book

Index 18

💋 Part{18}💋

💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋


"အေး မင်းလည်းပင်ပန်းနေပြီ"


"မပင်ပန်းပါဘူး သခင်လေး။သခင်လေးစောင့်ရှောက်ခဲ့

လို့အခုလို(ပညာတတ်ပြီးလူလိုသူလိုနေရတာပါ သခင်လေး) "


"မင်းအနားယူတော့ L"


"ဟုတ်ကဲ့ သခင်လေး"


L သခင်လေး၏အခန်းထဲမှထွက်လာခဲ့လေသည်။Lအခန်း

ထဲမှထွက်သွားပြီးနောက်သဝင်္ဏတစ်ယောက်သူမအကြောင်း

ကိုစဉ်းစားမိရင်းသူ့၏ရင်ထဲမှာသူမကိုချစ်မြတ်နိုးမိနေပြီလေ

သဝင်္ဏတစ်ယောက်တည်းအတွေးတွေထဲနှစ်မျောနေမိသည်။

မယ်ကလည်းသူမအိမ်ကိုပြန်ချင်နေပြီ။အဖွားကလည်းသက်သာနေပြီဆိုတော့ငါဘယ်လိုဆုံးဖြတ်ရမလည်း နောက်ဆုံး

တော့လည်းသူဆုံးဖြတ်ချက်ချလိုက်လေသည်။အနားမှာရှိ

နေသည့်ဖုန်းကိုယူပြီးLဆီဖုန်းဆက်လိုက်သည်။


"L ငါ့ဆီခနလာခဲ့ဦး"


"ဟုတ်ကဲ့ သခင်လေး"


ခဏအကြာတော့L သူ့အခန်းထဲရောက်လာခဲ့သည်။Lရောက်

လာတာကိုမြင်တော့


"မယ်စုတြွာ သူမကိုအိမ်ပြန်လိုက်ပို့ပေးလိုက်"


"ဟုတ်ကဲ့ သခင်လေးသေချာလိုက်ပို့ပေးလိုက်ပါ့မယ်"


"မင်းသွားလို့ရပြီ L"


"ဟုတ်ကဲ့ သခင်လေး"


ပြောပြီးLသခင်လေး၏အခန်းထဲမှထွက်သွားသည်။ဒေါက်

တာမယ်၏အခန်းအရှေ့ကိုရောက်တော့


"ဒေါက်   ဒေါက်   ဒေါက်  "


မယ် အပြင်ဘက်ကတံခါးခေါက်သံကြောင့်အသိပေးလိုက်

သည်။


"ဘယ်သူလဲ"


"ကျွန်တော်ပါ ဒေါက်တာမယ်"


"အင်း ဘာပြောစရာရှိလို့လဲ"


"သခင်လေးကဒေါက်တာမယ်ကိုအိမ်ပြန်လိုက်ပို့ပေးဖို့

ကျွန်တော်ကိုစေခိုင်းလိုက်တာပါ။ဒေါက်တာမယ်ပြင်ဆင်

စရာရှိတာပြင်ဆင်ပြီးရင်ကျွန်တော်ကိုလှမ်းခေါ်လိုက်ပါ။

ကျွန်တော်အခန်းအရှေ့မှာရပ်စောင့်နေပါ့မယ်"


"ဟုတ်ကဲ့ ခဏလေးပဲစောင့်ပေးပါ။မယ်ထုတ်ပိုးရမယ့်

ပစ္စည်းတွေရှိနေသေးလို့"


"ဟုတ်ကဲ့ အေးဆေးလုပ်ပါ"


L၏စကားကိုပင်ဆက်ပြီးနားမထောင်တော့ပဲသိမ်းစရာရှိ

သည့်ပစ္စည်းများကိုအိတ်တစ်အိတ်ထဲကောက်ထည့်ပြီး

နောက်မယ်စဉ်းစားမိလိုက်သည်။


🌺အခုမယ်ကိုထွက်သွားဖို့ခွင့်ပြုပေးလိုက်တာလား။

ဒါဟာအိပ်မက်လား။မယ်ထွက်သွားမယ်ပြောတုန်းကတား

ဆီးခဲ့တဲ့ဦးသကအခုကျတော့မယ်ကိုအိမ်ပြန်လိုက်ပို့ပေးဖို့

ဦးသ၏ယုံကြည်ရသည့်လူကိုထည့်ပေးလိုက်သည်တဲ့လား🌺


မယ် လျင်မြန်စွာပင်ကောက်ငင်သိမ်းဆည်းပြီးအခန်းထဲမှ

ထွက်လာခဲ့သည်။


သဝင်္ဏအပေါ်ထပ်ကနေLနှင့်သူမတို့ကားပေါ်တက်ပြီး

ခြံထဲကမောင်းထွက်သွားသည့်အထိကြည့်နေရင်းသူ၏

ရင်ထဲမှာလစ်ဟာသွားသလိုခံစားလိုက်ရသည်။တစ်စုံ

တစ်ခုအနားကပျောက်သွားသလိုထပ်မံခံစားလိုက်ရပြန်

သည်။


ဘုန်းမဟာကလည်းအခွင့်အရေးကိုသေချာစောင့်ကြည့်နေ

သည်။သဝင်္ဏလက်ထဲကနေ မယ် ကိုသူရအောင်ခေါ်ထုတ်

သွားမည်ဖြစ်သည်။


ဘုန်းမဟာရဲ့လူတစ်သိုက်ကအမြဲသူ့ကိုစောင့်ကြည့်နေ

တယ်ဆိုတာသဝင်္ဏသိပေမယ့်လည်းလက်ရှိမှာဒဏ်ရာ

ရထားတော့လစ်ဟင်းမှုတွေရှိကုန်သည်။အဲဒါကိုအခွင့်

အရေးယူပြီးလှုပ်ရှားနေသည့်ဘုန်းမဟာကတွေ့သွားပြီး


"အခုသဝင်္ဏရဲ့လူကိုပြန်ပေးဆွဲရမယ်"


"ဟုတ်ကဲ့ ဆရာ"


သို့ပေမယ့် သူမထင်မှတ်ထားသည်ကသူတစ်ဖက်သတ်ချစ်

နေသည့်မိန်းကလေး ဒေါက်တာမယ်စုတြွာပါလာမယ်မှန်း

မထင်ထားခဲ့ဘူး။


Lကားမောင်းနေရင်းအနောက်မှာပါလာသည့်ကားကိုသတိ

ပြုမိတော့လီဗာအကုန်နင်းပြီးမောင်းနှင်လေသည်။လက်

တစ်ဖက်ကသခင်လေးဆီဖုန်းခေါ်နေစဉ်မယ်ကလည်း


"L ကားကိုဘာလို့အမြန်မောင်းနေတာလဲ"


ဒေါက်တာမယ်၏မေးခွန်းကိုဖြေဖို့လုပ်ပေမယ့်သခင်လေး

ကဖုန်းကိုင်လိုက်သည်ကြောင့်


"သခင်လေး ကျွန်တော်တို့အနောက်ကိုကားသုံးစီးလိုက်လာ

နေတယ်။လွှတ်နိုင်ရဲ့လား မပြောနိုင်ဘူးသခင်လေး"


"အရှေ့ဘက်ကမပိတ်ရင်တော့လွှတ်တယ်"


ပြောလို့ပင်မဆုံးသေးခင်လမ်းရဲ့မျက်နှာချင်းဆိုင်နေရာ၌

ကလော်ကားကြီးပိတ်ရပ်ထားလေသည်။


"သခင်လေး ကျွန်တော်တို့လမ်းပိတ်မိနေပြီ။သခင်လေး

ဒေါက်တာပါနေတယ်ပြန်ခုခံလို့မရဘူး၊ဒေါက်တာကိုထိ

လိမ့်မယ်"


ဘုန်းမဟာရဲ့လူတွေကကားအနားကိုရောက်လာပြီး


"ဟေ့ကောင် ဆင်းစမ်း။ကောင်မလေးလည်းပါတယ်ကွ၊

ဆရာကငါတို့ကိုဘောက်ဆူးကောင်းကောင်းချမှာကျိန်း

သေတယ်။ဒီနှစ်ယောက်ကိုမျက်နှာအုပ်ပြီးကားပေါ်တင်

လိုက် ပြီးရင်စခန်းကိုသွားကြမယ်"


သဝင်္ဏတစ်ယောက်မထင်မှတ်ထားတာတွေဖြစ်လာတော့

စဉ်းစားလို့ရပြီ ဦးလေးကိုဆက်သွယ်ပြီးဘယ်သူ့လက်ချက်

လည်းဆိုတာစုံစမ်းခိုင်းရမယ်။


စခန်းကိုရောက်တော့ဘုန်းမဟာကညိမ့်ရင်းနဲ့ကုလားထိုင်

ကိုနောက်မှီပြီး


"သူတို့မျက်နှာတွေဖွင့်ပြ"


သူ့တပည့်တွေကမျက်နှာမှာအုပ်ထားသည့်အဝတ်အစ

တွေကိုဖယ်လိုက်တော့မှ


"မယ်...."


သူတစ်ဖက်သတ်ချစ်နေရသည့်မိန်းကလေးဒေါက်တာမယ်စု

တြွာပါလာမယ်လို့ထင်မထားခဲ့ဘူး။


"ရှင်  ရှင်က...."


"မယ်ကမင်းသဝင်္ဏပိုင်အိမ်မှာလေဘယ်လိုဖြစ်ပြီးဖမ်း

ခေါ်ခံရတဲ့အထဲပါလာရတာလည်း..."


"လက်စသတ်တော့ရှင်ကလူကောင်းသူကောင်းယောင်

ဆောင်ထားတာကို၊ရှင့်ကိုလူကြီးလူကောင်းဆိုပြီးခင်မင်

မိခဲ့တာ၊အခုတော့ရှင့်သရုပ်အမှန်မျက်မြင်တွေ့ရလို့ပေါ့"


"ဟေ့ကောင်တွေ မင်းတို့ကိုဖမ်းခိုင်းတာသဝင်္ဏရဲ့လူတွေ

ကိုလေ အခုကဘယ်လိုလုပ်ပြီးတလွဲတွေလုပ်ချရတာလဲ"


"ဟုတ်တယ်လေ အာစရိရဲ့။သူတို့ကခြံထဲကထွက်လာ

တာလေ"


"တောက်... အကုန်ရှုပ်ကုန်ပြီ။မထူးတော့ဘူး သူ့ကိုပါ

နယ်စပ်ခေါ်သွားမယ်"


သဝင်္ဏရဲ့ဦးလေးဖြစ်သူကသတင်းလိုက်တာမြန်လှသည်။

ဘုန်းမဟာအနားမှာသူ့လူတွေရှိနေတယ်ဆိုတာဘုန်းမဟာ

မသိရှာဘူး။သဝင်္ဏ ဒဏ်ရာကိုမေ့သွားပြီးချက်ခြင်းဆိုသလို

သေနတ်ထည့်ပြီးကားကိုတရကြမ်းမောင်းထွက်သွားလေ

သည်။Lကိုချုပ်ထားပြီးကားမောင်းနေရင်းဖုန်းမြည်သံကြား

ရတော့ကားကိုလမ်းဘေး၌ထိုးရပ်လိုက်သည်။


"ဘယ်လိုလဲ သဝင်္ဏ။မင်းအခုဘာတတ်နိုင်သေးလည်း

မင်းရဲ့လူငါ့လက်ထဲရောက်နေပြီ အစစ်တောင်ပါသေး။

ငါမင်းလူကိုဘာလုပ်ပစ်ရမလည်းပြော ကောင်မလေးကို

တော့ငါခေါ်သွားမယ်လေ"


"မင်းသူမကိုမထိနဲ့ ဘုန်းမဟာ"


"မင်းအခုပစ္စည်းတွေနဲ့လာလှဲရင်အချိန်မီသေးတယ်နော်။

မင်းကြားဖြတ်ယူရွှေချောင်းတွေအခုလိုချင်တယ်။မင်းလာ

ရမယ့်နေရာက..."


ဘုန်းမဟာပြောပြီးဖုန်းချသွားလေသည်။သဝင်္ဏတွေးဖို့

အချိန်မရပေ သူနောက်ကျသွားရင်သူမကိုတစ်ခုခုလုပ်

လိုက်မှဖြင့် မဖြစ်ဘူး။ငါအရင်ဆုံးအဲ့ဒီနေရာကိုရောက်

အောင်သွားရမယ်။သဝင်္ဏ ဘုန်းမဟာပြောသည့်နေရာ

ကိုရောက်လာတော့ကားကိုရပ်လိုက်ပြီးဆင်းလိုက်တော့

ဘုန်းမဟာ၏လူတွေထွက်လာပြီးသူ့ကိုသေနတ်တွေနဲ့ဝိုင်း

ပြီးချိန်ထားကြသည်။သူလည်းတွေးထားပြီးသားလေ ဘုန်း

မဟာကောက်ကျစ်တယ်ဆိုတာသိလို့သူ့လူတွေကိုနောက်မှ

လိုက်လာခိုင်းလိုက်တာ။သူ၏ဦးလေးဖြစ်သူကလည်းလူ

ကိုယ်တိုင်လိုက်လာနေပြီဖြစ်သဖြင့်သဝင်္ဏအဖမ်းခံလိုက်

သည်။ထိုစဉ်ဘုန်းမဟာတစ်ယောက်အကြီးအကျယ်အော်

ရယ်ပစ်လိုက်သည်။


"ဟားးဟားးဟားး"


"အခုငါ့ကိုဘယ်သူယှဉ်နိုင်သေးလဲ။ဘယ်မှာလည်းရွှေ

ချောင်းတွေ"


"သိချင်ရင်ငါ့တပည့်နဲ့ဒေါက်တာကိုလွှတ်လိုက်။မလွှတ်

ရင်မပြောနိုင်ဘူး"


"ခေါင်းမာနေတယ် လုပ်လိုက်စမ်းကွာ"


ဘုန်းမဟာရဲ့လူတစ်ယောက်ကဦးသကိုသေနတ်ဒင်နဲ့

ရိုက်လိုက်တော့ဦးသ၏ဒဏ်ရာကိုထိသွားလေသည်။ဦးသ

ကနာကျင်မှုကိုကျိတ်မှိတ်ခံနေတာကိုကြည်ံ့ရင်း


"ရှင်တို့ဦးသကိုအဲ့လောက်မနှိပ်စက်နဲ့လေ"


မယ်၏လက်ကိုကြိုးချည်ပြီးခေါ်ထုတ်လာသည့်သူ့တပည့်

ကိုအမူအယာပြလိုက်တော့ချက်ခြင်းလှည့်ထွက်သွားသည်။

မယ်၏စကားကြောင့်ဘုန်းမဟာက


"ဘာပြောတယ်၊ဦးသကိုမနှိပ်စက်နဲ့ ဟုတ်လား"


ဘုန်းမဟာအံ့သြပြီး


"ဒေါက်တာဘာပြောတာလည်း ဦးသကိုမနှိပ်စက်နဲ့

ဟုတ်လား။ဒေါက်တာကဘယ်တုန်းကဦးသဖြစ်သွားတာ

လည်း"


"ရှင်နဲ့မဆိုင်ဘူး"


"ကဲ ငါ့ကောင်တို့ရေ နောက်တစ်ခါလောက်"


သဝင်္ဏ၏ဒဏ်ရာကသွေးစိမ့်နေပြီ။


"ရှင်တို့လူစိတ်မှရှိရဲ့လား"


"ဖြန်း းးး"


"မင်းပါးစပ်ကိုပိတ်ထား။မင်းကိုပါငါတစ်ဖက်နိုင်ငံကိုခေါ်

သွားမှာ ဟားးဟားးဟားး"


"ပြောစမ်း ရွှေချောင်းတွေဘယ်မှာထားလည်း"


"ရွှေချောင်းတွေရှိတဲ့နေရာသိတယ်။သခင်လေးနဲ့ဒေါက်

တာကိုလွှတ်ပေးရင်လိုက်ပြမယ်"


"L မင်းဘာလုပ်တာလည်း"


"သခင်လေးအသက်ထက်အရေးကြီးတာမရှိပါဘူး နှုတ်

ဆက်ခဲ့ပါတယ်"


အဲ့ဒီအချိန်မှာL၏လှုပ်ရှားမှုကမြန်ဆန်သွားသည်။ဘယ်သူမှ

တားချိန်လိုက်မရဘူး ဘုန်းမဟာကိုဝင်ရောက်တိုက်ခိုက်

ခြင်းပင်။တစ်ချိန်တည်းမှာပင်သဝင်္ဏ၏လူများရောက်လာ

ကြပြီးသေနတ်တွေနဲ့စတင်ပစ်ခတ်ကြလေသည်။


"ဒေါက်တာကိုကာကွယ်ပေးကြ"


သဝင်္ဏလည်းသွေးထွက်နေရင်းသူမအနားကိုအသွားသတိ

လစ်မေ့လဲကျတော့သည်။Lကတော့သေနတ်ဒဏ်ရာထိမှန်

ပြီးဆေးရုံတင်ကုသထားရသည်။သဝင်္ဏကိုတော့ဦးလေး

ဖြစ်သူကခေါ်သွားပြီး


"ဒေါက်တာကို သူ့အိမ်လိုက်ပို့ပေးလိုက်။ဦးလေးတို့အခုဖြစ်

ပျက်နေတာကိုဒေါက်တာအနေနဲ့နှုတ်လုံပေးစေချင်တယ်"


"ဟုတ်ကဲ့ပါ။ဦးသအခြေအနေက...."


"ဟိုမှာဆရာဝန်ရှိပါတယ်။သူ့အဖွားကိုတော့ဒေါက်တာက

ပဲဆက်လက်စောင့်ရှောက်ပေးပါ။လိုအပ်လာရင်ဦးတို့

ဘက်ကဒေါက်တာကိုဆက်သွယ်ပါ့မယ်"


"အားလုံးအဆင်သင့်ဖြစ်ပြီလား။ဒေါက်တာခွင့်ပြုပါဦး"


မယ် ရင်မောရတာထက်ဦးသကိုစိုးရိမ်နေသည့်စိုးရိမ်စိတ်

ကဝင်လာတော့သည်။မယ်အိမ်ပြန်ရောက်တော့ခြံစောင့်က


"သမီးအိမ်ပြန်နောက်ကျလှချည်းလား"


"ဟုတ်တယ် အဘ"


ဆက်မပြောနိုင်တော့အိမ်တံခါးမကြီးကိုခေါက်လိုက်တော့

ဒယ်ဒီနှင့်မာမီကတံခါးဖွင့်ပေးလိုက်သည်။


"သမီးလေးရယ် ဘာမှမဖြစ်ဘူးနော်"


"ဒယ်ဒီနှင့်မာမီ မယ်ဘာမှမဖြစ်ပါဘူး။ဒါနဲ့ဒယ်ဒီတို့က

ဘာလို့မအိပ်သေးတာလည်း"


"လူတစ်ယောက်ကဖုန်းဆက်လို့ဒီညသမီးအိမ်ပြန်မရောက်

ရင်နယ်စပ်ဂိတ်ကိုရဲအကူအညီနဲ့သွားစောင့်ပြီးပြန်ရှာပြီး

ခေါ်ခဲ့တဲ့ ဘယ်လိုအထိတောင်ဖြစ်နေရတာလည်း သမီး

လေးရယ်"


ဖုန်းဆက်တဲ့သူငယ်က ဦးသတဲ့။သြော် ရှင်ကမယ်အတွက်

စိုးရိမ်သားနော်။မယ်၏ရင်ထဲနွေးထွေးသည့်ခံစားချက်လေး

ဖြစ်တည်လာခဲ့ပြီလေ။


ဘုန်းမဟာလည်းသေနတ်မှန်ပြီးသေဆုံးကြောင်း၊မှောင်ခို

အဖွဲ့နှစ်ဖွဲ့ထိပ်တိုက်တွေ့ကြပြီးပစ်ခတ်လို့ရဲဘက်ကထုတ်

ပြန်ကြေငြာလိုက်သည်။မယ် သတင်းစာဖတ်နေရင်းသတိ

ရသွားကာ


"အဖွားကိုဆေးရုံသွားပြီးအပြန်ကျရင်ဝင်ကြည့်ဦးမှပဲ"


တဖြေးဖြေးနဲ့အချိန်တွေက(1)နှစ်လောက်ကုန်လွန်ခဲ့ပြီလေ။

မင်းဇေယျာလွင်ကလည်းမယ်အပေါ်လက်မလျှော့ပဲဆက်

ကြိုးစားလေသည်။မယ်ကလည်း သူမ၏ရင်ထဲ၌တမ်းတ

နေသည့်ဦးသကိုသတိရနေမိသည်။ချစ်ခြင်းတွေကိုယ်စီ

ထုတ်ပြောလာမယ့်အချိန်ကလေးကျရောက်လာပြီလေ။


မင်းဇေယျာလွင် မယ်၏ဂျူတီပြီးသည့်အချိန်ကိုစောင့်

ရင်းမောပမ်းရမှန်းမသိပေ။မယ်ဂျူတီပြီးတော့


"မယ် ခဏလောက်စကားပြောချင်တယ်။ကော်ဖီဆိုင်

သွားကြမလား"


"ကောင်းပြီလေ သွားတာပေါ့"


မယ်ကလည်းငြင်းဆိုးမှုကိုပြတ်ပြတ်သားသားပြောချင်

နေတာအခုတော့ပြောခွင့်ရပြီ။Coffeeဆိုင်ကိုရောက်တော့


"မယ် ကော်ဖီလားအအေးလား"


"အေအး"


"အင်း ဒါဆိုအေအး(2)ခွက်"


စားပွဲထိုးလေးကိုမှာလိုက်လေသည်။


"ကိုမင်းဇေယျာလွင် မယ်ကိုပြောစရာရှိတယ်ဆိုပြောလေ"


"ကိုယ် မယ်ကိုလက်ထပ်ချင်တယ်။မယ် ဘက္ကေရာ"


"မယ်ဘက်ကမိဘတွေကိုပွင့်ပွင့်လင်းလင်းပြောထား

ပြီးသားပါ။မယ် ကိုမင်းဇေယျာလွင်ကိုလက်မခံနိုင်ပါ

ဘူး။မယ်မှာချစ်ရမယ့်သူရှိပြီးသားပါ မယ်အခုသူ့ကို

မျှော်လင့်နေတာပါ။မယ်ပြောစရာရှိတာပြောပြီးပြီးဆို

တော့မယ်ကိုခွင့်ပြုပါဦး။မယ်သွားစရာရှိသေးလို့"


မယ်ထသွားတော့သူမတားချင်တော့ဘူး။အချိန်တွေက

(1)နှစ်သာကုန်သွားတယ်၊မယ်ဆီကအချစ်ကိုမရလိုက်

ဘူး။အချစ်မပြောနဲ့ဂရုစိုက်မှူလေးတောင်မရရှိခဲ့ပါဘူး။

အခုသူဘာဆက်လုပ်ရမလည်း ဘာကိုဆက်လုပ်သင့်

တယ်လို့ထင်လည်း......။


ဆက်ရန်


💋 Part{19}=Coming Soon💋


rate now: