book

Index 17

Part - 17

  • Author : AnnaLynn
  • Genres : Romance, Comedy, Drama, Action

Unicode


စုန်းကဝေတို့သည် မိမိ၏ စိတ်စွမ်းအင်ကို ထိန်းချုပ်ကာ မန္တန်များကို အသက်သွင်းရ၏။

ထို့အတွက် စိတ်စွမ်းအင်ကို ထိန်းချုပ်ခြင်းသည် စုန်းကဝေအတတ်၏ အခြေခံပင်ဖြစ်သည်။

အပိုင်း - ၁၇ : နိုအာ။

‘တိုက်ဆိုင်မှုဟူသည် လောကတွင်မရှိပေ။ အကျိုးသည် အကြောင်းကြောင့်ဖြစ်ခြင်းသာဖြစ်၏။’

“ဒီနေ့ကစပြီး မင်း စာအုပ်စင်ရဲ့ ဒီဘက်အကန့်က စာအုပ်တွေအကုန်ဖတ်လို့ရတယ်…”

မေရီသည် သတ်မှတ်ချိန်အပြီး အနိုင်နိုင်ရပ်နေသည့် အဲရစ်ကို အေးတိအေးစက်ကြည့်ကာပြောလေသည်။

“မင်းက ငါ့ရဲ့ ဒုတိယတပည့်ဖြစ်ပြီး အဲရစ်လို့ အမည်ခေါ်တွင်တယ်… စာချုပ်နှစ်ခုရဲ့ အစွမ်းကို ထိန်းထားနိုင်တာက တော်တော်မဆိုးလှဘူးလို့ပြောလို့ရတာပဲ…”

စမ်းသပ်ပူးကောင်လေးလို သူ့ကို ကြည့်ပြောသည့် မေရီကြောင့် အဲရစ်စိတ်ထဲ မကျေမနပ်ဖြစ်ရသော်လည်း သူ တုံ့ပြန်ခြင်းမပြု။ တိတိကျကျပြောရလျှင်တော့ သူ အခုလည်း ရန်မစွာနိုင်သေးဘူးလေ။ ဘာကြောင့်ဆို သူ့ ခန္ဓာကိုယ်တစ်ခုလုံးက အန္တရာယ်တွင်းက လွတ်မြောက်သွားခဲ့ပေမဲ့လည်း ပြန်လည်ကောင်းမွန်စေဖို့ အချိန်လိုနေသေးတာကိုး။

“အဲရစ်…”

မေရီသည် သူ့အမည်ကို ခေါ်ပြန်လေ၏။ အနိုင်နိုင်ရပ်နေရင်းဖြင့် သူခေါင်းကိုမော့ကာ မေရီ့ကို ကြည့်ရလေသည်။ မေရီ့မျက်လုံးများသည် နားလည်ရခက်လောက်အောင် နက်ရှိုင်းနေခဲ့သည်။

“ငါ့တပည့်တွေအတွက် ငါ့မှာ စည်းမျဉ်းတစ်ခုပဲရှိတယ်…”

သူ တံတွေးမြိုချကာ မေရီ့ကိုကြည့်၏။

“ငါ့တပည့်ဆိုတဲ့ဂုဏ်ကို သုံးပြီး မင်းကြိုက်တာလုပ်နိုင်တယ်…”

အဲရစ်မျက်နှာသည် ရူးကြောင်ကြောင်တည်သွား၏။ သူ ဒါကို ဘယ်လိုနားလည်ရမှာလဲ။ စည်းမျဉ်းဆိုတာ ကန့်သတ်ချက်တစ်ခုမဟုတ်ဘူးလား။ တပည့်ဆိုတာကို အသုံးပြုပြီး ကြိုက်တာလုပ်နိုင်တယ်ဆိုတာကြီးက ငါ မင်းနောက်မှာ ရှိတယ် ဆိုးချင်တိုင်းဆိုးစမ်းလို့ ခွင့်ပြုလိုက်တာနဲ့ တူမနေဘူးလား။

“မင်းတို့အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် သတ်ချင်လည်း ရတယ်…”

မေရီဟာ တကယ်ပဲ သူတို့ကို ဘယ်လိုမှသဘောမထားဘူးလား။ အဲရစ်သည် မေရီကို နားမလည်နိုင်စွာဖြင့်သာ ကြည့်နေခဲ့၏။

“ငါ အကောင်းပြောနေတာ…”

မေရီ၏ အသံသည် ခပ်အေးအေး။

“မင်း လုပ်ပေးရမှာက တစ်ခုတည်းပဲ…”

အဲရစ်သည် သေချာအာရုံစိုက်ကာ မေရီ့စကားကို နားထောင်နေခဲ့သည်။

“သေချာအာရုံစိုက်ပြီး ငါ့ကို ကူညီပေးရမယ်…”

“ကျွန်တော်က စုန်းအဖွဲ့အစည်းကို သွားပြီးတော့ သတင်းယူရမယ်ပေါ့…”

အထာနပ်တဲ့ ကောင်ကလေးတွေဟာ တကယ်ကိုမုန်းဖို့ကောင်းတာပဲ ဟု တွေးဖြစ်သော်လည်း မေရီသည် ခပ်ယောင်ယောင်သာပြုံး၏။

“ဒါပေမဲ့ ဒီကိစ္စက ပိုကြီးနေလောက်တယ်…”

မေရီ လက်ဖြန့်လိုက်ချိန်တွင် စာပို့ခိုလေးတစ်ကောင်သည် သူမ လက်ဖဝါးတွင် ပေါ်လာခဲ့လေ၏။ မေရီက စာပို့ခိုခြေထောက်မှ စာရွက်လိပ်ကို ယူပြီးနောက် စာပို့ခိုကို သူ့ထံသို့ ပစ်ပေးလာလေသည်။ စာပို့ခိုကို ဖမ်းကာ ယောင်နနဖြင့် မေရီကို သူ လှမ်းကြည့်၏။

ဘာလုပ်ရမှာလဲဆိုသည့် အကြည့်ကြောင့် မေရီ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့တက်သွားကာ…

“သတ်လိုက်…”

ရုတ်တရက် စာပို့ခိုကို သူ ခပ်တင်းတင်းဆုတ်ကိုင်လိုက်မိ၏။ သတ်လိုက်… သတ်လိုက်ရမယ်… ဒီစာပို့ခိုကို?

သူတုံ့ဆိုင်းနေချိန်တွင် မေရီ၏ မျက်ခုံးများက တွန့်ချိုးလာနေပြီမို့ အဲရစ်တစ်ယောက် စာပို့ခို၏ လည်ကို အလျင်စလို လိမ်ချိုးလိုက်ခဲ့၏။

အဲရစ်လက်ထဲတွင် အသက်ပျောက်သွားသည့် စာပို့ခိုကို မေရီမမှိတ်မသုန်ကြည့်သည်။ ထို့နောက် သူမကို ကြည့်နေသည့် အဲရစ်ကို ပြန်ကြည့်၏။

မေရီ့ရှေ့တွင် ပထမဆုံးသတ်ဖြတ်ဖူးသည်မို့ အဲရစ်သည်လည်း ဘာလုပ်ရဘာကိုင်ရမှန်းမသိစွာဖြင့် မေရီကို ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ရှာ။

“သတ်တဲ့နည်းကလည်း ရုပ်ဆိုးလိုက်တာ…”

အချိန်အတန်ကြာမှ မေရီ့ထံမှ မှတ်ချက်တစ်ခုထွက်လာလေ၏။ ထိုမှတ်ချက်နှင့်ပတ်သက်ပြီး အဲရစ်မည်သည့်တုံ့ပြန်မှုကိုမျှ ပြန်မပေးနိုင်ခဲ့။ သတ်တာက ရုပ်ဆိုးတာမဆိုးတာ ရှိသေးတယ်ပေါ့…

