💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋
ထိုစဉ် ဖန်လုံးရောင်၏အမူအရာသွင်ပြင်ကိုရှုတ်ချစွာ
ကြည့်ပြီးပြောလိုက်သူကသဝင်္ဏပင်
"မင်းလိမ်ညာနေတာမလား ဖန်လုံးရောင်"
ကိုလူချောကြီး၏စကားကြောင့်ဖန်လုံးစကားအပြောမှား
သွားမှန်းတန်းသိလိုက်သည်။သို့ပေမယ့်ဖန်လုံး ကိုလူချော
ကြီး၏အရှေ့မှာအရှက်ကွဲမခံချင်သဖြင့်စကားလမ်းကြောင်း
ပြောင်းရန်ဆုံးဖြတ်လိုက်သည်။ဖန်လုံး၏အရှေ့မှာရှိနေသည့်
ထိုမိန်းမကိုမျက်စောင်းဖြင့်ရွယ်လိုက်ပြီးကိုလူချောကြီး၏
ဘက်ကိုလှည့်လိုက်ပြီး
"ဖန်လုံးဗိုက်ဆာတယ် ကိုလူချောကြီး"
မယ် သူမအရှေ့မှာရှိနေသည့်ဖန်လုံးရောင်ဆိုတဲ့မိန်းကလေး
၏မျက်နှာကိုဆက်ပြီးမမြင်ချင်တော့သဖြင့်စံအိမ်ထဲကိုလှည့်
ပြန်ဝင်သွားတော့သည်။မယ်စံအိမ်ထဲဝင်သွားတာကိုတွေ့
သည့်သဝင်္ဏက
"Babe ကိုယ့်ကိုစောင့်ဦးလေကွာ"
ဖန်လုံးမမြင်ချင်သည့်ထိုမိန်းမထွက်သွားတော့မှကိုလူ
ချောကြီး၏လက်ကိုကိုင်ပြီး
"ဖန်လုံးတကယ်ဗိုက်ဆာနေလို့ပါနော် ကိုလူချောကြီး။
နောက်ပြီးဖန်လုံးက ကိုလူချောကြီးကိုလိမ်စရာလားနော်"
သဝင်္ဏ သူ့၏လက်မောင်းကိုကိုင်ပြီးချွဲနွဲ့စွာပြောလာသည့်
ဖန်လုံးရောင်ဆိုတဲ့မိန်းကလေးကြောင့်နေရခက်ပါဘိ။L
လည်းစံအိမ်ထဲဝင်သွားတော့မှ
"ကားပေါ်ကနေစောင့်နေ ပြန်လာခဲ့မယ်"
သဝင်္ဏ လျင်မြန်သောခြေလှမ်းတို့ဖြင့်စံအိမ်ထဲလျှောက်လာ
ခဲ့သည်။စံအိမ်ထဲရောက်တော့လူစုံနေကြပြီးဖြစ်သည်။
ချစ်ရသူအပါအဝင်အဖွားနှင့်ညီလေးတို့ကပါသူ့ကိုဝိုင်း
ကြည့်နေကြလေသည်။သူလည်းဘာအမှားမှမလုပ်ထားပါ
ဘူး။ဘာလို့တရားခံကိုကြည့်တဲ့မျက်လုံးတွေနဲ့ကြည့်နေရ
တာလည်း ဟူးး။ဧည့်ခန်းရှိရာဆိုဖာ၌ဝင်ထိုင်လိုက်ပြီး
"ဘာဖြစ်လို့ကျွန်တော်ကိုဝိုင်းပြီးကြည့်နေကြတာလည်း"
ထိုအခါအဖွားဖြစ်သူမှမေးခွန်းထုတ်ကာမေးလေတော့သည်။
"မြေးလေး အဖွားကိုမှန်မှန်ပြောစမ်း။မြေးလေးနဲ့အပြင်
မှာစောင့်နေတဲ့မိန်းကလေးနဲ့ကဘာတွေလည်း"
ခက်ပါဘိ အဖွားကလည်းထိုကိစ္စကိုမေးလေပြီ။သူဘယ်လို
ထပ်ပြီးရှင်းပြရမလည်းဆိုတာမတွေးတတ်တော့ဘူး။တကယ်
ဆိုသူနဲ့ဖန်လုံးရောင်ကဘာမှမပတ်သက်ပါလေ။
"အဖွားကလည်း မြေးနဲ့သူကဘာမှမပတ်သက်ဘူး။မြေး
ကိုအဖွားပြောပြထားသလိုပဲလေ အခုသူမြေးနဲ့အတူစံအိမ်
ကိုလိုက်လာတာကလည်းမြေးဘက်ကခေါ်လို့မဟုတ်ဘူး
သူဘာသာသူအတင်းအကြပ်ကိုလိုက်လာခဲ့တာ"
"ဟုတ်ပါတယ် အဖွားရယ်။ဦးသဘက်ကအတင်းခေါ်လာ
တာမဟုတ်ပါဘူး။အဲ့ဒီမိန်းကလေးကိုယ်တိုင်ကဦးသ
အနောက်ကိုလိုက်လာခဲ့တာပါ။အခုလည်းသူခမျာဘာမှ
မစားရသေးဘူးထင်ပါရဲ့"
"ဘာလို့လည်း မြေးမလေး"
"သြော် သူဘာမှမစားရသေးဘူးနဲ့တူပါတယ်အဖွားရယ်။
သူဦးသကိုဗိုက်ဆာနေတယ်ပြောတာကိုကြားရလို့ပါအဖွား"
"အောင်မယ် ဒင်းကများအတော်ကိုဗိုက်ဆာနေတယ်ပေါ့
လေ။အေးလေ ညည်းကဗိုက်အရမ်းဆာနေတယ်ဆိုတော့
အိမ်ရှင်ဖြစ်တဲ့ငါကဧည့်ဝတ်ကျေပွန်စွာဧည့်ခံပေးရမှာပေါ့
ဝါလေးရေ ငါ့ဆီခဏလာခဲ့ပါဦး"
စကားပြောရင်းနှင့်အိမ်တော်ထိန်းဒေါ်ဝါလေးကိုခေါ်လိုက်
တော့အိမ်တော်ထိန်းဒေါ်ဝါလေးချက်ခြင်းပင်ရောက်ချလာ
သည်။
"ဟုတ်ကဲ့ သခင်မကြီး၊ ကျွန်မကိုဘာများခိုင်းစရာရှိလို့ပါ
လည်း"
"အေး ဝါလေးကိုဧည့်သည်တစ်ယောက်အတွက်လုပ်ခိုင်းစ
ရာလေးရှိလို့ပါကွယ်"
"ဟုတ်ကဲ့ သခင်မကြီး"
"ဧည့်သည်အတွက်ကော်ဖီနဲ့မုန့်ပြင်လာခဲ့ပေးပါ။နောက်ပြီး
ငါ့အခန်းထဲကအံဆွဲအလယ်ဆင့်မှာသကြားအထုပ်အဖြူ
ရောင်လေးရှိတယ် အဲဒါလေးပါကော်ဖီထဲထည့်ပေးလိုက်"
"ဟုတ်ကဲ့ သခင်မကြီး၊ ဝါလေးပြင်ဆင်ပြီးပြန်လာခဲ့ပါမယ်"
"အေးအေး။ ခန့်လေး(L)ကအပြင်မှာစောင့်နေတဲ့မိန်း
ကလေးကိုအထဲလာဖို့သွားခေါ်လိုက်"
"ဟုတ်ကဲ့ အဖွား"
အဖွား၏အမိန့်အတ်ိုင်းခန့်လေး(L)စံအိမ်ထဲမှထွက်လာပြီး
ကားရှိရာကိုလာခဲ့လိုက်သည်။သူထင်သည့်အတိုင်းပင်
ဖန်လုံးရောင်ဆိုတဲ့မိန်းမကအစ်ကို၏ကားထဲ၌ဇိမ်ကျကျ
နဲ့ထိုင်နေလေသည်။
"ဒီမှာ ဖန်လုံးဂေါ်လီလုံး မင်းကိုအဖွားခေါ်ခိုင်းလိုက်လို့"
ကားမှန်တံခါးကိုခေါက်ပြီးလူကိုဂေါ်လီလုံးလို့ပြောနေသည့်
ကိုလူချောကြီး၏ညီကိုခဲလုံးနဲ့ထုသတ်ပစ်လိုက်ချင်သည်။
ရာရာစစ ဖန်လုံးကိုများဂေါ်လီလုံးတဲ့ တွေ့မယ် ရှင့်အစ်ကို
ကိုအပိုင်ကြံပြီးရင်ရှင့်ကိုကောင်းကောင်းပညာပေးရမယ်။
"ခေါ်ခိုင်းလိုက်တယ်ဆိုရင်အခုသွားကြတာပေါ့"
ဖန်လုံးရောင်ကားပေါ်ကဆင်းပြီးစံအိမ်ထဲဝင်ဖို့ခြေလှမ်း
လိုက်တော့ရုတ်တရက်ပခုံးကိုလှမ်းကိုင်လိုက်သည့်
ကြောင့်ပြန်လှည့်ကြည့်မိလိုက်လေသည်။
"ရှင်ဘာလို့ဖန်လုံးရဲ့ပခုံးကိုလှမ်းကိုင်ရတာလည်း"
"ကိုင်ချင်လို့ကိုင်တယ်ထင်မနေနဲ့။မင်းငါ့အဖွားအရှေ့ကို
ရောက်ရင်စကားအပြောအဆိုဆင်ခြင်ပါ။သူကမင်း မဆင်
မခြင်ပြောရမယ့်သူမဟုတ်ဘူးဆိုတာမင်းခေါင်းထဲစွဲစွဲမြဲမြဲ
မှတ်ထား ဂေါ်လီလုံးမရဲ့"
ပြောပြီးခန့်လေး(L)ကစံအိမ်ထဲကိုဝင်သွားလေသည်။လူကို
များဂေါ်လီလုံးမလို့ရှင်ကပဲပြောရတယ်ရှိသေး။ဖန်လုံးလည်း
အဲ့လောက်တော့နားလည်ပါတယ်လူတတ်ကြီးရဲ့။လူတတ်
ကြီး၏အနောက်ကနေဖန်လုံးလည်းစံအိမ်ထဲကိုဝင်လာခဲ့
သည်။အထဲရောက်တော့မမြင်ချင်တဲ့မျက်နှာကိုတွေ့လိုက်
ရတော့ဒေါသထွက်မိသည်။သို့ပေမယ့်ကိုလူချောကြီးနှင့်
ကိုလူချောကြီး၏အဖွားရှိနေသည်ကြောင့်မျက်နှာအနေ
အထားကိုပြန်ပြင်လိုက်ပြီး
"ဟိုလေ ဖန်လုံးကိုခေါ်တယ်ဆိုလို့ပါ"
ထိုအခါ ဖန်လုံး၏အရှေ့မှာရှိနေသည့်ကိုလူချောကြီး၏
အဖွားကဖန်လုံးကိုသေချာစိုက်ကြည့်ပြီး
"မင်းကမြေးလေးနဲ့အတူပါလာတဲ့တစ်ယောက်လား"
"ဟုတ်ပါတယ် အန်တီကြီး။ဖန်လုံးက ကိုလူချောကြီးနဲ့အတူ
စံအိမ်ကိုမမြင်ဖူးလို့အတင်းလိုက်လာခဲ့တဲ့သူပါ"
ထိုစဉ် ကော်ဖီနဲ့မုန့်ထည့်ထားသည့်လင်ဗန်းကိုကိုင်ပြီး
ဝင်လာသည့်အဒေါ်ကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုအဒေါ်ကြီးက ဖန်လုံးအရှေ့၌ကော်ဖီနှင့်မုန့်ချပေးပြီး
ထွက်သွားလေသည်။
"ကဲ မင်းအပြင်မှာရပ်စောင့်နေရတယ်ဆိုတော့ဗိုက်ဆာ
နေရောပေါ့။စားပွဲပေါ်မှာမင်းအတွက်ပြင်ဆင်ထားတဲ့
ကော်ဖီနဲ့မုန့်ကိုသုံးဆောင်လိုက်ပါဦး"
"ဟုတ်ကဲ့ပါ အန်တီကြီး"
ကိုလူချောကြီး၏အဖွားကစိတ်သဘောထားပြည့်ဝလိုက်
တာ ဖန်လုံးအတွက်ကော်ဖီနဲ့မုန့်ကိုပြင်ဆင်ပေးထားတယ်
ဆိုတော့အရမ်းကိုကြင်နာတတ်တဲ့အမျိုးသမီးပဲ။
"ဖျော်ထားတဲ့ကော်ဖီလေးကသောက်ကောင်းလိုက်တာ"
"အင်း ဟုတ်တယ်။စံအိမ်ရဲ့အိမ်တော်ထိန်းလက်ရာလေ
အဲ့လောက်တော့ရှိမှာပေါ့ကွယ်"
သဝင်္ဏ၏အဖွားဖြစ်သူကထိုမိန်းကလေးမမြင်အောင်မသိ
မသာပြုံးလိုက်လေသည်။ဘာလို့ဆို ထိုမိန်းကလေးသောက်
မည့်ကော်ဖီခွက်ထဲဝမ်းနှုတ်ဆေးထည့်ထားသည်ကြောင့်ပင်
ဖြစ်သည်။အဟင်းးး ညည်းကငါ့မြေးလေးကိုအပိုင်ကြံဖို့ကြိုး
စားနေတဲ့တစ္ဆေမတစ်ယောက်ပဲ။ညည်းကိုမှတ်လောက်သား
လောက်အောင်ပညာပေးရမယ်။
"အဖွားဘာဖြစ်လို့လည်းဟင်"
အဖွားမသိမသာပြုံးလိုက်တာကိုမယ်သေချာတွေ့လိုက်ပါ
တယ်။အဖွားဘာကိုသဘောကျပြီးပြုံးနေရတာလည်း။သေ
ချာတာကတော့အဖွားမှာအကြောင်းပြချက်တစ်ခုခုရှိရမယ်။
မြေးမလေး၏မေးခွန်းကြောင့်သူမပြုံးမိသည်။အဟွန်းး မြေး
မလေးကရိပ်မိနေတာလား။အဖွားက မြေးလေးနဲ့မြေးမလေး
အကြားဘယ်သူ့ကိုမှအဝင်မခံနိုင်လို့ပါ အဖွားရဲ့စေတနာကို
မြေးလေးတို့နားလည်မှာပါကွယ်။
"ဘာရယ်မဟုတ်ပါဘူး မြေးမလေးရယ်။ဟိုမိန်းကလေး
ကော်ဖီသောက်နေတာကိုသဘောကျလို့ပါကွယ်။ဒါနဲ့.
နာမည်က...."
မယ်ကိုစကားပြောနေရင်းဖန်လုံးရောင်ဆီစကားလမ်းကြောင်း
ပြောင်းလိုက်သည်ကြောင့်မယ်ဆက်မမေးပဲနေလိုက်သည်။
အဖွားမှာမယ်တို့မသိနိုင်တဲ့အကြောင်းတစ်စုံတစ်ရာရှိကိုရှ်ိလိမ့်
မယ်လို့မယ်ထင်တယ်။
"ဖန်လုံးရောင်ပါ အဖွား။အခုနက အန်တီကြီးလို့ခေါ်မိတဲ့
အတွက်sorryပါအဖွား"
"ရပါတယ်ကွယ်။လူငယ်တွေပဲ တစ်ခါတလေမှားကြတာ
ဖြစ်တတ်ပါတယ်ကွယ်။အဖွားကအယူမသီးပါဘူး"
"ဟုတ်ကဲ့ အဖွား"
"အဖွား ကျွန်တော်ဖန်လုံးရောင်ကိုပြန်လိုက်ပို့လိုက်ဦးမယ်"
သဝင်္ဏ အဖွားကိုနှုတ်ဆက်ပြီး
"Babe ကိုယ်ပြန်လာခဲ့ပါမယ် စောင့်နေနော်"
"ရပါတယ် ဦးသ။မယ်ဘာသာမယ်ပဲပြန်လိုက်တော့မယ်
ဦးသကအလုပ်များနေတာမလား။မယ်လည်းဝယ်စရာရှိ
သေးလို့ပါ"
မယ် အဖွားဘက်ကိုလှည့်လိုက်ပြီး
"အဖွား မယ်ပြန်လိုက်ပါဦးမယ်နော်၊နောက်နေ့ကျရင်
မယ်ထပ်လာခဲ့ပါ့မယ်"
ခန့်လေး(L) က ဖန်လုံးရောင်ဆိုတဲ့မိန်းကလေးကိုတစ်ခုခုထူးခြားနေသလိုပဲလို့စိတ်ထဲမှာတွေးမိနေသည်။သဝင်္ဏ
စံအိမ်ကလူတွေကိုမှာစရာရှိတာမှာပြီးစံအိမ်ကထွက်လာခဲ့
သည်။ကားပေါ်ရောက်တော့နီးစပ်ရာဆိုင်တစ်ဆိုင်ကိုတန်း
မောင်းသွားလိုက်သည်။
"ဆင်းတော့ ရောက်ပြီ။မင်းစားချင်တာမှာ ပြီးရင်အိမ်လိုက်ပို့
ပေးမယ်"
"ဟင်... ကိုလူချောကြီးကဘယ်သွားဦးမှာလည်း"
"ငါကိုယ်ရေးကိုယ်တာပါ မင်းသိပ်ပြီးစပ်စုတာပဲ"
"ဖန်လုံးလိုက်ချင်လို့ပါ"
သဝင်္ဏ ဒီမိန်းကလေးကိုအိမ်မှာဆက်နေခိုင်းလို့ဖြစ်ပါ့မလား။ တည်းခိုခန်းကိုပို့လိုက်မှာပဲအဆင်ပြေဦးမယ်။
"ဒီမှာ ဖန်လုံးရောင် မင်းကိုတည်းခိုခန်းပို့ပေးမယ်။မင်းအတွက်
အဆင်ပြေမှာပါ။ငါအိမ်မှာကမင်းကိုဆက်ထားလို့အဆင်မပြေဘူး"
ဖန်လုံးရောင်၏စိတ်ထဲ၌ ဟိုမိန်းမကြောင့်ဖြစ်မယ်။ထို့နောက်
ဖန်းလုံးရောင်က
"ရပါတယ်မနေစေချင်တော့လည်းမနေပါဘူး။အခုအိမ်လိုက်
ပို့ပေးပါတော့။မှာထားတာတွေလည်းမစားချင်တော့ဘူး"
ဒီအတိုင်းပြောလို့မှအဆင်မပြေရင်မိန်းမမာယာနဲ့သနားလာ
အောင်ဖန်လုံးလုပ်နိုင်ရမှာပေါ့။ဒီလူကြီးနှလုံးသားခံနိုင်ပါ့မလား။
ဘာလို့မခံနိုင်ရမှာလည်း ဒီလူကြီးနှလုံးသားကသစ်သားနဲ့ပြု
လုပ်ထားတာမှမဟုတ်တာ ဖန်လုံးအပြောတွေထဲနှစ်မျောသွား
မှာအသေအချာပဲ။
သဝင်္ဏလည်း ဝိတ်တာကိုခေါ်ပြီးငွေရှင်းပေးလိုက်သည်။
"ဆရာ ပါဆယ်ထုပ်ပေးရမလား"
ဖန်လုံးရောင်စိတ်ဆိုးပြီးထသွားတော့သည်။ဒီမိန်းကလေး
မလွယ်ပါလား။သဝင်္ဏကားပေါ်ရောက်တော့ဖန်လုံးရောင်
ဆိုတဲ့မိန်းကလေးကိုကြည့်မိသည်။သူဝမ်းနည်းသွားတာလား
ဘာစကားတစ်ခွန်းမှမဆိုပဲထိုင်နေသည်ကိုမြင်တော့သူဘာ
မှမပြောတော့ပဲကားကိုပဲဆက်ပြီးမောင်းနှင်လိုက်တော့သည်။
ဖန်လုံးရောင်ဗိုက်ကအသံမြည်လာပြီဖြစ်သဖြင့် မတတ်နိုင်ဘူး ခံလိုက်ဦးဖန်လုံးရောင်ရေကိုယ့်ကိုကိုယ်အားပေးရင်းမျက်စိ
မှိတ်ထားတော့သည်။သဝင်္ဏကားလေးစံအိမ်ပြန်ရောက်တော့ ဖန်လုံးရောင်ဆိုတဲ့မိန်းကလေးကနှစ်ခြိုက်စွာအိပ့်ပျော်နေ
လေရဲ့။
ဖန်လုံးရောင်အိပ်ပျော်နေတာကြည့်ပြီးသဝင်္ဏသက်ပြင်းချ
မိလေတော့သည်။ဟူးးး ဘယ်လိုလုပ်ရပါ့မလည်း။
"ဖန်လုံးရောင်ရေ"
သူခေါ်နေတာကိုမကြားတော့
"မထူးတော့ပါဘူး။ဟေ့ဖန်လုံးရောင် ဖန်လုံးရောင်"
ခေါ်တာမနိုးတော့ သဝင်္ဏကားဟွန်းတီးလိုက်လေသည်။ကားဟွန်းတီးလိုက်သည်ကြောင့်
စံအိမ်ကလူတွေထွက်လာကြတော့သည်။သဝင်္ဏ ကားပေါ်
ကဆင်းပြီးအိမ်ထဲဝင်သွားသည်။
"ကားပေါ်ကဧည့်သည်ကိုနှိုးပြီးသူ့အခန်းထဲလိုက်ပို့ပေးလိုက်"
"ဟုတ်ကဲ့ သခင်လေး"
အစေခံမိန်းကလေးတစ်ယောက်ကိုပြောပြီးအခန်းရှိရာကို
လာခဲ့လိုက်သည်။အစေခံမိန်းကလေးနှစ်ယောက်ကကား
မှန်တံခါးကိုဖွင့်ပြီးအိပ်ပျော်နေသည့်မိန်းကလေးကိုတွဲကူ
ပြီးဧည့်သည့်အခန်းဆောင်ကိုလိုက်ပို့ပေးလိုက်လေသည်။
ဧည့်သည့်အခန်းဆောင်ထဲရောက်တော့အိပ်ပျော်နေသည့်
မိန်းကလေးကိုကုတင်ပေါ်အသာလေးချပေးပြီးစောင်ခြုံပေး
ပြီးအခန်းထဲမှထွက်လာခဲ့သည်။ဖန်လုံးရောင်အိပ်ပျော်နေရာ
မှရုတ်တရက်ဗိုက်နာလာသဖြင့်ကုတင်ပေါ်မှချက်ခြင်းဆင်း
ပြီးသန့်စင်ခန်းထဲအမြန်ပြေးဝင်သွားလေသည်။သန့်စင်ခန်း
ထဲရောက်တော့
"ငါဒီနေ့ဘာမှမစားထားပါဘူး၊ဘာလို့ဗိုက်ကရစ်ပြီးနာ
နေရတာလည်း"
သန့်စင်ခန်းထဲမှပြန်ထွက်လာခဲ့သည်။တစ်အောင့်ကြာ
တော့ဗိုက်ပြန်နာလာသဖြင့်သန့်စင်ခန်းထဲနောက်တစ်
ကြိမ်ပြန်ဝင်ရပြန်ပြီ။ထိုသို့နှင့်အကြိမ်ရေမတွက်နိုင်အောင်
ပဲသန့်စင်ခန်းထဲဝင်နေမိတော့နောက်ဆုံးခြေမခိုင်တော့
သဖြင့်ကုတင်အောက်ကြမ်းပြင်အပေါ်၌သတိလစ်ပြီးလဲ
ကျသွားလေသည်။ထိုစဉ်အစေခံမိန်းကလေးတစ်ဦးက
အခန်းတံခါးခေါက်ပြီးဝင်လာခဲ့တော့ကြမ်းပြင်၌သတိလစ်
နေသည့်မိန်းကလေးကိုတွေ့လိုက်ရသည်။
"မဖြစ်ဘူး သခင်လေးကိုအမြန်အကြောင်းကြားရမယ်"
အခန်းထဲမှအစေခံမိန်းကလေးကအပြင်ထွက်လာပြီး
အောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ထပ်ရောက်
တော့ထမင်းစားရန်ပြင်ဆင်နေသည့်သခင်လေးကိုမြင်
လိုက်တော့သခင်လေးအနားသွားပြီး
"သခင်လေး ဧည့်သည်မိန်းကလေးကကြမ်းပြင်၌သတိ
လစ်နေတယ်"
"ဘာ... ဘယ်လိုဖြစ်ရတာလည်း"
"အဲဒါတော့ကျွန်မလည်းမသိဘူး။ကျွန်မအခန်းတံခါးခေါက်
ပြီးဝင်လာတော့ကြမ်းပြင်၌သတ်ိလစ်နေတာကိုတွေ့ရတာပဲ"
အစေခံမိန်းကလေး၏စကားကြောင့်သဝင်္ဏ ချက်ခြင်းပင်
ဖန်လုံးရောင်၏အခန်းကိုခြေလှမ်းကျဲကြီးများဖြင့်လျှောက်
သွားလေသည်။သဝင်္ဏအနောက်မှအစေခံမိန်းကလေး
လည်းအပြေးလိုက်လာခဲ့သည်။အခန်းတံခါးကိုဆွဲဖွင့်လိုက်
တော့
"ဟင်..."
သတိလစ်နေသည့်ဖန်လုံးရောင်အနားသွားလိုက်တော့
တစ်ကိုယ်လုံးချွေးစေးတွေပျံနေတာကြောင့်တစ်ခုခုမူမမှန်
ကြောင်းသိလိုက်ရသည်။သတိလစ်နေသည့်ဖန်လုံးရောင်
၏ခန္ဓာကိုယ်ကိုပွေ့ချီပြီးအိပ်ယာပေါ်၌အသာလေးချထား
ပေးလိုက်သည်။ထို့နောက်သူ၏ချစ်ရသူလေးဆရာဝန်မ
လေးဆီကိုဖုန်းဆက်လိုက်လေသည်။
"ဟယ်လို Babeလား၊အခုဘာလုပ်နေလည်း"
"မယ် ဝတ္ထုစာအုပ်ဖတ်နေတာ ဘာဖြစ်လို့လည်းဦးသ"
"ဒီအချိန်ကြီးbabeကိုဖုန်းဆက်လိုက်ရတာအားနာပါတယ်။
ဒါပေမဲ့babeကိုခေါ်မှဖြစ်မယ်ထင်လို့ပါ။အခုဖန်လုံးရောင်
ကြမ်းပြင်၌လဲကျပြီးသတိလစ်နေလို့ အဲဒါbabeအမြန်လာ
ခဲ့ပေးလို့ရမလား"
"ရပါတယ် ဦးသ။မယ်ဆယ့်ငါးမိနစ်အတွင်းအရောက်လာ
ခဲ့မယ် လိပ်စာပြောဦး"
"ကောင်းပြီ ကိုယ်messageပို့ပေးလိုက်မယ်"
"ဟုတ်ကဲ့ ဦးသ"
ခဏအကြာတော့ဦးသဆီကmessageတစ်စောင်ဝင်
လာခဲ့သည်။မယ် လိုအပ်သည့်ဆေးပစ္စည်းနဲ့နားကြပ်တစ်
စုံကိုယူပြီးလက်ဆွဲအိတ်ထဲထည့်ကာဦးသပို့ပေးလိုက်သည့်
လိပ်စာအတိုင်းမောင်းနှင်လာခဲ့သည်။လိပ်စာအတိုင်းရောက်
လာခဲ့ပြီးကြည့်လိုက်တော့ခြံအဝင်ဝမှာမယ်ကိုရပ်စောင့်နေ
သည့်ဦးသကိုတွေ့လိုက်ရသည်။မယ် ကားပေါ်ကဆင်းပြီး
ဦးသနှင့်အတူစံအိမ်ထဲဝင်လာခဲ့သည်။
"ဖန်လုံးရောင်ဘယ်မှာရှ်ိည်း ဦးသ"
"ကိုယ်သူ့ကိုဧည့်သည့်အခန်းဆောင်မှာထား ထားတယ်
babe"
ဦးသ၏အဖြေကြောင့်မယ်မသိမသာပြုံးလိုက်မိသည်။
ထို့နောက်မယ်၏ဆရာဝန်မူကျင့်အတိုင်း
"သူသတိလစ်နေတာကြာပြီလား ဦးသ"
"သိပ်မကြာသေးဘူး babe"
ဦးသနှင့်မယ်စကားပြောရင်းဖန်လုံးရောင်ရှိနေသည့်အခန်း
ကိုရောက်လာခဲ့သည်။အခန်းထဲရောက်တော့ကုတင်အထက်
မှာသတိလစ်နေသည့်ဖန်လုံးရောင်ကိုတွေ့လိုက်ရသည်။
မယ် သူမ၏ကိုင်နေကျနားကြပ်ကိုယူထုတ်လိုက်ပြီးစမ်းသပ်
လိုက်သည်။
"သူကဝမ်းလျှောလွန်ပြီးအားနည်းသွားလို့သတိလစ်သွား
တာ။သူဝမ်းနှုတ်ဆေးကိုဘယ်လောက်တောင်သုံးလိုက်
တာလည်း ဦးသ"
"ဟင်.... အဲဒါတော့ကိုယ်မသိဘူး။ကိုယ်သိတာကသူဒီနေ့
တစ်နေ့လုံးကော်ဖီနဲ့မုန့်ကလွဲပြီးဘာမှမစားထားဘူး"
"အဖွားဧည့်ခံတဲ့ကော်ဖီနဲ့မုန့်ကိုပြောတာလား ဦးသ"
"ဟုတ်တယ် Babe။ကိုယ်အဖွားကိုနှုတ်ဆက်ပြီးစံအိမ်
ကနေထွက်လာတော့နီးစပ်ရာဆိုင်တစ်ဆိုင်မှာသူစားဖို့
မှာပေးထားတာ ဒါကိုသူမစားပဲတစ်လမ်းလုံးအိပ်ပျော်ရင်း
နဲ့လိုက်လာခဲ့တာ။စံအိမ်ရောက်တော့အစေခံမိန်းကလေး
တွေကိုတွဲကူပြီးသူ့အခန်းကိုပို့ခိုင်းလိုက်တာနောက်တော့
အစေခံမိန်းကလေးကအခန်းတံခါးခေါက်ပြီးအခန်းထဲဝင်
သွားတော့သူသတိလစ်နေတာတွေ့လို့ကိုယ့်ကိုလာခေါ်တော့
တာပဲ အဲ့မှာbabeကိုဖုန်းဆက်ပြီးကိုယ်လာခဲ့ဖို့ပြောလိုက်
တာပါပဲ"
"အင်းပါ။အခုသူအားနည်းနေလို့မယ်ဆေးထိုးပေးခဲ့မယ်။
ပြီးရင်သူကိုတစ်နာရီခြားတစ်ခါစောင့်ကြည့်ထားပေးပါ။
သူထပ်ပြီးဝမ်းလျှောနေရင်မယ်ပေးထားတဲ့ဆေးကိုလှမ်း
တိုက်လိုက်ပါ။ဆေးမတိုက်ခင်အစာကိုဝင်အောင်အရင်
ကျွေးပါ။အစာခံရှိမှဝမ်းလျှောတာသက်သာမှာ"
"မင်းကြားတယ်နော် ။သူ့ကိုစောင့်ကြည့်ပြီးဆေးတိုက်ရမှာ
ကမင်းအလုပ်။
"ဟုတ်ကဲ့ သခင်လေး"
သဝင်္ဏ ဖန်လုံးရောင်ဘာမှကြီးကြီးမားမားမဖြစ်ဘူးဆိုတော့
စိတ်အေးရသွားသည်။အစေခံမိန်းကလေးကိုပြောပြီးချစ်ရသူ
လေးနှင့်အတူဖန်လုံးရောင်၏အခန်းထဲမှထွက်လာခဲ့သည်။
မယ် ဦးသနှင့်အတူဖန်လုံးရောင်၏အခန်းထဲမှထွက်လာခဲ့ပြီး
ခြံထဲဆင်းရန်ပြင်ဆင်လိုက်သည့်အခါ
"Babeကပြန်တော့မှာလား"
"အင်းလေ။မယ်ကမပြန်ရင်ဘာလုပ်နေရမှာလည်း
မယ်လုပ်ရမယ့်ကိစ္စကပြီးသွားပြီလေ။အဲ့တော့မယ်အိမ်
ပြန်ရမှာပေါ့"
"မပြန်ပါနဲ့ဦး"
"မရဘူး ပြန်မယ်"
"အခုနbabeမေးတယ်နော်။မပြန်ရင်ဘာလုပ်နေရမှာလည်း
ဆိုတာကိုလေ..."
"အင်းလေ။မပြန်တော့ဘာလုပ်နေရမှာလည်း..."
"ကိုယ့်ကိုအနမ်းပေးနေကွာ.."
ဆက်ရန်
💋Part{23}=Coming Soon💋