီးကျနေတော့သည်။
" ဟဲ့...ငါပြောတာကြားလား...သွားသွား..ငါ့ရှေ့က ထွက်သွား...သွား..."
ဒေါ်ငွေခင်ပြောတာကြောင့်သူမ ရဲ့ ကိုယ်လေးကို လေးလံစွာ ရပ်ပြီး အိမ်အနောက်အခန်းထဲကို တရွေ့ရွေ့ လျှောက်လာကာ...အခန်းထဲရောက်တော့ သူမခေါင်းအုံးလေးပေါ်မျက်နှာတင်ကာ...အားရအောင် ငိုချလိုက်တော့သည်။ထိုအတူ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ခိုင်ခိုင်မာမာ ချလိုက်မိတော့သည်။
"မာန်တံခွန်...ရှင့်ကို ကျွန်မ သေတောင်မမေ့ဘူး...လူယုတ်မာ...ကျွန်မဘဝကို ဖျက်စီးခဲ့တဲ့သူ..."
---------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
Takhon group အဆောက်အအုံးကြီး၏ အခန်းတစ်ခုတွင်....
"သခင်လေး...ညက မိန်းကလေးကို ကျွန်တော်တို့ရှာတာ မတွေ့ပါဘူး နီးစပ်ရာတော့ စုံစမ်းထားပါတယ်...မကြာခင်တော့ သိရတော့မှာပါ...ပြီးတော့ သခင်လေးကို လုပ်ကြံတဲ့ မိန်းမကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာကို အပ်လိုက်ပါပြီ..."
သူစားပွဲပေါ် ကို လက်ချောင်းသွယ်သွယ်များနဲ့ ခေါက်နေပြီး တစ်ခုခုကို စဥ်းစားနေပြီးမှ..ယောကျာ်းလေးတန်မဲ့ ပန်းရောင်းသန်းနေသော နှုတ်ခမ်းပါးမှ...
" ဟိုမိန်းမကို...ဒီတစ်သက် ထောင်ထဲက ထွက်မလာနိုင်အောင်လုပ်လိုက်..."
"ဟုတ်ကဲ့ သခင်လေ..."
" ဟိုမိန်းကလေးကို အမြန်ဆုံးရှာပါ...ဖြစ်နိုင်ရင် အမြန်ဆုံးတွေ့ချင်တယ်..."
"ဟုတ်ကဲ့...သခင်လေ...."
ဝတ်စုံအပြည့်ဝတ်ဆင်ထားသော သူ့အတွင်းရေးမှူး စစ်သွေးနဲ့ ကိုယ်ရန်တော်များထွက်သွားမှ သူဆုံလည့်ထိုင်ခုံကို မှီလိုက်ကာ သက်ပြင်းချလိုက်မိပြီး စိတ်ထဲကနေ သူနဲ့ မှားခဲ့သော ကောင်မလေးကို သူတောင်းပန်နေမိသည်။ သူ စိတ်ထဲကနေ တောင်းပန်နေတာကို ကိုယ့်ကိုကိုယ် သဘောကျကာ ပန်းရောင်သန်းနေသော ပိရိသေသတ်သော နှုတ်ခမ်းတို့က ပြုံးယောင်းသန်းသွားမိသည်။
မပြုံးဘဲနေမလား မာန်တံခွန်ရဲ့ဘဝမှာ သူတစ်ပါးကို တောင်းပန်ဖူးတာ သူမလေးပထမဆုံးမဟုတ်လား...
သူ့ကိုဆို နာမည်ကြားတာနဲ့ အကုန်လုံးက ကြောက်ရွံရိုသေကြသည်အထိ သူ့ရဲ့ ခန့်ညားချောမောတဲ့ ဥပတိရုပ်ရည်ကို တွေ့တဲ့ လူတိုင်းရှိန်စေလောက်သည်အထိ သြဇာအာဏာလည်း ပြင်းသူဖြစ်သည်။ဘယ်နိုင်ငံ ဘယ်အရပ်ကိုသွားသွား မာန်တံခွန် ဆိုတာနဲ့ လူအများရဲ့ အလေးထား ရိုသေချင်းကို ခံရတဲ့ သူဖြစ်သည်။
မနေ့ကညနေက သူ့ကို ကြိုဆိုတဲ့ပွဲကို သူတက်ခဲ့သည်။လူခြုံရေးအပြည့်ယူထားသော်လည်း စီးပွားရေးမှာ ဆက်နွယ်ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ လုပ်ကြုံမှုကြောင့် သူအပစ်မဲ့ မိန်းကလေးတစ်ယောက်အပေါ် သူနစ်နာအောင် လုပ်ခဲ့မိသည်။
သူညက သောက်ခဲ့သော ဆေးအရှိန်ကြောင့် ဘာမှ မသိတော့စွာ သူမ အပေါ်ကို သူအနိုင်ယူခဲ့သည်။ အိမ်မက်လိုလို သူမရဲ့ ငြင်းဆန်သံ သဲ့သဲ့လေးကိုလည်း သူကြားပါတယ်....ဒါပင်မဲ့ သူမရဲ့ နူးညံ့တဲ့ အထိအတွေ့ကြောင့်ရော ခပ်ခဲ့ရတဲ့ ဆေးကြောင့်ပါ သူကိုယ်သူ မထိန်းနိုင်ခဲ့ပါ။ မနက်မိုးလင်းတော့ သူ့ဘေးမှာ ဖြူဖြူဖွေးဖွေး မိန်းကလေးတစ်ယောက် ဘေးတစောင်းလေးအိပ်နေတာကို သူမြင်တော့ ညက အဖြစ်အပျက်တွေကို ဆက်စပ်တွေးမိသွားကာ သူထိုမိန်းကလေးအပေါ်အနိုင်ယူခဲ့မိပြီဖြစ်သည်။
စောင်စလွတ်နေသော ပုခုံးဖြူဖြူဖွေးဖွေးလေးပေါ်တွင် ထင်းနေသော မဲ့နက်လေးကြောင့် သူသေချာကြည့်နေစဥ် တစ်ခါမှ မဖြစ်ပေါ်ဖူးသော ရင်ခုန်သံ...ထိုမဲ့နက်လေးက သူ့ကို ဆွဲဆောင်နေသည်။သူ...သူမအနားတိုးပြီး ထိုမဲ့နက်လေးကို... ငုံ့နမ်းလိုက်တော့ သူမကိုယ်လေးလှုပ်သွားကာ...ပြန်အိပ်ပျော်သွားသည်။ သူမတော်တော် ပင်ပန်းသွားတယ်ထင်ပါတယ်...
သူ..သူမရဲ့ မျက်နှာပေါ်မှာ ဆံနွယ်တွေဖုန်းနေတော့ သူလက်ချောင်းသွယ်များနဲ့ ဖယ်ပစ်လိုက်တော့...ဖြူဖြူသွယ်သွယ် ချစ်စရာမျက်နှာလေး ပေါ်လာခဲ့တော့ သူ...ဟာ..ခနဲဖြစ်သွားသည်။ သူမက အသက်ငယ်ငယ်လေးရှိသေးတာပဲ.....
"တောက်...."
သူမေးကြောကြီးများထောင်လာသည့်အထိ အံ့ကြိတ်လိုက်ကာ...
အခုလို ဖြစ်အောင်လုပ်တဲ့ သူ ကြိမ်းသေ အပစ်ခံရတော့မာ်ဆိုတာ ပြောစရာကိုမလိုတော့ပင်....
သူသူမရဲ့ မျက်နှာလေးကို သေချာကြည့်နေရင်း သူမရဲ့ ချစ်စရာမျက်နှာလေးက... သူရဲ့ ရင်ခုန်သံတွေကို အစပျိုးပေးနေသည်။ သူ အရေးကြီးလူတစ်စုနဲ့ Meeting ရှိတာကြောင့် သူမမျက်နှာလေးကို နမ်းကာ အသာထပြီး ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည်။သူကို မိန်းမတော်တော်များများ အကြောင်းအမျိုးမျိုးပြကာ...ချဥ်ကပ်ဖူးပါသည်။ သူဘယ်သူ့ကိုမှစိတ်မဝင်စားခဲ့ ။ အခုတော့ သူမလေးက သူ့အပေါ် စိတ်ဝင်စားအောင် ပြုလုပ်နိုင်ခဲ့သည်။.... ရေချိုးပြီးထွက်လာတာတောင်သူမလေးမနိုးသေး...သူလည်း စစ်သွေးကို ဖုန်းဆက်ပြီး အင်္ကျီ ယူလာရန်ပြောလိုက်ပြီး သူမလေးရဲ့ ဘေးမှာ ခဏထိုင်ကာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ကြည့်နေတုံး ...
မင်းဘာကြောင့် ဒီဟိုတယ်ထဲကိုရောက်နေတာလည်း?...
မင်ကဘယ်သူလည်း? ..
သူပြောပြီး မျက်နှာလေးကို ထိဖို့ လက်လှမ်းမလို့ပြင်တုံး....
ဒေါက်...ဒေါက်....ဒေါက်.....
တံခါးခေါက်သံကြောင့် သူထလိုက်ပြီး တံခါးအဝကို ဖွင့်ပြီး စစ်သွေးပေးသော အင်္ကျီက နဲ့ ဘောင်းဘီကိုယူဝတ်လိုက်ကာ.... စားပွဲပေါ်က စာရွက်လေးနဲ့ သူ့ဘောင်းဘီ အိပ်ထဲက ချက်လက်မှတ်တစ်ရွက်ကို ထုပ်ကာ...သူမလေးအတွက် စာရေးပေးပြီး ပိုက်ဆံပေးထါးခဲ့ပေးလိုက်သည်။ပြီးတော့ သူမလေးကို တစ်ချက်ပြန်လှည့်ကြည့်ကာ...
"ကိုတို့နောက်မှပြန်ဆုံကြမယ်...ဘဲဖြူမလေး...."
သူပြောပြီး အခန်းထဲက ထွက်လာတော့ စစ်သွေးနဲ့ ကိုယ်ရန်တော်တွေက အခန်းအပြင်ဘက်မှာ သူ့ကိုတွေ့တော့ ခေါင်းငုံ့အရိုအသေပေးကြတော့ သူအသိအမှတ်ပြု ခေါင်းငြိမ့်ပြပြီး အစည်းအဝေးရှိရာကို ထွက်လာလိုက်တော့သည်။
သူဖြစ်ပျက်ခဲ့သမျှကို တွေးတောပြီး....
"မင်းဘာကြောင့် ထွက်ပြေးရတာလည်း...ဘဲဖြူမလေးရယ်...မင်းဘယ်လောက်ထွက်ပြေးပါစေ...ကိုယ် မင်းကို ရအောင်ရှာမယ်....ပြီးတော့ ကိုပြောခဲ့တယ်မှတ်လား...မင်းကိုတာဝန်ယူမယ်လို့..."
သူပြောပြီး ပိရိသေသက်သော နှုတ်ခမ်းပေါ်မှာ ဘယ်သူမှ နားမလည်နိုင်သော အပြုံးတစ်ခု ဖြစ်ထွန်းသွားတော့သည်။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း