💋ဦးရဲ့အကြင်နာ...အနမ်းကြမ်း💋
မင်းဇေယျာလွင်ကဧည့်ခန်းမှာတပ်ဆင်ထားသည့်အထိုင်
ဖုန်းဆီသွားပြီးနံပါတ်စစ်ကြည့်ပြီးပြန်ခေါ်လိုက်တော့တပ်
ဆင်ထားခြင်းမရှိပါတဲ့။မင်းဇေယျာလွင်နှင့်ချစ်လွန်းချို
တို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး
"ဒါဆိုကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦး အန်ကယ်နဲ့အန်တီ"
"အင်းအင်း ကားကိုသေချာဂရုစိုက်ပြီးမောင်း"
"ဟုတ်ကဲ့ အန်ကယ်နဲ့အန်တီ"
မင်းဇေယျာလွင်နှင့်ချစ်လွန်းချိုတို့ကားထဲဝင်ထိုင်ပြီး
ခါးပတ်ပတ်ပြီးနောက်မင်းဇေယျာလွင်ကကားစက်နှိုး
ပြီးမယ်၏အိမ်မှထွက်လာခဲ့လေသည်။မင်းဇေယျာလွင်
မောင်နှမနှစ်ယောက်အိမ်အပြန်လမ်းတစ်လျှောက်
အတွေးများစွာဖြင့်ကားကိုသာအာရုံစိုက်ပြီးမောင်းနှင်
လာခဲ့လေသည်။
မနက်မိုးလင်းသော်သဝင်္ဏ သူမအတွက်အဝတ်အစား
ဝယ်ရန်ကားနဲ့မြို့ထဲသွားပြီးအပြန်အလာလမ်း၌လူတစ်
စုကသူ၏ကားအရှေ့၌ပိတ်ရပ်လိုက်သည်။သဝင်္ဏကား
ထဲမှထိုလူတစ်စုကိုလှမ်းကြည့်လိုက်စဉ်သူ၏မဟာရန်သူ
ဘုန်းမဟာ၏တပည့်များပင်ဖြစ်သည်။သဝင်္ဏကားပေါ်မှ
ဆင်းလာခဲ့ပြီးနောက်သူ၏ရန်သူများကသူကိုစတင်တိုက်
ခိုက်ကြလေတော့သည်။
"ခွပ်"
"ဖြောင်း"
"ခွပ်"
"ဖြောင်း"
ထိုစဉ်လူတစ်ယောက်ကဓားဖြင့်သူ့ဆီလှမ်းလာနေသည်
ကိုတွေ့လိုက်ရသည်။သို့ပေမယ့်ဓားကသူ၏ဝမ်းဗိုက်ကို
ထိုးစိုက်ဝင်သွားလေသည်။
"ဇွပ်"
ဓားဖြင့်ထိုးလိုက်သည့်လူနှင့်တခြားလူများလည်းကြောက်
လန့်ပြီးထိုနေရာမှထွက်ပြေးသွားကြလေသည်။ဝမ်းဗိုက်
မှာထိုးစိုက်နေသည့်ဓားကိုဆွဲထုတ်လိုက်သည်။ဓားကိုဆွဲ
ထုတ်လိုက်တော့သွေးများပန်းထွက်လာပြီးသူ၏လက်တစ်
ဖက်ဖြင့်ဒဏ်ရာရနေသည့်နေရာကိုဖိထားလိုက်သည်။
ဝတ်ထားသည့်အင်္ကျီအဖြူရောင်လက်ရှည်ကိုလက်တစ်
ဖက်ဖြင့်ဆွဲဖြဲလိုက်သည်။ဆွဲဖြဲလိုက်သည့်အဝတ်အစကို
ဒဏ်ရာရသည့်နေရာ၌သွေးထွက်မလွန်အောင်သေချာစွာ
စည်းထားလိုက်သည်။စည်းထားသည့်နေရာကသွေးအနည်း
ငယ်မျှသာထွက်နေသဖြင့်အားယူပြီးမတ်တပ်ရပ်ကာ ကား
ရှိရာကိုလျှောက်လာခဲ့သည်။ကားအထဲကိုရောက်တော့အပေါ်
ယံကုတ်အင်္ကျီကိုဝတ်ဆင်ပြီးအိမ်ကိုပြန်လာခဲ့သည်။
သူမောင်းနှင်သည့်ကားခြံအရှေ့ကိုရောက်လာတော့သူ၏
တပည့်ဖြစ်သူLကခြံတံခါးလာဖွင့်ပေးသည်။Lလည်းခြံတံခါး
ဖွင့်ရောသူ၏ကားကပေါ်တီဂိုအောက်ကိုမောင်းနှင်လာခဲ့
သည်။ကားအပေါ်မှသူဆင်းလိုက်ပြီးအစေခံမိန်းကလေး
တစ်ဦးကိုသူဝယ်လာသည့်အဝတ်အစားအိတ်ကိုပေးလိုက်
ပြီး
"အဲ့ဒါတွေကိုဆရာဝန်မလေးအခန်းထဲသွားပို့ထား။အကယ်
၍ဆရာဝန်မလေးမရှိရင်သေချာတဲ့နေရာတစ်ခုမှာသူမြင်
အောင်ချိတ်ထားခဲ့"
"ဟုတ်ကဲ့ သခင်လေး"
"ကောင်းပြီ မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ သခင်လေး"
"L ငါ့အခန်းထဲလာလာခဲ့ဦး"
"ဟုတ်ကဲ့ သခင်လေး"
သခင်လေးအခန်းထဲဝင်ပြီးမကြာပင်သူပါသခင်လေး၏
အခန်းထဲကိုဝင်လာခဲ့သည်။Lတံခါးခေါက်ဖိုမေ့နေပြီး
အခန်းထဲဝင်လာခဲ့တော့သွေးစွန်းနေသည့်အဝတ်အစ
အပိုင်းတွေကိုတွေ့လိုက်ရသည်။Lပျာယာခတ်သွားပြီး
"သခင်လေး အဲ့အဝတ်အစားက..."
"ဟုတ်တယ် ငါဒဏ်ရာရလာတယ်။အဲဒါကြောင့်မင်းကို
ဆေးထည့်ခိုင်းမို့ငါခေါ်လိုက်တာ"
"ဟင် ဓားဒဏ်ရာပါလား သခင်လေး"
"အင်း ဘုန်းမဟာရဲ့တပည့်တွေလမ်းတစ်ဝက်မှာငါ့ကို
လုပ်ကြံဖို့လွှတ်လိုက်တာထင်တယ်။ငါရှောင်ဖို့လုပ်ပေ
မယ့်ဓားထိုးလိုက်တဲ့သူကတော်တယ်လို့ပဲပြောရမလား။
အဟွန်း ဒဏ်ရာကသိပ်မနက်ဘူးထင်တာပဲ"
"ကျွန်တော်ဒဏ်ရာကိုအရင်သန့်စင်ပေးမယ်။ပြီးမှဆေး
ထည့်လို့ရမှာ မဟုတ်ရင်ပိုးဝင်သွားနိုင်တယ်"
"အင်း မင်းကောင်းတယ်ထင်သလိုလုပ်လိုက်"
သခင်လေး၏စကားကြောင့်Lသဘောကျသွားသည်။သခင်
လေးကအဲ့လိုပဲ။တစ်စုံတစ်ဦးနဲ့တိုက်ခိုက်ပြီးဒဏ်ရာရလာ
ပြီးဆေးထည့်ခိုင်းရင်အမြဲအဲ့လိုစကားပြောနေကြပင်ဖြစ်
သည်။သခင်လေး၏ဒဏ်ရာကိုဆေးကြောသန့်စင်ပြီး၌
ဆေးထည့်ပေးရန်ပြင်ဆင်လေသည်။ဂွမ်းစနဲ့ဒဏ်ရာကို
ပိုးမဝင်အောင်အရင်သန့်စင်လိုက်သည်။ခဏအကြာတော့
ဒဏ်ရာကိုဆေးထည့်လို့ပြီးသွားလေသည်။
"မင်းဆေးထည့်လို့ပြီးပြီမလား။ပြီးရင်အခန်းထဲကထွက်သွား
တော့L"
"ဟုတ်ကဲ့ သခင်လေး"
L သခင်လေးကိုဆေးထည့်ပေးပြီးနောက်သခင်လေး၏အခန်း
ထဲမှထွက်လာခဲ့လေသည်။သဝင်္ဏဆေးထည့်ပြီးနောက်
သူမရှိသည့်အဖွား၏အခန်းကိုလာခဲ့သည်။ဦးသ၏အဖွား
ဖြစ်သူအိပ်နေတာကိုမယ်ကဘေးနားကခုံလေးမှာထိုင်ပြီး
အဖွား၏ဆေးမှတ်တမ်းတွေကိုလေ့လာနေသည်။သဝင်္ဏ
ကသူမအနားသွားပြီး
"မင်းထမင်းစားတော့လေ"
"ဟုတ်ကဲ့"
မယ်ထမင်းစားခန်းထဲသွားတော့သဝင်္ဏကအဖွားအနား
မှာထိုင်နေပြီးအတိတ်ကဖြစ်ရပ်တွေကိုပြန်စဉ်းစားနေမိ
သည်။သဝင်္ဏခေါင်းတွေမူးလာသဖြင့်အခန်းထဲပြန်သွားနား
နေလိုက်ပြီးမကြာခင်ဓားဒဏ်ရာကြောင့်သဝင်္ဏအဖျား
ဝင်သွားခဲ့သည်။သဝင်္ဏသတိမေ့နေတာလား၊အိပ်နေတာ
လားဆိုတာကိုမည်သူမျှမသိကြပေ။Lတစ်ယောက်သခင်
လေးကိုလုပ်ကြံတဲ့သူတွေကိုစုံစမ်းပြီးပြန်လာတော့အစေခံ
မိန်းကလေးကိုမေးလိုက်သည်။
"သခင်လေးစာကြည့်ခန်းမှာလား"
"သခင်လေးပြန်လာပြီးကတည်းကမတွေ့မိသေးဘူး
ဆရာL"
အစေခံမိန်းကလေး၏စကားကြောင့်Lစဉ်းစားရခက်နေ
သည်။သခင်လေးကိုဘယ်သူမှမတွေ့ဘူးဆိုတော့ငါထင်
နေသလိုများဖြစ်နေပြီလား။ကျစ် အတိအကျပြောလို့ရ
တာလည်းမဟုတ်ဘူး၊သေချာအောင်ငါသွားကြည့်ဦးမှ
"အေးအေး လုပ်စရာရှိတာလုပ်တော့"
Lလည်းသခင်လေး၏အခန်းထဲဝင်လာတော့သခင်လေး
ကအိပ်နေတာလားဇဝေဇဝါဖြစ်သွားပြီးLကသခင်လေး
၏ဒဏ်ရာအခြေအနေကိုကြည့်တော့မှသူစည်းပေးထား
သည့်နေရာမှာသွေးတွေစီးကျနေရော။Lစိုးရိမ်စိတ်ဖြင့်
"သခင်လေး"
"သခင်လေး"
လိုအော်ခေါ်ပေမယ့်တုံ့ပြန်အသံမကြားရသဖြင့်မဖြစ်ဘူး
ဒေါက်တာမယ်စုတြွာရှိတဲ့အခန်းကိုသွားပြီးတံခါးခေါက်
လိုက်သည်။
"ဒေါက်တာ"
"ဒေါက်တာ အရေးကြီးလို့ထွက်ခဲ့ပါဦး"
ဦးသ၏လူယုံL၏ခေါ်သံကြောင့်မယ်ဆံပင်ကိုသေချာ
စည်းပြီး
"လာပြီ လာပြီ"
မယ် အခန်းတံခါးကိုဖွင့်လိုက်တော့Lက
"သခင်လေး... သခင်လေးကိုခေါ်မရလို့"
"ဦးသကဘာဖြစ်တာလည်း"
"လိုက်ကြည့်ပေးပါဦး ဒေါက်တာ"
"လိုက်ခဲ့ပါ့မယ်"
Lကအရှေ့ကပြေးမယ်ကသူ့့အနောက်လိုက်ရင်းခြေလှမ်း
(20)လောက်သွားတော့အခန်းအကျယ်ကြီးတစ်ခန်းထဲ
ကုတင်ကလည်းအကြီးကြီးပေါ်၌သတိမေ့နေသောဦးသ
ကိုတွေ့ရသည်။
"ဦးသတစ်ယောက်ဘာဖြစ်တာလည်း။ထမင်းမစားခင်က
အကောင်းကြီးလေ"
မယ်အနားကိုရောက်တော့ဦးသ၏ဝမ်းဗိုက်ကသွေးတွေကို
မြင်တော့
"သွေးတွေ...."
"ဟုတ်တယ် ဒေါက်တာ"
L သခင်လေး၏ဝမ်းဗိုက်ကဒဏ်ရာအကြောင်းကိုဒေါက်တာ
အားပြောပြလိုက်လေသည်။
"အဖွားအခန်းထဲကဆေးသေတ္တာသွားယူလာခဲ့"
"ဟုတ်ကဲ့ ဒေါက်တာ"
Lကဒေါက်တာပြောသည့်အတိုင်းဆေးသေတ္တာကိုချက်ခြင်း
သွားယူရန်အခန်းထဲမှထွက်လာခဲ့သည်။
"ဦးသ ရှင်ဘာမှမဖြစ်ရဘူးနော်"
မယ် ဦးသ၏လက်ကလေးကိုကိုင်ထားသည်ကိုအခန်းထဲ
ဝင်လာသည့်Lကမြင်ဖြစ်အောင်မြင်သွားသည်။မယ်ကဆရာ
ဝန်လေ အခုလိုအထင်အမြင်လွှဲမှားမယ့်အပြုအမူမျိုးမလုပ်
သင့်ဘူး။ဟုတ်တယ် မယ်ရှောင်ကြဉ်ရမယ်။Lကအခန်းထဲ
ကိုဝင်လာပြီးဒေါက်တာအရှေ့၌ဆေးသေတ္တာကိုချပေးလိုက်
သည်။ထို့နောက်မယ်က
"ရေနွေးယူခဲ့ပေးပါ။အမြန်လေးယူခဲ့နော်"
"ဟုတ်ကဲ့ ဒေါက်တာ"
မယ်ကလည်းဆေးထိုးတာကိုအဆင်သင့်လုပ်ထားလိုက်
သည်။မယ်အနောက်ကနေ
"ရေနွေးရပြီ ဒေါက်တာ"
မယ်ဦးသ၏ဝမ်းဗိုက်ကဒဏ်ရာကိုဆေးကြောသန့်စင်ပြီး
ဆေးထိုးပေးလိုက်သည်။
"ဦးသ မကြာခင်သတိပြန်ရလာမှာပါ"
"ဟုတ်ကဲ့ ဒေါက်တာ"
Lကဆေးသေတ္တာကိုသိမ်းပြီးအခန်းထဲပြန်သွားထားလေ
သည်။
မင်းဇေယျာလွင်နှင့်ချစ်လွန်းချိုတို့ကမယ်ကိုခေါ်ဆောင်
သွားသည့်ထိုလူအပေါ်မကျေမနပ်ချက်များပိုများလာသည်။
ချစ်လွန်းချိုကတော့မယ်ဘာတွေဖြစ်နေလည်းသိချင်လို့
ဆိုပြီးမယ်အိမ်ကိုနေ့စဉ်သွားလေမယ်၏မိခင်ကမစိုးရိမ်ဘူး
ဖြစ်နေတော့မင်းဇေယျာလွင်နှင့်ချစ်လွန်းချိုတို့အဖြေရှာ
မရဖြစ်နေသည်။
ဦးသရဲ့အပြုအမူတွေကိုမယ်အရမ်းကြောက်မိတယ်။မယ်
ဦးသကိုမလွန်ဆန်ရဲဘူး။အခုလည်းသူ့ရဲ့လူတွေနဲ့မယ်ကို
ခေါ်ခိုင်းပြန်ပြီလေ။သူ့အိမ်ပေါ်တောင်မယ်ရောက်နေပြီ။
ဦးသကဘယ်လိုလူစားမျိုးလည်း မယ်အတွေးတွေကိုရပ်
ပြီးဦးသကုတင်ဘေးကထလာပြီး
"အဖွားအခန်းသွားကြည့် ဆေးတိုက်ရမှာအချိန်ကြပြီလေ"
"ဟုတ်ကဲ့"
မယ် အဖွားအခန်းထဲရောက်တော့
"မြေးလေး ပြန်လာတယ်။လာလာ အဖွားဆီ"
မယ်မှာတော့လူနာဖြစ်နေသည့်ဦးသ၏အဖွားကိုသနား
စိတ်ပိုလာမိသည်။အဖွားမရှိသည့်မယ်ကဦးသ၏အဖွား
ကိုမယ်၏အဖွားတစ်ယောက်လိုချစ်ခင်မိလေသည်။
"အဖွားကမြေးလေးကိုလွမ်းနေတာ၊မြေးလေးမပြန်နဲ့
တော့နော်"
"ဟုတ်ကဲ့ပါ အဖွား။အခုသန့်ရှင်းအောင်အဖွားကိုရေပတ်
တိုက်ပေးမယ်နော်"
"မြေးလေးကလိမ္မာတယ်"
အဖွားကိုသန့်ရှင်းအောင်လုပ်ပေးပြီးဆေးတိုက်ပြီးတော့
မယ်လည်း ခဏအနားယူမလို့မယ်ကိုပေးထားသည့်
အခန်းထဲဝင်ပြီးကုတင်ပေါ် လှဲချပြီးအတွေးတွေကပျံနှံနေ
ပြီးမယ်တစ်ယောက်အခုဆိုဦးသအိမ်ကိုရောက်နေတာ
(2)ရက်ကျော်တောင်ရှိပြီ။အိမ်ကစိတ်မပူအောင်ပြောပြ
ထားပေလို့ပေါ့ မဟုတ်ရင်မလွယ်ဘူး။ဆေးရုံကလည်းအိမ်
ကိုအကြောင်းမကြားရလေအောင်ဦးသ၏သြဇာအာဏာ
ကကြီးပါ့ပေ။ရှင်ကြီးကဘယ်လိုလူကြီးလည်း ဦးသရေ။
ရှင်နမ်းခဲ့တဲ့အနမ်းတွေကိုမမေ့နိုင်ဘူးဖြစ်နေတယ်ကွယ်
မယ်အတွေးတွေလွန်နေတုန်းတဒုန်းဒုန်းနဲ့တံခါးထုသံကြား
ရပြန်ပြီ။ဦးသ၏အခန်းကိုနောက်တစ်ကြိမ်ဝင်ရပြန်ပြီ။ဘာ
တွေဖြစ်ခဲ့လို့ဦးသကအခုလိုအော်နေရတာလည်း၊အမေဆို
တာကရောဘယ်မှာလည်း။
"သခင်လေး သတိထားလေ"
"သခင်လေး သတိထားပါဦး"
မယ် ဦးသ၏လက်ကိုကိုင်လိုက်တော့ဦးသ သတိရလာ
လေသည်။မယ်က
"ရှင်သတိရပြီလား"
ဦးသ သတိရပြီဆိုတော့မယ် ဦးသအနားမှထသွားဖို့လုပ်
လိုက်သည်။သဝင်္ဏက
"Babe ခဏနေပါဦး"
ဦးသရဲ့လက်ကမယ်လက်ကိုကိုင်မိနေသည်။သဝင်္ဏက
သူ့၏တပည့်ဖြစ်သူLကိုကြည့်ပြီး
"ခိုင်းထားတဲ့အခြေအနေတွေရော"
"ဟုတ်ကဲ့ သခင်လေး၊ အားလုံးအဆင်ပြေပါတယ်"
"အေး။ ဒါဆို သွားလို့ရပြီ"
"ဟုတ်ကဲ့ သခင်လေး"
မယ်ရင်တွေတုန်နေပြီ။လက်ကိုကိုင်ထားတာကြောင့်မသိ
မသာရုန်းသော်လည်းရုန်းလို့မရ။Lထွက်သွားတော့မှ
"မင်းကိုယ့်ကိုမုန်းနေပြီလား"
"မယ်လက်ကိုလွှတ်ပါ"
"Sorryပါ babeရယ်"
သဝင်္ဏ သူမ၏လက်ကိုလွှတ်ပေးလိုက်ပြီးမယ်ချက်ခြင်း
ဆိုသလိုအခန်းထဲကထွက်သွားသည်။မယ်အခန်းထဲက
ထွက်သွားပေမယ့်အနောက်ကဦးသရဲ့ခေါ်သံကိုကြားနေ
ရသည်။
🍒🍒 မယ်ကိုအမြန်ပြန်ပို့ပေးပါတော့ဦးသရယ်🍒🍒
သခင်လေးအနားLရောက်လာပြီး
"သခင်လေးကိုလုပ်ကြံတဲ့အဖွဲ့ကိုဘယ်သူခိုင်းတာလည်း
ဆိုတာစုံစမ်းပြီးပါပြီ"
"အေး အခုနကသူမရှိနေလို့"
"ဟုတ်ကဲ့ပါ သခင်လေး။သခင်လေးအကြောင်းအရာတွေ
ကိုဒေါက်တာမသိစေရပါဘူး"
"အေး မင်းလည်းပင်ပန်းနေပြီ"
"မပင်ပန်းပါဘူး သခင်လေး။သခင်လေးစောင့်ရှောက်ခဲ့
လို့အခုလို(ပညာတတ်ပြီးလူလိုသူလိုနေရတာပါ သခင်လေး) "
ဆက်ရန်
Part{18}=Coming Soon