book

Index 18

Part - 18

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode


ဝိညာဉ်သည် ခန္ဓာကိုခုတ်မောင်းသည့် အရာတစ်ခုဖြစ်သည်။ ဝိညာဉ်စွမ်းအားသည် ဝိညာဉ်၏ လောင်စာဆီဖြစ်၏။ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်လျှင် လူတို့သည် အံ့ဘွယ်အရာများကို ပြုလုပ်နိုင်စွမ်းရှိသည်။

အချို့သည် စကားလုံးတို့တွင် ဝိညာဉ်စွမ်းအားကို ထည့်သွင်းရွတ်ဆိုကာ အမှုတို့ကိုဖြစ်စေသည်။ ဝိညာဉ်စွမ်းအား ထည့်သွင်းရွတ်ဆိုသည့် စကားစုတို့ကို မန္တန်ဟု ခေါ်၍ မန္တန်တို့ကို အသုံးပြုသည့်သူများကို စုန်းကဝေများဟု ခေါ်ကြ၏။

အချို့မှာမူ ဝိညာဉ်စွမ်းအားကို လက်နက်များတွင်ထည့်သွင်းအသုံးပြုကြသည်။ ထိုသူတို့ကိုတော့ စုန်းလိုက်မုဆိုးများဟု ခေါ်၏။

အပိုင်း - ၁၈ : ဝိညာဉ်စွမ်းအား။

'တစ်ယောက်နှင့်တစ်ယောက်၏ နည်းလမ်းတို့သည် မတူညီကြ။ သို့သော် အသစ်သော နည်းလမ်းသည်မရှိ။ လမ်းတို့သည် ဖောက်လုပ်ပြီးသားဖြစ်သည်။ လူမသုံး၍သာ ခြုံနွယ်တို့ ထူထပ်ခြင်းဖြစ်၏။'


"အား... စိတ်ရှုပ်လိုက်တာ!"

ကြမ်းပြင်တွင် ခြေပစ်လက်ပစ်လှဲချကာ အဲရစ်ရေရွတ်သည်။ သူ့ တောင်ပံများက သေးနေဆဲ၊သေးနေမြဲ။ အဲရစ်ပြန်ထထိုင်ကာ သူ့ တောင်ပံများကို လှည့်ကြည့်၏။ သူ့အတောင်လေးများကို တဖြတ်ဖြတ်လှုပ်ကြည့်သောအခါ လက်တစ်ဝါးစာလောက်သာရှိသည့် အတောင်လေးများက ဖလတ်ဖလတ်နှင့် လှုပ်ခတ်လာကြသည်။

"မင်းတို့က ဘာလို့ကြီးမလာတာလဲ!"

အဲရစ်သည် အပြစ်မရှိသည့် အတောင်များကို လှည့်ကာမာန်မဲသည်။ သူ ကြိုးစားပမ်းစား အာရုံစိုက်ခဲ့တာကြာပြီ။ ဘာကြောင့်များ သူ့အတောင်တွေဟာ သူ့စကားကို နားမထောင်ကြတာလဲ။

ဘာလဲ သူက အသံထွက်ပြီး အတောင်တွေကြီးစမ်း ဟု အော်ရမှာလား။ အာ... ရှက်ဖို့ကောင်းလိုက်တာ...

သူ့အတောင်များထံမှ အကြည့်လွှဲပြီး စာအုပ်စင်ကို သူ ကြည့်သည်။

တကယ်လို့အတောင်တွေကို ထိန်းချုပ်လို့မရဘူးဆိုရင် သူ စာပဲဖတ်တော့မယ်။ ဒီစာအုပ်တွေထဲမှာတော့ ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်တဲ့အကြောင်းတစ်ခုခုရှိမှာပေါ့။

အဲရစ်သည် စာကြည့်စားပွဲပေါ်သို့ ဒူးထောက်တက်၏။ စာအုပ်စင်မှ သူ ဖတ်၍ရသည်ဟူသည့် စာအုပ်တစ်အုပ်ကို လှမ်းဆွဲသည်။ ထိုစာအုပ်သည် ဝိညာဉ်စွမ်းအားအကြောင်း ရေးထားသည့် စာအုပ်တစ်အုပ်ဖြစ်၏။

"ဒါ မေရီရဲ့ လက်ရေးလား..."

အဲရစ်သည် လှပသေသပ်သည့် လက်ရေးများကိုကြည့်ကာ ရေရွတ်သည်။

ဝိညာဉ်စွမ်းအားသည် မိမိခန္ဓာထဲမှ သွေးများနှင့်တူညီသည်။ သွေးသည် ခန္ဓာအတွက်လိုအပ်သည့် အရည်ကြည်ဖြစ်လျှင် ဝိညာဉ်စွမ်းအားသည် ဝိညာဉ်အတွက် လိုအပ်သည့် ဆီဖြစ်၏။ ဝိညာဉ်စွမ်းအားသည် နက်ရှိုင်းသည့် မိမိ၏ ကိုယ်ပိုင်အစိတ်အပိုင်းဖြစ်သည်။ မိမိလိုသလို ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်၏။ လူတစ်ဦးသည် ဝိညာဉ်စွမ်းအားကို ၃၅ % ထက်ပို၍ ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။ ၃၅% ထက်ပို၍ ထိန်းချုပ်ပါက လူ့ခန္ဓာကိုယ်တွင် အမှတ်များစတင်ပေါ်လာ၏။

ဝိညာဉ်စွမ်းအားအဆင့်ဆင့်ကို လွယ်ကူစွာ သတ်မှတ်နိုင်ရန်အတွက် ကြယ်ပွင့်များဖြင့် တိုင်းတာကြသည်။ ဝိညာဉ်စွမ်းအား၏ ၁% ကို ထိန်းချုပ်နိုင်လျှင် ကြယ်တစ်ပွင့်အဆင့်ဖြစ်၏။ တိအဆင့်ကြယ်ပွင့်များသည် ဝိညာဉ်စွမ်းအား၏ ၃၀ % ကို ထိန်းချုပ်နိုင်သူများဖြစ်သည်။

ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ရန်အတွက် လွယ်ကူသည့် နည်းလမ်းမှာ စီးဆင်းခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်မှုနည်းလမ်းသည် မတူညီကြသော်လည်း အလွယ်ကူဆုံးနည်းလမ်းမှာ စီးဆင်းခြင်းပင်ဖြစ်၏။

"စီးဆင်းခြင်း..."

အဲရစ်သည် စာအုပ်ပါအကြောင်းအရာကို ဖတ်ပြီးရေရွတ်၏။ စီးဆင်းခြင်း... သူ ဘယ်လိုစီးဆင်းရမလဲ။

အဲရစ်သည် စာအုပ်ကို ဆက်၍လှန်သည်။ နည်းလမ်းကို သိပြီဆိုမှတော့ ဝိညာဉ်စွမ်းအား စီးဆင်းစေဖို့ရာ သူ ဘယ်လိုမျိုး စလုပ်ရမလဲဆိုသည့် နည်းလမ်းမျိုးသိဖို့လိုအပ်သည်လေ။

စာရွက်အချို့သည် သူ မလှန်ပါဘဲနှင့်အလိုလိုလှန်သွားခဲ့၏။

ရုတ်တရက် အရှိန်ဖြင့် တဖြတ်ဖြတ်လှန်နေသည့် စာအုပ်ကြောင့် သူ လန့်သွားရသည်။ ဒေါက်ခနဲ စာအုပ်သည် ကြမ်းပေါ်သို့ ပြုတ်ကျသွားခဲ့၏။ စာရွက်များသည် အလှန်မရပ်သေး။ သူ စာအုပ်ကိုသာ ကြည့်နေဖြစ်ခဲ့သည်။ သိပ်မကြာလိုက် စာအုပ်သည် စာမျက်နှာတစ်ခုတွင် ရပ်သွားခဲ့၏။ ထိုအခါကျမှ သူ ကြမ်းပေါ်က စာအုပ်ကို ကောက်လေသည်။

ရောက်နေသည့် စာမျက်နှာသည်ကား...

စီးဆင်းခြင်း...

အချို့သည် မတ်မတ်ထိုင်ကာ မုဒြာလက်ဟန်တို့၏ အကူအညီဖြင့် စိတ်ကို စုစည်းကြ၏။ အချို့သည် ဝင်သက်ထွက်သက်ဖြင့် စုစည်းပြီး ဝိညာဉ်စွမ်းအားကို မြင်အောင်အလျင်ကြိုးစားကြသည်။

ထိုနည်းများထက် ပို၍လွယ်ကူသည့် နည်းမှာ...

အဲရစ်သည် တင်ပလ္လင်ခွေချိတ်ထိုင်လိုက်၏။ မုဒြာလက်ဟန်တို့အကြောင်းကို သူ ကြည့်မနေတော့။ မည်သည့်လက်ဟန်က မည်သို့အကူအညီပေးသည်ကို သူ မသိနိုင်ဘူးလေ။ ထို့အတွက် သူ့လက်ကို ဒူးပေါ်တွင် ခပ်ဆန့်ဆန့်တင်ကာ မျက်လုံးများကို မှိတ်၏။

မိမိကိုယ်မိမိအဖြူရောင်ဟင်းလင်းပြင်ထဲသို့ ရောက်သည်ဟု မှတ်ယူလိုက်ပါ။

သူသည် ဉာဏ်ကောင်းသည့် သူ တစ်ယောက်မို့ စာအုပ်ပါ အကြောင်းအရာများကို ခပ်မြန်မြန်ပင် မှတ်သားနိုင်လေ၏။

အဖြူရောင်ဟင်းလင်းပြင်။

ထိုသို့ မြင်ယောင်ဖို့သည်ကား လွယ်တော့မလွယ်ကူလှ။ မျက်လုံးမှိတ်မှိတ်ခြင်း မြင်ရသည်က အနက်ရောင်သာ ဖြစ်သည်။ ရံဖန်ရံခါ နေကျသည့် နေရာများတွင်ဆိုလျှင်တော့ နီခြင်းနှင့်ပြာခြင်းရှိတတ်သည်။

အနက်ရောင်ဟင်းလင်းပြင်မှ သူ ထိုင်နေသည့် နေရာတစ်ခုလုံး ဖြူသွားအောင် မြင်ယောင်ဖို့ဆိုသည်မှာ သူ့စိတ်သည် အလွန်ကို တည်ငြိမ်နေမှ ဖြစ်ပေလိမ့်မည်။

စတင်မွေးဖွားလာကတည်းက သူသည် နတ်ဆိုးတစ်ပိုင်းဖြစ်သည်မို့ ကြယ်ငါးပွင့်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ ထို့အတွက် အချိန်သိပ်မကြာလိုက် သူသည် အဖြူရောင်ဟင်းလင်းပြင်ထဲသို့ ရောက်သွားနိုင်ခဲ့သည်။

ထိုအဖြူရောင်ဟင်းလင်းပြင်ထဲတွင် သူ ထရပ်၏။ တံခါးတစ်ချပ်သည် ဆုံးစမဲ့သည့် ဟင်းလင်းပြင်ထဲမှ ပေါ်လာခဲ့သည်။

အဲရစ်သည် လက်ကိုလှမ်း၏။

"တံခါးက ဖွင့်ပြီးရင် ပြန်ပိတ်လို့ရမှာမဟုတ်ဘူး..."

အသံလာရာဘက်သို့ သူ လှည့်ကြည့်ချိန်တွင် သူသည် ထိုင်လျက်နေဆဲ။ အဲရစ်၏ မျက်ခုံးတို့သည် တွန့်ချိုးသွား၏။ သူ့ရဲ့အခြားတစ်ဖက် ဆိုသည်လား။ ထိုအကြောင်းနှင့်ပတ်သက်ပြီး သူ ဗဟုသုတမရှိပေ။ ထို့အတွက် အဲရစ်သည် သတိအနေအထားဖြင့် တင်ပလ္လင်ခွေချိတ်ထိုင်ကာ မျက်လုံးများမှိတ်ထားသည့် အဲရစ်ကို လှမ်းကြည့်လေ၏။

ထိုင်နေသည့် အဲရစ်၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။

မျက်လုံးမရှိသည့် ဗလာသက်သက်မျက်လုံးများ။ အနက်ရောင်ဟောင်းလောင်းပေါက်သာ ရှိသည်။

အဲရစ်အနောက်သို့ ခြေနှစ်လမ်းခန့်ဆုတ်၏။ တံခါးနှင့်သူ့ ကျောသည် ကပ်သွားခဲ့သည်။

"ဘာလို့လန့်နေရတာလဲ..."

ပုံစံမပျက်ထိုင်နေရင်းမှ ထိုအဲရစ်သည် သူ့ကိုပြောလေလေ၏။ မေရီသူ့ကို ပြောဖူးသည်ကို သူ သတိရသွားခဲ့သည်။ သူ့ထံတွင် အခြားသောဝိညာဉ်တစ်ခုရှိသည်ဟု ဆိုသည်။

"မှန်တာပေါ့..."

သူ့အတွေးကို ထိုဝိညာဉ်သည် ဖတ်နိုင်ဟန်ရှိ၏။ မှန်တာပေါ့ဟူသည့် နောက်တွင်ဟောင်းလောင်းပေါက်ဖြစ်နေသည့် မျက်လုံးများတွင် အနီရောင်မျက်ဆံဖြင့် မျက်လုံးများ ပေါ်လာခဲ့သည်။

"ငါက မင်းကို ကြယ်ငါးပွင့်အဆင့်ကို ရောက်စေတဲ့ ဝိညာဉ်ပဲ..."

နတ်ဆိုးကောင်လေးအဲရစ်သည် ထောင်လွှားသည့်မျက်နှာဖြင့် ပြောလေသည်။

"ဒါပေမဲ့ ငါ့အစွမ်းက မတည်ငြိမ်သေးဘူး... ငါက ကြယ်ငါးပွင့်မဟုတ်တော့ပေမဲ့ အခြေမခိုင်တာကြောင့် အခု ကြယ်ငါးပွင့်ကိုပဲ ပြန်ရောက်နေတယ်..."

"ကြယ်ငါးပွင့်က ကြယ်ငါးပွင့်ပဲပေါ့..."

လူသားကောင်လေးအဲရစ်သည် မျက်နှာသေလေးဖြင့်သာ နတ်ဆိုးလေးအဲရစ်ကို ပြန်ပြောခဲ့သည်။

"ဒီတော့ ငါ့တောင်ပံတွေကို မထိန်းချုပ်နိုင်တာ လူသားဖြစ်တဲ့ငါက ကြယ်တစ်ပွင့်အဆင့်တောင် မရောက်သေးလို့ပေါ့..."

အနည်းငယ်စိတ်ဓာတ်ကျစွာဖြင့် သူ ရေရွတ်၏။ ဒါ အဖြစ်နိုင်ဆုံးကိစ္စပဲ...

"မင်း အဲ့ဒီ ချောက်နက်ဘဝဲကို နိုင်တာက ငါ့စွမ်းအားကြောင့်ပါ... ငါသာ မင်းကို ငါ့အစွမ်းမချေးရင် မင်း သူ့အစာဖြစ်တာ ကြာပေ့ါ..."

"ဒါပေမဲ့ မင်းအသက်ရှင်ဖို့ ငါ့ကိုလည်းလိုတယ်လေ..."

တစ်ခွန်းမခံသူပြန်ပြောတော့ နတ်ဆိုးကောင်လေး အဲရစ်သည် သူ့ကို အလိုမကျစွာကြည့်လာ၏။

"ဒီတော့ မင်းက ငါ့ကို နိုင်အောင်လုပ်မယ်ပေါ့..."

"တွေးကြည့်လေ..."

"အဲရစ်!"

ပေကပ်ကပ်ဖြင့် သူပြောသည်ကို နတ်ဆိုးကောင်လေးသည် ဒေါသထွက်လာပုံရသည်။

"ငါ့အစွမ်းနဲ့သာ မင်း အဲ့ဒီစာချုပ်တွေကို ဖျက်နိုင်မှာ မဟုတ်ရင် အဲ့စုန်းမကို မင်းကိုထိန်းချုပ်လိမ့်မယ်..."

"ဒါက မင်းကိစ္စမဟုတ်ဘူး... အရင်ဆုံးပြောရဦးမယ်..."

အဲရစ်သည် နတ်ဆိုးကောင်လေးကို တည့်တည့်ကြည့်၏။ ထိုကောင်လေးသည် ဘာကြောင့်မှန်းမသိ လှုပ်ရှား၍ ရပုံမပေါ်။ ထိုသို့ထိုင်ရင်းသာ သူ့ကို ပြော၍ရရှာသည်။ သို့ဆိုလျှင် သူက ဘာကို ကြောက်နေရဦးမည်လဲ။ အဲရစ်၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် ကော့တက်သွားလေသည်။

သူ့မဲ့ပြုံးကိုတစ်ဖက်အဲရစ်သည် ခံပြင်းသည့် မျက်လုံးများဖြင့် ကြည့်၏။

"ဖခင်ရဲ့အရိုက်အရာကို ဆက်ခံမှာက ငါ... လူသားအနေနဲ့ဆက်ခံမှာ... မင်း မဟုတ်ဘူး..."

ပြောပြီးသည်နှင့် နတ်ဆိုးအဲရစ်ကို ကျောခိုင်းကာ သူ တံခါးကိုဖွင့်လိုက်လေ၏။

>>>>><<<<<

"ဆရာမက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ..."

သူ့အိမ်သို့မေရီသည် မပြောမဆိုဖြင့် ရောက်ချလာခဲ့သည်။ စင်းတစ်ယောက် ရုတ်တရက်ကြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိတော့။

"သခင်မမေရီ သုံးဆောင်ပါဦး..."

အဲရစ်အရွယ်လောက်သာရှိသည့် ကောင်ကလေးတစ်ယောက်မှ သူမအတွက် လက်ဖက်ရည်ယူလာပေးသည်မို့ မေရီသည် ထိုကောင်ကလေးကို အကဲခတ်သည်။

"အေဘယ်လ်! မင်းကိုငါ မထွက်လာနဲ့လို့ ပြောထားတယ်မဟုတ်လား..."

အသံမြှင့်အော်လိုက်သည့် စင်းကြောင့် မေရီမျက်ခုံးပင့်၏။ ဒီကောင်လေး စင်းက အမြဲတမ်းနူးနူးညံ့ညံ့လေးလို့ သူမ ထင်ထားတာ သူလည်း အော်ငေါက်တတ်တာပဲလား...

အေဘယ်လ်ဟူသည့် ကောင်ကလေးသည် စင်း၏ အော်ငေါက်ခံရမှုကို မည်သို့မျှသဘောမထားဘဲ မေရီကိုသာ ပြုံးပြခဲ့သည်။

"ကျေးဇူးတင်ပါတယ်..."

မေရီသည် အေးတိအေးစက်ဖြင့်သာ ထိုကောင်လေးကို ကျေးဇူးတင်စကားဆို၏။

"ကျွန်တော် ဆေးပင်တွေကို သွားကြည့်လိုက်ဦးမယ်..."

အေဘယ်လ်ဆိုသည့် ထိုကောင်လေးသည် သူမကို ဦးညွှတ်ပြီးနောက် စင်းဘက်လှည့်ကာ ရိုကျိုးစွာပြောနေသည်ကို မေရီခပ်အေးအေးသာ ကြည့်နေခဲ့သည်။

"အင်း..."

စင်းသည် ထိုကောင်လေးရောက်လာသည်ကို ကျေနပ်ပုံမရသည်မို့ သူ့တုံ့ပြန့်သံက တိုတိုတောင်းတောင်း။ ထိုကောင်လေးသည် စင်း၏ ဆက်ဆံမှုတို့ကို မည်သို့မျှ မနေသည့်ဟန်ဖြင့် ထွက်သွားခဲ့လေ၏။

ထိုကောင်လေးထွက်သွားတော့မှ မေရီစကားစလေ၏။

"ဒါကလည်း အလောင်းကောင်ကမွေးတဲ့ ကောင်ကလေးပဲလား..."

မေရီ့မေးခွန်းကြောင့် စင်းသည် မဖြေချင်သော်လည်း သူမကို မလွန်ဆန်နိုင်သည့် မျက်နှာဖြင့်...

"ဟုတ်ကဲ့ ကျွန်တော် အဲ့ဒီအမျိုးသားကို ကူညီခဲ့မိတာပဲ နောင်တရတယ်... ဒါပေမဲ့လည်း အဲ့ဒီအမျိုးသားမှာက ကျွန်တော်လိုချင်တဲ့ ပျိုးပင်ရှိတာကြောင့် သူ့ကို ကူညီလိုက်မိတာပဲ..."

"အလောင်းကမွေးတဲ့ ကလေးတွေက တော်တော်များတာပဲ..."

မေရီသည် အေဘယ်လ်ဖျော်လာသည့် လက်ဖက်ရည်ကို ငုံ့သောက်ကြည့်လေသည်။

"အင်း... ဒီကောင်လေးက အဲရစ်ထက်စာရင် ဖျော်တတ်သေးတယ်..."

လက်ဖက်ရည်၏ အရသာကို သဘောကျစွာဖြင့် သူမ ရေရွတ်၏။

"မင်းက သူ့ကို တပည့်အဖြစ်လက်ခံထားတာလား..."

အိမ်လည်းမပြန်ချင်သည်မို့ မေရီပျင်းပျင်းနှင့်စကားမရှိစကားရှာကာ မေးလေသည်။ သူမအနေနှင့် ထိုကောင်လေးနှင့်စင်း အကြောင်းစိတ်မဝင်စားသော်လည်း အိမ်သို့ ပြန်လျှင်လည်း အဲရစ်၏ သူ့အစွမ်းထိန်းချုပ်သည်ကိုသာ ကြည့်နေရမည်မို့ စကားပြောရန်သာ ဆုံးဖြတ်လိုက်သည်။

သူမ ထောက်ပြရမှာပျင်းတယ်... ဒါကြောင့် အဲရစ်ကို သင်ခန်းစာပေးပြီးရင် အနားမှာမနေချင်ဘူး။

အာ မဟုတ်သေးပါဘူး သူမက ဆရာကောင်းလေးပါ။ ကျောင်းသားဆိုတာ ကိုယ်တိုင်လေ့လာမှ ပိုပြီးမှတ်မိတာလေ ဟုတ်တယ်မလား... ဒါကြောင့် သူမက အရမ်းကို ကောင်းတဲ့ ဆရာကောင်းလေးလို့ ဆိုရမှာပဲ။

"ဟုတ်ကဲ့ ကျွန်တော် သူ့ကို တပည့်အဖြစ်လက်ခံထားပါတယ်... အေဘယ်လ်က ငယ်သေးပေမဲ့ ကြယ်သုံးပွင့်အဆင့်ရှိနေတဲ့အပြင် သူ့ရဲ့ ဆေးပင်တွေနဲ့ပတ်သက်တဲ့ ပါရမီကလည်း မနည်းလှပါဘူး..."

"သြော်..."

အဲရစ်နှင့်ရွယ်တူဖြစ်ပေမဲ့လည်း ထိုလူသားကောင်ကလေးက ကြယ်သုံးပွင့်အဆင့်တဲ့။ သူမရဲ့ တပည့်လေး အဲရစ်က ကြယ်ငါးပွင့်အဆင့်ဖြစ်နေသော်လည်း ထိုကြယ်ငါးပွင့်အဆင့်သည် နတ်ဆိုးဝိညာဉ်၏ အစွမ်းသာဖြစ်သည်။

အဲရစ်ဟာ လေ့ကျင့်ဖို့အများကြီးလိုသေးတာပဲ...

မေရီသည် ငြီးငွေ့စွာတွေးလေ၏။

စင်းသည် အေဘယ်လ်အကြောင်းသိပ်စိတ်ဝင်စားမှုရှိဟန်မတူသည့် မေရီ့ကို ကြည့်ကာ သက်ပြင်းခိုးရှိုက်၏။ ဒီ ဂြိုဟ်ဆိုးကောင်လေး အေဘယ်လ်နှင့်ပတ်သက်ပြီး သူ များများစားစားပြောချင်စိတ်မရှိပေ။ ဂြိုဟ်ဆိုးကောင်လေးသည် သူက မေရီ့ကို သဘောကျနေသည်ကို သိထားသည့် ကောင်ကလေးပေ။

"အာ ဟုတ်သားပဲ..."

မေရီသည် ဟိုစဉ်းစားဒီစဉ်းစားလုပ်နေပြီးနောက် စင်းကို စကားစလေ၏။

"ဟုတ်..."

စင်းကို ကြည့်ကာ သူမ ပြုံး၍...

"မင်းရဲ့ချာတိတ်ကိုပါ အစည်းအရုံးမှာ မှတ်ပုံတင်ခိုင်းရင်ရော..."

မေရီဘာတွေစဉ်းစားနေလဲဆိုသည်ကို သူ မသိသော်လည်း မေရီ့ဆန္ဒသည် သူ လိုက်လုပ်ရမည့် အရာသာဖြစ်သည်။

"ဟုတ်ကဲ့ ရပါတယ်..."

စင်း၏ အဖြေသည် ထိုသို့ရိုးရှင်းခဲ့ချေ၏။

မေရီ...

သူ့အတွက် ထိုစုန်းကဝေမလေးသည် အရေးပါသည်။

တလောကလုံးတွင် သူမ၏ ပျော်ရွှင်မှုသည်သာ သူ့အတွက် အရေးကြီးဆုံးဖြစ်၏။

>>>>><<<<<

"သခင် အာဗဲလ်..."

ယောကျာ်းပျိုတစ်ယောက်သည် အနက်ရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားလေ၏။ သူသည် အစီအရင်တစ်ခုကို အသက်သွင်းရန်အတွက် ပစ္စည်းများကို စစ်ဆေးနေခြင်းဖြစ်သည်။ မီးတိုင်များ၏ အလင်းရောင်သည်သာ သူ ရှိနေသည့် အခန်းကျဉ်းထဲတွင် ရှိ၏။

"အင်း..."

သူ့မျက်လုံးနက်နက်များသည် သူ့ကို လှမ်းခေါ်သည့် ငယ်သားထံသို့ရောက်သွား၏။ အေးစက်သည့် မျက်ဝန်းကြောင့် ငယ်သားစုန်းကဝေကောင်လေးသည် ခေါင်းငုံ့ကာ...

"သခင် စင်းဆီက စာချွန်လွှာတစ်ခုလာပါတယ်..."

ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ဖြင့် စာလိပ်လေးကို ကမ်းပေးလာသည့် သူ အမည်မမှတ်မိနိုင်သည့် ထိုကောင်လေးထံမှ စာလိပ်ကို လှမ်းယူသည်။ စာလိပ်ကိုစည်းနှောင်ထားသည့် အနီရောင်ကြိုးမျှင်သည် သူ့လက်ဖြင့်ထိချိန်တွင် သူ ဖြည်စရာမလိုဘဲ အလိုအလျောက်ပြေသွားလေ၏။

ဝါကျင့်ကျင့်ပေရွက်ပေါ်ရှိ အနက်ရောင်စာလုံးတို့သည် အရောင်တောက်လာခဲ့သည်။ စာလုံးများသည် လေထဲသို့မျောလွင့်လာပြီးနောက် စင်း၏ အေးစက်သည့် အသံသည် အာဗဲလ်ရှိနေသည့် အခန်းကျဉ်းလေးထဲတွင် လွှမ်းခြုံသွားခဲ့၏။

"မေရီရဲ့တပည့်မင်းတို့ဆီကို မှတ်ပုံတင်တဲ့နေ့မှာ ငါ့တပည့်လည်း လာလိမ့်မယ်... မင်းတို့အနေနဲ့ ငါ့ဆရာမနဲ့ငါ့ရဲ့ တပည့်တွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ မျှော်လင့်ပါတယ်..."

စကားဆုံးချိန်တွင်ဗလာသက်သက်ဖြစ်နေသည့် စာရွက်တွင် စာလုံးများပြန်ထင်လာပြီး ထိုစာလုံးများမှ မီးတောက်လာကာ ပေရွက်သည် ချက်ချင်းပြာအတိဖြစ်သွားတော့လေသည်။

အာဗဲလ်၏ မျက်နှာသည် တည်သွား၏။ အနက်ရောင်ဝတ်ရုံရှည်ဖြင့်သူသည် တစ်ကိုယ်လုံး အဖြူရောင်ဝတ်ဆင်ထားသည့် ရွှေရောင်ဆံပင်ကို သေသပ်စွာလှန်တင်ထားသည့် ကောင်ကလေးကို လှမ်းကြည့်၏။

"လူးကပ်စ်..."

ထိုကောင်လေး၏ အမည်ကို သူ ခေါ်လေ၏။ အဲရစ်နှင့်အေဘယ်လ်တို့ထက် လေးနှစ်လောက်ကြီးသည့် ကောင်ကလေးသည် သူ့ကိုလှမ်းကြည့်လေသည်။

"မင်းနည်းနည်းပိုကြိုးစားရလိမ့်မယ်..."

ထိုကောင်လေးသည် သူ့ကိုခေါင်းညိတ်ပြခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။ အာဗဲလ်သည် သူ့ခြေထောက်အောက်ရှိ ပြာပုံကိုသာကြည့်နေခဲ့၏။ မေရီနှင့်စင်း သူတို့နှစ်ဦးသည် ဘာများတွေးနေခဲ့လို့ ယခုလိုလုပ်ရတာလဲ။

----------

ဝိညာဥ္သည္ ခႏၶာကိုခုတ္ေမာင္းသည့္ အရာတစ္ခုျဖစ္သည္။ ဝိညာဥ္စြမ္းအားသည္ ဝိညာဥ္၏ ေလာင္စာဆီျဖစ္၏။ ဝိညာဥ္စြမ္းအားကို ထိန္းခ်ဳပ္ႏိုင္လွ်င္ လူတုိ႔သည္ အံ့ဘြယ္အရာမ်ားကို ျပဳလုပ္ႏိုင္စြမ္းရွိသည္။

အခ်ိဳ႕သည္ စကားလံုးတုိ႔တြင္ ဝိညာဥ္စြမ္းအားကို ထည့္သြင္းရြတ္ဆိုကာ အမႈတုိ႔ကိုျဖစ္ေစသည္။ ဝိညာဥ္စြမ္းအား ထည့္သြင္းရြတ္ဆုိသည့္ စကားစုတုိ႔ကို မႏၱန္ဟု ေခၚ၍ မႏၱန္တုိ႔ကို အသံုးျပဳသည့္သူမ်ားကို စုန္းကေဝမ်ားဟု ေခၚၾက၏။

အခ်ိဳ႕မွာမူ ဝိညာဥ္စြမ္းအားကို လက္နက္မ်ားတြင္ထည့္သြင္းအသံုးျပဳၾကသည္။ ထိုသူတုိ႔ကိုေတာ့ စုန္းလုိက္မုဆုိးမ်ားဟု ေခၚ၏။

အပိုင္း - ၁၈ : ဝိညာဥ္စြမ္းအား။

'တစ္ေယာက္ႏွင့္တစ္ေယာက္၏ နည္းလမ္းတို႔သည္ မတူညီၾက။ သို႔ေသာ္ အသစ္ေသာ နည္းလမ္းသည္မရွိ။ လမ္းတို႔သည္ ေဖာက္လုပ္ၿပီးသားျဖစ္သည္။ လူမသံုး၍သာ ျခံဳႏြယ္တုိ႔ ထူထပ္ျခင္းျဖစ္၏။'


"အား... စိတ္ရႈပ္လိုက္တာ!"

ၾကမ္းျပင္တြင္ ေျခပစ္လက္ပစ္လွဲခ်ကာ အဲရစ္ေရရြတ္သည္။ သူ႔ ေတာင္ပံမ်ားက ေသးေနဆဲ၊ေသးေနျမဲ။ အဲရစ္ျပန္ထထိုင္ကာ သူ႔ ေတာင္ပံမ်ားကို လွည့္ၾကည့္၏။ သူ႔အေတာင္ေလးမ်ားကို တျဖတ္ျဖတ္လႈပ္ၾကည့္ေသာအခါ လက္တစ္ဝါးစာေလာက္သာရွိသည့္ အေတာင္ေလးမ်ားက ဖလတ္ဖလတ္ႏွင့္ လႈပ္ခတ္လာၾကသည္။

"မင္းတို႔က ဘာလုိ႔ႀကီးမလာတာလဲ!"

အဲရစ္သည္ အျပစ္မရွိသည့္ အေတာင္မ်ားကို လွည့္ကာမာန္မဲသည္။ သူ ႀကိဳးစားပမ္းစား အာရံုစိုက္ခဲ့တာၾကာၿပီ။ ဘာေၾကာင့္မ်ား သူ႔အေတာင္ေတြဟာ သူ႔စကားကို နားမေထာင္ၾကတာလဲ။

ဘာလဲ သူက အသံထြက္ၿပီး အေတာင္ေတြႀကီးစမ္း ဟု ေအာ္ရမွာလား။ အာ... ရွက္ဖို႔ေကာင္းလိုက္တာ...

သူ႔အေတာင္မ်ားထံမွ အၾကည့္လႊဲၿပီး စာအုပ္စင္ကုိ သူ ၾကည့္သည္။

တကယ္လုိ႔အေတာင္ေတြကို ထိန္းခ်ဳပ္လုိ႔မရဘူးဆုိရင္ သူ စာပဲဖတ္ေတာ့မယ္။ ဒီစာအုပ္ေတြထဲမွာေတာ့ ဝိညာဥ္စြမ္းအားနဲ႔ ပတ္သက္တဲ့အေၾကာင္းတစ္ခုခုရွိမွာေပါ့။

အဲရစ္သည္ စာၾကည့္စားပြဲေပၚသို႔ ဒူးေထာက္တက္၏။ စာအုပ္စင္မွ သူ ဖတ္၍ရသည္ဟူသည့္ စာအုပ္တစ္အုပ္ကို လွမ္းဆြဲသည္။ ထိုစာအုပ္သည္ ဝိညာဥ္စြမ္းအားအေၾကာင္း ေရးထားသည့္ စာအုပ္တစ္အုပ္ျဖစ္၏။

"ဒါ ေမရီရဲ႕ လက္ေရးလား..."

အဲရစ္သည္ လွပေသသပ္သည့္ လက္ေရးမ်ားကိုၾကည့္ကာ ေရရြတ္သည္။

ဝိညာဥ္စြမ္းအားသည္ မိမိခႏၶာထဲမွ ေသြးမ်ားႏွင့္တူညီသည္။ ေသြးသည္ ခႏၶာအတြက္လိုအပ္သည့္ အရည္ၾကည္ျဖစ္လွ်င္ ဝိညာဥ္စြမ္းအားသည္ ဝိညာဥ္အတြက္ လိုအပ္သည့္ ဆီျဖစ္၏။ ဝိညာဥ္စြမ္းအားသည္ နက္ရိႈင္းသည့္ မိမိ၏ ကိုယ္ပိုင္အစိတ္အပိုင္းျဖစ္သည္။ မိမိလိုသလို ဝိညာဥ္စြမ္းအားကို ထိန္းခ်ဳပ္ႏုိင္၏။ လူတစ္ဦးသည္ ဝိညာဥ္စြမ္းအားကို ၃၅ % ထက္ပို၍ ထိန္းခ်ဳပ္ႏုိင္စြမ္းမရွိေသးေပ။ ၃၅% ထက္ပို၍ ထိန္းခ်ဳပ္ပါက လူ႔ခႏၶာကိုယ္တြင္ အမွတ္မ်ားစတင္ေပၚလာ၏။

ဝိညာဥ္စြမ္းအားအဆင့္ဆင့္ကို လြယ္ကူစြာ သတ္မွတ္ႏိုင္ရန္အတြက္ ၾကယ္ပြင့္မ်ားျဖင့္ တိုင္းတာၾကသည္။ ဝိညာဥ္စြမ္းအား၏ ၁% ကို ထိန္းခ်ဳပ္ႏိုင္လွ်င္ ၾကယ္တစ္ပြင့္အဆင့္ျဖစ္၏။ တိအဆင့္ၾကယ္ပြင့္မ်ားသည္ ဝိညာဥ္စြမ္းအား၏ ၃၀ % ကို ထိန္းခ်ဳပ္ႏုိင္သူမ်ားျဖစ္သည္။

ဝိညာဥ္စြမ္းအားကို ထိန္းခ်ဳပ္ရန္အတြက္ လြယ္ကူသည့္ နည္းလမ္းမွာ စီးဆင္းျခင္းျဖစ္သည္။ တစ္ေယာက္ႏွင့္တစ္ေယာက္၏ ဝိညာဥ္စြမ္းအားကို ထိန္းခ်ဳပ္မႈနည္းလမ္းသည္ မတူညီၾကေသာ္လည္း အလြယ္ကူဆံုးနည္းလမ္းမွာ စီးဆင္းျခင္းပင္ျဖစ္၏။

"စီးဆင္းျခင္း..."

အဲရစ္သည္ စာအုပ္ပါအေၾကာင္းအရာကို ဖတ္ၿပီးေရရြတ္၏။ စီးဆင္းျခင္း... သူ ဘယ္လုိစီးဆင္းရမလဲ။

အဲရစ္သည္ စာအုပ္ကို ဆက္၍လွန္သည္။ နည္းလမ္းကို သိၿပီဆုိမွေတာ့ ဝိညာဥ္စြမ္းအား စီးဆင္းေစဖုိ႔ရာ သူ ဘယ္လိုမ်ိဳး စလုပ္ရမလဲဆုိသည့္ နည္းလမ္းမ်ိဳးသိဖုိ႔လိုအပ္သည္ေလ။

စာရြက္အခ်ိဳ႕သည္ သူ မလွန္ပါဘဲႏွင့္အလိုလုိလွန္သြားခဲ့၏။

ရုတ္တရက္ အရွိန္ျဖင့္ တျဖတ္ျဖတ္လွန္ေနသည့္ စာအုပ္ေၾကာင့္ သူ လန္႔သြားရသည္။ ေဒါက္ခနဲ စာအုပ္သည္ ၾကမ္းေပၚသို႔ ျပဳတ္က်သြားခဲ့၏။ စာရြက္မ်ားသည္ အလွန္မရပ္ေသး။ သူ စာအုပ္ကိုသာ ၾကည့္ေနျဖစ္ခဲ့သည္။ သိပ္မၾကာလုိက္ စာအုပ္သည္ စာမ်က္ႏွာတစ္ခုတြင္ ရပ္သြားခဲ့၏။ ထိုအခါက်မွ သူ ၾကမ္းေပၚက စာအုပ္ကို ေကာက္ေလသည္။

ေရာက္ေနသည့္ စာမ်က္ႏွာသည္ကား...

စီးဆင္းျခင္း...

အခ်ိဳ႕သည္ မတ္မတ္ထိုင္ကာ မုျဒာလက္ဟန္တုိ႔၏ အကူအညီျဖင့္ စိတ္ကို စုစည္းၾက၏။ အခ်ိဳ႕သည္ ဝင္သက္ထြက္သက္ျဖင့္ စုစည္းၿပီး ဝိညာဥ္စြမ္းအားကို ျမင္ေအာင္အလ်င္ႀကိဳးစားၾကသည္။

ထိုနည္းမ်ားထက္ ပို၍လြယ္ကူသည့္ နည္းမွာ...


အဲရစ္သည္ တင္ပလႅင္ေခြခ်ိတ္ထိုင္လုိက္၏။ မုျဒာလက္ဟန္တုိ႔အေၾကာင္းကို သူ ၾကည့္မေနေတာ့။ မည္သည့္လက္ဟန္က မည္သို႔အကူအညီေပးသည္ကို သူ မသိႏုိင္ဘူးေလ။ ထို႔အတြက္ သူ႔လက္ကို ဒူးေပၚတြင္ ခပ္ဆန္႔ဆန္႔တင္ကာ မ်က္လံုးမ်ားကို မိွတ္၏။

မိမိကုိယ္မိမိအျဖဴေရာင္ဟင္းလင္းျပင္ထဲသို႔ ေရာက္သည္ဟု မွတ္ယူလုိက္ပါ။

သူသည္ ဥာဏ္ေကာင္းသည့္ သူ တစ္ေယာက္မို႔ စာအုပ္ပါ အေၾကာင္းအရာမ်ားကို ခပ္ျမန္ျမန္ပင္ မွတ္သားႏိုင္ေလ၏။

အျဖဴေရာင္ဟင္းလင္းျပင္။

ထိုသို႔ ျမင္ေယာင္ဖို႔သည္ကား လြယ္ေတာ့မလြယ္ကူလွ။ မ်က္လံုးမိွတ္မိွတ္ျခင္း ျမင္ရသည္က အနက္ေရာင္သာ ျဖစ္သည္။ ရံဖန္ရံခါ ေနက်သည့္ ေနရာမ်ားတြင္ဆုိလွ်င္ေတာ့ နီျခငး္ႏွင့္ျပာျခင္းရွိတတ္သည္။

အနက္ေရာင္ဟင္းလင္းျပင္မွ သူ ထုိင္ေနသည့္ ေနရာတစ္ခုလံုး ျဖဴသြားေအာင္ ျမင္ေယာင္ဖို႔ဆိုသည္မွာ သူ႔စိတ္သည္ အလြန္ကုိ တည္ၿငိမ္ေနမွ ျဖစ္ေပလိမ့္မည္။

စတင္ေမြးဖြားလာကတည္းက သူသည္ နတ္ဆိုးတစ္ပိုင္းျဖစ္သည္မုိ႔ ၾကယ္ငါးပြင့္အဆင့္သို႔ ေရာက္ရွိၿပီးျဖစ္၏။ ထို႔အတြက္ အခ်ိန္သိပ္မၾကာလုိက္ သူသည္ အျဖဴေရာင္ဟင္းလင္းျပင္ထဲသုိ႔ ေရာက္သြားႏိုင္ခဲ့သည္။

ထိုအျဖဴေရာင္ဟင္းလင္းျပင္ထဲတြင္ သူ ထရပ္၏။ တံခါးတစ္ခ်ပ္သည္ ဆံုးစမဲ့သည့္ ဟင္းလင္းျပင္ထဲမွ ေပၚလာခဲ့သည္။

အဲရစ္သည္ လက္ကိုလွမ္း၏။

"တံခါးက ဖြင့္ၿပီးရင္ ျပန္ပိတ္လုိ႔ရမွာမဟုတ္ဘူး..."

အသံလာရာဘက္သုိ႔ သူ လွည့္ၾကည့္ခ်ိန္တြင္ သူသည္ ထုိင္လ်က္ေနဆဲ။ အဲရစ္၏ မ်က္ခံုးတုိ႔သည္ တြန္႔ခ်ိဳးသြား၏။ သူ႔ရဲ႕အျခားတစ္ဖက္ ဆုိသည္လား။ ထိုအေၾကာင္းႏွင့္ပတ္သက္ၿပီး သူ ဗဟုသုတမရွိေပ။ ထို႔အတြက္ အဲရစ္သည္ သတိအေနအထားျဖင့္ တင္ပလႅင္ေခြခ်ိတ္ထိုင္ကာ မ်က္လံုးမ်ားမိွတ္ထားသည့္ အဲရစ္ကို လွမ္းၾကည့္ေလ၏။

ထိုင္ေနသည့္ အဲရစ္၏ မ်က္လံုးမ်ားသည္ ပြင့္လာခဲ့သည္။

မ်က္လံုးမရွိသည့္ ဗလာသက္သက္မ်က္လံုးမ်ား။ အနက္ေရာင္ေဟာင္းေလာင္းေပါက္သာ ရွိသည္။

အဲရစ္အေနာက္သို႔ ေျခႏွစ္လမ္းခန္႔ဆုတ္၏။ တံခါးႏွင့္သူ႔ ေက်ာသည္ ကပ္သြားခဲ့သည္။

"ဘာလို႔လန္႔ေနရတာလဲ..."

ပံုစံမပ်က္ထိုင္ေနရင္းမွ ထိုအဲရစ္သည္ သူ႔ကိုေျပာေလေလ၏။ ေမရီသူ႔ကို ေျပာဖူးသည္ကို သူ သတိရသြားခဲ့သည္။ သူ႔ထံတြင္ အျခားေသာဝိညာဥ္တစ္ခုရွိသည္ဟု ဆိုသည္။

"မွန္တာေပါ့..."

သူ႔အေတြးကို ထိုဝိညာဥ္သည္ ဖတ္ႏုိင္ဟန္ရွိ၏။ မွန္တာေပါ့ဟူသည့္ ေနာက္တြင္ေဟာင္းေလာင္းေပါက္ျဖစ္ေနသည့္ မ်က္လံုးမ်ားတြင္ အနီေရာင္မ်က္ဆံျဖင့္ မ်က္လံုးမ်ား ေပၚလာခဲ့သည္။

"ငါက မင္းကို ၾကယ္ငါးပြင့္အဆင့္ကို ေရာက္ေစတဲ့ ဝိညာဥ္ပဲ..."

နတ္ဆိုးေကာင္ေလးအဲရစ္သည္ ေထာင္လႊားသည့္မ်က္ႏွာျဖင့္ ေျပာေလသည္။

"ဒါေပမဲ့ ငါ့အစြမ္းက မတည္ၿငိမ္ေသးဘူး... ငါက ၾကယ္ငါးပြင့္မဟုတ္ေတာ့ေပမဲ့ အေျခမခုိင္တာေၾကာင့္ အခု ၾကယ္ငါးပြင့္ကိုပဲ ျပန္ေရာက္ေနတယ္..."

"ၾကယ္ငါးပြင့္က ၾကယ္ငါးပြင့္ပဲေပါ့..."

လူသားေကာင္ေလးအဲရစ္သည္ မ်က္ႏွာေသေလးျဖင့္သာ နတ္ဆိုးေလးအဲရစ္ကို ျပန္ေျပာခဲ့သည္။

"ဒီေတာ့ ငါ့ေတာင္ပံေတြကို မထိန္းခ်ဳပ္ႏုိင္တာ လူသားျဖစ္တဲ့ငါက ၾကယ္တစ္ပြင့္အဆင့္ေတာင္ မေရာက္ေသးလုိ႔ေပါ့..."

အနည္းငယ္စိတ္ဓာတ္က်စြာျဖင့္ သူ ေရရြတ္၏။ ဒါ အျဖစ္ႏိုင္ဆံုးကိစၥပဲ...

"မင္း အဲ့ဒီ ေခ်ာက္နက္ဘဝဲကို ႏိုင္တာက ငါ့စြမ္းအားေၾကာင့္ပါ... ငါသာ မင္းကို ငါ့အစြမ္းမေခ်းရင္ မင္း သူ႔အစာျဖစ္တာ ၾကာေပ့ါ..."

"ဒါေပမဲ့ မင္းအသက္ရွင္ဖို႔ ငါ့ကိုလည္းလိုတယ္ေလ..."

တစ္ခြန္းမခံသူျပန္ေျပာေတာ့ နတ္ဆိုးေကာင္ေလး အဲရစ္သည္ သူ႔ကို အလုိမက်စြာၾကည့္လာ၏။

"ဒီေတာ့ မင္းက ငါ့ကို ႏုိင္ေအာင္လုပ္မယ္ေပါ့..."

"ေတြးၾကည့္ေလ..."

"အဲရစ္!"

ေပကပ္ကပ္ျဖင့္ သူေျပာသည္ကို နတ္ဆိုးေကာင္ေလးသည္ ေဒါသထြက္လာပံုရသည္။

"ငါ့အစြမ္းနဲ႔သာ မင္း အဲ့ဒီစာခ်ဳပ္ေတြကို ဖ်က္ႏိုင္မွာ မဟုတ္ရင္ အဲ့စုန္းမကို မင္းကိုထိန္းခ်ဳပ္လိမ့္မယ္..."

"ဒါက မင္းကိစၥမဟုတ္ဘူး... အရင္ဆံုးေျပာရဦးမယ္..."

အဲရစ္သည္ နတ္ဆိုးေကာင္ေလးကို တည့္တည့္ၾကည့္၏။ ထိုေကာင္ေလးသည္ ဘာေၾကာင့္မွန္းမသိ လႈပ္ရွား၍ ရပံုမေပၚ။ ထိုသို႔ထုိင္ရင္းသာ သူ႔ကို ေျပာ၍ရရွာသည္။ သို႔ဆုိလွ်င္ သူက ဘာကို ေၾကာက္ေနရဦးမည္လဲ။ အဲရစ္၏ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္သည္ ေကာ့တက္သြားေလသည္။

သူ႔မဲ့ျပံဳးကိုတစ္ဖက္အဲရစ္သည္ ခံျပင္းသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္၏။

"ဖခင္ရဲ႕အရိုက္အရာကို ဆက္ခံမွာက ငါ... လူသားအေနနဲ႔ဆက္ခံမွာ... မင္း မဟုတ္ဘူး..."

ေျပာၿပီးသည္ႏွင့္ နတ္ဆိုးအဲရစ္ကို ေက်ာခုိင္းကာ သူ တံခါးကိုဖြင့္လုိက္ေလ၏။

>>>>><<<<<

"ဆရာမက ဘယ္လုိလုပ္ၿပီး ဒီကိုေရာက္လာတာလဲ..."

သူ႔အိမ္သို႔ေမရီသည္ မေျပာမဆုိျဖင့္ ေရာက္ခ်လာခဲ့သည္။ စင္းတစ္ေယာက္ ရုတ္တရက္ႀကီး ဘာလုပ္ရဘာကိုင္ရမွန္းမသိေတာ့။

"သခင္မေမရီ သံုးေဆာင္ပါဦး..."

အဲရစ္အရြယ္ေလာက္သာရွိသည့္ ေကာင္ကေလးတစ္ေယာက္မွ သူမအတြက္ လက္ဖက္ရည္ယူလာေပးသည္မို႔ ေမရီသည္ ထုိေကာင္ကေလးကို အကဲခတ္သည္။

"ေအဘယ္လ္! မင္းကိုငါ မထြက္လာနဲ႔လုိ႔ ေျပာထားတယ္မဟုတ္လား..."

အသံျမွင့္ေအာ္လုိက္သည့္ စင္းေၾကာင့္ ေမရီမ်က္ခံုးပင့္၏။ ဒီေကာင္ေလး စင္းက အၿမဲတမ္းႏူးႏူးညံ့ညံ့ေလးလုိ႔ သူမ ထင္ထားတာ သူလည္း ေအာ္ေငါက္တတ္တာပဲလား...

ေအဘယ္လ္ဟူသည့္ ေကာင္ကေလးသည္ စင္း၏ ေအာ္ေငါက္ခံရမႈကို မည္သို႔မွ်သေဘာမထားဘဲ ေမရီကိုသာ ျပံဳးျပခဲ့သည္။

"ေက်းဇူးတင္ပါတယ္..."

ေမရီသည္ ေအးတိေအးစက္ျဖင့္သာ ထိုေကာင္ေလးကို ေက်းဇူးတင္စကားဆုိ၏။

"ကြ်န္ေတာ္ ေဆးပင္ေတြကို သြားၾကည့္လုိက္ဦးမယ္..."

ေအဘယ္လ္ဆုိသည့္ ထိုေကာင္ေလးသည္ သူမကို ဦးညႊတ္ၿပီးေနာက္ စင္းဘက္လွည့္ကာ ရိုက်ိဳးစြာေျပာေနသည္ကို ေမရီခပ္ေအးေအးသာ ၾကည့္ေနခဲ့သည္။

"အင္း..."

စင္းသည္ ထိုေကာင္ေလးေရာက္လာသည္ကို ေက်နပ္ပံုမရသည္မုိ႔ သူ႔တုံ႔ျပန္႔သံက တုိတုိေတာင္းေတာင္း။ ထိုေကာင္ေလးသည္ စင္း၏ ဆက္ဆံမႈတုိ႔ကို မည္သို႔မွ် မေနသည့္ဟန္ျဖင့္ ထြက္သြားခဲ့ေလ၏။

ထိုေကာင္ေလးထြက္သြားေတာ့မွ ေမရီစကားစေလ၏။

"ဒါကလည္း အေလာင္းေကာင္ကေမြးတဲ့ ေကာင္ကေလးပဲလား..."

ေမရီ႕ေမးခြန္းေၾကာင့္ စင္းသည္ မေျဖခ်င္ေသာ္လည္း သူမကို မလြန္ဆန္ႏိုင္သည့္ မ်က္ႏွာျဖင့္...

"ဟုတ္ကဲ့ ကြ်န္ေတာ္ အဲ့ဒီအမ်ိဳးသားကို ကူညီခဲ့မိတာပဲ ေနာင္တရတယ္... ဒါေပမဲ့လည္း အဲ့ဒီအမ်ိဳးသားမွာက ကြ်န္ေတာ္လိုခ်င္တဲ့ ပ်ိဳးပင္ရွိတာေၾကာင့္ သူ႔ကို ကူညီလုိက္မိတာပဲ..."

"အေလာင္းကေမြးတဲ့ ကေလးေတြက ေတာ္ေတာ္မ်ားတာပဲ..."

ေမရီသည္ ေအဘယ္လ္ေဖ်ာ္လာသည့္ လက္ဖက္ရည္ကို ငံု႔ေသာက္ၾကည့္ေလသည္။

"အင္း... ဒီေကာင္ေလးက အဲရစ္ထက္စာရင္ ေဖ်ာ္တတ္ေသးတယ္..."

လက္ဖက္ရည္၏ အရသာကို သေဘာက်စြာျဖင့္ သူမ ေရရြတ္၏။

"မင္းက သူ႔ကို တပည့္အျဖစ္လက္ခံထားတာလား..."

အိမ္လည္းမျပန္ခ်င္သည္မို႔ ေမရီပ်င္းပ်င္းႏွင့္စကားမရွိစကားရွာကာ ေမးေလသည္။ သူမအေနႏွင့္ ထုိေကာင္ေလးႏွင့္စင္း အေၾကာင္းစိတ္မဝင္စားေသာ္လည္း အိမ္သို႔ ျပန္လွ်င္လည္း အဲရစ္၏ သူ႔အစြမ္းထိန္းခ်ဳပ္သည္ကိုသာ ၾကည့္ေနရမည္မုိ႔ စကားေျပာရန္သာ ဆံုးျဖတ္လုိက္သည္။

သူမ ေထာက္ျပရမွာပ်င္းတယ္... ဒါေၾကာင့္ အဲရစ္ကို သင္ခန္းစာေပးၿပီးရင္ အနားမွာမေနခ်င္ဘူး။

အာ မဟုတ္ေသးပါဘူး သူမက ဆရာေကာင္းေလးပါ။ ေက်ာင္းသားဆုိတာ ကိုယ္တုိင္ေလ့လာမွ ပိုၿပီးမွတ္မိတာေလ ဟုတ္တယ္မလား... ဒါေၾကာင့္ သူမက အရမ္းကို ေကာင္းတဲ့ ဆရာေကာင္းေလးလုိ႔ ဆုိရမွာပဲ။

"ဟုတ္ကဲ့ ကြ်န္ေတာ္ သူ႔ကို တပည့္အျဖစ္လက္ခံထားပါတယ္... ေအဘယ္လ္က ငယ္ေသးေပမဲ့ ၾကယ္သံုးပြင့္အဆင့္ရွိေနတဲ့အျပင္ သူ႔ရဲ႕ ေဆးပင္ေတြနဲ႔ပတ္သက္တဲ့ ပါရမီကလည္း မနည္းလွပါဘူး..."

"ေၾသာ္..."

အဲရစ္ႏွင့္ရြယ္တူျဖစ္ေပမ့ဲလည္း ထိုလူသားေကာင္ကေလးက ၾကယ္သံုးပြင့္အဆင့္တဲ့။ သူမရဲ႕ တပည့္ေလး အဲရစ္က ၾကယ္ငါးပြင့္အဆင့္ျဖစ္ေနေသာ္လည္း ထိုၾကယ္ငါးပြင့္အဆင့္သည္ နတ္ဆိုးဝိညာဥ္၏ အစြမ္းသာျဖစ္သည္။

အဲရစ္ဟာ ေလ့က်င့္ဖို႔အမ်ားႀကီးလုိေသးတာပဲ...

ေမရီသည္ ၿငီးေငြ႔စြာေတြးေလ၏။

စင္းသည္ ေအဘယ္လ္အေၾကာင္းသိပ္စိတ္ဝင္စားမႈရွိဟန္မတူသည့္ ေမရီ႕ကို ၾကည့္ကာ သက္ျပင္းခိုးရိႈက္၏။ ဒီ ၿဂိဳဟ္ဆိုးေကာင္ေလး ေအဘယ္လ္ႏွင့္ပတ္သက္ၿပီး သူ မ်ားမ်ားစားစားေျပာခ်င္စိတ္မရွိေပ။ ၿဂိဳဟ္ဆိုးေကာင္ေလးသည္ သူက ေမရီ႕ကို သေဘာက်ေနသည္ကို သိထားသည့္ ေကာင္ကေလးေပ။

"အာ ဟုတ္သားပဲ..."

ေမရီသည္ ဟိုစဥ္းစားဒီစဥ္းစားလုပ္ေနၿပီးေနာက္ စင္းကို စကားစေလ၏။

"ဟုတ္..."

စင္းကို ၾကည့္ကာ သူမ ျပံဳး၍...

"မင္းရဲ႕ခ်ာတိတ္ကိုပါ အစည္းအရံုးမွာ မွတ္ပံုတင္ခုိင္းရင္ေရာ..."

ေမရီဘာေတြစဥ္းစားေနလဲဆုိသည္ကို သူ မသိေသာ္လည္း ေမရီ႕ဆႏၵသည္ သူ လုိက္လုပ္ရမည့္ အရာသာျဖစ္သည္။

"ဟုတ္ကဲ့ ရပါတယ္..."

စင္း၏ အေျဖသည္ ထိုသို႔ရိုးရွင္းခဲ့ေခ်၏။

ေမရီ...

သူ႔အတြက္ ထိုစုန္းကေဝမေလးသည္ အေရးပါသည္။

တေလာကလံုးတြင္ သူမ၏ ေပ်ာ္ရႊင္မႈသည္သာ သူ႔အတြက္ အေရးႀကီးဆံုးျဖစ္၏။

>>>>><<<<<

"သခင္ အာဗဲလ္..."

ေယာက်ာ္းပ်ိဳတစ္ေယာက္သည္ အနက္ေရာင္ဝတ္ရံုရွည္ကို ဆင္ျမန္းထားေလ၏။ သူသည္ အစီအရင္တစ္ခုကုိ အသက္သြင္းရန္အတြက္ ပစၥည္းမ်ားကို စစ္ေဆးေနျခင္းျဖစ္သည္။ မီးတိုင္မ်ား၏ အလင္းေရာင္သည္သာ သူ ရွိေနသည့္ အခန္းက်ဥ္းထဲတြင္ ရွိ၏။

"အင္း..."

သူ႔မ်က္လံုးနက္နက္မ်ားသည္ သူ႔ကို လွမ္းေခၚသည့္ ငယ္သားထံသို႔ေရာက္သြား၏။ ေအးစက္သည့္ မ်က္ဝန္းေၾကာင့္ ငယ္သားစုန္းကေဝေကာင္ေလးသည္ ေခါင္းငံု႔ကာ...

"သခင္ စင္းဆီက စာခြ်န္လႊာတစ္ခုလာပါတယ္..."

ေခါင္းကိုငံု႔ကာ လက္ႏွစ္ဖက္ျဖင့္ စာလိပ္ေလးကို ကမ္းေပးလာသည့္ သူ အမည္မမွတ္မိႏုိင္သည့္ ထိုေကာင္ေလးထံမွ စာလိပ္ကုိ လွမ္းယူသည္။ စာလိပ္ကိုစည္းေႏွာင္ထားသည့္ အနီေရာင္ႀကိဳးမွ်င္သည္ သူ႔လက္ျဖင့္ထိခ်ိန္တြင္ သူ ျဖည္စရာမလုိဘဲ အလိုအေလ်ာက္ေျပသြားေလ၏။

ဝါက်င့္က်င့္ေပရြက္ေပၚရွိ အနက္ေရာင္စာလံုးတုိ႔သည္ အေရာင္ေတာက္လာခ့ဲသည္။ စာလံုးမ်ားသည္ ေလထဲသို႔ေမ်ာလြင့္လာၿပီးေနာက္ စင္း၏ ေအးစက္သည့္ အသံသည္ အာဗဲလ္ရွိေနသည့္ အခန္းက်ဥ္းေလးထဲတြင္ လႊမ္းျခံဳသြားခဲ့၏။

"ေမရီရဲ႕တပည့္မင္းတုိ႔ဆီကို မွတ္ပံုတင္တဲ့ေန႔မွာ ငါ့တပည့္လည္း လာလိမ့္မယ္... မင္းတို႔အေနနဲ႔ ငါ့ဆရာမနဲ႔ငါ့ရဲ႕ တပည့္ေတြကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံဖို႔ ေမွ်ာ္လင့္ပါတယ္..."

စကားဆံုးခ်ိန္တြင္ဗလာသက္သက္ျဖစ္ေနသည့္ စာရြက္တြင္ စာလံုးမ်ားျပန္ထင္လာၿပီး ထုိစာလံုးမ်ားမွ မီးေတာက္လာကာ ေပရြက္သည္ ခ်က္ခ်င္းျပာအတိျဖစ္သြားေတာ့ေလသည္။

အာဗဲလ္၏ မ်က္ႏွာသည္ တည္သြား၏။ အနက္ေရာင္ဝတ္ရံုရွည္ျဖင့္သူသည္ တစ္ကိုယ္လံုး အျဖဴေရာင္ဝတ္ဆင္ထားသည့္ ေရႊေရာင္ဆံပင္ကို ေသသပ္စြာလွန္တင္ထားသည့္ ေကာင္ကေလးကို လွမ္းၾကည့္၏။

"လူးကပ္စ္..."

ထိုေကာင္ေလး၏ အမည္ကို သူ ေခၚေလ၏။ အဲရစ္ႏွင့္ေအဘယ္လ္တုိ႔ထက္ ေလးႏွစ္ေလာက္ႀကီးသည့္ ေကာင္ကေလးသည္ သူ႔ကိုလွမ္းၾကည့္ေလသည္။

"မင္းနည္းနည္းပိုႀကိဳးစားရလိမ့္မယ္..."

ထိုေကာင္ေလးသည္ သူ႔ကိုေခါင္းညိတ္ျပျခင္းျဖင့္သာ တံု႔ျပန္ခဲ့သည္။ အာဗဲလ္သည္ သူ႔ေျခေထာက္ေအာက္ရွိ ျပာပံုကိုသာၾကည့္ေနခ့ဲ၏။ ေမရီႏွင့္စင္း သူတုိ႔ႏွစ္ဦးသည္ ဘာမ်ားေတြးေနခဲ့လို႔ ယခုလုိလုပ္ရတာလဲ။

----------





rate now: