(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)
“🎶တူတွန် 🎶တွန် တွန်🎶”
“ဟယ်လို သျှား...မအိပ်သေးဘူး ဒီချိန်ထိ”
“..........”
“အိပ်မပျော်ဘူးလား သျှား ဘာဖြစ်လို့လဲ”
“.............”
“ဒီနေ့လား ဒီနေ့ ချိန်း ပိုးသားကျူးကို shopping centerလိုက်ပို့ ရတယ်လေ ဒါကြောင့် သျှားနဲ့တောင် မတွေ့လိုက်ရဘူး သူ့ကြောင့်”
“.............”
“နောက်ထက် ...နောက်ထက်ဘာရှိရဦးမှာလဲ သျှားရဲ့ ဒါပဲလေ သူ့ကိုလိုက်ပို့တယ် ပြီးတော့ပြန်လာခဲ့တယ် ဒါပဲလေ သျှားကလဲ”
“............”
“ဟော် သေချာပါတယ် သျှားရဲ့ ချိန်းက သျှားကိုဘာလိမ်ရမှာလဲ”
“...........”
“ဟင်...ချိန်းနဲ့ ပိုးသားကျူးလား ..
ဘာမှမဖြစ်ခဲ့ပါဘူး...ဒီတိုင်းလိုက်ပို့တယ် ပြီးတော့ ပြန်လာတယ်လေ...
သျှားကကွာ ချိန်းကို အိပ်ချိန်ကြီးလာရစ်နေတယ် ..
မနက်မှ ရစ်ကွာ...နော်
ချိန်း အိပ်ချင်နေပြီ
ဒါပဲနော် သျှား
...အရမ်းချစ်တယ်”
“တူ..တူ..တူ”
£££££££
တစ်ဖက်မှာတော့ မအိပ်နိုင်ပဲ ပူဆွေးနေရပြီး ..
ချိန်းထားသွားမှာကိုလည်း တွေးရင်း စိုးရိမ်နေရသူက မည်သူဖြစ်မည်နည်း......။
ယောကျာ်းတန်မဲ့ မျက်ရည်ကြည်တွေ ဝဲတတ်နေပြီး....
လက်ထဲရှိ ဖုန်းကိုကျစ်နေအောင် ဆုတ်ထားမိသည်။
ချိန်း....သူနဲ့နမ်းခဲ့တာကို ဘာမှမဖြစ်ခဲ့သလိုမျိုး....
ဘာလို့ သျှားကို တည်တည်ငြိမ်ငြိမ် နဲ့လိမ်နိုင်ရတာလဲ ...
ချိန်းက ဒီလိုဖြစ်တာက မတော်တဆပါလို့ ပြောရင်တောင် သျှားက ခွင့်လွှတ်ပေးမယ့် လူပါ...
ချိန်းရယ်...
ချိန်း ..သူ့ကို ချစ်မိနေပြီလား....
ချိန်းနဲ့....သျှားတွဲလာတာ ၂နှစ်ရှိခဲ့ပြီ။
ဘယ်မိန်းမနဲ့မှ ချိန်းမပက်သက်ခဲ့ဘူး..
စိတ်လဲ မဝင်စားခဲ့ဘူးလေ...
အခု ပိုးသားကျူးနဲ့မှ ချိန်းစိတ်တွေ ဘယ်လို ဖြစ်ရတာလဲ....
ဘာလဲ...ချိန်း...
ပိုးသားကျူးရဲ့ အလှနွံထဲက ရုန်းမထွက်နိုင် တော့လို့လား....
ဒါဆို...သျှား ချိန်းကို ကူညီနိုင်ပါတယ်
သျှားအနားကသာ သူ့ကို ချစ်မိသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ...ထွက်မသွားပါနဲ့.....
ချစ်တယ် ချိန်းရယ်........။
။။။။။။။။။။။
“ဖေကြီး ဟိုမှာကား ကား....အားး!!...”
“တီ !!တီ.!!....ကျွီ... ဒုန်း🗯”
မှန်ကွဲစတွေ မျက်နှာသို့ စိုက်နေပြီး သွေးများရဲပလောင်း ခက်လျက် အသက်မဲ့နေသော ဒေါ်မယ်ခ......
တစ်ဖက်တွင် ကားစီယာတိုင်၌ မျက်နှာ အပ်လျက် ခေါင်းပေါ်မှသွေးများစီးကျခါ ဗိုက်တွင်လဲ သွေးများ တစ်ဗွက်ဗွက်ဖြင့်....
၎င်းနေရာတွင် အသက်ဝညဉ်ချုပ်သွားခဲ့သူက ဦးသိန်းမာန်ဖြစ်သည်။
၆နှစ်အရွယ် ကောင်လေးတစ်ယောက်
မြူများစိုင်းနေသည့် မှောင်ရီပြပြ ကားလမ်းတစ်ခုမှ လမ်းလျှောက်ခါ ငိုနေရင်း....
ပါးစပ်ကလဲ...
“ဟီး...ဟီး..ဖေဖေ ...မေမေ...ဘယ်မှာလဲ....သားကြောက်တယ်...ဒီမှာသားတစ်ယောက်ထဲ ...သားကိုလာခေါ်ပါ..ဟီး..ဟီး...မေမေ...ဖေဖေ”
အမှောင်ယံတွေက ပို၍ကြီးဆိုးလာပြီး
ခွေးအူသံ တို့ကလဲ တသဲ့သဲ့ ထွက်ပေါ်လာသည်။
သူလျှောက်နေရင်းမှ...မြင်လိုက်ရသည်က...
ကုန်ကားကြီးတစ်စင်း လမ်းချော်ကာ ချောက်ကမ်း နပါးသို့ စွန်းစွန်းလေးတင်နေပြီး.....
ထိုကားနှင့် တိုက်ထားဟန်တူသည့် အိမ်စီးကာအဖြူရောင်လေးအား သူတွေ့လိုက်ရသည်။
ထိုကား...ဟုတ်တယ်
ဒီကားက ဖေဖေနဲ့မေမေစီးသွားတဲ့ ကား ငါမှတ်မိတယ်။
သူ ထိုကားလေးစီသို့ အလောတစ်ကြီး ပြေးသွားလိုက်ပြီး..
“မေမေ...ဖေဖေ...”
ကားအရှေ့ပိုင်းတွေက ကြည့်မကောင်းလောက်အောင် ပိန်ရှုံ့ချိုင့် ဝင်နေပြီး အတော်ကို သရုပ်ပျက်သည့် အနေအထားပင်....
သူကားတံခါးလေးအား ဆွဲဖွင့်လိုက်တော့ ဗြုန်းကနဲ ဆိုသလို သွေးများစီးကျနေသည့် လက်တစ်ဖက်အပေါ်မှီအိပ်နေသည့်လား.....
လည်ပင်း အရိုးကျိုးသကဲ့သို့ ဖြစ်နေသော ပျော့ဖက်ဖက် ဦးခေါင်းတစ်ခု
သူအတော် ထိန့်လန့်တုန်လှုပ်ချောက်ခြားသွားသည် ...
“ဟင်!!”
မျက်နှာကို ကြည့်လိုက်တော့ သူ၏မိခင်ဖြစ်နေပြီး....
မျက်နှာတွင်လဲ မှန်ကွဲစများစိုက်ခါ ...သွေးများပေကျံနေသည်။
“ဟင်!!! မေမေ..”
ချက်ပဲ ကားအတွင်းပိုင်းစီသို့ အကြည့်ရောက်သွားရသည်...။
ကားစီယာတိုင်ပေါ်တွင် သူ့ဘက်သို့ မျက်နှာမူလျက် ခေါင်းပေါ်မှ သွေးများစီးကျ၍ ဗိုက်တွင်လဲ သွေးများတစ်ဗွက်ဗွက်ထွက်ခါ အသက်မဲ့နေသူမှာ သူ၏အဖေသာဖြစ်သည်။
“ဟင်!! ဖေဖေ”
မျက်ရည်များဖြင့်...သွေးပျက်ချောက်ခြားဖွယ် ထိုမြင်ကွင်းအား သူမြင်လိုက်ရသည်။
ထိုနောက် နေရာတွင် အသက်မဲ့နေသောဖေဖေမျက်နှာအား သူ စိုက်ကြည့်ခါ ငိုနေရင်း....
ရုတ်တရက် ဗြုန်းကနဲဆိုသလို
ဖေဖေမျက်လုံးတွေ ပြူးကျယ်စွာ ပွင့်လာပြီး
ခြောက်ကပ်ကပ် အသံကွဲ ကြီးဖြင့်
“သား........”
“အား.......ဖေဖေ🗯”
“ဟူး...ဟူး...ဟော..ဟော.....ငါ ငါအိပ်မက်မက်နေတာပဲ...”
အသက်ရှူ ရပ်မတတ်ဖြစ်သွားရပြီး
မျက်နှာတစ်ခုလုံး ချွေးသီးချွေးပေါက်များ တွဲခိုခါ ဇောချွေးများ ပြန်နေပြီး ထိန့်လန့်မှုတို့က အပြည့်။
သျှားမိဘနှစ်ပါးဟာ ပြင်ဦးလွင်မှအဆင်း အမြန်လမ်းမှာ ကုန်ကားတစ်စီးနှင့် တိုက်မိခါ ထိုနေရာမှာတင် ပွဲချင်းပြီးဆုံးသွားကြခြင်းဖြစ်သည်။
ဒါကိုသူ စိတ်စွဲခါ အိပ်မက်မက်နေခြင်းဖြစ်သည်။
ယခုမှာ အဒေါ်ဖြစ်သူအပျိုကြီးဒေါ်စန္ဒာနှင့် အတူနေပြီး မိဘတွေပိုင်ဆိုင် လုပ်ကိုင်သော ကုမ္ပဏီအား အဒေါ်ဖြစ်သူမှ ဦးစီးနေရသည်။
သျှားသည် သူဝါသနာပါရာ မော်ဒယ်အလုပ်မှလွဲ၍ ကျန်တာကို စိတ်မဝင်စားသောကြောင့်လဲဖြစ်သည်။
ဒေါ်စန္ဒာမှာ မေမေ့ညီမအရင်းဖြစ်ပြီး
သျှားကို ကိုယ်မွေးသော သားအရင်းတစ်ယောက်ပမာ အလိုလိုက်ပြီး ချစ်သည်။
မိခင်တစ်ဦးပမာ ချစ်ပေးတဲ့ ဒေါ်စန္ဒာကို သျှားကလည်း အလွန်ပင်ချစ်သည်။
“တီ..🎶တိ..တ 🎶တိ.တီ🎶
ဟင် မန်နေဂျာစီကပါလား...
“ဟယ်လို....မန်နေဂျာကိုသုတ”
“................”
“ဗျာ....နောက်အပက် ဂျပန်သွားဖို့က ရက်ရွေ့လိုက်ပြီ ဟုတ်လား.....ဘာလို့လဲဗျ”
“....................”
“ကျွန်တော့်မှာတော့ ၃ရက်ပဲလိုတော့တယ် ဆိုပြီး ဝယ်စရာရှိတာတွေဝယ် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး အဲ့ကို အမှီသွားဖို့ အားခဲထားလိုက်ရတာဗျာ
အခုကျ ရက်အကန့်သက် မရှိရွေ့လိုက်ပြီတဲ့လား.....ဟူး
စိတ်ကို လေသွားတာပဲဗျာ”
“......................”
“ဒါတော့ ဒါပေါ့ဗျာ...ကဲထားပါလေ ရွေ့တယ်ဆိုလဲ ရွေ့တယ်မှတ်လိုက်ပါ့မယ်”
“................”
“ဟုတ်ပြီ ကိုသုတ....အကြောင်းထူးရင် ကျွန်တော့်စီ ဖုန်းဆက်လိုက်ပါ”
ကျစ်....အားခဲထားသမျှ သဲထဲရေသွန်ပါ့လားကွာ...
စိတ်ညစ်တယ်...ဒါမယ့်လည်း ပွဲဖျတ်လိုက်တာမှ မဟုတ်တာ
အချိန်တန်တော့ သွားရမှာပဲပေါ့...ဟူး။
နံနက်ခင်းလေးမှာ စိတ်ညစ်သွားတဲ့ သျှားတစ်ယောက် လန်းဆန်းသွားစေရန် ရေချိုးဖို့သာ ပြင်လိုက်သည်။
သူရေချိုးခန်းသို့ ဝင်သွားပြီးမကြာ
ဖုန်းနံပါတ်လေး ၁ခုက မကိုင်မချင်း ဆက်တိုက်ခေါ်နေသည်။
===============
“တူ...တူ..တူ”
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သက်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိသောကြောင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည် ခေါ်ဆိုပါရှင်..
Sorry the number your.....”
“ကျစ်...မကိုင်ဘူးလားကွာ ဘာတွေလုပ်နေလို့ပါလိမ့်”
¥¥¥¥¥¥¥¥¥
သျှားရေချိုးခန်းမှ ထွက်လာပြီး ဖုန်းအားကောက်ကိုင်ခါ ကြည့်လိုက်တော့
ချိန်းခေါ်ထားသော miss callများအားတန်းစီ တွေ့လိုက်ရသည်။
ထို့အတူ message တစ်စောင် ပါ...
“သျှား ....ချိန်း လွမ်းတယ် ကွာ...ဒီနေ့ တွေ့နေကြနေရာလေးမှာ တွေ့ကြရအောင်
လာခဲ့နော်”
သူဖုန်းလေး ပိတ်ခါ ကုတင်အနီးစားပွဲပေါ်သို့ ထားလိုက်ပြီး
ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့သည်။
“သား...ဘယ်သွားမို့လဲ”
“ဪ ဒေါ်လေး...ချိန်းနဲ့ သွားတွေ့မလို့”
“သားကလေ ချိန်းအပေါ် အရမ်းသံယောဇဉ်ကြီးတာပဲနော်..ငယ်ကနေ ခုအချိန်ထိကို တစ်ချိန်းထဲ ချိန်းနေတာ...
မြင်ကပ်တယ်...အဟွန်း”
“ဟား...ဒေါ်လေးကလဲဗျာ ငယ်သူငယ်ချင်းကိုး ဒီလောက်တော့ရှိမှာပေါ့ဗျာ ဟဲဟဲ”
“အဟင်း...ဟုတ်ပါပြီ ကဲ..ကဲ..သွားသွား သားချိန်းနဲ့တွေ့ဖို့ ရှိတာဆိုတော့
မနက်စာက အပြင်မှာပဲစားတော့မှာပေါ့”
“ဟဲ ဟဲ ဟုတ်တယ် ဒေါ်လေး”
“သိနေတယ်လေ သွားသွား နောက်ကျနေမယ်”
“ဟုတ်ကဲ့ ဒေါ်လေး ကျွန်တော်သွား တာ့တာ”
ချိန်းနှင့်သျှားတို့အား အားလုံးက အချစ်ဆုံးငယ်သူငယ်ချင်း ဟုသာ သိထားကြသည်။
နှစ်ကချစ်သူဆိုတာသိလျှင် အားလုံးက အသိုင်းအဝိုင်းကြီးမို့ မျက်နှာ ပျက်စရာသာဖြစ်သည်။
ထို့အပြင် သျှားကလဲ နာမည်ကြီးမော်ဒယ်ဖြစ်တာကြောင့် ဒီကိစ္စအား လူသိခံလို့ မဖြစ်ပေ။
သိလျှင် Fanတွေရဲ့ အပြစ်တင်မှုကို ခံရနိုင်သလို
ဇွတ်ကျား ထားသလား ဆိုပြီးအခြား အခြားသော ပစ်တင်ကဲ့ရဲ့ရှုံ့ချမှုတွေ၊လှောင်ရယ်မှုတွေလဲ ရှိလာနိုင်သည်။
ချက်ချင်းဆိုသလို အောင်မြင်မှုတွေနှင့် သိက္ခာတွေပါ မြောင်းထဲ ရောက်သွားနိုင်သည်...။
LGBTဆိုသည်နှင့် လူဦးရေ၏ ၅ပုံပုံ ၄ပုံလောက်က လက်မခံပဲ ကဲ့ရဲ့ရှုံ့ချသူတွေက ပိုများသည်မဟုတ်လား....
****••••****••••****•••
ခြေထောက်နာတာလေး သက်သာတော့ လိုအပ်သည့် ဟင်းချက်စရာနှင့်အခြားပစ္စည်းအစုံကို ဝယ်၍ ကွန်ဒိုသို့ ယူမီ ပြန်လာခဲ့သည်။
ကားပါကင်၌ ကားကို ထိုးလိုက်ပြီး ဝယ်လာသမျှ ပစ္စည်းအစုံကို ထုတ်ယူနေသည်။
“အမလေး ခြေထောက်ကလဲနော် သူနဲ့ပြန်တွေ့ခါမှပဲ တစ်ခါတည်း အရှင်းပျောက်သွားမယ် ထင်တယ် အဟွန်း..”
သျှားကြောင့် ခြေထောက်နာသွားပေမယ့် သူမ စိတ်မဆိုးတဲ့ အပြင် ကံတရားကိုလည်း တွေ့ဆုံခွင့်ပေးလို့ ကျေးဇူးတင်နေမိသည်။
ဂျပန်မှာ သူမအား သဘောကျ နှစ်သက်သူတွေ အများအပြားရှိပေမယ့်
ဂျပန်မြန်မာ ကပြားမလေးက သျှားကိုမှ ခင်တွယ်မိနေသည်က ထူးဆန်းသား
ဒါ ဖူးစာများလား.....
“ဟင်....သူ..သူ ငါ့ရင်ထဲက နတ်သားလေးပါ့လား ....ဟို တစ်ခါ သူ့ကြောင့်ငါ ခြေထောက်နာသွားတာမို့ သတင်းလာမေးတာလားမသိဘူး ဟီး...
အဲ့တုန်းက သူ့ဖုန်းနံပါတ်လေးတောင် မတောင်းလိုက်ရဖူး ....
အခုသူလာတော့....
ငါမှတ်မှတ်ရရ ဖုန်းနံပါတ်တောင်းရမယ်”
ဟင့်..သူ့အကြောင်းလေး ဒီက တွေးမဆုံးသေးဘူး သူက မြင်ကွင်းမှာ တန်းပေါ်လာပြီလား
ဂျပန်မြန်မာကပြားမလေးက ဟန်ဆောင်မှုကင်းမဲ့ခါ ပွင့်လင်းပြီး ချစ်စရာလည်းကောင်းလှသည်။
အရှိကို အရှိတိုင်းဖွင့်ပြောဖို့ ဝန်မလေး သူက ကပြားမလေး ဖြစ်သည်ဆိုတာ မည်သူထင်မည်နည်း။
သေချာသည်က သူမ သျှားကို မြင်မြင်ချင်း သဘောကျမိနေပါပြီ။
သူမအား မြင်သည်အထင်နှင့် လက်ပြခါ အသံမထွက်ပဲ တစ်ထောင့် တစ်နေရာမှ နုတ်ဆက်လိုက်ပေမယ့်
သျှားကတော့ ကားတံခါးပိတ်ခါ သူသွားလိုရာနေရာသို့သာ ပြင်းပြသောခြေလှန်းများဖြင့် လျှောက်လှန်းသွားသည်။
ဆိုလိုတာက အတွေးများနေ၍ သူ သူမကို မမြင်ဘူးပေါ့လေ..
ဓာတ်လှေကားဘက်သို့ ချိုးကွေးသွားတဲ့ သူ့အား....
“အယ်...သူငါ့ကို မမြင်ဖူးလား..ဟွန်း ဒီကမြင်တယ်ထင်ပြီး
နုတ်ဆက်နေတာ..
တွေ့မယ် .... ရှင့်အနောက် ကျွန်မအမှီလိုက်ခဲ့မယ်”
ပြောပြောဆိုဆိုနှင့် သူမ ဝယ်ထားသောပစ္စည်းများအား သယ်ခါ အပြေးလေး သျှားနောက်သို့ လိုက်သွားလိုက်သည်။
ဓာတ်လှေကားမှာ ပိတ်သွားပြီဖြစ်သည်။သူမ...နောက်တစ်ခေါက် ထပ်စောင့်ရမယ်ဖြစ်မည်။
“အဲ...အယ်...ဟော် မမှီလိုက်ဖူး...ကျစ်”
ဓာတ်လှေကားမပိတ်မှီ သူတို့နှစ်ဦးအဖြစ်က ရင်ဖိုစရာကောင်းလှသည်။
ဓာတ်လှေမပိတ်မှီ အပြေးလှန်းလာနေသော သူမ.....
ဓာတ်လှေကား တံခါးပိတ်ခါနီးကြားမှ တည်ကြည်စွာ လက်တစ်ဖက်အား ဘောင်းဘီ အိပ်ကတ်ထဲလျိူထားပြီး တစ်ဖက်လက်က နာရီအား ငုံ့ကြည့်နေတဲ့သူ.....
ဆုံကံမပါတော့ ကျန်ဖန်လွဲသလိုပေါ့..
“ဟွန်....သူက ၅လွှာကို သွားတာပဲ
ဒါဆို...သေချာတယ် သူငါ့ကိုလာရှာတာ
ငါရိုးရိုးလှေကားကနေ သူ့ကိုအမှီလိုက်ရမယ်”
ဆုံးဖြတ်ချက် ချလိုက်ပြီးသည်နှင့်
လှေကားရှိရာဘက်သို့ သူမ ပြေးတက်သွားလိုက်တော့သည်။
**~**~**~**~**~**~**~**
“ဟူး...ဟူး...အားးး...မောလိုက်တာ...ဟူး”
“ဟင်...ဟိုမှာသူပဲ ...ဟား...ကွက်တိပဲ ကျန်း...”
“ကိုသျှားမာန်...”
သူမလက်ပြခါ နာမည်ခေါ်ဖို့ပြင်လိုက်သော်
သျှားက သူမထင်ထားသလို မဟုတ်ဘဲ
သူမ၏တစ်ခန်းကျော်မှ အခန်းတံခါးရှေ့၌ လူခေါ်ဘဲလ် နိပ်ခါ ရပ်စောင့်နေသော သူ...
“ဟမ်...ဒါက ဘယ်လိုဖြစ်တာလဲ
သူကငါ့ကိုလာရှာတာ မဟုတ်ဘူးလား...
ဟွန်း...ဘာကြီးလဲ
ငါ့မှာတော့ သူငါ့လာရှာတယ်
အထင်နဲ့ ပြေးလိုက်ခဲ့ရတာ
ဖက်ဖက်ကို မောလို့
အခုကျ သူက ငါ့ကိုလဲ လာရှာတာမဟုတ်ဘူး
ဒါ..ဆိုဘယ်သူ့ကို လာရှာတာလဲ.....”
တစ်ချက်လောက် သူမ တွေဝေသွားပြီး
“မ..မဟုတ်မှ လွဲရော သူ့ရည်းစားစီလာ တာများလား ...Oh my god..အဲ့လိုဆို ငါက အသဲကွဲပေါ့”
သူမတွေးလို့ မဆုံးသေး....
အခန်းတံခါးပွင့်လာ သည်...
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမ စိမ့်ကနဲ ဖြစ်သွားရသည်။
“သျှား....အဟွန်း”
“ရွှတ်..”
ချိန်းက သျှားကိုမြင်တော့ လည်ပင်းမှ သိုင်းဖတ်လိုက်ပြီး ပါးအား ဖွဖွလေးအနမ်းခြွေလိုက်သည်။
“ဟင်!”
ထိုမြင်ကွင်းကို မြင်လိုက်သူက တစ်ယောက်သောသူပင်......
ချိန်းအပြုအမူကြောင့် သျှား မျက်လုံးများဝိုင်းစက်သွားပြီး....
ဘေးဘီဝဲယာအား သူ ဟိုကြည့် ဒီကြည့်ဖြင့် လူသူရှိမရှိ အကဲခက်လိုက်ရသည်။
ထို့ကြောင့် ယူမီ လှေကားဘေးနံရံတွင် ကျောလေးပြေးကပ်ခါ ပုန်းလိုက်ရသည်...။
သူ သူက ဟိုမိုလား ....
ဟင်!...အဟင့်. ...ဒါဆို ငါတော့ရှပြီပေါ့
အမလေး ကြွေမိတာတောင် နောင်တရမိတယ် အချိန်တွေကို နောက်ပြန်ဆုတ်ပေးပါတော့ ကံတရားရယ်
ကျွန်မရှင့်ကို ကျေးဇူးမတင်တော့ဘူး
ကျွန်မကို ဒီလို ရုပ်ရုပ်ချောချော အဆင်လေးနဲ့ ပေးတွေ့ပြီး ရှအောင် လုပ်တဲ့ရှင့်ကို အရမ်းမုန်းတယ် အဟင့် ဟင့်
(💁♀️ဒီခံစားချက်က အစစ်မတွေ ရှတဲ့ခံစားချက်ပေါ့ သိတယ်မလား!)
“ချိန်း....”
ရစ်သိုင်း ဖက်ထားတဲ့ ချိန်းရဲ့လက်တွေကို ဖယ်လိုက်ပြီး....
“အထဲ ဝင်ရအောင်”
ချိန်းပြုံးခါ ကြည့်လိုက်ပြီး
“အင်း”
ချိန်းရဲ့ ပါးနှစ်ဖက်က ပန်းရောင်တွေသန်းနေပြီး Volka နံ့သင်းသင်းလေး ရနေသည်။
ကြည့်ရတာ သူသောက်ထား ပုံပဲ
သူတို့နှစ်ဦး အခန်းထဲသို့ ဝင်သွားခါ တံခါးပိတ်လိုက်သည်။
လင်းနေတဲ့လေးထောင့်ပုံစံ အရိပ်ကလေးက မှောင်ရိပ်ညိုလေးကျသွားခါ
“ဂျလောက်”
ရင်ထဲ ခံစားချက်အပြည့် နဲ့ ရှကျန်ခဲ့သူက သူမ
အသဲတွေကွဲနေပြီ....ငါတော့
သူမအခန်းထဲသို့ မဝင်နိုင်တော့ပဲ ထိုနေရာလေးမှာသာ နံရံကိုကျောရိုးမှီခါ ကျုံ့ကျုံ့လေးထိုင်ချလိုက်သည်......။
ရက်စက်လိုက်တာ ကံတရားရယ် အချစ်နဲ့တွေ့ခါမှ ငါ့ကို ပေးရှ ရတယ်လို့....။
***:::***:::***:::***:::***
ပုခုံးလေးမှီထားတဲ့ ချိန်းကို
တွန်းခွါ လိုက်ပြီး....
မျက်မှောင် ကျုံ့၍..စူးစိုက်ကြည့်ခါ
“ချိန်း....ချိန်းသောက်ထားတာလား”
“အဟွန်း ...နည်းနည်းပါ သျှားရာ”
ချိန်း သျှားအား လက်တစ်ဆစ်ပုံစံလေး လုပ်ပြခါ ပြောလိုက်သည်။
သျှား..စားပွဲပေါ်တွင် တင်ထားသော Volkaပုံလင်းအား တွေ့လိုက်သည်။
ချိန်းကြည့်ရတာ ရေမရော/ဖန်ခွက်မပါပဲ ပုလင်းလိုက်မော့ထားပုံရသည်။
ဒါနဲ့များ နည်းနည်းတဲ့လား....
“ချိန်း ပုလင်းလိုက်ကို မော့ထားတာပဲ ဘာလို့ အဲ့လိုသောက်ရတာလဲ မပြင်းဘူးလား”
“အွန်း...ပျင်းတယ် ပျင်းတယ် သျှားမလာသေးလို့ ပျင်းလို့လေ
သျှားက အကြာကြီးပဲကွာ”
ဟုတ်ပါသည်။ သူမော်ဒယ်အေဂျင်စီ ဘက်ခဏဝင်နေတာကြောင့် နောက်ကျသွားခြင်း ဖြစ်သည်။
သျှား ရောက်မလာသေးခင် ချိန်းတစ်ယောက်၏ အဖြစ်မှာ.......
**vvv**vvv**vvv**vvv**vvv**
အဖေဖြစ်သူ ဝယ်ပေးထားသော ကွန်ဒိုတိုက်ခန်းအတွင်းတွင် ချိန်း ခါတိုင်းထက်စော၍ ရောက်နေသဖြင့် စောင့်နေရသည်။
သူစောင့်နေသူက တခြားမဟုတ် သျှားကိုသာ
သူနှင့်သျှား ဒီတိုက်ခန်းမှာပဲ အမြဲတွေ့ဖြစ်ကြသည်။
ချိန်း အဖေကတော့ သူတို့ နှစ်ယောက်ကို အရင်းနှီးဆုံးငယ်သူငယ်ချင်းအဖြစ်ဖြင့်သာ သိထားသည်။
သျှားက ချိန်းအဖေနှင့် လုပ်ငန်းဆက်ယှက်မှုရှိသူလဲဖြစ်သည်။
ဖေဖေက ကုမ္ပဏီမှာ ဒီဇိုင်းအသစ်ထွက်တိုင်း Fashion showပွဲ ပြုလုပ်လေ့ရှိသည်။
ဖေဖေ Fashion showပွဲလုပ်တိုင်း မရှိမဖြစ် လိုအပ်ဆုံးမော်ဒယ်ကတော့ သျှားမာန်ငြိုးပေါ့ ....
ဒေါင်ကောင်းကောင်းအရပ်မြင့်မြင့် ခန္ဓာကိုယ် အချိုးစားစမက်ကျခါ ဘာဝတ်စုံဖြစ်ဖြစ် သူ့ကိုယ်ပေါ်ရောက်လျှင် အရောင်ထွက်ခါ ဆန်းသစ်ပြီး ထင်ပေါ်သည်။
ဒါကြောင့်လဲ ဖေဖေက boy model တွေထဲကမှ သူ့ကို ကုမ္ပဏီအတွက် VIP ထိတ်တန်းမော်ဒယ်အဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။
“ဟူး မလာသေးဘူးလားကွာ ...”
ဘယ်မိန်းကလေးနဲ့မှ အနီးကပ်မနေဖူး..မထိတွေ့ဖူးတဲ့ ချိန်း.....
မနက်က ပိုးနဲ့ထက်ပြီးထိတွေ့မိတော့ အတော်ကို တောင်းတသွားမိပြန်သည် ။
သောက်လေ သောက်လေ ငတ်မပြယ်တဲ့ ပင်လယ်ရေလို....
မစားဖူးတဲ့ အသီးကို စားမိလိုက်လို့ အရသာတွေ့သွားတဲ့ လူတစ်ယောက်လို
သူ မိန်းကလေးတစ်ယောက်နဲ့ ပက်သက်နေရတာကို နှစ်ခြိုက်မိနေသည်။
ဒါကြောင့် သူဒီနေ့တော့ ထူးထူးခြားခြား သျှားကို အမြန်ရောက်လာစေဖို့ ဆုတောင်းမိသည်။
ချိန်းမဟုတ်တာတွေလဲ တွေးနေမိသည်....သူဟာသျှားနဲ့သာ တရင်းတနီးထိတွေ့ဆက်ဆံဖူးတာ ...မိန်းမဆို ဘယ်မ နဲ့မှ အထိတွေ့မရှိခဲ့ဖူးဘူး.....
ဒါမယ့် ပိုးသားကျူးက ယခုတော့ ချွင်းချက်ပေါ့....
မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ကြည့်ရင် ဘယ်လိုခံစားချက်လဲ
ဆိုတာကို သူတော်တော် လေးသိချင်မိသည် ....
ဘာတွေ ထူးခြားပြီး ...
ဘယ်လောက်တောင် ရင်ခုန်စရာကောင်းနေမလဲပေါ့ ...
စိတ်ထဲမှာတော့ သူ ထိတွေ့စမ်းသပ်ကြည့်ချင်တဲ့ မိန်းကလေးက တစ်ဦးတည်းသာရှိသည် ...
သူမကတော့ ပိုးသားကျူးပေါ့...
ငါ့ကို ဒီလိုဖြစ်စေတာ မင်း...
မင်း ငါ့အနား အမြဲရောက်ရောက်လာတတ်လို့ဘဲ.....
ငါ့ကို မဟုတ်တွေလုပ်မိစေဖို့ မင်းနှိုးစွပေးခဲ့တယ်....
ငါဒီလို ဖြစ်ရတာ အဓိကတရားခံက မင်းကြောင့်ပဲ ပိုးသားကျူး....
ချိန်း နဖူးပေါ်ပြိုကျနေတဲ့ သူ့ရဲ့ ဆံပင်ရှည်ရှည်တွေကို နောက်သို့လက်နဲ့ လှန်ဖီးလိုက်ရင်း.....
ရေခဲသတ္တာထဲမှ Volka ပုလင်းအား ဆွဲယူခါ ရေခဲနဲ့ဖန်ခွက်အကူညီတောင် မယူတော့ပဲ မော့ချပစ်လိုက်သည်။
ပြင်းရှရှနှင့်သခွါးမွေးရနံ့လေး ထောင်းကနဲ ရလိုက်ခါ ....
သူ့လည်ချောင်းထဲ ရှိန်းတန်း ဖိန်းတိန်းလေးဖြစ်ခါဝင်သွားသည်ကို သူနှစ်သက်ပုံပေါ်သည်။
“အား ..ကောင်းလိုက်တာကွာ..သူမလာခင်လေးတော့ ငါဒါနဲ့ဘဲ အဖော်ပြု ဖြေသိပ့်ထားရမာပေါ့ကွာ အဟား”
ချိန်း တငုံပြီး တစ်ငုံ အကြမ်းပတမ်း ပုလင်းလိုက်ကို မော့သောက်နေလိုက်သည်။
**^^**^^**^^**^^**^^**
ချိန်းရဲ့ သျှားအပေါ်ကြည့်သည့် ရီဝေသော အကြည့်တို့က သူသောက်ထားတဲ့ အရှိန်ကြောင့် မှေးစင်းနေသည်။
ချိန်း ခွဲထားတော့ ရင်ဘက်နားက ကြယ်သီး၂လုံးအပြင် နောက်ထက်ကြယ်သီးတွေကို တစ်လုံးခြင်းဖြုတ်နေပြီး....
အောက်နုတ်ခမ်း ထူထူပေါ်သို့ လျှာဖျားကိုတင်ခါ တစ်ချက်သပ်ပြလိုက်ပြီး...
ခြေလှန်းများက တရွေ့ရွေ့နှင့် သျှားစီကို ဦးတည်လာသည်။
သျှားကတော့ ချိန်းမူးနေပေမယ့် အရိပ်ပြရင် အကောင်မြင်သည်...
ဘာကို တောင်းတကြောင်း ပြနေသလဲ ဆိုတာ သူကောင်းကောင်း သိသည်...။
“ချိန်း....”
သျှား ပါးပြင်နှစ်ဖတ်ကို ဆွဲကိုင်လိုက်ပြီး
နှစ် ကိုယ် ကြားယုံ မျှအသံဖြင့်
“သျှား...ချိန်းအရမ်းလိုအပ်နေပြီကွာ”
“ချိန်း ....ချိန်း ....နေဦးချိန်း”
သျှား အတင်းဖတ်နမ်းဖို့ လုပ်နေသည့်ချိန်းရင်ဘက်အစုံကို တွန်းခါ မနမ်းမိစေဖို့ ကျောလေးအားနောက်သို့ ကော့ထားသည်။
သျှား စိတ်လည်း မကြည်သလို ...ဒီကိစ္စအတွက်သူ စိတ်မပါပါ...
ထို့ကြောင့် သူခေါ်နေတဲ့ အသံအား ချိန်းနားမဝင်သည့် အတွက် ဆိုဖာပေါ်သို့ စောင့်တွန်းပစ်လိုက်သည်။
ဘုန်း ...ဒုန်း...
“အ..အား...”
ချိန်းကျော့လေးကော့တတ်သွားရသည် ။ဆိုဖာပေါ် သျှားတွန်းလိုက်ပေမယ့် တစ်ဖက်က စားပွဲစောင်းနှင့် ချတော့ တော်တော်နာသွားရသည်။
နာကြင်မှု ဝေသနာက အမူးတောင် ပြေသွားသလိုပင် ရှိသည်..။
သျှား ချိန်းအဖြစ်ကို ကြည့်ပြီး သူတော်တော် လွန်သွားပါ့လားဆိုသည့် အကြည့်လေးဖြင့် ချိန်းကို တောင်းပန်သလိုကြည့်တော့
ချိန်း သူ့အား မှုံသုန်နေသော မျက်နှားဖြင့် ဝေသနာကြောင့် နာကြင်ရှုံ့မဲ့ပြခါ ကျောပြင်အား လက်ပြန်အနေထားဖြင့် ပွတ်နေမိသည်။
“ချိန်း....သျှားတောင်းပန်ပါတယ်”
ချိန်းပုခုံးအား သျှားကိုင်ပြီးပြောသောကြောင့် လက်ကို ပုတ်ထုတ်ပစ်လိုက်သည်။
“မလိုဘူးသျှား ....သျှား မမှားဘူး ချိန်းကသာ သျှားစိတ်မပါတာကို ဇွတ်တရွတ်ဆန်မိတာ Sry ချိန်းပြန်တော့မယ်”
သူ့စကားကြောင့် သျှားမျက်နှာပျက်သွားခါ
“ချိန်း ...သျှားကို စိတ်ဆိုးသွားတာလား”
“မဆိုးဘူး “
စကားကိူ ခက်ပျက်ပျက်ပြောပြီး စားပွဲပေါ်မှ ကားသော့ယူခါ အခန်းထဲမှ ထွက်သွားလိုက်တော့သည်။
“ချိန်း ...ချိန်း !!.....ချိန်း!!!”
သူဘယ်လောက်ခေါ်ခေါ် လှည့်မကြည့်ပဲ တစ်ချိုးတည်း ထွက်သွားသူက ချိန်း
“ကျစ်...ဟာကွာ.....ဒုန်း “
စုတ်တစ်ချက် သက်ခါ
သျှား ကျွန်းစားပွဲအား လက်သီးဖြင့် ထိုးကာ ဘေးနားရှိ ဆိုဖာအိအိပေါ် ခြေပစ်လက်ပစ် လှဲချလိုက်တော့သည်။
****~~~~****~~~~အပိုင်း ၈ဆက်ရန်>>>
#Eaindray