💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋
စကားတွေဆက်တိုက်ပြောနေတာသာလိကာမလေးကျ
နေတာပဲ။သဝင်္ဏထမင်းစားပြီးအအေးဖျော်လာပေးတာ
ကိုနည်းနည်းပဲသောက်ပြီးအခန်းထဲသွားနားနေတော့သည်။
🍒🍒ဒီမိန်းကလေးအတော်ကိုစကားပြောတာပဲ🍒🍒
မနက်မိုးလင်းတော့သဝင်္ဏအိပ်ယာမှထပြီးတစ်ကိုယ်ရေ
သန့်ရှင်းရေးလုပ်ပြီးအပြင်ထွက်ဖို့ပြင်ဆင်ပြီးအာက်ထပ်
ကိုဆင်းလာတော့
"ကိုလူချောကြီး ခဏနေပါဦး"
အနောက်ကခေါ်သံကြောင့်သဝင်္ဏပြန်လှည့်ကြည့်မိလိုက်
သည်။
"အပြင်သွားမလို့လား ကိုလူချောကြီး"
"ဟုတ်တယ်"
"ဖန်လုံးလည်းလိုက်မယ်နော် ခဏလေး"
သဝင်္ဏပြန်ပြောဖို့တောင်အချိန်မရလိုက်ပေ။ဖရိုဖရဲနှင့်
မိန်းကလေးတစ်ယောက်ကိုအခုမှပထမဆုံးမြင်ဖူးတဲ့
သဝင်္ဏ ကြောင်အအလေးနှင့်ခေါင်းသာခါရမ်းမိတော့
သည်။မလွယ်ပါလား သာလိကာမလေး။မနက်အိပ်ယာ
ထမိန်းကလေးတစ်ယောက်ရဲ့အလှအပကိုခံစားမိသည်။
ဟိုကောင်မလေးကိုဧည့်ခန်းထဲမှာထိုင်စောင့်နေတာ(10)
မိနစ်လောက်ရှိနေပြီဖြစ်သည်။ခဏအကြာတော့ဟိုကောင်
မလေးရောက်လာတာကိုမြင်တော့
"မင်းဘာလို့ဒီလောက်တောင်ကြာနေရတာလည်း"
"မိန်းကလေးပဲ ပြင်ရဆင်ရတာရှိတော့ကြာမှာပေါ့။အခု
အပြင်သွားမလား ကိုလူချောကြီး"
သဝင်္ဏ သတိထားမိပြီး
"မင်းငါ့ကိုဘာလို့ကိုလူချောကြီးလို့ခေါ်ရတာလည်း"
"အဲ့လိုခေါ်ရတာကိုသဘောကျလို့ကားထဲမှာစောင့်
နေမယ်"
ပြောပြီးလှစ်ခနဲ့သူ့အရှေ့ကကားထဲဝင်ပြေးသွားပြန်သည်။
ဒီနေ့တော့သူချစ်ရတဲ့babeလေးကိုတွေ့ရမယ်မထင်တော့
ဘူးထင်တယ်။သဝင်္ဏလည်းကားပေါ်၌တက်ထိုင်လိုက်ပြီး
" အမိ ဘယ်ကိုပို့ပေးရမလဲ"
"ကိုလူချောကြီးသွားတဲ့နောက်ကိုလိုက်မယ်"
"ငါအလုပ်နဲ့မအားဘူး"
"ရတယ် ကားပေါ်ကစောင့်နေမယ်"
သဝင်္ဏမပြောတော့ပဲအဖွားအိမ်ကိုတန်းပြီးမောင်းနှင်
ရတော့သည်။စံအိမ်ကိုရောက်တော့သဝင်္ဏကားပေါ်
မှဆင်းပြီးဖန်လုံးရောင်ကိုလှည့်ကြည့်ပြီး
"မင်းကားပေါ်မှာပဲနေ ဘယ်မှသွားဖို့မစဉ်းစားနဲ့"
"ဟုတ် ဖန်လုံးသိပါတယ်"
"အေး သိရင်ပြီးရော"
ဖန်လုံးကိုပြောပြီးစံအိမ်ထဲဝင်သွားသောကိုလူချောကြီး
၏နောက်ကျောကိုကြည့်ပြီးစကားတစ်ခွန်းဆိုလိုက်မိသည်။
"ဒီလူကြီးတော်တော်ချမ်းသာမယ့်အပုံပဲ။ငါ့အတွက်တော့
အဲ့လူကြီးကိုအပိုင်ရရင်ကျန်တာတွေကအရေးမကြီးတော့
ဘူး။ဒါနဲ့ အဲ့လူကြီးမှာချစ်သူရှိမရှိစုံစမ်းရမယ်။အကယ်၍
ရှိနေရင်လည်းအဲ့လူကြီးရဲ့ချစ်သူကိုရအောင်လမ်းခွဲခိုင်း
ရမယ်"
သဝင်္ဏ သူ့က်ိုသူဖန်လုံးဆိုပြီးပြောနေသောမိန်းကလေး
ကိုတစ်ချက်ကြည့်ပြီးစံအိမ်ထဲဝင်သွားသည်။သဝင်္ဏ
စံအိမ်ထဲရောက်တော့ဒေါ်ဝါလေးကိုတွေ့သဖြင့်
"ဒေါ်ဝါလေး အဖွားရော"
"အဖွားကအခန်းထဲမှာ ဒေါက်တာမယ်နဲ့အတူရှိနေပါ
တယ်သခင်လေး"
"သြော် ဟုတ်ကဲ့။ဒါဆို သူမအတွက်အအေးဖျော်ပြီးအဖွား
အခန်းထဲလာပို့လိုက်ပါ ကျွန်တော်သွားနှင့်ပြီ"
"ဟုတ်ကဲ့ပါ သခင်လေး"
အရင်ကနှင့်မတူတစ်မူထူးခြားစွာပြောင်းလဲလာသည့်
သခင်လေးကြောင့်ဒေါ်ဝါလေးကျေနပ်နေမိသည်။အခု
လိုမျိုးပုံစံလေးနဲ့သခင်လေးကိုမြင်ချင်ခဲ့တာပါ။နောက်
လည်းအဲ့လိုမျိုးလေးပဲနေသွားရင်ဘယ်လောက်တောင်
စိတ်ချမ်းသာစရာကောင်းလိုက်မလည်းလေနော်။
သဝင်္ဏ အဖွား၏အခန်းတံခါးကိုဖွင့်ပြီးအခန်းထဲဝင်လာ
ခဲ့သည်။ဦးသ အခန်းထဲဝင်လာတာကိုမြင်သည့်မယ်က
"အဖွား အဖွားမြေးရောက်လာပြီ"
"ဟယ် အဖွားမြေးလေးရောက်လာတာလား။အဖွား မြေး
လေးကိုမျှော်နေတာ အခုမှပဲပေါ်လာတော့တယ်နော်"
"ဟုတ်တယ်အဖွား။ဒါနဲ့ ဘေဘီကရောက်နေတာကြာ
ုပြီလား"
"မကြာသေးပါဘူး ဦးသ"
"မြေးလေးမလာခင်မြေးမလေးကမြေးလေးအကြောင်း
ကိုပြောပြနေတာ၊မြေးမလေးပြောပြတော့မှပဲမြေးလေး
ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာကိုသိရတော့တယ်။
မြေးလေးအဲ့အတောအတွင်းအရမ်းကိုပင်ပန်းနေခဲ့မှာ
ပေါ့ကွယ်"
"မပင်ပန်းပါဘူး အဖွားရယ်။အခုမြေးလေးအကြောင်း
ကိုအကုန်သိရပြီဆိုတော့အဖွားကိုပြောစရာရှိတယ်"
"ဘာပြောမလို့လည်း မြေးလေးရဲ့"
"အဲဒါက......"
ထိုစဉ် အခန်းတံခါးကိုဖွင့်ပြီးအအေးလင်ဗန်းချပ်နှင့်ဝင်
လာသောဒေါ်ဝါလေးက
"ဒေါက်တာအတွက်အအေးလာပို့ပေးတာပါ သခင်မကြီး"
"အေးအေး ဝါလေးလည်းလုပ်စရာရှိတာလုပ်တော့လေ"
"ဟုတ်ကဲ့ သခင်မကြီး"
ဒေါ်ဝါလေးထွက်သွားတော့မှသဝင်္ဏအစောနကပြောမည့်
စကားကိုဆက်ပြောရန်ဆုံးဖြတ်လိုက်သည်။
"အဖွား ကျွန်တော်ဒေါက်တာမယ်ကိုချစ်တယ်။အဲဒါအဖွား
ခွင့်ပြုပေးနိုင်မလားဗျာ"
"အေ့ အဖွားမြေးလေးကမြေးမလေးကိုသဘောကျနှစ်
သက်နေတာလား၊အဖွားတောင်မသိရပါလားကွယ်"
"ဟုတ်တယ် အဖွား။ကျွန်တော်သူမကိုအရမ်းချစ်တယ်
သူမ မရှိပဲကျွန်တော်ဘယ်လိုမှမရှင်သန်နိုင်ဘူးဆိုတာ
ကျွန်တော်သိခဲ့ရတယ်။ကျွန်တော်ချစ်တဲ့သူမကိုကျွန်တော်
ကာကွယ်စောင့်ရှောက်ချင်တယ်"
"အဖွားသဘောတူပါတယ်ကွယ်။အကယ်ဆိုအဖွားမြေး
လေးနဲ့မြေးမလေးကအရမ်းလိုက်ဖက်တဲ့စုံတွဲလေးပါ။
အဖွား မင်းတို့နှစ်ယောက်ကိုသဘောတူပါတယ်"
"ကျေးဇူးတင်ပါတယ် အဖွား"
"အဖွားနဲ့မြေးအကြားမှာကျေးဇူးဆိုတာလိုရဲ့လားကွယ်။
ဘယ်လိုပဲဖြစ်ဖြစ်အဖွားမြေးလေးသဘောကျနှစ်သက်
တဲ့မိန်းကလေးကိုအဖွားလက်ခံဖို့ဆုံးဖြတ်ထားပြီးသားပါ။
အခုမြေးလေးရွေးချယ်လိုက်တဲ့သူကမြေးလေးအတွက်
်အရမ်းကိုသင့်တော်ပြီးအဖွားသဘောကျနှစ်သက်တဲ့
မြေးမလေးဖြစ်နေလို့အဖွားပိုပြီးတော့တောင်ပျော်ရွင်ရ
တယ်လေ"
"ဟုတ်ကဲ့ အဖွား"
"အဖွားမြေးလေးကဖွင့်ပြောပြီးပြီဆိုတော့မြေးမလေး
ဘက်ကရော"
မယ် ကိုမေးလာသည့်အဖွား၏စကားကြောင့်မယ်ရင်
ထဲမှာအဖြေရှိနှင့်နေပြီးသားပါ။ဦးသကိုချစ်တယ်ဆို
တာလည်းသေချာသွားပြီဖြစ်သဖြင့်ဖြစ်လာသမျှအရာ
အားလုံးကိုရင်ဆိုင်ဖို့ဆုံးဖြတ်ထားသည်။အခုအဖွားမေး
လာသည့်မေးခွန်းကိုဖြေရန်အသင့်ပြင်လိုက်သည်။
"မယ်လည်းဦးသကိုချစ်တယ် အဖွား။ဦးသအတွက်
မယ်ကပြည့်ပြီးစုံတဲ့မိန်းကလေးမဟုတ်ပေမယ့်ဦးသ
ကိုချစ်တဲ့အချစ်ကမပိုရင်နေပါစေမလျှော့ပါဘူး"
"ကဲ ဒါဆိုအဖွားမြေးမလေးလည်းလက်ခံလိုက်ပြီဆို
တော့ပျော်ရွင်စရာသတင်းကောင်းပဲပေါ့"
"ကိုယ် အဖွားနဲ့မင်းကိုဝန်ခံစရာရှိတယ် "
"ဦးသကဘာဝန်ခံမှာလည်း"
"ကိုယ်အနားယူတဲ့စံအိမ်မှာမိန်းကလေးတစ်ယောက်
ကစံအိမ်အရှေ့ကိုရောက်လာတယ်။အဲ့မိန်းကလေး
ကပစ္စည်းအလုခံရတယ်ပြောတယ်၊နောက်ပြီးသူက
ကိုယ့်အိမ်မှာခဏလောက်နေချင်တယ် ခွင့်ပြုပေးပါလား
လို့ဆိုလာတယ်။အဲဒါနဲ့ ကိုယ်လည်းသူ့ကိုသနားပြီးစံအိမ်
မှာနေခိုင်းလိုက်တယ်။အခုဒီမနက်ကိုယ်အဖွားဆီလာဖို့
လုပ်တော့သူလည်းလိုက်ချင်တယ်ဆိုလို့ခေါ်လာခဲ့တယ်။
အစကကိုယ်တားပါသေးတယ် သူကကိုယ်သွားရာနောက်
ကိုလိုက်ခဲ့မယ် ကားပေါ်မှာစောင့်နေမယ်ဆိုလို့ကိုယ်သူကို
ခေါ်လာခဲ့တယ်။အခုသူကိုယ့်ကားထဲမှာကျန်ရစ်နေခဲ့တယ်"
"အဲ့မိန်းကလေးရိုးရောရိုးသားရဲ့လား မြေးလေး။အကယ်
လို့မြေးလေးတို့ကြားထဲဝင်လာမယ့်အနှောင့်အယှက်ဆို
ရင်တော့အခုကတည်းကမောင်းထုတ်ပစ်ရမယ် အဖွား
ပြောတာနားလည်ရဲ့လား မြေးလေး"
"ဟုတ် ကျွန်တော်နားလည်ပါတယ် အဖွား"
"မြေးမလေးသဘောကရော...."
"မယ် တော့အဲ့မိန်းကလေးကိုသိပ်မယုံကြည်ဘူး ဦးသ။
ဒါပေမယ့် ဦးသခေါ်လာတယ်ဆိုတော့မယ်တို့စဉ်းစားဖို့
လိုအပ်လိမ့်မယ်လို့မယ်ထင်တယ်။နောက်ပြီးအဲ့မိန်းကလေး
ရဲ့နောက်ကြောင်းရှင်းမရှင်းစုံစမ်းရဦးမယ်လေ"
ဟုတ်တယ် ဘေဘီပြောတာမှန်တယ်။သူအစောကတည်း
ကအဲ့ဒီအချက်ကိုမေ့နေခဲ့တာပဲ။အခုဘေဘီပြောလာမှ
တော့ပဲသတိထားမိတော့တယ်။
"Babe ပြောတာမှန်တယ်။ကိုယ် အဲ့မိန်းကလေး
အကြောင်းကိုသေချာစုံစမ်းရမယ်။သူ ကိုယ့်စံအိမ်ကို
ရောက်လာကတည်းကကိုထူးဆန်းနေတယ်ဆိုတာ
ကိုယ်သတိထားမိတယ်"
"သတိဆိုတာပိုတယ်လို့ရယ်မရှိပါဘူး ဦးသ"
ဖန်လုံးရောင်၏စကားကိုနားစွန်နားဖျားကြားလိုက်ရုံမျှမဟုတ်
ပဲအပြည့်အစုံကိုပါကြားလိုက်ရသည့်ခန့်လေး(L)သည်အစ်ကို
ဖြစ်သူအတွက်စိုးရိမ်နေမိသည်။အစ်ကိုဘာလို့အဲ့ဒီမိန်းမကို
ခေါ်ထားရတာလည်း။အခုရောဘာလို့အဲ့ဒီမိန်းမကအစ်ကို
ကားထဲမှာရှိနေရတာလည်း ခန့်လေး(L)သိချင်သည့်စိတ်
ဖြင့်ကားမှန်တံခါးကိုလက်ဖြင့်ခေါက်လိုက်လေသည်။
"တောက်.....တောက်...."
ဖန်လုံးဖုန်းသုံးနေရင်းကားမှန်တံခါးခေါက်သံကြောင့်လှည့်
ကြည့်မိလိုက်တော့ကိုလူချောကြီး၏ညီဖြစ်နေသည်။နေပါ
ဦး သူကဘာလို့ဒီကိုရောက်နေတာလည်း။ဟိုအိမ်မှာတုန်းက
သူကိုမတွေ့ပါဘူး။ငါ့လုပ်မယ့်အစီအစဉ်အတွက်သူကပြသာနာရှိနိုင်တယ်။မဖြစ်ဘူး ငါ့ဘက်ပါအောင်စည်းရုံးသိမ်းသွင်း
မှရမယ်။ဖန်လုံး ကားမှန်တံခါးကိုချလိုက်ပြီး
"ဟင် ရှင်က...."
"ငါကခန့်လေး(L) မင်းက"
"ကျွန်မကဖန်လုံးရောင်ပါ။ဒါနဲ့ ရှင်ကဘာကိစ္စရှိလို့လဲ"
"အစ်ကို့ကားထဲမှာမိန်းကလေးတစ်ယောက်ထိုင်နေတာ
ကိုမြင်လိုက်လို့လာကြည့်တာ။ဒါနဲ့မင်းကဘယ်လိုလုပ်ပြီး
အစ်ကို့ကားထဲရောက်နေတာလည်း"
"သူခေါ်လာတာလေ"
"အစ်ကိုကမင်းကိုဘာလို့ခေါ်လာရတာလည်း"
"သိချင်ရင်ရှင့်အစ်ကိုကိုမေးကြည့်။ဖန်လုံးကိုလာမမေးနဲ့
အာရုံနောက်တယ်"
"ဘာကွ.... မင်းကများပြောရတယ်ရှိသေး၊ငါ့အစ်ကိုကား
ထဲလူမသိသူမသိဝင်ထိုင်နေတဲ့သူကများ လေသံကမာ
ရေကျောရေနဲ့"
"ဘာလူမသိသူမသိလည်း၊ရှင့်အစ်ကိုကိုယ်တိုင်ဖန်လုံး
ကိုခေါ်လာတာလို့ဖန်လုံးပြောပြီးပြီးလေ အဲဒါရှင်ဘာ
သိချင်သေးလို့လည်း"
"ဖန်လုံးတို့ဂေါ်လီလုံးတို့ငါစိတ်မဝင်စားဘူး။ငါစိတ်ဝင်
စားတာမင်းဘာလို့ငါ့အစ်ကိုကားထဲဘာလို့ရောက်နေ
တယ်ဆိုတာပဲ နောက်ပြီးငါ့အစ်ကိုကမိန်းကလေးတစ်
ယောက်က်ိုလွယ်လွယ်နဲ့ကားပေါ်ခေါ်တင်တဲ့လူမဟုတ်
ဘူး။အဲ့တော့မင်းဘက်ကအတင်းအကြပ်တောင်းဆို
လို့ခေါ်လာတာဖြစ်မယ်"
"ရှင်မဟုတ်တာတွေလျှောက်မပြောနဲ့"
ဦးသနှင့်မယ်လည်းအပြင်ဘက်ကအသံတစ်ကြောင့်ခြံ
ထဲဆင်းလာခဲ့ကြသည်။အသံလာရာဘက်ကိုကြည့်လိုက်
တော့ဟိုမိန်းကလေးနှင့်Lတို့စကားများနေကြပုံပင်။
အကြောင်းအရာအလုံးစုံသိရအောင်သူတို့နှစ်ယောက်လုံး
ဟိုမိန်းကလေးနှင့်Lတို့ဆီလျှောက်လာခဲ့ကြသည်။စကား
များနေကြသူများကဦးသ၏မွေးစားညီဖြစ်သည့်Lနှင့်အစောန
ကအဖွားအခန်းမှာပြောခဲ့သည့်ဦးသခေါ်လာသည့်မိန်းကလေး
ပင်ဖြစ်မည်။
"ဘာဖြစ်နေကြတာလည်း "
"ဘာဖြစ်ရမှာလည်း ရှင့်ညီကဖန်လုံးကိုမယုံသင်္ကာနဲ့
မဟုတ်တမ်းတရားတွေလျှောက်ပြောနေတာလေ"
"L မဟုတ်တမ်းတရားတွေပြောတယ်ဆိုတာမဖြစ်နိုင်
ဘူးထင်တယ် ညီမလေး။ဘာလို့ဆို Lကအမြဲတမ်းအမှန်
တိုင်းပြောနေကျလေ အခုညီမလေးကအဲ့လိုပြောတော့
အစ်မတောင်ညီမလေးကိုမယုံသင်္ကာဖြစ်လာပြီ"
ဖန်လုံးကိုဆရာလာလုပ်နေသည့်မိန်းမကိုကြည့်ပြီး
အမြင်ကပ်မိသည်။နင်ကဘာမို့လို့ဝင်ပါရတာလည်း
နင်နဲ့ဘာဆိုင်လို့လည်း နောက်ပြီးနင်ကဘာလို့ကိုလူ
ချောကြီးနဲ့အတူတူရှိနေရတာလည်း။
"ရှင်ကဘယ်သူလဲ။ဘာလို့ကြားကနေဝင်ပါနေရတာ
လည်း။ရှင်ပြောသလိုဖန်လုံးကပဲလိမ်ညာနေတယ်ပဲထား
အဲဒါရှင်နဲ့မဆိုင်ဘူးလို့ဖန်လုံးထင်တယ်"
"တို့ မင်းကိုလိမ်ညာတယ်လို့မပြောလိုက်မိဘူးနော်။
မင်းဘာသာမင်းလိမ်ညာနေတယ်ဆိုတာကိုမင်းသိနေ
တယ်မလား။မင်းရဲ့လိမ်ညာမှုကိုLကတပ်အပ်ယုံကြည်
လိမ့်မယ်လို့ကြိုတင်တွေးထားတာလား"
"ရှင်..... ရှင်..."
ထိုစဉ် ဖန်လုံးရောင်ကို၏အမူအရာသွင်ပြင်ကိုရှုတ်ချစွာ
ကြည့်ပြီးပြောလိုက်သူကသဝင်္ဏပင်
"မင်းလိမ်ညာနေတာမလား ဖန်လုံးရောင်"
ဆက်ရန်
💋 Part{22}=Coming Soon 💋