သူ့စိတ်ထဲမှ မေးခွန်းကို ဖတ်လိုက်နိုင်သည့်အလား မေရီ့ထံမှ အသံထွက်လာခဲ့သည်။

“ရုပ်ဆိုးတာပေါ့ လှအောင်သတ်နောက်ဆို…”

“လှအောင် ဘယ်လိုသတ်ရမှာလဲ…”

“ကိုယ့်ဘာသာ စဉ်းစားပေါ့…”

သတ်တာပဲ သေသွားရင်ပြီးတာပဲပေါ့ဟူ၍ ပြန်တုံ့ပြန်ချင်သော်လည်း အဲရစ်သည် ငြိမ်နေရရှာသည်။ မေရီဟာ ပြန်ပြောတာကို မကြိုက်ဘူးမဟုတ်လား။

“မှတ်ထားဖို့က ပထမဆုံးအချက်အနေနဲ့ ငါတို့ဆီကိုလာတဲ့ စာပို့သမျှအရာတွေကို ငါတို့က ပြန်ခွင့်မပေးရဘူး…”

မေရီသည် စိတ်ကူးပေါ်သလို သတ်မှတ်ထားသည့် စည်းကမ်းချက်များထဲမှ တစ်ခုကိုပြောပြလေသည်။

“စည်းမျဉ်းတွေကတော့ အများကြီးပဲ…”

မှတ်သားရန်အကျအန နားထောင်နေသည့် အဲရစ်ကိုကြည့်ကာ သူမ ပြောပြန်၏။

“ငါလည်းမေ့နေတာကြောင့် ငါတို့ကြုံသလိုပဲ မှတ်ကြတာပေါ့…”

အကျအနမှတ်ရန် ပြင်နေသည့် အဲရစ်မှာ စိတ်အနာကြီးနာသွားရတော့သည်။ ဒီ မေရီဟာ နည်းနည်းလေးမှ ယုံကြည်စိတ်ချလို့မရပါလား။ အဲရစ်၏ မျက်စောင်းများကို လျစ်လျူရှုကာ မေရီသည် ထပ်ပြောပြန်လေ၏။

“အဲရစ်… မင်းအခု အသက်ဘယ်လောက်လဲ…”

“ရှစ်နှစ်ပြည့်တော့မှာ…”

“အိုး…”

မေရီသည် အဲရစ်ကို ကြည့်ကာ…

“မင်း ၁၅ နှစ်ကျရင် စုန်းကဝေအစည်းအရုံးကို သွားရလိမ့်မယ်…”

အဲရစ်သည် အာရုံစိုက်၍နားထောင်နေသေး၏။

“ဒါက မင်းအတွက်ရော… ငါ့အတွက်ပါကောင်းတယ်လေ…”

မေရီ၏ မျက်နှာက မချိုမချဉ်။

“မင်းလည်း အဆက်အသွယ်နည်းနည်းလိုတယ်မဟုတ်ဘူးလား…”

အဲရစ်၏ မျက်နှာသည် တည်သွား၏။ ရှစ်နှစ်ကလေး၏ မျက်နှာတည်နေမှုကြောင့် မေရီအနည်းငယ် ရယ်ချင်သွားသည်။ နှုတ်ခမ်းများက မသိမသာကော့ညွှတ်သွားကာ…

“ငါက စင်းအစား တခြားတစ်ယောက်ကိုသွားစေချင်တယ်… သူတို့က စင်းကိုလိုချင်ပေမဲ့ ငါက စင်းကို မပေးနိုင်ဘူး…”

အဲရစ်သည် ခေါင်းညိတ်ကာ…

“ကျွန်တော်က အစားထိုးပေါ့…”

“အစားထိုးဆိုပေမဲ့ ဒါကလည်း မင်းအတွက်အခွင့်အရေးတစ်ခုပဲဟာ… အဆက်အသွယ်နဲ့အပေါင်းအသင်းလိုတာပဲလေ မဟုတ်ဘူးလား…”

“ထားပါတော့…”

“ဒီတော့ မင်းအတွက်အချိန်က ၇ နှစ်ရှိတယ်…”

သူ့ မျက်နှာကို တည့်တည့်ကြည့်ကာ မေရီသည် ဆက်၍…

“အရင်ဆုံး မင်းရဲ့တောင်ပံတွေကို ထိန်းချုပ်ကြည့်ရအောင်… ပြီးခဲ့တုန်းက မင်းရဲ့စွမ်းအားက မငြိမ်သက်ဘူး… အရင်ဆုံး မင်းစွမ်းအားကို ငြိမ်အောင် ထိန်းချုပ်ရအောင်…”

အဲရစ်၏ အတောင်လေးများသည် တဖြတ်ဖြတ်လှုပ်သွား၏။ မေရီဟာ သူ့တောင်ပံတွေကိုပဲ အာရုံရှိနေတာပါလား။ တကယ်ကြီး မေရီက သူ့ရဲ့တောင်ပံတွေကို သဘောကျနေတာလား။ အတောင်လေးများကို လှုပ်ရင်းအဲရစ်သည် စဉ်းစားနေခဲ့၏။

“မင်းဒီအိမ်မှာ သွားချင်တိုင်းသွားလို့ရတယ်… အနောက်ဘက်တံခါးကိုတော့ မဖွင့်ရဘူး… ခြံအနောက်ဘက်ကိုလည်း မသွားရဘူး…”

မေရီသည် ထိုသို့ပြောပြီးနောက် ထရပ်လေ၏။ မေရီရပ်ချိန်တွင် ထိုင်ကာ နားထောင်နေသည့် အဲရစ်သည်လည်း လိုက်ရပ်လေသည်။

“မင်းက ဘာလို့လိုက်ရပ်တာလဲ…”

“လိုက်ရပ်တာ ဘာဖြစ်လို့လဲ…”

“မင်း တောင်ပံတွေကို ထိန်းချုပ်နိုင်ပြီလား…”

ခေါင်းကိုသူယမ်းချိန်တွင် မေရီသည် မျက်ခုံးပင့်ကာ…

“ငါ အပြင်သွားမလို့ နောက်နှစ်ရက်နေရင် ပြန်ရောက်မယ်… နှစ်ရက်အတွင်း မင်းရဲ့အစွမ်းကို ရအောင်ထိန်းချုပ်ထား… အတောင်လေးကိုပဲ ထိန်းချုပ်တာပဲကို…”

မေရီ၏ ဆက်မပြောသည့် လွယ်မှာပါဆိုသည့်ဟန်ကြောင့် အဲရစ်၏ မျက်နှာသည် အိုစာသွားရတော့သည်။ မေရီ့အတွက် လွယ်မယ်ထင်ပေမဲ့ သူ့အတွက်က မလွယ်ပါဘူး! မီလီဆိုတဲ့မကောင်းဆိုးဝါးနဲ့တုန်းက သူ့အစွမ်းကို ထုတ်သုံးလို့ရတယ်ဆိုတာက အသက်ဘေးကြုံသွားလို့လေ… ဒါက ထင်သလောက်မလွယ်ဘူး သူ့အစွမ်းကို ထုတ်သုံးဖို့ဆိုတာက!

မေရီ့ဂါဝန်စဆွဲရန် သူ လက်လှမ်းသော်လည်း မေရီသည် အပြင်သို့ထွက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ။

“လိမ်လိမ်မာမာနဲ့ အိမ်စာတွေလုပ်ထားနော် ကောင်လေး…”

ပြောပြီသည်နှင့်အိမ်တံခါးသည် ချပ်ခနဲပိတ်သွားခဲ့၏။ အဲရစ်တစ်ယောက် ငြိမ်သက်စွာသာ ကျန်ခဲ့ရတော့သည်။ မေရီဟာ သူ့ကိုသင်ပေးမယ်လည်းပြောတယ်… ပြီးတော့ တစ်ယောက်တည်းလည်း ထားသွားခဲ့တယ်… မေရီဟာ တပည့်အပေါ်မှာ နည်းနည်းလေးမှ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ ဆရာသမားတစ်ယောက်ပဲ!

စိတ်ထဲတွင် အပြတ်ကျိန်ဆဲပြီးနောက် သူ့အကြည့်များသည် စာအုပ်စင်ထံသို့ ရောက်သွား၏။ မေရီက သူ ဖတ်၍ရမည့် စာအုပ်များကို ညွှန်ပြခဲ့သည်။ ဘာပဲဖြစ်ဖြစ် နှစ်ရက်အတွင်း သူ ကောင်းကောင်း ကြိုးစားအားထုတ်ဖို့ လိုအပ်သည်။ မဟုတ်လျှင် မေရီက တပည့်အဖြစ်မှ သူ့ကို စွန့်လွှတ်လိုက်ရင် သူ ဘယ်လိုများလုပ်ရပါ့မလဲ။

>>>>><<<<<

“သခင်မ…”

မေရီသည် ပျက်စီးသွားသည့်ခြံဝန်း၏ တဖြည်းဖြည်းပြန်ကောင်းလာနေခြင်းကို ကြည့်သည်။ မိုးမခပင်နှစ်ပင်ကို ကြည့်ကာ သူမ ပြုံး၏။

“ငါ နင်တို့ကို ထည့်စဉ်းစားပေးဖို့ မေ့သွားတယ်…”

“ကျွန်မတို့က အဆင်ပြေပါတယ်…”

မိုးမခပင်နှစ်ပင်သည် စကားဆိုလေသည်။ သူတို့က ခြံ၏ အစပ်တွင်ရှိနေသည်မို့ မေရီ၏ ဝိညာဉ်စွမ်းအားကို အလွန်အကျူး မခံလိုက်ရ။ သို့သော်အနီးရှိသူများက တော်တော်ခံလိုက်ကြရသည်။

“ငါ အထဲသွားကြည့်လိုက်ဦးမယ်…”

“ဟုတ်ကဲ့…”

မေရီသည် ခြံဝန်းထဲမှ ဖြတ်၍လျှောက်လာ၏။ နေကြာပင်များသည် ယိမ်းနွဲ့၍ သခင်ကို ခရီးဦးကြိုပြုခဲ့သည်။ သိပ်မကြာခင်တွင် ကြောင်နက်တစ်ကောင်သည် သူမရှေ့သို့ ရောက်လာခဲ့၏။

“ကျူးဒိုစ့်…”

“ရေဗင်နဲ့ဗေဒါကတော့ သတိမလည်သေးပါဘူး အယ်လိုဝင်းကတော့ ဖြည်းဖြည်းချင်း ပြန်ကောင်းနေပါပြီ…”

ကျူးဒိုစ့်သည် ရိုကျိုးစွာပြော၏။ တခြမ်းပဲ့ကြွေနေသည့် ရဲတိုက်ကို ကြည့်ကာ မေရီ၏ နှုတ်ခမ်းများသည် ကုတ်ကျသွားသည်။

“လောလောဆယ် ငါ ပြန်လာနေလို့မရသေးဘူးပဲ…”

“အနည်းဆုံး သုံးနှစ်လောက်တော့ သခင်မ အပြင်မှာနေရလောက်တယ်ထင်တယ်…”

ရဲတိုက်ကို လည်ပြန်လှည့်ကြည့်ကာ ကျူးဒိုစ့်သည်ဆို၏။ မေရီ၏ မျက်ခုံးများသည် တွန့်ချိုးသွားခဲ့သည်။ သူမ ရဲတိုက်အနီးသို့ တံမြက်စည်းပျံနှင့်ပျံသန်းလာပြီးနောက် ဆင်းလိုက်လေ၏။ မေရီခြေမြေပေါ်အကျတွင် ကြောင်တစ်ကောင်သည်လည်း ပျက်စီးနေသည့် ရဲတိုက်ရှေ့သို့ရောက်လာခဲ့သည်။

ရဲတိုက်သည် နှစ်ခြမ်းကွဲနေခဲ့၏။ ယိုယွင်းနေသည့် အုတ်ချပ်များက ပြန်ကောင်းစပြုလာသော်လည်း လျင်မြန်ခြင်းတော့ မရှိပေ။ မေရီသည် သက်ပြင်းရှိုက်၏။

“တကယ်ပါပဲ…”

ထို့နောက် ပျက်စီးနေသည့်အိမ်တစ်ခြမ်းမှတစ်ဆင့် ကောင်းသည့်အခြမ်းဘက်သို့ မေရီသည် လျှောက်တက်သွားခဲ့လေသည်။ အခန်းတစ်ခုကို သူမ ဖွင့်လိုက်ချိန်တွင်တော့ ကြီးမားသည့် အနက်ရောင်များသည် ရေဗင်ကို ဖုံးအုပ်ထားခဲ့ပြီး ထွင်းဖက်မြင်ရသည့် စက်လုံးတစ်ခုထဲတွင် ရေဗင်သည် ခွေနေခဲ့သည်။ နှစ်ဦးစလုံးသည် အသက်ရှူနေသော်လည်း မျက်လုံးများ မဖွင့်နိုင်ကြ။ မေရီသည် ပြတင်းအပြင်မှာ သွေးခြောက်နေသည့် အယ်လမ်သစ်ပင်ကို ကြည့်သည်။

ဒီအချိန်ကြီး သူမရဲ့ ပိုင်နက်ထဲကို သောက်ပြဿနာကောင်လေးတွေ ရောက်မလာဖို့အတွက်တော့ သူမ ဆုတောင်းရမှာပဲ။ ရန်သူတွေလာရင်တောင် သူမရဲ့စစ်သူကြီးတွေက အခုလောက်ဖြစ်ကြမှာမဟုတ်ဘူး။ တွေးရင်းဖြင့် မေရီသည် လေပူမှုတ်ထုတ်လိုက်လေသည်။

>>>>><<<<

စာအုပ်များလှန်နေရင်းမှ အဲရစ်သည် ဝိညာဉ်တစ်ဦးအကြောင်းကို စဉ်းစားဖြစ်ခဲ့၏။ ထိုဝိညာဉ်၏ အမည်ကို သူ မသိပေမဲ့ ထိုဝိညာဉ်က သူ့ကို မေရီ့အကြောင်းများကို ပြောပြသည့်သူပင်။ ထိုဝိညာဉ်သည် သူ့ကို စုန်းကဝေအတတ်နှင့်ပတ်သက်သမျှကို ပြောပြသည့် သူလည်းဖြစ်သည်။

ထိုဝိညာဉ်သည် အုတ်ဂူများတွင်ရှိသည့် ခန္ဓာကိုယ်များ၏ ဝိညာဉ်မဟုတ်။ ဘယ်ကဘယ်လို ရောက်လာမှန်းလည်း သူ မသိ။ သို့သော် ထိုဝိညာဉ်သည် သူ့မိခင်၏ ရုပ်ကြွင်းကိုမြှုပ်နှံထားသည့် နေရာအနီးတွင် နေထိုင်သည်။ သူသည် မွေးစကတည်းက သိစိတ်ရှိပြီး စကားပြောနိုင်သည့် သူတစ်ယောက်ဖြစ်သည်။

“အိုး မင်းက သိစိတ်ရှိတဲ့ ကလေးလေးပဲ… မင်းကို တခြားသူတွေမြင်ပြီး မွေးစားအောင် ငါဘယ်လိုလုပ်ခေါ်ရမလဲ စဉ်းစားနေခဲ့တာ…”

သူ့ မျက်လုံးဝါဝါများထဲ စိုက်ကြည့်ရင်း ထိုဝိညာဉ်အမျိုးသားသည် ဆိုခဲ့သည်။

“မလိုပါဘူး… ကျွန်တော် နှစ်နည်းနည်းကြာရင် လှုပ်ရှားနိုင်လိမ့်မယ်…”

“မင်း သေသွားရင်ဘယ်လိုလုပ်မလဲ…”

ထိုအမျိုးသားတွင် အညိုရောင်လှိုင်းတွန့်ဆံပင်များရှိ၏။ မျက်လုံးများသည် စိမ်းဖျော့ဖျော့အရောင်ဖြစ်သည်။ ထိုအမျိုးသားသည် သူ့ဂုတ်ကျော်သည့် ဆံပင်များကို စည်းနှောင်ထားသည်။ ထိုအမျိုးသား၏ မျက်နှာသည် နွေးထွေးသိမ်မွေ့သည့် သူတစ်ယောက်၏ ပုံမျိုးဖြစ်သည်။

“ခင်ဗျားနဲ့ဘာဆိုင်လို့လဲ…”

“မင်း သေသွားရင် ဘယ်လိုလုပ်မလဲ… မင်းက စကားပြောတာနဲ့ သိစိတ်ပဲရှိတာ… မင်းရဲ့ခန္ဓာကိုယ်က မွေးကင်းစ ကလေးလေးလိုပဲကို…”

“ခင်ဗျားနဲ့မဆိုင်ဘူး…”

“အာ ငါ သိပြီ ဆိတ်တချို့ကို ငါ သွားကျောင်းခဲ့မယ်… သူ့နို့ကို မင်းစို့လို့ရတာပဲ…”

“ခင်ဗျားကို ဘယ်သူက ခိုင်းလို့လဲ… ကိုယ်နဲ့မဆိုင်တာတွေကို ဝင်မရှုပ်စမ်းပါနဲ့!”

“အာ သေးသေးလေးကလည်း စိတ်မကြီးပါနဲ့…”

ထိုအမျိုးသားသည် သူ ဘယ်လောက်ပဲငေါက်ငေါက် သူ့အတွက် လုပ်ပေးသည့်သူပင်။ ထိုအမျိုးသားကြောင့် အခြားသောဝိညာဉ်များသည်လည်း သူ့ကို သတိထားမိလာကြ၏။ နောက်တော့ သူသည် နတ်ဆိုးဘုရင်တစ်ပါးနှင့်လူအမျိုးသမီးမှ ဖြစ်တည်လာသည့် ရင်သွေးများဖြစ်ချိန်တွင် ထိုဝိညာဉ်များသည် သူ့ကို ကြည့်လာသည်။ သူ မသေခဲ့။

မွေးကင်းစလေးဖြစ်သော်လည်း သူ့ ခြေလက်များသည် သေးကွေးကာ သူ မလှုပ်ရှားနိုင်သော်လည်း သူသည် မသေခဲ့။ ဝိညာဉ်များမှ သူ့ကိုကူညီမှုကြောင့် သူသည် အသက်တဖြည်းဖြည်းကြီးလာခဲ့သည်။

“ခင်ဗျားက ကိုယ်နဲ့မဆိုင်တာတွေ သိပ်ဝင်ပါတာပဲ…”

ထိုအမျိုးသားဝိညာဉ်ကို သူ ရန်စွယ်ငေါတော့ ထိုအမျိုးသားဝိညာဉ်သည် ပြုံး၍…

“ငါ့ကို မေရီလည်း မင်းပြောသလိုပြောခဲ့တာ…”

ထိုအမျိုးသားသည် ထွက်သွားရန်ပြင်နေခဲ့၏။ အဝေးသို့… သူ ဘယ်မှန်းမသိသည့် နေရာတစ်ခုသို့။

“ခင်ဗျား ဘယ်သွားမလို့လဲ…”

“အာ ငါဒီမှာအကြာကြီးနေလို့မရဘူးလေ… ဒါကြောင့် သွားရတော့မယ်… မဟုတ်ရင် သူတို့ငါ့ကို ရှာတွေ့သွားလိမ့်မယ်…”

ထိုအမျိုးသားသည် သူ့ခေါင်းကို အသာပုတ်ဟန်ပြု၏။ ဝိညာဉ်ဖြစ်သည်မို့ ထိုအမျိုးသားနှင့်သူသည် တစ်ယောက်ကိုတစ်ယောက် ထိ၍မရချေ။ ထို့အတွက် ထိုအမျိုးသားသည် အမြဲတမ်း သူ့ကို ထိုသို့ဟန်ပြုခြင်းဖြင့် နှစ်သိမ့်တတ်သည်။

ထွက်သွားခါနီးတွင် ထိုအမျိုးသားသည် သူ့ကိုသေချာမှာခဲ့၏။

“မေရီကို ရှာဖို့မမေ့နဲ့နော်… မင်းရဲ့ပြဿနာတွေကို သူ ဖြေရှင်းပေးနိုင်လိမ့်မယ်…”

မေရီ…

ထိုအမျိုးသားသည် မေရီကိုရှာဖို့ပြောခဲ့သည်။

သူ မေရီကို စောင့်နေခဲ့သည်။

တစ်နေ့တွင် မေရီသည် သူ့ရှေ့သို့ ရောက်လာခဲ့သည်။

ထိုသို့ဖြင့် သူသည် ထိုအမျိုးသား၏ အကြံပေးချက်အတိုင်း မေရီအနားတွင် နေထိုင်နိုင်အောင် ကြိုးစားခဲ့သည်။

ထိုဝိညာဉ်အမျိုးသား၏ အမည်သည်ကား

နိုအာ။

------------

Zawgyi


စုန္းကေဝတုိ႔သည္ မိမိ၏ စိတ္စြမ္းအင္ကို ထိန္းခ်ဳပ္ကာ မႏၱန္မ်ားကို အသက္သြင္းရ၏။

ထို႔အတြက္ စိတ္စြမ္းအင္ကို ထိန္းခ်ဳပ္ျခင္းသည္ စုန္းကေဝအတတ္၏ အေျခခံပင္ျဖစ္သည္။

အပိုင္း - ၁၇ : ႏိုအာ။

‘တုိက္ဆုိင္မႈဟူသည္ ေလာကတြင္မရွိေပ။ အက်ိဳးသည္ အေၾကာင္းေၾကာင့္ျဖစ္ျခင္းသာျဖစ္၏။’


“ဒီေန႔ကစၿပီး မင္း စာအုပ္စင္ရဲ႕ ဒီဘက္အကန္႔က စာအုပ္ေတြအကုန္ဖတ္လို႔ရတယ္…”

ေမရီသည္ သတ္မွတ္ခ်ိန္အၿပီး အႏုိင္ႏိုင္ရပ္ေနသည့္ အဲရစ္ကို ေအးတိေအးစက္ၾကည့္ကာေျပာေလသည္။

“မင္းက ငါ့ရဲ႕ ဒုတိယတပည့္ျဖစ္ၿပီး အဲရစ္လုိ႔ အမည္ေခၚတြင္တယ္… စာခ်ဳပ္ႏွစ္ခုရဲ႕ အစြမ္းကို ထိန္းထားႏုိင္တာက ေတာ္ေတာ္မဆိုးလွဘူးလို႔ေျပာလုိ႔ရတာပဲ…”

စမ္းသပ္ပူးေကာင္ေလးလုိ သူ႔ကို ၾကည့္ေျပာသည့္ ေမရီေၾကာင့္ အဲရစ္စိတ္ထဲ မေက်မနပ္ျဖစ္ရေသာ္လည္း သူ တံု႔ျပန္ျခင္းမျပဳ။ တိတိက်က်ေျပာရလွ်င္ေတာ့ သူ အခုလည္း ရန္မစြာႏိုင္ေသးဘူးေလ။ ဘာေၾကာင့္ဆုိ သူ႔ ခႏၶာကိုယ္တစ္ခုလံုးက အႏၱရာယ္တြင္းက လြတ္ေျမာက္သြားခဲ့ေပမဲ့လည္း ျပန္လည္ေကာင္းမြန္ေစဖို႔ အခ်ိန္လိုေနေသးတာကိုး။

“အဲရစ္…”

ေမရီသည္ သူ႔အမည္ကို ေခၚျပန္ေလ၏။ အႏုိင္ႏိုင္ရပ္ေနရင္းျဖင့္ သူေခါင္းကိုေမာ့ကာ ေမရီ႕ကို ၾကည့္ရေလသည္။ ေမရီ႕မ်က္လံုးမ်ားသည္ နားလည္ရခက္ေလာက္ေအာင္ နက္ရိႈင္းေနခဲ့သည္။

“ငါ့တပည့္ေတြအတြက္ ငါ့မွာ စည္းမ်ဥ္းတစ္ခုပဲရွိတယ္…”

သူ တံေတြးၿမိဳခ်ကာ ေမရီ႕ကိုၾကည့္၏။

“ငါ့တပည့္ဆုိတဲ့ဂုဏ္ကို သံုးၿပီး မင္းႀကိဳက္တာလုပ္ႏုိင္တယ္…”

အဲရစ္မ်က္ႏွာသည္ ရူးေၾကာင္ေၾကာင္တည္သြား၏။ သူ ဒါကို ဘယ္လိုနားလည္ရမွာလဲ။ စည္းမ်ဥ္းဆုိတာ ကန္႔သတ္ခ်က္တစ္ခုမဟုတ္ဘူးလား။ တပည့္ဆိုတာကို အသံုးျပဳၿပီး ႀကိဳက္တာလုပ္ႏုိင္တယ္ဆုိတာႀကီးက ငါ မင္းေနာက္မွာ ရွိတယ္ ဆိုးခ်င္တိုင္းဆိုးစမ္းလုိ႔ ခြင့္ျပဳလုိက္တာနဲ႔ တူမေနဘူးလား။

“မင္းတုိ႔အခ်င္းခ်င္းတစ္ေယာက္နဲ႔တစ္ေယာက္ သတ္ခ်င္လည္း ရတယ္…”

ေမရီဟာ တကယ္ပဲ သူတုိ႔ကို ဘယ္လုိမွသေဘာမထားဘူးလား။ အဲရစ္သည္ ေမရီကို နားမလည္ႏိုင္စြာျဖင့္သာ ၾကည့္ေနခဲ့၏။

“ငါ အေကာင္းေျပာေနတာ…”

ေမရီ၏ အသံသည္ ခပ္ေအးေအး။

“မင္း လုပ္ေပးရမွာက တစ္ခုတည္းပဲ…”

အဲရစ္သည္ ေသခ်ာအာရံုစိုက္ကာ ေမရီ႕စကားကို နားေထာင္ေနခဲ့သည္။

“ေသခ်ာအာရံုစိုက္ၿပီး ငါ့ကို ကူညီေပးရမယ္…”

“ကြ်န္ေတာ္က စုန္းအဖြဲ႔အစည္းကို သြားၿပီးေတာ့ သတင္းယူရမယ္ေပါ့…”

အထာနပ္တဲ့ ေကာင္ကေလးေတြဟာ တကယ္ကိုမုန္းဖို႔ေကာင္းတာပဲ ဟု ေတြးျဖစ္ေသာ္လည္း ေမရီသည္ ခပ္ေယာင္ေယာင္သာျပံဳး၏။

“ဒါေပမဲ့ ဒီကိစၥက ပိုႀကီးေနေလာက္တယ္…”

ေမရီ လက္ျဖန္႔လိုက္ခ်ိန္တြင္ စာပို႔ခိုေလးတစ္ေကာင္သည္ သူမ လက္ဖဝါးတြင္ ေပၚလာခဲ့ေလ၏။ ေမရီက စာပို႔ခိုေျခေထာက္မွ စာရြက္လိပ္ကို ယူၿပီးေနာက္ စာပို႔ခိုကို သူ႔ထံသို႔ ပစ္ေပးလာေလသည္။ စာပို႔ခုိကို ဖမ္းကာ ေယာင္နနျဖင့္ ေမရီကို သူ လွမ္းၾကည့္၏။

ဘာလုပ္ရမွာလဲဆိုသည့္ အၾကည့္ေၾကာင့္ ေမရီ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ ေကာ့တက္သြားကာ…

“သတ္လုိက္…”

ရုတ္တရက္ စာပုိ႔ခိုကို သူ ခပ္တင္းတင္းဆုတ္ကိုင္လုိက္မိ၏။ သတ္လုိက္… သတ္လုိက္ရမယ္… ဒီစာပို႔ခုိကို?

သူတံု႔ဆုိင္းေနခ်ိန္တြင္ ေမရီ၏ မ်က္ခံုးမ်ားက တြန္႔ခ်ိဳးလာေနၿပီမို႔ အဲရစ္တစ္ေယာက္ စာပို႔ခို၏ လည္ကို အလ်င္စလုိ လိမ္ခ်ိဳးလုိက္ခဲ့၏။

အဲရစ္လက္ထဲတြင္ အသက္ေပ်ာက္သြားသည့္ စာပို႔ခုိကို ေမရီမမိွတ္မသုန္ၾကည့္သည္။ ထို႔ေနာက္ သူမကို ၾကည့္ေနသည့္ အဲရစ္ကို ျပန္ၾကည့္၏။

ေမရီ႕ေရွ႕တြင္ ပထမဆံုးသတ္ျဖတ္ဖူးသည္မုိ႔ အဲရစ္သည္လည္း ဘာလုပ္ရဘာကိုင္ရမွန္းမသိစြာျဖင့္ ေမရီကို ၾကည့္ေနရံုမွတစ္ပါး အျခားမတတ္ႏုိင္ရွာ။

“သတ္တဲ့နည္းကလည္း ရုပ္ဆိုးလိုက္တာ…”

အခ်ိန္အတန္ၾကာမွ ေမရီ႕ထံမွ မွတ္ခ်က္တစ္ခုထြက္လာေလ၏။ ထိုမွတ္ခ်က္ႏွင့္ပတ္သက္ၿပီး အဲရစ္မည္သည့္တံု႔ျပန္မႈကိုမွ် ျပန္မေပးႏုိင္ခ့ဲ။ သတ္တာက ရုပ္ဆိုးတာမဆိုးတာ ရွိေသးတယ္ေပါ့…

သူ႔စိတ္ထဲမွ ေမးခြန္းကို ဖတ္လိုက္ႏုိင္သည့္အလား ေမရီ႕ထံမွ အသံထြက္လာခဲ့သည္။

“ရုပ္ဆုိးတာေပါ့ လွေအာင္သတ္ေနာက္ဆုိ…”

“လွေအာင္ ဘယ္လုိသတ္ရမွာလဲ…”

“ကိုယ့္ဘာသာ စဥ္းစားေပါ့…”

သတ္တာပဲ ေသသြားရင္ၿပီးတာပဲေပါ့ဟူ၍ ျပန္တံု႔ျပန္ခ်င္ေသာ္လည္း အဲရစ္သည္ ၿငိမ္ေနရရွာသည္။ ေမရီဟာ ျပန္ေျပာတာကို မႀကိဳက္ဘူးမဟုတ္လား။

“မွတ္ထားဖို႔က ပထမဆံုးအခ်က္အေနနဲ႔ ငါတုိ႔ဆီကိုလာတဲ့ စာပို႔သမွ်အရာေတြကို ငါတုိ႔က ျပန္ခြင့္မေပးရဘူး…”

ေမရီသည္ စိတ္ကူးေပၚသလို သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားထဲမွ တစ္ခုကိုေျပာျပေလသည္။

“စည္းမ်ဥ္းေတြကေတာ့ အမ်ားႀကီးပဲ…”

မွတ္သားရန္အက်အန နားေထာင္ေနသည့္ အဲရစ္ကိုၾကည့္ကာ သူမ ေျပာျပန္၏။

“ငါလည္းေမ့ေနတာေၾကာင့္ ငါတုိ႔ၾကံဳသလုိပဲ မွတ္ၾကတာေပါ့…”

အက်အနမွတ္ရန္ ျပင္ေနသည့္ အဲရစ္မွာ စိတ္အနာႀကီးနာသြားရေတာ့သည္။ ဒီ ေမရီဟာ နည္းနည္းေလးမွ ယံုၾကည္စိတ္ခ်လုိ႔မရပါလား။ အဲရစ္၏ မ်က္ေစာင္းမ်ားကို လ်စ္လ်ဴရႈကာ ေမရီသည္ ထပ္ေျပာျပန္ေလ၏။

“အဲရစ္… မင္းအခု အသက္ဘယ္ေလာက္လဲ…”

“ရွစ္ႏွစ္ျပည့္ေတာ့မွာ…”

“အိုး…”

ေမရီသည္ အဲရစ္ကို ၾကည့္ကာ…

“မင္း ၁၅ ႏွစ္က်ရင္ စုန္းကေဝအစည္းအရံုးကို သြားရလိမ့္မယ္…”

အဲရစ္သည္ အာရံုစိုက္၍နားေထာင္ေနေသး၏။

“ဒါက မင္းအတြက္ေရာ… ငါ့အတြက္ပါေကာင္းတယ္ေလ…”

ေမရီ၏ မ်က္ႏွာက မခ်ိဳမခ်ဥ္။

“မင္းလည္း အဆက္အသြယ္နည္းနည္းလုိတယ္မဟုတ္ဘူးလား…”

အဲရစ္၏ မ်က္ႏွာသည္ တည္သြား၏။ ရွစ္ႏွစ္ကေလး၏ မ်က္ႏွာတည္ေနမႈေၾကာင့္ ေမရီအနည္းငယ္ ရယ္ခ်င္သြားသည္။ ႏႈတ္ခမ္းမ်ားက မသိမသာေကာ့ညႊတ္သြားကာ…

“ငါက စင္းအစား တျခားတစ္ေယာက္ကိုသြားေစခ်င္တယ္… သူတုိ႔က စင္းကိုလိုခ်င္ေပမဲ့ ငါက စင္းကို မေပးႏုိင္ဘူး…”

အဲရစ္သည္ ေခါင္းညိတ္ကာ…

“ကြ်န္ေတာ္က အစားထိုးေပါ့…”

“အစားထိုးဆိုေပမဲ့ ဒါကလည္း မင္းအတြက္အခြင့္အေရးတစ္ခုပဲဟာ… အဆက္အသြယ္နဲ႔အေပါင္းအသင္းလုိတာပဲေလ မဟုတ္ဘူးလား…”

“ထားပါေတာ့…”

“ဒီေတာ့ မင္းအတြက္အခ်ိန္က ၇ ႏွစ္ရွိတယ္…”

သူ႔ မ်က္ႏွာကို တည့္တည့္ၾကည့္ကာ ေမရီသည္ ဆက္၍…

“အရင္ဆံုး မင္းရဲ႕ေတာင္ပံေတြကို ထိန္းခ်ဳပ္ၾကည့္ရေအာင္… ၿပီးခဲ့တုန္းက မင္းရဲ႕စြမ္းအားက မၿငိမ္သက္ဘူး… အရင္ဆံုး မင္းစြမ္းအားကို ၿငိမ္ေအာင္ ထိန္းခ်ဳပ္ရေအာင္…”

အဲရစ္၏ အေတာင္ေလးမ်ားသည္ တျဖတ္ျဖတ္လႈပ္သြား၏။ ေမရီဟာ သူ႔ေတာင္ပံေတြကိုပဲ အာရံုရွိေနတာပါလား။ တကယ္ႀကီး ေမရီက သူ႔ရဲ႕ေတာင္ပံေတြကို သေဘာက်ေနတာလား။ အေတာင္ေလးမ်ားကို လႈပ္ရင္းအဲရစ္သည္ စဥ္းစားေနခဲ့၏။

“မင္းဒီအိမ္မွာ သြားခ်င္တုိင္းသြားလို႔ရတယ္… အေနာက္ဘက္တံခါးကိုေတာ့ မဖြင့္ရဘူး… ျခံအေနာက္ဘက္ကိုလည္း မသြားရဘူး…”

ေမရီသည္ ထိုသို႔ေျပာၿပီးေနာက္ ထရပ္ေလ၏။ ေမရီရပ္ခ်ိန္တြင္ ထိုင္ကာ နားေထာင္ေနသည့္ အဲရစ္သည္လည္း လုိက္ရပ္ေလသည္။

“မင္းက ဘာလို႔လုိက္ရပ္တာလဲ…”

“လုိက္ရပ္တာ ဘာျဖစ္လုိ႔လဲ…”

“မင္း ေတာင္ပံေတြကို ထိန္းခ်ဳပ္ႏုိင္ၿပီလား…”

ေခါင္းကိုသူယမ္းခ်ိန္တြင္ ေမရီသည္ မ်က္ခံုးပင့္ကာ…

“ငါ အျပင္သြားမလို႔ ေနာက္ႏွစ္ရက္ေနရင္ ျပန္ေရာက္မယ္… ႏွစ္ရက္အတြင္း မင္းရဲ႕အစြမ္းကို ရေအာင္ထိန္းခ်ဳပ္ထား… အေတာင္ေလးကိုပဲ ထိန္းခ်ဳပ္တာပဲကို…”

ေမရီ၏ ဆက္မေျပာသည့္ လြယ္မွာပါဆုိသည့္ဟန္ေၾကာင့္ အဲရစ္၏ မ်က္ႏွာသည္ အိုစာသြားရေတာ့သည္။ ေမရီ႕အတြက္ လြယ္မယ္ထင္ေပမဲ့ သူ႔အတြက္က မလြယ္ပါဘူး! မီလီဆိုတဲ့မေကာင္းဆိုးဝါးနဲ႔တုန္းက သူ႔အစြမ္းကို ထုတ္သံုးလုိ႔ရတယ္ဆုိတာက အသက္ေဘးၾကံဳသြားလုိ႔ေလ… ဒါက ထင္သေလာက္မလြယ္ဘူး သူ႔အစြမ္းကို ထုတ္သံုးဖို႔ဆုိတာက!

ေမရီ႕ဂါဝန္စဆြဲရန္ သူ လက္လွမ္းေသာ္လည္း ေမရီသည္ အျပင္သို႔ထြက္ရန္ အဆင္သင့္ျဖစ္ေနခဲ့ၿပီ။

“လိမ္လိမ္မာမာနဲ႔ အိမ္စာေတြလုပ္ထားေနာ္ ေကာင္ေလး…”

ေျပာၿပီသည္ႏွင့္အိမ္တံခါးသည္ ခ်ပ္ခနဲပိတ္သြားခ့ဲ၏။ အဲရစ္တစ္ေယာက္ ၿငိမ္သက္စြာသာ က်န္ခဲ့ရေတာ့သည္။ ေမရီဟာ သူ႔ကိုသင္ေပးမယ္လည္းေျပာတယ္… ၿပီးေတာ့ တစ္ေယာက္တည္းလည္း ထားသြားခဲ့တယ္… ေမရီဟာ တပည့္အေပၚမွာ နည္းနည္းေလးမွ တာဝန္ယူမႈတာဝန္ခံမႈမရွိတဲ့ ဆရာသမားတစ္ေယာက္ပဲ!

စိတ္ထဲတြင္ အျပတ္က်ိန္ဆဲၿပီးေနာက္ သူ႔အၾကည့္မ်ားသည္ စာအုပ္စင္ထံသို႔ ေရာက္သြား၏။ ေမရီက သူ ဖတ္၍ရမည့္ စာအုပ္မ်ားကို ညႊန္ျပခဲ့သည္။ ဘာပဲျဖစ္ျဖစ္ ႏွစ္ရက္အတြင္း သူ ေကာင္းေကာင္း ႀကိဳးစားအားထုတ္ဖို႔ လိုအပ္သည္။ မဟုတ္လွ်င္ ေမရီက တပည့္အျဖစ္မွ သူ႔ကို စြန္႔လႊတ္လုိက္ရင္ သူ ဘယ္လိုမ်ားလုပ္ရပါ့မလဲ။

>>>>><<<<<

“သခင္မ…”

ေမရီသည္ ပ်က္စီးသြားသည့္ျခံဝန္း၏ တျဖည္းျဖည္းျပန္ေကာင္းလာေနျခင္းကို ၾကည့္သည္။ မုိးမခပင္ႏွစ္ပင္ကို ၾကည့္ကာ သူမ ျပံဳး၏။

“ငါ နင္တုိ႔ကို ထည့္စဥ္းစားေပးဖို႔ ေမ့သြားတယ္…”

“ကြ်န္မတို႔က အဆင္ေျပပါတယ္…”

မိုးမခပင္ႏွစ္ပင္သည္ စကားဆုိေလသည္။ သူတုိ႔က ျခံ၏ အစပ္တြင္ရွိေနသည္မုိ႔ ေမရီ၏ ဝိညာဥ္စြမ္းအားကို အလြန္အက်ဴး မခံလုိက္ရ။ သို႔ေသာ္အနီးရွိသူမ်ားက ေတာ္ေတာ္ခံလုိက္ၾကရသည္။

“ငါ အထဲသြားၾကည့္လုိက္ဦးမယ္…”

“ဟုတ္ကဲ့…”

ေမရီသည္ ျခံဝန္းထဲမွ ျဖတ္၍ေလွ်ာက္လာ၏။ ေနၾကာပင္မ်ားသည္ ယိမ္းႏြဲ႔၍ သခင္ကုိ ခရီးဦးႀကိဳျပဳခဲ့သည္။ သိပ္မၾကာခင္တြင္ ေၾကာင္နက္တစ္ေကာင္သည္ သူမေရွ႕သို႔ ေရာက္လာခဲ့၏။

“က်ဴးဒုိစ့္…”

“ေရဗင္နဲ႔ေဗဒါကေတာ့ သတိမလည္ေသးပါဘူး အယ္လိုဝင္းကေတာ့ ျဖည္းျဖည္းခ်င္း ျပန္ေကာင္းေနပါၿပီ…”

က်ဴးဒိုစ့္သည္ ရိုက်ိဳးစြာေျပာ၏။ တျခမ္းပဲ့ေၾကြေနသည့္ ရဲတုိက္ကို ၾကည့္ကာ ေမရီ၏ ႏႈတ္ခမ္းမ်ားသည္ ကုတ္က်သြားသည္။

“ေလာေလာဆယ္ ငါ ျပန္လာေနလုိ႔မရေသးဘူးပဲ…”

“အနည္းဆံုး သံုးႏွစ္ေလာက္ေတာ့ သခင္မ အျပင္မွာေနရေလာက္တယ္ထင္တယ္…”

ရဲတုိက္ကို လည္ျပန္လွည့္ၾကည့္ကာ က်ဴးဒုိစ့္သည္ဆုိ၏။ ေမရီ၏ မ်က္ခံုးမ်ားသည္ တြန္႔ခ်ိဳးသြားခဲ့သည္။ သူမ ရဲတုိက္အနီးသို႔ တံျမက္စည္းပ်ံႏွင့္ပ်ံသန္းလာၿပီးေနာက္ ဆင္းလုိက္ေလ၏။ ေမရီေျခေျမေပၚအက်တြင္ ေၾကာင္တစ္ေကာင္သည္လည္း ပ်က္စီးေနသည့္ ရဲတုိက္ေရွ႕သို႔ေရာက္လာခဲ့သည္။

ရဲတုိက္သည္ ႏွစ္ျခမ္းကြဲေနခဲ့၏။ ယိုယြင္းေနသည့္ အုတ္ခ်ပ္မ်ားက ျပန္ေကာငး္စျပဳလာေသာ္လည္း လ်င္ျမန္ျခင္းေတာ့ မရိွေပ။ ေမရီသည္ သက္ျပင္းရိႈက္၏။

“တကယ္ပါပဲ…”

ထို႔ေနာက္ ပ်က္စီးေနသည့္အိမ္တစ္ျခမ္းမွတစ္ဆင့္ ေကာင္းသည့္အျခမ္းဘက္သို႔ ေမရီသည္ ေလွ်ာက္တက္သြားခဲ့ေလသည္။ အခန္းတစ္ခုကို သူမ ဖြင့္လုိက္ခ်ိန္တြင္ေတာ့ ႀကီးမားသည့္ အနက္ေရာင္မ်ားသည္ ေရဗင္ကို ဖံုးအုပ္ထားခဲ့ၿပီး ထြင္းဖက္ျမင္ရသည့္ စက္လံုးတစ္ခုထဲတြင္ ေရဗင္သည္ ေခြေနခဲ့သည္။ ႏွစ္ဦးစလံုးသည္ အသက္ရွဴေနေသာ္လည္း မ်က္လံုးမ်ား မဖြင့္ႏုိင္ၾက။ ေမရီသည္ ျပတင္းအျပင္မွာ ေသြးေျခာက္ေနသည့္ အယ္လမ္သစ္ပင္ကို ၾကည့္သည္။

ဒီအခ်ိန္ႀကီး သူမရဲ႕ ပိုင္နက္ထဲကို ေသာက္ျပႆနာေကာင္ေလးေတြ ေရာက္မလာဖို႔အတြက္ေတာ့ သူမ ဆုေတာင္းရမွာပဲ။ ရန္သူေတြလာရင္ေတာင္ သူမရဲ႕စစ္သူႀကီးေတြက အခုေလာက္ျဖစ္ၾကမွာမဟုတ္ဘူး။ ေတြးရင္းျဖင့္ ေမရီသည္ ေလပူမႈတ္ထုတ္လုိက္ေလသည္။

>>>>><<<<

စာအုပ္မ်ားလွန္ေနရင္းမွ အဲရစ္သည္ ဝိညာဥ္တစ္ဦးအေၾကာင္းကို စဥ္းစားျဖစ္ခဲ့၏။ ထုိဝိညာဥ္၏ အမည္ကို သူ မသိေပမဲ့ ထိုဝိညာဥ္က သူ႔ကို ေမရီ႕အေၾကာင္းမ်ားကို ေျပာျပသည့္သူပင္။ ထိုဝိညာဥ္သည္ သူ႔ကို စုန္းကေဝအတတ္ႏွင့္ပတ္သက္သမွ်ကို ေျပာျပသည့္ သူလည္းျဖစ္သည္။

ထိုဝိညာဥ္သည္ အုတ္ဂူမ်ားတြင္ရွိသည့္ ခႏၶာကိုယ္မ်ား၏ ဝိညာဥ္မဟုတ္။ ဘယ္ကဘယ္လုိ ေရာက္လာမွန္းလည္း သူ မသိ။ သို႔ေသာ္ ထိုဝိညာဥ္သည္ သူ႔မိခင္၏ ရုပ္ၾကြင္းကိုျမွဳပ္ႏွံထားသည့္ ေနရာအနီးတြင္ ေနထိုင္သည္။ သူသည္ ေမြးစကတည္းက သိစိတ္ရွိၿပီး စကားေျပာႏုိင္သည့္ သူတစ္ေယာက္ျဖစ္သည္။

“အုိး မင္းက သိစိတ္ရွိတဲ့ ကေလးေလးပဲ… မင္းကို တျခားသူေတြျမင္ၿပီး ေမြးစားေအာင္ ငါဘယ္လုိလုပ္ေခၚရမလဲ စဥ္းစားေနခဲ့တာ…”

သူ႔ မ်က္လံုးဝါဝါမ်ားထဲ စိုက္ၾကည့္ရင္း ထိုဝိညာဥ္အမ်ိဳးသားသည္ ဆုိခဲ့သည္။

“မလုိပါဘူး… ကြ်န္ေတာ္ ႏွစ္နည္းနည္းၾကာရင္ လႈပ္ရွားႏိုင္လိမ့္မယ္…”

“မင္း ေသသြားရင္ဘယ္လိုလုပ္မလဲ…”

ထိုအမ်ိဳးသားတြင္ အညိဳေရာင္လိႈင္းတြန္႔ဆံပင္မ်ားရွိ၏။ မ်က္လံုးမ်ားသည္ စိမ္းေဖ်ာ့ေဖ်ာ့အေရာင္ျဖစ္သည္။ ထိုအမ်ိဳးသားသည္ သူ႔ဂုတ္ေက်ာ္သည့္ ဆံပင္မ်ားကို စည္းေႏွာင္ထားသည္။ ထိုအမ်ိဳးသား၏ မ်က္ႏွာသည္ ေႏြးေထြးသိမ္ေမြ႔သည့္ သူတစ္ေယာက္၏ ပံုမ်ိဳးျဖစ္သည္။

“ခင္ဗ်ားန႔ဲဘာဆုိင္လုိ႔လဲ…”

“မင္း ေသသြားရင္ ဘယ္လုိလုပ္မလဲ… မင္းက စကားေျပာတာနဲ႔ သိစိတ္ပဲရွိတာ… မင္းရဲ႕ခႏၶာကိုယ္က ေမြးကင္းစ ကေလးေလးလုိပဲကို…”

“ခင္ဗ်ားနဲ႔မဆုိင္ဘူး…”

“အာ ငါ သိၿပီ ဆိတ္တခ်ိဳ႕ကို ငါ သြားေက်ာင္းခဲ့မယ္… သူ႔ႏို႔ကို မင္းစို႔လုိ႔ရတာပဲ…”

“ခင္ဗ်ားကို ဘယ္သူက ခုိင္းလုိ႔လဲ… ကိုယ္နဲ႔မဆုိင္တာေတြကို ဝင္မရႈပ္စမ္းပါနဲ႔!”

“အာ ေသးေသးေလးကလည္း စိတ္မႀကီးပါနဲ႔…”

ထိုအမ်ိဳးသားသည္ သူ ဘယ္ေလာက္ပဲေငါက္ေငါက္ သူ႔အတြက္ လုပ္ေပးသည့္သူပင္။ ထိုအမ်ိဳးသားေၾကာင့္ အျခားေသာဝိညာဥ္မ်ားသည္လည္း သူ႔ကို သတိထားမိလာၾက၏။ ေနာက္ေတာ့ သူသည္ နတ္ဆိုးဘုရင္တစ္ပါးႏွင့္လူအမ်ိဳးသမီးမွ ျဖစ္တည္လာသည့္ ရင္ေသြးမ်ားျဖစ္ခ်ိန္တြင္ ထိုဝိညာဥ္မ်ားသည္ သူ႔ကို ၾကည့္လာသည္။ သူ မေသခဲ့။

ေမြးကင္းစေလးျဖစ္ေသာ္လည္း သူ႔ ေျခလက္မ်ားသည္ ေသးေကြးကာ သူ မလႈပ္ရွားႏုိင္ေသာ္လည္း သူသည္ မေသခဲ့။ ဝိညာဥ္မ်ားမွ သူ႔ကိုကူညီမႈေၾကာင့္ သူသည္ အသက္တျဖည္းျဖည္းႀကီးလာခဲ့သည္။

“ခင္ဗ်ားက ကိုယ္နဲ႔မဆိုင္တာေတြ သိပ္ဝင္ပါတာပဲ…”

ထိုအမ်ိဳးသားဝိညာဥ္ကို သူ ရန္စြယ္ေငါေတာ့ ထိုအမ်ိဳးသားဝိညာဥ္သည္ ျပံဳး၍…

“ငါ့ကို ေမရီလည္း မင္းေျပာသလုိေျပာခဲ့တာ…”

ထိုအမ်ိဳးသားသည္ ထြက္သြားရန္ျပင္ေနခဲ့၏။ အေဝးသို႔… သူ ဘယ္မွန္းမသိသည့္ ေနရာတစ္ခုသို႔။

“ခင္ဗ်ား ဘယ္သြားမလို႔လဲ…”

“အာ ငါဒီမွာအၾကာႀကီးေနလို႔မရဘူးေလ… ဒါေၾကာင့္ သြားရေတာ့မယ္… မဟုတ္ရင္ သူတုိ႔ငါ့ကို ရွာေတြ႔သြားလိမ့္မယ္…”

ထိုအမ်ိဳးသားသည္ သူ႔ေခါင္းကို အသာပုတ္ဟန္ျပဳ၏။ ဝိညာဥ္ျဖစ္သည္မို႔ ထိုအမ်ိဳးသားႏွင့္သူသည္ တစ္ေယာက္ကိုတစ္ေယာက္ ထိ၍မရေခ်။ ထို႔အတြက္ ထိုအမ်ိဳးသားသည္ အျမဲတမ္း သူ႔ကို ထိုသို႔ဟန္ျပဳျခင္းျဖင့္ ႏွစ္သိမ့္တတ္သည္။

ထြက္သြားခါနီးတြင္ ထိုအမ်ိဳးသားသည္ သူ႔ကိုေသခ်ာမွာခဲ့၏။

“ေမရီကို ရွာဖို႔မေမ့နဲ႔ေနာ္… မင္းရဲ႕ျပႆနာေတြကုိ သူ ေျဖရွင္းေပးႏိုင္လိမ့္မယ္…”

ေမရီ…

ထိုအမ်ိဳးသားသည္ ေမရီကိုရွာဖို႔ေျပာခဲ့သည္။

သူ ေမရီကို ေစာင့္ေနခဲ့သည္။

တစ္ေန႔တြင္ ေမရီသည္ သူ႔ေရွ႕သို႔ ေရာက္လာခဲ့သည္။

ထိုသို႔ျဖင့္ သူသည္ ထိုအမ်ိဳးသား၏ အၾကံေပးခ်က္အတုိင္း ေမရီအနားတြင္ ေနထိုင္ႏိုင္ေအာင္ ႀကိဳးစားခဲ့သည္။

ထိုဝိညာဥ္အမ်ိဳးသား၏ အမည္သည္ကား

ႏိုအာ။

------------






rate now: