💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋
"အေး ပျော်လို့သောက်တာမူးချင်နေတယ်။ပြန်ကြ
မယ် အနားယူတဲ့အိမ်ကိုမောင်း"
"ဟုတ် အစ္ကို"
ဖန်လုံးရောင်ကားလေးသူတို့အနောက်ကလိုက်လာတာ
Lသတိမထားမိချေ။ကားကိုလမ်းထဲဝင်လာတော့ဖန်လုံးရောင် ဆက်မလိုက်ပဲအရှေ့ကိုမောင်းသွားပြီး
"နောက်တစ်ခါ လာရှာမယ်။အခုအိမ်ပြန်တာပဲကောင်းတယ်"
L ကအစ်ကိုနားသည့်ခြံကိုပို့ပြီးစအိမ်ကိုပြန်လာခဲ့သည်။
အရင်ကတည်းကစံအိမ်ကအလုပ်သမားတွေအားလုံးက
သူကိုလေးစားကြသည်။Lကလည်းခွဲခြားစွာမဆက်ဆံခဲ့
ဘူးလေ အခုသခင်လေးဖြစ်တော့ အရိုသေပေးကြတော့
Lအနေခက်နေပြီလေ။သဝင်္ဏမနက်အစောကြီးနိုးနေတော့
ခြံထဲကသူစီးနေကျကားလေးနဲ့ပဲမယ်ကိုတွေ့ဖို့ထွက်လာခဲ့
လေသည်။မယ်ကိုသူချစ်သည်။သဝင်္ဏကားလေးမယ်ခြံ
အနားရောက်တော့လမ်းဘေးချရပ်ပြီးခြံရှေ့လမ်းလျောက်
လာခဲ့ပြီးခြံတခါးစောင့်နေသည့်ဦးလေးကိုခေါ်လိုက်သည်။
"ဦးလေး ဒီအိမ်ကဒေါက်တာနဲ့တွေ့ချင်လို့ပါ။မင်းသဝင်္ဏပိုင် လို့ပြောလိုက်ရင်သိပါတယ်"
မယ် ဒီနေ့ဆေးရုံ duty outထားလို့ဧည့်ခန်းမှာထိုင်ပြီး
စာအုပ်ဖတ်နေမိသည်။ခြံစောင့်ဦးစော က
"သမီးရေ အပြင်မှာဧည့်သည်တွေ့ချင်လို့တဲ့မင်းသဝင်္ဏပိုင် လိုပြောတယ်"
မယ့်ရင်ထဲပြတဒိတ်ဒိတ်ဖြစ်နေပြီ။ဦးသလာတွေ့ပြီဆိုတော့
မယ်ကိုယ်မယ်ပျော်ရမှာလားဝမ်းနည်းရမှာလားဆိုတာမယ်
မတွေးနိုင်တော့ပဲအပြေးလေးထွက်ပြီးခြံတခါးဖွင့်လိုက်ပြီး
ဦးသ၏ရင်ခွင်ထဲကိုတိုးဝင်လိုက်လေသည်။
"ဦးသရယ်ဒီတစ်နှစ်ကျော်လုံးမယ်ကိုဘာလို့မဆက်သွယ်
တာလည်း၊ဘယ်ရောက်သွားတာလည်း"
"မင်းကိုယ့်ကိုစိတ်မနာဘူးလား"
"မယ်ဦးသကိုစိတ်မနာနိုင်ပါဘူး။ဦးသရဲ့အနမ်းတွေအောက်
မှာ မယ်နှလုံးသားအရည်ပျော်ကျသွားခဲ့တာအဲ့ဒအချိန်က
တည်းကဦးသကိုလူကြမ်းကြီးဆိုပြီးမယ်ကြောက်နေခဲ့မိတာ
ဦးသရဲ့"
"မင်းအချိန်ကျရင်ကိုယ်တို့ဆိုင်တစ်ဆိုင်ကိုသွားကြမယ်
လေ။ကိုယ်ဘာလို့မင်းကိုလာမတွေ့နိုင်တာလည်းဆိုတာ
ကိုပြောပြမယ်"
မယ်အိမ်ကိုရောက်နှင့်နေပြီဖြစ်သည့်ဦးသကိုတစ်ချက်
ကြည့်လိုက်ပြီး
"ဦးသအိမ်ထဲကိုဝင်ခဲ့ဦးလေ မယ်မိဘတွေရှိတယ်။မယ်
မိဘတွေနဲ့ဦးသကိုမိတ်ဆက်ပေးမယ်"
မယ်ဦးဆောင်ပြီးခေါ်သွားလေသည်။ဧည့်ခန်းကိုရောက်
တော့မယ်က
"ဒယ်ဒီနဲ့မာမီ ဦးသကမယ်ဆေးကုသပေးနေတဲ့စံအိမ်က
အဖွားရဲ့မြေးလေးလေ"
"သခင်မကြီးကိုသိတယ်။ဒယ်ဒီကသခင်မကြီးမှာမြေးရှိ
တယ်ဆိုတာသိတော့သိတယ် အခုမှပဲသခင်မကြီးရဲ့မြေး
ကိုမြင်ဖူးတော့တယ်"
"ဟုတ်ကဲ့ အန်ကယ်"
"ဦးသ ခဏစောင့်နေနော်"
မယ်ပြောပြီးခဏအကြာ လှပတဲ့ပန်းရောင်ဝမ်းဆက်လေး
နှင့်အပေါ်ထပ်ကဆင်းလာတာကိုသဝင်္ဏမြင်တော့မချီးကျူး
ပဲမနေနိုင်တော့
"မင်းအရမ်းလှတယ် မယ်"
ဦးသ၏စကားကြောင့်မယ် မသိမသာပြုံးလိုက်ပြီး
"ဦးသ သွားမယ်လေ"
သဝင်္ဏထရပ်လိုက်ပြီး
"အန်ကယ်နဲ့အန်တီ ခွင့်ပြုပါဦးနော်"
"အေးအေး"
"မယ်ခြံအနားမှာကိုယ့်ကားရပ်ထားခဲ့တယ်"
"ဟုတ်"
မယ်လည်း ကားမယူတော့ပဲဦးသ၏ကားနှင့်အတူသွားဖို့
ကားနားကိုလမ်းလျောက်ခဲ့ကြသည်။ကားပေါ်ရောက်တော့
ဦးသကခေါ်ပြန်ရော
"မယ် ကိုယ်တို့ဘယ်ဆိုင်ကိုသွားကြမလည်း"
"အေးဆေးတိတ်တဆိတ်ရှိတဲ့ဆိုင်ကိုမောင်း ဦးသ"
ကားလေးမောင်းလာပြီးမကြာခင်မှာပင်တိတ်ဆိတ်တဲ့ဆိုင်
လေးလားမသိပေမဲ့လူရှင်းနေတာပဲ ကားလေးကဆိုင်ထဲ
ကကားပါကင်ရှိသည့်နေရာမှာထိုးရပ်လိုက်လေသည်။
ဦးသက ကားပေါ်ကအမြန်ဆင်းပြီး မယ်ဆင်းမဲ့ကားတံခါး
ကိုဖွင့်ပေးလိုက်သည်။မယ်နှင့်ဦးသဆိုင်ထဲကိုရောက်တော့
စားပွဲထိုးဝိတ်တာလေးကသူတို့အနားကိုရောက်လာပြီး
"ဘာများမှာချင်ပါသလည်း လူကြီးမင်းခင်ဗျာ"
"ကော်ဖီနှစ်ခွက်အရင်ပေးပါ ကျန်တာနောက်မှထပ်
မှာပါ့မယ်"
"ဦးသ မယ်ကိုဘာလို့လာမတွေ့တာလည်းဆိုတာပြောပြ"
"မင်းနဲ့ကိုယ့်ညီမဝမ်းကွဲကိုပြန်ပေးဆွဲသွားတဲ့နေကပေါ့
ကိုယ်ညဘက်လိုက်လာပြီးညိနှိုင်းနေရင်းရဲတွေရောက်
လာပြီးတိုက်ပွဲဖြစ်ကြတယ်"
"အဲ့တာမယ်သိတယ် ဦးသ"
"ကိုယ်သတိပြန်ရတော့တောင်တွေကြားကစခန်းတစ်
ခုရောက်နေတာ၊ကိုယ့် ဦးလေးတော်သူကခေါ်လာတာ
တဲ့ကိုယ်သတိမေ့နေလို့"
"ဟုတ်တယ် အဲ့အချိန်ကဦးသသွေးထွက်လွန်ပြီးသတိ
မေ့သွားတာ"
ကိုယ်ဆးကုနေရင်းအချိန်တွေကြာမှန်းမသိကြာလာတယ်။
ကိုယ်ပြန်ကောင်းလာတော့ကိုယ်ပြန်လာဖို့အတွက်ပြင်
ဆင်ပြီးပြီ။အဲဒီအချိန်မှာရဲတပ်ဖွဲ့ဝင်စီးတာခံလိုက်ရလို့
ကိုယ့်ရဲ့ဦးလေးကျဆုံးသွားတယ်။အဖွဲ့သားတွေလည်း
တ်ာတော်များများသေကြတယ်။ကိုယ့်နဲ့ကိုယ့်ညီမဝမ်းကွဲ
လေးရယ်ကျန်တဲ့အဖွဲ့သားတွေရယ်လွှတ်အောင်ပြေးနေ
ရတဲ့အချိန်ပေါ့။လမ်းမှာကိုယ့်ညီမဝမ်းကွဲကလည်းငှက်ဖျားမိ
လို့အသက်ဆုံးရှူံသွားပြန်တယ်။ကျန်တဲ့အဖွဲ့သားတွေကလည်း အားကိုးရာမဲ့နေကြပြီလေ။ကိုယ်ကပဲအဖွဲ့သားတွေကိုလုပ်ကိုင်စားသောက်ဖို့အတွက်အကုန်စီစဉ်ပေးမယ်၊လက်နက်တွေ
စွန့်လွှတ်ပြီးကောင်းရောင်းကောင်းဝယ်လုပ်ကိုင်ကြမယ်ဆို
ပြီးမြို့ပေါ်လိုက်ခဲ့ကြတော့အဲ့လိုနဲ့ပဲကိုယ့်လူတွေဆီဆက်သွယ် ပြိးတော့အခုလိုပြန်ရောက်လာတာပဲလေ။Lကလည်းကိုယ့် ကြောင့်ထောင်ကျသွားတယ်လေ။Lထောင်ကျသွားတာ
ကိုဦးလေးပြောမှသိခဲ့ရတာပြန်လာဖို့ဒဏ်ရာကအရမ်းဆိုး
နေတော့လာလို့မရဘူး။အခုလည်းကိုယ့်ကိုဖမ်းဖို့သက်သေ
ရှာနေကြတယ်"
"မယ် ဦးသကိုချစ်တယ်။ဦးသရဲ့အပြစ်တွေဝန်ခံပြီးဥပဒေ
အတိုင်းအပြစ်တွေကိုဝန်ခံလိုက်ပါအမှုသက်သာအောင်
ဦးသကိုမယ်ကူညီမယ်"
"ကိုယ်တစ်နေ့တော့ကိုယ်ကိုကိုယ်တိုင်အပြစ်တွေကို
ဝန်ခံပါ့မယ်။နောက်ပြီးတော့ ကိုယ်မင်းကိုချစ်တယ် babe"
"မယ်တို့ပြန်ကြမယ်လေ"
ဝိတ်တာကိုငွေရှင်းပြီးကားဆီလျှောက်လာခဲ့ကြသည်။
ကားထဲးဝင်ထိုင်တော့ဦးသကမယ်လက်လေးကိုကိုင်ပြီး
"ချစ်တယ် babeရယ်"
သဝင်္ဏပြောလည်းပြောမယ်၏ကိုယ်လုံးလေးလှည့်ဖက်ပြီး
နှုတ်ခမ်းချင်းထိတွေ့ပြီးအနမ်းတွေးပေးမိလေတော့သည်။
မယ်ကလည်းသာယာမှုနှင့်အတူငြိမ်နေလိုက်တော့သည်။
နမ်းတာကိုအဆုံးသတ်ပြီးကားလေးကမယ်အိမ်ဘက်ဆီသို့
ပြန်လိုက်ပို့ပေးလေသည်။
ဖန်လုံးရောင် ညကအိပ်မပျော်လို့ဟိုလူကြီးကိုမြင်ယောင်
နေမိသည်။လူကြီးရေ ဖန်လုံးရောင်ရှင်ကြီးကိုရင်ခုန်နေမိတယ်။မနက်ကအိပ်ယာထနောက်ကျတော့သီချင်းဆိုဖို့ခေါ်လည်းမသွားနိုင် စိတ်တွေကဟိုလူကြီးဆီရောက်နေပြီလေ။ဖန်လုံး
ရောင်ရေမိုးချိုးပြီးအလှပြင်ပြီးတော့ကားသော့လေးလက်ထဲ
ဆော့ကစားရင်း
"ဒယ်ဒီနဲ့မာမီရေ ဖန်လုံးသွားပြီ"
ပြောသည့်အသံပဲကြားရပြီးလူကကားပေါ်ရောက်နှင့်နေပြီ
ဖြစ်သည်။အဲဒါဖန်လုံးပဲလေ ဘာမှပြန်မမေးခင်အမြန်လစ်နေကျလေ။ဖန်လုံးရောင် ကားလေးကပြိုင်ကားလေးဆိုတော့
လူတွေအထင်ကြီးရင်အထင်ကြီးလောက်ပါပေသည်။ကားလေးကိုမနေ့ညကဟိုလူချိုးကွေ့တဲ့လမ်းထဲဝင်လိုက်တာ ခြံဝန်းကြီးတစ်ခုမှန်းသိလိုက်ရသည်။လမ်းကတစ်လမ်းထဲဘေးဘယ်ညာကသစ်ပင်ပန်းပင်တွေနဲ့မထူးတော့ဘူးဆိုပြီးမောင်းလာလိုက်တာသစ်ပင်ကြီးတွေအလယ်မှာထင်ထင်ရှားရှားကြီးမြင်နေရ
သည့်အိမ်ကြီးကအံမခန်းပဲ။ဖန်လုံးရောင်ကားလေးကိုပေါ်တီ
အောက်မှာရပ်ပြီးအိမ်ထဲကြည့်လိုက်တော့လူတွေ့ရသဖြင့်
ခေါ်လိုက်လေသည်။
"ဒီမှာရှင့် ဒီအိမ်မှာနေတဲ့အိမ်ရှင်ရှိလား"
ဖန်လုံးမေးတာကိုဘာမှမပြောဘူး။နောက်တစ်ယောက်လည်း
လာပြန်ရောတံခါးဖွင့်ပြီး
"ခလေးမ ဘယ်သူ့ကိုမေးတာလည်း"
အသက်ကြီးကြီးလူကြီးတစ်ယောက်ကဖန်းလုံးရောင်ကိုပြန်
မေးတော့ ကြောင်ပြီးအဲ့လိုအချိန်မှာဟိုလိုလိုဒီလိုလိုနဲ့သဝင်္ဏ
၏ကားလေးဝင်လာတော့ဖန်လုံးရောင်က
"ဟိုမှာ ဦးလေးကြီးလာနေပြီ"
အိမ်ထိန်းလည်းသခင်လေးပြန်လာတော့သခင်အေနားသွားဖို့
ခြေလှမ်းပြင်တော့လက်ကာပြလိုက်တော့လှမ်းရမည့်ခြေ
လှမ်းတွေရပ်သွားရသည်။
"ဒီမှာရှင်အိမ်လား"
"မိန်းကလေး ဘယ်သူ့ကိုလာရှာတာလည်း"
ဖန်လုံးရောင်လက်ညိုးထိုးပြလိုက်သည်ကသဝင်္ဏဖြစ်
နေသည်။
"ဒီအိမ်ကရှင်ပိုင်တာလား"
"ဟုတ်ပါတယ်"
ဖန်လုံးရောင် အကြံတွေအမြန်ထုတ်နေရသည်။ခဏအကြာ
တော့
"ရှင့်အိမ်မှာခဏလောက်တည်းချင်လို့ပါ။ဗုဒ္ဓေါ ဘုရားရေ
မင်းကငါ့အိမ်မှာတည်းမလို့ မင်းဘာသာမင်းတည်းခိုခန်းမှာ
သွားတည်းပါလား"
"ဟိုလေ ဖန်လုံးကတစ်ယောက်တည်းမို့လို့ပါ။နောက်ပြီး
အခုတည်းခိုခန်းတွေကစိတ်မချရလို့ပါ။ပစ္စည်းလုယက်
ပြီးလူပါအသတ်ခံနေရတာလေ၊ဒီအိမ်ကြီးကလုံခြုံတယ်ထင်
လို့ဝင်ခဲ့မိတာပါ။ဒါကြောင့်မို့ဖန်လုံးကိုရှင့်အိမ်မှာခဏလောက်
နေခွင့်ပေးပါလားဟင်"
သဝင်္ဏကလည်းလူတစ်ယောက်နေတာဆိုပေမဲ့မိန်းကလေး
ဖြစ်နေတော့စဉ်းစားနေရင်းလူတစ်ယောက်သူအိမ်မှာပေးနေ
လို့ဘာမှမဖြစ်ပေမယ့်အခုနေမယ့်သူကမိန်းကလေးဖြစ်ပြီး
လှလည်းလှတယ်။ခွင့်မပြုဘူးပြောရင်လည်း သူမဘယ်မှာ
တည်းမလည်း မဖြစ်ဘူးထပ်မေးကြည့်ဦးမှ
"မင်းကားကဘာဖြစ်လို့လည်း"
"ကားကတစ်ချက်တစ်ချက်ဆိုရင်ထိုးရပ်ချင်နေတယ်"
ရှင်ကြီးကမေးတော့ဖန်လုံးလည်းလိမ်ရပြန်ရောပေါ့။
"အေး မင်းကားပြင်ပေးမယ်။မင်းတည်းခိုချင်တယ်ပြောတော့
ဘယ်နှစ်ရက်လောက်နေမှာလည်း"
"သူငယ်ချင်းကသူအိမ်ကိုသော့ခတ်ပြီးနယ်ရောက်နေလို့တဲ့ သူပြန်လာတဲ့အထိနေပါရစေနော်"
သဝင်္ဏသီးသန့်အနားယူနေသည့်အိမ်မှာရှိနေသည့်အိမ်
ထိန်းကြီးဦးဘစိုးကိုခေါ်ပြီး
"ဦးလေးဘစိုး သူ့ကိုအခန်းတစ်ခန်းပေးလိုက်ပါ။အပေါ်
ထပ်ကအခန်းပေးလိုက်ပါ"
"ဟုတ်ကဲ့ သခင်လေး"
ဖန်လုံးရောင် အိမ်ကြီးထဲဝင်လိုက်တော့အေးစိမ့်နေတာပဲ ကြောင်လှိမ်လှေကားကလည်းအဆင့်မြင့်လက်မှုပညာ
သည်တွေနဲ့တပ်ဆင်ထားတဲ့အိမ်ကြီးပါလား။အပေါ်ထပ်ကို
ရောက်တော့အခန်းတွေအနားရောက်တော့
"မိန်းကလေးနေရမယ့်အခန်းပါ"
အိမ်ထိန်းဦးဘစိုးကသော့ဖွင့်ပေးလိုက်တော့ဖန်လုံးရောင်
အခန်းထဲကိုဝင်သွားလေသည်။
"ဝိုးးး အခန်းကလူမနေပဲနှင်းဆီရနံ့တွေနဲ့မွေးကြိုင်နေတာပဲ
ကုတင်၏ဆိုဖာ၊ခြင်ထောင်လေးကအစကိုရီးယားစတိုင်နဲ့
အလှပြင်ခုံလေးနဲ့ပြည့်စုံနေတာလေ။သိပ်ကိုကဗျာဆန်
တဲ့အိမ်ကြီးပါလား။ဘယ်သူနေဖို့ဒီလိုအခန်းမျိုးရှိနေရတာ
လည်း"
သဝင်္ဏလည်းစာကြည့်ခန်းထဲစာဖတ်နေရင်းထမင်းစားဖို့
လာခေါ်တော့
"သခင်လေး ထမင်းပွဲပြင်ဆင်ပြီးပါပြီ"
"ကောင်းပြီ။ဒါဆိုဧည့်သည်ကိုထမင်းစားဖို့မိအေးကို
သွားခေါ်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
ထွက်သွားသောအိမ်ဖော်မလေးကအိမ်ထိန်းဦးဘစိုး၏
တူမလေးပင်ဖြစ်သည်။မောင်မြင့် ကကားလည်းမောင်း
သည်။အိမ်ကပရိဘောဂတွေလည်းသန့်ရှင်းအောင်ဂရုစိုက်
ပေးသူပင်ဖြစ်သည်။မောင်မြင့်ကမိအေးကိုမြင်တော့
"အပေါ်ထပ်ကဧည့်သည်ကိုထမင်းစာဖို့အောက်ထပ်ကို
ကြွပါလို့ တစ်ခါတည်းစောင့်ပြီးခေါ်လာခဲ့နော်"
ဖန်လုံးရောင်ထမင်းစားခန်းထဲရောက်လာပြီးထမင်းစားနေရင်း
စကားတွေဆက်တိုက်ပြောနေတာသာလိကာမလေးကျနေတာပဲ။
သဝင်္ဏထမင်းစားပြီးအအေးဖျော်လာပေးတာကိုနည်း
နည်းပဲသောက်ပြီးအခန်းထဲသွားနားနေတော့သည်။
🍒🍒🍒 ဒီမိန်းကလေးအတော်ကိုစကားပြောတာပဲ🍒🍒🍒
ဆက်ရန်
💋 Part{21}=Coming Soon 💋