book

Index 2

"အချစ်ဖြင့် စတွေ့ခြင်း"

"ကျွန်းတန်းသို့ လမ်းလျှောက်လာရင်း

ညီမကို အကိုမေးရအုန်းမယ်"


"ဘာမေးမှာလည်းအကို"


"အကိုညီမနာမည် သိချင်လို့"


"ခင်သာခင်ရတာ အခုထိ

နာမည်မသိသေးဘူးလေ"


"ဟုတ်တယ်နော်"


"တစ်ယောက်ကိုတစ်ယောက်ကို

တစ်ယောက်မိတ်ဆက်ပေးဖို့မေ့နေတယ်"


"ကဲပါ ...ညီမအခုမပြောပါနဲ့အုန်း"


"ဆိုင်ထဲ ရောက်မှအေးဆေး

မိတ်ဆက်ကြတာပေါ့"


"ဟော ...ဘာလိုလို  နဲ့

J J ဆိုင်တောင်ရောက်လာပြီပဲ"


 J J ဆိုင်သည် 

တခြားဆိုင်များနဲ့မတူသော

အစားအသောက် နေရာထိုင်ခင်း

အပြောအဆို နဲ့ ဆိုင်ခင်း Plan ပုံစံတွေက တက္ကသိုလ်ကျောင်းသား

ကျောင်းသူတို့ကို

ပို၍ ဆွဲဆောင်နေပါသည်


ဆိုင်တစ်ခုလုံးကို ဝါးတွေနဲ့အလှဆင်ထားပြီး ကျွန်းရောင်သုတ်ထားသော

ခုံနှင့်စားပွဲက ကျောင်း‌သားကျောင်းသူတို့ကို လာချင်စဖွယ်ဖြစ်နေပါသည်


လမ်းဘေးဖြစ်‌ပေမယ့်လည်း

လမ်းဘေးအောက်ချကာ

တည်ဆောက်ခြင်းကြောင့်

ကားသံဆိုင်ကယ်သံဆူညံမနေဘဲ

အလွန်နေချင်စဖွယ်ရှိသည်


"အကို "


"ဗျာ"


"အကို ဘာလို့  J J ဆိုင်ကိုခေါ်လာတာလဲ"


"ညီမ မကြိုက်ဘူးလား"


"မဟုတ်ပါဘူး ...အကိုရယ်"


"ညီမကြိုက်ပါတယ်"


"အကိုမိုလို့ 

ဒီလ်ိုဆိုင်ကောင်းရွေးတတ်တယ်"


"ညီမဆိုရင် အခုချိန်ထိဘယ်မှမရောက်သေးဘူး အခုမှဒီကိုရောက်ဖူးတာ"


"ဒီကိုအကိုခေါ်လာပေးတဲ့ 

အတွက်ကျေးဇူးပါအကို"


"ရပါတယ် ညီမရယ်"


"အကိုလည်း သူငယ်ချင်းတစ်ယောက်ခေါ်လာလို့ဒီကိုစရောက်ဖူးတာ"


"ဆိုင်လေးကိုမြင်မြင်ချင်း

သဘောကျလို့

ညီမကို ဒီကိုခေါ်လာတာ"


ကျွန်တော်နဲ့ သူမဟာ

ကျွန်းရောင်သုတ်ထားတဲ့

ခုံဝိုင်း နှစ်ယောက်ဝိုင်းထဲ

ဝင်ထိုင်လိုက်ပါတယ်


ထိုအချိန် တွင် Menu စာအုပ်ကိုကိုင်ကာ

Waiter ကောင်လေးတစ်ယောက်ရောက်လာလေတယ်


"အကိုနဲ့အမ ဘာများသုံးဆောင်ပါမလဲ

ခင်ဗျ"


ဒီမှာ Menu စာအုပ်ပါ


ကျွန်တော်ဟာ Menu စာအုပ်ကိုင်ပြီး


"ညီမဘာစားမလဲပြောလေ"


ရော့ Menu စာအုပ်


သူက Menu စာအုပ်ကိုင်ရင်း

"အမကို မာလာဟင်း 

သီးစုံဒိန်ချဉ်တစ်ခွက်ပေးပါ"


"အကိုလည်းဘာစားမလဲ"


"ညီမ‌ပဲမှာပေးပါ

အကိုဘာစားရင်ကောင်းမလဲ"


"အကိုရှမ်းခေါက်ဆွဲကြိုက်လား"


"ဟိုး ...ညီမ အကိုအကြိုက်သိလှချည်လား"


"ဟုတ်လား တော်သေးတာပေါ့ ညီမမှာတာကြိုက်များမကြိုက်ဘူးလားလို့"


"ပြီးတော့ နာနတ်ဖျော်ရည်တစ်ခွက်ပေးပါ"


"အစ်ကို နာနတ်ကြိုက်တယ်မလား"


"ကြိုက်ပါတယ်"


"ဒါဆိုရင် ရှမ်းတစ်ပွဲ ကြက်သားနဲ့မှာလိုက်မယ်နော်"


"ပြီးတော့ မာလာဟင်းတစ်ပွဲ

သီးစုံဒိန်ချဉ်တစ်ခွက်

နာနတ်ဖျော်ရည်တစ်ခွက်ရယ်"


"ရေသံဗူးတစ်ဗူးရယ်"


"အကိုဆေးလိပ်သောက်တတ်လား"


"အကိုဆေးလိပ်မသောက်တတ်ပါဘူး"


"အဲဒါဆိုရင် ဒါပဲလေ မောင်လေး"


Waiter ကောင်လေးကစာရွက်တစ်ခုမှာသေချာမှတ်သွားပြီး


"အကိုတို့ခဏတော့စောင့်အုန်းနော်"

လို့ ပြောသွားပြီး

ရေသံဗူးနဲ့ ခွက်နဲ့လာချသွားတယ်


သူကမျက်လုံးလေးတစ်ချက်ပင့်ကြည့်လိုက်ပြီး ကျွန်တော့်အား


"ဒါနဲ့ အကိုက ဘယ်ကလဲ"


"အကို နေပြည်တော် ကပါ"


"ဒါနဲ့ ညီမကကော ...ပုဂံ ကပါ"


"ဪ... ပုဂံကလား"


"ပုဂံကတော့

မြန်မာနိုင်ငံ ရဲ့

နှလုံးသားမြို့တော်ပါပဲ"


"ပုဂံ ဆိုတော့ ပုဂံမြို့သစ်မှာနေတာလား

ပုဂံမြို့ဟောင်းမှာနေတာလား"


"ညီမ ပုဂံမြို့ဟောင်း 

ကျောက်ပြင်ကန်ရွာမှာနေပါတယ်"


ညီမတို့နဲ့ ပုဂံဘုရားတွေနဲ့နီးလား


"သိပ်တော့မနီးပါဘူး နည်းနည်းဝေးတယ်အကို"


"ဒါနဲ့ညီမ နာမည် က မွန် ပါ"


"တစ်လုံးထဲလား"


"ဟုတ်တယ်တစ်လုံးထဲပဲ"


"သူငယ်ချင်းတွေက တော့ 

မွန်မွန်လို့ခေါ်ကြတယ်"


"ညီမကိုပဲ မေးနေတာ အကိုကကော

နေပြည်တော် မြို့ပေါ်မှာပဲနေတာလား"


"အကိုက နေပြည်တော်  

လယ်ဝေးနယ်  သာယာကုန်းရွာကပါ"


"ဪ ...အခုချိန်ထိ 

အကိုနာမည်မသိရသေးဘူးနော်"


"ဟုတ်သားပဲ"


"အကိုနာမည် က "စိုင်းဝဏ္ဏ‌အောင်"

ပါ"


"သူငယ်ချင်းတွေက‌တော့

ကိုစိုင်းလို့ခေါ်တယ်"


"အကိုကရှမ်းဆက်လား"


"ဟုတ်တယ် အကို့အဘိုးအဘွားတွေက‌

ရှမ်းတိုင်းရင်းသားတွေပါ"


"‌အ‌ဖေက

နေပြည်တော်ကို အလုပ်လာလုပ်ရင်း

အမေနဲ့အကြောင်းပါပြီး"


"နေပြည်တော်မှာ အခြေချလိုက်တာပါ"


ကျွန်တော်တို့ နှစ်ယောက် စကား‌ပြောနေတုန်းမှာပဲ


"Waiter လေးကရောက်လာပြီး


"အကိုတို့မှာထားတာ ရပြီနော်"


"ဒီမှာနော် ဆိုပြီး

မှာထားတာတွေချပေးပါတယ်"


"ဖြုန်းခနဲ "


"သူမဟာ ရှမ်းခေါက်ဆွဲပန်းကန်ကို

ဆွဲယူလိုက်ပြီး"


"ညီမနယ်ပေးမယ်နော်"

ဆိုပြီး

တူနဲ့မွှေနယ်လိုက်ပါတယ်


"ဟာ ...ရပါတယ်

အားနာစရာကြီး"


"ရပါတယ် 

ဘာမှပင်ပန်းကြီးတာမှမဟုတ်ပဲ"


"ဒါနဲ့ညီမက ဘာမေဂျာလဲ

မြန်မာ မေဂျာကပါ"


"အကိုကော ဘာမေဂျာလဲ"


"သမိုင်းပါ ညီမ"


"ကျောင်းကိုလာတော့ဘာနဲ့လာတာလဲ"


"သူငယ်ချင်းတွေနဲ့ကားစု

ငှားပြီးလာတာပါ"


"ကျူရှင်ကော 

ဘယ်မှာတက်မယ်စိတ်ကူးလဲ"


"အကိုကတော့ သစ္စာပန်းခင်းမှာတက်တယ်"


"ညီမလည်းအဲမှာတက်မှာပါ"


"ကျူရှင်အတူတူပဲပေါ့"


"ညီမ ဘာထပ်မှာအုန်းမလဲ"


"တော်ပြီလေ အကို"


"အကိုထပ်မှာချင်ရင်ထပ်မှာလေ"


"အကိုလည်းတော်ပြီလေ"


သူနဲ့ကျွန်တော်စကားတွေ

အများကြီးပြောနေရင်း


သူအပြုံးများကို

ငေးကြည့်နေမိနေသည်


သူပြောသောစကားသံလေးတွေက

နားထဲပျားသကာရည်လောင်းချသလို 

ချိုမြနေ၏


"ဒါဆိုရင်ညီမတို့ပြန်ကျရအောင်လေ"


"ကဲ မောင်လေး 

ဘယ်လောက်ကျလဲမသိဘူး"


"အကုန်လုံးပေါင်း  4000ပါ"


"ကဲရော့ ကျွန်တော် က

5000တန်ထုတ်ပေးလိုက်ပါတယ်"


"အကိုကလည်း ညီမကျွေးမယ်ဆိုတာကို 

ဘာလို့ရှင်းလိုက်တာလဲ"


"ညီမကျွေးရင်နောက်မှကျွေးပေါ့"


"အခုလောလောဆယ်

အကိုကခင်မင်မှုနဲ့ကျွေးတယ်လို့

မှတ်လိုက်ပေါ့"


Waiterလေးက 

အမ်းငွေ 1000လာပေးပြီး

"အကို‌တို့နောက်လည်းလာအားပေးအုန်းနော်"


"အေးပါ ...ငါ့ညီ"


"ကျွန်းပင်‌တွေစီတန်းစွာစိုက်ထားတဲ့

ကတ္တရာလမ်းမကြီးအပေါ်ကနေ

လမ်းလျှောက်လာပါတယ်


ရှေ့ဘက်တန်းတန်းလမ်းဆီကိုဆက်လျှောက်လာပြီးမြောင်းတွေကျော် အဆောင်တွေဖြတ်ကျော်လာပြီး

နန်းဥယျာဉ်ဆိုင်နားရောက်လာပါတယ်


နန်းဥယျာဉ်ဆိုင်ကနေ တောင်ဘက် ဆက်လျှောက်လမ်းချိုးသွားလိုက်တော့ လေးထပ်ဆောင်ရွှေမန်း အဆောင်သို့‌ရောက်ရှိလာပါတယ်


ရွှေမန်းအဆောင်ရောက်တော့

သူက 

"အကိုခဏလေးနေအုန်းနော်"ဆိုပြီး

အဆောင်ပေါ်တက်သွားပါတယ်


ခဏနေတော့ပြန်လာပြီး

အကို အချိုရည်သောက်လိုက်ပါအုန်း

ဆိုပြီး အချိုရည်ဗူးလေးလာပေးသည်


"အကို့ ကို နောက်မှသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးရမယ်"

"သူငယ်ချင်းတွေကအရမ်းသဘောကောင်းတယ်"


အင်းပါ "ဒါဆိုအကိုပြန်တော့မယ်လေ"

"အကို့ အကိုဝမ်းကွဲလည်း ဆေးရုံမှာဆိုတော့ ဆေးရုံခဏသွားလိုက်အုန်းမယ်"


"ဟုတ်ကဲ့အကို "


"မန္တလေးသွားရင်

သေချာဂရုစိုက်သွားနော်"


"အင်းပါ ဒါဆိုအကိုသွားပြီနော်"


လို့လက်ပြနှုတ်ဆက်ရင်းအဆောင်သို့ပြန်ခဲ့ပါတယ်


အဆောင်ရောက်တော့ လိုအပ်တာအကုန်ယူပြီး သူငယ်ချင်းတစ်ယောက်အားအမြန်လမ်းပေါ်သို့ဆိုင်ကယ်နဲ့ပို့ခိုင်းပါတယ်


အဲနောက်ကြုံရာလိုင်းကားစီးသွားပြီ မန္တလေးဆေးရုံကြီးသို့ရောက်ရှိသွားပါတယ်


ဟိုရောက်တော့ အကိုကျော်အခန်းထဲလူနာဝင်မေးရင်းဦးလေးနဲ့ စကားစမြည်ပြောနေမိပါတယ်


"အကိုကျော်ကော သက်သာရဲ့လား"


"အင်း သတိတော့မရသေးဘူး"


"ဆရာဝန်ကတော့ 

သတိရလာမှာပါလို့တော့ပြောတာပဲ"


"တအားကြီးလည်းစိတ်ပူမနေပါနဲ့ဦးလေးရယ် ကျွန်တော်တစ်ယောက်လုံးရှိပါတယ်"


"အင်းပါ ဦးလေးလည်း

ငါ့တူပဲအားကိုးရမှာပဲ"


"ဦးလေးသွားနားဦးလေ

တညလုံးမအိပ်ရသေးဘူးမဟုတ်လား"


"အေးပါ သား ခဏစောင့်ပေးမယ်ဆိုလို့

ဦး‌လေး ကျေးဇူးတင်လှပါပြီ "


"ရော့ ဒါဦးလေးစားဖို့ခေါက်ဆွဲကြော်ပါတယ် စားလိုက်အုန်းနော်"


"ဒါကအချိုရည်ဗူး"


"တကူးတကကြီးဝယ်လာရတာ ဦးတောင်ပြန်အားနာလာပြီ"


"ရပါတယ်ဦးလေး ရယ်

စားပြီးရင်ဦးလေးခုံပေါ်ခဏအိပ်လိုက်အုန်းလေ"


ကျွန်တော် အကိုကျော်ဘေးမှာထိုင်စောင့်ရင်း အကိုကျော်အား သနားမိနေပါတယ်


ကျွန်တော်သတင်းစာထိုင်ဖတ်နေတုန်း


"ကျွတ် ...ကျွတ်... ငါဘယ်ရောက်နေတာလဲ"

"ငါဘယ်ရောက်နေတာလဲ"ဟုစူးစူးဝါးဝါးအော်သံကိုအကိုကျော်ဆီမှကြားလိုက်ရပါတယ်


"ဪ ...အကိုကျော်တောင်သတိရလာပြီပဲ"


"ဆရာဝန်ကိုအမြန်သွားခေါ်လိုက်အုန်းမယ်"


"ဦးလေး ဒီမှာအကိုကျော်

သတိရလာပြီ "


"ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အုန်းမယ်"


ကျွန်တော်ဆရာဝန်‌ခေါ်ပြီး

အကိုကျော်ဆီရောက်လာပါတယ်


ကျွန်တော်က


"အကိုကျော် ...အကိုကျော်

နေကောင်းပြီလား"


"သက်ကောသက်သာပြီလား

ကျွန်တော့်ဖြင့် စိတ်ပူလိုက်ရတာ"


"အကိုကျော်ကပြုံးပြုံးကြည့်ပြီး

အေးပါ ညီရာ

အကိုကျော်ကို

 စိတ်ပူပေးလို့ကျေးဇူးပါ"


"ဒါဖြင့်ခဏနားလိုက်အုံးလေ"


ဆရာဝန်က 

"ဒဏ်ရာကသိပ်မစိုးရိမ်ရတော့ပါဘူး အနာကျက်ရင်ဆင်းလို့ရပါပြီ"


"ဟုတ်ကဲ့ကျေးဇူးပါဆရာ"


ကျွန်က အကိုကျော်အား

"ဒါဆိုရင် အနာကျက်မှဆင်းရမယ်ဆိုရင်စာမေးပွဲမမှီတော့ဘူးပေါ့"


အကိုကျော်က "အခုနှစ်မမှီလည်းနောက်နှစ်ပေါ့ကွာ ပြုံးပြုံးကြီးကြည့်ပြောလိုက်ပါတယ်"


"အကိုကျော်ဘာစားချင်သေးလဲ"


"ရတယ်ညီ ဘာမှလုပ်မနေနဲ့"


"အကိုကိုကူညီပေးတာအတွက် 

ကျေးဇူးနော်ညီလေး"


"ဒါဆိုရင်အကို

ကျွန်တော်ပြန်အုန်းမယ်နော်"


"ဦးလေး ...ကျွန်တော်လည်းပြန်အုန်းမယ်နော်လို့နှုတ်ပြီး ဆေးရုံမှထွက်လာခဲ့တယ်"


ဆေးရုံထိပ်မှလိုင်းကားစီးရင်း

‌အကိုကျော်အကြောင်း အဖန်ဖန်တွေးမိနေပါတယ်...


rate now: