(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)
“ဖေဖေ...မေမေ ....”
ပြောရင်း မျက်ရည်များက စီးကျလာရသည်။
“သမီး ဖေဖေနဲ့ မေမေကို အရမ်းသတိရတယ်
အရမ်းလည်း လွမ်းတယ်
ဖေဖေတို့ သမီးကိုလောကကြီးမှာ
တစ်ယောက်ထဲ ထားခဲ့ပြီး ထွက်သွားတဲ့နေ့ကစလို့ သမီးဘာတစ်ခုမှ အဆင်ပြေမနေခဲ့ဘူး
အဲ့ဒါကို ဖေဖေတို့သိရဲ့လား ဟင်”
ဝမ်းနည်းစွာ သူမပြုံးလိုက်ပြီး
“အဟင်း...ဖေဖေတို့ မသိပါဘူး
ဘာပဲဖြစ်ဖြစ်ပါလေ...ဖေဖေ နဲ့ မေမေ ကို သမီး..အရမ်းလွမ်းတာပဲ”
ကိုင်ထားတဲ့ ဖေဖေနဲ့မေမေရဲ့ စုံတွဲပုံလေးအား ထုတ်ကြည့်ရင်းမှ
မျက်ရည်တွေကို မျက်တောင်လေးနဲ့ ပုတ်ထုတ်ဖယ်ရှားလိုက်ပြီး
“ဖေဖေ ..မေမေ သမီး ဒီနေ့စပြီး အလုပ်ဆင်းရမှာ
သမီးအတွက်ကံကောင်း ခြင်းတွေပဲ ရောက်လာအောင်
ကူညီဆုတောင်းပေးပါဦးနော်
သမီးသွားတော့မယ်
အရမ်းချစ်တယ်နော် ဖေဖေနဲ့ မေမေ”
ဓာတ်ပုံလေးအား သူမ တယုတယ ငုံ့နမ်းလိုက်ပြီး
ဘေးတစောင်းလွယ်ထားသော ပိုက်ဆံအိတ်လေး ထဲသို့ သေချာလေး ထည့်လိုက်သည်။
ထို့နောက် အခန်းထဲမှ ထွက်ခဲ့တော့သည်။
[][][][][][][][][][][]
“သမီး ....အလုပ်သွားတော့ မလို့လား”
“ဟုတ်ကဲ့ ဦး”
“ဒါဆို ဦးလိုက်ပို့ပေးမယ်လေ”
“ဪ..ရတယ်ဦးရဲ့ သမီး Taxi နဲ့ပဲ သွားလိုက်ပါ့မယ်”
“မဟုတ်တာ သမီးရဲ့ အရေးအကြောင်းဆို သမီး ဘယ်မှာ အလုပ်လုပ်လဲ ဆိုတာ သိထားဖို့ လိုတယ်မလား
မငြင်းပါနဲ့ သမီးရဲ့ ဒီတစ်ခါတော့ ဦးလိုက်ပို့ ပါရစေ”
ဆက်ပြီးငြင်းနေလျှင် အလုပ်နောက်ကျမည် စိုး၍ ခေါင်းလေးညိမ့်ပြခါ လက်ခံလိုက်ရသည်။
ဦးသော်မြင့်ချိန် သူ၏လူယုံဖြစ်သူ ခန့်ကျော်အား လက်ပြခါ ကားအသင့်ပြင်လိုက် ဆိုသည့် ဟန်ဖြင့်......
><><><><><><><><><
“ကြီးဝေ ဘယ်သူမှ ဆင်းမလာကြသေးဘူးလား”
“ဪ...သားကနောက်ကျတာကွယ့်”
“ဘယ်လို....”
မိကြူ ကြားမှဖြတ်၍
“ဟုတ်တယ် အကိုလေးရဲ့
အကိုလေးက နောက်ကျနေတာ သူဌေးက မမလေးအလုပ်ကို လိုက်ပို့ပေးမယ်ဆိုပြီး ထွက်သွားကြပြီ”
“ဘာ..”
ထိုစကားကြောင့် လက်ကလည်း စားပွဲခုံအား ဒုန်းကနဲထုချလိုက်သည်။
နားထင်သွေးကြောတွေပါ ထောင်တတ်သွားတဲ့အထိ ချိန်းဒေါသဖြစ်သွားရသည်။
ချိန်းရဲ့ အပြုမူကြောင့် မိကြူနှင့်ကြီးဝေ လန့် ဖြန့်သွားရပြီး...
“ဟင်! ဘာဖြစ်လို့လဲ အကိုလေးရဲ့”
“အဲ့ဒါကို ဘာလို့အခုမှ ငါ့ကိုပြောတာလဲ”
“ရှင်! အကိုလေးက အခုမှ ဆင်းလာလို့လေ”
“ဟာကွာ..တောက်”
တောက်ခေါက်ခါ ချိန်းအပြင်သို့ ထွက်သွားတော့သည်။
ချိန်းရဲ့အလွန်ဒေါသဖြစ်နေသည့် ပုံစံကြောင့် ကြီးဝေနှင့် မိကြူမှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။
“ကြီးကြီးဝေ အကိုလေးက မမလေးကို စိတ်ဝင်စားနေတာများလား”
မိကြူ ခပ်တိုးတိုးလေသံဖြင့် ကြီးဝေအနားကပ်ခါပြောလိုက်သည်။
“အိုကွယ် ငါလည်းဘယ်သိမလဲ ဟုတ်ချင်လဲဟုတ်မှာပေါ့အေ”
“မိကြူကတော့ ဟုတ်တယ် ထင်တာပဲနော်”
“တယ်...ငါခေါက်လိုက်ရ မဟုတ်တာတွေပြောမနေနဲ့ လာ ညီး အကိုလေး မနက်စာမစားတော့ဘူးထင်တယ် ဒါတွေ သိမ်းကြစို့”
“ဟုတ်ကဲ့ ကြီးကြီးဝေ“
~~~~~~~~~
“ရှေ့နားဆိုရောက်ပြီဦး”
“ဟုတ်ပြီ သမီး”
“ရောက်ပြီ ဦးလေး ...ခုလိုလိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်နော်”
“ရပါတယ် သမီးရဲ့”
“ဟုတ် ..ဒါဆိုသမီး သွားလိုက်ပါဦးမယ်”
“အင်း..သမီး ဟုတ်ပြီ ”
ဦးသော်မြင့်ချိန် ကော်ဖီဆိုင်အားတစ်ချက်ကြည့်ခါ စိတ်ချဟန်ဖြင့် ပြုံးလိုက်မိသည်။
“မောင်ခန့်ကျော် ကုမ္ပဏီကိုသာ မောင်း”
“ဟုတ်ကဲ့ သူဌေး”
~~~~~~~~~~~~~~
“🎶တွန် ...တွန်🎶 တွန်🎵”
“ပြော သျှား ဘာကိစ္စရှိလို့လဲ”
“.............”
“ဘာမှ မဖြစ်ဘူး သက်သာတယ်”
“..........”
“မလိုပါဘူး သျှားက တမင်လုပ်တာမှ မဟုတ်တာ”
“.............”
“အဟင်း သျှားပြောချင်တာ ဒါပဲမလား”
“.......................”
“ဟား...အဲ့လိုပြောကြေးဆို
သျှားဘယ်တုန်းများ ချိန်းကို နုတ်နဲ့မပြောနဲ့ ဒီလိုကိူယ်ထိလက်ရောက်
နာကြင်အောင် လုပ်ခဲ့ဖူးလို့လဲ ပြောပါဦး
သျှားမှာလဲ အားကိုးရှိနေပြီမလား
“............”
“အဟင်း...တော်ပါတော့ သျှားရာ
သျှားမှာ နောက်ထက် အားကိုးရှိပြီး ချစ်ရမယ့်သူ ရှိနေရင်လဲ
ချိန်းတို့ လမ်းခွဲကြတာပေါ့”
“တူ ...တူ “
တစ်ဖက် စကားသံအား နားမထောင်တော့ပဲ ဇွတ်ဖုန်းချပစ်လိုက်သည်။
ပြီးနောက် နောက်ကျောမှ ဒဏ်ရာအား လက်ပြန်အနေထားဖြင့် စမ်းကြည့်မိသည်။
သူဆေးလဲ မလိမ်းတော့ ဒဏ်ရာမှာ ဖောင်း၍ ရောင်ယမ်းနေပြီး ထိမိလျှင် အတော်လဲနာနေသည်။
“အ ကျွတ် ကျွတ် နာလိုက်တာကွာ
ဒဏ်ရာ ဆေးလိမ်းဖို့ကြလဲ မမှီပြန်ဘူးကွာ ကျစ်”
ဒီလိုကျ သူဆေးလိမ်းပေးဖို့ အားကိုးချင်သူလေးက တစ်ဦးသာရှိမည်
ထိုသူက...?
ရင်ခုန်မိတိုင်း အချစ်မဟုတ်ပါဘူး
သို့သော် တစ်ဦးတယောက်အနားမှာအမြဲ ရှိနေချင်ပြီး
သူ့စီက ယုယကြင်နာမှုတွေ/ဂရုစိုက်ပေးမှုတွေကို ကိုယ့်အတွက်ပဲ သီးသန့်အတ္တဆန်ဆန် လိုချင်နေတာက အချစ်လို့ခေါ်နိုင်မလား....။
~~~~~~~~~~~~
“သျှားမာန်....”
ရှာဖွေသူကို လွယ်ကူစေရန် လက်မောင်းလေးပါအောင် မြှောက်ခါ နုတ်ဆက်လိုက်တဲ့ ယူမီ
“Sorry ငါနောက်ကျသွားတယ်”
“ရပါတယ်...မျက်နှာလဲ မကောင်းပါ့လား ဘာဖြစ်လာတာလဲဟင်”
“ယူမီနဲ့တွေ့ရတာ အဆင်မပြေလို့လား
ဒါဆိုလဲ သျှားမာန် ပြန်လိုက်ပါ ယူမီကြောင့်တော့ စိတ်ညစ်မခံပါနဲ့”
“မင်းကြောင့်မဟုတ်ပါဘူး ...ဒီကိစ္စကသက်သက်ပါ မင်းနဲ့မဆိုင်ပါဘူး”
“သျှားမာန်ကို စိတ်ညစ်အောင် လုပ်နိုင်တာဆိုတော့ ချိန်းဆိုတဲ့သူများလား”
သျှားခေါင်းမညိမ့်ချင်ပေမယ့် ညိမ့်ပြလိုက်ရသည်။
ဒီလောက် ကိုယ်တွေတွဲနေတာတောင် သိပြီးမှတော့ မထူးတော့ပေ။
သူမ သူ့ကို ဒါတွေ နားလည်ပေးနိုင်လို့ပဲ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် တောင်းဆိုလာသည်မဟုတ်လား။
“ဘာလို့လဲ သူနဲ့ရန်ဖြစ်ထားတာလား”
“အဲ့ဒါထက် သူကငါ့ကြောင့် မတော်တဆ ထိခိုက်သွားပြီး အခုငါ့ကို နောက်ထက်ချစ်ရမယ့်သူ ရှိနေရင် လမ်းခွဲကြမယ်တဲ့”
“ဟင်! ဘယ်လို ယူမီနားမလည်ဘူး”
“အဖြစ်က ဒီလို ...@#%€¥£... “
“ဟော်...သူတော်တော်နာသွားမယ့် ပုံပဲနော် ...
ဒီဒဏ်ရာလေး မတော်တဆအတွက်နဲ့ ထင်ရာစွက်စွဲပြီး လမ်းခွဲတာကြီးက လွန်ပါတယ် တွဲလာတာပဲကြာခဲ့ပြီမလား”
“ကြာပြီ ဒါမယ့် ငါသိတယ်
ချိန်းက ငါ့ကို တကယ်မချစ်ဘူး
ငါသူ့အပေါ် ဇွတ်တရွတ် ကပ်တွယ်ပြီး သူ့အလိုလိုက် အကြိုက်ဆောင်နေလို့သာ /
နောက်ပြီး ငယ်သူငယ်ချင်းတွေလဲ ဖြစ်တဲ့ သံယောဇဉ်တစ်ခုကြောင့် ငါ့နားမှာရှိနေတာ”
ကြေကွဲမှုတွေ ပြည့်နေတဲ့ သျှားမျက်နှာလေးအားကြည့်ခါ ယူမီ စိတ်မကောင်းဖြစ်ရသည်။
ကိုယ့်ကို မချစ်မှန်း သိလျက်ဘာကြောင့် အချိန်တွေအကြာကြီး အနာကြင်ခံပြီး ခေါ်ထားချင်ရတာလဲဟင်
ရှင်သူ့ကို သိပ်ချစ်တာပဲလား
သိပ်ချစ်လို့ ဒီလိုတွေ ကပ်တွယ်နေခဲ့တာလား ဟင်
“ပိုင်ဆိုင်ရမှ အချစ်လို့ ထင်တာလား သျှားမာန်
မပိုင်ဆိုင်ရလဲ ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်နေတာလေးကို အဝေးကနေကြည့်ရင်း ကြည်နူးနေမိတာလဲ အချစ်မဟုတ်ဘူးလား ဟင်”
“အဟင်း...မင်းမသိပါဘူး
ချစ်ရင်လူတိုင်း ပိုင်ဆိုင်ချင်ကြတယ် ဒါငါမှ မဟုတ်ဘူး လူတိုင်းပါပဲ
မင်းပြောတဲ့ အဝေးက ချစ်ပေးနေမှုက ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ /ကြိုးစားခွင့် မရှိတော့တဲ့ အရှုံးသမားတွေရဲ့ အချစ်ပဲ”
အရှုံးသမား အရှုံးသမားတဲ့လား
ဟင့်အင်း....အရှုံးသမားမဟုတ်ဘူး ဒါက
မပိုင်ဆိုင်ရလဲ သိက္ခာရှိရှိ ချစ်ပေးတတ်တဲ့ နှလုံးသားလှသူတွေရဲ့ အချစ်ပါ
“အဟင်း...အချစ်အတွက် အရမ်းအတ္တမကြီးထားပါနဲ့
အခန့်မသင့်ရင် အဲ့ကိုယ်ကြီးမိတဲ့ အတ္တကပဲ ကိုယ့်ကို ပြန်ဒုက္ခဖြစ်စေတတ်တယ်နော်”
သျှား ခပ်မဲ့မဲ့လေးပြုံးပြလိုက်ရင်း
သူမ မှာပေးထားတဲ့ green tea အအေးလေးအား မော့သောက်လိုက်သည်။
“ဒီလိုလုပ် ရှင်စိတ်ညစ်နေရင် ကျွန်မတို့ လျှောက်လည်ကြမလား
စိတ်အပန်းဖြေတဲ့ အနေနဲ့လေ”
သျှား သူမစကားကြောင့် တွေတွေလေး စဉ်းစားလိုက်ပြီး...
“အင်း...မဆိုးပါဘူး သွားကြမယ်လေ”
“Ok ...”
“ဟေး...ညီမလေး ခဏ”
“ဟုတ်ကဲ့ မမ”
Waiterကောင်မလေးအား လှန်းခေါ်ခါ
“ပေး...ရှင့်ကားသော့ “
“ဘာလုပ်မလို့လဲ ..”
“ရှင့်ကားကို ဒီမှာထားခဲ့မလို့လေ”
“ဟင်!....ဒါဆို ငါကဘာနဲ့သွားရမှာလဲ”
“ကျွန်မကားနဲ့လေ ...ကားနှစ်စီးဆို ရှုပ်တယ်လေ
ကဲ ရှင့်ကားထားခဲ့မလား ကျွန်မကားထားခဲ့ရမလား ပြော”
သူမအားခေါ်တင်လျှင် ချိန်းနှင့်သွားတွေ့ခဲ့လျှင် ကားပေါ် မိန်းကလေးရေမွှေးနံ့တွေ ဆွဲနေမည်စိုးရသည်။
“ရော့....”
“ကဲ...ညီမ ဒါလေးသေချာ သိမ်းထားနော် ပျောက်ရင်တော့နော်
ဟွန်း မမအဆိုး မဆိုနဲ့”
“ဟုတ်ကဲ့ မမ မပျောက်စေရပါဘူးရှင့်”
“ကဲ..လာသွားစို့ သျှားမာန်”
“အဲ့လို ရလို့လား မင်းကလဲ အားနာစရာကြီး ဆိုင်ကို”
“ဘာမှ အားနာမနေနဲ့ ဒါကျွန်မ ဆိုင်”
“ဘာရယ်!...”
“ဟုတ်တယ် ဒါကျွန်မဖွင့်ထားတာ အခြားဆိုင်ခွဲတွေလဲ အများကြီး ရှိသေးတယ်”
“ပြောတော့မင်းက ဒီကို ခဏအလည်လာတာဆို”
“ဟုတ်တယ်လေ ဒီဆိုင်တွေ အခြေနေ ဘယ်လိုရှိလဲ လာကြည့်ရင်း ဒီကို ခဏခဏ လာလည်နေတာ
ကျွန်မအတွက်က သွားလိုက် ပြန်လိုက်ပါပဲ အဟင်း... ကဲ လာပါ ရှင်ကလဲ”
သူမဆွဲခေါ်ရာသို့ သျှားမငြင်းဆန်ပဲ ပါသွားရတော့သည်။
~~~~~~~~~~~~~~
“ကိုသူရ...ဆိုင်အခြေအနေ ဘယ်လိုလဲ”
“ကောင်းပါတယ် boss အရင်လတွေထက် ရောင်းအားတွေလည်း ထိုးတတ်လာတယ် ။ဆိုင်လဲ လူတွေ အရမ်းကျလို့ အလုပ်သမားဦးရေ ထပ်ထိုးလိုက်ပါတယ် boss”
“ဟုတ်လား ရောင်းအားတတ်လာတာ မင်းရဲ့ ဦးစီးမှုတော်လို့ပဲ ဖြစ်ရမယ် ဒီအတွက် ငါလစာတိုးပေးမယ်
ပြစမ်း ထပ်တိုးထားတဲ့ အလုပ်သမားစာရင်း”
“ဟုတ်ကဲ့ ဒီမှာပါ boss”
“နေခန့်ဦး
ယွန်းသီရိ
ဟေမာန်ကျော်
ပိုးသားကျူး....ဟင်!”
“သူရ”
“ဗျာ boss”
“ပိုးသားကျူးဆိုတာက ..”
“ဪ bossသူကလား ဆိုင်ရဲ့ လက်ဟောင်းလေးပါ
အကြောင်းအမျိုးမျိုးကြောင့် အလုပ်နားသွားပြီး
အခုပြန်လာလို့ ကျွန်တော် လက်ခံလိုက်တာပါ
ဘာလို့လဲ boss
သူ့ကို ပြန်ခန့်တာ အဆင်မပြေလို့လားဗျ”
ချိန်း သူရပြောသောစကားအား ဂရုမစိုက်ဖြစ်...
အဟင်း...မင်းက လက်စသက်တော့ ငါ့ဆိုင်ရဲ့ အလုပ်သမလေးကိုး....
ဒီလိုသာ စောစောသိထားလိုက်ရင်
ငါ မနက်က စိတ်တိုရမှာတောင် မဟုတ်ဘူး အဟွန်း....
ပိုးသားကျူး ပိုးသားကျူး မင်းက ဖေဖေရဲ့အပိုင်မဟုတ်ပဲ
ငါ့အပိုင်များ ဖြစ်နေတာလား... ဟားဟား ဟား
ကံကြမ္မာကြီးက ဆန်းကျယ်သား...
“Boss !...boss အဆင်မပြေလို့လားဗျ”
“မဟုတ်ဘူး အဆင်ပြေတယ် အရမ်းအဆင်ပြေတယ် သူရ....မင်းသူ့ကို အလုပ်ခန့်လိုက်တာကိုပဲ ငါကျေးဇူးတင်တယ် သူရ ...လစာထုတ်တဲ့အခါ ဘောက်ဆူးပေးမယ်”
ဆိုင်မန်နေဂျာ သူရ မျက်နှာမှာ ချိန်းစကားကြောင့် ဝင်းလက်သွားရပြီး
“တကယ်လား boss ဟား ကျေးဇူးတင်ပါတယ် boss”
“ရပြီ မင်း လုပ်စရာ ရှိတာ သွားလုပ်တော့”
“ဟုတ်ကဲ့ boss”
ချိန်းကဆိုင်ကို သိပ်မလာသလို အခြေနေဘယ်လိုရှိလဲ မကြည့်ဖြစ်တာလဲ အတော်ကြာပြီဖြစ်သည်။
အရာရာ ဆိုင်မန်နေဂျာဖြစ်သူ ကိုသူရနှင့်သာလွဲထားပြီး ပိုက်ဆံလိုလျှင် ဘဏ်မှသာ ကောက်လွဲပေးလိုက်သည်။
အခုတော့ သူဘာရယ်မဟုတ် ခြေဦးတည်ရာမောင်းထွက်လာခဲ့ပြီး ဆိုင်ကိုမြင်၍ လမ်းကြုံ ဝင်လိုက်ခြင်းသာ.....
ပိုးသားကျူး ပိုးသားကျုး အဟွန်း....မင်းဘယ်လောက်ပြေးပြေး ငါ့လောင်းရိပ်အောက်က မလွတ်ပါ့လားနော်
သနားစရာ ခိုဖြူမလေး အဟွန်း ဟွန်း
စုံလည်ကုလားထိုင်ပေါ်သို့ မှီထိုင်ရင်း စားပွဲစောင်းပေါ်သို့ ခြေထောက် တင်ခါ
မှီရင်းမှ အခန့်မသင့်ဒဏ်ရာအား ဖိမိခြင်းကြောင့်
“အား ကျွတ် ကျွတ် ဟာကွာ နာလိုက်တာကွာ ကျစ်”
နာကြင်လာသော ဒဏ်ရာကြောင့် သူ သူမကို ချက်ချင်းသတိရလိုက်သည်။
“ကိုသူရ ...ကိုသူရ”
“ဗျာ..ဗျာBoss”
“ပိုးသားကျူးကို ကျွန်တော်ခေါ်တယ်လို့ပြောလိုက် ...ဪ နောက်ပြီး ဆေးသတ္တာဘယ်နားထားလဲ”
“ဟုတ်ကဲ့ ....boss ဒီမှာပါဗျ”
ကိုသူရပြောပြောဆိုနှင့် ဆေးသတ္တာ အားယူပေးလိုက်သည်။
“ဒီထဲ ဒဏ်ကြေဆေးတို့ ပရုတ်ဆီတို့ ရှိလား “
“ရှိတယ် boss ကျွန်တော်စုံနေအောင် ဝယ်ထည့်ထားတာ အဲ့ထက်ကောင်းတာတွေကို ရှိပါသေးတယ်ဗျ”
“ဟုတ်ပြီ ဒါဆို ပိုးသားကျုးကို ကျွန်တော်စီလွှတ်လိုက်ပါ
နောက်ပြီး ကျွန်တော့်ခွင့်ပြုချက်မရပဲ ဘယ်သူမှ ဒီအခန်းထဲကို ဝင်မလာပါစေနဲ့ ကိုသူရ”
“ဟုတ်ကဲ့ boss”
xxxxxxxxxxxxxxx
“ညီမလေးပိုးရေ bossက ညီမလေးကို ခေါ်နေတယ်”
“ဟုတ် ကိုသူရ
ပိုးဒီဟာလေ A1ကိုသွားချပေးပြီးရင် သွားလိုက်ပါ့မယ်”
“ရတယ်ညီမလေး ဒါ အကို ဟန်နီကိုသွားပို့ ခိုင်းလိုက်မယ် ညီမလေး bossခေါ်နေတာကိုသာ အရင်သွားလိုက်ပါ”
“ဟုတ်..ဟုတ်”
Boss bossကို ငါဒီဆိုင်မှာ စအလုပ်လုပ်ထဲက မတွေ့မိပါဘူး
ဟွန်း....bossကဘာလို့ ငါ့ကိုခေါ်တာ
ငါအရင်က အလုပ်လုပ်ပြီး နားသွားလို့ခဲ့လို့ အခုမှ ပြောစရာရှိလို့ခေါ်တာလားမသိဘူး..။
ထားပါလေ ဒါထက် bossကို မန်နေဂျာကလွဲပြီး ဒီက အလုပ်သမားတွေ တော်တော်များများမမြင်ဖူးကြဘူးတဲ့
အခု Bossဘယ်လို ပုံစံလည်းဆိုတာ အခုငါမြင်ရတော့မယ်
Bossရဲ့ဆိုင်က အရမ်းအောင်မြင်နေတာဆိုတော့ ရင့်ကျက်တဲ့အသက်ကြီးကြီးသူဌေးများလားမသိဘူး....
သူမတွေးရင်း bossရဲ့ ရုံးခန်းရှေ့သို့ ရောက်လာခဲ့သည်။
xxxxxxxxxxxxx
“ဒေါက်...ဒေါက် ...ဒေါက်”
“Boss ကျွန်မရောက်ပါပြီရှင့်”
“ဝင်ခဲ့လိုက်...”
“ကျွီ..ဂျလောက်”
စုံလည်ကုလားထိုင်အား အနောက်သို့လှည့်ထိုင်ထားပြီး မည်သူမည်ဝါဆိုတာ သူမ မမြင်ရချေ။
“Boss ကျွန်မကိုခေါ်တယ်ဆိုလို့ပါ”
စုံလည်ကုလားထိုင်လေး ဖြည်းဖြည်းချင်း သူမဘက်သို့လှည့်လာခါ...
“ဟုတ်တယ် ကိုယ်ခေါ်တာ”
သူမမျက်လုံးများ ဝိုင်းစက်သွားရပြီး
“ဟင်!! ...ရှင်! ရှင်! အကို”
“အဟင်း...ဘာလဲ ဘာတွေ ဒီလောက်လန့်နေရတာလဲ
မမြင်ဖူးတဲ့ သူတွေလဲ မဟုတ်ပဲ”
“အကို..အကိုက ဒီဆိုင်ရဲ့ bossပေါ့”
“ဟုတ်တယ်လေ ဒီဆိုင်က ကိုယ့်အတွက် ပါမွှားရှိပါသေးတယ်။
ကိုယ့်မှာက ဒါတင်မဟုတ်ဘူး အပန်းဖြေ ဟော်တယ်တွေ / ဒီလိုမျိုးဆိုင်ခွဲတွေ အများကြီးပဲ ရှိသေးတယ် ။
အဟွန်း ဘယ်လိုလဲ ကိုယ်ဒါတွေပိုင်တာ ဖေဖေတောင် မသိဘူးနော်
ဖေဖေမသိအောင် ဒါတွေ ကိုယ့်ဘာသာရင်းနှီးကြိုးစားထားတာ...
အခုဆို ဖေဖေထက်တောင် ကိုယ်ကနေရာများနေသေး...”
သူမ ဘာမှ မပြောနိုင်ပဲ ကြက်သေသေနေရသည်။
သူမထင်ထားသည်က သူ့ကို ဘာအလုပ်မှ မရှိပဲ အချိန်ဖြုန်းနေတဲ့ လူတစ်ယောက် ဟုသာ...
ဒီလိုအောင်မြင်နေတဲ့ ဆိုင်ကို အသက်ရွယ်ကြီးကြီးနှင့်သူဌေးတစ်ဦးကသာ ပိုင်ဆိုင်မည်ဟုထင်ခဲ့တာ
အခုတော့ သူမအထင်သေးခဲ့ သူပိုင်ဆိုင်သည်တဲ့လား။
စဖွင့်စက ကော်ဖီဆိုင်ဟုသာ နာမည်ခံထားပြီး နောက်ပိုင်း အစားအစာသစ်တွေ ပိုမိုတိုးချဲ့လာရင်း ဝန်းကျယ် ခြံကျယ်ကြီးဖြင့်
အပြင်အဆင်တွေမှာလဲ နိုင်ငံခြားဆန်စွာ ခေတ်မှီလှပသေသပ်သည်။
စျေးကြီးပေးရသည်နှင့်တန်အောင် ချိန်းက customer service / စားသောက်ကုန်အရသာ အတွက် စားဖိုလ်မှူးများမှ စားသုံးတို့ လျှာလည်သွားအောင်လုပ်ဆောင်နိုင်သည့် သူများကိုသာ ရွေးချယ်ခန့်ထားသည်။
ထို့ကြောင့် စားသုံးသူမှန်သမျှ ထိုဆိုင်လေးအား သဘောကျနှစ်သက််မှုရှိကြပြီး bad review ဆိုတာမရှိသလောက်ပင်။
ခဲပြာရောင်လက်ရှည်အား လက်မှာခေါက်တင်ထားပြီး သူ၏ခန့်ညားတဲ့ ရင်ပြင်ကျယ်ကြီး ပေါ်အောင် ကြယ်သီး၂လုံးလောက်က ဖြုတ်ထားသည်။
နဖူးပေါ်ပြိုကျနေသည့် ဆံပင်ရှည်တွေကို သက်ရင်း ချိန်း သူမအနားသို့ တရွေ့ရွေ့လျှောက်လာသည်။
တဖြည်းဖြည်း နီးကပ်လာသည်မို့ သူမနောက်သို့ တွန့်ဆုတ်သွားရင်း...နံရံနှင့် ကျောလေးထိကပ်သွားရသည်။
သူမမျက်နှာနားသို့ ထက်ပြီးတိုးကပ်လာတဲ့ ချိန်း၏မျက်နှာချောချောလေးကြောင့် သူမ ရင်ထဲ တဒုန်းဒုန်းခုန်မည်နေသလို မျက်နှာလေးမှာလဲ ပန်းရောင်လေးပင် သန်းလာသည်။
“ဘယ်လိုလဲ မင်းကြိုက်ရဲ့လား
အခုကစပြီး ပိုက်ဆံမက်လို့ ဖေဖေကို မြူစွယ်နေတာတွေ/တွယ်ကပ် နေတာတွေ ရပ်လိုက်တော့
အခု ဖေဖေထက် ငါကပိုချမ်းသာနေပြီ
နောက်ပြီး ဖေဖေထက်လဲ ငါက ပိုပြီးနုပျိုတယ်
မင်းရွေးခြယ်မယ်ဆိုရင် ငါ့လို အရည်ချင်းလည်းရှိ ဉစ္စာပေါရုပ်ချောကိုပဲ ရွေးခြယ်သင့်တယ်မလား
ငါ့အဖေကို မင်းအမိဖမ်းနေတာတွေ ရပ်တန့်လိုက်စမ်းပါ
အဖေနဲ့ မင်းလုံးဝမဖြစ်နိုင်ဘူး
အဲ့တော့ အဖေ့အစား သူ့သားဖြစ်တဲ့ ငါ့ကို ပဲ....မင်း.......”
ပြောရင်းနှင့် ဘေးလေးစောင်း ထားသောသူမ ပါးလေးအား သူ့လက်ဖျားလေးဖြင့် အသာအယာ ပွတ်သပ်ရင်း မေးရိုး၊လည်တိုင် ၊ထို့နောက် ရင်ဘက်စီသို့
ချိန်းလက်တွေအား သူမ ဖမ်းဆုတ်ခါ ပုတ်ထုတ်ပစ်လိုက်သည်။
စူးရဲသော အကြည့်ပြင်းပြင်းများဖြင့် ချိန်းမျက်နှာအား ပြန်စိုက်ကြည့်ခါ
“ရှင်ရူးမနေနဲ့ ...ကျွန်မ ရှင့်အဖေကိုလည်း မမြူစွယ်သလို ရှင့်ကိုလည်း စိတ်မဝင်စားဘူး ကျွန်မ ဘယ်ပိုက်ဆံမှလဲ မမက်ဘူး
ကျွန်မမက်တာက ဖြူစင်တဲ့မေတ္တာတရားနဲ့ နွေးထွေးလုံခြုံမှုပဲ
ရှင်ထင်ရာတွေ လာစွက်စွဲမနေနဲ့ ...ဖယ် ကျွန်မအရှေ့က “
ပိုး၏ အပြောကြောင့် ချိန်းအတော် အံ့ဩသွား ရတာတော့အမှန်ပင်။
တခါမှ သူ့ကို မော်မကြည့်ရဲသလို သူပြောသမျှ ခေါင်းငုံ့ခံလာတဲ့ သူမက အခုတော့ ဘယ်ကသတ္တိတွေနဲ့များ သူ့ကိုဒီလို ပြန်ခံပြောရဲရတာလဲ..။
“ဟား..ပိုးသားကျူး မင်းကအတော်ကို သတ္တိတွေ ရှိနေပါ့လား ဟမ်
ဘယ်တုန်းကများ မင်းငါ့ကို ဒီလိုပြန်ခံပြောဖူးလို့လဲ
ဘာတဲ့ ငါ့ကိုများ အရူးဟုတ်လား
အဟွန်း ဟုတ်တယ်
ငါရူးတယ် ငါရူးတယ်ဘာဖြစ်လဲ
အဲ့ဒါမင်းကြောင့် ပဲ”
သူမလက်မောင်းနှစ်ဖက်အား သူ့အားဖြင့်ဖိညစ်ခါ ပြောလိုက်သည်။
“ရှင်သွေးရူးသွေးတန်းနဲ့ လာလျှောက် ပြောမနေနဲ့ ..လွတ် ..ကျွန်မလက်ကို အရင်ကပြန်မပြောတာ သည်းခံနေလို့
အခုကျွန်မကို ရှင်ကြီး ပြောတာတော်တော်တရားလွန်နေပြီ
ဒါကြောင့် ကျွန်မသည်းမခံနိုင်တော့လို့ ပြောရတာ လွှတ်ပါ”
ဖိညစ်ထားသော လက်တွေကမလွတ်ပဲပို၍တင်းကြပ်စွာ ဖိညစ်ထားရင်း ...
“လွှတ်စေချင်လား
အေ့လွှတ်စေချင်ရင် ငါ့ကို မင်းအရင်ကခေါ်သလို “အကို”လို့ခေါ်လေ
ဒါဆို ငါလွှတ်ပေးမယ်”
သူမလက်တွေ သူဖိညစ်ထား၍ အလွန်နာကြင်နေပြီမို့ ယခုဒဏ်က အသာတကြည် လွှတ်မြောက်ဖို့ရန်
ဒီနည်းလမ်းသာ ရှိတော့သည် မဟုတ်လား...။
သူမလည်ချောင်းတွင် နင်နေသော တံတွေးတို့အား မရဲတရဲမျိုချရင်း...
“အကို ကျွန်မကို လွှတ်ပေးပါ”
“အဟွန်း ဟားဟားဟား မင်းက သိပ်ကို အယုံလွယ်တာပဲ ပိုးသားကျူးရဲ့”
သူမလက်မောင်းအား ဖိညစ်ထားသည်မှ လွှတ်လိုက်ပြီး
သူမ၏သွယ်လျတဲ့ ခါး သေးသေးလေးအား ဆွဲဖက်ခါ
“ဟင် အကို ....အကိုဒါဘာလုပ်တာလဲ လွတ်ပါ “
သူမ လက်တွေနဲ့ သူ့အား ထုရိုက်ခါ အားကုန် တွန်းထုတ်နေသည်။
“ဘာလဲ ငါကမချောလို့လား မင်းလုပ်ခဲ့တဲ့ ဘားကကောင်တွေထက်တော့ အဆပေါင်းများစွာ သာတယ်နော် “
“အကို ပိုးကို ဒီလိုအနိုင်မပိုင်းပါနဲ့ ပိုးဘာတွေများ အကိုပေါ် အပြစ်လုပ်ထားလို့လဲ ဘာလို့ ဒီလို အနိုင်ကျင့်နေရတာလဲ ....အွန့်...”
ပိုးပြောရင်း မျက်ရည်များ ဝဲတတ်လာသည်။
ချိန်းမျက်ရည်တွေစို့ခါ ပြောနေတဲ့ ပိုးလက်အား ဆွဲကာ နုတ်ခမ်းချင်းတေ့၍ ဖိကပ်ခါ နမ်းရှိုက်လိုက်တော့၏။သူတကယ် ပိုးဖြစ်နေတဲ့ပုံစံကို အသဲတော်တော်ယားနေပြီဖြစ်သည်။
xxxxxxxx အပိုင်း ၁၀ ဆက်ရန်>>>
စာဖတ်သူအားလုံးကို ချစ်တယ်♥️🙆🏻♀️