book

Index 8

(အပိုင်း ၈)

  • Author : Kyawal
  • Genres : Drama

(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)


တိုးလိုက် ကျယ်လိုက်လျှောက်လာနေသော ရှူးဖိနပ်သံကြောင့် ယူမီထိုင်နေရာမှ အသံလာရာသိုမော့ကြည့်လိုက်လိုက်သည်။


“သူ..”


သျှား ပုခုံးကိုသိုင်းဖက်လိုက်တဲ့ ဆံပင်ရှည်ရှည်နှင့် ရုပ်ရည်ချောမောသည့်ထိုသူပင်....။


ချိန်းပုံစံမှာ အရမ်းဒေါသထွက်နေပြီးမှုန်သုန်နေသည်။

စောင့်စရာမလိုပဲ အသင့်ရောက်လာသည့် ဓာတ်လှေကားထဲသို့ ခြေသံပြင်းပြင်းဖြင့် ဝင်သွားတော့သည်။


“ဟွန့်....မြန်တာ ခုဏလေး သျှားမာန် ဝင်သွားတာလေ

အခုသူက ပြန်ထွက်သွားတယ်.....

သူတို့ ချိန်းတွေ့တာ အဲ့လောက်မြန်လား

နေဦး...ငါလုံးဝမကျေနပ်ဘူး 

ဒီအဖြစ်ကို ငါထင်တာ ဟုတ်မဟုတ် သေချာအောင် သျှားမာန်စီကို ဒဲ့မေးရမှာပဲ”


ကိုယ်ထင်ချင်ရာထင်ပြီး ကြေကွဲနေရတာများလား ဟု သူ့မကိုယ် သူမ သံသယဝင်မိသောကြောင့်.....

လက်သီးလေးစုတ်ခါ မတတ်နိုင်သည့်အဆုံး ကိုယ်crushနေသူကို ဒဲ့မေးပစ်ဖို့သာရှိတော့သည်။


အချစ်အတွက်ဆို သူမ မိန်းကလေးတန်မဲ့ သတ္တိတွေ ပြည့်ဝနေတဲ့ လူတစ်ယောက်ကဲ့သို့ပင်....


“တီတောင်.....တီတောင်”


“ချိန်း...ချိန်းပြန်လာတာထင်တယ်”


သျှား တံခါးအား အပြေးလေး သွားဖွင့်လိုက်သည်။


“ဂျလောက်..”


ဟင်!...ချိန်းလဲ မဟုတ်ပါ့လား


“ဘာကိစ္စရှိလို့လဲ မသိဘူး “


“ရှင်ကျွန်မကို မမှတ်မိဘူးလား”


“အာ...ငါတို့ တစ်နေရာမှာ တွေ့ခဲ့ဖူးလို့လား ဒါမှမဟုတ် မင်းကငါ့ fanလား

လက်မှတ် ထိုးခိုင်းမလို့လား”


“ဟမ်.!..Fan /လက်မှတ်“

“ရှင်က ရုပ်ရှင်မင်းသားမို့လို့လား”


“မင်းမသိဘူးလား နိုင်ငံကျော် မော်ဒယ်သျှားမာန်ငြိုးဆိုတာ  ငါပဲလေ”


“ဟင့်အင်း...မသိပါဘူး “


သူမစကားကြောင့် သူအောင့်သက်သက်လေး ဖြစ်သွားရသည်။


“ကျွန်မက ဂျပန်ကနေ ဒီကို ခဏအလည်လာတာ ...ရှင့်ကို မော်ဒယ်မှန်းလဲ မသိပါဘူး“


“ဒါဆို အခုက ဘာကိစ်စလဲ”


“ဒီကိစ္စ...”


သူမလက်ညိုး ထိုးပြရာနေရာသို့ သျှားအကြည့်တို့ ရောက်သွားခဲ့ပြီး...

ဖြူဖွေးနုအုနေတဲ့ ခြေထောက်လေးမှာ ပက်တီးအဖြူလေး စည်းထားခြင်းကြောင့်...


“မင်းမှားနေပြီ ငါဆရာဝန် မဟုတ်ဘူး”


“ဟ...ရှင့်ကို ကျွန်မဒီလောက် သက်သေကြီးပြထား တာတောင် ရှင်က မမှတ်မိဘူးပေါ့လေ”


သျှားက သူမအား မသိဘူးဆိုသည့် သဘောဖြင့် မျက်ခုံးလေးပင့်ပြသည်။


“ကောင်းပြီး ကျွန်မရှင့်ကို ပြောပြမယ်

.....&@#%......”


“ဪ ...အဲ့ဒါမင်းလား”


“အွန်း...အခုမှတ်မိပြီလား ကိုသျှားမာန်ငြိုး”


“နာမည်လည်း သိနေတာလား”


“သိတယ် ...မသိလိုက်တာ ဖုန်းနံပါတ်ပဲ”


“မင်းလိုချင် ငါပေးမယ်လေ “


ထိုစကားကြောင့် သူမမျက်နှာလေး ဝင်းလက်သွား ရပြီး

ဟန်တောင်မဆောင်နိုင်ပဲ...


“အင်း...ပေး ပေး ပေး”


သျှား သူ၏ ခဲပြာရောင် အပေါ်ထပ် ကုတ်အင်္ကျီအတွင်းဘက်ရှိ အိတ်ကပ်ထဲမှ ဘောပင်တစ်ချောင်း ထုတ်ခါ


“ပေး ...မင်းလက်”


“ဟင်!...ဘာလုပ်မလို့လဲ”


“ဖုန်းနံပါတ်ရေးပေးမလို့လေ “


“ဟာ...ဒီလောက်ခေတ်မှီနေတာကို ကျွန်မမှာ ဖုန်းပါတယ် ခဏ”


သူမ သယ်လာသမျှ ပစ္စည်းများကို အောက်သို့ ချခါ ပိုက်ဆံအိတ်ထဲမှ ဖုန်းအားစမ်းလိုက်သည်။

စမ်းတော့စမ်းနေတာပဲ မတွေ့သောကြောင့်...


“ဟင်!...အဲ...ငါ့ဖုန်းက ဘယ်ရောက်”


သူမ အူကြောင်ကြောင်ပုံစံလေးဖြင့် ပြန်စဉ်းစားကြည့်တော့ ကားထဲတွင် ကျန်နေခဲ့ခြင်းဖြစ်သည်။

သူမ ပုံစံအား သျှားကြည့်၍ ရယ်ချင်ပါသော်လည်း အောင့်ထားလိုက်ရသည်။


“မင်း ဘာရှာနေတာလဲ “


“ဟို...ဟို ကားပေါ်မှာ ကားပေါ်မှာကျန်ခဲ့တာ ဖုန်း”


“အဲ့ဒါဆိုလဲ ငါပြောသလို လုပ်လိုက် ပေး မင်း လက်”


ဖုန်းက ကားထဲမှာ ကျန်နေတော့လဲ သူမ သူပြောသလိုသာ လက်ကမ်းပေးလိုက်ရသည်။


“အွန်း..ရော့”


သူမလက်အား သူ့စီသို့ ဖြန့်ပေးလိုက်ပြီး....

အကြည့်တို့က နီးကပ်လာတဲ့ သျှားရဲ့ မျက်နှာချောချောလေးစီသို့..


သျှားက သူမလက်အား သေချာကိုင်ခါ ဖုန်းနံပါတ်အား ရေးပေးလိုက်သည်။


“ရပြီ ရော့ “


သူမသွားစွယ်လေးများ ပေါ်အောင် ပြုံးလိုက်ပြီး


はい、ありがとうございます

Hai arigatōgozaimasu

“အင်း ကျေးဇူးပဲ”


သူမ၏ ဂျပန်အသံထွက်ပီသစွာ ပြောလိုက်တဲ့ စကားကြောင့် သျှား ထက်၍ပြုံးမိပြန်သည်။


“ဒါနဲ့ မင်းခြေထောက်က သက်သာရဲ့လား”


သူပြောခါမှ သူမ သတိရသွားပြီး သက်သက်မဲ့ crush ရဲ့ ဂရုစိုက်မှု ခံချင်မိသောကြောင့် ဉာဏ်များလိုက်သည်။


いいえ、とても痛いです

Īe,totemo itaidesu

“ဟင့်အင်း...အရမ်းနာနေတယ်”


“အား...နာလိုက်တာ မသက်သာဘူး လုံးဝမသက်ဘူး အရမ်းနာနေတာ “


သူမ တမင်ဟန်လုပ်၍ နေခြင်းဖြစ်သည်။


“ဟင်!...ချက်ချင်းကြီးလား မင်းကခုဏက အကောင်းပါ”

ဒီလောက်နာနေရင် ဆေးရုံ သွားမလား

ငါလိုက်ပို့ပေးမယ်”


သူ့စကားကြောင့်သူမ အလိမ်ပေါ်သည့် မျက်နှာထားလေး အနည်းငယ်မျှ ဖြစ်သွားပြီး....


“ဟုတ်တယ် အခုမှ မကောင်းတော့တာ အရမ်းကိုက်ခဲလာ လို့

ရတယ် မသွားတော့ဘူး ခဏနားလိုက်ရင် သက်သာသွားမှာပါ အဟင်း”


“ချက်ချင်းကြီး အဲ့လိုလား”


“ဟုတ်တယ် အဲ့လို အဲ့လို

အ .ကျွတ် .ကျွတ် ရှင်က ကျွန်မကို ဒီတိုင်းပဲ အခန်းရှေ့မှာ ရပ်ခိုင်းထားတော့မှာလား

အထဲလေး ဘာလေး ခေါ်ဖို့ စိတ်ကူးမရှိတော့ဘူးလား 

ဟွန့်...လူမှုရေးခေါင်းပါးလိုက်တာ”


သျှား သူမစကားကြောင့် ကြောင်အအဖြစ်သွား ရပြီး 

ဒီအခန်းက မဟုတ်လဲ ချိန်းနဲ့သူ ပဲ သိတာမို့  စိတ်ချလက်ချသာ သူမအား အထဲခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။


“ကဲ ကဲ လာလာ အဲ့ဒါဆိုလဲ”


“ဟွန့် ဒီလိုမှပေါ့

ကျွန်မခြေထောက်နာနေလို့ ဒါလေးတွေ ရှင်ပဲ အထဲကိုသယ်ခဲ့လိုက်တော့နော် ...အ...ကျွတ် ..ကျွတ်”


“ဟင်!....ဟေး”


ခြေထောက်နာတယ်လဲ ပြောသေး သူမဇွတ် အခန်းထဲသို့ ပြေးဝင်သွားတော့သည်။

 

“ဟာ...ဘယ်လို ဂေါက်သီးလဲဟ

ခြေထောက်နာတယ်လဲ ပြောသေး”


ပါးစပ်ကတော့ ပြောသာပြောနေတာ ဂျပန်ကပြားမလေး၏ အထုတ်အပိုးတွေအား သယ်ခါ တံခါးပိတ်လိုက်တော့သည်။


သျှား၏မျက်ကွယ်ရာတွင်တော့ သူမကြိတ်၍ ရယ်နေမိသည်။

အခုလို အဆင်လေးကို သူမလိမ့်တပက်လုပ်နေ ရ၍ဖြစ်သည်။


ဧည့်ခန်းတွင် သူမ၏ကိုယ်ပိုင် အခန်းပုံစံမျိုးဖြင့် ထိုင်ခါ ဟိုကြည့် ဒီကြည့်ဖြင့်...


“ဟေး...မင်း ဘာသောက်မလဲ ကီဝိသီးဖျော်ရည် သောက်မလား 

ငါဖျော်ပေးမယ်”


“ရှင်ဖျော်တိုက်မှာလား ဒါဆို သောက်မယ်​လေ”


အနှောင့်အသွားမလွတ်သော သူမစကားကြောင့် သျှားစိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။

ရင်ခုန်တာတော့မဟုတ်ပါ ။

ချိန်းနောက်ကွယ် ဒီမိန်းကလေးကို အခန်းထဲခေါ်ထားမိနေပြီး ခင်မင််မိသောကြောင့် ဖြစ်သည်။


“အင်း..ခဏစောင့်”


သူမကတော့ ပြုံးရွှင်သည့်မျက်နှာထားနှင့် လာရင်းကိစ္စကိုပင် မေ့နေမိသည်။

မိနစ်အနည်းငယ် ကြာတော့ သူမဟိူကြည့် ဒီကြည့် လျှောက်ကြည့်ရင်းမှ  စားပွဲခုံပေါ်တွင် 

မှောက်နေသော ဘောင်သွင်းထားသည့်ထောက်တံပါ ဓာတ်ပုံလေးအား ဘာရယ်မဟုတ် သူမ ယူကြည့်လိုက်သည်။


ဟင် ...ဒါဟိုတစ်ယောက်နဲ့သူ ရိုက်ထားတဲ့ ဓာတ်ပုံပါ့လား

ဒီဓာတ်ပုံထဲမှာကျ သူငယ်ချင်းလိုလိုနဲ့

အပြင်မှာကျ...!?


“ဟေး..ရပြီ”


“ဟင့် မြန်တာ...”


“အင်း မြန်မြန်ပဲ”


“ဒီဓာတ်ပုံထဲက လူနဲ့ ရှင်နဲ့က ဘာတော်လဲ ဟင်”


သျှား ဆိုဖာမှာဝင်ထိုင်လိုက်ပြီး..


“အဲ့ဒါလား သူငယ်ချင်းတွေလေ”


သူမ သျှား၏အဖြေကို သဘောမကျဟန် မျက်နှာထားဖြင့်


“ရှင် လိမ်တာ”


“ဟင်!...”


သူမစကားကြောင့် သျှားရင်ထဲ ဒိန်းကနဲတုန်တတ်သွားသည်။


“ဟုတ်တယ် ..ရှင်လိမ်တာ...ရှင်တို့က ဟိုမိုအတွဲမလား Yōaiလေ ဟုတ်တယ်မလား”


“ဟင်!!....မင်း...မင်း..ဘယ်လိုလုပ်”


“ရှင်တို့ အခြေနေတွေ အားလုံး ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်လိုက်တယ်”


“ဒါ ဒါဆို မင်းက သတင်းထောက်လား

ဘာလို့ ငါတို့ တွဲနေမှန်း သိသွားရတာလဲ”


သတင်းသမားတွေတောင် ထိုကိစ္စရိပ်မိသလို ဖြစ်သွားခဲ့ဖူးသောကြောင့် သူတစ်ပက်လှည့် လာခဲ့ပြီးဖြစ်သည်။

အရာ အားလုံးကို သူ၂နှစ်လုံးလုံးဖုံးဖိထားနိုင်ခဲ့ပြီးခါမှ 

အခုဘာမဟုတ်တဲ့ သူမနဲ့ကျမှ ဘူးပေါ်သလို ပေါ်လာခဲ့သည်မို့ စိတ်ထဲ ခံပြင်းနေမိသည်။


“ကျွန်မ သတင်းထောက် မဟုတ်ပါဘူး...

နောက်ပြီး ရှင်စိတ်ချပါ ကျွန်မ ဒီအကြောင်း ဘယ်သူ့မှ ပြန်မပြောပါဘူး နုတ်လုံပါ့မယ်

ဒါမယ့် အပေးအယူ တစ်ခုတော့ လုပ်ရလိမ့်မယ်”


သျှား သူမစကားကြောင့် အနည်းငယ်စိတ်ဝင်စားသွားပြီး...


“ဘာလဲ အဲ့အပေးအယူက ငွေလား လိုသလောက်ပြော ငါပေးမယ်”


“No No ငွေဆိုတာ ကျွန်မအတွက် အပေါဆုံးအရာပဲ

လွယ်ပါတယ် ...ကျွန်မရှင်နဲ့ just friend ဖြစ်ချင်တယ် ရှင်လက်ခံပေးရမယ် ဘယ်လိုလဲ”


“ငါက မင်းနဲ့ just friend ဖြစ်ပေးရမယ် ဟုတ်လား”


“အွန်း...ဘာလဲ မရဘူးလား

မရရင်တော့ ရှင်တို့ အကြောင်း ကျွန်မ အာမ မခံဘူးနော်....

တခြားတစ်ယောက်ကို အတင်းပြောရင်း လွတ်ကနဲ ရှင်တို့အကြောင်း ထွက်သွား..”


“အော...အော..တော်တော်..ငါလက်ခံတယ် ငါမင်းနဲ့just friend လုပ်မယ် ဒါပဲမလား”


“ဟီးး...ဒီလိုမှပေါ့ အဆင်လေးကလဲ”


သူမပြောပြောဆိုဆိုနှင့် သျှားဖျော်ပေးသော ကီဝိသီးဖျော်ရည်အား မော့သောက်လိုက်သည်။


“ဟား...ကောင်းလှချီလား ရှင်က ရုပ်လေးတွင်ချောတာမဟုတ်ဘူး ဒီလိုအဖျော် နေရာတွေမှာလဲတော်တာပဲနော်”


“ငါက အရာအားလုံး တော်တယ်။အပိုတွေပြောမနေပါနဲ့ သောက်မှာသာ သောက်ပါ”


“အဟွန်း..”


“ဒါနဲ့မင်းက ဂျပန်ကနေ ခဏအလည်လာတာလဲပြောသေး မြန်မာစကားကျ မွှတ်နေအောင်တတ်ပါ့လား”


“ဪ ဒါလား ကျွန်မအဖေက မြန်မာနိုင်ငံသား ကျွန်မအမေက ဂျပန်လူမျိုးလေ ဒါကြောင့် ကျွန်မ ၂ခုစလုံးတတ်တယ်”

ရှင်ကော ဂျပန်စကားတတ်လား”


ယူမီအမေးကြောင့် သူပြုံးလိုက်ပြီး


“နားလည်တယ် နည်းနည်းပြောတတ်တယ် သူများတွေလို အကျွမ်းကြီးမဟုတ်ဘူးပေါ့ “


“ဒါဆို ရှင် Kanji (ဂန်းဂျီး)ရလား”


“ဟား..ငါ kanjiတွေ မရေးတတ်ဘူး သူတို့က တော်တော်ခက်တာ တစ်လုံးတစ်လုံးက မှတ်ရတာမလွယ်ဘူး”


“ကျွန်မသင်ပေးရမလား”


“ဟင်...တော်ပါပြီကွာ ငါ့မှာအလုပ်အတွက် ဦးနှောက်ခြောက်စရာတွေနဲ့ အဲ့ဘက်ကို အာရုံမထားနိုင်ပါဘူး”


“ဟွန့် အကောင်းနဲ့ သင်ပေးမှာကို မသင်နေပေါ့”


“ဒါနဲ့မင်းပြန်တော့မလား”


“ဟမ်...ရှင် ကျွန်မကို နှင်နေတာလား”


“မဟုတ်ဘူး ဒါငါ့အခန်းမှ မဟုတ်တာ မင်းမြင်လိုက်တဲ့ ချိန်းရဲ့ အခန်း

ငါနဲ့သူနဲ့က မင်းသိတဲ့အတိုင်း ချစ်သူတွေမို့ အခန်းpassword တွေကော အကုန် ငါ့ကိုသူက ပေးသုံးထားတာ

ငါက ပြန်ရမှာ”


“ဪ...အဲ့သလို...ဒါဆိုလဲ ပြန်မယ်လေ လာ ..ဒီအထုတ်လေးတွေ ကျွန်မ အခန်းထဲထိတော့ လိုက်ပို့ပေး ကျွန်မခြေထောက်နာနေလို့”


“မင်းက သိပ်အတင်စီးလွန်းတယ်နော်”


“ဘာလဲ မလုပ်ချင်ဘူးလား မလုပ်ချင် ကျွန်မ သတင်းဖြန့်လိုက်မှာနော်...ဟွန်း”


“အေးအေး အကြပ်ကိုင်ပါ လုပ်ပေးမယ် သယ်ပေးမယ် သွား မင်း အရှေ့က”


“အဟွန်း ဒီလို ပြောစကားနားထောင်မှပေါ့”


သျှား ကွန်ဒို အခန်းအားပိတ်၍ သူမအခန်းစီသို့ ပစ္စည်းများ ချပေးခါ ထွက်လာခဲ့လိုက်သည်။


“အဲ..အဲ နေဦး ရှင့်အသက်က ဘယ်နှနှစ်လဲ ဒီလိုမေးလို့ ရိုင်းတယ်မထင်ပါနဲ့ “


(မြန်မာတွင်သာ အသက်မေးရင် ရိုင်းတယ်လို့မထင်ကြပေမယ့် တချို့နိုင်ငံ ခြားတွေမှာတော့ အသက်မေးရင် အရမ်းရိုင်းတယ်လို့ သက်မှတ်ကြပြီး အတော်ကို စိတ်ဆိုးတတ်ကြပါတယ်။တခြားနိုင်ငံက လူတွေနဲ့ ပြောဆိုဆက်ဆံရင် ဒီအချက်ကို သတိထားပါ)


“ရပါတယ် ငါ့အသက်က ၂၅ကျော်ပြီ”


“အိုး ဒါဆိုကျွန်မထက် ၁နှစ်ပဲကြီးတာပါ”


“ဒါနဲ့ မင်းနာမည်က “


“ယူမီ....သေချာမှတ်ထားနော် ထက်မေ့ရင် သတင်းဖြန့်ပစ်မယ်”


“စိတ်ချ ဒီတစ်ခါတော့မမေ့ဘူး မင်းလို ၊စပ်စုစိန် အမွှေစိန်ကို သေချာမှတ်ထားမှာ”


“ဟွန့် ပြီးတာပဲ”


<><><><><>><>><>>>


“ထောက် ချလောက်..”


ကားသော့ ပြုတ်ကျသွား၍ ကုန်းကောက်နေချိန် အနောက်မှ လူတစ်ယောက်ရောက်လာသည့် ခံစားချက်ကြောင့်

ဗြုန်းကနဲ လှည့်ကြည့်လိုက်သည်။


“ဟင်! ...မင်း ဘာဆင်းလုပ်တာလဲ”


“ဘာလဲ ကျွန်မက ကားထဲ ဖုန်းမေ့ကျန်ခဲ့လို့ ဆင်းယူတာပါ “


“ဒါဆိုလဲ ခြေသံပေးလေ”


“ပေးတယ်လေ ရှင့်ဘာသာမကြားတာ ဘာကုန်းလုပ်နေမှန်း မသိပဲ”


“ငါဘာလုပ်ရမှာလဲ ကားသော့ပြုတ်ချလို့ ကောက်နေတာ”


“ပြီးရော ဖယ် ကျွန်မရှေ့က “


သူမကား စီသို့လျှောက်လိုက်သွားပြီး ကျန်ခဲ့သော ဖုန်းအားယူခါ ပြန်လာခဲ့သည်။


သျှားလည်း ကားပေါ်၌နေရာယူခါ ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။


သူမ သျှား၏ကား စီသို့ လျှောက်သွားလိုက်ပြီး ကားရှေ့အဖုံးပေါ်လက်ထောက် လျက်

လက်နှစ်ချောင်းပုံစံကားကားလေးလုပ်၍ သူမမျက်ကိုအရင်ထိုးပြလိုက်သည် ပြီးတော့ သူ့ဘက်သို့ ပြန်ထိုးပြခါ


“Just friend နော် မမေ့နဲ့ သျှားမာန် ကောင်းကောင်းသွား Bye”


သူမအပြုမူကြောင့် သျှား မျက်ခုံးတွန့်မိသည် ။

သူမနဲ့ပက်သက်ရတာက သူ့စိတ် ဆန္ဒမပါပေမယ့် တကယ်ခင်မင်မိသည်။

သူမကရဲတင်းပြီး ခလေးဆန်ခါ အရမ်းပွင့်လင်းသည်။

၁နှစ်ပဲကြီးတာမို့ သူမ သူ့အား အကိုတပ်ခေါ်ဖို့ စိတ်ကူးရှိပုံ မရပါ။

ဒါကလည်း သူမ နိုင်ငံခြားမှာ အနေများသူလေးမို့ ဖြစ်မည်ထင်သည်။


ဂျပန်ကပြားမလေးက နောက်ဆုံးမပိုင်ဆိုင်ရရင်တောင် တရင်းတနှီး ခင်မင်ခွင့်လေးတော့ ရချင်မိတာကြောင့် Just friend အဖြစ်ကိုရွေးချယ်လိုက်ချင်းဖြစ်သည်..💔။


<><><><><><>><>><>>


“တီ...တီး🗯”


ဟွန်းသံကြောင့် ပိုးစာဖတ်နေရာမှ ထကာ ပြတင်းပေါက်သို့ လျှောက်သွားကြည့်မိသည်။


သူပြန်လာတာပဲ...


သူမ တိုင်ကပ် နာရီအား လှန်းကြည့်တော့ 


“နေ့လယ် ၂နာရီတောင် ထိုးပြီ အကိုက အခုမှ ထမင်းပြန်လာစားတာလား”


သူမဖတ်လက်စ စာအုပ်လေးမှ စာရွက် ထိပ်ပိုင်းလေးအား ခေါက်ခါ ပြန်ပိတ်လိုက်သည်။


“ပျိုးသားကျူး!! ....ပိုးသားကျူး!! ..”


အောက်ထက်မှ လေးပင်သော အသံနက်ကြီးဖြင့် သူမအား အော်ခေါ်နေသော ချိန်း၏အသံပင်


မျက်လုံးလေးပြူးကျယ်သွားပြီး ခန္ဓာကိုယ်လေးမှာ တွန့်ကနဲ တုန်တတ်သွားရသည်။


“ဘုရားရေ ငါ့ကိုခေါ်နေတယ် ဘာကိစ္စရှိလို့လဲ မသိဘူး ”


<><>>>>><>>><>>


“ကြီးဝေ ...ပိုးသားကျူး အလုပ်သွားတာလား”


“သမီးလေးက ဒီနေ့အလုပ်မသွားသေးဘူး မနက်ဖြန်မှ သွားမယ်ထင်တယ်”


“သား..သားဘာခိုင်းမလို့လဲ ကြီးဝေလုပ်ပေးပါ့မယ် ပိုးသူ့ခန်းထဲမှာ အေးဆေးအနားယူပါစေနော်”


“မလိုချင်ဘူး ကြီးဝေ သူအိပ်နေရင်လဲ ကျွန်တော့်အသံဒီလောက်ကျယ်တာ သူသေချာပေါက်ဆင်းလာလိမ့်မယ်..နော်... 

ကျွန်တော်ခေါ်ရင် ...လာမှ ကြိုက်တာ...နော် ဟုတ်ပြီလား သဘောပေါက်တယ်မလား ကြီးဝေ”


သူသောက်ထားသည် အရှိန်ကြောင့်အသံမှာ လေးလေးပင်ပင်ဖြစ်နေသည်။

ပြောနေရင်းက ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ဘိုင်းကနဲ လှဲချကာ ထိုင်လိုက်သည်။


“အေ...အေးပါကွယ် ကြီးဝေသိပါပြီ”


ချိန်းအသံကြောင့် မိကြူအပြေးလေးရောက်လာပြီး ကြီးဝေဘက်သို့ မေးငေါ့ခါ ဘာဖြစ်တာလဲ ဆိုသည့် မျက်နှာထားဖြင့်မေးလိုက်သည်။

ကြီးဝေက ခေါင်းခါပြခါ အသာနေဆိုသည့် အကြည့်ဖြင့်....

မိကြူအား ဆွဲခေါ်ခါ ထွက်အလာ


“ကြီးဝေ ..အကိုဘာဖြစ်လို့လဲ”


ကြီးဝေ လှေကားပေါ်မှ အပြေးလေးဆင်းလာသော ပိုးအားကြည့်ခါ


“သမီးကို ခေါ်နေတာ သားအရက်နည်းနည်းသောက်လာပုံပဲ သမီးကို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတယ် ဝင်သွားလိုက်နော်”


“ဟုတ်ကဲ့ ကြီးဝေ”


ကြီးဝေစကားကြောင့် ပိုး ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။

တွေ့ပါပြီ ....အင်္ကျီ ရင်ဘက်ကို သေချာခွဲဟိုက်ထားပြီး ဆိုဖာကို မှီကာ မှိန်းနေသည့်ချိန်း.....

သူမ သူ့အနားသို့ တရွေ့ရွေ့လေးလျှောက်လာခါ အနားရောက်တော့ ရပ်လိုက်သည်..။

မှေးစင်းနေသည့် သူမျက်လုံးတွေက ချက်ချင်းဆိုသလို အရောင်တောက်ခါ ပြူးကျယ်သွားပြီး...

သူမအား ခေါင်းစခြေဆုံး စူးရှသောအကြည့်များဖြင့် စုန်ချီဆန်ချီ ကြည့်လိုက်၏..။

သူ သူမရောက်လာတာ အလိုလိုသိနေခြင်းက သူ့မရဲ့မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့ သင်းသင်းလေးကို မှတ်မိနေခြင်းကြောင့်ပင်


“အကို ပိုးကိုခေါ်တာကြားလို့ပါ”


“ဟုတ်တယ် ငါ့ကို ထမင်းခူးပေး”


“ဟုတ်ကဲ့ အကို”


သူမထွက်သွားပြီး သူစားဖို့ သွားပြင်ပေးမည် အလုပ်....


“တော်ပြီ....”


သူ့စကားကြောင့် သူမ သွားပြင်ရနိုး /သွားမပြင်ရနိုးနှင့် လမ်းနှစ်ခွဖြစ်နေသည်။


“ငါရေချိုး မယ်.... ရေပူရေအေးသွားစပ်ပေးထား”


“ရှင်..ပိုး ...ပိုးကလား”


“မရှင်နဲ့ ..အေး ..ဟုတ်တယ် ..ပိုးသားကျူးဆိုတဲ့ မင်းကိုစပ်ခိုင်းနေတာ ..သွားစပ်ချီ ..သွား”


“ဟုတ် ...ဟုတ် ..ဟုတ်ကဲ့ အကို”


“နေဦး...”


ချိန်းရဲ့ ဟန့်တားလိုက်သော အသံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။


သူဆိုဖာပေါ်ထိုင်နေရာမှ ထလိုက်ခါ 


“အဖေရှိတဲ့ အချိန်ဆိုရင်တော့ ငါမင်းကို ဘာမှမခိုင်းပါဘူး ဒါပေမယ့် အခုက အဖေမရှိလို့ မင်းကိုတမင်ခိုင်းတာ

နားလည်လား “


“ဟုတ် ဟုတ် နားလည်ပါတယ်”


“ငါခိုင်းတာ မင်းမကျေနပ်တာရှိလား 

အေး ရှိလဲမတတ်နိုင်ဘူးကွာ ငါက မင်းမို့လို့ကို ခိုင်းချင်နေတာ ရတယ်မလား”


သူမ သူ့အပြောတွေကို ကြောက်လွန်းလို့ ဘာမှ ကို ပြန်မတုံ့ပြန်ပဲ ရပ်ကြည့်နေသည်။


“ငါမေးနေတယ်လေ ရတယ်မလားလို့ မင်း အ နေတာလား”


ဒေါမောသံ ဖြင့် သူမအား အော်ပြောတော့မှ ...


“ဟုတ် ...ဟူတ်ကဲ့ ရ ရပါတယ် အကို”


သူ့အော်သံကြောင့် သူမမျက်ရည်ကြည်တွေဝဲတတ်လာရသည်။


“ရပြီ သွားစပ်ပေးတော့ “


သူ့ရှေ့ မှ သူမခက်သွက်သွက်ကလေး ထွက်လာခဲ့လိုက်သည်။


***~~***~~***~~~***


သူ့အခန်းသို့ သွားခါ ရေချိူးခန်းရှိ ရေစိပ်ကန်ထဲသို့ ရေပူ ရေအေးမျှတအောင်လုပ်၍ ဖွင့်ထားလိုက်သည်။


ထို့နောက်  ဆေးဖက်ဝင် ပန်းခြောက်များကို ထည့်စိမ်ပေးလိုက်သည်။


လိုချင်တဲ့ ရေပမာဏလောက်ထိ ရောက်လာတော့ သူမ ရေချိုးခန်းအပြင်သို့ ထွက်ရန် ပြင်လိုက်သည်။


“မင်းက ဘယ်သွားမှာလဲ ဒါက....”


သူ့ပုံစံမြင်တော့ သူမ မျက်နှာကွက်ကနဲပျက်သွားကာ သူနှင့်ဆန့်ကျင်ဘက် သို့လှည့်ကာ


“ပိုးရေစပ်ပေးပြီးပါပြီအကို ချိုးလို့ရပါပြီ ပိုးကို ခွင့်ပြုပါဦး”


သူမ ပုခုံးအား နောက်သို့တွန်းထုတ်လိုက်ပြီး


“မင်းသွားလို့ မရသေးဘူး ....ရော့ ဒါနဲ့ငါ့နောက်ကျောကို ချေးတွန်းပေးဦး”


သူပစ်ပေးတဲ့ ချေးတွန်းရေမြှုတ်အား သူမယောင်၍ အမြန်လှန်းဖမ်းလိုက်မိသည်။


သူ့စကားကြောင့် မျက်နှာတစ်ခုလုံး ပူထူယုံမက ရေနွေးအိုးလို ပွက်ပွက် ဆူနေမိသည်။


“အကို ဒါ ဒါ ကတော့ မသင့်တော်ဘူးထင်ပါတယ်။ပိုး  ပိုးလုပ်မ...


သူမ လက်မောင်းနှစ်ဖက်အား ချိန်းဖမ်းဆွဲညစ်လိုက်တော့ သူမလက်ကလေးနှစ်ဖက် ရှေ့မှာ ကျုံ့ကျုံ့လေးဖြစ်ခါ ယှက်နွယ်နေသည်။

သူမအနားသို့ တိုးကပ်လိုက်တာကြောင့် သူရဲ့ရင်အုပ်ကျယ်ကြီးနဲ့သူမလက်တို့က ထိမိနေသည်။


“သင့်တော်တာတွေ မသင့်တော်တာတွေ ငါမသိချင်ဘူး

ငါခိုင်းရင် လုပ်လိုက် အတွန့်မတတ်နဲ့ ကြားလား

အတွန့်တတ်ရင် ဒီအိမ်ပေါ်က မင်းကို ကန်ချပစ်မယ် နားလည်လား”


သူမ မျက်လုံးမှာ မျက်ရည်တွေခို အောင်းနေပြီး သူ့ကိုကြောက်လွန်းလို့လဲ ခန္ဓာကိုယ်လေးက တစ်စက်စက်တုန်ရီနေသည်။

မလွဲ သာတော့လဲ ချိန်းခိုင်းသည့်အတိုင်းသာ သူမလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။


ရေစိမ်နေတဲ့သူ့အား မိနစ်အတော်ကြာထိ သူမ စောင့်ပေးလိုက်ပြီး

“အကို ခေါင်းလျှော်ထားပြီးသားမလား ဆံပင်ရေမစိုအောင် ပိုးခေါင်းကွင်းနဲ့ ခဏချည်ထားလိုက်နော်”


ကန်ထဲတွင်ရေစိပ်နေသော ချိိန်းကတော့ အဖြေပြန်မပေးပဲ ကန်ဘောင်နုတ်ခမ်းအား ခေါင်းလေးတင်ခါ မှေးနေသည်။

ရေမစိုအောင်ဆိုပေမယ့် ချိန်းရဲ့ တချို့ တစ်ဝက် ဆံပင်ရှည်ရှည်တွေက  ရေစိုကုန်ပြီဖြစ်သည်။


သူမလဲ ထက်မေးမနေတော့ဘဲ ချိန်းရေစိမ်နေသော ကန်နားသွားခါ

သူ့ရဲ့ ခေါင်းလေးအား အသာလေးဆွဲမက်ခါ သူမဆံပင်စီးထားသော ခေါင်းစီးကွင်းကိုဖြည်ကာ ထုတ်ထုတ်လေးစီးပေးလိုက်သည်။

သူမဆံပင်လေးတွေ ဖြာကနဲ ကျော်လည်အထိ ပြိုကျသွားပြီး

ရှန်ပူရနံ့လေး မွှေးပြန့်နေသည်။

ချိန်းကတော့ တမင်သက်သက် မကြားသလို မသိသလိုသာ......


“အကို နောက်ကျော ချေးတွန်းတော့မလား”


သူမစကားကြောင့် သူ ကန်ဘောင်သို့မှီထားသော ကျောလေးအား မက်လိုက်သည်။


“အင်း...”


သူမလဲ ချေးတွန်းရေမြှုတ်ထဲသို့ ရေချိုးဆပ်ပြာဆီမွှေးမွှေးလေးအားထည့်ခါ သူ့ရဲ့ နောက်ကျောအား တွန်းပေးမည်အလုပ်....။


“အဲ့နေရာကနေ တွန်းမှာလား သေချာစဉ်းစား အဲ့နေရာကနေ ငါ့ကျောကို ဘယ်လို မှီမှာလဲ”


သူ့အပြောကြောင့် သူမ ကြောင်ကြည့်နေမိသည်။


သူမဒီနေရာကနေမတွန်းလို့ ဘယ်နေရာကနေတွန်းရမှာလဲ 

ဒီထက်တွန်းရလွယ်ချင်လျှင်တော့ သူနဲ့အတူရေဝင်စိမ်မှပင် ရမည်။


“ဟိုမှာတွေလားခုံအပုလေး အဲ့ခုံငါယူပေး....လာ မင်းက ဒီဘောင်ပေါ်ထိုင်လိုက် ခြေထောက်ကတော့ ကန်ထဲသာစိမ်လိုက်တော့ကွာ”


သူပြောသလိုဆိုတော့လည်း ချေးတွန်းရတာ တော်တော်အဆင်ပြေသွားမည် ။


ဒါပေမယ့် သူမဝတ်ထားတာက ဒူးဖုံး ဂါဝန်အဖြူရောင်လေး သူပြောသလိုသာထိုင်လိုက်ရင် ဂါဝန်စက ပေါင်လည်လောက်ထိ တိုတတ်သွားမည် ။


ဒီလိုဆိုလျှင် ချိန်းနဲ့သူ့အတွက် မသင့်တော်

အခန့်မသင့်လျှင် မြူစွယ် သည်ဟုပါ ထက် အပြောခံရနိုင်သည်။


“ဟို ပိုး ပိုး ပုဝါအထူလေး အခန်းထဲကသွားယူလိုက်ဦးမယ်”


သူမ ချေးလေးတွန်းဖို့အရေး ဟိုဝေ့ဒီဝေ့နှင့်မို့  ချိန်း စိတ်မရှည်တော့ဘဲ


“ဟ မင်းဒါလေးလုပ်ဖို့အရေး အတော်ဝေ့တာပဲကွ ဘာမှယူမနေနဲ့ လာထိုင် ငါမစောင့်နိုင်ဘူး တွန်းပေးတော့”


သူမ မက်တပ်ရပ်ခါ မလာပဲ တွေတွေလေးကြည့်နေသည်။


“ဟ လာထိုင်လို့ ငါပြောနေတယ်လေ မင်းနားကန်းသွားတာလား”


ချိန်းအော်သံကြောင့် ပိုးကိုယ်လေး တုန်တတ်သွားခါ


“ဟုတ် ဟုတ် ဟုတ်ကဲ့ လာပြီ အကို”


မလွဲသာတော့လဲ....

သူမ ခြေထောက်နှစ်ဖက်ကို တစ်ဖက်ချင်း ရေစိမ်ကန်ထဲသို့ မရဲတရဲလေးဖြင့် ဖြည်းဖြည်းချင်း ဝင်စိမ်လိုက်၏


ထို့နောက် ကန်ဘောင်ထူထူလေးအပေါ် ထိုင်လိုက်တော့ သူမတွေးထားသည့်အတိုင်း ....

ဂါဝန်စက ပေါင်လည်လောက်ထိ တိုသွားခါ ပေါင်တံသွယ်သွယ်လေးမှ ဖြူဖွေးဝင်မွတ်နေသည့် အသားရည်ဝင်းဝင်းလေးက အထင်းသားပေါ်လွင်နေသည်။


ချိန်းကတော့ သူမအား ကျောပေးထိုင်နေခြင်းကြောင့် ဤသည်ကို မမြင်နိုင်ပါ။

သူမမြင်သော်လည်း ...

သူမရှက်၍ လှုပ်စိလှုပ်စိနှင့် ပေါင်နှစ်ဖက်အား ပူးကပ်ခါ ယှက်နွယ်ထား၏


“မင်း ဒီတသက် တွန်းဖြစ်ဦးမှာလား”


“ဟင် ဟုတ် ဟုတ် တွန်းဖြစ်ပါတယ် အကို”


သူမ ချေးတွန်းဖို့အတွက် ချိန်းကျောပြင်အား အကြည့်တို့ရောက်သွားပြီး


မြင်လိုက်ရသည်က လောလောလက်လက် ရထားသည့် လေးထောင့်ဆန်ဆန် အညိုပုတ်ရောင် ဒဏ်ရာကြီးကိုသာ...


“ဟင်...”


သူမလန့်ခါ စိုးရိမ်သွားမိသည် 

ချိန်းအရက်သောက်ရင်းဆိုင်မှာ ရန်ဖြစ်ခဲ့တာလားဟုပင် တွေးမိသည်


“အ ..အကိုရေ ...ဒီ ..ဒီဒဏ်ရာကြီးက ရန်ဖြစ်ရင်းနဲ့ရခဲ့တာလားဟင်”


သူမစကားကြောင့် သူအမှတ်ရသွားသည်က ဒီဒဏ်ရာက သူချစ်ရတဲ့ သျှားကြောင့် ရခဲ့တာပင်

သို့သော်......


“အင်း...ဟုတ်တယ် အဲ့ဒါကြောင့် မင်းကိုချေးတွန်းခိုင်းတာပဲ”

ဒဏ်ရာက အရေးမကြီးပါဘူး ချေးတွန်းစရာရှိတာသာ တွန်းပါ”


သူမအခုမှ သူခိုင်းတာကို သဘောပေါက် သွားတော့သည်။


ရောင်ယမ်းခါ ညိုပုတ်နေသည့် ထိုဒဏ်ရာအား ကြည့်ခါ သူမ ချိန်းအပေါ် ကရုဏာသက်မိတာတော့ အမှန်။


ပြောသလို ချေးတွန်းစရာရှိတာ တွန်းပေးပေမယ့် ရောင်ယမ်းနေတဲ့ ထို ဒဏ်ကိုတော့ မထိမိအောင် ရှောင်ပါသည်။

သို့သော်လည်း ထို ဒဏ်ရာအနီးတစ်ဝိုက်ကို ထိမိတိုင်း ချိန်း ကျောလေးကော့ကော့သွားရပြီး ညည်းသံ သဲ့သဲ့လေးထွက်ထွက်လာသည်။ 


“အား ..ကျွတ်...ကျွတ်


သူမလည်း ချိန်းနာနေတာ သိတော့ ဆက်တွန်းမပေးတော့ဘဲ နားလိုက်သည်။

ရေမြှုတ်အား ကန်ဘောင်ပေါ်ရောက်သည် အထင်နဲ့ တင်လိုက်တာ ...

ချိန်းရေစိမ်နေသော ကန်ထဲသို့ ပြုတ်ကျသွားသည်။


“ပလုံ...💦”(အသံ ဘယ်လို ထွက်ရမှန်းတောင်မသိတော့ဘူး😓)


သူမ ချက်ချင်းပဲ ပြန်ကောက်ပေမယ့် ရေမြှုတ်က တဖက်ကန်ဘောင်ဘက်သို့မျောသွားသည်။


စိတ်ထဲမှာ သူမ ရေမြှုတ်ကိုသာ ကောက်ချင်စိတ် များနေသည် ။

ထို့ကြောင့် လက် တစ်ဖက်က ချိန်းပုခုံးကို ကိုင်ထားမိကာ တစ်ဖက်ကတော့ ရေမြှုပ်ရှိရာသို့ လက်လှန်းနေသည်။


လက်ထဲသို့ရေမြှုတ် အရောက်  

ခြေထောက်ချော်ခါ အရှိန်မထိန်းနိုင်ပဲ ရေစိမ်ကန်ထဲရှိ ချိန်း၏ပေါင်ပေါ်သို့ ထိုင်လျက် ပြုတ်ကျသွားတော့သည်..


“ဗွမ်း...💦.”


သူမအင်္ကျီတချို့တဝက် ရေစိုနေပြီး မျက်နာလှလှလေးတွင် ရေသီးရေပေါက်များ တွဲခိုလျက်

အဖြူရောင် လက်ဖောင်းဂါဝန်လေးမှာလဲ ရေစိုသွားသောကြောင့် သူမခန္ဓာကိုယ်လေးမှာ  ကပ်ချပ်သွားပြီး

ဖုံးကွယ်ထားသော အလှတချို့ ပေါ်လွင်နေသည် ။


ချိိန်း သူမ အဖြစ်ကို ရယ်ရမလိုလို အော်ရမလိုလို ဖြစ်နေပြီး....


သူမစီမှ မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့ သင်းသင်းလေးနှင့်အတူ......

မထင်မှတ်ပဲ သူ့အကြည့်တို့က မျက်လုံးထောင့်ရှိ

ရေစိုကာ ကပ်လျပ်သွားတဲ့ သူမအင်္ကျီစီသို့...

ထို့ နောက် လှပကျော့ရှင်းနေတဲ့ သူမလည်တိုင်း ဖွေးဖွေးလေးစီသို့

ထို့နောက် စတော်ဘယ်ရီသီးကဲ့သို့ နီရဲနေသည့် သူမ၏ဖူးဖူးကြွကြွ နုတ်ခမ်းများစီသို့.....


ပုခုံးပေါ် လက်တင်လျက် အနေထားဖြင့် မျက်နှာနှစ်ခုကနီးကပ်လျက်ရှိပြီး


နှစ်ဦးသား ရင်ခုန်မှုတို့ ဝုန်းဒိုင်းကျဲနေသည်။


သူမကို ကြည့်ရတာ အသက်ရှူနှုန်းတွေပင် သူ မြန်ဆန်လာသည်။


မျက်လုံးချင်းဆုံလျက် အနေအထားဖြင့် တော်တော်နှင့် မျက်နှာမလွဲဖြစ်ကြပေ။


ထိုကြောင့် သူမ မျက်နှာနားသို့ သူတဖြည်းဖြည်း နီးကပ်လိုက်ရင်း 

တဖြည်းဖြည်း လက်တို့က သူမခါးသိမ်သိမ်လေးစီသို့ ယှက်နွယ်နေပြီး

ဦးစွာ သူမ၏ ဖြူနုနုပါးမို့မို့လေးအား နှခေါင်းလေး နစ်ဝင်သွားအောင် ဖိကပ်နမ်းလိုက်သည်။

ထို့နောက် သူမနုတ်ခမ်းစီသို့ ဖြည်းဖြည်းချင်းနီးကပ်လာသည်....။


ရှက်သွေးများ ဖြာကာ ပြူးကြောင်ကြောင်လေးနှင့်သူမ

ဖျက်ကနဲဆိုသလို မျက်နှာလွဲကာ ထရပ်လိုက်ပြီး...ပြိုကျနေတဲ့ ဆံပင်တို့အား သပ်လိုက်သည်။


“ဟို ...ပိုး တောင်းပန်ပါတယ် အကို အခုလိုဖြစ်တာ ပိုးအရှိန်မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်နော်

ချေးတွန်းပေးပြီးပြီဆိုတော့ ပိုးသွားတော့မယ်နော် ”


သူမရှက်ကိုး ရှက်ကန်ဖြင့် ဇွတ်ထွက်ပြေးသွားတော့သည်။

ချိန်းမှာတော့ ဘာမှ ပြန်မပြောနိုင်ပဲ ရင်ခုန်မှုတို့နှင်အတူ ထိုနေရာတွင်သာ ကျန်ခဲ့တော့သည်။


~~~***~~~***~~~~***


“တူ..တူ..တူ”


ကျစ်...ဘာလို့ ဖုန်းမကိုင်ရတာလဲ ချိန်းရာ 

ဒဏ်ရာ ဘယ်လိုနေလဲ ဆိုတာတောင် မေးခွင့်မရှိတော့ဘူး လား 

ချိန်း သျှားကို အတော် စိတ်ဆိုးသွားပြီထင်တယ်

သျှား တောင်းပန်ပါတယ် ချိန်း

မရည်ရွယ်ပါဘူး

ဖုန်း ကိုင်ပါ ချိန်းရာ စိတ်ပူတယ်။


ဖုန်းတွေ ဆက်တိုက် ခေါ်နေပေမယ့် ချိန်းကတော့ ဖုန်းမကိုင်ချေ။


ဖုန်းခေါ်နေတာကို ရပ်လိုက်ပြီး  သူ၏လုပ်ရပ်အား ပြန်စဉ်းစားခါ ချိန်းအတွက် စိတ်မကောင်း ဖြစ်နေရသည်။

သျှား တွဲလာတဲ့ ၂နှစ်လုံး ချိန်းကို လက်နဲ့လဲ မရွယ်ဖူးသလို ထိခိုက်နာကြင်သွားအောင် တခါမှ မလုပ်ခဲ့ဖူးပေ ။

ယခုတော့ သူ့ကြောင့် ချိန်း ဒဏ်ရာရသွားရပြီ ။

သျှား ကိုယ့်ကိုကိုယ် သာ အထက်ထက် အပစ်တင်နေမိသည်။


“🎶တွန်🎵တွန်🎶တွန်”


ဖုန်းသံကြား၍ မျက်နှာလေး ဝင်းလက်သွားခါ အလျင်အမြန် ကောက်ကြည့်လိုက်မိသည်။


လာနေသော ဖုန်းက သူမသိသော ဖုန်းစိမ်းသာ


“ဒီ ဖုန်းနံပါတ် ငါမသိပါဘူး ဘယ်သူပါလိမ့်”


“ဟယ်လို...”


“........”


“ဪ...မင်းကိုး ဘာကိစ္စလဲ”


“........”


“ဟုတ်တယ် လေ ကိစ္စရှိမှ ဖုန်းဆက်ရမှာပေါ့”


“..........”


“မင်း ဘာပြောစရာရှိလို့လဲ 

ပြောစရာရှိ ဒီကနေပြောလိုက်လေကွာ

ဟိုချိန်း ဒီချိန်း မလုပ်ပါနဲ့

မင်းနဲ့ငါ့ကို ချိန်းသာမြင်ရင် အထင်လွဲသွားလိမ့်မယ်။

အခုတောင် သူ ငါ့ကို စိတ်ဆိုးနေတာကွ”


“.............”


“ဒါတော့ ဒါပေါ့ကွာ”


“.................”


“မင်း ငါ့ကို အကြပ်မကိုင်စမ်းနဲ့ကွာ ဒီမှာ ငါအရမ်းစိတ်ညစ်နေတာ မင်းကပါ ငါ့ကို pressure တွေထက်မပေးပါနဲ့ ...

ငါတောင်းဆိုတယ်....”


“............”

 

“Sryငါမင်းကို အော်လိုက်မိတယ် တောင်းပန်ပါတယ်”


“...........”


သူထိုဂျပန်ကပြားမလေးအား အော်လိုက်ပြီးခါမှ သနားကရုဏာသက် သွားပြီး


“Ok ရတယ် မင်းချိန်းတာ ငါမငြင်းတော့ပါဘူး မနက်ဖြန် ငါ အအေးဆိုင်လာခဲ့မယ် ဟုတ်ပြီလား“


“.........”


“Ok. Bye”


အားနည်းချက်ကိုသိထားသည့် ထိုဂျပန်ကပြားမလေးကြောင့် သျှားပို၍စိတ်လေးရပြန်သည်။

သို့ပေမယ် ထိုကောင်မလေး သူ့ကို ဖော်ကောင်မလုပ်ဖူးဆိုတာကိုတော့ သူ့စိတ်ထဲ အကြွင်းမဲ့ သိနေသည်။

ထိုကောင်မလေး သူ့အား စိတ်ဝင်စားနေသလား ဟုပင် သူတွေးမိလိုက်သေးသည်။


သူတွေးတာ မှန်သည် မဟုတ်ပါလား...


~~~~~~~အပိုင်း၉ဆက်ရန်>>>

#Eaindray

♥️🙆🏻‍♀️


rate now: