book

Index 19

💋Part{19}💋

💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋


"ကိုယ် မယ်ကိုလက်ထပ်ချင်တယ်။မယ် ဘက်ကရော "


"မယ်ဘက်ကမိဘတွေကိုပွင့်ပွင့်လင်းလင်းပြောထား

ပြီးသားပါ။မယ် ကိုမင်းဇေယျာလွင်ကိုလက်မခံနိုင်ပါ

ဘူး။မယ်မှာချစ်ရမယ့်သူရှိပြီးသားပါ မယ်အခုသူ့ကို

မျှော်လင့်နေတာပါ။မယ်ပြောစရာရှိတာပြောပြီးပြီးဆို

တော့မယ်ကိုခွင့်ပြုပါဦး။မယ်သွားစရာရှိသေးလို့"


မယ်ထသွားတော့သူမတားချင်တော့ဘူး။အချိန်တွေသာ

(1)နှစ်သာကုန်သွားတယ်၊မယ်ဆီကအချစ်ကိုမရလိုက်

ဘူး။အချစ်မပြောနဲ့ဂရုစိုက်မှူလေးတောင်မရရှိခဲ့ပါဘူး။

အခုသူဘာဆက်လုပ်ရမလည်း ဘာကိုဆက်လုပ်သင့်

တယ်လို့ထင်လည်း......။


မယ်ကားလေးစံအိမ်တံခါးအရှေ့ကိုရောက်တော့ကား

ဟွန်းတီးလိုက်လေသည်။မယ်ကားဟွန်းတီးသံကြား

တော့ခြံအပြင်ဘက်က်ိုထွက်လာကြပြီးမေးတော့ကား

မှန်တံခါးလေးချပြလိုက်တော့အံ့သြသင့်သွားရပြီး


"ဒေါက်တာပြန်လာပြီဟေ့။တံခါးမြန်မြန်ဖွင့်ကြ"


သြော် မယ်မပြန်လာမှာသူတို့တွေတောင်စိုးရိမ်နေကြပါ

လား။မယ် ကားလေးအထဲကိုမောင်းဝင်သွားပြီးအိမ်တံခါး

အရှေ့မှာရပ်လိုက်ပြီးဆင်းလိုက်တော့အိမ်မှာရှိတဲ့လူတွေ

အကုန်လုံးကြိုဆိုနေကြတာသူတို့အိမ်ရှင်ရဲ့သခင်မကျနေ

တာပဲ။သူတို့ရဲ့သခင်လေးမရှိဘူးလားဆိုတာမမေးတော့ပါ

ဘူးလေ။


"အဖွားရော အခန်းထဲကမထွက်နိုင်သေးဘူးလား။

အဖွားဆီသွားကြည့်ဦးမှပဲ"


မယ် ဦးသ၏အဖွားဖြစ်သူအခန်းကိုလာခဲ့သည်။မယ် အဖွား

၏အခန်းထဲကိုဝင်လာခဲ့တော့


"အဖွားငိုနေတယ်၊အဖွားဘာဖြစ်လို့ငိုနေတာလည်း"


"အော် မြေးလေးရောမြေးမလေးရောအဖွားအနားက

ထွက်သွားကြတာကို အခုမြေးမလေးကပြန်လာပြီဆို

တော့အဖွားမြေးလေးကဘယ်မှာလည်း"


မယ် အဖွားကိုလိမ်ရတာစိတ်မကောင်းပေမယ့်ဦးသကို

ဒဏ်ရာတွေနဲ့တွေ့ပြီးကတည်းကအခုထိသတင်းမကြား

ရတော့မယ်စိတ်ပူနေမိသည်။


"အော် အဖွားရယ်၊အဖွားမြေးလေးကအလုပ်တွေများလို့

ခရီးလွန်နေတာနေမှာပါ။စိတ်မပူနဲ့နော်အဖွားဆီပြန်လာ

လာပါလိမ့်မယ်"


"အေးပါ မြေးလေးရယ်"


အဖွားကိုကြည့်ပြီး


"မယ်အဖွားကိုသွေးပေါင်ချိန်စစ်ပေးမယ်နော်"


ပြောလည်းပြောလက်ကစက်လေးကိုင်ပြီးနားကြပ်တပ်ပြီး

စတင်အလုပ်လုပ်နေမိသည်။


"အင်း အဖွားနေကောင်းလာပါပြီ"


စက်ကိုပြန်သိမ်းပြီး


"အဖွား မယ်နောက်နေ့တွေလာခဲ့ပါ့မယ်။အခုမယ်ပြန်

ခွင့်ပြုပါနော်"


"အေးပါ မြေးရယ်မကြာမကြာလာနော်"


အဖွားကိုပြောပြီးထွက်လာခဲ့သည်။အခန်းပြင်ဘက်ကို

ရောက်တော့ဦးသအခန်းကိုသွားပြီးဝင်ကြည့်ဖြစ်သည်။

ဦသ တစ်ခုခုဖြစ်နေပြီလား မယ်အတွေးတွေကိုချက်ခြင်း

ရပ်ပြီး


"ဟူးးး ရင်တွေမောရပါလားဦးသရယ်။အမြန်ပြန်

လာပါတော့ကွယ်"


ရင်ထဲမှာခံစားချက်မျိုးစုံနဲ့ မယ်ဘာတွေဖြစ်နေလည်း

မသိတော့ဘူး။မယ်စံအိမ်ကလူတွေအားလုံးကိုနှုတ်ဆက်

ပြီးပြန်ထွက်လာခဲ့သည်။အာလုံးရဲ့မျက်လုံးတွေက မယ်

ကိုသူတို့ရဲ့သခင်လေး ချစ်သူလို့ထင်နေကြမှာစိတ်မကောင်း

တဲ့မျက်လုံးတွေလား၊မယ်ပြန်မလာမှာဆိုးလို့ဝမ်းနည်းနေ

တဲ့မျက်လုံးတွေလားဆိုတာဝေခွဲရခက်နေပြန်ရော။မယ်

တွေးရင်းကားနားရောက်လာပြီးခြံစောင်အဘကခြံတခါး

အသင့်ဖွင့်လို့ရယ်မယ်လည်ကားပေါ်တက်ပြီးဘီးလှိမ့်ရုံ

လေးမောင်းထွက်လာတော့ရသည်။

မယ်အိမ်ပြန်ရောက်တော့အချိန်ကည(8)နာရီကျော်နေပြီ။

ရေမိုးချိုးပြီးဆေးတစ်လုံးကိုကော်ဖီနဲ့သောက်ပြီးအိပ်စက်

လိုက်တော့လေသည်။


Lထောင်ကလွှတ်လာပြီး(6)လဆိုသည့်အချိန်ကLအတွက်

မြန်နေပေမယ့် သဝင်္ဏအတွက်ကြာမြင်တဲ့ကာလတစ်ခုပင်

ဖြစ်သည်။သဝင်္ဏ Lလွှတ်လာတော့အသင်ကြို့ဖိုထောင်

အပြင်ဘက်မှာရပ်စောင့်နေလေသည်။ညီအကိုအရင်းပမာLအပေါ်သူခင်တွယ်ခဲ့သည်။


"ဝမ်းသာလိုက်တာLရယ်"


ဖက်ပြီးမျက်ရည်ကြရပြန်သည်။Lကလည်းသူ့အတိုင်းပင်

မျက်ရည်ကြပြန်သည်။


"ဆရာဒဏ်ရာတွေပျောက်ပြီလား"


"အေး ငါပျောက်နေတာကြပြီ။စံအိမ်ကို မသွားဖြစ်ဘူး

မင်ထွက်အလာစောင့်နေတာ"


L သခင်လေးနှင့်အတူစံအိမ်ကိုပြန်ရန်ကားလေးကစံအိမ်

ကိုမောင်းနှင်းလာကြတော့သည်။စံအိမ်တံခါးအရှေ့ရောက်

တော့ကားဟွန်တီးလိုက်သည်နှင့်အားလုံးအချက်ပေးခေါင်း

လောင်သံမြည်သလိုအဆင့်ဆင့်ရောက်လာကြပြီး


"သခင်လေးပြန်လာပြီ"


အော်လည်းအော်တံခါးလည်းဖွင့်ရင်းကားကိုသခင်လေး

ကိုယ်တိုင်မောင်းလာတာမြင်တော့အားလုံးကအံ့သြ

သင့်နေကြသည်။


"L မင်းစံအိမ်မှာရှိတဲ့လူတွေအားလုံးကိုခေါ်လိုက်။ငါအဖွား

ကိုသွားတွေ့လိုက်ဦးမယ်"


"ဟုတ်ကဲ့ သခင်လေး"


သခင်လေးထွက်သွားတော့Lလည်းသခင်ပြောသည်အတိုင်း

လုပ်ရန်အစေခံတန်းလျားကိုလာခဲ့သည်။


သဝင်္ဏ အဖွားရှိရာအခန်းအရှေ့ကိုရောက်လာပြီးတံခါး

ကိုအသံမကြားအောင်အသာလေးတွန်းဖွင့်ပြီးအဖွား

အခန်းထဲကိုဝင်လာခဲ့သည်။ထိုစဉ်အဖွားဆီကအသံကို

ကြားလိုက်ရသည်။


"အဖွားကမှေးနေတာအခုနကြားလိုက်တာ၊မြေးလေပြန်

လာပြီဆိုတာအော်နေကြတယ်။တကယ်ပြန်လာတာပဲ

မြေးလေးရယ်အဖွားကိုပြစ်ထားခဲ့ပြီလားလို့ထင်ပြီးအဖွား

စိတ်မကောင်းဖြစ်နေတာ"


သဝင်္ဏစိတ်ထဲမကောင်းဖြစ်မိပြီးမျက်လုံးကပုတ်ခတ်ပုတ်

ခတ်နှင့်မျက်ရည်လည်မိပြန်သည်။


"အဖွားကိုပြစ်မထားပါဘူး။မြေးကအလုပ်နဲ့ခရီးထွက်သွားရလို့ပါ။မြေးမလေးကလည်းပြောပါတယ်အဖွားမြေးအလုပ်မ

အားလို့နေမှာပါတဲ့"


အော် သူမလေးစံအိမ်ကိုလာသွားရှာတာပဲရင်ထဲ၌ပျော်

သွားမိသည်။


"အဖွားမြေးလေ Lကိုညီလေးအဖြစ်မွေးစားလိုက်မယ်ဆို

ရင်အဖွားသဘောတူလားဟင်"


"ငါမြေးလေးအနား ခန့်လေး(L)တစ်ယောက်လုံးရှိနေ

တော့အဖွားသဘောတူပါတယ်ကွယ်"


"ဟုတ်ကဲ့ပါအဖွား။အခုမြေးအိမ်ကအလုပ်သမားတွေရော

စက်ရုံကမန်နေဂျာတွေရော အားလုံးကိုကြေညာလိုက်

တော့မယ်နော်"


"မြေးလေးသဘောပါ"


"အဖွားမြေးအလုပ်လေးတွေရှိနေသေးလို့နော်"


"အေးပါ သွားသွား။မြေးလေးအိမ်ပြန်လာတာကိုမြင်

ရပြီးဆိုတော့အဖွားဝမ်းသာလှပါပြီကွယ်"


အဖွားစကားကိုဆုံးအောင်နားထောင်ပြီးနောက်အခန်း

ထဲမှထွက်လာခဲ့သည်။သဝင်္ဏ အောက်ထပ်ကိုရောက်

တော့


"ကဲ လူစုံနေပြီဆိုတော့အားလုံးကိုကြေငြာစရာရှိတယ်။

အဲဒါကအဖွားနှင့်ကျွန်တော်ကခန့်လေး(L)ကိုကျွန်တော့်

ရဲ့ညီအဖြစ်မွေးစားလိုက်ပြီဆိုတာပါပဲ။နောက်ပြီးကျွန်တော်

ပိုင်ဆိုင်တဲ့စံအိမ်ရောစက်ရုံတွေရောခန့်လေး(L)လည်း

ပိုင်ဆိုင်ခွင့်ရှိသွားပြီ။ဒါကြောင့်ခန့်လေး(L)ကိုရိုရိုသေသေ

နဲ့ဆက်ဆံကြပါ"


"ဝမ်းသာလိုက်တာ သခင်လေးရယ်။ဒါဆ်ိုကျွန်တော့်မှာ

အစ်ကိုရှိသွားပြီပေါ့နော်"


"အေးပေါ့ကွ တစ်ခါလောက်လာဖက်စမ်းပါဦး"


"ဟုတ် အစ်ကို"


ခန့်လေး(L)လည်းဝမ်းသာလွန်းလို့မျက်ရည်ကျမတတ်ဖြစ်

ရပြီးအစ်ကို ကိုပွေ့ဖက်လိုက်သည်။တကယ်ပဲ သူ့မှာအစ်ကို

တစ်ယောက်ရှိသွားပြီပေါ့။အဲ့ဒီအစ်ကိုကလည်းသူအရမ်း

တန်ဖိုးထားရတဲ့သခင်လေးဖြစ်နေလို့အတိုင်းမသိပျော်ရွင်

မိသည်။အားလုံးကလည်းဝမ်းသာနေကြသည်။သခင်လေး

၏လူယုံကသဘောကောင်းတယ်၊ယဉ်ကျေးတယ်၊အလုပ်

သမားတွေကိုအမြဲကူညီတတ်တယ်ဆိုတာကိုသူ့နားထဲ

ကြားရတော့အလိုလိုပြုံးမိသည်။


"ကဲ အခုcompanyကိုဖုန်းဆက်ပြီးအစည်းဝေးရှိတယ်ပြောလိုက်။ အားလုံးလူစုံပါစေ"


"ဟုတ်ကဲ့ပါ အစ်ကို"


"ခန့်လေး(L)ရုံးကိုသွားကြရအောင်"


သဝင်္ဏကပြောလည်းပြောပြီးထသွားလေသည်။ခန့်လေး

(L)လည်းအနောက်ကပြေးလိုက်ပြီးကားမောင်းသူနေ

ရာ၌ဝင်ထိုင်လိုက်သည်။သဝင်္ဏ ခန့်လေး(L)ကိုကြည့်ပြီး


"Companyကိုမောင်းတော့"


Companyရောက်တော့အားလုံးအစည်းအဝေးခန်းမ

မှာလူစုံနေပြီဖြစ်သည်။သဝင်္ဏရောက်လာသည်နှင့်တစ်

ပြိုင်နက်ထိုင်ခုံမှာမထိုင်ပဲမတ်တပ်ရပ်ပြီး


"အားလုံးကိုအစည်းအဝေးခေါ်လိုက်ရတာကဒီနေ့ကစပြီး

ကျွန်တော့်အနားမှာရပ်နေတဲ့Lကိုကျွန်တော့်ညီအဖြစ်

ကြေငြာတာပါ။ကျွန်တော့်ပိုင်ဆိုင်မှုကလည်းLရဲ့ပိုင်ဆိုင်

မှုပါပဲ။Lကိုကျွန်တော်အားလုံးလွှဲလိုက်ပါပြီ။စက်ရုံနဲ့ပတ်

သက်တာတွေငွေကြေးပြသာနာတွေLကိုတိုက်ရိုက်တင်

ပြလို့ရပါတယ်ဆိုတာကိုအသိပေးတာပါ။အားလုံးအလုပ်

ကိုကြိုးစားလုပ်ကြပါ။ထိုက်တန်တဲ့ဆုလာဘ်တွေရရှိကြ

ပါစေ"


သဝင်္ဏပြောပြီးသွားတော့Lကအားလုံးကိုအရိုအသေပေး

လိုက်သည်။


"L ဒီနေ့ကစပြီးမင်းနဲ့ငါညီအကိုဖြစ်သွားပြီ။အလုပ်တွေ

ကိုညီလေးပိုကြိုးစားပေတော့"


"အစ်ကိုရော"


"ငါ့မှာလုပ်စရာတွေကျန်သေးတယ်"


"ဟုတ်ကဲ့ပါ အစ်ကိုလုပ်ငန်းတွေအောင်မြင်အောင်

ညီကြိုးစားပါ့မယ်"


ဖန်လုံးရောင် သူမကအရမ်းလှပြီးအသားဖြူဖြူဖွေးဖွေးလေး

နဲ့ပင်။သူမကသီချင်းဆိုရတာအရမ်းကြိုက်တဲ့သူ။လက်ရှိ

မှာတက်သစ်စအဆိုတော်လေးတစ်ယောက်လည်းဖြစ်ပေ

သည်။မိဘဂုဏ်အရှိန်အဝါကလည်းကြီးမားသည်။သူမ

အနားကိုကပ်တဲ့သူတွေကလည်းမနည်းပေ။သူမဆိုတဲ့

ဖန်လုံးရောင်ကတော့ဒါတွေကိုစိတ်ဝင်စားခြင်းမရှိပေ။

ဖန်လုံးရောင်ကကားမောင်းတာလည်းတော်သည်။ပြိုင်

ကားလေးကိုသူကိုယ်တိုင်မောင်းပြီးမြို့ထဲလျောက်လည်

နေသူပင်ဖြစ်သည်။ဖန်လုံးရောင် ကားမောင်းနေရင်းဗိုက်

ဆာတာနဲ့ဘေးဘယ်ညာရှိနေသည့်ဆိုင်ကြည့်လိုက်တော့  Beerဆိုင်တွေ့ပြီလေ။ကားကိုဆိုင်ပြတန်းမောင်းပြီးရပ်

လိုက်ပြီးကားပေါ်ကဆင်းလာတော့ဆိုင်ထဲမှာရှိနေသည့်

လူတွေ၏မျက်လုံးတွေကသူ့ဆီရောက်နေတယ်ဆိုတာ

မိန်ကလေးတို့၏အတွင်းစိတ်ထဲကအလိုလိုပင်သိနေသည်။

ဖန်လုံးရောင် ကိုစားပွဲထိုးက


"အမအပေါ်မှာနေရာရှိပါတယ်"


"ရတယ်"


အနားရှိဝိုင်းအလွတ်မှာထိုင်လိုက်ပြီးမီနူးကဒ်ကိုတစ်ချက်

ဖတ်လိုက်တော့


"ကြက်ကြော်တစ်ကောင်၊ယိုးဒယားချဉ်စပ်တစ်ပွဲ။အအေး

တစ်ပုလင်း အဲဒါတွေကိုအမြန်ဆုံးလုပ်ပေးပါ"


"ဟုတ်ကဲ့ အမ"


သဝင်္ဏနှင့်Lလည်းcompanyကအပြန်ဗိုက်ဆာတာနဲ့


"ဒီနေ့ဂုဏ်ပြုတဲ့အနေနဲ့လာကွာ ဆိုင်မှာထိုင်ကြစို့"


"ဟုတ်ကဲ့ အစ်ကို"


Lကားမောင်းလာရင်းBeerဆိုင်တွေ့တာနဲ့ချိုးဝင်လိုက်

သည်။ကားတစ်စီးဝင်လာတာမဆန်းပေမယ့်ဖန်လုံးရောင်

မျက်နှာလေးလှည့်ကြည့်မိသည်။ကားပေါ်ကဆင်းလာ

သည့် မင်းသဝင်္ဏပိုင်ကိုကြည့်မိပြီးဖန်လုံးရောင်စားနေ

သည့်အစားစာကိုမေ့သွားရပြီး


"ဒီလာက်ချောမောပြီးရုပ်ဖြောင့်တာတွေငါ့အနားမှာ

အများကြီး၊ဒါပေမယ့်သူကိုမြင်လိုက်ရတာငါ့ရင်တွေ

ခုန်လိုက်တာသူဘယ်ကလည်းကားကလည်းအကောင်း

စားကြီးအိမ်ထောင်ရောရှိလား စသဖြင့်အတွေးတွေများ

နေပြီ။Oh! နောက်တစ်ယောက်လည်းအမိုက်စားတွေကြီး

ပဲလား။ငါ့တော့ဟိုလူကိုရင်ခုန်သွားပြီ"


သဝင်္ဏ ညီဖြစ်သူခန့်လေး(L)မသောက်တာကြပေမယ့်


"Black Lableတစ်ပုလင်းချ"


မှာထားသည့်Black Lableပုလင်းကိုစားပွဲထိုးလာချ

ပြီးတော့ခန့်လေး(L)ကငှဲ့ပေးသည်။သဝင်္ဏက


"ကမ်းပေ ညီလေး၊အစစအရာရာအဆင်ပြေပါစေ"


သူတို့ကိုကြည့်နေသည့်ဖန်လုံးရောင်ကငွေအရင်ရှင်း

ထားလိုက်သည်။ဖန်လုံးဟိုလူကိုရင်ခုန်နေမိပြီ။နံဘေး

ကတစ်ယောက်ကသူ့ညီဆိုပါလား။


"အစ်ကို ပြန်ကြရအောင်"


"အေး ပျော်လို့သောက်တာမူးချင်နေတယ်။ပြန်ကြ

မယ် အနားယူတဲ့အိမ်ကိုမောင်း"


"ဟုတ် အစ်ကို "


ဖန်လုံးရောင်ကားလေးသူတို့အနောက်ကလိုက်လာတာ

Lသတိမထားမိချေ။ကားကိုလမ်းထဲဝင်လာတော့ဖန်လုံးရောင် ဆက်မလိုက်ပဲအရှေ့ကိုမောင်းသွားပြီး


"နောက်တစ်ခါ လာရှာမယ်။အခုအိမ်ပြန်တာပဲကောင်းတယ်"


ဆက်ရန်


💋 Part{20}=Coming Soon💋


rate now: