မေမေ - သမီးလေးရဲ့လက်ကောက်ဝတ်မှာ သွေးကြောလေးတွေထင်းနေတာပဲ လက်ဝါးမှာရောပဲ
တွေ့လားသမီးလေးစိမ်းစိမ်းလေးတွေ အဲ့ဒါသွေးကြောလေးတွေလေ
သမီးလေး - တွေ့တယ် သမီးက အဲ့ဒါအထဲကလက္ခဏာထင်နေတာ
😂
ဆေးရောင်တူတူခြယ်နေရင်းနဲ့
သမီးလေး - မေမေတည့်သွားပြန်ပြီတော့
မေမေ - ဘာတည့်တာလဲ
သမီးလေး - သမီးနဲ့
မေမေ - သမီးနဲ့တည့်သွားပြန်ပြီလို့ပြောတာလား
သမီးလေး - ဟုတ်တယ် ခုနက မေမေမတည့်ဘူးလေ မေ့သွားပြီလား
🙄(သူစကားနားမထောင်တာကျမပါဘူး)😂
သမီးလေး - မေမေ သမီးဘာအနံ့မှမရဘူး
မေမေ - တကယ်လား 😳 သေချာရှူကြည့်ပါအုံး
သမီးလေး - တကယ်မရဘူး အရသာလည်းမရှိဘူး
မေမေ - ကိတ်မုန့်တောင်အရသာမရှိဘူး ဟုတ်လား 😳
သမီးလေးနေလည်းကောင်းရဲ့သားနဲ့ နှားလည်းမစီး ချောင်းလည်းမဆိုးပါဘူး
သမီးလေး - သမီးက ရေကိုပြောတာ ရေနွေးကမှနည်းနည်းအရသာရှိသေးတယ် မွှေးလည်းမွှေးတယ် သမီးရေနွေးကြမ်းပဲသောက်ချင်တယ်
😷😂
မေမေ - ကျောင်းမှာဆို သူငယ်ချင်းတွေရော ဆရာမတွေရောရှိတော့ သမီးလေးအရမ်းပျော်မှာ အိမ်တောင်ပြန်ချင်မှာမဟုတ်ဘူး
(ကျောင်းတက်ချင်အောင်ပြောရတာ😁)
သမီးလေး - သူငယ်ချင်းတွေ ဆရာမတွေနဲ့ပျော်နေရင်းနဲ့လည်း
မေမေ့ကိုချစ်နေမှာပါ
😳😘😭😍သူကပြန်နှစ်သိမ့်😂
ဖွားဖွားဝေ - ဒီနေ့မိုးရွာမလားမသိဘူး မိုးသားတော့မတွေ့တော့ဘူး
သမီးလေး - တိမ်ဂျီးကွက်တွေရှိရင်လည်းမိုးရွာတယ်ဖွားဖွား
ဖွားဖွား - ဂျီးကွက် (ချေးကွက်)ဟုတ်လား
သမီးလေး - ဟုတ်တယ်မေမေပြောတယ် တိမ်မှာဂျီးကွက်တွေအများကြီးဖြစ်ရင်မိုးရွာတော့မှာတဲ့
ဖွားဖွား - တိမ်ဂျီးကွက်ကဘယ်လိုမျိုးလဲ😳
သမီးလေး - တိမ်ကကွက်ကွက်ကွက်ကွက်လေးတွေပေါ်တာ
မေမေ - ဟုတ်တယ် သူ့ကိုတိမ်ငါးကြင်းကွက်ပုံပြတုန်းက
မိုးရွာတတ်တယ်လို့ပြောထားမိတာ
😁😂
သမီးလေး - မေမေ နေ့လယ်စာစားပြန်ပြီလား
မေမေ - ဟယ် မေမေခုမှစားတာပါ မစားရသေးပါဘူး
သမီးလေး - မနေ့ကနေ့လယ်ကလည်းစားပါသေးတယ်
🙄😬ဟဲ့😂
သမီးလေး - မေမေ အရက်ပြန်မှာဘာလို့အစပ်ထည့်ထားတာလဲ
မေမေ - အစပ်လား မထည့်ထားပါဘူး
သမီးလေး - သမီးအနာနဲ့ထိတဲ့အခါဆိုရင် သူကစပ်မှန်းသမီးသိပါတယ်
😂
ဖွားဖွား - နင့်အမေဘာတွေဆိုနေလဲ
သမီးလေး - မူးယစ်ဆေးသီချင်း
ဖွားဖွား - မူးယစ်ဆေးဟုတ်လား
သမီးလေး - စံပယ်ဖြူပွင့်တွေခြောက်သွားရင်မူးယစ်ဆေးတဲ့
🙄😬🙄
မင်းပေးတဲ့စံပယ်ဖြူပွင့်တွေလည်းနွမ်းခြောက်သွားခဲ့ပေမဲ့ ရင်မှာမွှေးနေဆဲ (မီးမီးခဲရဲ့ အမှတ်တရလေးများသီချင်း)
စံပယ်ပန်းခြောက်တာထိမှန်ပါတယ်
မွှေးနေဆဲကမူးယစ်ဆေးဖြစ်သွားတာ😂
သမီးလေး - မေမေ လက်ပိုင်ကဝါရှိလား
မေမေ - လက်ပံကအနီပဲရှိတာ
(TVမှာလက်ပံဇာတ်ကားပြလို့ ကြည့်ထားတာမကြာသေးသောမေမေ 😁 ရုံတင်တုန်းကမကြည့်ရလို့ ဖွေးဖွေးအကယ်ဒမီရတဲ့ကားလေး)
သမီးလေး -သမီးဟင်းချက်တမ်းကစားရင်းသုတ်မလို့
မေမေ - ရတာပေါ့ သူ့ကိုသုပ်စားလို့ရတယ်
သမီးလေး - မြန်မြန်ပေးတော့မေမေ သမီးဟင်းစချက်တော့မယ်
မေမေ - အိမ်မှာမှမရှိတာ လက်ပံပွင့်က
သမီးလေး - အနီရောင်လေးရှိတယ်ဆို ဗီဒိုထဲမှာလား သမီးကိုယ့်ကိုယ်ခုန်နဲ့တက်ပြီးယူလိုက်တော့မယ် (စိတ်ကလည်းမြန်ပါ့)
👇👇👇
ဟင်းချက်တမ်းကစားရင်း ဟန်ဆောင်လက်ပေပြီးဟန်ဆောင်သုတ်ဖို့ သူ့သူတက်ယူသွားလေရဲ့လက်ကိုင်ပဝါအနီရောင်လေး😂
မေမေ့ရဲ့လက်ပံပွင့်အနီလေးတောင်မသိလိုက်ဘူး🙄
မေမေကတော့သူပြောတဲ့လက်ပိုင်ကဝါကိုကောင်းကောင်းသိလိုက်လို့တော်ပါသေးတယ်😁😁😂
ဖွားဖွား - အငယ်မရေ မျက်မှန်လေးယူပေးပါအုံး
သမီးလေး - သမီးယူပေးမယ် သမီးယူပေးမယ် ဖွားဖွား
ဖွားဖွား - အငယ်မရေ ဒါလေးသွားထားပေးပါအုံး
သမီးလေး - သမီးထားပေးမယ် သမီးထားပေးမယ်
ဖွားဖွား - ငါ့မြေးလေးကအရမ်းလိမ္မာတာပဲ ဖွားဖွားကိုလုပ်ပေးချင်တယ်
သမီးလေး - သမီးကမေမေ့ကိုတစ်ယောက်ယောက်က ခိုင်းရင်မကြိုက်ဘူး သမီးပဲလုပ်ပေးမယ် မေမေဘာမှမလုပ်ရဘူး
ဖွားဖွား - အိုး သူ့အမေကိုသိတတ်နေလိုက်တာ ကြည့်ပါအုံး မေမေ့ကိုအဲ့လောက်တောင်ချစ်တာလား အငယ်မရေနင်တော့အားကိုးရပြီ
သမီးလေး - မေမေကသမီးခိုင်းဖို့အတွက်ပဲ
🙄😬😬😬😂
မေမေ - ကုန်းပေါ်ကယာဥ်တွေစုံသလောက်ရှိပြီသမီးပြောတာ
အခုလေထဲကသွားတဲ့ယာဥ်တွေသမီးသိသလောက်ပြောပါအုံး
သမီးလေး - လေယာဥ်ပျံ ၊ helicopter၊ ပန်းကန်ပြားပျံ၊ ဒုံးပျံ
မေမေ - ဟုတ်တယ် ဒီတစ်ခါ ရေထဲ
သမီးလေး - ကျန်သေးတယ် တံမြက်စည်း၊ ကော်ဇော
🙄😂
မေမေ - သမီးလေး ဘာလို့ ဖက်ခေါင်းအုံး ၃လုံးလုံးယူထားတာလဲ
သမီးလေး - သမီးက ၃လုံးနဲ့မှရမှာ
မေမေ - ဘာလို့လဲ
သမီးလေး - ပူလို့
မေမေ - ပူရင်ဘာမှမဖက်နဲ့လေ ဖက်တော့ပိုပူတာပေါ့
သမီးလေး - ပူလို့ ၃လုံးယူထားတာ
မေမေ - ဘယ်လိုဘယ်လို
သမီးလေး - ဖက်ခေါင်းအုံးကဖက်လိုက်ရင် ခဏနေရင်ပူသွားရော ပူသွားရင်နောက်တစ်လုံးအေးတာဖက်မှာ အဲ့ဒါလည်းခဏနေပူသွားတယ် အဲ့အခါ နောက်တစ်လုံးအေးတာထပ်ဖက်မှရမှာ
ဖက်ခေါင်းအုံးတွေကိုမထိနဲ့အုံးနော်မေမေ ပူသွားမှာစိုးလို့
😂 (ဖက်ခေါင်းအုံးက ၃လုံးပဲရှိလို့သာတော်တော့တယ်အေ)😂
အိမ်မှာ
👉ခြင်ကိုက်လို့ယားလည်းတော်ရုံဆိုမကုတ်ရဲဘူး
ကုတ်တာနဲ့ သမီးလေးတစ်ယောက်အနားကနေပျောက်သွားပြီး caladrylဘူးနဲ့အတူပြန်ပေါ်လာပြီးအတင်းလိမ်းခိုင်းတော့မယ်လေ
👉လေလည်းမတက်ရဲဘူး
လေဆေးသောက်မှရမယ်ဆိုပြီး ဆေးသေတ္တာဘူးနဲ့အတူပြန်ပေါ်လာတယ်လေဘ
👉ကြို့လည်းမထိုးရဲဘူး
ရေခွက်နဲ့အတူပြန်ပေါ်လာတယ်လေ (အပြေးအလွှားသယ်လာတော့ လမ်းမှာရေတွေဖိတ်လို့)
👉နှာလည်းမချေရဲသလောက်ပဲ
ဖျားတော့မှာဆိုပြီး အဖျားတိုင်းဖို့ ဆေးတိုက်ဖို့ ဆေးသေတ္တာဘူး နဲ့အတူပြန်ပေါ်လာတယ်လေ
👉ဒဏ်ရာကသွေးခြေဥရုံလေးဆိုလည်းမရဘူး
Betadineဘူးရယ် Hansaplastရယ်
နဲ့အတူပြန်ပေါ်လာတယ်လေ
👉သူ့ရှေ့မှာလည်းတစ်ခုခုနဲ့မတိုက်မိရဲဘူး
အထဲမှာဒဏ်ဖြစ်တော့မယ်ဆိုပြီး ပတ်တီးရယ် ဒဏ်ကြေလိမ်းဆေဘူးးရယ်နဲ့အတူ ပြန်ပေါ်လာတယ်လေ
👇👇👇
ဆေးသေတ္တာဘူးလည်းမသိမ်းရဲဘူး
အာခေါင်ခြစ်ငိုတယ်လေ
🙄😬😍😂
ပိုဆိုးတာက အိမ်သာကထွက်လာရင်လည်း (ကန်တော့🙏)
အရည်လား အပျော့လား အမာလား မေးတယ်လေ😬😬😬
ဘာလို့မေးတာလဲဆိုရင် အရည်များဖြစ်ခဲ့ရင် Bioflorတို့ ဓာတ်ဆားတို့ကိုဖျော်ပြီးတိုက်မလို့တဲ့🙄😬😂
သမီးလေး - မေမေရေ သမီးရဲ့ ဒီကစားစရာလေးတွေက ကွာနေတာနဲ့ ပဲ့နေတာနဲ့ ဒါပေမဲ့ကောင်းတော့ကောင်းသေးတယ် ပေးလိုက်တော့မယ်
မေမေ - ကောင်းတယ် ကောင်းတယ်
ငါးသည်ငါးလာပို့တဲ့အခါကျရင် သူ့သားလေးကစားဖို့ထည့်ပေးလိုက်မယ်
သမီးလေး - သမီးက ဖွားဖွားကိုပေးလိုက်တော့မယ်လို့ပြောတာ
မေမေ - ဘာကိစ္စဖွားဖွားကိုပေးမှာလဲ ဘာတွေပြောနေတာလဲ
သမီးလေး - ဖွားဖွားကော်နဲ့ပြန်ကပ်ပေးရင်ကောင်းသွားမှာ
🙄😂
သမီးလေး - မေမေ အသီးသည်အော်နေတာ မေမေကြိုက်တဲ့ထောပတ်သီးလည်းပါတယ်
မေမေ - ဟုတ်တယ်သမီးလေး မေမေလည်းကြားတယ်
သမီးလေး - ဆောင်းရာသီစရောက်ပြီလေ မေမေဝယ်စားလို့ရပြီ ဝယ်စားလေမေမေ
မေမေ - ဆောင်းရာသီဟုတ်လား
သမီးလေး - ဟိုတစ်ခါမေမေပြောတယ်လေ ဆောင်းရာသီ
ရောက်မှ ပေါမှဝယ်စားတော့မယ်ဆို
အခုဆိုမေမေဝယ်စားနိုင်လောက်ပြီ
ဖေဖေကြိုက်တဲ့စတော်ဘယ်ရီသီးတော့မပါဘူး
မေမေ - သမီးလည်းစားမယ်ဆိုရင်ဝယ်မယ်လေ တူတူစားကြမယ်
သမီးလေး - သမီးကထောပတ်သီးကိုဗိုက်ပူပူလေးမို့ချစ်တယ် ဒါပေမဲ့အရသာမကြိုက်ဘူး
သမီးကပျစ်ပျစ်သီးပဲကြိုက်တာ
😍
မေမေ - သမီးလေးနော် အဲ့လိုမလုပ်ရဘူးလို့ပြောထားတယ်လေ ပြုတ်ကျရင် ခေါင်းကွဲမယ်
သမီးလေး - လုပ်ချင်တာကိုးမေမေရဲ့ ပြောပြန်ပြီမေမေ့ကိုအဲ့လို မေမေခဏခဏမပြောချင်ဘူးနော် အခုရပ်လိုက်နော် ထပ်မပြောဘူးနော် မရပ်ရင်မေမေ့ကိုမချစ်လို့ပဲနော်
မေမေ - 🙄🤐😂
သမီးလေး - လုပ်ချင်ပေမဲ့ချစ်တော့အခုပဲရပ်ပြီမေမေ
မေမေရုပ်ဆိုးနေတယ် သမီးကိုပြုံးပြမှဖြစ်တော့မယ်
မေမေ - လိမ္မာတဲ့သမီးလေး မေမေ့ဆီလာပါအုံး😍
သမီးလေး - အခုချစ်သွားပြန်ပြီလားသမီးကို
😂
သမီးလေး - မေမေ သမီးရဲ့နဖူးနာသွားတယ်
မေမေ - ဟုတ်လား ဘယ်လိုဖြစ်လို့နာသွားတာလဲ
သမီးလေး - နံရံနဲ့ဆောင့်မိတာ
မေမေ -နောက်ဆိုသတိထား
သမီးလေး - သတိထားလည်းမရဘူး
မေမေ - ဘာဖြစ်လို့မရရမှာလဲ
သမီးလေး - နှာကချေချင်တဲ့အချိန်ချေတာ
မေမေ - နှာချေတာနဲ့ဘာဆိုင်လဲ
သမီးလေး - သမီးနံရံနားရောက်နေတဲ့အချိန်မှာ နှာချေလိုက်လို့ခေါင်းဆောင့်တာ
😂
သမီးလေး - မေမေ ခေါက်ဆွဲကြော်မှာဘာလို့ကြက်ဥတို့ကြက်သားတို့ပါနေတာလဲ
မေမေ - ဘာလို့လဲ မစားချင်လို့လား
ချင်လို့လားဟုတ်ပါဘူး ခေါက်ဆွဲနဲ့မလိုက်လို့
မေမေ - လိုက်ပါတယ်သမီးရဲ့
သမီးလေး - ခေါက်ဆွဲကမျှစ်နဲ့မှလိုက်တာမေမေရဲ့
😂
မေမေ - အဲ့အုပ်ထုပ်လေးဆောင်းလိုက်တာ ဘိုမနဲ့တူသွားတယ်သမီးလေးက
သမီးလေး - ABCDမကိုပြောတာလား
😂
သမီးလေး - မေမေ ဟိုးမှာ သမီးတွေ့နေရတယ်
မေမေ - ဘာကိုလဲ
သမီးလေး - တယ်လီဖုန်းရဲတိုက်ကို
မေမေ - အဲ့ဒါ ရဲတိုက်မဟုတ်ဘူး တာဝါတိုင် တယ်လီဖုန်းတာဝါတိုင်
😂
သမီးလေး - မေမေ radioကရုပ်လည်းမမြင်ရဘူးနော်
မေမေ - ဟုတ်တယ် TVမပေါ်ခင်တုန်းကဆို
radioကအသံပဲနားထောင်ကြရတာ TVပေါ်လာမှ ရုပ်လည်းမြင်ရ အသံလည်းကြားရလို့ TVကိုရုပ်မြင်သံကြားလို့လည်းခေါ်တယ်
သမီးလေး - တယ်လီဖုန်းလည်းရုပ်မြင်သံကြားပဲပေါ့
မေမေ - တယ်လီဖုန်းပြောရင်အသံပဲကြားရတာလေ internetဖွင့်မှရုပ်ပါမြင်ရတာ
သမီးလေး - အဲ့ဒါဆို TVက ရုပ်မြင်သံကြား
တယ်လီဖုန်းက အင်တာနက်ရုပ်မြင်သံကြားပေါ့
😂(ဇွတ်နော်🙄😂)
သမီးလေး - ကကြီး ခခွေးက အမှာဆုံးတယ်
ABCDက Zမှာဆုံးတယ်
၁၂၃၄ကဘယ်မှာဆုံးတာလဲမေမေ
မေမေ - ဂဏန်းတွေကတော့အဆုံးမရှိဘူးသမီးရဲ့
သမီးလေး - မရှိဘူးဆိုတော့Zeroပဲပေါ့မေမေရဲ့
😂
အိမ်နားကသမီးလေးကိုအရမ်းချစ်တဲ့အန်တီကသမီးလေးကိုမေးတယ်
အန်တီ - သမီးလေးမွေးနေ့မှာဘာကျွေးမလဲ
သမီးလေး - ဒိန်ချဥ်နဲ့အာလူးကြော်ကျွေးမယ် (သူကြိုက်တာသူကျွေးတာ😂)
အန်တီ - အန်တီဘာလက်ဆောင်ပေးရမလဲ သမီးလေးဘာလိုချင်လဲ
သမီးလေး - သစ်ပင်အကြီးကြီးလိုချင်တယ်
အန်တီ - သစ်ပင်ဟုတ်လား သမီးကသစ်ပင်ချစ်တတ်သားပဲ ကောင်းတယ်ကောင်းတယ်
သမီးလေး - အကြီးကြီးနော် အပင်ပေါ်တက်ချင်လို့
😍😂
သမီးလေး - မေမေ မွှေးတဲ့အနံ့ရတယ်
မေမေ - ဟုတ်တယ် မွှေးလိုက်တာ
သမီးလေး - ရိုးရိုးမွှေးတာမဟုတ်ဘူး တအားမွှေးတာ အရမ်းမွှေးတာ အများကြီးမွှေးတာ
မေမေ - ဟုတ်တယ် အရမ်းမွှေးတယ်
သမီးလေး - အဲ့လိုမွှေးတာကိုခေါ်တာရှိပါတယ် သမီးသိတယ်
မေမေ - အဲ့ဒါမုန့်ဖုတ်တဲ့အနံ့လေ
သမီးလေး - ဘာအနံ့လဲကိုပြောတာဟုတ်ဘူး မွှေးတာကိုပြောတာ အရမ်းမွှေးတာကိုပြောတာ
သိပြီ သိပြီ
မွှေးကြိုင်နေတာလို့ခေါ်တယ်
😍😂(ဟုတ်ကဲ့မှတ်ထားပါ့မယ်😁😂)
သမီးလေး - အောက်ကိုခဏခဏဆင်းပါ
အပေါ်ကိုခဏခဏတက်ပါ အပြင်မသွားနဲ့ပါ
မေမေ - အမယ် ဘယ်ဆိုးလို့လဲ စပ်တတ်သားပဲ
သမီးလေး - ဆော့ပါဆော့ပါဆော့ပါ အရမ်းမပြေးနဲ့ပါ
ငြိမ်ငြိမ်ကလေးထိုင်ဆော့ပါ
မေမေ - ကောင်းတယ် ကောင်းတယ် ဆက်ဆို ဆက်ဆို
သမီးလေး - ထမင်းများများစားပါ ရေများများသောက်ပါ
မေမေကြီးဟာတကယ်ကြောက်စရာ
🙄😬😂
သမီးလေး - အဟင့်ဟင့် မေမေတိုက်သွားတယ် သမီးရဲ့အိမ်ကို
မေမေ - မတော်တဆထိမိသွားတာပါ ပြန်ဆက်ပေးမယ်မငိုနဲ့
သမီးလေး - ပြန်ဆက်ပေးရင်မေမေဆက်တာဖြစ်သွားမှာပေါ့
သမီးဆက်ထားတဲ့အိမ်ပြန်ပေး
မေမေ - သမီးကိုယ့်ကိုယ်ပြန်ဆက်မှရမှာပေါ့
သမီးလေး - ခုနကသမီးဆက်ထားတဲ့အချိန်ကိုပြန်ရောက်ပေး
မေမေ - အချိန်ဆိုတာအစားပြန်မရဘူးသမီးလေးရဲ့ အဲ့ဒါကိုသမီးလက်ခံရမယ်
သမီးလေး - သမီးက ပိန်ပိန်မဲမဲလုပ်ထားရတာ
မေမေ - ပင်ပင်ပန်းပန်းလုပ်ပါသမီးရယ်😂
သမီးလေး - ညောင်းနေပါပြီဆို
😂တိုက်မိတာကအစပြုတာမပြီးတော့ပါ😁ပိန်ပိန်မဲမဲဇာတ်လမ်းဆက်ရှင်းရ🙄😂
သမီးလေး - မေမေ သမီး မောင်လေးညီမလေး
လိုချင်တယ်
မေမေ - အရင်ကသမီးပြောတော့မလိုချင်ဘူး မမွေးနဲ့ဆို
သမီးလေး - အခုလိုချင်သွားပြီ တစ်ယောက်လောက်မွေးပေး
မေမေ - မေမေကထပ်မမွေးချင်တော့ပါဘူးဆိုမှနော်
သမီးလေး - မေမေ့ကိုမမွေးခိုင်းပါဘူး
မေမေ - အဲ့ဒါဆို မွေးစားရမှာလား
သမီးလေး - မွေးစားတဲ့မောင်လေးမလိုချင်ဘူး
မောင်လေးအရင်းပဲလိုချင်တာ ဒါပေမဲ့မေမေမမွေးရဘူး မေမေ့ဗိုက်ကသမီးတစ်ယောက်ထဲမွေးတဲ့ဗိုက်
🙄(ဟဲ့ ပလုတ်တုတ်)😂
အဖွားအိမ်မှာ မီးကရုတ်တရက်ပျက်သွားချိန်မှာ သမီးလေးရဲ့ အကောင်လေးတချို့က လင်းနေတာနဲ့
သမီးလေး - ဘာလို့လင်းနေတာလဲဖွားဖွား
ဖွားဖွား - အဏုမြူပါလို့လင်းတာ
ခဏနေတော့ သူ့မေမေဟာ ဂါဝန်အသစ်လေးဝတ်ပြီးအဖွားအိမ်ကိုရောက်လာပါလေရော
သမီးလေး - မေမေမေမေအဏုမြူပါတာကလှတယ်သိလား
မေမေ - မနုပျိုပါဘူးသမီးရယ် ဂါဝန်ကြောင့်ပါ
(မေမေကနုပျိုပြီးလှနေပါလား လို့ကြားတာလေ😁😂)
သမီးလေး - အကောင်တွေကဂါဝန်မဝတ်ထားဘူးမေမေ
သူတို့ကိုယ်လုံးမှာအဏုမြူပါလို့အမှောင်ထဲမှာလင်းပြီးလှနေကြတာ
😁😂
သမီးလေး - မေမေ သမီးရဲ့စိတ်ကူးထဲမှာအိမ်မက်ရှိနေပြီ
မေမေ - အမယ် ဘာအိမ်မက်တွေရှိနေပြီလဲ ပြောပါအုံး
သမီးလေး - အဲ့အိမ်မက်က ညဖက်မက်တဲ့အိမ်မက်ကိုပြောတာမဟုတ်ဘူး
စိတ်ထဲကအိမ်မက်ကိုပြောတာ
မေမေ - ဟုတ်ပါပြီ ဘာအိမ်မက်လဲလို့
သမီးလေး - စိတ်ထဲကအိမ်မက်ဆိုတာ ဘာကိုပြောတာလဲသိလားမေမေ
မေမေ - သမီးတစ်ခုခုဖြစ်ချင်တာမို့လား ဘာဖြစ်ချင်လဲပြော
သမီးလေး - ဖြစ်ချင်တာမဟုတ်ဘူး ဘာလဲဆိုတော့ သတိရတာကိုပြောတာ၊ တစ်ခုခုကိုသတိရတာကို စိတ်ထဲမှာအိမ်မက်မက်တယ်လို့ခေါ်တယ်
အခုဘာကိုအိမ်မက်မက်နေလဲသိလားမေမေ
မေမေ - သကြားလုံးပဲမို့လား😂
သမီးလေး - ဟုတ်တယ် အခုဆေးခြယ်နေပေမဲ့ သကြားလုံးကိုပဲစိတ်ထဲမှာအိမ်မက်မက်နေတာ
မေမေ - မကျွေးဘူးနော် မနက်ကစားပြီးပြီ ညကျမှတစ်လုံးထပ်ကျွေးမယ်
သမီးလေး - သမီးလည်းမတောင်းပါဘူး ဒီတိုင်းသတိပဲရနေမှာ
😂😍😂
ဖိုးဖိုးထူး - ဘာတွေထိုင်စဥ်းစားနေပြန်ပြီလဲ
သမီးလေး - သမီးမအားဘူးဖိုးဖိုး
ဖိုးဖိုးထူး - ဘာလို့မအားတာလဲ
သမီးလေး - မနက်ဖြန်သမီးမွေးနေ့မို့လို့မအားတာ
ဖိုးဖိုးထူး - သမီးကဘာတွေလုပ်နေလို့မအားတာလဲ
သမီးလေး - သမီးကဘာမှမလုပ်ပါဘူး မေမေတို့ဖွားဖွားတို့လည်း
သမီးမွေးနေ့လှူဖို့ချက်နေလို့မအားဘူး
ဖိုးဖိုးထူး - အေ့လေ သမီးကဘာမှဝိုင်းမလုပ်ရဘဲ ဘာလို့မအားဘူးပြောလဲ
သမီးလေး - သမီးမွေးနေ့ကမနက်ဖြန်မို့လို့မအားတာသမီးက
ဖိုးဖိုးထူး - အဲ့ဒါဆို သမီးကမွေးနေ့အတွက်ဘာလုပ်နေလို့ မအားတာလဲလို့
သမီးလေး - မနက်ဖြန်သမီးမွေးနေ့ရောက်တော့မှာ ဒီညအိပ်ပြီးရင်ရောက်တော့မှာလို့တချိန်လုံးတွေးနေရလို့မအားဘူးဖြစ်နေတာ မွေးနေ့ရှင်ဖြစ်တော့မှာသမီးက ပြောနေရင်းမအားတော့ပြန်ဘူး
😂
သူများကလေးလေးတွေနိုးရင်ဘာအရင်လုပ်ကြလဲ ဘာကိုအရင်ရှာကြလဲမသိဘူး၊ ကျမသမီးလေးကတော့
မနက်အိပ်ရာပဲနိုးနိုး
ညဘက်တစ်ရေးပဲနိုးနိုး
လန့်ပဲနိုးနိုး
ဘယ်လိုနိုးနိုး
သူအရင်ရှာတာကတော့ သူ့မေမေလို့ထင်လား၊ လုံးဝမဟုတ်ပါ
ကိုယ်ကဘေးကနေသမီးလေးလို့ခေါ်တာတောင်ကိုယ့်ကိုပြန်မကြည့်အားဘူးရယ်😁
သူအသည်းအသန်ရှာဖွေစုံစမ်းတာကတော့
Air-con ကမီးအစိမ်းလေးဖြစ်ပါတယ်
လင်းရင်လင်းနေ မလင်းနေလို့ကတော့ မေမေနားကွဲမတတ်ပါပဲ
😬😞😂
သမီးလေး - မေမေချီပါ
မေမေ - ကိုယ့်ကိုယ်လျှောက်မှ သမီးခြေထောက်တွေသန်မာလာမှာ တော်ရုံချော်မလဲတော့ဘူး လျှောက်နော်
သမီးလေး - ဟင့်အင်း မေမေချီပါ
မေမေ - အချိန်ကြာတယ်ကွယ် လာလာချီပြီးသွားမယ် မေမေလုပ်စရာတွေရှိသေးတယ်
ကြီးကြီးမူ - ဟဲ့ အငယ်မ နင့်ကလေးကကြီးနေပြီ ဘာလို့ချီထားတာလဲ
သမီးလေး - ဒီထက်ကြီးရင် မေမေကသမီးလေးကို ချီချင်ရင်တောင်မချီနိုင်တော့ဘူးကြီးကြီး
ငယ်တုန်းပဲမေမေကချီရတာ
🙄🙄😂😍
မေမေ - သမီးရေ မိုးလည်းအေးတယ် air-con ပိတ်လိုက်တော့မယ် အအေးပတ်မှာစိုးလို့ သမီးကအနွေးထည်လည်းမဝတ်ဘူး
သမီးလေး - မရဘူး အိုက်တယ် ဟင့်...
မေမေ - မအိုက်ပါဘူး အနေတော်ပါပဲ
သမီးလေး - မေမေ တောင်တွေမှာလေ
မေမေ - air-conပိတ်ဖို့ပြောနေတာ ဘယ်လိုလုပ်တောင်ကပါလာပြန်တာလဲ
သမီးလေး - သမီးကတောင်ဆိုရင်လေ
မေမေ - ဆက်ပြော ပြီးရင်တော့ air-con ပိတ်ပြီ
သမီးလေး - ရေခဲတောင်ပဲကြိုက်တာ
🙄😂
သမီးလေး - မေမေ နှုတ်ခမ်းနီကလည်း ၁ စုံရှိတာနော် ၂ခုနော်
မေမေ - ဘာနှုတ်ခမ်းနီလဲ သမီးရဲ့
သမီးလေး - သမီးတို့ခန္ဓာကိုယ်မှာ ၂ခုစီရှိတဲ့ဟာကိုပြောတာ
မေမေ - အဲ့ဒါနဲ့ နှုတ်ခမ်းနီနဲ့ဘာဆိုင်လို့လဲ
သမီးလေး - သမီးတို့ ခန္ဓာကိုယ်ထဲမှာရှိတာလေ ဒီနားမှာရှိတာလေ အဲ့ဒါလည်း ၂ခုရှိတာလား
မေမေ - ကျောက်ကပ်လား
kidneysပါသမီးရဲ့ ဟုတ်တယ်သူလည်း ၂ခု
😍😂
Tom and Jerry ကြည့်နေရင်း
မေမေ - သမီးရေ ကြောင်လေးတီးနေတာဘာလဲသိလား
သမီးလေး - ဂစ်တာရဲ့
မေမေ - အဲ့ဒါဂစ်တာမဟုတ်ဘူး တယောလို့ခေါ်တယ် ပခုံးပေါ်တင်ပြီးတုတ်လေးနဲ့ထိုးနေတာတွေ့လား
သမီးလေး - အဲ့ဒါ ဗိုင်အိုလင်တယောမဟုတ်ဘူး ဂစ်တာရဲ့သူငယ်ချင်း
မေမေ -😳 😂ဟုတ်ပါပြီ
သမီးလေး - စန္ဒယားမှာလည်းသူငယ်ချင်းရှိတယ်
မေမေ - ဟုတ်လား ဘာလေးလဲပြောပါအုံး
သမီးလေး - တလိန် တလိန် တလိန် တလိန်
မေမေ - အဲ့ဒါဘာလဲ
သမီးလေး - တီးလုံးသံလေ စန္ဒယားနဲ့တီးလုံးနဲ့ကသူငယ်ချင်းတွေ
😂😍😂
သမီးလေးတစ်ယောက်ရေခဲမုန့်စားနေတုန်း
ဖိုးဖိုးထူး - ဖိုးဖိုးကိုနည်းနည်းကျွေး
သမီးလေး - အနောက်ဆုတ်သွား😂
ဖိုးဖိုးထူး - နည်းနည်းပဲစားမှာပါ
သမီးလေး - အင့်
ဖိုးဖိုးထူး - ဒီလိုမှပေါ့လိမ္မာတယ် ဖိုးဖိုးကကျွေးတယ်ဆိုကျေနပ်ပြီ
ဘယ်နှခါများတကယ်စားဖူးလို့လဲ စားစား ကလေးလေးပဲစားတော့နော်
သမီးလေး - ၃ခါ
😂
သမီးလေး - မေမေ အစားအစာတွေက ဘာလို့နဂါးဖြစ်တတ်တာလဲ
မေမေ - ဘယ်လို ဘာနဂါးဖြစ်တာလဲ
သမီးလေး - လူတွေကခဏခဏပြောတယ် အစားအစာတွေကို
မေမေ - ဘယ်တုန်းကပြောတာကြားလို့လဲ
သမီးလေး - မေမေတို့လည်းပြောတယ်
မေမေ - မေမေလည်းပြောတယ်ဟုတ်လား ဘယ်တုန်းကလဲ
သမီးလေး - သမီးတစ်ခုခုစားတာမကုန်လို့ရှိရင်ပြောတယ် ဒါပေမဲ့သမီးမကုန်လည်း နဂါးဖြစ်မလာပါဘူး
😍😂
ကမ္ဘာကြီးကိုကယ်တင်ဖို့ အမှိုက်တွေလျှော့ချဖို့အတွက် ပစ္စည်းတွေကိုမျှဝေသုံးစွဲတာလည်းနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုပြောပြရင်း
မေမေ - ကစားစရာဆိုရင်လည်း မျှသုံးရတယ် ဥပမာ သမီးရဲ့ Hello Kitty လေးပဲထားပါတော့
သမီးလေး - မေမေ ခဏခဏ ဥပမာကို သမီးရဲ့ဒီ.........ဒီစာရွက်လေးထားလိုက်
မေမေ - ဒီစာရွက်လား အင်းအင်းဟုတ်ပြီ
ရေးမှာကတစ်ကြောင်းထဲပဲထားပါတော့
သမီးကတစ်ရွက် သူငယ်ချင်းတွေကလည်းတစ်ရွက်စီဆိုရင် စာရွက်တွေအများကြီးကုန်မယ် အမှိုက်တွေအများကြီးထွက်မယ်
ဒီတစ်ရွက်ထဲမှာ တစ်ယောက်တစ်လှည့်စီရေးလိုက်ရင် အမှိုက်ကတစ်ခုပဲထွက်မယ်
သမီးလေး - မေမေ ခဏခဏ
အင်း.....သမီးရဲ့ ဒီပိုက်လေးပဲပြောလိုက်တော့
(သူကြိုက်တဲ့အရုပ်တွေကိုကျsharingလုပ်ဖို့အပြောကိုမခံတာဆိုတာလေ)
🙄😂
မီးပျက်တုန်း ဘုရားကျောင်းဆောင်မှာ
ဖယောင်းတိုင်မီးပူဇော်ထားတာ မီးပြန်လာလို့ ဖယောင်းတိုင်မှုတ်မယ်လုပ်တော့
သမီးလေး - သမီးမှုတ်မှာ သမီးမှုတ်မှာ
မေမေ - သြော်..အေအေ လာမှုတ်
သမီးလေး - ဟုတ် လာမယ်နော်
မေမေ - လာမယ်ဆိုပြီး အဲ့ဒါဘာလုပ်နေတာလဲ လာတော့လေသမီးရဲ့
သမီးလေး - မဟုတ်ဘူး သမီးတိုင်ပတ်နေလို့
မေမေ - အမယ် တိုင်ပတ်တယ်ဟုတ်လား😂
သမီးလေး - အင်း ခဏလေးပါမေမေရယ် ယပ်တောင်
ရှာနေတာမတွေ့သေးလို့ မနက်ကပဲဒီနားမှာရှိသေးတယ်
မေမေ - ယပ်တောင်လား မေမေဝိုင်းရှာပေးမယ်လေ အခုဖယောင်းတိုင်အရင်လာမှုတ်လိုက်အုံး ကြာနေပြီ
သမီးလေး - မှုတ်နေကြာတယ်မေမေ ယပ်တောင်ခပ်လိုက်ရင်ရပြီ
🙄😂(တကယ်တိုင်ပတ်သားအမိပါလို့)🤣
သမီးလေးတစ်ယောက် ခုံပေါ်တွေမတက်ပါနဲ့ဆိုတာမရ တက်ပြီးတော့ပြုတ်ကျ ငိုလိုက်တာအရမ်းပဲ ထူဖို့ပြေးသွားတော့ သွေးတွေတွေ့တယ် ခေါင်းကွဲပြီထင်ပြီးအတော်လန့်သွားတယ် ကြည့်လိုက်တော့ နားရွက်အနားမှာကွဲရာကြီးတွေ့တယ် အဲ့ကနေသွေးထွက်တာ နားရွက်တော့တစ်ခုခုနဲ့ရှပြီးအဲ့နေရာမှာပြတ်သွားပြီပေါ့ အာ့နဲ့အဝတ်သန့်နဲ့သွေးတွေသုတ်ကြည့်တော့ နားရွက်အနားလေးကွဲသွားတာ ပြတ်တော့မပြတ်ဘူး (ကိုယ်ကသွေးထွက်သံယိုတွေကိုမကြောက်တတ်လို့သာတော်သေးတယ် တစ်အိမ်လုံးမကြည့်ရဲကြဘူး)
အနာကိုအဝတ်သန့်နဲ့ဖိ ရေခဲကပ်ရင်းဆေးရုံပြေးကြ
သမီးလေးကတော့ဆေးရုံမသွားဘူး ဗြဲ ဗြဲနဲ့ ငိုရင်းပါလာ
ဆေးရုံရောက်တော့
ဆရာဝန် - ကလေးက ဘယ်လိုဖြစ်တာလဲအမ
မေမေ - ခုံပေါ်ကနေ
သမီးလေး - ဖွားဖွားတို့ မေမေတို့က ခုံပေါ်မတက်ဖို့ပြော ဗြဲ
သမီးကတက် ဗြဲ အဲ့ဒါပြုတ်ကျ ဗြဲ နားရွက်ကသွေးထွက်တာ ဗြဲ
ဆရာဝန် - ကြည့်ရအောင်နားရွက်ကို ခုံကမြင့်လား
မေမေ - မမြင့်
သမီးလေး - မမြင့်ဘူး ဒီကုတင်လောက်ပဲ ဟင့် ဟင့်
ဆရာဝန် - တခြားဘယ်နားထိသွားသေးလဲ ဘယ်နားနာနေသေးလဲသမီးလေး
သမီးလေး - မနာဘူး နားရွက်တစ်ခုပဲ ဗြဲ မေမေလည်းရှာပြီးပြီ ဟင့်ဟင့်ဗြဲ
ဆရာဝန် - ချုပ်စရာတော့မလိုဘူး အနာလေးကိုဆေးပေးမယ်နော်
သမီးလေး - အရက်ပြန်နဲ့မလုပ်နဲ့ ဗြဲ ဘီတာဒင်းလည်းမထည့်နဲ့ ဗြဲ ပလာစတာလည်းမကပ်နဲ့ ဗြဲ
ဆရာဝန် - သွေးလေးတွေကိုပဲသုတ်ပေးမယ်နော်သမီးလေး မစပ်တဲ့ gelလေးလိမ်းပေးမယ်နော် ပလာစတာကလည်း ပါးပါးစကာပေါက်လေးပဲကပ်ပေးမယ်နော် ဒါမျိုးလေး
မနာဘူးနော်
သမီးလေး - အဲ့ဒါ ကြီးကြီးခြေထောက်နာတုန်းကကပ်တဲ့ဟာမျိုးပဲ
ဆရာဝန် - ဟုတ်လားသမီးလေး ဟိုဘက်ခဏလှည့်ထားနော်
သမီးလေး - ခေါင်းငြိမ့် ဗြဲ ဟင့် ဗြဲ
မေမေ - မေမေ့ကိုမှီထားသမီးလေး (ခုမှပဲ စကားပြောရတော့တယ်😁😂)
ဆရာဝန် - ဘာနဲ့ရှမိတာလဲ သိလား
မေမေ - ရှစရာတော့
သမီးလေး - ဘာနဲ့ရှလဲရှာကြတာ မတွေ့ဘူး
မေမေ - ရှစရာတော့မတွေ့ဘူးဆရာမ ခုံ ၂ ခုံကြားထဲကျသွားတာ အရှိန်နဲ့ဖိမိလို့လားမသိဘူး
ဆရာဝန် - မေးခိုင်ကာကွယ်ဆေးထိုးပေးလိုက်မယ်နော် သမီးလေးက ဘယ်သန်လား ညာသန်လား
သမီးလေး - ဘယ်သန်
ဆရာဝန် - အဲ့ဒါဆို ညာလက်ကိုထိုးပေးမယ်နော် ရေခဲလေးအရင်ကပ်ထားမယ်
သမီးလေး - ဟုတ် (ဆေးထိုးမှာတော့သူမကြောက်)
အဲ့လိုနဲ့အိမ်ပြန်ရောက်တော့
သမီးလေး - မေမေ သမီးကအဲ့လိုကိုယ့်ကိုယ်ပြုတ်ကျပြီးနာသွားတော့မှ မှတ်မှာလား မတက်ရဲတော့ဘူးလား
(ခုံပေါ်ကနေလှမ်းမေး 🙄😂)
သမီးလေး - မေမေ စကားများနေတဲ့လူကို
ဘာလို့ ပူစီနဲ့လို့ပြောကြတာလဲ
မေမေ - ဘယ်လို
သမီးလေး - ပူစီပူစီနဲ့လို့ဘာလို့ပြောတာလဲ ကြောင်နဲ့ဘာဆိုင်လို့လဲ
မေမေ - ပွစိပွစိပါဟယ်
😂
Titanicသီချင်းလေးကိုအသေအချာလေးဆွဲဆိုမိပါတယ်
သမီးလေး - မေမေ halloweenလား သရဲခြောက်ဖို့လား
မေမေ - ဟယ် ဘာhalloweenတုန်း သီချင်းဆိုနေတာ
သမီးလေး - မေမေ့အသံက သရဲလာတဲ့အသံနဲ့တူလို့ပါ
🙄🤣
Traffic light signals မှာ
Red light ဆို stop
Yellow light ဆို slow down
Green light ဆို go
ဟုတ်ပြီနော် မေမေပြန်မေးမယ်နော်
မေမေ - သမီးရေ red မြင်ရင်ဘာလုပ်ရမလဲ
သမီးလေး - ရပ်နေရာကထိုင်ချပြတယ် 😂
မေမေ - yellow ဆိုရင်ရော
သမီးလေး - မတ်တပ်လေးရပ်ပြီး ကိုယ်လုံးကိုနည်းနည်းလှုပ်ပြတယ်😂
မေမေ - greenဆိုရင်
သမီးလေး - ခုန်ပြတော့တာပဲ😂
🤣 အေး လေကုန်သက်သာတာပေါ့🤣
မေမေ - သမီးက ဒီအရုပ်လေးရွေးလိုက်တာလား
သမီးလေး - အင်း...တခြားဘာအရုပ်တွေပါသေးလဲသိလားမေမေ
မေမေ - မေမေဘယ်လိုလုပ်သိမလဲ မေမေမှမရှိတာသမီးကိုဖွားဖွားဝယ်ပေးတုန်းက ဘာအရုပ်တွေပါသေးလဲပြောပြပါအုံး
သမီးလေး - သမီးကဒီခွေးရုပ်လေးတစ်ရုပ်ပဲဝယ်လိုက်တာ
အဲ့လေထိုးရုပ်သည်ဆီမှာဘာအရုပ်တွေပါသေးလဲဆိုတော့
သမီးမဝယ်လိုက်ရတဲ့အရုပ်တွေအများကြီး
ပါသေးတယ်မေမေ
🙄😂
Deliveryလာရင်
သမီးလေး - သမီးသမီးသမီးသမီး
မီတာလာဖတ်ရင်
သမီးလေး - သမီးသမီးသမီးသမီး
မီတာစာရွက်လာပေးရင်
သမီးလေး - သမီးသမီးသမီးသမီး
မမကြီးကိုဆေးသွားပေးရင်၊ ရေချိုးပေးရင်
သမီးလေး - သမီးသမီးသမီးသမီး
အဖွားတို့ကိုသွေးပေါင်ချိန်ပေးရင်
သမီးလေး - သမီးသမီးသမီးသမီး
ရေချိုးဖို့အဝတ်အစားထုတ်ရင်
သမီးလေး - သမီးသမီးသမီးသမီး
မိုးရွာလို့တံခါးပိတ်မယ်ဆိုရင်
သမီးလေး - သမီးသမီးသမီးသမီး
မိုးရွာပြီးလို့တံခါးဖွင့်မယ်ဆိုရင်
သမီးလေး - သမီးသမီးသမီးသမီး
တစ်ခုခုလိုလို့ဟိုနားဒီနားသွားဝယ်ဖို့ထွက်မယ်ဆိုရင်
သမီးလေး - သမီးသမီးသမီးသမီး
အလှူခံလာရင်
သမီးလေး - သမီးသမီးသမီးသမီး
ဖုန်းလာရင်
သမီးလေး - သမီးသမီးသမီးသမီး
ဧည်သည့်လာရင်
သမီးလေး - သမီးသမီးသမီးသမီး
(ဧည့်သည်နဲ့အနီးဆုံးမှာနေရာယူပြီး ထိုင်showတော့တာ🤣)
အစရှိသဖြင့်👉 အဲ့ သမီးသမီးသမီးနဲ့ ပြာယာတွေခတ်ပြီးရှေ့ကအရင်ထွက်ချင်တဲ့သမီးလေး😂
(ကိစ္စတော်တော်များများသူအိပ်မှလုပ်ရ သူနိုးနေရင်ကြန့်ကြာလွန်းလို့)
ရေခဲသေတ္တာတို့ air-conတို့ servicingလာလုပ်ရင်လည်း အစအဆုံးထိုင်ကြည့်တာသူပါ🙄
မီတာစာရွက်ကအစ ဖိတ်စာအဆုံး ဘာကိစ္စလဲသိချင်နေလို့သူ့ကိုဦးဆုံးဖတ်ပြရ
ဖုန်းလာရင်လည်း ဘယ်သူ
ဘာကိစ္စနဲ့ ဆက်ကြောင်း ပြောပြရ🙄
နောက်ဆုံး အိမ်မြှောင်အမြီးပြတ်နေတာတောင် တိရိစ္ဆာန်ဆေးခန်းမပို့လို့ကတစ်မျိုး ဆရာဝန်ကိုအိမ်ပင့်မကုလို့ကတစ်ဖုံ
သမီးလေးအဆူခံနေရတာမေမေပါကွာ🙄😂😍🤣
သမီးလေး - မေမေ ဖိုးဖိုးထူးကဘာလို့ဖုန်းအသစ်ဝယ်တာလဲ
မေမေ - ဖုန်းအဟောင်းကပျက်သွားလို့ပေါ့သမီးရဲ့ သုံးလို့မရတော့လို့
သမီးလေး - ဒီအသစ်လည်းအဟောင်းလိုပဲပျက်အုံးမှာပဲမဟုတ်ဘူးလား
မေမေ - ပျက်အုံးမှာပဲဆိုပေမဲ့ အခုလောလောဆယ်သုံးလို့ရတယ်လေ
သမီးလေး - ပျက်အုံးမယ့်ဖုန်းအသစ်က အခုမပျက်သေးဘဲမသုံးရသေးလို့အသစ်ဖြစ်ပြီး သုံးလို့ရလို့မပျက်ခင်သုံးနေရတာလား
(😂အဲ့လိိုနားလည်လိုက်တာပဲ သူပြောတာရှည်လို့😂)
သမီးလေး - သမီးကမေမေ့ဗိုက်ထဲကိုအရင်ဝင်လာခဲ့တာလား
မေမေ - ဟင်...ဝင်လာခဲ့တာလား
သမီးလေး - မေမေကသမီးဝင်လာလို့ အခုဒီသမီးလေးမျက်နှာကိုမြင်ချင်လို့မွေးထုတ်လိုက်တာလား
မေမေ -😍အေးပေါ့
သမီးလေး - သမီးကမေမေ့ဗိုက်ထဲကိုအရင်ဝင်ချင်ခဲ့တာ မေမေကနောက်မှသမီးကိုမွေးတာ
မေမေ - သြော် သမီးရယ်
သမီးလေး - မေမေ့ဗိုက်ထဲကိုသမီးဘယ်လိုဝင်လာခဲ့လဲ မေမေသိလား
မေမေ - ဟင်...အာထရာဆောင်းရိုက်ကြည့်တော့မှဗိုက်ထဲမှာ သမီးလေးရှိမှန်းသိတာ
သမီးလေး - သမီးဘယ်လိုဝင်လာလဲ မေမေမသိလိုက်ဘူးမို့လား
မေမေ - ဘယ်လိုဝင်လာလို့လဲ
သမီးလေး - သမီးမမှတ်မိပေမဲ့ ဒီတိုင်းသမီးခြေထောက်နဲ့သမီးဖွဖွလေးလမ်းလျှောက်ပြီးဝင်လာတာနေမယ်မေမေ
သမီးကသေးသေးလေးမို့ မေမေတို့တွေဘယ်သူမှမမြင်လိုက်တာဖြစ်မယ်
🙄😂
သမီးလေး - ဖွားဖွား ဒီMashaကို
englishစကားပြောတဲ့ဟာကို ပြောင်းပေးပါ
ဖွားဖွား - ငါ့မြေးက englishစကားမဟုတ်တာသိသားပဲ englishစကားတော်တော်တတ်နေပြီလား
သမီးလေး - သမီးကenglishစကားကို No တစ်လုံးပဲပြောတယ် ကျန်တာမကြိုက်ဘူး
ဖွားဖွား - ဘာဖြစ်လို့လဲ
သမီးလေး - Noဆိုတာ ခေါင်းခါရတာမို့လို့ကြိုက်တာ
ကျန်တာကိုမြန်မာလိုပဲပြောတယ်
ကူညီပါအုံးလို့ပဲပြောတယ် help me လို့မပြောဘူး
ဒါဘာလဲလို့ပဲမေးတယ် what is it လို့မမေးဘူး
😂
မေမေ - မေမေနဲ့သမီးနဲ့ ဒီကြမ်းပြင်မှာပဲခဏအိပ်လိုက်ရအောင် အောက်မှာအေးတယ်
သမီးလေး - အိပ်ပျော်သွားအုံးမယ်မေမေရယ် အအေးပတ်မယ်
မေမေ - အိပ်ပျော်သွားတော့လည်း မေမေတို့ကိုကုတင်ပေါ်ကိုဖေဖေချီတင်မှာပေါ့ အိပ်သာအိပ် (မအိပ်ဘဲတချိန်လုံးဆော့နေလို့ အိပ်ဖို့ဆွယ်ရတာ😁)
သမီးလေး - ဖေဖေဖုန်းဆက်နေရပါအုံးမယ်မေမေရယ်
မေမေ - ဘယ်ကိုဆက်ရမှာလဲ 😯
သမီးလေး - ကရိန်းခေါ်ဖို့ပေါ့
မေမေ - ကရိန်း ဘာလုပ်ဖို့လဲ😳
သမီးလေး - မေမေ့ကို မဖို့ပေါ့ သမီးကိုတော့ဖေဖေနိုင်ပါတယ်
🙄😏😍😂
သမီးလေး - မေမေနာရီမကြည့်နဲ့နော်
မေမေ - ဘာလို့လဲ
သမီးလေး - ရေချိုးခိုင်းမှာစိုးလို့
😂
မေမေ - ၁၂ထိုးတော့မယ်သမီးရဲ့ ထမင်းစားနောက်ကျနေပြီ
ရေလာချိုးတော့ လာ
သမီးလေး - သမီး ကစားလို့ပြီးရင် ရေချိုးမယ်လို့ပြောထားပြီးသားနော်မေမေ
ခဏခဏပြောနေရတာလည်းမကောင်းပါဘူးမေမေရယ်
🙄😬😂
သူ့အဖေအားတုန်းလေးတူတူဆော့တော့
ဖေဖေကဆရာဝန်လုပ် မေမေကသူနာပြုလုပ် သမီးကဝက်ဝံလေးကိုဆေးခန်းလာပြမယ်တဲ့
ဖေဖေ - ဟုတ်ပြီ ဖေဖေကဒေါက်တာကြီးပေါ့ ဆေးကုဖို့ဆေးခန်းမှာရောက်နေပါပြီ
သမီးလေး - ဖေဖေက ဒီနားကြပ်ယူထား မေမေက ဒီcrownကိုတပ်ထား
ဖေမေ - အေးအေး
သမီးလေး - ကျမဝက်ဝံလေး မျက်စိနာလို့ပါ
ဖေဖေ - ဟုတ်လား မျက်စိလေးခဏ
သမီးလေး - ဖေဖေ ဒီမျက်စဥ်းဆေးဘူးယူပြီး မေမေ့ကိုပေးလိုက် မေမေကသူနာပြုဆိုတော့ အစက်ချပေးလိုက်
ဖေမေ - အင်းအင်း
သမီးလေး - သူကမောလည်းမောနေတယ်
ဖေဖေ - သြော် ဟုတ်လား (နားကြပ်လေးနဲ့ရင်ဘတ်ကိုထောက်ကြည့်တုန်း)
သမီးလေး - အဆုတ်မကောင်းလို့ဖြစ်မယ် အဲ့နေရာမထောက်နဲ့ဖေဖေ နောက်ကျောကိုထောက်စမ်းကြည့်
ဖေဖေ - အင်း
သမီးလေး - ရော့ ဒီဆေးယူပြီး မေမေ့ကိုပေးလိုက် မေမေသူနာပြုကတိုက်လိုက်
ဖေမေ - အင်း
ဖေဖေ - ဟော သက်သာသွားပြီး အိမ်ပြန်နားတော့ ဆေးကုပြီးပြီ (မြန်မြန်ပြန်လွှတ်ပြီလေ😂)
သမီးလေး - မောနေသေးတယ် oxygen ပေးရှူလိုက်အုံးဖေဖေ ရော့ နှာခေါင်းမှာအုပ်လိုက်
ဖေဖေ - သမီးကဆရာဝန်လား ဖေဖေကဆရာဝန်လား...........
(စဆော့တာ ၅မိနစ်မကြာသေးဘူး စပြီ အဲ့မှာ 😁😂)
သမီးလေး - မေမေ yes connectionလုပ်ပေးပါ
မေမေ - ဘယ်လို
သမီးလေး - အဝိုင်းလည်နေလို့
😂😂😂
သမီးလေး - မေမေ Grizzyလည်းပြုတ်ကျတော့မယ်
မေမေ - ဟုတ်လား ဒီအပိုင်းကသမီးကြည့်ပြီးသားလား
သမီးလေး - အင်း မေမေနဲ့တူတူကြည့်တာ ဒါပေမဲ့သမီးကမှတ်မိတယ်
မေမေ - ဟုတ်လား🙄😁
သမီးလေး - အင်း သမီးပြောတာဟုတ်ရင်မှန်မယ် မဟုတ်ရင်မှားမယ် မေမေသေချာကြည့်ကြည့်
မေမေ - အင်းပါ.... ဟမ်😳😏😂😍
သမီးလေးတစ်ယောက် shapeလေးတွေကို အစဥ်လိုက်ဆက်နေတုန်း ovalနားရောက်တော့ရပ်သွားတာနဲ့
မေမေ -သမီး ပြီးအောင်ဆက်လေ
သမီးလေး - Oval မတွေ့လို့ ရှာနေတာမေမေ
မေမေ - ရှိတာအရင်ဆက်ထားလိုက်လေ နောက်မှ ovalရှာပြီးထည့်လိုက်ပေါ့၊ သမီးက ကစားစရာတွေဖွထားတော့ရောနေတာ တော်တော်နဲ့ရှာတွေ့မှာမဟုတ်သေးဘူး၊သမီးရှာနေတာကြာနေပြီ
သမီးလေး - သူတို့သူငယ်ချင်းပျောက်နေတော့ သူတို့လည်းဝင်မှာမဟုတ်သေးဘူးမေမေ
ကျော်တက်တာမကောင်းဘူး
😂😍😂
မေမေ - အေးပါဟယ် ကူရှာပေးပါတော့မယ်😁
မေမေ - ဟိုးရှေးရှေးတုန်းက ကလေးမလေးတစ်ယောက်ရှိတယ် အသက်က ၄နှစ်ပြည့်ခါနီးပြီ
(ပုံပြင်ကြိုမဖတ်ထားမိတဲ့အခါကျရင် အဲ့လိုပုံပြောပြဖြစ်တယ် 😁)
သမီးလေး - အင်း
မေမေ - အဲ့ကလေးမလေးက အရမ်းချစ်ဖို့ကောင်းတယ်
သမီးလေး - ဟုတ်လား
မေမေ - သူ့မေမေကလည်း အရမ်းချစ်ဖို့ကောင်းတယ် တစ်နေ့တော့
သမီးလေး - အစက အဲ့ကလေးမလေးက သမီးကိုပြောတာလို့ထင်နေတာ သမီးက
🙄😏😁😂
သမီးလေး - မေမေ ကိုကို (ဟိန်းဝေယံ)က မျက်မှန်ကိုလှချင်လို့တပ်ထားတာလား
မေမေ - မျက်စိအားနည်းလို့တပ်တာပါ
သမီးလေး - မနေ့က ဒီကိုကိုကမတပ်ပါဘူး အခုမှတပ်တာဆိုတော့ အလှတပ်တာနေမယ်
မေမေ - မနေ့ကကြည့်တဲ့ကားနဲ့ အခုကားနဲ့မတူဘူးလေ သူကမင်းသားလေ ဇာတ်လမ်းပေါ်မူတည်ပြီးသရုပ်ဆောင်ရတာ
ပြီးတော့ ဒါအလှမျက်မှန်မဟုတ်ဘူး ရိုးရိုးမျက်မှန်
သမီးလေး - ဇာတ်ကားမတူပေမဲ့ ဒီကိုကိုပဲတူတူပဲ ရိုးရိုးမျက်မှန်ကိုပဲလှချင်လို့တပ်တာနေမှာပါ
မေမေ - သြော် ခက်ပြီ... သမီးကြည့်လေ ...အလှတပ်တာဆိုခဏပဲတပ်မှာပေါ့ အခုဒီကိုကိုကဒီဇာတ်လမ်းမှာ အစအဆုံးတပ်ထားတာလေ တချိန်လုံးတပ်ထားတာလေ မျက်စိအားနည်းလို့တပ်တာပေါ့သမီးရဲ့
သမီးလေး - တချိန်လုံးလှချင်လို့နေမှာပေါ့မေမေရဲ့
🙄😂😂
မေမေ - သမီးကြီးလာရင် ပန်းချီသင်တန်းတက်ပေါ့ ဆရာကသေချာသင်ပေးမှာ မေမေကသေချာမဆွဲတတ်ဘူး သင်လည်းမသင်တတ်ဘူး
သမီးလေး - မတက်ဘူး သမီးကဆရာဝန်ပဲလုပ်ချင်တာ
ဆရာဝန်သင်တန်းပဲတက်မှာ😂
မေမေ - ဆရာဝန်သင်တန်းတော့မရှိဘူး ကျောင်းပြီးမှ ဆေးတက္ကသိုလ်တက်ရမှာ
သမီးလေး - ရတယ် အဲ့ကျမှတက်မယ်😂
မေမေ - ဆရာဝန်လုပ်ရင်စိတ်ရှည်မှရမှာနော် နေမကောင်းတဲ့လူတွေကိုကုရမှာဆိုတော့
သမီးလေး - သမီးက တိရိစ္ဆာန်တွေကိုပဲကုမှာ
မေမေ - ဘာလို့လဲ လူလည်းကုပါသမီးရဲ့
သမီးလေး - တိရိစ္ဆာန်တွေကိုပဲချစ်တာ သမီးက
😍
TVကြည့်ရင်း
မေမေ - သမီးလေးရေ ဟိုမှာငါးတွေကိုနေလှန်းထားတာတွေ့လား ငါးခြောက်လုပ်ထားတာလေ သမီးစားတဲ့ငါးခြောက်ဖုတ်လေ ငါးကိုအဲ့လိုနေပူလှန်းပြီးခြောက်အောင်လုပ်ရတာ
သမီးလေး - အဲ့ဒါဆို ငါးခြောက်ကလည်းအရင်ကရေကူးခဲ့တာပေါ့
😂
သမီးလေး - အသစ်ဆိုရင် Lနဲ့စတာမေမေ
မေမေ - Nနဲ့စတာပါ New အသစ်
သမီးလေး - မဟုတ်ဘူး ဟိုတစ်ခါ ဖွားဖွားတရားနာတုန်းက အသစ်ကိုနာတာ Lနဲ့စတာ
မေမေ - သြော် အဲ့ဒါ Liveပြတာ
(အေးပေါ့လေ အသစ်ပဲပေါ့)😁🤣
မေမေ - သမီးရယ် သနပ်ခါးလေးလိမ်းပါ မေမေလှလှလေးလိမ်းပေးပါ့မယ် လာခဲ့လာ
သမီးလေး - သမီးမျက်နှာသစ်ပြီးပြီ
မေမေ - သစ်ပြီးလို့လိမ်းပေးမယ်ပြောတာပေါ့ လာခဲ့
သမီးလေး - ရေပြန်စိုမှာစိုးလို့မလိမ်းတော့ဘူးမေမေ
🙄😂
မေမေ - လိမ်းပြီးရင်ရေကခဏလေးနဲ့ခြောက်သွားမှာပဲကို
သမီးလေး - ခြောက်သွားရင်လည်းတစ်ခုခုဖြစ်တယ်
မေမေ - ဘာဖြစ်လို့လဲ
သမီးလေး - မျက်နှာမှာတစ်ခုခုကပ်နေတယ် လက်နဲ့ပွတ်ရင်လည်းလက်တွေပေကုန်ရော
🙄😬
သမီးလေး - မေမေ ဒံပေါက်နဲ့တူတဲ့ လက်သုတ်ပဝါရှိတာလား
မေမေ - မရှိပါဘူး
သမီးလေး - ရှိတယ်စားလို့လည်းရတယ်တဲ့ ပိုကောင်းတယ်တဲ့
မေမေ - ဘယ်သူပြောတာလဲ
သမီးလေး - ဖွားဖွားတို့ပြောနေတာကြားလိုက်လို့
မေမေ - အဲ့ဒါနတ်သုဒ္ဓါကွဲ့ 😂
သမီးလေး - မေမေ သမီးမျက်နှာကိုကြည့်ပါအုံး
မေမေ - အင်း
သမီးလေး - မြင်ရလား
မေမေ - မြင်တာပေါ့ ဘာလို့လဲ
သမီးလေး - သမီးမမြင်ရဘူး
မေမေ - သေချာကြည့်ပြီးပြီလား ဘာလို့မမြင်ရမှာလဲ
သမီးလေး - ရိုးရိုးတန်းတန်းမြင်ချင်တာ ဒီမှန်ထဲကနေမမြင်ချင်ဘူး
😂
သမီးလေး - ဖေဖေကြက်ဥကြော်ပေးပါ
မေမေ - မေမေကြော်ပေးမယ်လေ
သမီးလေး - ဖေဖေကြော်တာစားချင်လို့
ဖေဖေ - ဖေ့သမီးကဖေ့လက်ရာစားချင်တာလား ကြော်ပေးမှာပေါ့ သွားကြော်ပေးမယ်နော်
သမီးလေး - ဖေဖေကြော်တာလိုက်ကြည့်မယ်
ဖေဖေ - ကြည့်ကြည့် သေချာကြည့်ထားနော်
သမီးလေး - သမီး ကြက်ဥယူပေးမယ် အင့် ဒီအလုံးကြော်ပေး
ဖေဖေ - ပေး
သမီးလေး - ဖေဖေ အဲ့ပန်းကန်မယူနဲ့ ဒီပန်းကန်ယူ
ဖေဖေ - ဟုတ်ပါပြီ
သမီးလေး - ဇွန်းပေးပါ သမီးခွဲချင်လို့
ဖေဖေ - သမီးလက်ပေကုန်မှာပေါ့
သမီးလေး - ရတယ်ဖေဖေ လက်ပြန်ဆေးလိုက်မယ်
ဖေဖေ - ငါ့သမီးကကြက်ဥအခွံတောင်ခွဲတတ်နေပြီပဲ
လက်သွားဆေး ဖေဖေခလောက်လိုက်မယ်
သမီးလေး - ဆားနည်းနည်းထည့်အုံးနော်ဖေဖေ
ဖေဖေ - အေအေ🙄
သမီးလေး - ဆီပူရင်လောင်းထည့်လိုက်တော့ဖေဖေ မမွှေနဲ့နော် အပြားလိုက်ပဲစားချင်တာသမီးက
😁😂😂ဖေ့လက်ရာစားချင်တဲ့သမီးလေး😁
သမီးလေး - မေမေ ဆေးရုံကားအသံကြားတယ်
မေမေ - ကြားတိုင်းပြောနေတာမမောဘူးလား ဆေးရုံနဲ့နီးတော့ကြားမှာပေါ့သမီးရဲ့
သမီးလေး - ဆေးရုံကားဆိုတာအရေးကြီးတဲ့ကားထဲမှာပါတယ် ကြားရင်ပြောရမှာပဲမေမေ အသံကအလကားထည့်ထားတာမဟုတ်ဘူး
မေမေ - 😳ဟုတ် ဟုတ်ပါတယ် မေမေမှားသွားတာပါ😁😂
သမီးလေး - မေမေ ကလေးလေးတွေကို ဝါစိမ်းနီ ကျွေးရတာလား
မေမေ - အင်း ဟုတ်တယ် သမီးရောဒီနေ့အဝါရောင်ဘာစားလဲ
သမီးလေး - ပြောင်းဖူး
မေမေ - အစိမ်းရောင်ရော
သမီးလေး - ဘူးညွန့်ကြော်
မေမေ - အနီရော
သမီးလေး - အနီကမနေ့ကစားတယ် မုန်လာဥနီ
မေမေ - အင်း ဟုတ်တယ် အဲ့ဒါကြောင့် သမီးလေးကျန်းမာနေတာပေါ့
သမီးလေး - မီးပွိုင့်ဖြစ်သွားပါအုံးမယ် မေမေရယ်
🙄😬😂
သမီးလေး - မေမေ နှပ်ချေးဖတ်မာမာကြီးထွက်လာတယ် ညာဘက်အပေါက်ထဲက
မေမေ - ဟုတ်လား ကောင်းတာပေါ့ ရှင်းသွားတာပေါ့
အမှိုက်ပုံးထဲသွားထည့်နော် အောက်မပစ်ချနဲ့ ဘယ်မှာလဲအဖတ်
သမီးလေး - ဘယ်ဘက်အပေါက်ထဲခဏထည့်ထားတယ်
😬😂
သမီးလေး - သမီးချော်လဲလာတယ်မေမေ ဒီမှာသွေးထွက်သွားတယ်
မေမေ - ဟယ် ဆေးထည့်မှရမယ်
သမီးလေး - မထည့်ဘူး ဗြဲ betadineမထည့်ဘူး စပ်တယ် ဖျန်းဆေးလည်းမထည့်ဘူး ဘာမှမထည့်ဘူး ဗြဲ
မေမေ - မထည့်ရင် အနာကဘယ်သက်သာမလဲသမီးရဲ့ မေမေ
ထည့်ပေးမယ်
သမီးလေး - မထည့်ဘူး ရတယ်
မေမေ - သမီးက မေမေတို့ကိုကျတော့ တချိန်လုံး ဆေးလိမ်းပေးနေပြီးတော့ သမီးကိုလိမ်းတော့မှကြောက်နေတယ် ဆေးထည့်မှရမှာသမီးသိရဲ့သားနဲ့ မကြောက်ပါနဲ့
သမီးလေး - မထည့်ဘူး ရတယ်
မေမေ - သတ္တိရှိစမ်းပါသမီးရယ် ကြောက်ရင်အနာမပျောက်ဘဲနေမယ်
သမီးလေး - မထည့်ဘူးရတယ်
မေမေ - တကယ်မထည့်ဘူးပေါ့ဟုတ်လား အဲ့ဒါဆိုလည်းမထည့်ပေးတော့ဘူး အနာကပိုဆိုးလာရင်ဘယ်လိုလုပ်မလဲ
သမီးလေး - မထည့်ဘူး ဒါပေမဲ့ထည့်မယ် မထည့်ဘဲထည့်ပေး
မေမေ - ဘယ်လိုကြီးတုန်း😳
သမီးလေး - သမီးတစ်ခုခုလုပ်နေတဲ့အခါကျမှထည့်လိုက်ရင်ရတယ် ထည့်မှာကိုသမီးမသိဘူး ထည့်ပြီးမှသမီးသိမယ် အဲ့လိုထည့်မှရမယ်
မေမေ - အေအေး🙄😓 မသိအောင်ထည့်ပေးမယ်🤣
မေမေ - နေကာမျက်မှန်ကြီးတပ်တာလည်းတပ်ပေါ့ သတိလည်းထားအုံး ချော်လဲနေအုံးမယ်
သမီးလေး - သမီးကိုစိတ်မပူနဲ့မေမေ သမီးကလည်တယ်တဲ့
မေမေ - လည်လို့ပဲ ခဏခဏချော်လဲနေပြီးတော့ မနေ့ကအနာတောင်မပျောက်သေးဘူး
သမီးလေး - ချော်လဲလည်းလည်တာပဲသမီးက ခေါင်းတွေဘာတွေမထိအောင်လက်နဲ့အရင်ထောက်ထားတာ
😬😬🙄😂
မေမေ - ဒါသမီးလေးတစ်ယောက်တည်းခြယ်ထားတာအဖွား
ဖွားဖွား - ဟုတ်လား မြေးလေးကကောင်းကောင်း
ခြယ်တတ်နေပြီပဲ
သမီးလေး - သမီးအပင်ပန်းခံပြီးခြယ်ထားတာဖွားဖွား
ဖွားဖွား - ဟုတ်လား သေချာအရုဏ်စိုက်ပြီးခြယ်လို့လှတာကိုး
သမီးလေး - အရုဏ်စိုက်ခြယ်လို့ပင်ပန်းတာမဟုတ်ဘူးဖွားဖွား
ဖွားဖွား - ဘယ်လိုခြယ်လို့ပင်ပန်းတာလဲ 😳
သမီးလေး -အင်္ကျီလက်ရှည်ဝတ်ပြီးအပင်ပန်းခံခြယ်ထားရတာ
😂😂😂
ဘယ်အချိန်မဆိုစွပ်ကျယ်ပဲဝတ်ချင်တဲ့မေ့သမီးလေးတော်တော်ပင်ပန်းသွားတာကိုး😍
သမီးလေး - မေမေ မေမေ သမီးဟိုစိတ်ဖြစ်လာပြီ
မေမေ - ဟဲ့ ဘာစိတ်လဲ
သမီးလေး - မိဘမဲ့ကလေးလေးတွေကို သမီးနဲ့မတော်တဲ့အဝတ်အစားတွေပေးချင်တဲ့စိတ်
မေမေ - သြော်..ကောင်းတာပေါ့
သမီးလေး - ခုမှပဲတကယ်ကုသိုလ်ရတော့တယ်
မေမေ - အရင်ကလည်းသမီးအဝတ်အစားတွေလှူပါတယ်
သမီးလေး - အရင်တုန်းကလှူပေမဲ့ ပေးချင်တဲ့စိတ်မရှိဘူး မေမေပြောတော့တကယ်ပေးချင်တဲ့စိတ်ရှိမှကုသိုလ်ရတာဆို
ခုလေးတင်မှ အဲ့စိတ်ပေါ်လာတာ
😍😂
သမီးလေး - ခုနက ကလေးတွေပါတဲ့ကားပဲကြည့်ချင်တာ မေမေဘာလို့ပြောင်းလိုက်တာလဲ
မေမေ - အဲ့ဒါ ဒီကားပဲလေ
သမီးလေး - မဟုတ်ဘူး လူကြီးတွေကြီးပဲ ခုနက ကိုကိုနဲ့မမ မပါတော့ဘူး
မေမေ - သြော် သူတို့ကကြီးသွားကြတာလေ
သမီးလေး - မကြီးသေးဘူး သူတို့ ၂ ယောက်ကအတူတူပြေးနေကြတာ
မေမေ - ဟုတ်တယ် ပြေးရင်းနဲ့ကြီးလာကြတာ အတူတူကစားရင်းကြီးလာကြတဲ့သဘော ရုပ်ရှင်လေသမီးရဲ့
သမီးလေး - မေမေရယ် ကြီးလာရင်လည်း ဒီရုပ်နဲ့ပဲကြီးလာမှာပေါ့ မျက်နှာကတခြားသူစိမ်းတွေပါ မေမေလိုင်းပြောင်းလိုက်တာမို့လား
😂
အောင်ရတနာဆေးရုံကနေ ဆေးမှာထားတာ ဆေးလာပို့တော့မယ်လို့ဖုန်းဆက်လာကတည်းက သမီးလေးတစ်ယောက်ခြံထဲမှာပဲနေတော့တယ်လေ 😂
ဆေးလည်းရောက်ရော အတင်းကိုဖောက်ကြည့်မယ်လုပ်လို့မနည်းဆွဲထားရတယ်
မေမေ - ခဏနေအုံးသမီးလေး ပိုးသတ်ပြီးရင်ပြမယ်
သမီးလေး - အခုပဲကြည့်မယ် အခုပဲကြည့်မယ်
မေမေ - ပြမယ်လို့ပြောထားပြီးပြီနော်သမီးလေး အတင်းအတင်းမလုပ်နဲ့
သမီးလေး - ခုပဲ ခုပဲ
မေမေ - ဒါလူကြီးဆေးတွေ သမီးနဲ့မဆိုင်ဘူး ကလေးဆေးမပါဘူး နောက်မှကြည့်
သမီးလေး - မဆိုင်လည်း ဝိုင်းကြည့်ရမှာပဲ ဖွားဖွားကပြောတယ်
သမီးမှာဘော်လီရာစိတ်ရှိတယ်တဲ့ အဲ့ဒါကြောင့်ဒီလိုဖြစ်နေတာတဲ့
😂😂😂ဗော်လန်တီယာ
ဖေဖေ့ဆီကဖုန်းဝင်လာတော့
သမီးလေး - ဖေဖေလား သမီးပါ
ဖေဖေ - သမီးလေးလား မေမေရော ဘာလုပ်နေကြလဲ
သမီးလေး - corona virus နဲ့ ကနေကြတာ
မေမေ - 😳 သီချင်းလို့ထည့်ပြောလေသမီးရဲ့ 😂
မေမေ - အဖွားရေ သမီးလေးက ဒီနေ့ တံမြက်စည်းလည်းလှည်းတယ် ပန်းပင်လည်းရေလောင်းတယ် ဒီမှာကြည့်ပါအုံး
ဖွားဖွား - ငါ့မြေးကလိမ္မာပါတယ်လို့ပြောသားပဲ အရမ်းသိတတ်တာ
သမီးလေး - အဲ့ဒါတောင် သမီးကတစ်နေ့တစ်နေ့အဆူခံရသေးတာ
🙄😬😂
ဖွားဖွား - ပြတင်းပေါက်မှာ ဖားတစ်ကောင်တက်နေတယ် မောင်းလိုက်ပါအုံးမြေးရေ
မေမေ - ဟုတ်အဖွား
သမီးလေး - ရှူးတိုးတိုး မေမေ
မေမေ - ဘာဖြစ်လို့လဲ
သမီးလေး - အဲ့ဖားကအိပ်ပျော်နေပြီ သမီးပုံပြင်ဖတ်ပြပြီးသိပ်ထားတာ နိုးမှပဲမောင်းတော့
😂
ဆရာမလေးအေးမို့က ခွေးပုံခေါက်နည်းလေးသင်ပေးတော့
သမီးလေး - မေမေ ဆရာမကဘာလို့သမီးစာရွက်နဲ့ခေါက်တာလဲ
မေမေ - ဘာသမီးစာရွက်လဲသမီးရဲ့
သမီးလေး - အိမ့်ဖူးစာရွက်လို့ပြောတယ်
မေမေ - 😂🤣😂😍 A4စာရွက်လို့ပြောတာသမီးလေးရဲ့🤣
ယောဂီဝတ်စုံလေးထုတ်ဝတ်မိပါတယ်
သမီးလေး - မေမေ ဘာလို့အဲ့လိုဝတ်ထားတာလဲ
မေမေ - ဥပုသ်စောင့်ရင်ဝတ်ရတယ်သမီးရဲ့ ဒါမျိုးမဝတ်တာကြာပြီ
သမီးလေး - ပြန်လဲလိုက်ပါမေမေ ခါတိုင်းလိုရိုးရိုးအင်္ကျီနဲ့ပဲစောင့်
မေမေ - ဘာလို့လဲ
သမီးလေး - သမီးနဲ့ပြေးတဲ့အခါကျရင် ဒီဝတ်စုံကြီးနဲ့ပြေးတော့ မကောင်းဘူးလေ ဒီလိုဝတ်စုံနဲ့ဆိုငြိမ်ငြိမ်ပဲနေရတာ
မေမေ - 😂 အဲ့ဒါဆို ဒီနေ့မပြေးတော့ဘူးလေ ငြိမ်ငြိမ်ပဲဆော့ပေါ့
သမီးလေး - သမီးက ကလေးဆိုပေမဲ့ ကစားကွင်းတွေဘာတွေလည်းမသွားရတော့ ပြေးမှရမှာ
😂(ပြန်လဲပြီဟယ် ယောင်ပြီးကတောင်းကြိုက်မိမှာစိုးလို့)😂
သမီးလေး - မေမေ
မေမေ - ဘာလဲ
သမီးလေး - ဘာလို့ ဘာလဲလို့ ပြောတာလဲ
မေမေ - ဘာလဲမပြောလို့ ဘာပြောရမှာလဲ
သမီးလေး - ဘာလဲသမီးလေးလို့ ပြောလေ
မေမေ - ဘာလဲသမီးလေး ပြော
သမီးလေး - ဘာလို့ ပြောလို့ ပြောတာလဲ
မေမေ - အဲ့ဒါဆိုလည်းမပြောနဲ့တော့
သမီးလေး - ဘာလို့မပြောခိုင်းတာလဲ
မေမေ - ကဲ ကဲ မေမေလို့ခေါ်ပြီးရင်ပြောစရာရှိတာတစ်ခါတည်းဆက်ပြော
သမီးလေး - ဘာလို့ဆက်ပြောခိုင်းတာလဲ
မေမေ - သမီးက မေမေမေမေနဲ့ တစ်ချိန်လုံးခေါ်နေတာကိုး
အကြောင်းမရှိပဲမခေါ်နဲ့လေ
သမီးလေး - အကြောင်းမရှိဘဲ ဘာလို့မခေါ်ရတာလဲ
မေမေ - ခဏခဏခေါ်နေတော့ ထူးနေရတာစိတ်မရှည်တော့ဘူးပေါ့
သမီးလေး - ဘာလို့စိတ်မရှည်တာလဲ
မေမေ - သမီးကနိုးကတည်းက မေမေ့ကိုတစ်ချက်မှအလွတ်မပေးဘူးလေ ဒီတစ်ခါနည်းနည်းကြာကြာထိုင်အုံးမယ် မခေါ်နဲ့အုံး
သမီးလေး - သမီးကလူနဲ့ပဲကစားချင်တာ
မေမေ - အေးပါ ကစားပါ့မယ် ခဏလေးနေအုံး
သမီးလေး - ခဏလေးနေဆိုရင် သမီးကဟိုဟာမွှေလိုက် ဒီဟာမွှေလိုက် လုပ်မိတော့မှာ
ပြီးရင် သမီးကို စပ်စပ်စပ်စပ်နဲ့လို့ပြောကြအုံးမှာ
မေမေ - 🙄😬 မလုပ်ရဘူးလို့ပြောထားတာတွေကို မလုပ်နဲ့ပေါ့သမီးလေးရဲ့
သမီးလေး - ကလေးဆိုတာမသိဘူးလေမေမေ
မေမေ - ပြောထားပြီးရင်သိရမယ်လေ🙄 သမီးက ၄နှစ်တောင်ပြည့်တော့မယ် ပြောရင်နားလည်နေပြီလေ
သမီးလေး - စမ်းသပ်ကြည့်မှတကယ်သိမှာပေါ့မေမေရဲ့
🙄😬😂
သမီးလေး - မေမေရေ မေမေ့ကို surpriseလုပ်မလို့ မျက်စိမှိတ်ထားပြီးသမီးနောက်လိုက်ခဲ့
မေမေ - ဟုတ်ပါပြီ
သမီးလေး - ရပြီမေမေ ဖွင့်ကြည့်တော့
မေမေ - ဟယ် ဖိုးလမင်းကြီးပဲ (ဒီလိုပဲ အံသြပြရတာပေါ့😂)
သမီးလေး - ခုမှပဲပြရတော့တယ် ခုဏက လကစောင်ခြုံပြီးအိပ်နေလို့မမြင်ရဘူး ခုလေးတင်မှနိုးလာတာ
မေမေ - လကစောင်ခြုံတယ် ဟုတ်လား
သမီးလေး - အော်.....မေမေကလည်း.... လကစောင်ခြုံမလား မိုးတိမ်မဲမဲကဖုံးနေတာကိုပြောတာ
🙄ငါနော်😬😂
မေမေ - လက်ထဲမှာသကြားလုံးရှိပြီးသားကို ဘူးထဲကနေထပ်ယူနေပြန်ပြီလားသမီးလေး
သမီးလေး - ထပ်ယူတာမဟုတ်ဘူး ဖွားဖွားပေးထားတာ ၃လုံး ဒါပေမဲ့ ၁လုံးကဘယ်ရောက်သွားမှန်းမသိလို့ ၃လုံးပြည့်အောင် ၁လုံးထပ်ယူနေရတာ ဖွားဖွားကိုမေးကြည့်
မေမေ - ဟုတ်ပါပြီ မေမေမသိလို့ပြောမိတာပါ
သမီးလေး - မေမေကသေချာမသိဘဲ ယူပြီးသားကို
ထပ်ယူတယ်ထင်ပြီးအထင်သေးဟုတ်လားသမီးကို
😳😂
ဖိုးဖိုးထူး - ကလေးလေး ထမင်းစားပြီးပြီလား
သမီးလေး - ဒီနေ့ထမင်းမစားတော့ဘူး
ဖိုးဖိုးထူး - ဘာဖြစ်လို့လဲ
သမီးလေး - ဘူးညွန့်ဟင်းချက်လို့
ဖိုးဖိုးထူး - ဘူးညွန့်ကအရမ်းကောင်းတာ
ဗိုက်တာမင်စုံတယ် မကြိုက်လည်းစားပေးရတယ်ကလေးလေးရဲ့
သမီးလေး - သမီးကဘူးညွန့်ကိုအရမ်းကြိုက်လို့ထမင်းမစားတာ ဘူးညွန့်ကြီးပဲထိုင်စားတာ
😂
သမီးလေး - ဒီ spidermanပုံ puzzleကခက်တယ် သိမ်းထားလိုက်အုံးမေမေ
ဒီ hello kitty ပဲဆက်တော့မယ်
မေမေ - ဟုတ်သားပဲခက်တဲ့ဟာသိမ်းထားလိုက်မယ် လွယ်တာပဲဆက်
သမီးလေး - လွယ်လို့ဆက်တာမဟုတ်ဘူးမေမေ ခက်လို့မဆက်တာလည်းမဟုတ်ဘူး
မေမေ - ဟုတ်ပါပြီ
သမီးလေး - သမီးနဲ့တော်တာပဲသမီးဆက်တာ ခက်တာကတကယ်တော့ခက်တာမဟုတ်ဘူး ၄နှစ်နဲ့မတော်သေးလို့ခက်တယ်လို့ပြောတာ
🙄😍😂
သမီးလေး - အမာရွတ်ကို Englishလိုဘယ်လိုခေါ်လဲမေမေ
မေမေ - scar လို့ခေါ်တယ်
ဘာဖြစ်လို့မေးတာလဲ
သမီးလေး - မေးချင်လို့မေးတာပေါ့မေမေရယ်
မေမေ - ဟုတ်ပါပြီ မေးပါ မေးပါ
သမီးလေး - မေးချင်လို့မေးတာဆိုတာက ဒီတိုင်းစိတ်ထဲမှာကောက်တွေ့လိုက်လို့ကောက်မေးလိုက်တာကိုပြောတာမေမေ
😂
သမီးလေး - ခွေးလေးကဘာဖြစ်တာလဲရှင်
မေမေ - ချောင်းဆိုးချွဲကြပ်နေလို့ပါဆရာမ
သမီးလေး - အင်း.... ဘာဆေးပေးရမလဲဆိုတော့....
မေမေ - ချွဲပျော်ဆေးတော့တိုက်ထားတယ် မသက်သာလို့လာပြတာပါဆရာမ
သမီးလေး - သိပြီ ချွဲတွေက လည်ချောင်းထဲမှာပျော်နေကြလို့ မပျောက်တာ ချွဲပျော်ဆေးသောက်နဲ့တော့
လိမ်းဆေးပေးလိုက်မယ် လည်ချောင်းကိုလိမ်းပေးလိုက် ပူလာရင်ချွဲတွေထွက်ပြေးသွားလိမ့်မယ်
🙄😂
မေမေ - ခြင်စကာမဖွင့်ပါနဲ့ဆို ဖွင့်ပြန်ပြီလားသမီးလေး
သမီးလေး - မတော်တဆဖွင့်မိတာမေမေ မတော်တဆကို English လိုဘယ်လိုခေါ်လဲ
မေမေ - accidentလို့ခေါ်တယ် by accidentလို့ပြောတယ်
သမီးလေး - sorryလို့လည်းပြောတယ်
sorry နဲ့ မတော်တဆကလည်းတူတူပဲ
မေမေ - မတူပါဘူး sorryကတောင်းပန်တာ မတော်တဆက မရည်ရွယ်ဘဲလုပ်မိတာ by accident
သမီးလေး - အဲ့ဒါဆို ဘာလို့ sorryမတော်တဆလုပ်မိတာလို့ ပြောကြလဲ
မေမေ - အဲ့ဒါက မတော်တဆလုပ်မိလို့တောင်းပန်တာလေ
သမီးလေး - မတော်တဆလုပ်မိတာဆိုရင် တောင်းပန်စရာမလိုဘူးလေမေမေ တမင်လုပ်တာမဟုတ်ဘူးမတော်တဆဖြစ်တာ
Sorry နဲ့ မတော်တဆက တူလို့မို့လို့ Sorryမတော်တဆလုပ်မိတာလို့ ပြောကြတာဖြစ်မယ်
မေမေ - မတော်တဆလုပ်မိလည်းတောင်းပန်ရတယ်သမီးရဲ့
တမင်လုပ်တာမဟုတ်ပေမဲ့ ကိုယ်မတော်တဆလုပ်မိလိုက်လို့
သူများထိခိုက်သွားရင်လည်းတောင်းပန်ရတယ်
သမီးလေး - အဲ့ဒါမျိုးဆို ရိုးရိုးမတောင်းပန်ဘဲ
မတော်တဆတောင်းပန်ပါတယ်လို့ပြောရမှာ မတော်တဆလုပ်မိလို့တောင်းပန်ရတာဆိုတော့
🙄😂
သမီးလေး - ပြက္ခဒိန်မှာဘာလို့ဂဏန်းတွေက အပြာနဲ့အနီနဲ့ဖြစ်နေတာလဲမေမေ
မေမေ - အပြာကရုံးဖွင့်ရက် အနီကရုံးပိတ်ရက်
ရုံးပိတ်ရက်မှန်းသိအောင် အနီနဲ့ရေးထားပေးတာ
သမီးလေး - အနီမှရုံးဖွင့်ရက်ဖြစ်ရမှာ
မေမေ - ဘာလို့လဲ
သမီးလေး - အနီမှလှတာ ရုံးတက်ရင်လှလှလေးတက်ရတာလေ
😂
မေမေ - သမီးလေးပါးကအိနေတာပဲ
သမီးလေး - ခေါင်းမှမဟုတ်တာမေမေရယ်
🙄😂
သမီးလေး - ဆေးခြယ်တာတို့ ပန်းချီဆွဲတာတို့ စာရေးတာတို့လုပ်တဲ့အခါကျရင် နားရွက်ပါတာကောင်းတယ်မေမေ
မေမေ - နားရွက်ဟုတ်လား
သမီးလေး - ဟုတ်တယ်နားကိုပြောတာ
မေမေ - ဘာကြောင့်ကောင်းတာလဲ မျက်စိတို့လက်တို့ဆိုတော်သေးတယ် နားကမှဆူညံသံတွေကြားရအုံးမယ် ဘယ်လိုလုပ်ကောင်းမှာလဲ
သမီးလေး - ပုံဆွဲနေရင်းဆံပင်တွေကျလာရင် နားရွက်ကြားထဲကောက်ထည့်လိုက်လို့ရလို့ကောင်းတာ
😂
Zooလုပ်တမ်းကစားကြရင်း
မေမေ - ဒီဆိတ်ကလေးကဒီနားမှာနေ ဒါသူ့အတွက်နေရာ
သမီးလေး - စိတ်ညစ်တယ်
မေမေ - ဘာကိုစိတ်ညစ်တာလဲ မေမေလည်းတူတူဆော့နေတာပဲကို
သမီးလေး - မေမေယူသွားတာဆိတ်မဟုတ်ဘူး သမင်ကြီး
😁😂
သမီးလေး -
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်
မေမေကြီး မေမေကြီး မေမေကြီးကိုချစ်တယ်
မေမေ - ဆိုတတ်တာပဲသမီးလေးက ဆက်ဆို ဆက်ဆို
သမီးလေး -
မေမေလေး မေမေလေး မေမေလေးကိုချစ်တယ်
မေမေ - 😬ဘယ်ကမေမေလေးလဲ သီချင်းထဲမှာမပါပါဘူး
သမီးလေး - မေမေပေါ့ မေမေပေါ့ မေမေပေါ့ကိုချစ်တယ်
မေမေ - ဘာတွေတုန်း
သမီးလေး - ကြီးတာနဲ့လေးတာပြီးတော့ ပေါ့တာဆိုတာ
မေမေ - 🙄ကောင်းကောင်းဆိုပါသမီးရဲ့လျှောက်မဆိုနဲ့
သမီးလေး - ဖေဖေကြီးပဲဆိုတော့မယ် ဒီတစ်ခါ
မေမေ - ဆို ဆို လေးတာတွေပေါ့တာတွေမပါနဲ့နော်🙄
သမီးလေး - ဟုတ်
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ်
ဖေဖေသေး ဖေဖေသေး ဖေဖေသေးကိုချစ်တယ်
🙄😂
မေမေ - နေ့လယ်ကရွတ်တဲ့ကဗျာလေးဆိုပြပါအုံးသမီးလေး
မိဘကျေးဇူးကြွေးက မြင်းမိုရ်တောင်ကြီးလောက်ကြီးမားတာလေ
သမီးလေး - ဝတ်မှုံရွှေရည်မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကျေကျေ
မေမေ - မြင်းမိုရ်ရွှေတောင်ပါ သမီးရဲ့
သမီးလေး - မြင်းမိုရ်ရွှေရည်မိဘကြွေးကို
မေမေ - ရွှေရည်မဟုတ်ဘူးလေသမီးလေးရဲ့ ရွှေတောင်
သမီးလေး - ဝတ်မှုံရွှေတောင်မိဘကြွေးကို
မေမေ - မြင်းမိုရ်ရွှေတောင် မြင့်မိုရ်ရွှေတောင်
သမီးလေး - မြင်းမှုံရွှေတောင်မိဘကြွေးကိုကောင်းစွာဆပ်ပေးဝတ်ကျေကျေ
🙄😂
ဖွားဖွားကြီး - မြေးလေးကြီးလာရင် ဟိုဘက်ခြံကပန်းချီဆရာဖိုးဖိုးဆီပို့ပေးမယ် ပန်းချီဆွဲသင်ဖို့
သမီးလေး - သမီးကဆရာဝန်ပဲလုပ်မှာ
ဖွားဖွားကြီး - ဆရာဝန်လုပ်လည်း ဆေးကုပြီးပြန်လာရင်ဆွဲချင်ဆွဲလို့ရတာပေါ့ တတ်ထားတော့
သမီးလေး - ဆေးကုပြီးပြန်လာရင်လည်းသမီးက ဖွားဖွားကိုဟင်းတွေချက်ကျွေးအုံးမှာ
😍😍😍
သမီးလေး - လိမ္မော်သီးသည်လာပြီမေမေ အသံကြားတယ်
မေမေ - ဟုတ်လား အိမ်ရှေ့နားရောက်ရင်လှမ်းခေါ်ထားလိုက်အုံး
သမီးလေး - ဟုတ် ၁၀၀၀ဖိုးကို ၅၀၀တဲ့မေမေ
😂(အများကြီးဝယ်မယ်အေ)😁
မေမေ - ကိစ္စပြီးပြီလားသမီးလေး
သမီးလေး - နောက်ဆုံးတစ်ခုကျခါနီးပြီကို - င်က ပြန်စုပ်လိုက်လို့
စောင့်ရအုံးမယ်
😂🙏
မေမေ - အဲ့လိုဖြဲမထိုင်ရဘူးသမီးလေး ကောင်းကောင်းထိုင်
မေမေ - မေမေရယ် သမီးကိုစာရွက်လို့ထင်နေတာလား
🙄😂
မေမေ - ဖွားဖွားဖုတ်ထားတဲ့မုန့်လေးစားကြည့်ပါအုံးသမီးလေး မွှေးနေတာပဲ
သမီးလေး - မစားတော့ဘူးမေမေ အဲ့လိုမုန့်မျိုးမကြိုက်ဘူး
မေမေ - နည်းနည်းမြည်းကြည့်ပါအုံးသမီးရဲ့ ဒါမျိုးတစ်ခါမှမဖုတ်ဖူးဘူး ဒါကမုန့်အသစ် မြည်းကြည့်လိုက်ရင်ကြိုက်ရင်ကြိုက်သွားမှာ
သမီးလေး - သမီးကမမြည်းကြည့်ဘဲနဲ့လည်း မကြိုက်မှန်းသိတယ်
😂
သမီးလေး - မေမေ ဘာလုပ်နေတာလဲ
မေမေ - ပဲပြုတ်သည်လွတ်သွားမှာစိုးလို့စောင့်နေတာ
ခဏလေး
သမီးလေး - ပဲပြုတ်ရောင်းတဲ့မမကလူဆိုးလားမေမေရဲ့ မေမေကရောရဲလား
🙄😂
သမီးလေး - လိမ္မော်သီးကိုမနည်းစားနေရတယ်မေမေရယ်
မေမေ - ဒီရာသီမှာစားပေးရတယ်သမီးရဲ့ ကိုယ်ခံအားကောင်းအောင်လို့ သူ့မှာ Vitamin C တွေအများကြီးပါတယ်
သမီးလေး - မကုန်အောင်မနည်းစားနေရတယ်လို့ပြောတာ
🙄😂(အသီးသည်အသံကြားရင်ပြောထပ်ဝယ်ပေးမယ်)😁😂
မေမေ - ရေချိုးမယ်လာတော့ဝင့်ဝါအိမ့်ဖူး
သမီးလေး - ခဏလေးတီးခံ(သည်းခံ)ပါမေမေရယ်
သမီးကဒါပြီးရင်လာမှာပါ သမီးကလာမယ်ပြောပြီးရင်တကယ်လာမှာမညာဘူး
မေမေသိရဲ့သားနဲ့ဒါပဲပြောနေတယ်
🙄(အေး အခု ၁၂နာရီထိုးနေပြီ)😏
မေမေ - ဟင်းခါးလေးပါသောက်သမီးလေး
သမီးလေး - ငရုတ်သီးရဲ့ခေါင်းထည့်ထားသေးလားမေမေ
သမီးအဲ့ဒါမကြိုက်ဘူး
မေမေ - ငရုတ်ကောင်းပါ ငရုတ်သီးရဲ့ခေါင်းမဟုတ်ပါဘူးသမီးရဲ့ အပင်မတူဘူး
သမီးလေး - အဲ့ဒါဆို သူတို့က မိသားစုမဟုတ်ဘူးပေါ့
နာမည်တူတဲ့သူငယ်ချင်းတွေပေါ့
😂
သမီးလေး - အနက်ရောင်အကျီမဝတ်ပါနဲ့မေမေရယ်
မေမေ - ဘာလို့လဲ သမီးကအနက်ရောင်မကြိုက်လို့လား
သမီးလေး - အနက်ရောင်ကိုကြိုက်ပါတယ်
မေမေ - အဲ့ဒါဆို ဘာလို့မဝတ်ခိုင်းတာလဲ
သမီးလေး - မေမေ့ဆံပင်ဘယ်နားထိလျှောက်သွားနေလဲဆိုတာ
မမြင်ရတော့လို့
😂(အေအေ အရောင်ဆိုးပြီးမှပဲအနက်ဝတ်တော့မယ်)😁
သမီးလေးရေချိုးဖို့ရေနွေးစပ်နေရင်း ပူနေတာနဲ့တစ်ခွက်ခပ်ပြီးဖယ် ရေအေးတစ်ခွက်ထပ်ထည့်ပြီးရော ပူနေသေးတာနဲ့ ရေအေးနောက်တစ်ခွက်ထပ်ရောနေတုန်း
သမီးလေး - မေမေ ဒါ ရေချိုးခန်းနော်
မေမေ - ဟုတ်တယ်လေ ဘာဖြစ်လို့လဲ
သမီးလေး - စမ်းသပ်ခန်းမဟုတ်ဘူး
😂😂
သမီးလေးတစ်ယောက် သူငယ်ငယ်ကပုံတွေပြန်ကြည့်ရင်း
ဒီပုံက ကိုဗစ်မရှိသေးဘူးမေမေ
ဒီပုံက ကိုဗစ်ရှိနေပြီ
ဟော... ဒီပုံက ကိုဗစ်မရှိသေးဘူး
ဒီပုံလေးက ကိုဗစ်နဲ့ပုံ
(သြော် သူလေးက ကိုဗစ်နဲ့အတူယှဥ်တွဲနေထိုင်နေတာပါလား😍😂)
မေမေ - ဟုတ်ပါပြီ ဒါဆို ကိုဗစ်က သမီးအသက်ဘယ်လောက်မှာစဖြစ်တာလဲသိလား
သမီးလေး - ကိုဗစ်ရှိနေတာကို ကြက်သွန်ကြော်စားရင်းနဲ့သိခဲ့ရတာပဲ
မေမေ - ဘယ်လိုဘယ်လို
သမီးလေး - မေမေသမီးကို ကြက်သွန်ကြော် ကြော်ပြီးကျွေးနေတုန်းပြောပြခဲ့တာ ကိုဗစ်ရှိနေပြီဆိုတာကို
😍😂
သမီးလေးကို ပဲမျိုးစုံနာမည်တွေပြောပြနေရင်း စားတော်ပဲဆိုတာပဲပြုတ်လို့ပြောတော့သမီးရဲ့
သမီးလေး - မဟုတ်ဘူး ပဲပြုတ်က အဲ့နာမည်မဟုတ်ဘူး
မေမေ - စားတော်ပဲကိုပြုတ်ထားတာ
သမီးလေး - စားတော်ပဲမဟုတ်ဘူး ပဲပြုတ်နာမည်က ဟောဒီရ
မေမေ - ဟောဒီကပဲပြုတ်ဆိုတာ ဒီမှာပဲပြုတ်လို့ပြောတာ ပဲပြုတ်ပဲရဲ့နာမည်မဟုတ်ဘူး😂
ဒါနဲ့အိမ်ရှေ့လာတဲ့မမက ဟောဒီကပဲပြုတ်လို့မအော်ပါဘူး သမီးဘယ်ကနေကြားတာလဲ ရုပ်ရှင်ထဲကလား
သမီးလေး - ဒီတိုင်းစိတ်ထဲမှာတွေ့တာကို ပါးစပ်ကကောက်ပြီးပြောလိုက်တာ
😂
သမီးလေး - သမီးကိုမွေးထားလို့မေမေကကံကောင်းတယ်
မေမေ - ဟယ် ဘာဆိုင်လို့လဲ
သမီးလေး - သမီးကလိမ္မာတဲ့သမီးလေးဖြစ်လာမှာဆိုတော့ မေမေကကံကောင်းတယ်
မေမေ - လိမ္မာတဲ့သမီးလေးဖြစ်လာရင် သမီးလေးကပိုကံကောင်းတာပေါ့
သမီးလေး - သမီးကြီးလာမှမေမေကပိုကံကောင်းမှာ
မေမေ - ဘာလို့လဲ
သမီးလေး - သမီးကြီးလာရင်အကုန်လုပ်တတ်ပြီလေ
မေမေ - အမယ် သာဓု သာဓု သာဓုပါ လုပ်ပေးမယ်ပေါ့
သမီးလေး - အကုန်လုပ်တတ်လာတော့ ကလေးလိုမကစားတော့ဘူးဆိုတော့ မေမေလည်းကစားစရာမသိမ်းရတော့ဘူးပေါ့ အဲ့ဒါကြောင့်သမီးကြီးမှမေမေကံကောင်းမှာ သမီးက ကစားစရာဆိုမသိမ်းချင်ဘူးလေ
🙄😂
သမီးလေးတစ်ယောက် ဖုန်းပြောနေတာ
သူမေးသူဖြေ😁
Hello လိပ်လား ဘာလဲပြော
ငါ့အမေနေမကောင်းလို့ပါ ဆေးလာကုပေးပါအုံး
ဟုတ်လား ငါကအခုဆရာဝန်လုပ်တမ်းမကစားတော့ဘူး
ထမင်းဆိုင်ဖွင့်နေပြီ bearလေးကဆရာဝန်လုပ်နေတယ် သူ့ကိုခေါ်
အင်းအင်း ဒါနဲ့နင့်မွေးနေ့ကဘယ်တော့လဲ
အင်း ၄နှစ်ကုန်တာနဲ့တန်းရောက်မှာပဲဟ
ဟုတ်လား ကျောင်းတူတူသွားကြမယ်နော်
အင်း ၅နှစ်ဆိုကျောင်းတက်ကြမယ် ၆နှစ်ဆိုငါကတိရိစ္ဆာန်ဆရာဝန်တက္ကသိုလ်တက်မှာနော်
၇နှစ်မှာဘွဲ့ရတာနဲ့ဆေးကုတော့မယ်
ခွေးမွေးဖို့လည်းငါ့မေမေကိုပြောထားပြီးပြီ
🙄😂
သမီးလေး - မေမေရေ ဟိုအဖြူရောင်အိတ်ကဘာအိတ်လဲ သမီးမေ့နေလို့
မေမေ - ဘယ်ဟာကိုပြောတာလဲ
သမီးလေး - အဖြူရောင်အိတ်လေ အရုပ်မတွေဆီကို ပါဆယ်ပို့မလို့
ဆန်ထည့်တဲ့စာလာအိတ်လည်းမဟုတ်ဘူး အပြာရောင်လေးလည်းပါတယ် အမှိုက်အိတ်လည်းမဟုတ်ဘူး
စက္ကူပဲ ဒါပေမဲ့အိတ်လို့ပဲခေါ်တယ် အထဲမှာကတ်တွေစာတွေ
ထည့်လို့ရတယ် နာမည်မေ့နေလို့ ဘာအိတ်လို့ခေါ်တာလဲ
မေမေ - စာအိတ်😂လို့ခေါ်တယ်ကွဲ့
သမီးလေး - အဲ့စာအိတ်သမီးကိုပေးပါ အရုပ်မတွေကိုပေးဖို့
မွေးနေ့ဖိတ်စာထည့်ချင်လို့
😂
မေမေ - သမီးကဘာလို့သမီးဖွထားတဲ့ကစားစရာတွေကို မသိမ်းချင်တာလဲ တံမြက်စည်းတွေကျတော့လှည်း ကြမ်းတွေတော့တိုက်ပြီးတော့ ကိုယ်ဖွတာကိုယ်သိမ်းရမယ်လေ
သမီးလေး - သူငယ်ချင်း ၂ ယောက်ကစားရင်းပြုတ်ကျသွားရင် သူငယ်ချင်းတစ်ယောက်နာမှာစိုးလို့ အောက်ကနေပြီးအနာခံပေးလိုက်
တဲ့ သူငယ်ချင်းတစ်ယောက်ကပိုကောင်းတာမို့လား
မေမေ - အင်းပေါ့ အဲ့ဒါနောက်မှပြော မေမေမေးတာအရင်ဖြေအုံး ဘာလို့ကစားစရာတွေမသိမ်းတာလဲလို့
သမီးလေး - သမီးကသမီးရဲ့ကစားစရာတွေပွလည်းဘာမှမဖြစ်ဘူး မေမေတို့ခိုင်းတာကျတော့သမီးလုပ်မှဖြစ်မှာမို့ အနာခံပြီးလုပ်နေရတာ
😘😍😂
သမီးလေး - လူတွေကအရမ်းချမ်းတဲ့အချိန်နဲ့
အရမ်းကြောက်တဲ့အချိန်တွေဆိုရင် နေနေတဲ့ပုံစံကတူတူပဲမေမေ
ဒီလိုလေးဖြစ်သွားတယ် လက်နဲ့ပခုံးကအထဲကိုကွေးသွားတယ်
မေမေ - ဟုတ်လား
သမီးလေး - နေတဲ့ပုံစံတူပေမဲ့ တကယ်မတူဘူး တစ်ခုကချမ်းနေတာ တစ်ခုကကြောက်နေတာ ချမ်းတာနဲ့ကြောက်တာကတကယ်တော့မတူဘူး ဒါပေမဲ့နေတဲ့ပုံစံကတူနေတာ
စိတ်ထဲမှာမတူပေမဲ့ အပြင်မှာတူသွားတာ
အဲ့ဒါထူးဆန်းတယ်
😂
သမီးလေးရေ
မေမေမအားလို့အဝတ်သွားရုတ်ပေးပါအုံးဆ်ိုရင်ရုတ်ပေးတယ်
မေမေမအားလို့ဆွမ်းတော်စွန့်ပေးပါအုံးဆိုရင်စွန့်ပေးတယ်
မေမေ့ကိုတံမြက်စည်းနဲ့အမှိုက်ခွက်သွားယူပေးပါအုံးဆိုရင်
ရေခဲသေတ္တာထဲကဘာလေးယူပေးပါအုံးဆိုရင်ယူပေးတယ်
တစ်ခုခုမှာထားလို့လာပို့ရင် ခဏလေးနော်လာပြီနော်လို့ သူ့အသံကျယ်ကြီးနဲ့ လှမ်းအော်ထားပေးတယ်
အပြင်မှာစျေးသွားဝယ်လို့ရှိရင်လည်း မေမေဘာတွေဝယ်ရမယ်လို့ပြောထားရင်မှတ်ထားပေးတယ် ပြန်ခါနီးခုဏကမှတ်ထားတာတွေစုံရဲ့လားလို့တစ််ခုချင်းရွတ်ပြီးသတိပေးတယ်
သူ့ကြီးကြီးနေကောင်းရဲ့လားလို့ cctvမှာပြန်ကြည့်ခိုင်းထားရင်လည်း ကြည့်ပေးတယ်
လူခေါ် bellအသံကြားရင်လည်း ဘယ်သူလဲလို့ကြည့်ပေးတယ်
သမီးလေးရေ ကစားစရာတွေပွနေပြန်ပြီသိမ်းလိုက်ပါအုံးဆိုရင်တော့
.
.
မေမေသိမ်းတဲ့
🙄😬😂(အဲ့တစ်ခုတော့ဘယ်တော့မှမရ)
သမီးလေး - အမလေးကြောက်လိုက်တာ
မေမေ - ဘာကြောက်တာလဲ
သမီးလေး - ပုရွက်ဆိတ်တန်းကြီးတွေ့လို့
မေမေ - ဘာကြောက်နေလဲပုရွက်ဆိတ်ကို ကျော်သွားလို့ရတာပဲ
သမီးလေး - ပုရွက်ဆိတ်ကိုမကြောက်ပါဘူး caladrylကုန်မှာကြောက်တာ
😂
သမီးလေး - သမီးကြီးလာရင် ခွေးမွေးမှာနော်မေမေ
မေမေ - ခွေးဝေယျာဝေစ္စလုပ်နိုင်ရင်မွေးပေါ့ မွေးပြီးရင်ဂရုစိုက်ရတယ် နော်
သမီးလေး - ခွေးအထီး ၁ ကောင် အမ ၁ ကောင်မွေးမယ်
ခွေးအထီးကို ဝင့်ဝါဒေါ့လို့နာမည်ပေးမယ် ခွေးအမကို အိမ့်ဖူးဒေါ့လို့နာမည်ပေးမယ်😂
မေမေ - သမီးနာမည်နဲ့ခွေးနာမည်နဲ့တူနေမှာပေါ့ တခြားနာမည်စဥ်းစား
သမီးလေး - သမီးကခွေးမွေးပြီးရင်ခွေးသခင်ဖြစ်လာမှာလေ သခင်နာမည်ပါအောင်ပေးတာ😂
မေမေ - မေမေတို့ကသမီးတစ်ယောက်ပဲမွေးနိုင်တာနော် ခွေးမွေးရင်ခွေးစရိတ်တွေအများကြီးကုန်မှာဆိုတော့ ခွေးမွေးတာနဲ့သမီးကိုကစားစရာတွေဝယ်မပေးနိုင်တော့ဘူးနော်
သမီးလေး - ရတယ် ကျောင်းပြီးမှကိုယ့်ကိုယ်အလုပ်လုပ်ပြီးဝယ်မယ်😂
မေမေ - သမီးကျောင်းသွားနေတုန်း ခွေးကိုဘယ်သူထိန်းမလဲ ဘယ်သူအစာကျွေးမလဲ ဘယ်သူရေချိုးပေးမလဲ ဘယ်သူဘွတ်ဘွတ်တည်မလဲ
သမီးလေး - ကျောင်းမသွားခင်နဲ့ ကျောင်းကပြန်လာရင်လုပ်မှာပေါ့မေမေရယ် ဘာထူးဆန်းလဲ
🙄😂
မေမေ - အရုပ်မလက်ပြန်တပ်ပြီးပြီလားသမီးလေး
သမီးလေး - မတပ်လို့ရသေးဘူးမေမေ
မေမေ - တပ်လို့မရသေးဘူးလို့ပြောရတယ်သမီးရဲ့
သမီးလေး - ဟုတ်မေမေ
မေမေ - ခြံထဲသွားရအောင်သမီးလေး
သမီးလေး - မသွားလို့ရသေးဘူးမေမေ အရုပ်မတွေကိုသိပ်ရအုံးမယ်
မေမေ - သွားလို့မရသေးဘူးလို့ပြောရတယ်သမီးရဲ့ နောက်တစ်ခါဆို မကိုနောက်မှပြော စစချင်းမပြောနဲ့
သမီးလေး - ဟုတ်မေမေ....သမီးကိုဒီသကြားလုံးဖောက်ပေးပါအုံး
မေမေ - ဟယ်...အခုထိမဖောက်ရသေးဘူးလား
သမီးလေး - ဟုတ်... ဖောက်ရမသေးဘူးမေမေ
😂
သမီးလေး - မေမေ ဘာဟင်းနဲ့စားနေတာလဲ အဲ့ဒါ
မေမေ - တစောင်းခါးကြော်
သမီးလေး - သူတောင်းစားလိုကြော်တာကိုမေးတာမဟုတ်ဘူးမေမေ အဲ့ဒါဘာအပင်လဲလို့မေးတာ
🙄😂
သမီးလေး - မေမေ
မေမေ - ဟေ
သမီးလေး - ငါ့သမီးလေးသီချင်းပြန်ဆိုပါအုံး
မမေ - ဘာငါ့သမီးလဲ
သမီးလေး - အမိုးမြင့်တဲ့အထပ်မှာနေပြီးတော့ ပန်းခင်းထဲမှာချော့သိပ်ရတာလေသူ့ကို
မေမေ - 😂နတ်သမီးလေးသီချင်း(အနီးဆုံးလူ)ပါ ငါ့သမီးမဟုတ်ဘူး
သမီးလေး - နတ်သမီးလေးကိုချော့သိပ်တာလား ချော့သိပ်တဲ့သီချင်းတွေဆိုရင်အကုန်လုံးငိုစရာကောင်းတယ်နော်
😍😂