book

Index 2

ဥာဏ်ကြီးရှင်သမီးလေး

မေမေ - သမီးရယ် စာရွက်အကောင်းကြီးမှာဘာလို့လျှောက်ခြစ်ထားတာလဲ

သမီးခြစ်ချင်ရင် မေမေစာရွက်ပေးမှာပေါ့ 

သမီးလေး - လျှောက်ခြစ်ထားတာမဟုတ်ဘူး

မေမေ - ဒါခြစ်ထားတာမဟုတ်ဘူးလား

သမီးလေး - မဟုတ်ဘူး ဝင်တဘာပုံဆွဲထားတာ 

😂 ( ဝင်္ကပါ ကိုပြောတာ)


မေမေ - သမီးလေး သတိထားနော် ပြုတ်ကျအုံးမယ် 

သမီးလေး - သမီးလေးလို့မပြောနဲ့ဝူခုန်းလို့ပြော 

မေမေ - အေးပါဝူခုန်း သတိထားအုံး

သမီးလေး - ရတယ် ဝူခုန်းက လဲကျလည်းပြန်ထတယ် 

🙄😂 


စားပွဲပေါ်ကိုဘောလုံးတွေပစ်တင်ပြီတော့လူပါတက်နေလို့ သတိထားဖို့ပြောနေရင်း

မေမေ - စားပွဲပေါ်ကိုမတက်ရဘူးသမီးရဲ့ခြေထောက်ကြီးနဲ့ ငရဲကြီးမယ်

သမီးလေး - စားပွဲပေါ်တက်တာမဟုတ်ဘူး ဝူခုန်းကအပင်ပေါ်အသီးတက်ခူးတာ

😂(ခုနကပစ်တင်လိုက်တဲ့ဘောလုံးတွေက အသီးပေါ့လေ)


မေမေ  - ဟယ် tapeတွေယူဆော့ပြန်ပြီလားသမီး

ဖေဖေ - ဟုတ်တယ် ညက ဖေတို့ဆော့ထားကြတာ

မေမေ - ဟင် ဖေကလည်း tape နှမြောစရာကြီး ဘာလို့ပေးဆော့လဲ၊ သမီးကိုလည်း tapeယူမဆော့နဲ့လို့ပြောထားတယ်လေ

ဖေဖေ - မေ့သမီးက ဘာပြောတယ်မှတ်လဲ 

မေမေ - ဘာပြောလို့လဲ

ဖေဖေ - သမီး ဒီ tapeကိုယူဆော့​လိုက်တော့မယ် ပြီးရင် ဖေဖေအသစ်ဝယ်ပြီး ဒီမှာပြန်ထားထားပေးနော် တဲ့

😂


သမီးလေးက မေမေ့ကိုပြန်သင်နေတာ

A ကမြားနဲ့တူတယ်

B ကဘော်လီနဲ့တူတယ်

C ကပိုက်ကိုကွေးလိုက်တာနဲ့တူတယ်

D ကဦးထုပ်နဲ့တူတယ်

I ကဝမ်းနဲ့တူတယ်

O ကခါးလှည့်ကွင်းနဲ့တူတယ်

Q ကအကောင်နဲ့တူတယ် အမြီးပါတယ်

S ကဝင်္ကပါနဲ့တူတယ်

T ကဖေဖေနဲ့တူတယ် 

U ကဘီးကုတ်နဲ့တူတယ်

V ကယုန်နားရွက်နဲ့တူတယ်

X က ဆေးရုံကအပေါင်းလက္ခဏာနဲ့တူတယ် ဒါပေမဲ့စောင်းနေတယ်

😂😍😂

(Tကိုတော့ခုထိမေမေနားမလည်သေး)😂


မေမေ - သမီးလေး ဘာလို့ stickerကို ကြမ်းပြင်မှာကပ်ထားတာလဲ စာအုပ်မှာကပ်လေ နှမြောစရာကြီး
သမီးလေး - အဲ့ဒါ stickerမဟုတ်ဘူး ကိတ်မုန့်
မေမေ - ကိတ်မုန့်ပုံဆိုပေမဲ့ sticker ပဲဟာ
သမီးလေး - မခွာနဲ့နော်မေမေ သမီး ပုရွက်ဆိတ်ကို စပရိုက်လုပ်ထားတာ😂

မေမေ - ဟယ်.... ပွနေပြန်ပြီ
သမီးလေး - မနက်ကပဲသိမ်းပြီးတယ်
မေမေ - ဘယ်သူသိမ်းတာမို့လို့လဲ
သမီးလေး - မေမေ
မေမေ - ခု ဒါဘယ်သူပြန်ဖွတာလဲ
သမီးလေး - မေမေ့သမီးလေး
🙄😂

သမီးလေးတစ်ယောက် သကြားလုံးတစ်လုံးလည်းစားပြီးရော
သမီးလေး - မေမေ သွားကြားညှပ်နေပြီ ကပ်နေပြီ
မေမေ - ဟုတ်လား မေမေလုပ်ပေးမယ် ဒီနားလာခဲ့ ပြီးရင်ရေသောက်လိုက်တော့
သမီးလေး - ရတယ်မေမေ နောက်တစ်ခုစားလိုက်ရင် သူ့သူ ပျောက်သွားရော
🙄😂

မေမေ - သကြားလုံးရော သမီးလေး
သမီးလေး - ကုန်သွားပြီ မေမေ
မေမေ - ဟယ် ခုပဲပေးတာခုပဲကုန်တယ် 😳
စုပ်စားလေ ဝါးစားလိုက်တော့ အရသာဘယ်သိတော့မလဲ
သမီးလေး - အလကားပဲဖြစ်နေမှာပေါ့
မေမေ - ဘာ အလကားပဲလဲ နားမလည်ဘူး
သမီးလေး - မွေးကတည်းက သွားပါလာတာ အလကားပဲဖြစ်နေမှာပေါ့
🙄😂

သမီးလေး - မေမေ လ နေမကောင်းဖြစ်နေတယ်
မေမေ - ဟုတ်လား သမီးက ဘယ်လိုလုပ်သိတာလဲ
သမီးလေး - ဒီမှာကြယ်လေးတွေ့လို့
မေမေ - ကြယ်နဲ့ဘာဆိုင်လို့လဲ လနေမကောင်းတာနဲ့
သမီးလေး - လ နှာချေလိုက်လို့ ကြယ်လေးထွက်ကျလာတာ မေမေရဲ့😂😍😂

မေမေ - ဟေ့ကောင်မလေး (ဒေါသထွက်စဥ်😁)
သမီးလေး -  It’s me 
မေမေ - ဘာ It’s me လဲ 🙄😂 ဆေးဘူးပြန်ထား
ဒါဆော့စရာမဟုတ်ဘူး 
သမီးလေး - It’s mine 
မေမေ - မိုင်းလုပ်မနေနဲ့ သမီးရဲ့အားဆေးဘူးလည်းမဆော့ရဘူးပြန်ထား
သမီးလေး - သြော်.....မေမေကလည်း.....ဘူးခွံပဲခဏယူလာတာ ဆေးခန်းဖွင့်မလို့ ဆေးဘူးကိုထားခဲ့ပါတယ် ဆေးခန်းပိတ်ရင်ပြန်ထားမှာပါ
😂

သမီးလေး - မေမေ သမီးကိုအဲ့စာအုပ်ကောက်ပေးပါအုံး
မေမေ - ရော့ စာအုပ်
သမီးလေး - Good job
မေမေ - လမ်းကြုံလို့ကောက်ပေးတာနော် နောက်ခါကျရင် ကိုယ့်ကိုယ်ကောက်လို့ရတာဆိုကိုယ့်ကိုယ်ပဲကောက်
သမီးလေး - Good idea
🙄😂

သမီးလေး - သမီးတို့ခြံထဲမှာဘာလို့အပင်ကြီးတွေမစိုက်တာလဲမေမေ
မေမေ - အရင်တုန်းကရှိတယ်သမီးရဲ့ သရက်ပင်တွေ ကံ့ကော်ပင်တွေပေါ့
အပင်ကကျတဲ့အရွက်တွေကို နေ့စဥ်သန့်ရှင်းရေးမလုပ်အားတော့လို့
ပြီးတော့ အိမ်ထပ်ဆောက်ဖို့အတွက် နေရာမလွတ်တဲ့အပင်တွေကို
ခုတ်ပြီးသမံတလင်းကိုင်လိုက်ရတာ
သမီးလေး - အရွက်မကြွေတဲ့အုန်းပင်တို့ ထန်းပင်တို့စိုက်ခဲ့ရမှာ အဲ့ဒါဆိုခုတ်စရာမလိုဘူး  နေရာလည်းရှင်းတယ် သူ့သူအပေါ်မှာပဲနေတာ😳😂😍😂

သမီးလေး - ဖွားဖွား သမီးကို  Yo Yo ဂျယ်လီ ၄ခုပေးပါ
ဖွားဖွား - ၄ခုတောင်လား 
သမီးလေး - မေမေ့ကို surpriseလုပ်ဖို့
ဖွားဖွား - ရော့မြေးလေး သူ့အမေကိုချစ်လိုက်တာ
သမီးလေး - ဖောက်ပေးပါဖွားဖွား
ဖွားဖွား - ပုရွက်ဆိတ်တွေတက်ကုန်မှာပေါ့ မေမေမှမလာသေးတာ
သမီးလေး - မြန်မြန်ဖောက်ပေးပါဖွားဖွား မေမေလာရင် အခွံတွေတွေ့ရင် ၄လုံးတောင်စားထားတာလားဆိုပြီး အံသြသွားအောင်လို့
🙄😂

သမီးလေး - မေမေ ကြက်ဟင်းခါးသီးက ခါးလို့ ကြက်ဟင်းခါးသီးလို့ခေါ်တာလား
မေမေ - အင်းပေါ့
သမီးလေး - ဒေါ်ဒေါ်ခါးသီးကျတော့ ဘာလို့မခါးတာလဲ
😂(ဂေါ်ရခါးသီးပါ)

ဖွားဖွား - အငယ်မရေ မြေးလေးကိုရှူးရှူးပေါက်ခိုင်းလိုက်အုံး ခုထိပေါက်တာမတွေ့သေးဘူး
မေမေ - ဟုတ်အဖွား သမီးရေလာခဲ့ အဲ့လိုအကြာကြီးမအောင်းထားရဘူး
သမီးလေး - ခဏလေးမေမေ စိတ်ပြန်မလာသေးလို့
မေမေ - ​ဘာစိတ်ပြန်မလာတာလဲ
သမီးလေး - ရှူးပေါက်ချင်စိတ်ဖြစ်ဖို့ စိတ်ကပြန်မလာသေးဘူး
မေမေ - ဘာတွေလျှောက်ပြောနေတာလဲ
သမီးလေး - စိတ်ကသကြားလုံးဆီရောက်နေတာ သကြားလုံးစားချင်စိတ်ဖြစ်နေတုန်းပဲ စားပြီးမှပြန်လာမှာ
🙄😂

သမီးလေး - မေမေ သမီးအတွက် မုန့်တွေ ဒိန်ချဥ်တွေဝယ်လာရင် မသိမ်းခင်သမီးကိုအရင်ပြ
မေမေ - ပိုးသတ်ထားလို့ပါသမီးရဲ့ပြမှာပေါ့ 
သမီးလေး - ပိုးသတ်ပြီးတာနဲ့မသိမ်းခင်ပြ
မေမေ - မပြလည်းဒါတွေအချိန်တန်တော့သမီးပဲစားရမှာပဲလေ 
သမီးလေး - ခုချိန်တည်းကကြည့်ထားမှရမှာ 
မေမေ - ဘာလို့လဲ
သမီးလေး - သမီးကစည်းကမ်းမရှိဘဲစားမှာစိုးလို့ မေမေကကုန်သွားပြီလို့ပြောတဲ့အခါကျရင် တကယ်ကုန်တာလား ဖွက်ထားတာလားသိအောင်လို့ 
🙄😬😬😂

တိရိစ္ဆာန်အရုပ်လေးတွေဖွက်တမ်းကစားကြရင်း
မေမေ - ဒီတစ်ခါတော့ မေမေတကယ်အရှုံးပေးတယ် ဘယ်မှာဖွက်ထားလဲပြောတော့ 
ဒီလောက်အခန်းကျဥ်းပြီးရှင်းလင်းနေတာတောင်မတွေ့ဘူး ဒီသမင်လေးကပုန်းတာတော်လိုက်တာ
သမီးလေး - ဒီကျားရဲ့ဗိုက်ထဲမှာ မေမေရဲ့ 
မေမေ - ကျားဗိုက်ထဲဝင်ပုန်းလို့ရမလားသမီးရဲ့
သမီးလေး - ကျားဗိုက်ထဲဝင်ပုန်းမလားမေမေရဲ့
မေမေ - အဲ့ဒါဆိုဘာလို့ကျားဗိုက်ထဲမှာလို့ပြောလဲ
သမီးလေး - ပုန်းဖို့နေရာလိုက်ရှာတဲ့အချိန်မှာ ကျားက စားသွားတာသူ့ကို အဲ့ဒါကြောင့် မေမေမတွေ့တာ
ဒီတစ်ခါ မေမေမတွေ့ဘူး မေမေရှုံးတယ် ရေး ရေး ရေး
🙄😬😂

သမီးလေးနဲ့ကျန်းမာသုတအစီအစဥ်ကြည့်နေရင်း

သမီးလေး - မေမေ ဒေါက်တာက အနွေးထည်ဝတ်ထားတာလား

မေမေ - မဟုတ်ဘူး အထဲကအဖြူက duty coat မဟုတ်ဘူး😂လည်ကတုံးအင်္ကျီ  ကော်လံမပါဘူး

အပေါ်ကအမဲရောင်ကလည်း အနွေးထည်မဟုတ်ဘူး

တိုက်ပုံလို့ခေါ်တယ်

အတွင်းရောအပြင်ရော အရောင်အမျိုးမျိုးရှိတယ် 

အခုဆရာက အတွင်းကို လည်ကတုံးအဖြူဝတ်ပြီး 

အပြင်ကတိုက်ပုံကိုအမဲရောင်ဝတ်ထားတာ

သမီးလေး - panda ရောင်ပေါ့

😂


သမီးလေး - မေမေ ovaltine အခဲ စားချင်တယ်

မေမေ - မုန့်စင်ကိုခေါ်သွားပြီး ဒီမှာလေသမီးလေး တစ်ထုပ်ယူလိုက်

သမီးလေး - ဒီ appeton လည်းစားချင်တယ်

မေမေ - ovaltine နဲ့ appeton နဲ့မတည့်ဘူးသမီးရဲ့ ovaltineပဲစားတော့နော် (၂ခုလုံးစားမှာစိုးလို့ မတည့်ဘူးလို့ပြောလိုက်ရတယ်၊ ပြီးတော့ နို့နဲ့ အချဥ်နဲ့ဆိုတော့လေ တစ်ခါတည်းတူတူမစားစေချင်လို့)

သမီးလေး - ovaltine စားပြီးရင် appetonစားလို့မရဘူးလား မတည့်ဘူးလား

မေမေ - ဟုတ်တာပေါ့သမီးရဲ့

သမီးလေး - အဲ့ဒါဆို appetonစားပြီးမှပဲ ovaltine စားလိုက်တော့မယ်

😂(မတည့်တာ လက်ခံပြီးမစားတော့ဘူးထင်နေတာ)


သမီးလေး - မေမေသမီးနဲ့အတူတူဆေးလာခြယ်ပါ

မေမေ - မေမေလုပ်စရာရှိသေးတယ်သမီးကိုယ့်ကိုယ်ခြယ်နေအုံး

သမီးလေး - မေမေဒီနားခဏလာပါအုံး 
မေမေ - လာလို့မရဘူး မေမေလုပ်လက်စတန်းလန်းကြီးဖြစ်နေလို့
သမီးလေး - ခဏလေးလာပါ သမီးမေမေ့ကိုပေးစရာလေးရှိလို့ပါ
မေမေ - လာပြီ လာပြီ ဘာပေးမလို့လဲ ပေးတော့
သမီးလေး - အညောင်းပေးမလို့
အင့်... ခဲတံနဲ့အရောင်ခြယ်ကြည့်ကြည့် လက်ညောင်းလာလိမ့်မယ်
😂

မေမေ - သမီးရေ ဒီမှာကြည့်ပါအုံး စားပွဲထိုးကိုကိုက အစားအသောက်ဗန်းကိုသယ်လာတာကျွမ်းတယ်နော်
လက်တစ်ဖက်တည်းနဲ့မြှောက်ကိုင်ထားတာတွေ့လား စားပွဲထိုးတွေမှာလည်းသူ့အရည်အချင်းနဲ့သူ.........
သမီးလေး - double tapeတွေတော်တော်ကုန်မယ်နော်မေမေ
🙄😂

သမီးလေး - မေမေ မုန့်ကဘယ်နေ့လာပို့မှာလဲ
မေမေ - သန်ဘက်ခါကျမှလာမှာ
သမီးလေး - သန်ဘက်ခါဆိုတာဘယ်နေ့လဲ
မေမေ - မနက်ဖြန်ရဲ့နောက်နေ့ကိုပြောတာ
သမီးလေး - မနေ့ကရဲ့နောက်နေ့လာမပို့ဘူးလား
မေမေ - ဒီနေ့ပေါ့ ဒီနေ့လာမပို့ပါဘူးဆို
သမီးလေး - မေမေ ဒီနေ့က မနက်ဖြန်ဖြစ်ခဲ့တာမို့လား
မေမေ - အင်းပေါ့
သမီးလေး - သန်ဘက်ခါလည်းဖြစ်ခဲ့မှာပေါ့
မေမေ - အင်းပေါ့
သမီးလေး - ဒီနေ့ကလည်းသန်ဘက်ခါပဲ ဒီနေ့လာပို့လို့ရတယ်
မေမေ - 😂ဒီနေ့က မနေ့ရဲ့အရှေ့နေ့ရဲ့သန်ဘက်ခါလေ 
သူတို့လာပို့မှာက ဒီနေ့ရဲ့သန်ဘက်ခါမှလာမှာမတူဘူး
သူတို့​ပြောတဲ့သန်ဘက်ခါကမရောက်သေးဘူး
သမီးလေး - ဒီနေ့က မနေ့ဖြစ်လာတော့မှပဲ မနက်ဖြန်မှာမုန့်လာပို့မှာပေါ့
😳😂

မေမေ - သမီးရေ ဒါက ဝလုံး 
ဝလုံးလေး၂ခုပူးလိုက်ရင် ဘာဖြစ်သွားလဲ
သမီးလေး - ပန်းဖြစ်တယ် 
🙄(သူ့သူခဲတံနဲ့အလုံး၂လုံးထပ်ဖြည့်တယ်လေ)
မေမေ - သမီးရေ ဒါက ဝလုံး
ဝလုံးကို ဒီဘက်ဘေးမှာအဆန်လေးခတ်လိုက်ရင်ဘာဖြစ်သွားလဲ ပြောပါအုံး
သမီးလေး - မျက်လုံးဖြစ်တယ်
🙄(သူ့သူနောက်တစ်လုံးထပ်ထည့်လိုက်သေး)
မေမေ - သမီးရေ ဒါက ဝလုံး
ဝလုံးကို အောက်ဘက်မှာအဆန်လေးခတ်လိုက်ရင်ဘာဖြစ်သွားလဲ
သမီးလေး - ခွေးမျက်နှာဖြစ်တယ်
🙄 (မျက်လုံးနဲ့နားရွက်ပါထည့်ပေးသေးတယ်)
😂ရှေ့ဆက်ဖို့ခွန်အားတွေရနေပြီလေ

သမီးလေး - မေမေ မောင်လေးကို ကျားက ကစားမယ်ဆိုပြီးညာခေါ်သွားတယ်
မေမေ - ဟုတ်လား မောင်လေးကိုစားတော့မှာပေါ့
သမီးလေး -ကျားက ကျားပါက်လေးဆိုတော့မစားတတ်သေးဘူး သူ့အဖေစားဖို့သူ့အဖေကျားကြီးဆီီကိုညာခေါ်သွားတာ
မေမေ - ဟုတ်လား သူ့အဖေဆီရောက်ရင် အစားခံရတော့မှာပေါ့
သမီးလေး -သူ့အဖေကချက်ချင်းမစားဘူး မောင်လေးကို အိပ်အောင်အရင်ချော့သိပ်တာ ကလေးသီချင်းတွေဆိုပြီးတော့
မေမေ - ဟုတ်လား အိပ်ပျော်သွားမှစားမှာလား
သမီးလေး -အိပ်ပျော်သွားတော့လည်းမစားသေးဘူး မီးအရင်မွှေးတယ် ဇွန်းတို့ပန်းကန်တို့ပြင်သေးတယ်
သူ့သားလေးကိုလည်းသွားရည်ခံတွေဘာတွေဝတ်ပေးတယ်
စားတတ်အောင်သင်ပေးမလို့
မေမေ - ဟုတ်လား ကင်စားမလို့လား သူတို့ကအစိမ်းစားတာပါ
သမီးလေး - သူ့သားလေးကအစိမ်းမဝါးနိုင်သေးလို့ကင်ကျွေးမှာ
မေမေ - သြော်...
သမီးလေး - ဒါပေမဲ့ကင်မဲ့အချိန်မှာမောင်လေးကပြန်နိုးလာတယ်
မေမေ - အဲ့တော့တစ်ခါတည်းကိုက်စားလိုက်ရောလားသူ့အဖေက
သမီးလေး - မကိုက်ဘူး 
မောင်လေးကနိုးလာတာနဲ့သူ့သားကျားပေါက်လေးနဲ့ဆော့လိုက်တယ် သူ့သားကလည်းကလေးဆိုတော့ပြန်ကစားမိသွားတယ်
သူ့သားတို့ကစားနေကြတာမြင်တော့ကျားကြီးကမောင်လေးကိုမစားတော့ဘဲ သူ့သားနဲ့ကစားဖို့ပဲထားလိုက်တော့တယ်
သူ့သားကြီးလာမှပဲမောင်လေးကိုစားကြမယ်ဆိုပြီးတော့
မေမေ - အဲ့ဒါဆို သူ့သားကြီးလာမှ မောင်လေးကအစားခံရမှာပေါ့
သမီးလေး -အစားမခံရဘူး
မောင်လေးကသမီးပြောထားလို့ ကျားကသူ့ကိုစားတော့မယ်မှန်းအစတည်းကကြိုသိနေတာ
အဲ့ဒါကြောင့် ကျားကြီးချော့သိပ်တုန်းကအိပ်ချင်ယောင်ဆောင်နေပြီး သူ့ကိုစားမှာစိုးလို့ကျားပေါက်လေးနဲ့ပြေးဆော့လိုက်တာာ
နောက်ပိုင်းတူတူပုန်းတမ်းကစားကြမယ်လို့ပြောပြီး တစ်ခါတည်းအိမ်ကိုပြန်ပြေးသွားလို့လွတ်သွားတယ် 
မေမေ - သမီးကဘယ်လိုပြောထားလို့လဲမောင်လေးကို
သမီးလေး -မသိတဲ့သူတွေခေါ်ရင်မလိုက်ဖို့ပြောထားတာ
ကျားပေါက်လေးမို့လို့မောင်လေးကလိုက်သွားတာနေမယ် သူ့အဖေကျားကြီးကိုတွေ့မှသူ့ကိုစားတော့မယ်မှန်းမောင်လေးကသိသွားတာနေမယ်
😂😍😂
(သူ့ pretend play က ပုံပြင်နားထောင်ရသလိုပါပဲ😍
သူ့မောင်လေးဘယ်ချိန်အစားခံရမလဲရင်တထိပ်ထိပ်နဲ့မေးလိုက်ရတာ😁နောက်ဆုံးတော့ သူ့မောင်လေးမို့ကံကောင်းသွားတာပဲ😂)

မေမေ - စာကလေးခွေစားရအောင်သမီးလေး
သမီးလေး - အခုမစားသေးဘူးမေမေ
မေမေ - အခုအပြင်ကြည့်ရင်းစားဖို့ယူလာတာ တကယ်မစားဘူးလား 
သမီးလေး - မေမေလည်းမစားနဲ့
မေမေ - ဘာလို့လဲ
သမီးလေး - ငှက်တွေမြင်မှာစိုးလို့အားနာလို့
မေမေ - သူတို့စားချင်လို့လာရင်လည်းကျွေးလိုက်ပေါ့သမီးရဲ့
သမီးလေး - ငှက်ကစာကလေးခွေစားမလားမေမေရဲ့ 
သူတို့က ကောက်ရိုးလို့ထင်ပြီးအသိုက်ဆောက်ဖို့လိုချင်နေမှာစိုးလို့ 
အမှန်တော့ဒါကစားစရာကြီးလေ
😂

သမီးလေး - ဘာလို့အဲ့ခွက်ကို ဘေစင်ဘေးမှာတင်ထားတာလဲမေမေ
အစကဗီရိုထဲမှာပါအဲ့ခွက်က
မေမေ - ဆေးပြီးအဲ့ခွက်နဲ့သောက်မလို့သမီးရဲ့
သမီးလေး - ဘာလို့ဆေးမှာလဲမေမေ
မေမေ - အဲ့ခွက်နဲ့ မသောက်တာကြာတော့ ခွက်မှာဖုန်တွေနဲ့မို့လို့သမီးရဲ့
သမီးလေး - အဲ့လိုမပြောနဲ့မေမေ
နေ့တိုင်းနေ့တိုင်းသောက်နေကျခွက်မဟုတ်လို့ လို့ပြော
မေမေ - ဟုတ်ပါပြီ🙄😂
သမီးလေး - တကယ်ပြောတာမေမေ နေ့တိုင်းသောက်တဲ့ခွက်ဆို
နေ့တိုင်းပြန်ဆေးရတော့ ဖုန်မပေတော့ဘူး
မေမေ - ဟုတ်ပါပြီ 😍😂

မေမေ - အမလေး...သမီးရယ် လန့်လိုက်တာဟယ် အသံလေးဘာလေးပေးတာမဟုတ်ဘူး
သမီးလေး - မေမေလန့်သွားတာလား
မေမေ - အင်းပေါ့
သမီးလေး - မေမေ့မှာနှလုံးရောဂါရှိလို့နေမယ် သမီးဆေးကုပေးမယ် လာလှဲနေလိုက်အုံး
မေမေ - 🙄မနက်ကပဲ ဗိုက်နာပေးပြီးပြီ တော်ပြီ😂

သမီးလေး - မေမေ ဒါလေး ဓာတ်ခဲကုန်နေတယ် ဓာတ်ခဲပေးပါအုံး
မေမေ - ဟုတ်လား မေမေထည့်ပေးမယ်
သမီးလေး - သမီးကိုယ့်ကိုယ်ထည့်မယ်မေမေ
မေမေ - အပေါင်း အနုတ်မှန်အောင်ထည့်မှရမှာနော်
သမီးလေး - ချိုချိုမပါတဲ့ဘက်နဲ့ စပိန်နဲ့ထိရတာ(စပရိန်)
😂

သမီးလေး - ဒန်းစီးရတာကောင်းတယ်မေမေ
မေမေ - စီးစီး
သမီးလေး - ဘာလို့ကောင်းတာလဲသိလားမေမေ
မေမေ - ဘာလို့လဲ
သမီးလေး - သမီးကတစ်ခါက်ပဲလှုပ်ရတယ်
နောက်ပိုင်းသူ့သူအကြာကြီးဆက်လှုပ်ပေးတယ်
ကျန်တာတွေက ဒန်းလောက်မလိမ္မာဘူး
😂

မေမေ - အိုးအေးအေးအေးအေအို....
သမီးလေး - အဲ့သီချင်းနဲ့မသိပ်ပါနဲ့မေမေ
မေမေ - ဘာလို့လဲ
သမီးလေး - ငိုချင်လို့
မေမေ - ဘာလို့ငိုချင်တာလဲ
သမီးလေး - သီချင်းကိုသနားလို့
မေမေ - မိတ္ထီလာကန်မယ်...
သမီးလေး - အဲ့ဒါလည်းမဆိုနဲ့ အဲ့လိုကလေးသိပ်တဲ့သီချင်းတွေဆိုငိုချင်တယ်သနားလို့
မေမေ - အဲ့ဒါဆိုဘာဆိုရမှာလဲ
သမီးလေး - ABCDသီချင်းပဲဆို
မေမေ - OK ABCDEFG...HIJK
သမီးလေး -ဪ...မေမေကလည်း ABCDထည့်မဆိုနဲ့လေ တီးလုံးပဲဆိုမှကလေးသိပ်သလိုဖြစ်မှာပေါ့
🙄😂

သမီးလေး - မေမေ နောက်နေ့ရောက်ဖို့ဘာလိုလဲသိလား
မေမေ - ဘာလိုရမှာလဲ သူ့သူရောက်သွားမှာပဲလေ အချိန်ကရပ်မနေဘူး
သမီးလေး - သမီးပြောပြမယ် အမြဲတမ်းညအိပ်လိုက်မှ နောက်နေ့ရောက်တာ 
🙄😂

မေမေ - လမ်းပိတ်နေတယ်သမီးရေ ဘေးကပ်ပြီးတော့အိမ်ဆောက်
တက်နင်းမိရင်ချော်လဲမယ် တိုက်မိရင်လည်းသမီးအိမ်ပြိုသွားလိမ့်မယ်
သမီးလေး - ကျော်သွားလို့ရတယ်မေမေ ဘေးကပတ်သွားလည်းရတယ်
မေမေ - တခါတလေကျတော့ ကိုယ့်အရုဏ်နဲ့ကိုယ်မအားတဲ့အခါကျရင် မမြင်ဘဲတိုက်မိတတ်တယ်သမီးရဲ့
မြင်ရင်လည်းသေချာမကျော်မိရင်ချော်လဲတတ်တယ်သမီးရဲ့
သမီးလေး - မိမိကိုယ်ကိုယ်ကောင်းအောင်ထိန်းလို့မတိမ်းစေနဲ့ဆောက်တည်လေ အဲ့ဒါမှ....
🙄😂

သမီးလေး - မေမေ စားလို့ဝပြီဆိုရင် Englishလို ဘယ်လို​ပြောရလဲ
မေမေ - I am enough ဒါမှမဟုတ် I am full လို့ပြောတယ်
သမီးလေး - တရုတ်လိုရော
မေမေ - တရုတ်လိုတော့မေမေမသိဘူး
သမီးလေး - ကုလားလိုရော
မေမေ - မြန်မာနဲ့Englishပဲသိတယ် ကျန်တာမသိဘူးမေမေက
သမီးလေး - သမီးကအကုန်သိချင်တာ
မေမေ - မေမေ့သမီးလေးက ဘာသာစကားတွေလေ့လာချင်သားပဲ ကြီးလာတော့လေ့လာရင်းသိသွားမှာပါ
သမီးလေး - အခုချက်ချင်းသိချင်တာ
မေမေ - ဘာလို့ချက်ချင်းကြီးလဲ အဲ့လိုလောဘမကြီးရဘူးလေ 
သမီးလေး - ထမင်းစားတာဝပြီလို့သမီးပြောနေတာကို မေမေက စားခိုင်းနေလို့သိချင်တာ
🙄😂

မိုးခြိမ်းတာက မိုးကစကားပြောနေတာမေမေ
မိုးရွာတာက မိုးက ကနေတာမေမေ
😍😂

မေမေ - သမီးရေ နေပူပြီးမိုးရွာနေတယ် သက်တန့်ပေါ်လာတော့မလားမသိဘူး လိုက်ရှာကြည့်ရအောင်
သမီးလေး - နေပူပြီးမိုးရွာတော့ မိုးတော့နေမကောင်းဖြစ်တော့မှာပဲ သက်တန့်လည်းမတွေ့ဘူးမေမေ
😍😂

မေမေ - ဒါက ၁
သမီးလေး - စီနဲ့တူလိုက်တာ
မေမေ - ပွင့်တဲ့ဘက်မတူဘူးသမီးရဲ့
မေမေ - ဒါက ၂
သမီးလေး - ဂျေလိုပဲ
မေမေ - ဂျေ j ကအပေါ်မှာအစက်လေးပါတယ်
မေမေ - ဒါက ၃
သမီးလေး - အာR နဲ့တူလိုက်တာ
မေမေ - သြော် ဟုတ်သားပဲ ဆင်တယ်နော် အချောင်းလေးဆက်လိုက်ရင် Rဖြစ်ပြီ
မေမေ - ဒါက ၅
သမီးလေး - ဂျီ g နဲ့တူတယ် မေမေ
မေမေ - ဒါက ၆
သမီးလေး - အထဲမှာ s လေးပါတယ်နော်
မေမေ - ဒါက ၇
သမီးလေး - L လိုပဲ
မေမေ - ဒါက ၈
သမီးလေး - e နဲ့တူတယ်
😍အဆင်ကိုပြေလို့ ကိုယ်သင်လိုက် သူပြန်သင်လိုက်နဲ့😁

မေမေ - ဟယ် နှုတ်ခမ်းနီတွေဘာတွေဆိုးလို့ပါလား မေမေ့သမီးလေးက အလှကြိုက်သားပဲ
သမီးလေး - ထမင်းမစားချင်လို့ဆိုးထားတာ 😂🤣
မေမေ - ထမင်းမစားလို့တော့မရဘူး နှုတ်ခမ်းနီဆိုးထားလည်း စားရမှာပဲ 🙄
သမီးလေး - နှုတ်ခမ်းနီမဖျက်ဘူးနော် စားရင်ပါးစပ်ထဲနှုတ်ခမ်းနီတွေဝင်ကုန်မှာပေါ့
မေမေ - မဖျက်လည်းစားလို့ရတယ် ဒီလိုပါးစပ်ကိုအကျယ်ကြီးဟပြီးစား နှုတ်ခမ်းနဲ့မထိအောင်
သမီးလေး - ရေမြင်းလိုလား
😬😂🤣

Sအသံနဲ့စတဲ့ပစ္စည်းလေးတွေရှာတမ်းကစားကြရင်း
သမီးလေး - မေမေ superman က ဘာလို့ sနဲ့စလဲ သိလား
မေမေ - sအသံထွက်ကြည့်လေသမီးရဲ့ 
သမီးလေး - superman မို့လို့ သူက sနဲ့စတာမေမေရဲ့ 
မေမေ - ဟုတ်ပါပြီ😂
သမီးလေး - spiderman ကရောဘာလို့ sနဲ့စတာလဲ သိလား
မေမေ - spiderman မို့လို့ပေါ့
သမီးလေး - မှားတယ် spiderman ကအစကလူပဲ သူ့ကို ပင့်ကူကကိုက်လိုက်လို့ spiderman ဖြစ်သွားတာ ပင့်ကူspider က sနဲ့စလို့ spiderman က sနဲ့စတာ
မေမေ - ဟုတ်ကဲ့ မှတ်ထားပါ့မယ်ရှင့်
 😂🤣😍

ဖေဖေ - သမီးရေ ဘာရေခဲမုန့်ဝယ်ခဲ့ရမလဲ
သမီးလေး - အဖြူပဲကြိုက်တယ် အနီ နဲ့ အမဲ မကြိုက်ဘူး
ဖေဖေ - အဖြူကသီးစုံ အနီကစတော်ဘယ်ရီ အမဲကချောခလက်သမီးရဲ့ ဒါဆိုသီးစုံပဲယူခဲ့တော့မယ်နော်
သမီးလေး - ဟုတ် ဖော့ဘူးကိုသေချာကြည့်နော်ဖေဖေ
 Fဆိုမှဝယ်
 Sကအစေ့ပါလို့မကြိုက်ဘူး Cလည်းမစားချင်ဘူး
😍😂

မေမေ - နေရင်းထိုင်ရင်းဘာလို့ထရယ်တာလဲသမီးလေးရဲ့ မနေ့ကမေမေပြတဲ့ရယ်စရာကောင်းတဲ့ဟာကို
စိတ်ကူးထဲအပြင်မှာအိမ်မက်မက်လိုက်မိလို့ ရယ်မိသွားတာ
မေမေ - စိတ်ကူးထဲအပြင်မှာအိမ်မက်မက်လိုက်မိလို့ ဟုတ်လား
😂😂😂
ရုတ်တရက်တွေးလိုက်မိလို့ = စိတ်ကူးထဲအပြင်မှာအိမ်မက်မက်လိုက်မိလို့ 🤣😍

သမီးလေး - ဆီချက်ခေါက်ဆွဲစားချင်တယ်မေမေ
မေမေ - အေအေ မေမေလုပ်ပေးမယ်
သမီးလေး - အစိမ်းရောင်အရွက်မကြိုက်ဘူးနော်မေ
မေမေ - ကြက်သွန်မြိတ်လား မေမေလည်းမထည့်ပါဘူး သမီးလေးမကြိုက်တာသိပါတယ်
သမီးလေး - ကြက်သွန်မြိတ်မဟုတ်ဘူးမေမေ
မေမေ - ဘာရှိသေးလို့လဲအစိမ်းရောင်က ဆီချက်ခေါက်ဆွဲထဲမှာပါတာ
သမီးလေး - အဲ့ဒါကြက်သွန်ဆံပင်မေမေ ကြက်သွန်ရဲ့ခေါင်းမှာပေါက်တာ ဖွားဖွားစိုက်ထားတာ သမီးတောင်ခေါင်းဖြီးပေးသေးတယ်
😍😂😍😂

သမီးလေး - မေမေ သမီးမွေးနေ့ပွဲကျင်းပနေတာ
မေမေ - ဟုတ်လား ဆော့ ဆော့
သမီးလေး - သမီးဖိတ်ထားတဲ့သူမစုံသေးလို့ စောင့်နေရတယ်
မေမေ - ဘယ်သူကျန်လို့လဲ အမ်း....ဘဲဝါမ လား
သမီးလေး - မဟုတ်ဘူး သူ့ကိုမဖိတ်ထားဘူး
မေမေ - သြော်သိပြီ mickey mouse ကျန်တာ မေမေသွားခေါ်လာပေးမယ်
သမီးလေး - မဟုတ်ဘူး သူကမလာနိုင်ဘူးတဲ့ မအားဘူး
မေမေ - ဟင် ဒီမှာအကောင်တွေစုံနေပါပြီ ဘယ်သူကျန်သေးလို့လဲ 
သမီးလေး - ခြင်
မေမေ - 😂 ခြင်ကိုမဖိတ်နဲ့ ကိုက်လိမ့်မယ်
သမီးလေး - မွေးနေ့လာရင်တော့သူကမကိုက်ဘူးမေမေရဲ့
🤔😂

သမီးလေး - မေမေ spiderman ကဘာနဲ့တူလဲသိလား
မေမေ - spiderနဲ့တူတာပေါ့
သမီးလေး - မဟုတ်ဘူး ဖားနဲ့တူတာ
မေမေ - ဖားနဲ့ဟုတ်လား ဘယ်နားတူလို့လဲသမီးရဲ့
သမီးလေး - spidermanထိုင်ရင် ဖားထိုင်သလိုထိုင်တာမေမေ
ဒူးကွေးပြီးလက်လေးထောက်ထားတယ်
😍😂

မေမေ - သမီးရေ နာရီမှာ လက်တံဘယ်နှခုရှိလဲ မှတ်မိလား
သမီးလေး - ၃ခု ရှိတယ်
မေမေ - နာမည်လေးတွေပြောပြပါအုံး 
သမီးလေး - နာရီလက်တံ မိနစ်လက်တံ စက္ကန့်လက်တံ
မေမေ - မေမေ့ကိုဘာကဘာလဲလက်ညှိုးထိုးပြပါအုံး
သမီးလေး - ဒါကသမီးလေး နာရီလက်တံ၊
ဒါကမေမေ မိနစ်လက်တံ၊ ဒါကဖေဖေ စက္ကန့်လက်တံ
မေမေ - ဘယ်လို ဘယ်လို ဘယ်လို
သမီးလေး - အပုဆုံးလက်တံကသမီး၊ ရှည်ရှည် ၂ခုထဲက ငြိမ်နေတာကမေမေ၊ ပတ်နေတာကဖေဖေ ဖေဖေကအမြဲအပြင်သွားနေတာ
မေမေ - သြော်...အေ အေ 😂😍

သမီးလေး - မေမေရေ ငှက်တွေကတော်ပါသေးတယ်
မေမေ - ဘာတော်ပါသေးတာလဲ အစမရှိအဆုံးမရှိ
သမီးလေး - မဟုတ်ဘူး သမီးစဥ်းစားနေတာ
မေမေ - ဘာစဥ်းစားမိလို့လဲ ပြောပါအုံး
သမီးလေး - ငှက်တွေကတကယ်တော်သေးတယ်
မေမေ - ဘာတော်သေးတာလဲလို့
သမီးလေး - ငလျင်လှုပ်တဲ့အခါကျရင်
😍😂

သမီးလေး - ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်ရင် ရိုးရိုးလမ်းလျှောက်တာနဲ့မတူဘူးမေမေ
မေမေ - အင်းပေါ့ ဘယ်တူမလဲ ပိုစမတ်....
သမီးလေး - မြင်းလမ်းလျှောက်တာနဲ့တူတယ်
😂😍😂

သမီးလေး - မေမေ သမီးဗိုက်ဆာတယ်
မေမေ - ဟုတ်လား ဘာမုန့်စားမလဲ ဘာစားချင်လဲ 
သမီးလေး - ရတယ် သကြားလုံးလောက်ပဲ စားတော့မယ်
🙄😬😂

သမီးလေး - မေမေ သမီးတို့ကသက်ရှိဖြစ်ပြီး ထိုင်ခုံကဘာလို့အသက်မရှိတာလဲ
မေမေ - မေမေတို့ကအသက်ရှူတာကိုးသမီးရဲ့
သမီးလေး - ဒါဆို ပူဖောင်းကလည်းအသက်ရှိမှာပေါ့ သူလည်းလေရှိမှဖြစ်တာ😂

မေမေ - သမီးလေး ဘာလို့ရေခဲသေတ္တာကိုဖက်ထားတာလဲ ဓာတ်လိုက်မယ် အဲ့လိုမလုပ်နဲ့
သမီးလေး - သမီးကရေခဲသေတ္တာကိုအရမ်းချစ်တာ
မေမေ - အမယ် ဘာလို့ချစ်တာလဲ
သမီးလေး - ရေခဲသေတ္တာကသက်မဲ့ဆိုပေမဲ့ ရေခဲမုန့်ကိုမွေးပေးလို့ချစ်တာ
😂😍😍😂

သမီးလေးတစ်ယောက် Avocado couple cartoonကြည့်နေရင်း
သမီးလေး - မေမေ ထောပတ်သီးမနဲ့ ခရမ်းချဥ်သီးမနဲ့ ပြိုင်ကြတာ ခရမ်းချဥ်သီးမက နိုင်သွားတယ်
မေမေ - ဟုတ်လား
သမီးလေး - အဲ့ချိန်မှာ ထောပတ်သီးမရဲ့စိတ်ထဲကို ဟိုပုပ်ပုပ်စိတ်တွေရောက်လာတယ်
မေမေ - ဘာပုပ်ပုပ်စိတ်လဲ
သမီးလေး - ခရမ်းချဥ်သီမ နိုင်သွားတာကိုမကြိုက်ဘဲ ခရမ်းချဥ်သီးမရဲ့ဆုကိုသူပဲယူမယ်ဆိုတဲ့ မကောင်းတဲ့စိတ်မျိုးကိုပြောတာ
မေမေ - အော်... အဲ့လိုစိတ်မျိုးမထားရဘူးနော်
သမီးလေး - မထားပါဘူး ထောပတ်သီးမလည်းမထားဘူး အဲ့ဒါမျိုးစိတ်မျိုးဝင်လာလို့ အဲ့စိတ်ကို ထောပတ်သီးမကခြေထောက်နဲ့ကန်ထုတ်လိုက်တယ်
မေမေ - ဟုတ်လား ကောင်းတယ် ရှုံးရင်ရှုံးပါစေ အဲ့ဒီစိတ်မျိုးအဝင်မခံနဲ့ သူကကိုယ့်ထက်ပိုကြိုးစားလို့နိုင်တာ နိုင်ချင်ရင်သူ့လိုကြိုးစားရတယ်
သမီးလေး - ထောပတ်သီးမက ခရမ်းချဥ်သီးမကိုရှုံးပေမဲ့ ပုပ်ပုပ်စိတ်ကိုတော့နိုင်သွားပါတယ်မေမေရဲ့
😍😂

