book

Index 6

(အပိုင်း ၆)

  • Author : Kyawal
  • Genres : Drama

(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သောချစ်ခြင်း♥️)


စာကြည့်ခန်းအတွင်း ကုမ္ပဏီ စာရင်းဇယားများအား ဒီဂရီမျက်မှန်အကြည်တစ်လက် တပ်ခါ စစ်နေသူ ဦးသော်မြင့်ချိန်


“ဒေါက် ဒေါက်”


“ဝင်ခဲ့”


“ဂျလောက်..”


နွားနို့လာပို့သည့် ကြီးဝေအထင်နှင့်


“ဒေါ်ဝေ ပြီးရင် ကျုပ်အတွက် ရှူဆေးဘူးလေးယူခဲ့ပေးပါဦး”


တုံ့ပြန်သံမကြား၍ မော့ကြည့်လိုက်တော့ 

ဖြူနုပြီး လှပလွန်းသူလေး ပိုးပါ


“ဟင် ...သမီးပိုး”


“ဟုတ် သမီးပါဦး”


သစ်တုံးပုံစံ ဒီဇိုင်းနဲ့ ကျွန်းခုံကြီးတွေဝိုင်းထားသည့် စားပွဲဝိုင်းဘက် သူလက်ပြခါ


“ထိုင်ပါဦး သမီးရဲ့ ဦးကို လာတွေ့တာက ဘာကိစ္စများရှိလို့လဲ”


“ဟို..သ ..သမီး..သမီး အပြင်မှာ အလုပ်ထွက်လုပ်ချင်လို့ပါဦး နောက်ပြီး..ဒီအိမ်ကြီး ထဲမှာကြည် သမီး မနေချင်တော့တာလဲပါပါတယ်”


ပိုးစကားကြောင့် ဦးသော်မြင့်ချိန် စိတ်မကောင်းဖြစ်သွားရသည် ။


ဘာလို့လဲ သူမကို သူလိုလေစိတ်မရှိအောင်ကို ဖြည့်ဆည်းပေးထားတယ်။

အဝတ်စားဆိုလဲ စုံနေအောင် ဗီိရိုထဲမှာ အသင့်ဝယ် ထည့်ပေးထားတယ်။

သူမ ကြိုက်တာ ကောက်ဝတ်ယုံပဲ။

အလှပြင်ပစ္စည်းတွေ ဘယ်ဟာကောင်းလဲ သူမသိပေမယ့် နာမယ်ကြီး brandတွေကြည် သူမအတွက် သူဝယ်တင်ပေးထားတယ်။

သူမအသုံးလိုရင် သုံးရအောင် သူ ဘဏ်ကဒ်လဲ လုပ်ပေးထားတယ် ။

တစ်ပက် တစ်ခါ သူ၁၀သိန်းထည့်ပေးတယ်။

(ဦးကသာ ထည့်ပေးနေတာ ဟိုကဖြင့် အိမ်ထဲက အိမ်ပြင်မထွက်ရပဲနဲ့ ဘယ်မှာငွေသွား ဖြုန်းရမာလဲလို့😒)


သူဒီလောက်ထိ ပြည့်စုံနေအောင်ထားတာကို....သူမ ဘာတွေများ အလိုမကျလို့ပါလိမ့်......


“ဘာလို့လဲ သမီး ဘာတွေ စိတ်တိုင်းမကျတာ ရှိလို့လဲ ဦးကိုပြောလေ... 

ငွေလိုလို့လား ဦးမှာရှိတယ်လေ အခက်ခဲရှိရင် ဦးကိုပြော ဦးကူညီမှာပေါ့ သမီးရဲ့”


“မ..မဟုတ်ပါဘူး ဦးရဲ့ သမီးစိတ်တိုင်းလဲကျပါတယ် 

အဆင်လဲပြေပါတယ် 

သမီး ဒီအိမ်ထဲမှာကြည် နေရတာ မွန်းကြပ်လာသလို...

ပြင်ပလောကနဲ့လဲ အဆက်သွယ် ဖျတ်ထားသလို ခံစားရတော့ 

မနေတတ်ဘူးဖြစ်နေတယ်...

ဒါကြောင့် သမီး အပြင်မှာ အလုပ်ထွက်လုပ်ချင်တာပါ ဦး”


“အလုပ်တော့ ထွက်မလုပ်ပါနဲ့ သမီးရဲ့

သမီး မွန်းကြပ်နေတယ်ဆိုရင် 

အပြင်ကို ၂ရက်ခြားတစ်ခါ ဦးသားချိန်းကို လိုက်ပို့ပေးခိုင်းလိုက်ပါ့မယ် 

နော်... သမီး ”


“ဟို...မဟုတ်ဘူး ဦးရဲ့ 

သမီး အဲ့လိုလဲ မလုပ်ချင်ဘူး 

သမီး အပြင်မှာပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ ငွေရှာချင်သေးလို့ပါ

နောက်ပြီး ဒီလိုမှီခိုနေရတာက သမီးရဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ တတ်လမ်းတွေကို ပိတ်သွားစေတယ်လေ ...

ကျေးဇူးပြုပြီး...ခွင့်ပြုပေးပါ ဦးရဲ့”


“ဘုန်း....”


“ဟင် ..”


“ဘာသံလဲမသိဘူး ...ဦးသွားကြည့်လိုက်ဦးမယ်”


“တွန်.🎶.ဒွန် တွန်တွန် 🎶”


“ဪ အရေးထဲ ဖုန်းကလာနေသေးကွာ”


ပိုး အလိုက်သိစွာ ဖြင့် 


“သမီးသွားကြည့်လိုက်ပါ့မယ် ...

ဦးဖုန်းပြောပြီး လုပ်လက်စအလုပ်လေးတွေသာ..

ဆက်လုပ်လိုက်ပါနော်....

နောက်ပြီး သမီးပြောတဲ့ ကိစ္စကို ဦးသေချာ​လေးစဉ်းစားပေးပါနော်”


ဦးသော်မြင့်ချိန်းအား ထိုသို့ပြောခါ သူမ စာကြည့်ခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်....။


&&&&&


လှေကားနားတွင် ...

မှောက်လျက်လှဲနေသော ချိန်း၏ဘေးတွင်  မိကြူ...

ချေ မကိုင်မိ / လက်မကိုင်မိနှင့် 

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။


“မိကြူ ...”


“ဟယ်...မမလေး ...လုပ်ပါဦးမမလေးရယ် ..ဒီမှာ အကိုလေးက မူးပြီးမှောက်လှဲနေလို့...

မိကြူ ဘယ်လိုလုပ်ရမှန်းမသိ အခက်တွေ့နေလို့”


သူအရက်တွေ သောက်လာတာလား

ဘယ်လောက်တောင်များ သောက်ခဲ့လို့ ဒီလောက်တောင် မူးမှောက်နေရတာလဲ


“မမတို့ သူ့ကို အခန်းထဲ တွဲပို့ပေးလိုက်ကြမယ်လေ ..မကောင်းဘူးလား..”


“ဟုတ်..ကောင်းတယ် ကောင်းတယ် မမလေး”


“လာ..လာ..ဒါဆို..မ..မိကြူအဲ့ဘက်ကမ ..မမဒီဘက်ကနေ မလိုက်မယ်”


“ဟုတ်မမလေး”


ဘယ်လက်မှာက ပိုး/ ညာလက်မှာက မိကြူ နှစ်ယောက်သား ချိန်းလက်အား ပုခုံးပေါ်ချိတ်ခါ လှေကားစီမှ ချိန်းအခန်းစီသို့  တွဲခေါ်လာကြရင်း....


“အနံ့....”


“မမလေး အနံ့ရတယ်မလား”


“ဘာနံ့လဲ မိကြူရဲ့...”


“ဟင်းနံ့လေ မမလေးရဲ့”


“အင်း...ရတယ်လေ ဘာဖြစ်လို့”


“ဟာ..မဖြစ်ဘူး မမလေးရဲ့ ...မိကြူအောက်မှာ ဟင်းအိုးတည်ခဲ့တာ တူးကုန်ပြီလားမသိဘူး”


“ဟင် ...ဟုတ်လား ကြီးဝေကကော”


“ကြီးကြီးဝေ ခါးနာလို့ မိကြူဆေးလိမ်းပေးပြီး အနားယူခိုင်းထားလိုက်တယ်.....ဘယ်လို လုပ်မလဲ မမလေး”


သူမသက်ပြင်းလေးချလိုက်ရင်း..


“ဟူး...ဘယ်တတ်နိုင်မလဲ မမပဲသူ့ကို အခန်းထဲ ပို့လိုက်ပါ့မယ် မိကြူဟင်းအိုးကိုသာ အမြန်သွားကြည့်ချီ”


“ဖြစ်ပမလား မမလေးရဲ့ အကိုလေး ခန္ဓာကိုယ်က လေးတယ် မမလေး”


“မဖြစ်လဲ ဖြစ်အောင် တွဲပို့ရတော့မှာပဲလေ ကဲ..သွား..သွား ဟင်းအိုးတူးရင် အဆူခံနေရမယ်”


“ဟုတ် မမလေး ဒါဆို မိကြူထားခဲ့ပြီနော်”


မိကြူသူ၏ပုခုံးပေါ်ချိတ်ထားတဲ့ ချိန်းလက်အား ဖြုတ်ချလိုက်တော့ ပိုးဘက်ကို အလေးချိန်ပိုစီးသွားသည်။

အိခနဲနေခါ  ယိုင်နဲ့ နဲ့ဖြစ်သွားရသည်...။


အမလေး..လေး..တကယ်ကို လေးလိုက်တာ

ငါ သူ့အခန်း စီ ဘယ်လိုများ ပို့ရပါ့...


သူမ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး...

ချိန်းအခန်းစီသို့ တအိအိနဲ့ ဖြည်းဖြည်းချင်း ရွေ့လျားနေရသည်....နောက်ဆုံးတော့ ပန်းတိုင်စီသို့ ရောက်ခဲ့ပြီ။


“ဘုန်း...”


“အိုး ....အမေ့”


ပိုးလည်း ဦးတည်ရာ ပန်းတိုင်ရောက်ပြီ ဆိုသည့် စိတ်ဖြင့် ချိန်းကို ပြီးစလွယ် ကုတင်ပေါ် ပစ်ချလိုက်တာ...

အရှိန်မထိန်းနိုင်ပဲ သူမပါ ကုတင်ပေါ်ထပ်လျက် ခွေခေါက်ခါ လှဲသွားတော့သည်။


ယမကာအနံ့တွေ မွှန်ထူနေအောင် ရနေပေမယ့်.....

သူ့ရဲ့ ရင်ဘက်ကျယ်ကြီးပေါ်မှာ သူမ လက်ကလေးတင်လျက်ဖြင့် အနီးကပ်မြင်နေရသည့် မျက်နှာအား ငေးစိုက်ကြည့်နေမိသည်။


ရှင်...ရှင်က သိပ်ကိုချောတဲ့ လူပါ့လား

ရှင့်ရဲ့ အညိုရောင် ပြေပြေ မျက်ခုံးမွှေး စိမ်းစိမ်းလေးတွေ...

ဖြောင်းစင်းနေတဲ့ နှာတံရှည်ရှည်လေးနဲ့....

မဲနက်နေတဲ့ မျက်တောင်ရှည်တွေ...

သူမလက်ပေါ် မေးဖျားလေးတင်လိုက်ရင်း ကျန်လက်တစ်ဖက်က သူ့ရဲ့ နုတ်ခမ်းလေးအား အသာလေးတို့ထိလိုက်ပြီး...

နောက်ပြီး ဟော့ဒီ့ ထူအန်းနေတဲ့ နုတ်ခမ်း ရဲရဲလေးတွေက သိပ်ကို စွဲဆောင်မှုရှိပြီး

ရင်ခုန်ဖို့ကောင်းပါ့လားနော်....


သူမ နဖူးပေါ်ပြိုချနေတဲ့ သူ့ရဲ့ ဆံနွယ်ရှည်ရှည်တွေကို လက်ချောင်းသွယ်သွယ်လေးဖြင့် ပွတ်သပ် ရှင်းထုတ်ပေးလိုက်ရင်း.....


ရှင်ဘာလို့ ရုပ်လေးနဲ့မှ မလိုက် ကြမ်းတမ်းနေရတာလဲဟင်

ရှင့်မှာ နှလုံးသားမရှိဘူးလား...

သူမလက်သည်းလေးဖြင့် သူ့ရဲ့ နှလုံးခုန်မှုရှိတဲ့ နေရာသို့ဖိထောက်ခါ ပြောလိုက်သည်။

ဆူးကနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ မွှေးပျံ့တဲ့ ရနံ့သင်းသင်းတစ်ကို သူရလိုက်သည်။


ဒီ..ဒီရနံ့ ...

ခန္ဓာကိုယ်လေးလူးလွန့်ခါ မျက်စိများကမီးရောင်ကြောင့် ကြိမ်းစပ်နေခါ စမှုန်စမွှားဖြင့် ပွင့်စပြုလာသည်။


လှပတဲ့ မျက်နှာတစ်ခုကို သူအနီးကပ်မြင်နေရပြီး

ဘယ်သူဘယ်ဝါလဲဆိုတာတော့ သူသဲသဲကွဲကွဲမမြင်ရချေ။


နောက်မှ ဝေးတစ်ချက် နီးတစ်ချက်နှင့် တစ်ဆတစ်ဆပေါ်လာသည့် မြင်ကွင်းကြောင့် သူမမျက်နှာမှန်းသူသိလိုက်သည်။


ခေါင်းတွေမူးဝေနေပြီး...အမူးကမပြေသေးပေ...

သို့သော် သူအရက်မသောက်မှီက မှတ်မိနေသည့် ခံစားချက်နှင့် မှတ်ဉာဏ်တစ်ချို့ကြောင့်သာ...


လေးလန်တွဲပင်နေသော အသံဖြင့်


“မင်း...”


“ဟင်!!....အကို”


သူမလန့်ဖြန့်၍ လှဲကျနေသည့် သူ့ကိုယ်ပေါ်မှအလူးအလဲထကာ ထွက်သွားဖို့ပြင်လိုက်သည်။


“မင်း...မင်း နေဦး”


“ဟင်!!....အမေ့!”


သူမလက်အား ဖမ်းဆွဲခါ ကုတင်ပေါ်သို့ ဆွဲချလိုက်သောကြောင့်

ဘေးတစ်ဇောင်း အနေထားဖြင့် သူ့ကိုယ်ပေါ်  ပြိုလှဲကျလာသည်။


ထို့နောက် သူမခါးလေးအား သူကျစ်နေအောင်ဆွဲညစ်ခါ သိမ်းဖက်လိုက်ပြီး ...

သူ့လုပ်ရပ်ကြောင့် သူမ နောက်ကျောလေးကော့သွားရသည်။


“အ...ပိုးနာတယ် လွတ်ပါအကို”


မလွှတ်တဲ့အပြင် သူမနဲ့ပိုနီးကပ်လိုက်ရင်း...။


သူမကတော့ သူ့ကိုမျက်ရည်စများဖြင့် ကြည့်နေပြီး....

သူမရဲ့ဝင်လေ ထွက်လေ အသွယ်သွယ်တို့က ချိန်းရဲ့ပါးပြင်ကိုအနွေးဓာတ်နှင့်အတူ ရိုက်ခက်နေသည်။

ကြောက်လွန်းလို့ အသက်ကို အလုအယှက် ရှူနေရပြီး...နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့် သူမရင်ဘက်တွေက တဒုန်း ဒုန်းနှင့်ခုန်ပေါက်နေသည်။


“မင်း...မင်းက..မိန်းမပျက်...မိန်းမယုတ်...”


“အွန့်”


အသံလေးလေးကြီးဖြင့် သူပြောချင်ရာပြောပြီး သူမနုတ်ခမ်းအား အကြမ်းပတမ်း စုပ်နမ်းပစ်လိုက်သည်။

သူမ သူ့အား တွန်းထုတ်နေပေမယ့်...အချင်းနှီးသာ...။

ပိုလို့သာ တိုးဝင်လာသည့် ကြမ်းရှသည့် အနမ်းများပင်....

မွတ်သိပ်နေတဲ့ သူ့အနမ်းတွေကြားမှာ အသက်ရှူလို့ပင်မဝတော့ချေ။

၃မိနှစ်လောက်ထိ သူမအားစိတ်ကြိုက်နမ်းလိုက်ပြီး...

အနမ်းတွေက သူမ၏နားသယ်စနှင့် လည်တိုင်တွေစီသို့ တရွေ့ရွေ့ရောက်လာရင်း...

နောက် နားရွက်ထိပ်ဖျားလေးအား နာနာလေး ဖိကိုက်လိုက်သည်။


သူမကိုယ်လေး လူးလွန့်သွားပြီး...


“အ....”


“အဟင့် ဟင့် မလုပ်ပါနဲ့ ပိုးတောင်းပန်ပါတယ် အကိုရယ်”


မျက်နှာလေးနား ပြန်နီးကပ်လာပြီး

နှစ်ကိုယ်ကြားယုံမျှ အသံဖြင့်


“မင်းလိုချင်နေတာ ဒါမျိုးပဲမလား”


“ဟင့်အင်း...ဟင့်အင်း...မဟုတ်ဘူး မဟုတ်ရပါဘူး..”


“အွန့်....”


ပြောမဆုံးသေး ထက်၍ ဖိကပ်နမ်းရှိုက်လိုက်ရင်း......သူ့လက်က သူမရင်ဘက် ကြယ်သီးတွေစီသို့  ရွေ့လျားလာသည်။


“အွန်း....အွန်း...အွတ်”


“အ...မင်း မင်းငါ့ကိုကိုက်တယ်...ဟုတ်လား”


“အဟင့် ပိုးကြောက်တယ် ...ပိုးကို ဒီလိုမလုပ်ပါနဲ့ ...ပိုးတောင်းပန်ပါတယ်နော်”


“အဟွန်း...မလိုချင်ဘူး နောက်ကျသွားပြီ...ဒီနေ့ပဲ ငါမင်းကို ပညာပေးရလိမ့်မယ်”


သူမအား အိပ်ယာပေါ်သို့ တွန်းလှဲလိုက်ခါ အပေါ်မှ စီးမိုးလိုက်ပြီး

သူမရဲ့ပေါင်တံနှစ်ခုကြားတွင် သူ့ဒူးလေးထောက်ခါ နေရာယူလိုက်သည်။


“အဟင့် ဟင့်..အကို...ပိုးကြောက်တယ် ..ဒီလိုမလုပ်ပါနဲ့ ဟီး..ဟီး..ဟီး

ပိုးတောင်းပန်ပါတယ်”


“နားညီးတယ်..ကွာ”


ပြောပြီး...သူမလည်တိုင်းအား အတင်းဖိကပ် နမ်းလိုက်ရင်းက....

တွန်းထုတ်နေသည့် သူမလက်နှစ်ဖက်အား သူ့ရဲ့ဘယ်လက် တစ်ဖက်တည်းဖြင့် အပေါ်သို့လှန်ကာ ဖိကပ်ချုပ်ထားလိုက်သည်။


သျှားအပေါ် သစ္စာဖောက်သည့် လုပ်ရပ် ကျူးလွန်မိနေသည်ကို သူမေ့လျော့နေသည်....။

တပ်မက်သည့် စိတ်ခံစားချက်ကိုသာ ဦးစားပေးနေမိသူက ချိန်းသာ.....။

ထို့နောက် ဒူးဖုံးယုံဂါဝန်စလေး အောက်မှ သူမရဲ့ပေါင်တံသွယ်သွယ်လေးအား ဆွဲထုတ်ခါ ဖိညစ်လိုက်ရင်း....


“🎶တူတွန်🎶 တွန် တွန်🎶”


“ကျွတ် ...ဘယ်သူလဲကွာ”


သူမအား သူလွှတ်ပေးလိုက်ပြီး...ထထိုင်းလိုက်သည်။


“ဟင်...သျှားပါ့လား”


အနိုင်ကျင့်နေသည်များ ရပ်တန့်သွားသည်။

ပိုးအတွက် ဒါက အခွင့်ရေးကောင်းမို့

သူ့အား...အားကုန်တွန်းထုတ်ခါ 

ထွက်ပြေးလာခဲ့တော့သည်....။


အဟင့် ...အဟင့် ရှင် ကျွန်မကို အနိုင်ကျင့်တယ် ရှင်ကသိပ်ကိုကြောက်ဖို့ ကောင်းတဲ့ လူပဲ။


ဟွန့် ..လုပ်ပါ ..အနိုင်ကျင့်ပါ ရှင်က ဒီအိမ်ကြီးရဲ့ အရှင်သခင်ပဲ ..

ကျွန်သာသာ ကျွန်မကို ရှင်ကြိုက်သလို ပြောဆိုအနိုင်ကျင့်ပေါ့...


ကျွန်မမှာ အားကိုးစရာမရှိသလို / ကျွန်မနေတဲ့ ပက်ဝန်းကျင်မှာ အန္တရာယ်တွေဝိုင်းနေတာမို့ လုံခြုံမှုလေး ရှိချင်ယုံသက်သက်နဲ့  

ဦးကိုအားကိုးပြီး ဒီကို လိုက်လာခဲ့တာပါ


ဒီလောင်းရိပ်က မလွတ်သ၍တော့ ကျွန်မ ရှင်အနိုင်ကျင့်သမျှ ခံရမှာပေါ့လေ...ဟီး..ဟီး..ကျွန်မ ရှင့်ကိုသိပ်မုန်းတာပဲ....


အရင်နေအိမ်သို့ ပြန်လျှင်လဲ ဒီထက်မကဆိုးတဲ့ အရာတွေရှိတာကြောင့်သူမ မထူးဇာတ်ခင်း၍သာ ဒီမှာနေရမည်။


ယောကျ်ားဆို ဘယ်ယောကျ်ားနဲ့မှ အထိအတွေ့မရှိသလို....

ရင်ဖိုတောင် မသန်းဖူးတဲ့ သူမအတွက် ဒီအဖြစ်အပျက်က အိမ်မက်ဆိုးကြီးတစ်ခုသာ.....။


><><><><><><><><


“အား...ကျွတ် ကျွတ် ခေါင်း ကိုက်လိုက်တာကွာ....ဟူး”


အိပ်ယာပေါ်မှဆင်းခါ ရေချိုးခန်းစီသို့ လျှောက်လာလိုက်ပြီး 

မှန်ထဲမှ သူ့ပုံရိပ်အားပြန်ကြည့်ခါ 

မနေ့ကဖြစ်ရပ်အပေါ် ကျေနပ်သလို ပြုံးမိသည်.....

သူ့ရင်ဘက်အား ဖိကပ်စမ်းကြည့်လိုက်ပြီး

ဟင်! ဒါကဘာလဲ ငါသူမကို ရင်ခုန်နေတာလား

မဖြစ်နိုင်တာကွာ....


မသေချာမရေယာသော အသံလေးဖြင့်.. 

ငါ့မှာ သျှားရှိနေတာပဲလေ....


“ဒေါက်...ဒေါက်..”

“သားချိန်း...သူဌေးက သားကို ခေါ်နေတယ်ကွဲ့”


“ဟုတ်...ခဏစောင့်ခိုင်းလိုက်ပါ ကြီးဝေ..ကျွန်တော် ရေချိုးလိုက်ဦးမယ် ပြီးရင် ဆင်းလာမယ်လို့သာ ပြောလိုက်ပါ”


“အေးပါကွယ်”


[+][+][+][+][+][+]


ထမင်းစားခန်းသို့ ဝင်လာသည်နှင့် သူ့အကြည့်တို့က ပိုးမျက်နှာလေးစီသို့ သာ....


ပိုးကတော့သူ့အား တစ်ချက်လေးမျှမကြည့်....

သူနဲ့ အကြည့်ချင်းစုံရအောင်အထိ သူမမှာ သတ္တိတွေမရှိပါ

ရှက်စိတ်တို့ မွှန်ထူနေပြီး ခေါင်းလေးငုံ့၍သာ ထိုင်နေသည်။


“သား...လာထိုင်လေ အဖေပြောစရာရှိတယ်”


“ဟုတ်ကဲ့...”


စားပွဲမှာ ဝင်ထိုင်လိုက်ပြီး


“ပြောစရာရှိတယ်ဆို ပြောလေ အဖေ”


“အင်း...သား ဒီနေ့သွားစရာကိစ္စရှိလား”


“မရှိပါဘူး အဖေ ဘာလို့လဲ”


“ဒါဆို လိုအပ်တာတွေ ဝယ်လို့ရအောင် သမီးလေးပိုးကို Shopping Center လိုက်ပို့ပေးလိုက်ပါ..


နောက်ပြီး သမီးပိုးကို ဖေဖေကုမ္ပဏီမှာ အတွင်းရေးမှူးအဖြစ် ခန့်မလို့

သားဘယ်လို သဘောရလဲ”


“ဗျာ..”                 +                 “ရှင်..”


အသံနှစ်ခုပြိုင်တူ ထွက်လာပြီး အံ့ဩမှုတွေ အပြည့်နှင့်ပါ


ပိုးစီမှ ချက်ချင်းဆိုသလို တုံ့ပြန်မှုက


“သမီး လက်မခံနိုင်ပါဘူး ဦး”


ပိုးစကားကြောင့် ဦးသော်မြင့်ချိန် မျက်နှာပျက်သွားရပြီး


“ဘာလို့လဲ သမီး”


“သမီးမှာ အလုပ်ရှာပြီးသားပါ နောက်ပြီး ဦး ပေးတဲ့အလုပ်က သမီးနဲ့လည်း မသင့်တော်သလို မအပ်ဆက်ပါဘူး....ဒါကြောင့် သမီးလက်မခံ နိုင်ပါဘူး”


ဖေဖေစကားအား သူမအလျင်စလို ငြင်းဆန်လိုက်မှ သူစိတ်အေးရတော့သည်။

ဝင်မပြောပဲ ထိုင်ခါ နားထောင်နေသူက

သူ့အပြင် ကြီးဝေနှင့်မိကြူလည်းရှိနေသည်...


“သမီးအလုပ်ရှာထားပြီးသား ဆိုတာက?”


“သမီး အရင်ကအလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်လေးက လိုင်းပေါ်မှာ လူခေါ်နေတာတွေ့လို့ သွားပြောကြည့်တာ....သမီးကို ပြန်လက်ခံပေးလို့ပါ ... သမီး ကော်ဖီဆိုင်လေးနဲ့ ရင်းနှီးမှုရှိပြီးသားမို့  ဦးသမီးကို အဲ့ဆိုင်လေးမှာပဲ အလုပ်လုပ်ခွင့်ပြုပါ”


ဘယ်လိုပြောလိုက်ပါလိမ့် သမီးရယ်...

ဦးကသမီးကို ဦးအနားမှာ ရှိနေစေချင်တာ...

သမီးကတော့ ဦးအနားကနေ တမင်..ထွက်ပြေးနေသလိုပဲနော်....


“အင်း...ဒါ..ကျွန်တော်ထောက်ခံတယ် သူပြောတာကို ခွင့်ပြုပေးလိုက်ပါအဖေရာ သူနဲ့တန်တဲ့နေရာမှာပဲ အလုပ်လုပ်ပါစေ...သူပျော်ရာအလုပ်ကိုသာ  ပေးလုပ်လိုက်စမ်းပါဗျာ “


“သား မင်းစကားက ရင့်သီးလိုက်တာကွာ ”


ချိန်း၏ တန်ရာဟူသော စကားကြောင့် ဦးသော်မြင့်ချိန် စိတ်ဆတ်သွားပေမယ့် 

ပိုးကတော့ သူ့စကားတွေနဲ့ နေသားကျနေပြီမို့ ဘာမှမပြောပေ..


သားကပါ ပိုးစကားကို ထောက်ခံနေပြီသူလက်မခံပဲ သူ့အနားဇွတ်အတင်း ခေါ်ထားလိုက်လျှင် သားကလည်းတစ်မျိုးထင်မြင်မည်မလား....

ထို့ကြောင့် ခွင့်မပြုချင်သော်လည်း ခွင့်ပြုရမည်


“အေးပါကွယ်...သမီးသဘောပါပဲ ဦးခွင့်ပြုပါတယ်”


ဦးသော်မြင့်ချိန် စကားကြောင့် ပိုးမျက်နှာလေးဝင်းလက် သွားရပြီး...

“ကျေးဇူးတင်ပါတယ် ဦး”


ချိန်းကတော့...

ဖေဖေ ကျွန်တော်သိနေတယ်နော်...

ပိုးကို အဖေနားခေါ်ထား ချင်နေတယ်ဆိုတာ....


ဖေဖေဘယ်မိန်းမကို မှ ဒီအသက်ဒီအရွယ်အထိ စိတ်မဝင်စားခဲ့ပဲ ဘာလို့ အခုကျမှ ကိုယ့်သမီးအရွယ် ပိုးကိုမှ စိတ်ဝင်စားနေရတာလဲဗျာ....


ဖေဖေနဲ့ အသက်ရွယ်တူတဲ့ သူကို ရှာယူရင်တောင် ကျွန်တော် မကန့်ကွက်ဘူးသိလား...


အခုဟာက လူကြားလို့မှ မကောင်း ကိုယ့်ထက် အသက်အရွယ်အားဖြင့် အများကြီးငယ်တဲ့သူကိုမှ ဗျာ...


ဖေဖေပိုးအပေါ် စိတ်ဝင်စားနေတာကို ကျွန်တော် လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး.....

ပိုးနဲ့ဖေဖေကို လုံးဝသဘောတူမှာလဲ မဟုတ်ဘူး...


မဖြစ်သင့်တာ မဖြစ်ရအောင် ဖေဖေအနားက ပိုးကို ကျွန်တော် ဆွဲထုတ်သွားရလိမ့်မယ်........


ပိုးသားကျူး ...ပိုးသားကျူး...

မင်းသိပ်လှလွန်းတာက အန္တရာယ်များတယ်ကွ..

မင်းအလှတွေက အန္တရာယ်ကို လက်ယှက်ခေါ်နေသလိုပဲ...

မင်းမှာ အပြစ်မရှိပေမယ့် သိပ်လှလွန်းတာက မင်းအပြစ်ပဲ....

အခုမင်းအလှတွေမှာ ငါရော/ဖေဖေပါ ရစ်မူးမိနေပြီ....။


=============


“လုပ် ....ဘာတွေဝယ်စရာရှိသေးလဲ

တစ်ခါတည်းပြောနော်.. အေး..အိမ်ပြန်ခါမှ ဘာလေးလိုတယ် ညာလေးလိုတယ် လာမပြောနဲ့”


“ရပြီအကို ပိုးဒီလောက်ပဲ ဝယ်စရာရှိတာပါ”


“မင်း ...ပိုက်ဆံအိတ်လှလှ လေးတွေ မကိုင်တတ်ဘူးလား”


“ဘာလို့လဲ အကို”


“လာ ..ငါဟိုဆိုင်မှာ မင်းနဲ့ လိုက်မယ့် အိတ်လေးတွေ့ထားတယ်”


သူမမိန်းကလေးပစ္စည်းဆိုင်တွင် လိုအပ်သည်များ ဝင်ဝယ်နေ၍ 

သူအပြင်၌ စောင့်ကျန်နေချိန် လျှောက်ပက်ကြည့်ရင်းမှ...

ထိုအိတ် ဆိုင်စီအကြည့် ရောက်ခဲ့ခြင်းဖြစ်သည်။


ဆိုင်ရှိရာသို့ သူမလက်ဆွဲခါ ခေါ်လာလိုက်ပြီး...


“ဒီမှာ...ဒီအိတ်လေးက မင်းနဲ့ဆို အတော်လိုက်မှာ”


“ပိုးနဲ့လား...”


သူမသေချာကြည့်လိုက်တော့...

ဟုတ်ပါရဲ့ အိတ်ကလေးက တော်တော်လေးလှသည်။


ဆိုင်ဝန်ထမ်းကောင်မလေးမှ

“ဒါလေးက မနေ့ကမှ USက

အသစ်ရောက်တာရှင့်

အခုဒီ တစ်အိတ်ပဲ ကျန်တော့တယ် မမ.

ဒါလေးကုန်ရင် အိတ်က ပစ္စည်းပျက်သွားပြီ မမ ရှင့်”


ထိုအိတ်လေးက ပစ္စည်းအတော် ဝင်ဆန့်မည့် အရွယ်အစားနှင့် ဒီဇိုင်းလဲဆန်းခါလှပသည်။


စျေးနှုန်း တစ်ချက်ကြည့်လိုက်တော့ ၁၅သိန်း......အိုး...ဘုရားရေ

ကျွန်မသွေးတွေပင် စောင့်တတ်သွားသည်။


သူမ အိတ်ကိုအသာ ပြန်ချလိုက်ပြီး


“ပိုးတို့ ပြန်ကြရအောင်”


“ဟမ်...မင်းမကြိုက်ဘူးလား...”


သူမခပ်တိုးတိုးလေသံလေးဖြင့်

“စျေးကြီးတယ် အကိုရဲ့...”


“ဘယ်လောက်မို့ လဲ”


“၁၅သိန်း...”


“ဟားဟားဟား....နည်းတာပေါ့ကွ”


သူမ မျက်လုံးလေး ဝိုင်းစက်သွားရသည်။


“မင်းသိလား ငါသုံးတဲ့ ပစ္စည်းတွေဆို brand တွေကြည်ပဲ သိန်း၂၀အောက်မဆင်းဘူး....ဒါက ပါမွှားပါ...ဘာလဲ မင်းမှာ ပိုက်ဆံမပါခဲ့လို့လား...”


“ပါပါတယ်...ဒါမယ့် ပိုးအတွက် အဲ့လောက်ကြီးထိ မလိုအပ်ဖူးထင်တယ်”


“မင်း မဝယ်ချင်ဘူးလား ....ဒါဆို ငါမင်းကို ဝယ်ပေးမယ်”


“ဟင်!!...”


“မဟင်နဲ့....မနေ့က ကိစ္စအတွက် အရော် ပေးတဲ့သဘောပါ”


ချိန်း နုတ်ခမ်းတို့အား တစ်ဖက်တည်း ကွေးညွှတ်ခါ မဲ့၍ပြောလိုက်ခြင်းဖြစ်သည်။


အမှန်က သူမကို စိတ်အရင်းမှန်နှင့်ဝယ်ပေးခြင်းဖြစ်သည်။

သို့သော် သူမအပေါ် ထားသည့် သူ့မာန အားထိခိုက်မည်စိုး၍ တမင် ပြောလိုက်ခြင်း ဖြစ်သည်။


သူမမျက်နှာလေး ကွက်ကနဲပျက်သွားပြီး


“ဒါဆိုရင်တော့ ပိုးလက်မခံပါရစေနဲ့...

ပြန်ရအောင် အကို”


“မငြင်းနဲ့ ငါပေးရင် ယူမှကြိုက်တာ”


“ဟေး...ဒါလေး ထုတ်ပေးပါ...”


လက်ပြခါ ဝန်ထမ်းကောင်မလေးအားလှန်းခေါ်လိုက်သည်။


“ဟုတ်ကဲ့ရှင့်...ဒါလေးနော်”


“လူကြီးမင်း..ငွေရှင်းရန် ကောင်တာကိုလိုက်ခဲ့ပေးပါရှင်”


သူခေါင်းညိမ့်ခါ လိုက်သွားပေမယ့်....

သူမကတော့ ထိုနေရာမှာ ခြေစုံရပ်၍သာနေခဲ့သည်။


 xxxxxxxxxx 


“ရော့....”


အဖြူရောင် ဘရန်းတတ်စ် ကဒ်ထူအိတ်အား ပစ်ပေးလိုက်တာကြောင့် လွတ်မကျစေရန် သူမ အမိဖမ်းလိုက်ရသည်။


“ဝယ်စရာ မရှိတော့ရင်...ပြန်စို့”


“ဟုတ်ကဲ့”


~~~~~~~~


“ဟယ်....ပိုးသားကျူး”


“ဟယ်...အမ 

စျေးဝယ်ထွက်လာတာလား”


“ဟုတ်တယ် ပိုးရေ”


ထိုအမကြီးက ချိန်းဘက်သို့ မျက်ဆပစ်ခါ...


“အမယ် ပိုးကို ရပ်ကွက်ထဲမှာ ရေလျှံတဲ့ဘဲကြီးက ခေါ်သွားတယ် ပြောသံကြားလို့... 

အသက်ကြီးကြီး ရုပ်ဆိုးဆိုးကြီး ထင်နေတာ

အခုတော့ ဘဲကြီးက လုံးဝ အချောကြီးပဲ

အားကျလိုက်တာ 

ပိုးကတော့ အရမ်း ကံကောင်းတာပဲ

ပိုးနဲ့လဲ အရမ်းလိုက်တယ် သိလား ဟီး”


ထင်ရာမြင်ရာတွေ ပြောနေသည့် ရက်ကွက်ထဲက အသိအမကြီးကြောင့်

ပိုး ချိန်းကို အားနာမိသည်။


ချိန်းကတော့ မကြားလိုက်သလို အနေထားဖြင့် လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ခါ ဟိုကြည့် ဒီကြည့်လုပ်နေသည်...။


“မဟုတ်ဘူး အမရဲ့ ဒါက”


ထိုအမကြီးမှာ သူမစကားအား နားမထောင်ပဲ..


“အမလေး...နောက်ပြီး ပြောရဦးမယ်

ပိုးက ရေလျှံတဲ့ဘဲကြီးကို ရသွားလို့ ဘားမှာတောင်အလုပ် မလုပ်တော့ပဲ တန်းအလုပ်ထွက် သွားတယ်လို့  မိချစ်ချောက ရပ်ကွက်ထဲမှာ ပြောနေတာ အဲ့ဒါဟုတ်လားပိုး”


“ရှင်...”


ချစ်ချောဆိုသည့် ကောင်မလေးမှာ သူမနှင့်ဘားမှ အလုပ်အတူလုပ်ဖူး သူသာ ဖြစ်သည်။

သူမအလုပ်ကြိုးစားမှုအတွက် ဆိုင်ရှင်က ခဏခဏဘောက်ဆူးများပေးခြင်းကြောင့် သူမအပေါ်အမြင်မကြည်သူလဲ ဖြစ်သည်။


မနာလို အမြင်မကြည်တာတွေအပြင် အခုတော့  သူမကိုမဟုတ်မဟတ်တွေ ပြောခါ ရပ်ကွက်ထဲအတင်းသတင်းလိုက် ဖြန့်နေသည်။

ရပ်ကွက်ဆိုသည်မှာလဲ မှန်တယ်မှားတယ် မခွဲခြား လာပြောသမျှကိုသာ အတင်းမျက်လုံးမှိတ် ယုံကြည်ကြသည့်အမျိုးမဟုတ်လား...။


ဘားမှာ အလုပ်လုပ်ခဲ့သည် ဟူသော စကားကြောင့် ချိန်း သူမအား စူးစူးရဲရဲကြည့်လိုက်ပြီး ဒေါသမီးတောက်များ တဟုန်း ဟုန်းတောက်လောင်လာသည်


နဂိုကမှ သူမအပေါ် အမြင်မကြည်သည့် ချိန်းအရှေ့တွင် စည်းမစောင့်ဘဲ စကားအား ထင်သလို ပြောချလိုက်သည့် ထိုအမကြီးကို သူမ တော်တော် ဒေါသဖြစ်မိသည်။


ချက်ခြင်းဆိုသလို....


“ငါ့မှာ သွားစရာရှိသေးတယ် ....

မင်းရဲ့ ဒီလို အခြေအမြစ်မရှိတဲ့ ဟာတွေ အတွက် အချိန်အကုန် မခံနိုင်ဘူး...လာ သွားမယ်”


သူမလက်ကို အကြမ်းပတမ်းဆွဲခါ ခေါ်သွားသောကြောင့်

ကျန်ရစ်သူမမကြီးမှာ....


“ဟင့် သူ့ဘဲကြီးကလဲ စကားပြောတာ

ရင့်လိုက်တာ...

မတူသလို မတန်သလိုနဲ့...

ဒါမယ့်လည်း ရှယ်ချောတာပဲ ဆံပင်အဖြောင့်အရှည်နဲ့မို့ မိန်းမလို့တောင် ထင်မိတယ်... 

ပိုးကတော့ တော်တော်ချောတဲ့ ဘဲကြီးရထားတာပဲ ဟီး ဟီး”


<><><><><><><><><>


“အကို လွှတ်ပါဦး ပိုးလက်နာနေပြီ”


လူရှင်းသည့် နေရာရောက်တော့ ချက်ချင်းပဲ သူမလက်ကို လွှတ်ပေးလိုက်ပြီး


“ပြောစမ်း...မင်းက တကယ်ပဲ ဘားမှာ အလုပ်လုပ်ခဲ့တာလား ဘာလဲ အပျော်မယားလား ...ဒါကြောင့်မို့ ဒီလောက်လှနေတာလား..”


“အကိုထင်သလိုမဟုတ်ဘူး ..ပိုးက အဲ့မှာ စားပွဲထိုးလုပ်ခဲ့တာပါ အကိုထင်နေသလို တစ်ခုမှ မဟုတ်ပါဘူး”


“ငါမယုံဘူး မင်းက မြူစွယ်တာလဲတော်တယ် ယောကျာ်းကျမ်းတော်တော် ကျေပုံရတယ် 

ငါ့အဖေကိုတောင် မင်း မြူစွယ်နေတာမလား”


“အကို့စကားတွေ သိပ်ကို တရားလွန်နေပြီနော် 

ပိုး ဦးကိုမမြူစွယ်ဘူး ..

အကိုပြောသလို လုပ်ဖို့ ပိုးတစ်ခါမှ တွေးလဲမတွေးမိ ဖူးဘူး ကြံလဲမကြံစီဖူးဘူး”


“ဟား...မင်းက ဘားမှာ လုပ်ခဲ့ဖူးတာတောင် စကားတွေက မိုးပေါ်ကမဆင်းပါ့လား 

သိပ်ဖြူစင်ပြနေတယ်ပေါ့”


တစ်ခါမှ ချိန်းအား ခနဲ့တဲ့တဲ့ပြန်မကြည့်ဖူးသည့် သူမ ဒီတစ်ခါတော့...


“အဟွန်း...အကိုဆိုလိုတာက ဘားမှာအလုပ်လုပ်ခဲ့တဲ့ မိန်းကလေးတိုင်းက မဖြူစင်ကြဘူး မိန်းမပျက်တွေပေါ့အဲ့လိုလား”


“အေး....ဟုတ်တယ် အဲ့လိုထင်တော့ဘာဖြစ်လဲ”


“အဟွန်း...ဒါဆို..အကိုက မိန်းမပျက်တွေနဲ့ပဲ တွေ့ခဲ့ဖူးလို့နေမှာပေါ့”


“ပိုးသားကျူး..မင်း ဘာပြောလိုက်တယ်”


 ချိန်း၏ ဒေါသမီးများအရင်ထက် နှစ်ဆ ပိုပြင်းခါ တောက်လောင်သွားပြီး...

သူမ လက်မောင်းနှစ်ဖက်အား ဆွဲကိုင်ညစ်လိုက်ပြီး....


“မင်း...ဘာပြောလိုက်တယ် ပိုးသားကျူး...ထက်ပြောလိုက်စမ်း”


ပိုး သူ့ရဲ့အပြုအမူကြောင့် ကြောက်သွားမိသည် 

သူမစကား လွန်သွားပြီးလား...


“ငါပြောနေတယ်...ထက်ပြောလို့”


မီးတောက်နေသော ပူပြင်းသည့် အကြည့်များဖြင့် သူမလက်မောင်းနှစ်ဖက်အား ဆွဲညစ်ခါမေးနေသည့် သူ့ကြောင့် ကြောက်စိတ်တို့က ငယ်ထိပ်ထိပါရောက်လာသည် ။

မျက်ရည်များကလဲ ပါးနှစ်ဖက်မှာ အပြိုင်စီးကျနေ၏။

သူမ မပြောရင် သူဆက်ပြီး နာကြင်အောင် လက်မောင်းကိုဖိညစ်နေမည် ထို့ကြောင့် ...

သူမ တုန်ရီနေသော ငိုသံလေးဖြင့်....


“အ..အကို..က ..မိန်းမ....အွန့်”


သူ သူမစကားအား အဆုံးထိနားထောင်မပေးနိုင်တော့ပဲ သူမနုတ်ခမ်းအား ဆွဲနမ်းပစ်လိုက်သည်။

မင်းပြောလိုက်တဲ့ စကားအတွက် မင်းနုတ်ခမ်းတွေကို ငါအပြစ်ပေးရမယ်

သူ့နောက်ကျောအား သူမ တစ်ဘုန်းဘုန်း ထုရိုက်ခါ အားကုန်တွန်းရုန်းနေပေမယ့် မရ...

သူ့အနမ်းတို့က ရပ်မသွားပဲ ပိုသာတိုးလာခဲ့သည်။


ထိုမြင်ကွင်းအား သစ်ပင်အကွယ်နေရာ တစ်ခုမှ မြင်လိုက်သူက သျှားပါ...။


ဘေးမှာရှိတဲ့ သစ်ပင်လေးကို ကြေကွဲမှုတွေနဲ့မှီချလိုက်ရင်း တရွေ့ရွေ့အပင်ခြေရင်းစီသို့ ထိုင်လျက်ကျလာသည်။

ပါးပြင်ထက်မှာ မျက်ရည်များစီးကျ လာခါ ယောကျာ်းတန်မဲ့ သူငိုမိသည်။

ချိန်း...သျှားထင်တယ်...သျှားထင်ပါတယ်....

ချိန်းဒီလိုဖြစ်လိမ့်မယ် ဆိုတာ....

အရမ်းလှတဲ့ မိန်းကလေးနဲ့ ချိန်းအတူနေနေရပြီး ....

ချိန်းစိတ်တွေက အခုလို သူ့အပေါ် ယိုင်လှဲနေမယ်ဆိုတာ  ...

သျှား ချိန်းအိမ်ကို ရောက်တဲ့နေ့ထဲက တွေးမိသားပါ...

ချိန်း ...သျှားရင်ထဲကို လာကြည့်လဲ့ပါဦး...

ကမ္ဘာတွေပျက်ပြီး...

အရမ်းကို နာကြင်နေရတယ် ချိန်းရယ်

ချိန်း သျှားကို ထားသွားမှာ သျှားမလိုလားဘူး...

သျှားကြောက်တယ်ချိန်း

Please  အာမင်...ကျေးဇူးပြုပြီး ချိန်း သူမအတွက်နဲ့ ကျွန်တော့်ကို ပစ်မထားခဲ့ပါစေနဲ့


*x*x*x*x*x*x*x*x*x*အပိုင်း ၇ဆက်ရန်>>>>

#Eaindray


rate now: