book

Index 4

တကယ်ကြီး ဒီဘဲက ကားမမောင်းတတ်ဘူးဗျ

  • Author : ZENIX
  • Genres : Mystery
  • Original Author : Rick Riordan

အခန်း (၄)

တကယ်ကြီး ဒီဘဲက ကားမမောင်းတတ်ဘူးဗျ

ခင်ဗျား ဘော်စတွန်မြို့ပေါ်က ကားမောင်း မကျွမ်းတဲ့ ဒရိုက်ဘာတွေအကြောင်း ကြားဖူးလား။ အဲ့ဒါ ကျွန်တေ့ာ်ဦးလေး ရန်းဒေါ့ဖ်ပဲ။

ဒီလူက သူ့ရဲ့ BMW 528i ကို ပြိုင်ကားမောင်းသလိုမောင်းတာ (ဟုတ်တယ် BMW ပဲဖြစ်ရမှာပေါ့) ဓနသဟာရ ရိပ်သာလမ်းဘက် ဆင်းချလာတယ်။ မီးနီတွေဘာတွေ ဂရုမစိုက်၊ တခြားကားတွေကို ဟွန်းပိတ်တီး တစ်လမ်းကနေ တစ်လမ်းကို လွန်းထိုးပြီးမောင်းချတာပဲ။

’ခင်ဗျား လမ်းသွားလမ်းလာ တစ်ယောက်ကို ကပ်လွတ်သွားတာပဲ’’ ကျွန်တော် ပြောလိုက်တယ်။ ’မင်းကပြန်သွားပြီး ထိအောင်တိုက်ချင်သေးလို့လား’ ရန်းဒေါ့ဖ် စကားမေး ပြန်ဖြေရတာ အာရုံနောက်နေတယ်။

သူက ကောင်းကင်ကို တစ်ချက်ချက် စိုက်ကြည့်ရင်း မိုးတိမ်တိုက်တွေကိုရှာနေသလိုပဲ။ အိတ်စီတာလမ်းဆုံကို ဖြတ်ပြီး သူရဲ့ BMW ကိုအရှိန်နဲ့ မောင်းချသွားတယ်။

‘’ဆိုတော့ ... ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ’’ ကျွန်တော် ပြောလိုက်တယ်။

‘’တံတားဆီ’’

အဲ့ဒီအဖြေက ကျွန်တေ့ာ်ကို အကုန်ရှင်းပြီးသားဖြစ်သွားတယ်။ ဘော်စတွန်မြို့တစ်ဝိုက်မှာက တံတား အစင်း ၂၀ လောက်ရှိတယ်။

ကျွန်တေ့ာ်လက်ကို ပူနွေးတဲ့ ကားသားရေခုံတစ်လျှောက် ပွတ်လိုက်တယ်။ ကျွန်တော် ကားစီးရတာ နောက်ဆုံးအခေါက်ကနေဆို ခြောက်လလောက်ရှိမယ်။ နောက်ဆုံးအခေါက်ကတော့ လူမှုရေးဝန်ထမ်း တစ်ဦးရဲ့ Toyota ကားပေါ့။ အဲဒီအရှေ့ကတော့ ရဲတွေရဲ့ Cruiser ကား။ နှစ်ကြိမ်စလုံးမှာတော့ ကျွန်တော် နာမည်အတုပဲ သုံးခဲ့တာ။ နှစ်ကြိမ်လုံး ကျွန်တော်လွတ်မြောက်ခဲ့တာပါပဲ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတော့ အချုပ်ပါတဲ့ကားလောက်ပဲ စီးဖို့ကံပါတာ။ ကျွန်တေ့ာ်ကံဇာတာက ဒီနေ့ပဲပြောင်းသွားတာလားမသိဘူး။ ကျွန်တေ့ာ်မှာရှိတဲ့ မေးခွန်းတွေကတေ့ာ ’ဘယ်သူက ကျွန်တေ့ာ်အဖေလဲ။ ဘယ်သူက ကျွန်တေ့ာ်အမေကို သတ်လိုက်တာလဲ။ ဦးလေးရဲ့ မိန်းမနဲ့ ကလေးတွေကို ဘယ်လို ဆုံးရှုံးလိုက်ရတာလဲ။ အခု ဦးလေး ကယောင်ကတမ်း ဖြစ်နေတာလား။ ဦးလေးက လေညှင်းနံ့ရေမွှေး မဆွတ်လို့မဖြစ်ဘူးလား။’’

ကားလမ်းကသောင်းကနင်း ဖြစ်စေတာနဲ့ပဲ သူအာရုံများနေတာ။

စကားနည်းနည်းပြောဖို့ ကျွန်တော် မေးလိုက်တယ် ’ဒါဆို ဘယ်သူက ကျွန်တေ့ာ်ကို သတ်ဖို့ကြိုးစားနေတာလဲ’’

သူ ညာဘက် အာလင်တန်လမ်း ဘက်ကိုချိုးလိုက်တယ်။ ကျွန်တော်တို့ ပြည်သူ့ဥယျာဉ်ကို ပတ်သွားကြတယ် ဂျော့ဂျ်ဝါရှင်တန်ရဲ့ မြင်းစီးရုပ်ကို ဖြတ်သွားတယ် ဓာတ်မီးတိုင်တွေတန်းစီနေပြီး နှင်းတွေက ခြံစည်းရိုးတွေပေါ် ဖုံးအုပ်နေတယ်။ ကျွန်တော်ကားပေါ်က အမြန်ဆင်းပြီး ဗျိုင်းကန်ဘက်ကို ပြန်ပြေး ကျွန်တေ့ာ်ရဲ့ အိပ်ရာအိတ်ထဲ ဝင်ပုန်းနေလိုက်ဖို့ ကျွန်တော် ကြိုးစားတယ်။

‘’မဂ်နက်စ် ငါ့ဘဝတစ်လျှောက်လုံး နော့စ်တွေရဲ့ မြောက်အမေရိက ရှာဖွေခြင်းကို လေ့လာနေခဲ့တာ’’ ရန်းဒေါ့ဖ်က ပြောတယ်။

’ဪ...ကျေးဇူးပဲ ကျွန်တေ့ာ်မေးခွန်းဖြေလိုက်တာပဲ’

ရုတ်တရက် ရန်းဒေါ့ဖ် ကိုမြင်ရတာ ကျွန်တေ့ာ် အမေကိုသတိရစေတယ်။ ကျွန်တေ့ာ်ကို စိတ်ပျက်စရာ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ကြည့်တယ် အဲ့ဒီ မျက်မှန်ပေါ်ကနေ ပင့်ကြည့်တဲ့အကြည့်က ’ကျေးဇူးပြုပြီး ချာတိတ် မင်းရဲ့ထေ့လုံးငေါ့လုံးတွေ တော်လိုက်ပါတော့ ‘’ လို့ပြောနေတာနဲ့ အတူတူပဲ။ အဲ့ဒီတူနေမှုက ကျွန်တေ့ာ် ရင်ကိုနာစေတယ်။

‘’ကောင်းပြီ ကျွန်တော် ဦးလေးကို ပြောင်ရလိမ့်မယ်။ နော့စ်တွေရဲ့ မြောက်အမေရိက ရှာဖွေခြင်း။ ဗိုက်ကင်းလူမျိုးစုတွေလို့ ဆိုလိုချင်တာလား။ ‘’

ရန်းဒေါ့ဖ်က မျက်ခုံးပင့်ပြတယ်။ ‘’ကောင်းပြီ ဗိုက်ကင်းဆိုတာ ဝင်ရောက်စီးနင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒါက လုပ်ငန်းတာဝန်တစ်ခုသတ်မှတ်ချက်ဆိုတာထက် ပိုတယ်။ နော့စ်တွေ အားလုံးကတော့ ဗိုက်ကင်းတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဒီလူတွေပေါ့

‘’လိ့ဖ်အဲရစ်ဆင် ရဲ့ ရုပ်ထု.... ဘော်စတွန်ကို ရှာတွေခဲ့တဲ့ နော့စ် ဗိုက်ကင်းလူကြီးပေါ့။ ကျွန်တော်က ဘုရားဖူးတဲ့ သူတွေ လုပ်ထားတဲ့ရုပ်ထုလို့ထင်တာပဲ။’’

’အဲ့ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ ငါမင်းကို သုံးနာရီစာ သင်တန်း ပေးလို့ရတယ်’’

‘’တော်ပါဗျာ’’

’နော့စ်တွေက မြောက်အမေရိက ကိုရှာတွေ့ခဲ့ကြပြီး အခြေချခဲ့တာ နှစ်တစ်ထောင် ဝန်းကျင်လောက် ရှိပြီ ခရစ်စတိုဖာ ကိုလံဗတ်စ် မတိုင်ခင် နှစ်ငါးရာ လောက်တည်းကပေါ့။ ပညာရှင်တွေက အဲဒါကို လက်ခံတယ်လို့ ပြောရင်လုံလောက်ပါတယ်။’’

‘’စိတ်သက်သာရာ ရရုံပြောကြည့်တာပါ။ ပညာရှင်တွေဒါကိုလက်မခံလို့ ငါတော်တော်ပေါက်ကွဲရတယ်။’’

’ဒါပေမယ့် နော့စ်တွေ ဘယ်လောက်ဝေးဝေး ရွက်လွှင့်ခဲ့ကြလဲ ဘယ်သူမှတိတိကျကျ မသိဘူး။ လက်ရှိအမေရိကဆိုတာဖြစ်လာတဲ့ နေရာထိ ရောက်ဖြစ်ခဲ့ကြလား။ လိဖ့်အဲရစ်ဆင် ရုပ်ထုက ခုနစ် ၁၈၀၀ ဝန်းကျင်လောက်က သူဖြစ်ချင်တာကို ဖန်တီးထားတဲ့ အီဘန်ဟိုးစဖို့ဒ် ဆိုတဲ့လူရဲ့ လက်ချက်ပေါ့။ ဘော်စတွန်မြို့ ဆိုတာက တိမ်မြုပ်သွားတဲ့ နော့စ်တွေရဲ့ နိုရမ်ဘီဂါ ဆိုတဲ့မြို့ပဲ သူတို့ရဲ့ အဝေးဆုံး စူးစမ်းရှာဖွေနိုင်တဲ့ အမှတ်အသားပဲ။ သူ့မှာ စိတ်ထဲကအလိုလိုသိနေတဲ့ ခံစားချက်မျိုးရှိပေမယ့် လက်တွေ့သက်သေတော့ မပြနိုင်ခဲ့ဘူး။ တစ်ချို့ သမိုင်းဗေဒပညာရှင်တွေက သူ့ကို ငပေါလို့ သဘောထားကြတယ်။’’

သူ ကျွန်တေ့ာ်ကို ရှုတည်တည်နဲ့ ကြည့်လိုက်တယ်။

‘’ငါမှန်းကြည့်ရရင်.... မင်းတော့ သူ့ကို ငပေါလို့ မထင်ဘူးမလား။’’ တစ်ခုကိုယုံကြည်ပေးဖို့ တစ်ခုတေ့ာ လက်ခံပေးရမှာပေါ့ လို့ ပြောချင်တဲ့ ကျွန်တေ့ာ်စိတ်ကို ထိန်းထားလိုက်တယ်။

’ငါ့စားပွဲပေါ်က မြေပုံတွေ’’ ရန်းဒေါ့ဖ်ကပြောတယ်။ ‘’အဲ့ဒါတွေက သက်သေတွေပဲ ငါ့လုပ်ဖော်ကိုင်ဘက်တွေက အဲ့ဒါတွေကို အတုတွေတဲ့ သူတို့ပြောသလို ဟုတ်မှမဟုတ်ပဲ ငါ့ဂုဏ်သိက္ခာနဲ့ လောင်းကြေးထပ်ရဲတယ်။

’ဒါ့ကြောင့် ခင်ဗျား ဟားဗက်တက္ကသိုလ်ကနေ အထုတ်ခံလိုက်ရတာကိုး’’ လို့ကျွန်တော် တွေးမိတယ်။

‘’နယ်မြေသစ်ရှာဖွေသူ နော့စ်တွေက ဒီလောက် ဝေးဝေးလံလံခရီးပေါက်ခဲ့တယ်။’’ လို့ သူ ဆက်ပြောတယ်။ ‘’သူတို့က တစ်ခုခုကို ရှာဖွေနေခဲ့တာ ပြီးတော့ ဒီမှာပဲ အဲဒီအရာကို တွေ့ခဲ့ကြတာ။ သူတို့ထဲက သင်္ဘောတစ်စီးက ဒီအနီးနားမှာ မြုပ်ခဲ့တာ။ နှစ်တွေအများကြီး ကြာလာပြီဆိုတော့ ငါထင်တာက မက်ဆာချူးဆက်မြစ်ကမ်းဘက်မှာ ဖြစ်မယ်။ အဲဒီအရာကိုရှာဖို့ ငါ့မှာ ရှိတဲ့အရာတွေ အားလုံးကို စွန့်လွှတ်ခဲ့တာ။ ငါကိုယ်ပိုင်လှေ တစ်စီးဝယ်ခဲ့တယ် ငါ့မိန်းမနဲ့ ငါ့ကလေးတွေကို ခေါ်ပြီး လေ့လာရေးခရီးတစ်ခု ထွက်ခဲ့တယ်။ နောက်ဆုံး အကြိမ်ပေါ့...’’ သူ့အသံက ဆို့နင့်နေတယ်။ ‘’မုန်တိုင်းတွေ ဘယ်က ဘယ်လိုပေါ်လာမှန်းမသိဘူး မီးတွေ...’’

သူနောက်ထပ် အကြောင်းတွေ ပြောပြဖို့ ဆန္ဒမရှိတော့တဲ့ ပုံပါပဲ ဒါပေမယ့် ကျွန်တော် အကြမ်းဖျင်း တွေးလို့ရသွားပြီ။ သူ့ရဲ့ မိသားစုကို ပင်လယ်ပြင်မှာ ဆုံးရှုံးခဲ့ရတယ်။ သူ့ရဲ့ ရူးသွပ်စရာ ဘော်စတွန်မြို့က ဗိုက်ကင်းလူမျိုးစုတွေ အကြောင်း သီအိုရီကို အရာအားလုံးနဲ့ လောင်းကြေးထပ်ထားခဲ့တာပဲ။

ကျွန်တော် ဒီလူနဲ့ ပတ်သက်ပြီး ခံစားမိတာ သိပ်မကောင်းဘူး။ ကျွန်တော်သူ့ရဲ့ နောက်ထပ် မတော်တဆမှု ဖြစ်ပေးရမယ့်သူ အဖြစ်မခံနိုင်ဘူး။

ကျွန်တော်တို့ ဘွိုင်လ်စတန် နဲ့ ချားလ်စ် လမ်းဆုံထောင့်မှာ ရပ်လိုက်တယ်။

‘’ကျွန်တော် ဒီက သွားမှဖြစ်တော့မယ်’’ ကျွန်တော် ကားတံခါးလက်ကိုင်ကို ဖွင့်ကြည့်တယ်။ တံခါးက ဒရိုက်ဘာခုံဘေးခလုတ်ကနေ သော့ခတ်ထားတာ။

‘’မဂ်နက်စ် နားထောင်။ မင်း ဘော်စတွန်မှာ မွေးလာတာ တိုက်ဆိုင်မှု မဟုတ်ဘူး။ မင်းအဖေက သူလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်က ပျောက်ဆုံးနေခဲ့တဲ့ အရာကို မင်းကို ရှာစေချင်ခဲ့တာ’’

ကျွန်တော် ထခုန်မတတ်ပဲ။ ‘’ နှစ်ပေါင်း နှစ်ထောင်လောက်ကလို့ ဦးလေး ပြောလိုက်တာလား’’

‘’ယုံချင်ယုံ မယုံချင်နေ’’

ကျွန်တော် အော်ပြီး ကားပြုတင်းမှန်ကို ထုရမလား စဉ်းစားမိတယ်။ တစ်ယောက်ယောက် ကျွန်တေ့ာ်ကို ကယ်နိုင်မလား။ ကျွန်တော် ကားထဲကသာ ထွက်နိုင်ရင် ဦးလေး ဖရက်ဒီရစ်ခ် နဲ့ အန်နာဘက်သ် ကို ရှာရင် ရှာနိုင်မှာ အနည်းဆုံးတော့ သူတို့ နှစ်ယောက်က ရန်းဒေါ့ဖ်ထက် စာရင်တော့ ရူးလောက်မယ်မထင်ဘူး။

ကျွန်တော်တို့ ချားလ်စ်လမ်း ဘက်ကို လှည့်လိုက်တယ် ပြည်သူ့ ဥယာဉ်နဲ့ ဘော်စတွန်ရင်ပြင်ကြား မြောက်ဘက်ကို ဦးတည်သွားနေကြတယ်။ ရန်းဒေါ့ဖ် ကျွန်တေ့ာ်ကို ကမ်းဘရစ်၊ မြောက်ဘက်မြို့စွန် ဒါမှမဟုတ် တခြား ဝေးဝေးလံလံ အလောင်းပစ်လို့ ရတဲ့နေရာ ဘယ်နေရာမဆို ခေါ်သွားနိုင်တယ်။

ကျွန်တော် စိတ်ငြိမ်အောင် ကြိုးစားတယ်။ ‘’နှစ်နှစ်ထောင် ....ခင်ဗျားတို့ရဲ့ သာမန် အဖေတွေ ထက်တောင် အများကြီး အသက်ပိုရှည်နေတယ်။’’

ရန်းဒေါ့ဖ် မျက်နှာက ကျွန်တေ့ာ်ကို ရှေးဟောင်း အဖြူအမဲ The Man in the Moon ကာတွန်းကို သွားအမှတ်ရစေတယ် ဖြူဖတ်ဖြူရော် ဝဝဖိုင့်ဖိုင့် အချိုင့်ခွက် အမာရွတ်တွေရှိပြီး မဖော်ရွေတဲ့ လျှို့ဝှက်တဲ့ အပြုံးနဲ့ပေါ့။ ‘’မဂ်နက်စ် မင်း နော့စ်ဒဏ္ဍာရီ အကြောင်းဘာတွေ သိလဲ ‘’

ပိုပိုပြီး အဆင်ပြေလာပြီလို့တော့ ကျွန်တော်ထင်တာပဲ။

‘’အများကြီးတော့ မသိပါဘူး။ မေမေ့ဆီမှာတော့ ကျွန်တော် ငယ်ငယ်က ဖတ်ပြလေ့ရှိတဲ့ ရုပ်ပြစာအုပ်လေး ရှိတယ်။ ပြီးတော့ သောရ်နတ်ဘုရား အကြောင်း ရုပ်ရှင်နည်းနည်းပေါ့ ‘’

ရန်းဒေါ့ဖ်က မသတီတဲ့ပုံစံနဲ့ ခေါင်းခါလိုက်တယ်။ ‘’အဲဒီရုပ်ရှင်တွေက လုံးဝကြီးကို အလွဲကြီးတွေ။ တကယ့် နတ်ဘုရားတွေ ဖြစ်တဲ့ သောရ်၊ လိုကီ ၊ အိုဒင် နဲ့တခြားကျန်တဲ့ နတ်ဘုရားတွေအားလုံးက ပိုပြီး စွမ်းအားကြီးတယ် ဟောလီးဝုဒ်က ဇာတ်လမ်းတွေထက်ကို အများကြီး ပိုကြောက်ဖို့ကောင်းတယ်။’’

‘’ဒါပေမယ့်...သူတို့တွေကဒဏ္ဍာရီတွေလေ။ သူတို့က တကယ်မှမဟုတ်တာ’’

ရန်းဒေါ့ဖ်က သနားတဲ့ အကြည့်မျိုးနဲ့ ကျွန်တေ့ာ်ကို ကြည့်လိုက်တယ်။ ‘’ဒဏ္ဍာရီဆိုတာ ငါတို့တွေမေ့ထားတဲ့ အမှန်တရားတွေကိုပြောထားတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းတွေပဲ ‘’

‘’ဒီတော့ နေပါဦး ကျွန်တော်အခုမှသတိရတယ် ဒီလမ်းအောက်ဘက်မှာ ချိန်းထားတာ တစ်ခုရှိတယ်’’

‘’လွန်ခဲ့တဲ့ ထောင်စုနှစ်လောက်က နယ်မြေသစ်ရှာဖွေတဲ့ နော့စ်တွေ ဒီမြေပေါ်ကို ရောက်လာခဲ့တယ်’’ ရန်းဒေါ့ဖ်က သူတို့ကိုယ်သူတို့ အဲဒီရှေ့က အမှတ်အသားနားမှာ ဓာတ်ပုံရိုက်နေတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ရှိတဲ့ ဘီကွန်လမ်းပေါ်က ချီးယားစ်ဘားကို ဖြတ်ပြီး မောင်းချလာတယ်။ ကျွန်တော် တွန့်ကြေနေတဲ့ လမ်းကမ်း ကြော်ငြာစာရွက် လမ်းဘေးမှာ ကျနေတာတွေ့တယ် စာရွက်ပေါ်မှာ ပျောက်နေတယ်ဆိုတဲ့ စာလုံး နဲ့ ကျွန်တေ့ာ် ပုံပါတယ်။ တစ်ချို့ ကမ္ဘာလှည့်ခရီးသွားတွေက အဲဒီစာရွက်ပေါ် တက်နင်းသွားကြတယ်။

‘’နယ်မြေသစ်ရှာဖွေသူတွေရဲ့ ခေါင်းဆောင် က နတ်ဘုရား စကင်ညာရဲ့ သား’’ လို့ ရန်းဒေါ့ဖ်က ဆက်ပြောလိုက်တယ်။

‘’နတ်ဘုရားသား...တကယ်ကြီးလား ကျွန်တော်ခြေချလို့ ရမယ့်နေရာများ ဒီနားမှာရှိပါတော့ဦးမလားပဲ’’

‘’ဒီလူက လုံးဝထူးခြားတဲ့ ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားတယ်’’ ရန်းဒေါ့ဖ်ကပြောလိုက်တယ် ‘’အဲ့ဒါက မင်းအဖေ တစ်ခါက ပိုင်ခဲ့ဖူးတဲ့အရာ။ နော့စ်တွေရဲ့ သင်္ဘော မုန်တိုင်းမိပြီးမြုပ်သွားတော့ အဲဒီ ပစ္စည်းက ပျောက်သွားခဲ့တာ။ ဒါပေမယ့် မင်းမှာ အဲဒီအရာကို ရှာနိုင်တဲ့အစွမ်းရှိတယ်’’

ကျွန်တော် ကားတံခါးကို ထပ်ဖွင့်ကြည့်သေးတယ်။ သော့ခတ်ထားတုန်းပဲ။

အဆိုးဆုံးကတော့ ရန်းဒေါ့ဖ်တစ်ယောက် ပိုပြီးပြောလာလေ သူက အရူးလို့ လက်ခံဖို့ခက်လာတာပဲ။ သူ့ဇာတ်လမ်းတွေက ကျွန်တေ့ာ် စိတ်ထဲကို စိမ့်ဝင်လာတယ် မုန်တိုင်းတွေ၊ ဝံပုလွေတွေ၊ နတ်ဘုရားတွေ ၊ အက်စ်ဂါ့ဒ်မြို့တော်။ ကျွန်တော် ဘယ်တော့မှ ဖြေရှင်းနိုင်လောက်အောင် သတ္တိရှိလာမှာမဟုတ်တဲ့ စကားလုံး ပဟေဠိ အပိုင်းအစတွေဖြစ်တယ်။ ကျွန်တော် သူ့ကို စပြီး ယုံကြည်လာတယ် ပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံးပွင့်ထွက်သွားမတတ် ကြောက်လန့်သွားတယ်။

ရန်းဒေါ့ဖ်က ဂျိမ်းစ်ဂျက်ဆန်စတောရိုးကို အဆွဲပြု မှည့်ထားတဲ့ဘောစတွန်မြို့ပေါ်က ဘေးဖြတ်လမ်း တစ်ခုကို ဝင်ရဖို့ လျင်မြန်စွာပဲမောင်းချလိုက်တယ်။ ကမ်းဘရစ်ချ် လမ်းပေါ်က ယာဉ်ရပ်နားရမယ့် နေရာမှာရပ် လိုက်တယ်။ မြောက်ဘက် မာ့စ်ဂျင်နရယ်တီဘူတာ ရဲ့ သံလမ်းမြင့်မြင့်တွေ ရှိတဲ့ဘက်ကိုဖြတ် လောင်းဖဲလ်လိုးတံတားပေါ်က ထိုးထွက်နေတဲ့ ကျောက်သား တာဝါတစ်ခုဆီကို သွားရမှာ။

‘’ဒါ ကျွန်တော်တို့ သွားမယ့်နေရာလား’’ လို့ ကျွန်တော် မေးလိုက်တယ်။

ရန်းဒေါ့ဖ်က ကားရှေ့ အံခွက်ထဲက အကြွေနှိုက်လိုက်တယ်။ ‘ဒီနှစ်တွေ တစ်လျှောက်လုံး ငါ ထင်ထားတာထက် ပိုပြီးနီးစပ်နေခဲ့သေးတယ်။ ငါမင်းကို လိုအပ်နေခဲ့တာ’

‘’ငါ မေတ္တာဓာတ်တစ်ခုကို ခံစားနေရတယ်’’

‘’မင်းကဒီနေ့ပဲ အသက် တစ်ဆယ့်ခြောက်နှစ် ပြည့်ပြီ’’ ရန်းဒေါ့ဖ်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ လှုပ်ရှားနေတယ်။ ‘’ဒီနေ့က မင်းရဲ့ မွေးရာပါ အခွင့်ရေးကို ဖမ်းဆုပ်ဖို့ အကောင်းဆုံး နေ့တစ်နေ့ပဲ။ ဒါပေမယ့် ဒါကလည်း မင်းရဲ့ ရန်သူတွေ စောင့်နေတဲ့အရာပဲ။ ငါတို့အရင် တွေ့အောင်ရှာမှဖြစ်မယ်’’

‘’ဒါပေမယ့်...’’

‘’ငါ့ကို နည်းနည်းလောက် ထပ်ယုံပေးကွာ မဂ်နက်စ်။ ငါတို့ ဒီလက်နက်ကို ရပြီးတာနဲ့’’

‘’လက်နက်လား ကျွန်တေ့ာ်မွေးရာပါခံစားခွင့်က လက်နက်ဖြစ်နေတာလား’’

‘’မင်းလက်ထဲ အဲဒီအရာ ရောက်လာတာနဲ့ မင်း ပိုလုံခြုံသွားလိမ့်မယ်။ ငါမင်းကို အားလုံး ရှင်းပြပေးနိုင်တယ်။ မင်း ကြုံလာရမယ့် အရာတွေအတွက် ငါမင်းကို လေ့ကျင့်ပေးနိုင်တယ် ‘’

သူက သူ့ရဲ့ ကားတံခါးကိုဖွင့်လိုက်တယ်။ သူထွက်မလာခင် ကျွန်တော် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။

ကျွန်တော် လူတွေကို ထိတွေ့တာရှောင်ပါတယ်။ အသားချင်းထိတာက ကျွန်တေ့ာ်ကို တကယ်လန့်စေတယ်။ ဒါပေမယ့် ကျွန်တော် သူ့ရဲ့ အာရုံစိုက်မှု အပြည့်အဝလိုအပ်တယ်။

‘’ကျွန်တော့်ကို တစ်ခုပဲဖြေစမ်းပါ’’ လို့ ကျွန်တော် ပြောလိုက်တယ်။ ‘’အဖြေရှင်းရှင်းတစ်ခု တောင်စဉ် ရေမရ သမိုင်း သင်ခန်းစာတွေမပါတဲ့ အဖြေမျိုးပေးစမ်းပါ။ ခင်ဗျားပဲပြောတယ် ကျွန်တေ့ာ်အဖေကို သိတယ်ဆို သူဘယ်သူလဲ ‘’

ရန်းဒေါ့ဖ်က သူ့ရဲ့လက်ကို ကျွန်တေ့ာ်လက်ပေါ် တင်လိုက်တာ ကျွန်တော် နေမထိထိုင်မထိဖြစ်သွားတယ်။ သူ့လက်ဖဝါးက ကြမ်းလွန်းပြီး သမိုင်းဆရာ တစ်ယောက်လက်ဆိုတာထက် အသားမာတွေတက်နေတာ။ ‘’ငါ့ဘဝနဲ့ ကျိန်ပြောရဲပါတယ် မဂ်နက်စ်ရာ ဒါအဖြစ်မှန်တွေပါ မင်းအဖေက နော့စ်နတ်ဘုရားတစ်ပါး။ လာပါ အခုမြန်မြန်။ ငါတို့ ကားရပ်တဲ့နေရာမှာတင် မိနစ် နှစ်ဆယ် ရှိနေပြီ’’


အပိုင်း(၅)

ဆက်ရန်ရှိသေးသည်…….



Your Coffee Give Me Strength For More Chapters!

Wave Money- 09757254455









rate now:

1 Reviews
  • reader Nami Athene 30.09.2021, 12:57 4

    👍

    reply