သမီးလေး - မေမေ သမီးရဲ့ခွေးရုပ်လေး ဒီနားမှာပြဲနေတယ် ချုပ်ပေးပါအုံး
မေမေ - အခု မိုးချုပ်နေပြီ မနက်မိုးလင်းမှချုပ်ပေးမယ်နော်
သမီးလေး - ရတယ် သမီးရဲ့ဝက်ဝံကိုပဲ animationထည့်ပြီးချုပ်ခိုင်းလိုက်တော့မယ်
😂

မေမေ - သမီးရေ ကြည့်ပါအုံး တိမ်တွေအများကြီးပဲ လှလိုက်တာနော်
သမီးလေး - အဲ့တိမ်တွေကမဲမဲကြီးဖြစ်သွားအုံးမှာပဲမေမေရဲ့
မေမေ - အင်းပါ လှလို့ပြမိတာပါ
သမီးလေး -ဟုတ်တယ် လှပါတယ် သမီးပြောတဲ့မဲမဲတိမ်တွေဆိုတာလည်း အရင်က ခုမေမေပြတဲ့တိမ်တွေမျိုးလှခဲ့တာပါပဲ
🙄 (အစတည်းကတစ်ယောက်တည်းဖီးလ်နေလိုက်ရင်ကောင်းသား)🤣

မေမေ - သမီးလေး အဲ့ဒါဘာလုပ်နေတာလဲ
သမီးလေး - အိမ်ဆောက်နေတာမေမေ
မေမေ - အိမ်ဆောက်တာတော့ဟုတ်ပါပြီ လက်တစ်ဖက်ကအဲ့မှန်ဘီလူးကိုဘာလို့ကိုင်ထားတာလဲ 
သမီးလေး - ဒီမှန်ဘီလူးနဲ့ကြည့်ပြီးဆောက်နေရတာ
မေမေ - အိမ်ဆောက်တာမှန်ဘီလူးကြည့်စရာလိုလို့လား ချထားပြီး လက် ၂ ဖက်နဲ့သေချာဆောက်ပါလား
သမီးလေး - သမီးက ပုရွက်ဆိတ်အိမ်ဆောက်နေတာ မှန်ဘီလူးနဲ့ကြည့်မှရမှာ သူတို့ကသေးတော့ သူတို့အိမ်ကလည်းသေးမှရမှာ
😍😂

ဖွားဖွား - မြေးလေးရေ
သမီးလေး - ရှင့်
ဖွားဖွား - မြေးလေးကခေါ်တိုင်း ရှင့်ပဲထူးတယ်နော် ရှင်လို့ထူးရတယ်
သမီးလေး - သမီးကတော့ ရှင့်ပဲထူးတယ်
ဖွားဖွား - ဘာလို့လဲမြေးရဲ့
သမီးလေး - သမီး မွေးနေ့မဟုတ်လို့
ဖွားဖွား - မွေးနေ့နဲ့ဘာဆိုင်လဲ
သမီးလေး - ရှင်ဆိုရင် မွေးနေ့ရှင်နဲ့မှားမှာစိုးလို့ သမီးမွေးနေ့ကမရောက်သေးဘူး
😍😂

သမီးလေးပြောတာ 👇နောက်ဆုံးအကြောင်းကအသက်😂
က က 3နဲ့တူတယ်မေမေ
ခ က eနဲ့တူတယ်မေမေ
ဂ က ဘီးကုတ်နဲ့တူတယ်မေမေ
ဃ က အပေါ်ကအကောက်လေးကိုဖြတ်လိုက်ရင် က နဲ့တူတယ်မေမေ
င က စီနဲ့တူတယ်မေမေ
န က sကို lollipopလုပ်ထားတာ
🤣🤣🤣

သမီးလေးမှာ ကျားရုပ်လေး ၂ကောင်ရှိတယ်
သမီးလေး - မေမေရေ ကျား ၂ကောင်မရှိတော့ဘူး
မေမေ - ပျောက်သွားပြန်ပြီလား
သမီးလေး - မဟုတ်ဘူး ခရီးထွက်သွားတာ
မေမေ - ဟုတ်လား ဘယ်ကိုသွားကြတာလဲ
သမီးလေး - တူတူသွားတာမဟုတ်ဘူး တစ်ကောင်ကမြို့က
တိရိစ္ဆာန်ရုံကိုသွားတာ တစ်ကောင်ကတောကိုသွားတာ
မေမေ - ဟုတ်လား တိရိစ္ဆာန်ရုံကိုအလည်သွားတာလား
သမီးလေး - အလည်သွားမလားမေမေရဲ့ သူ့အမျိုးတွေဆီကိုသွားတာပေါ့
🙄😂

သမီးလေး - သမီးလည်း မေမေ့လိုငါးကြော်နေတယ် အခု
မေမေ - ငါးကြော်တာလား မေမေနဲ့တူတူပဲပေါ့ 
သမီးလေး - သမီးငါးကြော်တာပိုကောင်းတယ်
မေမေ - လုပ်ပြန်ပြီ သူပဲအကောင်း 
သမီးလေး - တကယ်ကောင်းတာ ညာမပြောဘူး သမီးငါးကြော်တာမေမေ့လိုမညှော်ဘူး
😂

မေမေ - အုတ်တံတိုင်းကိုဘာလို့အမဲရောင်ကြီး
ခြယ်ထားတာလဲသမီးလေး
သမီးလေး - အမဲရောင်ကဘာဖြစ်လို့လဲမေမေ
မေမေ - မဲမဲကြီးဆိုတော့ပတ်ဝန်းကျင်ကိုမှောင်စေတာပေါ့သမီးရဲ့
ညဆိုမှောင်တယ်မို့လား
သမီးလေး - အုတ်တံတိုင်းကကောင်းကင်မှမဟုတ်တာမေမေရဲ့ 
😬😬😬😂😂😂

မေမေ - သမီးလေး အကောင်တွေကို ဟိုဘက်အခန်းထဲထားလိုက် ဒီဘက်အခန်းထဲထားလိုက်နဲ့ ဘာလုပ်နေတာလဲ
သမီးလေး - ကျောင်းသွားပို့လိုက် သွားကြိုလိုက်လုပ်နေရတာ
မေမေ - သြော်.... တိရိစ္ဆာန်တွေကလည်းကျောင်းတက်တယ်ပေါ့
သမီးလေး - အင်း သူတို့က ဘွဲ့တောင်ရတော့မှာ
မေမေ - ဟုတ်လား ဘာဘွဲ့ရမှာလဲ သူတို့က😳
သမီးလေး - ယုန်က မုန်လာဥနီဘွဲ့ရတော့မှာ၊ မျောက်က ငှက်ပျောသီးဘွဲ့၊ မိုမိုက ကြံဘွဲ့
😳😂

မီးလည်းပျက်ရော
သမီးလေး - ဟေး ခုမှပဲတူသွားတော့တယ်
မေမေ - ဘာတူတာလဲ သမီးရဲ့
သမီးလေး - ခုနကလင်းနေတဲ့မီးတွေက 
ဟိုကျွမ်းနေတဲ့မီးချောင်းနဲ့တူသွာပြီ
😂

သမီးလေး - မေမေ တခြားအကောင်တွေရဲ့အဆွယ်ကပါးစပ်ထဲမှာပေါက်ပြီး ဆင်အဆွယ်ကဘာလို့အပြင်မှာပေါက်တာလဲ
မေမေ - ဆင်ဆွယ်က ဆင်ရဲ့ဆွယ်သွားမဟုတ်ဘူး ဆင်ရဲ့ရှေ့သွားကထူးခြားပြီးရှည်ထွက်နေတာ
သမီးလေး - အဲ့ဒါဆို သူ့ပါးစပ်ထဲကသွားကအပြင်ထွက်နေတာပေါ့ 
မေမေ - အင်းပေါ့ ဆင်ထီးတွေပဲအဲ့လိုထွက်တာများတယ်
ဆင်မတွေကမထွက်သလောက်ပဲ 
သမီးလေး - ဟီဟီး ဆင်မတွေက ဆင်ထီးတွေကိုတွေ့ရင် ရယ်နေတော့မှာပဲ သွားကြီးအပြင်ထွက်နေလို့
😂

သမီးလေး -တိရိစ္ဆာန်တွေထဲမှာ မိုမိုနဲ့သူငယ်ချင်းဖြစ်တာပိုကောင်းတယ်မေမေ
မေမေ -ဘာလို့လဲ
သမီးလေး - မျက်ရည်ကျရင်မိုမိုကနှာမောင်းနဲ့သုတ်ပေးမှာ
ကျန်တဲ့အကောင်တွေဆိုခြေထောက်ကြီးနဲ့သုတ်ပေးမှာ
😂

သမီးလေး - ဒီအင်္ကျီကို အရှေ့နဲ့အနောက်
ပြောင်းပြန်ဝတ်ချင်တယ်မေမေ
မေမေ - ပြောင်းပြန်မဝတ်ရဘူးလေ အတည့်ပဲဝတ်
သမီးလေး - ရင်ဘတ်မှာ နံပါတ်ပါနေလို့ ပြောင်းပြန်ဝတ်ချင်တာ
မေမေ - ဘာဆိုင်လို့လဲ
သမီးလေး - နံပါတ်က နောက်ကျောမှာပဲရှိရတာ
မေမေ - ဘယ်လို
သမီးလေး - ဘောလုံးပွဲကြည့်ကြည့်မေမေ
🙄😂

မေမေ - သမီးရေ ညနေဆည်းဆာအလှလေ တွေ့လား 
သမီးလေး - အခု ညနေလား
မေမေ -  အင်း ဟုတ်တယ်လေ ညနေမို့ နေဝင်ခါနီးပြီ
သမီးလေး - သမီးက ညနေဆိုတာ လင်းနေရာကနေမိုးမချုပ်ခင်မှောင်လာတာလို့ထင်နေတာ
😍😂 (ညနေဆည်း​ဆာအလှတောင်ဘယ်ရောက်သွားမှန်းမသိဘူး)

သမီးလေး - မေမေ ရေထဲမှာလည်းအသက်မရှင်ဘူး ကုန်းပေါ်မှာလည်းအသက်မရှင်ဘူး အဲ့ဒါဘာကောင်တွေလဲသိလား
မေမေ - ဟေ....အသက်မရှိတဲ့အကောင်တွေပေါ့
သမီးလေး - လှုပ်တယ် သူတို့က
မေမေ - ဟင် ဘာကောင်တွေလဲ မကြားဖူးပါဘူး 
သမီးလေး - TVထဲကအကောင်တွေပေါ့မေမေရဲ့ TVထဲမှာပဲအသက်ရှင်တာသူတို့က animationလုပ်ထားလို့
😂

မေမေ - သမီးလေး အဲ့ဒါဘာရေးနေတာလဲ
သမီးလေး - ဆေးစာရေး​နေတာ ကြီးကြီးမူ ဆေးခန်းပြရင်ဆရာဝန်ကအဲ့လိုရေးပေးတယ်
မေမေ - ပြပါအုံး.....ဟယ်...စာရေးတယ်ထင်နေတာ
ပုံဆွဲထားတာပဲ
သမီးလေး - စာမရေးတတ်သေးလို့ ပုံဆွဲတာပေါ့မေမေရဲ့
မေမေ - ဘာပုံလေးလဲဒါက
သမီးလေး - အအေးဘူးပုံ
မေမေ - ဘာလို့အအေးဘူးပုံဆွဲတာလဲ ဆေးစာဆို
သမီးလေး - ဟုတ်တယ် လည်ချောင်းနာနေတယ်ဆိုလို့ အအေးမသောက်ရဘူးလို့ဆွဲတာ 
အအေးဘူးပုံဆွဲပြီးအပေါ်ကနေcrossလေးဆွဲလိုက်တာပြီးရော
😂😍

သမီးလေး - ဖွားဖွားတို့အိမ်သွားတော့မယ် မေမေ
မေမေ - ကြို့ထိုးနေတယ် ရေအရင်သောက်လိုက်ဦးသမီးလေး
သမီးလေး - ရတယ် ကြို့ပါခေါ်သွားလိုက်မယ်
😂

သမီးလေးနဲ့ snake gameကစားရင်း သမီးလေးကအိမ်ရောက်ဖို့ ၃ကွက်ပဲလိုတော့တယ် သူ့ရှေ့မှာလည်း မြွေတစ်ကောင်ရှိနေတော့ အံစာတုံးခေါက်ဖို့ရင်ခုန်နေလေရဲ့😂
မေမေ - သမီးအလှည့်လေ ခေါက်တော့
သမီးလေး - မြွေကိုက်မှာလား
မေမေ - ကံပဲပေါ့သမီးရဲ့ 
သမီးလေး - သမီး ၁ မကျချင်ဘူး ဘယ်လောက်ဆိုအိမ်ရောက်မှာလဲ
မေမေ - ရေကြည့်လေ 
သမီးလေး - ၁ ၂ ၃ 
မေမေ - ၃ ဆိုအိမ်ရောက်ပြီပေါ့
သမီးလေး - မေမေ သမီးဒီတစ်ခါ ဘုရားခန်းမှာသွားခေါက်ပြီးမှယူလာခဲ့မယ် မြွေမကိုက်အောင်လို့
🙄😏😂
(မေမေ့အတွက်ပါဆုတောင်းခဲ့ ဟုတ်တယ်)🙄🤣

သမီးလေး - မေမေ အင်္ကျီချွတ်ပေး 
မေမေ - ဟယ်... ဘောင်းဘီဘာလို့ချွတ်ထားတာလဲ အင်္ကျီကရောဘာလို့ချွတ်မှာလဲ
သမီးလေး - ပေါင်ချိန်မလို့  
😳😂အတိအကျပဲကလေးက🤣

မေမေ - TVနားကပ်မကြည့်ရဘူးလို့ပြောထားတယ်နော်သမီးလေး ကြည့်ပြန်ပြီလား 
သမီးလေး - screenကိုကြည့်နေတာမဟုတ်ဘူးမေမေ
မေမေ - ဒါဖြင့် ဘာကိုကြည့်တာတုန်း
သမီးလေး - ဘောင်ကိုပဲကြည့်တာ
မေမေ - ဘာကိစ္စဘောင်ကိုကြည့်တာလဲ
သမီးလေး - ဒီတိုင်းTVကိုစုံအောင်ကြည့်တာသမီးက
🙄😬😏😂😍🤣

မေမေ - သမီးလေး puzzleဆက်မယ်ဆိုလည်းပြီးအောင်ဆက်လေ မဆက်ရင်လည်းပြန်သိမ်းအုံး ပြီးမှတခြားဟာဆော့ 
သမီးလေး - စက္ကန့်မိနစ်ထားထားတာ
မေမေ - ဘာစက္ကန့်မိနစ်လဲ
သမီးလေး - နာရီဆိုပိုကြာတယ်တယ်လေ  
😂(ခဏလေးထားထားတဲ့သဘော)

သမီးလေး - မေမေ တူတူပုန်းတမ်းကစားကြမယ်
မေမေ - အေအေး မေမေစပုန်းရမလား
သမီးလေး - ခဏလေး
မေမေ - ဘာရှာနေတာလဲ
သမီးလေး - မှန်
မေမေ - ကစားမှာကိုမှန်ကြည့်အုံးမယ်
သမီးလေး - မှန်ကြည့်ဖို့မဟုတ်ဘူး မေမေ့ကိုလိုက်ရှာဖို့
မေမေ - မှန်မှမလိုတာ
သမီးလေး - သမီးကရှေ့မှာရှာတုန်း အနောက်ဘက်နားမှာမေမေရှိခဲ့
ရင် မှန်ထဲမှာတစ်ခါတည်းပေါ်နေမှာပဲ
😯(အေးပေါ့ နောက်မလှည့်ခင်ကတည်းကတန်းတွေ့တာပေါ့
တစ်ချက်ခုတ်နှစ်ချက်ပြတ်)🙄🤣😁

သမီးလေး - puzzle ဆက်မယ်မေမေ
မေမေ - အေအေး ဆက်နေနော်သမီးလေး
သမီးလေး - ဒီမှာ ဘာကိုထည့်ရမှာလဲမေမေ
မေမေ - သမီးကိုယ့်ကိုယ်စဥ်းစားပြီးထည့်လေ
သမီးလေး - သမီးကိုယ့်ကိုယ်ထည့်မှာပါ မေမေကရွေးပေး
မေမေ - မေမေရွေးပေးရင် သမီးကကိုယ်ကိုယ်ဘယ်ဆက်တတ်တော့မလဲ ကိုယ့်ကိုယ်စဥ်းစားပြီးဆက်နေနော်
ဆက်ပြီးရင်မေမေကိုခေါ်လိုက် မေမေလုပ်စရာရှိတာသွားလုပ်လိုက်အုံးမယ်
သမီးလေး - သမီးကစဥ်းစားလိုက်ရင်ဘာထည့်ရမလဲဆိုတာသိတယ်မေမေ
မေမေနဲ့အတူတူဆော့ချင်လို့ရွေးခိုင်းတာ တစ်ယောက်တည်းကစားရင်အပျင်းစိတ်ဝင်လို့
🙄😬😂

သမီးလေး - ထူးဆန်းလိုက်တာ
မေမေ - ဘာထူးဆန်းတာလဲ
သမီးလေး - သမီးကြိုက်တဲ့ဟာစားရင်ဗိုက်ကတင်းမနေဘူး
မကြိုက်တဲ့ဟာဆိုဗိုက်ကတင်းတင်းနေတယ်စားချင်စိတ်မရှိဘူး
🙄😂

မေမေ - ခဲတံကိုင်ပြီးမပြေးရဘူးသမီးလေး မျက်စိကိုထိုးမိရင် မျက်စိကန်းတတ်တယ်
သမီးလေး - ကန်းရင်ဘာဖြစ်မှာလဲ
မေမေ - ဘာမှမမြင်ရတော့ဘူးပေါ့ မျက်မမြင်ဖြစ်မှာပေါ့ မျက်မမြင်ကိုမြင်ဖူးတယ်မို့လား 
သမီးလေး - ဟိုနေ့ကကြည့်တဲ့ကားထဲမှာ မမကမျက်စိမမြင်ဘူး ကိုကိုကစကားမပြောတတ်ဘူး အနေတယ်
မေမေ - အေး  မျက်စိမမြင်တဲ့ဘဝကဘယ်လောက်ခက်ခဲလဲ သမီးတွေ့တယ်မို့လား
သမီးလေး - မျက်စိမြင်တဲ့သူတွေလည်း သူတို့လိုပါပဲ မမြင်ရတဲ့ဟာရှိတယ်
မေမေ - ဘာလဲ ပြောပါအုံး😳
သမီးလေး - လေကို မမြင်ရတာချင်းအတူတူပါပဲ 
မေမေ - ဟုတ်ပါပြီ😂
သမီးလေး - လေနဲ့ အငွေ့နဲ့တူလား
မေမေ - မတူပါဘူး
သမီးလေး - ဟုတ်တယ်အငွေ့ကမြင်ရပါတယ် ရေနွေးအိုးဆူတဲ့အခါမြင်ရပါတယ်
လက်ကပိုးကောင်တွေကိုတောင် microscopeနဲ့ကြည့်ရင်မြင်ရသေးတယ် 
လေကိုတော့ မေမေမွေးလိုက်ကတည်းကနေအခုထိ မမြင်ဖူးသေးဘူး ကိုင်တာလည်းမရဘူး 
မရှူပဲနေတော့လည်းမရဘူး ရှူနေရတယ်
😍😂

မေမေ - သမီးလေး ဒါကိုအိမ်ထဲမှာပြန်သွားထား 
သမီးလေး - မေမေပြန်ထားပေးပါ
မေမေ - သမီးယူလာတာသမီးပြန်ထားပေါ့ 
သမီးလေး - အိမ်တံခါးဖွင့်ပြီးဝင်ရအုံးမှာ
မေမေ - အဲ့ဒါဘာဖြစ်လဲ အိမ်ထဲဝင်တာ အိမ်တံခါးတော့ဖွင့်ဝင်ရမှာပေါ့
သမီးလေး - လက်ညောင်းနေလို့
မေမေ - လက်ကဘာလို့ညောင်းတာလဲ ဘာဖြစ်လို့လဲ ဘာလုပ်ထားလို့လဲ😳
သမီးလေး - နေ့တိုင်းဒီတံခါးကနေပဲဝင်ထွက်နေရတာ လက်ညောင်းနေပြီ
🙄😬😂

သမီးလေး - သမီးမျက်လုံးကောင်းတယ်မို့လားမေမေ
မေမေ - ကောင်းပါတယ် ဘာဖြစ်နေလို့လဲ
သမီးလေး - အကုန်လုံးသေချာမြင်ရတယ် နာလည်းမနာဘူး ယားလည်းမယားဘူး နီလည်းမနီဘူး
မေမေ - ဒါဖြင့် ဘာလို့ကောင်းလားလို့မေးတာလဲ
သမီးလေး - ခဲတံလိုက်ရှာတာ ခဲတံကိုစားပွဲပေါ်မှာတွေ့လိုက်ရဲ့သားနဲ့ သွားယူတော့မရှိတော့လို့ပြောတာကို ဖွားဖွားက သမီးအမြင်မှားတာနေမှာပါလို့ပြောလို့ 
သမီးမျက်လုံးကကောင်းနေတာကြီးကို ဒီကောင်းတဲ့မျက်လုံးနဲ့ပဲတွေ့ခဲ့တာခဲတံကို
😂

ဆံပင်ခြည်လေးတစ်ပင်တွေ့လို့ကောက်ပြီးပစ်မယ်အလုပ်
သမီးလေး - မေမေ ရပ် ရပ် ခုချက်ချင်းရပ်ပါ
မေမေ - ဟဲ့ဘာဖြစ်လို့လဲ လန့်လိုက်တာ
သမီးလေး - အဲ့ဆံပင်ခြည်က သမီးကောက်မလို့
မေမေ - သြော်.... ဒါများသမီးရယ်....အော်လိုက်တာအကျယ်ကြီးပဲသမီးကောက်ပြီးပစ်ပေးမလို့လား လိမ္မာတယ် ပစ် ပစ်
သမီးလေး - မပစ်ပါဘူး
မေမေ - မပစ်ဘဲဘာလို့ကောက်မှာလဲ😳
သမီးလေး - ဘယ်သူ့ခေါင်းကဆံပင်လဲဆိုတာမှန်းကြည့်မလို့
 ကောက်လား ဖြောင့်လား တိုလား ရှည်လား ဖြူလား မဲလား
စစ်လိုက်ရင်ရပြီ 
🙄😂

သမီးလေး - မေမေ ဒီမှာဖျာအစထွက်နေတယ် ခြေရင်းမှာ
မေမေ - ဟုတ်လား ခြေထောက်စူးမိနေမယ် သတိထားအုံး မေမေလာလုပ်ပေးမယ်
သမီးလေး - သမီးလုပ်လိုက်ပြီမေမေ
မေမေ - ဘာလုပ်လိုက်တာလဲသမီးက 
သမီးလေး - ဒီမှာကြည့်ကြည့်
မေမေ - ဘာလို့မဲနေတာလဲဖျာအစက... ဟယ်...ဆေးလိမ်းထားတာလား
သမီးလေး - ရွှေယုန်မင်းလူးထားတာ
မေမေ - ဆေးကို အဲ့လိုမဆော့ရဘူးနော် သမီးလေး
သမီးလေး - ဆော့တာမဟုတ်ဘူးမေမေ မတော်တဆစူးမိရင် ဆေးခံနေတော့သိပ်မနာတော့ဘူးလေ အဲ့ဒါကြောင့်
😂

သမီးလေး - မေမေ သမီးကိုခဲတံလေးကောက်ပေးပါလား
မေမေ - ခုံအောက်ထဲဝင်သွားလို့လား
သမီးလေး - ဒီမှာ
မေမေ - သမီးရှေ့မှာပဲ ကိုယ့်ကိုယ်ကောက်လေ 
သမီးလေး - မေမေကောက်ပေး
မေမေ - မကောက်ပေးဘူး ဒါလေးကောက်တာကိုယ့်ကိုယ်ကောက် မကောက်ချင်ရင်မရေးနဲ့ ရေးချင်ရင်ကောက် 
သမီးလေး - ခုနကပဲထမင်းစားထားလို့ပါ ထမင်းစားပြီးရင်မကုန်းရဘူးလို့မေမေပဲပြောထားပြီးတော့
မေမေ - 😂 ဒီခဲတံလေးကောက်တာတော့ တအောင့်လေးပဲကုန်းရမှာ ကောက်လို့ရတယ်ကောက် မေမေရေသွားသောက်လိုက်အုံးမယ်
သမီးလေး - မေမေ ဒီမှာသမီးပုံဆွဲနေပြီ
မေမေ - ဒီလိုမှပေါ့ လိမ္မာတယ်
ကိုယ့်ကြောင့်ဖြစ်တာကိုယ့်ကိုယ်ပြန်ကောက်ရတယ် ကောက်လို့မရမှသာအကူအညီတောင်း ဟုတ်ပြီလား 
သမီးလေး - သမီးကောက်တာမဟုတ်ဘူး
မေမေ - မေမေတို့ ၂ယောက်တည်းရှိတာ သမီးမကောက်ရင်ဘယ်သူကောက်မှာလဲ
သမီးလေး - ဝက်ဝံလေးကောက်ပေးတာ
ဝက်ဝံရဲ့လက်ကိုကိုင်ပြီးကောက်လိုက်တာ သမီးလက်နဲ့မထိဘူး
😬🙄😂

သမီးလေး - သမီးကြီးလာရင် ဆရာဝန်လည်းလုပ်မယ် စက်ရုပ်လည်းလုပ်မယ်
မေမေ - စက်ရုပ်ကြီးပါတီထွင်အုံးမယ်ပေါ့လေ
သမီးလေး - တီထွင်မှာမဟုတ်ဘူး သမီးကိုယ်လုံးကိုစက်ရုပ်ဖြစ်ချင်တာ
မေမေ - အမလေး 
သမီးလေး - စက်ရုပ်ဆိုရင်အလုပ်ဘယ်လောက်လုပ်လုပ် မမောတော့ဘူးလေ အဲ့ဒါကြောင့်
😂

သမီးလေး - သမီးနားပိတ်ထားတယ် မကြားဘူး မကြားဘူး
မေမေ - တကယ်မကြားဘူးပေါ့
သမီးလေး - မကြားဘူး
မေမေ - မကြားဘူးဆိုပြီးဘာလို့ပြန်ဖြေသေးလဲ😂
သမီးလေး - သမီးဖြေတာမဟုတ်ဘူး သမီးပါးစပ်ထဲသူများကအသံလာထည့်ပြီးဖြေသွားတာ
😂(အဲ့မှာမနိုင်နိုင်အောင်တစ်ယောက်တည်းပြောနေလိုက်တော့)

သမီးလေး - ဒီနေရာကကျောက်ပြားက ဘာလို့ဘေးကကျောက်ပြားတွေနဲ့မတူတာလဲမေမေ
မေမေ -  ဪ အဲ့တစ်ခုကကွဲသွားလို့အသစ်လဲထားတာ မူလကျောက်ပြားပုံစံကမရှိတော့လို့ အနီးစပ်ဆုံးတူတာဝယ်ကပ်ထားတာ
သမီးလေး - ဒါကအိမ်ရဲ့အမာရွတ်ပဲမေမေ
😍😂

မေမေ - အဲ့ဒါရပ်လိုက်တော့သမီးလေး ရေချိုးဖို့နောက်ကျနေပြီ
သမီးလေး -ခဏလေးမေမေ
မေမေ - ခုနတည်းကခဏလေးလို့ပြောပြီးပြီလေ လာတော့ကြာနေပြီ
သမီးလေး - သမီးပြောတာကျန်သွားလို့
မေမေ - ဘာကျန်လို့လဲ
သမီးလေး - သမီးပြောတဲ့ခဏလေးဆိုတာ အကြာကြီးခဏလေးကိုပြောတာ ရိုးရိုးခဏလေးမဟုတ်ဘူး
🙄😂

သမီးလေး - လိပ်ပြာကိုရယ်ချင်တယ်
မေမေ - ဘာများရယ်စရာကောင်းလို့လဲ
သမီးလေး - ကြီးလာမှချိုချိုစို့လို့ ငယ်ငယ်တုန်းကကျတော့သစ်ရွက်တွေစားတယ်
😂

မေမေ - အုန်းပင်တွေဘယ်လိုဖြစ်တာလဲသမီးလေး အုန်းလက်တွေကိုဘာလို့ဖြုတ်လိုက်တာလဲ
သမီးလေး - Gorillaတွေကိုပေးလိုက်တာ သူတို့အိမ်မှာအမိုးမိုးဖို့ နေ့လယ်ဆိုနေထိုးလို့တဲ့ 
မေမေ - သြော်.... ပြီးရင်ပြန်တပ်နော် အုန်းပင်လေးပျက်သွားအုံးမယ်
သမီးလေး - တပ်လို့မရတော့ဘူး ပင်စည်ကိုသစ်တောက်ငှက်တွေစားဖို့ပေးလိုက်ပြီ
🙄😂

သမီးလေး - ဖေဖေ့ကိုနှိုးပေးပါအုံးမေမေ
မေမေ - အိပ်ပျော်နေတာသွားမနှိုးပါနဲ့တော့သမီးရယ် သမီးလည်းအိပ်တော့ ၁၂တောင်ထိုးတော့မယ်
သမီးလေး - ခဏနှိုးပေးပါ 
မေမေ - သမီးကိုယ်တိုင်နှိုး မေမေမနှိုးချင်ဘူး
သမီးလေး - ဖေဖေကနှိုးရင်မကြိုက်ဘူး သမီးမနှိုးချင်ဘူး
မေမေ - အဲ့ဒါဆို မေမေ့ကိုလည်းမနှိုးခိုင်းနဲ့လေ နေပါဦး ဘာဖြစ်လို့ဖေဖေ့ကိုနှိုးမှာလဲ မေမေလည်းသမီးနဲ့ဆော့ပေးနေတာပဲကို
သမီးလေး - သမီးလည်းဖေဖေ့အစားနှိုးတာဖေဖေ့ကို အရေးကြီးလို့
မေမေ - ဖေဖေ့အစားနှိုးတာ ဟုတ်လား 😳
သမီးလေး - ဟုတ်တယ် ဖေဖေညဘက်မျက်စဥ်းဆေးခတ်တာမတွေ့သေးဘူး မျက်စိနာတာမပျောက်မှာစိုးလို့ နှိုးပြီးခတ်ခိုင်းမှရမယ်
😳😍😘
မေမေ - ဟုတ်သားပဲ မေမေမျက်စဥ်းဆေးသွားယူလိုက်အုံးမယ် ပြီးမှနှိုးမယ်
သမီးလေး - မေမေခဏလေးမနှိုးသေးနဲ့အုံး
မေမေ - ဘာဖြစ်ပြန်တာလဲ
သမီးလေး - မေမေယူလာတဲ့မျက်စဥ်းဆေးကပိုးသတ်ဆေးမပါဘူး
မေမေ - ဟုတ်သားပဲမေမေအိပ်ချင်မူးတူးနဲ့ယူလာတာ 
အမယ် သမီးကဘယ်လိုလုပ်သိလဲ😳
သမီးလေး - မျက်ရည်စက်အရောင်ကိုမှတ်ထားတာ ဒီမျက်ရည်စက်အပြာကဆေးမပါဘူး မျက်စိအေးအောင်ခတ်တာ အရင်တည်းကအိမ်မှာရှိနေတာ
မျက်ရည်စက်လိမ္မော်ကမှဆေးပါတာ 
😳😍😘

သမီးလေး - ပစ္စည်းတွေထဲမှာ ရှင်တာရှိတယ် သမီးသိပြီ
မေမေ - ပစ္စည်းကဘယ်ဘိုလုပ်ရှင်မှာလဲ
သမီးလေး - ရှင်တယ် လှုပ်လို့ရတယ် ဖြုတ်လို့လည်းရတယ် 
အဲ့ဒါ ဘီးပဲ
😂

သမီးလေး - မေမေတို့ ဖွားဖွားတို့ မျက်လုံးခဏမှိတ်ထားပေးပါ
မေမေ - ဘာလို့လဲ
သမီးလေး - သမီးတက်စရာရှိလို့ မေမေတို့မြင်ရင် ပြုတ်ကျလိမ့်မယ်လို့ထင်မှာစိုးလို့ 
တက်နေတုန်းပြုတ်ကျမယ်လို့ပြောတာမကြိုက်ဘူး
တကယ်ကျမှကျတယ်လို့ပြောတာပဲကြိုက်တာ
🙄

သမီးလေးတစ်ယောက် ထမင်းဟင်းချက်ရောင်းတယ်ပေါ့
ဒီမေမေကလာဝယ်စားတယ်ပေါ့ ဆော့ကြရာ
မေမေ - ကြက်ဘူးဟင်းတစ်ပွဲ ထမင်းတစ်ပွဲပေးပါ
သမီးလေး - ဟုတ်ကဲ့ပါ
ဒီအိုးလေးတွေကလေ ကျမဆေးပြီးလို့မှောက်ထားတာ

ခုနကလာစားတဲ့သူတွေအတွက်ချက်ထားတားတာတာာ

ကျမဆိုင်မှာချက်တဲ့ထမင်းကအရမ်းကောင်းတာ
ထမင်းချက်ပြီးရင်ကျမကကောင်းလားမကောင်းလား အရင်မြည်းကြည့်တာ တစ်ခါတလေကျရင်ထမင်းကမကောင်းဘူးလေ မြည်းကြည့်လို့ကောင်းတယ်ဆိုမှကျွေးတာကျမက
မေမေ - စကားမများဘဲဟင်းချက်လို့မရဘူးလားဆိုင်ရှင်
သမီးလေး - ကျမဆိုင်မှာနောက်ကိုလည်းလာဝယ်စားအောင်လို့ အားပေးနေတာပါ
😂


သမီးလေး - မေမေ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကြိုက်တာတူကြလား
မေမေ - တူတာလည်းရှိသလို မတူတာလည်းရှိတာပေါ့
သမီးလေး - မေမေနဲ့သမီးနဲ့လည်းအဲ့လိုပဲပေါ့
မေမေ - အင်းပေါ့
သမီးလေး - သမီးကအေးတာကြိုက်တာ မေမေနဲ့မတူဘူး အနွေးထည်နဲ့ခေါင်းစွပ်ချွတ်လိုက်တော့မယ်
🙄😂(မနက်၆နာရီခွဲ ခြံထဲလေအေးတိုက်နေချိန်မှာပေါ့)


သမီးလေး - ပြောင်းဖူးပြုတ်တာကြည့်ချင်တယ်မေမေ မမြင်ရဘူး
မေမေ - မေမေချီပြမှာပေါ့
သမီးလေး - တွေ့သွားပြန်ပြီမေမေ
မေမေ - တွေ့အောင်လို့မေမေချီပြတာပေါ့သမီးရဲ့ အဲ့ဒါပြုတ်တာမဟုတ်ဘူး ရေနွေးငွေ့နဲ့ပေါင်းထားတာ
သမီးလေး - ပြောင်းဖူးကိုပြောတာမဟုတ်ဘူး
မေမေ -  ပြောင်းဖူးပြတာပြောင်းဖူးမတွေ့ဘဲဘာတွေ့မှာလဲသမီးရဲ့
သမီးလေး - မေမေချီလိုက်မှ ဟိုဘက်စင်ပေါ်မှာမေမေဖွက်ထားတဲ့
vicksသကြားလုံးဘူးလေးသမီးလှမ်းမြင်လိုက်ရလို့
မေမေပြောတော့ကုန်သွားပြီဆို
😬🙄ပြောင်းဖူးကြည့်ချင်တာရောဟုတ်ရဲ့လားကွယ်😂

ဏက seesawနဲ့တူတယ်
ရကောက် နဲ့ နငယ်က လူမတ်တပ်ရပ်နေတာနဲ့တူတယ်
ထဆင်ထူးက မျက်မှန်နဲ့တူတယ်
အဲ့ဒါကြောင့်
ရကောက် နဲ့ နငယ်က ထဆင်ထူးတပ်ပြီး ကစားကွင်းမှာ seesawသွားစီးကြမှာမေမေရဲ့
😂😂😂


ဝလုံးကသမီး ဝင့်ဝါအိမ့်ဖူး
ဝလုံးရဲ့အနောက်မှာ သရှိတယ်
သက မေမေသဥ္ဇာသိန်း
သမီးတို့ရဲ့ရှေ့မှာ ဖိုးလမင်းရှိတယ် လ
ဖိုးလမင်းရဲ့ရှေ့မှာ ရကောက် ရထားကြီးရှိတယ်
အဲ့ဒါကြောင့် သမီးတို့က ရထားစီးပြီး ဖိုးလမင်းဆီသွားကြမယ်
ဒီနေ့လိုလပြည့်နေတဲ့ဖိုးလမင်းဆီတော့မသွားချင်ဘူး
လတစ်ဝက်ပဲရှိတဲ့ဖိုးလမင်းဆီသွားမယ်
မေမေ - ဘာလို့လဲသမီးရဲ့
သမီးလေး - လပြည့်နေရင် လကဝိုင်းစက်နေတော့ သမီးတို့ထိုင်ရင်ပြုတ်ကျမှာစိုးလို့
တစ်ဝက်ပဲရှိတဲ့လမှ ထိုင်လို့ကောင်းမှာ
😂😂😂


သမီးလေးကိုသကြားလုံး ၂ လုံးပေးနေတုန်းမှာ သမီးလေးကလှမ်းယူရင်းချောင်းဆိုးသွားတယ်
ဆိုးပြီးပြီးချင်းမှာပဲ ဆက်ပြောတယ်လေ
သကြားလုံးကသမီးလက်ထဲမှာပဲရှိသေးတယ်နော် သကြားလုံးစားလို့ချောင်းဆိုးတာမဟုတ်ဘူးနော် သူ့သူဆိုးတာနော် တဲ့
🙄😂


ဖိုးဖိုးထူး - ကလေးလေး ပူရှိန်းသကြားလုံးဝါးနေပြန်ပြီလား နေ့လ​ယ်ကပဲစားထားသေးတယ်လေ အများကြီးစားလို့မကောင်းဘူး
သမီးလေး - သမီးဝါးတာမဟုတ်ဘူး
သွားက သူ့သူလေ့ကျင့်ခန်းလုပ်နေတာ
🙄😂


မေမေ - သမီးရယ် အရုပ်မအိမ်လေးထဲကပရိဘောဂတွေကို

သပ်သပ်ရပ်ရပ်လှလှပပလေးစီထားပါလား ရှုပ်ပွနေတာပဲ

သမီးလေး - ငလျင်လှုပ်သွားတာမေမေရဲ့
🙄😂


မေမေ - သမီးရေ မေမေလုပ်ပေးထားတဲ့ ၃ထပ်တိုက်လေးဘယ်ရောက်သွားလဲ
သမီးလေး - ရောင်းလိုက်ပြီ
မေမေ - 😂ဟုတ်လား ဘယ်လောက်နဲ့ရောင်းလိုက်တာလဲ
သမီးလေး - ၆သိန်း
မေမေ - အများကြီးရတာပဲ😁 အဲ့ပိုက်ဆံတွေကိုဘယ်မှာသုံးမှာလဲ
သမီးလေး - မသုံးဘူး အဲ့ပိုက်ဆံကိုပြန်ရောင်းမှာ ပိုက်ဆံပိိုရအောင်လို့
ရလာတဲ့ပိုက်ဆံကိုလည်းထပ်ရောင်းမှာ ပိုက်ဆံတွေအများကြီး အများကြီးရအောင်လုပ်မှာ
😂😂


မေမေ - ပုံပြင်ပြောပြမယ်ဆို စပြောလို့ရပြီသမီးလေး
မေမေနားထောင်တော့မယ်
သမီးလေး - ပြောမယ်
ဟိုးရှေးရှေးတုန်းက တယ်လီဖုန်းတစ်ခုရှိတယ်
သူ့ကိုလူတစ်ယောက်ကတွေ့သွားပြီးအားသွင်းလိုက်တဲ့အခါသူကလန့်ပြီးထွက်ပြေးသွားတယ် ထွက်ပြေးရင်းနဲ့သူကအားကုန်ပြီးအိပ်ပျော်သွားတယ်
သူလမ်းမှာအိပ်ပျော်နေတာကို ရဲကတွေ့သွားပြီးခေါ်သွားတော့တယ်
တိုတိုလေးကတော့ ပုံပြင်လေးပါပဲရှင်

😂


မေမေ - ဝလုံးကိုအပေါ်ကပွင့်လိုက်ရင်ဘာလဲ
သမီးလေး - ပ
မေမေ - ပ ကို အပေါ်မှာအချိုင့်လေးလုပ်လိုက်ရင်ဘာဖြစ်သွားလဲ
သမီးလေး - အင်္ကျီ 
🙄😂


သမီးလေး - ရေပြည့်သွားပြီမေမေ
မေမေ - မေမေရေမဖွင့်ထားပါဘူး
သမီးလေး - ရေဆာနေတဲ့အချိန်မှာရေသောက်လိုက်တာ ရေပြည့်သွားပြီလို့ပြောတာ
မဆာဘဲသောက်ရင်ခုလိုရေမပြည့်ဘူးမေမေ
မေမေ - 😂အေအေ ဆာမှပဲသောက် အတင်းမတိုက်တော့ဘူး🙄

ရေဆာပြေသွားတယ်လို့ပြောရတယ်သမီးရဲ့


သမီးလေး - သကြားလုံးစားချင်တယ်မေမေ ၃လုံးစားမယ်
မေမေ - ၂လုံးပဲစားနော်
သမီးလေး - ဟုတ်
မေမေ - ရော့  ၂လုံး
သမီးလေး - မေမေ သမီးအခုမှစဥ်းစားမိတယ်
မေမေ - ဘာကိုလဲ
သမီးလေး - ဒီ ၂လုံးစားပြီးရင် မေမေနဲ့သမီးနဲ့အတူတူ တစ်ယောက်တစ်လုံးစားကြရအောင် မေမေနဲ့အတူတူစားချင်လို့
အဲ့လို့စဥ်းစားမိသွားတယ်

🙄😬😂


ဖွားဖွားကြီး - ကိုဗစ်မရှိတော့တဲ့အခါကျမှ ဖွားဖွားနဲ့ ငါ့မြေးနဲ့လျှောက်သွားကြမယ်နော်
သမီးလေး - သမီးကတော့ ကိုဗစ်မရှိတော့မှမသွားဘူး
ဖွားဖွားကြီး - အခုချိန်သွားလို့မှမရတာမြေးရဲ့
သမီးလေး - ကာကွယ်ဆေးထိုးပြီးတာနဲ့သွားမှာ
ကိုဗစ်သေသွားတာကိုမစောင့်ဘူးသမီးကတော့
😂


rate now: