book

Index 1

သူမနဲ့တွေ့ဆုံခြင်း

🌺လွမ်း.... 🌺 ဖြိုးစက်ကို


First Year အဝေးသင်ကျောင်းသားဖြစ်တဲ့အတိုင်းကျွန်တော်ဟာ တက္ကသိုလ်ကြီးကိုမြင်ဖူးလို၍တကြောင်း စာကျက်လို၍တကြောင်း

ကျောင်းသို့ ရေမိုးချိုးအင်္ကျီသားသားနားနားဝတ်ပြီး ကျောင်း

သို့လာခဲ့ပါတယ်


ကျွန်တော်ဟာ ကမှုးကထိုးဖြင့်မောင်းနှင်လာသောဆိုင်ကယ်များကိုကြည့်ရှောင်ရင်း ကျောင်းပေါက်ဝသို့ရောက်ရှိခဲ့ပါတယ်


ကျောင်းပေါက်ဝနားမှာ University 0f Kyaukse ဟူသော လှပခံညားသောစာလုံးများကိုတွေ့လိုက်ရပါတယ်


စာလုံးများအောက်တွင် အမှတ်တရ ဓာတ်ပုံများကို တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုက်နေကြသော ကျောင်းသူတစ်စုကိုတွေ့ လိုက်ရပါတယ်


ကျွန်တော်ကျောင်းပေါက်ဝနားသို့ရောက်သောအခါ ဓာတ်ပုံရိုက်နေသောကျောင်းသူများထဲမှ ကျောင်းသူတစ်ဦးက ကျွန်တော့်ရှေ့လျှောက်လာပြီး....နူးညံ့ချိုသာအပြုံးဖြင့်ပြုံးရင်း


" အကို ...ညီမတို့အဖွဲ့ကို 

ဓာတ်ပုံကလေးတစ်ပုံလောက်

 ရိုက်ပေးပါလားရှင့်"


ကျွန်တော်ဟာ သူရဲ့နူးညံ့ချိုသာစွာပြောသောစကားများအောက်မှာမျောသွားပြီးစကားပြန်ဖို့မေ့နေခဲ့တယ်


"အကို က မရိုက်ပေးချင်ဖူးလား"


"ရပါတယ် ....သူ့စကားမဆုံးခင်မှာ


ကျွန်တော်က 

"အဲလိုမဆိုလိုပါဘူး"


"ရပါတယ် ကျွန်တော်ရိုက်ပေးပါ့မယ်"


"လာ...သွားရအောင် "


"ညီမ ဖုန်းပေးလေ"


သူဟာဖုန်းကို ထုတ်ပြီး ပြီးမှ


"အကိုဖုန်းနဲ့  ပဲရိုက်ပေးပါလား" 


"ညီမ  ဖုန်းက Camera သိပ်မကောင်းလို့ပါ" 


"ကောင်းပါပြီ  ပြီးမှZapya နဲ့ပြန်ကူးကြတာပေါ့"


သူတို့မိန်းကလေးငါးယောက်ဟာ

University of Kyaukse ဟူသော

စာသားအောက်မှာလှချင်တိုင်းလှနေတော့သည်


သူတို့ထဲမှ တစ်ယောက်သောသူသည်အလှဆုံးဖြစ်မည်ထင်ပါသည်


ပန်းနုရောင် အင်္ကျီပြောင်၀တ်စုံကလေးဝတ်ဆင်ထားပြီး

အပြာရောင်ထဘီကလေးဝတ်ထားသည် မှာအရမ်းကိုကျက်သရေရှိလှပါတယ်


သူ၏ဆံကေသာမှာလည်းတခြားသောမိန်းကလေးတွေလိုကောက်ကွေးမနေဘဲဖြောင့်စင်းနေပြီး

နက်မှောင်လှသည် 


သူ၏မျက်ခုံးများမှာလည်းနက်မှောင်လှပြီး မျက်လုံးများမှာလည်းစူးရှလှပါတယ်


သူ၏ဆံကေသာများသည်လေပြေတိုးဝှေ့တိုက်ခတ်မူကြောင့် ပန်းပွင့်ကလေးတွေသစ်ရွက်ကလေးများလေ၌ ယိမ်းနေသလို လေထဲယိမ်းနွဲ့လွင့်နေသည်


သူဟာ တစ်ခြားမိန်းကလေးများကဲ့သို့

မိတ်ကပ်မလိမ်းဘဲ သနပ်ခါးတုံးကိုသာသွေးလိမ်းထားပုံရသည် 


သူ၏သနပ်ခါးရနံ့လေးက

လေထဲလွင့်ပျံ့

မွေးပျံ့လာလေတယ်


ဪ...ကျွန်တော်စိတ်တွေ

ဘာဖြစ်သွားတာလဲ


"အိုး ...ငါ့နှလုံးခုန်သံတွေအရမ်းခုန်နေပါ့လား "


"ငါသူနဲ့တစ်ခါမှမတွေ့ဖူးဘဲနဲ့ ဘာလို့ရင်တွေဒီလောက်ခုန်နေရတာလဲ"


"အကို ....ရိုက်လေ 

အကိုဘာတွေတွေးနေတာလဲ"


"ညီမတို့စောင့်နေတာကြာပြီ"

အော်သံကြားမှ


"အေး ...အေး  

အကိုအတွေးလွန်သွားလို့ပါ" 


" ကဲ...ရိုက်မယ်နော် "


"1 .....2 ......3  ရိုက်ပြီ"


သူတို့သူငယ်ချင်းအားလုံး

 Post အမျိုးမျိုးပေးသည်ကို

ဓာတ်ပုံရိုက်ပေးပြီးသည်နောက်


သူလေးက

ကျွန်တော့်ရှေ့ရောက်လာပြီး


"အကို ...ဓာတ်ပုံရိုက်ပေးလို့ကျေးဇူးတင်ပါတယ်" 


"ကျေးဇူးတင်ရင်ဒီအတိုင်းကျေးဇူးတင်လို့မရဘူးလေ"


"တစ်ခုခုလိုက်ကျွေးမှရမယ်လေ "


"ဒါဆို အကိုဘယ်ဆိုင်မှာ စားမလဲ"


"ညီမတို့အဖွဲ့လိုက်ကျွေးမယ်လေ"


"ဟား ...ဟား... ဟား...

ကျွန်တော်ဟာအားရပါးရရယ်မောရင်း....


"အကိုက ညီမတို့ကို

အလကားစတာပါ" 


"တကယ်ကျွေးရင်တော့ စားရမှာပေါ့"


"ညီမတို့က  တကယ်ကျွေးမှာပါနော်"


"ကဲ .... ကဲ ဒီလောက်ကျွေးချင်

နေချင်ရင်လည်း

ညနေ ၆နာရီလောက်

 J J  မှာ တစ်ခုခုလိုက်ကျွေးပါ"


"ဒါနဲ့  ညီမ 

တို့က ဘယ်အဆောင်မှာနေတာလဲ


ညီမ တို့ အဖွဲ့က အဆောင်နေတာချင်းမတူပါဘူး"


"ဪ ...ညီမ က ဘယ်အဆာင်မှာနေတာလဲ" 


"ညီမက ရွှေမန်းအဆောင်မှာနေပါတယ်"


"ဪ... ရွှေမန်းအဆောင်မှာလား"


"ဟုတ်"


"ဒါဆို... ညနေ ၆နာရီလောက်ကျရင် 

ရွှေမန်းအဆောင်ကို 

အကိုလာခေါ်မယ်လေ"


"ဟုတ်"


ဒါနဲ့ ညီမ တို့ ဘယ်ဆက်သွားကျအုန်းမလဲ"


"ညီမတို့က အဆောင်

ပြန်တော့မှာလေ"


"ကဲ... ဒါဆိုရင်လည်း

 အကိုလည်း ကျောင်းကိုတစ်ခါမှ

မရောက်ဖူးလို့ လျှောက်ကြည့်လိုက်အုန်းမယ်"


"ညီမတို့လည်းပြန်တော့မယ်နော်"


"ညနေကျရင်ပြန်တွေ့မယ်နော် "လို့ 


သူတို့အဖွဲ့ဟာ ကျွန်တော်ကို့ လက်ပြနှုတ်ဆက်ပြီး ကျယ်ပြန့်သော ကတ္တရာလမ်းမကြီးအတိုင်း လမ်းလျှောက်သွားကြပါတယ်


ကျွန်တော်ဟာ ကျောင်းပေါက်ဝမှတစ်ဆင့် ကျောက်ဆည်တက္ကသိုလ် ပင်မအဆောင်ရှိရာသို့ တဖြည်းဖြည်း

လမ်းလျှောက်လာခဲ့တယ်


အေးမြသောလေပြေအေးရဲ့တိုက်ခတ်မူကြောင့် နေသာနေသော်လည်းအေးမြနေသည်


လှပပြီးစိမ်းလန်းသော တောမတောင်‌‌ခြေအောက်မှာ အဖြူရောင် ဆင်ရုပ်ခေါင်းကြီးများနဲ့ 

ကျောက်ဆည်တက္ကသိုလ်ကြီးသည်

ခံညားထည်ဝါလှပစွာ

တည်ရှိနေပါတယ်


အေးမြသောဆောင်းလေအေးက 

လေပူလေဝှေ့များကိုဖယ်ရှားကာ

ငြင်သာစွာတိုက်ခတ်နေပါတယ်


နေသည်အပူကိုမပေး အလင်းကိုပေးလျက် လောကကြီးကို အလင်းဖြန့်ကြန့်လျက်ရှိသည်


ဆောင်းလေက တဖြူးဖြူးတိုက်ခတ်နေပြီး မြူနှင်းအငွေ့အသက်တချို့က ကျောက်ဆည်တက္ကသိုလ်ပတ်ဝန်းကျင်တွင်ရစ်ဝဲလျက်ရှိသည်


ကျောက်ဆည်တက္ကသိုလ်ရဲ့အဓိကပြယုဒ်ဖြစ်တဲ့ တက္ကသိုလ် ရဲ့ ပင်မအဆောင်( Main Building  ) ရှေ့တွင်

အမှတ်တရ ဓာတ်ပုံရိုက်သူကရိုက်

လှေကားမှာထိုင်ပြီးစကားပြောသူက

ပြောနဲ့ ပင်မတက္ကသိုလ်ဆောင်ရဲ့ရှေ့မှာအထူးစည်ကားလှပါသည်


ကျွန်တော်ဟာ ပင်မအဆောင်ရှေ့ကိုရှေးရှု၍ ကျယ်ပြောတဲ့ လမ်းမကြီးအတိုင်းလမ်းလျှောက်လာခဲ့ပါတယ်


ကျွန်တော်ပင်မအဆောင်ရှေ့မှလမ်းလျှောက်နေတုန်း 

နောက်မှအသံတစ်ခု‌ခေါ်သံကြားလိုက်ရတယ်


"ဟာ.... ကိုအောင် ငါ့ညီ"


"မင်းဘယ်နေ့ကရောက်တာလဲ"


"အခုမင်းဘယ်အဆောင်မှာနေလဲ"


"အဲဒီအခါကျမှ  ကျွန်‌တော်အစ်ကိုဝမ်းကွဲ အစ်ကိုကျော်ဖြစ်မှန်းသိလိုက်ရတယ်"


"ဟာ... အစ်ကိုကျော် "


"တွေ့ရတာ ဝမ်းသာလိုက်တာဗျာ"


"ကျွန်တော်အစ်ကို 

ကို လိုက်ရှာချင်နေတာ"


"အစ်ကိုကဘယ်မှာနေမှန်းမသိတာနဲ့ 

ဘယ်လိုရှာရမှန်းမသိဖြစ်နေတာ"


"ဒါနဲ့အစ်ကိုက Final  Philo: နော်"


"ဟုတ်တယ် ငါ့ညီ  " 


"နောက်  ၁၀ရက်လောက်နေရင်

အစ်ကိုတို့လည်းစာမေးပွဲဖြေရတော့မယ်လေ"


"ဒါနဲ့  ငါ့ညီ က 

First Year တတိယအသုတ်နော်"


"ဟုတ်တယ်အစ်ကို

ကျွန်တော်က နောက်ဆုံးအသုတ်ပါ

မြန်မာစာ  သမိုင်း  စီးပွားစီမံ(Final)

အသုတ်လေ"


"ငါ့ညီက ဘာမေဂျာ ယူထားလဲ"


"သမိုင်း ပါ အစ်ကို"


"ကောင်းပါတယ် သမိုင်းက မေဂျာအားလုံးထဲမှာအလွယ်ဆုံးပဲ"


"ဘွဲ့မြန်မြန်ရတာပေါ့"


" တက္ကသိုလ်မှာပျော်တော့ပျော်ပေါ့ကွာငါ့လိုဝောာ့အမြဲ စာမေးပွဲမကျစေနဲ့ပေါ့ကွာ"


"ဒါနဲ့ ဦးလေးကောနေကောင်းလား"


"ကောင်းပါတယ် အစ်ကို"


"အန်ကယ်ထွန်းကောနေကောင်းလား"


"ကောင်းပါတယ် ငါ့ညီ"


"အစ်ကိုက 

ဘယ်အဆောင်မှာနေတာလဲ"


"ပျင်းရင်

အလည်လာ‌ရအောင်လို့ လေ"


"အစ်ကိုက CR 7 အဆောင်မှာနေတယ်"


"မင်းပျင်းတဲ့အခါလာလည်ပေါ့"


"မင်းမှာဆိုင်ကယ်မပါလာဘူးဆိုရင်လည်း အချိန်မရွေးလာယူလေ"


"လိုအပ်တာရှိရင်ငါ့ကိုပြော"


"တင် ....တင့်....တင့်...တင်"

"တင်....တင့်.....တင့်....တင်"


"အစ်ကိုဆီအိတ်ထဲကဖုန်းလာတယ်ထင်တယ်"


အစ်ကိုကျော်က ဖုန်းကိုကောက်ကိုင်လိုက်ပြီးပြုံးရွှင်သော

မျက်နှာထားဖြင့်


"ဟဲလို ချစ်လေးပြော" 


တစ်ဖက်မိန်းကလေးအသံကိုတသဲ့သဲ့ကြားနေရတယ်


"ကိုကို"


"ဗျာ ....ဗျ"


"စွန်ရဲအင်း ကိုကို လိုက်ပို့ပေးပါလား"


"ဘယ်နေ့လဲ" 


"အခု "


"ကနေ့က  မရတော့ဘူးလေ ချစ်လေးရဲ့မွန်းတောင်လွဲနေပြီ"


"ဒီမှာလည်း  အစ်ကို ညီနဲ့စကားပြောစရာ‌လေးရှိသေးလို့"


ကိုကိုဘာပြောပြော ချစ်လေးဘာမှမသိဘူးနားလည်းနားမထောင်ချင်ဖူးဘာမှဆင်ခြေလာပေးမနေနဲ့အခုအဆောင်ကစောင့်နေမယ်" 


"အခုလာဆိုရင်လာခဲ့

မလာရင်စိတ်ဆိုးပြီးသာမှတ်"


"တိန် "


"ဖုန်းကလည်းကျသွားပြန်ပြီ "


ကျွန်တော်ကအလိုက်တသိဖြင့်


"အစ်ကိုသွားစရာရှိရင်သွားလေ "

"အေး... ငါ့ညီကို အစ်ကိုအားလည်းနာပါတယ်ကွာ" 


"နောက်မှတွေ့မယ် "


လို့ကျွန်တော်အားနှုတ်ဆက်ပြီး

တက္ကသိုလ် ပင်မအဆောင်ဘေးမှာရပ်ထားသော

Clickဘီးကိုစီးရင်းကျောင်းပေါက်ဝသို့

ဦးတည်စီးသွားလေတယ်


အစ်ကိုကျော်ဆိုသူမှာ အဖေရဲ့ညီ ရဲ့သားအကြီးဆုံးဖြစ်ပြီး

ဆယ်တန်းကိုအကြိမ်ကြိမ်ကျပြီး

တက္ကသိုလ်ကို First year မှာသုံးနှစ်

Second Year မှာ နှစ်နှစ်

Third Year မှာ သုံးနှစ်

အခုFinal ဒုတိယနှစ်တက်နေတာ

ဖြစ်တယ်


အစ်ကိုကျော် မိဘတွေကလည်းချစ်လွန်းအလိုလိုက်ထားသဖြင့် ဘာမှမပြောကြပေ


အစ်ကိုကျော်ကို Day ထားတုန်းကလည်းFirst yearနှစ်မှာပဲ ရန်ဖြစ်ပြီးဓားထိုးခံရ၍မိဘများက Day မထားတော့ပဲ အဝေးသင်ပြာင်းထားလိုက်ကြတယ်


ကျွန်တော်အစ်ကိုကျော်ကိုအကြောင်းအကြောင်းတွေးနေတုန်းမှာပဲ


ပင်မအဆောင်ရှေ့ မှာ 

ဗုန်း ... ဝုန်းခနဲအသံနဲ့အတူစူးရှ‌‌သောအသံရယ် ကြားလိုက်ရတယ်


ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိကြလေတယ်


အား ....ခနဲ အော်သံနဲ့အတူ

လူတစ်ယောက်လဲကျသွားတယ်

လဲကျသွားသူမှာတခြားသူမဟုတ်

အစ်ကိုကျော်ဖြစ်နေခဲ့တယ်


ခေါင်းမှာသွေးသံတရဲရဲနဲ့အစ်ကိုကျော်ကို ‌သွေးအိုင်ထဲမေ့မျောနေတာကို

တွေ့လိုက်ရတယ် 

အစ်ကိုကျော်‌နောက်ကလိုက်လာတဲ့ကောင်မလေးကလည်း 

သတိမေ့မျောနေတယ်


တက္ကသိုလ်ကျောင်းသူကျောင်းသားများကအမှုပတ်မှာစိုး၍ရပ်ကြည့်နေကြတယ်


ကျွန်တော်ဟာလှေကားများ‌ပေါ်မှအစ်ကိုကျော်ဆီအပြေးအလွှာပြေးလာပြီးကျွန်တော်ကလှမ်းအကူအညီတောင်းလိုက်ရပါတယ်


"ကျွန်တော့်ကို လာကူကြပါအုန်း" 


"လူနာယာဉ်ကိုခေါ်ပေးပါ

ဒီမှာခေါင်းမှာသွေးထွက်အရမ်းလွန်နေတယ်"


မကြာမီ...

လူနာတင်ယာဉ် ရောက်လာပြီး

မန္တလေးဆေးရုံသို့အမြန်ပို့လိုက်ရတယ်


ဆိုင်ကယ်တိုက်မိသောအရှိန်ကြောင့်ခွဲစိတ်ခန်းတစ်ခါတည်းဝင်ပြီး

ခေါင်းကို ခြောက်ချက်လောက်ချုပ်လိုက်ရတယ်

ဒါပေမယ့်သတိ‌တော့မရသေးပေ


အစ်ကိုကျော်ကောင်‌မလေးကတော့

မှုးမေ့ရုံကလွဲဘာမှမဖြစ်ပေ


 ကျွန်တော်ဟာ မန္တလေးဆေးရုံကြီးမှာလူနာစောင့်လုပ်နေရသောကြောင့်

ညနေ ၆နာရီချိန် J Jဆိုင်တွင်ချိန်းထားသည်ကိုမသွားဖြစ်တော့ပေ


ကျွန်တော်ဟာ အစ်ကိုကျော်ဆေးရုံရောက်ကတည်းက အစ်ကိုကျော်အဖေ အန်ကယ်ထွန်းဆီဖုန်းလှမ်းဆက်ထားသောကြောင့်ညခုနစ်နာရီလောက်တွင်

ရောက်လာလေတယ်


ဟော ...

အန်ကယ်တို့တောင်ရောက်လာပြီကိုး

 

"ဟုတ်တယ် သားရေ"


"ငါ့တူ ဖုန်းဆက်ပြီးကတည်း ထွက်လာတာပဲ"


"မင်းအဒေါ်ကတော့ သတင်းကြားပြီးကတည်းက‌သွေးတွေတက်နေလို့သူတော့မလိုက်နိုင်တော့ဘူးလေ"


"နဂိုကမှလည်းသွေးတိုးရှိတော့မလိုက်နိုင်ရှာပါဘူး 

သူလည်းစိတ်ပူနေရှာတယ်လေ"


"တော်သေးတာပေါ့

အခုလိုအချိန်မှာငါ့တူရှိနေလို့

တော်သေးတယ်"


"နို့မို့ရင်မလွယ်ဘူး"


"ငါ့တူကိုဘယ်လိုကျေးဇူးတင်ရမှန်းတော့ပါဘူးကွာ"


"ရပါတယ်ဦးရယ်"


"သူစိမ်းတွေမှမဟုတ်ပဲ"


"ကဲ... ဒါဆိုရင် 

ဦးလေးသားကို သွားကြည့်

လိုက်အုန်းမယ်နော်


"ငါ့တူပြန်ချင်ရင် 

ဦးလေးနဲ့အတူပါလာတဲ့ဒါရိုက်ဘာ

ဦးလေးသိန်းကလိုက်ပို့ပေးလိမ့်မယ်"


"ငါ့တူလည်းတစ်ချိန်လုံးစောင့်နေရတာပင်ပန်း‌ရောပေါ့"


"ဒါဆိုရင် ဦးလေးကျွန်တော်ပြန်တော့မယ်လေ မနက်ဖြန်မှ ကျွန်တော်နောက်တစ်ခေါက်လာခဲ့ပါအုန်းမယ်"

"အေး ...အေး...အေး"


"ကဲ ကိုသိန်း 

ကားကိုသေချာမောင်းပြီး

ကျောက်ဆည်တက္ကသိုလ် ‌တောမကိုလိုက်ပို့လိုက်အုန်းနော်"


"ဟုတ်ကဲ့ဆရာ"


ကျွန်တော် ဟာ ဦးလေးကိုနှုတ်ဆက်ပြီး တောမရွာသို့ပြန်လာခဲ့ပါတယ်"


"လမ်းမှာ အစ်ကိုကျော်ကျွန်တော်ဆီဘာလို့ပြန်လာပြီး ဒီလိုဖြစ်ရလဲစဉ်းစားနေမိပါတယ်"


"ကဲ ...ငါ့တူ ငါတူအဆောင်ကဘယ်နားမှာလဲ"


"ရ ရပါတယ် ဦးလေးသိန်း

ကျောင်းပေါက်မှာပဲချလိုက်ပါ"


"ဦးလေးသိန်းလည်းပြန်ရမှာနဲ့ဘာနဲ့

မို့လို့ အချိန်လည်းသိပ်မရှိတော့ဘူး"


"အရမ်းကိုမှောင်နေပြီ

ဦးလေးသိန်း ကားကိုသေချာမောင်းသွားအုန်းနော်"


"အေး... အေးပါ  ငါ့တူ"


"ကျောင်းပေါက်ဝမှတောမရွာသို့လမ်း‌လျှောက်လာရင်း အစ်ကိုကျော်အကြောင်းတွေးနေမိပါတယ်"


အစ်ကိုကျော်ဟာ သားအကြီးဆုံးဖြစ်ပေမယ့်လည်း မိဘအလုပ်ကို လုပ်မကူ

အချိန်ပြည့် အိပ်လိုက်စားလိုက်သောက်လိုက် ဂိမ်းဆော့လိုက်နဲ့အချိန်ကုန်နေသူဖြစ်တယ်


ရည်းစားအထပ်တလဲလဲတွဲပြီး

မိဘပိုက်ဆံထိုင်ဖြုန်းနေသူတစ်ယောက်ဖြစ်တယ်


ကျွန်တော်ကျောင်းပေါက်ဝမှ 

တောမရွာသို့လာ‌စဉ်အဆောင်ရှေ့မှာကျောင်းသားကိုယ်စီဟာ မိမိချစ်သူရှိရာ မိမိခင်မင်ရာ အဆောင်ကိုယ်စီသို့အုပ်စုဖွဲ့ကာ ဂစ်တာတီးပြီးသီချင်းဆိုနေကြသည်


အဆောင်ကိုယ်စီမှာ ဂီတသံစဉ်များဖြင့်ဖုံးလွမ်းလျက်ရှိပါတယ်


ဒီလိုနဲ့လမ်းလျှောက်လာရင်း 

ရွှေမန်းဆောင်ရှေ့သို့

ရောက်ရှိလာခဲ့ပါတယ်

ရွှေမန်းအဆောင်ရှေ့မှာ သီချင်းဆိုဖို့လူစုနေကြတယ်


ကျောင်းသူများကလည်း 

စတီးလက်ရန်းဝရံတာ ရှေ့ထွက်မျှော်ကြည့်နေကြတယ်


ကျွန်တော်လာတာမြင်တော့ ကျွန်တော်နေတဲ့အဆောင်ကအကိုကြီးက

"ကဲ...ငါ့ညီလာတာနဲ့ အတော်ပဲ"


"အဆောင်ကလူတွေလူစုပြီးအဆောင်ပတ်ပြီးသီချင်းဆိုမလို့"


"ညီလေးကောတစ်ခါတည်းလာ"

ဆိုပြီး


ကျွန်တော့်မငြင်းနိုင်ရှာပဲ အဖွဲ့တည်း၀င်လိုက်ရပါတယ်


အဖွဲ့သားများဟာ အဆောင်ရှေ့မှာချထားသော သစ်သားခုံရှည်ကြီးပေါ်တက်ထိုင်ကြပြီး


ကျွန်တော်တို့ထဲမှ Final အကိုကြီးဖြစ်တဲ့ အကိုမျိုးကဂစ်တာကိုကြိုးညှိရင်း


"ဒန် ...ဒန် ...ဒန့်  ...ဒန် ... ဒင်"


"ဟုတ်ကဲ့"


"မင်္ဂလာရှိလှသော ညချမ်းအချိန်ခါလေးမှာ ကျွန်တော်တို့ သီရိ‌ဟေမာအဆောင်မှ ‌ရွှေမန်းအ‌ဆောင်က အဆောင်သူများကို သီဆိုဖြေဖြော်ပေးမှာဖြစ်ပါတယ်


Bluetooth Box နဲ့ဂစ်တာနဲ့ချိတ်ဆက်ထားသောကြောင့် ဂစ်တာသံကဟိန်းထွက်နေပါတယ်


"ကဲ...ပထမဦးဆုံး အဖွင့်သီချင်းတစ်ပုဒ်အနေနှင့်

ကျွန်တော်ချစ်ရပါသော ရွှေမန်းအဆောင်က Final Geographyက 

မမိုးအတွက် သီချင်းသီဆိုချင်ပါတယ်"


"ကျွန်တော့်ရဲ့မမမိုးရေ့

အဆောင်ပြင်ထွက်ခဲ့ပါအုန်း"


"ရွှေမန်းအဆောင်တစ်ခုလုံး

လှုပ်ရွခဲ့ပြီးမမမိုး ကအဆောင်ဝရံတာ

ဘက်ထွက်ခဲ့ပါ"


အဆောင်သူများက 

လှမ်းခေါ်နေကြတယ်


"အဆောင်ဝန်းရံတာ သို့ရောက်ပြီဆိုတာနဲ့တပြိုင်နက်"


ထိုအချိန်တွင် ဝင်းဦးသီဆိုခဲ့သော

မမိုးသီချင်းကိုသီဆိုကြပါတယ်


(အို မေဘရဏီလို   ×××××××××××မမိုး)


ကိုမျိုးက ပခုံးကြီးတွန့်တွန့်ပြီး ဆိုနေသည်မှာ အရမ်းကိုရယ်ကြရပါတယ်


ထိုအချိန်တွင် မမမိုးဟုဆိုသောအမတစ်ယောက်ဟာ အဆောင်ပေါ်မှဆင်းလာပြီး ကိုမျိုးဆီသို့ လာကာ

လက်ထဲမှာ မုန့်ထုပ်များနဲ့ 

ရေဗူးကိုင်ကာ


"ကိုမျိုးတို့များတတ်ပဲ

တတ်နိုင်လွန်းတယ်


ထိုအချိန်တွင်ကိုမျိုးက

မမမိုး ကျွန်တော့်ကိုမချစ်ဘူးလားဗျာ"


"ဟာ ...လူပုံလည်ကြီးထဲမှာ

လူပုံလည်ကြီးလည်းဘာဖြစ်လဲ"


"ပြောပြီးပြီလေ"


"မရဘူးလေ"


"အခုလူပုံလည်မှာ ကိုမျိုးကိုချစ်ပါတယ်လို့ပြောမှ"


"ဟာ...ကွာ အဲလိုမလုပ်နဲ့လေကွာ"


မမမိုး မပြောရင်

ကျွန်တော်ပြောမှာနော်

မမိုးချစ်တယ်လို့မပြောမချင်း

ပြောမှာနော် 


(ကျွန်တော်ကိုမျိုးက မမိုးကိုချစ်ပါတယ်လို့)


(ကျွန်တော်ကိုမျိုးက မမိုးကိုချစ်ပါတယ်လို့)


(ကျွန်တော်ကိုမျိုးက မမိုးကိုချစ်ပါတယ်လို့)


ကိုမျိုးရယ် တော်ပါတော့


ကျွန်မရှက်လာပြီ


ဒါဆိုပြောလေ


မမမိုးဆိုသူက ရှက်ရှက်နဲ့ပဲ


ကျွန်မ မမိုးကဟောဒီက ကိုမျိုးကိုချစ်ပါတယ်လို့


ကိုမျိုးက ဝမ်းသာအားရမမိုးကိုပွေ့ဖက်ပြီး


မမိုးကိုအရမ်းချစ်တယ်ဗျာ


မမိုးကိုလက်လွှတ်ဆုံးရှုံးမခံနိုင်တော့ဘူး


မမိုးကိုကျွန်တော်လက်ထပ်ပါရစေ


ကိုမျိုးက သူ့လက်ထဲမှစေ့စပ်လက်စွပ်ပြောင်နှစ်ကွင်းကိုဗူးထဲမှထုတ်ပြီးတစ်ကွင်းကို မမိုးလက်သူကြွယ်ကိုစွပ်ပေးလိုက်တယ်

ကိုမျိုးက 


"မမိုးကျွန်တော့်ကို

လက်ထပ်နိုင်မလား"


"မောင်ရယ် မောင်ရဲ့အချစ်ကိုလက်ခံပြီးတဲ့နောက်မှာလက်ထပ်ဖို့အထိရည်ရွယ်ပြီးသားပါ"


"မောင်လက်ထပ်ဖို့လာခွင့်တောင်းမယ့်အချိန်ကိုစောင့်နေတာပါ"


မိန်းမသားဆိုတာကိုယ့်ဘက်ဘယ်လောက်ပြန်ချစ်ပေမယ့်‌လည်းကိုယ့်ချစ်သူဘက်ကလက်ထပ်ခွင့်မတောင်းမချင်း လက်ထပ်ခြင်းအကြောင်းကိုမပြောရဲဘူးလေ

မောင်ကလက်ထပ်မယ်ပြောမအရမ်းကျေးဇူးတင်ပါတယ်


ကိုမျိုးဟာမမိုးအားပွေ့ဖက်ရင်း

မမိုးကိုကျွန်တော်သိပ်ချစ်တယ်


မမိုးလည်းအတူတူပါပဲ


ကဲကဲအလွမ်းသယ်မနေကြတော့နဲ့

အချိန်ရှိတုန်းလေး သီချင်းဆက်ဆိုကြရအောင်လို့ အကိုငြိမ်းကဝင်ပြောလိုက်တော့မှ

သီချင်းဆက်ဆိုကြရတယ်


ကျွန်တော်အလှည့်ရောက်တော့

ကျွန်တော်က

ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ

ဒီလိုမင်္ဂလာရှိတဲ့ညချမ်းအချိန်ခါ‌ေလးမှာ ကျွန်တော်ရင်ထဲစွဲငြိနေတဲ့ ရွှေမန်းအဆောင်မှ

သက်ဆိုင်သူတစ်ဦးကိုရည်ရွယ်ဆိုပါမယ်


ကျွန်တော်ဂီတာကြိုးညှိလိုက်ပြီး

ဖိုးပြည့်သီဆိုထားတဲ့ကိုယ်စောင့်နတ်သီချင်းကိုသီဆိုလိုက်ပါတယ်


"ဟိုကတည်းက..…....မင်းရှိတယ်ဒီရင်ဘတ် ....ဘယ်ဘက်ခြမ်းမှာနေရာယူ....မင်းသာ ငါ့အချစ်ဦး...ငါ့ချစ်သူ"


အားလုံးကဝိုင်းလုပ်ခုပ်တီးကြတယ်


ငါ့ညီအဲလောက်ဆိုတက်မှန်း အကိုမသိဘူးကွာ နောက်ပွဲမင်းမပါလို့မဖြစ်တော့‌ဘူးထင်တယ်ဟဲ


ကျွန်တော်တို့ပြောပြောဆိုရယ်မောနေစဉ် ဆောင်လှေကားမှမိန်းကလေးနစ်ဦးဆင်းလာသည်ကို တွေ့လိုက်ရတယ်

သူ့လက်ထဲမှာ ရေဗူးလေးနဲ့ စားစရာအချို့ယူလာတယ် 


နူးညံ့ချိုသာသောအပြုံးဖြင့်ပြုံးပြီး


အကိုတို့အတွက်ညီမယူလာတာပါ

ဂစ်တာတီးရင်း အမောပြေစားကြပေါ့


ထိုအချိန် ကျွန်တော်က သူ့နားကပ်သွားပြီ


ညီမ 


ရှင်


ညီမကို ညနေကအကိုလာခေါ်မယ်ဆိုတာလာမခေါ်နိုင်ခဲ့ဘူး အကိုတောင်းပန်ပါတယ်


အရေးပေါ် အကိုရဲ့ အကိုဝမ်းကွဲ ဆိုင်ကယ် accidentဖြစ်လို့ အကိုလိုက်သွားရလို့ပါ


သူမက ပါးပေါ်ကပါးချိုင့်ကလေးပေါ်အောင်ပြုံးပြီး


ရပါတယ်အကိုရယ် အကိုမလာချင်လို့လာမခေါ်တာမဟုတ်တာကိုး

အဲကိစ္စအကိုစိတ်ထဲမှလည်းမထည့်နဲ့နော် ညီမစိတ်ထဲ လည်းမထားဘူးနော်


အကိုလူနာစောင့်ရတာ‌ဆိုတော့ပင်ပန်းရောပေါ့


ဒါနဲ့ ညီမ ရဲ့ဖုန်းနံပါတ်ပေးဦးလေ


ညီမရဲ့ဖုန်းနံပါတ်က


09×××××××××


မနက်ဖြန်ကျရင်အကိုဆက်ဆက်လာခဲ့မယ်နော်


ဟုတ် လို့ပြောသွားပြီးအဆောင်ပေါ်တက်သွားလေတယ်


သူရဲ့အဖြူရောင်ဂါဝန်လေးကသူနဲ့မှအရမ်းကိုလှနေပါတယ်


ကျွန်တော်တို့အဖွဲ့ဟာ တစ်ယောက်တစ်လည်း သီချင်းတွေသီဆိုကြရင်း ဟိုအဆောင်ပြောင်းဒီအဆောင်ပြောင်း နဲ့  ညသန်းခေါင်ယံလောက်မှကိုယ့်အဆောင်ပြန်ရောက်ကြလေတယ်


အဆောင်ရောက်တော့သူ့အကြောင်းပြောကိုယ့်အကြောင်ပြောနဲ့တစ်ဆောင်လုံးဆူညံနေပါတယ်


ကျွန်တော်ကတော့ခရီးပင်ပန်းလာသောကြောင့် အိပ်ရာပေါ်ခေါင်းအုန်းချလိုက်တာနဲ့တစ်ခါတည်းအိပ်ပျော်သွားလေတယ်


မနက်မိုးလင်းတော့ လက်ပတ်နာရီကြည့်လိုက်တော့ 7:00ထိုးသွားလေတယ်


အဆောင်မှမျက်နှာကပျာကယာသစ်ရေမိုးချိုးပြီးရွှေမန်းအဆောင်သို့ လမ်းလျှောက်ထွက်ခဲ့တယ်


ရွှေမန်းအဆောင်ရှေ့ရောက်တော့ သူလေးရဲ့ ဖုန်းနံပါတ်ကို လမ်းဆက်လိုက်ပါတယ်


ဟဲလို ...


ညီမ လား


အကိုပါ


ဪ အကို


ဟုတ်တယ် အကိုညီမတို့

အဆောင်ရှေ့ရောက်နေတယ်


ဟုတ်ကဲ့ အကို ညီမကိုခဏစောင့်အုန်းနော် ညီမအင်္ကျီလဲလိုက်အုန်းမယ်


အေး ရတယ်ညီမ အေးဆေးလုပ် အကိုအောက်က စောင့်နေမယ်


အဲဒါဆိုရင် အကို ညီမအင်္ကျီသွားလဲလိုက်အုန်းမယ်နော်


အေး အေး 


ကျွန်တော် ရွှေမန်းဆောင်ရှေ့က တမာပင်ပင် အရိပ်အောက်ကခုံတန်းမှာထိုင်စောင့်နေပါတယ်


အဲလိုထိုင်စောင့်နေချိန်မှာ 

ကျွန်တော့်ရင်ထဲ အရမ်းကို

ရင်ခုန်နေခဲ့ပါတယ်


အရင်ကလိုပုံမှန်မဟုတ်ပဲ ရင်ထဲလိုက်လိုက်နဲ့ တင်းကျပ်ကျပ်ခံစားနေရပါတယ်


နံနက်စောစောဖြစ်ပေမယ့်လည်း

ကျွန်တော့်နဖူးပြင်၌ချွေးစီးချွေးပေါက်များ ထွက်နေပါတယ်


ကျွန်တော်ဟာ ဂျာကင်ထဲမှ တစ်ရှူးစထုတ်ပြင် နဖူးပြင်ကို အကြိမ်ကြိမ်အခါခါပွတ်သတ်နေမိပါတယ်


နောက် ၁၅မိနစ်ခန့်အကြာရောက်တော့

ကျွန်တော့်ရှေ့ နတ်သမီး‌တစ်ပါးရောက်လာသလို သူဟာကျွန်တော့်ရှေ့ကိုရောက်လာခဲ့တယ်


မိုးပြာရောင်အင်္ကျီ ဝမ်းဆက်ကို မြန်မာရင်ဘုန်း ပုံစံချုပ်ထားပြီး

အင်္ကျီပြောင်ပေါ်တွင် နှင်းဆီပန်းပွင့်

အနီရောင် အနက်ရောင် အဝါရောင် 

အဖြူရောင် ပန်းလေးပွင့်ကိုပန်းပွင့်ပုံစံသေးသေးဖြင့် လှလှပပချုပ်ထားသည်  လုံချည်ကတော့မိုးပြာရောင်‌ပြောင်ဖြစ်ပြီး ဖိနပ်ကိုတော့ရွှေအိုရောင် ပုံတော်ဖိနပ်စီးထားတယ်


ဆံပင်ကိုလည်းကျနစွာဖြီးလိမ်းထားပြီး သူဟာ ကျွန်တော့်ရှေ့မှ ဆံပင်ထဖြချလိုက်တော့ ကျွန်တော်စိတ်ထဲ

သူကလွဲလို့ ဘယ်သူ့ကိုမှမမြင်တော့ပါ


အကို ညီမကိုဘာလို့ဒီလောက်ကြီးစိုက်ကြည့်နေရတာလဲ


ဪ ညီမက အရမ်းလှနေတော့

အကိုအိပ်ရာကထပြီး ကယောင်ကယမ်းဖြစ်နေလားလို့ပါအိမ်မက်ဖြစ်နေမှာစိုးလို့ပါ


အကိုကလည်း ပိုပြီ


ညီမကိုတော့ အကိုအားနာတယ်

အကိုမှာဆိုင်ကယ်တော့မရှိဘူး


ရပါတယ်အကို ဆိုင်ကယ်မပါလဲဘာဖြစ်လဲ


လမ်းလျှောက်သွားမှာပေါ့

ကဲဒါဆိုရင်နေမပူခင် J J ကိုလမ်းလျှောက်သွားရအောင်လေ


ကျွန်တော်နဲ့သူ‌ဟာ လမ်းမပေါ်‌ကဆိုင်ကယ်များကို ကြည့်ရှောင်ရင်း

ကျွန်းပင်‌တွေစီတန်းစွာပေါက်နေတဲ့ ကျွန်းတန်းဆီသို့လမ်းလျှောက်လာခဲ့တယ်



rate now: