Kitig ကသူ၏အိပ်ခန်းပြတင်းပေါက်မှနေ၍ ပန်းခြံကိုငုံ့ကြည့်နေသည်။ ပန်းခြံအတွင်း၌ဒေါက်တာနှင့် Sam တို့ကကလေးများနှင့်ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကျသည်။
'သူတို့ပျော်နေကျတာပဲ' ဟုသူတွေးလိုက်သည်။
'သူတို့ရယ်မောနေကျတယ်။ Destoryer of the World သာဆိုရင် ဒီလိုရှိနေမှာမဟုတ်ဘူး။'
'ဒါပေမယ့်ဒေါက်တာကလည်း Destoryer of the World, the Uncreator ဖြစ်နိုင်တာပဲ။ သူ့ဆီကနေလက္ခဏာအချို့တွေ့နေရတယ်။ သူသာ Book of Keeping စာအုပ်ကိုစိတ်မဝင်စားဘူးပြောရင်မှားမှာပဲ'
Kitig ထိုဂြိုဟ်သားများကိုလေ့လာနေသည်။ သူ့ကမ္ဘာတစ်ခုလုံး သူ့ဘဝတစ်ခုလုံးက ယခုလေ့လာစူးစမ်းမှုနှင့်ခွဲဖြာဆန်းစစ်မှုတို့အပေါ်မူတည်နေသည်။
Sam က Critil ၏ကျောပေါ်တွင်တက်စီးရန်အတွက်သေးလွန်းလှသည်။ Critil က Kitig ၏အကြီးဆုံးသားဖြစ်ပြီး သူတို့အားလုံးပန်းခြံတစ်ဝိုက်ပြေးလွှားဆော့ကစားနေကျသည်။ ဒေါက်တာကမူအမွှာနှစ်ယောက်ဖြစ်သော Jontil နှင့် Mritig တို့နှင့်အတူ လိုက်တမ်းပြေးတမ်းဆော့နေသည်။ တခါတခါဒေါက်တာကပြောင်ချော်ချော်အမူအရာလုပ်ပြ၍ပြေးလျှင် အမွှာနှစ်ယောက်ကနောက်ကလိုက်၍ဖမ်းသည်။ ပြေးနေသည့်အချိန်တစ်လျှောက်လုံးဒေါက်တာ့၏ အညိုရောင်ဖျော့ဖျော့လည်ဆံမွှေးတို့က လေနှင့်အတူဖြေးညှင်းစွာလှုပ်ရမ်းနေကျသည်။
'အဲ့ဒါကတလွဲညွှန်ပြထားတာနေမှာပါ။ ဒေါက်တာ့ကိုကြည့်ဦး…သူပျော်နေတယ်။ပျော်တယ်ဆိုတာသူအမှန်တကယ်ပျော်နေလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်တစ်ခုခုကိုဖုံးကွယ်ထားပြီး ပျော်ရွှင်ဟန်ဆောင်နေရင်ရော။'
'ဒါဆိုမေးခွန်းကဘာလဲ။ သူကဘယ်သူလဲ…ဝရမ်းပြေးတစ်ယောက်ထွက်ပြေးလာတာလား။ သူလျှိုတစ်ယောက်လား။ ဒါမှမဟုတ်သူကတကယ်ကိုပဲ Tractites မျိုးနွယ်စုရဲ့ဂြိုဟ်ဆိုး Destoryer of the World လား'
'Book of Keeping စာအုပ်မှာ Uncreator အကြောင်းဖော်ပြထားတာကမရှင်းလင်းဘူး။ သူကအသားအရောင်ဖြူဖျော့ဖျော့နဲ့ခြေနှစ်ချောင်းသတ္တဝါဖြစ်တယ်။ ငါတို့ရဲ့ဘာသာစကားကိုသိမယ်…ငါတို့အကြောင်းတွေကိုသိမယ်။ ပြီးတော့သူ…သူကမမျှော်လင့်ပဲရောက်လာလိမ့်မယ်။ ဒါတွေအားလုံးက Book of Keeping မှာဖော်ပြထားတာပဲ။'
'ပြီးတော့ အဲ့ဒီထဲမှာဖော်ပြထားတာက သူသာဖျက်ဆီးမယ်ဆို အကုန်လုံးကိုတစ်ခါတည်းဖျက်ဆီးပစ်နိုင်တယ်။ Tractites တွေရဲ့တည်ရှိမှု သူတို့တည်ဆောက်ထားသမျှအရာအားလုံးဟာ လုံးဝပျောက်ကွယ်သွားလိမ့်မယ်'
ယခုအချိန်တွင် Kitig ၏အတွေးများကယောက်ယက်ခတ်နေသည်။ ထို့နောက်အပြင်ဘက်သို့ကြည့်နေရာမှ ကောက်ရိုးအိပ်ရာပေါ်တွင် လဲလျောင်းနေသောသူ့ဇနီး Narunil ဘက်သို့လှည့်ကြည့်လိုက်သည်။ သူမ၏ခြေလက်များကအချင်းချင်းယှက်သွယ်နေပြီး ကြောက်ရွံ့မှုနှင့်စိုးရိမ်ပူပန်မှုကိုပြသနေသည်။
'ဒါကအမှန်မဟုတ်နိုင်ဘူး။ အခုတော့မဟုတ်နိုင်သေးဘူး။ ငါ့မှာကာကွယ်ရမယ့်မိသားစုရှိသေးတယ်။ ဒီဂြိုဟ်သားတွေက Uncreator တော့မဖြစ်နိုင်ဘူး။ ဒါကအရင်တုန်းကဒဏ္ဋာရီတွေနေမှာပါ…ငါတို့လူတွေအားနည်းခဲ့တဲ့အချိန် လူစိမ်းတွေကိုကြောက်ရွံ့ခဲ့တဲ့အချိန်ကကျန်ရစ်ခဲ့တဲ့ပုံပြင်တစ်ပုဒ်ပဲနေမှာပါ။ ဒါတွေကတိုက်ဆိုင်မှုသက်သက်ပါပဲ…ဟုတ်တယ် တိုက်ဆိုင်မှု…'
ထို့နောက်သူပြတင်းပေါက်ဘက်သို့ပြန်လှည့်၍ကြည့်မိသည်။ ယခုအချိန်တွင်တော့ဒေါက်တာက Sam ၏အဖြစ်ကိုကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မောနေသည်…သူမပုံစံက Critil ၏ကျောပေါ်သို့တက်ရန်ကြိုးစားလိုက်ပြုတ်ကျလိုက်နှင့်ပျော့ပျော့အိအိကစားကွင်းသို့ရောက်နေသည့်ကလေးငယ်တစ်ယောက်နှင့်ပိုတူတော့သည်။
ထို့နောက် Kitih သူ၏နောက်ကျော်ဘက်မှ အဝတ်ဆွဲယူသံတို့ကိုကြားလိုက်ရပြီး Narunil ၏ခွာသံကိုကြားလိုက်ရသည်။ ထို့နောက်သူမ၏ဦးခေါင်းကသူ၏လည်တိုင်ထက်သို့မှီတွယ်လာပြီး သူမ၏အသက်ရှူသံငွေ့ငွေ့ကသူ၏လည်တိုင်ထက်သို့ရိုက်ခတ်နေသည်။
"ရှင်ဘယ်လိုထင်လဲ?" ဟုသူမကမေးလာသည်။
"ကိုယ်မယုံဘူး။ ဘာရည်ရွယ်ချက်မှမရှိတဲ့မကောင်းဆိုးရွားဆိုတာကို ကိုယ်မယုံကြည်ချင်ဘူး။ ဒေါက်တာကကိုယ်တို့အားလုံးကိုသတ်ဖြတ်ပစ်ရအောင်လည်းရူးနေတာမဟုတ်ဘူး။ သူ့ကိုကြည့်စမ်း!"
"ဒါဆိုရှင်ဘာလို့ Keeping ရဲ့စောင့်ကြည့်သူအဖြစ်လုပ်ခဲ့သေးလဲ"
"ကိုယ်လည်းမသိဘူး။ ကိုယ့်အဖေလုပ်လို့ကိုယ်လိုက်လုပ်တာ။"
Narunil ကနှာမှုတ်လိုက်ပြီးသူ၏နံဘေးမှထွက်ခွာသွားသည်။ Kitig ကသူမဘက်သို့မျက်နှာမူလိုက်ပြီး
"ဒီကိုလာတဲ့တစ်ယောက်ယောက်ကို Uncreator လို့မင်းဘယ်နှကြိမ်တွေးဖူးလဲ။ နှစ်တစ်ထောင်မှာတစ်ကြိမ်လောက်! ဒီရာထူးကဘာအလုပ်မှမလုပ်ပဲဂုဏ်သိက္ခာတွေ ဝင်ငွေတွေအလကားရနေတဲ့ရာထူး…ဟိုးလွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာထဲကထားခဲ့ကျတဲ့ရူးမိုက်တဲ့အရာပဲ။
သူတို့ပြောခဲ့တဲ့အရာတွေကတကယ်သာဖြစ်နိုင်ခဲ့ရင်ကိုယ်တာဝန်ယူပြီးဆုံးဖြတ်ပေးမှာမဟုတ်ဘူး။"
"အခုတော့ဖြစ်လာခဲ့ပြီလေ" ဟု Narunil ကပြောသည်။
"ပြီးတော့ရှင့်မှာတာဝန်ရှိတယ်။" ဟုသူမကပြော၍ ဗီရိုဘက်သို့လှည့်လိုက်ပြီး သားရေဖိနပ်တွေကိုလှမ်းယူလိုက်သည်။ ထို့နောက်သူမ၏ခွာတွေတွင်စတင်၍စွပ်တော့သည်။
"Narunil ကိုယ့်အဖေပြောခဲ့တာ စောင့်ကြည့်သူတွေရဲ့တာဝန်က Uncreator ရဲ့ရန်ကနေကာကွယ်ဖို့တစ်ခုတည်းမဟုတ်ဘူး။ ဒီကိုအခြေအနေအမျိုးမျိုးကြောင့်ရောက်လာတဲ့ ခြေနှစ်ချောင်းသတ္တဝါတွေကိုအကြောင်းပြချက်မရှိပဲ မသတ်မိအောင်လည်းလုပ်ရတယ်။ အရင်တုန်းကတည်းက ကျိုးကြောင်းမဆီလျော်ခဲ့တာတွေ…မလိုအပ်တဲ့သတ်ဖြတ်ခြင်းတွေ…"
"ဒါတွေကကျိုးကြောင်းမဆီလျော်တာမဟုတ်ဘူး။ ကျွန်မမိသားစုကိုကာကွယ်ဖို့ကြိုးစားနေတာ။ ပြီးတော့လူတိုင်းရဲ့မိသားစုတွေ…ဒါကရှင့်အလုပ်လို့ကျွန်မထင်တယ်"
"Narunil-"
Narunil ကသူ၏နံဘေးမှဖြတ်လျှောက်သွားပြီး သူမလက်တစ်ဖက်တွင်ဝတ်လက်စသားရေဖိနပ်တစ်ဖက်ကိုကိုင်ထားပြီး ကျန်ဖိနပ်သုံးဖက်ကမူ သူမခြေထောက်တွင်အဆင်သင့်စွပ်ထားသည်။ ထို့နောက်သူမ၏ အမှောင်မျက်လုံးများကိုဖွင့်လိုက်ပြီး ထိုမျက်လုံးထဲတွင်ဒေါသရိပ်သန်းနေသောအရောင်များကိုတွေ့ရသည်။
"သူကကျွန်မတို့ရဲ့သမိုင်းကြောင်းကိုစိတ်ဝင်စားနေတာနော်-ဆင့်ကဲပြောင်းလဲလာခဲ့တဲ့သမိုင်းကြောင်း။ Uncreator အကြောင်းသူမေးတယ်။ သူ့မှာ Uncreator နဲ့ကိုက်ညီတဲ့ခန္ဓာကိုယ်ပုံသဏ္ဌာန်ရှိတယ်။ ပြီးတော့ သူ့ရဲ့ယာဉ်ပျံ…အဲ့ဒီယာဉ်ပျံနဲ့ပတ်သက်ပြီးတောင်ညာခဲ့သေးတာ…'အာကာသကနေပြန်ဝင်လာတဲ့ယာဉ်'…ဘယ်လိုမှမဖြစ်နိုင်ဘူး-ဒီတိုင်းဗြုန်းစားကြီးနေရာမှာတင်ပေါ်လာတာကျွန်မတို့လည်းမြင်လိုက်တာပဲ။ ဒါကလုံးဝကို အချိန်ခရီးသွားပြီးဖြတ်သန်းလာတာအသိသာကြီး"
"မသေချာပါဘူး-" ဟု Kitig ကပြောသည်။
"အဲ့ဒီလိုမှမဟုတ်ရင်သူတို့ဒီကိုဘယ်လိုရောက်လာမလဲ? သူ့မှာဒီထက်ပိုပြီးဘာတွေလုပ်စရာလိုနေသေးလို့လဲ Kitig? Banner ကြီးထောင်ပြပြီး ကျွန်တော်ဒီဂြိုဟ်ကိုဖျက်ဆီးဖို့ရောက်လာတာပါဆိုပြီးပြောရမှာလား"
Kitig ကသူမဘက်သို့လှည့်လိုက်ပြီး ပုခုံးကိုခပ်ဖွဖွပုတ်ပေးနေသည်။
"ကိုယ် Defiris ရဲ့စောင့်ကြည့်သူ Berulil ကိုဆက်သွယ်ပြီးသွားပြီ။ သူဒီကိုနောက်နှစ်နာရီလောက်ကြာရင်ရောက်မယ်…ဟုတ်ပြီလား"
Narunil ကသူ၏ပွေ့ဖက်မှုအောက်မှရုန်းထွက်လိုက်ပြီး ကုတင်ဘေးတွင်ရှိသောရေကန်သို့သွားကာသူမ၏ဦးခေါင်းနှင့်လည်ပင်းတစ်ဝိုက်ကိုဆေးကြောလိုက်သည်။
"ရှင်တခြားလူတွေရဲ့ထင်မြင်ချက်တွေမလိုပါဘူး။ ဒါကသိသာနေတာပဲ!"
Kitig ကပြတင်းပေါက်ဘက်သို့လှည့်လိုက်ပြီးကလေးများနှင့် ပျော်ရွှင်စွာဆော့ကစားနေသောဒေါက်တာနှင့် Sam ကိုကြည့်နေလိုက်သည်။ ထူးဆန်း၍လုံးဝိုင်းသောဒေါက်တာမျက်နှာကအခုချိန်ထိတိုင်အောင်ပြုံးနေတုန်းပင်ဖြစ်သည်။ နေရောင်အောက်တွင်သူ၏ရွှေရောင်လည်ဆံမွှေးတို့ကလည်းတောက်ပနေသေးသည်။
ဒါပေမယ့်-
ဒေါက်တာကသူ့ကိုကြည့်နေသည်။
ရုတ်တရက်သူ၏ကျောရိုးတလျှောက်ကျက်သီးတဖျင်းဖျင်းထလာသည်ကိုခံစားမိလိုက်သည်။ ဒေါက်တာကသူနှင့် Narunil ပြောနေသည့်စကားများကို မတော်တဆကြားခဲ့မိခြင်းမဟုတ်ရန် ဆုတောင်းနေမိသည်။
သို့သော်-ထိုမျက်လုံးများက-
သူအတွေးမဆုံးခင်မှာပင် ရုတ်တရက်ဒေါက်တာကမျက်မှောင်ကျုတ်လာပြီး သူ၏လက်တွေကရင်ဘတ်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လာသည်ကိုတွေ့လိုက်ရသည်။ Sam က Critil ၏ကျောပေါ်မှနေ၍ ဒေါက်တာ့ကိုငုံ့ကြည့်ကာရယ်မောနေသည်။ထို့နောက်ဒေါက်တာ့၏မျက်နှာက တဖြေးဖြေးနှင့်ဖြူဖပ်ဖြူရော်ဖြစ်လာသည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